You are on page 1of 17

ရွေးကောက်ပွဲသပိတ်မှောက်ရေး NLD ခေါင်းဆောင်တွေ မန္တလေးမှာ ရှင်းပြ

2010-09-11

ဦးအုန်းကြိုင် ဦးဆောင်တဲ့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဟာ မန္တလေးတိုင်း (၁၅) မြို့နယ်က NLD


ခေါင်းဆောင်တွေ၊ ပါတီဝင်တွေနဲ့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဌာနချုပ်တွင် မတ်လ ၂၉ ရက်က ပါတီ မှတ်ပုံတင်ရေး၊ မတင်ရေး


ခေါင်းဆောင်များ ဆွေးနွေးနေစဉ် ရုံးအပြင်တွင် ပါတီဝင်များက ဆုံးဖြတ်ချက်ကို စောင့်မျှော်နေခြင်း ဖြစ်ပါသည်။
(Photo: RFA)

NLD မန္တလေးတိုင်း ဥက္ကဌ ဦးသိန်းတန်နေအိမ်မှာ ကျင်းပတဲ့ အဲဒီ ဆွေးနွေးပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့


မှာကြားချက်အတိုင်း အောက်ခြေ ပါတီဝင်တွေကို ရှင်းပြခဲ့တယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင်က
အာအက်ဖ်အေကို ပြောပါတယ်။

“ဒီကနေ့ မန္တလေးနဲ့ အနီးပတ်ဝန်းကျင် ၁၅ မြို့နယ်က မြို့နယ်ခေါင်းဆောင်တွေနဲ့ ကျနော်တို့ ဗဟိုအဖွဲ့နဲ့


တွေ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီဝင်ထုက တဆင့် ပြည်သူလူထုကို မှာကြားတဲ့အချက်တွေကို
အဓိက ဆွေးနွေးကြတာ ဖြစ်ပါတယ်။ အဲဒါတွေကတော့ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ကိစ္စ၊
တိုင်းရင်းသားများနဲ့ ပတ်သက်တဲ့ အဖွဲ့ချုပ်ရဲ့ ပြေပြေလည်လည် ညီညီညွတ်ညွတ် စိတ်ရှည်လက်ရှည်
ဆွေးနွေးပြီးတော့ ပြေလည်အောင် ဆောင်ရွက်စေချင်တဲ့ စေတနာ၊ နောက် အဖွဲ့ချုပ် လူငယ်တွေ အမျိုးသမီး
အဖွဲ့ဝင်တွေက ရွေးကောက်ပွဲမှာ လူထုထဲဆင်းပြီး မိမိတို့ တာဝန်ကျေကျေ စည်းရုံးဆောင်ရွက်ရမယ့် ကိစ္စ
အဲဒါတွေကို တင်ပြပါတယ်။ ဒါဟာ ဒုတိယ ခရီးစဉ်ရည်ရွယ်ချက်လည်း ဖြစ်ပါတယ်”

NLD ဗဟိုခေါင်းဆောင်တွေရဲ့ ဆွေးနွေးချက်နဲ့ ပတ်သက်ပြီး ပါတီအောက်ခြေ ခေါင်းဆောင်တွေ၊


ပါတီဝင်တွေကလည်း ရွေးကောက်ပွဲ သပိတ်မှောက်ရေးနဲ့ ပတ်သက်တဲ့ ဥပဒေပိုင်းဆိုင်ရာ မရှင်းလင်းတဲ့
အချက်တွေကို ပြန်လည် မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲမှာ မဲမပေးဘဲ နေနိုင်ကြောင်း၊ ရွေးကောက်ပွဲကို သပိတ်မှောက်ရေးနဲ့ ပတ်သက်လို့ လာမယ့်


ရက်ပိုင်းတွေအတွင်း NLD မြို့နယ် ခေါင်းဆောင်တွေဟာ မိမိတို့ သက်ဆိုင်ရာ ဒေသအလိုက် ပြည်သူတွေကို
လိုက်လံရှင်းပြဖို့ ရှိကြောင်းလည်း သိရပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကို NLD ဗဟိုအလုပ်အမှုဆောင်တွေ ဖြစ်တဲ့ ဦးအုန်းကြိုင်၊ ဒေါ်နန်းခင်ထွေးမြင့်၊


ဒေါ်ခင်ဌေးကြွယ်၊ ရှေ့နေ ဦးကြည်ဝင်း တို့အပြင် မန္တလေး တိုင်းစည်းတွေဖြစ်ကြတဲ့ ဦးသိန်းတန်၊
ဒေါက်တာဇော်မြင့်မောင်၊ ဦးမျိုးနိုင်တို့ တက်ရောက် ဆွေးနွေးကြတာဖြစ်ပါတယ်၊၊
ဦးအုန်းကြိုင် ဦးဆောင်တဲ့ NLD ဗဟို အလုပ်အမှုဆောင်အဖွဲ့ဟာ ဒီကနေ့ ညနေမှာပဲ ရှမ်းပြည်နယ် လားရှိုးမြို့ကို
ခရီးဆက်လက် ထွက်ခွာသွားကြောင်း သိရပါတယ်။

ဒီအကြောင်း RFA အဖွဲ့သား ကိုဥာဏ်ဝင်းအောင် ဆက်သွယ် မေးမြန်းထားတာကိုလည်း တဆက်တည်း


နားဆင်နိုင်ပါတယ်။

Source:http://www.rfa.org/burmese/news/NLD_leaders_brief_members_in_Mandalay_on_boycott
ing_election-09112010115119.html

ချင်းပြည်နယ်မှာ ကြွက်တွေ သောင်းကျန်းနေ

2010-09-11

ချင်းပြည်နယ်အတွင်း အုပ်စုလိုက် ရွှေ့ပြောင်းနေတဲ့ ကြွက်တွေကြောင့် ချင်းပြည်နယ်တောင်ပိုင်းက ချင်းလူမျိုး ၅


သောင်းကျော် အကူအညီမဲ့ ဒုက္ခရောက်နေတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်းကနေ တောင်ပိုင်းကို အုပ်စုလိုက် ရွှေ့ပြောင်းလာတဲ့ ကြွက်တွေကြောင့်


တောင်ပိုင်းမှာရှိတဲ့ မင်းတပ်၊ ပလက်ဝ၊ မတူပီ၊ ကန်ပက်လက် စတဲ့မြို့နယ်တွေက ရွာပေါင်း ၁၇၀ ကျော်မှာ
နေထိုင်ကြတဲ့ တိုင်မျိုးနွယ်စု ချင်းလူမျိုး ၅ သောင်းကျော် အစာရေစာ ပြတ်လပ်မှုတွေ ကြုံတွေ့နေပြီး အကူအညီ
မဲ့နေတယ်လို့ သိရပါတယ်။

သူတို့ထဲက ဒဏ်မခံနိုင်တော့တဲ့ တချို့ဟာ တခြားပြည်နယ်တွေနဲ့ အိန္ဒိယနယ်စပ်တွေကို


ထွက်ပြေးသွားကြတာရှိသလို တောထဲက အလေ့ကျပေါက်တဲ့ သစ်သီးသစ်ဥနဲ့ ဟင်းသီးဟင်းရွက်တွေကိုပဲ
ရှာစားနေရပြီး ရှင်သန်နေကြသူတွေလည်း ရှိတယ်လို့ ပလက်ဝမြို့နယ်က ခရစ်ယာန် သင်းအုပ်ဆရာတပါးက
ပြောပါတယ်။

“ကြက်တွေ၊ ဝက်တွေ၊ နွားနောက်တွေ၊ ရှိတဲ့ဟာတွေ ရောင်းတယ်။ အဲဒါတွေ မရှိတဲ့သူတွေကျတော့ တချို့က


မီဇိုရမ်းမှာ ငွေရှာလိုက် တခြားဒေသတွေမှာ နေ့စား သွားလုပ်ပြီးတော့ ရှာကြတယ်။ မသွားနိုင်တဲ့ လူတွေကျတော့
သူများဆီမှာ ချေးလိုက်၊ ဟိုမှာ နည်းနည်းပါးပါး တောင်းလိုက်နဲ့။ ဆန် ၂ ဗူး စားနိုင်တဲ့လူက ဆန်တဗူးလောက်၊
ဆန်ပြုတ်အနေနဲ့ လျှော့ပြီးတော့ စားကြတော့တာ။ အဲလိုပဲ အသက်ရှင်နိုင်လောက်အောင်ပဲ နေကြတော့တာ။
မြောက်ဥတို့ ဘာတို့ကို အသီးအရွက်တွေနဲ့ ရောပြီးတော့ ချက်စားနေရတယ်။ အသက် မသေနိုင်လောက်အောင်ပဲ
စားနေရတယ်”

အစားအစာ ချို့တဲ့ပြီး အစာအိမ်ရောဂါ ရကြသလို မတည့်တာတွေ စားမိပြီး အော့အန် ဖျားနာကြသူ တွေလည်း


မနည်းဘူးလို့ ဆိုပါတယ်။ အခုလို ချင်းပြည်နယ်မှာ ကြွက်တွေ သောင်းကျန်းနေတာနဲ့ ပတ်သတ်ပြီး ချင်း
လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ဦးသေရ က အခုလို ရှင်းပြပါတယ်၊

“သူတို့ ဖြစ်လေ့ဖြစ်ထ ရှိတာက မြောက်ကနေ တောင်ကို ရွေ့လျားတယ်။ အခုဆိုရင် ချင်းပြည်နယ်တောင်ပိုင်း


အတွင်းဖြစ်တဲ့ မတူပီမြို့နယ်ရယ်၊ ကန်ပက်လက်ရယ်၊ မင်းတပ်ရယ်၊ ပလက်ဝရယ်၊ အဲဒီ လေးမြို့နယ်
ဆုံတဲ့နေရာတဝိုက်မှာ နေထိုင်တဲ့ တိုင်မျိုးနွယ်စု နေထိုင်တဲ့ နေရာတဝိုက်မှာ အကြီးအကျယ် ဖြစ်နေတယ်”

၂၀ဝ၇ ခုနှစ်ကစပြီး မကြာခဏ ဆိုသလိုပဲ ချင်းပြည်နယ်အတွင်း ကြွက်တွေ အုပ်စုလိုက် ရွှေ့ပြောင်းပြီး


စိုက်ပျိုးထားတဲ့ တောင်ယာတွေက အသီးအနှံတွေကို စားသောက် ဖျက်ဆီးနေကြရာမှာ ပိုပို
ဆိုးရွားလာနေတဲ့အပြင် ဒေသခံ လူထုဟာလည်း ထိထိရောက်ရောက် အကူအညီတွေ မရရှိကြဘူးလို့
သိရပါတယ်။

Source:http://www.rfa.org/burmese/news/rats_destroyed_crops_in_Chin_State-
09112010100754.html

စာနယ်ဇင်းသမား ရွေးကောက်ပွဲဝင်လျှင် နိုင်ငံရေးနှင့် မီဒီယာ ကဏ္ဍ


ရောထွေးနိုင်
ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြသည့် စာနယ်ဇင်းသမားများ အနေဖြင့် နိုင်ငံရေးနှင့် မီဒီယာ
ကဏ္ဍ ရောထွေးမှုများ ရှိလာနိုင်ကြောင်း သတင်းစာဆရာ အသိုင်းအ၀ိုင်းက ပြောသည်။

နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် အရွေးခံမည့် စာနယ်ဇင်းသမား တချို့သည် လက်ရှိတွင် မီဒီယာ


လုပ်ငန်းများ လည်းပိုင်ဆိုင်ထားလျက်ရှိရာ ၎င်းတို့ပိုင် မီဒီယာ လုပ်ငန်းများအပေါ် နိုင်ငံရေးသြဇာ
လွှမ်းမိုးမှုများရှိလာနိုင်သည်ဟု သတင်းစာ ဆရာ မောင်ဝံသ က ပြောဆိုသည်။
“နိုင်ငံရေးသမား လုပ်မယ်ဆိုရင်
သတင်းစာသမား မလုပ်နဲ့၊ အကယ်၍ လုပ်မယ်
ဆိုရင်လည်း မိမိနဲ့ သက်ဆိုင် ပတ်သက်နေတဲ့
စာစောင်တွေ၊ မီဒီယာတွေ ပိုင်ဆိုင်ထားမယ်
ဆိုရင်လည်းပဲ ၀င်မစွက်ဖက် သင့်ဘူး၊
နိုင်ငံရေးကို ရေးတဲ့အခါမှာ အစိုးရကို ဝေဖန်
တာတွေ၊ ထောက်ပြ တာတွေ ရေးရင်လည်း
ဘာမှ ၀င်မစွက်သင့်ဘူး၊ သီးခြား လွတ်လပ်တဲ့
မီဒီယာ ဖြစ်နေဖို့ လိုတယ်” ဟု မောင်ဝံသ
ဧရာဝတီကို ပြောသည်။

ဦးကျော်ဆန်းနှင့် ရွေးကောက်ပွဲဝင်မည့် ဒေါက်တာ


နိုဝင်ဘာလ ၇ ရက်နေ့တွင် စစ်အစိုးရ
တင်ထွန်းဦးတို့ကို ၂၀၁၀ မေလက ကျင်းပသော စာပေနှင့်
ကျင်းပမည့် ရွေးကောက်ပွဲ ၀င်ရန်
စာနယ်ဇင်း ပဉ္စမအကြိမ် ညီလာခံတွင် တွေ့ရစဉ်။ (ဓာတ်ပုံ -
ပြင်နေကြသည့် သတင်းစာဆရာများတွင်
MWJA)
ဂျာနယ် မဂ္ဂဇင်း အများအပြားထုတ်ဝေနေသော
သုတ စွယ်စုံ မီဒီယာ ဂရု(ပ်) ပိုင်ရှင် နှင့် မြန်မာတိုင်းမ် စာစောင်၌ ထုတ်ဝေသူအဖြစ် ပါဝင်ထားသူ ဒေါက်တာ
တင်ထွန်းဦး သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ရေးပါတီ(ကြံ့ဖွံ့ပါတီ) ကိုယ်စားပြု၍ ရန်ကုန်တိုင်း ပုစွန်တောင်
မြို့နယ် မဲဆန္ဒ နယ် ပြည်သူ့ လွှတ်တော်မှ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာတင်ထွန်းဦးသည် ကြံ့ဖွံ့ပါတီ မှ အရွေးခံမည်ဖြစ်ပြီး အနိုင်ရလာပါက သူပါဝင်ထားသော မြန်မာတိုင်းမ်


စာစောင် မှာ ကြံ့ဖွံ့ပါတီ ၏ မူဝါဒများ၊ ဒေါက်တာ တင်ထွန်းဦး၏ အာဘော်များသာ လွှမ်းမိုးလာနိုင်ပြီး သြဇာကြီးစိုး
လာနိုင်သည်ဟု စာနယ် ဇင်း သမားများက ပြောဆိုနေကြသည်။

ဒေါက်တာ တင်ထွန်းဦးနှင့် နီးစပ်သည့် သတင်းစာဆရာ တဦးက“သူက အရင်ကလည်း အစိုးရလူပဲ၊ နောင်လည်း


တက်လာ မယ့် အစိုးရ ရဲ့ရုပ်သေးဖြစ်နေဦးမှာပဲ၊ စာပေစိတ်ဓာတ်ထက် စီးပွားရေးပဲ
အလေးထားတဲ့လူဖြစ်နေတော့ မီဒီယာ လုပ်ငန်းတွေ ကို ဘယ်တော့မှလက်လွှတ်မှာ မဟုတ်ဘူး”ဟု ဆိုသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းရန် ဒေါက်တာတင်ထွန်းဦး ကို ဧရာဝတီက ဆက်သွယ်၍ မရခဲ့ပါ။


ဒေါက်တာ တင်ထွန်းဦးသည် နိုင်ငံရေး စိတ်ဝင်စားသူ တဦးမဟုတ်သည့်အပြင် သူဦးစီးထုတ်ဝေနေသော
စာစောင်မဂ္ဂဇင်းများ
တွင်လည်း နိုင်ငံရေးအသားပေးစာပေများ၊ အစိုးရ ဝေဖန်ထောက်ပြစာများကို ရှောင်ရှားရေးသားပြီး စစ်အစိုးရ
အလိုကျ ၀ါဒ ဖြန့် စာပေများကိုသာ ရေးလေ့ရှိသည့် စစ်အစိုးရနှင့်နီးစပ်သူဟု သတင်းစာဆရာများက
ပြောဆိုကြသည်။

ဒေါက်တာ တင်ထွန်းဦးနှင့်အတူ ကြံ့ဖွံ့ပါတီ ကိုယ်စားပြု၍ ရွေးကောက်ပွဲ ၀င်ရောက်မည့် စာနယ်ဇင်း


သမားများမှာ စာပေ နှင့် စာနယ်ဇင်း အဖွဲ့မှ ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်မှူးကြီး တင်ခ (တက္ကသိုလ် တင်ခ)၊
ဗဟိုကော်မတီဝင် ဦးအောင်ငြိမ်းနှင့် ညွှန်ကြား ရေးမှူး ဟောင်း အငြိမ်းစားဗိုလ်မှူး လှထွန်း (လှထွန်း-တွံတေး) တို့
ဖြစ်ကြောင်းလည်း သိရသည်။

“ဒီလူတွေက သတင်းစာဆရာ တွေလို့သာ ပြောနေတာ အစိုးရ အလိုကျ ခိုင်းတာရေးပေး နေတဲ့လူတွေ၊


ဖော်လံဖား လုပ်နေ
တဲ့လူတွေပါ၊ သူတို့ကို စာနယ်ဇင်း အသိုင်းအ၀ိုင်းက သတင်းစာသမားရယ်လို့ အသိအမှတ် ပြုမထားပါဘူး”ဟု
သတင်းစာ ဆရာ ဦးသာဘန်းက ပြောသည်။

ဦးသာဘန်းက“သတင်းစာ ဆရာ လုပ်မယ်ဆို နိုင်ငံရေးမလုပ်နဲ့ နိုင်ငံရေး လုပ်တော့မယ်ဆိုရင်လည်းပဲ သတင်းစာ


ဆရာ မလုပ်နဲ့ တော့၊ သတင်းစာ သမားဆိုတာ သတင်းစာ ကျင့်ဝတ်ကို လိုက်နာရမယ်၊ စတုတ္ထမဏ္ဍိုင်ကို
ကိုယ်စားပြုရမယ်၊ အစိုးရ ရဲ့ မကောင်းတာကို စောင့်ကြည့် ရေးသား နေရမယ်”ဟုလည်း
ဆက်လက်ပြောဆိုသည်။

နိုင်ငံရေးသမား ဦးဆောင်ထုတ်ဝေမည့် စာစောင်စာပေ များသည် ပြည်သူများကို အကျိုးပြုမည် မဟုတ်ဘဲ


၎င်းတို့၏ မူဝါဒ
လွှမ်းမိုးနေပြီး လွတ်လပ်သောစာစောင် ဖြစ်လာမည် မဟုတ်သည့်အပြင် ရေရှည်လည်းမရပ်တည်နိုင်ကြောင်း
ဦးသာဘန်း က ဆိုသည်။

မြန်မာ့နိုင်ငံရေး လောကတွင် သတင်းစာဆရာဘ၀မှ နိုင်ငံရေးလောက သို့ရောက်သွားသူများ လွတ်လပ်ရေး မရမီ


နှင့် လွတ်လပ်ရေးရပြီး ကာလများတွင် ရှိ ခဲ့ကြောင်းသိရသည်။

မြန်မာ့ လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းသည်ပင် နိုင်ငံရေးသမားတဦးမဖြစ်မီ သတင်းစာဆရာ


တဦးဖြစ်ခဲ့
ပြီး အိုးဝေမဂ္ဂဇင်း၏ အယ်ဒီတာအနေနှင့် နယ်ချဲ့ဆန့်ကျင်ရေး စာပေများကို ရေးသားခဲ့သည်။

နိုင်ငံရေးသမားတဦးသည် သတင်းစာစောင်များ၊ မဂ္ဂဇင်းများ၊ မီဒီယာလုပ်ငန်းများ၊ ပိုင်ဆိုင်ထားသူတဦး ဖြစ်ပါက


သူ၏
လုပ်ငန်းများအပေါ် အနည်းနှင့်အများ သြဇာ သက်ရောက်လာသည်မှာ သေချာကြောင်း၊ ထိုအဖြစ်မျိုး
ယခင်ကလည်း
ရှိခဲ့ကြောင်း၊ သို့သော် သက်ဆိုးမရှည်ခဲ့ကြကြောင်းလည်း မောင်ဝံသ က ပြောဆိုသည်။

“လွတ်လပ်ရေး မရခင်က သူရိယ သတင်းစာဟာ အတော်အောင်မြင်ခဲ့တယ်၊ နောက်ပိုင်းမှာ ဂဠုန် ဦးစော


လက်ထဲလည်း
ရောက်သွားရော စာစောင်တခုလုံးက သူ့ရဲ့နိုင်ငံရေး သြဇာလွှမ်းမိုးမှု၊ သူ့ရဲ့နိုင်ငံရေး အတက်အကျအပေါ်မှာပဲ
မူတည်သွား
တော့တယ်၊ ရေရှည်လည်း မခံခဲ့ဘူး”ဟု မောင်ဝံသက ဆိုသည်။

ယင်း သူရိယ သတင်းစာအား ဦးလှဖေ၊ ဦးဘဖေ၊ ဆရာကြီး ရွှေဥဒေါင်း စသည့် သတင်းစာ ဆရာကြီးများက
စတင် တည် ထောင်ခဲ့ကြောင်း သိရသည်။

ထိုဆရာကြီးများသည် အမျိုးသားလွတ်မြောက်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ပြည်သူ့အကျိုး ပြုစာပေများကိုသာ


တစိုက် မတ်မတ် ရေးသားခဲ့ကြ၍ သူရိယ သတင်းစာမှာ ပြည်သူများ၏ လေးစားမှုကိုရရှိ ခဲ့သော်လည်း
နိုင်ငံရေးသမား ဦးစော၏ လက်
ထဲတွင် ကျဆင်းသွားကြောင်းလည်း မောင်ဝံသ က ပြောသည်။

“လူထုကို ဆန့်ကျင်ရင်၊ လူထုက မထောက်ခံ တော့ရင် ဒီစာစောင်က ကျဆုံးမှာပဲ”ဟုလည်း မောင်ဝံသ


ကဆိုသည်။

သတင်းစာ ဆရာ အဖြစ် ကျော်ကြားရုံမက နိုင်ငံရေးလောကတွင်လည်း နာမည်ကျော်ခဲ့သူ စာရေးဆရာ


သိန်းဖေမြင့် သည် လည်း နိုင်ငံရေးသမား ဘ၀တွင် ဗိုလ်တထောင် သတင်းစာကို လုပ်ကိုင်ခဲ့ပြီး ၎င်း၏ နိုင်ငံရေး
အာဘော်များကို ရေးသားခဲ့ ကြောင်း၊ ၁၉၆၂ တွင် စစ်တပ်က အာဏာသိမ်းပြီး တော်လှန်ရေးကောင်စီ
ပေါ်ပေါက်ပြီး နောက်ပိုင်းတွင်လည်း အာဏာရှင် ဦးနေ၀င်း ၏ မြန်မာ့ ဆိုရှယ်လစ် စနစ်ကို
ထောက်ခံရေးသားပေးမှုများ ရှိခဲ့ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုသည်။

ထို့အပြင် အာဏာရှင် စနစ်အား ဆန့်ကျင်လှုပ်ရှားနေသည့် ကျောင်းသားများကို ဝေဖန်ရေးသားလာ၍


နောက်ပိုင်းတွင် လူထု ထောက်ခံမှု ပိုမိုကျဆင်းသွားကြောင်း မောင်ဝံသက ပြောသည်။

စာနယ်ဇင်း သမားများသည် နိုင်ငံရေးလောကသို့ ကူးပြောင်းမည် ဆိုပါက စာနယ်ဇင်းများ အပေါ် သြဇာလွှမ်းမှု


လုံးဝ မယူသင့် ကြောင်း သတင်းစာ ဆရာများက ပြောဆိုကြသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/4038-2010-09-11-06-55-30

ထိုင်းငါးဖမ်းပိုက်စက်ရုံက မြန်မာများ လေးရက်မြောက် ဆန္ဒပြ

2010-09-11

ထိုင်းနဲ့ လာအိုနိုင်ငံ နယ်စပ်နားက ခေါန်ကန်မြို့ ထိုင်း ငါးဖမ်းပိုက်စက်ရုံက မြန်မာ ရွှေ့ပြောင်းအလုပ်သမား


ရှစ်ရာကျော်ဟာ (၄) ရက်မြောက်နေ့ အဖြစ် ဒီကနေ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။
ထိုင်းနိုင်ငံ ဆိပ်ကမ်းတခုတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အလုပ်လုပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

အဲဒီ အလုပ်သမားတွေရဲ့ ယာယီ နိုင်ငံကူးလက်မှတ် ပတ်စပို့ စာအုပ်တွေပေါ်မှာ ထိုင်းအလုပ်ရှင်က မိမိသဘောနဲ့


ရေးခြစ် ပြင်ဆင်တာတွေ လုပ်ထားတဲ့အတွက် မိမိတို့ ပတ်စပို့ စာအုပ်တွေ တရားမဝင် ဖြစ်သွားမှာကို စိုးရိမ်ရာက
ဆန္ဒပြမှုတွေ နေ့စဉ် ရက်ဆက်ဆိုသလို ဖြစ်ပေါ်နေတာပါ။

ဆန္ဒပြရာမှာ ကိုယ်တိုင် ပါဝင်တဲ့ စောကပေါ်ဆေးက သူတို့ရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်လို့ RFA ကို


ပြောပြပါတယ်။

“အခု လက်ရှိ ဆန္ဒပြနေတဲ့ အလုပ်သမားတွေကို စာရင်းကောက်လိုက်တဲ့အခါမှာ အားလုံး ၈၆၆ ဦး ရှိနေပါတယ်။


ကျနော်တို့ အဓိက တောင်းဆိုချက်က စစ်မှန်တဲ့ ပတ်စပို့ကို ရရှိပြီးမှသာလျှင် အလုပ်ပြန်ဆင်းမယ် ဆိုတဲ့
တောင်းဆိုချက်ပါ။ ပြီးရင် သူတို့ ထုတ်ပစ်လိုက်တဲ့ အဲဒီ ၆ ဦးရဲ့ အမှားအယွင်း လုပ်ထားတဲ့ ပတ်စပို့တွေကို
အကောင်း ပြန်လုပ်ပေးဖို့၊ အဲလိုမှ ဖြစ်မလာဘူး ဆိုရင် သူတို့ ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ အလုပ်သမား
၆ ဦးကို အလုပ်ထုတ်ပစ်လိုက်တဲ့အတွက် အလုပ်သမားတယောက်ရဲ့ ရသင့်ရထိုက်တဲ့ နစ်နာကြေးကို
လိုချင်ပါတယ်”

အဲဒီ ထိုင်းငါးဖမ်းပိုက်စက်ရုံမှာ မြန်မာ အလုပ်သမား နှစ်ထောင်ကျော်ရှိပြီး ဆန္ဒမပြပဲ ကျန်နေသေးတဲ့


အလုပ်သမားတွေ ဆန္ဒပြမှုမှာ မပါဝင်ကြဖို့ အလုပ်ရှင်က တားမြစ်ထားသလို သူတို့ကို တနေ့ ထိုင်းဘတ်ငွေ တရာ
အသုံးစရိတ်အဖြစ် လတ်တလော ထုတ်ပေးနေတယ်လို့လည်း စုံစမ်းသိရပါတယ်။

ဆန္ဒပြမှုတွေ မရပ်ရင် ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာန ဝန်ထမ်းတွေနဲ့ ဝင်ရောက်ဖမ်းဆီးမယ်လို့ ပြီးခဲ့တဲ့


ရက်တွေက ထိုင်းအလုပ်ရှင်က ပြောခဲ့ပေမယ့် ဖမ်းဆီးမယ့် အရိပ်အယောင်တွေ ဒီကနေ့အထိ မမြင်ရသေးဘူးလို့
မြန်မာအလုပ်သမားတွေက RFA ကို ပြောပါတယ်။

Source:http://www.rfa.org/burmese/news/Burmese_workers_at_Thai_factory_continues_strikes-
09112010132157.html

ပြည်နယ်လွတ်တော်တွေ လုပ်ပိုင်ခွင့် ပိုရဖို့ တိုင်းရင်းသားပါတီတွေ လိုလား

ဓာတ်ပုံ ASSOCIATED PRESS

တိုင်းရင်းသားပါတီတွေ အနေနဲ့ ပြည်နယ် လွှတ်တော်တွေမှာ နေရာအတော်များများရဖို့ မျှော်လင့်ပေမဲ့ ပြည်နယ်


လွှတ်တော်တွေဟာ တကယ်တော့ ဒေသခံ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့် ဖွံဖြိုးတိုးတက်မှုတွေကို အပြည့်အဝ
အာမခံပေးနိုင်မှု မရှိဘူးလို့ တိုင်းရင်းသား ပါတီတွေက ပြောပါတယ်။ တိုင်းရင်းသားပါတီတချို့နဲ့
ဆက်သွယ်မေးမြန်းထားတဲ့ ကိုသားညွှန့်ဦးက အပြည့်စုံ တင်ပြထားပါတယ်။
ရှမ်း၊ ရခိုင်၊ မွန်၊ ကရင်နဲ့ ချင်းပြည်နယ်တွေက ပြည်နယ်လွှတ်တော်တွေမှာ ဒီမိုကရက်တစ် တိုင်းရင်းသားပါတီတွေ
နေရာအတော်များများ ရနိုင်တယ်လို့ ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်သူတွေကတော့ သုံးသပ်နေပါတယ်။

တိုင်းရင်းသား ပါတီတွေကို ဆက်သွယ် မေးမြန်းကြည့်တော့ ဒီအခြေအနေကို သူတို့ မျှော်လင့်ကြပေမဲ့


တကယ်တမ်း ဒေသခံ တိုင်းရင်းသားတွေရဲ့ ဖွံဖြိုးတိုးတက်မှုနဲ့ နိုင်ငံရေးအရ ရပိုင်ခွင့်တွေအတွက်ဆိုရင်တော့ ဒီ
ပြည်နယ်လွှတ်တော်တွေက အာမခံ မပေးနိုင်ဘူးလို့ ပြောကြပါတယ်။ တကယ်တော့ တိုင်းရင်းသား
ရပိုင်ခွင့်တွေအတွက် လက်ရှိ ဖွဲ့ည်းပုံကို ပြင်ဆင်နိုင်ဖို့ ဆိုတာကလည်း ပြည်ထောင်စုလွှတ်တော်တွင်းမှာ
ဒီမိုကရက်တစ် အများစု နေရာရဖို့ လိုနေပါတယ်။ ဒီ ပြည်ထောင်စုလွှတ်တော်ကနေ တိုင်းရင်းသားတွေရဲ့
ရပိုင်ခွင့်တွေကို ပြည်နယ်လွှတ်တော်ဖက်ကို မျှဝေဖို့ လိုအပ်နေတယ်လို့ ရခိုင်အမျိုးသား ဖွံဖြိုးရေးပါတီ ဥက္ကဌ
ဦးအေးမောင်က ပြောပါတယ်။

“ပြည်ထောင်စုလွှတ်တော်မှာ ကျနော်တို့ တိုင်းရင်းသား တခြား ပါတီတွေ၊ ပြည်မထဲက ဒီမိုကရေစီကို


အားပေးတဲ့ပါတီတွေနဲ့ ပူးပေါင်းပြီး ဥပဒေပြုခွင့်တွေဘာတွေ ပြန်လုပ်ပေးရမှာပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရလို့ရှိရင်
ကျနော်တို့ ဥပဒေပြုခွင့်က တိုင်းဒေသ ၈ ခုကိုပဲ ပေးခဲ့တာကိုး။ ပြည်ထောင်စုလွှတ်တော်မှာတော့ အများကြီး
ပေးထားတယ်လေ။ အဲဒီတော့ လက်ရှိပေးထားတဲ့ ပြည်နယ်တိုင်း ဒေသတွေကိုပေးတဲ့ ဥပဒေပြုခွင့် ၈ ခုနဲ့ လက်ရှိ
အခြေအနေတိုင်း ဖွံ့ဖြိုးဖို့ မလုံလောက်ဘူးလို့ပဲ ကျနော်တို့က သုံးသပ်တာကိုး။ ဆိုတော့ ပြည်ထောင်စုအစိုးရ
ဆိုတာက ပံ့ပိုပေးရမယ့်ဟာပဲ ရှိတယ်။ ပြည်ထောင်စုအစိုးရရဲ့ ရပိုင်ခွင့်ရှိတယ်လေ။ ဆိုပါစို့၊ ကိုယ်ပိုင်
ပြဌာန်းခွင့်နဲ့ပတ်သက်လို့ရှိရင် ပေးထားတဲ့ဟာတွေက နည်းတာကိုး။ ပြည်ထောင်စုအစိုးရဆီက
ယူထားတဲ့ဥစ္စာတွေကို အခြေအနေအတိုင်း မျှပေးနိုင်အောင် ကျနော်တို့က တွန်းအားပေးရမယ့်သဘော။”

ဒီမိုကရက်တစ် တိုင်းရင်းသားပါတီတွေ အနေနဲ့ အခုလို ဖွဲ့စည်းပုံပြင်ရေးကို လိုလားပေမဲ့ အခု ခန့်မှန်းရတဲ့


အခြေအနေအရ ဆိုရင်တော့ ဒီ ၅ နှစ်သက်တမ်း အတွင်းမှာတော့ လုပ်နိုင်ချေမရှိဘူးလို့ ရှမ်းအမျိုးသား
ဒီမိုကရက်တစ် ပါတီက စိုင်းအိုက်ပေါင်းက ပြောပါတယ်။

“ဒီဖွဲ့စည်းပုံအခြေခံဥပဒေက ကျနော်တို့ ပြင်ချင်တဲ့ဟာတွေလည်း ရှိတာပဲလေ။ ကျနော်တို့ အနေအထားနဲ့တော့


အခုလောလောဆယ် ဒီမိုကရေစီအင်အားစုက အခုကျနော် ပေါင်းကြည့်တာ။ စုစုပေါင်းက နေရပ်က ၁,၀၀၀
ကျော်ဗျာ။ အခုဝင်ပြိုင်နိုင်တာက ၆၀၀ ကျော်ပဲလေ။ သိပ်အပြည့်မပြိုင်နိုင်ဘူးလေ။ ကျနော် ထင်တာပေါ့နော် ဒီ ၅
နှစ်သက်တမ်းမှာတော့ ဒီအခြေခံဥပဒေကို ချက်ချင်းပြင်ဖို့ဆိုတာ မလွယ်နိုင်သေးဘူးထင်တယ်။”

အခုလို နောက်ပိုင်းမှာ ဖွဲ့စည်းပုံပြင်ရေး ဖြစ်လာနိုင်မယ့် ယူဆပေမဲ့ တကယ်တမ်း စစ်တပ်က လေးပုံတပုံရှိပြီး၊


စစ်တပ်နောက်ခံ ကြံ့ခိုင်ရေးပါတီက အားကောင်းနေတဲ့ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံပြင်နိုင်ရေးက
လက်တွေ့ဖြစ်နိုင်ပါ့မလား ဆိုတာကတော့ သံသယတော့ ဖြစ်စရာပါ။ စိုင်းအိုက်ပေါင်း ကတော့
အကောင်းမြင်ပါတယ်။

“ခောတ်မမှီတော့တဲ့ ဥပဒေတွေကို ပယ်ဖျက်ဖို့၊ တိုင်းပြည်ကောင်းဖို့အတွက် ဥပဒေအသစ်တွေ ပြဌာန်းဖို့ဆိုတာ


ကျနော်ထင်တာ အားလုံးကတော့ ဆန္ဒတူညီမယ်လို့ ထင်တယ်လေ။ စစ်တပ်ကလည်း သူတို့လည်း
မြင်လာမှာပဲလေ။ လွှတ်တော်ထဲရောက်သွားပြီဆိုရင် ကျနော်ထင်တာ နိုင်ငံသားတိုင်းမှာ ဆန္ဒရှိမှာပဲ ထင်တယ်ဗျ။
အဲဒီတော့ ခေတ်မမှီတော့တဲ့ဟာတွေ အများရဲ့ ဆန္ဒဖြစ်အောင်တော့ ပြုပြင်ပြောင်းလဲချင်တဲ့စိတ်ဓါတ်တော့
ပေါ်လာမယ်ထင်တယ်။ အခုဟာက တယောက်နဲ့တယောက် မခင်မင်၊ အမြင်ချင်းမဖလှယ်ရသေးတော့
ပြောရတာခက်သေးတာပေါ့နော်။ အမြင်ချင်း ဖလှယ်လိုက်ရင် ပိုပြီးတော့ သဘောပေါက်လာမယ်။
ညှိနှိုင်းလို့လွယ်သွားမယ်လို့ ကျနော်တို့ မျှော်လင့်တယ်လေ။”

လက်ရှိ ၂၀၀၈ ဥပဒေအရ ဆိုရင် ပြည်နယ်လွှတ်တော်ရဲ့ ဥပဒေပြု လုပ်ပိုင်ခွင့်တွေထဲမှာ အသေးစား


ဘဏ္ဍာရေးဆိုင်ရာ ကိစ္စတွေလောက်သာ ထည့်ထားပြီး ပြည်နယ်နဲ့ပတ်သက်လို့ စီမံခန့်ခွဲခွင့်၊ ပြည်နယ်တွင်းက
အရင်းအမြစ်တွေကိုတောင် အပြည့်အ၀ စီမံခန့်ခွဲနိုင်ခွင့်တွေ ဘာမှပေးမထားဘူးလို့ သိရပါတယ်။

Source:http://www.voanews.com/burmese/news/Burma-election-parties-09-11-10-
102693314.html
ရွှေဝါရောင် အလွန်မှာ - အပိုင်း (၁)

မေရနံ့ | စနေနေ့၊ စက်တင်ဘာလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၂၅ မိနစ်

အောက်တိုဘာလ (၁၃)ရ က်နေ့ ည(၈) နာရီဝန်းကျင်…

မိုးဖွဲဖွဲလေးကျနေပြီး ကျမတို့နေတဲ့ မိတ္ထီလာ စက်မှုဇုံ ၅ လမ်းအတွင်းမှာ လူအသွားအလာမရှိတော့တဲ့အချိန်။


အဲဒိအချိန်မှာပဲ အသံမပေးပဲ အိမ်တခါးကို ခပ်ပြင်းပြင်းလေးလာခေါက်နေတာကြောင့် ကျမတို့တွေမှာ
အထူးအဆန်း ဖြစ်နေရတယ်။ ဘယ်သူမှန်းမသိတော့ တစ်ယောက်ထဲသွားမဖွင့်ရဲဘူးလေ။ ဒါနဲ့
မောင်လေးတွေကော အမေတို့ကိုပါ ခေါ်စုပြီးမှ အိမ်တံခါးကို ဖြည်းဖြည်းချင်းဖွင့်ပေးလိုက်မိတယ်။

တွေ့ပါပြီ။ ကျမတခါမှ မမြင်ဘူးတဲ့ လူတစ်ယောက်။ တော်တော် အလိုက်ကန်းဆိုး ‘‘ထမင်း ကျွေးချင်လို့ပါ’’ တဲ့။


မသိတဲ့လူပဲ၊ သူများတွေအနား ယူချိန်ကို ညင်ညင်သာသာ မခေါက်ပဲ ကျနော် ‘‘ဟာ - ဒို့မိသားစု အားလုံး
ဘယ်သူပါ ဘယ်ဝါပါဆိုတာ တိတိကျကျ အသံမပေးပဲ ပိုင်စိုးပိုင်းနင်းနဲ့ ထမင်း စားပြီးကြပြီကွ
အိမ်တံခါးကို တဒေါက်ဒေါက် လာခေါက်နေတယ်၊ တော်တော် လူမှုရေး အသိစိတ် နောက်နေ့မှ စောစော
ခေါင်းပါးတာပဲလို့ ကျမစိတ်ထဲက ပြောနေမိလေရဲ့။ လာခေါ်ပေါ့ကွာ’’ လို့ ပြောပြီး
အမေက တားလိုက်တယ်။
ယောက်ျားလေးဖြစ်တော့ ကျမက စကားမပြောဘူး။ ကျမ မောင်လေးတွေကတော့ ‘ဒါဆိုရင်လည်း လ္ဘက်ရည်
သူ့ကို သိနေပုံရတယ်။ သူတို့ကပဲ ဘာကိစ္စရှိလို့လဲ အကို၊ ဘာအကူအညီ သောက်လေးတော့
ပေးရမလဲ စသဖြင့် ပျူပျူငှာငှာ ဆက်ဆံကြတယ်။ အောင်ကိုကိုလွင်နဲ့ ထည့်လိုက်ပါ’’ တဲ့။
လွင်မောင်မောင်က စက်မှုဇုံ ၅ လမ်းထိပ်မှာ ဆိုင်ကယ်ပြင်ဆိုင် ဖွင့်ထားတော့
လူပေါင်းစုံနဲ့ ဆက်ဆံနေရတာမို့ ဒီလူလည်း သူတို့ အသိပဲနေမှာ ဆိုပြီး ကျမ ဖာသိဖာသာ နေလိုက်တယ်။

အဲဒိလူက ထွေထွေထူးထူး စကားပြောမနေပဲ ကျမမောင် အောင်ကိုကိုလွင် (လက်ရှိ- ‘‘လိမ္မော်သီး


ကျောက်ဖြူ အကျဉ်းထောင်) ကို အပြင်ခဏ လိုက်ခဲ့ဖို့ ခေါ်တယ်။ ဒီတော့မှ အမေက မိသားစုလို့
ဝင်ပြောတယ်။ ‘‘ညကြီးမိုးချုပ်ကွယ် ဘာလုပ်ဖို့လဲကွယ့်’’ လို့မေးတော့ ‘‘ထမင်း ကျွေးချင်လို့ပါ’’ ထင်ရတဲ့ အိမ်ကို
တဲ့။ ‘‘ဟာ - ဒို့မိသားစုအားလုံး ထမင်းစားပြီးကြပြီကွ နောက်နေ့မှ စောစော လာခေါ်ပေါ့ကွာ’’လို့ ရောက်နေပြီ’’
ပြောပြီး အမေက တားလိုက်တယ်။ ဆိုတာနဲ့
‘‘ဟုတ်ကဲ့
ဒါပေမယ့် မရပါဘူး။ ‘‘ဒါဆိုရင်လည်း လ္ဘက်ရည်သောက်လေးတော့ ထည့်လိုက်ပါ’’ တဲ့။ စိတ်ချပါ၊
အမေက မိုးရွာနေလို့ မကောင်းပါဘူး မနက်မှပေါ့ လို့ ငြင်းနေပေမယ့် မဖြစ်မနေလိုက်ဖို့ စိတ်ချပါ’’
ခေါ်နေတာကြောင့် ကျမ စိတ်ထဲတော့ တယ်ပြီး မကြည်လှဘူး။

နောက်တော့ ကျမမောင်လေး အောင်ကိုကိုလွင်ကပဲ ခဏ လိုက်သွားလိုက်ပါမယ်၊ စိတ်ပူမနေပါနဲ့ဆိုပြီး အမေနဲ့


ကျမတို့ကို ပြောပြီး လိုက်သွားတယ်။ သူတို့ ၂ ယောက်ထွက်သွားတော့မှ ကျမက အမေ့ကို မေးမိတယ်၊
‘‘အဲဒိလူကို အမေသိလို့လား သူပုံစံက ပိုင်စိုးပိုင်နင်းနိုင်တယ်နော်’’။ ဒီတော့ အမေက ‘‘အေး..သူက
မိတ္ထီလာရဲစခန်းက ဒုရဲအုပ်မြင့်ဦးပဲ။ အောင်ကို မလိုက်လို့ရှိရင် ဒီညပြန်မှာ မဟုတ်ဘူး၊ သူ့တာဝန်က အောင်ကိုကို
မဖြစ်မနေ ဒီညရောက်အောင် ခေါ်လာရမယ် ဆိုတာနဲ့ လာရတာ ဖြစ်မှာပေါ့’’ လို့ အမေကပြောမှ ကျမလည်း
သဘောပေါက်သွားတယ်။

ဒါဆို ဒီလူတွေ ဦးဇင်းကို ခြေရာခံမိပြီ ထင်တယ်။ ဘုရားဘုရား.. ဦးဇင်းတို့ အန္တရာယ် ကင်းပါစေပေါ့ စသဖြင့်
ဆုတောင်းပြီး မေတ္တာပို့နေမိတော့တာပဲ။

ည၉နာရီခွဲလောက်ကျတော့ ကားတွေဆိုင်ကယ်တွေ ကျမတို့ အိမ်ရှေ့ရပ်လာတယ်။ ဒီတော့ အောင်ကို့ကို


ပြန်ပို့တာပဲနေမှာ လို့ ကျမတို့ စိတ်ထဲ မှတ်ယူထားပြီး အောင်ကို့အသံကို နားစွင့်နေမိတယ်။ သိပ်မကြာဘူး
အိမ်တခါးကို လာခေါက်ပြန်တယ်။ အမေက ‘‘အောင်ကိုလား ဟေ့၊ မြင့်ဦးလားဟ’’ တံခါးမဖွင့်သေးပဲ
အရင်မေးတယ်။ အပြင်က ဘာအသံမှ ပြန်မပေးဘူး။ တခါးကို ခေါက်မြဲအတိုင်း ဆက်ခေါက်နေတာပဲ။ ဒီတော့
မဖြစ်ချေဘူးဆိုပြီး အမေက ဖွင့်ပေးလိုက်တယ်။

ဒီတခါတော့ လူတွေအများကြီး ဖြစ်လာပြီး ခုနက အောင်ကိုကို လာခေါ်တဲ့ မြင့်ဦးဆိုတဲ့ ဒုရဲအုပ်က ရှေ့က


ဦးဆောင်လာတယ်။ သူနောက်မှာ လူနှစ်ယောက်လည်း အိမ်ထဲကို ဝင်လာတယ်။ အပြင်မှာလည်း လူတွေ
ရပ်နေကြတာ ရှိတယ်၊ စကားပြောစက်တွေနဲ့ အလုပ်ရှုပ်နေတာကို ကျမ ဝိုးတဝါး မြင်လိုက်မိသေးတယ်။

ဒုရဲအုပ်မြင့်ဦးကို အိမ်တခါးဝ အဝင်မှာပဲ ကျမက စမေးတယ်။

‘‘ကျမမောင်လေး ဘယ်မှာလဲ’’

‘‘တနေရာမှာ အေးအေးဆေးဆေး ရှိနေပါတယ် စိတ်မပူပါနဲ့’’

ဒီတော့ ကျမက စိတ်တိုပြီး ‘‘ခင်ဗျားလာခေါ်တုန်းက ထမင်းကျွေး လ္ဘက်ရည်တိုက်ဆို အိမ်ဘေး


အခုဘယ်မှာလဲ၊ ဘာဖြစ်လို့ ပြန်မခေါ်လာတာလဲ’’ လို့ ထပ်မေးလိုက်တယ်။ ဒါပေမယ့် သူက လမ်းကြားလေး
ကျမကို ဂရုမစိုက်ဘူး၊ သူ့ထက် အသက်လည်းကြီးပြီး ရာထူးလည်း ကြီးမယ်ထင်ရတဲ့ မှာလဲ
လူနှစ်ယောက်နဲ့အတူ အိမ်ထဲ ဝင်လာတော့တာပဲ။ ဆိုင်ကယ်ကိုယ်
စီနဲ့
နောက်ကပါလာတဲ့လူ နှစ်ယောက်မှာကော အပြင်မှာ ကျန်ခဲ့တဲ့ လူတွေမှာပါ စကားပြောစက်
စကားပြောစက်တွေနဲ့ အလုပ်ရှုပ် နေကြတာ တွေ့ရတယ်။ အပြင်မှာ ကျန်ခဲ့တဲ့ ကိုင်ထားတဲ့
လူတွေပြောနေကြတာကို ကျမ တိတိကျကျ မကြားရပေမယ့် လိမ္မော်သီး၊ လိမ္မော်သီး ဆိုတဲ့ လူတွေ ကျမတို့
စကားလုံးကတော့ နားထဲမှာ မကြာမကြာ တိုးဝင်နေတာ သတိထားမိလိုက်တယ်။ အိမ်ကို
ဝိုင်းထားလိုက်
ကျမတို့ အိမ်ဧည့်ခန်းက ခုံတန်းလျားတွေမှာ ဒုရဲအုပ်မြင့်ဦး အပါအဝင် လူသုံးယောက် ထိုင်ဖို့ တာများ
ပြင်နေရင်းမှာပင် အသက်ကြီးကြီး၊ ရာထူးကြီးကြီးလို့ ထင်ရတဲ့ လူတယောက်မှာ ပါလာတဲ့ ရန်သူစခန်း
စကားပြောစက်က အသံထွက်လာတယ်။ ဘာသံတွေလဲတော့ ရှင်းရှင်းလင်းလင်း မရှိဘူး။ တခုကို
သူတို့ပဲ နားလည်မယ် ထင်တယ်။ စကားဝှက်တွေ ဘာတွေ ရှိမှာပေါ့နော်။ ဒါပေမယ့် ၀င်သိမ်းနေသ
အသက်ကြီးကြီးလူ တယောက်က ပြန်ဖြေတဲ့ စကားသံတချို့ ကြားလိုက်ပြီး နောက်မှာတော့ လား
ကျမ သဘောပေါက်သွားရတယ်။ မှတ်ရတယ်။

‘‘လိမ္မော်သီး မိသားစုလို့ ထင်ရတဲ့ အိမ်ကို ရောက်နေပြီ’’ ဆိုတာနဲ့ ‘‘ဟုတ်ကဲ့ စိတ်ချပါ၊ စိတ်ချပါ’’


ဆိုတာတွေကလည်း စကားလုံးကို ထပ်နေတာပဲ။ ဧကန္တတော့ သူ့အထက်က လူကြီးကိုယ်တိုင် တိုက်ရိုက်
ညွန်ကြားနေတာပဲဖြစ်မယ် ဆိုပြီး ကျမ စိတ်ထဲမှတ်ယူ ထားလိုက်တယ်။ ကျမတို့ အပြုအမူ
အပြောအဆိုတွေကအစ သတိလက်လွတ် ဖြစ်မသွားရအောင် ထိန်းထားရတယ်။

သူတို့အချင်းချင်း စကားပြောပြီးနောက် အသက်ကြီးကြီး ရာထူးကြီးကြီးလို့ ထင်ရတဲ့ လူကြီးက ကျမတို့ကို


စမိတ်ဆက်တော့တာပဲ။
‘‘ကျနော်တို့ စစ်ဆေး မေးမြန်းစရာနဲ့ ရှာဖွေစရာ ကိစ္စလေးတွေ ရှိလို့ အခုလို လာရတာပါ၊ ကျနော် ရဲမှုးကြီး
လှမျိုးရှိန်ပါ’’

‘‘ကျနော်ကတော့ မိတ္ထီလာ ရဲစခန်းက … (ကျမနာမည်မေ့နေလို့ ရာထူးကြီးကြီးပါပဲ)ပါ’’

‘‘ကျနော်ကတော့ မြင့်ဦးပါ မိတ္ထီလာ ရဲစခန်းက ဒုရဲအုပ်ပါပဲ’’

သူတို့ သုံးယောက်စလုံး အသီးသီး မိတ်ဆက်ပြီးတော့မှ အမေက ‘‘ဟုတ်ပါပြီတော်၊ ဗိုလ်ကြီးတို့ ရှာစရာရှိတာ


ရှာပါ’’ လို့  တည်တည်ငြိမ်ငြိမ်နဲ့ တုန့်ပြန်လိုက်တယ်။ ကျမကတော့ စကားမပြောနိုင်တော့ဘူး၊ စိတ်ထဲမှာ
စိုးရိမ်စိတ်တွေ ကြောက်စိတ်တွေနဲ့ လုံးလည်ချာလိုက်နေလို့လေ။ ဒါပေမယ့် အိနြေ္ဒတော့ မပျက်အောင် သတိနဲ့
ထိန်းထားနိုင်ခဲ့ပါတယ်။ အမေလည်း အပြင်မှာသာ တည်တည်ငြိမ်ငြိမ်နဲ့ စကားပြောနေနိုင်ပေမယ့်
စိတ်ထဲမှာတော့ ဦးဇင်းနဲ့ အဖေ့အတွက် ခေါင်းမီးတောက်နေမှာ အသေအချာပဲလို့ ကျမခန့်မှန်းမိတယ်။

ရဲမှုးကြီးလှမျိုးရှိန်ရဲ့ အပေါင်းအပါတချို့ အိမ်ထဲဝင်လာပြီး ဦးဇင်းရဲ့စာအုပ်သေတ္တာတွေကို အရင်ဖွတယ်။


ဦးဇင်းက စာဖတ် ဝါသနာကြီးသူဆိုတော့ စာအုပ်တွေ စုထားတာလည်း မနည်းဘူး။ သံသေတ္တာ ခပ်ကြီးကြီး
(၄)လုံးလောက် ရှိတယ်။ အဖေ့တရားစာအုပ် သေတ္တာလည်း ရှိတယ်လေ။ အဲဒိသေတ္တာတွေက ဘုရားစင်ခန်းမှာ
ထားတာဆိုတော့ အဲဒါတွေကို အရင်ဖွကြတော့တာပေါ့။ အဲနောက် တအိမ်လုံး မကျန်ရအောင်ကို
အကုန်ဝင်မွှေကြတယ်။

ဦးဇင်းရဲ့ ရဟန်းဝတ်နဲ့ဓာတ်ပုံတွေ၊ ပါဠိပထမပြန် စာမေးပွဲ အောင်လက်မှတ်တွေ၊ ဦးဇင်းရဲ့ ရဟန်းဖြစ်


ရက်ချုပ်တွေကို အဓိကထားပြီး သိမ်းကြတယ်။ ဦးဇင်းရဟန်းဝတ်နဲ့ ပတ်သက်တဲ့ အချက်အလက် တွေမှန်သမျှ
ဘာတခုမှ မကျန်အောင်ကို တအိမ်လုံး မွှေနှောက်ပြီး အကုန်သိမ်းကြတာ။ အဲဒါတွေ အားလုံး
စိတ်ကြိုက်မွှေနှောက် ပြီးတော့မှ ရဲမှုးကြီးလှမျိုးရှိန်က အမေကိုမေးတယ်။

‘‘ခင်ဗျားမှာ သားဘုန်းကြီး ရှိတယ်မလား’’

‘‘ကျမက ရဟန်းမယ်တော်ကြီးတော့’’ လို့အမေက ပြန်ဖြေတယ်

‘‘အေးအခု သူဘယ်မှာနေလဲ’’

‘‘ရန်ကုန်မှာ စာသင်နေတယ်’’

‘‘ဒါဆို ခင်ဗျား ဦးဂမ္ဘီရဆိုတာကို သိလား’’

‘‘ကျမသားဘုန်းကြီးက ဦးစန္ဒောဘာသရှင့်၊ လူနာမည်က ညီညီလွင်လို့ ခေါ်ပါတယ်’’

‘‘ကျနော်မေးတာက ဦးဂမ္ဘီရကို သိလားလို့ မေးတာပါ’’

‘‘သြော်.. ဒီပတ်ဝန်းကျင်မှာတော့ ဦးဂမ္ဘီရဆိုတဲ့ ဘွဲ့မရှိပါဘူး”

‘‘ဒါဆို ခင်ဗျားသား ဦးဇင်း ဒီအိမ်ကို နောက်ဆုံး ဘယ်အချိန်မှာ လာသွားလဲ’’


‘‘ကျမ မမှတ်မိတော့ဘူး’’ လို့ အမေက ပြောလိုက်တော့ ရဲမှုးကြီး လှမျိုးရှိန် သိပ်သဘောကျပုံမရပါဘူး

‘‘ခင်ဗျား မှန်မှန်ဖြေနော် မှန်မှန်မဖြေရင် ခင်ဗျားတို့ မိသားစု အားလုံး ရဲစခန်းကို ခေါ်သွားမယ်။ ကျုပ်တို့မှာ


ခင်ဗျားတို့ အမှန်အတိုင်း ပြောထွက်လာနိုင်တဲ့ နည်းတွေ ရှိတယ်’’ လို့ ခြိမ်းခြောက်တော့တာပဲ။

‘‘ဒီတော့ အမေက ကျမ သိသလောက်ကို မကွယ်မဝှက် ဖြေတာပါ။ ဒါမှ မကျေနပ်နိုင်လို့ ဗိုလ်ကြီးတို့က


ရဲစခန်းခေါ်ပြီး စစ်ချင်သပဆိုလည်း လိုက်ရုံပဲရှိတယ်။ ဒါပေမယ့် အဖြေကတော့ ဒါပဲထပ်နေမှာ၊ ကျမက
ဒါပဲသိတာကိုး’’

‘‘ဒါဆို ခင်ဗျား ယောက်ျား ဘယ်မလဲ’’

‘‘အိမ်က ငွေတွေယူပြီး ထွက်သွားတာပဲ၊ ဘယ်ကို ထွက်သွားမှန်း မသိဘူး’’

‘‘ယောက်ျား ဘယ်သွားမယ်ဆိုတာကိုတောင် မိန်းမ တယောက်အနေနဲ့ မသိဘူးလား’’

‘‘ကျမနဲ့ ကတောက်ကဆဖြစ်ပြီးထွက်သွားတာ၊ အဲဒါကြောင့် မမေးမိလိုက်တာပါ’’

ဒီမေးခွန်းတွေကို နှစ်ကျော့သုံးကျော့ ပြန်မေးနေပေမယ့် အမေကလည်း ဒီပုံစံအတိုင်းပဲ ပြန်ဖြေနေတော့ ရဲမှုးကြီး


လှမျိုးရှိန်အနေနဲ့ စိတ်ရှည်ပုံ မရတော့ဘူး။ ‘‘ခင်ဗျားကျုပ်ကို လိမ်နေတယ်။ ခင်ဗျား မသိပဲမနေဘူး၊ ကျုပ်လည်း
ဒီလောက်တော့ မညံ့ပါဘူး’’ ဆိုပြီး ကျမတို့ကို ရဲစခန်းကို လိုက်ခဲ့ဖို့ ပြောတော့တာပဲ။

အမေနဲ့ ရဲမှုးကြီးလှမျိုးရှိန်က အသက်ချင်း သိပ်ကွာပုံမရဘူး။ ၅ဝ ကျော် ၆ဝ တန်းမှာပါပဲ။ ဒါပေမယ့် ဘယ်သူက


အသက်ပိုကြီးလဲ ဆိုတာတော့ ကျမ တိတိကျကျမသိဘူး။ ကျန်တဲ့ ရဲအရာရှိလေးတွေကတော့ အန်တီလို့ ဆိုတဲ့
အသုံးအနှုန်းနဲ့ တရိုတသေ ခေါ်ကြပါတယ်။

အဲဒိည (၁၁)နာရီကျော်လောက်မှာပဲ ကျမတို့ မိသားစုအားလုံးကို ရဲစခန်းခေါ်ဖို့ ပြင်ပါတော့တယ်။ ဒီတော့


အမေက တည်တည်ငြိမ်ငြိမ်နဲ့ လိုက်ဖို့ အဆင်အသင့်ရှိသလို ကျမတို့ မောင်နှမတွေကလည်း
အေးအေးဆေးဆေးနဲ့ အဝတ်အစားတွေကို ပြင်ရပါတော့တယ်။

ကျမက စာဖတ်ထားတဲ့ အတွေ့အကြုံ ရှိတယ်လေ။ ဦးဇင်းရဲ့ ကျေးဇူးနဲ့ ဆရာ ဝင်းတင့်ထွန်းရဲ့ ခြောက်တိုက်မှာ


လောက်ကိုက်တာ ခံရဘူးလားဆိုတဲ့ ထောင်စာအုပ်မျိုးတွေကိုပေါ့။ ပြီးတော့ မကြာသေးခင်
အချိန်ပိုင်းကလေးကပဲ အောင်ကိုကိုလွင်ကို လ္ဘက်ရည်တိုက် ခဏပါလို့ခေါ်သွားပြီး တခါတည်း
ဖမ်းချုပ်ထားလိုက်တာ ဆိုတော့ ဒီလူတွေ ဘယ်လောက် ယုတ်မာရက်စက်လဲဆိုတာ ကျမခန့်မှန်းမိပြီးသား။
ကျမတို့လည်း ခဏနဲ့တော့ ပြန်လာရမယ် မထင်ဘူး၊ ကောင်းကောင်းတော့ ညှဉ်းဆဲကြအုံးမှာပဲလို့ စိတ်ထဲမှာ
သိနေတယ်။ ဒါကြောင့် အနွေးထည်အစရှိတဲ့ အဝတ်အစား တချို့ကို ပြင်ရတာပေါ့။

အပြင်ရောက်တော့မှ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်တော့ ရဲကား ၂ စီးနဲ့ ဆိုင်ကယ်ဆိုတာ ပလူပျံနေအောင်ပဲ


အိမ်ပတ်ပတ်လည်မှာ ရပ်ထားလိုက်တာ။ ရဲကားပေါ်မှာ ယူနီဖောင်းအပြည့်နဲ့ လက်နက်ကိုင် ရဲတပ်သားတွေ
ရှိသလို အရပ်ဝတ်နဲ့ရဲတွေ၊ ကြံဖွံ့တွေ၊ ရယကတွေကလည်း ဆိုင်ကယ် ကိုယ်စီကိုယ်စီနဲ့ အားလုံးပေါင်း
အယောက် (၆ဝ) ဝန်း ကျင်လောက် ရှိမယ်ထင်တယ်။
အိမ်ပတ်ဝန်းကျင်က လူတွေတော့ ကျမတို့ မိသားစုကို ဘယ်လိုထင်မလဲ မသိဘူး။ စက်မှုဇုံ ၅လမ်းလည်း
ဆိုင်ကယ်နဲ့ ပြည့်နေသလို စက်မှုဇုံ ၄ လမ်းဘက်ကို ထွက်တဲ့ ကျမတို့ အိမ်ဘေးလမ်းကြားလေးမှာလဲ
ဆိုင်ကယ်ကိုယ်စီနဲ့ စကားပြောစက် ကိုင်ထားတဲ့ လူတွေ ကျမတို့အိမ်ကို ဝိုင်းထားလိုက်တာများ
ရန်သူစခန်းတခုကို ဝင်သိမ်းနေသလား မှတ်ရတယ်။

ရဲကားပေါ်ရောက်တော့ ‘‘တို့မိသားစု ၃ယောက်ကို လာဖမ်းတာများ အဲလောက် လူအင်အား သုံးရတယ်လို့ဟယ်’’


ဆိုပြီး ကျမက ကျမမောင်လေး လွင်မောင်မောင်ကို ပြောမိလိုက်တယ်။ ဒီတော့ လက်နက်ကိုင်ထားတဲ့ ရဲသား
တယောက်က လှည့်ကြည့်ပြီး ‘‘နယ်မြေခံ အဖွဲ့အစည်း အစုံပါတယ်။ တိုင်းက ဆင်းလာတဲ့ အရာရှိတွေကော
ပါလို့ဗျ’’ ဆိုပြီး အကြောင်းပြချက် ပေးတော့တာပဲ။

အဲဒိနောက် ကျမတို့ အိမ်မှာ နယ်မြေခံ ရဲ(၃)ယောက်ကို ပေါ်ပေါ်တင်တင် အိမ်စောင့်ထားပြီး ကျန်တဲ့ ရဲတချို့က


ကျမတို့နဲ့ အတူ ပြန်လိုက်ဖို့ ပြင်ကြတယ်။ သိပ်မကြာခင်မှာပဲ ကျမတို့ကို တင်ဆောင်မယ့် ရဲကားကြီးလည်း
စထွက်ပါတော့တယ်။ ရဲကားတစီးက ကျမတို့ကား ရှေ့ကသွားလို့ ၊ နောက်က ဆိုင်ကယ်နဲ့လိုက်တဲ့
လူတွေကလည်း တပြုံကြီးဆိုတော့ ကိုယ့်ကို အားပေးရင်း ကိုယ်မောင်လေးကိုလည်း စိတ်ဓါတ်မကျအောင်
အားပေးရင်းဆိုပြီး ‘‘ဒီလို အစောင့်အရှောက်တွေ အများကြီးနဲ့ တခါမှ ခရီးမသွားဘူးတော့ ရင်ထဲမှာ ခံစားရတာ
တမျိုးလေးနော်’’ ဆိုပြီးကျမ ဟာသလေးဖောက်လိုက်တယ်။ ဘေးက ရဲသားလေးတွေကတော့ မကြည်ဘူးပေါ့။
သူတို့ကို ဖမ်းလာတာများ စကားကြီး စကားကျယ်နဲ့ လာပြီး မာန်တက်ပြနေတယ်လို့ ထင်နေမလားပဲ။
Source:http://www.mizzimaburmese.com/edop/songpa/6018-2010-09-11-09-56-56.html

နေပြည်တော် အမျိုးသမီး ဝန်ထမ်းအိမ်ရာ လုံခြုံရေး စိတ်မချရ

နေပြည်တော်ရှိ အမျိုးသမီး ၀န်ထမ်းအိမ်ရာ များတွင် လုံခြုံရေး စိတ်မချရမှု ဖြစ်နေကြောင်း အမျိုးသမီး


ဝန်ထမ်းများက ပြောသည်။

“အမျိုးသမီး ဆောင်တွေမှာက အစောင့်မရှိတော့ မကြာခဏ ဖောက်ထွင်း မှုတွေဖြစ်တယ်၊ ဘယ်တော့မှ


မိတယ်မရှိဘူး၊ မကြာသေး ခင်ကဘဲ သဇင်ဆောင်ဘက်က အခန်းတခန်း အဖောက် ခံရတယ်၊ ဖြစ်တာက
နေ့လယ်ပိုင်း အားလုံးရုံးတက်ချိန်မှာ ဖြစ်တာ၊ အများကြီးတော့ ပါမသွားဘူး၊ ကျမတို့ကလည်း အများကြီးမှ
မရှိတာ”ဟု နေပြည်တော် အမျိုးသမီး ၀န်ထမ်း အိမ်ရာ သဇင်ဆောင်မှ အမျိုးသမီး တဦးက ပြောပြသည်။

ထိုကဲ့သို့ ဖောက်ထွင့်မှုအများစုကို ကျူးလွန်သူများမှာ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်တဲ့ သူတွေလို့ အများက


ယူဆကြတယ်၊အဝင်အထွက် ဘယ်လိုရှိတယ်ဆိုတာ သူတို့ပဲ အသိဆုံးလေ”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

နေပြည်တော်ရှိ အမျိုးသမီး၊ အမျိုးသား ဝန်ထမ်းအိမ်ရာများတွင် ညစောင့်လုံခြုံရေးမရှိခြင်းကလည်း


ရာဇဝတ်မှုကျူးလွန်သူများ ကို ဆွဲဆောင်နေသကဲ့သို့ရှိကြောင်း သပြေဆောင်ရှိ အမျိုးသမီး
ဝန်ထမ်းတဦးကလည်း ပြောသည်။

“နေ့ရော ညရော အဆောင်တွေက ဝင်ချင်တဲ့သူဝင်၊ ထွက်ချင်တဲ့သူထွက် ဒိုးယိုပေါက်ဖြစ်နေတယ်လေ၊ ကျမတို့


ကတော့ အဟန့် အတားဖြစ်အောင် လုံခြုံရေး ရှိစေချင်တယ်၊ ဘယ်သူကမှ ဒါကိုထည့် မစဉ်းစားပေးကြဘူး”ဟု
၎င်းက ဆိုသည်။

“ပြီးခဲ့တဲ့ တနင်္ဂနွေ ညကဆို အဆောင်ရှေ့မှာ လူတယောက် လာအိပ်နေတယ်၊ အမျိုးသမီးချည်းဆိုတော့


ကြောက်တာပဲ သိ တယ်၊ ရဲစခန်း ဖုန်းဆက်တော့လည်း ကိုင်မယ့်သူ မရှိဘူး၊ မတော် လူဆိုးသူခိုးဆို
မခက်လား”ဟု သပြေဆောင် အမျိုးသမီး ဝန်ထမ်းက ပြောသည်။

ထို့အပြင် နေပြည်တော် အမျိုးသမီးဆောင်ဖြစ်သော သဇင်(၃) တွင် လွန်ခဲ့သော (၃)လခန့်က ဓားထိုးမှုဖြစ်ကာ


လူငယ်တဦး သေဆုံးခဲ့သော်လည်း အမှုမှန် ပေါ်ပေါက်ခြင်း မရှိသေးကြောင်းလည်း အဆောင်နေ ဝန်ထမ်းများက
ပြောဆိုသည်။

“ကောင်လေးက အဆောင်က ကောင်မလေးကို လာပိုးနေတာ၊ ညည ဂစ်တာ လာတီးတာတို့ လုပ်တယ်၊


ဖြစ်တဲ့နေ့က မနက် လင်းတော့ ကြည့်လိုက်တဲ့အခါ ဓားတန်းလမ်းနဲ့ သေနေတယ်”ဟု သဇင်ဆောင်
အမျိုးသမီးဝန်ထမ်းက ပြောပြသည်။

နေပြည်တော်ရှိ အမျိုးသမီး ဝန်ထမ်းများ အနေဖြင့် လုံခြုံစိတ်ချရသော အခြေအနေမျိုးကို


လိုလားလျက်ရှိကြောင်းလည်း သိရ သည်။

“ကျမတို့ အားလုံးလိုလို အိမ်နဲ့ခွဲပြီး လာလုပ်ရတာ၊ လုံခြုံစိတ်ချရတဲ့ ဘဝမျိုးကိုလိုချင်ပါတယ်”ဟု သပြေဆောင်မှ


အမျိုးသမီး ဝန်ထမ်း တဦးက ဆိုသည်။

၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ စစ်အစိုးရ က ၀န်ကြီးဌာနများနှင့် ၀န်ထမ်းများကို နေပြည်တော် သို့


ပြောင်းရွှေ့ စေခဲ့ သည်။ နေပြည်တော်ကို ၂၀၀၂ ခုနှစ်က စတင် တည်ဆောက်ခဲ့ပြီး ၂၀၀၅ ခုနှစ် နိုဝင်ဘာလတွင်
မြန်မာနိုင်ငံ၏ မြို့တောာ် အဖြစ် စစ်အစိုးရက သတ်မှတ် ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/4041-2010-09-11-10-19-27

ဦးပိုင် ကြော်ငြာများ စိစစ်ရေးကင်းလွတ်ခွင့်ရ

မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်နှင့် ပတ်သတ်သော ကြော်ငြာ၊ ပြက္ခဒိန်များနှင့် ဦးပိုင်က တာဝန်ယူ


တပ်ဆင်ထားသော LED ရုပ်မြင် သံကြား စက်များတွင် ပြသသည့် အစီအစဉ်များ အားလုံး စိစစ်ရေး
ကင်းလွတ်ခွင့် ရရှိထားကြောင်း ဦးပိုင် လီမိတက် လက်အောက် ရှိ မြ၀တီ ထရိတ်ဒင်းမှ အကြီးအကဲတဦးက
ပြောသည်။

ဦးပိုင် လီမိတက်က တပ်ဆင် ထားသော LED


ရုပ်မြင်သံကြား စက်များတွင် မြ၀တီ
ထရိတ်ဒင်းမှ ထုတ်လုပ်သော ကုန်ပစ္စည်း
ကြော်ငြာများ၊ ကိုရီးယား သီချင်းများ၊
တခြားသော နိုင်ငံခြား သီချင်းများနှင့်
ကြော်ငြာများ စတင်ပြသလျက်ရှိရာ လူအများ
အမြင် မသင့်လျော်သည့် သရုပ်ဆောင်
ဇာတ်ကွက်များကို ထုတ်လွှင့်ပြသ နေကြောင်း
နေ့စဉ် ကြည့်ရှုနေသူများက ဆိုသည်

“လူစည်ကားရာမှာ လာတပ်ထားပြီး မင်းသားနဲ့


ဗိုလ်ချုပ် လမ်းမပေါ်ရှိ ပန်းဆိုးတန်း ခုံးကျော် တံတား အနီးတွင်
မင်းသမီးနမ်းတာ၊ အကြင်နာပေးတာ၊
တပ်ဆင်ထားသည့် ဦးပိုင် လီမိတက်၏ ပထမဆုံး LED
ဟိုပေါ်ဒီပေါ်နဲ့ ဖက်တာတွေ ပြတယ်၊ မျက်နှာ
ရုပ်မြင်သံကြား စက်ကို ဤသို့ တွေ့မြင်ရ (ဓာတ်ပုံ - ဧရာဝတီ)
ပူစရာပေါ့”ဟု ဘူတာကြီး လက်မှတ်
အရောင်းဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

ဦးပိုင် လီမိတက်၏ ပထမဆုံး LED ရုပ်မြင်သံကြား စက်ကို ရန်ကုန်မြို့ ဗိုလ်ချုပ် လမ်းမပေါ်ရှိ ပန်းဆိုးတန်း
ခုံးကျော် တံတား အနီးတွင် တပ်ဆင်ထားသည်။ ယင်းသို့ တပ်ဆင်ထားခြင်းမှာ ဦးပိုင် လက်အောက်ရှိ မြ၀တီ
ထရိတ်ဒင်း ကုမ္ပဏီမှ မကြာမီ ဖွင့်လှစ်မည့် RUBY စူပါမားကက်ကို ဈေးကွက်မြှင့်တင်သည့် အနေဖြင့် ဖြစ်ကြောင်း
မြ၀တီ ထရိတ်ဒင်း ကုမ္ပဏီမှ သိရသည်။

ရန်ကုန်နှင့် နယ်မြို့များတွင် ဘရဏီ ကြော်ငြာလုပ်ငန်းမှ တပ်ဆင်ထားသော LED ရုပ်မြင်သံကြား စက်များနှင့်


ရွှေဧည့်သည်၊ ပါရမီ၊ အဓိပတိ ယာဉ်လိုင်းများတွင်တပ်ဆင်ထားသော LCD ရုပ်မြင်သံကြား စက်များတွင်
ပြသမည့် အစီအစဉ်များကို စိစစ် ရေး သို့ တပတ် ကြိုတင်ပြသရပြီး စိစစ်ရေးက ခွင့်ပြုသည့် အစီအစဉ်များကိုသာ
ပြသရသော်လည်း ဦးပိုင် လီမိတက်က တပ်ဆင် ထားသည့် LED ရုပ်မြင်သံကြား စက်များအတွက်မူ စိစစ်ရေး
ခွင့်ပြုချက်မလိုကြောင်း ဘရဏီ ကြော်ငြာလုပ်ငန်းမှ တာဝန်ရှိသူတဦးက ဆိုသည်။

ဦးပိုင် လီမိတက်ပိုင် အထူး ယာဉ်လိုင်းများပေါ်ရှိ LED ရုပ်မြင်သံကြားစက်များကို ဘရဏီ ကြော်ငြာလုပ်ငန်းက


တာဝန်ယူ တပ်ဆင်ပေးနေရသော်လည်း နောက်ပိုင်းတွင် ဦးပိုင် လီမိတက်ကပင် တာဝန်ယူ၍ တပ်ဆင်ရန်
အလားအလာများ ရှိကြောင်း ဦးပိုင် နှင့် နီးစပ်သည့် အသိုင်းအ၀န်းမှသိရသည်။

ထို့အပြင် ဦးပိုင် လီမိတက်မှ ထုတ်လုပ်သော အရက်၊ ဘီယာ၊ ရေသန့် စသော ပစ္စည်းများနှင့် ပတ်သက်သည့်
ကြော်ငြာများနှင့် ပြက္ခဒိန်များသည်လည်း စာပေစိစစ်ရေး ကင်းလွတ်ခွင့်ရှိနေပြီး
အရက်ကြော်ငြာပြက္ခဒိန်များသည် သရုပ်ပျက် ၀တ်စား ဆင်ယင်မှုများ ရှိကြောင်း ကျောက်တံတားမြို့နယ်ရှိ
အရက်နှင့် စားသောက်ကုန်ဖြန့်ချိရေး လုပ်ငန်းပိုင်ရှင် တဦးက ပြောသည်။

“ဦးပိုင်က ကြော်ငြာ ပြက္ခဒိန်တွေဆို မော်ဒယ်လ်တွေကို တင်တွေ၊ ရင်တွေ ဦးစားပေး ရိုက်ထားတာချည်းပဲ၊ တီဗီ


မှာ မင်းသား က နားကပ်တဘက် တပ်တာကျတော့ ဆင်ဆာဖြတ်တယ်”ဟု ၎င်းက ပြောဆိုသည်။

မကြာသေးခင်က ယခင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေးကို


အနားယူစေပြီးနောက် ဗိုလ်ချုပ် ခင်ဇော်ဦးကို ဥက္ကဋ္ဌသစ် အဖြစ် တာဝန် အပြောင်းအလဲလုပ်ခဲ့သည်။

ယင်း ဥက္ကဋ္ဌသစ် ဗိုလ်ချုပ်ခင်ဇော်ဦးသည် ယခင် ကမ်းရိုးတန်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်


ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်ရေးချုပ်အဖြစ် ရာထူးတိုးမြှင့်ခြင်း ခံထားရသူလည်း ဖြစ်သည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သည် ၂၀၁၀ ပြည့်နှစ်အတွင်း ပြည်သူပိုင် ဗိုလ်အောင်ကျော် ဆိပ်ကမ်း၊


ကြယ်ငါးပွင့် သင်္ဘော လိုင်း၊ အစိုးရစက်သုံး ဆီဆိုင်များ၊ အစိုးရစက်ရုံ အလုပ်ရုံများ အပါအ၀င် ပြည်သူပိုင်
စီးပွားရေးလုပ်ငန်းများစွာကို လွှဲပြောင်း ယူခဲ့သည်။

ကားတင်သွင်းခြင်းလုပ်ငန်း၊ ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း၊ စက်သုံးဆီ တင်သွင်း ရောင်းချ


ခြင်းလုပ်ငန်း၊ သစ်တောထွက်ပစ္စည်း ရောင်းချခြင်းလုပ်ငန်း၊ ပါရမီ ယာဉ်လိုင်း၊ တက္ကဆီနှင့် ရွှေမန်းသူ အဝေးပြေး
ယာဉ် ပြေးဆွဲရေးလုပ်ငန်း၊ ကုန်တိုက်များ ဖွင့်လှစ်ရောင်းချခြင်း လုပ်ငန်း၊ ရေသန့်ထုတ်လုပ်ရေး
လုပ်ငန်းအပါအ၀င် ပြည်တွင်း စီးပွားရေးလုပ်ငန်းပေါင်း မြောက်မြားစွာကိုလည်း ဦးပိုင်လီမိတက်က ချုပ်ကိုင်၍
လုပ်ကိုင်လျက်ရှိသည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ကို စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များဖြင့် ၁၉၉၀ ခုနှစ်က စတင်


တည်ထောင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/4039-2010-09-11-08-13-54

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တရုတ်ခရီးစဉ် အဆုံးသတ်

2010-09-11

တရုတ်နိုင်ငံကို ၅ ရက်ကြာခရီး ရောက်ရှိနေတဲ့ မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ


ဒီကနေ့ ခရီးစဉ် အဆုံးသတ်အဖြစ် တရုတ်ပြည်တောင်ပိုင်း ဆိပ်ကမ်းမြို့ဖြစ်တဲ့ ရှန်ဇင်းမြို့ကို ရောက်ရှိခဲ့တယ်လို့
တရုတ်အစိုးရသတင်းတွေမှာ ဖော်ပြပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်း ဘင်နဒစ် ရောဂျားစ် ရေးသားပြုစုသော မြန်မာအာဏာရှင်၏ မျက်နှာဖုံးကို


ခွာချခြင်း (Than Shwe: Unmasking Burma's Tyrant) စာအုပ် မျက်နှာဖုံးပုံ ဖြစ်ပါသည်။ (Image: RFA)

မြန်မာစစ်အစိုးရခေါင်းဆောင်ဟာ ရှန်ဇင်းမြို့က စက်မှုဇုံကို သွားရောက်ဖို့ရှိပြီး တရုတ်နိုင်ငံရဲ့


ပြုပြင်ပြောင်းလဲမှုတွေနဲ့ တခါးဖွင့်ဝါဒ ကျင့်သုံးခဲ့တာတွေကို လေ့လာမယ်လို့ ဒီကနေ့ထုတ်
တရုတ်အစိုးရသတင်းစာ ပြည်သူ့နေ့စဉ်က ရေးသားပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ မနေ့က တရုတ်နိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရှန်ဟိုင်းကို ရောက်ရှိခဲ့ပြီး ၂


နိုင်ငံအကြား ကုန်သွယ်ရေးနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်နိုင်မယ့် အလားလာတွေကို လေ့လာ
ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဘေကျင်းမြို့တော်မှာ တရုတ်သမ္မတ အပါအ၀င် တရုတ်ထိပ်တန်း


ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီး ကြာသပတေးနေ့က ရှန်ဟိုင်းမြို့ကို ရောက်ရှိခဲ့ပါတယ်။
တရုတ်ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြီးလို့ အစိုးရသစ် တက်လာရင်လည်း
တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ပြောင်းလဲမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
တချိန်တည်းမှာ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုဦးစီးအဖွဲ့ အတွင်းရေးမှူးချုပ်ရုံး အဖွဲ့ဝင်နဲ့ ကွန်မြူနစ်ပါတီ
စည်းကမ်းထိန်းသိမ်းရေး ဗဟိုကော်မရှင် ဒုတိယအတွင်းရေးမှူး ဟီယောင်ဟာ မြန်မာနိုင်ငံနဲ့ နီပေါနိုင်ငံတွေကို
ဒီကနေ့ ချစ်ကြည်ရေးခရီး ထွက်ခွာသွားတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ထုတ်ပြန်ပါတယ်။

မြန်မာစစ်အစိုးရ ချစ်ကြည်ရေးအဖွဲ့အနေနဲ့ တရုတ်ခရီးစဉ်အတွင်း စီးပွားရေးကိစ္စတွေထက် တခြား နိုင်ငံရေး


စစ်ရေးကိစ္စတွေကို အလေးအနက်ထား ဆွေးနွေးခဲ့ဖွယ် ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဒီအကြောင်း အာအက်အေ၀ိုင်းတော်သား ကိုဝင်းနိုင်က စုစည်း တင်ပြထားပါတယ်။

Source:http://www.rfa.org/burmese/news/junta_chief_wraps_up_china_trip-
09112010112304.html

ဦးခွန်ထွန်းဦးမွေးနေ့ တိုင်းရင်းသားခေါင်းဆောင်တွေ ကျင်းပ

2010-09-11

ပူတာအို အကျဉ်းထောင်မှာ နှစ်ရှည် ထောင်ဒဏ် ကျခံနေရတဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်


ဥက္ကဌ ဦးခွန်ထွန်းဦးရဲ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကျရောက်တဲ့ ၆၇ နှစ်မြောက်မွေးနေ့ အခမ်းအနားတခုကို
ရန်ကုန်မြို့မှာ တိုင်းရင်းသား ခေါင်းဆောင်တွေ စုပေါင်းကျင်းပခဲ့ ကြတယ်လို့ သိရပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦး၏ ပုံတူ ကောက်ကြောင်းပန်းချီ ဖြစ်ပါသည်။


(Courtesy of Artist Min Kyaw Khine)

ဦးခွန်ထွန်းဦးရဲ့ ၆၇ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ ၈ မိုင်လမ်းဆုံက


ပန်းခြံအတွင်းမှာ ရှိတဲ့ ရွှေဘဲ စားသောက်ဆိုင်မှာ နေ့လည် ၁၂ နာရီက SNLD အဖွဲ့က ခေါင်းဆောင်တွေကနေ
ဦးဆောင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲကို ပြည်တောင်စု တိုင်းရင်းသားများအဖွဲ့ချုပ် UNA က
ခေါင်းဆောင်တွေနဲ့ မျိုးဆက်သစ် လူငယ်တချို့လည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဦးခွန်ထွန်းဦးဟာ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့မှာ ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က အဖ စပ်ကြာဇုံနဲ့


အမိ စပ်ရွှေယုံ တို့ကနေ မွေးဖွားပြီး အထက်တန်းကျောင်းသား ဘဝ ကတည်းက ရှမ်းအမျိုးသားရေးအတွက်
တောင်ကြီးမြို့မှာရှိတဲ့ Tai Youth လို့ ခေါ်တဲ့ ရှမ်းလူငယ်အဖွဲ့မှာ ပါဝင်လှုပ်ရှား လာခဲ့သူတဦး ဖြစ်သလို
ရန်ကုန်တက္ကသိုလ် ရောက်တဲ့အချိန်မှာလည်း ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်းမှာလည်း ဥက္ကဌ အဖြစ် တာဝန်ယူ
ဆောင်ရွက်ခဲ့သူတဦး ဖြစ်ပါတယ်။

၁၉၉၀ ပါတီစုံ ဒီမိုကရေစီ ရွေကောက်ပွဲမှာ သီပေါ မဲဆန္ဒနယ်မြေ အမှတ် ၁ ရဲ့ ပြည်သူ့လွတ်တော်


ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြောက်ခံရပြီးနောက် ၁၉၉၃ ခုနှစ်မှာ စစ်အစိုးရ ကျင်းပတဲ့ အမျိုးသား
ညီလာခံကို တက်ရောက်ခဲ့ပြီး တိုင်းရင်းသားအားလုံး ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ တန်းတူညီခွင့် ရရေးတွေကို
အဓိကထား ဆွေးနွေးခဲ့သူအဖြစ် ထင်ရှားခဲ့တဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တယ်လို့ ဒီကနေ့ အခမ်းအနားကို
တက်ရောက်ခဲ့တဲ့ UNA က ဦးစောဟယ်ရီက ပြောပါတယ်။

၂၀ဝ၅ ခုနှစ် ဖေဖေါ်ဝါရီလမှာ ရှမ်းပြည် အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းရေးနဲ့ ဆက်စပ်ပြီး အာဏာပိုင်တွေက


ဦးခွန်ထွန်းဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ နိုဝင်ဘာလ ၃ ရက်နေ့မှာ အင်းစိန် အကျဉ်းထောင်တွင်း တရားရုံးက
ဦးခွန်ထွန်းဦးကို ထောင်ဒဏ် ၉၃ နှစ် ချမှတ်ပြီး ပူတာအို အကျဉ်းထောင်ကို ပို့ခဲ့ပါတယ်။

လောလောဆယ် ပူတာအို အကျဉ်းထောင်ထဲမှာ ကျန်းမာရေး အခြေအနေ မကောင်းသလို မိသားစုနဲ့ ဝေးလံတဲ့


အကျဉ်းထောင် ဖြစ်တဲ့အတွက် ဦးခွန်ထွန်းဦးရဲ့ မိသားစု သွားရောက်တွေ့ဆုံဖို့ အခက်အခဲတွေ ရှိတယ်လို့ လည်း
သိရပါတယ်။

ဒီအကြောင်း အပြည့်အစုံကို အာအက်ဖ်အေ သတင်းထောက် ဦးအောင်မိုးမြင့် က စုစည်း တင်ပြထားပါတယ်။

Source:http://www.rfa.org/burmese/news/ethnic_leaders_in_Rangoon_celebrate_jailed_SNLD_ch
airman-09112010140859.html

You might also like