You are on page 1of 85

ဝီကီလိစ်တွင် မြန်မာ့ နျူကလီးယားအရေးများ ပေါက်ကြား

ရန်ပိုင် Saturday, 11 December 2010 17:41

အမေရိကန် အစိုးရသည် မြန်မာ့ နျူကလီးယားနှင့် ဒုံးလက်နက် စီမံကိန်းများ ပတ်သက်ပြီး ၂၀၀၄ ခုနှစ် ကတည်းက သံသယ ရှိနေကြောင်း ၀ီကီလိစ်က
ယမန်နေ့က ဖော်ထုတ်လိုက်သည်။

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ မြန်မာစစ်အစိုးရ၏ နျူကလီယားနှင့် ပတ်သက်သော လျှို့ဝှက် အစီရင်ခံစာတွင်
စစ်အစိုးရသည် မြောက်ကိုရီးယားနိုင်ငံ၏ အကူအညီဖြင့် မြေအောက် ဥမင်လိုဏ်ခေါင်းများ တည်ဆောက်လုပ်ကိုင်နေကြောင်း၊ လုပ်ငန်းခွင်တွင်
မြောက်ကိုရီးယားနိုင်ငံသား ၃၀၀ ခန့် လုပ်ကိုင်နေသည်ဟု မျက်မြင်သက်သေတဦးက ပြောကြောင်း ဖော်ပြထားသည်။

ဝီကီလိစ် စာမျက်နှာတွင် ပေါက်ကြားနေသော ရန်ကုန်ရှိ အမေရိကန် သံရုံးမှ မြန်မာနိုင်ငံ နျူကလီးယားဆိုင်ရာ လျှို့ဝှက်ပေးစာ


အဆိုပါ ကွန်ကရစ် မြေအောက်လိုဏ်ခေါင်းများသည် ပေ ၅၀၀ (၇၅မီတာ) ခန့်မြင့်ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံသားများ အကူအညီဖြင့်
မြန်မာအလုပ်သမားများက ဆောက်လုပ်နေခြင်းဖြစ်ကြောင်း၊ ထို့အပြင် မည်သည့်နိုင်ငံမှ ထုတ်လုပ်သည်ဟု မသိရသော ဒုံးလက်နက်များကိုလည်း
ယင်းမြောက်ကိုရီးယားများက တပ်ဆင်နေသည်ဟုလည်း အစီရင်ခံစာတွင် ပါရှိသည်။

ထို့အပြင် ပြည်ပရောက် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်တဦးက စစ်အစိုးရသည် သာမန်စက်ရုံတရုံတွင် အသုံးပြုရန်ထက် ကြီးမားသည့် စက်ပစ္စည်းများကို


တွဲသင်္ဘောကြီးများဖြင့် သယ်ယူမှုများရှိကြောင်း၊ ယင်းပစ္စည်းများသည် မကွေးတိုင်းအတွင်း တည်ဆောက်နေသည်ဆိုသော နျူကလီးယား စီမံကိန်းအတွက်
ဖြစ်နိုင်သည်ဟု အမေရိကန်သံရုံးသို့ ပြောဆိုမှုများလည်း ဖော်ပြပါရှိသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာစစ်အစိုးရနှင့် မြောက်ကိုရီယားအကြား နျူကလီးယား အစီအစဉ်များနှင့် ပတ်သက်ပြီး


စိုးရိမ်မကင်းဖြစ်ရသည်ဟု ယခုနှစ် ဇူလိုင်လအတွင်းက ပြောကြားခဲဖူးသည်။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် မြန်မာ၊ အီရန်၊ ဆီးရီးယား စသည့် နိုင်ငံများသို့ နျူကလီးယားနှင့် ဒုံးလက်နက်ဆိုင်ရာ အစိတ်အပိုင်းများကို ပေးပို့ခြင်းမပြုရန်
တားမြစ်သည့် အစီရင်ခံစာကို ကုလသမဂ္ဂမှ ပြီးခဲ့သည့်လအတွင်းက ထုတ်ပြန်ခဲ့သည်။

မြန်မာ့နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ ထပ်မံထွက်ပေါ်လာသည့် ၀ီကီလိစ် သတင်းတပုဒ်မှာ ၂၀၀၈ ခုနှစ်က မြန်မာစီးပွားရေး လုပ်ငန်းရှင်တဦးက
ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးသို့ ပုလင်းတလုံးအတွင်းထည့်ထားသည့် ယူရေနီယံများကို လာရောက်ရောင်းချကြောင်း၊ ယင်း ယူရေနီယံသည် ရေဒီယို
သတ္တိကြွအမှုန့်များဖြစ်ကြောင်း တရုတ်နိုင်ငံရှိ တက္ကသိုလ်တခုမှ ၁၉၉၂ ခုနှစ်က ထောက်ခံထားသည့် လက်မှတ်မိတ္တူ တစောင်လည်း ပါရှိကြောင်း၊ ထိုပစ္စည်းကို
အမေရိကန်သံရုံးက စိတ်မ၀င်စားလျှင် ထိုင်းနိုင်ငံ သို့မဟုတ် တခြားသောနိုင်ငံများသို့ ရောင်းချရန် ကြိုးစားမည်ဟုလည်း ပြောဆိုသည့်အတွက် အမေရိကန်သံရုံးမှ
ဝယ်ယူထားရကြောင်းလည်း ပါရှိသည်။

မြန်မာနိုင်ငံတွင် ထွက်နေသည့် ယူရေနီယံသတ္တုများကို စီးပွားရေးလုပ်ငန်းရှင်များက ပြည်ပသို့ ရောင်းချရန် ကြိုးစားမှုများနှင့် ပတ်သက်၍


စီပွားရေးလုပ်ငန်းရှင်တဦးဖြစ်ခဲ့သူ ဦးမင်းဒင်၏ မင်းဒင်ရဲ့သက်ခိုင် စာအုပ်တွင်လည်း ယခုကဲ့သို့ ရေးသားဖော်ပြခဲ့ဖူးသည်။

၁၉၉၅ ခုနှစ်ခန့်က ဦးစံလင်းဆိုသူက Hosting Flag ဟု အမည်ပေးထားသည့် သတ္တု ရှာဖွေရေး ကုမ္ပဏီတခုကို တည်ထောင်ပြီး အစိုးရနှင့် ဖက်စပ်အကျိုးတူ
ပူးပေါင်း၍ မန္တလေးတိုင်း သပိတ်ကျင်းဒေသ တ၀ိုက်တွင်ရှာဖွေရာ ဓာတ်သတ္ထုတမျိုးကို တူးဖော်ရရှိကြောင်း၊ ယင်းနမူနာကို သိပံ္ပနှင့် နည်းပညာ ဝန်ကြီးဌာန၏
ဓာတ်ခွဲခန်းသို့ ပို့ပြီး စစ်ဆေးခဲ့ရာ ရွှေ၊ အလျူမီနီယမ်၊ ယူရေနီယမ်၊ တိုက်တေနီယမ်နှင့် ပလူတိုနီယမ် စသည့် အမျိုးအစား ရှစ်မျိုးပါဝင်သည်ဟု
အဖြေထွက်ကြောင်း၊ ယင်းသတ္တုများကို ဦးစံလင်းက ပါကစ္စတန်နိုင်ငံမှ ကုန်သည်တဦးသို့ ရောင်းချရန် ကြိုးစားဖူးကြောင်း ဦးမင်းဒင်၏ စာအုပ်တွင်
ရေးသားထားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရာတွင် ဦးမင်းဒင်က နောက်ပိုင်းတွင် ထိပ်ပိုင်း အာဏာပိုင်များက ယင်းတူးဖော်ရေး စီမံကိန်းကို သတ္တုတွင်း
ဝန်ကြီးဌာသို့ လွှဲပြောင်းပေးရန် ညွှန်ကြားစာထွက်လာသဖြင့် ဦးစံလင်းက လုပ်ငန်းကို ရပ်ပြီး လွှဲပေးလိုက်ရကြောင်း ဖြေကြားသည်။

ယခုရက်ပိုင်း ရန်ကုန်ရှိ အမေရိကန်သံရုံး၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော လျှို့ဝှက်ချက်အစီရင်ခံ ပေးစာများ ဆက်တိုက် ထွက်ပေါ်နေရာ မစ္စတာ ဂမ်ဘာရီ
မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူထားစဉ်က အစိုးရနှင့် အတိုက်အခံတို့အကြား တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်စေရေး၊ နိုင်ငံရေး
အကျဉ်းသားများ လွှတ်ပေးရေးစသည့် အရေးကြီးသည့် ကိစ္စများတွင် တိုးတက်အောင် မဆောင်ရွက်နိုင်သည့်အတွက် မစ္စတာ ဂမ်ဘာရီကို ထိုရာထူးမှ ဖယ်ရှားရန်
ထိုစဉ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ကွန်ဒိုလီဇာရိုက်က ၂၀၀၈ ခုနှစ်တွင် ပြောဆိုခဲ့ကြောင်းလည်း ထွက်ပေါ်ခဲ့သည်။

ထို့အပြင် တရုတ်အစိုးရ အနေဖြင့် မြန်မာစစ်အစိုးရ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ နှေးကွေးနေခြင်းကို စိတ်ပျက်မိကြောင်း ပြောဆိုသည်ဟုလည်း


ပေါက်ကြားလာသည့် ပေးစာများတွင် ပါရှိသည်။

ဝီကီလိစ်၏ ပေါက်ကြားချက်များတွင် မြန်မာစစ်အစိုးရကို ယူကရိန်းနိုင်ငံမှ စစ်လက်နက်ပစ္စည်း ထောက်ပံနေအပေါ် အမေရိကန်က ဖိအားပေးခြင်း၊


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ် အမှုဆောင်များအား “ပါတီကို အမြဲထိန်းချုပ်ထားချင်သည့် အလုပ်မဖြစ်သော အန်ကယ်ကြီးများ” စသည်ဖြင့်
အမေရိကန်သံရုံး၏ ဝေဖန်မှု၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အင်္ဂလန် ပရီးမီးယားလိဂ်မှ နာမည်ကြီး မန်ချက်စတာ ယူနိုက်တက်အသင်းကို ၀ယ်ယူရန် စိတ်ကူးရှိခဲ့ခြင်း၊
စင်္ကာပူ ၀န်ကြီးချုပ်ဟောင်း လီကွမ်ယုက မြန်မာ၊ လာအို၊ ကမ္ဘောဒီယားနိုင်ငံများသည် အာဆီယံ အတွင်းမှ လျှို့ဝှက်ချက်များကို တရုတ်နိုင်ငံသို့
လက်ထောက်ချနေခြင်း စသည့် အကြောင်းများ ပါဝင်သည်။

ဝီကီလိစ်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အချက်အလက် ပေါင်း ၁၈၆၄ ခု ရှိထားကြောင်း သိရသည်။

ဝီကီလိစ်သည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းမှ စတင်ပြီး နိုင်ငံတကာအစိုးရများ၏ သံတမန်ရေးဆိုင်ရာ သတင်းပို့သည့် လျှို့ဝှက်ချက်များကို ဖွင့်ချလာခဲ့ရာ


ယခုအခါတွင် ဘာသာရေးခေါင်ဆောင်တဦးဖြစ်သည့် ပုပ်ရဟန်းမင်းကြီးနှင့် ပတ်သက်သည့် အချက်အလက်များအထိ ဖွင့်ချလာသည်ကို တွေ့ရသည်။

မြန်မာတွင် နျူကလီးယား လက်နက် အစီအစဉ် မရှိဟု ထိုင်းဝန်ကြီးချုပ် ပြော


ရန်ပိုင် Monday, 13 December 2010 18:54

မြန်မာစစ်အစိုးရက နျူကလီးယား လက်နက်အစီအစဉ် လုပ်ဆောင်နေသည်ဆိုသော သတင်းကို ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက မယုံကြည်ကြောင်း


ပြောဆိုလိုက်သည်။
ဝီကီလိစ်မှ ပေါက်ကြားသကဲ့သို့ မြန်မာစစ်အစိုးရသည်
မြောက်ကိုရီးယားအကူအညီဖြင့် နျူကလီးယားလက်နက်
ပိုင်ဆိုင် နေသည် သို့မဟုတ် ထုတ်လုပ်နေသည်ဟု
ပြောဆိုနေမှုများသည် သက်သေအထောက်အထား မရှိဘဲ
စွပ်စွဲခြင်းသာ ဖြစ်ကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများတွင်
မည်သည့်နိုင်ငံမှ နျူကလီးယားလက်နက် ပိုင်ဆိုင်ရန်
ရည်ရွယ်ချက်မရှိကြောင်း မစ္စတာ အဖိဆစ်က
ယမန်နေ့ကထုတ်ဝေသည့် ဘန်ကောက်ပို့စ် သတင်းစာတွင်
ပြောထားသည်။

“အာဆီယံနဲ့ အမေရိကန် ထိပ်သီးဆွေးနွေးပွဲမှာ အာဆီယံကို


နျူကလီးယား ကင်းမဲ့ဇုန်အဖြစ် မြန်မာပြည်က မြင်ချင်ပါတယ်လို့
ပြောတာ ကျနော်မှတ်မိပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် ထိုင်းနိုင်ငံ လုံခြုံရေးအတွက် အိမ်နီးချင်းနိုင်ငံများ၏


လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့ကြောင်းလည်း ဆက်လက်
( - Thai Government House) ပြောဆိုသည်။

စစ်အစိုးရ၏ နျူကလီးယား စီမံကိန်းများနှင့် ပတ်သက်ပြီး ဒုံးလက်နက် ဆိုင်ရာကိစ္စများကို တာဝန်ယူခဲ့ဖူးသည့် ဗိုလ်မှူး စိုင်းသိန်းဝင်းက ပြီးခဲ့သည့် ဇွန်လအတွင်းက
ဒီမိုကရက်တစ် မြန်မာ့အသံနှင့် ပူးပေါင်း၍ အယ်လ်ဂျာဇီးရား ရုပ်သံ သတင်းဌာနတဆင့် နိုင်ငံတကာသို့ ဖွင့်ချခဲ့သည်။

စစ်အစိုးရတွင် နျူကလီယားလက်နက်စီမံကိန်း မရှိကြောင်း မစ္စတာ အဖိဆစ်၏ ခုခံပြောဆိုမှုနှင့် ပတ်သက်၍ ဗိုလ်မှူး စိုင်းသိန်းဝင်းက “ဘယ်လို
သက်သေအထာက်အထားနဲ့ ပြောသလဲ၊ မြန်မာပြည်ထဲမှာရှိတဲ့ ထိုင်း ထောက်လှမ်းရေးတွေ ဆီကလား၊ ဒါမှမဟုတ် နအဖက သပိတ်ကျင်းမှာရှိတဲ့ သူတို့
စီမံကိန်းကို ခေါ်ပြလို့လားဆိုတာကို ထိုင်း ၀န်ကြီးချုပ်ကို ပြန်ပြီး မေးခွန်းထုတ်ချင်ပါတယ်” ဟု ဆိုသည်။

မြန်မာ့ နျူကလီးယားနှင့် ဒုံးလက်နက် စီမံကိန်းများနှင့် ပတ်သက်ပြီး ၂၀၀၄ ခုနှစ် ကတည်းက အမေရိကန်အစိုးရက သံသယ ရှိနေကြောင်း ၀ီကီလိစ်က ပြီးခဲ့သည့်
သီတင်းပတ်က ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။

စစ်အစိုးရက မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ မကွေးတိုင်းအတွင်း မြောက်ကိုရီးယား အကူအညီဖြင့် မြေအောက်ဥမင်လိုဏ် ခေါင်းများ တည်ဆောက်နေကြောင်း၊


ထို့အပြင် ကြီးမားသည့် ကိရိယာများကို တွဲသင်္ဘောများဖြင့် သယ်ယူနေကြောင်း၊ ထိုသို့ သယ်ယူနေခြင်းသည် ကြီးမားသော စီမံကိန်း၊ အထူးသဖြင့် မကွေးတိုင်း
မင်းဘူးမြို့အနီးတွင် တည်ဆောက်နေသည်ဆိုသော နျူကလီးယား စီမံကိန်းစက်ရုံအတွက် ဖြစ်နိုင်သည်ဟု ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ
အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ပေးပို့သည့် လျှို့ဝှက် အစီရင်ခံစာများတွင် ဖော်ပြထားခြင်းဖြစ်သည်။

အဆိုပါ သံသယဖြစ်ဖွယ် ဥမင်များကို စစ်အစိုးရက မင်းဘူး-အမ်း ကားလမ်းနံဘေးရှိ မကွေးတိုင်း ပဒါန်းမြို့နယ် အနောက်ဘက် မိုင် ၅၀ ခန့် အကွာရှိ ရခိုင်ရိုးမတွင်
မြောက်ကိုရီးယားအကူအညီဖြင့် ဖောက်လုပ်နေခြင်းဖြစ်ကြောင်း၊ ထို့အပြင် မင်းတုန်း၊ ပဒါန်း၊ ပွင့်ဖြူ၊ စေတုတ္တရာ၊ စလင်း ဒေသနှင့် ဆိပ်ဖြူမြို့အနောက်ဘက်
ဒေသများ၊ ပခုက္ကူ၊ လောင်းရှည်၊ ဆောနယ်များတွင် စစ်အစိုးရက စစ်ရေးလျှို့ဝှက်စီမံကိန်းများ လုပ်ကိုင်နေကြောင်း စောင့်ကြည့်လေ့လာသူ ဒေသခံတဦးကလည်း
ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရက ပြည်ပမှ နျူကလီးယားနှင့် ပတ်သက်သည့် ပညာရှင်များကို ဖိတ်ခေါ်ပြီး စာတမ်းဖတ်ပွဲများ ပြုလုပ်နေကြောင်း၊ ရရှိသည့် အချက်အလက်များကို
သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနမှ ဦးဆောင်ပြီး ရူပဗေဒပညာရပ်နှင့် ပါရဂူဘွဲ့ရထားသည့် မြန်မာပညာရှင်များနှင့် မန္တလေးတိုင်း သပိတ်ကျင်းမြို့ အနီးတွင်
ယူရေနီယမ် သန့်စင်ရန် ကြိုးစားနေသည်မှာ မည်သူမျှ မငြင်းနိုင်ကြောင်းလည်း ဗိုလ်မှူး စိုင်းသိန်းဝင်းက ဧရာဝတီသို့ ပြောသည်။

ကချင်ပြည်နယ်နေ့ စစ်အာဏာပိုင်များ ဦးဆောင်မည်


သန်းထိုက်ဦး Monday, 13 December 2010 19:04

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၆၃) ကြိမ်မြောက် ကချင်ပြည် နယ်နေ့ မနောပွဲအခမ်းအနားကို
စစ်အစိုးရ အာဏာပိုင်များက ဦးဆောင်၍ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

လာမည့်နှစ် ကချင်ပြည်နယ်နေ့ မနောပွဲ ကျင်းပရေး ကော်မတီအဖွဲ့တွင် ဥက္ကဌ အဖြစ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်(မပခ) မှ ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်းကို
ခန့်အပ်ထားကြောင်း ကချင်ဖွံ့ဖြိုးရေး ကွန်ရက်(KDNG)မှ ကိုအောင်ဝါက ဧရာဝတီသို့ပြောသည်။ ယခင် ဥက္ကဌ ဦးလခီလအောင် ၏ နေရာတွင်
အစားထိုးခန့်အပ်ခြင်း ဖြစ်သည်။
ဒီဇင်ဘာလဆန်းပိုင်းက ကချင် တိုင်းရင်းသား
စာပေယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများနှင့် မနောပွဲ
ဖြစ်မြောက်ရေး ကော်မတီ ၀င်များကို မပခ တွင်
တွေ့ဆုံဆွေးနွေးခဲ့ပြီး မပခ တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်က
ခန့်အပ် ခဲ့ကြောင်း ၎င်းက ဆိုသည်။

“မနောပွဲ ကျင်းပရေး ကော်မတီနဲ့ ကချင် စာပေယဉ်ကျေးမှု


ဌာနချုပ်ကနေ ဒီဟာကို သဘောမတွေ့ဘူး၊ ကချင်ပြည်နယ်နေ့
မနောပွဲကို ကချင် ရိုးရာ အနေနဲ့ ကျင်းပခြင်း ဖြစ်တယ်၊ ဒီဟာကို
ဘာမှ မသိတဲ့ ပုဂ္ဂိုလ် တယောက်အနေနဲ့ ဦးစီး မယ်ဆိုတာ
မဖြစ်နိုင်ဘူး၊ ကချင်လူထု အနေနဲ့လည်း ပါဝင်လာဖို့
နည်းသွားမယ်”ဟု ကိုအောင်ဝါက ဆက်ပြောသည်။

ဗိုလ်မှူးချုပ် ဇေယျာအောင်က ခန့်အပ်လိုက်သည့် အတွက်


မနောပွဲ ကျင်းပရေး ကော်မတီနှင့် ကချင်တိုင်းရင်းသား စာပေနှင့်
ယဉ်ကျေးမှု အဖွဲ့ဝင် များက လက်ခံ၊ မလက်ခံကိုမူ
( - Reuters) ပြန်မပြောခဲ့ကြောင်း သိရသည်။ ကချင် တိုင်းရင်းသား တချို့က
စစ်အစိုးရ ၏ ယခုအစီအစဉ် ကို လက်မခံကြောင်း သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ( ကြံ့ဖွံ့ပါတီ)မှ မြစ်ကြီးနား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းဖြစ်သည့် ဆက်သွယ်ရေး၊ စာတိုက်နှင့်
ကြေးနန်းဝန်ကြီး ဦးသိန်းဇော်ကလည်း မနောပွဲဖြစ်မြောက်ရေး အတွက် ကျပ်ငွေ သိန်း ၅၀၀ ကို ရန်ပုံငွေ အဖြစ် ထည့်ဝင် လှူဒါန်းကြောင်း ကချင် ဒေသခံများက
ပြောသည်။

ဦးသိန်းဇော်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနား ဇာတိဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း ၏ ကချင်ပြည်နယ် တာဝန်ခံလည်း ဖြစ်သည်။

အတည်မပြုနိုင်သော သတင်းများအရ စစ်အာဏာပိုင်များက မနောပွဲတွင် ကချင်လွတ်မြောက်ရေး အဖွ(ဲ့ KIO) ခေါင်းဆောင် များကို တက်ရောက်ခွင့်မပြုကြောင်း
ကြားသိရသည်။

စစ်အစိုးရက ကချင် လက်နက်ကိုင် တပ်ဖွဲ့များကို ယခုနှစ်အတွင်း ကျင်းပခဲ့သော မနောပွဲတော်သို့ တက်ရောက် ရာတွင်လည်း စစ်ဝတ်စုံ ၀တ်ဆင်ခြင်း မပြုရန်
ညွန်ကြားခဲ့သည်။ ထိုညွန်ကြားချက်ကြောင့် မနောပွဲသို့ တက်ရောက်သည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင် အရေအတွက်
နည်းပါးသွားသည်ဟု သိရသည်။

ကချင်ပြည် နယ်နေ့ကို ၁၉၄၈ ခုနှစ်မှ စတင် သတ်မှတ်ခဲ့ကြပြီး စုပေါင်း ကခုန်ကြသည့် မနောပွဲနှင့် ပျော်ပွဲရွှင်ပွဲများကိုလည်း နှစ်စဉ် ကျင်းပကြသည်။

စစ်အစိုးရက KIO ကို သောင်းကျန်းသူဟု ခေါ်ဝေါ် သုံးစွဲပြီးနောက်ပိုင်း ယခုကဲ့သို့ ကုန်ပစ္စည်း ပိတ်ပင်မှုများ အပါအ၀င် နိုင်ငံ တဝန်းရှိ KIO ဆက်ဆံ
ရေးရုံးများကိုလည်း ပိတ်ရန် ဖိအားပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့က လိုင်ဇာဌာနချုပ် နယ်မြေ အတွင်းသို့ ပျံသန်း ဝင်ရောက်လာသော နအဖ အစိုးရ၏ ရဟတ် ယာဉ် တစင်းကို KIA
တပ်ဖွဲ့ဝင်များက သတိပေး ပစ်ခတ်ခဲ့ပြီးနောက် စစ်ရေးအရ နှစ်ဘက် တင်းမာခဲ့ခြင်း ဖြစ်သည်။

မြစ်ကြီးနားနှင့် လိုင်ဇာဌာနချုပ် ဒေသများတွင်လည်း ယခင် တိုးချဲ့ထားသည့် နအဖ စစ်အစိုးရတပ်များ ယခုလဆန်းပိုင်းမှ စတင်၍ စစ်ရေးအရ
ပို၍လှုပ်ရှားလာကြောင်း သိရသည်။

တခြားသော KIO ဒေသများကိုလည်း စစ်အစိုးရက ထိန်းချုပ်နိုင်ရန်အတွက် ကချင်ပြည်နယ် အခြေစိုက်မြောက်ပိုင်း တိုင်း စစ်ဌာနချုပ် လက်အောက်ခံ
တပ်ရင်းများကို တိုးချဲ့ထားသည်။ KIO သည် ၁၉၉၄ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။

ဖွံ့ဖြိုးတိုးတက်မှု မရှိသော ကဏ္ဍ မကျန်ဟု ဗိုလ်ချုပ်မှူးကြီး ပြော


ခက်ထန် Monday, 13 December 2010 18:12
စစ်အစိုးရ အုပ်ချုပ်ခဲ့သည့် အနှစ် ၂၀ အတွင်း မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှု မရှိသော ကဏ္ဍဟူ၍ မကျန်တော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောသည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြင်ဦးလွင်မြို့တွင်
မိုးရွာသွန်းမှုကြောင့် မိုးလုံလေလုံခန်းမအတွင်း ပြုလုပ်ခဲ့သော
ဗိုလ်လောင်းသင်တန်း ဆင်းပွဲတွင် ဗိုလ်ချုပ်မှူးကြီးက ထိုသို့
ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး၏ မိန့်ခွန်းတွင် လမ်းဖောက်ခြင်း၊


တံတားဆောက်ခြင်း၊ တက္ကသိုလ်များတည်ဆောက်ခြင်း
စသည်တို့ကို ကဏ္ဍတခုချင်းစီ အရေအတွက်များဖြင့်
ပြောထားသည်။

“စစ်အစိုးရ သတင်းစာပဲ ဖြစ်ဖြစ်၊ သူတို့ ဗိုလ်ချုပ်တွေ


မိန့်ခွန်းပဲဖြစ်ဖြစ် အရေအတွက်တွေကိုပဲ ပြောတယ်၊
အရည်အချင်းကို ဘယ်တော့မှ မပြောဘူး။ တက္ကသိုလ်တွေ
ဘယ်လောက်ဆောက်ဆောက် ပညာရေးက နိမ့်ကျနေတုန်းပဲ။
တခြားကဏ္ဍတွေမှာလည်း အိမ်နီးချင်း နိုင်ငံတွေနဲ့ယှဉ်ရင် အမြဲ
နောက်ကချည်း နေနေရတုန်းပဲ” ဟု ပြည်တွင်းမှ
၅၅ ( -) အယ်ဒီတာတဦးက ဝေဖန်ချက်ပေးသည်။

နာဂစ်နှင့် ဂီရိ ဆိုင်ကလုန်းမုန်တိုင်းများကြောင့် ဆန်စပါးထုတ်လုပ်မှု အထိနာနေသော်လည်း မြန်မာနိုင်ငံသည် “ဆန်စပါး ထုတ်လုပ်မှု မြင့်မားတဲ့ နိုင်ငံအဆင့်” ကို
ရောက်ရှိနေပြီး “ပဲမျိုးစုံနှင့် ပတ်သက်လာလျှင်လည်း အရှေ့တောင်အာရှ ဒေသတွင်းတွင် ဦးဆောင်နိုင်ငံ” ဖြစ်လာနေသည်ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသွားသည်။

၂၀၀၉ ပထမနှစ်ဝက်တွင် ပြည်ပတင်ပို့သော ဆန် မက်ထရစ်တန်ချိန် ၇ သိန်း ၅ သောင်း ကျော်ရှိခဲ့သော်လည်း ယခုနှစ် ပထမ နှစ်ဝက် တင်ပို့နိုင်မှုမှာ ၂ သိန်း ၇
သောင်းကျော်သာရှိကြောင်း၊ ယမန်နှစ်ကထက် ထက်ဝက် ကျဆင်းနေကြောင်း စစ်အစိုးရ၏ ဗဟိုစာရင်းအင်းအဖွဲ့၊ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့်
စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ဆွစ်ဇာလန်ပိုင် ဒေသရုံးခွဲဖြစ်သော ကုန်စည်စီးဆင်းမှု တိုင်းတာရေးအဖွဲ့ SGS တို့က ထုတ်ပြန်သော
အချက်အလက်များအရ သိရသည်။

နိုဝင်ဘာ ရွေးကောက်ပွဲအပြီးတွင် ဂီရိဆိုင်ကလုန်း မုန်တိုင်းကြောင့် ပြည်တွင်း ဆန်လက်ကျန် နည်းခြင်း၊ နယ်စပ်တိုက်ပွဲများကြောင့် ကုန်စည်စီးဆင်းမှု


မရှိခြင်းတို့ကြောင့် ဆန်နှင့် စားသုံးဆီများ ဈေးမြင့်တက်ခဲ့သည်။

အာရှဖွံ့ဖြိုးရေးဘဏ်၏ ၂၀၁၀ အစီရင်ခံစာတွင်မူ “မြန်မာနိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန်မှာ ၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် ၅.၀ ရာခိုင်နှုန်းသာ တိုးတက်မှုရှိပြီး
၂၀၁၁ တွင် ၅.၃ ရာခိုင်နှုန်းသာ တိုးတက်မည်ဟု ခန့်မှန်းရသည်။ အာရှဖွံ့ဖြိုးမှု သုံးသပ်ချက်အရ နိမ့်ကျလျက်ရှိနေသည်” ဟု ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီးက ကိုးခရိုင်စိမ်းလန်းစိုပြေရေးကို ၁၃ ခရိုင်အထိ ချဲ့ပြီးဖြစ်၍ ရာသီဥတု ကောင်းမွန်သည်ဟု ဆိုသော်လည်း မြန်မာ ပညာရှင်များကမူ သစ်တောနှင့်
သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ မလုပ်ဆောင်ပါက အနာဂတ် စားနပ်ရိက္ခာ ဖူလုံရေးအတွက် စိုးရိမ်စရာရှိကြောင်း ယခု နှစ်လယ်ပိုင်းတွင်
ထုတ်ဖော် ပြောကြားခဲ့ကြသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက သစ်တော ထိန်းသိမ်းမှု မပြုလုပ်ခြင်းနှင့် ပတ်သက်၍ “အခုက သစ်ပင် ၁၀ ပင်ခုတ်ရင် ၁ ပင်ပဲ
ပြန်စိုက်နိုင်တယ်” ဟု ထောက်ပြထားသည်။

လမ်းပန်းဆက်သွယ်ရေးအတွက် လမ်းများဖောက်လုပ်ရာတွင် နေပြည်တော်ကိုသာ ဗဟိုပြုပြီး ဖောက်လုပ်ကြောင်းလည်း ထည့်သွင်း ပြောသွားသည်။

တည်ဆောက်ပြီး ဓာတ်အားပေးစက်ရုံ ၃၁ ရုံ၊ တည်ဆောက်ဆဲ ဓာတ်အားပေးစက်ရုံ ၆၂ ရုံရှိသည်ဟု မိန့်ခွန်းတွင် ပြောထားသော်လည်း လျှပ်စစ်စွမ်းအင် ရရှိမှုမှာ
အဓိက မြို့ကြီးများတွင်ပင် လုံလောက်စွာ ရသည့်အနေအထားမရှိဘဲ နယ်ဒေသများတွင် ကိုယ့်အားကိုယ်ကိုး၍ မီးစက်များဖြင့် ပေးဝေနေရကြောင်း
သတင်းများအရ သိရသည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် ထားဝယ် ရေနက်ဆိပ်ကမ်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း၊ ရေနံလုပ်ကွက်သစ်များလည်း ထပ်မံတွေ့ရှိထားကြောင်းလည်း


ပြောသွားသည်။

စစ်အစိုးရ၏ မြန်မာ့ ရေနံနှင့် သဘာဝလုပ်ငန်းမှ ဝန်ထမ်းတဦးက “နိုင်ငံခြားကုမ္ပဏီတွေက လာလုပ်တယ်။ ရလာတဲ့ ငွေတွေက နိုင်ငံတော်အတွက် ဟုတ်ပတ်တိ
မရောက်ဘူး။ သက်ဆိုင်ရာ သူတို့ ကုမ္ပဏီတွေနဲ့ ဝန်ကြီးတွေ ညွှန်မှူးတွေ ဝေစားမျှစားနဲ့ ပြီးနေတာပဲ” ဟု ပြောသည်။

တနှစ်လျှင် ဒေါ်လာ သန်းချီ၍ ဝင်ငွေရနေသော သဘာဝဓာတ်ငွေ့ လုပ်ငန်း နှစ်ခုကိုလည်း ရွေးကောက်ပွဲ မတိုင်ခင် လများကတည်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးပါတီ (ကြံ့ဖွံ့ပါတီ) အသုံးစရိတ်အတွက် လွှဲပေးထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ကွပ်ကဲမှုအောက်တွင် နယ်ခြားစောင့်တပ်များအဖြစ်
ပြောင်းလဲ ဖွဲ့စည်းစေပြီး “စောင့်ရှောက်” ထားသည်ဟု သုံးနှုန်းပြောဆိုသွားသည်။

စစ်တပ်သည် ဆက်လက်၍ တက်လာမည့် အစိုးရသစ်ကို ကူညီရမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးက ဆိုသည်။ တရုတ်အခြေစိုက် ဆင်ဟွာသတင်းဌာနက


ထိုအချက်ကို မီးမောင်းထိုး၍ သတင်းရေးထားသည်ကို တွေ့ရသည်။

နိုင်ဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သော ကြံ့ဖွံ့ပါတီ က လွှတ်တော်သုံးရပ်၏ မဲဆန္ဒနယ် ၁၁၅၄ နေရာတွင် ၈၈၂ နေရာ
အနိုင်ရထားပြီး ပြိုင်ဘက်ပါတီများက မဲမသမာမှုများ ရှိသည်ဟု ထုတ်ဖော် ပြောဆိုထားကြသည်။

ဗိုလ်လောင်းသင်တန်းဆင်းပွဲတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစုဝင်များက ရှေ့ဆုံးမှထိုင်ကြပြီး ဗိုလ်ချုပ်များက အနောက်တွင်သာ ထိုင်ရသည့်အပေါ်


အကဲခတ်သူများက ဝေဖန်မှုများလည်း ရှိနေသည်။ တရုတ်နိုင်ငံသို့ အလည်အပတ် သွားသည့် နိုင်ငံတော် ခရီးစဉ်တွင်လည်း ထိုသို့ မိသားစုကို
ရှေ့တန်းတင်မှုကြောင့် ဝေဖန်ခဲ့ရသည်။
ဂျာနယ်များကို ပေါ်လစီဆောင်းပါး ပြန်ထည့်ခိုင်း
ဟိန်းသူ Monday, 13 December 2010 17:02

ပြည်တွင်းထုတ် ဂျာနယ်များအားလုံး၌ ၃ လ ကျော် ရပ်နားထားသည့် အစိုးရ ပေါ်လစီ ဆောင်းပါးများကို ယခုတပတ်မှ စတင်ကာ ပြန်လည်
ထည့်သွင်းဖော်ပြရမည်ဟု စာပေစိစစ်ရေးက ညွှန်ကြားထားကြောင်း စာနယ်ဇင်း အသိုင်းအ၀ိုင်းက ပြောသည်။
( -) “ကျနော်တို့တိုက်က ဂျာနယ်တွေအကုန်လုံး
ပေါ်လစီဆောင်းပါးပြန်ထည့်ရမယ်လို့ စာပေစိစစ်ရေးက
ညွှန်ကြားလိုက်တယ်။ ဒီတပတ်က စပြီး ပြန်ထည့်ခိုင်းတာပါ”ဟု Eleven Media Group မှ ဂျာနယ် အယ်ဒီတာ တဦးက ပြောသည်။

Eleven Media Group တွင် First Eleven ၊ Premier Eleven ၊ Biweekly Eleven ၊ Weekly Eleven စသည့် ဂျာနယ်များကို အပတ်စဉ် ထုတ်ဝေလျက်ရှိသည်။

ယခုတပတ် ဂျာနယ်များတွင် ပထမဆုံး ပြန်လည် ဖော်ပြခိုင်းသည့် ဆောင်းပါးမှာ ဒီဇင်ဘာ ၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ ပါ “နိုင်ငံ့အရေး
အလွယ်မတွေးစေချင်ပါ” ဆိုသည့် ဆောင်းပါးဖြစ်ပြီး ဂျာနယ်တွင် ပုံနှိပ်ပါက စာမျက်နှာ ၂ မျက်နှာ နေရာပေးရကြောင်း သိရသည်။

အဆိုပါဆောင်းပါးမှာ တိုင်းရင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကောင်အထည်ဖော်ရန် စီစဉ်နေသော ဒုတိယ ပင်လုံညီလာခံ


နှင့်ပတ်သက်ပြီး ဝေဖန်ရေးသားထားသည့် ဆောင်းပါး ဖြစ်သည်။

ထိုကဲ့သို့ ဂျာနယ်များတွင် ပေါ်လစီဆောင်းပါး ပြန်လည်ဖော်ပြရသည့်အတွက် ပရိသတ်သို့ တင်ပြလိုသည့် အခန်းကဏ္ဍများ လျော့နည်းသွားရကြောင်း၊


ပုံမှန်တင်ပြနေသည့် ကဏ္ဍများ ဝေေ၀ဆာဆာ တင်ပြနိုင်မှု မရှိတော့ဘဲ အကျဉ်းသာ တင်ပြရတော့ ကြောင်း အားကစားဂျာနယ် အယ်ဒီတာတဦးက ရှင်းပြသည်။

“ကျနော်တို့ဂျာနယ်မှာ မဖြစ်မနေဖော်ပြပေးနေရတာက ပွဲကြိုတွေ၊ ပွဲပြီးသုံးသပ်ချက်တွေ၊ ဆောင်းပါးတွေလေ။ ပေါ်လစီမထည့်ရ တော့လို့ တိုးလိုက်တဲ့ ကဏ္ဍတွေ


အခုတော့ ပြန်လျှော့ရတော့မယ်”ဟု ၎င်းက ပြောသည်။

ဂျာနယ်များ၌ ပေါ်လစီဆောင်းပါးများ ထည့်သွင်းဖော်ပြနေသော်လည်း စာဖတ်ပရိသတ်များအနေနှင့် ဖတ်သူမရှိသလောက် နည်းပြီး ဂျာနယ်အတွက်


အသုံးမ၀င်သည့် စာမျက်နှာပင်ဖြစ်ကြောင်း စာနယ်ဇင်းအသိုင်းအ၀ိုင်းတွင် ပြောဆိုနေကြသည်။

“ဂျာနယ်မှာ ပေါ်လစီဆောင်းပါးဆို မဖတ်ဖြစ်တာများတယ်။ နိုင်ငံရေးဂျာနယ်တွေမှာဆိုတော်သေးတယ်။ အခုက အားကစားရော၊ စီးပွားရေးရော


အကုန်ပေါ်လစီဆောင်းပါးပါနေတော့ ပရိသတ်တွေအတွက် မလိုအပ်ဘူးထင်တာပဲ”ဟု စာဖတ်ပရိသတ် တဦးက လည်း ပြောသည်။

ဒီဇင်ဘာလဆန်းက ငါးမင်းဆွေ ဆိုသူ ရေးသားထားသော ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ထားသည့် ဆောင်းပါးကို 7 days ၊ News Week နှင့် ပြည်မြန်မာ
ဂျာနယ်များတွင် ဖော်ပြခိုင်းခဲ့ပြီးနောက် ယခုကဲ့သို့ ဂျာနယ်များ အားလုံး ပေါ်လစီ ဆောင်းပါး ပြန်လည် ထည့်သွင်းရမည်ဟု ညွှန်ကြားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်စဉ်ကလည်း ဓာတ်ပုံ နှင့် သတင်းအချက်အလက်များ သတ်မှတ်ချက်အတိုင်း မဖော်ပြသည့် အတွက် ပြည်တွင်းဂျာနယ် ၉


စောင်ကို စာပေစိစစ်ရေးက ခေတ္တပိတ်ပင်ခဲ့သည်။

မြန်မာနိုင်ငံ၏ သတင်း လွတ်လပ်ခွင့် အဆင့် သည် ၁၇၈ နိုင်ငံအနက် ၁၇၄ နေရာတွင်ရှိပြီး သတင်းလွတ်လပ်ခွင့် မရှိဆုံး ၅ နိုင်ငံ တွင် ပါဝင်ကြောင်း
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF)က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် သတင်းဂျာနယ်နှင့် အားကစားဂျာနယ် အပါအ၀င် ဂျာနယ်ပေါင်း ၂၀၀ ကျော်နှင့် မဂ္ဂဇင်း ၂၅၀ ကျော်ကို ထုတ်ဝေ ဖြန့်ချိခွင့် ပြုထားကြောင်း
သိရသည်။

ပို့ကုန်သွင်းကုန် အခွန် အကျိုးဆောင်များကို လုပ်ကိုင်ခွင့် ပိတ်ပင်


မိုးယံ Monday, 13 December 2010 16:43

ပြည်တွင်း အကောက်ခွန် ဦးစီးဌာနရှိ ပန်းရောင်လိုင်စင် ကိုင်ဆောင်ထားသော ပို့ကုန် သွင်းကုန် အကောက်ခွန် အကျိုးဆောင် ၂၀၀၀ ခန့်ကို လုပ်ပိုင်ခွင့် ပြန်လည်
ပိတ်ပင်လိုက်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
“ကုမ္ပဏီတွေက လာအပ်တဲ့ Export/ Import ဖိုင်
တဖိုင်ချင်းဆီအတွက် ပိုက်ဆံရတာ။ အခုလို ပိတ်လိုက်တော့
အကောက်ခွန် ရုံးရှေ့မှာ ငုတ်တုတ် ထိုင်နေရတယ်” ဟု
အကောက်ခွန် အကျိုးဆောင်လုပ်သား တဦးကဆိုသည်။

အကောက်ခွန်ရုံးအတွင်း ပို့ကုန်သွင်းကုန် လုပ်ငန်းများ


လုပ်ကိုင်မှု လွယ်ကူမြန်ဆန်စေရန် အဝါရောင် လိုင်စင်
ကိုင်ဆာင် ထားသူ အကောက်ခွန် ကိုယ်စားလှယ် ၂၀၀ ကျော်က
ပန်းရောင်လိုင်စင် ကိုင်ဆောင်ထားသည့် အကောက်ခွန်
အကျိုးဆောင် လုပ်သား ၂၀၀၀ ခန့်ကို ထပ်ဆင့်ခန့်အပ်
ထားကြကြောင်း သိရသည်။

ယခုအခါ ပန်းရောင်လိုင်စင်ကိုင်ဆောင် ထားသူများ


အကောက်ခွန်ရုံးအတွင်း ၀င်ရောက်၍ ပို့ကုန်သွင်းကုန်
လုပ်ငန်းများ လုပ်ကိုင်ပါက အ၀ါရောင်လိုင်စင်ရ
ကိုယ်စားလှယ်များ တင်ထားသည့် Deposit ငွေ ကျပ် ၁၀ သိန်း
( - Flicker) ဆုံးရှုံးမည်ဖြစ်ကြောင်း
တရားဝင် ထုတ်ပြန်ထားသည်။

“ကျနော်တို့ အကောက်ခွန်ရုံးထဲမှာ အရာရှိတယောက် အသတ်ခံလိုက်ရကတည်းက စည်းကမ်းပြန် တင်းကျပ်လိုက်တာ။ အခု တရားဝင်စာ ထွက်လာပြီး


ပန်းရောင်လိုင်စင်သမားတွေကို ပိတ်လိုက်ပြီ” ဟု အကောက်ခွန် ဝန်ထမ်းတဦးက ပြောသည်။

ပန်းရောင်လိုင်စင် ကိုင်ဆောင်ထားသော အကောက်ခွန် အကျိုးဆောင် လုပ်သားများကြောင့် ပို့ကုန်သွင်းကုန် လုပ်ငန်းများ လုပ်ကိုင်ရာတွင်


ပိုမိုတွင်ကျယ်ခဲ့ကြောင်း၊ သို့ရာတွင် ဒီဇင်ဘာ ၁၀ ရက်နေ့မှ စတင်၍ လုပ်ကိုင်ခွင့် ပိတ်ပင်လိုက် သောကြောင့် လုပ်သား ၂၀၀၀ ကျော် အခက်အခဲ ဖြစ်နေကြောင်း
အကောက်ခွန် အေဂျင်စီများ ထံမှသိရသည်။

လက်ရှိတွင် ပို့ကုန်သွင်းကုန် လုပ်ငန်းများကို အကောက်ခွန်ရုံးအတွင်း အ၀ါရောင် လိုင်စင် ကိုင်ဆောင်ထားသော ကိုယ်စားလှယ်များကိုသာ လုပ်ကိုင်ခွင့်


ပေးထားကြောင်း၊ သို့ရာတွင် နေ့စဉ် ပို့ကုန် သွင်းကုန် အရေအတွက် များပြားပြီး အဝါရောင်လိုင်စင် ကိုင်ဆောင်ထားသူ အရေအတွက်ဖြင့် မလောက်ငသောကြောင့်
လုပ်ငန်း မတွင်ကျယ် ဖြစ်နေကြောင်း ပြည်ပသို့ ရေထွက်ကုန် ပစ္စည်းများ ပို့ဆောင်နေသည့် ကုမ္ပဏီ မန်နေဂျာ တဦးက ပြောသည်။

“သွင်းကုန် ထုတ်ကုန် ဖိုင်တွေက တနေ့တနေ့ နည်းတာမဟုတ်ဘူး။ သဘောင်္ပေါ်ကို အချိန်မီ တင်နိုင်ဖို့ အကောက်ခွန်မှာ အဆင့်ဆင့် ဖြတ်ရတယ်။
တကယ်ကျွမ်းကျင်တဲ့ အကျိုးဆောင်တွေ မ၀င်ရတော့ ကျနော်တို့တွေ တော်တော် အခက်အခဲ ဖြစ်တယ်။ ပန်းရောင်လိုင်စင် သမားတွေလည်း စားဝတ်နေရေး
အခက်တွေ့ နေရတယ်” ဟု ၎င်းက ဆိုသည်။

အကောက်ခွန်ရုံးတွင် အောက်တိုဘာလ အတွင်းက အမျိုးသမီးအရာရှိ တဦးသည် လုပ်ငန်းချိန်အတွင်း ရုံးဘေးရှိ အအေးဆိုင်မှ ဝန်ထမ်းတဦးကို နှိပ်ခိုင်းရာမှ
အဆိုပါအအေးဆိုင် ဝန်ထမ်းက လည်ပင်းညှစ် သတ်ပစ်ခဲ့ကြောင်း၊ ထို ရုံးအတွင်း လူသတ်မှုနှင့် ပတ်သက်၍ ပန်းရောင် လိုင်စင် ကိုင်ဆောင်သူများကို လုပ်ငန်း
လုပ်ပိုင်ခွင့် ပိတ်ခဲ့ခြင်း ဖြစ်ကြောင်း အကောက်ခွန်ရုံးနှင့် နီးစပ်သူများက ပြောသည်။

၂၀၀၈ ခုနှစ်အတွင်းကလည်း အဆိုပါ ပန်းရောင်လိုင်စင်သမားများကို အကောက်ခွန်ရုံးအတွင်း ၀င်ရောက်၍ လုပ်ငန်းများ လုပ်ပိုင်ခွင့် ပိတ်ပင်ခဲ့ဖူးကြောင်း


သိရသည်။

နေပြည်တော် မြန်မာ့အသံတွင် အမေ ဇာတ်လမ်းများ မထုတ်လွှင့်ရ


မျိုးမောင် Saturday, 11 December 2010 15:51

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက်ပိုင်း စစ်အစိုးရ ထိန်းချုပ်ထားသော နေပြည်တော် မြန်မာ့အသံတွင် အမေမေတ္တာ ကျောရိုးပြု
ဇာတ်လမ်းများ ရေးသား ထုတ်လွှင့်ခွင့် မပြုတော့ကြောင်း သတင်းရရှိသည်။
ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်မီက ထိုကဲ့သိုသော
အမေ ဇာတ်လမ်းများ ရေးသား ထုတ်လွှင့်ခဲ့ သော်လည်း
နိုဝင်ဘာ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်
လာပြီးနောက် ပုံမှန် ဇာတ်လမ်းပမာ ရေးသားသူများကို
အမေအားပြု ဇာတ်လမ်းများ ရေးသားခြင်း မပြုတော့ရန်
မြန်မာအသံမှ တာဝန်ရှိသူများက ကန့်သတ် လိုက်ကြောင်း
ယင်းတို့နှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို တနိုင်ငံလုံးက အမေစုလို့


ခေါ်တဲ့အတွက် ဒီလို အမေဇာတ်လမ်းကို လွှင့်ဖို့ အဲဒီက
တာဝန်ရှိသူတွေက အကဲဆတ်တဲ့ သဘောပါ” ဟု နေပြည်တော်
မြန်မာအသံတွင် ပုံမှန်ဇာတ်လမ်းများကို ရေးသားနေသူတဦးက
ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး တရက် အကြာ


နိုဝင်ဘာ ၁၄ ရက်တွင် ပြုလုပ်သော လူထုမိန့်ခွန်းပြောပွဲတွင်
( - AP) လူငယ်အများစုက “အမေစု” ဟု ကြွေးကျော်ကာ
ထောက်ခံအားပေး ကြိုဆိုခဲ့ကြသည်။

မြန်မာ့အသံတွင် နှစ်ပေါင်းများစွာ ဇာတ်လမ်းရေးသားခဲ့သူ တဦးကလည်း “ဒီအချိန် ဒီလိုဇာတ်လမ်းတွေ မရေးရဘူးဆိုတာ နားမလည်ဘူးလား ဆိုပြီးတောင်


အပြောခံရတယ်” ဟု ပြောသည်။

မြန်မာ့အသံ တာဝန်ရှိသူများက နိုဝင်ဘာလ နှောင်းပိုင်းတွင် အမေမေတ္တာကို ရှေ့တန်းတင် အသားပေးသော ဇာတ်လမ်းများစွာ ထုတ်လွှင့်ရန် ပယ်ချခဲ့ကြောင်း၊
ဇာတ်ထိုကဲ့သို့ အမေဇာတ်လမ်း ရေးသားခွင့်မပြုတော့သဖြင့် ကလေးငယ်များကို ဦးတည်သော ပညာပေးဇာတ်လမ်းများတွင် ဖခင်မေတ္တာကို ကျောရိုးပြု
ဦးတည်ကာ ရေးသားရကြောင်း သိရသည်။

၎င်းက ဆက်လက်၍ “အမေကို အရမ်း ရှေ့တန်းတင်လွန်းလို့ မရဘူး။ ဒါကြောင့် အဖေကိုပဲ အားပြုရတဲ့အတွက် ဇာတ်လမ်းရေးတဲ့နေရာမှာ စဉ်းစားရတာ
ဘောင်ကျဉ်းလာတယ်။ နဂိုက ကလေးပညာပေး ဇာတ်လမ်းဖြစ်တဲ့အတွက် ရေးရတာ ဘောင်ကျဉ်းရတဲ့အထဲ ဒီလိုပေါ်လစီ ဖြစ်လာတဲ့အတွက် လုပ်ရကိုင်ရ
စဉ်းစားရတာ ခက်လာတယ်” ဟု ၎င်းတို့၏ အခက်အခဲကို ပြောပြသည်။

နေပြည်တော် မြန်မာ့အသံတွင် ကလေးပညာပေး ဇာတ်လမ်း၊ ကျေးလက်ပညာပေး ဇာတ်လမ်းတို့ကို အပတ်စဉ် ထုတ်လွှင့် လျက်ရှိသည်။

“ကျေးလက်ဇာတ်လမ်းကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးတို့ကို အားပြုရတဲ့အတွက် ပြဿနာမရှိပါဘူး” ဟု အဆိုပ် ဇာတ်လမ်းရေးသူက ရှင်းပြသည်။

စစ်အစိုးရ တိုက်ရိုက် အုပ်ချုပ်မှုအောက်တွင်ရှိသော နေပြည်တော် မြန်မာ့အသံတွင် ထိုသို့ မူချမှတ်လိုက်သော်လည်း ကျန် အသံလွှင့် FM လိုင်းများအတွက်မူ
သီးသန့်မူဝါဒ မရှိကြောင်း FM အသိုင်းအ၀ိုင်းမှ သိရသည်။

၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲ နောက်ပိုင်းတွင် မီဒီယာနှင့် ပတ်သက်သော အကန့်အသတ်များ လျော့လာမည်ဟု ပြည်တွင်း စာနယ်ဇင်းသမားများ၊


စာရေးဆရာများက ယူဆခဲ့ကြသော်လည်း ရွေးကောက်ပွဲ နောက်ပိုင်းတွင် မီဒီယာစီစစ်မှုများ ပိုမိုများပြားလာကြောင်း ပြည်တွင်းသတင်းထောက်
အသိုင်းအ၀ိုင်းထံမှ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်စကားများ၊ လှုပ်ရှားမှုများအကြောင်း ရေးသားသော သတင်းများ၊ ဆောင်းပါးများကို စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက
ဖြတ်တောက် ဖြုတ်ပယ်ခြင်းများရှိပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခြင်းကို အတွင်းအထူး အချပ်ပိုတွင် ဖော်ပြခဲ့သော ပြည်တွင်း သတင်းဂျာနယ် ၉
စောင်ကို နိုဝင်ဘာလအတွင်းက တချို့ကို ထုတ်ဝေခွင့် သီတင်းတပတ်၊ တချို့ကို သီတင်းနှစ်ပတ် ပိတ်ပင်ခဲ့သည်။

မဲမသမာမှု တိုင်ကြားချက်များကို တရားရုံးမတင်ဘဲ အချိန်ဆွဲ


မင်းနိုင်သူ Saturday, 11 December 2010 16:48

သက်ဆိုင်ရာ ရဲစခန်းများတွင် တိုင်ကြားထားသည့် မဲမသမာမှုများအား ရဲစခန်းက ကိုင်တွယ် စစ်ဆေးပြီး သော်လည်း တရားရုံးသို့ တရားစွဲတင်ခြင်း မပြုသေးဘဲ
အချိန်ဆွဲ နေကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ပါတီက ပြောသည်။
“ပြည်ခရိုင် အတွင်းမှာရှိတဲ့ ၁၂ မှုကို သူတို့ စစ်ဆေးလို့ ပြီးပြီ။
ဒါပေမယ့် ခရိုင်ကနေ ရဲချုပ်အထိ အဆင့်ဆင့် တင်ပြနေတယ်။
အခုအထိ တရားရုံးကို အမှုတွဲ မရောက်သေးဘူး။ အပေါ်က
အမိန့်စောင့် နေတယ်လို့ ပြောနေတယ်” ဟု ယင်းပါတီမှ ဥက္ကဋ္ဌ
ကိုအေးလွင်က ဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲအတွင်း မဲမသမာမှု များစွာရှိခဲ့သည်ဟု


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့်
ပြိုင်ဘက် နိုင်ငံရေးပါတီများက ထုတ်ဖော်ပြောဆိုခဲ့ကြပြီး
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်နှင့်
အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) တို့က
နိုဝင်ဘာလဆန်းပိုင်း၌ ရွေးကောက်ပွဲဥပဒေ အခန်း ၁၃ ပါ ပုဒ်မ
၅၇ မှ ၆၅ အထိ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများအရ
သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့်ခဲ့ကြခြင်း ဖြစ်သည်။

ရန်ကုန်တိုင်း သုံးခွမြို့နယ် မဲဆန္ဒနယ်မှ


၅၅၅၅ ၅ွ
ဝင်ရောက်ယှဉ်ပြိုင်ခဲ့သွေွာ
NDFွ
ွ
လွှတ်တော်ကိုယ်စားလှယ်လောင်း ရှေ့နေ
( - AP) ဦးသိန်းဇော်ညွှန့်ကလည်း “ကျနော်တင်ထားတဲ့အမှုမှာ
ရွေးကောက်ပွဲကော်မရှင် ၀န်ထမ်းတွေကိုလည်း စစ်ပြီးပြီ။ ကျနော့်ဘက်က သက်သေတွေကိုလည်း စစ်ပြီးပြီ။ ဒါပေမယ့် ဒီစစ်ချက်တွေကို တိုင်းရုံးကို
တင်ပြထားဆဲလို့သာ သိရတယ်” ဟု ပြောသည်။

ရွေးကောက်ပွဲဥပဒေတွင် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများကို ရွေးကောက်ပွဲကျင်းပသောနေ့မှ ၁၅ ရက်အတွင်း သက်ဆိုင်ရာ ရဲစခန်းများတွင်


တိုင်တန်းကြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“ဒီဥပဒေက ဒီရွေးကောက်ပွဲဖြစ်လာမှ ပေါ်လာတာဆိုတော့ လူတွေအနေနဲ့က မကျေညက်ဘူး။ တချို့ကိုယ်စားလှယ်လောင်းတွေ ကျတော့လည်း မညီမျှတဲ့


ဥပဒေတွေကို ကြောက်ပြီး အမှုမဖွင့်ရဲကြပြန်ဘူး” ဟု ဦးသိန်းဇော်ညွှန့်က ဆိုသည်။

ရွေးကောက်ပွဲဥပဒေတွင် တိုင်တန်းခံရ၍ ပြစ်မှုထင်ရှား စီရင်ခြင်းခံရသူကို ၁ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊
ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားပြီး လိမ်လည် စွပ်စွဲတိုင်တန်းသည်ဟု ယူဆရပါက ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်
သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟုလည်း ဖော်ပြထားသည်။

ရွေးကောက်ပွဲဝင်ခဲ့ကြသော ပါတီ ကိုယ်စားလှယ်လောင်းများအနေဖြင့် တခြားနိုင်ငံများ၏ ရွေးကောက်ပွဲ ဥပဒေများကို လေ့လာခွင့် နည်းခဲ့ကြခြင်းကြောင့်


တဖက်စောင်းနင်းရေးဆွဲထားသော ဥပဒေများကို မမြင်နိုင်ခဲ့ကြကြောင်း ဦးသိန်းဇော်ညွှန့်က ပြောသည်။

ကိုအေးလွင်က “ဥပဒေကတော့ အမျိုးမျိုးဖြစ်နေတယ်ဗျာ။ ရွေးကောက်ပွဲ အကြိုကာလက မကွေးတိုင်းထဲမှာ ကျနော်တို့ လက်ကမ်းစာစောင်တွေ ဝေတာကို


မလုပ်ရဘူးဆိုပြီး ပိတ်လို့ တိုင်တာကို လက်မခံခဲ့ဘဲ အခု ရွေးကောက်ပွဲပြီးလို့ မဲသမာမှုတွေကို တိုင်တော့မှ အဲဒီအမှုကိုလည်း ရဲစခန်းက ပြန်လက်ခံပြီး
စစ်နေပြန်တယ်” ဟု ပြောသည်။

မဲမသမာမှုများစွာရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆို နေကြသော်လည်း နအဖစစ်အစိုးရ ၀န်ကြီးများ ဦးဆောင်သည့် ကြံ့ဖွံ့ပါတီကမူ လွှတ်တော်သုံးရပ်၏ မဲဆန္ဒနယ်


၁၁၅၄ နေရာတွင် ၈၈၂ နေရာ အနိုင်ရခဲ့ကြောင်း၊ ၎င်းတို့အား ထောက်ခံခဲ့ကြသည့် ပြည်သူလူထုကြီးအား ကျေးဇူး ဥပကာရ တင်ရှိပါကြောင်း ဒီဇင်ဘာလ ၅
ရက်နေ့ထုတ် သတင်းစာများ၌ ရေးသားထားသည်။

ဒုတိယ ပင်လုံညီလာခံ သို့မဟုတ် အမျိုးသားပြန်လည် သင့်မြတ်ရေး


အောင်ဇံ Saturday, 11 December 2010 15:57 သူ့အတွေး သူ့အမြင်

ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးကို လူအများ အပြားက လက်မှတ်ထိုး ထောက်ခံသလို နှုတ်အားဖြင့် ထောက်ခံကြသူတွေ မီဒီယာ တွေကတဆင့်
ထောက်ခံကြတဲ့ အဖွဲ့အစည်း တွေလည်း မနည်း မနောပါပဲ။ ဒါ့အပြင် သတိကြီးကြီးထားပြီး သိမ်သိမ်မွေ့မွေ့ ဆောင်ရွက်ကြဖို့ အကြံပေးကြတာတွေလည်း ရှိပါတယ်။
ဒါပေမယ့် တချို့ပုဂ္ဂိုလ်တွေကတော့ ဒါဟာ အန္တရာယ်ရှိတယ်၊ ရှေ့တန်း မတင်သင့်ဘူးဆိုပြီး ပြောတာတွေလည်း ကြားရပါတယ်။

စာရေးသူအမြင် ပြောရမယ်ဆိုရင် ဒီကိစ္စဟာ လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေအရ အလွန် အရေးကြီးပြီးတော့ အမြန်ဆုံး လုပ်ဆောင်ရမယ့် ကိစ္စလို့ မြင်ပါတယ်။
ဘာကြောင့်လဲဆိုရင် လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အလွန်စိုးရိမ်စရာ ကောင်းပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရတာ အနှစ် ၆၀ ကျော်လာခဲ့ပေမယ့်
တိုင်းရင်းသားလူမျိုးများနဲ့ ဖြစ်ပွားတဲ့ လက်နက်ကိုင် ပဋိပက္ခ သို့မဟုတ် ပြည်တွင်းစစ်ဟာ လုံးဝချုပ် ငြိမ်းသွားခြင်း မရှိသေးပါဘူး။

လောလောလတ်လတ် အခြေအနေမှာ ငြိမ်းချမ်းရေး ရယူထားပါတယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနက်က တိုးတက်သော ဗုဒ္ဓဘာသာ


ကရင် အမျိုးသား တပ်မတော် (DKBA) လက်နက်ကိုင် အဖွဲ့တချို့နဲ့ ပြင်းပြင်းထန်ထန် တိုက်ပွဲတွေဖြစ်နေတာ၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA), “ဝ”
သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA), ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) တပ်မဟာ (၇)၊ မွန်ပြည်သစ်ပါတီ အစရှိတဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့
နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို အကြောင်းပြုပြီး စစ်ရေးတင်းမာမှုတွေ ရှိလာနေတာတွေဟာ ပြည်တွင်းစစ်ကို ကျယ်ပြန့်လာနိုင်တဲ့ အခြေအနေတွေဖြစ်ပြီး
တိုင်းပြည်အတွက် အလွန်စိုးရိမ်စရာကောင်းတဲ့ အဓိကပြဿနာလည်း ဖြစ်ပါတယ်။ ဒီပြဿနာကို သေသေချာချာ ဂဃနဏ ဆန်းစစ်ကြည့်မယ်ဆိုရင်
အခြေခံအကြောင်းရင်းတွေ ရှိပါတယ်။

မြန်မာနိုင်ငံ လွတ်လပ်ရေး အကြိုကာလမှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံမှာ ဆွေးနွေးညှိနှိုင်း
သဘောတူခဲ့တဲ့ သဘောတူညီချက်တွေ ရှိပါတယ်။ တန်းတူရည်တူ ပြည်ထောင်စုမူနဲ့ ပေါင်းမယ်၊ ပြည်နယ်ကိစ္စတွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကြမ္မာကိုယ်
ဖန်တီးခွင့် ရှိရမယ်ဆိုတဲ့အချက်တွေကို သဘောတူခဲ့ကြတယ်။

ဒီသဘောတူညီချက်တွေကို ပင်လုံသဘောတူညီချက်လို့လည်း ခေါ်ပါတယ်။ ဒါပေမယ့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း


လုပ်ကြံခံရပြီးနောက်ပိုင်းမှာ ဒီသဘော တူညီချက်တွေ မှေးမှိန်သွားပြီးတော့ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့မယ့် အခြေအနေတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်
တိုင်းရင်းသားများနဲ့ လူများစုဖြစ်တဲ့ ဗမာများအကြားမှာ မယုံကြည်မှုတွေ၊ မကျေနပ်မှုတွေကနေ ပဋိပက္ခအသွင်ကို ဆောင်လာခဲ့ပါတယ်။

ဒါကြောင့် တိုင်းရင်းသားများအနေနဲ့ တောင်ကြီးညီလာခံ ခေါ်ယူပြီးတော့ ဒီပြသနာတွေကို ဖြေရှင်းနိုင်ဖို့ ပင်လုံသဘောတူညီချက်ကို အခြေခံပြီး ဖက်ဒရယ်မူကို


တင်ပြခဲ့ပါတယ်။ ဒီလိုတင်ပြမှုကို အကြောင်းပြုပြီး ဖက်ဒရယ်မူဟာ ခွဲထွက်ရေးမူဖြစ်တယ်၊ ပြည်ထောင်စု ပြိုကွဲနိုင်တယ်ဆိုပြီး စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။
တိုင်းရင်းသားခေါင်းဆောင်တွေကိုလည်း ဖမ်းဆီး ထောင်ချခဲ့ပါတယ်။
အဲဒီအချိန်ကစပြီး ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို ဘယ်သူမှ မပြောရဲကြတော့ဘူး။ ဖက်ဒရယ် ပြည်ထောင်စုကိုပြောရင် ခွဲထွက်ရေးသမား၊ ပြည်ထောင်စုကို
ပြိုကွဲအောင် လုပ်မယ့်လူဆိုပြီး စွပ်စွဲမှာ၊ ဖမ်းဆီးထောင်ချရမှာကို ကြောက်လို့ ဘယ်သူမှ မပြောရဲကြတော့ဘူး။

၈၈ အရေးအခင်းပြီးလို့ နိုင်ငံရေးပါတီတွေ တည်ထောင်ခွင့်ရတဲ့အခါ တိုင်းရင်းသားပါတီတွေ အတော်များများ ပေါ်လာတဲ့အခါမှာလည်း ဒီဖက်ဒရယ်ဆိုတဲ့စကားကို


ရှောင်ပြီးတော့ စစ်မှန်တဲ့ ပြည်ထောင်စု၊ ပြည်ထောင်စုစစ်စစ် စသည်ဖြင့် သွယ်ဝိုက်တဲ့ စကားတွေနဲ့သာ ရေးသားပြောဆိုကြပါတယ်။ တကယ်တော့ စစ်မှန်တဲ့
ပြည်ထောင်စု၊ ပြည်ထောင်စုစစ်စစ် ဆိုတာဟာ အဓိပ္ပာယ်အားဖြင့် ဖက်ဒရယ် ပြည်ထောင်စုကို ရည်ညွှန်းတာပါပဲ။

ဒီတော့ ဖက်ဒရယ်ဆိုတဲ့ စကားလုံးဟာ ကြောက်စရာလား၊ ခွဲထွက်ရေးလားဆိုတော့ မဟုတ်ပါဘူး။ ဖက်ဒရယ်ဆိုတာ တကယ်တော့ အင်္ဂလိပ်စကားလုံး


တလုံးသာဖြစ်ပြီး အဓိပ္ပာယ်က “စုပေါင်းဖွဲ့စည်းထားသော” ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီ
ပြည်ထောင်စု တိုင်းရင်းသား လူမျိုးစုများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) ရုံးမှာ ပြောကြားတဲ့မိန့်ခွန်းမှာ “ဖက်ဒရယ်ဆိုတာ ခွဲထွက်ရေး မဟုတ်ပါဘူး၊
အင်္ဂလိပ်စကားလုံး တလုံးသာ ဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုမှာ အဓိကအားဖြင့် ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရ ဘယ်လို အာဏာကို
ခွဲဝေကြမလဲဆိုတာ အဓိက ဖြစ်ပါတယ်ရယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါအပြင် ဖက်ဒရယ်လို့ ပြောတဲ့အခါမှာ ဒီစကားကို ရှင်းပြနေရတာက
အလုပ်တခုလိုဖြစ်နေတော့ ဗမာလိုပဲ ပြည်ထောင်စုလို့ သုံးကြရအောင်” ဆိုပြီး ပြောကြားခဲ့ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံဟာ လူမျိုးပေါင်းစုံနေထိုင်ပြီး သမိုင်းကြောင်းအရ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ဖို့ လိုအပ်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။


ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဟုတ်တိုင်းမှန်ရာကို ပွင့်ပွင့်လင်းလင်း မပြောရဲကြဘူး။ အခုအချိန်မှာတော့ ပွင့်ပွင့်လင်းလင်းပြောဖို့ လိုအပ်နေပြီလို့
ကျနော်ယူဆပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်များ ဖြစ်ကြတဲ့ ဦးတင်ဦး၊ ဦးဝင်းတင်တို့ကလည်း ဖက်ဒရယ် ပြည်ထောင်စုအကြောင်း အခုအချိန်မှာ


ထုတ်ဖော်ပြောကြားလာကြသလို အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကလည်း ပင်လုံစိတ်ဓာတ်နဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ဖို့ လိုအပ်ကြောင်း
ပွင့်ပွင့်လင်းလင်း ပြောကြားလာတဲ့အတွက် ဖက်ဒရယ် ပြည်ထောင်စုဆိုတာကို အမှန်အတိုင်း မသိသေးတဲ့ ပြည်သူတွေ၊ ဖက်ဒရယ်ကို ကြောက်လန့်နေတဲ့
နိုင်ငံရေးသမားတွေကို အမှန်အတိုင်း သိလာစေလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။

ဒါ့အပြင် ဒီနေ့အချိန်အခါနဲ့ အခြေအနေဟာ ပင်လုံစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ကို ပွင့်ပွင့်လင်းလင်း ပြောရုံသာမက အကောင်အထည်ဖော်ဖို့ အရေးတကြီး


လိုအပ်နေတဲ့ အခြေအနေ အချိန်အခါလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာက ဘာလဲ။ ပြည်ထောင်တွေ၊ ပြည်နယ်တွေဟာ
စိတ်တူသဘောတူ အကျိုးတူ ပူပေါင်းခဲ့ကြတယ်၊ ဒီလိုပေါင်းခြင်းအားဖြင့် အင်အားတောင့်တင်းတဲ့ ပြည်ထောင်စု နိုင်ငံတနိုင်ငံကို ထူထောင်နိုင်ပြီး အပြန်အလှန်
ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စီးပွားရေး ပိုမို ဖွံ့ဖြိုးတိုးတက်မှုတွေလည်း ရှိပါတယ်။ ဒီအကျိုးကျေးဇူးကိုလည်း ပြည်ထောင်တွေ ပြည်နယ်တွေ
အကျိုးတူခံစားခွင့်ရှိတယ်။ ဒါဟာ ပြည်ထောင်စုစိတ်ဓာတ်ပဲ။

ပင်လုံစိတ်ဓာတ်ဆိုတာလည်းပဲ လွတ်လပ်ရေး အကြိုကာလမှာ တောင်တန်းဒေသနဲ့ ပြည်မကို ပူပေါင်းဖို့ ဆွေးနွေးတဲ့အခါ ပူးပေါင်းခြင်းအားဖြင့် လွတ်လပ်ရေးကို


အမြန်ရမယ်၊ အားလုံး အတူတကွ လွတ်လပ်ကြမယ်၊ ဖွံ့ဖြိုးတိုးတက်လာတဲ့ အကျိုးစီးပွားကိုလည်း အကျိုးတူခံစားခွင့်ရှိမယ်၊ ဒါတွေဟာ ပင်လုံစိတ်ဓာတ်ပဲ။

ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားပြီးတဲ့ နောက်ပိုင်းမှာ ဒီ ပင်လုံစိတ်ဓာတ်တွေ၊ ပင်လုံသဘောတူညီချက်တွေဟာ မှေးမှိန်ပျောက်ကွယ်တော့မယ့်


အခြေအနေမျိုး ဆိုက်ရောက်ခဲ့ရပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံနဲ့ လက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေပြီး
ပြည်တွင်းစစ်ကလည်း အနှစ် ၆၀ ကျော်တိုင်အောင် မချုပ်ငြိမ်းနိုင်တာဖြစ်ပါတယ်။ အခုဆိုရင် ငြိမ်းချမ်းရေးအဖွဲ့များနဲ့ နယ်ခြားစောင့်တပ်အသွင် ပြောင်းရေးကို
အကြောင်းပြုပြီး စစ်ရေးတင်းမာမှုတွေ ဖြစ်နေတာဟာ ပြည်တွင်းစစ်ကို ကျယ်ပြန့်လာစေနိုင်ပြီး တိုင်းပြည်အတွက် အလွန်စိုးရိမ်ရမယ့် အခြေအနေမှာရှိနေပါတယ်။

ဒီလိုဖြစ်ရတာဟာ အကြောင်း နှစ်ချက်ရှိနေပါတယ်။ နအဖစစ်အစိုးရ တဖက်သတ် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လက်မခံနိုင်တာရယ်၊
နအဖအပေါ် သူတို့ရဲ့ အနာဂတ်အတွက် အပြည့်အ၀ ယုံကြည်မှု မရှိတာကြောင့်ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲပြီး ငြိမ်းရေးယူစဉ်တုန်းက တချို့အဖွဲ့အစည်းတွေနဲ့
စာချုပ်စာတမ်း သဘောတူညီချက်တွေ ရှိသလို တချို့အဖွဲ့အစည်းတွေနဲ့ နှုတ်ကတိ သဘောတူညီချက်တွေ ရှိကြတယ်လို့ သိရပါတယ်။

ဒီသဘောတူညီချက်တွေမှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးဆိုတာ မပါပါဘူး။ နိုင်ငံရေးအရ ဆွေးနွေးဖို့ တောင်းတဲ့အခါမှာလည်း ကျနော်တို့က


တပ်မတော်အစိုးရသာဖြစ်တယ်၊ အခုလောလောဆယ် အပစ်အခတ်ရပ်၊ ယာယီငြိမ်းချမ်းရေးရယူပြီး နယ်မြေဒေသ ဖွံ့ဖြိုးရေးကို လုပ်ဖို့ပါ၊ ရေရှည်နိုင်ငံရေး
ပြဿနာတွေကိုတော့ နောက်တက်လာမယ့် အစိုးရနဲ့သာ ဆွေးနွေးကြပါလို့ ပြောခဲ့ပြီး နောက်ပိုင်းမှာတော့ ညီလာခံကိုတက်ပြီး ဆွေးနွေးဖို့ တိုက်တွန်းခဲ့ပြန်ပါတယ်။
ညီလာခံကိုတက်ပြီး ငြိမ်းချမ်းရေးအဖွဲ့ ၁၃ ဖွဲ့ပေါင်းပြီး တင်ပြပြန်တော့လည်း ဒီအချက်တွေကို မှတ်တမ်းတင်ရုံ တင်ထားပါ့မယ်ဆိုပြီး ပယ်ချခဲ့ပါတယ်။

ဒါကြောင့် တိုင်းရင်းသားလူမျိုးများရဲ့ အနာဂတ် မသေချာမရေရာဘဲနဲ့ လက်နက်ဖြုတ်သိမ်းဖို့ ဆိုတာပဲဖြစ်ဖြစ် နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့


ဆိုတာကိုပဲဖြစ်ဖြစ် လက်ခံဖို့ ဖြစ်နိုင်လိမ့်မယ်လို့ မထင်ပါဘူး။ ဒီနေရာမှာ KIA အဖွဲ့ကတင်ပြတဲ့ အဆိုတခုကို မီဒီယာတွေက ကြားရပါတယ်။ အဲဒါက ဘာလဲဆိုရင်
အကယ်၍ ပင်လုံမူ၊ ပင်လုံသဘောတူညီချက်ကို အခြေခံပြီး ပြည်ထောင်စု ဖွဲ့စည်းမယ်ဆိုရင် ကချင်တွေဟာ လက်နက်ကိုင်ဖို့တောင် မလိုပါဘူးလို့ပြောပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ရပ်စဲဖို့ဆိုရင်၊ စစ်မှန်တဲ့ တိုင်းရင်းသားတွေ သွေးစည်းညီညွတ်ရေးကို တည်ဆောက်ဖို့ဆိုရင် ပင်လုံမူ၊


ပင်လုံသဘောတူညီချက်ကို အခြေခံပြီး တွေ့ဆုံဆွေးနွေးကြဖို့လိုပါတယ်။
အဲဒီဆွေးနွေးပွဲမှာ အားလုံးပါဝင်ပြီး ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ဆွေးနွေးနိုင်မယ့် ဆွေးနွေးပွဲ၊ တနည်းအားဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆွေးနွေးပွဲ။
အဲဒီဆွေးနွေးပွဲဟာ ဒုတိယပင်လုံ ညီလာခံပဲဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ ဒုတိယပင်လုံ ညီလာခံ ဖြစ်မြောက်ရေးအတွက် သို့တည်းမဟုတ် ဒုတိယ
ပင်လုံသဘောတူညီချက် ရရှိရေးအတွက် အားလုံးပါဝင်ကြိုးပမ်းကြပါလို့ တိုက်တွန်း အပ်ပါတယ်။

အောင်ဇံသည် ရန်ကုန်အခြေစိုက် ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တဦး ဖြစ်သည်။


ကရင်လူထုအတွက် စာမျက်နှာသစ်ဖွင့်ချိန် တန်ပြီ
ဆလိုင်းယောအောင် Monday, 13 December 2010 18:06 မြန်မာပြည်မှပေးစာ

နအဖ သည် လမ်းပြမြေပုံ (၇) ချက်ကို ၂၀၀၃ ခုနှစ် သြဂုတ်လတွင် ချမှတ်ခဲ့သည်။ ထိုလမ်းပြမြေပုံပါ အချက်များကို ၂၀၀၄ ခုနှစ် မေလမှ စတင်ကာ တဆင့်ချင်း
အကောင်အထည်ဖော်ခဲ့ရာ ပဉ္စမအချက်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တရားမျှတသော ရွေးကောက်ပွဲကျင်းပခြင်း ဆိုသည့် ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ်
နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

နိုဝင်ဘာလ ၇ ရက်နေ့မှစ၍ ၁၉၉၅ ခုနှစ်က အပစ်အခတ် ရပ်စဲထားခဲ့ပြီး နယ်ခြားစောင့်တပ်ဖွဲ့ရန် လက်မခံသော ဗိုလ်မှူးကြီး စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွေး)
ခေါင်းဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) နှင့် နအဖ တို့ မြ၀တီနှင့် ဘုရားသုံးဆူ ဒေသများတွင် တိုက်ပွဲများ
ဖြစ်ပွားခဲ့သည်။ ထိုအခြေအနေသည် သံသယများဖြင့် ၁၅ နှစ်ကြာ တည်ဆောက်ထားသော အပစ်အခတ်ရပ်စဲရေး ပျက်ပြားခြင်း၊ တရားမျှတမှုမရှိသော
ရွေးကောက်ပွဲ၏ ပထမဆုံးရလဒ်၊ သွေးခွဲစနစ်ဖြင့် အမျိုးသားအချင်းချင်း ရန်တိုက်ပေးရန် စီစဉ်ထားသော နယ်ခြားစောင့်တပ် အစီအစဉ်အား အာခံခြင်းဖြစ်သည်ဟု
ရှုမြင်နိုင်မည်ဖြစ်သည်။

ယခုဖြစ်စဉ်သည် ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သော DKBA နှင့် ဖြစ်ပွားခြင်းမျိုး သက်သက်မဟုတ်ဘဲ DKBA တခုလုံးနှင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု
ယူဆနိုင်ပါသည်။ ဆိုလိုသည်မှာ အပစ်အခတ်ရပ်စဲရေးသည် ယုံကြည်မှုအပေါ် အခြေခံထားမှု မဟုတ်ခြင်း၊ စစ်မှန်သည့် ငြိမ်းချမ်းရေး မဟုတ်ခြင်း၊ သံသယအပေါ်
အခြေခံထားခြင်းနှင့် သံသယများ ဆက်လက်ရှိနေသောကြောင့် ဖြစ်ပါသည်။

ထိုအခြေအနေအောက်တွင် နအဖ သည် ကျန်ရှိနေသည့် နယ်ခြားစောင့်တပ်အဖြစ် သဘောတူလက်ခံထားသော၊ တနည်းအားဖြင့် ဗိုလ်မှူးကြီး စောချစ်သူ


(ဗိုလ်ချစ်သ)ူ ဦးဆောင်သော DKBA ၊ ၁၉၉၅ ခုနှစ် က ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်သွားခဲ့သော ဗိုလ်မှူးကြီး စောသူမူဟဲ ဦးဆောင်သော ကရင်
ငြိမ်းချမ်းရေးအဖွဲ့ (KPF)၊ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး လက်မခံသည့် ၂၀၀၇ ခုနှစ်က KNU မှ ခွဲထွက် သွားခဲ့သော ဗိုလ်ချူပ် ထိန်မောင် ဦးဆောင်သည့်
KNU/KNLA ငြိမ်းချမ်းကောင်စီတို့အား သံသယဖြင့် စောင့်ကြည့်ကာ အခါအခွင့်သင့်သည်နှင့် ချေမှုန်းနှိုင်ရေးပြင်ဆင် ဆောင်ရွက်နေမည်ဖြစ်သည် ဆိုသည်မှာ
သံသယဖြစ်စရာမလိုပေ။

ဗိုလ်ချစ်သူ အပါအ၀င် DKBA ခေါင်းဆောင်များအားလုံး အနေဖြင့်လည်း ယခုဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေအချာ ပြန်လည်သုံးသပ် ဆင်ခြင်ရန်
လိုအပ်သော အချိန်ဖြစ်သည်။ မိမိကိုယ်မိမိ ခုခံကာကွယ်နိုင်ရေးနှင့် မိမိတို့ ရည်မှန်းချက်ဖြစ်သော အမျိုးသား ကိုယ်ပိုင် ပြဌာန်းခွင့်များအတွက်
ပြန်လည်တိုက်ပွဲဝင်ရန် ပြင်ဆင်ချိန်ရောက်ပြီလား၊ မိခင် အဖွဲ့အစည်းဖြစ်သည့် KNU နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်သင့်ပြီလား၊ ၁၅ နှစ်တာ
အပစ်အခတ် ရပ်စဲရေးသည် တကယ်ပဲ လူထုအတွက် အကျိုးရှိခဲ့သလား၊ DKBA တခုလုံးအတွက် အကျိုးရှိခဲ့သလား၊ မည်သည့်ကန့်သတ် ချက်များနှင့် DKBA ကို
နအဖ က ကိုင်တွယ်ခဲ့သလဲ စသည့်မေးခွန်းများကို လေးလေးနက်နက် စဉ်းစားရမည့်အချိန်ဖြစ်သလို KNU အနေဖြင့်လည်း ဦးဆောင်ပါတီဖြစ်သည့် အားလျော်စွာ
တခုလုံး၏ အကျိုးစီးပွားကို ကြည့်သင့်သော အချိန်အခါကောင်း ဖြစ်သည်ဟုမြင်ပါသည်။ ရရှိသည့်အခွင့်အရေးကို အပြည့်အ၀အသုံးချကာ KNU ၊ KPF ၊
KNU/KNLA ငြိမ်းချမ်းရေးကောင်စီနှင့် DKBA သည် ကရင်လူထု အကျိုးအတွက် ခြေလှမ်းသစ်၊ စာမျက်နှာသစ် ဖွင့်လှစ်ကာ သမိုင်းတခေတ် တည်ဆောက်ရမည့်
အချိန်ဖြစ်သည်။

ကျနော်တွေ့မိသော ကရင်လူထုကို ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး သဘောထား မေးကြည့်ရာ အတော်များများက ဗိုလ်မှူးကြီး စောလားပွယ်၏ လုပ်ရပ်ကို


ဂုဏ်ပြုကြိုဆို ကြသည်ကို တွေ့ရသော်လည်း KNU ၏ တုံ့ပြန်ချက်နှင့် ပတ်သက်ပြီး အားမရမှုများရှိနေသည်ကို တွေ့ရသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျင် KNU
ရဲဘော် တချို့ပင်လျင် KNU ၏ သဘောထားကို အားရကျေနပ်ခြင်း မရှိကြချေ။

“ဒီအချိန်ဟာ ငါ့တို့အတွက် အကောင်းဆုံးအချိန်ပဲ။ DKBA နဲ့ပေါင်းပြီး မြ၀တီကို သိမ်းလိုက်ရင် ဘယ်လောက် ကောင်းမလဲ။ တခါတည်း KNU နဲ့ DKBA
ပေါင်းပြီးသား ဖြစ်သွားပြီး လူထုအတွက်လည်း အကျိုးရှိ တာပေါ့” ဟု KNU ရဲဘော်တယောက်က သူ့အမြင် ကိုပြောပြပါသည်။

ဗိုလ်မှူးကြီး စောလားပွယ်က မီဒီယာများ နှင့်တွေ့ဆုံရာတွင် သူ၏နိုင်ငံရေး အယူအဆကို “ဒီကနေ့ ကျနော်လုပ်နေတာဟာ ကရင်လူမျိုးအတွက်


တခုတည်းမဟုတ်ပါဘူး။ ဒီမိုကရေစီအတွက်၊ ဒေါ်အောင်ဆန်းစုကြည်အတွက် ဖြစ်တယ်လို့” ပြောခဲ့တာကို တွေ့ရပါသည်။ ထိုအချက်သည် ကျနော်တို့အားလုံး
ကြိုဆိုလက်ခံသင့်သော အချက် ဖြစ်ပါသည်။

ထို့ကြောင့် စောဘဦးကြီး၏ စကားအတိုင်းပြောရလျင် “ကရင့်ကံကြမ္မာ ကရင်ဖန်းတီးနိုင်ရေးအတွက် KNU ၊ KPF ၊ KNU/KNLA ငြိမ်ချမ်းရေးကောင်စီ၊ DKBA တို့နှင့်
အတူ ကရင်လူထုတရပ်လုံးက ကရင့် စာမျက်နှာသစ် ဖွင့်လှစ်နိုင်ရေး ကြိုးစားကြပါစို့” ဟု တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဆလိုင်းယောအောင်သည် မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု ၁ လပြည့် ကျင်းပ


ဧရာဝတီ Monday, 13 December 2010 12:28 သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်မှု တလပြည့် အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်း NLD အဖွဲ့ဝင် ၁၅ ဦးက မန္တလေးဆေးရုံကြီး
သွေးလှူဘဏ်တွင် သွေးလှူဒါန်းခဲ့ကြကြောင်း သိရသည်။ ရန်ကုန် ၁၀ မိုင်ကုန်းရှိ ရွှေတောင်ကုန်း ပဏ္ဍိတရာမ ကျောင်းတိုက်နှင့် NLD အဖွဲ့ချုပ် ရုံးတို့တွင်လည်း
တလပြည့် အခမ်းအနားများ ကျင်းပနေသည်။

ဂီရိ ဒဏ်သင့်ဒေသသို့ ဒေါ်အောင်ဆန်းစုကြည် ကျပ် သိန်း ၁၀၀ လှူ


ဧရာဝတီ Monday, 13 December 2010 18:41 သတင်းတိုများ

ဒေါ်အောင်ဆန်းစုကြည် က ရခိုင်ပြည်နယ်မှ ဂီရီမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ငွေကျပ်သိန်း ၁၀၀ လှူဒါန်းကြောင်း NLD က ပြောသည်။


ဂီရိမုန်တိုင်းဒဏ်ခံရသည့် မြေပုံမြို့သို့ CRPP အဖွဲ့ဝင်မျာဖြစ်သည့်ဦးအေးသာအောင်၊ ဦးထောင်ခိုထန်း၊ NLD အမျိုးသမီးအဖွဲ့မှ ဒေါက်တာဒေါ်မေ၀င်းမြင့်၊
ဗဟိုအလုပ်အမှုဆောင် ဦးကြည်ဝင်း၊ ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် ဒလမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် တသီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းချိုတို့
ဦးဆောင်ပြီး ယနေ့သွားရောက် လှူဒါန်းကြ ကြောင်း သိရသည်။

NLD
ရပ်တည်ခွ
င့် ဆွေးနွေး
NLD ပါတီ ဆက်လက်ရပ်တည်ခွင့်နှင့် ပတ်သက်၍
နောက်ဆုံးအထူးအယူခံတင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့်
ပါတီ ဥပဒေရေးရာ အကြံပေး အဖွဲ့တို့ ယနေ့တွေ့ဆုံ
ဆွေးနွေးကြောင်း NLD က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည့် ကိုယ်တိုင် ကျမ်းကျိန်ဆိုပြီး တင်ခဲ့
သည့် ပါတီရပ်တည်ခွင့် အယူခံကို နေပြည်တော်မှ ပြီးခဲ့သည့်
နိုဝင်ဘာလ ၂၂ ရက်နေ့က ပယ်ချခဲ့ခြင်း ဖြစ်သည်။

http://www.irrawaddy.org/bur/

Monday, December 13, 2010


ဘန်ကောက်ည၊ ဘီယာဘားနှင့် အလိုရှိသည်

ဘန်ကောက်မြို့ ဘီယာဘားတခု၌ ဘီယာပုလင်းထည့်သည့်


လက်ကိုင်ပုလင်းစွပ်တွင် “ဝ” သွေးစည်းညီညွတ်ရေး
တပ်မတော် (UWSA) မှ ခေါင်းဆောင် ဝေရှောက်ခန်ကို
ဆုငွေထုတ်သည့် ကြော်ငြာကို ကပ်ထားသည်ကို တွေ့ရစဉ်။
“ဝေရှောက်ခန်ကို ထိုင်းနှင့် အမေရိကန်က အလိုရှိနေသည်။
ဆုငွေ အမေရိကန် ဒေါ်လာ ၂ သန်း” ဆိုသည့်စာသားကို
ထိုင်း၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးထိုးထားသည်။ ဆောင်းပါးရှင် ရစ်ချတ် အားလစ်ခ်ျက (Richard S. Ehrlich) သူတွေ့ရသည့် မြင်ကွင်းကို ရေးသားသည်ကို
ဤနေရာတွင် ဖတ်နိုင်ပါသည်။ (ဓာတ်ပုံ - Richard S. Ehrlich)

မန္တလေး NLD များ သွေးလှူဒါန်း


ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက်မှု တလပြည့်အထိမ်းအမှတ်အဖြစ် မန္တလေးတိုင်း NLD အဖွဲ့ဝင်တွေဟာ ဒီကနေ့ မနက်ပိုင်းက
မန္တလေးဆေးရုံကြီး သွေးလှူဘဏ်မှာ သွေးလှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။
Sunday, December 12, 2010
ကမ္ဘာလုံးဆိုင်ရာကျောင်းသားလူငယ်ညီလာခံ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းဖြင့် ဖွင့်လှစ်
တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့မှာ ကျင်းပတဲ့ (၁၇) ကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာကျောင်းသားလူငယ်ညီလာခံဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့
ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘာလုံးဆိုင်ရာကျောင်းသားလူငယ်ညီလာခံကို ဒီဇင်ဘာ ၁၃ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး ဒီကနေ့ညနေ ၆ နာရီမှာ


ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့ ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။

ဒီညီလာခံကို နိုင်ငံ ၁၂၀ ကျော်က ကျောင်းသားလူငယ်ပေါင်း ၂၀၀၀၀ ကျော်တက်ရောက်မှာဖြစ်ကာ မြန်မာနိုင်ငံ ကျောင်းသားကိုယ်စားလှယ်အဖြစ်


အိန္ဒိယနိုင်ငံအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများအဖွဲ့ချုပ်ဥက္ကဌ ရဲဘော်ကျော်သန်း တက်ရောက်နေပါတယ်။

Object 1

ကိုယ်စီ အတွေးများ
မြန်မာ ကျူးပစ်မှာ တင်ထားတဲ့ “ဗိုလ်လောင်းဆင်းပွဲ စတိုင်လ်သစ်ဖြင့် ၂၀၁၁ ကို ကြိုဆို” ဆိုပြီး ဖန်တီးထားတဲ့ အိုင်ဒီယာပါ။
မနေ့ က သတင်းစာ
အထူးမှတ်ချက် - သတင်း မဟုတ်ပါ။
ပေါက်တတ်ကရ ရေးထားခြင်း ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးဓာတ်ပုံလို့ ဆိုတယ်။ မနေ့က သတင်းစာထဲမှာ ပါတယ်။


ပုံက အစစ်အမှန်မှ ဟုတ်ရဲ့လား သံသယ ဖြစ်မိတယ်။
ဦးထုပ် တံဆိပ်ကို ကြည့်လေ။ ကာတွန်းဆရာတွေဆွဲကြသလို အရိုးခေါင်းနဲ့မှ မဟုတ်ဘဲ။

မေမြို့ သို့မဟုတ် ပြင်ဦးလွင်မှာ မိန့်ခွန်း ဖတ်နေတုန်း ရိုက်ထားတာ။ ဗိုလ်သင်တန်းဆင်းပွဲ။

မိန့်ခွန်းက တက်လာတဲ့အစိုးရသစ်ကို ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမယ်ဆိုတာနဲ့  အဆုံးသတ်တယ်။

ရှေ့ပိုင်းမှာ ရှည်ရှည်ဝေးဝေး လျှောက်ပြောထားတာတွေကတော့ တံတား ဘယ်လောက်ဆောက်ပြီးဘီ၊ ကျောင်းတွေလည်း အများကြီး တကယ် အများကြီး၊


ပြီးတော့ ကတ္တရာလမ်းတွေလည်း မည်းမည်းကြီး အဲ - အများကြီး ဆောက်ပြီးဘီ၊ ပြင်လိုက်တဲ့ လေယာဉ်ကွင်းက ၆၂ ကွင်းတောင် ရှိတယ် စသဖြင့် စသဖြင့်ပေါ့။
ဓာတ်ငွေ့ ရောင်းစားမယ် ဆိုတာတောင် ပါသေးရဲ့။
ဗိုလ်လောင်း ၄ ယောက်။

ခပ်တောင့်တောင့် ခပ်မိုက်မိုက် ထိုင်နေတဲ့ သူတို့ကို ကြည့်ပြီး ဒဏ်ပေးထားတာ လို့ မထင်နဲ့အုံး။ ထူးချွန်ဆု ရတဲ့သူတွေလို့ ဆိုတယ်။ မထူးချွန်တဲ့
ဗိုလ်လောင်းတွေလည်း သူတို့ နောက်ဘက်မှာ အဲဒီလို ထိုင်ရဟန် တူတယ်။

မိန့်ခွန်း ဖတ်နေချိန်မှာ မရယ်နဲ့ မပြုံးနဲ့ မျက်တောင်မခတ်နဲ့ လေမလည်နဲ့ စသဖြင့် စည်းကမ်းချက်တွေ ထုတ်ထားမလား မသိ။ အင်း - ဗိုလ်တယောက်ဖြစ်ရတာ
မလွယ်ပါလား။ သင်တန်းမှာ ကျောင်းသားကြီးတွေ ကြင်နာတာလည်း ခံရ ဆိုပဲ။ (ဗိုလ်တွေဟာ ပင်ပန်း ဆင်းရဲ ခက်ခဲမှုတွေ ကြုံခဲ့ရသူတွေမို့ အတိုးချ မိုက်လုံးကြီး
လူတွေကို နှိပ်စက်နေကြတယ် ထင်ပါရဲ့။)

ဒါက ဗိုလ်သင်တန်းဆင်းပွဲ တက်ရောက်လာတဲ့ သူများ တဲ့။

တခြားသူတွေ မဟုတ်ပါ၊ ဗိုလ်ချုပ်မှူးကြီးကြိုင်ကြိုင်၊ ချစ်လှစွာသော သမီးတော်၊ ချစ်စွာသော မြေးတော်များ ဖြစ်ပါတယ်။


ရှစ်လုံးတို့၊ တခြားဗိုလ်ချုပ်တို့ပုံက အောက်ဘက် နည်းနည်း ရောက်နေတယ်။
ရှစ်လုံးတို့ခမျာ သတင်းစာထဲမှာလည်း တဆင့် နိမ့်ခံနေရ။ သနားရတော့ မလိုလို။

အနက်ရောင် ၀မ်းဆက်နဲ့ သကောင့်သားက သူဌေးမြေး။


မန်ချက်စတာ ယူနိုက်တက် အသင်းကို ၀ယ်ဖို့  ပူဆာတယ် ဆိုတဲ့သူပေါ့။
တခြား သားတွေ၊ သမီးတွေ၊ မြေးတွေက ဘာတွေ ပူဆာကြမယ် မသိ။
အပူကပ်သမျှ လိုက်လုပ်ပေးရရင်တော့ ပေါတာကြီးလစာနဲ့ ဘယ်လောက်မလဲ။
ခိုးမှပဲ ရတော့မယ်။ မန်ယူဝယ်ဖို့ဆိုရင် ဒမြပါ တိုက်ရမယ်။
ပေါတာကြီးပုံစံက အေးရာအေးကြောင်းလို့ ယူဆရတယ်။
ပူဆာသူတွေ ၀ိုင်းဝိုင်းလည်နေလို့ ခိုးနေရတာ ဖြစ်မယ်။
ခိုးတာက အရှိန် ဘယ်လောက်တောင် လွန်သွားသလဲဆို ဒီနှစ်ထဲ မဲခိုးရတာမျိုး၊ အာဖရိက အလံတွေ ပုံတူ ကူး ခိုးချရတာမျိုးတွေ အထိ ဖြစ်ကုန်တာပဲ
ကြည့်တော့။

http://www.irrawaddyblog.com/

ရှမ်းပြည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ မိုင်းလားတွင် တွေ့


Jai Wan Mai | တနင်္လာနေ့၊ ဒီဇင်ဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၃၀ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ နယ်ခြားစောင့်တပ် ပြောင်းလဲရန် ငြင်းဆန်ထားကြသည့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်
တပ်မတော် (NDAA) ထိန်းချုပ်ရာ မိုင်းလားတွင် ယခင်အပတ် ရှမ်းနှစ်သစ်ကူး ပွဲတော်တွင်း တွေ့ဆုံခဲ့ကြသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် နီးစပ်သော သတင်းများ အဆိုအရ ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSA-N) ၏ တပ်မဟာ (၁)၊ ဝ' ပြည်သွေးစည်း
ညီညွတ်ရေး တပ်မတော် (UWSA) နှင့် မိုင်းလား အပစ်ရပ်အဖွဲ့ ထိပ်သီးကိုယ်စားလှယ်များ တံခါးပိတ် ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အင်အားစု အချင်းချင်း ရင်းနှီးသော ဆက်ဆံရေးကို


ထိန်းသိမ်းထားရန်နှင့် အရေးပေါ် အချိန်တွင် တဖွဲ့နှင့် တဖွဲ့ အကူအညီပေးရန်
ဆွေးနွေးခြင်းဟု ဆိုသည်။

မြန်မာစစ်တပ်က ကိုးကန့်ကို ၂ဝဝ၉ တွင် စစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက်


ဤလက်နက်ကိုင် အဖွဲ့များ ပိုမို ပူးပေါင်းလာကြပြီး မဟာမိတ် ဖွဲ့စည်းရာတွင်
ကချင်လွတ်မြောက်ရေး တပ်မတော်လည်း ပါသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်နေ NDAA အဖွဲ့ဝင်တဦးက “တိုင်းရင်းသား မဟာမိတ် အုပ်စုအနေနဲ့


ကိုးကန့်တွေရဲ့ ရှုံးနိမ့်မှုကနေ သင်ခန်းစာ ကြီးကြီးရလိုက်ပါပြီ။ နောက်ထပ် ဒုတိယအမှား
ထပ်လုပ်မှာ မဟုတ်တော့ပါဘူး” ဟု ဆိုသည်။

ထို့ပြင် SSA-N သည် တိုင်းရင်းသား လက်နက်ကိုင် အင်အားစု အချင်းချင်း ပိုမို


ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန်အတွက် မိုင်းလားတွင် ရုံးတခု ဖွင့်လှစ်
လိုက်သည်ဟုလည်း ဒေသခံ ကုန်သည် တဦးက ဆိုသည်။

မယ်ဆိုင်မှ NDAA အငြိမ်းစားအရာရှိ တဦးက “တရုတ-် မြန်မာ နယ်စပ်တလျှောက်မှာ ရှိတဲ့ တိုင်းရင်းသားတွေရဲ့ လှုပ်ရှားမှုဟာ တရုတ်နိုင်ငံရဲ့ ကူညီမှုကို
ပါးပါးလေး မှီခိုနေရပါတယ်။ ဒါပေမဲ့ တရုတ်က ကူညီသည် ဖြစ်စေ၊ မကူညီသည် ဖြစ်စေ၊ တိုင်းရင်းသားတွေကတော့ ရှေ့ဆက် ချီတက် နေမှာပါ” ဟုဆိုသည်။

မြန်မာစစ်အစိုးရက အပစ်ရပ် တိုင်းရင်းသား အင်အားစုများကို မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ညွှန်ကြားသည့် အချိန်မှ စ၍
အပစ်ရပ် အုပ်စုများနှင့် မြန်မာ စစ်တပ် အကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။ ၂ဝ၁ဝ ဧပြီတွင်ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (SSA-N)
၏ တပ်မဟာ (၃) နှင့် (၇) တို့ စစ်အစိုးရ လက်အောက်ခံ ပြည်သူ့စစ် အသွင်ပြောင်းလဲခဲ့ကြသည်။

စက်တင်ဘာနှင့် နိုဝင်ဘာလအတွင်းက မြန်မာစစ်တပ်က ရှမ်းပြည် တပ်မတော်-မြောက်ပိုင်း တပ်မဟာ (၁) ကို အသေးစား စစ်ဆင် တိုက်ခိုက်မှုများ
ပြုလုပ်ခဲ့သည်။

ကျားဖြူပါတီ ကုမ္ပဏီ ထောင်မည်


ကိုဝိုင်း | တနင်္လာနေ့၊ ဒီဇင်ဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၁၄ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၏ တောင်ကြီးမြို့ ညီလာခံ ပထမရက်တွင် ပါတီရန်ပုံငွေအတွက် အများပိုင် ကုမ္ပဏီတခု
ထူထောင်ရန် ဆုံးဖြတ်ကြကြောင်း ဒုဥက္ကဋ္ဌ စိုင်းဆောင်ဆီက ပြောသည်။

ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း မြို့နယ် ၅ဝ ခန့်မှ လာကြသည့် ကိုယ်စားလှယ် ၂ဝဝ ခန့်က ကုမ္ပဏီအမည်ကို လူသိများသည့် ပါတီ နာမည်ကွဲ
“ကျားဖြူ” ကိုသုံးရန် လျာထားကြသည် ဆိုသည်။
ရွေးကောက်ပွဲ ကိုယ်စားလှယ် ၁၅၆ ဦး၊ ပါတီမြို့နယ် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ တက်ကြသည်။

“ကနေ့ နာမည် ရွေးကြတယ်လေ။ လျာထားတာတော့ ကျားဖြူ ကုမ္ပဏီပဲပေါ့” ဟု ဦးစိုင်းဆောင်ဆီ က မဇ္ဈိမကို ပြောသည်။

အစုတန်ဖိုးကို မြို့နယ်အလိုက် သတ်မှတ်သွားမည် ဖြစ်ပြီး ကျောက်မဲမြို့နယ်နှင့် ဗဟိုက အစု တစုကို တသောင်း သတ်မှတ်ထားပြီးဟု သိရသည်။

အစုရေအားလုံး တသန်းအထိ ရောင်းရန်၊ တနှစ်တခါ ကုန်ကျစားရိတ် နုတ်ပြီးနောက် အမြတ်မှ ၇၅ ရာခိုင်နှုန်း အစုရှင်များကို ခွဲပေးပြီး ၂၅ ရာခိုင်နှုန်းကို
ပါတီရန်ပုံငွေအဖြစ် သုံးရန်လည်း ဆုံးဖြတ်ကြကြောင်း သိရသည်။

စိုက်ပျိုးရေး၊ ရွှေနှင့် သတ္တုမိုင်း၊ သစ်လုပ်ငန်း စသည်ဖြင့် ကွဲပြားသည့် လုပ်ငန်းများ မြို့နယ်အလိုက် စီမံကြမည်ဟု ဆိုသည်။

ပါတီဝင် အင်အား ၁ သောင်း ကျော်ရှိသည့် ကျောက်မဲတွင် လ္ဘက်၊ ပြောင်း၊ ဆီထွက်သီးနှံ၊ စပါး စသည့် ထွက်ကုန်များ ရနိုင်ပြီး တရုတ်နိုင်ငံသို့ တင်ပို့နိုင်မည်ဟု
ကျောက်မဲ ပြည်သူ့လွှတ်တော်အမတ် စိုင်းဆောင်ဆီက မျှော်လင့်သည်။

ညီလာခံ ပထမနေ့ ဖြစ်သောကြောင့် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်များ မိတ်ဆက်သည့် အစီအစဉ်လည်း ရှိသောကြောင့် ပါတီရန်ပုံငွေ စီးပွားရေးလုပ်ငန်းများ
တင်ပြရာတွင် မြို့နယ် ၈ ခု သာ ပြီးကြောင်း
သိရသည်။

အမတ်နေရာ ၅၇ နေရာရသည့် ကျားဖြူပါတီက ရွေးကောက်ပွဲ မသမာမှုများ ရှိသည်ဟု ပြောခဲ့ဖူးသော်လည်း ယခုမူ “နိုင်သလောက်နဲ့ပဲ ရောင့်ရဲလိုက်တော့မယ်”
ဟု သူက ပြောသည်။

ညီလာခံကျင်းပရက်နီးမှ နေရာအခက်ခဲကြောင့် တောင်ကြီးမှ မေမြို့သို့ ပြောင်းရန် စီစဉ်ခဲ့သော်လည်း လမ်းအခက်အခဲကြောင့် တောင်ကြီးမြို့ပါတီရုံးကို ပြန်လည်


ရွေးချယ်ခဲ့ကြသည်။
လမ်းဖောက်လုပ်ရေး လုပ်ကိုင်သွားမည်ဟု ချင်းပါတီများ ပြော
ဆလိုင်းထွန်း | တနင်္လာနေ့၊ ဒီဇင်ဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၀၄ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ လမ်းမကောင်းသဖြင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေသည့် ချင်းပြည်နယ်တွင် လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်အောင်


လုပ်ကိုင်သွားရမည်ဟု ၂ဝ၁ဝ ရွေးကောက်ပွဲ အနိုင်ရ ချင်းနှစ်ပါတီက ပြောသည်။

ချင်းပြည်နယ် ၉ မြို့နယ်လုံး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန် လိုအပ်နေပြီး၊ ပြည်မနှင့် ကုန်သွယ်စီးပွား အတွက် လမ်းကြောင်းများပါ ဖောက်လုပ်ရမည်ဟု
ချင်းတိုးတက်ရေးပါတီ CPP နှင့် ချင်းအမျိုးသားပါတီ CNP က ပြောဆိုခြင်း ဖြစ်သည်။

“ရထားလမ်းမရှိ၊ ကားလမ်းတောင်မှ ကောင်းကောင်းမရှိတာ တော်တော်ဆိုးတယ်။ မြို့နယ် တခုနဲ့ တခုတောင်မှ မပေါက်တဲ့ လမ်းတွေ အများကြီး ရှိသေးတယ်။
တောင်ပိုင်းနဲ့ မြောက်ပိုင်းခွဲပြီးတော့ ၉ မြို့နယ်လုံး လမ်းပေါက်ရမယ်။ ပြည်မနဲ့ ဆက်သွယ်ဖို့က တောင်ပိုင်းက တခု၊ မြောက်ပိုင်းက တခု လုပ်ရမယ်။ ၁၂ ရာသီ
ရအောင်လုပ်ရမယ်” ဟု CPP ဥက္ကဋ္ဌ ဦးနိုးထန်ကပ်က မဇ္ဈိမကို ပြောသည်။

CNP ဥက္ကဋ္ဌ ဦးဇိုဇမ်းကလည်း “ချင်းပြည်နယ်မှာ တံတား ၄ စင်းတောင် မရှိဘူး။ ၂ စင်းလောက်ပဲ သွားလာလို့ ရတယ်။ ကျန်တာက ကြိုးတွေက တန်းလန်း၊
ပျဉ်ပြားတွေက ပက်လက်လန်ကုန်ပြီဆိုတော့ ပစ်စလက်ခတ်ကို ပစ်ထားတယ်။ မြို့တိုင်းလိုလိုမှာ အဘိုး၊ အဘတွေ ခေတ်အစဉ်အဆက်က ချထားတဲ့
မပြီးပြတ်သေးတဲ့ လမ်းတွေ အများကြီး ရှိတယ်။ မဆလ တခေတ်လုံး၊ တပ်မတော် အစိုးရ တခေတ်လုံး ဘာမှမလုပ်တဲ့ဟာ
အများကြီး” ဟု မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာ ရွေးကောက်ပွဲတွင် CPP က ၃၈ ဦး ဝင်ပြိုင်ခဲ့ရာ ၁၂ ဦး၊ CNP က ၂၂ ဦး ယှဉ်ပြိုင်ခဲ့ရာ ၉ ဦး အနိုင်ရရှိခဲ့သည်။ အမတ်နေရာ ၂၄ နေရာရှိသည့်
ပြည်နယ်လွှတ်တော်တွင် CPP နှင့် CNP သည် ၅ နေရာစီ ရရှိထားပြီး၊ စစ်တပ်ကိုယ်စားလှယ် ၆ ဦးနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၈ ဦး ရှိနေသည်။

လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေး၊ NGO များ လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရရှိရေး၊ ကမ္ဘာလှည့် ခရီးသည်များ လွတ်လပ်စွာ သွားလာနိုင်ရေးကို
ပြည်နယ်လွှတ်တော်တွင် CNP က တင်ပြသွားမည်။

“ပြည်မကနေ ရိုက်ခတ်လာတဲ့ စီးပွားရေးဂယက် အကုန်လုံးက တိုက်ရိုက်ထိတယ်။ ကမ္ဘာလှည့် ခရီးသည်တွေ လွတ်လွတ်လပ်လပ် ဝင်ခွင့်ရမှ နိုင်ငံခြားဝင်ငွေတွေ
ရောက်လာမယ်။ ချင်းတောင်မှာ သဘာဝအလှတွေ၊ သမိုင်းဝင်တဲ့ နေရာတွေ အမြောက်အမြားဗျာ။ ဒါတွေကို ပြုပြင်မွမ်းမံပြီး စွဲဆောင်မှုရှိအောင် လုပ်ရမယ်” ဟု
ဦးဇိုဇမ်းက ပြောသည်။

ဦးနိုးထန်ကပ်က “ကမ္ဘာလှည့် ခရီးသည်တွေ ဝင်လာနိုင်အောင် အပန်းဖြေစခန်းတို့ ဆောက်နိုင်ရင် သိပ်ကောင်းမယ်။ စပျစ်သီး တပုလင်းကို အခုချိန် ၂ ထောင်နဲ့
ရောင်းတယ်။ ကမ္ဘာလှည့် ခရီးသည်တွေ ဝင်လာရင် ၁ သောင်းနဲ့တောင် ရရင်ရမယ်။ အဲလိုမျိုးပေါ့။ အခုချိန်မှာ လုံခြုံရေးကို အကြောင်းပြပြီးတော့ ကမ္ဘာလှည့်
ခရီးသည်တွေ ဝင်မလာနိုင်ဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ဝင်ငွေအများဆုံး လွယ်လွယ်နဲ့ ရနိုင်တယ်” ဟု ပြောသည်။

ချင်းပြည်နယ်တွင် လျှပ်စစ်မီး ကောင်းမွန်စွာ ရရှိရေးမှာလည်း လမ်းပန်း ဆက်သွယ်ရေးကဲ့သို့ အရေးကြီးသည်ဟု ချင်းပါတီများက ဆိုသည်။

“မဏိပူရမြစ်ကို အမြန်ဆုံး အကောင်အထည်ဖော်ပြီး သုံးလို့ရအောင် ဗဟိုဖြစ်ဖြစ်၊ ပြည်ထောင်စု လွှတ်တော်မှာ ဖြစ်ဖြစ် အဆိုပြုရမယ်။ အခုက စစ်ကိုင်းတိုင်းနဲ့
ကလေးမြို့နယ်မှာပဲ အသုံးပြုတယ်။ ပြည်နယ် လုပ်ပိုင်ခွင့်က အသေးစားနဲ့ အလတ်စားပဲ။ မဏိပူရမြစ် မဟာဓာတ်လိုင်းကို ဗဟိုက ကိုင်တွယ်တာ။ ချင်းပြည်နယ်
မဏိပူရမြစ်ကနေ ထွက်လာတဲ့ လျှပ်စစ်မီးကို ချင်းပြည်မှာ ရသင့်သလောက်ရအောင် အဆိုပြုရမယ်” ဟု ဦးနိုးထန်ကပ်က ပြောသည်။

ဦးဇိုဇမ်းကလည်း “လျှပ်စစ်မီးက ပိုက်ဆံရှိရင် လုပ်လို့ရပါတယ်။ ပိုက်ဆံကို တရားဝင်နည်းနဲ့ ဘယ်လိုရမလဲ၊ အဲဒါ အရေးကြီးတယ်။ ကျနော်တို့မှာ သဘာဝ
သယံဇာတ အများကြီးပဲ” ဟု ပြောသည်။
ဆိုမာလီပြန်ပေးဆွဲ မြန်မာသင်္ဘောသားများနှင့် အဆက်ပြတ်နေ
ကျော်ခ | တနင်္လာနေ့၊ ဒီဇင်ဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၁၃ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဆိုမာလီ ပင်လယ်ဓားပြများ ပြန်ပေးဆွဲသွားသော လိုင်ဘေးရီးယား ကုန်တင် သင်္ဘောတွင်ပါ မြန်မာသင်္ဘောသား ၂၃ ဦးနှင့် အဆက်သွယ်
မရသေးကြောင်း မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်းက ပြောသည်။

“နောက်ဆုံး အနေအထားကတော့ ကုမ္ပဏီနဲ့ ပြန်ပေးဆွဲသွားတဲ့ ဆိုမာလီတွေနဲ့ ဘာမှ အဆက်အသွယ် မရသေးဘူး ခင်ဗျ။ ရန်ကုန် ကုမ္ပဏီခွဲက Report
(အစီရင်ခံစာ) ကို ကျနော်တို့ စောင့်နေတုန်းပါ။ စုံစမ်းနေဆဲပါ” ဟု ဗဟိုဦးစီးအဖွဲ့ဝင် ဦးဌေးအောင်က မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံသား သင်္ဘော အမှုထမ်းများသာ ပါဝင်သော MV. Panama ကုန်တင် သင်္ဘော တန်ဇန်နီးယား နိုင်ငံ ဒါရက်စ်လမ်းမှ မိုဇမ်ဘစ်နိုင်ငံ ဘိုင်ယာအသွား
လမ်းတွင် ဒုံးလက်နက်များ ကိုင်ဆောင်ထားသော ဓားပြ ၅ ဦး တက်လာပြီး ပြန်ပေးဆွဲသွားသည်။

စက်တပ်လှေ နှစ်စီးဖြင့် ရောက်လာသော ဓားပြများ တန်ဇန်နီးယား အရှေ့ဘက် ရေပိုင်နက် မိုင် ၈ဝ ခန့်အကွာတွင် စီးနင်းသွားသည်ဟု ဥရောပသမဂ္ဂ
ပင်လယ်ဓားပြ တိုက်ဖျက်ရေး အဖွဲ့က ထုတ်ပြန်သည်။

ယခုနှစ်အစောပိုင်းက မြန်မာသင်္ဘောသား ၂၁ ဦးပါ နော်ဝေးပိုင် UBT Ocean သင်္ဘောကို ဆိုမာလီ ပင်လယ် ဓားပြများ ၄ လကျော်ကြာ ဖမ်းဆီးခံရပြီး
ပြန်လွတ်မြောက်လာခဲ့သည်။ အမေရိကန်ဒေါ်လာ ၃. ၅ သန်းဖြင့် ပြန်ရွေးယူခဲ့ရသည်ဟု ကုမ္ပဏီ သတင်းရပ်ကွက် တခုက ပြောသည်။

“အခုကျနော်တို့ သင်္ဘောသားတွေ အဲဒီဘက်ဆိုရင် ကြောက်တောင် ကြောက်နေကြပြီ၊ ဘယ်သူမှ မတက်ရဲကြတော့ဘူး” ဟု ဦးဌေးအောင်က ပြောသည်။

အေဒင် ပင်လယ်ကွေ့သည် အရှေ့အာဖရိက ဆိုမာလီနိုင်ငံနှင့် အာရေဗျ ကျွန်းဆွယ် ယီမင်နိုင်ငံအကြား တည်ရှိသည်။ ယင်းပင်လယ်ကွေ့မှ တဆင့် အီဂျစ်နိုင်ငံ
စူးအက်တူးမြောင်းကို ဖြတ်၍ မြေထဲပင်လယ်ကို ဆက်သွယ်ပေးသောကြောင့် ကမ္ဘာ့အနောက်နှင့် အရှေ့ ရေကြောင်း ကူးသန်းရောင်းဝယ်ရာတွင်
အဓိကလမ်းကြောင်း ဖြစ်သည်။
မြန်မာကို အိန္ဒိယက ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည်
ခိုင်စု | တနင်္လာနေ့၊ ဒီဇင်ဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၄၇ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ အပါအဝင် အရှေ့တောင်အာရှ အာဆီယံ ၅ နိုင်ငံမှ ခရီးသွားများကို အိန္ဒိယက လာမည့် နှစ်သစ်ကူးမှစ၍ လေဆိပ်အရောက်
ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည်ဟု ယမန်နေ့ထုတ် Hindustan Time သတင်းစာတွင် ပါရှိသည်။

ဇန်နဝါရီ ၁ ရက်နေ့မှစ၍ ဒေလီ၊ မွန်ဘိုင်း၊ ကိုလ်ကာတာ၊ ချန်နိုင်း စသည့် မြို့ကြီး ၄ မြို့ရှိ နိုင်ငံတကာ လေဆိပ်များ၌ မြန်မာ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊
ဖိလစ်ပိုင်နှင့် လာအို နိုင်ငံသားများကို ဆိုက်ရောက်ဗီဇာ
ထုတ်ပေးမည်ဟု အိန္ဒိယ ခရီးသွားဝန်ကြီးဌာနမှ အရာရှိတဦး၏ ပြောဆိုချက်ကို ကိုးကားကာ သတင်းစာတွင် ဖော်ပြထားခြင်း ဖြစ်သည်။

“ပြည်ထဲရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန တွေ့ဆုံဆွေးနွေးပြီးနောက် ဒီဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။ တရားဝင် ကြေညာချက် မကြာခင် ထွက်ပါလိမ့်မယ်။ ၅


နိုင်ငံ ဘုရားဖူးတွေကို ပိုမိုစွဲဆောင်ဖို့အတွက်
ဆိုက်ရောက်ဗီဇာက အထောက်အပံ့ ဖြစ်စေမှာပါ” ဟု ခရီးသွားဝန်ကြီးဌာန အရာရှိက ပြောထားသည်။

မည်သည့်ရည်ရွယ်ချက်ဖြင့် အိန္ဒိယသို့ လာသည်ဖြစ်စေ ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းလည်း ဖြစ်သည်။

ဗုဒ္ဓဘာသာဝင် ဘုရားဖူးများအတွက် နှစ်သစ်လက်ဆောင်အဖြစ် ယခုအစီအစဉ်ကို အိန္ဒိယက ဆုံးဖြတ်ခဲ့ကြောင်း သတင်းစာက ဆိုသည်။

ဆိုက်ရောက်ဗီဇာ ကိစ္စကို ရန်ကုန်ရှိ အိန္ဒိယသံရုံး အရာထမ်း တဦးကလည်း မဇ္ဈိမကို အတည်ပြု ပြောဆိုသည်။

တကြိမ်ဝင်ရောက်နိုင်သော ဗီဇာ အမျိုးအစားကိုသာ ဆိုက်ရောက်ဗီဇာ သက်တမ်း ၂၈ ရက် နေထိုင်ခွင့် ပြုမည်ဖြစ်ပြီး၊ သာမန်ခရီးသွား ဗီဇာအတွက်
အမေရိကန်ဒေါ်လာ ၄ဝ သတ်မှတ်သော်လည်း ဆိုက်ရောက် ဗီဇာအတွက် မည်မျှ သတ်မှတ်မည်ကို မသိရသေးဟု သူက ဆိုသည်။

အိန္ဒိယရှိ ဗုဒ္ဓသံဝေဇနိယ ၄ ဌာနဖြစ်သည့် ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂါယာ၊ တရားဦးဟောရာ ဗာရာဏသီ (သရန)၊ ပရိနိဗ္ဗာန်ပြုရာ ကုသိနာရုံနှင့် နီပေါနိုင်ငံရှိ
ဖွားတော်မူရာ လုံမ္ဗနီဒေသအပြင် သင်္ကဿနဂိုရ်၊
တာ့ခ်ျမဟာနှင့် မြို့တော် နယူးဒေလီသို့ပါ မြန်မာဗုဒ္ဓဘာသာဝင်များ သွားရောက် ဖူးမျှော်လေ့ရှိသည်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) ကလည်း ရန်ကုန-် အိန္ဒိယ၊ မန္တလေး-အိန္ဒိယ လေယာဉ် ခရီးစဉ်များ ပြေးဆွဲလျက်ရှိပြီး ဗုဒ္ဓဂါယာသို့
တိုက်ရိုက်ပျံသန်းနေသည်။

အိန္ဒိယသည် ပြီးခဲ့သည့် နှစ်ကတည်းက ဖင်လန်၊ ဂျပန်၊ လူဇင်ဘတ်၊ နယူးဇီလန်၊ စင်္ကာပူ နိုင်ငံသားများကို ဆိုက်ရောက်ဗီဇာ ခွင့်ပြုခဲ့ပြီး ဖြစ်သည်။ ဗီဇာကြေးမှာ
အမေရိကန်ဒေါ်လာ ၆ဝ ဖြစ်သည်။

ဒေါ်စုလွတ်မြောက်မှု တလပြည့် သွေးလှူဒါန်း


မြင့်မောင် | တနင်္လာနေ့၊ ဒီဇင်ဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၁ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု တလပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်နှင့်


မန္တလေးတွင် ပါတီလူငယ်များနှင့် ထောက်ခံသူ ၉ဝ ကျော်က ယနေ့ သွေးလှူခဲ့သည်။

“အန်တီ လွတ်လာပြီးနောက် အင်္ဂါနေ့တိုင်း သွေးလှူဒါန်းခဲ့တာပါ။ အခုအကြိမ်နဲ့ဆို သွေးပုလင်း ၂ဝဝ ကျော် ရှိပြီ။ ကျနော်တို့ သွေးလှူတဲ့အထဲမှာ ရှေ့နေတွေ၊
အဖွဲ့ချုပ် အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံရေးအကြောင်း မသိတဲ့ ပြည်သူတွေ ပါလာကြတယ်” ဟု ရန်ကုန်တိုင်း NLD သွေးကူညီပေးရေးအဖွဲ့ တာဝန်ခံ ကိုညီညီက မဇ္ဈိမကို
ပြောသည်။
ရန်ကုန်တိုင်း ဥက္ကံ၊ တိုက်ကြီး၊ အဖျောက်၊ မင်္ဂလာတောင်ညွန့် မြို့နယ်များမှ NLD
လူငယ်များနှင့် ထောက်ခံသူ ၅ဝ ကျော်နှင့် မန္တလေးတွင် ၄၅ ဦးက သွေးလှူဘဏ်နှင့်
ဆေးရုံများသို့ ယနေ့နံနက် သွားရောက်ခဲ့ရာ၊ ရန်ကုန်
အမျိုးသား သွေးလှူဘဏ်တွင် ၁၅ လုံး၊ မြောက်ဥက္ကလာပ ဆေးရုံတွင် ၈ လုံး၊ သံလျင်တွင်
သွေးကင်ဆာ ဖြစ်နေသူ လူနာအတွက် ၂ လုံးနှင့် မန္တလေးတွင် ၂၅ လုံး လှူဒါန်းခွင့်
ရရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု အထိမ်းအမှတ်အဖြစ် ပြောဆိုကာ


လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။

နေ့လည်ပိုင်းတွင် သွေးလှူဒါန်းသူများကို ရန်ကုန် ပါတီရုံးချုပ်တွင် ဒုဥက္ကဋ္ဌ ဦးတင်ဦးက


တွေ့ဆုံကာ ကျေးဇူးတင်စကား ပြောဆိုခဲ့ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း မကြာခင်
တွေ့ဆုံသွားမည်ဟု ကိုညီညီက ပြောသည်။

နေအိမ်အထိန်းသိမ်းခံမှ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမည့် ပြီးခဲ့သည့်လ ၁၃


ရက်နေ့တွင် သွေးကူညီရေး အဖွဲ့ဝင်များက ရန်ကုန်ကလေးဆေးရုံကြီး၌ သွေးကင်ဆာ လူနာများကို သွေးပုလင်း ၄ဝ၊ အမျိုးသား သွေးလှူဘဏ်နှင့်
စံပြဆေးခန်းတွင် ၃၂ ပုလင်း လှူဒါန်းခဲ့သည်။ ထို့အပြင် အင်္ဂါနေ့တိုင်း
လှူဒါန်းမှုတွင် သွေးပုလင်း ၆ဝ ခန့် ရှိခဲ့သည်။

ပြီးခဲ့သည့်လ ၂၃ ရက်နေ့တွင်လည်း ပါတီလူငယ်များသာမက ၂ဝ၁ဝ ရွေးကောက်ပွဲဝင် တသီးပုဂ္ဂလ အမတ်လောင်း ဦးဝင်းကိုကိုဝင်းနှင့် ဦးဝင်းချိုတို့အပြင်၊


ကျောင်းသားများ၊ ဆရာဝန်များ၊ တပ်မတော် အရာရှိဟောင်းများနှင့် ကရုဏာ သွေးလှူရှင်အသင်းမှ အဖွဲ့ဝင်များက မင်္ဂလာဒုံ အမှတ် ၂ စစ်ဆေးရုံတွင် သွေး
၁၉ ပုလင်းကို ပထမဆုံး စုပေါင်း လှူဒါန်းခဲ့သေးသည်။
NLD သွေး အကူအညီပေးရေး အဖွဲ့ကို ၂ဝဝ၉ ခုနှစ်တွင် တောင်ဒဂုံမြို့နယ် ပါတီလူငယ်များက စတင် ဖွဲ့စည်းခဲ့ပြီး၊ ယခုအခါ မန္တလေးတိုင်းနှင့်
အချို့မြို့နယ်များတွင်ပါ အလားတူ ဖွဲ့စည်းလာကြောင်း သိရသည်။

ဘိုဘိုကျော်ငြိမ်းသို့ တုံ့ပြန်ချက်
ဝင်းတင့်ထွန်း | တနင်္လာနေ့၊ ဒီဇင်ဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၅၆ မိနစ်

‘မဇ္ဈိမ’ ထဲမှာ ဘိုဘိုကျော်ငြိမ်းရဲ့ ’’ဘာကြောင့် ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်က အောင်ပွဲခံနိုင်ခဲ့ကြတာလဲ” ဆိုတဲ့ ဆောင်းပါးကို ဖတ်လိုက်ရပါတယ်။

ဗိုလ်ချုပ်တို့ခေတ်က မျိုးချစ်တော်လှန်ရေးသမားတွေ ဘာ့ကြောင့်လွတ်လပ်ရေးကို အနိုင်တိုက်နိုင်ခဲ့ကြသလဲ ဆိုတာကို သုံးသပ်ပြရင်း ‘ဗိုလ်ချုပ်ရဲ့ ရိုးသားဖြူစင်မှု’


တို့၊ ‘ကျောင်းသားသမဂ္ဂ’၊ ‘ စုပေါင်းခေါင်းဆောင်မှု’၊ ‘မှတ်သားစရာနဲ့ သုံးသပ်မှု’ စတဲ့ စတဲ့ ခေါင်းစဉ်ငယ်တွေနဲ့ ရေးသားဖော်ပြသွားရာမှာ ‘ဦးကျော်ငြိမ်း’ ရဲ့
အခန်းကဏ္ဍတွေကိုလဲ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးနု၊ ဦးရာရှစ်၊ သခင်သန်းထွန်း၊ ဂိုရှယ် စတဲ့ ပုဂ္ဂိုလ်တွေနဲ့ အလျဉ်းသင့်သလို ယှဉ်စပ်ပြသွားတာ တွေ့ရပါတယ်။

‘ဦးပေါ်ဦး လျှောက်ထုံး’ တွေထဲက နန်းတော်တည်ဖို့မှာ ဘိုးတော်ဘုရားရဲ့ ‘ပိတောက်နဲ့မကောင်းဘူးလား’၊ ‘ပျဉ်းကတိုးနဲ့ မကောင်းဘူးလား’


‘’‘’
ဆိုတဲ့ အမေးတွေကို ‘ပိတောက်နဲ့လဲ ကောင်းပါတယ်၊ ကျွန်းလဲ ကောင်းပါတယ်’၊ ‘ ပျဉ်းကတိုးလဲ ကောင်းပါတယ်၊ ကျွန်းလဲ ကောင်းပါတယ်’ လို့
‘ွ
အမြဲလိုလို သူပါစေချင်တဲ့ ‘ကျွန်း’ ကို တွဲတွဲပြောသွားတဲ့ ဦးပေါ်ဦးလျှောက်ထုံးကို သွားပြီး အမှတ်ရမိချင်စရာပါပဲ။ ဦးကျော်ငြိမ်းဟာလည်း
ခေသူမဟုတ်ဆိုတာ၊ မူကို အလေးထားတတ် မိမိကိုယ်ကို မိမိလေးစားတတ်၊ စာအင်မတန်ဖတ်၊ အသိဉာဏ်အား မြင့်မားသူတဦးဆိုတာကို

ပေါ်လွင်အောင် ရေးပြသွားတာ လက်ကနဲ လက်ကနဲ တွေ့လိုက်ရပါတယ်။

သူ့ဆောင်းပါးအပေါ် လက်ခံကြိုက်နှစ်သက်တဲ့ လူလဲ ရှိမယ်။ မကြိုက်တဲ့သူ၊ လက်မခံတဲ့လူလဲ ရှိမယ်။ ဒါ သဘာဝပါပဲ။ လွတ်လပ်စွာ ခံယူနှစ်သက်ပိုင်ခွင့် ရှိပါတယ်။
လွတ်လပ်စွာ သဘောကွဲလွဲပိုင်ခွင့်အရ ဘာမှ မပြောလိုပါဘူး။ သူ့သဘော သူဆောင်လိမ့်မယ်လို့ပဲ သဘောထားပါတယ်။ အထူးသဖြင့် ကနေ့လို အချိန်မျိုးမှာ
ဘိုဘိုကျော်ငြိမ်းနဲ့ အပြန်အလှန် ပြောဆိုနေရမှာမျိုး မလုပ်ချင်ပါဘူး။ ‘အဓိက ပျောက်’၊ ‘ပစ်ကွင်း ပျောက်’ ပြီး ‘အမြှုပ်ထ ပလုံစီရမယ့် ကိစ္စမျိုးတွေ’ မလုပ်ချင်ပါဘူး၊၊
ဒါပေမဲ့ - သူ့ဆောင်းပါးထဲမှာ ကျနော်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အချက်တွေ ပါဝင်နေလေတော့ ပြန်လည်ရှင်းမပြရင် အဓိပ္ပာယ်တမျိုး ပေါက်နိုင်တဲ့အတွက်
လိုသလောက်ပဲ ကျနော် ပြန်ရှင်းချင်ပါတယ်။ ကျနော်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အချက်တွေကိုပဲ ဖော်ပြရှင်းလင်းသွားမှာပါ။ စာဖတ်သူများ ကြိုက်နှစ်သက်သလို
လက်ခံသုံးသပ်သွားကြပါလိမ့်မယ်။

ကျနော်နဲ့ ပတ်သက်နေတဲ့ အချက်တွေကတော့၊ ဘိုဘိုကျော်ငြိမ်းက သူ့ဆောင်းပါးထဲမှာ ဟောဒီလို ဖော်ပြထားပါတယ်။

“ဦးကျော်ငြိမ်းဟာ လူထုဒေါ်အမာနှင့် နိုင်ငံရေးအရ ဆန့်ကျင်ဘက် ဖြစ်ခဲ့သော်လည်း


ရာဇဝင်အချက်အလက်ကို ရေးရာမှာ အာဃာတမရှိ အမှန်အတိုင်း ရေးပြခဲ့တယ်၊၊ (မူ) Principle ကို
အလေးထားတာကတကြောင်း၊ self-respect ဟုခေါ်သော မိမိကိုယ်ကိုမိမိ လေးစားတာကြောင့်လဲ
ဖြစ်ပါတယ်။ သို့သော် အသိဉာဏ်စွမ်းအားနည်းတဲ့ လက်ဝဲတယူသန်တချို့ဟာ ဦးကျော်ငြိမ်းကို မုန်းတာနဲ့
ရာဇဝင်အချက်တွေကိုပါ ပြင်ချင်ကြတယ်။ ဂျပန်တော်လှန်ရေးမှာ တိုင်းတွေခွဲကြတော့ တိုင်း ၆ မှာ
ဗိုလ်ရဲထွဋ်က စစ်တိုင်းမှူး၊ ဦးကျော်ငြိမ်းက နိုင်ငံရေးမှူးအဖြစ် တာဝန်ခွဲဝေခဲ့ကြပါတယ်။ (သခင်တင်မြ၏
ဖက်ဆစ်တော်လှန်ရေး ဌာနချုပ်နှင့် တိုင်း ၁ဝ တိုင်း - စာမျက်နှာ ၄၄)

“သို့သော် ဝင်းတင့်ထွန်းရဲ့ ‘အမှောင်ကြားက ဗမာပြည်’ စာအုပ်မှာ ’’ဦးဗဆွေ၊ ဦးကျော်ငြိမ်းသည်


ရန်ကုန်တာဝန်ခံ ဖြစ်သည်” လို့ သမိုင်းကို လိမ်ညာရေးခဲ့တယ်။ (စာမျက်နှာ ၃၅)။ ကျနော်မှတ်မိသလောက်
ကွန်မြူနစ်တွေ ပြုစုထုတ်ဝေတဲ့ (လွတ်လပ်ရေး ရွှေရတုသဘင်) စာအုပ်မှာလဲ ဤနည်းတူ
ရေးသားခဲ့ကြတယ်။

“ပိုဆိုးတာက ဝင်းတင့်ထွန်းက (စာမျက်နှာ ၃၅ မှာပဲ ) ’’စစ်တိုင်းများ၏ နိုင်ငံရေးမှူးများ ကွန်မြူနစ်ပါတီမှချည်း


ဖြစ်သည်” လို့ လိုရာဆွဲ ကောက်ချက်ချပြန်တယ်။ ဒီတုန်းက သခင်ချစ်ဟာ ပြည်သူ့အရေးတော်ပုံပါတီ
ခေါင်းဆောင်ဖြစ်တယ်။ စစ်ပြီးနောက် ကွန်မြူနစ်ပါတီထောင်မှ ကွန်မြူနစ်ဘက် ပါသွားသူဖြစ်တယ်။ ဒီလို
ရာဇဝင်အချက်အလက်ကို လိမ်ပြီး ကိုယ်လိုရာဆွဲ ကောက်ချက်ချတာ တာဝန်မဲ့ ရေးသားချက်သာဖြစ်တယ်။

“ဝင်းတင့်ထွန်းက ဦးကျော်ငြိမ်းတယောက်ကိုသာ ကွန်မြူနစ်အမျက်၊ ကွန်မြူနစ်အငြိုးနဲ့ ရာဇဝင်အချက်အလက်ကို ပြင်ဆင်တင်ပြခဲ့တာမဟုတ်။ ဖတပလ


(ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး) အဖွဲ့ကြီးကို ဖွဲ့ကြတော့ အဓိက အင်အားဖြစ်တဲ့ ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီနဲ့ ဗမာ့တပ်မတော်
ကိုယ်စားလှယ်ခေါင်းဆောင် ၃ ဦးစီ၊ ပေါင်း ၉ ဦးပါပြီး ဗဟိုဦးစီးအဖွဲ့နဲ့ စတင်ဖွဲ့စည်းခဲ့တာပါ။

“ကွန်မြူနစ်ပါတီမှ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်တင်မြ၊ ပြည်သူ့အရေးတော်ပုံပါတီမှ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ သခင်ချစ်၊ တပ်မတော်မှ - ဗိုလ်ချုပ်အောင်ဆန်း၊
ဗိုလ်လက်ျာ၊ ဗိုလ်နေဝင်းတို့ ဖြစ်ကြပါတယ်။ (သခင်တင်မြရဲ့ ဖက်ဆစ်တော်လှန်ရေး ဌာနချုပ်နှင့် တိုင်း ၁ဝ တိုင်း - စာမျက်နှာ ၄ဝ) ။ ဤအချက်ကို
ရာဇဝင်စိတ်ဝင်စားသူတိုင်း သိကြပါသည်။ သိသင့်ပါသည်။ စာအုပ်ပေါင်းမြောက်မြားစွာတွင် လဲ ဖော်ပြထားပြီး ဖြစ်ပါသည်။ အရေးပါသော ရာဇဝင်
အချက်တချက်ပင် ဖြစ်သည်။

“ဒါပေမဲ့ ဝင်းတင့်ထွန်းဟာ သခင်တင်မြကို ကြည့်မရ၍သော်လည်းကောင်း၊ သခင်ဗဟိန်းကို ကြည်ညိုစိတ်ကြောင့်သော်လည်းကောင်း သခင်တင်မြအစား


သခင်ဗဟိန်းကို ကွန်မြူနစ်ကိုယ်စားလှယ်အဖြစ် ပြောင်းပစ်ခဲ့ပါတယ်။ (ဝင်းတင့်ထွန်း စာအုပ်စာမျက်နှာ ၃၂ ကို ကြည့်ပါ။) ဒီလို ရာဇဝင်ကို ရေးရာမှာ
ကိုယ်ဖြစ်ချင်ရာကို တကယ့်အဖြစ်မှန်နဲ့ အစားထိုးလို့ မရသလို၊ လိုရာကို ဖြစ်သလို မရေးကောင်းပါ။”

အထက်ပါအတိုင်း ရေးသားထားပါတယ်။ အဲဒီတော့ ချုပ်လိုက်ရင် ဘိုဘိုကျော်ငြိမ်း ကျနော့်စာအုပ် ‘အမှောင်ကြားက ဗမာပြည်’ ကို ဖော်ပြပြီး ကျနော့်အပေါ်
ရေးသားထားချက်မှာ အဓိကအားဖြင့် ၃ ချက် ရှိပါတယ်။

ပထမအချက်က - ဖက်ဆစ်တော်လှန်ရေးအတွက် စစ်တိုင်းတွေခွဲဝေပြီး စစ်တိုင်းမှူး၊ နိုင်ငံရေးမှူးတွေ ခွဲဝေတာဝန်ချထား သတ်မှတ်ရာမှာ တိုင်း ၆ မှာ ဗိုလ်ရဲထွဋ်က
စစ်တိုင်းမှူး၊ ဦးကျော်ငြိမ်းက နိုင်ငံရေးမှူးဆိုတာ သခင်တင်မြရဲ့ စာအုပ်ကြီးထဲမှာ ပါပါလျက်နဲ့ ‘ဦးဗဆွေ၊ ဦးကျော်ငြိမ်းသည် ရန်ကုန်တာဝန်ခံ ဖြစ်သည်’ လို့
ဖေါ်ပြထားချက်။
ဒုတိယအချက်က - ‘စစ်တိုင်းများရဲ့ နိုင်ငံရေးမှူးများ ကွန်မြူနစ်ပါတီမှချည်း ဖြစ်သည်’ လို့ လိုရာဆွဲ ကောက်ချက်ချထားချက်။

တတိယအချက်က - ဖက်ဆစ်တိုက်ဖျက်ရေးအတွက် ဗဟိုဦးစီးအဖွဲ့ဝင် ၉ ဦး ဖွဲ့ရာမှာ သခင်တင်မြအစား သခင်ဗဟိန်းကို ပြောင်းလဲထည့်သွင်း ရေးသားထားချက်။


သခင်တင်မြကို ကြည့်မရ၍သော်လည်းကောင်း၊ သခင်ဗဟိန်းကို ကြည်ညိုစိတ်ကြောင့်သော်လည်းကောင်း ပြောင်းပစ်ရေးသားတာဟာ လိုရာကို ဖြစ်သလို
ရေးသားထားချက်တို့ပဲ ဖြစ်ပါတယ်။

ကျနော် ဘာလို့ ဒီလို ရေးခဲ့သလဲ။

ဘိုဘိုကျော်ငြိမ်း စွပ်စွဲထားသလို လိုရာဆွဲ ကောက်ချက်နဲ့ အကိုးအကားမဲ့၊ အထောက်အထားမဲ့၊ တာဝန်မဲ့ ရေးထားတာလား။

တချက်ချင်း ကျနော် ပြန်လည်တုံ့ပြန်သွားပါ့မယ်။ အဲဒီလို မတုံ့ပြန်ခင်မှာ ‘အမှောင်ကြားက ဗမာပြည်’ စာအုပ်နဲ့ပတ်သက်ပြီး အနည်းငယ်ပြောမှ ဖြစ်မှာကတော့
‘အမှောင်ကြားက ဗမာပြည်’ စာအုပ်ဟာ ဗမာပြည် လွတ်လပ်ရေး ကြေညာနိုင်တဲ့ ၁၉၄၈ မှ ၂ဝဝဝ ပြည့်နှစ်အထိကို အတတ်နိုင်ဆုံး အကျဉ်းရုံး ဖော်ပြထားတဲ့
စာအုပ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ‘အမှောင်ကြားက ဗမာပြည်’ ဆိုတဲ့ အမည်ကို ပေးထားရုံမက (အနီးခေတ် ဗမာပြည် နိုင်ငံရေးလှုပ်ရှားမှု သမိုင်းအကျဉ်း ၁၉၄၈ -
၂ဝဝဝ) လို့လဲ ဖော်ပြထားခဲ့ပါတယ်။ ဆိုလိုတာက ၁၉၄၈ ကနေ ၂ဝဝဝ အတွင်း အနီးခေတ် နိုင်ငံရေးလှုပ်ရှားမှုသမိုင်းကိုပဲ အကျဉ်းရုံးဖော်ပြသွားဖို့
ဇောင်းပေးရေးသားထားတာ ဖြစ်ပါတယ်။

အဲဒီမှာ ၁၉၄၈ ကို စပြီး ဖွင့်မယ်ဆိုရင်ကိုပဲ လွတ်လပ်ရေးနဲ့ ဖွားဘက်တော်လို ဖြစ်ခဲ့ရတဲ့ ‘ပြည်တွင်းစစ်’ ကို ဖော်ကျူးရေးရပါတော့မယ်။ ပြည်တွင်းစစ်ကို
ဘယ်သူစသလဲ၊ ဘာ့ကြောင့် ပြည်တွင်းစစ် ဖြစ်ခဲ့ရသလဲ ဆိုတာတွေကို ဖော်ပြရာမှာ အဖြစ်အပျက်တွေဟာ ရှောင်တခင် ဖြစ်ပေါ်လာကြတာမဟုတ်၊
အကြောင်းရင်းခံတွေ ရှိကြတယ်။ အဲဒီအကြောင်းရင်းခံတွေကို သိမြင်နိုင်ဖို့၊ သမိုင်းနောက်ခံကားချပ်တွေနဲ့ ယှဉ်တွဲဆက်စပ်ကြည့်ဖို့ လိုတယ်ဆိုပြီး ၁၉၄၈ မတိုင်ခင်
၁ဝ နှစ်တာလောက်အကြောင်း နောက်ခံကားချပ်ကို မလွှဲမရှောင်သာ ဖော်ပြခဲ့ရပါတယ်။ ၁၉၄၈-၂ဝဝဝ နိုင်ငံရေးလှုပ်ရှားမှုသမိုင်း တခုလုံးကိုတောင် အကျဉ်းပဲ
ရေးခဲ့ရာမှာ အဲဒီရဲ့ အဦးအစ နောက်ခံကားချပ် ၁ဝ နှစ်ကို အကျဉ်းရဲ့ အကျဉ်းသဖွယ် ချုပ်ပြီး ရေးခဲ့ရတာ ဖြစ်ပါတယ်။

အခု ဘိုဘိုကျော်ငြိမ်းရဲ့ ကျနော်နဲ့ ပတ်သက်ပြီး ရေးသားထားချက်များဟာ အဲဒီအကျဉ်းထဲက ‘ဖက်ဆစ်တော်လှန်ရေး’ နဲ့ ပတ်သက်တဲ့ ကဏ္ဍထဲက
အချက် ၃ ချက်ပဲ ဖြစ်ပါတယ်။ အကျဉ်းရဲ့ အကျဉ်းထဲကမှ တခန်းတကဏ္ဍပါ အချက် ၃ ချက်ပဲ ဖြစ်ပါတယ်။ ကျနော် အကျဉ်းဆုံး အကျဉ်းရုံး
ဖော်ပြထားချက်တွေထဲက အတိုချုပ်ပြီး ရေးထားတာ ဖြစ်ပေမယ့် တချက်ချင်း ကျနော် ပြန်လည်ရှင်းလင်းသွားပါ့မယ်။
ွ
ပထမဆုံးအချက်၊ ဖက်ဆစ်တော်လှန်ရေးအတွက် တိုင်း ၆ မှာ ဗိုလ်ရဲထွဋ်က စစ်တိုင်းမှူး၊ နိုင်ငံရေးမှူးက ဦးကျော်ငြိမ်း လို့ သခင်တင်မြရဲ့
ဖက်ဆစ်တော်လှန်ရေး ဌာနချုပ်နှင့် တိုင်း ၁ဝ တိုင်းမှာ ဖော်ပြထားပါလျက်နဲ့ ကျနော်က ‘ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းက ရန်ကုန်တာဝန်ခံ ဖြစ်ပါတယ်’ လို့ ဘာကြောင့်
ရေးသားဖော်ပြခဲ့တာလဲ။

ကျနော်က အမှန်ကိုပဲ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဦးကျော်ငြိမ်းဟာ စာရင်းထဲသာ ပါခဲ့ပြီး အမှန်က ဖက်ဆစ်တော်လှန်ရေးအတွင်း ဘယ်စစ်တိုင်းကိုမှ မသွားခဲ့လို့ပါပဲ။
ဘိုဘိုကျော်ငြိမ်းက သခင်တင်မြရဲ့ စာအုပ်ကို ကိုးကားပြခဲ့ပြီး ကျနော်က သခင်တင်မြစာအုပ်ကို မကိုးကားခဲ့ပါဘူး။ ဖက်ဆစ်တော်လှန်ရေးမှာ ရှေ့တန်းက
ပါဝင်တိုက်ခိုက်ခဲ့ဖူးတဲ့ ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ရေးသားဖော်ပြချက်တွေကို အဓိကထား ကိုးကားခဲ့ပါတယ်။

ဗိုလ်မှူးချုပ်ကျော်ဇောက - “ဦးကျော်ငြိမ်းမှာ ဖက်ဆစ်ဂျပန် တော်လှန်ရေးတွင် ဘယ်စစ်တိုင်း ဘယ်နေရာကိုမှ တာဝန်မယူခဲ့၊ ပထမ တိုင်း ၄ နိုင်ငံရေးမှူးတာဝန်
လျာထားရာကိုလည်း မသွား၊ နောက် တိုင်း ၆ နိုင်ငံရေးမှူး တာဝန်ကိုလည်း သွားမယူဘဲ တနေရာ လုံခြုံရာတွင် မိမိဘာသာ ပုန်းခိုနေပြီး ရန်ကုန်မှ ဂျပန်တပ်များ
ဆုတ်ခွာပြီးတော့မှ ရန်ကုန်တိုင်း ကိုဗဆွေထံ သွားပူးပေါင်းနေခဲ့သည်။’’ လို့ ဖော်ပြခဲ့တာ ရှိပါတယ်။ မှတ်ချက် ၂ ဆိုပြီး ဖော်ပြရာမှာ တိုင်း ၆ တာဝန်ကျသော
ဦးကျော်ငြိမ်းကို တိုင်း ၆ မပို့တော့ပဲ ရန်ကုန်တွင် ကိုဗဆွေနှင့် တွဲဖက်တာဝန်ပေးသည်လို့လည်း ရေးထားတာ ရှိပါတယ်။ (ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောရဲ့
ကိုယ်တိုင်ရေး အတ္တုပ္ပတ္တိ - စာမျက်နှာ ၈ဝ) ကို ကြည့်နိုင်ပါတယ်။ အဲဒီလို အချက်အလက်တွေကြောင့် ကျနော်က ‘ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းက ရန်ကုန်တာဝန်ခံ
ဖြစ်ပါတယ်လို့ ရေးတာပါ။ ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ဖော်ပြထားချက်၊ မှတ်ချက် ၄ မှာဆိုလျှင် - ၁၉၅၂ ခုနှစ်က အင်္ဂလန် လန်ဒန်မြို့မှာ လှည့်လည်လေ့လာရေး
အဖွဲ့အဖြစ်နဲ့ အတူခရီးသွားရစဉ် ကျနော် (ဗိုလ်ကျော်ဇော) ဦးစီးတဲ့ တိုင်း ၄ ကို ဦးကျော်ငြိမ်း ပထမနိုင်ငံရေးမှူး တာဝန်ကျတာကို ဘာ့ကြောင့် မလာသလဲ-လို့
မေးကြည့်ရာမှာ ဦးကျော်ငြိမ်းက ခင်ဗျားကြီးကို ကြောက်လို့မလာတာလို့ ခပ်ပြောင်ပြောင်ပဲ ဖြေခဲ့ဖူးတယ် ဆိုတာတောင် ရေးသားထားပါတယ်။

‘အဓိပ္ပာယ်မှာ ကျနော်တို့က ဂျပန်ကို ဖိတိုက်ရင် ဂျပန်က ကျနော်တို့ကို ပြန်တိုက်မည်။ ထိုဒဏ်ကို သူမခံနိုင်လို့ မလာသည့်သဘော ဖြစ်သည်။
ဦးကျော်ငြိမ်းမှာ အနာမခံလိုသော နိုင်ငံရေး အချောင်သမားကြီးဖြစ်သည်ကို သိနိုင်ပေသည်။’ လို့တောင် ရှင်းရှင်းလင်းလင်း ဖော်ပြထားတာ ရှိပါတယ်။ အဲဒီ
ွ
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ ကိုယ်တိုင်ရေး အတ္တုပ္ပတ္တိ - စာမျက်နှာ - ၈၁) ထဲမှာပဲ တဆက်တစပ်ထဲ ဖတ်ရှုကြည့်နိုင်ပါတယ်။

အမုန်းကိုသာ အဓိကထား ရေးရမယ်ဆိုရင် အဲဒီလို အချက်အလက်တွေကိုပါ ကျနော် ရှာဖွေရေးထည့်လိုက်မှာ ဖြစ်ပါတယ်။ အခု ကျနော်အတိုချုပ်ပဲ
ရေးပြခဲ့တာ ဖြစ်ပါတယ်။

ဒုတိယအချက်၊ ‘စစ်တိုင်းများရဲ့ နိုင်ငံရေးမှူးများက ကွန်မြူနစ်ပါတီမှချည်း ဖြစ်သည်’ လို့ ရေးသားချက်၊ လိုရာဆွဲ ကောက်ချက်ချထားချက် - ဆိုတာနဲ့
ပတ်သက်ပြီးလဲ ကျနော် ရှင်းနိုင်ပါတယ်။ သေသေချာချာ ပြန်စဉ်းစားကြည့်စေချင်ပါတယ်။

ကျနော် အတိုချုပ်ပြီး ရေးခဲ့တာအမှန်က အဲဒီစာမျက်နှာ ၃၅ မှာ - ‘စစ်တိုင်းများရဲ့ နိုင်ငံရေး ခေါင်းဆောင်တွေဟာ ဗမာပြည် ကွန်မြူနစ်ပါတီကချည်းဖြစ်ပြီး
စစ်ရေးခေါင်းဆောင်တွေဟာ ဗမာ့တပ်မတော်ကချည်း ဖြစ်ပါတယ်။ တိုင်းအလိုက် နိုင်ငံရေး ခေါင်းဆောင်တွေဟာ သခင်စိုး၊ သခင်ဗဟိန်း၊ သခင်ချစ်၊
သခင်ဗသိန်းတင်၊ သခင်တင်ထွန်း၊ သခင်တင်မြ၊ ကိုစံညွန့်၊ စစ်ရေးခေါင်းဆောင်တွေက ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်မောင်မောင်၊ ဗိုလ်စောကြာဒိုး၊ ဗိုလ်နေဝင်း၊
ဗိုလ်ကျော်ဇော၊ ဗိုလ်တင်ထွန်း၊ ဗိုလ်ရဲထွဋ်၊ ဗိုလ်မှူးအောင်၊ ဗိုလ်မှူးဗထူး၊ ဗိုလ်ခင်ညိုတို့ ဖြစ်ပြီး တိုင်း ၂ - တိုင်း ၄ ဆက်သွယ်ရေး တာဝန်ခံက ဗိုလ်လက်ျာ
ဖြစ်ပါတယ်လို့ ရေးခဲ့တာပါ။ အဲဒီတော့ အဲဒီနိုင်ငံရေးမှူးတွေကို ပြန်ကြည့်လိုက်ပါ။

အကုန်လုံးဟာ သခင်ချစ်ကလွဲပြီး အဲဒီတုန်းက ကွန်မြူနစ်ပါတီကချည်း မဟုတ်လား။ ဘိုဘိုကျော်ငြိမ်းက ကပ်လုံးထောက်လုံးအဖြစ် ထောက်ပြချင်တဲ့ သခင်ချစ်


ကိုယ်တိုင်ပင်လျှင် ပြန်ကြည့်ပါ။ အဲဒီလို တာဝန်ခွဲကြတဲ့ မတ်လဆန်းကအထိပဲ ‘ပြည်သူ့အရေးတော်ပုံပါတီ’ ဆိုင်းဘုတ်နဲ့ ဖြစ်နေပြီး မေလဆန်း
ကွန်မြူနစ်ပါတီဌာနချုပ် ဗားကရာမှာ ဖွင့်လိုက်ပြီးတဲ့နောက်ပိုင်း ကွန်မြူနစ်ပါတီဝင်အဖြစ် အတိအလင်း ပြောင်းလဲဖော်ပြလိုက်တယ် မဟုတ်လား။ သေတဲ့အထိလဲ
ကွန်မြူနစ်ကြီးအဖြစ် ပြတ်ပြတ်သားသား ဖော်ပြသွားခဲ့ပြီး တပါတီလုံးရဲ့ အတွင်းရေးမှူးကြီးအဖြစ်နဲ့တောင် ရပ်တည်သွားခဲ့တယ် မဟုတ်လား။

ဒါကြောင့် အတိုချုပ်အဖြစ် ကွန်မြူနစ်ပါတီကချည်းလို့ ဖော်ပြခဲ့မိတာဟာ ဘိုဘိုကျော်ငြိမ်း ပြောသလို ကြီးကျယ်တဲ့ လိုရာဆွဲ ကောက်ချက်ကြီးပါလား။


နိုင်ငံရေးမှူးတွေထဲမှာ ဦးကျော်ငြိမ်းက ဘယ်မှမသွား၊ သခင်ချစ်ကလွဲလို့ ကျန်နိုင်ငံရေးမှူးတွေ အားလုံး ကွန်မြူနစ်တွေချည်း ဖြစ်နေတော့ (သခင်ချစ်တောင်
မကြာမတင်အတွင်း ကွန်မြူနစ်အဖြစ် တိတိလင်းလင်း ခံယူလိုက်တော့) ဒါ အတော်ကြီးကျယ်တဲ့ လိုရာဆွဲ ကောက်ချက်ကြီးဆိုတာ ဖြစ်နိုင်ပါ့မလား။
တတိယအချက်၊ ဖတပလ ဗဟိုဦးစီးအဖွဲ့ ၉ ဦးမှာ သခင်တင်မြအစား သခင်ဗဟိန်းကို ကွန်မြူနစ် ကိုယ်စားလှယ်အဖြစ် ပြောင်းပစ်တယ်ဆိုတဲ့ အချက်။

ဝင်းတင့်ထွန်းဟာ သခင်တင်မြကို ကြည့်မရ၍သော်လည်းကောင်း၊ သခင်ဗဟိန်းကို ကြည်ညိုစိတ်ကြောင့်သော်လည်းကောင်း၊ သခင်တင်မြအစား သခင်ဗဟိန်းကို


အစားထိုးပြောင်းပစ်ခဲ့တယ် ဆိုတဲ့ကိစ္စကိုလဲ ကျနော် ရှင်းနိုင်ပါတယ်။ ဘိုဘိုကျော်ငြိမ်းက သူ့အတ္တနောမတိနဲ့ ကိုက်ညီနေတဲ့ သခင်တင်မြရဲ့ ‘တိုင်းကြီး ၁ဝ တိုင်း’
ကိုပဲ ကိုင်ပြီး တဖက်သတ် ပြောဆိုနေတာ ဖြစ်တယ်။ ဟုတ်ပါတယ် - ကျနော် သခင်ဗဟိန်းကို ကြည်ညိုတယ်ဆိုတာ၊ သခင်တင်မြကို ကြည့်မရဘူး
မကြိုက်ဘူးဆိုတာ အမှန်ပါပဲ။ ဦးကျော်ငြိမ်းကိုလဲ ကျနော် မကြိုက်တာ အမှန်ပါပဲ။

ဒါပေမဲ့ အဲဒီလိုကြောင့် အဲဒီအချက်တွေကို ကိုင်စွဲပြီး ရေးခဲ့တာ မဟုတ်ဘူး။ သခင်တင်မြစာအုပ်ကိုလဲ ကျနော် မကိုးကားခဲ့ပါဘူး။ ကျနော် ကိုးကားခဲ့တဲ့
‘ကျမ်းကိုးစာရင်း’ ကို စာအုပ်ထဲမှာ ဖော်ပြရာမှာ သခင်တင်မြရဲ့ အဲဒီတိုင်းကြီး ၁ဝ တိုင်း မပါပါဘူး။ အဲဒီအချက်နဲ့ ပတ်သက်ပြီး ကျနော် ကိုးကားခဲ့တာက
သခင်ကြီးတွေ စုစုပေါင်း ရာဂဏန်းလောက် ပါဝင်ပြီး အဆင့်ဆင့်သော ကော်မီတီတွေဖွဲ့ပြီး အထပ်ထပ် ရေးခဲ့ကြတဲ့ ‘တို့ဗမာအစည်းအရုံးသမိုင်း ပြုစုရေးအဖွဲ့’ က
ပြုစုထုတ်ဝေခဲ့တဲ့ ‘တို့ဗမာအစည်းအရုံး သမိုင်း’ ပါ အချက်အလက်အရ ရေးခဲ့တာပါ။ အဲဒီ တို့ဗမာအစည်းအရုံး သမိုင်းကြီးဟာ ပထမတွဲ၊ ဒုတိယတွဲ နှစ်တွဲရှိပါတယ်။

၁၉၇၆ က ထုတ်ဝေခဲ့ပါတယ်။ အဲဒီတုန်းက ဦးကျော်ငြိမ်းလဲ မသေသေးပါဘူး။ ဦးသိန်းဖေမြင့်လဲ ရှိနေသေးရုံမက အဲဒီ သမိုင်းပြုစုရေးအဖွဲ့ထဲက တနေရာမှာ
ပါပါတယ်။ အခု လက်ရှိ ဝါရင့်နိုင်ငံရေးသမားကြီးများ အဖွဲ့က သခင်သိန်းဖေ၊ သခင်သိန်းမောင်ကြီးတို့သာမက ဖက်ဆစ်တော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့
သခင်ကြီးတွေလဲ တော်တော်ပါပါတယ်။ အဲဒီ ‘တို့ဗမာအစည်းအရုံးသမိုင်း’ ဒုတိယတွဲ စာမျက်နှာ ၅၈ဝ မှာ ‘မြေအောက် ဖက်ဆစ်တိုက်ဖျက်ရေး
တပ်ပေါင်းစုကြီး ဖွဲ့စည်းခြင်း’ ဆိုတဲ့ အခန်းမှာ ဟောဒီလို ရေးထားပါတယ်။ -

‘ပထမဆုံး လျှို့ဝှက်တပ်ပေါင်းစု အဖွဲ့ချုပ်ကြီးတွင် ဗမာ့တပ်မတော်၊ ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံ ပါတီတို့မှ ကိုယ်စားလှယ် ၃ ဦးစီ ပါဝင်ကြသည်။
ပထမဆုံး ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ် ခေါင်းဆောင်များမှာ - ၁။ ဗိုလ်ချုပ်အောင်ဆန်း၊ ၂။ ဗိုလ်လက်ျာ၊ ၃။ ဗိုလ်နေဝင်း၊ ၄။ သခင်စိုး၊ ၅။
သခင်ဗဟိန်း၊ ၆။ သခင်သန်းထွန်း၊ ၇။ ကိုကျော်ငြိမ်း၊ ၈။ ကိုဗဆွေ၊ ၉။ သခင်ချစ်တို့ ဖြစ်ကြသည်။’ တဲ့။ အဲဒီတုန်းက သခင်တင်မြတို့လဲ မဆလမှာလား
ဘယ်မှာလဲမသိ၊ နေရာကောင်းကောင်းရပြီး အပြင်မှာ ရှိနေတဲ့ အချိန်လို့ ပြောရမှာပါ။ ၁၉၇၆ မှာ ပထမအကြိမ် သောင်းနဲ့ချီ ထုတ်ဝေခဲ့ရာမှာ အချက်အလက်
မှားနေတယ်လို့ ပြောသံထွက်လာတာ မကြားခဲ့ရဖူးပါဘူး။

ဒါကြောင့် သခင်တင်မြတယောက်ထဲ ရေးတာထက် သခင်တွေ ရာနဲ့ချီ ရေးထားတဲ့ အဲဒီစာအုပ်ပါ အချက်အလက်ကို ကျနော် ကိုးကားခဲ့တာ ဖြစ်သလို
အဲဒီအချက်နဲ့ ပတ်သက်ပြီး နောက်ထပ် ကိုးကားမိခဲ့တဲ့ အထောက်အထား စာအုပ်တအုပ်လဲ ရှိပါသေးတယ်။ တက္ကသိုလ်များသမိုင်း သုတေသနဌာနက
ဒုတိယညွှန်ကြားရေးမှူး ဦးမြဟန်ရဲ့ ‘ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်’ စာအုပ်ပါ။ ၁၉၈၁ က ပထမအကြိမ်အဖြစ် ထုတ်ဝေပြီး ၁၉၉၉ မှာ တတိယအကြိမ်
ထပ်ထုတ်ပါတယ်။ ဒေါက်တာသန်းထွန်းတို့ အမှာရေးထားကြတဲ့ စာအုပ်ပါ။ အဲဒီ ‘မြဟန်’ ရဲ့ ‘ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓာန်’ စာမျက်နှာ ၁ဝ၄ မှာ ‘ဖတပလ
ဗဟိုဦးစီးအဖွဲ့ဝင်များ’ ဆိုတဲ့ ခေါင်းစည်းနဲ့ သီးသန့်ဖော်ပြထားရာမှာ ဟောဒီလို ရေးထားပါတယ်။

ဖတပလ ဗဟိုဦးစီးအဖွဲ့ဝင် ၉ ဦး - ၁။ သခင်စိုး၊ ၂။ ဗိုလ်ချုပ်အောင်ဆန်း၊ ၃။ သခင်သန်းထွန်း၊ ၄။ ကိုဗဟိန်း၊ ၅။ ဗိုလ်လက်ျာ၊ ၆။ ဗိုလ်နေဝင်း၊ ၇။ သခင်ချစ်၊ ၈။


ကိုဗဆွေ၊ ၉။ ကိုကျော်ငြိမ်း ဆိုပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီစာအုပ် ၂ အုပ်ပါ အချက်အလက်ကို အထောက်အထား ပြုပြီး ကျနော့်ရဲ့ ‘အမှောင်ကြားက ဗမာပြည်’
စာအုပ်မှာ အဲဒီလို ရေးသားခဲ့ခြင်း ဖြစ်ပါတယ်။ ဘိုဘိုကျော်ငြိမ်း ထင်သလို သခင်တင်မြကို ကြည့်မရလို့ မလိုတမာ ပြောင်းလဲရေးသားခြင်း မဟုတ်ပါ။ အဲဒီစာအုပ် ၂
အုပ်ကိုလဲ ဘိုဘိုကျော်ငြိမ်း ရှာဖွေတိုက်ဆိုင် ဖတ်ရှုကြည့်ဖို့ လိုပါလိမ့်မယ်။

သမိုင်းကို ရေးကြတဲ့အခါမှာ၊ သမိုင်းမှာ ဖြစ်ခဲ့ပျက်ခဲ့တဲ့ အရာကိစ္စတွေဟာ များသောအားဖြင့် ကျနော်တို့မမီ မတွေ့လိုက်ရဖူးတဲ့ ကိစ္စတွေ ဖြစ်တဲ့အတွက်
အကိုးအကားပြု ရေးသားကြတဲ့အခါမှာ ကွဲလွဲမှုတွေ ဖြစ်တတ်ပါတယ်။ ကျနော့်စာအုပ်မှာ ကျနော်မှီငြမ်းကိုးကားခဲ့တဲ့ ‘ကျမ်းကိုး’ စာရင်းကိုလဲ ဖော်ပြထားပြီး
ဖြစ်ပါတယ်။ အမှာစာမှာလဲ ‘ချွတ်ယွင်းမှု၊ တိမ်းစောင်းမှု၊ လစ်ဟာလိုအပ်မှုများအပေါ် ဝေဖန်အကြံပေးကြမှု မှန်သမျှ လေးစားစွာ ကြိုဆိုရင်း နောင် ပိုမိုပြည့်စုံအောင်
ကြိုးပမ်းဖြည့်ဆည်းသွားပါ့မယ်’ လို့ ရိုးရိုးသားသား ပန်ကြားထားခဲ့ပြီး ဖြစ်ပါတယ်။

သမိုင်းဆိုတာ ညာလို့ မရသလို၊ ညှာလို့လဲ မရပါဘူး။ ဒီအချိန်မှာ အဓိကပစ်ကွင်း မှေးမှိန်သွားစေနိုင်မယ့် အငြင်းအခုန်မျိုးတွေ မလုပ်ချင်ပါ။ ဒါလောက်ဆိုရင်
လုံလောက်ပြီလို့ ထင်ပါတယ်။
ဘာကြောင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်က အောင်ပွဲ ခံနိုင်ခဲ့ကြတာလဲ?
ဘိုဘိုကျော်ငြိမ်း | သောကြာနေ့၊ ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၅၉ မိနစ်

ကျနော်တို့ ဗမာလူမျိုးတွေဟာ သူရဲကောင်း ကိုးကွယ်ချင်တဲ့ စိတ်ရှိကြတယ်။ ဒါကြောင့်သူရဲကောင်းမျှော်တဲ့ (မင်း)လောင်းမျှော်တဲ့ အကျင့်ကလေးဟာလဲ


တွယ်ကပ်ပါလာကြပြန်တယ်။ ဒီ (စိတ)် ဒီအကျင့်စရိုက်တွေကြောင့် လူအများဟာ ကိုယ့်အားကိုယ်ကိုးချင်တဲ့ စိတ်တွေနည်းပါးလာကြပြီး စကြာဝတေးမင်း
မြင်းပျံကြီးစီးပြီး လာကယ်မယ့်နေ့ကိုပဲ စိတ်ကူးယဉ်နေကြတယ်လို့ ခံစားရမိတယ်။

ဒါကြောင့် ဒေါ်စုမွေးနေ့ရောက်ရင် ကမ္ဘာတဝှမ်း ဧည့်သည်တော်ကြီးတွေကိုဖိတ်၊ ထမင်းစားပွဲကြီးတွေ ကျင်းပကြ၊ ဓာတ်ပုံစုံစုံ ရိုက်ပြီး အင်တာနက်ပေါ်


အပြိုင်အဆိုင် တင်ကြ၊ အန်တီစု ..အမေစုရဲ့… ဆိုပြီး ငိုကြယိုကြ၊ ကဗျာတွေသီကုံးဖွဲ့ဆိုကြပေါ့။ အဲ အာဇာနည်နေ့ ရောက်ပြန်ရင်တခါ ဗိုလ်ချုပ်ကို
လွမ်းကြပြန်ရော။ အို…..ဖခင်ဗိုလ်ချုပ်ရဲ့… အာဇာနည်ကြီးရဲ့ …. ကယ်တင်ရှင်ကြီးရဲ့….. ဆိုပြီး တခါ ငိုကြ..ယိုကြ..တမ်းတ ကြပြန်ရော။ အဲပြီးသွားရင်
ကိုယ်အိမ်ကိုယ်ပြန်ကြပြီး ကိုယ့်ဘဝ ကိုယ်လျှောက်ကြ၊ ကြုံရင် ကြည့်မရတဲ့သူ ကိုခလုတ်တိုက်သွားကြ၊ ဒါမှမဟုတ် နာမည်ရအောင် စစ်တပ်နဲ့ စစ်ဗိုလ်ချုပ်တွေကို
အင်တာနက်ပေါ် တက်ဆဲလိုက်ကြနဲ့ တနှစ်ကုန်သွားပြန်ပေါ့။ စစ်အာဏာရှင် စံနစ်က လွတ်မြောက်အောင် (ငါ) တို့ဘာလုပ်ရမယ်၊ ဘာတွေလိုအပ်တယ်၊
ဘာတွေပြင်ဆင်ရမယ်၊ ဘယ်လိုရင်ဆိုင်မယ်၊ ဘယ်လိုဗျူဟာနဲ့ အနိုင်တိုက်မယ် ဆိုတာ တွေကို စိတ်မဝင်စားကြဘူး။

ဒေါ်စု အိမ်တွင်း အထိန်းသိမ်းခံဘဝက လွတ်မြောက်တဲ့နေ့ရယ်၊ နောက်တနေ့ လူထုနဲ့ တွေ့ဆုံတဲ့နေ့မှာ လူထုက Objective


သောင်းသောင်းဖြဖြ ကြိုဆိုတာဟာ လူထုရဲ့ အသည်းကြားမှာ ဒေါ်စုရှိနေသေးတယ် ဆိုတာကို ပြလိုက်တာပဲ။
Analysisွ
မျက်ရည်ကျလောက်အောင် အားရစရာ ကောင်းလှပါတယ်။ ဒေါ်စုရဲ့ ဖခင် ကျုပ်တို့ ဗိုလ်ချုပ် ရွှေတိဂုံမှာ
မိန့်ခွန်းခြွေတဲ့နေ့နဲ့ နေသူရိန် အစည်းအဝေးပွဲတွေကို ပြေးသတိရမိတယ်။ လူထုထောက်ခံမှုရတာဟာ ပထမအပိုင်းပဲ
ရှိပါသေးတယ်၊ ဒုတိယအပိုင်းက ဒီထောက်ခံမှုကို အခြေခံ (အား)ယူပြီး ဒုတိယ လွတ်လပ်ရေးကို ဆွတ်ခူးနိုင်ဖို့ကျန်သေးတယ်။ ဒေါ်စုကိုယ်တိုင်က
အားလုံးပါဝင်ကြရမယ် ကျမတယောက်ထဲနဲ့မဖြစ်ဖူးလို့ ဆိုခဲ့ပြီ။ တွေးတတ်ရင် အလုံးစုံကို ဒေါ်စုပုခုံးပေါ် ဝိုင်းတင်ကြတာ မတရားပါဘူး။ သမ္မတကနေဒီ ပြောခဲ့တဲ့
နာမည်ကြီး စကားစု ရှိပါတယ်။ “တိုင်းပြည်ကငါ့အတွက် ဘာလုပ်ပေးနိုင်သလဲဆိုတာကိုမမေးပါနဲ့၊ ငါကတိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်သလဲ ဆိုတာကိုသာ
မေးပါတဲ့”။ မှတ်သားစရာလေးပါ။

ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်ကို လွတ်လပ်ရေးရအောင် ဦးဆောင်နိုင်ခဲ့တဲ့ လွတ်လပ်ရေး ဖခင်ဖြစ်တာကြောင့် လေးစားတာ ချစ်ခင်တာ သဘာဝကျပါတယ်။


ဗိုလ်ချုပ်အောင်ဆန်းဟာ လွတ်လပ်ရေးကို ရအောင် ဦးဆောင် တိုက်ယူနိုင်ခဲ့တဲ့ မျိုးချစ်ခေါင်းဆောင် လွတ်လပ်ရေး ဗိသုကာ နိုင်ငံ့သူရဲကောင်းဆိုတာ ဘယ်သူမှ
မငြင်းနိုင်တဲ့ အချက်ပါ။ ဗိုလ်ချုပ်အောင်ဆန်းဟာ သူရဲကောင်းအပြင် တခေတ်မှာ တယောက်သာ ပေါ်ပေါက်တတ်တဲ့ တကယ့် လူတော်လူကောင်း ထူးခြားတဲ့
ခေါင်းဆောင်ကောင်းတဦးဖြစ်ပြန်တယ်။

လောကမှာ အကျိုးတရားနဲ့ အကြောင်းတရား ဆိုတာ ဒွန်တွဲနေတာပဲ မဟုတ်ပါလား။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့တဲ့ ဖဆပလ အဖွဲ့ကြီး
အင်္ဂလိပ်လက်က လွတ်လပ်ရေးကို ရအောင် တိုက်နိုင်ခဲ့တဲ့ (အကျိုးတရား) အနောက်မှာ (အကြောင်းတရား)တွေ အများကြီးရှိသလို ဗိုလ်ချုပ်တို့ဆီက အတုယူစရာ
အကျင့်အကြံ အရည်အချင်းနဲ့ ဗိုလ်ချုပ်ရဲ့ ခေါင်းဆောင်မှု - (စံ) နဲ့ စနစ် - နည်းပရိယာယ် - အမြောက်အမြားရှိပါတယ်။

ကျနော်တို့ ဗမာလူမျိုးအများစုဟာ သူရဲကောင်း ကိုးကွယ်ချင်တဲ့ အကျင့်ကြောင့် ပုဂ္ဂိုလ်ရေး ချီးကျူးတေး တွေကိုသာ ဖွဲ့ဆိုကျုးရင့်လိုကြတယ်။ အတွင်းကျကျ
ဆည်းပူးပြီး လေ့လာသုံးသပ်မှု Analysis မှာ အားနည်းတာကို ဉာဏ်ရှိသူတွေ သတိပြုမိကြမှာပါ။ ဒါကြောင့် ခေတ်သစ် နိုင်ငံရေး စာရေးသူ အများစုကို
လေ့လာကြည့်ရင် Objective Analysis လို့ခေါ်ရမယ့် ဓမ္မဒိဋ္ဌာန်ကျကျ သုံးသပ်မှုဟာ ရှားပါးလှ တယ်လို့ထင်မိပြန်တယ်။

ဗိုလ်ချုပ်တို့ ခေတ်က မျိုးချစ်တော်လှန်ရေးသမားတွေ ဘာကြောင့် လွတ်လပ်ရေးကို အနိုင်တိုက်နိုင်ခဲ့ကြသလဲ ဆိုတာကို လေ့လာသုံးသပ်ပြီး ဗိုလ်ချုပ်တို့ရဲ့


တိုက်နည်း တိုက်ဟန် တိုက်ကွက် နည်းဗျူဟာ မဟာဗျူဟာတွေကို လေ့လာ သဘောပေါက်ပြီး အတုယူ နိုင်မှ ဗိုလ်ချုပ်တို့ခေတ်ကလို အောင်ပွဲခံနိုင်လိမ့်မယ် လို့
ထင်မြင် ယုံကြည်တာကြောင့် ဒီဆောင်းပါးကို ရေးရတာပါ။

ဗိုလ်ချုပ်အောင်ဆန်းဟာ အချိန် (Time) နဲ့ယှဉ်ပြီး မှတ်ကျောက်အတင်ခံနိုင်တဲ့ စစ်မှန်တဲ့ ခေါင်းဆောင် ဆိုတာကို အရင် အသိအမှတ်ပြုပါရစေ။

ကျနော်ဘာကို ဆိုလိုတာဘာလဲ။

ဥပမာ မော်စီတုံး ဟာ အသက်ရှိစဉ် ကာလမှာ တရုတ်ပြည်ကြီးမှာ ဘုရားတဆူတမျှ တန်ခိုးကြီးထွားခဲ့ပါတယ် ဒါပေမဲ့ ယနေ့တရုတ်စာသင်ကျောင်းတွေမှာ


မော်စီတုံး အကြောင်း စာတပိုဒ်ပဲ သင်ကြရတော့တယ်။ အာဏာနဲ့ ရမ်းခဲ့တာတွေ သတ်ခဲ့တာတွေ ပေါ်လာပြီးတဲ့နောက်ပိုင်းမှာ မော်ဟာ ဘုရားမဟုတ်ဖူးဆိုတာ
တရုတ်တွေ သိသွားကြရပြီ။ သို့သော်လဲ မော်ဟာ တရုတ်တော်လှန်ရေးမှာ အရေးပါတဲ့နေရာက ပါခဲ့တယ်ဆိုတာ ဟာငြင်းမရတဲ့အချက်ပါပဲ။ ဒါကြောင့်
ရာဇဝင်မှာ နေရာမှန် ပြန်ရောက်သွားရတာပါ။ ထို့နည်းအတူ စတာလင်ဟာ သက်ရှိ အထင်အရှားရှိစဉ်က မော်ကိုပင် ကြိုးဆွဲနိုင်ခဲ့တဲ့ ဘုရားတဆူပါပဲ။
ရုရှားတွေသာမက ကမ္ဘာ့ကွန်မြူနစ်တွေရဲ့ ဘုရားတဆူပေါ့။ ဒါပေမဲ့ သေပြီးမကြာမီမှာပဲ ကရူးရှက်ရဲ့ ကျေးဇူးကြောင့် ဒို့ဘုရားဟာ လူသတ်သမား (mass
murderer) ကြီးဆိုတာ ကမ္ဘာက သိခွင့်ရခဲ့ကြရတယ်။

ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကို ကြိုက်တဲ့(အချိန)် ကြိုက်တဲ့ခေတ်မှာ လေ့လာကြပါ စံတင်ကြည့်ပါ။ မပြောင်းလဲစေရပါဘူး။


ခေါင်းထောင်လျက်ပဲ….လေးစားလျက်ပဲ။ ရဲရဲပြောရဲပါတယ်၊ လက်ရှိစစ်အစိုးရဟာ ဗိုလ်ချုပ်ကို ဒေါ်စုရဲ့ ဖခင်ဆိုပြီး အလေးမပေးချင်ဘူးလို့ထင်မိတယ်၊ ဒါပေမဲ့
ဗိုလ်ချုပ်ကိုပြည်သူတွေရဲ့ အသည်းကြားက ဆွဲနှုတ်လို့မရပါဘူး။

ဘာကြောင့်လဲ။

ဗိုလ်ချုပ်အောင်ဆန်း ရဲ့အဓိက လက်နက်ဟာ အမှန်တရားကို လက်ကိုင်ထားတဲ့ မလိမ်မညာတဲ့ ရိုးသားဖြူစင်မှု (Honesty)၊ တိုင်းပြည်နဲ့ လူမျိုး အပေါ်ထားတဲ့
စေတနာနဲ့ မျိုးချစ်စိတ်ကြောင့်ပဲ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဒီ ရိုးသားဖြူစင်မှု (Honesty) နဲ့ သူရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေအပြင် ပြိုင်ဖက်တွေကိုပါ အနိုင်ယူ စည်းရုံး
နိုင်ခဲ့တယ်။

ဒီစိတ်ဓာတ်တွေကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ အားလုံးကို ဗြောင်ဗြောင်တင်းတင်း.. ခုခေတ် အကြိုက်စကားနဲ့ ပြောရရင်တော့ ဖုံးကွယ်ခြင်း အလျင်းမရှိတဲ့


Transparency အပြည့်နဲ့ တိုင်းပြည်တာဝန် ကိုထမ်းဆောင်ခဲ့တယ်၊ တာဝန်ခံရဲတယ်။

အားရစရာ ရှိတာက ဗိုလ်ချုပ်သမီးဟာလဲ ဖခင်နည်းတူ ရိုးသားဖြူစင် (Honest) ဖြစ်တယ်။

ဗိုလ်ချုပ်အောင်ဆန်း ရဲ့နိုင်ငံရေးဘဝ ကို လေ့လာရင် (၂) ပိုင်းတွေ့နိုင်ပါတယ်။ ပထမအပိုင်းက ၁၉၃၆ ကျောင်းသားသပိတ် ခေါင်းဆောင်ဘဝစပြီး
ဖဆပလအဖွဲ့ကြီးကို ထူထောင်နိုင်ခဲ့တဲ့ ခေါင်းဆောင် တည်ဆောက်မှုဘဝ ဖြစ်ပြီး ဒုတိယဘဝမှာ ပြိုင်ဘက်မရှိ ခေါင်းဆောင်ဖြစ်ပြီးမှ မိမိရရှိလာတဲ့
ခေါင်းဆောင်မှုနဲ့ နေရာ၊ ပြည်သူရဲ့ထောက်ခံမှု (ပြည်သူ့အာဏာ)ကို အရင်းပြုပြီး မိမိရည်မှန်းချက်ကို အကောင်အထည်ဖေါ်တဲ့ ဘဝ၊ လွတ်လပ်ရေးကို
အရတိုက်နိုင်ခဲ့တဲ့ ဘဝလို့ဆိုနိုင်ပါတယ်။

ပထမနိုင်ငံရေးဘဝ - ကျောင်းသားသမဂ္ဂ

ဗိုလ်ချုပ်အောင်ဆန်းဟာ ကောလိပ်ကျောင်းသားဘဝ၊ ကျောင်းသားခေါင်းဆောင်ဘဝမှာ ကျောက်ရိုင်းသာသာ ရှိသေးချိန်မှာတောင် ပင်ရင်းဇာတိက


ပေါ်လွင်ခဲ့တယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ ရှေ့တန်းကနေရာယူပြီး တာဝန်ယူ ခေါင်းဆောင်ချင်တဲ့လူမျိုးဖြစ်တယ် ။

ဗိုလ်ချုပ်အောင်ဆန်းတို့ ကောလိပ်ရောက်သည့် အချိန်မှာ ကျောင်းသားသမဂ္ဂဟာ အင်္ဂလိပ် အလိုတော်ရိ ကျောင်းသားတွေရဲ့ လက်ထဲမှာ ကျရောက်လျက်


ရှိပါတယ်။ ၁၉၃၄-၃၅ ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲမှာ အမျိုးသားရေး နိုးကြားမှုရှိ၍ နိုင်ငံရေးစိတ်ဓာတ် ရှိတဲ့ ကျောင်းသားတစု ဝင်အရွေးခံကြတယ်။
ကိုအောင်ဆန်း ကိုသီဟန် ကိုကျော်ငြိမ်း ကိုသိန်းဖေ တို့ဖြစ်ကြတယ် (ဦးသိန်းဖေမြင့်၏ကျော်ငြိမ်း စာမျက်နှာ(၂၅))

အရွေးမခံရခင်ကထဲက ကိုအောင်ဆန်းက ကိုကျော်ငြိမ်းကို ငါအတွင်းရေးမှူး လုပ်မယ်လို့ ကြို အသိပေးထားတယ်။ (ဦးကျော်ငြိမ်း၏ ကိုယ်ရေးမှတ်တမ်းမှ)


ကံဆိုးချင်တော့ အဲဒီနှစ်မှာ ကိုကျော်ငြိမ်းနဲ့ ကိုသိန်းဖေတို့ပဲ အရွေးခံရခဲ့တယ်။ အောက်တိုဘာ ကျောင်းပိတ်ရက်မှာ ဒုဥက္ကဋ္ဌ နေရာလစ်လပ်သွားတော့ ၅ဦးအဖွဲ့
(ကိုန-ု ကိုအောင်ဆန်း-ကိုအုန်း-ကိုကျော်ငြိမ်း-ကိုသိန်းဖေ) တိုက်တွန်းချက်အရ ကြားဖြတ် ရွေးကောက်ပွဲမှာ ကိုနု ဝင်ပြိုင်ရာ ယှဉ်ပြိုင်သူမရှိ အရွေးခံခဲ့ရပါတယ်။
(ကျောင်းသား လှုပ်ရှားမှု သမိုင်း (အောင်ထွန်း) -စာမျက်နှာ(၆၁))

၁၉၃၅-၁၉၃၆ တကသ အမှုဆောင် အဖွဲ့မှာတော့ နိုင်ငံရေး ကျောင်းသားများက ရွေးကောက်ပွဲမှာ အနိုင်ရ အုပ်စိုးထားနိုင်ခဲ့ကြပေပြီ။ ၁၉၃၅-၃၆ တကသ
အမှုဆောင် အဖွဲ့ကို ရာဇဝင် အမှတ်တရဖြစ်စေရန် တင်ပြပါရစေ။ ဘာ့ကြောင့်လဲဆိုတော့ တက္ကသိုလ်သမဂ္ဂဟာ နောင် တိုင်းပြည် ခေါင်းဆောင်ဖြစ်လာကြမယ့်
ခေါင်းဆောင်များကို မွေးဖွားပေးရာဌာန ဖြစ်လာတာကြောင့်ပါ။

၁။ ကိုနု ဥက္ကဋ္ဌ (နောင်ဝန်ကြီးချုပ်)


၂။ ကိုရာရှစ် ဒုဥက္ကဋ္ဌ (နောင်ဝန်ကြီး)
၃၊ ကိုသီဟန် အတွင်းရေးမှူး (နောင်ဝန်ကြီး)
၎။ ကိုအောင်ဆန်း အိုးဝေစာတည်းအယ်ဒီတာ (နောင်ဗိုလ်ချုပ်အောင်ဆန်း)
၅။ ကိုအုန်း ငွေထိန်း (နောင်သံအမတ်)
၆။ ကိုထွန်းအုံ စာကြည့်တိုက်မှူး (နောင် ရန်ကုန်မြူနီစပယ်မင်းကြီး)
ရ။ ကိုသာလှ နိုင်ငံခြားဆက်သွယ်ရေး (နောင် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်)
ဂ။ ကိုဘဆက် အားကစားမှူး (နောင်နိုင်ငံခြားရေးဌာန)
၉။ ကိုထွန်းတင် ပေါင်းသင်းဆက်ဆံရေးမှူး (နောင် လျှပ်စစ်ဘုတ်ဥက္ကဋ္ဌ)

တို့ဖြစ်ကြတယ်။ ( ကျောင်းသားလှုပ်ရှားမှုသမိုင်း - စာမျက်နှာ (၆၂))

၁၉၃၆ မှာ ဥက္ကဋ္ဌ ကိုနု ကျောင်းထုတ်ခံရခြင်း နဲ့ အိုးဝေမဂ္ဂဇင်းတွင် ငရဲခွေးကြီး လွတ်နေပြီ (Hell Hound at large) ဆောင်းပါးရှင် နာမည်ကို မဖေါ်နိုင်ဆိုတဲ့အမှုနဲ့
အိုးဝေ အယ်ဒီတာ ကိုအောင်ဆန်းပါ ကျောင်းထုတ်ခံရမှုကြောင့် သမဂ္ဂခေါင်းဆောင်များ ဦးဆောင်ပြီး ၁၉၃၆ကျောင်းသားသပိတ်ကို ဖေါ်ထုတ်ခဲ့ကြပါတယ်။
ဤသပိတ်ဟာ ၁၉၂ဝခု ကျောင်းသားသပိတ်နောက် ဒုတိယ ကျောင်းသားသပိတ်ဖြစ်ပြီး ဗမာနိုင်ငံရဲ့ လွတ်လပ်ရေးကို ဦးဆောင်မယ့် လူငယ်ခေါင်းဆောင်များကို
မွေးဖွား စုစည်းပေးခဲ့တဲ့ မှတ်ကျောက် ဆိုရင်လဲ မမှားပါ။

ဤကျောင်းသားသပိတ်ရဲ့ထူးခြားချက်မှာ ရန်ကုန်တက္ကသိုလ်တွင်သာ (ဝ)ကွက်၍ အုံကြွခဲ့ကြတာမဟုတ်၊ တနိုင်ငံလုံး ပြန့်နှံ့ကာ တက္ကသိုလ်ကျောင်းသား များနဲ့


အထက်တန်းကျောင်းသားများ အဆက်အသွယ်ရကြကာ ကျောင်းသားအချင်းချင်းဆက်သွယ်မှု ကွန်ယက် ( Communication Network )
ကိုဖေါ်ထုတ်နိုင်ခဲ့ကြပါတယ်။ ဤဆက်သွယ်မှုမှ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) ကို ဖေါ်ထုတ်နိုင်ခဲ့ကြတယ်။

ဗျူဟာအမြင်က ကြည့်ရင် နောင်လွတ်လပ်ရေးခေါင်းဆောင်ဖြစ်လာကြမယ့် ကျောင်းသားခေါင်းဆောင် လူငယ်များ ဤကျောင်းသားသပိတ်မှာ လူထုစည်းရုံးရေး -


အဖွဲ့အစည်းထူထောင်ရေး - လူထုနှင့် ဆက်သွယ်ရေး - ခေါင်းဆောင်မှုပညာတို့ကို စစ်မြေပြင်မှာ လက်တွေ့သင်ကြားရသလို နဖူးတွေ့ ဒူးတွေ့
တတ်မြောက်ခဲ့ကြရတယ်။

အဖွဲ့အစည်းတခုကို တည်ထောင်ရုံသာမက အဖွဲ့စည်းအတွင်း အားပြိုင်မှု (Factional Politics) နှင့် နိုင်ငံရေး အခွင့်အရေးအသုံးချတတ်မှု (Political
Manipulations) တွေကိုပါ ကောင်းကောင်းနားလည်လာကြတယ်။

အရေးကြီးတဲ့ နောက်တချက်က နိုင်ငံရေးလုပ်ကြရင်း တဦးကိုတဦး ယုံကြည်လေးစားမှု တည်ဆောက်ပေးတဲ့ ရဲဘော်ရဲဘက် စိတ်ဓာတ်ကို


အလုပ်ကမွေးဖွားပေးလိုက်တယ်။

စုပေါင်းခေါင်းဆောင်မှု

အုပ်စုအလိုက်ဦးဆောင်မှုကိုလဲပဲ ဒီကျောင်းသားခေါင်းဆောင်တစု ကောင်းကောင်းသဘောပေါက်ကြတယ်။ ဒါကြောင့် (အတွင်းအုပ်စ)ု ဆိုတာကို ဖွဲ့ခဲ့ကြတယ်။


ဒီအတွင်းအုပ်စုကပဲ သမဂ္ဂကြီးထွားရေး ကို ခေါင်းဆောင်မှုပေးခဲ့တယ်။

ဥပမာ ၁၉၃၅ စာမေးပွဲပြီးတော့ ကိုကျော်ငြိမ်းဟာ အိုင်စီအက် ဖြစ်ဖို့ ရည်မှန်းချက်နဲ့ ကျောင်းထားပေးတဲ့ ဦးလေးအလိုကျ တတိယနှစ် ဂုဏ်ထူးတန်းအတွက်
စာကြိုးစားနေရတယ်။ သမဂ္ဂ အလုပ်အမှုဆောင်ပင် ဝင်မလုပ်နိုင်တော့။ သို့သော် ကိုသာလှကို သမဂ္ဂမှာ ဝင်လုပ်ဖို့ စည်းရုံးကြတော့ ကိုသာလှက
အံ့အားသင့်နေတယ်။ ဒါ ကိုကျော်ငြိမ်းနေရာလို့ ဆိုခဲ့တယ်။ ခင်ဗျားကို ကိုကျော်ငြိမ်း က အဆိုပြုတာဗျလို့ပြောမှ လက်ခံခဲ့တယ်။ (ဒေါက်တာသာလှ ကိုယ်တိုင်ရေး
မှတ်တမ်းမှ) - အလားအလာရှိသော လူတော်များကို ရွေးစုပြီး ပြုစုပျိုးထောင်ပေးကြတယ်။ ထို့နည်းတူစွာ နိုင်ငံရေး အကွက်များ အုပ်စုတိုက်ပွဲပညာများကို
ကိုအောင်ဆန်း - ကိုကျော်ငြိမ်းတို့ ကိုရာရှစ်ထံမှ ပညာရခဲ့ကြတယ် (ဦးကျော်ငြိမ်း ကိုယ်တိုင်ပြောပြချက်) (မှတ်ချက်။ ကိုရာရှစ်ဟာ တကသရဲ့ ပထမဦးဆုံး
အတွင်းရေးမှူး ဖြစ်ပြီး ကိုအောင်ဆန်းတို့ထက် (၃) နှစ်ကြီးတယ်၊ (ကျောင်းသားသမဂ္ဂသမိုင်း စာမျက်နှာ ၁၅၁ ) ၁၉၃၁ ခု ကျောင်းသားသမဂ္ဂပေါ်ပေါက်လာအပြီး
သ္ခင်ဗစိန်နှင့် ကိုရာရှစ်တို့ အထင်ပေါ်ဆုံး ကျောင်းသား ခေါင်းဆောင်များဖြစ်လာကြတယ်)

၁၉၃၆ ကျောင်းသားလှုပ်ရှားမှု မှ နောင်တနေ့ခေါင်းဆောင်ဖြစ်မယ့် လူငယ်များ အတုယူနိုင်ရန် ဖြစ်စဉ် (၂)ခု ကို ဆွေးနွေးပါရစေ။ Mr Butwell ရဲ့စာအုပ် U Nu of
Burma - Chapter 3 – The 1936 Student Strike ကို ကိုးကားပါတယ်။ မစ္စတာဘတ်ဝဲလ် က ကိုရာရှစ်ကို ကိုးကားပြီးရေးခဲ့တာက

“ကိုနုဟာ အသေးစိပ်ကိစ္စတွေကိုစိတ်မဝင်စားပါ။ သို့သော် စကားပြောကောင်း၍ လူထု စိတ်ပါလာအောင် ထောက်ခံလာအောင် ပြောနိုင်တယ်။ (မှတ်ချက် ။


အင်္ဂလိပ်လိုတော့ ဒါကို Charisma ဟု ခေါ်ကြတယ၊် စာရေးသူကတော့ (ဘုန်း) လို့ခေါ်ချင်တယ်)် ဒါကြောင့် ဆွေးနွေးမှုတာဝန် နဲ့ နေ့တဓူဝ အဖွဲ့အစည်း
ဆောင်ရွက်မှုတာဝန်တို့ဟာ အောင်ဆန်း၊ ကျော်ငြိမ်းနှင့် ကျနော့ထံ ကျရောက်ခဲ့ပါတယ်။

လူတိုင်းကိုယ်စီမှာ အားသာချက် အားနဲချက်ဆိုတာရှိကြစမြဲပဲ။ တဦးရဲ့အားနဲချက်ကို တဦးရဲ့ အားသာချက်နဲ့ ဖြည့်ဆည်းလိုက်တဲ့အခါ (အုပ်စုအား)


(အုပ်စုခေါင်းဆောင်မ)ှု ဆိုတာ ပေါ်လာရပါတယ်။ နောက်သတိပြုရန် အချက်မှာ သူသာသည် ငါနာသည် စိတ်မထားကြ မနာလို စိတ်မဖြစ်ကြ ။

ကျနော့ အမြင်အရပြောရရင် ဗိုလ်ချုပ်အောင်ဆန်း ဟာ ဦးနုရဲ့ Charisma ကို ကောင်းကောင်း သဘောပေါက်တယ်။ ဒါကြောင့် တို့ဗမာအစည်းအရုံးကိုဝင်ဖို့
အတင်းဆွဲခေါ်လာသလို ဖဆပလ အမတ်ဝင်ရွေးဖို့ ဦးနုက အကြောက်အကန်ငြင်းနေတော့ “The country is doomed” တိုင်းပြည်တော့ (ဒုက္ခဖြစ်ပ)ီ
ဆိုပြီးညည်းတွားလိုက်တာပဲ ။”

နောက်ဖြစ်စဉ်လေးတခုမှာ ကိုနုနဲ့ ကိုရာရှစ်တို့ ဟင်္သာတမှာ စည်းရုံးရေးထွက်ကြတော့ ကိုရာရှစ်က အိပ်ရာဝင်သွားပြီ။ ကိုနုတယောက်ပဲ ပရိသတ်နဲ့ကျန်ခဲ့တယ်။


ပြောရင်း ဆွေးနွေးရင်း တက္ကသိုလ်ထုံးကို ရောက်သွားတယ်။ ဒါပေမဲ့ ဒီ တက္ကသိုလ်ထုံး မှာ ဘာတွေများ မှားနေသလဲ၊ ဘာတွေ ပြင်ရမှာလဲလို့ အမေးခံရတော့ ကိုနု
မဖြေနိုင်ဘူး။ ကိုနုက ပရိသတ်ကို မညာဘူး၊ မလှည့်စားဘူး၊ ကျနော် မသိဘူး အားလုံးကိုသိတဲ့ ကိုရာရှစ်ကိုခေါ်ပေးမယ် ဆိုပြီး ဖြေလိုက်တယ်။ ကိုနု
ဒီလောက်အထိပွင့်လင်းတာကို ကိုရာရှစ်က အံ့အားသင့်မယုံနိုင်ဘူး။ ဒါပေမဲ့ ကိုနုက ငါတို့အမှန်အတိုင်း ရိုးသား ရမယ် (we must be honest) လို့ဖြေခဲ့တယ်။
ဒါဟာ လူကောင်း - ခေါင်းဆောင် ကောင်း ဖြစ်တာကို သက်သေပြလိုက်တာပဲ။ ယ္ခုခေတ် ကိုယ်မသိတာကို ဝန်မခံချင်တဲ့ တတ်ယောင်ကား တွေနဲ့ ကွာလိုက်ပါပြီ။
လူငယ်လေးတွေကို သတိပြု အတုယူ စေချင်တာပါ။ ခေါင်းဆောင်မှုမှာ (မူ) ဆိုတာ အရေးကြီးလှပါတယ်။

ကိုအောင်ဆန်းဟာ ကျောင်းသားသမဂ္ဂ ထဲမှာ တကသ ရော ဗကသ မှာပါ ဥက္ကဋ္ဌ အဖြစ်နဲ့ ဆက်ခေါင်းဆောင်မှု ပေးခဲ့တာကြောင့် ရှေ့မီနောက်မွီ
ကျောင်းသား တော်များများနဲ့ ရင်းနှီး အကျွမ်းဝင်ခွင့်ရခဲ့ရတယ်၊၊ ၁၉၃၆ ကျောင်းသားလှုပ်ရှားမှုမှာ ကိုနု ကိုကျော်ငြိမ်း ကိုသိန်းဖေ ကိုရာရှစ် ကိုလှဖေ
ွ
(ဗိုလ်လက်ျာ) ကိုခင်မောင်ကလေး တို့နဲ့ ရင်းနှီးခဲ့ရတယ်။ ထို့ပြင် နောင် ကွန်မြူနစ်ပါတီ ဥက္ကဋ္ဌ ဖြစ်လာပြီး ဗိုလ်ချုပ်နဲ့ မယားညီအကို ဖြစ်လာမယ့်
ွ
ကိုသန်းထွန်း (သ္ခင်သန်းထွန်း) ကို ကိုကျော်ငြိမ်း ရဲ့ မိတ်ဆက်ပေးမှုကြောင့် သိကျွမ်းခဲ့ရပြန်တယ်။ ကိုကျော်ငြိမ်းနဲ့ ကိုသန်းထွန်းတို့က
ွ၅
ပျဉ်းမနားသား အချင်းချင်း မန္တလေးတက္ကသိုလ်မှာ ကထဲက သိခဲ့ကြရတယ်။ ၁၃ဝဝပြည့်အရေးတော်ပုံမှာ နာမည်ကြီးလာကြမယ့် ကိုဗဟိန်း
အွ
အွ
၅ွ၅ွ
(နောင်ကွန်မြူနစ် ခေါင်းဆောင်)၊ ကိုဗဆွေ (နောင်ဆိုရှယ်လစ်ခေါင်းဆောင်) တို့နဲ့လဲ ကျောင်းသားသမဂ္ဂ ဘဝမှာ ခင်မင်ရင်းနှီးခဲ့ရပြန်တယ်။
ဗိုလ်ရန်နိုင် ဗိုလ်ဇေယျတို့ဟာလဲ ကျောင်းသားသမဂ္ဂက တက်လာကြသူတွေပါပဲ။

မှတ်သားစရာ နဲ့ သုံးသပ်မှု

အင်္ဂလိပ်ဟာ ကိုလိုနီ ကျူးကျော်စော်ကားသူတွေ ဖြစ်လင့်ကစား သူတို့နိုင်ငံမှာ ဒီမီုကရေစီ ကျင့်သုံးတာကြောင့် civil society လို့ခေါ်တဲ့ လူ့အဖွဲ့အစည်းတွေကို
တည်ထောင်ခွင့်ပြုတယ်။ ဒါကြောင့် ဗိုလ်ချုပ်တို့ခေတ်က လူငယ်တွေဟာ သမဂ္ဂတွေထောင်ပြီး ဦးဆောင်ခွင့်ရခဲ့ကြတယ်။ ဒါကြောင့် အဖွဲ့အစည်းနဲ့
သိုင်းသိုင်းသိုင်းဝိုင်းဝိုင်း လုပ်ဆောင်ခွင့် ရခဲ့ကြတယ်။ အတွင်းအုပ်စုကို တည်ထောင်နိုင်ခဲ့ကြတယ်။

၁၉၆၂ စစ်တပ်အာဏာသိမ်းပြီးကထဲက ဗိုလ်ချုပ်နေဝင်းဟာ နိုင်ငံရေးပါတီတွေကို နှိမ်နှင်း၊ စစ်တပ်ကလွဲလို့ civil society လို့ ခေါ်နိုင်တဲ့ အဖွဲ့အစည်းမှန်သမျှကို
စံနစ်တကျ ရိုက်ချိုးဖျက်စီးခဲ့တာ ၁၉၆၂ နောက် ဗမာပြည်မှာ လူလုပ်ရသူတိုင်း စစ်တပ်နဲ့ မဆလကလွဲလို့ အဖွဲ့အစည်းနဲ့ လုပ်ခွင့်ကိုမရကြတော့ပါ။ ဒါကြောင့်
အဖွဲ့အစည်းထောင်ပြီး အင်အားယူရမည်ကိုမသိကြသလို အဖွဲ့အစည်း ဘယ်လို ထောင်ပြီး ဘယ်လိုကြီးထွားအောင် လုပ်ရမှာကို မသိကြလို့ သုံးသပ်မိပါတယ်။

၁၉၈၈ အရေးတော်ပုံကြီး အတွင်းက မင်းကိုနိုင် ကိုကိုကြီး မိုးသီးဇွန် ဝင်းမိုး အောင်နိုင် စတဲ့ ဗကသ ခေါင်းဆောင်များ ထွန်းပေါ်လာကြသော်လဲ
ဗိုလ်ချုပ်တို့ခေတ်ကလို လွတ်လွတ်လပ်လပ် ဦးဆောင်နိုင်တဲ့ အချိန်ရေရှည် မရခဲ့ကြပါ။ ထို့ပြင် ရှစ်လေးလုံး အုံကြွမှုကြီးကို ဖေါ်ထုတ်ဦးဆောင်ခဲ့ကြတဲ့
ကျောင်းသားခေါင်းဆောင်များ ဝါရင့်နိုင်ငံရေးခေါင်းဆောင်ကြီးများ၊ ဒေါ်စုတို့နဲ့ ပူးတွဲလုပ်ဆောင်ခွင့် အချိန်မရခဲ့ကြ။ စစ်တပ်က
ပေါင်းစည်းခွင့်နှင့်ပေါင်းစည်းချိန်မပေးခဲ့။ အတိုက်အခံဆိုတာက ဦးနေဝင်း (၂၆) နှစ် အုပ်စိုးပြီးချိန်မှာ ယဲ့ယဲ့သာ ကျန်တာမို့ ရှစ်လေးလုံး ဗြုန်းစားကြီးပေါ်လာပြီး
အခွင့်အရေး အကောင်းဆုံးအချိန်မှာ အာဏာကို (လု) ယူလိုက်သင့်တယ်၊ မ(လု)ယူ နိုင်ခဲ့ကြ ။ စစ်အစိုးရက ဒုတိယအကြိမ် အာဏာသိမ်းအပြီး ဖိနှိပ်ဖြိုခွဲချိန်
ရောက်လာပြီမို့ ကျောင်းသားအများစု အဝေးရောက်ကုန်ကြပြီး ကျောင်းသား တပ်မတော်လဲ နှစ်ခြမ်းကွဲ၊ အများစု တကမ္ဘာလုံးပြန့်ကြဲ အစိပ်စိပ်အမွှာမွှာ
ဖြစ်ကုန်ကြတော့ အဖွဲ့အစည်း တည်ထောင်ပြီး အင်အားကို ပြန်မတည်ဆောက်နိုင်ကြတော့ပါ။ အဖွဲ့အစည်းနဲ့တိုက်မှ အင်အားရှိမည်ကိုမသိကြ၊
အဖွဲ့အစည်းနှင့်မလုပ်တတ်တာတွေ ပါပါတယ်။

နိုင်ငံရေးဆိုတာအင်မတန် ရှုပ်ထွေးသလို သိမ်မွေ့ နက်နဲလှပါတယ် ။

မဆလ စံနစ်ကြီးပြိုကွဲသွားပေမယ့် သူ့ရဲ့အမွေဆိုးဖြစ်တဲ့ “ မဆလစိတ်ဓာတ်ဆိုး“ ကြီးဟာ ဗမာတွေအကြားမှာ ယနေ့အထိ စစ်တပ်အတွင်းမှာရော အတိုက်ခံတွေ


အကြားမှာပါ ရှင်သန်လျက်ပါပဲ။

အဖွဲ့အစည်းနဲ့ နိုင်ငံရေး အတွေ့အကြုံ မရှိတဲ့အပေါ်မှာ မဆလစိတ်ဓာတ်က ဖိစီးလိုက်တော့ ရှစ်လေးလုံးလူငယ် တွေခမျာ ရှင်သန်တိုးတက်ခွင့်မရတော့ဘူးလို့


ယေဘုယျအားဖြင့် သုံးသပ် နိုင်ပါတယ်။

နောက်သိသာထင်ရှားတဲ့ အချက်က capacity လိုခေါ်နိုင်တဲ့ (အသိစွမ်းအား) ပါပဲ

ရင်နာဖို့ကောင်းတာက ဗိုလ်ချုပ်တို့ ခေတ်က ကိုလိုနီ(ကျွန)် ပညာရေးဖြစ်ပေမယ့် အဆင့်အတန်းရှိတယ်။ ဟိုခေတ်က ကောလိပ်ကျောင်းသားဆိုရင် အင်္ဂလိပ်စာကို


ပိုင်ပိုင်နင်းနင်း ရေးနိုင်ပြောနိုင်ပြီ။ ဆရာတွေက ဖိဖိစီးစီး သင်တာကြောင့်တကြောင်း၊ အင်္ဂလိပ်စာ နိုင်နင်းတာကြောင့်တကြောင်း စာဖတ်အားကောင်းကြတယ်
ဗဟုသုတကြွယ်ကြပြန်တယ် ။ အတွေးအခေါ် (အသိစွမ်းအား) capacity မြင့်ကြတယ် လို့ဆိုနိုင်တယ် ။

ပါလီမန်ဒီမိုကရေစီခေတ်ကျော်ပြီးသည့်တိုင် ဗမာနိုင်ငံရဲ့ ပညာရေးဟာမြင့်မားခဲ့ပါသေးတယ်။ စစ်အစိုးရတက်ကာစ ကာလအထိ ရှင်သန်လျက်ရှိပါတယ်။ ၁၉၅ဝ


ခုနှစ်များမှာ ရာဇဝင် ပါမောက္ခ ဒေါက်တာကျော်သက် အင်္ဂလိပ်လို သင်ကြားပို့ချနေတာကို (YouTube) မှာရှာဖွေကြည့်ရှုနိုင်ကြပါတယ်။ ကျနော်
စက်မှုတက္ကသိုလ်ရောက်တော့ (၁၉၆၈ခု) ဆရာတွေဟာ အမေရိကန် နိုင်ငံ ကျောင်းကောင်းတွေဖြစ်တဲ့ MIT- Harvard မှ ဘွဲ့ရသူတွေနဲ့ ပြည့်လျက်ပါ။ ဖဆပလ
အစိုးရဟာ ရသမျှ အခွင့်ရေးတွေကို ယူပြီး နိုင်ငံခြားပညာတော်သင်တွေ လွှတ် ခဲ့တာကိုး။

စစ်အစိုးရတက်အပြီး တကသ တပ်ဦးကျောင်းသားဟောင်း ဒေါက်တာညီညီ ဒုဝန်ကြီးအဖြစ်မှာ စနစ်သစ်ပညာရေး ဆိုပြီး ဆိုရှယ်လစ်စံနစ် ပညာရေးစံနစ်သစ်ကို


စတင်အကောင် အထည်ဖော်ချိန်ကစပြီး ဗမာပြည်ရဲ့ ပညာရေးစံနစ်ဟာ ထိုးကျခဲ့ရတယ်။ အရင်က အနောက်နိုင်ငံတွေ ရဲ့ ထုံးတမ်းစဉ်လာအတိုင်း Liberal arts
ပညာရေးကို ဦးစားပေးခဲ့တယ်။ ဘီအေ ဘီအက်စ်စီ အဆင့်မှာ အခြေခံပညာရပ်တွေကို ဖက်စုံကသင်ပေးတာပေါ့။ ဒေါက်တာ ညီညီတို့ခေတ်မှာတော့
ရွှေဉာဏ်တော် စူးရောက်ပြီး ဆိုရှယ်လစ်ပညာရေးအတိုင်း (အထူးပြု) Specialization ကို ဦးစားပေးရမယ်ဆိုပြီး စံနစ်တခုလုံး ပြောင်းလဲခဲ့ကြပါတယ်။ အဓိက
ထိခိုက်တာကတော့ critical thinking လို့ခေါ်တဲ့ လွတ်လွတ်လပ်လပ် ချင့်ချိန် တွေးခေါ်ခြင်းပညာရပ်ဟာ တိမ်ကောခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။

၁၉၆၂ ဇူလိုင် (၇) ရက် ကျောင်းသားထုနဲ့ ထိပ်တိုက်တွေ့ အပြီးမှာ စစ်အစိုးရဟာ ကျောင်းသားတွေကို မရှိမဖြစ်တဲ့ တိုင်းပြည် ရတနာတွေလို့ မမြင်တော့ဘူး။
ပြဿနာကောင်တွေလို့ မြင်စပြုလာပြီ။ ဒါကြောင့် နောင်ခေတ်ခေါင်းဆောင်တွေ ပညာတတ်တွေ မွေးဖို့ထက် ကျောင်းသားတွေကို ကိုင်တွယ်နိုင်ဖို့
အားသန်ကြိုးစားလာတော့တယ်။

ထို့ပြင် ဦးနေဝင်းဟာသူ့ရဲ့ အုပ်ချုပ်သက်တမ်း (၂၆) နှစ်မှာ အရှေ့နဲ့အနောက် စစ်အေး တိုက်ပွဲကိုအခွင့်ကောင်းယူပြီး isolation policy လို့ခေါ်တဲ့
တကိုယ်တည်းသီးခြားနေတဲ့ ပေါ်လစီ ကိုကျင့်သုံးခဲ့ပြီး တတိုင်းပြည်လုံးကိုလဲ သတင်းမှောင်ချခဲ့ပါတယ်။ ဒါကြောင့် (အသိဉာဏ်) ဖွံ့ဖြိုးရေးဟာ ထိုးကျ
လာခဲ့ရတယ်။

ကွယ်လွန်သူ ဦးတင်မောင်ဝင်းပြောပြလို့ သိရတာပါ။ ရှစ်လေးလုံးအုံကြွမှုကြီးအပြီး ကျောင်းသား တွေစုပြုံပြီး ထွက်လာကြတော့ လူငယ်ကျောင်းသားတစုက


စိတ်ဓာတ် ထက်သန်စွာနဲ့ ဦးတွတ်…. ကျနော်တို့ကို အက်(၁၅) (F-15) လေယာဉ်ရှာပေးပါ၊ စစ်တပ်ကိုအသေခံ ဗုံးကြဲမယ် လို့တောင်းဆိုခဲ့ကြတယ်။
စိတ်ဓာတ်ကိုချီးကျူးစရာကောင်းလှပေမယ့် ဒီလို စစ်လေယာဉ်တွေ ဘယ်လောက်ဈေးကြီးတယ်၊ ဒီလေယာဉ်တွေ ပျံနိုင်ဖို့ နောက်က
ဘယ်လောက်ပံ့ပိုးရတယ်ဆိုတဲ့အချက်တွေကို မစဉ်းစားမိတာဟာ (အသိဉာဏ်စွမ်းအား) မပြည့်စုံသေးသောကြောင့်လို့ ငြင်းချက်ထုတ်နိုင်ပါတယ်။
(အသိဉာဏ်စွမ်းအား) နဲရင် ရိုးရိုးအအ တွေဖြစ်ကုန်တာပေါ့။

ဗုဒ္ဓတရားတော်မှာ အဝိဇ္ဇာ လွှမ်းနေရင် တဏှာကိုလဲမပယ်နိုင်၊ တွယ်တာမှုကိုလဲ မကျော်နိုင်ပဲ သံသရာကမထွက်နိုင်သလို အသိဉာဏ်စွမ်းအားသည်လဲ နိုင်ငံရေးမှာ


အရေးပါလှပါတယ်။ နိုင်ငံရေး အဝိဇ္ဇာလို့ပြောလို့ရပါတယ်။ ဒီ (အသိဉာဏ်စွမ်းအား) အပေါ် အများကြီး မူတည်ပါတယ်။ ဒိအပြင် (အသိဉာဏ်စွမ်းအာား)
ရှိတဲ့သူတွေဟာ အသိပညာရဲ့ ထိန်းသိမ်းမှုကြောင့် ရမ်းရမ်းကားကားဆဲဆိုခြင်း တဖက်သတ် တိုက်ခိုက်ခြင်း မတရား စွပ်စွဲစော်ကားခြင်းတို့ကို
ရှောင်ရှားကြပါတယ်။ မိမိရဲ့ဂုဏ်သိက္ခာ မိမိအပေါ်ယုံကြည်မှု (credibility) ထိခိုက်မှာကို ကြောက်ရွံ့သတိရှိကြပါတယ်။ မိမိရဲ့ (မူ) principle မှသွေဖည်မှာကို
စိုးရိမ်ကြပါတယ်။ ဒါ့ကြောင့် အပြောအဆို အရေးအသားမှအစ (သတိ) ရှိကြ၊ (မူ) ရှိကြပါတယ်။

ကျနော်ဥပမာလေး တခုကိုတင်ပြပါရစေ။
၁၉၃၆ ခုနှစ် ကျောင်းသားသပိတ် မှာ အတူတူပါဝင်ခဲ့ကြတဲ့ ကိုကျော်ငြိမ်းနဲ့ နောင်လူထုဒေါ်အမာဖြစ်လာကြမယ့် မအမာ တို့ဟာ ပုဂ္ဂိုလ်ရေးသက်သက်ပဲလား
ဝါဒရေးကြောင့်ပဲလားမသိ၊ တယောက်ကိုတယောက် ကြည့်မရခဲ့ကြပါ။ ဒါပေမဲ့ ဦးကျော်ငြိမ်းဟာ ၁၉၃၆ ခုကျောင်းသားသပိတ် အကြောင်းရေးပြတော့ ရာဇဝင်ကို
အမှန်အတိုင်း (မူ) Principle အရ အရှိကိုအရှိအတိုင်း ရေးပြခဲ့ပါတယ်။

“လူထုတရားပွဲတွင် ယောက်ျား များနှင့် ယှဉ်၍ ရဲရဲတောက် ရင်ဘောင်တန်း တရားဟော ကောင်းသူ ကျောင်းသူ ခေါင်းဆောင်များမှာ မအမာ-ဘီအေအောက်တန်း
(ယ္ခုလူထုဦးလှဇနီး)၊ မမကြီး (ယ္ခုအထက်တန်းကျောင်းဆရာမကြီး-မြူမင်းကြီးဟောင်း ဦးထွန်းအုံ၏ဇနီး)၊ မခင်မြ (ယ္ခု ဒေါက်တာဒေါ်ခင်မြ-ပညာရေးတက္ကသိုလ)် ၊
မအုံး (ယ္ခု မန္တလေးတက္ကသိုလ် ပါဠိ ဌာန ပင်စင်စား ပါမောက္ခ - အမ်အေဒေါ်အုံး) တို့ပါဝင်သည်။ ကျန်သပိတ်မှောက် ကျောင်းသူများမှာ စင်မြင့်ပေါ်၌
တရားဟောမကောင်းသော်လည်း ရဲရဲတောက်တွေချည်းဖြစ်ကြပါသည်။”
(ဦးကျော်ငြိမ်း၏ကိုယ်ရေးမှတ်တမ်းမှ )

ဦးကျော်ငြိမ်းဟာ လူထုဒေါ်အမာနှင့် နိုင်ငံရေးအရ ဆန့်ကျင်ဘက်ဖြစ်ခဲ့သော်လဲ ရာဇဝင် အချက်အလက် ကိုရေးရာမှာ အာဃာတမရှိ အမှန်အတိုင်း ရေးပြခဲ့တယ်။
(မူ) Principle ကိုအလေးထားတာကတကြောင်း ၊ self-respect ဟုခေါ်သော မိမိကိုယ်ကို မိမိ လေးစားတာကြောင့်လဲဖြစ်တယ်။

သို့သော် အသိဉာဏ်စွမ်းအားနဲသော လက်ဝဲ တယူသန်အချို့သည် ဦးကျော်ငြိမ်းကို မုန်းတာနဲ့ ရာဇဝင် အချက်တွေကိုပါ ပြင်ချင်ကြတယ်။

ဂျပန်တော်လှန်ရေးမှာ တိုင်းတွေခွဲကြတော့ တိုင်း (၆)မှာ ဗိုလ်ရဲထွဋ်က စစ်တိုင်းမှူး ဦးကျော်ငြိမ်းက နိုင်ငံရေးမှူးအဖြစ် တာဝန်ခွဲဝေခဲ့ကြပါတယ် (သ္ခင် တင်မြ၏
ဖက်ဆစ် တော်လှန်ရေးဌာနချုပ်နှင့်တိုင်း(၁ဝ)တိုင်း - စာမျက်နှာ ၄၄) ဒါလူတိုင်းအသိပါ။

သို့သော် ဝင်းတင့်ထွန်းရဲ့ အမှောင်ကြားကဗမာပြည်စာအုပ်မှာ “ဦးဗဆွေ ဦးကျော်ငြိမ်းသည် ရန်ကုန်တာဝန်ခံ ဖြစ်သည် ”လို့ သမိုင်းကိုလိမ်ညာရေးခဲ့တယ်


(စာမျက်နှာ ၃၅)။ ကျနော် မှတ်မိသလောက် ကွန်မြူနစ်တွေ ပြုစုထုတ်ဝေခဲ့တဲ့ (လွတ်လပ်ရေး ရွှေရတုသဘင်) စာအုပ်မှာလည်း ဤနည်းတူရေးသားခဲ့ကြတယ်။

ပိုဆိုးတာက ဝင်းတင့်ထွန်းက (စာမျက်နှာ ၃၅မှာပဲ) “စစ်တိုင်းများ ၏ နိုင်ငံရေးမှူးများမှာ ကွန်မြူနစ် ပါတီမှချည်းဖြစ်သည်” လို့ လိုရာဆွဲ ကောက်ချက်ချပြန်တယ်။
ဒီတုန်းက သ္ခင်ချစ်ဟာ ပြည်သူ့အရေး တော်ပုံပါတီ ခေါင်းဆောင်ဖြစ်တယ်။ စစ်ပြီး နောင် ကွန်မြူနစ်ပါတီထောင်မှ ကွန်မြူနစ်ဘက် ပါသွားသူဖြစ်တယ်။
ဦးကျော်ငြိမ်းလဲ ပြည်သူ့အရေးတော်ပုံပါတီကဖြစ်တယ်။ ဒီလိုရာဇဝင် အချက်အလက်ကိုလိမ်ပြီး ကိုယ်လိုရာဆွဲ ကောက်ချက်ချတာ တာဝန်မဲ့
ရေးသားချက်သာဖြစ်တယ်။

ဝင်းတင့်ထွန်းက ဦးကျော်ငြိမ်း တယောက်ကိုသာ ကွန်မြူနစ် အမျက် ကွန်မြူနစ် အငြိုးနဲ့ ရာဇဝင် အချက်အလက် ကို ပြင်ဆင်တင်ပြခဲ့တာမဟုတ်။

ဖတပလ (ဖက်စစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေး) အဖွဲ့ကြီးကိုဖွဲ့ကြတော့ အဓိကအင်အားဖြစ်တဲ့ ကွန်မြူနစ်ပါတီ ပြည်သူ့အရေးတော်ပုံပါတီနဲ့


ဗမာ့တပ်မတော်က ကိုယ်စားလှယ် ခေါင်းဆောင် (၃) ဦးစီ - ပေါင်း(၉)ဦးပါတဲ့ ဗဟိုဦးစီးအဖွဲ့နဲ့စတင်ဖွဲ့စည်းခဲ့တာပါ။ ကွန်မြူနစ်ပါတီမှ သ္ခင်စိုး - သ္ခင်သန်းထွန်း -
သ္ခင်တင်မြ၊ ပြည်သူ့ရေးတော်ပုံပါတီမှ ဦိးကျော်ငြိမ်း - ဦးဗဆွေ - သ္ခင်ချစ်၊ တပ်မတော်မှ ဗိုလ်ချုပ်အောင်ဆန်း - ဗိုလ်လက်ျာ - ဗိုလ်နေဝင်းတို့ဖြစ်ကြပါတယ်။
(သ္ခင်တင်မြရဲ့ ဖက်ဆစ်တော်လှန်ရေးဌာနချုပ်နှင့် တိုင်း (၁ဝ)တိုင်း - စာမျက်နှာ ၄ဝ)

ဤအချက်ကို ရာဇဝင်စိတ်ဝင်စားသူတိုင်း သိကြပါသည်၊ သိသင့်ပါသည်။ စာအုပ်ပေါင်း မြောက်မြားစွာတွင်လည်း ဖေါ်ပြထားပြီး ဖြစ်ပါသည်။ အရေးပါသော ရာဇဝင်
အချက်တချက်ပင်ဖြစ်သည်။

ဒါပေမဲ့ ဝင်းတင့်ထွန်းဟာ သ္ခင်တင်မြကို ကြည့်မရ၍သော်လည်းကောင်း၊ သ္ခင်ဗဟိန်းကို ကြည်ညိုစိတ်ကြောင့်သော်လည်းကောင်း သ္ခင်တင်မြအစား သ္ခင်ဗဟိန်းကို


ကွန်မြူနစ်ကိုယ်စားလှယ်အဖြစ် ပြောင်းပစ်ခဲ့ပါတယ် (ဝင်းတင့်ထွန်း စာအုပ် စာမျက်နှာ ၃၂ ကိုကြည့်ပါ)။ ဒီလိုရာဇဝင်ကိုရေးရာမှာ ကိုယ်ဖြစ်ချင်ရာကို
တကယ့်အဖြစ်မှန်နဲ့ အစားထိုးလို့ မရသလို လိုရာကို ဖြစ်သလို မရေးကောင်းပါ။ (မှတ်ချက်။ ကိုဗဟိန်းကို ဗိုလ်ချုပ်က ဆွေးနွေးပွဲစဖိတ်သော်လဲ
နေမကောင်းလို့မပါနိုင်လို့ သ္ခင်တင်မြက အမှတ် (၆ဝ) - ဧပြီလ (၁) ရက် -၂ဝ၁ဝ ထုတ် Northern Star ဂျာနယ်မှာ ရေးပြမှ ဇာတ်ရည်လည်ရပါတယ်)

နောက် ဥပမာတခု ထပ်တင်ပြပါရစေ။

ဆိုရှယ်လစ်ပါတီထောင်ကာစက အရေးပါခဲ့တဲ့ နိုင်ငံရေးသမားတဦးက ဦးကိုကိုကြီးပါ။ ဆိုရယ်လစ်ပါတီမှာ ဦးကိုကိုကြီးတို့က မာ့က(စ်


် )ဆစ် Marxists များဖြစ်၍
ဦးကျော်ငြိမ်း၊ ဦးဗဆွေ တို့က ဆိုရှယ်လစ်စံနစ်ကို ဒီမိုကရေစီနည်းအရ ထူထောင်လိုတဲ့ ဆိုရှယ်ဒီမိုကရက် (Social Democrat) များဖြစ်ကြတယ်။ အုပ်စု တိုက်ပွဲများ
ဖြစ်ကာ ဦးကိုကိုကြီးတို့အုပ်စု ဆိုရှယ်လစ်ပါတီမှ ထွက်ခဲ့ကြရတယ်။ နိုင်ငံရေးအရ နာမယ်ဆိုရင် နာစရာတွေ ရှိခဲ့ကြပါတယ်။ သို့သော် ဦးကိုကိုကြီးရဲ့ မြေးဖြစ်သူ
ဒေါက်တာကျော်ဇော်ဝင်း ပါရဂူဘွဲ့အတွက် ပြုစုရေးသားတဲ့ ဗမာပြည် ဆိုရှယ်လစ်ပါတီသမိုင်း (A History of Burma Socialist Party 1930-1964) စာတန်းကို
ဖတ်ကြည့်ကြပါ။ လူပုဂ္ဂိုလ်တိုက်ခိုက်ခြင်းသော်လည်းကောင်း၊ ရာဇဝင် အချက်အလက်ကို လိမ်ညာရန် ကြိုးစားခြင်းသော်လည်းကောင်း မတွေ့ရပါ။

မော်စီတုံးကွယ်လွန်အပြီး တရုတ်ပြည်ကြီးတွင် အသိဉာဏ်စွမ်းအားနည်းတဲ့ မော်ရဲ့ဇနီး ချန်ချင်းဦးဆောင်တဲ့ (၄)ဦးဂိုဏ်းသာ အာဏာရခဲ့ရင် တရုတ်တွေ


မြောက်ကိုရီးယားပြည်သူတွေလို ဆင်းရဲတွင်းနက်နေနိုင်တယ်။ အသိဉာဏ်မြင့်မားလှတဲ့ တိန်လျောက်ပိန်လို ခေါင်းဆောင်ကြောင့်သာ ယနေ့တရုတ်တွေ ကမ္ဘာမှာ
ခေါင်းထောင် နိုင်ခဲ့ကြရတာကို မမေ့သင့်ပါ။

တချိန်က ဗမာတွေဟာလဲ အရှေ့တောင်အာရှမှာ ဗမာကွလို့ မော်ကြွားနိုင်ခဲ့ဖူးပါတယ်။ ခေါင်းဆောင်သူများရဲ့ စေတနာနဲ့ အသိဉာဏ်စွမ်းအား ကွာခြားမှုပဲ


မဟုတ်ပါလား။

ယ္ခုဒေါ်စုရဲ့ မိန့်ခွန်းများ - မီဒီယာတွေနဲ့ တွေ့ဆုံခန်းတွေကို နားဆင်ကြည့်ကြပါ။ စေတနာနဲ့ အသိဉာဏ်စွမ်းအား ရဲ့ အကျိုးတရား ထင်ပေါ်လှပါတယ်။

နောက် အသိဉာဏ်စွမ်းအား (capacity) နဲ့ပတ်သက်လို့ သတိပြုစေချင်တာက အသိဉာဏ်စွမ်းအားဆိုတာ ကျောင်းစာသက်သက်သော်လည်းကောင်း စင်မီနာများ


တက်ရုံနဲ့သော်လည်းကောင်း အဆင့်အတန်းတက် မလာနိုင်ပါ။ လေ့လာမှုအားလိုရုံမက လက်တွေ့ အလုပ်အတွေ့အကြုံ၊ ဘဝအတွေ့အကြုံများနဲ့ ပေါင်းစပ်မှသာ
ပြီးပြည့်စုံလာပြီး အဆင့်အတန်းမြင့်မားလာနိုင်ပါတယ်။ ဥပမာ ဗိုလ်ချုပ်တို့ လူတစုကိုကြည့်ရင် တက္ကသိုလ်ကျောင်းသား ခေါင်းဆောင်ပြီးမှ သ္ခင်ခေါင်းဆောင်
(သို့) ယူဂျီခေါင်းဆောင်၊ ထိုမှတဆင့် ဂျပန်ခေတ် ဗိုလ်ချုပ် (သိ)ု့ ဝန်ကြီး ။ နိုင်ငံရေးနယ်ပယ်မှာ တဆင့်ထက်တဆင့်မြင့်တက်ကာ နောက်ဆုံး ဖဆပလ
လွတ်လပ်ရေးခေါင်းဆောင်များ ဖြစ်လာကြရတယ်။

ထိုနည်းတူစွာ တရုတ်ပြည်သမိုင်းကိုကြည့်ရင်လဲ ချူအင်လိုင်းသည်လည်းကောင်း၊ တိန်လျောက်ပိန် သည်လည်းကောင်း ကျောင်းသားလူငယ်ဘဝမှာ


ပြင်သစ်ပြည်ကို ပညာတော်သင် ထွက်ခဲ့ကြသော်လဲ စာကိုဖြောင့်အောင် မသင်ကြရ၊ ပါတီအကျိုးအတွက်ဆောင်ရွက်ကြရင်း တရုတ်ပြည် ပြန်ခေါ်ခံရကာ ပါတီ
တာဝန်တွေကို ထမ်းဆောင်ရင်း တာဝန်အဆင့်များ မြင့်သထက်မြင့်လာကာ နောက်ဆုံးဝန်ကြီးချုပ်/ဒုဝန်ကြီးချုပ် ဘဝရောက်ခဲ့ကြရတယ်။ (မှတ်ချက်- The eldest
son by Han Su Ying နှင့် My father Deng Xiaoping – The war years by Deng Rong တို့ကိုဖတ်ကြည့်ကြပါ)
ဗိုလ်ချုပ်တို့ခေတ်က ထိပ်တန်းခေါင်းဆောင်များဖြစ်တဲ့ ကိုအောင်ဆန်း ကိုနု သ္ခင်စိုး သ္ခင်သန်းထွန်း ဂိုရှယ် ကိုကျော်ငြိမ်း သ္ခင်သိန်းဖေ ကိုရာရှစ် ကိုဗဟိန်း
ကိုဗဆွေတို့ဟာ စာဖတ်အားကောင်းပြီး စာတန်းတခုကို လက်တန်းရေးနိုင်တဲ့ အရည်အချင်းပြည့် (အသိဉာဏ်စွမ်းအား) မြင့်မားတဲ့ ပညာတတ်များဖြစ်ကြရုံမက
အောက်ခြေစည်းရုံးရေးကို ကောင်းကောင်းနောကြေတဲ့ အရွေးကောက်ခံခေါင်းဆောင်များ၊ ပါတီထူထောင်နိုင်စွမ်းရှိတဲ့ ခေါင်းဆောင်များ ဖြစ်ကြတယ် ။

ကနေ့အဖြစ်ကို ကြည့်ကြရင် (အထူးသဖြင့် ပြင်ပတွင)် နိုင်ငံရေးအရ မူလတန်း သာသာ ရှိသော သူများကလဲ မိမိကိုယ်မိမိ ခေါင်းဆောင်ကြီးလို့ထင်သူကထင်၊
၈၈၈၈ မှာ ငါတို့ကမှခေါင်းဆောင်အစစ်ဟု ကြွေးကြော်သူကကြွေးကြော်၊ စာအုပ်လေးအုပ်နှစ်ဆယ်သာသာလောက် ဖတ်ပြီးတာနှင့် မိမိအထင်ကို ရာဇဝင် အဖြစ်
ရေးသူကရေး၊ မြှောက်ပေး သူများက မြှောက်ပေး။

ပြည်တွင်းမှာလဲ နိုင်ငံရေးနားမလည်တဲ့ အင်ဂျီအို နဲ့ စီ်းပွားရေးသမားများက နေ့တွင်းညတွင်းချင်း နိုင်ငံရေးသမား အမတ်လောင်းများ ဖြစ်လိုဖြစ်၊


မနေ့ကမှ ပုခုံးအပေါ်က အပွင့်တွေနဲ့ စစ်ယူနီဖေါင်း ဝတ်ထားသူများကလဲ မောင့်ကျက်သရေခေါင်းပေါင်းတလူလူနှင့်
.. ..
အရပ်သားနိုင်ငံရေးခေါင်းဆောင်ကြီးတွေဖြစ်၊ လမ်းမတော် ဖိုးတုတ်နဲ့ အလီဘာဘာ လူမိုက်အုပ်စု ဖွတ်ကြီးအဖွဲ့ကလဲ ရုတ်တရက် တရားဝင်
ွ
နိုင်ငံရေး ပေါ်ပင် ပါတီဝင်များ ဖြစ်လိုဖြစ် နဲ့ ပလို့ဂျိ ဆိုပြီး ကြိမ်တို့ကာ ပေါ်လာလိုက်တဲ့ ခေတ်ပေါ် နိုင်ငံရေးသမားတွေ ….ဒုနဲ့ဒေး။

နိုင်ငံရေးသမားဆိုတာ တံဆိပ်တပ်..အလံထောင်..ကြွေးကျော်ရုံနဲ့ နိုင်ငံရေးသမား စစ်စစ် နိုင်ငံရေးသမားကောင်း ဖြစ်မလာပါဘူး။

နိုင်ငံရေးသမား စစ်စစ်ဆိုတာ တိုင်းပြည်နှင့်လူမျိုးကို ချစ်သည့်စိတ်ကို အခြေခံကာ ယုံကြည်ချက်၊ ခံယူချက် ရှိရပါမယ်။ အတွင်း စိတ်ဓာတ် ခိုင်မာရပါမယ်။
မိမိလျှောက်လိုတဲ့ ဦးတည်ချက် - လမ်းစဉ် - ရည်မှန်းချက် - ဖေါ်ဆောင်လိုတဲ့ ပေါ်လစီ - တွေကို မိမိကိုယ်တိုင်သိမှ - လူထုကိုချပြ ဦးဆောင်မှုပေးနိုင်ပါမယ်။
ဒါတွေပြည့်စုံဖ-ို့ အသိဉာဏ်စွမ်းအား - လိုလာပြန်တယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ သူအထင်ကြီးတဲ့ ဒေါက်တာဗမော် လေသံနဲ့ ဌာန်ကရိုဏ်း ကျကျ အင်္ဂလိပ် စကား ပြောကျင့်ခဲ့ရတယ် (ဦးသိန်းဖေမြင့်၏ကျော်ငြိမ်း
စာမျက်နှာ ၃၉)။ အင်္ဂလိပ်ကို အထင်ကြီးလို့မဟုတ်၊ ခေါင်းဆောင်ဆိုတာ မိမိအတွေး မိမိအမြင် မိမိ ယုံကြည်ချက်ကို အများလူထုသိအောင် ချပြဖို့လိုတယ်။
ပရိသတ်အလယ်မှာ ရဲရဲပြောတတ်ဖို့လိုတယ်။ အင်္ဂလိပ်စာဟာ ကမ္ဘာသိစာဖြစ်နေလို့ အင်္ဂလိပ်စာကို လက်နက်အဖြစ်သုံးရမှာကို သိလို့ ဖြစ်တယ်။

တခါ ကျောင်းသားတဦးက ကိုကျော်ငြိမ်းကိုအပြစ်တင်စကားပြောလာတယ်။ ကိုအောင်ဆန်းက မခံ ကိုကျော်ငြိမ်းအခန်းခေါ်သွားပြီး စာအုပ်ပုံအကြားငုံ့ဖတ်နေတဲ့


ကျောင်းသားကိုလက်ညိုးထိုးပြီး အဲဒါ ကျော်ငြိမ်း တိုင်းပြည်အတွက် ကုန်းဖတ်နေတာကွလို့ ကာကွယ်ခဲ့တယ်။ ဘာလုပ်လုပ် တိုင်းပြည်အတွက်လို့ စိတ်ထဲမှာ
ရှိခဲ့ကြတယ်။ ဗဟုသုတ ကြွယ်ရန်စာဖတ်ကြတယ်၊ သဘောတရားရေးတွေ လေ့လာဆွေးနွေးကြတယ်၊ တရားဟောစည်းရုံးရေးဆင်းကြတယ်၊
အားလုံးတိုင်းပြည်အတွက် သူ့ကျွန်ဘဝက လွတ်ဖို့။

ယ္ခုခေတ် ခေါင်းဆောင် ဖြစ်ချင်သူများ (ပြည်ပ) ၊နိုင်ငံ့အာဏာ ယူထားသူများ နဲ့ကွာခြားလှပါပြီ။

နိုင်ငံရေးစိတ်ဓာတ် - တိုင်းပြည် နှင့်လူမျိုးအပေါ် ထားတဲ့ စေတနာကွာခြားပါပြီ။

စေတနာ နဲ့ တိုင်းပြည်ချစ်စိတ် တို့ဟာ ဗီဇ လို့ပြောနိုင်တယ်၊ နှလုံးသားမှစီးဆင်းလာတယ်။

(မူ) နှင့် (ယုံကြည်ချက်) တို့ ဟာ (အသိဉာဏ်စွမ်းအား) အပေါ် မူတည်ပြန်တယ်။

အတိုချုပ်ရသော်

ဗိုလ်ချုပ်တို့ခေတ်က ကျောင်းသားခေါင်းဆောင် သ္ခင်ပေါက်စများဟာ သူ့ကျွန်မခံလိုစိတ် တိုင်းပြည်ချစ်စိတ် အရင်းတည်ပြီး နိုင်ငံရေးလုပ်ခဲ့ကြတယ်။


အဖွဲ့အစည်းတွင်း စနစ်တကျ စည်းကမ်းတကျ လုပ်ဆောင်ခွင့်ရှိခဲ့ကြရုံမက မဲနဲ့အရွေးကောက်ခံရတဲ့ ကျောင်းသားခေါင်းဆောင်အဖြစ် ရပ်တည်ကြရလို့ တာဝန်နဲ့
ဝတ္တရားကို နားလည်သလို အဖွဲ့အစည်းတွင်း အုပ်စုအားပြိုင်မှုအကြောင်းကို လက်တွေ့ ဖြေရှင်းကြရလို့ အပေးအယူ အကြောင်း ကောင်းကောင်းကြီး
နားလည်ခွင့်ရခဲ့ကြတယ်။ တပြည်လုံး ပြန့်သွားတဲ့ကျောင်းသားသပိတ်ကြီးကို ဖေါ်ထုတ်နိုင်စွမ်းရှိလို့ ကျောင်းသားကွန်ယက် တည်ဆောက်နိုင်ကြရုံမက ထိုခေတ်
နိုင်ငံရေးသမားကြီးများနှင့် ထိတွေ့ဆက်ဆံခွင့်ရခဲ့ကြတယ်။

ကျောင်းသားသမဂ္ဂဟာ နောင်တိုင်းပြည် လွတ်လပ်ရေးကို အရယူပေးမယ့် ခေါင်းဆောင်များကို မွေးထုတ်ပေးရာ ဘူမိလက်သံ မှန်သော မဏ္ဍိုင် တခု ဖြစ်တယ်။
ကျောင်းသားခေါင်းဆောင်များကလဲ အစွမ်းအစ ရှိတဲ့ စာဖတ်အား လေ့လာအား ကောင်းတဲ့ အသိဉာဏ် (capacity) မြင့်မားပြီး (မူ) ရှိတဲ့ တိုင်းပြည်ချစ်တဲ့
လူငယ်များ ဖြစ်ကြောင်း သတိပြုစေချင်ပါတယ်။

လူငယ်အပေါင်း အမျိုးချစ်စိတ် တိုင်းပြည်ချစ်စိတ် တိုးပွား၍ အသိဉာဏ်စွမ်းအားမြင့်မားကြပါစေသောဝ်။

ဘိုကျော်ငြိမ်း
ဇင်းမယ် (ချင်းမိုင)်

ကိုးကားစာအုပ်စာတမ်းများ

ကျောင်းသားလှုပ်ရှားမှုသမိုင်း (အောင်ထွန်း)
ဦးသိန်းဖေမြင့်ရဲ့ ကျော်ငြိမ်း
ဦးနုရဲ့ တာတေစနေသား
U Nu of Burma by Mr Butwell
Aung San of Burma by Aung San Suu Kyi
ဦးကျော်ငြိမ်း ကိုယ်တွေ့မှတ်တမ်း
ဒေါက်တာသာလှ ကိုယ်တွေ့မှတ်တမ်း
သ္ခင်တင်မြရဲ့ ဖက်ဆစ်တော်လှန်ရေးဌာနချုပ်နှင့် တိုင်း(၁ဝ)တိုင်း
A History of Burma Socialist Party 1930-1964 by Dr Kyaw Zaw Win
ဝင်းတင့်ထွန်းရဲ့ အမှောင်ကြားကဗမာပြည်
The eldest son by Han Su Ying
My father Deng Xiaoping – The war years by Deng Rong
နောက်ဆက်တွဲ

ဒုတိယပိုင်းမှာ ဗိုလ်ချုပ် ကျောင်းသားခေါင်းဆောင်ဘဝက နိုင်ငံရေးသမားဘဝ သို့ ကူးပြောင်းသွားပုံ ကို ဆက်လက် ဖေါ်ပြသွားပြီး အတိုက်အခိုက် အပြိုင်အဆိုင်
များကြားက ပြိုင်ဘက်မရှိ အမျိုးသားခေါင်းဆောင်ဘဝ သို့ ရောက်လာပုံ ဗိုလ်ချုပ်ရဲ့ လေ့လာစရာ နိုင်ငံရေးအကွက်တွေကို ဆည်းပူး ဖေါ်ထုတ်ရင်း..

တတိယအပိုင်းမှာ…. အမျိုးသားခေါင်းဆောင် အဆင့်ရောက်မှ အင်္ဂလိပ် ကိုလိုနီတို့နဲ့ ဉာဏ်ချင်းယှဉ်ပြီး လွပ်လပ်ရေးကို မည်သို့ အကွက်ကျကျ


တိုက်ယူနိုင်ခဲ့ပုံတို့ကိုတင်ပြဆွေးနွေးပါရစေ။
****************

ရာဇဝင် မှတ်တမ်းအတွက် ၁၉၃၆ သပိတ်မှောက်ကောင်စီ စာရင်းကို တင်ပြပါရစေ။


ကျောင်းသားလှုပ်ရှားမှုသမိုင်း (စာမျက်နှာ ၇၈) ကိုညွှန်းပါတယ်။

၁။ ကိုရာရှစ် ဥက္ကဋ္ဌ
၂။ ကိုကျော်ငြိမ်း အတွင်းရေးမှုး
၃။ ကိုအုန်း
၎။ ကိုသီဟန်
၅။ ကိုလှဖေ (ဗိုလ်လက်ျာ)
၆။ ကိုထွန်းအုံ
၇။ ကိုထွန်းတင်
၈။ ကိုတီကေဘွန်း
၉။ ကိုအေးချို
၁ဝ။ကိုညိုမြ (ကိုသိန်းတင်)
၁၁။ကိုသာလှ
၁၂။သရဲကိုဘအေး
၁၃။ကိုညိုထွန်း
၁၄။မအမာ (လူထုဒေါ်အမာ)
၁၅။ကိုစိုးမောင်
၁၆။မအုန်း
၁၇။မမကြီး
၁၈။မခင်မြ
၁၉။ကိုလှမောင် (ရမည်းသင်း)
၂ဝ။ကိုညွန့်
၂၁။ကိုခင်မောင်
၂၂။ကိုသိန်းဖေ
၂၃။ကိုအောင်ဆန်း
၂၄။ကိုနု
၂၅။မခင်ကြီး အပါအဝင် (၂၉)ဦး

(မှတ်ချက်။ ကျောင်းသားသမဂ္ဂသမိုင်း စာအုပ်အရ ကိုရာရှစ်ဟာ သပိတ်မှောက်ကောင်စီဥက္ကဋ္ဌဖြစ်ပြီး ကိုကျော်ငြိမ်းဟာ အတွင်းရေးမှူးဖြစ်တယ်။ ဦးကျော်ငြိမ်းနဲ့


ဒေါက်တာသာလှတို့ရဲ့ ကိုယ်ရေးမှတ်တမ်းအရ ကိုနု ဥက္ကဋ္ဌ၊ ကိုရာရှစ် ဒုဥက္ကဋ္ဌ၊ ကိုကျော်ငြိမ်း အတွင်းရေးမှူး အဖြစ် အရွေးခံရတယ်လို့
ရေးသားမှတ်တမ်းတင်ခဲ့ကြတယ်)

တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် သည်းညည်းခံနိုင်စိတ် ကုန်လာခြင်း


|

Reference ID Created Released Classification Origin


08RANGOON44 2008-01-18 10:10 2010-12-09 21:09 CONFIDENTIAL Embassy Rangoon

VZCZCXRO5943
PP RUEHCHI RUEHDT RUEHHM RUEHNH
DE RUEHGO #0044/01 0181034
ZNY CCCCC ZZH
P 181034Z JAN 08
FM AMEMBASSY RANGOON
TO RUEHC/SECSTATE WASHDC PRIORITY 7059
INFO RUCNASE/ASEAN MEMBER COLLECTIVE
RUEHGG/UN SECURITY COUNCIL COLLECTIVE
RUEHBY/AMEMBASSY CANBERRA 0842
RUEHNE/AMEMBASSY NEW DELHI 4402
RUEHUL/AMEMBASSY SEOUL 7933
RUEHKO/AMEMBASSY TOKYO 5494
RHEHNSC/NSC WASHDC
RHHMUNA/CDR USPACOM HONOLULU HI
RUCNDT/USMISSION USUN NEW YORK 1282
RUEKJCS/SECDEF WASHDC
RUEKJCS/JOINT STAFF WASHDC
Friday, 18 January 2008, 10:34
C O N F I D E N T I A L SECTION 01 OF 03 RANGOON 000044
SIPDIS
SIPDIS
DEPT FOR P, EAP/MLS AND IO
PACOM FOR FPA
EO 12958 DECL: 01/16/2018
TAGS PGOV, PREL, BM
SUBJECT: CHINESE LOSING PATIENCE WITH BURMA
Classified By: CDA Shari Villarosa for Reasons 1.4 (b) & (d)

အကြောင်းအရာ။ ။ တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် သည်းညည်းခံနိုင်စိတ် ကုန်လာခြင်း။


လျှို့ဝှက် မှတ်တမ်းဖြည့်သွင်းသူ။ ။ ယာယီသံရုံး တာဝန်ခံ ရှီလာ ဗယ်လာရိုဆာ၊ အကြောင်းပြချက် 1.4 (b) & (d)

၁။ (ဂ) အနှစ်ချုပ်။
သံရုံး ယာယီတာဝန်ခံက တရုတ်နိုင်ငံ သံအမတ်ကြီးကို ဇန်နဝါရီ ၁၇ ရက်က နေ့လယ်စာဖိတ်ပါသည်။ (မြန်မာနိုင်ငံတွင)် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုများ
ကင်းမဲ့နေခြင်းနှင့် စစ်ဗိုလ်ချုပ်များကို နိုင်ငံအားလုံးက တသံတည်းဖြင့် စတင် စကားပြောလာစေရန် တိုက်တွန်းရန်၊ လေးဖင့်နေမှုများ အဆုံးသတ်ရန် ကိစ္စ
ဆွေးနွေးခဲ့ပါသည်။ တရုတ်သံအမတ်က မြန်မာစစ်အစိုးရကို ကာကွယ်ပြောဆိုရန် မကြိုးပမ်းတော့ပါ။ စစ်ဗိုလ်ချုပ်များက ဆိုးနေသည့် အခြေအနေကို ပိုဆိုးစေရန်
လုပ်ဆောင်နေကြောင်း အသိအမှတ်ပြုပြော သည်။ တရုတ်နိုင်ငံ၏ အခွင့်အလမ်းများကိုသုံး၍ အပြောင်းအလဲများ ဖြစ်ပေါ်လာရန် တိုက် တွန်းခဲ့သော်လည်း
မြင်သာသည့် ရလဒ်များစွာ မရခဲ့ပါ။ သို့သော်လည်း မိမိတို့နှင့်အတူ ပြောင်းလဲမှုများ ဖြစ်ပေါ်လာရေး လုပ်ဆောင်ရန် စိတ်ဝင်စားမှု ရှိပါသေးသည်။ သံအမတ်ကြီးက
အာဏာနှင့် စီးပွားရေး အကျိုးအမြတ်များ ဆုံးရှုံးသွားမည်ကို စိုးရိမ်နေမှုက စစ်ဗိုလ်ချုပ်များကို တွေ့ဆုံဆွေးနွေးပွဲ စကားဝိုင်းနှင့် ဝေးနေစေသည်ဟု ဆိုသည်။
အကျဉ်းချုပ်-ဆုံး။

တရုတ်က စိတ်ပျက်နေခြင်း
--------------
၂။ (ဂ) သံအမတ်ကြီး ဂွမ် မူ (Guan Mu) က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ တိုးတက်မှု မရှိခြင်းအပေါ် စစ်အစိုးရကို ကာကွယ်ရန် မကြိုးပမ်းတော့ပါ။
ပြီးခဲ့သည့် နိုဝင်ဘာက တွေ့ဆုံဆွေးနွေးမှုများ မည်သည့်အတွက်ကြောင့် ရပ်ဆိုင်းသွားရသည်ကို မသိကြောင်း သူ ဝန်ခံပါသည်။ ထိပ်တန်း ခေါင်းဆောင်ပိုင်းက
ပြင်ပကမ္ဘာသို့ သူတို့တံခါးဖွင့်ရမည်ကို နားလည်သည်ဟု သူက ဖြည့်စွက်ပြောသည်။ လက်ရှိအခြေအနေနှင့် ပတ်သက်၍ သတင်းများ အထက်သို့ မရောက်ကြောင်း
လည်းဆိုသည်။ သံဃာများ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သည်မှာ ဗုဒ္ဓဘာသာမဆန်လှကြောင်း ပြောသော်လည်း ဂွမ်က သံဃာများပါဝင်လာရခြင်းမှာ မြန်မာနိုင်ငံ
အခြေအနေဆိုးနေ၍ ဖြစ်ကြောင်း သဘောတူညီသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် တာဝန်ပေးခန့်ထားသည့် ဆက်သွယ်ရေး အရာရှိက ၂-လ ကြာပြီးမှ
လွန်ခဲ့သည့်အပတ်က တွေ့ဆုံကြောင်း ထောက်ပြပြောဆိုပြီး ကွာဟမှု "သိပ်ကြာနေကြောင်း" ဝန်ခံပြောဆိုသည်။ တာဝန်ခံက ထောက်ပြရာတွင် ဗိုလ်ချုပ်မှူးကြီး
သန်းရွှေသည် ရှေ့ဆက်ရမည့်ခရီးတွင် တကယ့်အဟန့်အတားဖြစ်နေကြောင်း ပြောသည်။ သံအမတ်ကြီးက ဗိုလ်ချုပ်သန်းရွှေအနေဖြင့် လာမည့်နှစ်များတွင် ပို၍
တံခါးဖွင့်ရန်ရှိသည်ဟု ယုံကြည်ကြောင်း တုံ့ပြန်ပြောဆိုသည်။ မြန်မာပြည်သူများအနေဖြင့် ဤမျှကြာမြင့်စွာ မစောင့်နိုင်ပါဟု တာဝန်ခံက သတိပေး ပြောဆိုပြီး
နောက်ထပ်အချိန်ဆွဲမှုများ ဖြစ်နေပါက မငြိမ်မသက်ဆူပူမှုများ ပို၍ ဖြစ်စေရန်သာ ရှိသည်ဟု ထောက်ပြသည်။

၃။ (ဂ) သံအမတ်ကြီး ဂွမ်က ပြောရာတွင် မြန်မာနိုင်ငံသို့လာရောက်ကြသည့် တရုတ်အရာရှိများက ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများကို တွေ့ဆုံဆွေးနွေးမှု အရှိန်မြှင့်ရန်


တိုက်တွန်းကြကြောင်းနှင့် နောက်ပြန်ဆုတ် မှုကို နိုင်ငံတကာ အသိုင်းအဝိုင်းမှ လက်ခံမည်မဟုတ်ကြောင်း သတိပေးခဲ့ကြသည်။ သူက သဘောတူညီ သည်မှာ
အင်အားစုအသီးသီးက စ၍ စကားပြောဆိုသင့်ပြီး မိမိတို့အနေဖြင့် အပြုသဘောဆောင်သည့် ဝေဖန်ချက်များ လုပ်ရန် တိုက်တွန်းသည်။ တာဝန်ခံက ပြောရာတွင်
"စတင်စကားပြောရန်" ဆိုသည်မှာ အလွန်အပြုသဘောဆောင်သည့် အကြံပြုချက်ဖြစ်ပြီး အမှန်တကယ် ပြောဆိုဆွေးနွေးနိုင်ပါက ကမ္ဘာက ကြို ဆိုကြမည်သာ
ဖြစ်သည်။ အကယ်၍ စစ်ဗိုလ်ချုပ်များအနေဖြင့် တွေ့ဆုံဆွေးနွေးမှုအပေါ် လေးနက်ပါက နေ့စဉ်တွေ့ဆုံ စကားပြောနေသင့်သည်။ ဒေါ်အောင်ဆန်းစုကြည်သာမက
တိုင်းရင်းသားခေါင်းဆောင်များ၊ အခြား စိတ်ပါဝင်စားသူ နိုင်ငံသားများနှင့်လည်း ပြောဆိုဆွေးနွေးနေသင့်သည်ဟု ပြောသည်။ လူတဦးနှင့် ၂-လကြာပြီးမှ
တနာရီကြာ တခါ ဆွေးနွေးသည်မှာ ဟန်ပြသာ ဖြစ်ကြောင်း၊ မလေးနက်ကြောင်း တာဝန်ခံက ပြောသည်။ ထို့ပြင် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို
အခြားမည်သူနှင့်မျှ တွေ့ခွင့် မပေးကြောင်း၊ စစ်အစိုးရ သူ့အပေါ် သက်ညှာလွတ်လပ်ခွင့်ပေးပါက လူအမျိုးမျိုးထံမှ အကြံဉာဏ်များ တိုင်ပင်ရယူနိုင်မည် ဟု
သူကဆိုသည်။

ထိန်းချုပ်မှုနှင့် ဆူပူမငြိမ်သက်မှုများ
-------------------
၎။ (ဂ) ဂွမ်က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲများ မစတင်နိုင်ရခြင်း ကြောင့်ကြမှု ၂-ခုအဖြစ် အာဏာ လက်လွတ်မည်နှင့် စီးပွားရေး အကျိုးစီးပွားများ
လက်လွှတ်ရမည်ကို ရွံ့စိတ်ကို ရည်ညွှန်း ပြောကြားသည်။ ဂွမ်က အကြံပေးရာ၌ ထိပ်တန်းခေါင်းဆောင်များကို "သူတို့ အသက်ဆုံးရှုံးရမည် မဟုတ်ကြောင်း"
အာမခံ ပေးနိုင်ပါက၊ စီးပွားရေး အကျိုးစီးပွားများ ဆက်ရှိမည်ဆိုပါက တဖြည်းဖြည်းချင်း အာဏာလက်လွှတ်ရန် စိတ်ဝင်စားဖွယ်ရှိသည်ဟု ဆိုသည်။ စီးပွားရေး
အကျိုးအမြတ်များက စစ်ဗိုလ်ချုပ်များနှင့် သူတို့ မိသားစုဝင် များအတွက် ပို၍အရေးပါပုံ ရသည်ဟု သူက ပြောသည်။ ဤအချက်များကို ညှိနှိုင်းဆွေးနွေး၍
ရနိုင်ကြောင်း တာဝန်ခံက တုံ့ပြန်ပြီး ယခုပင် စဖို့ လိုသည်ဟု ထပ်ပြောသည်။ အကယ်၍ လူထု မကျေနပ်မှုကြီးလာပြီး ဆူပူမငြိမ်သက်မှုများ ဖြစ်ပွားလာပါက
ညှိနှိုင်းဆွေးနွေးစရာ ကျန်တော့မည်မဟုတ်ဟု သူက ဖြည့်စွက်ပြောသည်။

၅။ (ဂ) စစ်ဗိုလ်ချုပ်များက သူတို့လမ်းပြမြေပုံအတိုင်း ဆက်သွားလိုကြောင်း ဂွမ်က ပြောသည်။ တာဝန် ခံက အကြံပြုရာတွင် ကျန်ရှိသည့်အဆင့်တိုင်း၌
လူအများကို ပို၍ ပူးပေါင်းပါဝင်ခွင့်ပေးပြီး သူတို့လမ်းပြ မြေပုံအတိုင်း ဆက်သွားနိုင်ကြောင်း၊ ယခု လက်ရှိဖွဲ့စည်းပုံ မူကြမ်းရေးဆွဲရေးအဆင့်၌ပင် ဆောင်ရွက်နိုင်
ကြောင်း ပြောသည်။ ဤအတွက်ကြောင့် လမ်းပြမြေပုံ လုပ်ငန်းစဉ်ကို အချိန်ပိုယူရနိုင်သော်လည်း နောက် ဆုံး လူအများလက်ခံနိုင်သည့် ရလဒ်ထွက်ပေါ်လာဖွယ်
ရှိကြောင်း၊ အားလုံးအတွက် ကောင်းကြောင်း ပြော သည်။ လမ်းပြမြေပုံ လုပ်ငန်းစဉ်သည် လူအများ မြင်တွေ့လိုသော တည်ငြိမ်မှု ပေးနိုင်ဖွယ် မရှိကြောင်း
တာဝန်ခံက ပြောသည်။ အကြောင်းမှာ ဒီမိုကရေစီရေး ထောက်ခံသူများနှင့် တိုင်းရင်းသားလူနည်းစုများ၏ လိုလားချက်များကို ထည့်သွင်းမထားသောကြောင့်
ဖြစ်သည်။ ယခင်အစည်းအဝေးတွင် သူဆွေးနွေးခဲ့သလို လမ်းပြမြေပုံလျင်မြန်အောင် ဆောင်ရွက်မှုဖြင့် နာမည်ယူမည့်အစား ဤသို့ဆောင်ရွက်သင့်သည်ဟု
ပြောရာ ဂွမ်က သဘောတူကြောင်း ခေါင်းငြိမ့်သည်။ တရုတ်နိုင်ငံက တည်ငြိမ်မှုကို မြင်တွေ့လိုကြောင်း ထပ်၍ ပြောကြားသည်။ တာဝန်ခံက ပြောရာတွင်
လာမည့်လများတွင် ဆန္ဒပြပွဲများ ထပ်၍တွေ့ရဖွယ်ရှိကြောင်း၊ အမှန်တကယ် တွေ့ဆုံဆွေးနွေးမှုများကို လူအများ မမြင်ရပါက ဖြစ်ဖွယ်ရှိကြောင်း ပြောသည်။ သူက
ပြဿနာအများစုကို လွယ်ကူစွာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်မှုရှိကြောင်း ပြောသည်။ အင်အားစု အများနှင့် စကားပြောရန်၊ ဆက်၍ ပြောရန်သာ လိုကြောင်း
ပြောသည်။
၆။ (ဂ) သဘာဝဓာတ်ငွေ့နှင့် ရေနံ ရောင်းရငွေမှ ဘဏ္ဍာငွေ တိုးတက်ရရှိလာသော်လည်း မြန်မာ ပြည်သူများ ကောင်းကျိုးအတွက် စစ်အစိုးရက မည်သို့မျှ
ဆောင်ရွက်မပေးခဲ့ကြောင်း ဂွမ်က အသိအမှတ်ပြုသည်။ ဂြိုဟ်တုစလောင်းများအပေါ် အခကြေးငွေ များစွာမြှင့်တင်လိုက်သည့်အတွက် စစ်အစိုးရကို လူထုက
နောက်ထပ်ပြဿနာရှာနိုင်ကြောင်းလည်း အသိအမှတ်ပြုသည်။ ဤဆောင်ရွက်ချက်သည် လူများကို သတင်းဖြတ်တောက်ရန်ဖြစ်သော်လည်း သူတို့
ထွက်ပေါက်ကလေးဖြစ်နေသည့် ဘောလုံးပွဲနှင့် ကိုရီးယားဇာတ်လမ်းတွဲများနှင့်ပါ မထိတွေ့ရအောင် ပိတ်ပင်ရာ ကျကြောင်း တာဝန်ခံက ပြောသည်။ အစိုးရက
အလွန်ဖိနှိပ်ရာ ကြိုးပမ်းလျှင် ပေါက်ကွဲတတ်ကြောင်း တရုတ်နိုင်ငံအနေနှင့် သင်ခန်းစာယူမိသည်။ မြန်မာနိုင်ငံတွင် ဆူပူမငြိမ်သက်မှု အန္တရာယ်ရှိနေကြောင်း
သူနားလည်သည်ဟု ဂွမ်ကဆိုသည်။

၇။ (ဂ) ဂွမ်က လွတ်လပ်ရေးရပြီး ပထမ ၁ဝ-နှစ်နှင့် ဦးနေဝင်း၏ ၁၉၈၈ က ဒီမိုကရေစီပြောင်းလဲရေး ကြိုးပမ်းခဲ့ပုံကို ကိုးကား၍ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ်
အလုပ်ဖြစ်နိုင်မည်-မဖြစ်နိုင်မည်ကို မေးခွန်း ထုတ်သည်။ တာဝန်ခံက ရှင်းပြရာ၌ နိုင်ငံအများစုမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း အလားတူ လှုပ်ရှား
ရုန်းကန်ခဲ့ရကြောင်း၊ ယခုလက်ရှိ ဗိုလ်ချုပ်များသည်ပင် ၁၉၈၈ မှစ၍ ယခုတိုင် ပိတ်ဆို့ထားခဲ့သူများ ဖြစ် ကြောင်း သတိပေးပြောကြားသည်။
မြန်မာလူထုများအနေဖြင့် အတိတ်က သင်ခန်းစာယူပြီး သူတို့အနာ ဂတ်တွက် ပြောရေးဆိုခွင့် ရှိပါက တည်ငြိမ်မှုကို ထိန်းသိမ်းလိုလိမ့်မည်ဟု တာဝန်ခံက
ပြောကြားသည်။ ဂွမ် က အချို့သောပြဿနာများတွင် အပြင်က ဝင်ဆုံးဖြတ်ရန် မသင့်ဟု ပြောသည်။ ဥပမာ-မိသားစုတွင်းက လိင်ကိစ္စ ပြဿနာမျိုး ဖြစ်သည်။
တာဝန်ခံက သဘောတူပြီး ပြင်ပပုဂ္ဂိုလ်များ၏ တာဝန်မှာ အင်အားစုများကို စကားပြောဆိုရန် တိုက်တွန်းရန်သာ ဖြစ်သည်။ မည်သည့်ကိစ္စများ ဆွေးနွေးသည်၊
သဘောတူသည်မှာ သူတို့ကိစ္စသာ ဖြစ်သည်။ တာဝန်ခံက တရုတ်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ပူးပေါင်း၍ အမှန်တကယ် တွေ့ဆုံဆွေးနွေးမှုများ
ယခုပင် ဖြစ်မြောက်ရန်၊ မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းများမှ လူများ လက်ခံသည့် ရှေ့ဆက်သွားနိုင်သည့်လမ်း ထွက်ပေါ်လာသည့်တိုင်
တိုက်တွန်းပေးဖို့ ပြောသည်။

ကြံ့ဖွံ့နှင့် တွေ့ပါ။ NLD နှင့် မတွေ့ပါနှင့်


--------------------------
၈။ (ဂ) တာဝန်ခံက မှတ်ချက်ပေးရာတွင် မကြာမီကလာသော တရုတ်ဧည့်သည်များ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (စစ်အစိုးရ၏ လူထုအဖွဲ့အစည်း-
USDA) နှင့်သာ များစွာ အချိန်ပေးသည်ဟု ပြောသည်။ တရုတ်နိုင်ငံ၏ ပင်မနိုင်ငံရေးပါတီ ၈-ခုအနက်မှ အဆင့်မြင့်အရာရှိနှင့် ပြည်သူ့ ကွန်ဂရက်မှ ဟီ လူလီ (He
Luli) ကို ဂွမ်က ဖော်ပြပြောဆိုသည်။ ဂွမ်က USDA အနေဖြင့် နိုင်ငံရေးပါတီ တခုအဖြစ် ပြင်ဆင်နေသည်ဟု မယုံကြည်ကြောင်း ပြောသည်။ သူက မှတ်ချက်ပြုရာ၌
USDA တွင် အဖွဲ့ဝင် ၂၄ သန်းရှိပြီး ၆ဝ% မှာ အသက် ၁၈-နှစ်အောက် ဖြစ်သည်။ သို့အတွက်ကြောင့် မဲမပေးနိုင်ကြပါ။ တာဝန်ခံက ဂွမ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် တွေ့နိုင်သလောဟု မေးသည်။ ဂွမ်က "အစိုးရက ခွင့်ပြုမည် မထင်ကြောင်း" မြန်မာအစိုးရကို ရည်ညွန်း၍
အမြန်ပြန်ဖြေသည်။

၉။ (ဂ) နိုင်ငံခြားရေးဝန်ကြီးဌာနက မိမိတို့ NLD နှင့် "များစွာ" တွေ့ဆုံခဲ့သည်ကို စောဒကတက်ကြောင်း တာဝန်ခံက ပြောသည်။ တရုတ်များကိုလည်း အလားတူ
ပြောဆိုမှု ရှ-ိ မရှိ မေးသည်။ သူက ပြုံး၍ မရှိဟု ခေါင်းကို ယမ်းပြသည်။ NLD ထံသို့ တာဝန်ခံ သွားလည်ခဲ့သလားဟု မေးသည်။ သူက ရှိသည်ဟု ဖြေသည်။ သူက
သံအမတ်ကြီးကို NLD အဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးလိုကြောင်း ဖြည့်စွက်ပြောသည်။ သူက NLD ဥက္ကဋ္ဌ ဦးအောင်ရွှေထံမှ စာတစောင် လက်ခံရရှိဖူးကြောင်း၊
တွေ့ဆုံဆွေးနွေးခွင့် တောင်းထားသော်လည်း မချိန်းဆိုရသေးကြောင်း၊ သို့သော်လည်း အမျိုးသားနေ့ အခမ်းအနားတွင် တွေ့ဆုံစဉ်က လက်ဆွဲနှုတ်ဆက်ဖူး
ကြောင်း ပြောသည်။ သူက မှတ်ချက်ပေးရာ၌ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် NLD နှင့် တာဝန်ခံတွေ့ဆုံ မှုကို ပိတ်ပင်တားဆီးမည် မဟုတ်ကြောင်း၊ များစွာ
မတွေ့ဆုံရန်သာ အကြံပေးကြောင်း ပြောသည်။ အစိုးရနှင့် မတူသည်မှာ NLD က မိမိတို့နှင့် တွေ့ဆုံစကားပြောလိုသောကြောင့် မိမိတို့ကလည်း ပုံမှန်
တွေ့ဆုံနေကြောင်း တာဝန်ခံက ပြောသည်။ တရုတ်အရာရှိများက ထိပ်တန်း ခေါင်းဆောင်များအနေဖြင့် (US) တာဝန်ခံနှင့် တွေ့ပါရန် အကြံပေးထားသည်ဟု ဂွမ်က
ပြောသည်။ ဗိုလ်ချုပ် သန်းရွှေက တွေ့ပါမည်ဟု တရုတ် ဒု-နိုင်ငံခြားရေးဝန်ကြီးကို ဖြေဆိုခဲ့သည်။

၁ဝ။ (ဂ) မှတ်ချက်။ သန်းရွှေ စစ်အစိုးရ၏ လေးဖင့်နေမှုအပေါ် တရုတ်ကလည်း စိတ်ပျက်နေသည်မှာ အထင်အရှား ဖြစ်သည်။ ဒီမိုကရေစီ၊ ဆန္ဒပြပွဲများ၊ နိုင်ငံရေး
တက်ကြွသူ သံဃာများကြောင့် သူတို့စိတ် မသက်မသာ ဖြစ်သော်လည်း စစ်ဗိုလ်ချုပ်များက ဆွေးနွေးရန် ငြင်းဆန်နေသမျှ နောက်ထပ် မတည်ငြိမ်
ဆူပူမှုများအန္တရာယ် တိုးလာနေကြောင်း သူတို့ သဘောပေါက်သည်။ ဤမတည်ငြိမ် ဆူပူမှုများသည် ဤနိုင်ငံတွင်းရှိ တရုတ် စီးပွားရေး အကျိုးစီးပွားကို
မလွဲမရှောင်သာ ထိခိုက်စေမည် ဖြစ်သည်။ တည်ငြိမ်မှုကို မြှင့်တင်မည်ဆိုလျှင် မြန်မာနိုင်ငံအရေး၌ မိမိတို့ ချဉ်းကပ်မှုဘက်သို့ ပို၍ နီးစပ်လာရန် ရှိသည်။
ဤနိုင်ငံတွင်းရှိ သူတို့အကျိုးစီးပွားများကို ကာကွယ်ရန် စစ်ဗိုလ်ချုပ်များကိုချည်း အားထားရန် မဖြစ်နိုင်ပါ။ ဒီမိုကရေစီရေး ထောက်ခံသူများ အပါအဝင်
အချို့ကြားခံအုပ်စုများကို ငြိမ်းချမ်းရေးအတွက် အဖြေထည့် သွင်း စဉ်းစားရမည် ဖြစ်ကြောင်း သဘောပေါက်သည်။ ဤဆွေးနွေးမှုများသည် ယခုပင် စတင်ရန်
လိုအပ်နေ သည်။ စစ်ဗိုလ်ချုပ်များ သူတို့အနာဂတ်အတွက် စိုးရိမ်နေသည်မှာ သံသယဖြစ်ဖွယ် မရှိပါ။ သို့အတွက် ကြောင့် တိတ်တဆိတ် ကာကွယ်မှုအတွက်
အာမခံချက် ပေးခြင်းဖြင့် သူတို့ကို တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်း သို့ ခေါ်လာနိုင်ဖွယ်ရှိသည်။ တရုတ်နိုင်ငံကလည်း သူတို့ကို တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းသို့
ခေါ်လာနိုင်စေ ရန် ဆန္ဒတူ ရှိနေသည်။ တရုတ်သံအမတ်ကြီးက မိမိတို့နှင့် ဆက်၍ လုပ်ကိုင်ရန် စိတ်ဝင်စားမှု ရှိကြောင်း ရှင်းလင်းစွာ ဖော်ပြသည်။
http://mizzimaburmese.com/

မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု နှစ်ဆတိုး


By ဦးဇော်ဝင်းလှိုင် တနင်္လာ, 13 ဒီဇင်ဘာ 2010
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
ပြီးခဲ့တဲ့တနှစ်အတွင်း မြန်မာနိုင်ငံက ဘိန်းစိုက်ပျိုးမှု တိုးလာပြီး ပြည်တွင်း မူးယစ်ဆေးဝါး သုံးစွဲမှုနှုန်း ဟာလည်း မြင့်တက်လာတာကို တွေ့ရတယ်လို့
နှစ်စဉ်ထုတ်ဝေတဲ့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု နှိမ်နင်းရေးအဖွဲ့ရဲ့ အစီရင်ခံစာ အသစ်က ပြောပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ ၅
နှစ်လောက်က မြန်မာပြည်တွင်း ဘိန်းစိုက်ပျိုးမှု လျော့ကျနေခဲ့ရာက ပြီးခဲ့တဲ့ ၂ နှစ်လောက်အတွင်းမှာ ပြန်များလာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ အခုလို
မြန်မာနိုင်ငံဆိုင်ရာ မူးယစ်ဆေးဝါး ထုတ်လုပ်သုံးစွဲမှုနဲ့ ပတ်သက်ပြီး အစီရင်ခံစာသစ်ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ နိုင်ငံခြား သတင်းထောက်များ
အသင်းမှာ ထုတ်ပြန်ခဲ့ ပါတယ်။ အပြည့်အစုံကို ကိုယ်တိုင် သတင်းသွားယူထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ဒီကနေ့ FCCT နိုင်ငံခြား သတင်းထောက်များ အသင်းမှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ မူးယစ်ဆေးဝါး ထုတ်လုပ်သုံးစွဲမှုနဲ့ ဒေသတွင်း ဖြန့်ချိမှု လေ့လာတွေ့ရှိချက်
အစီရင်ခံစာ ထုတ်ပြန်တဲ့ အခမ်းအနားကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့က ဒေသလုံးဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ပြီးနောက်ပိုင်း ထုတ်လုပ်မှုနှုန်း များတဲ့
တိုင်းပြည် တခုချင်းစီအတွက် သီးခြား အစီရင်ခံစာ ထုတ်ပြန်တာ ဖြစ်ပါတယ်။
ဒီကနေ့ အစီရင်ခံစာ ထုတ်ပြန်တဲ့ နိုင်ငံတွေကတော့ လာအိုနဲ့ မြန်မာတို့ ဖြစ်ပါတယ်။ ဒါပေမဲ့ လာအိုနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်လိုက်ရင် မူးယစ်ဆေးဝါး
ထုတ်လုပ်မှုရော သုံးစွဲမှုနှုန်းပါ သိသိသာသာ နည်းလွန်းနေတဲ့အတွက် မြန်မာနိုင်ငံ အကြောင်းကိုပဲ အစီရင်ခံစာမှာ အဓိကထား ဖော်ပြထားတာကို တွေ့ရပါတယ်။
အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အမ်ဖက်တမင်း (Amphetamine) လို့ခေါ်တဲ့ စိတ်ကြွဆေး ထုတ်လုပ်မှုနှုန်း ပိုများလာတာကို တွေ့ရပြီး အထူးသဖြင့်တော့
ဘိန်းစိုက်ပျိုးမှုနှုန်းဟာ ရာခိုင်နှုန်းအားဖြင့် သိသိသာသာ မြင့်တက်လာတာကို တွေ့ရတယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှု တိုက်ဖျက်ရေးရုံးရဲ့
အရှေ့အာရှဆိုင်ရာ ဌာနေကိုယ်စားလှယ် ဂယ်ရီ လူးဝစ်စ် (Gary Lewis) က အခုလို ပြောသွားပါတယ်။
“လွန်ခဲ့တဲ့ ၁ နှစ်၊ ၂ နှစ်အတွင်း မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှုနှုန်းဟာ ၂ ဆနီးပါးလောက် မြင့်တက်လာတယ် ဆိုတာကို စစ်တမ်းတွေအရ တွက်ချက်ကြည့်လို့
ရပါတယ်။ ဒါဟာ သိသာလွန်းတဲ့ ပြောင်းလဲမှုဖြစ်ပြီး တခြား မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ သုံးစွဲမှုတွေဟာလည်း မြင့်တက်လာတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ
ဘိန်းစိုက်ပျိုးမှု မြင့်တက်လာပြီး အထွက်နှုန်းကလည်း အားကောင်းလာတာကြောင့် တကမ္ဘာလုံး အတိုင်းအတာနဲ့ နှုန်းယှဉ်လိုက်ရင် မြန်မာနိုင်ငံက
ထုတ်လုပ်မှုနှုန်းဟာ ၁၆% လောက် မြင့်တက်လာတာကို တွေ့ရပါတယ်။”
တဘက်မှာ ဘိန်းစိုက်ပျိုးမှုနှုန်း အခုတနှစ်အတွင်း မြင့်တက်လာသလို တခြား မက်သမ်ဖက်တမင်း (Methamphetamine) လို မူးယစ်ဆေးဝါး
ထုတ်လုပ်မှုတွေလည်း ၁၄% လောက်အထိ တိုးမြင့် ထုတ်လုပ်လာတာကို တွေ့ရတယ်လို့ UNODC အရှေ့အာရှဆိုင်ရာ ပူးပေါင်းလုပ်ဆောင်ရေး တာဝန်ခံ မစ်စ်
ဒီပီကာ နာရူကာ (Ms. Deepika Naruka) က ပြောပါတယ်။
“လွန်ခဲ့တဲ့ နှစ်အနည်းအတွင်းကနေ အခုနှစ်ဆန်းပိုင်းအထိ မြန်မာနိုင်ငံက မူးယစ်ဆေးဝါး ထုတ်လုပ်မှုဟာ ၅% လောက်သာ ရှိခဲ့ပေမဲ့ အဲဒီကိန်းဂဏန်းတွေဟာ
မကြာခင်မှာ ပြောင်းလဲတော့မှာပါ။ အခုနှစ်အတွင်းမှာတင် ထုတ်လုပ်မှုနှုန်းဟာ ၁၄% အထိ မြင့်တက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာ့ မက်သမ်ဖက်တမင်း
မူးယစ်ဆေးပြားတွေ အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံတခု ဖြစ်လာတယ် ဆိုတာကို စိတ်ဝင်စားစရာ တွေ့လာရပါတယ်။”
အဲဒီ မက်သမ်ဖက်တမင်း ဆေးပြားတွေကို မြန်မာနိုင်ငံအတွင်းမှာ ၁၉၉၆ ခုနှစ်လောက်က စတင် ဖမ်းဆီးမိခဲ့ပြီး ၂၀၀၉ ခုနှစ်က ဖမ်းဆီးရမိခဲ့တဲ့ ဆေးပြား
အရေအတွက်ဟာ ၂၄,၀၀၀,၀၀၀ လောက် ရှိပါတယ်။ ဒါဟာ ၂၀၀၇ ခုနှစ်က ဖမ်းမိခဲ့တဲ့ ဆေးပြားအရေအတွက် ၁,၇၀၀,၀၀၀၊ ၂၀၀၈ ခုနှစ်မှာ ဖမ်းမိတဲ့
၁,၀၀၀,၀၀၀ သာသာ အရေအတွက်တို့နဲ့ နှိုင်းယှဉ်လိုက်ရင် သိသိသာသာ ခုန်တက်လာတာကြောင့် ကုလသမဂ္ဂအတွက် အထူးစိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။
အတည်မပြုနိုင်သေးတဲ့ အစောပိုင်း ရရှိထားတဲ့ စာရင်းတွေ အရတော့ အခုနှစ် ၂၀၁၀ ခုနှစ်မှာ ၁,၇၀၀,၀၀၀ လောက် ဖမ်းမိထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ပညာရှင်တွေကတော့ အခုလို ဖမ်းမိတဲ့ မူးယစ်ဆေးပြား အရေအတွက် များလာတာဟာ အိမ်နီးချင်း နိုင်ငံတွေနဲ့ ပြည်ပကို တင်ပို့မှုနှုန်း လျော့ကျသွားတာ မဟုတ်ဘဲ
ပြည်တွင်းမှာတင် သုံးစွဲမှုနှုန်း များလာတဲ့ လက္ခဏာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံကထွက်တဲ့ မူးယစ်ဆေးဝါး ပေါင်းစုံဟာ အိမ်နီးချင်း
နိုင်ငံတွေတင်သာ မကဘဲ တခြား ဝေးလံခေါင်ဖျားတဲ့ ဒေသတွင်း နိုင်ငံတွေကိုပါ ထိခိုက်စေတယ်လို့ ဆိုပါတယ်။
ဘိန်းစိုက်သူ အများစုထံမှာ ကုလသမဂ္ဂက ကောက်ယူခဲ့တဲ့ စစ်တမ်းတွေ အရကတော့ အများစုဟာ မိသားစု စားဝတ်နေရေးအတွက် တခြား
ရွေးချယ်စရာနည်းလမ်း မရှိကြလို့သာ အခုလို စိုက်ပျိုးနေကြရတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါကြောင့်လည်း ကုလသမဂ္ဂ အနေနဲ့ ဒေသခံအစိုးရ အပါအ၀င် ကျေးရွာလူကြီးတွေနဲ့ ပူးပေါင်းပြီး ဘိန်းအဓိက စိုက်ပျိုးတဲ့ ရှမ်းပြည်အတွင်းမှာ ရိက္ခာထောက်ပံ့ရေး
အစီအစဉ်တွေကို စတင် လုပ်ဆောင်နေပြီလို့ UNODC ရန်ကုန်ဌာနေကိုယ်စားလှယ် ဂျေစင် အီလိုင်ယာ (Jason Eliagh) က အခုလို ပြောပါတယ်။
“ကျနော်တို့အနေနဲ့ စားနပ်ရိက္ခာ ဖူလုံရေး ကိစ္စတွေကို စလုပ်နေပါပြီ။ ရှမ်းပြည်အတွင်းမှာ အစီအစဉ် ၃ ခုကို စလုပ်နေပါတယ်။ ဒေသခံ အာဏာပိုင်တွေနဲ့
ဆက်ဆံရေး ကောင်းမွန်သလို ရပ်ရွာလူကြီးတွေနဲ့လည်း ပူးပေါင်း လုပ်ဆောင်ပါတယ်။ နောက် ဘိန်းစိုက်ပျိုးတဲ့ ဒေသတွေမှာ အဓိက လုပ်ဆောင်သင့်တဲ့
စီမံကိန်းတွေ အကောင်အထည် ဖော်နိုင်အောင် စတင် ကြိုးပမ်းနေကြပါပြီ။ အဲဒီအစီအစဉ်တွေကို ပြီးခဲ့တဲ့ နွေရာသီကမှ စတင် အကောင်အထည်ဖော်တာ
ဖြစ်ပါတယ်။”
မြန်မာနိုင်ငံအတွင်းက ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို ထိန်းချုပ်နိုင်ဖို့အတွက် နှစ်အတော်ကြာ ကြိုးစားလုပ်ဆောင်ရမယ်လို့ ကုလသမဂ္ဂ
တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့လည်း လိုအပ်တဲ့ စီမံကိန်းတွေ အကောင်အထည် ဖော်နိုင်အောင် နောက်ပိုင်းက ငွေကြေး ထောက်ပံ့မှုတွေလည်း
အများအပြား လိုအပ်တဲ့အကြောင်း ထည့်သွင်း ပြောကြားသွားကြပါတယ်။

မြန်မာလူထု နိုင်ငံရေး နိုးကြားမှု တိုးလာ၊ ဒေါ်စု ရှုမြင်


By ဗွီအိုအေ (မြန်မာဌာန) တနင်္လာ, 13 ဒီဇင်ဘာ 2010
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
မြန်မာနိုင်ငံရဲ့ အခြေအနေဟာ လတ်တလော အပြောင်းအလဲတွေ ပေါ်မလာနိုင်ဘူး ဆိုရင်တောင် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးကာလ နောက်ပိုင်း
လူထုရဲ့ နိုင်ငံရေး နိုးကြားမှုဟာ မြင့်မားလာခဲ့ပြီး ဒီနိုးကြားမှုဟာ အပြောင်းအလဲတွေ ပေါ်လာဖို့ အရေးကြီးတယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ လတ်တလော အခြေအနေနဲ့ နိုင်ငံရေး အလားအလာကို ဗွီအိုအေ သတင်းထောက်တဦးနဲ့
ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ မေးမြန်းထားတာတွေကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
Cross Road Asia လို့ခေါ်တဲ့ ဗွီအိုအေက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ မေးမြန်းခဲ့တာတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေရော၊
ပြီးခဲ့တဲ့ ဖြစ်ပျက်ခဲ့တဲ့ အနေအထားတွေနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သုံးသပ်ချက်တွေ တော်တော်များများကို မေးမြန်းခဲ့ပါတယ်။
မေးမြန်းခဲ့တဲ့အထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမှာ ငြိမ်းချမ်းစွာ မေတ္တာပို့ ချီတက်ခဲ့တဲ့ သံဃာတော်တွေ အကြမ်းဖက်
နှိမ်နင်းခံခဲ့ရတာကို သူ့အနေနဲ့ မအံ့သြဘူး၊ ဒါပေမဲ့ စိုးရိမ်ခဲ့တယ် ဆိုတဲ့အကြောင်း ပြောပါတယ်။
၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး အပြီးမှာ ပြည်သူတွေရဲ့ နိုင်ငံရေး နိုးကြားမှု၊ နိုင်ငံရေးအရ မြန်မာနိုင်ငံက လောလောဆယ်မှာ အပြောင်းအလဲတွေ
ပေါ်မလာသေးဘူး ဆိုပေမဲ့ အရေးကြီးတဲ့ ပြောင်းလဲမှုတွေတော့ ရှိခဲ့တယ် ဆိုတဲ့အကြောင်း သူက အခုလို ပြောပါတယ်။
“ချက်ချင်းဆိုသလိုတော့ အပြောင်းအလဲ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျယ်ပြန့်တဲ့ အပြောင်းအလဲ တခုက လူတွေတော်တော်များများရဲ့ စိတ်ထဲမှာ
အပြောင်းအလဲတွေ ဖြစ်လာစေခဲ့တာပါ။ ဒါက သိပ်ကို အရေးကြီးပါတယ်။ တိုင်းပြည်ရဲ့ ကံကြမ္မာအတွက် အရေးကြီးတဲ့ ပြောင်းလဲမှုလို့ ကျမထင်ပါတယ်။
“အရင်က လူတော်တော်များများက နိုင်ငံရေးနဲ့ ပတ်သက်ရင် စိတ်ဝင်စားမှု သိပ်မရှိခဲ့ပါဘူးလို့ ကျမထင်ပါတယ်။ ဒါပေမဲ့ သံဃာတော်တွေ အကြမ်းဖက်
နှိမ်နင်းခံခဲ့ရတာကို ကြည့်ပြီး တော်တော်လေး အံ့အားသင့် တုန်လှုပ်ခဲ့ကြတယ်။ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို လျစ်လျူရှုထားလို့ မရတော့ဘူးဆိုတာ
မြင်လာကြပါတယ်။”
နောက်ထပ် မေးခွန်းတခုကတော့ ဒီနေ့ မြန်မာနိုင်ငံက လူငယ်တွေနဲ့ ပတ်သက်လို့ပါ။ လူငယ်တွေ တော်တော်များများ တိုင်းပြည်အပြင်ကို ထွက်သွားတဲ့ အချိန်မှာ
နိုင်ငံရေးမျိုးဆက် ခါးဆက်ပြတ်သွားတဲ့ အနေအထားမျိုးတွေ ကြုံရနိုင်မလားဆိုတဲ့ မေးခွန်းကိုလည်း ဗွီအိုအေ သတင်းထောက်က မေးခဲ့ပါတယ်။ လူငယ်တွေ
တော်တော်များများ၊ ပညာတတ် တော်တော်များများက တိုင်းပြည်ပြင်ပကို ရောက်နေတဲ့ အချိန်မှာ လက်ရှိ မြန်မာနိုင်ငံထဲက လူငယ်တွေက ဆက်ပြီးတော့
နိုင်ငံရေးအရ နိုးကြားမှု ရှိပါ့မလား၊ တာဝန်ယူနိုင်တဲ့ အနေအထား ရှိပါ့မလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေပါတယ်။
“လူငယ်တွေ တော်တော်များများ တိုင်းပြည်အပြင်ကို ထွက်ခွာသွားတဲ့အတွက် ကျန်နေတဲ့ လူငယ်တွေက တာဝန်တွေ မယူနိုင်ဘူး၊ ယူနိုင်တဲ့ အရည်အချင်း
မရှိဘူးဆိုတာ မဟုတ်ပါဘူး။ အခုဆိုရင် ပြည်တွင်းမှာ လေ့လာချင်တဲ့၊ သတိထား စောင့်ကြည့်နေသူတွေ ရှိပါတယ်။
“ပြည်တွင်းက လူငယ်တွေဟာ အပြင်မှာ ရောက်နေတဲ့ သူတွေလောက် အခွင့်အလမ်းတွေ မရတဲ့အတွက် ပြည်ပက လူငယ်တွေလောက် မသိတာတွေ
ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ သူတို့မှာ လေ့လာသင်ယူချင်တဲ့ စိတ်တွေ ပြင်းပြနေကြပါတယ်။
“ပညာအတတ်ဆုံးသူတွေ စိတ်ပျက်လက်ပျက်နဲ့ တိုင်းပြည်ကနေ ထွက်သွားကြပေမဲ့ ကျန်နေတဲ့ အဲဒီ လူငယ်တွေနဲ့ လက်တွဲပြီး ကျမတို့
ဆက်အလုပ်လုပ်ရပါလိမ့်မယ်။ တော်တော်များများက နိုင်ငံခြားမှာ အခွင့်အလမ်းတွေ ပိုရတယ်ဆိုပြီး ထွက်သွားကြတာပါ။ ဒါပေမဲ့လည်း ဒီလို အခွင့်အလမ်းတွေ
အပြင်မှာ ပိုရမယ်ဆိုတာ သိရက်နဲ့ ပြည်တွင်းမှာပဲ နေပြီး တခုခု ကောင်းအောင် လုပ်နေတဲ့ လူငယ်တွေလည်း ရှိနေပါတယ်။”
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ သတင်းထောက် တွေ့ဆုံ မေးမြန်းခဲ့တဲ့ တွေ့ဆုံမေးမြန်းချက် တစိတ်တဒေသ ဖြစ်ပါတယ်။
NLD ဥပဒေပြု အဖွဲ့နဲ့ ဒေါ်စု တွေ့ဆုံ
By ဦးဇော်ဝင်းလှိုင် တနင်္လာ, 13 ဒီဇင်ဘာ 2010
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်နိုင်ရေးအတွက် လျှောက်လဲချက် တင်ထားတာကို အထူးအယူခံဝင်ရေး
ဆွေးနွေးဖို့အတွက် အကျိုးဆောင် ရှေ့နေတွေဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ဒီနေ့ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ အခုလို တရားဝင်
နိုင်ငံရေးပါတီ အဖြစ် ဆက်လက် ရပ်တည်နိုင်ရေး လျှောက်လဲချက် တင်ထားတာကို နေပြည်တော် တရားရုံးချုပ်က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့က
ပလပ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီနေ့ဆွေးနွေးပွဲမှာ NLD ဥပဒေရေးရာ အထောက်အကူပြု အဖွဲ့တွေကို ပြည်နယ်၊ တိုင်းတွေမှာ တိုးချဲ့ ဖွဲ့စည်းနိုင်ရေး ကိစ္စကိုလည်း
ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
နိုဝင်ဘာ ၇ ရက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ပါဝင်ခြင်း မပြုလိုတဲ့အတွက် NLD က ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ပြီးနောက်ပိုင်း
အာဏာပိုင်တွေဘက်က NLD အနေနဲ့ တရားဝင် နိုင်ငံရေးပါတီအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိတော့သလို ဥပဒေတွေ ထုတ်ပြန်လာတာကြောင့် ဥပဒေအရ
ပါတီအနေနဲ့ တရားဝင် ရပ်တည်ပိုင်ခွင့် ရှိတဲ့အကြောင်း တရားရုံးချုပ်မှာ အကျိုးဆောင် ရှေ့နေတွေက လျှောက်ထားခဲ့ကြတာပါ။ ဒီအမှုကို ပါတီ
တည်ထောင်သူဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ထိုးပြီး ဦးတိုက် လျှောက်ထားခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ နေပြည်တော်မှာရှိတဲ့ နိုင်ငံတော် တရားရုံးချုပ်က ဒီအမှုကို ကြားနာခြင်း မပြုဘူးဆိုပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့က ပလပ်လိုက်တာကြောင့်
နောက်တဆင့်ဖြစ်တဲ့ အထူးအယူခံ ၀င်နိုင်ဖို့ NLD ပါတီ အကျိုးဆောင် ရှေ့နေတွေက စီစဉ်နေကြတာ ဖြစ်ပါတယ်။
အထူးအယူခံဝင်ရေး ကိစ္စအတွက် ဒီကနေ့ အကျိုးဆောင်ရှေ့နေ ၄ ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အမှုကိစ္စကို ဆွေးနွေးဖြစ်ကြတဲ့အကြောင်း အကျိုးဆောင်
ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။
“ကျနော်တို့ ဒီနေ့ ရှေ့နေ ၄ ဦးနဲ့ ဒေါ်စုနဲ့ ဆွေးနွေးပါတယ်။ ကျနော်တို့ရဲ့ ပါတီရပ်တည်ရေး မူလမှု တရားရုံးချုပ်မှာ တင်တာကို တရားရုံးချုပ်က ကြားနာပြီး
ပယ်လိုက်တယ်လေ။ အဲဒီဟာကို ကျနော်တို့ အထူးအယူခံဝင်ဖို့ ဥပဒေ အချက်အလက်တွေ၊ အကြောင်းချင်းရာ အချက်အလက်တွေ ညှိပါတယ်။ မကြာမီ
ရေးတော့မှာပေါ့။ ဘယ်တော့တင်မလဲ ဆိုတာတော့ မဆုံးဖြတ်ရသေးဘူး။ အဆင်သင့်ဖြစ်အောင်တော့ ကျနော်တို့ စလုပ်နေပါပြီ။”
တခြားအကြောင်းအရာတွေရော အန်ကယ်တို့ ဆွေးနွေးဖြစ်ပါသေးလား။
“တခြားအကြောင်းအရာတော့ ကျနော်တို့ ဥပဒေလမ်းကြောင်းအရ ဆောင်ရွက်ရမယ့် တခြားနည်းလမ်းတွေကိုလည်း ကျနော်တို့ ဒီနေ့ စဉ်းစားပါတယ်။
စဉ်းစားပြီးတော့ အဲဒါတော့ နောက်တကြိမ် တွေ့မှပဲ ဆုံးဖြတ်မယ်လေ။”
ဒါလုပ်ပြီးရင် ဘာလုပ်လို့ ရနိုင်သေးလဲ၊ အထူးအယူခံ ၀င်ပြီးရင်။
“အထူးအယူခံကတော့ နောက်ဆုံးအဆင့်ပါပဲ၊ တရားစီရင်ရေး လမ်းကြောင်းမှာ။”
ဒါဆို ဒီနေ့ အစည်းအဝေးက နှစ်ခု ခွဲလုပ်တာလား၊ ပထမ NLD အမှုကိစ္စအတွက် ရှေ့နေတွေနဲ့ တွေ့တယ်၊ ပြီးတော့မှ ဗဟိုဥပဒေ အကြံပြု အဖွဲ့တွေနဲ့
ထပ်တွေ့တာလားခင်ဗျ။ သီးခြားစီ ခွဲတွေ့တာပေါ့။
“အစည်းအဝေးက နှစ်ခုပါ။ ရှေ့နေ ၄ ယောက်နဲ့ ဒေါ်စုနဲ့က တခု၊ အဲဒါပြီးတော့မှ နေ့ခင်းလောက်ကျတော့ ဗဟိုဥပဒေ အစည်းအဝေး လုပ်ပါတယ်။ ဗဟိုဥပဒေ
အစည်းအဝေးက ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ အင်အား ပိုမိုတောင့်တင်းဖို့နဲ့ နယ်မြေ ပြည်နယ်၊ တိုင်း ဒေသတွေမှာ ဥပဒေ အထောက်အကူ အဖွဲ့အတွက်
ကျနော်တို့ စဉ်းစားကြပါတယ်။ အဲဒီတော့ ဒီဟာတွေ CEC က အတည်ပြုလို့ရှိရင် ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ လူအင်အား တောင့်လာမှာပေါ့ဗျာ။ အဲတော့
လုပ်ရမယ့် လုပ်ငန်းစဉ်တွေလည်း ဒီနေ့ ဆွေးနွေးပါတယ်။”
NLD ပါတီရဲ့ ဗဟိုဥပဒေရေးရာ အကြံပြုအဖွဲ့ကို တိုးချဲ့နိုင်ဖို့ ကြိုးစားနေတဲ့ တချိန်တည်းမှာပဲ လူ့အခွင့်အရေးနေ့က နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေကို
ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလိုပဲ အကျဉ်းကျခံနေရသူတွေနဲ့ သူတို့မိသားစုဝင်တွေ ဥပဒေရေးရာအရ အကျိုးခံစားပိုင်ခွင့် ရှိတာတွေ နားလည် သိရှိလာအောင်
အကျဉ်းထောင် လက်စွဲစာအုပ် ထုတ်နိုင်ဖို့အတွက် ပြင်ဆင်နေကြတဲ့အကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။
“အဲဒီနေ့က ပြောတဲ့အထဲမှာ ပါတဲ့ အကျဉ်းထောင် လက်စွဲပေါ့၊ အဲဒီထဲက အချက်တွေ ကျနော်တို့ ထုတ်နေပါတယ်။ လူတိုင်းနဲ့ဆိုင်တဲ့ အချက်တွေ ကျနော်တို့
ထုတ်နေပါတယ်။”
NLD ဗဟိုဥပဒေရေးရာ အထောက်ကူပြု အဖွဲ့ဝင်လည်းဖြစ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

စတိုင်သစ် မဂ္ဂဇင်း ထုတ်ဝေခွင့် ရပ်ဆိုင်း


By မသင်းသီရိ တနင်္လာ, 13 ဒီဇင်ဘာ 2010
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
နိုင်ငံရေး ဆောင်းပါးတွေကို ဦးစားပေး ဖော်ပြနေတဲ့ လစဉ်ထုတ် စတိုင်သစ် မဂ္ဂဇင်း ထုတ်ဝေခွင့်ကတ်ကို ဆက်လက်ငှားရမ်းခြင်း မပြုတော့တဲ့အတွက် မဂ္ဂဇင်း
ရပ်ဆိုင်းလိုက်ရပါတယ်။ အကြောင်းကတော့ ထုတ်ဝေခွင့် ပိုင်ဆိုင်သူကို စာပေစိစစ်ရေးက ဖိအားပေးတဲ့ အတွက်ကြောင့် ဆက်လက်ငှားရမ်းခြင်း မပြုတာလို့လည်း
ပြောပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
စတိုင်သစ် မဂ္ဂဇင်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက စာပေစိစစ်ရေးက ထုတ်ဝေခွင့် ယာယီ ပိတ်ပင်ထားခံရတဲ့ မဂ္ဂဇင်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ကို ၂၀၁၁ ခုနှစ်
ဇန်န၀ါရီလကနေ ပြန်လည်ထုတ်ဝေ ဖြန့်ချိခွင့် ပေးလိုက်ပေမဲ့ ထုတ်ဝေခွင့် ပိုင်ဆိုင်သူက သူတို့ဂျာနယ်ကို ထုတ်ဝေခွင့်ကတ် ဆက်လက် မငှားရမ်းတော့တဲ့အတွက်
စတိုင်သစ် မဂ္ဂဇင်း ရပ်ဆိုင်းလိုက်ရပြီလို့ အယ်ဒီတာချုပ် ကိုတိုးကျော်လှိုင်က ပြောပါတယ်။
“စတိုင်သစ် မဂ္ဂဇင်း ထုတ်ဝေခွင့်ကတ်က ကျနော်တို့ပိုင်တဲ့ကတ် မဟုတ်ဘူး။ ကျနော်တို့က ငှားပြီးတော့ အငှားလုပ်တဲ့ကတ်ပေါ့။ အဲဒီပိုင်ရှင်က ကျနော်တို့ကို
ဆက်လက်ပြီး မငှားချင်တော့ဘူး ဆိုပြီးတော့ သူ့ကတ်ကို သူပြန်သိမ်းလိုက်တဲ့ သဘောပေါ့။ အဲဒီတော့ ကျနော်တို့ ဆက်ထုတ်ဖို့ အခက်အခဲ ဖြစ်သွားတာပေါ့။
ပြောရရင်တော့ ကျနော်တို့ ရပ်သွားပြီပေါ့။
“သူပြောတဲ့စကားမှာ ဘာပါလဲဆိုတော့ သူ့ကို စာပေစိစစ်ရေးက ခေါ်ပြီး ဖိအားပေးပါတယ်။ ပြီးတော့ တခုခုဖြစ်ရင် သူက ထုတ်ဝေခွင့်ကတ်ရဲ့ ပိုင်ရှင် ဖြစ်နေတဲ့
အတွက်ကြောင့် သူ အရင်ဆုံး ထိခိုက်မယ်ပေါ့။ ပြီးတော့ တရားစွဲခံရနိုင်တယ် ဘာညာအထိ စာပေစိစစ်ရေးက သူ့ကို ပြောတယ်လို့ သူကတော့ ပြောတယ်ဗျ။
“စာပေစိစစ်ရေးက ကျနော်တို့ကို ခေါ်တွေ့တဲ့အချိန်မှာ သူ ကျနော်တို့နဲ့အတူ လာတွေ့ဖို့ ပျက်ကွက်တယ်။ စာပေစိစစ်ရေးကလည်း ကျနော်တို့ကို ဇန်န၀ါရီ
ပြန်ပေးမယ်လို့ ပြောထားပြီးသားဆိုတော့ စာပေစိစစ်ရေးက သူ့ကို တကယ်ပဲ အဲဒီလို ဖိအားပေးသလား၊ ခြိမ်းခြောက်သလား ဆိုတာတော့ ကျနော်တို့ တိတိကျကျ
မသိနိုင်ဘူးပေါ့။”
စတိုင်သစ် မဂ္ဂဇင်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လက အာဇာနည်နေ့ အထူးထုတ် ဖြန့်ဝေဖို့ စီစဉ်ထားပေမဲ့ ဆောင်းပါး တော်တော်များများကို စာပေစိစစ်ရေးက ဖြုတ်ပစ်တာမို့
စာဖတ်ပရိသတ်တွေကို ပြောထားသလို မဖြစ်တဲ့အတွက် တောင်းပန်လွှာ တစောင်ကို စာပေစိစစ်ရေး မတင်ဘဲ ထုတ်ဝေလိုက်တဲ့အတွက် ထုတ်ဝေခွင့် ၆ လ
ပိတ်ခံထားရတာ ဖြစ်ပါတယ်။
“ဇူလိုင်လကို အာဇာနည်နေ့အထူး ကျနော်တို့က စာမျက်နှာ ၂၀၀ ကျော်လောက်နဲ့ ထုတ်ချင်တာ။ ဒါပေမဲ့ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေနဲ့ တခြား
တွဲတင်တဲ့ ဆောင်းပါးတွေက တော်တော်များများ ပြုတ်သွားတော့၊ ကျနော်တို့က စာမျက်နှာ ၂၀၀ လောက် ထုတ်ပါတယ်၊ ဒါပေမဲ့ အဲဒီ ဇူလိုင်လကတော့
ကျနော်တို့က စာမျက်နှာ ၁၄၀ လောက်ပဲ ထုတ်ဖြစ်ပါတယ်။ ဖြုတ်ခံရတဲ့ စာမူတွေက များသွားတော့။
“အဲဒါနဲ့ စာအုပ်ပါးသွားတဲ့ အခါကြတော့၊ ဘာပဲပြောပြော ရောင်းဈေးက မလျှော့နိုင်တဲ့ အခါကြတော့ ကျနော်တို့က စာအုပ်ပါးသွားရတဲ့ အကြောင်းရင်းနဲ့ ဒီလို
ဖော်ပြချင်ပေမဲ့ တချို့စာမူတွေ ပြုတ်သွားတဲ့ အတွက်ကြောင့် စာဖတ်ပရိသတ်များက နားလည်ပေးဖို့ ဆိုပြီးတော့ တောင်းပန်လွှာလေး ထည့်လိုက်ပါတယ်။
ဒီတောင်းပန်လွှာလေးတော့ ပြဿနာလည်း မတက်လောက်ဘူးဆိုပြီး တောင်းပန်လွှာကို စာပေစိစစ်ရေးကို မတင်ပြတော့ဘဲနဲ့ ကျနော်တို့သဘောနဲ့ ကျနော်တို့
ထည့်လိုက်တာပါ။”
စတိုင်သစ် မဂ္ဂဇင်း အယ်ဒီတာချုပ် ကိုတိုးကျော်လှိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။
စတိုင်သစ် မဂ္ဂဇင်းဟာ နိုင်ငံရေးဆိုင်ရာ ဆောင်းပါးတွေကို ဦးစားပေး ဖော်ပြနေတဲ့ မဂ္ဂဇင်းတခု ဖြစ်သလို အခုလိုမျိုး ထုတ်ဝေခွင့် ရပ်ဆိုင်းသွားတဲ့အတွက် ပြန်ပြီး
ထုတ်ဝေခွင့် စောင့်ဆိုင်းခဲ့ရတဲ့ ၆ လကျော် အတွင်းမှာ ရုံးခန်းငှားရမ်းခတွေ၊ အလုပ်သမား စရိတ်တွေ၊ ၀န်ထမ်းစရိတ်တွေနဲ့ အများကြီး အခက်အခဲနဲ့ နစ်နာမှုတွေ
ကြုံနေရတယ်လို့လည်း မဂ္ဂဇင်း တာဝန်ခံတွေက ပြောပါတယ်။
တကယ်တော့ မြန်မာနိုင်ငံမှာ မဂ္ဂဇင်းနဲ့ ဂျာနယ်တွေဟာ ထုတ်ဝေခွင့်ကတ် ပိုင်ဆိုင်သူတွေဆီကနေ တဆင့် ပြန်လည်ငှားရမ်းပြီး ထုတ်ဝေ ဖြန့်ချိကြရတာ
ဖြစ်ပါတယ်။ အထူးသဖြင့် ဂျာနယ်တွေရဲ့ ထုတ်ဝေခွင့်ကတ် တော်တော်များများဟာဆိုရင် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်တွေနဲ့ ဗိုလ်မှူးကြီးတွေရဲ့ သားသမီးတွေ၊
ဆွေးမျိုးအသိုင်းအ၀ိုင်းတွေနဲ့ နီးစပ်သူတွေပဲ ရကြပါတယ်။
သူတို့ဆီကတဆင့် ပြန်ငှားကြရတဲ့အခါ နိုင်ငံရေးဆိုင်ရာ သတင်းတွေနဲ့ ဂျာနယ်တွေ ပြဿနာ မတက်ရဘူးလို့ စာချုပ်စာတမ်းမှာ မပါပေမဲ့ ဒီလိုပြဿနာမျိုးနဲ့
ကြုံရတဲ့ ဂျာနယ်ဆိုရင် ထုတ်ဝေခွင့်ကတ် ပိုင်သူတွေက ဂျာနယ်တွေကို ဆက်ငှားရမ်းတာတွေ မပြုလုပ်တော့ပါဘူး။

မြန်မာသင်္ဘောသားတွေ လွတ်ရေး ဆိုမာလီ ပင်လယ်ဓားပြနဲ့ သင်္ဘောကုမ္ပဏီ ညှိနှိုင်းမှုပေါ် မူတည်


By မသိင်္ဂီထိုက် တနင်္ဂနွေ, 12 ဒီဇင်ဘာ 2010
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
မြန်မာသင်္ဘောသား ၂၃ ယောက် လိုက်ပါလာတဲ့ လိုက်ဘေးရီးယားနိုင်ငံ မှတ်ပုံတင် MV Panama ကုန်တင်သင်္ဘောကို ဆိုမာလီ ပင်လယ်ဓားပြတွေက
တန်ဇန်းနီးယားနိုင်ငံ အရှေ့ပိုင်းမှာ သောကြာနေ့က ပြန်ပေးဆွဲထားပါတယ်။ ပြန်ပေးဆွဲခံရတဲ့ မြန်မာသင်္ဘောသားတွေ ပြန်လွတ်မြောက်ဖို့ဆိုရင် ပင်လယ်ဓားပြတွေ
တောင်းဆိုတာကို သင်္ဘောကုမ္ပဏီဘက်က ပေးနိုင်စွမ်း ရှိမရှိပေါ်မှာ မူတည်တယ်လို့ ပင်လယ်ပျော်များ အသင်းက ပြောပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က
တင်ပြပေးထားပါတယ်။
မြန်မာသဘောင်္သား ၂၃ ယောက် လိုက်ပါလာတဲ့ လိုက်ဘေးရီးယားနိုင်ငံ မှတ်ပုံတင် MV Panama သင်္ဘောကို ဆိုမာလီ ပင်လယ်ဓားပြတွေက
ပြန်ပေးဆွဲထားပါတယ်။ ဒီလို အန္တရာယ်ရှိတဲ့ ခရီးသွားလာကြတဲ့ သင်္ဘောသားတွေအတွက် အပြည်ပြည်ဆိုင်ရာ ပို့ဆောင်ရေး အလုပ်သမားများ အဖွဲ့ချုပ်က
ကာကွယ်ပေးထားတာတော့ ရှိပါတယ်။ သင်္ဘောသားတွေ အနေနဲ့ ဒီလမ်းကြောင်းကို ရွေးချယ်သွားကြတာ ရှိသလို မသိဘဲ သွားလိုက်ရတာလည်း ရှိတဲ့အကြောင်း
မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂက ဦးအောင်သူရက ပြောပါတယ်။
“ဆိုမာလီဘက်ကို သွားတဲ့အချိန်ကျရင် သင်္ဘောသားတွေမှာ ဘာရပိုင်ခွင့် ရှိရမလဲဆိုတော့ သူတို့မှာ ရွေးချယ်ပိုင်ခွင့် ရှိရမယ်။ ဒီသင်္ဘော လမ်းကြောင်းကို
မလိုက်ချင်ဘူးဆိုရင် ကုမ္ပဏီက ခွင့်ပြုရမယ်။ အဲဒီလိုမျိုး ပေါ်လစီ ထားထားတာပေါ့လေ။ ဒါပေမဲ့လည်း တချို့သော ကုမ္ပဏီက စာချုပ် ချုပ်ထားတာတော့
လမ်းကြောင်းကို မပြောဘဲနဲ့ ကျနော်တို့ သင်္ဘောသားတွေ မသိလိုက်ဘဲ လိုက်လိုက်ရတဲ့ အနေအထားတွေလည်း အများဆုံး တွေ့ရတာပေါ့လေ။”
ဒီသင်္ဘောသားတွေ လွတ်မြောက်လာဖို့ အခြေအနေက ဆိုမာလီ ပင်လယ်ဓားပြတွေနဲ့ သင်္ဘောကုမ္ပဏီ ညှိနှိုင်းမှုပေါ် မူတည်ပြီး ကာလတခုအထိတော့
စောင့်ဆိုင်းရပါလိမ့်မယ်လို့ သူက ပြောပါတယ်။
“ဆိုမာလီ ဓားပြတွေ တောင်းဆိုမှုက ကုမ္ပဏီ အနေအထားနဲ့ လိုက်လျောညီထွေမှု ရှိဖို့ဆိုတဲ့ဟာကိုပဲ ကျနော်တို့ မူတည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့
လုပ်လေ့လုပ်ထ ရှိတာကတော့ အချိန်ဆွဲထားလေ့ရှိတယ်။ သူတို့ကိုတော့ တလလောက် ကြာမယ်ပေါ့။ တလ၊ တလခွဲ၊ နှစ်လ၊ အဲဒီအချိန်ကျရင်တော့ ငွေကြေးတွေ
ညှိကြတာပေါ့။ ဟိုဘက်ဒီဘက် ညှိကြရင်း တချို့လည်း အနေအထားပေါ့လေ။ ဒီကြားထဲမှာတော့ ပြီးခဲ့တဲ့ သာဓကတွေဆိုရင် သင်္ဘောသားတွေကိုတော့
ကောင်းကောင်းမွန်မွန်ရယ်လို့တော့ မဟုတ်ဘူးပေါ့၊ သူတို့ကို လိုအပ်တဲ့ဟာလေးတွေ ဖြည့်ဆည်းပေးတာတော့ ရှိတယ်။ ဒါပေမဲ့လည်း နေရထိုင်ရတာ
နည်းနည်းတော့ ဆင်းရဲတာပေါ့လေ။”
ပြန်ပေးဆွဲခံရတဲ့ သင်္ဘောသားတွေရဲ့ လျော်ကြေးငွေ ရပိုင်ခွင့်တွေက သင်္ဘောကုမ္ပဏီနဲ့ ချုပ်ထားတဲ့ စာချုပ်ပေါ်မှာပဲ မူတည်နေပြီးတော့ နိုင်ငံတကာ
အဖွဲ့အစည်းတွေ အနေနဲ့ကတော့ ဒီစာချုပ်အတိုင်း သင်္ဘောသားတွေ ရပိုင်ခွင့် အပြည့်အ၀ ရမရကို စောင့်ကြည့် ဖိအားပေးနိုင်ပါတယ်လို့ ဦးအောင်သူရက
ဆက်ပြောပါတယ်။
“ကုမ္ပဏီနဲ့ ကျနော်တို့ သင်္ဘောသား ချုပ်ထားတဲ့ စာချုပ်အပေါ်မှာ မူတည်တာပေါ့လေ။ စာချုပ်ထဲမှာတော့ အမှန်တကယ် ဆိုမာလီဘက်ကို သွားမယ်ဆိုရင်တော့
သူတို့ကို မသွားမီ အချိန်ကာလမှာပဲ လစာအနေနဲ့ ၂ ဆတို့၊ ၃ ဆတို့ ပေးရမယ့်အပြင် တခြား အကျိုးခံစားပိုင်ခွင့်တွေပေါ့၊ အဲဒါတွေကို နဂို မူလကတည်းက
သတ်မှတ်ထားရမှာပေါ့လေ။ အခုလို ဖြစ်ပြီဟေ့ ဆိုရင်တော့ ပေးကို ပေးရမယ့်ဟာ ဖြစ်သွားတာပေါ့။”
မြန်မာသင်္ဘောသား အများစုက သင်္ဘောကုမ္ပဏီတွေနဲ့ တိုက်ရိုက် စာချုပ်ချုပ် လုပ်ကိုင်ကြတာ မဟုတ်ဘဲ မြန်မာနိုင်ငံမှာရှိတဲ့ သင်္ဘောသား အလုပ်အကိုင်
ရှာဖွေရေး အေဂျင်စီတွေကနေ တဆင့် အလုပ်လုပ်ကိုင်ကြတာ ဖြစ်တဲ့အတွက် ဒီ အေဂျင်စီတွေက သင်္ဘောသားတွေ လွတ်မြောက်ရေး ရပိုင်ခွင့်တွေကို
ကူညီလုပ်ကိုင် ပေးကြတာတော့ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
“ကုမ္ပဏီ ပိုင်ရှင်တွေကို တိုက်ရိုက်ဆိုတဲ့ ပုံစံ မဟုတ်ဘဲနဲ့ ကျနော်တို့ သင်္ဘောသားတွေက Routing အေးဂျင့်အနေနဲ့ သွားတော့ Routing အေးဂျင့်တွေကပဲ
စီမံခန့်ခွဲတဲ့ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းပြီးတော့ ကြိုးစား ဆောင်ရွက်ပေးတာတွေတော့ ရှိပါတယ်။ ဥပမာ ရေကြောင်းဦးစီးဌာနက ပါဝင် ပတ်သက်ပြီးတော့
ဖြေရှင်းပေးတယ်ဆိုတဲ့ အနေအထားကတော့ မတွေ့ရပါဘူး။”
အခု မြန်မာသင်္ဘောသားတွေ လိုက်ပါလာတဲ့ လိုက်ဘေးရီးယား အလံတင် သင်္ဘောက အာဖရိကတိုက် တန်ဇန်းနီးယား နိုင်ငံကနေ မိုဇမ်းဘစ်နိုင်ငံကို
ခုတ်မောင်းလာတာပါ။ ဒီသင်္ဘောကို ပြီးခဲ့တဲ့ သောကြာနေ့က ဆိုမာလီ ပင်လယ်ဓားပြတွေက အမြန်ရေယာဉ် ၂ စီးနဲ့ စီးနင်းခဲ့တာ ဖြစ်ပါတယ်။ ဆိုမာလီ
ရေပိုင်နက်မှာ ပင်လယ်ဓားပြ အန္တရာယ် ရှိတာကြောင့် နေတိုးတပ်ဖွဲ့နဲ့ EU ရေတပ်တို့က ကင်းလှည့်မှုတွေ ရှိနေတဲ့ကြားကနေ အခုလို ထပ်မံ ပြန်ပေးဆွဲခံရတာ
ဖြစ်ပါတယ်။
MV Panama သင်္ဘောနဲ့အတူ ပြန်ပေးဆွဲခံနေရတဲ့ မြန်မာသင်္ဘောသားတွေ အခြေအနေနဲ့ ပတ်သက်ပြီး သင်္ဘောကုမ္ပဏီ ကိုယ်စားလှယ်ကို မေးမြန်းဖို့ ဗွီအိုအေက
ကြိုးစားဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
သေဒဏ်ချခံရသူ နိုင်ငံသား ၅ ဦး ကယ်ရေး ဖိလစ်ပိုင်က နိုဘယ်လ်ဆုပေးပွဲ မတက်ရောက်
By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 12 ဒီဇင်ဘာ 2010
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
တရုတ်နိုင်ငံမှာ ဖိလစ်ပိုင်နိုင်ငံသား ၅ ဦး သေဒဏ်ချမှတ်ထားခြင်း ခံရတာကနေ လွတ်ငြိမ်းချမ်းသာခွင့် ရဖို့ နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာ ကျင်းပခဲ့တဲ့
နိုဘယ်လ် ငြိမ်းချမ်းရေး ဆုပေးပွဲကို ဖိလစ်ပိုင် အစိုးရရဲ့ ကိုယ်စားလှယ် စေလွှတ်ခြင်း မပြုခဲ့ဘူးလို့ ဖိလစ်ပိုင် သမ္မတ ဘီနစ်နို နွိုင်နွိုင် အကီန(Benigno
ို Noi Noi
Aquino) က ဒီကနေ့ ထုတ်ဝေတဲ့ Philippine Daily Inquirer သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။
နိုင်ငံရေးအကျဉ်းသား တရုတ် ဒီမိုကရေစီ ခေါင်းဆောင် လျူရှောင်ဘို (Luo Xioabo) ကို နိုဘယ်လ် ငြိမ်းချမ်းရေး ဆုပေးပွဲကို ဖိလစ်ပိုင်က တက်ရောက်ခြင်း
မပြုတာဟာ ဒီမိုကရေစီရေးကို အားမပေး မထောက်ခံတာ မဟုတ်ဘဲ တရုတ်နိုင်ငံမှာ မူးယစ်ဆေးဝါး သယ်ယူမှုနဲ့ သေဒဏ် ချမှတ်ခံထားရတဲ့ ဖိလစ်ပိုင် နိုင်ငံသား
၅ ဦးကို သေဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုဖို့ တရုတ်အစိုးရဆီကို သူ့အနေနဲ့ စာရေးသား မေတ္တာရပ်ခံထားတာကို အထိခိုက် မခံနိုင်လို့ ဖြစ်ကြောင်း သမ္မတ အကီနိုက
ပြောဆိုသွားပါတယ်။
သမ္မတ ဂလော်ရီယာ အာရိုယို (Gloria Macapagal Arroyo) အချိန်ကလည်း အာဖဂန်နစ္စတန်က ဖိလစ်ပိုင် နိုင်ငံသား ယာဉ်မောင်း ၁ ဦးကို တာလီဘန်တွေ
ပြန်ပေးဆွဲသွားပြီး အာဖဂန်နစ္စတန်မှာ တာလီဘန်တွေကို တိုက်ခိုက်နေတဲ့ နိုင်ငံစုံ ညွန့်ပေါင်းတပ်တွေထဲကနေ အင်အား ၁၀ ဦးသာရှိတဲ့ ဖိလစ်ပိုင်တပ်ဖွဲ့
ရုပ်သိမ်းသွားဖို့ တောင်းဆိုခဲ့တာမှာ ဒီလို ရုပ်သိမ်းပေးဖို့ သမ္မတ အာရိုယိုက ဆုံးဖြတ်ခဲ့ပါတယ်။
ပြန်လာခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံသားကိုလည်း သူရဲကောင်းအဖြစ် ဖိလစ်ပိုင် တနိုင်ငံလုံးက ကြိုဆိုခဲ့ကြပါတယ်။

နိုဘလ်ငြိမ်းချမ်းရေးဆု အငြင်းပွားမှု
By ဦးအောင်ခင် & မညိုညိုလွင် စနေ, 11 ဒီဇင်ဘာ 2010
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
တရုတ်ပြည် စီးပွားရေးတိုးတက်နေပုံကို အိုလံပစ်ပွဲတော် ပြသခဲ့သလို လူ့အခွင့်အရေး ဆိတ်သုဉ်းနေပုံကို လူရှောင်ဘို () ရဲ့  နိုဘလ်ငြိမ်းချမ်းရေးဆုက
မီးမောင်းထိုးပြနေပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးအတွက် အနုနည်းနဲ့ တိုက်ပွဲဝင်ရာမှာ ပြည်သူ့မျှော်မှန်းချက်ကို ကိုယ်စားပြုနိုင်တဲ့ သင်္ကေတရှိဖို့
လိုပါတယ်။ ဒါကြောင့် တရုတ်ပြည်မှာ မရှိသေးတဲ့ သင်္ကေတကို နိုဘယ်ဆုက ဖန်တီးပေး လိုက်တာပါပဲ။ လူရှောင်ဘို ဟာ နိုင်ငံခြားမှာ နာမည်ကြီးသလောက်
သတင်းလွတ်လပ်မှုမရှိတဲ့ တရုတ်ပြည်မှာ လူသိမများပါဘူး။ အခုမှ နိုဘလ်ငြိမ်းချမ်းရေးဆုကြောင့် လူသိများလာတာ ဖြစ်ပါတယ်။
လူ့အခွင့်အရေးဆုတွေ ရရှိပြီး နိုဘလ်ငြိမ်းချမ်းရေးဆုအတွက် ပဏာမအရွေးခံရသူတဦးဖြစ်တဲ့ ဝေဂျင်ရှန် (Liu Xiaobo) ဟာ လူအသိအများဆုံး ပုဂ္ဂိုလ်ဖြစ်ပေမယ့်
အမေရိကနန်မှာ နေထိုင်တဲ့အတွက် တရုတ်ပြည်ရဲ့  လူ့အခွင့်အရေး သင်္ကေတ မဖြစ်နိုင်ပါဘူးလို့ ယူဆပုံရပါတယ်။ တီနမန် (Tiananmen Square)
အရေးတော်ပုံမှာ ထင်ရှားတဲ့ ဝီဂါတိုင်းရင်းသား ဝူးကိုင်ရှီ (Wuer Kaixi)၊ ဝမ်ဒန် (Wang Dan) စတဲ့ လူငယ်တွေဟာ လူရှောင်ဘိုရဲ့  လုပ်ဖော်ကိုင်ဖက်ဖြစ်ပေမယ့်
နိုင်ငံခြားမှာ အခြေချသူတွေဖြစ်လို့ တရုတ်ပြည်ရဲ့  သင်္ကေတ မဖြစ်နိုင်ဘူးလို့ နိုဘလ်ကော်မတီက ယူဆပုံရပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ သင်္ကေတအဖြစ်
သတ်မှတ်ခံရသူဟာ ပြည်တွင်းမှာရှိနေဖို့ အရေးကြီးပါတယ်။
ဒါပေမဲ့ ပြန်လည်သင့်မြတ်ရေးလုပ်ပြီး ပဋိပက္ခဖြေရှင်းရာမှာ ဆန့်ကျင်ဘက်အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေကို နိုဘလ်ငြိမ်းချမ်းရေး ဆုချီးမြှင့်တဲ့အခါမှာ အငြင်းပွားစရာ
ဖြစ်လာပါတယ်။ ဗိယက်နမ်စစ် နိဂုံးချုပ်အောင် ကြိုးစားနေသူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Kissinger နဲ့ ဗိယက်နမ်ခေါင်းဆောင် Le Duc Tho တို့ကို ၁၉၇၃
မှာ နိုဘလ်ငြိမ်းချမ်းရေးဆုပေးစဉ်က စစ်ဖြစ်နေဆဲမို့ နိုဘလ်ဆုပေးတဲ့ ကော်မတီကို အကြီးအကျယ် ဝေဖန်ရှုတ်ချကြပါတယ်။ နိုဘလ်ဆုကို Kissinger တဦးတည်း
လက်ခံရယူခဲ့ပြီး ဗိယက်နမ်ခေါင်းဆောင်က အခမ်းအနားကို သပိတ်မှောက်ခဲ့ပါတယ်။ ၁၉၇၈ က အစ္စရေးဝန်ကြီးချုပ်နဲပ အီဂျစ်သမ္မတ တို့ကို
နိုဘလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ပါတယ်။ ၁၉၉၄ မှာတခါ အစ္စရေးဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး နဲ့ ပါလစ္စတိုင်း လွတ်မြောက်ရေးခေါင်းဆောင် Yasser Arafat တို့ကို
ငြိမ်းချမ်းရေးဆု ပေးပါတယ်။ ၁၉၉၃ မှာ တောင်အာဖရိက သမ္မတ F. W. de Klerk နဲ့ အတိုက်အခံခေါင်းဆောင် Nelson Mandela တို့ကို နိုဘလ်ဆု
ချီးမြှင့်ခဲ့ပါတယ်။
Yasser Arafat နဲ့ အမေရိကန် ဒု-သမ္မတဟောင်း Al Gore ကို နိုဘလ်ငြိမ်းချမ်းဆု ချီးမြှင့်တုန်းကလည်း နိုဘလ်ကော်မတီကို အကြီးအကျယ် ဝေဖန်ကြပါတယ်။
လက်တွေ့မှာ ဘာမှ မလုပ်ရသေးတဲ့ သမ္မတသစ် အိုဘားမား ကို မိန့်ခွန်းပြောရုံနဲ့ ငြိမ်းချမ်းရေးဆု ချီးမြှင့်တာကိုလည်း ဝေဖန်ကြပါတယ်။ ဒါပေမဲ့ ဒီလို နာမည်ကြီး
ပုဂ္ဂိုလ်တွေ နိုဘလ်ငြိမ်းချမ်းရေးဆုရတာကို စိတ်ဝင်စားသူ နည်းပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးအတွက် နှလုံးရည် တိုက်ပွဲဝင်ရင် အကျဉ်းခံရသူကို
ချီးမြှင့်တဲ့အခါမှာသာ နိုဘလ်ငြိမ်းချမ်းရေးဆုကို ပိုပြီးတလေးတစား ဖြစ်လာကြတာ တွေ့ရပါတယ်။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည် ဟာ အထင်ရှားဆုံး သာဓက
ဖြစ်ပါတယ်။
၁၉၈၉ တီနမန်ရင်ပြင် တရုတ်ဒီမိုကရေစီအရေး ဖိနှိပ်ချေမှုန်းခံရပြီးနောက် နိုင်ငံခြားထွက်ခွါသွားကြတဲ့ တရုတ်လူငယ်တွေကို ဒီမိုကရေစီနိုင်ငံတွေက
ကြိုဆိုကြပါတယ်။ ဒါပေမဲ့ တရုတ် နဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့က အဓိက ဖြစ်လာတဲ့အတွက် ၁၉၈၉ ဒီမိုကရေစီအရေးတော်ပုံကို သတိရသူတွေ
နည်းပါးလာပါတယ်။ အင်အားကြီးမားတဲ့ တရုတ်ကွန်မြူနစ်အစိုးရ ငြိုငြင်မှာ စိုးရိမ်တဲ့အတွက် တရုတ်ပြည်မှာ လူ့အခွင့်အရေးမရှိတာကို ပြောဆိုတာမျိုးတွေ
နည်းပါးလာပါတယ်။ တရုတ် ဒီမိုကရေစီအရေးမှာ ကိုယ်စားပြုတဲ့ သင်္ကေတမရှိ ဖြစ်နေတာဟာလည်း အာရုံစိုက်ရခက်ခဲ့သလို ဖြစ်နေတာကြောင့် လူရှောင်ဘို ကို
တရုတ်ဒီမိုကရေစီအရေးရဲ့  သင်္ကေတအဖြစ် သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ လူရှောင်ဘို ရဲ့  ဆောင်ရွက်ချက်ကို ကမ္ဘာက အသိအမှတ်ပြုလိုက်တဲ့ သဘောပါ။
၁၉၈၉ တီနမန် ဒီမိုကရေစီအရေးတော်ပုံကို ကမ္ဘာက မေ့လုနီးပါး ဖြစ်နေချိန်မှာ အဆက်မပြတ် နှလုံးရည် တိုက်ပွဲဝင်နေသူ လူရှောင်ဘို ကို နိုဘလ်ငြိမ်းချမ်းရေးဆု
ချီးမြှင့်လိုက်တာဟာ ၁၉၈၉ အရေးတော်ပုံကို ကမ္ဘာက မမေ့သင့်ကြောင်း နိုးဆော်လိုက်တာနဲ့ အတူတူ ဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်နဲ့ ဆက်ဆံရာမှာ စီးပွားရေး
အကျိုးအမြတ်ကိုသာ အဓိကမထားဘဲ လူတိုင်းလိုက်နာရမယ့် လူ့အခွင့်အရေးကိုလည်း ထည့်သွင်းစဉ်းစားဖို့ အပြည်ပြည်ဆိုင်ရာကို သတိပေးလိုက်တာပါ။ ကမ္ဘာနဲ့
အဆက်အသွယ်များလာတဲ့ တရုတ်ပြည်ဟာ ကမ္ဘာက လက်ခံထားတဲ့ လူ့အခွင့်အရေးကို လက်ခံရမှာဖြစ်ကြောင်း တရုတ်ပြည်သူပြည်သားတွေ နားလည်အောင်
နော်ဝေး နိုဘလ်ကော်မတီ က မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်။
တိဘက်ပြည်လွတ်မြောက်ရေးအတွက် နှလုံးရည်တိုက်ပွဲဝင်နေတဲ့ ဒလိုင်းလားမား (Dalai Lama) ဘုန်းတော်ကြီးကို ၁၉၈၉ မှာ နိုဘလ်ငြိမ်းချမ်းရေးဆု
ချီးမြှင့်လိုက်တာဟာလည်း ဒလိုင်းလားမားရဲ့  စွမ်းရည်သတ္တိတွေကို ဂုဏ်ပြုလိုက်တာပါ။ ဒါပေမဲ့ ဒလိုင်းလားမားရဲ့  ရည်မှန်းချက်ဟာ အောင်မြင်စရာ အလားအလာ
မရှိတော့တဲ့အတွက် သိက္ခာသမာဓိရှိပြီး အပြည်ပြည်ဆိုင်ရာက ရိုသေလေစားတိုင်း နိုင်ငံရေးမှာ အောင်မြင်မှု မရှိနိုင်တာကိုလည်း မီးမောင်းထိုးပြသလို
ဖြစ်နေပါတယ်။
ကရင်ပြည်နယ်အတွင်း စစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှုများ
By ဦးသန်းလွင်ထွန်း သောကြာ, 10 ဒီဇင်ဘာ 2010
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
တိုင်းရင်းသားနယ်စပ်ဒေသတွေအတွင်း ဒေသခံတွေအပေါ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက် ရက်စက်မှုတွေ အကြောင်း နိုင်ငံတကာက စုံစမ်းဖော်ထုတ်ပြီး
အာဏာပိုင်တွေကို တရားစွဲအရေးယူနိုင်ရေး တိုက်တွန်းမှုတွေ ရှိနေတဲ့ တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့က မြန်မာစစ်တပ်ဟာ ဗြောင်ကျတဲ့
သတ်ဖြတ်မှုကြီးတရပ်ကို ထပ်ပြီးကျူးလွန်ခဲ့တယ်လို့ ကရင်တိုင်းရင်းသားခေါင်းဆောင်တွေက ဆိုပါတယ်။ KNU-KNLA ငြိမ်းချမ်းရေးကောင်စီ လို့ ခေါ်တဲ့
မြန်မာစစ်တပ်နဲ့ ငြိမ်းချမ်းရေးရယူထားတဲ့ KNU ခွဲထွက်အဖွဲ့ဝင် ၆ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တာပါ။ မြဝတီမြို့နယ်၊ ဖလူးဒေသအနီး၊ KNU, KNLA
တပ်ဖွဲ့ ကင်းစခန်းတခုအနီးကို မြန်မာစစ်တပ်က ဝင်ရောက်လာပြီး အကြောင်းမဲ့ တိုက်ခိုက်သွားခဲ့တာဖြစ်တယ်လို့ ကရင်ငြိမ်းချမ်းရေးကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်
စောတင်မိုသီ (Saw Timothy) က ဗွီအိုအေကို ပြောပြခဲ့ပါတယ်။
စောတင်မိုသီ ။ ။ သူတို့လာတုံးက ကျနော်တို့ တပ်သားအားလုံးက တွေ့ကြတယ်လေ။ တွေ့ကြတော့ ကျနော်တို့ ဗိုလ်မှူးကြီး သဲခီး၊ တပ်ရင်းမှူးကို
အကြောင်းကြားတယ်။ ဗိုလ်မှူးကြီးသဲခီးက သူတို့နဲ့ တပ်မှူးတွေနဲ့ စကားပြောတယ်။ တပ်မှူးတွေက ဘယ်လိုပြောလဲဆိုတော့ - ဘာမှမဖြစ်ပါဘူး။ အားလုံးကတော့
အေးအေးဆေးဆေးနေပါ။ ဘာမှစိတ်ပူ စရာမလိုဘူးလို့ ပြောတယ်။ အဲလိုပြောတော့ ကျနော်တို့ ဗိုလ်မှူးကြီးသဲခီးကနေပြီးတော့ သူ့တပည့်တွေကို ပြန် ပြောတယ်။
ဘာမှမလုပ်နဲ့။ အေးအေးဆေးဆေးပဲ။ သူတို့သွားတာလာတာ သူတို့ဟာသူတို့ သွားပစေ၊ လာပစေ၊ ကိုယ့်ဖာသာကိုယ် အေးအေးဆေးဆေးနေပေါ့လေ။
သူ့ကလေးတွေကို သူပြောလိုက်တယ်။ ပြောလိုက်တာ မကြာသေးဘူး၊ နောက်ထပ်ဆယ်မိနစ်လောက်အတွင်းမှာ အဲဒီစကားပြောတဲ့အဖွဲ့ကပဲ
တခါတည်းဝင်ပြီးတော့ ကျနော်တို့စစ်သားတွေကို ပစ်သွားတယ်။ ပစ်သွားရုံတင်မကဘူး။ ၆ ယောက်ကို။ ၂ ယောက်ကိုတော့ ပစ်လိုက်တာပေါ့နော်။ အားလုံးက ၈
ယောက်ပါတာကိုး။ တယောက်ကိုပစ်လိုက်တာ ဦးနှောက်ထိသွားတယ်။ နောက်တယောက်ကျတော့ အဲဒီလမ်းဘေးမှာပဲ သူတို့က အဲဒီမြစ်နားမှာပဲ သတ်ပြီးတော့
မြစ်ထဲကို ပစ်ချလိုက်တယ်။ ၆ ယောက်ကို သူတို့ဖမ်းသွားတယ်။ ဖမ်းပြီးတော့ တခါတည်း ဓားနဲ့ထိုးသတ်လိုက်တာပေါ့။ အနောက်ကို အမိန့်တောင်းပြီးတော့။
တခါတည်း အမိန့်ကနေပြီးတော့ အဲဒီလို လုပ်လိုက်ဆိုတော့ အကုန်လုံး သတ်ပစ်လိုက်တယ်။ ဒီကရင်တွေ အားလုံးအတူတူပဲဆိုပြီးတော့ အဲလိုပြောတာနဲ့။
အဲဒီတော့သူတို့ ဓားနဲ့ ရက်ရက်စက်စက် ထိုးပြီးတော့ သတ်ပစ်လိုက်တာပေါ့နော်။ တယောက်ကိုတော့ သူတို့မီးရှို့တယ်။ တပိုင်းကို မီးရှို့လိုက်တယ်။ ဒီဓာတ်ပုံတွေ
ကျနော်တို့မှာ အားလုံးရှိပြီးသားပါ။
ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲဒီတော့ ဖြစ်တာက ဘယ်နေရာမှာလဲခင်ဗျ။ ဘယ်ရက်လဲ။
စော တင်မိုသီ ။ ။ အဲဒါ နိုဝင်ဘာလ ၃၀ ရက်နေ့တုံးက။ မနက် ၈ နာရီ ၂၀ မှာဖြစ်တယ်။ ဖလူး၊ ပလောခိုလို့ခေါ်တယ်။ အဲဒီနေရာနားမှာ၊ ယိုးဒယားဘက်ကမ်းနဲ့
နီးတာပေါ့။
ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ ဒီဘက်ကတော့ KNU-KNLA Peace Council ရဲ့ တပ်ဖွဲ့ဝင်တွေပေါ့နော်။ တဖက်က ပါခဲ့တဲ့ကိစ္စကို ကျူးလွန်သွားတဲ့
မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်တွေက ဘယ်တပ်၊ ဘယ်တပ်ရင်းက တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရလဲ ခင်ဗျ။
စော တင်မိုသီ ။ ။ တပ်ရင်း ၂၃၀ က ပစ်သွားတယ်။ ဒါပေမဲ့ အဲဒီတပ်ရင်းတွေ အားလုံးက သူတို့ရဲ့ တိုင်းမှူးလက်အောက်ကပေါ့နော်။ အသစ်ရောက်လာတဲ့
တိုင်းမှူးလက်အောက်က ဖြစ်တယ်။ ဗိုလ်ချုပ်စိုးနေလင်းလို့ ခေါ်တယ်။ နောက်ပြီးတော့ က.စ.န မှူးက သက်နိုင်ဝင်း၊ အရင်တိုင်းမှူးအဟောင်းပေါ့။
ကျနော်ထင်တတယ်။ သူတို့ရဲ့အမိန့်တွေ ဘာတွေ မရလို့ရှိရင်တော့ သူတို့လည်း လုပ်ရဲမှာမဟုတ်ဘူး။ အဲဒီ တပ်ရင်း ၂၃၀ က နဘူး အခြေစိုက်စခန်းက
သာတိုးရွာပေါ့။ တတားကျိုးရွာမှာ အခြေစိုက်ထားတဲ့ တပ်စခန်းဖြစ်တယ်။
ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ခင်ဗျ။ အခု ဒီဖြစ်ရပ်က ရှင်းလင်းအောင်ထပ်မေးရမယ်ဆိုလို့ရှိရင် ဒါက တဘက်နဲ့တဘက် နှစ်ဘက် ရင်ဆိုင်တိုက်ပွဲမှာ
ကျဆုံးတာမဟုတ်ဘဲနဲ့ တဖက်သတ်ဝင်ရောက် ပစ်ခတ်ပြီးတော့ ဖမ်းဆီးသွားပြီးတော့မှ သတ်ဖြတ်ပစ်လိုက်တယ်လို့ ဆရာတို့က ပြောချင်တာပေါ့။
စော တင်မိုသီ ။ ။ ဟုတ်ကဲ့။ ဟုတ်ကဲ့။ အဲဒါ သဘောက စစ်တိုက်တာမဟုတ်ဘူး။ လူသတ်မှု ဖြစ်နေတယ်။ လူသတ်မှုဖြစ်တော့ ဘာမှမဆီမဆိုင်တဲ့
ငြိမ်းချမ်းရေးကောင်စီက အဖွဲ့တွေကို သူတို့က ဖမ်းပြီးတော့ ရက်ရက်စက်စက် သတ်တယ်ဆိုတာက အဲဒါကတော့ ရာဇဝတ်မှုပေါ့နော်။ အဲလိုမျိုး
ကျနော်တို့ယူဆတယ်။ တကယ်လည်းဖြစ်တယ်။ ဒီဥစ္စာတွေက။
ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ အဲဒီတော့ ဆရာတို့က KNU-KNLA ငြိမ်းချမ်းရေးကောင်စီနဲ့ မြန်မာ စစ်တပ်နဲ့ ဆက်ဆံမှုအကြားမှာ အခု ဒီရက်ပိုင်း
နောက်ဆုံးအခြေအနေက ဘယ်လိုရှိလဲခင်ဗျ။
စော တင်မိုသီ ။ ။ နောက်ဆုံးအခြေအနေက ကျနော်တို့ position ကတော့- ကျနော်တို့ ငြိမ်းချမ်းရေး အတွက် ကျနော်တို့ဆက်ပြီးရပ်တည်သွားမယ်။
ကျနော်တို့ဘက်က စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ကျနော်တို့က အစကတည်းက လုပ်လာခဲ့တဲ့လူ။ ဒါပေမဲ့ နောက်ပိုင်း အပြုအမူတွေကို ကျနော်တို့က တွေ့တော့
သူတို့ဘက်က စစ်မှန်တဲ့ငြိမ်းချမ်းရေးကို သူတို့က မလုပ်ဘဲနဲ့ သူတို့ရဲ့ပုံဖော်တဲ့ ငြိမ်းချမ်းရေးက သူတို့အကျိုးအတွက်၊ သူတို့စစ်ရေးအတွက် အကျိုးရှိမယ့်ဟာကို
အဲဒါပဲ သူတို့က လုပ်တယ်လေ။ ကျနော်တို့ အပိုင်းကျတော့ ဘာလဲဆိုတော့ လူထုအကျိုးရှိဖို့၊ ကရင်ရော၊ ဗမာရော၊ ရှိတဲ့ တရုတ်ရော အကုန်လုံး
ကရင်ပြည်မှာရှိတဲ့လူတွေရဲ့ လူထုရဲ့အကျိုးကို ကျနော်တို့က ကြည့်ပြီးတော့ ရည်စူးပြီးတော့ ကျနော်တို့ကလုပ်တာ။ အခုနောက်ပိုင်း သူတို့ရဲ့လုပ်ပုံလုပ်နည်းတွေက
အားလုံး ကျနော်တို့က တွေ့တဲ့အခါမှာ၊ သူတို့ရဲ့ ငြိမ်းချမ်းရေးဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမဟုတ်ဘူး။ ရယူတဲ့ ငြိမ်းချမ်းရေးပဲဖြစ်တယ်။
ဦးသန်းလွင်ထွန်း ။ ။ သူတို့က ငြိမ်းချမ်းရေးကို စစ်ရေးအရ အကျိုးအမြတ်ဖြစ်အောင် လုပ်တယ်ဆိုတာက ဘယ်လို သာဓကတွေ ပြနိုင်လဲခင်ဗျ။ ဘယ်လိုဟာမျိုးကို
ပြောတာလဲ။
စော တင်မိုသီ ။ ။ အခု ကျနော်တို့ ပြန်ကြည့်မယ်ဆိုလို့ရှိရင် ကျနော်တို့ ငြိမ်းချမ်းရေး မလုပ်ခင်တုံးက ဆိုလို့ရှိရင် သူတို့က ဘာလုပ်လဲဆိုလို့ရှိရင် အဲဒီ
ငြိမ်းချမ်းရေးအတွက် အများအားဖြင့် အဲဒီ စစ်အဖွဲ့တွေက ရှောရှောရှူရှူသွားပြီးတော့ ဒီ လူထုတွေမှာ အခွန်ကောက်တာတို့၊ အများအားဖြင့်က စစ်တပ်က လူတွေပဲ
အကျိုးရှိကြတယ်။ အဲဒါတခု ကျနော်တို့ တွက်ချက်မိတယ်။ နောက်ပြီး နောက်တခုက နောက်ပိုင်းမှာ Border Guard Force ဆိုတာ - အမှန်တကယ်က ဒါက ဘာမှ
မဆီမဆိုင်တာ။ မလုပ်သင့်တဲ့ဟာတွေ။ အရင်တုံးက ကျနော်တို့လုပ်တာက ငြိမ်းချမ်းရေးဆိုတာက လူထုအတွက် အကျိုးရှိမယ်။ တိုင်းပြည်အတွက် အကျိုးရှိမယ်။
အစိုးရလည်း အခွန်အကောက်ရမယ်။ ကျနော်တို့အတွက်လည်း ဖွံ့ဖြိုးရေးတွေလုပ်နိုင်မယ်။ အဲဒါကို ကျနော်တို့က ရည်စူးတာ။ အခုတော့ သူတို့က ဒီလိုမဟုတ်ဘဲနဲ့
Border Guard Force။ နောက် ဒီ Border Guard Force က ကျနော် အစကတည်းက ပြောထားတယ် - ဒီအစိုးရကို။ ကျနော်တို့ အဖွဲ့အစည်းကလည်း
ပြောထားတယ်။ Border Guard Force ဟာ တော်တော် ပြဿနာဖြစ်မယ့် အလုပ်။ အဲဒါ အားလုံးအတွက် မကောင်းတဲ့အလုပ်တွေ။ အစကနေပြီးတော့
ငြိမ်းချမ်းရေး ယူထားတဲ့အဖွဲ့တွေရော။ Ceasefire လုပ်ထားတဲ့ အဖွဲ့တွေမှာ အကုန်လုံး ပြဿနာပေါ်မယ့် ဥစ္စာကို ကျနော်တို့ အစကတည်းက ပြောထားတယ်။
ဒါကိုပဲ သူတို့က ဇွတ်အတင်း လုပ်ပြီးတော့ ဘာမှ တိုင်းပြည်အတွက် အကျိုးမရှိတဲ့ဥစ္စာ။
ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ ဆရာတို့က ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်တဲ့ တပ်မဟာ ၆ က အဖွဲ့တွေပေါ့နော်။ KNU ကနေ ၂၀၀၇ ခုနှစ်လောက်မှာ
ခွဲထွက်ပြီးတော့ ငြိမ်းချမ်းရေးကောင်စီအနေနဲ့ မြန်မာစစ်တပ်နဲ့ အပစ်အခတ် ရပ်စဲရေးလုပ်ခဲ့တဲ့ အချိန်တုံးကဆိုရင် ဘယ်လို ရည်မှန်းချက်တွေရှိခဲ့သလဲ ခင်ဗျ။
နောက်ပိုင်းမှာ လက်နက်ကိုင်အဖွဲ့တွေကို ဒီလို အသွင်ပြောင်းဖို့ဆိုတဲ့ ရည်မှန်းချက်တွေ မရှိခဲ့ဘူးလား။
စော တင်မိုသီ ။ ။ ကျနော်တို့ ပထမအဆင့်က ကျနော်တို့ KNU က ခွဲထွက်ဖို့ဆိုတာလည်း ကျနော်တို့ ခေါင်းထဲမှာ တခုမှ မရှိဘူး။ ကျနော်တို့ လုပ်တဲ့ဥစ္စာက
ရှေ့တန်းမှာရှိတဲ့ ရွာတွေ၊ ကရင်လူမျိုးတွေရှိတဲ့ ဥစ္စာတွေ အားလုံးကို ဒီ ဖြစ်လာတဲ့ဥစ္စာကို ငြိမ်းပါစေဆိုတဲ့ သဘောနဲ့ ကျနော်တို့လုပ်တယ်။ နောက်ပြီးတော့ လုပ်တဲ့
အချိန်မှာလည်း သူတို့က ဖွံ့ဖြိုးရေး လုပ်ပိုင်ခွင့်တွေ ပေးမယ်။ ဖွံ့ဖြိုးရေးတွေ၊ ဘာတွေလုပ်လို့ရမယ်။ တရားဥပဒေ၊ ဘာတွေ ညာတွေဆိုတော့ ကျနော်တို့လည်း
ဝိုင်းပြီးပံ့ပိုးတာပေါ့။ ဝိုင်းပြီးပံ့ပိုးပြီးတော့ ကျနော်တို့အတူ ကရင်ပြည်နယ်ကြီး တိုးတက်ဖို့အတွက် ကျနော်တို့က ရည်စူးပြီးတော့လုပ်တာ။ ဒါပေမဲ့ အဲဒါတွေ
မဖြစ်လာဘူး။ ဒီ ၃ နှစ်ကာလ တောက်လျှောက်မှာ တွေ့လိုက်ရလို့ရှိရင် ဒီ တိုင်းမှူးတို့၊ စ.အ.ဖတို့က လုပ်စားတဲ့ဟာတွေပဲ ကျနော်တို့က တွေ့နေရတယ်။ ကျနော်တို့
လူတွေကလည်း ရိုးသားတဲ့ လူတွေဆိုတော့ အလုပ်စားခံရတဲ့ ပုံစံမျိုးလိုဖြစ်နေတယ်။ ကျနော်တို့က ကုန်ကားတွေကို ဟိုး ရန်ကုန်အထိ ဘာညာ - သူတို့က
လုပ်ပိုင်ခွင့်ပေးတယ်။ အမှန်တကယ်က ကျနော်တို့က သူတို့ကို အဆမတန် ကိုယ်က ရတာနည်းနည်း၊ သူတို့က သုံးပုံနှစ်ပုံလောက် စစ်တပ်ရော၊ စ.အ.ဖ ရော
အကုန်လုံး သူတို့က ယူသွားတာ။ ဆိုတော့- ဒါတွေက ဘယ်လိုလုပ်ပြီးတော့ ကရင်လူမျိုးတွေအတွက် သွားပြီးတော့ ကျနော်တို့က လုပ်လို့ရမလဲ။ လုပ်စားတဲ့
ဟာကြီးတွေ ဖြစ်နေတယ်။
ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့။ အထူးသဖြင့် ဗိုလ်ချုပ်ထိန်မောင်ဆိုလို့ရှိရင် KNU ခေါင်းဆောင်ပိုင်းမှာ အင်မတန် ရိုးသားပြီးတော့ ဖြောင့်မတ်တဲ့ စစ်ရေး၊
နိုင်ငံရေးခေါင်းဆောင် တယောက်အဖြစ်နဲ့ လူသိများပါတယ်။ အဲဒီတော့ ဗိုလ်ချုပ်ထိန်မောင်ကရော အခု ထောခိုခို စခန်းမှာပဲလားခင်ဗျ။ သူရဲ့ အနာဂတ်
နောင်ရေးကိစ္စကရော ဘယ်လိုအခြေအနေရှိနိုင်မလဲ။
စောတင်မိုသီ ။ ။ ကျနော်တို့ ထောခိုခို မှာတော့ အေးအေးဆေးဆေး ပါပဲ။ ကျနော်တို့က ငြိမ်းချမ်းရေးကို ထိန်းထားတယ်။ လူထုတွေကို အနှောက်အယှက်
မဖြစ်အောင်ဆိုပြီးတော့ ငြိမ်းချမ်းရေးကို ဆက်ပြီးထိန်းထားတယ်။ ဒါပေမဲ့ တလောက ဖြစ်သွားတဲ့ကိစ္စမှာ ကျနော်တို့က ဘယ်လို approach လုပ်မလဲဆိုရင်
တစ်အချက် ငြိမ်းချမ်းရေးကို ကျနော်တို့က ဆက်ထိန်းမယ်။ တဖက်က နည်းအမျိုးမျိုးနဲ့ ဖျက်ပေးမယ့် ကျနော်တို့အပိုင်းက ဖျက်ဖို့ကတော့ - ဘာဖြစ်လို့လည်းဆိုရင်
ကျနော်တို့က ဖျက်လိုက်လို့ရှိရင် ပြဿနာက တိုင်းပြည်ရော လူထုပါ ဒုက္ခရောက်ကြမယ်။ နောက်ပြီးတော့ သူတို့အထဲမှာလည်း တကယ်ငြိမ်းချမ်းရေးကို
ရည်မှန်းပြီး လုပ်ခဲ့တဲ့လူတွေရှိတယ်။ အရင်တုန်းကဆိုရင်။ ဒါပေမဲ့ နောက်ပိုင်းလူတွေကြတော့ တမျိုး။ သူတို့က မလုပ်ခဲ့ဘူး၊ ပင်ပင်ပန်းပန်း အရင်တုန်းကလူတွေလို
မလုပ်ခဲ့တော့ စာနာမှု အဖွဲ့စည်းရော၊ လူထုအပေါ်မှာ စာနာမှုမရှိကြဘူး။ သူတို့လုပ်တာက အခု ငါတို့ အာဏာရှိတဲ့ အချိန်မှာ ငါတို့ ဘယ်လိုလုပ်စားမလဲ - ဒါပဲ
သူတို့တွေးတယ်။ အဲဒါက ပြဿနာ။ အဲဒီတော့ ကျနော်တို့က ဘာလုပ်မလဲဆိုရင် တစ်အချက်က ဥပဒေအရ အဲဒီ လူသတ်တဲ့လူတွေကို အရေးယူပေးဖို့
ဗိုလ်ချုပ်သက်နိုင်ဝင်း ကို တင်မယ်။ တင်ပြီးတော့ တစ်လအတွင်း ဘာမှ အရေးမယူဘူးဆိုရင် ကျနော်တို့ အထက်ကို တင်မယ်။ ဘာဖြစ်လို့လည်းဆိုရင်
သူတို့ပြောတာက Disciplined Democracy ဆိုရင် စည်းကမ်းရှိရမယ်။ နောက် အစိုးရအရာရှိတွေ၊ ဗိုလ်ချုပ်တွေ၊ စစ်တပ်ဆိုလိုရှိရင် ပိုပြီးတော့ သူတို့မှာ
တာဝန်ရှိတယ်။ ရိုးရိုးသာမန်လူတွေထက်ဆရင် သူတို့က ပိုပြီးတော့ သူတို့ အမှားလုပ်လို့ရှိရင် နှစ်ဆသုံးဆလောက် ခံရမယ်။ အဲဒါ disciplined democracy လို့
ခေါ်တယ်။ ကျနော်တို့က သူတို့ကို အရေးယူခိုင်းရမယ်။ တလအတွင်း - နောက် အသတ်ခံရတဲ့ သူ့မိသားစုတွေမှာ ခလေးတွေ ကျန်ခဲ့တယ်။ ခလေးငယ်လေးတွေ
ကျန်ခဲ့တယ်။ ရှစ်ယောက်စလုံးကို လျှော်ကြေးပေးရမယ်။ ဒီ လူသတ်မှုအတွက် compensation သဘောမျိုးပေါ့။
ဦးသန်းလွင်ထွန်း ။ ။ အခုတော့ ဒီတင်ပြချက်တွေကို ဗိုလ်ချုပ်သက်နိုင်ဝင်း ဆီကို တင်ပြပြီးပြီလား။ ဘယ်လိုတုံ့ပြန်ပါသလဲ။
စောတင်မိုသီ ။ ။ မတင်သေးဘူး။ နောက် - ကြာရင် ကျနော်တို့ တင်တော့မယ်။
ဦးသန်းလွင်ထွန်း ။ ။ အဲဒီလို တင်ပြဖို့ ဆက်သွယ်ရေးလမ်းကြောင်း ကောင်းကောင်းမွန်မွန် ရှိရဲ့ လား။ အခုလောလောဆယ်အားဖြင့် နှစ်ဘက်တပ်တွေက
ရင်ဆိုင်နေတဲ့ သဘောမှာရှိသလား။ ငြိမ်းငြိမ်းချမ်းချမ်းပဲ ရှိသလား။
စောတင်မိုသီ ။ ။ အခုတော့ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေပါတယ်။ အခုနောက်ပိုင်းမှာလည်း ကြည့်ရတဲ့ပုံစံတွေကတော့ တိုက်တာခိုက်တာတွေ နည်းနည်းတော့
ပြန်လျှော့သွားတယ်။ ဒါပေမဲ့ ကျနော်တို့လမ်းကြောင်းတွေရှိတယ်။ ကျနော်တို့ တင်မယ်။ တင်လို့မှမရရင် သူအထက်က လူကိုတင်မယ်။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ကို
တင်မယ်။
ဦးသန်းလွင်ထွန်း ။ ။ အခုနောက်ဆုံးဖြစ်တဲ့ လူတွေကို ရက်ရက်စက်စက် ဖမ်းပြီးတော့ သတ်ဖြတ်လိုက်တဲ့ကိစ္စက အကြောင်းရင်ခံက ဘာများဖြစ်နိုင်ပါသလဲ။
စောတင်မိုသီ ။ ။ ကျနော်ထင်တယ် အကြောင်းရင်ခံကတော့ အတွေးအခေါ်နည်းတဲ့ တပ်ရင်းမှုးတို့၊ တိုင်းမှုးတို့။ သူတို့ရဲ့  ကျဉ်းမြောင်းတဲ့ အတွေးအခေါ်တွေ။
တိုင်းပြည်ကို ရှုပ်ထွေးစေတယ်။ ကိုယ့်ညီအကိုတွေကို narrow minded လူမျိုးကြီးဝါဒပုံစံမျိုးနဲ့ အဲဒီလိုသဘောမျိုးနဲ့ နောက်ပြီးတော့ စစ်သွေးကြွနေတဲ့ပုံစံမျိုးနဲ့
ကြီးတဲ့လူက ငယ်တဲ့လူကို ဘယ်လိုနိုင်ရမလဲ။ ဘယ်လိုလုပ်ပြီး အနိုင်ကျင့်ရမလဲဆိုတဲ့ သဘောမျိုးနဲ့ဖြစ်တယ်။ စစ်ရူးရူးတဲ့ပုံစံတွေပေါ့။ အဲဒါတွေကြောင့် ဖြစ်တာပါ။
ဦးသန်းလွင်ထွန်း ။ ။ ဒီကိစ္စတွေက နောက်ပိုင်းမှာ ပြေလည်သွားပြီးတော့ ဒါမျိုးတွေ နောက်မဖြစ်နိုင်အောင် ကာကွယ်ပေးနိုင်တဲ့ အနေအထား ရှိရဲ့ လား။
ဘယ်လိုမြင်ပါသလဲ။
စောတင်မိုသီ ။ ။ အဲဒါတော့ ကျနော်မပြောတတ်ဘူး။ ကျနော်တို့ ဥပဒေအရ လုပ်သွားမယ်ဟာကရှိတယ်။ တိုင်းပြည်တခုကို အုပ်ချုပ်တယ်ဆိုတာ ဥပဒေဆိုတာ
ရှိရတယ်။ ဒီဥပဒေကို ဘယ်သူမှ ကျော်လွန်လို့မရဘူး။ ဘာစစ်သူကြီးဖြစ်ဖြစ်၊ ဗိုလ်ချုပ်ကြီးဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ဒီဥပဒေကို ကျော်သွားလို့ မရဘူး။ အားလုံးက
ဥပဒေလက်အောက်မှာ ရှိရမယ်။ ကျနော်တို့ ဝင်လာတုန်းကဆိုရင် သူတို့ကပြောတာက ဘာလဲဆိုတော့ ဥပဒေဘောင်အတွင်း။ အခု သူတို့က ပေါက်ကရ။
ကျနော်တို့ လူတွေမှားလို့ရှိရင် သူတို့ဖမ်းပြီးတော့ ထောင်ထဲထည့်တယ်။ အခု သူတို့မှားတဲ့အခါကြရင် ကျနော်တို့ကလည်း သူတို့လူကြီးတွေကို တောင်းဆိုပြီးတော့
မှားတဲ့လူတွေကို ထောင်ထဲထည့်တဲ့အပြင် လျှော်ကြေးလည်း ရှိရမယ်။ အဖွဲ့အစည်းရဲ့  ဆုံးသွားတဲ့လူတွေရဲ့  မိသားစုတွေကို ပေးရမယ်။ အဲဒီတော့ ဥပဒေနဲ့
ပြန်တောင်းဆိုရမယ်အပိုင်းတွေ ရှိတယ်။
ဦးသန်းလွင်ထွန်း ။ ။ KNU-KNLA ကရင်ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်တွေကို မြန်မာစစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့အကြောင်း ပြောခွင့်ရပုဂ္ဂိုလ် နဲ့
ဗဟိုကော်မတီဝင် စောတင်မိုသီ က ပြောဆိုသွားခဲ့တာပါ။

မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၁)


By ရော်နီညိမ်း တနင်္ဂနွေ, 12 ဒီဇင်ဘာ 2010
ထပ်ဆင့် ဖြန့်ဝေရန်

• Digg

• Facebook

• StumbleUpon

• Yahoo! Buzz

• del.icio.us
တပ်မှူးတပ်သား ပြောစကား (၀၃၈)
မြန်မာစစ်အစိုးရမှာ ‘အဏုမြူလက်နက်တွေထုတ်လုပ်မယ့် နျူးကလီးယားစီမံကိန်း’ ရှိနေတယ်ဆိုတဲ့ အထောက်အထားတချို့ကို ယူဆောင်ပြီး၊
ပြည်ပကိုထွက်ခွါလာခဲ့သူကတော့ မြန်မာ့တပ်မတော်မှာ စစ်အင်ဂျင်နီယာအရာရှိ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းပါ။
တပ်မတော်နည်းပညာတက္ကသိုလ် DSTA ဗိုလ်သင်တန်း အပတ်စဉ်(၁) က ကျောင်းဆင်းခဲ့ပြီးတော့၊ ရုရှနိုင်ငံမှာ ဒုံးကျည်ဆိုင်ရာ စက်မှုလက်မှု ဘာသာရပ်နဲ့
မဟာသိပ္ပံဘွဲ့ ရယူခဲ့သူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ပြောကြားချက်တွေကို ဒီသီတင်းပတ် ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဦးရော်နီညိမ်းက
စီစဉ် တင်ဆက်ထားပါတယ်။
ဦးရော်နီညိမ်း။ ။ ဗိုလ်မှူး စိုင်းသိန်းဝင်းခင်ဗျာ။ နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်ကို ကျနော်တို့ ကို အရင်ဆုံး ပြောပြပေးပါ ခင်ဗျာ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကျနော် အမှတ(် ၁) သိပ္ပံနှင့်နည်းပညာဆိုင်ရာပစ္စည်းထုတ်လုပ်ရေး အလုပ်ရုံမှာ တာဝန်ထမ်းဆောင်ခဲ့ ပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီ စက်ရုံက ကျနော်တို့ ကပစ (ကာကွယ်ရေးပစ္စည်းစက်ရ)ုံ နဲ့ မဆိုင်ဘူးပေါ့နော်။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကပစ နဲ့ မဆိုင်ပါဘူး။ သူက “တပ်မတော် သိပ္ပံနှင့်နည်းပညာသုတေသနဌာနချုပ်” ရဲ့ လက်အောက်ခံ တပ် ဖြစ်ပါတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးတို့ ခေါ်ကြတာ “သသန” ဆိုတဲ့ဟာလား မသိဘူး။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ အတိုကောက် သသန လို့ခေါ်ပါတယ်။ ကျနော်တို့ စက်ရုံကိုတော့ အတိုကောက် သနလ(၁) လို့ ခေါ်ပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အရှည်က ဘယ်လိုပါလဲခင်ဗျာ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ သိပ္ပံနှင့်နည်းပညာဆိုင်ရာပစ္စည်းထုတ်လုပ်ရေး အလုပ်ရုံပါ။
ဦးရော်နီညိမ်း။ ။ သသန က အရာရှိချုပ်လား ဒါမှမဟုတ် ညွှန်ကြားရေးမှူးလား မသိဘူးခင်ဗျ၊ နေပြည်တော် စစ်ရုံးမှာ ထိုင်တာလေ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဌာနချုပ်မှူး လို့ ခေါ်ပါတယ် ခင်ဗျ။ တပ်မတော်သိပ္ပံနှင့်နည်းပညာသုတေသနဌာနချုပ်၊ ဌာနချုပ်မှူး ပါခင်ဗျ။
ဦးရော်နီညိမ်း။ ။ Major General post နဲ့ တူတယ်နော်။ ဗိုလ်ချုပ် post နဲ့တူတယ်။
ဗိုလ်မှူး စိုင်းသိန်းဝင်း။ ။ ဟုတ်ပါတယ်ခင်ဗျာ Major General ပါ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ။ အဲဒီတော့ ဗိုလ်မှူး မြန်မာနိုင်ငံထဲကနေ ထွက်လာတာကိုတော့ အားလုံးက သိထားပြီးပြီပေါ့ နော်။ ဗိုလ် မှူးပြောတဲ့ ဒီ Al
Jazeera နဲ့ ပြီးခဲ့တဲ့ ဇွန်လတုန်းက လွှင့်ထုတ်ခဲ့တာတွေ၊ ဗိုလ်မှူး ယူလာတဲ့ ပစ္စည်းတွေကို စစ်ဆေးပေးတဲ့ Robert Kelley ၊ IAEA (ကုလသမဂ္ဂအဖွဲ့အစည်း ဖြစ်တဲ့
နိုင်ငံတကာအနုမြူစွမ်းအင် အေဂျင်စီ International Atomic Energy Agency) က တာဝန်ရှိလူကြီး ဟောင်း တစ်ယောက်ဖြစ်ခဲ့တဲ့ Mr. Kelley
ရဲ့ပြောပြချက်တွေနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံထဲမှာ မြန်မာစစ်အစိုးရဟာ အနုမြူဗုံးအနုမြူလက် နက်အထိ ထုတ်လုပ်ဖို့ ကြံစည်နေတယ်ဆိုတဲ့
အထောက်အထားတွေကို ဗိုလ်မှူး ရနိုင်သလောက် ယူလာခဲ့တယ်လို့ ကျနော်တို့က နားလည်သ ဘောပေါက်ထားပါတယ်။ အဲဒါတွေကိုလည်း ဒီ Robert Kelley နဲ့
စစ်ဆေးပြီးတော့ ကမ္ဘာကသိအောင် ထုတ်ဖော်ပြောကြား ပြသတယ်ပေါ့ နော်။ အခု ဗိုလ်မှူးနဲ့ပတ်သက်ပြီးတော့ ဒီဇင်ဘာလ(၆)ရက်နေ့က မြန်မာသတင်းစာထဲမှာ
ပါပြီးတော့၊ အမေရိကားက PBS (Public Broadcasting Service) အသံလွှင့်ဌာန နဲ့ သြစတြီးယား (Austria) က ProPublica မဂ္ဂဇင်းတွေကနေ
ရေးသားကြတဲ့ကိစ္စမှာ၊ ဗိုလ်မှူးရဲ့ ပြောကြားချက်တွေကို ထပ်ဆင့်ပြီးတော့ Robert Kelley ရဲ့ ထောက်ခံချက်တွေကို သူတို့က ပယ်ချပြီး ပြောပါတယ်။ အဲဒီ ကိစ္စနဲ့
ပတ်သက်လို့ ကျနော်တို့ အသေးစိပ် မသွားခင်မှာ ဗိုလ်မှူးအနေနဲ့ ခြုံငုံပြီးတော့ ဘာများ ပြန်ပြောချင်ပါသလဲ ခင်ဗျာ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ရှေ့နေကောင်းလို့ရှိရင် ဘယ်အမှုပဲဖြစ်ဖြစ် ကွင်းလုံးကျွတ်လွတ်မယ်ဆိုတဲ့ ပုံစံမျိုးတော့ မရှိပါဘူးခင်ဗျ။ အခု သူတို့ PBS ၊
ProPublica ကနေပြီး ပြန်ချေပတာကတော့ ချေပတာပေါ့။ ဒါပေမယ့် ဒီအဖြစ်မှန်ကို သိတာက ကျနော် တစ်ယောက်တည်း မဟုတ်ပါဘူး။ တခြားလူတွေ ရာနဲ့
ထောင်နဲ့ ချီပြီးရှိပါတယ်။ နောက်ထပ် လူသက်သေ၊ ပစ္စည်းသက်သေ ထွက်လာဖို့ ရှိပါတယ်။ အခု ProPublica ကနေပြီးတော့ ဒါကို မှားတယ် လို့၊ သူတို့ က
“Robert Kelley မှားတယ်၊ ကျနော်မှားတယ်” ဆိုပြီးတော့ ပြောထားတဲ့ ဥစ္စာလေး တွေကတော့၊ သူတို့ အနေနဲ့ ကောက်ချက်ချတာ စောတယ်လို့ပဲ ကျနော်ကတော့
သုံးသပ်ပါတယ်။
ဦးရော်နီညိမ်း။ ။ နောက်တစ်ခုက ကျနော်တို့က စဉ်းစားရတာပေါ့လေ၊ ဆိုလိုတာက Robert Kelley နဲ့ ဗိုလ်မှူးစိုင်းသိန်းဝင်းတို့ ပြော ဆိုထားချက်တွေကို
ဟုတ်မဟုတ် စစ်ဆေးဖို့ ဆိုပြီးတော့ IAEA မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တွေလည်း ပါတယ်လို့ ဆိုတယ်။ နောက် တခါ ဗိုလ်မှူးယူလာတဲ့ ဓါတ်ပုံထဲမှာပါတဲ့
စက်ကြီးတွေနဲ့ပတ်သက်ပြီးတော့ “ဒါဟာ အနုမြူဗုံးလက်နက်စီမံကိန်းမှာ သုံးတာ မဟုတ်ဘူး။ ဂျာမန် အစိုးရပိုင်းကလည်း သူတို့ ဒီစက်တွေကို စစ်ဆေးပြီးသားပါ”
ဆိုတဲ့ ဟာမျိုး ပြောသွားတာတွေ ရှိတယ်ပေါ့နော်။ ဆိုတော့၊ အဲဒါတွေကကော အဲဒီမှာ ပြောတဲ့ ပုဂ္ဂိုလ်ပေါ့နော်၊ သူလည်းပဲ အရင်တုန်းက IAEA ရဲ့
ဒုညွှန်ကြားရေးမှူးဟောင်း ဖြစ်ခဲ့ဖူးတဲ့ Olli Heinonen ရဲ့ပြောဆိုချက်၊ သူတို့ရဲ့ဆောင်းပါးနဲ့ပတ်သက်ပြီးတော့ specifically ပေါ့နော် ကျနော် ပြန်ပြီး
မေးကြည့်ချင်ပါတယ်။ အဲဒီစက်နဲ့ ပတ်သက်ပြီးတော့ ဗိုလ်မှူး ဘာ ပြောချင်ပါသလဲ ခင်ဗျ။ ဒီစက်ကြီး ရောက်လာတဲ့အချိန်မှာ ဒီစက်ကြီးကို run လုပ်တာတို့
စစ်ဆေးတာတို့ကို ဗိုလ်မှူးနဲ့ အတူ ပါရှိနေတဲ့ဟာကိုပါ ကျနော်တို့ ဒီ Al Jazeera ရုပ်မြင်သံကြားမှာ မြင်ခဲ့ရတယ်လေ။
(Al Jazeera ရုပ်မြင်သံကြား။ ။ Myanmar's Military Ambitions
http://english.aljazeera.net/programmes/general/2010/05/201053110470990951.html)
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ CNC စက်တွေပါခင်ဗျ၊ အတိုကောက် ပြောမယ်ဆိုရင်တော့။ Computerized Numerical Control
(ကွန်ပျူတာကိန်းဂဏန်းများဖြင့် ထိန်းချုပ်သည့် တွင်ခုံစက်တစ်မျိုး)။ အဲဒီစက်တွေက Turning & Milling တွင်ခုံ (ကွန်ပျူတာဖြင့် တွင်ခုံလုပ် ငန်း ပြုလုပ်ခြင်း)
အမျိုးအစားတွေပါပဲ။ အဓိက သူ အားသာတာကတော့ designတွေကို၊ ကွန်ပျူတာထဲမှာ graphic designတွေကို အရင်ဆုံး ပုံစံ model တွေကို
တည်ဆောက်ပြီးတော့ အဲဒီအပေါ်မှာ မူတည်ပြီး program ဆွဲ၊ ဆွဲပြီး ရလာတဲ့ program တွေကို စက်မှာ ပြန်ပြီး ခိုင်းစေ လို့ရတယ်ပေါ့။ အဲဒီသဘောမျိုးပါ၊
အဲဒီစက်တွေက အဓိက ကတော့ ဘယ်လို ပစ္စည်းမျိုးကိုမဆို ပေါ့ နော်။ လုပ်နိုင်တဲ့ စက်တွေပါပဲ။ ဒါတွေက နျူကလီးယားဗုံး လုပ်မယ့် စက်တွေ rocket
လုပ်မယ့်စက်တွေလို့ သွားပြောလို့တော့ မရဘူးပေါ့ဗျာ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဆိုလိုတာက ထုတ်လုပ်ချင်တဲ့ ပစ္စည်းမျိုးကို ဘယ်ပစ္စည်းမျိုး ထုတ်လုပ်မယ်ဆိုတာ အရင်ဆုံး design ဆွဲ ပေးတဲ့နေရာမှာ
တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးတော့ အထောက်အကူပေးတဲ့ စက်ပစ္စည်းမျိုး သဘောပါလား ခင်ဗျာ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ ကျနော်တို့ ဒါ Machine Shop (စက်ပစ္စည်း အလုပ်ရ)ုံ ဆိုတော့ ဒီ စက်ရုံကနေထွက်တဲ့ ပစ္စည်းတွေဟာ
ကားအစိပ်အပိုင်းတွေလည်း ဖြစ်နိုင်တယ်။ ကားအစိပ်အပိုင်း ဖြစ်သွားမယ် ဆိုရင်လည်း ကားပစ္စည်းထုတ်လုပ်ရေး စက်ရုံပေါ့။ မီးရထားနဲ့ဆိုင်တဲ့
ပစ္စည်းတွေထုတ်မယ်ဆိုလည်း ဒါ မီးရထား စက်ပစ္စည်းဆိုင်ရာ ပစ္စည်းထုတ်လုပ်ရေး စက်ရုံပေါ့။ ကျနော်တို့က rocket အတွက် သုံးမယ်ဆိုရင်လည်း rocket
အတွက် ပစ္စည်းတွေကို ထုတ်လုပ်ပေးတဲ့ စက်တွေလို့ပဲ ကျနော်တို့ အကြမ်းဖျဉ်းပြောလို့ ရမှာပေါ့။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူးက ရုရှ နိုင်ငံမှာ သင်ယူလာခဲ့တာက rocket နဲ့ ပတ်သက်တာ ဒုံးကျည်ပေါ့ နော်၊ အခု ပြောနေတဲ့ အတိုင်းဆိုရင်။
ဗိုလ်မှူး စိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဒီ ဒုံးကျည်ပညာနဲ့ပတ်သက်လို့ရှိရင် အခုသူတို့ ပြောနေတဲ့ ဂျာမနီက ၀ယ်ယူလိုက်တဲ့ စက်ကြီးဟာ ဒုံးကျည် rocket နဲ့
ပတ်သက်ဖို့ရာအကြောင်း မြင်ပါသလား။ ဗိုလ်မှူးရဲ့ သင်ကြားတတ်မြောက်လာတဲ့ ပညာအရရော၊ ကိုယ်ကိုယ်တိုင်လုပ်နေရတဲ့ အတွေ့ အကြုံအရရော၊
အဲဒီအချိန်တုန်းက။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ အဓိကရည်မှန်းချက်ကတော့ ဒီ rocket engine ရဲ့ အစိပ်အပိုင်းတွေကို ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း
စက်သာ အပြည့်အ၀ ရလာခဲ့မယ်ဆိုရင်၊ ကျနော်တို့ လုပ်ချင်တဲ့ အစိပ်အပိုင်းကို အပြည့်အ၀ လုပ်နိုင်မှာပေါ့။ အခုဟာက ကျနော်တို့ ၀ယ်လာတဲ့စက်တွေမှာ
control ပိုင်းဆိုင်ရာ တစ်ချို့ module တွေကို ဖြုတ်ချထားတာရှိတယ်။ (modular = မတူညီတဲ့ ယူနစ် များစွာနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတစ်ခု။ module =
modular ထဲက ယူနစ်တစ်ခု။ အစိပ်အပိုင်းများစွာပါဝင်တဲ့ ပစ္စည်းတစ်ခုထဲက အစိပ်အပိုင်း ပါ။ ဥပမာ modular က ‘အိမ်’ ဆိုလျှင်၊ ဧည့်ခန်းဟာ အိမ်ထဲက module
တစ်ခ)ု ။ ဒီ ဂျာမန်ကုမ္ပဏီ ကနေပြီးတော့ sanction (အနောက်နိုင်ငံ များ၏ မြန်မာစစ်အစိုးရအပေါ် အရေးယူပိတ်ဆို့ ဒဏ်ခတ်မ)ှု ကြောင့်မို့လို့ ပိတ်ထားတဲ့
အစိပ်အပိုင်းတွေပေါ့ဗျာ။ အဲဒီ အစိပ်အပိုင်း၊ အထူး special အစိပ်အပိုင်းတွေကို သူတို့က ထည့်မပေးလိုက်ဘူး။ အဲဒီ control unit တွေကိုပေါ့။ အဲဒါ တွေကိုလည်း
ကျနော် တခါက သူတို့ရဲ့ technician ကို ကျနော်မေးကြည့်တယ်။ 5 axis control ကို ဘာလို့ မရောင်း တာလဲလို့ မေးတော့ အဲဒီ စင်္ကာပူ technician က ဘာပြော
သလဲဆိုတော့၊ “မင်းတို့ အောင်ဆန်းစုကြည်ကို လွှတ်ပေးမှ ရောင်းမယ်” တဲ့။ အဲဒီလိုမျိုး ကျနော်တို့ ကိုပြောလိုက်တာတော့၊ တခါ ကြားလိုက်ပါ တယ်။ (5 axis
control = 5 axis CNC machines တွေရဲ့ control ပိုင်းများ။ မျက်နှာပြင် (၅) ခုမှာ ရွေ့လျှားနိုင်တဲ့ 5 axis CNC machines မှာ၊ ပုံမှန် machine တွေထက် axis
နှစ်ခု အပို ပါဝင်သည်။ ဥပမာ X axis - ဘယ် နှင့် ညာ ၊ Y axis - အရှေ့ နှင့် အနောက်၊ Z axis - အပေါ် နှင့် အောက်၊ A axis - horizontal plane မှာ
နာရီလက်တံ နှင့် နာရီလက်တံ ပြောင်းပြန် လည်ခြင်း၊ B axis - vertical plane မှာ နာရီလက်တံနှင့် နာရီလက်တံ ပြောင်းပြန်လည်ခြင်း တို့ဖြစ်ပါတယ်။)
ဦးရော်နီညိမ်း။ ။ အဲဒီတော့ အဲဒါက ကားတွေဝယ်လို့ရှိရင် basic အခြေခံပါရမယ့် ပစ္စည်းတွေနဲ့ ရောင်းတာက တစ်ဈေး၊ ပြီးတော့ ကား ထဲမှာ ဒီလိုမျိုး
ဟောင်းလောင်းအပေါက်ကလေးတွေ အများကြီးပဲ၊ ကိုယ်က နောက်ထပ်တစ်ခု option ဟိုဟာ ထပ်ထည့်ချင်တယ် ဒီဟာ ထပ် ထည့်ချင်တယ် ဆိုရင်၊
အဲဒီအခါကျမှ ထပ်ပြီးထည့်လို့ရအောင် fix လုပ်လို့ရအောင် လုပ်ထားတဲ့ နေရာလေးတွေ ရှိတယ်။ အဲဒီတော့ အဲဒီစက်မှာ လည်း ဗိုလ်မှူးပြောတဲ့အတိုင်းဆို
ဒီသဘောမျိုးပဲပေါ့။ ခုနပြောတဲ့ နောက်တဆင့်၊ ဒုံးကျည်ထုတ်လုပ်တဲ့အဆင့်ထိ လုပ်ရမယ့်နေရာမျိုး ထည့်မယ် ဆိုရင်လည်း၊ အဲဒီ ဟာမျိုး အဲဒီ program မျိုး
ထည့်မယ်ဆိုရင်လည်း၊ အဲဒီ program မျိုး ထည့်ဖို့အတွက် ကျနော်တို့ အရပ်စကားနဲ့ ပြောမယ် ဆို နေရာလပ်တွေတော့ ချန်ထားတဲ့ စက်မျိုးပေါ့။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ အဲဒီ သဘောပါပဲ။ ဟုတ်ကဲ့။
ဦးရော်နီညိမ်း။ ။ ခုနက စင်္ကာပူက agent ကတဆင့် ပြောလိုက်တာက “မင်းတို့ဆီက ဒေါ်အောင်ဆန်းစုကြည် ကို မင်းတို့စစ်အစိုးရက လွှတ်ပေးမှ တို့က
ရောင်းမှာပေါ့ကွ” ဆိုတဲ့သဘောမျိုးပြောတာက၊ ဒါကတော့ သူက informalပေါ့နော်၊ အလွတ်သဘောပြောတာနဲ့ တူပါတယ်။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ပါတယ်။ informal သဘောမျိုးပါပဲ။ သူကလည်း ဒီလောက် အဆုံးအဖြတ်ပေးနိုင်တဲ့ လူရယ်လို့ မဟုတ်ပါ ဘူး။ သူက openly
ပြောတတ်တဲ့ လူတစ်ယောက်မို့လို့၊ ဒါကို နားလည်အောင် သူက တိုတိုနဲ့ လိုရင်း ရှင်းပြပေးလိုက်တာပေါ့။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်မှူး ၊ အဲဒီတော့ ကျနော်တို့ ဒီစက်ကိုပြောရင်းနဲ့ ပြန်ကောက်ရအောင်။ ဗိုလ်မှူးရဲ့တာဝန်နဲ့ အဲဒီဗိုလ်မှူးလုပ် ခဲ့တဲ့
စက်ရုံရဲ့တာဝန်။ အဲဒီတော့ ဗိုလ်မှူးက အဲဒီစက်ရုံကို ရောက်သွားတဲ့ အဓိကတာဝန်ပေး အပ်ချက်က ဘာလဲ ခင်ဗျ။ ကျနော်တို့ စစ်ရုံးက၊ သသန က၊ ဗိုလ်မှူးကို
ခေါ်ပြီးတော့ အဲဒီနေရာကို posting ပေးလိုက်တဲ့အခါမှာ ဘယ်လို အမိန့်ပေးလိုက်လဲ ခင်ဗျ။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ကျနော်တို့စက်ရုံရဲ့ အဓိကရည်မှန်းချက်တွေက ဒီ ‘သပိတ်ကျင်း သိပ္ပံနှင့်နည်းပညာတပ်’က လိုအပ်တဲ့ စက်ပစ္စည်းကိရိယာ
အစိပ်အပိုင်းတွေကို ထုတ်လုပ်ပေးဖို့ အတွက်၊ ဒီစက်ရုံတွေကို တည်ထားတာပါ။ ဒီ ‘သပိတ်ကျင်းတပ်’ က ပစ္စည်းတွေက တော့ ပြည်ပမှာ ၀ယ်လို့ မရနိုင်ဘူး။
ကိုယ့်ပြည်တွင်းမှာ ကိုယ့်ဘာသာထုတ်လုပ်နိုင်မှဖြစ်မယ်၊ ပြည်တွင်းမှာ ကိုယ့်ဘာသာထုတ်လုပ်နိုင်အောင်၊ အမှီအခို ကင်းမဲ့စွာ ထုတ်လုပ်နိုင်အောင်၊ ဆိုပြီးတော့
ဒီစက်ရုံတွေကို တည်ထားတာပါ။ ကျနော်တို့ကို အဲဒီမှာ တာဝန်ချလိုက်တဲ့အချိန်ကလည်း ‘သပိတ်ကျင်းတပ်’ ရဲ့ လိုအပ်တဲ့ ပစ္စည်းအစိပ်အပိုင်းတွေကို အချိန်မှီ
ထုတ်လုပ်ပေးဖို့၊ အရည်အသွေးမှီမှီ ထုတ်လုပ်ပေးဖို့၊ လျှို့ဝှက်ချက်တွေကို လည်း ထိန်းနိုင်ဖို့ပေါ့။ အဲဒီလိုမျိုး မှာလိုက်တာတွေ ရှိပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ‘သပိတ်ကျင်းတပ်ရင်း’က အပြင်မှာ အရပ်ထဲမှာ ပြောပြောနေတဲ့ ‘နျူကလီးယားတပ်ရင်း’ ဆိုတာပေါ့။
ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ပါတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ အဲဒီနားက ကျေးရွာတွေတ၀ိုက် မြို့တွေရွာတွေကတော့ သပိတ်ကျင်းက တပ်ကို အရပ်စကားနဲ့ အလွယ်ပဲ
‘နျူကလီးယားတပ်ရင်း’လို့ ပြောနေကြတာပေါ့။ အဲဒီတော့ ဗိုလ်မှူးရဲ့အဆင့်နဲ့ တကယ့်‘သသန’ ရဲ့ ရည်ရွယ်ချက်၊ ‘သသန’ ရဲ့ အရာရှိ ချုပ်တို့ နောက် သူ့အပေါ်၊
အထက်က ရှိတဲ့ ကကကြည်း (ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရုံး)တို့ ဘာတို့က ပါ၊ တကယ့် ရည်ရွယ်ချက်က ဒီ ‘သသန’ က ဘာလုပ်ဖို့လဲ၊ ဗိုလ်မှူးတို့ တရားဝင်
သိထားတာရော တရားမ၀င်ပေမယ့် ကိုယ်ကတော့ နားလည်နေတယ်၊ ကိုယ် ဘာလုပ်ရမလဲ ဆိုတာ။ အဲဒီသဘောမျိုး ကျနော်တို့ကို နည်းနည်းရှင်းပြလို့ ရမလား။
မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်ဟာ တကယ်တမ်း ဘာလုပ် ချင်တာလဲ၊ ဒီ ‘သသန’ တို့ ဘာတို့နဲ့။
ဗိုလ်မှူး စိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့၊ တပ်မတော်အတွက် လိုအပ်တဲ့ လက်နက်ပစ္စည်းတွေကို သုတေသနလုပ်ဖို့ အတွက် research center
(သုတေသနဌာနကြီး)ကို ထောင်လိုက်တာပါ။ အဲဒီမှာ ဌာနတွေ ရှိပါတယ်။ ဌာနနံမည်တွေ ကြားလိုက်လို့ရှိရင်၊ ဒါ ပိုပြီးတော့နားလည် သွားပါလိမ့်မယ်။ ဥပမာ၊
ဌာနတစ်ခုဆိုရင် “မဟာဗျူဟာမြောက်လက်နက်ကြီးများ သုတေသနဌာန (ကြည်း-ရေ-လေ)” ဆိုပြီးတော့ ဖွဲ့ထားတာ ရှိတယ် ခင်ဗျ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဌာနနံမည်ကိုက အစ၊ မဟာဗျူဟာမြောက်လက်နက်ကြီး (ကြည်း-ရေ-လေ)ဌာနလို့ တပ်ထားတော့၊ ဒီ မဟာ
ဗျူဟာမြောက်လက်နက် မြန်မာစစ်တပ်က ပြောဆိုသတ်မှတ်တာဟာ၊ အခု အမေရိကန်နဲ့ ရုရှ ပြန်ပြီး ချုပ်ဖို့လုပ်နေတဲ့ START (Strategic Arms Reduction
Treaty - မဟာဗျူဟာမြောက်လက်နက်ကြီးများလျှော့ချရေးစာချုပ်) လိုဟာမျိုးလား။ ဒုံကျည်တွေနဲ့ ဒုံးကျည်ပစ်စင် အရေ အတွက်တွေနဲ့၊ တကယ့်ကို
တတိုင်းပြည်လုံး ပြာကျသွားနိုင်တဲ့ ဒီလိုမျိုး လက်နက်တွေအထိ၊ ဒီလိုမျိုး ထိပ်ဖူးတွေအထိ၊ ထုတ်ဖို့ အထိ ရည်ရွယ် ထားတဲ့ ဌာနပါလား ခင်ဗျ။
ဗိုလ်မှူးရဲ့အတွေ့အကြုံအရ ဘယ်လောက်ထိ သိရှိထားပါသလဲ။
ဗိုလ်မှူး စိုင်းသိန်းဝင်း။ ။ ဆိုလိုတာက ‘မဟာဗျူဟာမြောက်လက်နက်ကြီးများသုတေသနဌာန’ တပ်မတော်(ကြည်း) အတွက်၊ တပ်မ တော်(ရေ) အတွက်၊
တပ်မတော်(လေ) အတွက်၊ ဆိုပြီးတော့ အဲဒီလိုမျိုး ခွဲထားတဲ့ ဌာနပါ။ အဲဒီမှာ မဟာဗျူဟာမြောက်လက်နက်တွေထဲမှာ rocket ပါတယ်။ နျူကလီးယားပါတယ်။
နောက် ဌာနတစ်ခုဆိုရင် main frame computer တည်ဆောက်ဖို့ပေါ့။ အဲဒီလို research ဌာနတွေ ကိုပါ ထည့်ပြီးတော့ ဖွဲ့စည်းထားတာ တွေ့ရပါတယ်။
ကျနော့်ရဲ့အတွေ့အကြုံဆိုလို့ရှိရင်တော့၊ ကျနော်တို့ ရုရှကို သွားကတည်းကိုက ကျနော်တို့ သင်ရတဲ့ ဘာသာရပ်တွေက၊ rocket နဲ့ ဆိုင်တဲ့ ဘာသာရပ်တွေ
nuclear reactor တည်ဆောက်မှုနဲ့ ဆိုင်တဲ့ ဘာသာရပ်တွေချည့်ပဲ တက်ရပါ တယ်။ ကျောင်းတော့ ကွဲသွားတာပေါ့။ ဒါပေမယ့် တက်ရတဲ့ subject တွေက
အတူတူပဲ။ ဥပမာ ကျနော် Bauman (Bauman Moscow State Technical University) တက္ကသိုလ်မှာ ကျနော်က rocket engine design နဲ့ တက်တယ်။
ပြီးတော့ အဲဒီ Bauman တက္ကသိုလ်မှာ ပဲ၊ တချို့ကျောင်းသားတွေက ဒုံးပျံနည်းပညာကို တက်တယ်။ တချို့က nuclear reactor engineering ကိုတက်တယ်။
အဲဒီ တချိန်တည်းမှာ ပဲ Russia Chemical University (D. Mendeleyev University of Chemical Technology of Russia – MUCTR ဟုလည်းခေါ် သည်။
၁၈၆၉ မှာ Periodic Table ကို တီထွင်သူ ရုရှသိပံ္ပပညာရှင် Dmitri Mendeleyev ကို ဂုဏ်ပြုတည်ထောင်ထားသော တက္ကသိုလ)် ကျနော့်သူငယ်ချင်း
တချို့ကကျတော့ ဒုံးပျံလောင်စာနဲ့ ပတ်သက်တဲ့ subject တွေ သင်နေရတယ်။ ကျနော်တို့က mechanical engineer ဖြစ်တဲ့အတွက် rocket
ဘာသာရပ်တက်ရတယ်။ nuclear ဘာသာရပ် တက်ရတယ်။ Chemical Engineering နဲ့ ဘွဲ့ရထားတဲ့ သူငယ်ချင်း တွေကျတော့၊ ဒုံးပျံလောင်စာတို့ nuclear နဲ့
ပတ်သက်တာတွေ လေ့လာရပါတယ်။
ဦးရော်နီညိမ်း။ ။ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်သင်တန်းအပတ်စဉ် (၁) က ကျောင်းဆင်းခဲ့ပြီးတော့ ရုရှနိုင်ငံမှာ ဒုံးကျည်ဆိုင် ရာ
စက်မှုလက်မှုဘာသာရပ်နဲ့ မဟာသိပ္ပံဘွဲ့ရယူခဲ့သူ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့ ပြောကြားချက်တွေကို ရှေ့သီတင်းပတ် “တပ်မှူးတပ်သား ပြောစကား”
အပတ်စဉ်ကဏ္ဍမှာ ဆက်ပြီးတော့ တင်ဆက်ပေး သွားမှာ ဖြစ်ပါတယ် ခင်ဗျာ။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။

http://www.voanews.com/burmese/

ဂျူလီယန် အဆန်း ထောက်ခံ ဆန္ဒပြ ပွဲ များ ကမ္ဘာ တစ်ဝှမ်း တွင် ကျင်းပ
December 13, 2010 freedom news group Leave a comment Go to comments

8
0

မဲပေးပါ

စေတနာ့ ၀န်ထမ်း ဟက်ကာများ က ဆိုင်ဘာ တိုက်ခိုက်ပုံ အဆင့်ဆင့် ကို USA Today က ဤ သို့ သရုပ်ဖော်ထားသည်
ဗြိတိန် အကျဉ်းထောင် ထဲ မှာ ဖမ်းဆီးချုပ် နှောင် ခံထား ရတဲ့ ဂျူလီယံ အဆန်း
ထောက်ခံ ဆန္ဒပြ ပွဲများ ကို ကမ္ဘာ တစ်ဝှမ်းမှာ ယနေ့ စပြီး ကျင်းပနေပြီ ဖြစ်ပါတယ်။
စပိန် နိုင်ငံ မက်ဒရက်မြို့ မှာတော့သူ့ ကို ထောက် ခံသူထောင်ပေါင်းများ စွာက ဗြိတိသျှ
သံရုံး ကို ပိတ်ဆို့ ဆန္ဒပြကြပြီး ၊သူ့ ဇာတိသြစတေးလျှ နိုင်ငံမှာတော့ ပါလီမန် ရှေ့ မှာ
ကျောင်းသား နဲ့ ပြည်သူတွေ က ဆန္ဒပြနေကြပါတယ်။
ဆီးနှင်း တွေ ကျပြီး ချမ်းအေး နေတဲ့ အင်္ဂလန် နဲ့ 
တောင်အမေရိက နိုင်ငံတွေ မှာ လည်း ဂျူလီယန်
အဆန်း ပြန်လွှတ်ပေး ရေး ဆန္ဒပြ ပွဲတွေ ဆင်နွှဲ နေပါတယ်။
အခုလို ဈေးဝယ် များ တဲ့ ခရစ္စမတ် ကာလ မှ ၀ီကီလိခ် ထောက်ခံသူတွေ က အဆန်းကို ရုံး
ထုတ်မယ့် ၁၄ ရက်နေ့ မှာ အာမခံ မရရှိဘူး ဆို ရင် ဆိုင်ဘာ စစ်ပွဲ စမယ် ဆိုတာကြောင့်
အမေရိကန် အွန်လိုင်း ရောင်းဝယ်ရေး လုပ်ငန်း တွေ ဖြစ်တဲ့ အမာဇုန် နဲ့ ပေးပါလ် ငွေကြေး
ဝန်ဆောင်မှု လုပ်ငန်းတွေလည်း အကျပ်ရိက် နေကြပါတယ်။
ဂျူလီယန်း အဆန်း ၏ မိခင် နှင့် အေပီ တွေ့ ဆုံမှု

၀၁၀ ကို ပြန်ကြည့်သော်


December 13, 2010 freedom news group Leave a comment Go to comments

7
0

မဲပေးပါ

၂၀၁၀ သည် ရက်များ စွာမကြာမှီမှာပင် ကမ္ဘာမြေကြီး အား


နှုတ်ဆက် ထွက်ခွာ၍ သွားပေတော့မည်
ဖြစ်သည်။ ထောင်စု နှစ် တစ်ခု ၏ ပထမဦး ဆယ်စု နှစ် ဖြစ်သော ၂၀၁၀ ဆို သည့် ထို နှစ် ကာလသည် ကနဦး မိတ်ဆက် သဘောဖြင့် ဇန်န၀ါရီ လ ၁၂ ရက်နေ
့တွင် လူ့ အသက် ပေါင်း
နှစ်သိန်း ငါးသောင်း ကျော် ကို အစမ်း မိတ်ဆက် သဘော အနေဖြင့် နှုတ်ယူသွားခဲ့သည်။
၂၀၁၀ ခုနှစ် သည် ကမ္ဘာ တစ်ဝှမ်း ရှိ အစိုးရ များ တစ် နည်း မဟုတ် တစ်နည်း စိန်ခေါ်ခံရခြင်း(သို့ မဟုတ)် စိန်ခေါ်မှုများ နှင့် ရင်ဆိုင်ရသော နှစ် ကာလ တစ်ခု
လည်း ဖြစ်သည်။ ကီရ်ဂျက်စတန်မှာ သည် ဘန်ကောက် ထိ
ပါရီ မှသည် ၀ါရှင်တန် ထိ အစိုးရများ သည် ပွင့်လင်း မြင် သာမှု နှင့် ပြောင်းလဲမှု များ အတွက် အစမ်းသပ် ခံဖြစ်ခဲ့ရသည်။
၂၀၁၀ တွင် ၀ီကီလိခ် ဆိုသည့် အကျိုးအမြတ် မယူသည့် အင်တာနက် လှုပ်ရှားမှု တစ်ခု က အမေရိကန် အစိုးရ၏ နိုင်ငံတကာသံရုံး များ ၏ သံတမန်များ ပေး စာ
သိန်းပေါင်းများ စွာ ကို ဖွင့်ချ ဖော်ထုတ်သည့် လှုပ်ရှားမှု သည် မော်စကို မှ သည် တီဟီရန် ၊ နေပြည်တော် မှ သည် ၀ါရှင်တန် ထိ တုန် လှုပ် သွားခဲ့ရသည်။
၂၀၁၀ သည် လူထု အုံကြွှမှု များ ဖြင့် လည်း ပြည့် နှက်နေပေသည်။ မြောက်ကိုရီးယား နှင့်
တောင် ကိုရီးယား ပဋိပက္ခ ပိုမိုပြင်းထန် လာပြီး စစ်ရေး အသွင် ဆောင် လာသည်။ မြန်မာ နိုင်
ငံတွင် ကျင်းပသည့် ရွေးကောက်ပွဲ ဉ် အစိုးရက ဦးဆောင်ပြီး မဲလိမ်၊မဲခိုးမှု ပြုလုပ်ခဲ့သည်။ နှစ်
သစ်ကူး အတာသင်္ကြန် ကာလအတွင်း ဗုံးပေါက် ကွဲမှု ကြောင့် လူလေးဆယ် ကျော် သေဆုံး
ခဲ့သည်။ ရခိုင်ပြည်နယ် တွင် မုန်တိုင်း ၀င်ရာ လူ အသေအပျောက် များ ခဲ့သော် လည်း အစိုးရက
၂၀၀၈ ခုနှစ် နာဂစ် လေမုန်တိုင်း လို ပင် ထိရောက် စွာ အကူအညီ မပေးခဲ့။
မြန်မာ စစ်ခေါင်းဆောင် သည် အာဏာရရှိပြီး ချိန် မှ စ၍ ပထမ ဦးဆုံး အကြိမ် အဖြစ် ဒေသတွင်း
နိုင်ငံ များ သို့ လွန်းပျံ ခရီး ထွက် ခဲ့သည်။ အရုဏ်ဦးတွင် ဖူးသည့် ကြာ အမည်ဖြင့် ၀ါဒဖြန့် ရုပ်ရှင်ဇာတ်ကား စစ်အစိုးရ မှ ဖြန့် ချိခဲ့သည်။ ပဲခူးတွင် မူ လူငယ် နှစ်ဦး
ကို စစ်တပ် က မြို့ 
လည် တွင် သေနတ် ဖြင့် အချက်ပေါင်းများ စွာ ပစ်သတ်ခဲ့သည့် တုန်လှုပ်ဖွယ်ရာ ဖြစ်ရပ် လည်း
ပေါ်ပေါက်ခဲ့သည်။ လှိုင်သာယာ ၊ ရွှေပြည်သာ စသည့် နေရာများ တွင် အလုပ်သမား များက
ဆန္ဒပြ သပိတ်တိုက် ပွဲ များ ပေါ်ပေါက်ခဲ့သည့် နည်းတူ ရဲမွန် စစ်တပ်မှ တပ်သားများ ၏ တစ်
လကျော်ကြ ဆန္ဒပြမှု က စစ်တပ်တွင်း သဘောထား ကွဲလွဲမှု ဖြစ်ပေါ်စေခဲ့သည်။
နှစ်ကုန် ခါနီး ဉ် နေအိမ် အကျယ်ချုပ် ဖြင့် ခုနှစ် နှစ် ကျော်နေ ခဲ့ရသည့် မြန်မာ့ ဒီမို ကရေစီ ခေါင်း
ဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက် လာခဲ့သည်။
ဇန်န၀ါရီ ၂၀၁၀ မြန်မာ နှင့် ကမ္ဘာ့  သတင်း များ အကျဉ်းချုပ်
ဇန်န၀ါရီ ၃ ကျပ် ရှစ်သောင်းအောက်ရရှိသည့်အစိုးရ၀န်ထမ်းများကို လစာ နှစ်ဆတိုးပေးမည်
ဖြစ်ကြောင်းကြေငြာ
ဇန်န၀ါရီ ၄ မြန်မာ့ လွတ်လပ် ရေး နေ့ တွင် ရန်ကုန် မြို့ ဉ် လုံခြုံရေး တင်း ကျပ်
ဇန်န၀ါရီ ၅ အမြင်(့ ၂၇၁၇)ပေရှိသည့် ဒူဘိုင်းမြို့တော်ရှိ ဘားဂ်ျဒူဘိုင်း (Burj Dubai) အမည်ရှိ ကမ္ဘာ့အမြင့်ဆုံးမျှော်စင်ဖွင့်လှစ်
ဇန်န၀ါရီ ၆ အမေရိကန် အစိုးရ က မြန်မာ့ ရွေးကောက်ပွဲ အပေါ်သံသယ ရှိသည်ဟု ကြေငြာ
ဇန်န၀ါရီ ၇ ဗိုလ်မှုး ၀င်းနိုင်ကျော် နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဥရောပရေးရာဌာနမှ ကိုသူရကျော် တို့ အား အခြားအရေးကြီးအချက်အလက်များပေါက်ကြားမှု
ဖြင့် မြောက်ပိုင်းခရိုင်တရားရုံးက သေဒဏ် အမိန့် ချမှတ်
ဇန်န၀ါရီ ၉ ဂူဂဲလ် က Nexus One Android Open Source Operating System တယ်လီဖုန်းကို စတင်မိတ်ဆက်
ဇန်န၀ါရီ ၁၂ ဟေတီ ငလျှင် လူ တစ်သိန်း ကျော် သေဆုံး
ဇန်န၀ါရီ ၁၃ ဟေတီ ငလျှင် အတွက် အမေရိကန် က ကနဦး ဒေါ်လာ သန်း ၁၀၀ လှုဒါန်း
ကာ ကယ်ဆယ် ကူညီရေး လုပ်ငန်း များ အတွက် ရေတပ် သင်္ဘော များ စတင်စေလွှတ်
ဇန်န၀ါရီ ၁၅ ပထမဦးဆုံးအမျိုးသမီးလေယာဉ်မှုးနှစ်ဦး Air Bagan တွင်တာဝန်ထမ်းဆောင်
ဇန်န၀ါရီ ၁၇ ရွှေပြည်အေး နှင့် မြို့မငြိမ်း နှစ် တစ်ရာ ပြည့် ကို အမျိုးသားကဇာတ်ရုံတွင် ကျင်းပ
ဇန်န၀ါရီ ၂၀ နယူးယောက်တိုင်း(မ်)သတင်းစာ က ၂၀၁၁ မှစ၍ သူ၏ အွန်းလိုင်းသတင်းများရယူလိုလျှင် ငွေကြေးပေးချေရမည် ဖြစ်ကြောင်း ကြေညာ
ဇန်န၀ါရီ ၁၉ ပြင်သစ် လူကြိုက်များ သတင်းစာ လမွန် (့ Le Monde) က အမျိုးသမီး ဂျာနယ်လစ် တစ်ဦးဖြစ်သူ ဆယ်လ်ဗီကော်ဖ်မန်းအား ပထမ ဆုံးအကြိမ် အဖြစ်
အယ်ဒီတာချုပ်ရာထူးခန့် အပ်
ဇန်န၀ါရီ ၂၂ တရုတ်နိုင်ငံလုပ် F7 တိုက်လေယာဉ် ရန်ကုန်အပြည်ြပည် ဆိုင်ရာလေဆိပ်တွင်ပျက်ကျ
ဇန်န၀ါရီ ၂၄ ဟေတီ ရံပုံငွေပွဲ တယ်လီသွန် တွင် နိုင်ငံတကာမှ အဆိုတော် ၊ သရုပ်ဆောင် နှစ်ရာကျော်ပါဝင်ခဲ့
ဇန်န၀ါရီ ၂၅ ဒေါ်အောင်ဆန်းစုကြည် အား နိုဝင်ဘာလတွင် ပြန် လွှတ်ပေးမည့် အကြောင်း ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး က ကျောက်ပန်းတောင်း တွင်
ပြော
ဇန်န၀ါရီ ၂၅ ဆက်ဒမ် ဟူစိန် လက်ထက် ကာဒ့် ပြည်သူများ ကို အဆိပ်ဓာတ်ငွေ့ ဖြင့် ရက်စက်
စွာ သတ် ခဲ့သည့် ဓာတု အလီ ကို ကြိုးပေးသတ်ဖြတ်
ဇန်န၀ါရီ ၂၆ တိုက်တန်း နစ် ရုပ်ရှင် ဇာတ် ကား ၏ စံချိန် ကို အေဗာတာ က စံချိန် ချိုး
ဇန်န၀ါရီ ၂၇ အက်ပလ်က မိုဘိုင်းဖုန်းဆက်သွယ်၍ရသည့် အိုင်ပက် အိတ်ဆောင်ကွန်ပျူတာကို ဈေးကွက်တွင် ဖြန့်
ဇန်န၀ါရီ ၂၈ အိုဘားမား၏ ပထမဆုံးအကြိမ် နိုင်ငံတော် အခြေပြ မိန့် ခွန်းပြော
ဇန်န၀ါရီ ၂၉ ဂျိမ်းကင်မရွန်နဲ့ ဇနီးဟောင်းဖြစ်သူ ကတ်သရင်းဘီဂျယ်လို အော်စကာဆုအတွက်လျှာထားခံရ
ဇန်န၀ါရီ ၃၀ ကမ္ဘာ့ ဒုတိယ အကြီးဆုံး ဧရာမ ကျောက်စိမ်း တုံးကြီး ကို ဦးဇော်ဇော် ပိုင်
ဆိုင် သည် ဟု သတင်းရရှိ
၂၀၁၀ ခုနှစ် ဇန်န၀ါရီ လ အတွင်း Freedom News Group တွင် ဖော်ပြခဲ့သည့် သတင်းများ
ဖြစ်ပြီး ကျန်ရှိနေ သည့် လများမှ အနှစ်ချုပ် ကို နေ့ စဉ် ဖော်ပြသွား မည် ဖြစ်ပါသည်။

သတင်းစာမျက်နှာ ဖွဲ့ စည်းမှု က ဗိုလ်ချုပ်မှုးကြီးကို လှောင်ရယ် သရော်သလို ဖြစ်နေ


December 12, 2010 freedom news group Leave a comment Go to comments

23
1

မဲပေးပါ
စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် ၅၃ သင်တန်းဆင်းပွဲ ကို တက်ရောက်ခဲ့တဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေကို မြန်မာ့အလင်း သတင်းစာ ရဲ့ စာမျက် နှာ
ဖွဲ့ စည်းမှု ကြောင့် က ၀ိုင်းဝန်းဖယ်ရှား နားမယောင်လေနဲ့ သတိထား ဆို တဲ့စာနဲ့ အခု လို တွေ့ ရမှာပါ

ကြေးမုံ သတင်းစာကလည်းတော်တော် ဆိုးပါတယ် အားလုံးထိုင်နေကြတော့မှ ကျန်းမာသက်ရှည်ရေး နေ့ စဉ်လမ်းလျှောက်ပေး ဆိုတာ ပါရှိပြီး ပြည်သူ့ အား ကို
ပုဆိန်ရိုး အဆိုးမြင် ၀ါဒီများ ကို ဆန့် ကျင်ကြဆိုတဲ့ ပြည်သူ့ သဘောထား ကို လည်း ကပ်လျှက် ဖော်ပြထားပါတယ်။ဒါကတော့ သတင်းစာထဲ မှာ ပဲ တွေ့ ရမှာပါ

နောက်တစ်ခု ကတော့ ဒီလို တွေ့ ရမှာပါ ၊ခလောက်ဆန်အကြံသမား လေလှိုင်းသံ လူသတ်သမား နားမယောင်လေ နဲ့ ဆိုပြီး တွေ့ ရမှာပါ။ သူ့ ဇနီးအပါအ၀င် သူ
့မိသားစုတွေဟာ ထိုင်းဘုရင် ရဲ့ တော်ဝင်မိသားစု တွေ စတိုင် ဖမ်းထားတယ် လို့  ရန်ကုန် စာနယ်ဇင်း အသိုင်းအ၀ိုင်း က သုံးသပ်ကြပါတယ်။

မြန်မာ့ ဒီမိုကရေစီ အရေး တရုတ် အမေရိကန် လက်တွဲမှာလား


December 12, 2010 freedom news group Leave a comment Go to comments

10
0

မဲပေးပါ
ဝင့်ထန်း၊ ၊၀ီကီလိခ်စ် ဖွင့်ချလိုက်တဲ့
လျှို့ဝှက် သံတမန် အစီရင်ခံချက်တွေအရဆိုရင် အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံ
ဒီမိုကရေစီ အပြောင်းအလဲဖြစ်ဖို့အတွက် နည်းလမ်းအမျိုးမျိုးရှာဖွေတဲ့အခါမှာ နောက်ဆုံး
မမျှော်လင့်ဘဲ တရုတ်ကို မဟာမိတ်အဖြစ်သွား
တွေ့တယ်လို့ ဆိုထားပါတယ်။
ဝီကီလိခ်စ်ကတဆင့် တွေ့ရတဲ့ အမေရိကန်
နိုင်ငံခြားရေးဌာန သဘောထားမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အမေရိကန် တရုတ်
အကြားမှာ ရန်ဖက် ပြိုက်ဖက် ဆက်ဆံရေးမျိုး သိပ်မရှိဘူးလို့ ဆိုထားပါတယ်။ တရုတ် ခေါင်းဆောင်ပိုင်းကလည်း အမေရိကန်အစိုးရနဲ့ အမြင်ခြားနားချက်
မရှိတာကို ၀န်ခံထားချက်တွေ ပါရှိပါတယ်။
ဒါပေမဲ့ နိုင်ငံကြီးနှစ်နိုင်ငံစလုံးက မြန်မာစစ်အစိုးရရဲ့ စီးပွားရေး ကိုင်တွယ်မှု ညံဖျင်းတာကို စိတ်ပျက်နေတာမှာ သွားတူပါတယ်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ
နှေးကွေးလွန်းမှုအပေါ် စိတ်မရှည်တာမှာ သွားတူနေကြတယ်လို့ တရုတ်ခေါင်းဆောင်ပိုင်း ဖွင့်ဟပြောဆိုထားတွေ တွေ့ရှိရပါတယ်။
ရန်ကုန်ရှိ အမေရိကန်သံအမတ် မစ္စရှရီဗီလာရိုဆာ ရဲ့ ၂၀၀၈ ခုနှစ် ဇန်န၀ါရီလမှာ ၀ါရှင်တန်ကို ပေးပို့တဲ့ လျှို့ဝှက် ကေဘယ်မှာလည်း
“တရုတ်ခေါင်းဆောင်ပိုင်းက သန်းရွှေအစိုးရရဲ့ ဒရွတ်ဆွဲလေးလံနေမှုကို အတော့်ကို ငြီးငွေ့စိတ်ကုန်နေပြီဆိုတာ ထင်ရှားနေတယ်” လို့ ပြောထားပါတယ်။
ရန်ကုန်က တရုတ်သံအမတ် ဂွန်မူးရဲ့ ဧည့်ခံကျွေးမွေးတဲ့ နေ့လည်စာ စားပြီးနောက်၊ ၀ါရှင်တန်ကို မစ္စဗီလာရိုဆာ လှမ်းပြောတာမှာ “တရုတ်တွေက
သန်းရွှေအစိုးရကို စေ့စပ်ဆွေးနွေးရေး စားပွဲရောက်အောင် လုပ်ဖို့ ကျမတို့နဲ့ တသဘောထဲ ရှိနေကြပါတယ်” ဆိုတဲ့အချက် ပါရှိပါတယ်။
တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ယောက်ကလည်း “တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံစလုံးက မြန်မာနိုင်ငံ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးနဲ့ ဒီမိုကရေစီတို့
ဖြစ်ထွန်းစေချင်တယ်” လို့ ပြောဆိုတဲ့အကြောင်း ၂၀၀၈ ဇန်န၀ါရီမှာ နောက်ထပ်ပေးပို့တဲ့ သံရုံးအစီရင်ခံချက်မှာ ပါရှိပါတယ်။ တဆက်ထဲ မစ္စဗီလာရိုဆာရဲ့
ကောက်ချက်မှာ “မြန်မာနိုင်ငံ အခြေအနေကို ဖြေရှင်းဖို့အတွက် ကုလသမဂ္ဂမှာ တရုတ်နဲ့ အမေရိကန် ညီညွတ်မှု ပြသသင့်ပါတယ်” လို့ တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုကျော်မှာ စစ်အစိုးရက ဒီမိုကရေစီ လှုပ်ရှားသူ အတိုက်အခံများကို ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက်မှု၊ ဒေါ်အောင်ဆန်းစုကြည်ကို
နေအိမ်အကျယ်ချုပ်ထားရှိမှု၊ NLD ပါတီရဲ့ ၁၉၉၀ ရလဒ်ကို အသိအမှတ်မပြုမှုတို့ကြောင့် မြန်မာနိုင်ငံရေး အမှောင်တွင်းနက်နေပါတယ်။ အနောက်နိုင်ငံများက
ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံများနောက်မှာ ရပ်တည်ပေးခဲ့ပေမယ့်၊ တရုတ်နဲ့ အိမ်နီးချင်းနိုင်ငံများက သဘာဝဓါတ်ငွေ့များ၊ ကျွန်းသစ်နဲ့
ကျောက်မျက်ရတနာများ ၀ယ်ယူဖို့ စစ်အစိုးရရှေ့မှာ တန်းစီရပ်နေခဲ့ပါတယ်။
အခု ရန်ကုန်ရှိ အမေရိကန်သံရုံးက လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က ပေးပို့ထားတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လျှို့ဝှက် အစီရင်ခံစာ ၄၀၀ နီးပါး
ဖွင့်ချပြီးချိန်မှာတော့ နိုင်ငံရေး ရုပ်ပုံကားကို ပိုပီပီပြင်ပြင် မြင်လာရပါတယ်။ မြန်မာစစ်အစိုးရ တိမ်းညွတ်မှုရှိတဲ့ အာဏာရှင်သရုပ်သဏ္ဍန် လမ်းကြောင်းတွေတင်မက၊
အတိုက်အခံ ဒီမိုကရေစီ လှုပ်ရှားသူများဖက်မှာပါ ဦးဆောင်မှုပိုင်း ‘ရိုးတွင်းချဉ်ဆီခန်းနေတဲ့ ပြဿနာများ’ ကိုလည်း ဖော်ပြချက်တွေ ပါလာပါတယ်။ အချို့
အမေရိကန် သံတမန်တွေကလည်း အာရှနိုင်ငံအများစု ထောက်ပြတဲ့ အမေရိကန် စီးပွားရေးပိတ်ဆို့တာ မအောင်မြင်ဘူးဆိုတာမျိုး လိုက်ပြောဆိုချက်တွေလည်း
ပါရှိနေပါတယ်။
၂၀၀၈ ခုနှစ် သံရုံးပေးပို့ချက်မှာဆိုရင် ‘NLD ပါတီဟာ မြန်မာနိုင်ငံ ဒီမိုကရေစီအတွက် ကြီးများတဲ့ မျှော်လင့်ချက်မဟုတ်သလို၊ ပါတီ စီမံခန့်ခွဲမှုကလည်း
အလွန်ညံ့ဖျင်းနေတယ်။ သက်ကြားအို ‘အန်ကယ်ကြီးများ’ ကသာ ပါတီကို အထက်အောက်ပုံစံနဲ့ ချယ်လှယ်နေတယ်။ အိုင်ဒီယာသစ်များ ထွက်မလာဘဲ၊
တက်ကြွလွန်းသော လူငယ်အဖွဲ့ဝင်များကို ပါတီမှ ဖယ်ရှားပစ်နေတယ် ’ လို့ ပါရှိပါတယ်။
ရန်ကုန်ရှိ အမေရိကန်သံရုံး နိုင်ငံရေး စီးပွားရေးဌာန တာဝန်ခံ မစ္စလတ်စလီဟေဒန် ရဲ့ ၂၀၀၈ ခုနှစ် အစီရင်ခံစာမှာလည်း စီးပွားရေးပိတ်ဆို့မှု
အလုပ်မဖြစ်တဲ့အကြောင်းကို “ကျမတို့ရဲ့ စီးပွားရေးပိတ်ဆို့မှုက ကျင့်ဝတ်ဆိုင်ရာအရ လုပ်သင့်လုပ်ထိုက်တာဖြစ်ပေမယ့်၊ ထိရောက်မှု လုံးမရှိသေးဘူး။
မြန်မာစစ်အစိုးရရဲ့ ပုံမှန်ဖောက်သည်နိုင်ငံတွေက ပူးပေါင်းပါဝင်ဖို့ အမြဲငြင်းဆိုပါတယ်” ဟု ပွင့်ပွင့်လင်းလင်း ရေးထားပါတယ်။
သံရုံးပေးပို့ချက်များအရ ၀ါရှင်တန်အစိုးရအနေဖြင့် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ အုပ်စုများနှင့် အတိုက်အခံများကို ဆက်လက်ထောက်ခံသွားဖို့
ဆုံးဖြတ်ထားကြောင်းကို ပြသပါတယ်။ ရန်ကုန်ရှိ အမေရိကန်သံအမတ် မစ္စ ဗီလာရိုဆာကလည်း အတိုက်အခံ ဒီမိုကရေစီလှုပ်ရှားသူများနဲ့ အမြဲဆက်သွယ်ပြီး
ဒီမိုကရေစီဖြစ်ထွန်းမှုအတွက် စစ်အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းရေး လမ်းကြောင်းဖွင့်နိုင်ဖို့ တိုက်တွန်းကြောင်း အစီရင်ခံထားပါတယ်။
ဒါပေမဲ့ ထိုင်းနိုင်ငံရှိ အမေရိကန်သံရုံးရဲ့ ၂၀၀၈ခုနှစ် မေလ အသေးစိတ် အစီရင်ခံချက် တစ်ခုမှာတော့ ပြည်ပရောက် မြန်မာအတိုက်အခံများကို မြန်မာနိုင်ငံ
လက်တွေ့အခြေအနေနဲ့ကင်းကွာပြီး ‘အများယုံကြည်မှု ပျောက်ဆုံးနေသူများ’ လို့ ပြင်းပြင်းထန်ထန် ဝေဖန်ထားချက် ပါပါတယ်။ ထိုင်းနိုင်ငံရှိ အမေရိကန်သံအမတ်
အဲရစ်ဂျွန် က “ လက်ရှိအနေအထားမှာတော့ ပြည်ပရောက် အုပ်စုများဟာ မြန်မာနိုင်ငံ အပြောင်းအလဲကို ကိုယ်စားပြုနိုင်မလားဆိုတာ သံသယဖြစ်စရာပဲ” လို့
ရေးထားပါတယ်။
မြန်မာအစိုးရနဲ့ပတ်သက်ပြီး သံရုံးတာဝန်ခံတွေရဲ့ ခန့်မှန်းချက် အမြင်တွေကလည်း အမျိုးမျိုးရှိပါတယ်။ ရန်ကုန်ရှိ ယခင်သံရုံးတာဝန်ခံ မစ္စဗီလာရိုဆာက
“သန်းရွှေဟာ အာဏာရူးနေသူပဲ။ အာဏာဆုံးရှုံးသွားမှာကို အရမ်းကြောက်နေပြီး၊ ဘယ်အတိုက်အခံကိုမဆို ချေမှုန်းဖို့ ဆုံးဖြတ်ပြီးသား ဖြစ်နေပါတယ်” လို့
ဖော်ပြပါတယ်။
သူမရာထူးနေရာဆက်ခံတဲ့ လာရီဒင်းဂါး ကတော့ စစ်အစိုးရရဲ့ သတင်းအချက်အလက် ပိုပေးပို့ခဲ့ပါတယ်။ “ စစ်တပ်ထဲမှာ ပြည်တွင်း တိုက်ပွဲအတွေ့အကြုံ ရှိတဲ့
စစ်သားတွေ အများကြီး ရှိပါတယ်။ သူတို့က စစ်တပ်ကသာ တိုင်းပြည်တည်ငြိမ်ရေးနဲ့ စည်းလုံးညီညွတ်ရေးကို စောင့်ရှောက်နိုင်မယ်လို့ အစွဲကြီးကြီး
ယူဆထားသူတွေပါ။ ပြည်ပကို ကြောက်ပြီး အရိုအသေပေးတာ ခံချင်သူတွေပါ” လို့ သတင်းပို့ပါတယ်။
လျှို့ဝှက်ဖိုင် အစီရင်ခံချက်တွေကိုကြည့်ရင် အမေရိကန်နဲ့ တရုတ်ဟာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ပြဿနာအားလုံးမှာ သဘောတူညီကြတာတော့မဟုတ်ပါဘူး။
တရုတ်က စီးပွားရေး ပိတ်ဆို့မှုကို အမြဲတမ်း ပြစ်တင်ပါတယ်။ တချိန်ထဲမှာ တရုတ်စီးပွားရေးက မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၁၀နှစ်အတွင်း အရမ်းကို
များပြားလာပါတယ်။
လျှို့ဝှက် သံရုံးအစီရင်ခံချက်တွေမှာပါတဲ့ အချက်အလက် အချို့ကတော့
¶ကုလသမဂ္ဂ အထူးသံတမန် အီဘရာဟင် ဂမ်ဘာရီကို စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များနဲ့ ပေါက်အောင် မထိတွေ့နိုင်တဲ့အတွက် ၂၀၀၈ အောက်တိုဘာလမှာ
ကွန်ဒိုလီဇာရိုက်က ဖယ်ရှားဖို့ လုပ်ဆောင်ခဲ့ခြင်း။
¶ စစ်အစိုးရဟာ အိုဘားမားအစိုးရနဲ့ ပြည်လည်ဆက်ဆံဖို့ ကြိုးစားဟန်ရှိပါတယ်။ ၂၀၀၉ ဖေဖော်ဝါရီလ ရန်ကုန်သံရုံးက မစ္စတာ ဒင်းဂါး က “မကြာခင်က
ပြန်လည်ဆက်ဆံဖို့ မီးစီမ်းတွေ ပြနေပေမယ့်၊ တကယ့်လက်တွေ့မှာ ဆုပ်ဆုပ်ကိုင်ကိုင်ဖြစ်ဖို့ထက် ဟန်ရိပ်တွေပဲ ပြနေပါတယ်” လို့ ရေးထားပါတယ်။
¶ ၂၀၀၈ ဩဂုတ်လမှာ ဂမ်ဘာရီက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ခြံဝသွားခဲ့ခြင်းမှာ လုံးဝ မအောင်မြင်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို
ငြင်းဆိုခဲ့ပါတယ်။
¶ ယ်။ ၂၀၀၉ နိုဝင်ဘာမှာ ပေးပို့တဲ့ ဖိုင်မှာ မစ္စတာ ဒင်းဂါးက မြောက်ကိုရီယားနဲ့ နျူကလီယား အစီအစဉ် ဖော်ဆောင်မှုဟာ အမေရိကန်အစိုးရအနေနဲ့ လုံးဝကို
ပွင့်ပွင့်လင်းလင်း ဖြေရှင်းရမယ့် ပြဿနာအထိ ဖြစ်နေပါပြီ လို့ပါရှိပါတယ်။
ရည်ညွှန်း the New York Times & WikiLeaks Cables

http://freedomnewsgroup.com/

ရာဘသယ်လာသည့် ပြည်သူ့စစ်အား လက်နက်နှင့်အတူ ဖမ်းမိ


သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
ဒီဇင်ဘာလ ၁၃ ရက်၊ ၂၀၁၀ ခုနှစ်။
ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့သို့ ရာဘခေါ် စိတ်ကြွဆေးပြားသယ်ဆောင်လာသည့် ပြည်သူ့စစ်တဦး အပါ အ၀င် လူသုံးဦးအား လက်နက်နှင့်အတူ
ဖမ်းဆီးမိခဲ့သည်။
ရှမ်းပြည်တောင်ပိုင်း မိုင်းတုန၊် မိုင်းဆတ်ဖက်မှဆင်းလာသည့်ကားအား တာချီလိတ်မြို့အ၀င် လွယ်တော်ခမ်း ဌာန ပေါင်းစုံဂိတ်အနီး ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု
လွယ်တော်ခမ်းကျေးရွာသား တဦးက ယခုလိုပြောသည်။
“တာချီလိတ်ဝင်ခါနီး လွယ်တော်ခမ်းဂိတ်မရောက်ခင်တစ်မိုင်အလိုလောက်မှာမိတာ။ကားကလမ်းဘေး မှာရပ်ထားတော့ အဖွဲ့စုံဂိတ်က
မသင်္ကာလို့သွားစစ်တာမှာမိတာ။ သေနတ်လည်းမိတယ်လေ။ သေနတ် တွေကလည်း တရားမ၀င်သေနတ်တွေဖြစ်နေတယ်။”
အသက်(၃၅)နှစ်ခန့် လားဟူအမျိုးသား ပါဆီး၊ အသက်(၂၅)နှစ်ခန့် အားဆာနှင့် ထိုင်းနိုင်ငံသား လက်မှတ် ကိုင် ဆောင်ထားသည့် အသက်(၄၀)ခန့်
အိုက်ခမ်းတို့အား ရာဘဆေးပြား ငါးထောင်ခန့် နှင့် လက်နက်ခဲယမ်းများကို ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။
“မနေ့ကညနေ (၃) နာရီလောက်လေ။ ဖိုးဝီးကားနဲ့ သယ်လာတာ။ အဲဒီမှာ လားဟူပြည်သူ့စစ် တယောက်ပါတယ်။ သူ့နာမည်က ပါဆီးတဲ့။ သူ့ဆီမှာက
ကာဘိုင်တစ်လက်ပါတယ်။ ကိုးမမ ပစ္စတိုတစ် လက်ပါတယ်။”
နောက်ဆက်တွဲအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ၎င်းတို့အား တာချီလိတ်ရဲစခန်းတွင် ထိန်းသိမ်းထား သည်ဟု သိရသည်။
ရှမ်းပြည်နယ်၌ မူးယစ်ဆေးဝါးထုတ်လုပ်မှုကို ယခင်ကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ် သည့် UWSA ၀တပ်ဖွဲ့နှင့် ခွန်ဆာအဖွဲ့တို့ကလုပ်ကိုင်ခဲ့ပေမယ့်
လက်ရှိတွင် စစ်အစိုးရ ကျောထောက်နောက်ခံပေးထားသည့် ဌာနေပြည်သူ့စစ်များက လုပ်ဆောင်လာခဲ့သည်ဟု ရှမ်းပြည် မူးယစ်ဆေး စောင့်ကြည့်ရေးအဖွဲ့၏
စက်တင်ဘာ လထုတ် အစီရင်ခံစာတွင် ဖော်ပြသည်။
လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံ၌ ဘိန်းစိုက်ဧက ၇၈,၀၀၀ ကျော်ရှိပြီး ဘိန်းဖြူထုတ်လုပ်မှု ကျဆင်းလာ ပေမယ့် စိတ်ကြွဆေးထုတ်လုပ်မှု ပိုတိုးလာသည်ဟု
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှုဆိုင်ရာရုံး၏ စာ ရင်းများကဆိုသည်။
လွန်ခဲ့သည့်နှစ်က ရှမ်းပြည်နယ်တွင် ဘိန်းဖြူကီလို ၁၅၀၀ ကျော်နှင့် စိတ်ကြွဆေးပြား ၂၃ သန်း ကျော် ဖမ်းဆီး ရမိခဲ့သည်ဟု မြန်မာနိုင်ငံ
မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

စစ်အစိုးရ တပ်ခေါ်ကျိုးခြေကုပ်စခန်းကို ဒီကေဘီအေက သိမ်းပိုက်


နော်အဲဏီ၊ ကောင်းဝါ
နတ်တော်လဆန်း ၅ရက်။ဒီဇင်ဘာ ၁၁၊၂၀၁၀။
နော်အဲဏီ်(ဒီဇင်ဘာ-၁၁)။ ။ စစ်အစိုးရတပ်များ ခြေကုပ်ယူထားရာ မြ၀တီခရိုင်၊ ဖလူးလေးတောင်ဘက် တပ်ခေါ်ကျိုးတောင်တန်းကို ဒီဇင်ဘာလ(၉)ရက်
မနက်(၁၀)နာရီအချိန်မှာ ဒီကေဘီအေတပ်မှ ၀င်ရောက် သိမ်းပိုက်ခဲ့သည်ဟု ဒီကေဘီအေ ဗျူဟာ(၁)စစ်ဆင်ရေးမှူး ဂျီထူး ဗိုလ်မှူးစောဆန်းအောင်မှပြောပါသည်။
“နအဖ တပ်ရင်း(၅၄၇) ၊ (၂၃၀) ဆုတ်ကုန်ပြီးနော်၊ တိုက်ပွဲ ကြီးကြီး (၂) ရက် ဆက်တိုက် ဖြစ်တယ်နော်။
(၂)ရက်ဆက်တိုက် အကြိတ်အနယ် ဖြစ်ကြတယ်နော်။ ဒီနေ့ကျနော်တို့ (၁၀) နာရီလောက်မှာ ၀င်ရှင်းတယ်၊
ကျနော်တို့ တက်ရှင်းတာ အလောင်းတစ်ခုရတယ်။ မြေပုံရတယ်၊ မှတ်တမ်းမှတ်ရာရတယ်၊ နောက်သူတို့
ဆက်သွယ်ရေးစက်ပြောတဲ့ လက်လှည့် လျှပ်စစ်ဓါတ်အားပေးစက်ရတယ်။ သူတို့ကျန်နေတဲ့
ရိက္ခာတွေကိုတော့ ကျနော်တို့ မီးရှို့လိုက်ပြီး။”

ဒီဇင်ဘာလ(၆)ရက်နေ့ ညနေကတည်းကစပြီး ဒီကေဘီအေဘက်မှစတင်ထိုးစစ်ဆင်ခဲ့သည်ဟုဆိုသည်။

ယခုဆုတ်ခွာသွားသည့် စစ်အစိုးရတပ်ရင်းစစ်ကြောင်းများသည် မြ၀တီမြို့တောင်ဘက် ဖလူးကြီးရွာကို


ရောက် ရှိနေသည့် တပ်မ(၄၄)လက်အောက်ခံ စစ်ကြောင်းများနှင့်ပေါင်းပြီး ဒီကေဘီအေတပ်များကို ပြန်လာ
တိုက်ဖို့ရှိကြောင်း ဒီကေဘီအေဘက်မှဆိုပါသည်။

ဒီဇင်ဘာ(၈)ရက်နေ့တွင်လည်း မြ၀တီခရိုင်၊ ဝေါ်လေကျေးရွာ အနားတွင်ရှိသော စစ်အစိုးရတပ်ခြေကုပ်


ယူထားရာ ဗျူဟာကုန်း၊ သံမဏိကုန်း နှင့် ကွန်မန်ဒိုကုန်းကို ဒီကေဘီအေတပ်ရင်း (၉၀၉) ဒုတပ်ရင်းမှူး
ဗိုလ်မှူးစောချမုစေး ဦးဆောင်သောအဖွဲ့က ည ၈ နာရီ မိနစ် ၂၀ ကနေ ၉ နာရီအထိ မိနစ် (၄၀) ကြာ (၃)
နေရာစလုံး တပြိုင်တည်း ၀င်ရောက်တိုက်ခိုက်ခဲ့သည်ဟု အဆိုပါတိုက်ပွဲကို ဦးဆောင်ခဲ့သူ ဗိုလ်မှူးချမုစေးက
(၅၅၅)
ပြောပါသည်။

“တပ်ခွဲမှူး စောသန်းထွန်း အဖွဲ့က သံမဏိကုန်းက နအဖ စကခ (၈) လက်အောက်ခံ တပ်ရင်း (၄၀၄)ကိုသွားဝင်ပစ်တယ်၊ တပ်ခွဲမှူး တာအိုမူး ဦးဆောင်တဲ့အဖွဲ့က
ကွန်မန်ဒိုကုန်း နအဖတပ်ရင်း (၄၀၄) ၊ ဒုတပ်ခွဲမှူး ဖားဒိ အဖွဲ့က ဗျူဟာကုန်းက နအဖတပ်ရင်း (၄၀၁) ကို တချိန်တည်းမှာ သူတို့သွားပစ်တယ်”
သို့သော် ၄င်းဝေါ်လေစခန်းများကို မသိမ်းပိုက်နိုင်ခဲ့ပေ၊၊ နအဖတပ်များသည်၊ နိုဝင်ဘာ (၉)ရက် နေ့ ကတည်းကသိမ်းပိုက်ထားသည့်
ဝေါ်လေစခန်းရောက်တပ်များအတွက် လိုအပ်နေသည့် စားနပ်ရိက္ခာဆေးဝါး များကိုလည်း ကနေ့အထိ မပို့ပေးနိုင်သေးကြောင်းဒေသခံများမှပြောပါသည်။
အကြောင်းမှာ စစ်ကူလာသည့် တပ်များကို ဒီကေဘီအေက ဖြတ်တိုက်နေသည့်အတွက် အထိအခိုက်အကျအဆုံးများနေသောကြောင့် သွားရောက်
မပို့ပေးနိုင်တာဖြစ်သည်ဟု ဒီကေဘီအေဖက်ကပြောပါသည်။

ရတပ မြို့နယ်ခွဲရုံး မောင်တောတွင် ဖွင့်လှစ်

12/13/2010
Adjust font size:

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (ရတပ) ၏ မောင်တောမြို့နယ်ခွဲရုံးကို ယနေ့နံနက်က ဖွင့်လှစ်ခဲ့ကြောင်း သတင်း ရရှိသည်။


မောင်တောမြို့ခံ တစ်ဦးက “ ရုံးဖွင့်ကို ယနေ့နံနက် ၉ နာရီက ရုံးခန်းမနေရာ ဖြစ်တဲ့ မောင်တော အမှတ် ၄ ရပ်ကွက်က မိုးပုလဲ စားသောက်ဆိုင် အပေါ်ထပ်မှာ
ပြုလုပ်ပါတယ်။ မြို့သူမြို့သားတွေ အများအပြား တက်ရောက်တဲ့ အတွက် ရုံးခန်းမှာ လူမဆံ့အောင် ဖြစ်ခဲ့ရပါတယ်” ဟု ပြောသည်။

၎င်းပြင် ရတပ ပါတီ၏ မောင်တောမြို့နယ် ဥက္ကဌ အဖြစ် ဦးသိန်းထွန်း၊ ဒုဥက္ကဌ အဖြစ် ဦးမောင်အုန်းနှင့် အတွင်းရေးမှူး အဖြစ် ဦးမောင်ကျော်စိန်နှင့်
အလုပ်အမူဆောင် ကော်မီတီ ၁၅ ဦးကို ရွှေးချယ် တင်မြှောက်ခဲ့ကြသည်။

“ ဆိုင်းဘုတ်ကို မနေ့ကတည်းက တင်ထားပြီး ဒီကနေ့မှာဘဲ ရုံးခန်းဖွင့်ပွဲနဲ့ ဆိုင်းဘုတ် တင်ပွဲကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဗဟိုက လူကြီးတွေလာရောက်
ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။ မြို့သူ မြို့သားတွေကတော့ ခုလို ကိုယ့်အမျိုးသား ပါတီက မောင်တောမှာ ရုံးလာဖွင့်တော့ အထူး တက်ကြွနေကြရပါတယ်” ဟု
ပြောသည်။

ရတပ ဗဟိုမှ တာဝန်ရှိသူများ ဖြစ်ကြသည့် သံတွဲ ဦးတင်ဝင်း ( ဒုဥက္ကဌ)၊ ဦးစောဖြူ (ဒုဥက္ကဌ)၊ ဦးခိုင်ပြည်စိုး ( အတွင်းရေးမှူး အဖွဲ့ဝင်)၊ ဦးအောင်မြကျော်
(စစ်တွေမြို့နယ် ပြည်နယ်အမတ်)နှင့် ဦးကျော်မောင်တို့ လာရောက်ပြီး ရုံးကို ဖွင့်လှစ်ပေးခဲ့ကြခြင်းဖြစ်သည်။

ရတပ ပါတီသည် ရွှေးကောက်ပွဲ မတိုင်မှီက မြို့နယ်ခွဲရုံးများ မဖွင့်လှစ်ခဲ့ရသော အမ်း၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင်လည်း ရုံးခွဲများကို များမကြာမှီ
ဖွင့်လှစ်သွားမည်ဟု သိရသည်။

မောင်တောမြို့နယ် ရုံးဖွင့်ပွဲကို ထောက်လှမ်းရေးများနှင့် ဒေသ အာဏာပိုင်များက တစုံတရာ နှောင့်ယှက်မူများ မရှိကြောင်း သိရသည်။

ကြံ့ခိုင်ရေးမှ ကျောင်းပိုင်မြေတွင် ဆိုင်ခန်းဆောက်၍ ရံပုံငွေရှာ

12/12/2010
Adjust font size:

----------
စောစော
----------
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် စနဲကျေးရွာတွင် ကြံ့ခိုင်ရေးပါတီမှ ပါတီ ရံပုံငွေ အတွက် ကျောင်းပိုင် မြေကွက်ပေါ်တွင် ဈေးဆိုင်များ ဆောက်လုပ်ကာ ဌားရမ်း
ရောင်းစားနေကြောင်း သတင်း ရရှိသည်။

ယခု ကြံခိုင်ရေး ပါတီ ရံပုံငွေ အတွက် ဆိုင်ခန်းများ ဆောက်လုပ် ရောင်းစားထားသော မြေမှာ မြေလွတ် မြေရိုင်းမဟုတ်သလို အစိုးရပိုင် မြေယာလည်း
မဟုတ်ပါကြောင်း စနဲကျေးရွာမှ လူကြီး တစ်ဦးက ပြောသည်။

“ အခု ကြံခိုင်ရေး ပါတီ ရံပုံငွေ အတွက် ဆိုပီး ဆိုင်ခန်းတွေ ဆောက်လုပ် ရောင်းစားထားတဲ့ မြေဟာ မြေလွတ် မြေရိုင်းတွေ မဟုတ်ပါ။ ဒါ့အပြင် ကျေးရွာ
ရယကပိုင်တဲ့ မြေလည်း မဟုတ်ပါဘူး၊ ယခင် ဘိုးဘွား လက်ထက်ကတည်းက လုပ်ကိုင်လာခဲ့တဲ့ လယ်ယာ တောင်မြေသာဖြစ် ဖြစ်ပါတယ်။ မြေကွက်
အမှတ(် ၅၈၀)၊ ဦးပိုင် အမှတ် (၄၀) နဲ့ ဦးဖြူသီး လုပ်ပိုင်ခွင့်ရရှိတဲ့ မြေဖြစ်ပါတယ်။ ဒီမြေကို ဦးဖြူသီးက ၁၉၇၀ နှစ်ကတည်းက တွဲဘက်
အထက်တန်းကျောင်းဆောက်ဖို့ လှူဒါန်းထားတဲ့ မြေ ဖြစ်ပါတယ်။ ဦးပိုင်ပေါက် လုပ်ကိုင်လာခဲ့တဲ့ ကျောင်းမြေမှာ ခုလို ပါတီအဖွဲ့အစည်းရဲ့ လုပ်ပိုင်ခွင့်ကို
အကြောင်းပြပြီး ဆိုင်ခန်းများ ဆောက်လုပ် ဌားရမ်း ရောင်းစားတာဟာ ကျေးရွာ တစ်ခုလုံးကိုသာမက ကျောင်းသူ ကျောင်းသားမျာတွေကို ဗိုလ်ကျ အနိုင်ကျင့်
လုပ်ဆောင်ခြင်းသာ ဖြစ်ပါတယ်။”

ယခုအခါ အဆိုပါ မြေပေါ်တွင် စနဲ အထက်တန်းကျောင်း ကျောင်းဆောင် ၂ ဆောင်၊ ကျောင်းအားကစားကွင်းနှင့် ပန်ခြံကို တည်ဆောက်ထားပြီး
ဖြစ်ကြောင်းသိရသည်။

ရယက ဥက္ကဌ ဦးတင်မောင်(ဘ) ဦးမောင်ကျော့သာမှ ကျောက်ဖြူမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကို အကြောင်းပြကာ
အိမ်ယာသက်မှတ်ခြင်း၊ ဆိုင်ခန်း ဆောက်လုပ် ရောင်းစားခြင်း ပြုလုပ် ထားကြောင်း သူက ပြောသည်။

“ အခု လူငယ်တွေ အသုံးပြုနေတဲ့ ကျောင်းအားကစားကွင်းမှာ ခုလို အိမ်ယာတွေ ဆိုင်ခန်းတွေ ဆောက်လုပ်ထားတဲ့ လူငယ်တွေ အားကစား လေ့ကျင့်လို့
မရတော့ဘူး ဖြစ်နေပါတယ်။ ဒီမြေဟာ အများပိုင် မြေဖြစ်နေတဲ့ ဆိုပေမယ့် ကျောင်းမြေဖြစ်တဲ့အတွက် အိမ်တွေ၊ ဆိုင်ခန်းတွေ ဆောက်လုပ်ထားတာကို
ဖယ်ရှားပေးဖို့ ကျေးရွာသားတွေက လိုလားပါတယ်။ ဒါကြောင့် ကျောက်ဖြူမြို့နယ် ကြံ့ခိုင်ရေး ပါတီ အတွင်းရေးမှူးထံကို လိပ်မူတပ်ပြီး ဆိုင်ခန်းတွေကို
ဖယ်ရှားပေးဖို့ မေတ္တာရပ်ခံ ပန်ကြားထားပါတယ်” ဟု သူက ပြောသည်။

အဆိုပါ စာအား ဦးသန်းအေး၊ အတွင်းရေးမှူး ပြည်ထောင်စု ဖွံ့ဖြိုးရေးနှင့် ဖွံ့ဖြိုးမှုအသင်း ကျောက်ဖြူမြို့ထံသို့ အောက်တိုဘာလ ၁၀ ရက်နေ့က
ရေးသားပေးပို့ထားသော်လည်း ယခုအချိန်ထိ တစုံတရာ ဖြေရှင်း ဆောင်ရွက် ပေးခြင်း မရှိသေးကြောင်း သိရသည်။

: ----------------------------------- ----------------------------------- ----------------------------------- :

၁၀ လ အတွင်း လိင်မှုဆိုင်ရာ အကြမ်းဖက်မူကြောင့် ဘင်္ဂလာတွင် လူပေါင်း ၁၂၃၅ ဦးအဖမ်းခံရ

12/12/2010
Adjust font size:

------------
ထွန်းထွန်း
------------
မြန်မာ အိမ်နီးချင်း ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် အမျိုးသမီးများ အပေါ် လိင်မူဆိုင်ရာ အကြမ်းဖက်မူကြောင့် ၁၀ လအတွင်း လူပေါင်း ၁၂၃၅ ဦး အဖမ်းခံခဲ့ရသည်။

အမျိုးသမီးများအပေါ် လိင်မူဆိုင်ရာ အကြမ်းဖက်မှုနှင့် ပတ်သက်ပြီး တနိုင်ငံလုံး အတိုင်းအတာ အရ အမှုပေါင်း ၄၆၆ မှုရှိသော်လည်း ၁၇၂ ကိုသာ ရဲအဖွဲ့က
ဖေါ်ထုတ်နိုင်သည်ဟု သက်ဆိုင်ရာက ပြောသည်။

လွန်ခဲ့သော ၉ လအတွင်း လင်ယောက်ျားများ၏ အိမ်တွင်း အကြမ်းဘက်မှုကြောင့် မိမိကိုယ်ကို သတ်သေသူ အမျိုးသမီး ၂၅ ရှိပြီး မုဒိမ်းကျင့်ခံရ၍ သေဆုံးသူ
အမျိုးသမီး ၁၇ ယောက်ရှိကြောင်း သိရသည်။
ယခုကဲ့သို့ အမျိုးသမီးများ အကြမ်းဖက်မူကြောင့် နိုဝင်္ဘာလ ၉ ရက်နေ့က ပြည်ထဲရေး ၀န်ကြီးဌာနက ပုဒ်မ ၅၀၉ နှင့် ငြိစွန်းသူများ ဖြစ်ကြသည့် မျိုးသမီးများအပေါ်
အနှောင့် အယှက် ပြုသူ၊ လက်လွတ် စပယ် စကားပြောကြားသူ၊ အမျိုးသမီးများကို ကာအိနြေ္ဒပျက်အောင် စကားပြောဆိုသူ အမျိုးသားများအား အနည်းဆုံး ထောင်
ဒဏ် ၁ ကျခံစေရမည်ဟု အသိပေး ထုတ်ပြန်ခဲ့သည်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုမှာ တနှစ်ထက် တနှစ် အဆမတန် ပိုမိုများလာကြောင်းနှင့် အစိုးရအနေဖြင့်စနစ်တကျ
ထိမ်းချုပ်နိုင်ခြင်း မရှိသေး ကြောင်းသတင်းစာများက ရေးသား ဖေါ်ပြကြသည်။

http://www.narinjara.com/

နအဖ က ကုန်စည်စီးဆင်းမှု ပိတ်ပင်သော်လည်း မိုင်းလားတပ်ဖွဲ့ ရပ်တည်နေနိုင်


Monday, 13 December 2010 18:08 သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလားတွင် နိုဝင်ဘာလ ၂၃ ရက်မှစ၍ တာ့ပင်းတံတား အ၀င်အထွက် ကုန်စည် တင်ဆောင်မှုကို နအဖတို့ ပိတ်ပင်
လိုက်သော် လည်း အခြေခိုင်နေပြီးသော ၎င်းတို့၏ကိုယ်ပိုင် စီးပွါးရေး စနစ်ကြောင့် ထိခိုက်မှုမရှိ ကြောင်း မိုင်းလား သျှမ်းနှစ်သစ်ကူးပွဲသွားလာခဲ့သည့် တာချီလိတ်
အခြေစိုက် သျှမ်းလူငယ်တဦး ပြန်လည်ပြောပြချက်အရ သိရသည်။

“ ပြီးခဲ့တဲ့လ ၂၃ ရက် ကစပြီး မိုင်းလားမြို့အ၀င် တာ့ပင်းဂိတ် ကုန်စည်အ၀င်အထွက်ကိုနအဖဖက်က လုံးဝ ပိတ်လိုက် တယ်။ ၂၆ ရက်ကျ
တော့မိုင်းလားကိုသွားလည်တဲ့ ခရီးသွားဧည့်သည် (အများအားဖြင့် ထိုင်းပေါ့) တွေကိုထပ်ပိတ်လိုက် တယ် ဒီနေ့အထိဘဲ။ ဒါပေမယ့် မိုင်းလား မှာ
ထိုင်းပစ္စည်းကုန်ဈေးနှုန်း အနည်းအကျဉ်း တက်တာကလွဲလို့ သူတို့အတွက် ဘာမှမထိခိုက်ပါဘူး။ သူတို့ဝင်ငွေအတွက် မက္ကနီဆီယံသတ္တုတွင်း ရှိတယ်။
ရွှေရှိတယ်။ ငှက်ပျော၊ ရာဘာစိုက်တယ်။ မော်တော်ကားခွန်ကောက်တာရှိတယ်။ ကာစီနိုလောင်းကစား ၀ိုင်းရှိတယ်။” - ဟု နိုဝင်ဘာ ၃၁ မှ ဒီဇင်ဘာ ၇
ရက်အထိကျင်းပသော မိုင်းလားမြို့သျှမ်းနှစ်သစ်ကူးပွဲ သွားရောက်ဆင်နွဲခဲ့သည့် အဆိုပါလူငယ်က ပြောပြသည်။

တရုတ/် ထိုင်းမှ ၀င်သည့်ကားများထံမှ အခွန်ယူရရှိသည့်အပြင် တာ့ဆွပ်လွေကူးတို့ဆိပ် (မဲခေါင်မြစ်တွင်း စီးဝင်သည့် နမ့်လွေချောင်းဝ) မှ ၂ နာရီခရီး


ကြာသော ကျိန်းခန်ရွာ၌ မက္ကနီဆီယံတူး ဖော်ကာ တာ့ဆွပ်လွေနှင့် နမ့်ပန်းကြား လမ်းခွဲမှ မြေလမ်းအတိုင်း တရုပ် ပြည်သို့ တင်ပို့ရာ တရုတ် ၆
ဘီးကားကြီးများဖြင့် ပျှမ်းမျှ တပတ်လျင် အစီးရေ ၂၀၀-၃၀၀ ခန့် အထိ ရှိသည်ဟုလည်းသိရသည်။ တာ့ဆွပ်လွေ ရွာသည်အိမ်ခြေ ၆၀ ခန့်ရှိပြီး အခါ၊ သျှမ်း၊
တရုတ်တို့နေထိုင်၏။ တာ့ဆွပ်လွေမှ မိုင်းလားအထိ တတောလုံး တတောင်လုံး ငှက်ပျောနှင့် ရာဘာပင်များ စိုက်ပျိုးကြသည်ဟု၎င်းကပြန်လည် ပြောပြသည်။

ထို့ပြင်ကျိန်ခန်တွင် သံရည်ကျိုစက်လည်း ရှိ၏။ မိုင်းယန်းအရှေ့ဖက် ဆီလူးတွင်သကြားစက်ရုံရှိပြီး တရက်လျှင် သကြားတန်ချိန်ထောင်


ကျော်ထွက်ရှိသည်ဟုဆိုသည်။

“ကြံကြိတ်ချိန်ဆိုရင် ပျှမ်းမျှ တရက် သကြားတန်ချိန် ၁၅၀၀ လောက်ထွက်တယ်။ ဒေသထုတ်ကုန်တွေကို တရုတ်၊ ထိုင်း၊ လောကို တင်ပို့ရောင်းချတယ်။
တာ့ပင်းဂိတ်ကုန်ကားတွေပိတ်လိုက်ပေမယ့် ဒေသတွင်း ကုန်တင်ပို့ဖို့ ကျတော့ သူ့နည်းသူ့နည်းသူ့ဟန်ရှိ တယ်။ ကားနဲ့ပို့တဲ့ အရပ်သား
ကုန်သည်တွေအတွက်တော့နဲနဲ အခက်အခဲဖြစ်ရတာပေါ့ ” ဟု လည်း မိုင်းလားမှ အရာရှိ တဦးကလဲ ပြော၏။

မည်သို့ပင်ဆိုစေအထူးဒေသ ၄ မှ တခြားသို့ အလုပ်သွားလုပ်ရသော ဒေသခံ/ အလုပ်လက်မဲ့မရှိသလောက်ဖြစ်သည်ဟု လည်းပြောပြ၏။


“သူတို့ ကိုယ်ပိုင်လုပ်ငန်းမရှိတာတောင်မှ နေ့စားအလုပ်သမားလုပ်အားခ ယွမ်ငွေ ၃၀ ကနေ ၅၀ အထိရှိတယ်။ ထိုင်းဘတ်ငွေ ၂၅၀ လောက်ကျတယ်။
ဗမာငွေဆိုရင် ၁ သောင်းနီးပါးပေါ့။ တရုတ်ကုန် အသုံးများလို့ နေထိုင်စား သောက်မှု စရိတ်လည်း မမြင့်ဘူး”- ဟု ဆို၏။

ကာစီနိုလောင်းကစားဝိုင်းမှရသည့်ဝင်ငွေအပြင် တရုတ်နယ်စပ်ဂိတ်မှ ဖြတ်သန်းခ တယောက် ယွမ် ၅၀ ကိုလည်း ရရှိသေးသည်ဟု


မိုင်းလားတပ်ဖွဲ့အရာရှိတဦးထံမှသိရသည်။ ဆက်သွယ်ရေးအတွက် တရုတ်မှ ဖုန်းလိုင်းဝယ်ထားပြီး လျှပ်စစ်မီးအတွက် ရေအားလျှပ်စစ် များရှိသဖြင့်
လုံလုံလောက်လောက်ရှိကြောင်း၊ ပို့ဆောင်ရေးအတွက်မူ ကားများမှာလည်း သူ့ဒေသနှင့်သူ အမှတ်အသား နံပါတ်များ တပ်ထားသည်ဟု သိရ၏။

“ ကားနံပါတ်က SR 4 - _ _ _ _ ဂဏန်း ၄ လုံး။ ပထမဆုံးဂဏန်းက ၉ ဆိုရင် အာဏာပိုင်တွေ၊ အရာရှိတွေရဲ့ကား။ ၈ ဆိုရင် နမ့်ပန်း ကကား။ ၇ ဆိုရင်
ဆီလူးကား၊ ၆/၅/၄/၃/၂ /၁ နဲ့စရင် မိုင်းလားကား။ လမ်းဆိုရင်လဲ ဖြူးနေတာဘဲ။ ဒါပေမယ့် လမ်းမှာတော့ လုံခြုံရေး တော်တော်ထူထပ်တယ်” ဟု ထိုလူငယ်က
ပြောသည်။

ဖွံ့ဖြိုးတိုးတက်သော အထူးဒေသ ၄ ၏ ဥက္ကဌမှာ ဦးစိုင်းလင်းဖြစ်ပြီး အတွင်းရေးမှူးမှာ စ၀်ဆိုင်လားဖြစ်၏။ဌာနပေါင်းစုံရုံး များ ကြီးကျယ် ခန်းနားလှပြီး


တပ်သားသစ်တဦး၏ အခြေခံလစာမှာယွမ် ၂၃၀ မှစကာ ရာထူးအဆင့် အလိုက် အမြင့်ဆုံး လစာ ယွမ်ငွေထောင်ချီသည်ဟု သိရ၏။ အသက် ၁၈ နှစ်နှင့် ၄၀ ကြား
အမျိုးသားတိုင်း စစ်မှုထမ်းရမည်ဖြစ်ပြီး စစ်မှုထမ်းကာလပြီးဆုံးသော်လည်း ရွာလုံခြုံရေးတပ်၊ မြို့လုံခြုံရေးတပ်ဟူ၍ စစ်မှုထမ်းဆောင်နေရသေးသည်ဟုဆို၏။

“အဓမ္မစစ်သားကောက်ယူတယ်ဆိုတာမရှိဘူး။ မျိုးချစ်စိတ်ဓါတ်နဲ့ ကိုယ့်အသိစိတ်နဲ့ကိုယ် စစ်မှုဝင်ထမ်းကြတယ်။ အခုနအဖနဲ့ တင်းမာ မှုဖြစ်ပြီးတဲ့နောက်ပိုင်း


ဒေသခံတွေဟာ မျိုးချစ်စိတ်ပိုပြီးနိုးကြားတာတွေ့ရတယ်။ လောပန်းတွေ သူဌေးတွေလဲ စစ်တပ်တည်ဆောက်ရေး ကင်းစခန်းမွမ်းမံတည်ဆောက်ရေးတွေမှာ
သုံးဖို့ဆန္ဒအလျောက်ရံပုံငွေထဲ့ဝင် ကြတယ်။ စည်းလုံးညီညွတ်ဖို့ ရပ်ရွာလူကြီးကလဲ မကြာခ ဏ စည်းရုံးလှုံ့ဆော်တယ်” - ဟု ၎င်းကဆက်ပြောပြသည်။

တတိယအကြိမ် မိုင်းလား သျှမ်းနှစ်သစ် ၂၁၀၅ ကြိုဆိုသည့် နှစ်သစ်ကူးပွဲအတွက် လျာထားချက်အတိုင်းယွမ်ငွေ ၁ သန်းဝန်းကျင်(ထိုင်း ဘတ်ငွေ ၄ သန်းခန့်/
ဗမာကျပ်ငွေ သန်းပေါင်း ၁၂၀ ခန့်) ကုန်ကျခဲ့သည်ဟုဆို၏။ ပွဲတော်ကို ကျိုင်းတုံသို့အထွက်လမ်း ကွင်းပြင်၌ ကျင်းပခဲ့ပြီး တရက်လျင်လုံခြုံရေး စစ်သား
အယောက် ၂၀၀ တာဝန်ယူရသည်ဟု လည်း သိရှိရသည်။

ပလောင်နှင့် သျှမ်းဒေသခံများပိုင် မြေဧက ၇၀ ကျော် အသိမ်းခံရ


Monday, 13 December 2010 17:54 သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် ၀င်းကန်နှင့် မန့်မိုင်ရွာသားများပိုင် ထင်းခြံများကို သိမ်းယူရန် ရှိသည့် အတွက် ခြံအတွင်းရှိ ထင်းပင်များကို ယခုလ ၁၅
ရက်နေ့ အပြီး ခုတ်ယူရန် အာဏာပိုင်များက ညွှန်ကြားထား ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၂ ရက်က နမ့်ခမ်းမြို့နယ် ရဲစခန်းမှူး ကိုယ်တိုင် အဆိုပါကျေးရွာမှ မြေအသိမ်းခံရမည့် ရွာသားများ ထံ လာရောက် ပြောကြားခြင်း ဖြစ်ကြောင်း
မန့်မိုင်ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“မနေ့က နမ့်ခမ်းမြို့နယ်ရဲမှူး ဦးလှဝင်းလွတ်လိုက်တာ ရဲစခန်းမှူး ကိုယ်တိုင် လာပြောတယ် မြေသိမ်းမယ်ပေါ့ ခြံထဲမှာရှိတဲ့ ထင်းတွေကို ဒီလ ၁၅
ရက်နောက်ဆုံးအပြီးခုတ်ယူပါ လျော်ကြေးကိစ္စတော့တစ်ခွန်းမှ မပြောဘူး သူတို့ ပေးရင် ပေးသ လောက် ယူရမှာပဲ မပေးရင်လည်း ဆုံးပြီပေါ့ ” ဟု အဆိုပါ
ရွာသားက ပြောသည်။

သိမ်းယူခံရမည့် မြေများမှာ ၀င်းကန်ရွာသား သျှမ်း ၂ ဦးနှင့်မန့်မိုင်ရွာသား ပလောင် ၁၀ ဦးတို့၏ ထင်းခြံများဖြစ်ပြီး အကျယ် အ၀န်း ဧက ၇၀ ကျော်ခန့်ရှိကြောင်း
အဆိုပါမြေများအား နအဖစစ်တပ်ကျောထောက်နောက်ခံ ပြုထား သည့် ပန်းဆေးရွာ ပြည်သူ့စစ်အဖွဲ့ထံ လွဲပေးမည်ဖြစ်ကြောင်း သိရသည်။

“တခြားသီးနှံတွေ စိုက်ပျိုးထားတာတော့ မရှိဘူးပေါ့ ဒါပေမဲ့ ခြံခတ်ပြီး ခြံအဖြစ်သတ်မှတ်ထားတဲ့ မြေတွေပါပဲ နမ့်ခမ်းမြို့ နယ် ကြံ့ခိုင်ရေးအမတ်လောင်း
ဦးကျော်မြင့်ခေါင်းဆောင်တဲ့ ပန်းဆေးပြည်သူ့စစ်အဖွဲ့ကို လွဲပေးမယ် ဘာလုပ်မယ် ဆိုတာ တော့ အတိအကျမသိရဘူး”- ဟု သူက ဆက်ပြောသည်။

၎င်းခြံမြေများသည် နမ့်ခမ်းနှင့် မုံးဝီးကားလမ်းမနံဘေး မန့်မိုင်နှင့်မုံရွဲရွာကြားတွင် တည်ရှိကြောင်း သိရသည်။

ဖားကန့်ကျောက်စိမ်းခွန် ကေအိုင်အို ပြန်ကောက်


Saturday, 11 December 2010 19:09 သျှမ်းသံတော်ဆင့်

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO က ၁၉၉၄ ခုနှစ် နအဖနှင့်အပစ်ရပ် လက်မှတ်ထိုးပြီးချိန်မှစ၍ ဖားကန့် ဒေသ ကျောက် စိမ်းတွင်းများတွင် အခွန်ကောက်ခြင်း
ရပ်နားထားရာမှ ယခုအပတ်မှစ၍ ဖားကန့်ဒေသတွင် အခွန်ပြန်လည် ကောက်ယူမည်ဟု သိရသည်။
ဖားကန့်ဒေသအတွင်းရှိ ကျောက်စိမ်းတူးဖေါ်သည့် ကုမ္ပဏီများ အခွန်ဆောင်ရန် အမိန့်စာကို ကေအိုင်အိုက ယခု အပတ် အတွင်း ထုတ်ပြန်ခဲ့ကြောင်း
ကေအိုင်အိုသတင်းရပ်ကွက်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ကျောက်စိမ်းကုမ္ပဏီတွေဆီက အခွန်ပြန်ကောက်တာပေါ့ ကုမ္ပဏီတွေကို အခွန်ဆောင်ဖို့ အမိန့်ထုတ်တာပေါ့ ဒီတစ်ပတ် လောက်ကစတယ်
တချို့ကုမ္ပဏီတွေတော့ထည့်ပြီးပြီလို့ သိရတယ် ” - ဟု ကေအိုင်အိုနှင့်နီးစပ်သူ တစ်ဦးက ပြောသည်။

ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (ဓါတ်ပုံ - ဘီဘီစ)ီ


ယခင် ကေအိုင်အိုက စစ်အောင်နိုင်ရေးစရိတ်အဖြစ် ကျောက်စိမ်းလုပ်ကွက် ၊ ကျောက်တန်ဖိုး ၊ ကျောက်စိမ်းမှော် ၀င်ခ ၊ ဂိတ်ဖြတ်သန်းခများကို
ကောက်ခံခဲ့ကြောင်း သိရသည်။

ယခု ဖားကန့်ဒေသအတွင်း အခွန်ကောက်ခံမှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များ သိရှိရန် ကေအိုင်အို ဗဟို ကော်မတီဝင်များထံ ဆက်သွယ်
မေးမြန်းရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပါ။

နယ်ခြားစောင့်တပ် လက်မခံသည့် ကေအိုင်အိုနှင့် နအဖတို့ အကြားနှစ်ဘက်ဆက်ဆံရေး တင်းမာနေရာ နအဖက ကေ အိုင်အို၏ စီးပွားရေးကို ထိန်းချုပ်ရန်
ကြိုးစားနေကြောင်း လေ့လာသူတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၂၅ ရက် နေ့ကစ၍ တရုတ်နယ်စပ်အနီးရှိ ကေအိုင်အိုဌာနချုပ် လိုင်ဇာသို့ ကုန်အ၀င်အထွက်ကို နအဖဘက်က ပိတ်ပင်လိုက်သဖြင့် ကေအိုင်အိုဘက်မှ
အခွန်ဘဏ္ဍာငွေများစွာ ထိခိုက်ဆုံးရှုံးနေသည်ဟု သိရသည်။

သျှမ်းပြည်တပ်တော်နှင့် တိုက်ပွဲဖြစ်ပြီး မြန်မာတပ်သားတပ်မှထွက်ပြေး


Saturday, 11 December 2010 19:06 သျှမ်းသံတော်ဆင့်

ယခုလအစောပိုင်းက သျှမ်းပြည်တပ်မတော်နှင့် မိုင်းယောင်း အခြေစိုက်မြန်မာစစ်ကြောင်းတကြောင်း ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။


“တိုက်ပွဲမှာ ဗမာတပ်ဘက် နှစ်ယောက် သေတယ် နှစ်ယောက် ဒဏ်ရာရတယ်။ သျှမ်းတပ်ဘက်တော့ မသိဘူး” -ဟု အမည်မဖေါ်လို သည့်
မိုင်းယောင်းဒေသခံတဦးက ပြောပါသည်။

ဒီဇင်ဘာ ၃ ရက်၌ သျှမ်းပြည်တပ်မတော် အမှတ် ၁ (ကျိုင်းတံ)ု စစ်ဒေသ စစ်ကြောင်းတကြောင်းနှင့် ဒေသအတွင်း လှုပ်ရှား သည့် မြန်မာ့တပ်မတော်
စစ်ကြောင်းတခုနှင့် မိုင်းယောင်းမြို့ အရှေ့မြောက်ဘက် ၀မ့်လေးရွာ အနီးတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

ဒု ဗိုလ်ချုပ်ကြီးယွက်စစ် နှင့် သျှမ်းပြည်တပ်တော်သားများ


ထို့နောက်ပိုင်း အဆိုပါတပ်မှ တပ်သားနှစ်ဦးကလည်း အဲမ်အေ သေနတ်/မိမိနှင့်ဆိုင်သည့် စစ်လက်နက် ပစ္စည်း များကိုယ်စီယူပြီးတပ်မှ ထွက်ပြေးသွားကြောင်း
မိုင်းယန်းမြို့ တပ်အသိုင်းအ၀ိုင်းတဦးက ပြောပါသည်။

အမည်မဖေါ်လိုသည့် ကျိုင်းတုံစစ်ဒေသ စစ်ကြောင်းမှူးတဦးက - တိုက်ပွဲဖြစ်ပွားခဲ့မှု မှန်ကန်ကြောင်း၊ သျှမ်းပြည် တပ်မတော်ဘက် တဦးတယောက်မျှ သေကြေ


ဒဏ်ရာရခြင်းမရှိကြောင်း၊ တပ်မှမြန်မာတပ်သား နှစ်ဦးထွက်ပြေး သည်ဆိုသည့်သတင်းလည်း ကြားသိရကြောင်း အတည်ပြုပါသည်။

ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ကလည်း ဒီဇင်ဘာ ၇ ရက်နေ့ သျှမ်းနှစ်သစ်ကူးနေ့၌ အမျိုးသားတန်းတူရေး အတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း


သျှမ်းပြည်တပ်မတော်ကြီး အင်းအားပိုမိုခိုင်မြဲလာစေရန် တပ်သားသစ်လည်း ဆက်တိုက်သင်တန်းပေးနေကြောင်း၊ အနာဂတ်စစ်ရေးလှုပ်ရှားမှုတွင် တောတွင်း၌
တိုက်ပွဲဖြစ်မည်မဟုတ်တော့ဘဲ မြို့ပေါ်သာ ဆင်နွဲဖွယ်ရှိကြောင်း ထိုင်းတီဗွီ၌ ပြောကြားသွားပါသည်။
နိုင်ငံတစ်ဝန်း ရဲအရာရှိ ၅၀၀ ကျော် ပြောင်းရွေ့မှု မူစယ်ရဲအရာရှိများ ပါဝင်
Saturday, 11 December 2010 19:05 သျှမ်းသံတော်ဆင့်

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးအဆင့်ရှိသူ အရာရှိ ၅၀၀ ကျော်ခန့်ကို ဒီဇင်ဘာလ ၈ ရက်နေ့မှ နေရာပြောင်းရွေ့ လျှက်ရှိရာ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့နယ်မှ
ရဲအရာရှိ ၁၀ ဦးခန့် အဆိုပါ ပြောင်းရွေ့မှုတွင်ပါဝင် ကြောင်း သိရသည်။
ရွေးကောက်ပွဲအပြီး ရဲတပ်ဖွဲ့အတွင်း အရေအတွက်အများဆုံး ပြောင်းရွေ့မှုဖြစ်ပြီး ယခုပြောင်းရွေ့မှုသည် အဆင့် မြင့် ရာထူးတိုးမြှင့်ခြင်းမဟုတ်ပဲ
နေရာပြောင်းရွေ့မှုသာဖြစ်ကြောင်း မူစယ်ရဲသတင်းရပ်ကွက်က သျှမ်းသံတော် ဆင့်သို့ အတည်ပြုပြောကြားသည်။

ရဲတပ်သား
“တစ်နိုင်ငံလုံး ၅၀၀ ကျော်တယ် တစ်နေရာကနေ တစ်နေရာကို ရွေ့လိုက်တာပါ ဒီနယ်စပ်တွေမှာကျတဲ့သူတွေ ကို အတွင်းပိုင်းကို ပြန်ပို့တယ် ရဲတပ်ရင်းတို့မှာ
တာဝန်ကျတဲ့သူတွေကို နယ်စပ်ဘက်ပြန်ပို့တယ် နေရာအသီးသီး ပေါ့ တချို့လည်း ရုံးမှာပြန်ထားတယ် တချို့လည်းသင်တန်းကျောင်းပေါ့ ” ဟု မူစယ်
ရဲဝန်ထမ်းတစ်ဦးက ဆိုသည်။

ရဲမှူးများတွင် မြို့နယ်မှူးတာဝန်ထမ်းဆောင်သူအချို့ပါဝင်ပြီး မူစယ်မြို့နယ်ရဲမှူးသည် သင်တန်းကျောင်းတစ်ခုသို့ ပြောင်း ရွေ့ရကြောင်းသိရသည်။

ရဲတပ်ဖွဲ့အတွင်း စားဝတ်နေရေးကျပ်တည်းလျှက်ရှိရာ ၀င်ငွေရပေါက်ရလမ်းရှိသည့် နေရာနှင့် ၀င်ငွေမရှိသည့်နေရာများ တွင် အပြောင်းအလဲ ပြုလုပ်ခြင်း


ဖြစ်နိုင်ကြောင်း လေ့လာသူတစ်ဦးက ဆိုသည်။

နယ်စပ်ဒေသများတွင် တာဝန်ကျပါက ရဲဝန်ထမ်းများသာမက စစ်ဘက်ဝန်ထမ်းများလည်း ၀င်ငွေဖြောင့်ကြောင်း တပ်ရင်းမှူး တာဝန်ယူသည့်


ဒုဗိုလ်မှူးကြီးအဆင့်ရှိသူများဆိုလျှင် ကျပ်ငွေသိန်းထောင်ချီကိုင်နိုင်သည့် လူချမ်းသာ စာရင်းဝင် များဖြစ်ကြောင်း သိရသည်။

နှစ်ရှည် နိုင်ငံရေးအကျဉ်းသူ မာမာဦး ထောင်ဝင်စာ လာတွေ့သူမရှိ


Monday, 13 December 2010 17:46 သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ် ဗန်းမော်ထောင်တွင် ထောင်ဒဏ်နှစ် ၇၀ ကျော်ချမှတ် ခံထားရသည့် နိုင်ငံရေးအကျဉ်းသူ မမာမာဦး၏ ဖခင်ဦးအုန်းမောင်ဆုံးပါးသွားပြီးနောက်


မမာမာဦးထံ ထောင်ဝင်စာလာတွေ့မည့်သူမရှိတော့ ကြောင်း ဗန်းမော်အမျိုးသား ဒီမိုကရေအဖွဲ့ချုပ်ပါတီ အသိုင်းအ၀ိုင်းထံမှ သိရသည်။
နအဖပြဋ္ဌာန်းထားသည့် ဥပဒေအရ နိုင်ငံရေးအကျဉ်းသားများကို အိမ်ထောင်စုစာရင်းရှိမှသာ လာတွေ့နိုင်သည့် အတွက် အဖေနှင့်သမီးနှစ်ယောက်သာ
ရှိတော့သည့် မမာမာဦး၏ ထောင်ဝင်စာကို အသက် ၇၀ ကျော်အရွယ် ဖခင်ကသာ တာဝန်ယူခဲ့ရပြီး ယခုနှစ် စက်တင်ဘာလအတွင်းက ဖခင်ဖြစ်သူဆုံးပါးသွားခြင်း
ဖြစ်သည်။

မမာမာဦး၏ ဖခင် ဦးအုန်းမောင်ပုံ နှင့် ဈာပနအခမ်းအနားဓါတ်ပုံ (ဓါတ်ပ-ုံ မိုးမခ )


“ပစ္စည်းကတော့ပါးပေးလို့ရတယ် ဒီမှာ (ဗန်းမော်) ရှိတဲ့သူတွေစုပြီးမှတော့ လိုအပ်တဲ့ပစ္စည်းတွေပါးပေးပါတယ် သမီး နဲ့ အဖေပဲ ရှိတဲ့အခါကျတော့
ထောင်ဝင်စာလာတွေ့မဲ့သူ မေးမြန်းမဲ့သူမရှိတော့တာပေါ့ ရန်ကုန်ဘက်က ထောင်ဝင်စာလာ တွေ့တဲ့သူတွေလာရင် သူ့အတွက်ပစ္စည်းတွေ ထည့်ပေးပါတယ်” ဟု
အဆိုပါ အသိုင်းအ၀ိုင်းက ပြောသည်။
ဦးအုန်းမောင် မကွယ်လွန်ခင် မနှစ်က သမီးထံ ထောင်ဝင်စာလာပို့စဉ် သျှမ်းသံတော်ဆင့်က
ဆက်သွယ်မေးမြန်း ခဲ့ရာ ရန်ကုန်မှ လာရသည့် အတွက် ဒယီးဒယိုင်ဖြစ်နေကြောင်း၊
သမီးဖြစ်သူကအဖေကျန်းမာရေး ဂရုစိုက်ဖို့ မသေ ဖို့မှာခဲ့ကြောင်း ဦးအုန်းမောင် မဆုံးခင်က ပြောကြားခဲ့
သေးသည်။

၂၀၀၇ သြဂုတ်လပိုင်းက နအဖ၏ လောင်စာဆီဈေးနူန်းကြီးမြင့်ကို ဆန့်ကျင်ကန့်ကွက်ရာတွင် မမာမာဦး


ပါဝင်ခဲ့၏။ ၂၀၀၈ သြဂုတ်လ ၇ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး နိုဝင်ဘာ ၁၁ ရက်နေ့တွင်
အင်းစိန်ထောင် တရားရုံးက ထောင်ဒဏ် ၆၅ နှစ်ချမှတ်လိုက်သည်။

ထို့နောက်သာယာဝတီထောင်သို့ ပြောင်းရွေ့ကာ ပြစ်ဒဏ် ၅ နှစ် ၄ လ ၂၂ ရက် ထပ်တိုးချမှတ်ပြီး


သာယာဝတီမှ အင်းစိန် - မန္တလေး - ဗန်းမော်ထောင်သို့ ပြောင်းရွေ့ချုပ်နှောင်ထားခြင်း ဖြစ်သည်။

ယခုနှစ်မေလပိုင်းကလည်း တောင်ငူထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား


ကိုမြသန်းထိုက် ၏ မိခင်ဒေါ်လှမြင့် အသက် ၆၆ နှစ်သည် သားဖြစ်သူထံ ထောင်ဝင်စာတွေ့အပြီး
အပြန်ခရီးရထားပေါ်သေဆုံး ခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးနှင့် ရဲဘက်စခန်းများတွင် နိုင်ငံရေးအကျဉ်းသား ၂၂၀၃


ဦးရှိပြီး နအဖ က ရပ်ဝေးထောင်များသို့ ပြောင်းရွေ့ထားသည်။

ဒုဗိုလ်ချုပ်ကြီးယွက်စစ် - ပင်လုံကို မပြန်သွားသရွေ့ ယမ်းငွေ့ ဝေနေဦးမည်


Monday, 15 November 2010 16:31 သျှမ်းသံတော်ဆင့်

ယခုလ ၇ ရက်က တိုးတက်သော ဗုဒ္ဒဘာသာ ကရင်အမျိုးသားတပ်မတော် DKBA နဲ့ နအဖစစ်တပ်အကြားတိုက်ပွဲဖြစ်ပွါး ခဲ့ပြီးနောက်ပိုင်း နိုဝင်ဘာ ၉ ရက်
ရက်စွဲနဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စ/ီ သျှမ်း ပြည်တပ်မတော်က သဘော ထားထုတ်ပြန်ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။
ကြေငြာချက်ထဲမှာ DKBA က နအဖအစိုးရကို ရွပ်ရွပ်ချွံချွံ ပြန်လည် တိုက်ခိုက်လိုက်တဲ့စိတ်ဓါတ် ကို အထူးလေးစာဂုဏ်ယူမိကြောင်း
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အပစ်ရပ်တပ်ဖွဲ့ တွေအတွက် စံနမူနာထား အတုယူသင့်ကြောင်း RCSS/SSA ဗဟိုဦးစီးကော်မတီက အဓိကထား
ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
တိုးတက်သော ဗုဒ္ဒဘာသာကရင်အမျိုးသားတပ်မတော် DKBA နဲ့နအဖတို့ရဲ့ မြတီမြို့နဲ့ ဘုရားသုံးဆူမြို့တိုက်ပွဲအပေါ် သဘော ထားထုတ်ပြန်
ကြေငြာချက်နဲ့ပါတ်သက်ပြီး သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်က -

DKBA ဟာ နအဖနဲ့ ပူးပေါင်းပြီး KNU ကိုတိုက်ခိုက်လာတာ နှစ်ပေါင်းတော်တော်ကြာပါပြီ။ နအဖစစ်အုပ်စုဟာ တိုင်းရင်းသား တွေအပေါ် ရိုးသားမှုမရှိမှန်း
သိလာတဲ့ခါကျတော့ DKBA အနေနဲ့ ရဲရဲရင့်ရင့် တိုက်ခိုက် တဲ့အပေါ် ကျနော်တို့ ဂုဏ်ယူတယ်။ ကျနော်တို့တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေအပေါ်
နအဖစစ်အုပ်စု ဘယ်တုန်းကမှ မရိုးသားဘူးဆိုတာ သင်္ခဏ်းစာရဖို့ အချိန်ရောက်ပြီ။ ဒီတော့တိုင်းရင်းသားတွေပူးပေါင်းဖို့အချိန်တန်ပြီဆိုပြီး DKBA ကို ထောက်ခံ
အားပေး တဲ့အနေနဲ့ထုတ် ပြန်လိုက်တာဖြစ်ပါတယ်။

ကြေငြာချက် အပိုဒ် ၃ မှာ စည်းလုံးညီညွတ်စွာဖြင့် ၀ိုင်းဝန်းကူညီပံ့ပိုးရန် အချိန်ကျရောက်ပြီလို့ပါရှိပါတယ်။ ဘယ်လို အနေ အထားနဲ့ ပူးပေါင်းမလဲဆိုတာလဲ
သိပါရစေခင်ဗျ။
တိုင်းရင်းသားဆိုရင် ၈ ပြည်နယ်စုပေါင်းထားတဲ့ ပြည်ထောင်စုတိုင်းရင်းသားနဲ့ကျနော်တို့ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ သျှမ်း၊ ရခိုင် တို့စုပေါင်းဖွဲ့ထားတဲ့ ၆
နိုင်ငံစစ်ရေးမဟာမိတ်အဖွဲ့ ။ နောက်သျှမ်းပြည်တွင်းမှာ ကျန်တဲ့ အခါ၊ ၀ ၊ လားဟူ၊ ပအိုဝ်း စတဲ့ သျှမ်းပြည် တိုင်းရင်း သားတွေ နဲ့ အတူဒီကနေ့ ကျနော်တို့က
သျှမ်း ပြည်ကွန်ကရက်ဆိုပြီး ထပ်မံဖွဲ့စည်း ထားပြန်တယ်။ ကျနော်တို့ သျှမ်းပြည်ကွန်ကရက်အနေနဲ့ ကျန်တဲ့ တိုင်းရင်းသားတွေ
ကျနော်တို့နဲ့လာရောက်ပူးပေါင်းပြီး သျှမ်းပြည်တွင်း ပြသနာ အရပ်ရပ်ကို ဖြေရှင်းဖို့ လက်ကမ်းဖိတ်ခေါ်တယ်။

မကြာသေးခင်ကလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၆ ဖွဲ့ ထပ်မံတွေ့ဆုံတယ်လို့ ကြားသိရပါ တယ်။ သျှမ်းပြည် တပ်မတော်ရော ပါသလားခင်ဗျ။ ဘာတွေ
အဓိကထားဆွေး နွေး သွားပါသလဲ။

အဲဒီအကြောင်း ကျနော်တို့ သတင်းကြားရရုံဘဲ။ ကျနော်တို့ အာရ်စီအက်စ်အက်စ် အနေ နဲ့ မပါဝင်ခဲ့ပါဘူး။ ခုန ပြောတဲ့ ကျနော်တို့သျှမ်းပြည်ကွန်ကရက်ကနေ
ဘယ်လိုလှုပ်ရှား ဆောင်ရွက်သွားမယ်ဆိုတာ ထပ်မံ ဆွေးနွေးရပါဦးမယ်။ ပြည်ပ တိုင်းရင်းသားတွေက ပြည်ထောင်စုဖွဲ့မယ်ဆိုတာတွေနဲ့ပါတ်သက်ပြီး
ကျနော်တို့ရဲ့ စစ်ရေးမဟာမိတ် ၆ ဖွဲ့ အနေနဲ့ ဘယ်ဒေါင့် ကနေ ပါဝင်ထမ်းဆောင်မလဲဆိုတာလဲ ထပ်မံ ဆွေးနွေးရပါမယ်။
ဒီအချက်ကိုကျနော်အဓိကထားလုပ်ဆောင်နေပါတယ်။

ရွေးကောက်ပွဲဆန့်ကျင်တဲ့အနေနဲ့ နအဖစစ်အစိုးရကို DKBA က စစ်မျက်နှာဖွင့် တိုက် ခိုက် တယ်လို့ပြောဆိုနေတဲ့အပေါ်


သျှမ်းပြည်တပ်မတော်ခေါင်းဆောင်အနေနဲ့ ဘယ်လို မြင်ပါသလဲခင်ဗျ။
ဒီစစ်ပွဲကတော့ နအဖနဲ့ဒီကေဘီအေတို့အကြား ဖြစ်တဲ့ စစ်ပွဲလို့ကျနော်မြင်တယ်။ ရွေးကောက်
ပွဲကာလ နဲ့တိုက်ဆိုင် တဲ့စစ်ပွဲလဲဖြစ်ပါတယ်။ ရွေးကောက်ပွဲအကြောင်းပြောမယ်ဆိုရင်တော့ မြ၀တီ
မှာတင်မဟုတ်ဘူး။ တပြည်လုံးမှာ တရားမျှတမှုကင်းမဲ့တယ်။ ဥပမာ သျှမ်းပြည်မှာဘဲကြည့်လေ။ တရားဝင်ဆိုရင် ကျားဖြူ ပါတီ က အနိုင်ရတယ်။ ဒါပေမယ့်
ကြံ့ဖွတ်က မသမာနည်းနဲ့မဲလိမ်တော့ ကျားဖြူက ရှုံးရတယ်။ ဒါပေမယ့် ကြံ့ဖွတ်နိုင်လို့ အစိုးရဖွဲ့နိုင်ခဲ့ရင်တောင်မှ အရင်ကနဲ့မခြားနားတဲ့ သွေးစွန်းလက်
အစိုးရဘဲဖြစ်ပါတယ်။ ပြသနာလဲ အရင်အတိုင်းဘဲရှုပ်နေမှာဘဲ။ ဘာမှထူးခြားလာ မှာမဟုတ်ဘူး။

အရင်က ပြည်ထောင်စုစစ်စစ်ဖြစ်ပေါ်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည် မပါလို့မဖြစ်ဘူး ဆိုပြီး အက်စ်အက်စ်အေက ပြောဖူးခဲ့ တယ်ခင်ဗျ။ အခု


ဒေါ်အောင်ဆန်းစုကြည် လွှတ် မြောက်လာတဲ့အပေါ် ဘယ်လိုမြင်ပါသလဲခင်ဗျ။

သူမ လွှတ်မြောက်လာတာဟာ လွတ်လပ်မှုအပြည့်နဲ့ လွှတ်မြောက်ခြင်းမဟုတ်ဘူး။ စစ် အစိုးရ (နောက်ကွယ်မှာ) ကန့်သတ် ထားတဲ့စည်းကမ်း ချက်
ဘောင်အတွင်းကနေ လွှတ်မြောက်လာ တာဖြစ်လို့သူမယုံကြည်မျှော်လင့်ထားတဲ့ အတိုင်း ပြည်သူတွေအတွက် လွတ် လပ် စွာလှုပ်ရှားခွင့်ရမယ်မထင်ဘူး။ သူမ
စစ်အစိုးရရဲ့ မျက်စိဒေါက်ထောက်မှု အောက်မှာ လှုပ်ရှားရ မှာဖြစ်တယ်။ ဆိုတော့ တိုင်းရင်းသားတွေအတွက် သူမဘာတွေစွမ်းဆောင်ပေးမလဲ ဆိုတာလဲ ကျနော်
မခန့်မှန်းနိုင်ဘူး။

ကျနော် အဓိကထားပြောချင်တာ ၂ ချက်ရှိတယ်။ ၁- အာရ်စီအက်စ်အက်စ်ရဲ့ ပေါ်လစီ မပြောင်းလဲဘူး။ အမျိုးသား စည်းလုံးညီညွတ်မှု၊ လွတ်လပ်မှု၊ ဒီမိုကရေစီ၊
သျှမ်းပြည်သူလူထုရဲ့ဘ၀ မြှင့်တင်မှု၊ မူးယစ်ဆေးဝါး ကာ ကွယ်တိုက်ဖျက်မှု၊ ငြိမ်းချမ်းမှု ဆိုတဲ့ ၆ ရပ်အပေါ်မှာအမြဲတမ်း ရပ်တည်ပါတယ်။ နအဖကျင်းပတဲ့
ဒီရွေးကောက်ပွဲဟာ ပြည်သူလူထုနဲ့ ကမ္ဘာကို မျက်လှည့်တဲ့ ရွေးကောက်ပွဲဘဲဖြစ် တယ်။ သူတို့လုပ်ခဲ့တဲ့အပြစ်တွေကို ဆေးကြောပြတဲ့ သဘောဘဲဖြစ်တယ်။
သူတို့အစိုးရ ဖြစ်လာခဲ့သည့်တိုင်အောင် ၀တ်စုံပြောင်းပေမယ့် အတွင်းစိတ်သဏ္ဍာန်လုံးဝမပြောင်းတဲ့ အစိုးရဖြစ်တယ်။ ခုနပြောတဲ့ အတိုင်း
သွေးစွန်းလက်နဲ့အစိုးရဘဲဖြစ်တယ်။ ပြည်တွင်းရေး ပြသနာ လုံးဝဖြေရှင်းနိုင်မှာ မဟုတ် ဘူး။ ပြသနာအရပ်ရပ်ကိုဖြေရှင်း ချင်တယ်ဆိုရင် ၁၉၄၇
ပင်လုံစာချုပ်ကိုပြန်ကိုင်ရမှာ (ဖေါ်ထုတ်လိုက်နာကျင့်သုံးရမှာ) ဖြစ်တယ်။

၂- သူတို့အစိုးရဖွဲ့ပြီးခဲ့ရင်လဲ ဥပဒေအရ လက်နက်ကိုင်အဖွဲ့အစည်းတိုင်းကို အစိုးရသစ် က သွားပြီးတွေ့ဆုံ ဆွေးနွေးရမယ်။


အတူတကွအစိုးရဖွဲ့စည်းထူထောင်ဖို့ဆွေးနွေးရမယ်။ ဒီလိုမဟုတ်ဘဲ စစ်ရေးနဲ့ပြသနာကိုဖြေရှင်း သွားမယ်ဆိုရင် လက်နက် ကိုင်တပ်ဖွဲ့ အားလုံး
ပူးပေါင်းလက်တွဲခုခံဖို့ အချိန်တန်ပြီ။ နို့မဟုတ်ရင် အကုန်လုံးကို ကိုးကန့်လိုမျိုး တဖွဲ့ပြီးတဖွဲ့ သူ ရှင်းလင်းပစ်လိမ့်မယ်။ အပစ်ရပ်လာတာလဲ နှစ် ၂၀ ကျော်ပြီ။
ခုထိ နိုင်ငံရေးနဲ့ ပါတ်သက်တဲ့စကားဝိုင်းဘာမှမရှိ သေးဘူး။ အခုရွေးကောက်ပွဲအတိုင်း လာမယ့်အစိုးရသစ်ကိုစောင့်နေရင် တော့ ကျနော်တို့ တိုင်းပြည်ဟာ
အေးချမ်းလာမှာထက် အရင် ကထက်ပိုဆိုးတဲ့အခြေအနေ ဖြစ်လာမှာဘဲစိုးရိမ်ရတယ်။

နောက်တခု ကျနော်တို့ပြည်တွင်းရေး ပြသနာတခုဖြစ်တဲ့ မူးယစ်ဆေးဝါးကိစ္စ။ အခု လွှတ် တော်အမတ်လောင်းအချို့ဟာ


ခေတ်သစ်မူးယစ်ရာဇာသတ်မှတ်ခံရသူတွေဖြစ်တယ်။ ဆိုတော့ ဒီပြသနာကိုဘယ်လိုလုပ် ဖြေရှင်းနိုင်တော့မလဲ။

၁၉၄၇ ပင်လုံကိုပြန်သွားရမယ်ဆိုတဲ့ကိစ္စ တချက်လောက်ထပ်မေးပါရစေခင်ဗျ။ ဒီကိုပြန်သွားဖို့ စစ်အစိုးရအနေနဲ့ ဘယ်လို လျှော့ပေးသင့်သလဲ၊


တိုင်းရင်းသားပြည်သူလူထုအနေနဲ့ ဘယ်လောက်အထိ ကြိုးစားသင့်သလဲ ဆိုတာ ပြောပြပေးပါဦး ခင်ဗျ။

ပြည်ထောင်စုမြန်မာနိုင်ငံဆိုရင် ပြည် နယ်က အဓိက ဖြစ်သင့်တယ်။ အစိုးရတရပ်ဖြစ်ဖို့က ဗမာအပါအ၀င် တိုင်းရင်းသား လူမျိုး တိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်
ရသင့်တယ်။ ပင်လုံစာချုပ်အချက် ၉ ချက်ထဲမှာ“ ဗမာပြည် အစိုးရဟာ တောင်တန်း ဒေသအစိုး ရထဲဝင်ရောက်စွက်ဖက်ခြယ်လှယ်မှု လုံးဝ မရှိစေရ”
ဆိုတာပါတယ်။ ပင်လုံကို မပြန်သွားသေးသရွေ့ မြန်မာပြည် ယမ်းငွေ့ ဝေနေဦးမှာဘဲ။ တိုင်းရင်းသားလက်နက်ကိုင် တပ်တိုင်းမှာ
သူ့ပြည်နယ်လွတ်လပ်ခွင့်အတွက် ရည်မှန်းချက် ရှိခဲ့ပြီးသားဘဲ။ ဆိုတော့ရည်မှန်း ချက်ပန်းတိုင်မရောက်မချင်း ဆက်လက်တိုက်ပွဲဝင်မှာ မလွဲဘူးလေ။

http://www.mongloi.org/burmese/

ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအေးကြည် ဈာပနအခမ်းအနား (မှတ်တမ်းဓါတ်ပ)ုံ


Posted by admin on December 13th, 2010
ဦးအေးကြည် (၁၉၅၄-၂၀၁၀)
Myanmar Development Committee-MDC ဦးဆောင်ကော်မတီဝင် နှင့်
မြန်မာနိုင်ငံ လယ်သမား အလုပ်သမား သမဂ္ဂဖော်ဆောင်ရေး ပြန်ကြားရေးတာဝန်ခံ
ဦးအေးကြည်အား ၁၉၅၄ တွင် အဘ ဦးချစ်တီးနှင့် အမိ ဒေါ်လှငြိမ်းတို့မှ မွေးဖွားခဲ့ပြီး မွေးချင်း (၅) ယောက်တွင် အကြီးဆုံးသားဖြစ်သည်။ ငယ်စဉ်ကတည်းကပင်
တိုင်းပြည် နှင့် အမျိုးသားရေး ဆောင်ရွက်ကြိုးပမ်းမှုများအပေါ်တွင် စိတ်အားထက်သန်ခဲ့ပြီး ၁၉၈၈ အရေးတော်ပုံကြီးတွင် ရှေ့တန်းမှရဲဝံ့စွာပါဝင် တိုက်ပွဲဝင်ခဲ့သည်။
၁၉၈၉ တွင် စစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံရပြီး ၁၉၉၀ တွင် ထောင်ဒဏ် ၇ နှစ် အပြစ် ပေးခြင်းခံခဲ့ရသည်။ ၁၉၉၅ နှစ်ကုန်ပိုင်းတွင်
ထောင်မှပြန်လည်လွတ်မြောက်ခဲ့ပြီး ၎င်း၏မ လျှော့သော ဒီမိုကရေစီရေးကြိုးပမ်းမှုများကြောင့် မကြာခဏဆိုသလို စစ်အုပ်စု ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို
ခံခဲ့ရပါသည်။
ထိုသို့သောအခြေအနေများကြောင့် ၎င်း၏မိသားစုနှင့်ပင်ကွဲခဲ့ရပြီး သေဆုံးချိန်တွင် ဇနီး နှင့် သားသမီး ၅ ယောက် ကျန်ရှိခဲ့ပါသည်။ ၎င်း၏ဇနီးက
မိသားစုတာဝန်များအကြောင်း ပြောတိုင်း မိမိကလေးများ၏ ရှေ့ရေးထက် တိုင်းပြည်မှာရှိတဲ့ အခြားကလေးများအတွက် ဦးစားပေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း
ဇနီးသည်ကိုပြောပြီး မိသားစု၏ အစွန့်ပစ်ခံဘ၀ ဖြင့် နိုင်ငံရေးကို ဘ၀တလျှောက်လုံးပေးဆပ်ကာ လုပ်ဆောင်သွားခဲ့သူဖြစ်ပါသည်။
၂၀၀၇ ဇန်န၀ါရီလတွင် အမ်ဒီစီ (Myanmar development committee ) ဖွဲ့ရာတွင် ပါ ၀င်ခဲ့ ပြီး ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ သိမ်ကြီးဈေးရှေ့
ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြ ပွဲများတွင် ပါဝင်ခဲ့သောကြောင့် စစ်အုပ်စု၏နောက်တကြိမ် ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ ရပါသည်။ ထိုစဉ်က မြန်မာနိုင်ငံ
ဖွံဖြိုးတိုးတက်ရေးလိုလားသူများအဖွဲ့မှ တောင်းဆိုခဲ့ သော အချက်များမှာ ကုန်ဈေးနှုန်းကျဆင်းရေးအပါအ၀င် တောင်းဆိုချက် ၁၇ ချက် ပါ ၀င်ပါသည်။
နိုင်ငံရေးသမားဘ၀တလျှောက်လုံးတွင် ပေးဆပ်မှုများစွာရှိခဲ့ပြီး ရိုးသားမှုအ ပြည့်ရှိသော ရဲဘော်တဦးလည်းဖြစ်ပါ သည်။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့၏ အဖွဲ့
ဝင်ဟောင်းတဦးလည်းဖြစ်ပြီး ထောင်တွင်းနေ ထိုင်စဉ်ကာလများတွင်လည်း ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုမင်းကိုနိုင်နှင့် ရင်းနီးသောသူတဦး လည်းဖြစ်ပါသည်။
၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၆း၃၀ တွင် ၎င်းနေထိုင်ရာ အမှတ် ၂၇၈ အာသာဝတီလမ်းမကြီး မြောက်ဥက္ကလာနေအိမ်တွင် ရေဒီယိုမှ ဘီဘီစီ
အာရ်အက်ဖ်အေ သတင်းနား ထောင်နေရင်းမှ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်ပြီး ကွယ်လွန်ကျဆုံး သွားခဲ့ပါသည်။

http://www.naytthit.net/

NLD ပါတီရပ်တည်ခွင့် အယူခံလွှာတင်မည်


2010-12-13
NLD ပါတီ တရားဝင် ဆက်လက် ရပ်တည်ခွင့်ရှိတယ် ဆိုတဲ့အချက်ကို နေပြည်တော် တရားရုံးချုပ်က နိုဝင်ဘာ ၂၂ ရက် နေ့မှာ ပယ်ချခဲ့တာနဲ့ ပတ်သက်ပြီး
လာမဲ့ရက်ပိုင်းအတွင်း အယူခံဝင်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ရှေ့နေတွေ ဒီဇင်ဘာ ၁၃ ရက် ဒီကနေ့ တွေ့ဆုံ ဆွေနွေးခဲ့ကြောင်း သိရပါတယ် ။
(Photo: AFP)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ရပ်တည်ခွင့်အတွက် တရားရုံးသို့ တင်ပြ လျှောက်ထားသည့် အမှုနှင့် ပတ်သက်၍ ပါတီ အထွေထွေ အတွင်းရေးမှူး
ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးဉာဏ်ဝင်းတို့ နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့၊ ဗဟိုတရားရုံးချုပ်သို့ ရောက်ရှိလာပုံ ဖြစ်ပါသည်။ (Photo: AFP)
NLD ပါတီရပ်တည်ခွင့်အတွက် ဥပဒေကြောင်းအရ ဘယ်လို ဆက်လက်ရင်ဆိုင်မလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ဆွေးနွေးခဲ့ကြတယ်လို့ ဒီအမှုကို
လိုက်ပါ ဆောင်ရွက်နေတဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ် ။
“NLD ရပ်တည်ရေးအတွက် လိုက်ပါ ဆောင်ရွက်တဲ့ ရှေ့နေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးတော့ တိုင်ပင်တာက နေပြည်တော်ရုံးကနေပြီးတော့
ကျွန်တော်တို့ရဲ့ ပါတီရပ်တည်ခွင့် လျှောက်ထားမှုကို ပလပ်ခဲ့တယ်။ အဲဒီ ပလပ်တဲ့ အမိန့်ကို အယူခံ ဝင်ဖို့ အသေးစိတ် ဆွေးနွေးကြတယ်။ မကြာမီ တင်နိုင်အောင်
ကြိုးစားမယ်။”
“အခု စပြီးတော့ ကျွန်တော်တို့ အချက်အလက်တွေ၊ ဥပဒေ အချက်အလက်တွေ ညှိနှိုင်း ဆွေးနွေးကြတယ်။ NLD ဟာ ၈၈ ခု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း
ဥပဒေအရ မှတ်ပုံတင်ထားတယ်။ အဲဒီ ဥပဒေပါ ပြဋ္ဌာန်းချက်တွေ တခုမှ ညိစွန်းတာ မရှိခဲ့ဘူး။”
“အဲဒါကြောင့် NLD ပေါ်မှာ ၂၀၁၀ ပါတီ ဥပဒေနဲ့ အကျိုးသက်ရောက်မှု မရှိဘူးဆိုတာကို ကျွန်တော်တို့ စွဲဆိုခဲ့ပါတာပါ။”
NLD ပါတီရပ်တည်ခွင့်နဲ့ပတ်သက်လို့ နိုဝင်ဘာ၁၈ ရက်နေ့က နေပြည်တော်မှာ ကြားနာခဲ့ပြီး၊ NLD ပါတီတရားဝင်အဖြစ် ဆက်ရှိနေဆဲပဲ ဆိုတဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှောက်ထားချက်ကို စစ်အစိုးရက နိုဝင်ဘာ ၂၂ ရက်နေ့မှာ ပယ်ချခဲ့ပါတယ်။
NLD ပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံနိုင်တာကြောင့် ၂၀၁၀ ရွေးကောက်ပွဲ မကျင်းပခင်တုန်းက ပါတီကို ပြန်လည်မှတ်ပုံတင်ခြင်း မရှိခဲ့သလို၊
၁၉၈၈ခုနှစ်မှာ NLD ပါတီကို မှတ်ပုံတင်ခဲ့တာဟာ အခုအချိန်ထိ ပျက်ပြယ်ခြင်း မရှိသေးဘူးလို့ မှတ်ယူပြီး စစ်အစိုးရကို အခုလို ဥပဒေကြောင်းအရ ပြန်လည်
တရားရင်ဆိုင်နေတာ ဖြစ်ပါတယ် ။

အောင်လံမှ သိမ်းဆည်းခံလယ်ယာမြေ ပြန်မရသေး၍ အိုင်အယ်အိုကို ထပ်မံတိုင်ကြား။


2010-12-13
၂၀၀၇ ခုနှစ်ကတည်းက သိမ်းဆည်းခံထားရတဲ့ အောင်လံက လယ်သမား ၁၀ ဦးရဲ့ လယ်ယာမြေတွေကို ဒီကနေ့ထိ ပြန်မရသေးတဲ့အတွက် အိုင်အယ်အို အနေနဲ့
မြန်မာစစ်အစိုးရအာဏာပိုင်တွေနဲ့ ထပ်မံညှိနှိုင်း ဆောင်ရွက်ပေးဖို့ အောင်လံသမားတွေက ဒီဇင်ဘာ ၁၃ ရက် ဒီကနေ့ ရန်ကုန် အိုင်အယ်အိုရုံးမှာ
တိုင်ကြားလိုက်ပါတယ်။

(Photo: AFP)
စစ်အစိုးရ၏ သကြားစက်အတွက် တောင်သူများကို အဓမ္မ ကြံစိုက်ခိုင်းပြီး မစိုက်သူများ၏ လယ်ယာမြေများကို ဘူဒိုဇာဖြင့် ထိုးကော် ဖျက်ဆီးသဖြင့် နိုင်ငံတကာ
အလုပ်သမား အဖွဲ့ချုပ် (ILO) ကို တိုင်ကြားခြင်း ဖြစ်သည်။ (Photo: AFP)
ဒီကနေ့ နေ့လည် ၁ နာရီလောက်က အောင်လံ လယ်သိမ်းခံ လယ်သမား ၁၀ ဦးရဲ့ ကိုယ်စား လယ်သမား ဦးသန်းစိုးက ရန်ကုန် အိုင်အယ်အိုရုံးကို လာရောက်ပြီး
အိုင်အယ်အို အရာရှိ မစ္စတာ စတိဗ် မာရှယ်ကို တွေ့ဆုံ အကူအညီ တောင်းခံခဲ့ပါတယ်။
မြန်မာစစ်အစိုးရနဲ့ အိုင်အယ်အိုအကြား နားလည်မှု စာချွန်လွှာကို နှစ်စဉ် သက်တမ်းတိုး သဘောတူ ထားပေမဲ့ စစ်အစိုးရအာဏာပိုင်တွေက လိုက်နာခြင်း
မရှိတဲ့အတွက် အဓမ္မခိုင်းစေမှုတွေ ဆက်ခံနေရသလို လယ်ယာမြေတွေလည်း ဆုံးရှုံးနေရဆဲ ဖြစ်တယ်လို့ ဦးသန်းစိုးက ပြောဆိုခဲ့ပါတယ်။
“ILO နဲ့ အစိုးရနဲ့ နားလည်မှု စာချွန်လွှာတွေကို တနှစ်ပြီး တနှစ် ချုပ်ဆိုခဲ့ပေမဲ့ ဆုံးဖြတ်ချက်တွေကိုတောင်မှ ဒီနေ့ထက်ထိ ကျွန်တော်တို့ ဘာမှ ခံစားခွင့် မရဘူး၊
ကျွန်တော်တို့ အဓမ္မ ခိုင်းစေခံရတယ်၊ ကျွန်တော်တို့ လယ်ယာမြေတွေကို ငြင်းဆန်တဲ့အတွက် ပြစ်ဒဏ်အဖြစ် အသိမ်းခံရတယ်။ ဒါတွေဟာလည်းပဲ အစိုးရနဲ့ ILO
နဲ့ကြားမှာ ညှိနှိုင်းဆုံးဖြတ် ပြီးပါလျက်နဲ့ ကျွန်တော်တို့ ဒီနေ့ထက်ထိ ဆုံးရှုံးနေဆဲပဲ။ ကျွန်တော်တို့ ဘဝတွေဟာ လယ်မဲ့ယာမဲ့ ဖြစ်နေဆဲပဲ။”
၂၀၀၇ ခုနှစ်က အမှတ် ၅ သကြားစက်ရုံမှူးနဲ့ မြိုနယ် မယက ဥက္ကဋ္ဌတို့ကနေ ဦးသန်းစိုးအပါအဝင် လယ်သမား ၁၀ ဦးထံကနေ စီမံကိန်းသီးနှံ ကြံ စိုက်ပျိုးခိုင်းတာကို
မစိုက်တဲ့အတွက်ဆိုကာ လယ်ယာမြေဧက ၇၀ ကျော်ကို သိမ်းယူပီး အခြားလုပ်ငန်းရှင်တွေကို ပေးအပ်ခဲ့ပါတယ်။
ဒီအမှုကိစ္စကို ၂၀၀၈ ခုနှစ်မှာ အိုင်အယ်အို တိုင်ကြားခဲ့တဲ့အတွက် အိုင်အယ်အို အရာရှိ မစ္စတာ စတိဗ် မာရှယ်နဲ့ မြန်မာစစ်အစိုးရ အရာရှိ ဗိုလ်မှူးကြီး
ယုနွယ်အောင်တို့ ဆွေးနွေးသဘောတူချက်အရ လယ်ယာမြေတွေကို လယ်သမားတွေထံ ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ ဒီဆုံးဖြတ်ချက်ကို အောက်ခြေမြို့နယ်နဲ့ ခရိုင်အဆင့် အာဏာပိုင်တွေက ဒီကနေ့အထိ လိုက်နာ အကောင်အထည် ဖော်ခြင်း မရှိတဲ့အတွက် အခုအထိ
လယ်ယာမြေတွေ ပြန်မရသေးပဲ ဆုံးရှုံးနေရတဲ့အတွက် အခုလို အိုင်အယ်အိုကို ထပ်မံ အကူအညီ တောင်းခံရတာ ဖြစ်ကြောင်း ဦးသန်းစိုးက ပြောဆိုခဲ့ပါတယ်။

လက်ပြတ်သည့် လုပ်သားအတွက် လျော်ကြေးနည်း၍ တိုင်ကြား


2010-12-13
ရွှေပြည်သာစက်မှုဇုံ ရွှေဂဏန်း ပလပ်စတစ် စက်ရုံမှာ အလုပ်လုပ်ကိုင်နေရင်း စက်ညပ်ပြီး ညာဖက်လက်ပြတ် သွားတဲ့ အလုပ်သမားအတွက် စက်ရုံပိုင်ရှင်တွေက
နစ်နာကြေးပေးရာမှာ အလွန်နည်းတာကြောင့် ဒီဇင်ဘာ ၁၃ ရက် ဒီကနေ့မှာ ပဲ စစ်အစိုးရအလုပ်သမားဝန်ကြီးဌာနနဲ့ အိုင်အယ်အို အလုပ်သမားအဖွဲ့ချုပ်ကြီးကို
တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။
အသက် ၂၃ နှစ်အရွယ် ကရင်တိုင်းရင်းသား ကိုစောဒေးဗစ်ထွန်းဟာ ရွှေပြည်သာ စက်မှု ဇုံ ၄ မှာ ရှိတဲ့ အလုပ်ရှင် ဒေါ်မြမြဝင်းပိုင် ရွှေဂဏန်း ကော်စေ့စက်ရုံမှာ
အလုပ်လုပ်ကိုင်နေရင်း စက်ညပ်တဲ့အတွက် ညာဖက်လက် ပြတ်သွားခဲ့တာကြောင့် ဥပဒေအရ လျော်ကြေးတောင်းခဲ့ရာမှာ အလုပ်သမားကော်မတီနဲ့
အလုပ်ရှင်တွေ ပူးပေါင်းပြီး လျော်ကြေးငွေ နည်းနည်းပဲပေးတာကို မကျေနပ်တဲ့အတွက် တိုင်တန်းရတာ ဖြစ်ကြောင်း ဒီကိစ္စမှာ လိုက်လံ ဆောင်ရွက်ပေးနေတဲ့
စမ်းချောင်းမြို့နယ် အန်အယ်ဒီ ဥက္ကဋ္ဌ ဦးသက်ဝေက အခုလို ပြောပါတယ်။
“လုပ်ငန်းခွင်မှာ လုပ်နေရင်းနဲ့ စက်ထဲမှာ လက်ပါသွားပြီးတော့ ညာဖက်လက် ပြတ်သွားတာပေါ့ဗျာ။ အဲဒါနဲ့ ပတ်သက်လို့ ဒီ အလုပ်ရှင်ကနေပြီးတော့ လျော်ကြေး
ပေးတာက မတန်တဆ လျော်ကြေး နည်းနည်းပါးပါးပဲ ပေးတာ။ အဲဒီအတွက်နဲ့ ပတ်သက်လို့ မကျေနပ်လို့ သူတို့ ဒီ ILO ရုံးကို လာပြီး တိုင်တာပေါ့ဗျာ။
အလုပ်သမား ဝန်ကြီးဌာနကိုလည်း တိုင်တယ်၊ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ချစ်စိနှ်ဆီကိုလည်း တိုင်မှာပေါ့။”
ဥပဒေနဲ့အညီ အလုပ်သမားတဦးရဲ့ ခံစားခွင့်အရ နစ်နာသူအလုပ်သမားဟာ အသက် ၂၃ နှစ်သာ ရှိသေးတဲ့ အတွက်အသက် ၆၀ အထိ ကျန်ရှိနေတဲ့ နှစ်တွေမှာ
ရရှိခံစားရမဲ့ လုပ်ခလစာရဲ့ သုံးပုံတပုံကို တွက်ချက် တောင်းဆိုခဲ့ကြောင်း။ ရှေ့နေတွေရဲ့ ပြောဆိုချက်နဲ့အညီ ဥပဒေအရ ခံစားခွင့် ရှိတဲ့ ပမာဏအတိုင်း သိန်း ၇၀
လျော်ကြေးပေးဖို့ တောင်းဆိုခဲ့ပေမဲ့ အလုပ်ရှင်နဲ့ အလုပ်သမား ကော်မတီက ၈ သိန်းနဲ့ပဲ ကျေနပ်ဖို့ ဖိအားပေး လာတဲ့အတွက် မကျေနပ်တာကြောင့် အခုလို
တိုင်တန်းရတာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ်အတွင်း ILO တိုင်ကြားမှုပေါင်း ၃၀၀ ကျော်ရှိ


2010-12-13
ရန်ကုန်မြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ရုံးခွဲကို တိုင်ကြားခဲ့တဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေမှုနဲ့ အရွယ်မရောက်သေးတဲ့
ကလေးသူငယ် စစ်မှုထမ်းခိုင်းမှု စတဲ့ တိုင်ကြားမှုပေါင်းဟာ ၂၀၁၀ ပြည့်နှစ်အတွင်း ၃၀၈ မှု ရှိတယ်လို့ သိရပါတယ်။

(Photo: AFP)
ကလေးစစ်သားအဖြစ် အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံရစဉ် အသက် ၁၆ နှစ် မပြည့်သေးသော မောင်ဆန်းဦးအား ၂၀ဝ၇ ခုနှစ် ဇူလိုင် ၁၇ ရက်က စစ်ဝတ်စုံဖြင့်
သေနတ်ထမ်းလျက် ရိုက်ကူးထားသော ဓာတ်ပုံ ဖြစ်ပါသည်။ ၎င်း၏ အမှုကိုလည်း ILO သို့ တိုင်ကြားထားသည်။ (Photo: RFA)
ဒါဟာ မြန်မာနိုင်ငံအတွင်း ILO တိုင်ကြားမှု အများဆုံး စံချိန်တင်တဲ့ စာရင်းပါလို့ ရန်ကုန် အခြေစိုက် ILO ဆက်ဆံရေးအရာရှိ Steve Marshall က ဒီဇင်ဘာ ၁၃
ရက် ဒီကနေ့ RFA ကို ပြောကြားပါတယ်။ စတင်ခဲ့တဲ့ နှစ်က စရေရင် ဒီကနေ့ အထိ တိုင်ကြားမှု စုစုပေါင်း ၅၆၀ နီးပါး ရှိသွားပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်းမှာ ILO တိုင်တန်းမှုတွေဟာ တစတစ တိုးပွားလာနေတာ တွေ့ရပါတယ်လို့ Mr. Marshall က ပြောသွားပါတယ်။ ဒီအရေအတွက်ထဲက ၃၀၀
ကျော်ဟာ ၂၀၁၀ ဇန်နဝါရီလကစပြီး အခု ဒီဇင်ဘာ ပထမပတ်အတွင်း တိုင်ကြားမှု အရေအတွက် ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ILO ရုံးခွဲ စတင်ဖွင့်ခဲ့တဲ့ ၂၀၀၂ ခုကပြီး
၈ နှစ်အတွင်း အများဆုံး အရေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို တိုင်ကြားမှု များလာတာဟာ မေလက စတင်ခဲ့တဲ့ အသိပညာပေးစာစောင် ဖြန့်ဝေတဲ့ ရလဒ် ဖြစ်ပြီး ပြည်သူတွေဟာ အဓမ္မလုပ်အားပေး ခိုင်းစေမှု၊
ကလေးသူငယ် စစ်မှုထမ်းခိုင်းစေမှုတွေမှာ စိုးရိမ်မှုမရှိပဲ တိုင်ကြားလာကြတယ်လို့လည်း ဆိုပါတယ်။
ပထမဆုံးနှစ်ဖြစ်တဲ့ ၂၀၀၂ ခုနှစ်က ILO ကို တိုင်ကြားမှု တနှစ်တာ အတွင်း အမှု ၆၀ သာ ရှိခဲ့ပြီး ၂၀၀၉ ခုနှစ်အထိ တိုင်ကြားမှု စုစုပေါင်း ၂၀၀ ကျော်သာ
ရှိခဲ့တယ်လို့ သိရပါတယ်။ တိုင်ကြားမှုပမာဏ တိုးလာပေမဲ့ အဓမ္မ လုပ်အားပေးခိုင်းစေမှု၊ ကလေးစစ်သား စုဆောင်းမှု၊ ပေါ်တာ အဖြစ် အတင်းအကျပ် ခိုင်းစေမှုစတဲ့
ပြဿနာတွေကတော့ ရှိနေဆဲလို့လည်း သိရပါတယ်။

Wikileaks ဖော်ပြချက် NLD အတွက် အရေးမကြီးကြောင်း ဦးတင်ဦး ပြောဆို


2010-12-13
၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ်တုန်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာ ဦးဆောင်သူတွေရဲ့အခန်းကဏ္ဍ အပေါ် အမေရိကန်သံအရာရှိတွေကြား ဝေဖန်မှုတွေ ရှိခဲ့တာကို
Wikileaks အင်တာနက် စာမျက်နှာမှာ ဖော်ပြခဲ့တာနဲ့ ပတ်သက်လို့ ဒီလို ဖော်ပြတာဟာ NLD အဖွဲ့ချုပ်အတွက် အရေးတကြီး ကိစ္စမဟုတ်ကြောင်းနဲ့ အဲလို
အခြေအနေတွေ ဖြစ်ရတာဟာလည်း စစ်အစိုးရဖက်က ဖန်တီးထားလို့သာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောဆိုလိုက်ပါတယ်။
Photo Courtesy of demowaiyan.co.cc
္လ၂၀၁၀ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၆၅ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင်
ကျင်းပသည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။
“ဒါတွေ ပြန်ပြီး ဖော်ထုတ်တယ်ဆိုတာကတော့ ကျွန်တော်တို့အနေနဲ့က ဒါ သိပ်ပြီးတော့ ရေးကြီးခွင့်ကျယ် ဖြစ်လှတယ်လို့ ကျွန်တော် မထင်ပါဘူးခင်ဗျ။
အဲဒီအချိန်အခါကဗျာ၊ ကျွန်တော်တို့ရော၊ ဒေါ်အောင်ဆန်းစုကြည်တို့ရော၊ ဦးဝင်းတင်တို့ကလည်း အချုပ်ထောင်ထဲမှာ ရှိကြတယ်။ ပြီးတော့ အလယ်အလတ်ပိုင်း
လုပ်နိုင်မဲ့လူတွေအားလုံးကလည်း အကျဉ်းထောင်ထဲမှာဗျာ။”
“အဲဒီတော့ ကျန်တာ အသက်အရွယ်ကြီးကြီးနဲ့ ပုဂ္ဂိုလ်တွေ ကျန်တယ်။ နောက်ပြီးတော့ လူငယ်ထဲက လုပ်နိုင်တဲ့အတိုင်းအတာတွေကလည်း
အကျဉ်းထောင်ထဲမှာဗျာ။ ကျန်တဲ့လူတွေနဲ့ပဲ နေရတယ်။ ဆိုတော့ သူတို့ခမျာ၊ အားလုံးကလည်း ဆက်လက်ပြီးတော့ ဒီ NLD ကြီးကို ရပ်တည်သွားနိုင်အောင်
သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ ဆောင်ရွက်သွားတဲ့ အပိုင်းတွေမှာ လျော့တာဖြစ်ရင် ဒါတွေနဲ့ ပတ်သက်လို့ ကျွန်တော်တို့ကတော့ အခြေအနေအရ၊
အတိုင်းအတာအရ၊ ဒီလို ဖြစ်ကြရတာ ဖြစ်ရစမြဲပဲဆိုတဲ့ ကျွန်တော် မြင်ပါတယ်။ နောက်တခုက ဒီလို လုပ်ငန်းကိစ္စ အဝဝ ဖြစ်အောင်လုပ်တဲ့ တရားခံက
ဘယ်သူလဲဆိုတာ သိတာပေါ့ဗျ။ ဟိုဖက်က အကြောင်းရှိလို့ အကျိုးဖြစ်တာပါ။”
အဲဒီ ၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ်တွေထဲမှာ လူထုကြားထဲ နိုင်ငံရေး ပြန်လည်နိုးကြားပြီး ဒီမိုကရေစီလှုပ်ရှားမှု ပြန်လည် အားကောင်းလာအောင် ကြိုးပမ်းခဲ့ကြတဲ့
အင်အားစုတွေရဲ့ ဆွေးနွေးမှုတွေကို အဲဒီအချိန်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က “အန်ကယ်ကြီး” တွေဟာ အကြိမ်ကြိမ် ငြင်းဆန်ခဲ့တယ်လို့ အမေရိကန်
သံအရာရှိတွေကြားမှာ လျှို့ဝှက်ပေးပို့တဲ့ ကြေးနန်းအဖြစ် Wikileaks အင်တာနက် စာမျက်နှာမှာ ဖော်ပြထားသလို၊ အန်ကယ်ကြီးတွေရဲ့ ဦးဆောင်မှုအောက်က
NLD ပါတီဟာ အထက်အောက် ခွဲခြားမှု ကြီးမားပြီး တက်ကြွလွန်းသူလို့ ယူဆသူတွေကို အဖွဲ့ဝင်အဖြစ်က ထုတ်ပစ်လေ့ ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါနဲ့ပတ်သက်လို့လည်း အဲဒီတုန်းက နုတ်ထွက်ခဲ့တဲ့ အောက်မြန်မာနိုင်ငံ NLD လူငယ်လုပ်ငန်း ဖော်ဆောင်ရေး တာဝန်ခံအဖြစ် တာဝန်ယူခဲ့သူ
နိုင်ငံရေးအကျဉ်းသားဟောင်း ကိုခင်ထွန်းက အခုလို ပြောပါတယ်။
“အဲဒီတုန်းက အဖွဲ့ချုပ်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ ဦးအောင်ရွှေရဲ့ သဘောထားဟာ သူဟာ ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့အတွက်
ဒေါ်အောင်ဆန်းစုကြည် လုပ်သလို ထက်ထက်မြက်မြက်တော့ သူမလုပ်နိုင်ဘူး။ အဲဒီတော့ သူက ပါတီ မပျက်ရေးကိုပဲ သွားမယ်လို့ ဆိုတဲ့အခါကျတော့ အစိုးရနဲ့
အဲလို အတိုက်အခံ ဖြစ်ပြီးတော့ ပါတီရဲ့ ရပ်တည်မှု ထိခိုက်နိုင်တဲ့ ကိစ္စမျိုးတွေကို သူရှောင်တဲ့အခါကျတော့ အခြား အင်အားစုတွေနဲ့ တက်ကြွတဲ့ အင်အားစုတွေ
ကြားမှာ အားမလို အားမရ ဖြစ်စရာတွေ ရှိခဲ့တာပေါ့ဗျာ။”
“တချို့ကတော့ လူငယ်တွေက တက်ကြွတဲ့ စိတ်နဲ့ လှုပ်ရှားတဲ့အခါမှာ တပ်ဦးကျွံသွားနိုင်တယ်လို့ သူတို့က ဒီလို သံသယ ရှိတယ်။ ဒါကြောင့်မို့လို့ လူငယ်တွေရဲ့
အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့လည်းပဲ ထိန်းချုပ်ထားတဲ့အခါကျတော့ ကျွန်တော်တို့ အဖွဲ့ချုပ် လူငယ်တွေက ထက်ထက်မြက်မြက်နဲ့ မဆောင်ရွက်နိုင်ခဲ့ဘူး။”
အဲဒီကာလက NLD ပါတီမှာ အသက်ကြီးရင့်နေသူတွေ ဦးဆောင်နေရတဲ့အတွက် တိုင်းရင်းသား အရေးတွေ ဆောင်ရွက်ဖို ၊့ ပြည်နယ်နဲ့တိုင်းကိစ္စတွေ
ဖော်ဆောင်ဖို့တွေမှာလည်း ပျက်ကွက်ခဲ့တယ်လို့ ကိုခင်ထွန်းက ပြောပါတယ်။
ဒါ့အပြင် ပါတီမပျက်ပြယ်ရေးမူ တခုတည်းပေါ်မှာ ရပ်တည်ထားတဲ့ ခေါင်းဆောင်တွေရဲ့ အောက်မှာ တက်ကြွ ထက်မြက်တဲ့ လူငယ်တွေ အနေနဲ့ လုပ်ပိုင်ခွင့်တွေ
ထိန်းချုပ် ခံထားရတဲ့အတွက် အခြား ၈၈ မျိုးဆက်ကျောင်းသားတွေလို သွက်သွက်လက်လက် မလှုပ်ရှားနိုင်ခဲ့ဘူးလို့လည်း ကိုခင်ထွန်းက သုံးသပ် ပြောဆိုပါတယ်။

စာပေနှင့် ကဗျာဆရာမကြီး ဒေါ်ကြည်အေး အသက် ၈၁ နှစ် ပြည့်ပြီ


2010-12-13
ဒီနေ့ ပညာခေတ်ကြီးမှာ ဘယ်စာပေ ဘယ်ပညာရပ်မဆို လူတိုင်း ဆည်းပူးနိုင်ပေမဲ့ အလှမ်းကျယ် အလယ်လတ် မဟုတ်ပဲ တဆင့်ချင်း လေ့လာ ဆည်းပူးရမယ်၊
မိမိကိုယ်မိမိနှိမ့်ချပြီး အချိန်ကို အကျိုးရှိရှိ အသုံးချတတ်ရမယ်လို့ မြန်မာစာပေလောကမှာ အထင်ရှားဆုံး အမျိုးသမီး စာရေးဆရာမတဦးအဖြစ် သတ်မှတ်ခံရတဲ့
စာရေးဆရာနဲ့ ကဗျာဆရာမကြီင်္းဖြစ်ပြီး ဒီနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ အသက် ၈၁ နှစ် ပြည့်သွားပြီဖြစ်တဲ့ ဒေါ်ကြည်အေးက ပြောလိုက်ပါတယ်၊

(Photo: RFA)
မြန်မာ အနုစာပေလောကတွင် ဂန္ထဝင် မှတ်တိုင်တခု စိုက်ထူထားသော စာရေးဆရာ၊ ကဗျာ ဆရာမကြီး ကြည်အေးသည် အမေရိကန် ပြည်ထောင်စု၊
ဗြိတိန်နိုင်ငံတို့တွင် ဆရာဝန်အဖြစ် အသက်မွေးခဲ့ပြီးနောက် ယခုအခါ နယူးယောက်မြို့တွင် နေထိုင်လျက်ရှိသည်။ (Photo: RFA)
အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ နေထိုင်နေတဲ့ ဆရာမ ဒေါ်ကြည်အေးက သူ့စာဖတ်ပရိသတ်နဲ့ လူငယ်တွေကို အဲဒီလို အမှာစကား ပါးလိုက်တာပါ။
“အသစ်ဆိုတာ ဗြုံးကနဲ ထပြီး ဖြစ်လာတာ မဟုတ်ဖူး။ ဟိုးရှေးရှေးကနေ တဖြည်းဖြည်း တက်လာပြီးတော့ ခုခေတ်ကို ရောက်လာတာ။ စာဖတ်တာလည်း အဲဒီလိုပဲ
ဟိုးရှေးရှေးကနေ စာကို ဖတ်ပြီးတော့ အခုခေတ်ကို ရောက်လာရမယ်။ အချိန်အများကြီး ပေးရမယ်၊ အများကြီး ဖတ်ရမယ်၊ အများကြီး လေ့လာရမယ်။ အချိန်ဟာ
သိပ် အဖိုးတန်တယ်။ အဲဒီတော့ စာဖတ်ရမယ်၊ လေ့လာရမယ်။ နောက်ပြီးတော့ နှိမ်ချတဲ့စိတ် ရှိရမယ်။ Humble ကိုယ်က တပည့်ခံရတာ ဘာမှ
ကြောက်စရာမရှိဘူး။”
၁၉၄၇ ခုနှစ်မှာ ထုတ်ဝေတဲ့ တာရာမဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၄ မှာ အဲဒီတုန်းက အသက် ၁၈ နှစ်ရွယ် ဒေါ်ကြည်အေးရဲ့ ‘ထိုည’ ဝတ္ထုတို ပထမဆုံး
ပုံနှိပ်ဖော်ပြခဲ့ပါတယ်၊ သူ့စာ သူ့ ကဗျာတွေဟာ အတွေး အရေး ဆန်းသစ်ပြီး ရေးဟန်ကလည်း ရဲ၊ တီလည်း တီထွင်တဲ့အတွက် ဖြစ်တည်မှုပဓာနဝါဒ ဆန်တဲ့
စာရေးဆရာ အဖြစ် ကျော်ကြားခဲ့ပါတယ်။
ဆရာမကြီးရဲ့ ကဗျာတွေထဲ ၁၉၄၉ ခုနှစ်ထုတ် တာရာမဂ္ဂဇင်းအတွဲ ၃ အမှတ် ၂၀ ပါ တစ္ဆေကဗျာကို ခုထိ လူကြိုက်များပြီး နွမ်းလျအိမ်ပြန်၊ မောင် ကိုကိုနှင့် မြနန္ဒာ၊
မေတ္တာမီးအိမ်၊ အပြင်ကလူနဲ့ ကြည်အေး၏ ကဗျာများ စာအုပ်တွေဟာ ထင်ရှားပါတယ်။
ဒေါ်ကြည်အေးဟာ မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ၁၉၇၂ ခုနှစ်က ရောက်ရှိခဲ့ပါတယ်။ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေမှာ ဆရာဝန်အဖြစ်
လုပ်ကိုင်ခဲ့ပြီး လန်ဒန်မှာ ကလေး စိတ်ရောဂါအထူးကု ဆရာဝန်အဖြစ် လုပ်ကိုင်ရာက အငြိမ်းစားယူခဲ့ပါတယ်။
ခုတော့ ဆရာမကြီးဟာ သမီးတွေနဲ့ နယူးယောက်မှာ ကျန်းကျန်းမာမာနဲ့ နေထိုင်နေပါတယ်။
ဆရာမကြီးဟာ စာတွေဖတ် ပန်းချီတွေ ဆွဲနေတုန်းပါ။
မြန်မာစာပေသမိုင်းမှာ ချန်လှပ်ထားလို့ မရတဲ့ ဆရာမကြီး ဒေါ်ကြည်အေးကို RFA မှ ဒေါ်စမ်းစမ်းတင်က ဆက်သွယ် မေးမြန်းထားပါတယ်။

မြန်မာ့ဒီမိုကရေစီရေးမှာ ကမာလူငယ်များ ကူညီဖို့ ဒေါ်အောင်ဆန်းစုကြည် ပန်ကြား


2010-12-13
တောင်အာဖရိနိုင်ငံ ပရီတိုးရီးယားမြို့မှာ ကျင်းပနေတဲ့ ၁၇ ကြိမ်မြောက် နိုင်ငံတကာ ကျောင်းသား လူငယ်ပွဲတော် ဖွင့်ပွဲ အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ ဒီမိုကရေစီရေးကို ကူညီဖို့ ကမာ့လူငယ်ထုကို ပထမဦးဆုံးအကြိမ် ဗီဒီယိုမိန့်ခွန်းကတဆင့် ပန်ကြားလိုက်ပါတယ်။

(Photo: AFP)
‘ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ...’ ဟူသော စာတမ်းပါ တီရှပ်ဆင်တူ ဝတ်ဆင်၍ နိုဝင်ဘာ ၁၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင်
ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည်ဟု မျှော်လင့် စောင့်ဆိုင်းနေသူများ ဖြစ်ပါသည်။ (Photo: AFP)
ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ လူမှုအသွင်ကူးပြောင်းမှု စတာတွေ အားလုံးဟာ ကမာကြီးကို ပြုပြင်ပြောင်းလဲစေတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ ကျမတို့လည်း
မြန်မာပြည်ဆိုတဲ့ ကျမတို့ကမာကို ပြောင်းလဲချင်သလို လူငယ်တွေကလည်း သူတို့ရဲ့ကမာကို သူတို့ပြောင်းလဲချင်တာပါ။ ဒါပေမဲ့ အခုချိန်ထိ ဘယ်နေရာမှ
အပြောင်းအလဲ မဖြစ်သေးပါဘူး။ ဒါကြောင့်မို့လို့ အခြေခံတန်ဖိုးဖြစ်တဲ့ ငြိမ်းချမ်းရေးရဖို့ ဆောင်ရွက်တဲ့နေရာမှာ လူငယ်တွေနဲ့ ကျမတို့ နီးနီးကပ်ကပ် ပူးပေါင်း
ဆောင်ရွက်ချင်ပါတယ်။ မျိုးဆက်ကွာခြားမှုဆိုတဲ့ အားနည်းချက် မရှိသင့်ပါဘူး လူငယ်တွေအနေနဲ့လည်းကျမတို့ကို သူတို့ရဲ့သူငယ်ချင်း မိတ်ဆွေတွေလို
သဘောထားမယ်လို့ မျှော်လင့်ပါတယ်။ မြန်မာ ဒီမိုကရေစီ အသွင်ကူးပြောင်းဖို့အတွက် ကမာတဝန်းက လူငယ်တွေရဲ့ အကူအညီတွေကို ကျမတို့ အများကြီး
လိုအပ်ပါတယ်။ ဒီအတွက် ကျမတို့ဆီကို ဆက်သွယ်နိုင်မဲ့ နည်းလမ်းတွေ ရှာဖွေနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
နိုင်ငံတကာ လူငယ်ကျောင်းသားများ ပွဲတော်အခမ်းအနားကို မနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့ ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာ ၁၃ ရက်နေ့ကနေ ၂၁
ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပါတယ်။
ဒီပွဲတော်ကို လေးနှစ်တကြိမ် World Federation of Democratic Youth ကဦးစီးကျင်းပတာဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၁၃၅ နိုင်ငံက ကိုယ်စားလှယ်
သုံးသောင်းလောက် တက်ရောက်မယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံ ကိုယ်စားလှယ်အနေနဲ့ အိန္ဒိယအခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် ဥက္ကဋ္ဌ ရဲဘော်ကျော်သန်း တက်ရောက်နေပါတယ်။

ရခိုင်ဆရာတော်ကို ထောင်ဝင်စာတွေ့ခွင့်မရသေး
2010-12-12
မကွေးတိုင်း သရက်ထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ ဗုဒ္ဓဝိဟာရ ကျောင်းတိုက်က ဆရာတော် ဦးပညာစာရကို ပြီးခဲ့တဲ့
အောက်တိုဘာလက စလို့ မိသားစုဝင်တွေနဲ့ တပည့် ဒါယိကာတွေက ထောင်ဝင်စာတွေ့ခွင့် မရသေးဘူးလို့ သိရပါတယ်။

Photo: freedomburma.org
မဟာမုနိ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက် (စစ်တွေမြို့) ဆရာတော် အသျှင် ပညာစာရ။ (Photo: freedomburma.org)
ဆရာတော်ကို ရန်ကုန်မှာရှိတဲ့ ဆွေမျိုး သံဃာတော်တပါးက မကြာခင်က ထောင်ဝင်စာ သွားတွေ့ခဲ့ရာမှာ မိသားစု သန်းခေါင်စာရင်း မရှိတဲ့အတွက်
ထောင်အာဏာပိုင်တွေက တွေ့ခွင့် မပေးဘူးလို့ ဆရာတော်ရဲ့ ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။
“သွားတော့ တွေ့ပါတယ်။ ဒါပေမယ့် အိမ်ထောင်စုစာရင်းမှာ မပါဝင်တဲ့အတွက် ဆိုပြီး တွေ့ခွင့်မရဘူး။ ဆရာတော်ရဲ့တူ ရန်ကုန် သင်္ဃန်းကျွန်းကျောင်းမှာ နေတဲ့
ဦးပညာနန္ဒ၊ အဲဒီဆရာတော်က သွားတွေ့တာ။ ဘုန်းကြီးဆိုတော့ အိမ်ထောင်စုစာရင်းကတော့ ဘယ်ရှိပါ့မလဲ။ အဲဒါနဲ့ မတွေ့ဖြစ်သေးဘူးလို့ ကျမတို့ဆီကို
အကြောင်းကြားပါတယ်”

ရခိုင်သမိုင်းသုတေသီ ဆရာတော် ဦးပညာစာရကို နိုင်ငံရေး စာရွက်စာတမ်း တချို့နဲ့အတူ ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်း စစ်အစိုးရက ဖမ်းဆီးပြီး ပုဒ်မအမျိုးမျိုးနဲ့
ထောင်ဒဏ် ၈ နှစ်ကျော် ချမှတ်ထားတာ ဖြစ်ပါတယ်။ ဆရာတော်အတွက် အယူခံမှုကို ပြည်နယ်တရားရုံးက ပ,လပ်လိုက်တဲ့အတွက် နေပြည်တော်မှာရှိတဲ့
တရားရုံးချုပ်ကို မကြာခင် ပြင်ဆင်ချက် လျှောက်ထားဖို့ စီစဉ်နေတယ်လို့ ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

ကရင်ငြိမ်းချမ်းရေးတပ်သား ၆ ဦးအမှု တရားဥပဒေအရ တိုင်ကြားဖို့ပြင်


2010-12-12
ကရင်ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင် ၆ ဦးကို ဖမ်းဆီးသတ်ဖြတ်ဖို့ အမိန့်ပေးခဲ့ကြတဲ့ သက်ဆိုင်ရာ တိုင်းမှူး၊ တပ်မမှူးတွေကို အရေးယူပေးပို့နဲ့ 
ကျန်ရစ်သူမိသားစုကို လျော်ကြေးပေးဖို့ ကရင် ငြိမ်းချမ်းရေးကောင်စီက လာမယ့် သီတင်းပတ်အတွင်း စာရေး တောင်းဆိုမယ်လို့ ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်
ဗိုလ်မှူးချုပ် ဒေါက်တာ တင်မိုသီက RFA ကို ဒီကနေ့ ပြောပါတယ်။
“အရင် တိုင်းမှူးဟောင်း သက်နိုင်ဝင်းဆီ ကျနော်တို့ စာတင်တယ်လေ။ မဆီမဆိုင်တဲ့ အဖွဲ့ဝင်တွေကို သူတို့ ရက်ရက်စက်စက် သတ်တာ။ အဲဒါ ဒီ တိုင်းမှူးနဲ့
လုပ်တဲ့သူတွေကို အရေးယူပေးဖို့။ ကျနော် စာရင်းရလာတယ်ဗျ။ အခု အသစ်ရောက်လာတဲ့ တိုင်းမှူးမှာ တာဝန်ရှိတယ်။ နောက် တပ်မ (၄၄)၊ ခမရ (၆၁)
ခြေမြန်တပ်ရင်း၊ တပ်ရင်း (၂၃၀) အဲဒီ တိုက်ရိုက် ဝင်ပြီး ဟိုဟာပေးတဲ့လူက၊ တပ်ရင်းမှူး နာမည် ဗိုလ်မှူးကြီး သန့်ဇင်။ အဲဒီလူတွေမှာ တာဝန်ရှိတယ်။
အဲဒီလူတွေကို အရေးယူပေးဖို့ အရင် တိုင်းမှူးဟောင်း သက်နိုင်ဝင်းဆီ တင်မယ်”

တကယ်လို့ တလအတွင်း ဗိုလ်ချုပ်သက်နိုင်ဝင်းက အရေးယူ ဆောင်ရွက်ပေးဖို့ ပျက်ကွက်မယ်ဆိုရင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအထိ


တောင်းဆိုသွားမယ်လို့လည်း ဗိုလ်မှူးချုပ် စောတင်မိုသ်ီက ပြောပါတယ်။

ဗိုလ်ချုပ်ကြီး စောထိန်မောင် ဦးဆောင်တဲ့ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီက တပ်ဖွဲ့ဝင် ၆ ဦးကို စစ်အစိုးရတပ်တွေက ပြီးခဲ့တဲ့ လကုန်ပိုင်းအတွင်း
ကရင်ပြည်နယ် မြ၀တီခရိုင်အတွင်း ဖမ်းဆီး သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အဖွဲ့ဝင် ၆ ဦး အခုလို ဖမ်းဆီး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ ကရင်ငြိမ်းချမ်းရေးကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် စောတင်မိုသီကို RFA အဖွဲ့သား
ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဒုတိယပင်လုံနဲ့ တပ်မတော်အခန်းကဏ္ဍ သဘောပေါက်လွဲနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


2010-12-12
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ပြုလုပ်ဖို့ ပြင်နေတဲ့ ၂၁ ရာစု ဒုတိယ ပင်လုံညီလာခံ သဘောထားနဲ့ ပတ်သက်လို့
အများက သဘောပေါက်နားလည်မှု လွဲနေကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

(Photo: AFP)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပါတီတာဝန်များကို ပြန်လည်စတင်သော နိုဝင်ဘာ ၁၅ ရက်က ဌာနချုပ်ရုံးတွင်
သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
မနေ့က နေ့လယ်ခင်းက ပြုလုပ်ခဲ့တဲ့ ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၁၆ ဖွဲ့နဲ့ တယ်လီဖုန်းကတဆင့် တိုက်ရိုက်
မေးမြန်းဆွေးနွေးခန်းမှာ ဒုတိယပင်လုံ သဘောထားရပ်တည်ချက်၊ တပ်မတော်အခန်းကဏ္ဍ စတာတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို
ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

“ဒီ ဒုတိယပင်လုံ ကိစ္စကို စပြီးတော့ လုပ်နေပါတယ်။ စပြီးတော့ လုပ်တဲ့အခါမှာ အန်တီတို့ရဲ့ ရည်ရွယ်ချက်ကို ထင်ရှားအောင်လို့ ပထမဦးဆုံး လုပ်ရမှာပါ။
စောစောက ပြောခဲ့သလိုပဲ ဒုတိယပင်လုံအတွက် အကြီးဆုံး ပြဿနာက နားလည်မှု လွဲမှားနေခြင်းပဲ။ ဒုတိယပင်လုံကို ဒါ သက်သက်စိမ်ခေါ်တာ၊ ဒါဟာ
ထိပ်တိုက်ရင်ဆိုင်မှု လမ်းကို သွားတာ၊ အဲဒီလိုမျိုးတွေ ပြောနေတာကို အန်တီတို့က ဒါ မဟုတ်ပါဘူးလို့ သေချာ ရှင်းလင်းအောင်လို့ လုပ်ရမှာ ဒါ ပထမခြေလှမ်း
ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီ ဒုတိယပင်လုံ၊ ၂၁ ရာစုနှစ် ပင်လုံ ဆိုတာဟာ စင်ပြိုင်အစိုးရလည်း မဟုတ်ဘူး၊ စင်ပြိုင်လွှတ်တော်လည်း မဟုတ်ဘူး၊
စင်ပြိုင်ညီလာခံလည်း မဟုတ်ဘူး၊ စင်ပြိုင် ဘာမှ မဟုတ်ဘူး။ တကယ်တော့ အမျိုးသား ရင်ကြားစေ့ရေးအတွက် အထောက်အကူ ဖြစ်မယ့် စုစည်းမှုတခု
ဖြစ်တယ်ဆိုတာကို တပ်မတော်ကရော၊ တခြား အစုအဖွဲ့တွေကရော နားလည်အောင် အန်တီတို့ ကြိုးစားရမှာ ဒါက ပထမအဆင့်ပါ။ အဲဒီလို နားလည်မှု
ရသွားပြီဆိုမှ ပူးပေါင်းဆောင်ရွက်မှု အတွက် အန်တို့ ဆက်ပြီး ကြိုးစားရမှာပါ”

ဒီအစီအစဉ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဆရာကြီး ဦးဝင်းတင်ကိုလည်း ဆက်သွယ်မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ နယ်စပ်မှာ ထွက်ပြေးနေရတဲ့ တိုင်းရင်းသားတွေရဲ့ လက်ရှိ အခြေအနေအပေါ် ဘယ်လို ကူညီ ဖြေရှင်းနိုင်မလဲ၊ နယ်စပ်က လက်နက်ကိုင်ပဋိပက္ခ
အကြောင်းနဲ့ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ပြုလုပ်နိုင်ဖို့ အခြေအနေ ရှိမရှိ စတာတွေကို အဓိကထား မေးမြန်ခဲ့ကြပါတယ်။ အဲဒီနောက် ပြည်ပရောက် ဒီမိုကရေစီ
အင်အားစုတွေအကြား သဘောထားကွဲလွဲပြီး အဖွဲ့အစည်း ကွဲတာတွေနဲ့ ပတ်သက်လို့ မေးမြန်းတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေး
ပြောကြားခဲ့ပါတယ်။
“ကိုယ် လုပ်နေတဲ့အလုပ်ကို ကိုယ်အောင်မြင်အောင် လုပ်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ရှိရင် အခက်အခဲတွေကို အကွဲအပြဲ မရှိဘဲနဲ့ ကျော်လွှားနိုင်ပါတယ်။
အန်တီတို့ဆိုရင်လည်း အန်တီတို့အဖွဲ့ထဲမှာ အကွဲအပြဲတွေကို ကျော်လွှားခဲ့ရတာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ အန်တီတို့က ကွဲချင်ပြဲချင်လို့ မဟုတ်ဘူး၊
ဒါကြောင့်မို့လို့ အဲန်အယ်လ်ဒီဟာ အခုထက်ထိ နိုင်ငံရေးအင်အားစုကြီး တခုအနေနဲ့ ရပ်တည်နိုင်တာပေါ့။ ဒါပေမယ့်လည်း ကွဲသွားပြဲသွားချင်တဲ့ လူတွေကလည်း
ရှိတာကိုး။ အဲဒီတော့ ကွဲတယ်ပြဲတယ် ဆိုတာ နှစ်ဦးနှစ်ဘက်နဲ့ ဆိုင်တယ်။ အန်တီတို့ကတော့ ဆက်ပြီး ကြိုးစားသွားမှာပဲ”

ဒီ လန်ဒန်ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် RFA သတင်းထောက် မအေးနှင်းညို သတင်း ပေးပို့ထားတာကိုလည်း အပြည့်အစုံ
နားဆင်နိုင်ပါတယ်။


င်




ပို့


က
်။


ံဖို
င်

ူရ
န်

နိုင်ငံခြားမှ ၀ယ်ယူသည့် ပစ္စည်းများ အခွန်နှစ်ထပ် ကောက်ခံမည်


2010-12-12
လာမယ့် ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စပြီး မြန်မာနိုင်ငံသားတွေ နိုင်ငံခြားက ၀ယ်ယူခဲ့တဲ့ပစ္စည်း တွေအပေါ် နှစ်ထပ်ခွန် ကောက်ယူတော့မယ်လို့
စစ်အစိုးရ ပြည်တွင်းအခွန်များ ဦးစီးဌာနက ဒီဇင်ဘာ ဒုတိယပတ်က ထုတ်ပြန် ကြေညာပါတယ်။
ကြေညာချက်အရ နိုင်ငံခြားက ၀ယ်ယူခဲ့တဲ့ ပစ္စည်းဟာ ကျပ်ငွေ သုံးသိန်းဖိုးထက် ကျော်လွန်ရင် အခွန်ဆောင်ပြီးသည် ဖြစ်စေ၊ မဆောင်ရသေးသည် ဖြစ်စေ
ပြည်တွင်း အခွန်ဦးစီးဌာနကို ၀ယ်ယူခွန် ၃ ဒဿမ ၅ ရာခိုင်နှုန်း ပေးဆောင်ရမယ်လို့ သိရပါတယ်။ နိုင်ငံခြားငွေနဲ့ ငွေပေးချေခဲ့ရင် နိုင်ငံခြားငွေ
ပေးဆောင်ရမယ်လို့လည်း ဖော်ပြထားပါတယ်။

အခုလို စီးပွာေးရး ကျဆင်းနေတဲ့အချိန်မှာ နိုင်ငံခြားက သွင်းကုန်တွေအပေါ် အခွန်နှစ်ထပ် ကောက်တာဟာ ဆေးဝါးလို နိုင်ငံခြားက သွင်းလာတဲ့ ပစ္စည်းတွေ
ဈေးကြီးလာစေနိုင်တာက လွဲပြီး ဘာအကျိုးမှ မရှိကြောင်း ပြည်တွင်း လုပ်ငန်းရှင်တဦးက ပြောပါတယ်။

ပြည်တွင်း အခွန်ဦးစီးဌာနရဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ တနှစ် ပျမ်းမျှငွေ ကျပ် ဘီလီယံ ၉၀၀ အခွန် ကောက်ခံရရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ နျူကလီးယား အစီအစဉ်မရှိကြောင်း ထိုင်းပြောကြား


2010-12-12
Wikileaks ပေါက်ကြားခဲ့သလို မြန်မာ နိုင်ငံဟာ မြောက်ကိုရီးယားအကူအညီ နဲ့ နျူကလီးယား အစီအစဉ် ဖော်ဆောင် နေတယ်ဆိုတာ မဟုတ်မှန်ဘူးလို့ ထိုင်း
ဝန်ကြီးချုပ် အဖိဆစ်က စနေနေ့က ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။

Photo: AFP
ထိုင်းနိုင်ငံ၊ ဟွာဟင်းမြို့တွင် ကျင်းပသော ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ၂၀၀၉ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့က မြန်မာစစ်အစိုးရ
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် (ဝဲ) အား ထိုင်းဝန်ကြီးချုပ် အဘီဆစ် (ယာ) က လက်ဆွဲ နှုတ်ဆက်နေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်တယ်၊ ဒါမှမဟုတ် ထုတ်လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် အထောက်အထား မရှိကြောင်း၊ အာဆီယံ
အရှေ့တောင်အာရှနိုင်ငံများ အသင်းရဲ့ ဘယ်အဖွဲ့ဝင်နိုင်ငံမှ နျူကလီးယားလက်နက် ပိုင်ဆိုင်ရေးဆိုတဲ့ ရည်မှန်းချက် မရှိကြောင်း၊ အာဆီယံဒေသကို နျူကလီးယား
ကင်းလွတ်တဲ့နေရာအဖြစ် တွေ့မြင်လိုတယ်လို့ မြန်မာအစိုးရက အာဆီယံ-အမေရိကန် ထိပ်သီး ညီလာခံတခုမှာ ပြောကြားခဲ့တာ သူ အမှတ်ရကြောင်း
ထိုင်းဝန်ကြီးချုပ် အဖိဆစ်က ပြောပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံဟာ နိုင်ငံ လုံခြုံရေးအတွက် အိမ်နီးချင်းနိုင်ငံတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နေတယ်လို့လည်း မစ္စတာ အဖိဆစ်က ထုတ်ဖော်ပြောဆိုပါတယ်။

ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ လျှို့ဝှက် ကြေးနန်းတစောင်မှာ နျူကလီးယား အဆောက်အဦ ဆောက်လုပ်ဖို့အတွက် မြောက်ကိုရီးယား ပညာရှင်တွေက


ကူညီနေတယ်ဆိုတဲ့ မြန်မာအရာရှိတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး Wikileaks က ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံရေး အကျဉ်းသားများ
2010-12-11
ကိုးလေးလုံး လူထုလှုပ်ရှားမှုမှာ ပါဝင် တယ်ဆိုပြီး ၁၉၉၉ ခုနှစ် စက်တင်ဘာ လမှာ ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံ ခဲ့ရတဲ့ ပဲခူးမြို့ သနပ်ပင်ဇာတိ သံဃာ တော်
အရှင်နေမိန္ဒဟာ မော်လမြိုင် အကျဉ်းထောင်မှာ ဒီဇင်ဘာလ (၈) ရက်နေ့က ဘ၀နတ်ထံ ပျံလွန်တော်မူ သွားပါတယ်။

PHOTO: AFP
နာမည်ဆိုးနှင့် ကျော်ကြားသော မြန်မာနိုင်ငံ အင်းစိန်အကျဉ်းထောင်၏ အုတ်ရိုးအပြင်ဘက်တွင် အစောင့်တဦး လှည့်ပတ်စောင့်ကြည့်နေပုံ ဖြစ်ပါသည်။ (PHOTO:
AFP)
အဖမ်းဆီးခံရစဉ် စစ်ကြောရေးစခန်းမှာ ညှဉ်းပန်းနှိပ်စက်တာ ခံခဲ့ရပေမယ့် အရှင်နေမိန္ဒဟာ အကျဉ်းထောင်တွင်းမှာ ရဟန်းသံဃာ ဘ၀နဲ့ပဲ သိက္ခာပုဒ်ကို
ဆက်လက်စောင့်ထိန်းပြီး နေထိုင်ခဲ့တယ်လို့ ဆရာတော်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

မော်လမြိုင်အကျဉ်းထောင်မှာ အနာတွေပေါက်ပြီး ကျန်းမာရေး ချို့တဲ့လာပေမယ့် ထောင်အာဏာပိုင်တွေက အရှင်နေမိန္ဒကို ဆေးကုသခွင့်နဲ့ ကျန်းမာရေး


စောင့်ရှောက်မှုတွေ အလုံအလောက် မပေးခဲ့ဘူးလို့လည်း သိရပါတယ်။

ထောင်ဒဏ်ကျခံနေရချိန်မှာ အခုလို ပျံလွန်သွားတဲ့ အရှင်နေမိန္ဒနဲ့ ပတ်သက်လို့ RFA ၀ိုင်းတော်သား ကိုဥာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

ဝီကီလိခ် ပေါက်ကြားမှုနဲ့ မြန်မာ့နိုင်ငံရေး


2010-12-11
မြန်မာအတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ အကြား ညီညွတ်မှုမရှိတဲ့ အချက်ဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲ ပေါ်ပေါက်လာရေး အတွက်
အကြီးဆုံး အဟန့်အတားတခု ဖြစ်ကြောင်း WikiLeaks အင်တာနက်အဖွဲ့က ထုတ်ပြန်လိုက်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ရေးရာ လျှို့ဝှက်ကြေးနန်း
မှတ်တမ်းတခုမှာ ဖော်ပြထားပါတယ်။

Photo: AFP
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂမ်ဘာရီ (အလယ် ဝဲ) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို
အလုပ်အမှုဆောင် ကော်မတီဝင်များနှင့် ၂၀၀၈ ခုနှစ် ဩဂုတ်လ ၂၃ရက်နေ့က ရန်ကုန်မြို့တွင် တွေ့ဆုံသည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကို ရန်ကုန်မြို့ အမေရိကန်သံရုံး၊ နိုင်ငံရေးနဲ့ စီးပွားရေးဌာန တာဝန်ခံ Leslie Hayden ၂၀၀၈ ခုနှစ် ဇူလိုင်လ ၁၄ ရက် နေ့စွဲနဲ့
ပေးပို့တဲ့ ကြေးနန်းစာမှာ အဲဒီလို ဖော်ပြထားတာပါ။

၂၀၀၆ နဲ့ ၂၀၀၇ ခုနှစ် တွေအတွင်းက လူထုအကြားမှာ နိုင်ငံရေး ပြန်လည်နိုးကြားပြီး ဒီမိုကရေစီလှုပ်ရှားမှု ပြန်လည် အားကောင်းလာအောင် ကြိုးပမ်းခဲ့ကြတဲ့
အင်အားစုတွေရဲ့ ဆွေးနွေးမှုတွေကို အဲဒီအချိန်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က “အန်ကယ်ကြီး” တွေဟာ အကြိမ်ကြိမ် ငြင်းဆန်ခဲ့တယ်လို့
ဖော်ပြထားပါတယ်။ အန်ကယ်ကြီးတွေ ဦးဆောင်မှုအောက်က NLD ပါတီဟာ အထက်အောက် ခွဲခြားမှု ကြီးမားပြီး တက်ကြွလွန်သူလို့ ယူဆသူတွေကို
အဖွဲ့ဝင်အဖြစ်က ထုတ်ပယ်ပစ်လေ့ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒါ့ပြင် ရွေးကောက်ခံ အမတ်အများစုဟာလည်း မြန်မာပြည်သူတွေရဲ့ လူမှုရေးစီးပွားရေးနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု နည်းပါးကြတာကို တွေ့ရတယ်လို့လည်း


ဆိုပါတယ်။

အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေဟာ သူတို့ရဲ့ အနာဂတ်အကျိုးစီးပွားနဲ့ ပတ်သက်လို့ စစ်အစိုးရဆီက ဘာမှ အာမ,ခံချက် မရရှိခဲ့သလို တချိန်တည်းမှာ NLD
ပါတီဟာလည်း တိုင်းရင်းသားအဖွဲ့တွေရဲ့ ထောက်ခံမှု ရရှိအောင် ဆွေးနွေးနိုင်မယ့် အခွင့်အရေးကို အကြိမ်ကြိမ် လက်လွတ်ခံခဲ့ကြောင်း၊ အဲဒီ့အစား စစ်အစိုးရနဲ့
တွေ့ဆုံဆွေးနွေးရေး တခုတည်းကိုသာ တောင်းဆိုခဲ့ကြကြောင်း အဲဒီ ကြေးနန်းစာမှာ ဖော်ပြထားပါတယ်။

ဒါဟာ NLD နဲ့ တိုင်းရင်းသားတွေအကြား ပေါင်းစည်းမှု ဖြစ်ပေါ်မလာတဲ့ သဘာထား တင်းမာမှုတခုဖြစ်ပြီး ဒါကို တရုတ် အပါအဝင် မြန်မာနိုင်ငံရဲ့
အိမ်နီးချင်းနိုင်ငံတွေက သတိပြုမိကြကြောင်း၊ စစ်အစိုးရက ဒီအချက်ကို အခွင့်ကောင်းယူပြီး စစ်တပ်သာလျှင် တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်မယ့်
တခုတည်းသော အင်အားဖြစ်တယ်ဆိုပြီး အိမ်နီးချင်းနိုင်ငံတွေကို နားဝင်အောင် စည်းရုံးနိုင်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။

အဲဒီကြေးနန်းစာ ပေးပို့တဲ့အချိန်မှာ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်က ကုလ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီကတဆင့်


တိုင်းရင်းသားအဖွဲ့တွေကို ကမ်းလှမ်းလိုက်တဲ့ သတင်းစကားတွေအရ ဒေါ် အောင်ဆန်းစုကြည်ဟာ ဒီအချက်ကို ကောင်းကောင်း နားလည်
သဘောပေါက်တာတွေ့ရကြောင်း၊ မိမိတို့ တွေ့ဆုံ စကားပြောခဲ့တဲ့ တိုင်းရင်းသားအဖွဲ့တွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်းလှမ်းချက်ကို ကြိုဆိုကြကြောင်း၊
ဒါပေမယ့် အပြင်မှာ ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီက ဒီကမ်းလှမ်းချက်ကို အကောင်အထည် မဖော်နိုင်ဘဲ တိုင်းရင်းသားခေါင်းဆောင်တွေ NLD
ဌာနချုပ်ကို အလည်အပတ် လာရောက်ဖို့ ဖိတ်ခေါ်တာလောက်သာ လုပ်ဆောင်ခဲ့ကြောင်းလည်း ဒီလျှို့ဝှက်ကြေးနန်းစာမှာ ဖော်ပြထားပါတယ်။

WikiLeaks အဖွဲ့က ထုတ်ပြန်လိုက်တဲ့ အမေရိကန် သံတမန်ရေးရာ လျှို့ဝှက်ကြေးနန်းစာတွေမှာ ပါဝင်တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို
ဦးသိန်းအောင်က စုစည်းတင်ပြထားပါတယ်။

မြန်မာ ၂၀ ကျော်ပါ သင်္ဘောတစီး ပင်လယ်ဓားပြတွေ ဖမ်းဆီးသွား


2010-12-11
မြန်မာသင်္ဘောသား ၂၃ ဦး လိုက်ပါပြီး အမေရိကန် ကုမ္ပဏီတခုက ပြေးဆွဲနေတဲ့ လိုက်ဘေးရီးယား အလံတင် ကုန်တင်သင်္ဘော MV Panama ကို ဆိုမာလီ
ပင်လယ်ဓားပြတွေ ဖမ်းဆီးသွားကြောင်း ဥရောပ သမဂ္ဂ ရေတပ်က မနေ့က သတင်းထုတ်ပြန်ပါတယ်။
ဒီသင်္ဘောဟာ တန်ဇန်းနီးယား နိုင်ငံကနေ မိုဇမ်ဘစ်နိုင်ငံ ဘိုင်ရာမြို့ဆိပ်ကမ်းကို အသွား လမ်းမှာ စက်လှေငယ် ၂ စီးပေါ်က လက်နက်ကိုင် ပင်လယ်ဓားပြ ၅ ဦးက
ပခုံးထမ်းဒုံးကျည်နဲ့ ပစ်ခတ်ပြီး ၀င်ရောက် ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

ဒီသင်္ဘောဟာ မိုဇမ်ဘစ်နဲ့ တန်ဇန်းနီးယား နယ်စပ်အကြား ရေမိုင် ၈၀ ခန့် အကွာမှာ ရှိပြီး သင်္ဘောသားအားလုံး မြန်မာနိုင်ငံသားတွေ ဖြစ်ကြောင်း ဥရောပသမဂ္ဂ
ရေတပ်က သတင်း ထုတ်ပြန်ပါတယ်။ သင်္ဘောသားတွေရဲ့ အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့လည်း ဆိုပါတယ်။

ဆိုမာလီနိုင်ငံ ရေပြင်ကို ကျော်ပြီး တောင်ပိုင်းကျကျအထိ ပင်လယ်ဓားပြတွေ ၀င်ရောက် စီးနင်းလာတာကို ကြည့်ရင် ပင်လယ်ဓားပြတွေ ကျက်စားတဲ့ နယ်မြေ
တဖြည်းဖြည်း ချဲ့ထွင်လာနေတာကို သိနိုင်ပါတယ်လို့ အီးယူရေတပ်က ပြောပါတယ်။

ဆိုမာလီ ပင်လယ်ဓားပြတွေဟာ အိန္ဒိယ သမုဒ္ဒရာနဲ့ ဆိုမာလီကမ်းလွန် အီဒင်ပင်လယ်ကွေ့ တလျှောက်မှာ ကျက်စားနေပြီး ဒီနယ်မြေတ၀ိုက်မှာ နိုင်ငံတကာ
ရေတပ်တွေ စောင့်ကြပ်နေကြပါတယ်။

ကုလ လူ့အခွင့်ရေးနေ့ အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပေးပို့


2010-12-11
လူ့အခွင့်အရေးရရှိဖို့ ကြိုးပမ်းသူတွေကို အကာကွယ်ပေးဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က မနေ့က ပြောကြားလိုက်ပါတယ်။

(Photo: AFP)
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ရက်စေ့သည့် နိုဝင်ဘာ ၁၃ ရက်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့၏ မြို့တော်ခန်းမရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ
ချိတ်ဆွဲထားကာ ပဲရစ် မြို့တော်ဝန် ဘာထရန် ဒီလန်နိုး မိန့်ခွန်းပြောနေပုံ ဖြစ်ပါသည်။ ပြင်သစ် ရုပ်ရှင်မင်းသမီး မာရီယွန် ကော်တီလတ် (ယာမှ ပဉ္စမ) နှင့် ဗြိတိသျှ
အဆိုတော် ဂျိန်း ဘာကင် (ဝဲမှ တတိယ) တို့လည်း တက်ရောက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပဲရစ်မြို့၏ ဂုဏ်ထူးဆောင် မြို့သူလည်း ဖြစ်သည်။
(Photo: AFP)
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အတွက် ပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က
အခုလို ပြောကြားလိုက်တာဖြစ်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရဖို့ ကြိုးပမ်းနေကြသူတွေဟာ ပစ်မှတ်ထား ခွဲခြားဖိနှိပ်တာတွေ မကြာခဏ ခံကြရတယ်လို့လည်း
ပြောပါတယ်။

တချိန်ထဲမှာ ကမ္ဘာတလွှားမှာ လူ့အခွင့်အရေး အခြေအနေ ပိုဆိုးဝါးလာပြီး မြန်မာအပါအ၀င် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အထူးသဖြင့် ပိုပြီး ဆိုးဝါးလာနေတယ်လို့
ဗြိတိန်အခြေစိုက် Maple Croft အဖွဲ့ရဲ့ ၂၀၁၁ လူ့အခွင့်အရေးအန္တရာယ် အများဆုံး နိုင်ငံများ ညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံပေါင်း ၉၂ နိုင်ငံကို လေ့လာပြုစုထားတဲ့ ဒီညွန်းကိန်း အစီရင်ခံစာကို မနေ့က ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့နဲ့ တိုက်ဆိုင်ပြီး ထုတ်ပြန်လိုက်တာ
ဖြစ်ပါတယ်။

ဒီအထဲမှာ မြန်မာနိုင်ငံဟာ ပဉ္စမမြောက် အဆိုးဆုံးနိုင်ငံဖြစ်ပြီး ကျန်အဆိုးဆုံး ၄ နိုင်ငံကတော့ ကွန်ဂို၊ ဆိုမားလီယား၊ ပါကစ္စတန်နဲ့ ဆူဒန်နိုင်ငံတို့ ဖြစ်ပါတယ်။

မနေ့က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာပဲ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်ဖို့အတွက် ဗြိတိန်နိုင်ငံရောက်


မြန်မာနိုင်ငံသားတွေက လန်ဒန်မြို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဒီအကြောင်း လန်ဒန်အခြေစိုက် RFA သတင်းထောက် မအေးနှင်းညိုက သတင်းပေးပို့ထားပါတယ်။


မြန်မာ့အရေး တရုတ်အမေရိကန် ပူးပေါင်းဆောင်ရွက်မှု ရှိခဲ့
2010-12-11
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး အခြေအနေ ပြောင်းလဲလာဖို့ နည်းလမ်း ရှာဖွေရာမှာ အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့
ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့တယ်လို့ မကြာသေး ခင်က Wikileak အင်တာနက်မှာ ထွက်ပေါ်လာတဲ့ အမေရိကန် နိုင်ငံခြားရေးဌာန လျှို့ဝှက် စာရွက်
စာတမ်းတွေမှာ ဖော်ပြထားပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာအပေါ်ချဉ်းကပ်မှုမှာ အမေရိကန်နဲ့ ကွာခြားမှု ရှိတာကို အသိအမှတ်ပြု ပြောကြားခဲ့ပေမယ့် တဘက်မှာ မြန်မာနဲ့ ပတ်သက်လို့
အမေရိကန်ဘက်က စိတ်ပျက်ရတာတွေကိုလည်း အသိမှတ်ပြုခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နဲ့ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်တိုးတက်မှု ရှိလာစေချင်တဲ့ ဆန္ဒဟာ အတူတူပဲဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဌာန အရာရှိတဦးက
ပြောခဲ့တယ်လို့ ၂၀၀၈ ဇန်န၀ါရီလက ရေးသားတဲ့ အမေရိကန်သံရုံး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

http://www.rfa.org/burmese

ဖာပွန်မြို့နယ်ရှိ ခရီးသည်တင်စက် လှေ ၉စီး နအဖ ဖမ်းဆီးထားရာမှ ပြန်မလွှတ်သေး


Submitted by Karen Information Center on Monday, 13 December 2010No Comment

ဒီဇင်ဘာလ ၁၃ရက်။ စောခါးစူးညား (ကေအိုင်စ)ီ


ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ ယွန်းစလင်းချောင်းအတွင်း ဖာပွန်မြို့နှင့် ဘောသေ့ထာ့ ကျေးရွာအထက် တခေါ်တို့ဘော လှေဆိပ်တွင် ပြေးဆွဲနေသည့်
ခရီးသည်တင် စက်လှေ ၅၄စီးအနက် ၉စီးကို ဖာပွန်အခြေစိုက် နအဖ စစ်ဗျူဟာဌာနချုပ်-စဗခ(၁)မှ နိုဝင်ဘာလ ၂၀ရက်နေ့ကတည်းက ဖမ်းဆီးထားရာ
ယခုအချိန်ထိ ပြန်မလွှတ်သေးကြောင်း သိရသည်။
အဆိုပါ စဗခ(၁)မှ ဗိုလ်ကြီးအောင်ကျော်ဇော ဦးဆောင်တပ်ဖွဲ့ ဖမ်းဆီးလိုက်သည့် စက်လှေ ၉စီးအနက် ၅စီးမှာ ဘောသေ့ ထာ့ကျေးရွာအုပ်စုရှိ ရွာသူရွာသားများ၏
စက်လှေဖြစ်ပြီး ၄စီးမှာမူ ဖာပွန်မြို့ခံများ၏ စက်လှေများဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလက ဖာပွန်နှင့် ကမမောင်းကားလမ်းကို ကရင်အမျိုးသားအစည်းအရုံး(KNU)မှ သွားခွင့်ပိတ်ပင် ထားသည့်အတွက်ကြောင့်
နအဖတပ်ဖွဲ့အနေဖြင့် ရှေ့တန်းသို့ ရိက္ခာပို့ရန် ခက်ခဲလာသည့်အပေါ် အကြပ်ကိုင်သည့်အနေ ဖြင့် အရပ်သားစက်လှေများကို ယခုလို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း
ဒေသခံတဦးက ကေအိုင်စီကို ယခုလို ပြောသည်။
သူက “KNU က ကားလမ်းပြန်ဖွင့်ရင် လှေကို လွှတ်ပေးမယ်လို့ သူတ(ို့ နအဖ)က ပြောတယ်။ ဒီလိုလုပ်တော့ ကျနော်တို့ အခက်တွေ့တာပေါ့။
ဒီမှာရှိတဲ့လူတွေအားလုံးဟာ ဒီလှေတွေကိုစီးပြီး ဖာပွန်မြို့ကနေ အ၀တ်အထည်နဲ့ စားသုံးကုန်ပစ္စည်း တွေကို သွားဝယ်ကြရတာလေ။ ဒီကိစ္စပြေလည်ဖို့
စက်လှေပိုင်ရှင်နဲ့ စက်လှေစပယ်ယာ(စက်လှေနောက်လိုက်သ)ူ တို့ အခု ဒီဇင်ဘာလ ၁၁ရက်နေ့မှာ အစည်းအဝေးလုပ်ပြီး ဒီဒေသမှာ လှုပ်ရှားနေတဲ့ KNU
အရာရှိတွေကို တင်ပြပါတယ်။”ဟု ပြော သည်။
ယင်းသို့ ဒေသခံလူထု၏ တင်ပြချက်အပေါ် နယ်မြေခံ ကေအဲန်ယူ တာဝန်ရှိသူများအနေဖြင့် အလေးထားသော်လည်း လမ်းပြန်ဖွင့်ရန် မဖြစ်နိုင်သေးဘဲ လူထု၏
စပါးရိတ်သိမ်းရမည့် အခြေအနေကို ကြည့်ပြီး စီစဉ်သွားရမည်ဖြစ်ကြောင်း KNU ဖာပွန်ခရိုင်၏ ပြောရေးဆိုခွင့်ရှိသူ ဖူးမောက ယခုလို ပြောသည်။
“လူထုက ဒီလို တင်ပြလာတာကို ကျနော်တို့ အလေးထားပါတယ်။ ဒါပေမဲ့ ဒီအချိန်မှာ စပါးရိတ်တဲ့အချိန်လေ။ လမ်းဖွင့် လိုက်ရင် သူတို့လာပြီး လူထုတွေရဲ့
စပါးခင်းတွေကို ဖျက်ဆီးအုံးမှာပဲ။ ဒီတော့ လမ်းဖွင့်လို့ မဖြစ်သေးဘူး။ လူထုတွေ စပါး ရိတ်ပြီးချိန်ဖြစ်တဲ့ ဇန်န၀ါရီလလယ်လောက်မှ လမ်းပြန်ဖွင့်ဖို့
အစီအစဉ်ရှိတယ်။”ဟု ရှင်းပြပြောဆိုသည်။
ဖာပွန်မြို့နယ်၊ ဘောသေ့ထာ့ကျေးရွာအုပ်စုရှိ ဘောသေ့ထာ့၊ မဲဝါး၊ ဒွယ်လိုး၊ ဘောသေ့ခီး၊ တပယ်ဒဲနှင့် ပါလာ့ရွာများမှ ရွာ သူရွာသားများမှာ ဆန်၊ ဆီ၊ ဆား၊
ငြုပ်သီး၊ အချိုရည်၊ အချိုမှုန့်၊ ဆေးနှင့် အ၀တ်အထည် စသည့်ကုန်ပစ္စည်းမျိုးစုံကို ဖာပွန် မြို့သို့ ပုံမှန် သွားရောက်ဝယ်ယူလေ့ရှိကြသော်လည်း
တခေါ်တို့ဘောလှေဆိပ်မှ ဘောသေ့ထာ့ရွာအထိ ၂နာရီကြာ လှေစီး သွားကာ ထိုမှတဆင့် ဖာပွန်မြို့သို့ ၂နာရီကျော် ထပ်မံ လမ်းလျှောက်သွားကြရသည်။

(ဖာပွန်ဒေသခံများ ရေလမ်းအသုံးပြုနေသည့် ယွန်းစလင်းချောင်း)


ပြီးခဲ့သည့် ၂၀၀၉ခုနှစ် စက်တင်ဘာလက ကေအဲန်ယူ တပ်မဟာ(၅)ကို နအဖတပ်များ ထိုးစစ်ဆင်မည့်သတင်းကြောင့် ဖာ ပွန-် ကမမောင်း ကားလမ်းကို
ကေအဲန်ယူဘက်က ပိတ်ပင်ခဲ့သည်။ ထို့နောက် လူထု ဆက်လက် သွားလာနေသည့် ယွန်းစ လင်းချောင်း ရေလမ်းကိုလည်း ထိုနှစ် အောက်တိုဘာလတွင်
နအဖဘက်က ပိတ်ပင်ခဲ့သော်လည်း ယခုလို လူထုပိုင် စက် လှေများကို ဖမ်းဆီးမှုများ မရှိခဲ့ဖူးကြောင်း ဖာပွန်ဒေသခံများက ပြောသည်။

BGF တပ်ဖွဲ့ဝင်တစ်ဦး ဒုတပ်ခွဲမှူးကို ပစ်သတ်ထွက်ပြေး


Submitted by Karen Information Center on Monday, 13 December 2010No Comment
ဒီဇင်ဘာလ ၁၃ရက်။ စောခါးစူးညား (ကေအိုင်စ)ီ
ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ် ၀င်းမောင်း(ဝေါမူ)ကျေးရွာအုပ်စုတွင် လှုပ်ရှားနေသည့် နယ်ခြားစောင့်တပ်(BGF) တပ်ရင်း (၁၀၁၅)မှ တပ်သားတစ်ဦးသည် ၎င်း၏
ဒုတပ်ခွဲမှူးနှင့် ရဲဘော်တစ်ဦးကို ပစ်သတ်ကာ ဒီဇင်ဘာလ ၇ရက်နေ့က တပ်ရင်းမှ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
အဆိုပါတပ်သား စောမြလင်း ၃၉နှစ်သည် နယ်ခြားစောင့်တပ်အဖြစ် ဆက်လက် မလုပ်လိုတော့ဘဲ နှုတ်ထွက်ခွင့်တောင်းရာမှ အချင်းများကြကာ
ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထွက်ပြေးခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၅) ရုံးထိုင်မှူး ဗိုလ်မှူး စောကလယ်ဒို့က ပြောသည်။
၎င်းက “သူ(စောမြလင်း)ပြောတာက BGF မလုပ်ချင်တော့တာကို သူ့ ဒုတပ်ခွဲမှူးက ဆက်လုပ်ဖို့ အကြပ်ကိုင်လို့ပေါ့နော်။ အဲဒါ နဲ့ သူတို့အချင်းချင်း အပြန်အလှန်
စကားများကြပြီး ပစ်ခတ်မှုအထိဖြစ်တော့ လက်လွန်သွားတယ်လို့ ပြောတယ်။ အဲဒီမှာ ဒု တပ်ခွဲမှူးနဲ့ သူ့ကို စောင့်တဲ့တပည့်နှစ်ယောက်ထဲက သူ့ ဒုတပ်ခွဲမှူးနဲ့
တပည့်တယောက် သေတယ်။ ကျန်တဲ့တယောက်က ဒဏ်ရာရတယ်လို့ ကျနော်တို့ ရှေ့တန်းတပ်ဖွဲ့ဝင်တွေက ပြောတယ်။”ဟု ကေအိုင်စီကို ပြောသည်။
ယင်းသို့ ထွက်ပြေးလာသည့် နယ်ခြားစောင့်တပ်သားသည် ၎င်းနှင့်အတူ M-16 ၁လက်၊ ကျည် ၂၈လုံး၊ M-79 ၁လက်၊ ကျည် ၁၅လုံးကို သယ်ဆောင်လာပြီး
လမ်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(KNLA) တပ်ရင်း(၁၀၂)နှင့် တွေ့ဆုံကာ KNLA ထံ ပူးပေါင်းလိုက်ကြောင်းလည်း ဗိုလ်မှူးစောကလယ်ဒို့က
ပြောသည်။
ကရင်ပြည်နယ်ရှိ လူထုအတော်များများမှာ ဒီကေဘီအေတပ်ဖွဲ့မှ အသွင်ပြောင်းသွားသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို ယခင်လို မဟုတ်တော့သည့်
ဆက်ဆံရေးများ ပြောင်းလဲသွားသည့်အပေါ် ရေရှည်အားဖြင့် ဆက်လက် လုပ်ကိုင်လိုစိတ်မရှိ တော့သည့်အတွက် ယခုလို
နှုတ်ထွက်ခွင့်တောင်းဆိုရခြင်းဖြစ်ကြောင်း စောမြလင်းက KNLA တပ်ရင်း(၁၀၂)ကို ပြောဆိုခဲ့ သည်ဟု သိရသည်။
ဖာပွန်ခရိုင် ဒွယ့်လိုးမြို့နယ်အတွင်း ယခုလို ၀င်ရောက်လှုပ်ရှားသည့် နယ်ခြားစောင့်တပ် (၁၀၁၅)တပ်ရင်းသည် ဖာပွန်ခရိုင် တွင် အခြေစိုက်သည့်
တပ်ရင်းမဟုတ်ဘဲ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်တွင် အခြေစိုက်ပြီး ၎င်း၏တပ်ရင်းမှူးမှာ ဗိုလ်မှူးစောဝင်း နိုင်စိန်ဖြစ်ကြောင်း KNLA တပ်မဟာ(၇)မှူး
ဗိုလ်မှူးချုပ်စောဂျော်နီက ကေအိုင်စီကို အတည်ပြု ပြောဆိုခဲ့သည်။
ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ် ၀င်းမောင်းကျေးရွာအုပ်စုတွင် နယ်ခြားစောင့်တပ်အပြင် နအဖ အမှတ(၄)
် စစ်ကွပ်ကဲရေးဌာနချုပ် လက်အောက်ခံ ခလရ(၉၆)နှင့်
KNLA (၁၀၂)တပ်ရင်းတို့ ပုံမှန် လှုပ်ရှားလျှက်ရှိသည်။
ပြီးခဲ့သည့် နိုဝင်ဘာလကလည်း BGF တပ်ဖွဲ့ဝင် ၂ဦးသည် သေနတ် ၄လက်နှင့်အတူ ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်ရှိ KNLA တပ်ဖွဲ့နှင့်
လာရောက်ပူးပေါင်းခဲ့သေးသည်။

နအဖပစ်ခတ်မှုကြောင့် BGF ၇ဦး ကျ၊ ၂ဦး ထိခိုက်


Submitted by Karen Information Center on Monday, 13 December 2010No Comment
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ရက်နေ့ ညနေ ၅း၂၅နာရီအချိန်တွင် ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ်ရှိ တငေါရွာအနီးတ၀ိုက်၌ မိုင်းသတ္တုတူးဖော်ရေးလုပ်ငန်း
လုပ်ကိုင်နေသည့် ကရင်နယ်ခြားစောင့်တပ်ရင်း (၁၀၁၅)တပ်ဖွဲ့ကို နအဖ အရှေ့တောင်တိုင်း စစ်ဌာနချုပ်-ရတခ လက်အောက်ခံ ခမရ(၃၃၉) တပ်ရင်းက
သွားရောက်ပစ်ခတ်ရာ အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၇ဦး ကျဆုံးကာ ၂ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရှိရသည်။

အဆုံးအဖြတ်ပေးနိုင်သည့် အင်အားရှိဖို့လိုပါသည်
Submitted by Karen Information Center on Monday, 13 December 2010No Comment
တူမောင်ညို
(၂၀၁၀ ဒီဇင်ဘာ ၁၃)
၂၀၁၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၂ရက်မှာ မြန်မာ့ယဉ်ကျေးမှုအဖွ(ဲ့ နော်ဝေ)သို့ ဒေါ်အောင်ဆန်းစုကြည်မှ စကားသဝဏ်လွှာ ပေးပို့ခဲ့ ပါတယ်။ ဒီစကားသဝဏ်လွှာကို
(ဒီဗွီဘီသတင်းဌာန) က အပြည့်အစုံ ဖေါ်ပြထုတ်လွှင့်ခဲ့ပါတယ်။
စကားသဝဏ်လွှာမှာ ဖေါ်ပြထားတဲ့ အောက်ပါအချက်တွေဟာ အရေးကြီးတယ်လို့ ကျနော်ယူဆပါတယ်။ ကောက်နှုတ် ဖေါ်ပြ လိုက်ပါတယ်။
- နိုင်ငံရေးအကျဉ်းသားများ အခြေအနေ၊ နိုင်ငံရေးအကျဉ်းသားများ မိသားစုများရဲ့ဒုက္ခတွေကို တကမ္ဘာလုံးကနေပြီးတော့ သေသေချာ ချာ သိဖို့ ကျကျနန
လုပ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။
- ဒုတိယပင်လုံအောင်မြင်ဖို့ဟာ နားလည်မှုလွဲမှားတာတွေ ပပျောက်သွားအောင် လုပ်ပေးဖို့လိုပါတယ်။
ဒုတိယပင်လုံဆိုတာ စင်ပြိုင်လွှတ်တော်မဟုတ်ပါဘူး၊ စင်ပြိုင်အစိုးရလည်းမဟုတ်ပါဘူး၊ ဘယ်သူ့ကိုမှ စင်ပြိုင်ချင်တဲ့စိတ်နဲ့ လုပ်တာ မဟုတ်ပါဘူး။
တိုင်းရင်းသားများ တကယ့်ကို ပြည်ထောင်စုစိတ်ဓါတ်နဲ့ ညီညီညွတ်ညွတ်လုပ်ဆောင်သွားဖို့အတွက် ကျင်းပမယ့် ဒုတိယပင်လုံ ဖြစ်ပါတယ်၊
- အခုဆိုလို့ရှိရင် မြန်မာနိုင်ငံဟာ အင်မတန်အရေးကြီးတဲ့ အခြေအနေတစ်ခုကို ရောက်နေပါတယ်။ ကျမတို့ဟာ လမ်း ၂သွယ်ကနေပြီး တော့ လမ်းတစ်သွယ်ကို
ရွေးရမှာဖြစ်ပါတယ်။
- လမ်းတစ်သွယ်က အများပါဝင်နိုင်တဲ့လမ်း၊ နောက်လမ်းတစ်သွယ်ကလူနည်းစုသာ ပါဝင်နိုင်တဲ့လမ်း၊ ကျမတို့ကတော့ အားလုံး ပါဝင် နိုင်တဲ့လမ်းက ပိုပြီးတော့
ကောင်းတယ်လို့ ထင်ပါတယ်။
- အားလုံးပါဝင်တယ်ဆိုတာဟာ ကျမတို့တပ်မတော်ကိုလည်း ဆိုပါတယ်။ တိုင်းရင်းသားအားလုံးကိုလည်း ဆိုလိုပါတယ်။ ပြည်သူလူထု အားလုံးကိုလည်း
ဆိုလိုပါတယ်။ နိုင်ငံရေးအစု အဖွဲ့အားလုံးကိုလည်း ဆိုလိုပါတယ်။
- အဲဒီလို အားလုံးပါဝင်လို့ရှိရင် ကျမတို့ဟာ တကယ်ပဲ ငြိမ်းချမ်းပြီးတော့ တည်ငြိမ်တဲ့ ပြည်ထောင်စုကြီးတစ်ခုကို ထူထောင်နိုင်မယ်ဆို တာကို ယုံကြည်ပါတယ်။
- အဝေးရောက်နေတဲ့ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဟာ ညီညီညွတ်ညွှတ်နဲ့ အမိနိုင်ငံတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေး ကြပါလို့
မေတ္တာရပ်ခံပါတယ်။
စကားသဝဏ်လွာမှာ ဖေါ်ပြထားရှိတဲ့ စိတ်ဓါတ်၊ စေတနာ၊ သဘောထား၊ လုပ်နည်းကိုင်နည်း စတာတွေဟာ သိပ်ကောင်းမွန်ပါတယ်။ ကောင်းမွန်လှတဲ့
စိတ်ကောင်းစေတနာတွေ အကျိုးသက်ရောက်လာစေဖို့၊ လက်တွေ့ဖြစ်ထွန်းလာစေဖို့ အောက်ပါအချက် ၂ခု ဖြစ်မြောက် အောင် ဆောင်ရွက်ဖို့ လိုပါတယ်။
၁။ လက်ရှိနိုင်ငံရေးအာဏာကိုဆုပ်ကိုင/် ချုပ်ကိုင်ထားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေန(နအဖ)စစ်
ဲ့ ကောင်စီက သဘောပေါက် လက်ခံ ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့
လိုအပ်ပါတယ်။
၂။ ပြည်သူအားလုံး၊ တိုင်းရင်းသားအားလုံး၊ (ပြည်တွင်းပြည်ပ/ဥပဒေတွင်းဥပဒေပ)နိုင်ငံရေးအစုအဖွဲ့အားလုံး၊ တပ်မတော်သား အားလုံးက ညီညီညွတ်ညွတ်နဲ့
အမိနိုင်ငံတိုးတက်ရေးကိုရှေ့ရှုပြီး တစ်စည်းတစ်လုံး တည်းပါဝင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
ဖေါ်ပြပါအချက် ၂ ခုအနက် တစ်ခုခုကိုမျှ လက်တွေ့ ဖြစ်မြောက်ပေါ်ထွန်းလာအောင် လုပ်ကိုင်နိုင်စွမ်းမရှိခဲ့ပါလျှင်ကောင်းမွန် လှတဲ့ စိတ်ဓါတ်စေတနာ သဘောထား
လုပ်နည်းကိုင်နည်းများဟာ စိတ်ကောင်းစေတနာကောင်း သက်သက်မျှသာတည်ရှိနေပါလိမ့်မယ်။
“ခင်မင်မှုတွေရောင်ပြန်ဟပ်မယ့်နေ့” ကိုစောင့်မျှော်နေရင်း “မေတ္တာရေစုန်မျောရမယ့်” အဖြစ်တော့ မဖြစ်စေလိုပါ။ ထားရှိအပ်သော စိတ်စေတနာကောင်းများအပေါ်
သံသယသဲမြူမှုန်မျှမရှိပါ။ သို့ပါသော်လည်း ဗိုလ်သန်းရွှေစစ်အုပ်စု၏ အပေါ်တွင်ကြီးစွာသော နက်ရှိုင်းသော သံသယသည် ရှမ်းရိုးမတောင်တန်းကြီးလို
ထုနှင့်ထည်နှင့်ရှိနေပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နှင့် ၂၀၁၀ရွေးကောက်ပွဲရလဒ်” သည် (နအဖ) စစ်အစိုးရအဖို့ မဆုတ်တန်းခံစစ်မျဉ်းနှင့် ခံတပ်များ ဖြစ် ပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)နှင့် ၂၀၁၀ရွေးကောက်ပွဲရလဒ်” ဆိုတဲ့ “ဦးချို” (ဂျို)ပြောင်းလဲတပ်ထားသည့် စစ်အာဏာရှင်စနစ် ဖြစ်သည်။ “အထိမခံ
သိမ်မွေ့လှသော အခြေအနေ”ဟုပင် သတင်းစာဆောင်းပါးတစ်ခုတွင် ဖေါ်ပြထားပါတယ်။
မောင်စူးစမ်းနှင့် ကျော်ဝင်းကလည်း “လွှတ်တော်၃ ရပ်နိုင်ငံရေးဂိမ်းမှာပါဝင်ကစားကြရေး/၂၀၀၈ အခြေခံဥပဒေစည်းဝိုင်းထဲမှာသာ ကစားကြရန်/ ဤစည်းဝိုင်းကို
ကျော်လွန်ရန်/ထိုးဖောက်ခြင်းမပြုရန်” ဟောနေပါတယ်။
ဒါ့အပြင် “လွှတ်တော်ထဲတွင်သာ အကျေအလည်ဆွေးနွေးနိုင်ကြလျှင် ဘေးထွက်ဆိုးကျိုးကင်းကင်းဖြင့် အဖြေတစ်ခု ရလိမ့်မည်ထင် ပါသည်/ လွှတ်တော်ပြင်ပ
လမ်းကြောင်းများနှင့်သွားကြလျှင်မူ ဆိုခဲ့ပြီးသော ဘေးထွက်ဆိုးကျိုးများ ကြုံရနိုင်စရာရှိ၍ အမှန်ပင် စိုးရိမ်မိပါ သည်”တဲ့။ သို့ဖြင့် ဒီချုပ်နှင့်
ဒုတိယပင်လုံဆော်သြနေသူတွေကို (ကျော်ဝင်း) က“ဦးနှောက်ကြီးကြီး” ဖြင့်စဉ်းစားပေးဖို့ ချော့မြှူသလိုလိုနှင့် စစ်အာဏာရှင်စနစ်ဖြင့် ခြောက်နေပါတယ်။
ရှင်းနေသည့်အချက်မှာ “ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့် ၂၀၁၀ရွေးကောက်ပွဲရလဒ်”ကို ထိပါးလာလျှင် မည်သူ့ကိုမဆိ/ု မည် သည့်ဆောင်ရွက်ချက်ကိုမဆို
(နအဖ) စစ်အစိုးရအနေဖြင့် ရေရှည် သီးညည်းခံနေလိမ့်မည် မဟုတ်ပါ။
နောက်ဆုံးတွင်၊ အဆုံးအဖြတ်ကာလတွင် “အင်အား”က၊ “အင်အားကိုချုပ်ကိုင်စေစားနိုင်သူ” ကသာ အနိုင်ရရှိသွားစမြဲ ဖြစ်သည်။ ထို အင်အားမျိုး/ထိုသို့
အင်အားကို ချုပ်ကိုင်စေစားနိုင်သည့် အနေအထားမျိုး ကျနော်တို့ဘက်တွင် ဖွဲ့ဖွဲ့စည်းစည်း မရှိသေးပါ။
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် ထိန်းသိမ်းလိုက်သည့်အခါများတွင် ကျနော်တို့၏ နိုးကြားတက်ကြွမှုများသည် အခိုက်အတန့်အား ဖြင့် ပြာဖုံးသွားသည့်
မီးခဲပမာဖြစ်သွားခဲ့ဖူးသည့် သာဓကများကို သက်သေပြုပါတယ်။
နှစ် (၅၀)နီးပါး သက်တမ်းရင့်မာခဲ့ပြီဖြစ်သော မြန်မာပြည်က စစ်အာဏာရှင်စနစ်ကို အကြမ်းမဖက် အနုနည်းသက်သက်ဖြင့် ဘယ် တော့မှ အောင်ပွဲခံနိုင်လိမ့်မည်
မဟုတ်ပါ။ အောင်ပွဲခံနိုင်မည်ဟု ထင်မှတ်နေလျှင် ထင်မှတ်နေသူများ၏ ထင်မှတ်မှားမှုသာ ဖြစ်ပါလိမ့်မည်။
လူထုသာ သမိုင်းကို ဖန်တီးသည့် တွန်းအားဖြစ်သည်ဟူသော သဘောတရားကို ယုံကြည်မြဲ၊ ယုံကြည်ဆဲ ဖြစ်ပါတယ်။

http://www.kicnews.org/

“၀ီ ကီ လိ နှင့် ပေါတာကြီး ရဲ့ အထုပ်ဖြေပွဲ”


ဂျော်ဒီး

ဒီဇင်ဘာ ၁၄၊ ၂၀၁၀


“အမလေးတော် … မြန်မာပြည်နေပြီး ဒီယဉ်ကျေးမှုလေးမှ မသိ။ ဘယ်လို ဂွ စာ မိန်းမကြီးပါလိမ့်…”
တနေ့ တခြား အရွယ်အစား သေးကြုံ့လာ သော ဈေးဆွဲခြင်းလေးထဲမှာ ပုစွန်ဆိတ်ကလေး နဲနဲ နဲ့ ကန်စွန်းရွက်လေး ၂ စည်းကို ခပ်သိုသို လေး
ဝယ်ထဲ့ရင်း ဂျီးဒေါ် ဈေးက ပြန်လာစဉ်။ ရှေ့နားမှာ မျက်နှာချင်းဆိုင် လျှောက်လာသော လူစိမ်း တယောက်က …
“ဂျီးဒေါ် … ဂဏ န်း ရ လား” လို့ မေးလာတယ်။
သူ့ကို ကိုယ်မသိ သော် လည်း “အင်းးးး ငါက နာမည်ကြီး စူပါစတားမို့ ထင်ပါရဲ့” လို့ ခပ်တင်းတင်းလေး တွေးလိုက်ရင်း…
“ဟင့်အင်း … ကန်စွန်းရွက် နဲ့ ပုစွန်ဆိတ်ပဲ ရတယ်” လို့ ပြန်ဖြေတော့ စိတ်ပျက် လက်ပျက် ဘုကြည့် ကြည့်ပြီး လှည့်ထွက်သွားတဲ့ လူစိမ်းရဲ့ ကျောပြင်ကို
ကြည့်ရင်း ဂျီးဒေါ် ပွစိ … ပွစိ ရေရွတ်မိတယ်။
“အမယ် … လူကို ကန် စွန်းရွက်ဘဲ စားနိုင်တယ် ဆိုပြီး အထင်စမောတဲ့ ပုံနဲ့။ ဒင်းရုပ်ကဖြင့် ကန်စွန်းရွက်တောင် စားနိုင်တဲ့ပုံ မပေါ်ဘဲနဲ့။ ကြီးကြီး
ကျယ်ကျယ် … ပင်လယ်စာ စီးဖု ဂဏန်းတွေ ဘာတွေ လျှောက်မေးနေရသေး… ဟွန်း…”
ပြောသာ ပြောရ… ဂျီးဒေါ်တို့ မြန်မာ ပြည်သူ ပြည်သားတွေတော့ စီးဖုတွေ ဘာဖု ညာဖုတွေ မစးနိုင် ပေါင်။ အိပ်မက်တောင် မမက်ဝံ့။ သူတို့ က
နိုင်ငံတကာ လှည့်ပြီး ပေါတာကြီးတို့ အိပ်ကပ်ထဲ ထဲ့ ဖို့ ဒေါ်လာတွေ စုပေးနေတာလေ။ ဂျီးဒေါ်တို့ ပြည်သူ အများမှာတော့ သင့်တော်ရာ ဟင်းရွက်
ကန်စွန်းလေးတွေဘဲ အလှည့်ကျ လွေးနေရတာ ကြာလှပေါ့။
အင်း… အသက် ၂၀၀၀ ဂုရုကွေးကြီး ပြောခဲ့သလို စီးဖု အစား ချောင်းတွေ မြောင်းတွေထဲက ငါးနုတ် ငါးဖွဲ မြောင်းဖု လေးတွေဘဲ ပရိုတင်းဓါတ် အတွက်
အားထား နေ ရတဲ့ ဘ၀။
ထိုစဉ် မျက် နှာချင်းဆိုင်မှ လာနေတဲ့ ပဲပြုတ်သယ် ဒေါ်တုပ်က “ဂျီးဒေါ်… စလောင်း ဂဏန်း ဘာကြားလဲ” တဲ့။ လာပြန်ဘီ ဒီဂဏန်း … လို့ စိတ် ထဲ က
တွေးရင်း …
“ဘာစလောင်း ဂ ဏန်း လဲ … မသိဘူး။ ဒီမှာ ပု စွန် ဆိတ် တောင် အနိုင်နိုင် ၀ယ်စားနေရတာ” လို့ စိတ် တို တို နဲ့ အော်ပစ် လိုက် တော့…
ပဲပြုတ်သယ် ဒေါ်တုပ်က မျက်စောင်းကြီး `ဒိုင်း ´ ခနဲ ထိုး။ ထမီကြီး စွန် တောင် ဆွဲ ပြီး ဇောင့်ဇောင့် နဲ့ ထွက် သွားတယ်။ ပါးစပ်ကလည်း …
“အမလေးတော် … မြန်မာပြည်နေပြီး ဒီယဉ်ကျေးမှုလေးမှ မသိ။ ဘယ်လို ဂွ စာ မိန်းမကြီးပါလိမ့်…” တဲ့။
ဒုက္ခော … နေရင်း ထိုင်ရင်း ပါးရိုက် ခံ ရ မယ့် ကိန်း ဆိုက်နေပါလား။ မဖြစ်ဖူး၊ အိမ် မြန် မြန် ပြန် မှ …… လို့ တွေးရင်း သွက် သွက်လျှောက် လာ တုံး …
“မနေ့က ထိုင်းဘုရင်ကြီး မွေးနေ့ မို့လို့ တဲ့ ကွာ။ ဒီနေ့ … မိဖုရားကြီး မွေးနေ့များလားကွ” ဆိုတဲ့ ဆိုက်ကား မာစတာ တွေ ဆီ က အသံ ကြောင့် ဂျီးဒေါ်
အံ့ သြ သွား ရ ပြန်ပကော။
အမယ် … သူတို့က ထိုင်း ဘုရင့် မွေး နေ့ များ သွားတက် ဦး မ လို့ လား မသိ၊ ပြောနေလိုက်ကြတာ။ နောက် တယောက်က အော်ကြီးဟစ်ကျယ်နဲ့ …
“ဘယ်သူ့ မွေးနေ့ ဖြစ်ဖြစ် ကွာ။ ဂဏန်း ရဖို့ ဘဲ အရေးကြီးတယ်”
အော်…… ဒီနေ့ ဂျီးဒေါ် ကံ မကောင်းပါလား။ မြောင်းဖု နဲ့ ကန်စွန်းရွက်သာ မှီ ၀ဲ နေရရှာသူမို့ အားငယ် နေတုံး ဒီ စီးဖု ဂဏန်းကဘဲ ခဏ ခဏ လာ ပြီး လှောင်
ပြောင် သရော် နေ ပါလား လို့ စိတ်နာနာနဲ့ တွေးမိတယ်။ ကန်စွန်းရွက်နဲ့ ပုစွန်ဆိတ်သာ ပါရှာတဲ့ လက်ဆွဲခြင်းကလေး ကို ခပ်သိုသို သယ် ရင်း အိမ်ကို အမြန်
လစ်လာတုံး ……
“ဂျီးဒေါ်ရေ …… ၀ီ ကီ လိ က တော့ ဖွင့် ချ နေပြီ ဗျို့”
“ဟဲ့ …… သာဂိပါလား။ ဘာတွေ … ဖွင့် ချ နေတာ လဲ။ ၀ီ ကီ လိ ဆိုတာ ဆည်နာမည်လား……။ ဆည်တွေ ဖွင့်ချရင် ရေတွေ ကြီး ဦးမှာ ပေါ့။ ရေ
ကြီးရင် တော့ ဒင်း တို့ ပြောပြောနေတဲ့ ဂဏန်း မစားရတောင် ငါးတွေ ပုစွန် တွေ တော့ ဈေး ပေါ ရင် ၀ယ်စား ပစ်လိုက် ဦးမယ်”
“ဂျီးဒေါ်… ဂျီးဒေါ်… ခက်ပါဖိ။ ဘာ ဗဟု သုတ မှ လဲ မရှိ။ ၀ီ ကီ လိ ဆိုတာ အင်တာနက် ၀က် ဆိုက် ဗျ။ အဲဒီကနေ အခု အမေရိကန် အစိုးရ
ရဲ့သံတမန်ဆိုင်ရာ လျှို့ဝှက် သတင်း ဆက်သွယ်ထားတာတွေကို ဖွင့်ချ လိုက်တာဗျ”
“သိ ပါ ဘူးဟယ်……နင့် အင်တာနီ အင်တာနက် တွေ……။ တီ ဗွီ လေးတောင် ဖွင့် မကြည့် ရတာ ကြာလှ။ ရွေးကောက်ပွဲ ဆိုတာကြီး ပြီးကတည်းက ကြံ
ဖွတ် ၀န်ကြီး အမတ်မဲသူခိုးကြီးတွေက ၂၄နာရီ ပေးတော့မယ် လို့ မဲဆွယ် ကတိပေးခဲ့တဲ့ လျှပ်စစ်မီး က မလာတချက်၊ လာတချက် ပျောက် ချက်သား
ကောင်းနေတာကိုး”
“အင်းပါဗျာ……။ ကဲ … ဒီနေ့ ဘာဟင်းချက် မှာ လဲ ဂျီးဒေါ်။ ဟင်းကောင်းရင် ကြုံ တုံး ၀င် ဆွဲ သွားမလို့ …ဟီး………”
“စိတ် နာ နေတယ် နော် … သာ ဂိ……။ ဟင်းအကြောင်း မပြော နဲ့။ “
“ဟင် … ဘာကို စိတ်နာ နေ သတုံး ဂျီးဒေါ် ရဲ့”
“သူများတကာ ပင်လယ်စာ ဂဏန်း ဂဏန်း နဲ့ အော် နေချိန် မှာ ပုစွန်ဆိတ်တောင် အနိုင်နိုင် စား နေ ရ တဲ့ ဘ ၀ကို စိတ် နာ နေတာ”
“အော်…… ဒါလား … ဟားဟား။ စိတ် မနာ ပါ နဲ့ ဂျီးဒေါ်ရယ်။ သူတို့ ပြောတဲ့ ဂဏန်း ဆိုတာ စီးဖု ဂဏန်း အကောင်ကို ပြောတာ မဟုတ်ပါဖူး။
ဂျီးဒေါ်ကမှ ကန်စွန်းရွက် စားနိုင်သေးတာ။ သူတို့ ခမျာ အဲဒီ နှစ်လုံး၊ သုံးလုံး ချဲ ဂဏန်းတွေနောက် လိုက် နေ ရ လို့ မနက်စာနဲ့ ညစာတောင် ပေါင်းစားနေ
ရတာ”
“ဟင် … ဂလိုလား။ သိပါဘူးဟယ်”
“အင်းးး တိုင်းသူ ပြည်သားတွေ မှာတော့ စီးပွါးပျက် ကပ် ဆိုက် ပြီး အငတ်ပြဿနာ နဲ့ တိုးလို့။ ကောက်ရိုးတမျှင် ဆွဲ မိသလို ချဲ နှစ်လုံးထီတွေ နောက်ကို မဲ
လိုက် ရင်း မွဲသထက် မွဲနေ ချိန် မှာ ပေါတာကြီးတို့ မြေးအဖိုးက မန်ချက်စတာ ယူနိုက်တက် ဘောလုံး အသင်းကိုတောင် ဒေါ်လာ သန်းတထောင် နဲ့ ၀ယ်ဖို့ ကြံ
စည်ခဲ့သေးတယ် ဗျ”
“ဟေ … ဘာ လုပ်ဖို့ ၀ယ်မှာလဲ။ စားမရ … သောက်မရ”
“ဂျီးဒေါ် တို့ ပြည်သူတွေသာ စားဖို့ သောက်ဖို့ ပူနေရတာ။ သူတို့က တိုင်းပြည် ဘဏ္ဍာတွေနဲ့ အလျှံ အပယ် ပေါနေတော့ စိန်တွေ ၀ယ်လိုက်။ မြေးတော်လေး
အတွက် ဟယ် လီ ကော် ပတာ တွေ ၀ယ်လိုက်။ တိုင်းသူပြည်သားတွေကို သတ် ဖို့ လက်နက် တွေ ၀ယ်လိုက်နဲ့ ထင်တိုင်း ကြဲနေကြတာ။ ပြောရင်း ဒေါသတွေ
အလိပ်လိုက် ထွက်လာပြီ … ဟင်းးးး”
“အမယ် … သာဂိ ငါ့တူ …… ဗဟုသုတ ဟင်းလေးအိုးကြီး။ ဒါတွေ ဘယ်က သိလာတာတုံး”
“ပြောပါပကော ဂျီးဒေါ်…။ ခုတလော ခေတ်စားနေတဲ့ ၀ီကီလိက ဖွင့်ချတဲ့ သတင်းတွေ ဗျ။ သတင်း အချက်အလက်ပေါင်း နှစ်သိန်းငါးသောင်းကျော် ရထားတဲ့
အထဲက မြန်မာနိုင်ငံ ဆိုင်ရာ သတင်း အချက်အလက်ပေါင်း ၃၀၀၀ကျော် ပါသတဲ့ ဗျား။ စောင့်ကြည့် ရဦးမယ် … ပေါတာကြီးတို့ မဟုတ်တာ လုပ်ထားတဲ့
သတင်းတွေ ဘယ်လောက် ထပ် ထွက် လာ မလဲ လို့။ ပေါ တာကြီးတို့ အစုပ်ထုပ် ဖြေပွဲ ပေါ့ ဗျာ။ “
“ဟေ … တယ်စွမ်း တဲ့ ၀ီကီလိ ပါလား”
“စွမ်းတယ် ဂျီးဒေါ်ရေ … တော်ကြာ … မြန်မာတပြည်လုံးအား တရုတ် လက်ထဲ သို့ နှစ်ကျပ်ခွဲ ဖြင့် ရောင်းချရန် ဈေးဆိုင်ထားခြင်း … တို့၊ ဧရာဝတီ မြစ်ကြီး
တရုတ်ပြည်သို့ စီးဆင်းစေရန် မြစ်ကြောင်း ရွှေ့ပြောင်းမှု ဆိုင် ရာ တရုတ-် မြန်မာ နှစ်နိုင်ငံ (ပြည်သူ့ ဆန္ဒ ပါစရာမလိ)ု သဘောတူ စာချုပ် လက်မှတ် ရေးထိုး
ခြင်း တို့ …… ”
“အမလေး… တော်ပါတော့ သာဂိရယ်။ သွေးတောင် တိုးချင် လာပြီ … ဂစ်…ဂစ်…ဂစ်…………”

(နားထား)

လူ့အခွင့်အရေးနေ့၊ အကျဉ်းကျ နိုင်ငံရေးသမားမိသားစုများ၊ အင်န်အယ်ဒီနဲ့ အောင်ဆန်းစုကြည်


မိုးမခဓာတ်ပုံသတင်း၊ တာရာဝေယံ
ဒီဇင်ဘာ ၁၄၊ ၂၀၁၀
ဒီဇင်ဘာ ၁၀၊ သောကြာနေ့၊ ရန်ကုန်၊ အင်န်အယ်ဒီရုံးချူပ်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနား မြင်ကွင်းဖြစ်ပါတယ်။
အခမ်းအနားမှူး ဦးအုန်းကြိုင်က ဆောင်ရွက်ပါတယ်။

တက်ရောက်သူများနဲ့အတူ ဒေါ်စု၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးနိုင်းနိုင်း၊ ဦးဉာဏ်ဝင်းနဲ့ ဗိုလ်ကြီးဝင်းထိန်တို့ကို တွေ့ကြရတာ ဖြစ်ပါတယ်။


ဦးဉာဏ်ဝင်းက ဥပဒေရေးရာ ကိစ္စများအကြောင်း၊ ဦးနိုင်းနိုင်းက အင်န်အယ်ဒီလူမှုထောက်ကူက ဆောင်ရွက်ပေးနိုင်မှု၊ ဗိုလ်ကြီးဝင်းထိန်က
နိုင်ငံရေးအကျဉ်းသားများရဲ့ ထောင်တွင်းနေထိုင်မှု ဘ၀များကို ရှင်းလင်းပြောကြားခဲ့တာကို တွေ့ရပါတယ်။
ဦးဉာဏ်ဝင်းက ဥပဒေရေးရာ ကိစ္စများအကြောင်း ပြောသည်။

ဦးနိုင်းနိုင်းက အင်န်အယ်ဒီလူမှုထောက်ကူက ဆောင်ရွက်ပေးနိုင်မှုကို ရှင်းပြသည်။

ဗိုလ်ကြီးဝင်းထိန်က နိုင်ငံရေးအကျဉ်းသားများရဲ့ ထောင်တွင်းနေထိုင်မှု ဘ၀များကို ရှင်းလင်းပြောကြားခဲ့တာကို တွေ့ရပါတယ်။

ကိုယ်တိုင် ကြိုးစားလုပ်ကိုင်ကြဖို့
ဇာဝါရီ (မယ်ရီလန်း)
ဒီဇင်ဘာ ၁၃၊ ၂၀၁၀
အခုရက်အတွင်း မြင်နေကြားနေရတာတွေကြောင့် ဒီဆောင်းပါးရေးဖို့ ဖြစ်လာခဲ့တယ်။ ငယ်ငယ်တုန်းက နွေရာသီ ကျောင်းပိတ်ရက်များမှာ မိသားစုနဲ့
မြန်မာပြည်အနှံ ဘုရားဖူး သွားကြလေ့ရှိတယ်။ ကျနော်တို့ မြန်မာပြည်ရှိ အားလုံးသော ဘုရားပုထိုးစေတီ သောင်းခြောက်ထောင်ကျော်က အလွန် စိတ်ဝင်စားစရာ
သမိုင်းရာဇဝင် ဇာတ်လမ်းများနဲ့ မဟုတ်လား။
သမိုင်းကျောက်စာ အထောက်အထားများမှ ဘုရားစေတီ သမိုင်းများကို မှတ်သားသိရှိရသလို၊ တချို့ မှာ ပါးစပ်ရာဇဝင် ဒဏ္ဍာရီ ပုံပြင်သမိုင်းများ
ဖြစ်ကြတယ်။ ကြားဘူးသမျှ အားလုံးသော ပါးစပ်ရာဇဝင် ဒဏ္ဍာရီ ပုံပြင်သမိုင်းတွေထဲမှာ ကျနော် စိတ်အဝင်စားဆုံး၊ မမေ့နိုင်တဲ့ ဘုရားသမိုင်းက မန္တလေး
မဟာမြတ် မုနိဘုရားကြီးအကြောင်း ဖြစ်တယ်။ ဘုရားကြီးမှာ ရေးထိုးထားတဲ့ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ် စာတမ်းကြောင့် ပုံပြောကောင်းတဲ့ အဖွားဖြစ်သူကို
မေးကြည့်တော့ ကျနော်တို့ မြန်မာလူမျိုးတွေ ကြားဘူးကြမယ့် ရှေးဟောင်းပါးစပ်ရာဇဝင်တပုဒ် ကို ကြားသိခဲ့တယ်။
မှတ်တမ်းတင် မြန်မာ့သမိုင်း ရာဇဝင်အကျဉ်းမှာတော့ ၁၇၈၄-ခုနှစ်မှာ မြန်မာဘုရင် ဘိုးတော်ဘုရား ရခိုင်ပြည်ကို သိမ်းပိုက်တိုက်ခိုက် အောင်မြင်ခဲ့ပြီးနောက်
ရခိုင်လူမျိုးတို့ ပူဇော်ကိုးကွယ်ထားတဲ့ မဟာမုနိရုပ်ထုတော်ကြီးကိုလည်း မန္တလေးမြို့ သို့ ပင့်ဆောင်လာခဲ့တယ်။ ရခိုင်သမိုင်းမှာတော့ အတင်းအဓမ္မ
သိမ်းယူသွားခဲ့တယ်ပေါ့။ အဖွားပြောတဲ့ ပါးစပ်ရာဇဝင်ကတော့ ဂေါတမ မြတ်စွာဘုရားက ရင်ငွေ့တော် (၇) ကြိမ် ပေးခဲ့တာကြောင့် မဟာမြတ်မုနိ
ကိုယ်တော်ကြီးမှာ သက်တော်ရှိခဲ့သည်ဟု လူတွေက ယုံကြည်ပြောဆိုခဲ့ကြသည်။
ဒီလိုနဲ့ မဟာမြတ်မုနိ ရုပ်ရှင်တော်ကြီးကို ပင့်ဆောင်လာပြီးနောက်မှာ သက်ရှိရုပ်ရှင်တော်ဖြစ်တယ်လို့ ကြားသိတော့ လာရောက် ဖူးမြော်ပြီး ဘုရားတရား
အကြောင်းအရာများကို မေးမြန်း၊ ဆွေးနွေးလျှောက်ထား နာယူခဲ့ကြတယ်။ ဒီလို အစောပိုင်းမှာ တရားနာယူ၊ တရားစကားမေးမြန်း လျှောက်ခဲ့ကြပေမယ့်
နောက်ပိုင်း တဖြည်းဖြည်းနဲ့ ဘုရားတရား အကြောင်းအရာတွေ မမေးမလျှောက်ကြတော့ဘဲ မိမိတို့ မိသားစုအရေးကိစ္စ ပြဿနာတွေ၊ ယုတ်စွအဆုံး ကြက်ပျောက်၊
နွားပျောက်မေး၊ အတိတ်နမိတ်တွေ မေးမြန်းကြ၊ ရှင်းမရဖြေမရတဲ့ မိမိတို့ အရှုပ်အလုပ်တွေကို ဘုရားကို ဖြေရှင်းဖို့ တောင်းဆိုကြတယ်။
ဒီလိုနဲ့ မိမိတို့ကိုယ်တိုင် ဘာမှကြိုးစား မလုပ်ကြတော့ဘဲ ထစ်ခနဲဆို ဘုရားရှင်ကို ကူညီလုပ်ကိုင်ဖို့ မေးမြန်းတောင်းဆိုကြတော့ နောက်ဆုံး ဘုရားရှင်လည်း
တရားမထုတ်နိုင်၊ တရားအကြောင်း ပြောခွင့်ဟောခွင့် မရတော့တာကြောင့် ဖြစ်မယ် နှုတ်ဆိတ်နေသွားခဲ့တာ ယနေ့ထိပေါ့တဲ့။
ကဲ … ဘယ်လောက် စိတ်ဝင်စားဖို့ကောင်းတဲ့ ပါးစပ်ရာဇဝင် ဒဏ္ဍာရီတပုဒ် ဖြစ်သလဲ။ ဘယ်သူက ဖန်တီးစိတ်ကူးကြံဆ ပြောခဲ့သလဲဆိုတာကိုတော့ မသိ။
ငယ်ငယ်ကတော့ မဟာမြတ်မုနိရောက်တိုင်း ဘုရားရုပ်ပွားတော်ကြီး ချက်ချင်း အသက်ပြန်ဝင်လာပြီး ငါကို “ဘာမေးချင်၊ သိချင်သလဲ” လို့ မိန့်ဆိုခဲ့ရင်ဆိုတဲ့
ကြောက်စိတ်၊ ရင်ခုန်စိတ်များနဲ့ ရှိနေခဲ့တယ်အမှန်။
အခုတော့ အသက်ကလေးရ တွေးခေါ်ကြည့်တော့ ဒီ ရာဇဝင်ကို တီထွင်ကြံဆ ပြောခဲ့သူမှာ နတ်အားကိုး၊ ဘိုးတော်အားကိုး၊ ဗေဒင်ယတြယာ အားကိုး၊
ကယ်တင်ရှင်အားကိုးကြတဲ့ ကျနော်တို့လူမျိုးအတွက် တခြား ရည်ရွယ်ချက်တွေ ရှိနေတာကို သိလာခဲ့တယ်။
ယနေ့ ကျနော်တို့ ရွှံဖြစ်နေတဲ့ ရွှေမြန်မာပြည်ကြီးမှာ ဖိနှိပ်သူကတစု၊ ဖိနှိပ်ချုပ်ချယ်မှုအောက်မှ လွတ်မြောက်အောင် ကြိုးစားနေသူတစုနဲ့ အရှုပ်တွေ၊ ပြဿနာပေါင်း
သောင်းခြောက်ထောင်နဲ့ ဒုက္ခရောက်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာရှည်ခဲ့ပြီ။ ဒီလိုအခြေအနေမှာ တင်ပြချင်သည် အကြောင်းအရာက အထက်က
ပါးစပ်ရာဇဝင်ပုံပြင် နဲ့ ဆက်စပ်နိုင်သလို ဖြစ်နေတာကြောင့် ဖြစ်တယ်။ မနှိုင်းကောင်းနှိုင်းကောင်းလို့ ပြောရင်လည်း ခံရပေမည်။ ဒါပေမဲ့ အရှိသည်အရှိ၊ ယနေ့
တွေ့မြင်နေရသည်မှာ အထက်က ဒဏ္ဍာရီပုံပြင်လို ဖြစ်နေသည်။
နှစ်ပေါင်းများစွာ ချုပ်နှောင်းမှုအောက်မှ တတိယအကြိမ် ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ပြည်သူချစ် အားကိုးတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် မှာ အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့တဲ့ မိနစ်ပိုင်းအတွင်းကစလို့ ယနေ့တိုင်း မျှော်လင့်တကြီး အားကိုးစောင့်စားနေကြတဲ့ ပြည်သူများကိုပဲ
အားပေးစကား ပြောဆိုနေရတော့သည်။
ပထမအကြိမ် အကျယ်ချုပ်မကျခင် နဲ့ နောက် ပထမ၊ ဒုတိယ နဲ့ အခုနောက်ဆုံးအကြိမ် ချုပ်နှောင်မှုမှ ပြန်လွတ်လာတိုင်း ဒေါ်အောင်ဆန်းစုကြည် က
ပြည်သူတွေကို သူ့ကိုယ်ပဲ အားကိုးမနေဘဲ ဝိုင်ဝန်းကြိုးစားလုပ်ဖို့ တိုက်တွန်းခဲ့သလို၊ သူကိုပဲ မေးမနေပါနဲ့ သူသိစေချင်တာကိုလည်း ပြောပြပါလို့ ဆိုခဲ့တယ်။
ဒါပေမဲ့ ကျနော်တို့ ပြည်သူတွေက အားကိုးတကြီး ယုံကြည်မျှော်လင့်ချက်များစွာနဲ့ ဒေါ်အောင်ဆန်းစုကြည်မှ မကယ်ရင် ဒီအမှောင်တိုက်တွင်းမှ လွတ်မြောက်မည်
မဟုတ်ဆိုပြီး တနေ့တနေ့ မေးလိုက်တဲ့ မေးခွန်းတွေ၊ ပေးကမ်းနေတဲ့ တာဝန်အလုပ်တွေ၊ ရှင်းရမယ့် ပြဿနာတွေ နဲ့ ဖြေလိုက်နေရတဲ့ မီဒီယာဗျူးတွေကို
ကြားနေမြင်နေရတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဓိကဦးစားပေး လုပ်ရမယ့် အရေးကြီးတဲ့ အလုပ်တွေကို မလုပ်ရဖြစ်နေပြီး အရေးမကြီး၊ မလိုအပ်တဲ့
မေးခွန်းတွေကို နည်းမျိုးစုံနဲ့ ဖြေကြားနေရတာကြောင့် မောပန်းပြီး အထက်က ပါးစပ်ရာဇဝင်ဒဏ္ဍာရီ ယုံတမ်းစကားလို တနေ့ ရေငုံနှုတ်ပိတ် တုံဏှိဘာဝေ
ဖြစ်သွားလေမလား။
ဖြစ်ဖို့များ၊ ဖြစ်နိုင်တာကတော့ အစဉ်အလာအရ နှောက်ယှက်ဖျက်ဆီးနေတဲ့ စစ်ဝါဒီ မိစ္စာများက သူတို့မကြားချင်တာတွေ ကြားရလွန်လို့ နှုတ်ပိတ်တားမြစ်ခြင်း
(ပြန်လည်ချုပ်နှောင်ခြင်း၊ လုပ်ကြံခြင်း) ကို ခံရမှာကို စိုးရိမ်မကင်း ဖြစ်ရတာကြောင့် အခုလက်ရှိ ရရှိနေတဲ့ လွတ်လပ်နေတဲ့ အချိန်ကာလ၊ အခွင့်အခါမှာ
ပြည်သူပြည်သားများအနေနဲ့ မိမိတို့ လုပ်ရမယ့်၊ လုပ်နိုင်တဲ့၊ ဖြေရှင်းနိုင်တဲ့ အကြောင်းအရာ၊ အလုပ်အကိုင်များကို မိမိတို့ကိုယ်တိုင် ကြိုးစားလုပ်ကိုင် ဖြေရှင်းသွားပြီး
ဒေါ်အောင်ဆန်းစုကြည် အဓိကလုပ်ဆောင်ရမယ့် အရေးကြီးတဲ့ နိုင်ငံရေးလုပ်ငန်းများကို ပံ့ပိုးကူညီလုပ်ဆောင်သွားဖို့ အချိန်တန်ပါပြီ။
ကဲ … ဒီတော့ မလိုအပ်တဲ့ မေးတာတွေ၊ ဖြေရှင်းခိုင်းတာတွေ၊ တောင်းဆိုတာတွေ၊ ဆရာလုပ်တာတွေရပ်ပြီး လက်တွေ့ကျကျ ပါဝင်လှုပ်ရှား
ဝိုင်းဝန်းလုပ်ဆောင်သွားကြပါစို့။
(Photo - Dec 10th 2010, Rangoon, NLD HQ, Human Rights Day Event, Suu (MoeMaKa))

Sunday, 12 December 2010

အမေရိကန် - ဘတ်ဖဲလိုးမြို့ မြန်မာကွန်မြူနီတီက အင်န်အယ်ဒီကို တရားဝင်ပါတီအဖြစ် ထောက်ခံကြောင်း ထုတ်ဖော်


မိုးမခအထောက်တော် - ဘတ်ဖဲလိုး
ဒီဇင်ဘာ ၁၂၊ ၂၀၁၀
ယနေ့ နေ့ခင်းက အမေရိကန် နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့နေ မြန်မာကွန်မြူနီတီက မြန်မာ့အရေး အခမ်းအနားတခု ခဲ့ကြပြီး မြန်မာပြည်၏
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အင်န်အယ်ဒီပါတီသည် ပြည်သူအများစု၏ အသိအမှတ်ပြု ထောက်ခံမှုနှင့် ရပ်တည်နေသော တိုင်းပြည်၏
တရားဝင်နိုင်ငံရေးပါတီ တခုဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ခြင်း၊ ထောက်ခံမှုပြသခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

ဘတ်ဖဲမြို့နေ မြန်မာမိသားစုများမှာ မြန်မာစစ်အစိုးရ၏ နိုင်ငံရေးဖိနှိပ်မှုများကြောင့် မိမိတို့နေရပ်ကို စွန့်ခွာပြောင်းရွှေ့လာရသူများ ဖြစ်ပြီး


မိမိတို့မြန်မာကွန်မြူနီတီအတွင်း မြန်မာအရေးလှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ ပြည်တွင်းရှိ ဒီမိုကရေစီရေးလှုပ်ရှားမှုများကို တတ်စွမ်းသမျှ ထောက်ခံအားပေးခြင်းတို့
ပြုလုပ်လျက် ရှိရာ ယခုအချိန်တွင် အင်န်အယ်ဒီပါတီ၏ တရားဝင်ရပ်တည်မှုကို စစ်အစိုးရနှင့် အပေါင်းအပါတို့က ထိခိုက်ပြောဆိုမှုများ လှုံဆော်မှုများကို
တုန့်ပြန်သည့်အနေဖြင့် မိမိတို့၏ သဘောထားကို ထုတ်ဖော်ပြသသည့် အခမ်းအနားတရပ် ကျင်းပခြင်း ဖြစ်သည်ဟု မိုးမခသို့ ပြောကြားသည်။
“အခု ကျနော်တို့တတွေက တတ်နိုင်သလောက် ကူညီမှုတွေ ပြုလုပ်ကြပါတယ်။ ဥပမာ အင်န်အယ်ဒီပါတီရဲ့ လူမှုထောက်ကူအဖွဲ့က မဖြူဖြူသင်းဦးဆောင်တဲ့ HIV /
AIDS လူနာတွေ ပြုစုစောင့်ရှောက်ဖို့ လိုအပ်တဲ့ အလှူ။ လူမှုရေးလုပ်ငန်းတွေက အကူအညီတွေလိုတယ်ဆိုရင်လည်း ကိုကျော်သူတို့ သုခ
ကုသိုလ်ဖြစ်ဆေးခန်းအတွက် အလှူကို ၀ိုင်းထည့်ဝင်တာတွေ လုပ်တယ်။ ပြည်တွင်းက မိတ်ဆွေတွေဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ မိသားစုတွေကို စိတ်အား
လူအား တတ်နိုင်သလောက် ကူညီတယ်။ အားလုံးကိုလည်း မြန်မာပြည်အရေးကို ၀ိုင်းဝန်းကြဖို့ တိုက်တွန်းလိုပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ရဲ့
တရားဝင်ရပ်တည်မှုကို ကာကွယ်ကြ လို့ တိုက်တွန်းလိုပါတယ်”
ဟု ဘတ်ဖဲလိုးမြို့နေ မြန်မာမိသားစုတဦးဖြစ်သူ ကိုမောင်မောင်ဝမ်းက ပြောကြားလိုက်သည်။
(ဓာတ်ပုံ - နယူးယောက်၊ ဘတ်ဖဲလိုးမြို့၊ မြန်မာ့အရေး အခမ်းအနားမြင်ကွင်း)

အောင်သူ
နာမည် အပြည့်အစုံ ခေါ်မယ်ဆို “တံတားနီအောင်သူ”
၈၈ မတ်လ ရန်ကုန်တက္ကသိုလ်တွင်း ကျောင်းသားဆန္ဒပြပွဲ၊ မတ်လ ၁၆ တံတားနီ ဆန္ဒပြပွဲကို ဦးဆောင်လာသူ။ တံတားနီဖြစ်ရပ်မှန်ကို စာတမ်းရေး ဖြန့်ဝေခဲ့သူ။
၈၉ မှာ ထောက်လှမ်းရေးက ခဏခဏ ဖမ်းစစ်ဆေး။ နောက်ဆုံးတော့ အင်းစိန်ပို့ကာ ၂ နှစ်လောက် အချုပ်ဘ၀ ထားခဲ့ပြီး ၉၁ မှာ ထောင်ဒဏ် ၅ နှစ် ကျခံခဲ့ရသူ။
အင်းစိန်ထောင်မှာ အဖေ ဦးဘိုးအောင် နဲ့ သား အောင်သူ။ သားအဖ၂ယောက်ရဲ့ အမှတ်တယများက ဘယ်လိုမှ မေ့မရ။ အစဉ်အလာနဲ့ ယုံကြည်ရာ ကြားက
ပဋိပက္ခ ပြေငြိမ်းရာ-
မိခင်ဖြစ်သူက ခင်ပွန်းနဲ့သားအတွက် တပတ်တခါ ထောင်ဝင်စာလာ၊ ဖွယ်ဖွယ်ရာရာနဲ့။ အခုတော့ ဖခင်ဖြစ်သူက မရှိတော့။ မိခင်ကြီးကလဲ တသက်တာ
ထောင်ဝင်စာ ခရီးကြောင့် ကျန်းမာရေး မကောင်း။
အောင်သူက သူငယ်ချင်းတွေကို ခင်သလို ယုံကြည်ချက်ကိုလည်း ဘယ်တော့မှ မပြင်တတ်။ စကားလုံးကောင်းကောင်းနဲ့ သီချင်းတွေ ရေးတတ်သလို အတွေး
ကောင်းကောင်းနဲ့လဲ နောက်တတ် ပြောင်တတ်။
ထောင်ကလွတ်လာပြီး မိသားစုဘ၀လေး တည်ဆောက်နေရင်း ၉၆ ဒီဇင်ဘာ ကျောင်းသား လှုပ်ရှားမှုမှာလည်း ပါဝင်ခဲ့၊ အဖမ်းအဆီးတွေကို ရှောင်တိမ်းခဲ့ရသေး။
နောက်ဆုံးတော့ ၈၈ မျိုးဆက် ကျောင်းသားများ၊ သူငယ်ချင်းဟောင်းများနဲ့ ပြန်လက်တွဲ၊ နိုင်ငံမှာ အဓိက အကျဆုံး “အမျိုးသား ပြန်လည်သင့်မြတ်ရေး” ကို
အကောင်အထည်ဖော်ဖို့ ကြိုးစားရင်း ထောင် ၆၅ နှစ် ချခံရပြီး မြန်မာပြည်မြောက်ဖျား ပူတာအိုထောင်ထိ ပို့ခံထားရသူ။
တခါတခါ အကြော ဆိုင်းသွားတတ်တဲ့ ရောဂါနဲ့ အလွန် အေးပါတယ် ဆိုတဲ့ ရာသီဥတုကြား ယုံကြည်ချက်နဲ့ အသက်ရှင်နေသူ။
သူငယ်ချင်းတွေကို ချစ်တဲ့သူ။ မြန်မာပြည်ကို ချစ်တဲ့သူ။ မိခင်နဲ့ဝေး အိမ်နဲ့ ဝေးနေတဲ့သူ။ ကျွန်တော်တို့ ဘယ်လိုမှ မေ့မရတဲ့သူ။
အောင်သူ။
နံမည်အပြည့်အစုံ ခေါ်မယ်ဆို “တံတားနီအောင်သူ”

သားကြီး၊ ၂၀၁၀ ဒီဇင်ဘာ ၁၃

မစ်ရှီဂန်မှပေးသောစာ(၄၃)
အောင်ဝေး

ဒီဇင်ဘာ ၁၃၊ ၂၀၁၀


“---ကြံ့ဖွံ့ပါတီမနိုင် နိုင်အောင်လုပ်မှာပဲ ဆိုတာကို သိထားတဲ့ ပြည်သူလူထုကြီးကတော့ ရွေးကောက်ပွဲ ရှုံးနိမ့်သွားတဲ့ ဒီမိုကရက်တစ်အင်အားစု ပါတီတွေ အပေါ်
ကရုဏာဒေါသောတွေ ဖြစ်မိရတာပေါ့---”
မိတ်ဆွေကြီး ကိုဒေါင်း-
ကျန်းခံ့သာလို့ မာပါစဗျာ။ ကြည့်ရင်းကြည့်ရင်းမှာပင် လူတို့သည် ပရွက်ဆိတ်တမျှ သေးငယ်သွားကြကုန်၏ --- တဲ့။ ဆရာမောင်သာရရဲ့ဝတ္ထုတိုတစ်ပုဒ်
ခေါင်းစဉ်ကို သတိရတယ်ဗျာ။ နအဖ ၂၀၁၀ ရွေးကောက်ပွဲကတော့ မကျေမလည်နဲ့ပဲ ပြီးသွားခဲ့ပါပြီ။
ဒါပေမဲ့ မပြီးသေးတာက ရွေးကောက်ပွဲမသမာမှု၊ ရွေးကောက်ပွဲအကြမ်းဖက်မှု၊ ရွေးကောက်ပွဲဓားပြတိုက်မှု၊ ရွေးကောက်ပွဲလိမ်ညာမှု စတဲ့ နောက်ဆက်တွဲ
ပြဿနာတွေပဲ ကိုဒေါင်း။ ဒါ သိပ်ကိုအရေးကြိးတဲ့ကိစ္စပဲ ကိုဒေါင်း။ နအဖရွေးကောက်ပွဲအပြီးမှာ ဘယ်လိုမသမာမှုတွေ၊ မဲခိုးမှုတွေ၊ မဲလိမ်မှုတွေ၊ အနိုင်ကျင့်မှုတွေ
ထွက်ပေါ်လာမယ်ဆိုတာ အစကတည်းက ပြည်သူတွေဘက်က တွက်ဆထားပြီးသားပါ။
နဂိုကတည်းကလည်း NLD လို၊ SNLD လို၊ CRPP လို အတိုက်အခံ နိုင်ငံရေးအင်အားစုတွေက ပြောထားဆိုထားပြီးသား။ နအဖ ၂၀၁၀ရွေးကောက်ပွဲဟာ
လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်တဲ့ အတွက် ရွေးကောက်ပွဲပြီးတဲ့အခါ၊ အဲဒီ မလွတ်လပ်မှု၊ အဲဒီ မတရား မမျှတမှုတွေရဲ့ အကျိုးဆက်
ပြဿနာတွေကို၊ နအဖစစ်အုပ်စု မလွဲမသွေ ရင်ဆိုင်ရမှာပဲ ဆိုတာ ရွေးကောက်ပွဲဆန့်ကျင်သူတိုင်း၊ ရွေးကောက်ပွဲသပိတ်မှောက်သူတိုင်း အခိုင်အမာ
ယူဆထားကြပြီးသားပါ။
အခု ဒီပြဿနာပေါ်လာပြီ ကိုဒေါင်း။ နအဖ ၂၀၁၀ ရွေးကောက်ပွဲ ပြဇာတ်ဟာ၊ နအဖ လိုချင်သလို အကွက်စေ့စေ့ ဖြစ်မလာဘူး။ ဟိုကဒီက လစ်ဟာချက်၊
ချွတ်ယွင်းချက်တွေ ပေါ်လာတယ်။ ယုတ္တိမတန်တဲ့၊ လိပ်ပြာမလုံတဲ့လုပ်ရပ်တွေ ထွက်လာတယ်။ နအဖ ရွေးကောက်ပွဲ ဇာတ်လမ်းက မျောတောတောကြီး။
လွှတ်တော်တက်ဖို့စိတ်ကူးတွေ တစ်လှေကြီးနဲ့၊ လွှတ်တော်ထဲရောက်ရင် တိုင်းပြည်ကို ကယ်တင်နိုင်မှာပဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရွေးကောက်ပွဲ ၀င်ကြတဲ့
ဒီမိုကရက်တစ် နိုင်ငံရေး အင်အားစုတွေလည်း မချိတင်ကဲ၊ ၀မ်းနည်းပက်လက် ဖြစ်ကြရပြီ။
နအဖလူကြမ်း နှိပ်စက်လို့၊ သူကြီးသားကြံ့ဖွံ့က ညစ်ပတ်လို့၊ ဒီမိုကရက်တစ် အင်အားစု မင်းသား၊ မင်းသမီး၊ ဇာတ်ပို့ဇာတ်ရန်တွေလည်းလက်မှိုင်ချရ၊
ကြေကွဲကြရ၊ မကျေမချမ်းနဲ့ တောက်ခေါက်ကြရတဲ့ ဇာတ်လမ်း။ နဂိုကတည်းက နအဖစစ်အုပ်စုက သူတို့အလိုကျ၊ သူတို့ကိုယ်ပွား ကြံ့ဖွံ့ပါတီမနိုင်
နိုင်အောင်လုပ်မှာပဲ ဆိုတာကို သိထားတဲ့ ပြည်သူလူထုကြီးကတော့ ရွေးကောက်ပွဲ ရှုံးနိမ့်သွားတဲ့ ဒီမိုကရက်တစ်အင်အားစု ပါတီတွေ အပေါ်
ကရုဏာဒေါသောတွေ ဖြစ်မိရတာပေါ့ ကိုဒေါင်းရယ်။
သူတို့အရေးနိမ့်သွားတာကို ကျနော်တို့စိတ်မကောင်း မဖြစ်ပါဘူး။ ကျနော်တို့ စိတ်မကောင်း ဖြစ်မိတာက သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့
ရွေးကောက်ပွဲအပေါ်သဘောထားကို သေသေချာချာ ပိုင်းခြားစိတ်ဖြာ မသုံးသပ်နိုင်ခဲ့တာကိုပါ။ ကျနော်တို့ စိတ်မကောင်းဖြစ်ရတာက သူတို့ဟာ NLD အပါအ၀င်၊
တိုးတက်တဲ့ တိုင်းရင်းသားအင်အားစု ပါတီတွေရဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်ကို နားလည်အောင် မကြိုးစားခဲ့တာကိုပါ။
ခုတော့ လွန်သွားပြီ ကိုဒေါင်း။ မရတော့ဘူး။ နအဖရဲ့ မုသာဝါဒ ရွေးကောက်ပွဲ လန်ကြုတ် ဇာတ်လမ်းကြီးကတော့ နအဖ စချင်သလို စခဲ့ပြီး၊ အခု နအဖ
ပြီးစေချင်သလို ပြီးသွားပါပြီ။ အခုအချိန်ကျမှ ရွေးကောက်ပွဲရှုံးနိမ့်သွားတဲ့ ဒီမိုကရက်တစ်အင်အားစုတွေ ကျနော်တို့ မှားပါပြီ၊ ကျမတို့ မှားပါတယ်လို့
အော်နေကြရင်လည်း ဒါ အပိုပဲ ဖြစ်တော့မယ်။
ကိုဒေါင်းကြီး - တကယ်ကတော့ ရွေးကောက်ပွဲဝင်မိတဲ့ ဒီမိုကရက်တစ်အင်အားစုတွေကို မှားတယ် လို့ဆိုရင်လည်း သူတို့အမှားက အဓိက မကျပါဘူးဗျာ။
အဓိကကျတာက၊ နအဖ ရွေးကောက်ပွဲကိုယ်နှိုက်က မှားနေတဲ့ဟာ မဟုတ်လား။ ပြည်သူတွေ မမှားဘူး။ ဒီမိုကရက်တစ် အင်အားစုတွေလည်း မမှားဘူး။ နအဖက
မမှန်တာပါ ကိုဒေါင်း။ ဒါက ပိုပြီး အဓိကကျတာပါ ကိုဒေါင်း။ နဂိုကတည်းက နအဖက မမှန်ဘူး။ ရွေးကောက်ပွဲက မှားနေတယ်။
သမိုင်းကို နည်းနည်းလောက်တော့ ပြန်လှန်ကြည့်ရအောင် ကိုဒေါင်း။ မဆလ စစ်အစိုးရ ရေးဆွဲတဲ့ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ၊
ပြည်သူ့လွှတ်တော်ဆိုတာပေါ်လာတယ်။ နိုင်ငံတော်ကောင်စီ ဆိုတာ ပေါ်လာတယ်။ အဲဒီလွှတ်တော်ထဲမှာ၊ နိုင်ငံတော်ကောင်စီထဲမှာ စစ်အာဏာရှင်စနစ်ကို
အသွင်ပြောင်းထားတဲ့ မဆလ တစ်ပါတီအာဏာရှင်စနစ် ရောက်လာခဲ့တာပါပဲ။
အဲဒီတစ်ပါတီအာဏာရှင်စနစ်ကို၊ ကျောင်းသားတွေဦးဆောင်ပြီး၊ ပြည်သူလူထုကြီး တစ်ရပ်လုံးက တိုက်ခဲ့တယ်။ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးက မဆလ
တစ်ပါတီအာဏာရှင်စနစ်ကို ဖြုတ်ချနိုင်ခဲ့တယ်။ ဒါပေမဲ-့
ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့ နောက်မှာတော့ ကျဆုံးသွားတဲ့ တစ်ပါတီ အာဏာရှင်စနစ် နေရာမှာ န၀တ-နအဖ ဆိုတဲ့
စစ်အာဏာရှင်ရုပ်လုံးက ဘွားဘွားကြီး ပြန်ပေါ်လာတာပဲ မဟုတ်လားဗျာ။ ဒီ စစ်အာဏာရှင်စနစ်အောက်မှာ NLD အနိုင်ရခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲလည်း
ပျောက်ဆုံးခဲ့ရတယ်လေဗျာ။
အခုလည်း နအဖစိတ်ကြိုက် ရေးဆွဲထားတဲ့ ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပတဲ့ နအဖ ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာကကော၊
တစ်ကျော့ပြန်ပြီး စစ်အာဏာရှင်စနစ်ကနေ ကြံ့ဖွံ့တစ်ပါတီအာဏာရှင်စနစ်ကို အသွင်ပြောင်းမယ့်လုပ်ဇာတ်ပဲ ဆိုတာ ခုတော့ ရွေးကောက်ပွဲ
ဝင်မိမှားတဲ့သူတွေလည်း ကိုယ်တွေ့ ကြုံလိုက်ရပါပြီ။
ရွေးကောက်ပွဲကတော့ ပြီးသွားပြီ။ ဒါပေမဲ့ ရွေးကောက်ပွဲမသမာမှုတွေက ဟိုက ဒီက အတောမသတ် ပေါ်လာနေတယ်။ ဒီတော့ ကျနော်တို့
ဘာလုပ်ကြမလဲ။ ကျနော့်အမြင်ကတော့ နှစ်ပိုင်းရှိတယ် ကိုဒေါင်း။ တစ်ပိုင်းက-ရွေးကောက်ပွဲ မ၀င်တဲ့ပါတီတွေနဲ့ မဲသွားမပေးတဲ့ပြည်သူတွေက
နဂိုရပ်တည်ချက်အတိုင်း ဆက်လက်ရပ်တည်သွားမယ်။ ရွေးကောက်ပွဲကို လုံးဝ အသိအမှတ်မပြုဘူး။
နောက်တစ်ပိုင်းက- ရွေးကောက်ပွဲဝင်မိတဲ့ ပါတီတွေနဲ့ မဲသွားပေးမိတဲ့ ပြည်သူတွေက ရွေးကောက်ပွဲ မသမာမှုတွေကို အသေးစိတ် ဖော်ထုတ် ဖွင့်ချရမယ်။
ဥပဒေကြောင်းအရရော မီဒီယာတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် တိုင်တန်းရမယ်။ ထိထိရောက်ရောက် အရေးဆိုရမယ်။ ရွေးကောက်ပွဲ အနိုင်အရှုံး ရလဒ်ကို
လက်မခံနဲ့။
ရွေးကောက်ပွဲ မမှန်ဘူး ဆိုတာကို အဲဒီနှစ်ပိုင်းစလုံးက၊ ရဲရဲရင့်ရင့်၊ ပြတ်ပြတ်သားသား ဆန္ဒဖော်ထုတ်ဖို့ အချိန်ရောက်ပြီ ကိုဒေါင်း။ အဲဒီလို
ဆန္ဒတူတဲ့လူတွေ၊ တစ်ခဲနက် စုစည်းမိဖို့လိုပြီ ကိုဒေါင်း။ မတူကွဲပြားနေတဲ့ ဒီမိုကရေစီအင်အားစု အသီးသီး၊ တညီ တညွတ်တည်း ပြန်လည်ပေါင်းစုဖို့
အရေးကြီးနေပါပြီ ကိုဒေါင်း။
အားလုံး အလေးအနက် စဉ်းစားကြဖို့ပါ။

အောင်ဝေး
နိုဝင်ဘာ ၁၁-၂၀၁၀။

[မူရင်း - လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese]


နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ နိုင်ငံရေးအကျဉ်းသားများနဲ့ အကျဉ်းကျနေတဲ့ နိုဘယ်ဆုရှင်သစ် ကို စာနာခြင်း
ဦးဝင်းတင်နဲ့ မေးခွန်းများ
ဒီဇင်ဘာ ၁၂၊ ၂၀၁၀
ဒီဇင်ဘာ ၁၀ ရက်နေ့က နိုင်ငံတကာလူ့အခွင့်အရေးနေ့ဖြစ်ပါတယ်။ အင်န်အယ်ဒီ ဋ္ဌာနချူပ်မှာ အခမ်းအနားကျင်းပခဲ့ပြီး မြန်မာနိုင်ငံရဲ့
လက်ရှိနိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစု ၈၀၀ နီးပါးနဲ့ ဒေါ်စုတို့ တွေ့ဆုံခဲ့ကြတယ်။ နိုင်ငံရေးအကျဉ်းသားမိသားစုတွေရဲ့ ခံစားချက်တွေ၊ ရင်ဆိုင်
ဖြတ်သန်းနေရတဲ့ အခက်အခဲတွေ၊ ဖိနှိပ်ချုပ်ချယ် ခံနေရမှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ထိုနေ့မှာ အထူးဂရုပြု ထုတ်ဖော်ပြောကြားခြင်း၊
တာဝန်ယူ ဆောင်ရွက်မည့် အစီအစဉ်တွေကို ချမှတ်ခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဆရာဦးဝင်းတင်ကို လူ့အခွင့်အရေးနေ့နဲ့ ပတ်သက်ပြီး
တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချူပ်ရက်စေ့လို့ လွတ်မြောက်လာပြီးနောက်မှာ အကောင်းမြင်သူတွေက မြင်နေကြတယ်။ နိုင်ငံရေးအကျဉ်းသားတွေနဲ့
သူတို့မိသားစုတွေရဲ့ ဘ၀တွေ၊ အခြေအနေတွေကိုကော အကောင်းမြင်လို့ ရပြီလား။
အစကတည်းက နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုတွေနဲ့ ဝေးတဲ့ နယ်တွေ အဝေးက ထောင်တွေကို ပို့ထားတယ်။ မိသားစုတွေမှာ ထောင်ဝင်စာ သွားတွေ့ဖို့
အခက်အခဲတွေ အများကြီး ရှိတယ်။ အိုင်စီအာရ်စီက နိုင်ငံရေးအကျဉ်းသားမိသားစုတွေကို ခရီးစာရိတ်လိုမျိုး ကူညီထောက်ပံ့မှုတွေ လုပ်ပေမယ့်
လောက်ငှမှုမရှိဘူး။ အကန့်အသတ်တွေ ရှိတယ်။ ခရီးစာရိတ်အပြင် နေဖို့ ထိုင်ဖို့ တည်းခိုဖို့ စာရိတ်တွေ အများကြီး ရှိတယ်။ ဒါတွေက ငွေသိန်းချီပြီး
ကုန်ကျရတာတွေ ရှိတယ်။ ဒါတွေကို အကျဉ်းသားမိသားစုတွေ လက်ရှိ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပြောဖြစ်တယ်။

တိုင်းပြည်ရဲ့ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ ထောင်အာဏာပိုင်တွေက


ဆက်ဆံရေးတွေကိုယ်တိုင်ကကော ကောင်းမွန်လာတာ ပြောင်းလဲလာတွေ ရှိလာပြီလား။
ထောင်အာဏာပိုင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေ၊ မိသားစုတွေအပေါ်မှာ နေရာအတော်များများမှာ ကောင်းမွန်တိုးတက်တဲ့ ပြောင်းလဲမှုတွေ မရှိသေးဘူး
ဆိုတဲ့ အကြောင်းတွေ တင်ပြကြတယ်။ ဒါကို ဆွေးနွေးဖြစ်တယ်။ ထောင်အာဏာပိုင်အချို့က နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာ အာဏာပြတုန်း၊ အနိုင်ကျင့်တုန်း၊
ညစ်ပတ်တုန်းပဲ ရှိသေးတယ်။ ထောင်ဝင်စာကိစ္စတွေကို ထောင်အာဏာပိုင်တွေက အကြပ်ကိုင်စရာလိုမျိုး သုံးတယ်။ ဥပမာ မီဒီယာနဲ့ မိသားစုတွေက
စကားပြောရင် သူတို့က ထောင်ဝင်စာကို ပိတ်ပစ်တာမျိုးတွေလုပ်နေတယ်။ ခြိန်းခြောက်တာတွေ လုပ်တယ်။ ဒါတွေ ရှိနေတုန်းပဲ။

ဘာသာရေးအရ ကန့်သတ်ခံထားရတာတွေကော ပြောဖြစ်သလား ဆရာ။


ပြောကြပါတယ်။ ဥပမာ - ဘူးသီးတောင်ဘက်မှာ မွတ်စလင်ဘာသာဝင်တွေ ခရီးသွားလာရင် အာဏာပိုင်တွေက ကန့်သတ်တာတွေ၊ စစ်ဆေးတာတွေ ရှိတယ်။
အဲသည် ဘူးသီးတောင်ဖက်က ထောင်ကို မွတ်ဆလင်နိုင်ငံရေးအကျဉ်းသားတွေကို ပို့ထားတယ်။ သူ့မိသားစုတွေက အဲသည်ကန့်သတ်ထားတဲ့နယ်ကို သွားပြီး
ထောင်ဝင်စာတွေ့ဖို့ဆိုရင် သူတို့မှာ အခက်အခဲတွေ အများကြီး ရှိတယ် ဆိုတဲ့အကြောင်းတွေ တင်ပြကြတာတွေ ရှိတယ်။

နိုင်ငံရေးအကျဉ်းသားတွေမှာ ကျန်းမာရေးအာမခံချက်တွေ၊ လွတ်လပ်စွာ ဆေးကုသခွင့်တွေ ရရှိဖို့ လိုအပ်တဲ့အကြောင်း ကိုကော ပြောကြသလားဆရာ။


ကျန်းမားရေးအရ ဂရုတစိုက် စောင့်ရှောက်မှုတွေ မရှိဘူး။ မိသားစုတွေကော ကာယကံရှင်တွေကိုယ်တိုင်က ထောင်အာဏာပိုင်တွေကို
ကျန်းမာရေးစောင့်ရှောက်မှုအတွက် တောင်းဆိုတာတွေ ရှိတယ်။ ကျန်းမာရေးအရ ဆေးကုပေးပါ တောင်းဆိုတဲ့အခါ အချို့ကတော့ ဆေးကုသခွင့်ရပေမယ့်
တချို့ကတော့ ဆေးကုပေးဖို့ လူတွေကို ပြောင်းရွှေ့တာမျိုးတွေ လုပ်လာတယ်။ တကယ်တမ်းကျတော့ ထောင်ပြောင်းလိုက်တာမျိုးဖြစ်ပြီး ဆေးကုသခွင့်
လုံးဝမရတာမျိုးတွေ ရှိတယ်။ ရောဂါတွေလည်း အများကြီး ဖြစ်ပွားတယ် ဆိုတာကလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် နေခွင့်မရှိကြဘူး။ ကျန်းမာရေးနဲ့
ညီညွတ်တဲ့ အစားအသောက်ကျွေးမွေးထားခြင်း မရှိဘူး။ ဒါကြောင့် ထောင်တွင်းမှာ အကျဉ်းသားတွေဟာ ရောဂါရတယ်၊ နာမကျန်းဖြစ်တယ်၊ ဆေးကုသဖို့
လိုလာတယ်။ ဒါကိုလည်း ကောင်းကောင်း မလုပ်ပေးနိုင်ဘူး။ ပုံမှန် ဆရာဝန်နဲ့ ပြသခွင့်တွေ မရှိဘူး။ ဒါတွေကို ပြောဖြစ်ကြတယ်။ ဆွေးနွေးတယ်။

ဒေါ်အောင်ဆန်းစုကြည်က ဒီအရေးကိစ္စတွေကို ဘယ်လိုများ ပြန်ပြောသလဲ ဆရာ။ သူ့အမြင်နဲ့ သဘောထားက ဘယ်လို ရှိသလဲ။


အဓိကအချက်တွေ ကြည့်လိုက်ရင် - မိသားစုနဲ့ဝေးတဲ့ ထောင်တွေမှ ချထားတာ၊ ထောင်ဝင်စာ သွားတွေ့ဖို့ အခက်အခဲတွေ၊ စာရိတ်စက ငွေကြေး အကြပ်အတည်း
အခက်အခဲတွေ၊ ဒါတွေကို သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောခွင့် မရှိတာတွေ၊ ထောင်အာဏာပိုင်တွေက အာဏာကို အလွဲသုံးတာ၊ ပြီးတော့ ထောင်တွင်း
ဆေးကုသခွင့်တို့ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲတွေကို ပြောကြတာ ဖြစ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ဘာပြန်ပြောသလဲ ဆိုတော့ ကျမက အခုလို
နိုင်ငံရေးအကျဉ်းသားတွေ မိသားစုတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းနိုင်အောင် ဆောင်ရွက်ပါ့မယ်လို့ ကတိပေးလိုက်တာ
ဖြစ်ပါတယ်။
အခက်အခဲတွေကို ပြေလည်အောင် ဖြေရှင်းမယ် ဆိုတဲ့ နေရာမှာလည်းပဲ အိုင်စီအာရ်စီလိုမျိုး အခက်အခဲဆိုတာက သူတို့မှာ အရင်တုန်းကလို
အကျဉ်းထောင်တွေထဲ ၀င်ထွက်သွားလာခွင့်တွေ မရှိတော့ဘူး။ သူတို့က အပြင်ကနေ နိုင်ငံရေးအကျဉ်းသားမိသားစုတွေကို ခရီးစာရိတ်တဆင့် ထောက်နိုင်တာပဲ
ရှိတယ်။ သူတို့မှာလည်း ဘတ်ဂျက်တွေဘာတွေ လျော့တော့ အခက်အခဲရှိတာပေါ့။
အဲသည်လိုမျိုး အင်န်အယ်ဒီမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ မိသားစုတွေကို ကူညီထောက်ပံ့တယ် ဆိုတာက တလကို အနည်းဆုံး သိန်း ၃၀၊ ၄၀ ရှာရတာ။
အဲသည် သိန်း ၃၀၊ ၄၀ လောက်တောင်မှ အင်န်အယ်ဒီက လုံလောက်အောင် ပေးနိုင်တာ မဟုတ်ဘူး။ ခရီးစာရိတ်ပေးတယ်။ ဆေးဝါးပေးတယ် ဒါမျိုးလောက်ပဲ
လုပ်နိုင်တာလေ။ အခုဆိုရင် ကျနော်တို့ တတ်နိုင်သလောက် ထောက်ပံ့ကူညီတယ်ဆိုတာက အင်န်အယ်ဒီပါတီကော အခြားပါတီ အဖွဲ့အစည်းတွေကကော
နိုင်ငံရေးအကျဉ်းသား ၆၀၀ ကျော်လောက်ကိုပဲ ပုံမှန် ကူညီနိုင်အောင် လုပ်နေရတာပဲ ရှိသေးတယ်။
အခုတော့ ဒေါ်အောင်ဆန်းစုကြည်လည်း သူကိုယ်တိုင်လည်း ငွေကြေးအကူအညီတွေ ရှာပါ့မယ်။ အိုင်စီအာရ်စီတို့ကိုလည်း အကူအညီတောင်းမယ်။ ဒါ့အပြင်
နိုင်ငံရေးအကျဉ်းသားတွေ မိသားစုတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အရေးကိစ္စတွေကို ဖြေရှင်းနိုင်အောင် ကြိုးစားသွားမယ်လို့ ကတိပြုလိုက်တာ ဖြစ်ပါတယ်။

ဒါဆိုတော့ သူတဦးတည်းအနေနဲ့ ဒီကိစ္စတွေကို ရှင်းသွားမယ်လို့ ပြောတာလား။ သက်ဆိုင်ရာ တာဝန်ခွဲဝေမှုတွေ၊ အလုပ်သတ်မှတ်မှုတွေနဲ့


နိုင်ငံရေးအကျဉ်းသားတွေ၊ မိသားစုတွေအတွက် ဆောင်ရွက်မယ် လို့ ပြောတာလား။ ဘယ်လိုပြောတာလဲ ဆရာ။

ဟုတ်ပါတယ်။ ကိုယ်တိုင်က ဒါတွေကို သူလုပ်နိုင်သလောက် လုပ်မှာအပြင်၊ သက်ဆိုင်ရာ တာဝန်ခွဲဝေမှုတွေကိုလည်း လုပ်မှာပါ။ ဥပမာ ဥပဒေရေးရာ
တရားစွဲဆိုတာ၊ ဖြေရှင်းရတာတွေနဲ့ ပတ်သက်ပြီးတော့ ဦးဥာဏ်ဝင်းတို့လို ဥပဒေပညာရှင်အဖွဲ့တွေ ရှိမယ်။ ငွေကြေးအရ ကူညီထောက်ပံ့ဖို့ကိစ္စတွေ အတွက်ဆိုရင်
လူမှုထောက်ကူအဖွဲ့က ဦးစောနိုင်းနိုင်းတို့ အဖွဲ့တွေ ရှိမယ်။ ဒါမျိုးတွေ ရှိပါတယ်။

အဲသည်မှာ နိုင်ငံရေးအကျဉ်းသားတွေကိုယ်တိုင်နဲ့ မိသားစုတွေကိုယ်တိုင်အတွက် ဘယ်လိုလုပ်ပြီးတော့ အာဏာပိုင်တွေ၊ ထောင်အာဏာပိုင်တွေကို ပြန်လည်


ရင်ဆိုင်ကြမှာလဲ ဆိုတဲ့ကိစ္စအတွက်ကော ဘယ်လို ကာကွယ်မှုတွေ၊ သိရှိမှုတွေ ရှိမှာလဲ ဆရာ။

အဲသည်ကိစ္စကိုလည်း ဒေါ်စုက ဥပဒေကြောင်းနဲ့အညီ ရင်ဆိုင်နိုင်ကြဖို့ ပြောပါတယ်။ ဥပမာ အကျဉ်းသားလက်စွဲတို့၊ အကျဉ်းထောင်လက်စွဲတို့ပေါ့ကွာ။


အကျဉ်းသားတွေအနေနဲ့ ဘယ်လိုမျိုး အခွင့်အရေးတွေ ရှိတယ်၊ ထောင်ဖက်က ဘာတာဝန်တွေ ယူရမယ်ဆိုတာကို ပြောထားတာတွေကို စာအုပ်စာတမ်းတွေက
မြန်မာပြည်မှာ ရှာလို့ မရဘူး ဖြစ်နေတယ်။ အစိုးရဖက်က ရှိပြန်ရင်လည်း နိုင်ငံတကာဥပဒေ စံချိန် စံညွှန်းနဲ့အညီ အမှန်အတိုင်းရေးထားတာ မဟုတ်ပဲ
သူတို့စိတ်တိုင်းကျ ရေးထားတာတွေဖြစ်နေတယ်။ အကျဉ်းသားအခွင့်အရေးဆိုတာမျိုးကို ဖျောက်ထားတယ်။ ဒီလိုစာအုပ်မျိုးတွေကို လက်ခံထားလို့လဲ မဖြစ်ဘူး။
ဒါကြောင့် နိုင်ငံတကာမှာရှိတဲ့ မူရင်းကနေ ဘာသာပြန်ပြီး နိုင်ငံရေးအကျဉ်းသားမိသားစုတွေလက်ထဲကို အရောက် ပေးပို့ရမယ်။ သိအောင် ပြောပြရမယ်။
ဒါတွေကိုလည်း ဒေါ်စုက ပြောပါတယ်။ အစီအစဉ်တွေ ရှိပါတယ်။
ဆရာရဲ့ ဘာလဲဟဲ့ လူ့ငရဲစာအုပ် ထွက်လာတဲ့ နောက်ပိုင်းမှာလည်း အကျဉ်းထောင်ထဲက အာဏာပိုင်တွေအထဲမှာ ရိုက်ခတ်မှုရှိတယ်ဆိုတဲ့ အကြောင်းလည်း
ရှိသေးတယ်လေ ဆရာ။

ဟုတ်တယ်။ ဒါကလည်း တခုပေါ့ကွာ။ ကျနော်ကြားသလောက်ကတော့ အဲသည်တုန်းက စစ်ကောင်စီထဲက ဗိုလ်ရွှေမန်းတို့က ကျနော့်စာအုပ်ကို သူတို့ဆီက


ရဲတပ်ဖွဲ့တွေ၊အကျဉ်းဦးစီးက လူတွေကို ဖတ်ပြုခိုင်းတယ် ကြားဖူးတယ်။ အကျဉ်းထောင်အချို့မှာ ပြုပြင်ရေးတွေ ဘာတွေ လုပ်ဖို့ ကြိုးစားခဲ့ဖူးတယ်လို့ ဆိုသော်လည်း
အခုတော့ ဘာတွေ ဆက်ဖြစ်နေသလဲက မသိတော့ဘူးပေါ့ကွာ။

လူ့အခွင့်အရေးနေ့မှာ မြန်မာပြည်ကတော့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မလွတ်မြောက်မှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုတွေ


ဆွေးနွေးကြတာတွေ၊
ပြင်ဆင်မှုတွေနဲ့ ကတိပြုကြတာတွေ လုပ်ကြတယ်လို့ ပြောရမှာပေါ့ ဆရာ။

ဟုတ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေက နှစ်ထောင်ကျော်တောင် ရှိတယ်။ အားလုံးအတွက် ဘာတွေ ဆက်လုပ်ကြမလဲ ဆရာ။ သူတို့တွေအကြောင်း စာရင်း ထုတ်ပြန်တာ၊
သူတို့တွေကို အများက သိရှိပြီး ဘယ်လို ၀ိုင်းဝန်းကြဖို့ တိုက်တွန်းတာမျိုးတွေ စဉ်းစားထားသလား ဆရာ။

ရှိတယ်။ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က စဉ်းစားထားတွေရှိပါတယ်။ နောက်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီအားပေးနိုင်ဖို့ ရန်ပုံငွေ ဈေးရောင်းပွဲ


လုပ်နိုင်ဖို့တို့၊ အကျဉ်းသားတွေရဲ့ စာရင်းကို ပြုစုထားပြီးတော့ မှတ်တမ်းလုပ်ထားတာတို့။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကားတွေ၊
ပို့စကဒ်တွေ ရောင်းချပြီး ရန်ပုံငွေ ရှာမယ်လို့ ပြောကြတာတွေ ရှိပါတယ်။ ကူညီချင်တဲ့သူတွေကလည်း အကျဉ်းသားစာရင်းကို မဲနှိုက်ပြီးတော့ ရွေးချယ်ပြီး
သတ်သတ်မှတ်မှတ်ကူညီနိုင်ကြဖို့ ဒါမျိုးတွေ ဆက်ပြီး ဆွေးနွေးကြရမှာပေါ့ကွာ။ ဒါတွေကို အားလုံးက ၀ိုင်းဝန်းပြီး လုပ်ကြရလိမ့်မယ် ပြောချင်ပါတယ်။

ဒီတော့ အခုလို နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ မြန်မာပြည်တွင်းမှာ မလွတ်မြောက်သေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ၊ မိသားစုတွေနဲ့ ပတ်သက်ပြီး


ဆွေးနွေးမှုတွေ၊ စီစဉ်မှုတွေ ရှိသလိုမျိုး မြန်မာပြည်ရဲ့ ပြင်ပ တရုတ်ပြည်မှာလည်း ဒေါ်စုကဲ့သို့ အကျဉ်းကျနေချိန်မှာ နိုဘယ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရသူ
လျူရှောင်ဘို ဆိုတဲ့ လူ့အခွင့်အရေးစွမ်းဆောင်သူတဦးလည်း ရှိနေပြီ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုများ
ထုတ်ဖော်ပြောဆိုပါသလဲ ဆရာ။

ဒေါ်အောင်ဆန်းစုကြည်က ဘီဘီစီမေးမြန်းခန်းမှာ ပြောတာကတော့ လျူရှောင်ဘို ဖမ်းဆီးခံထားရတာအတွက် စိတ်မကောင်းဘူး လို့ ပြောပါတယ်။ ပြီးတော့


မိမိနဲ့ထပ်တူ စာနာ ထောက်ထားမှုကို လက်ကမ်းလိုက်ပါတယ်လို့ ပြောလိုက်ပါတယ်။

(ဆက်လက်ဖော်ပြပါမည် …)

အခြေခံ အဆောက်အဦ
ဒေါက်တာ မောင်ဘချစ်
ဒီဇင်ဘာ ၁၂၊ ၂၀၁၀
နိုင်ငံတနိုင်ငံကို တည်ဆောက်ဖို့ အခြေခံအဆောက်အဦကောင်းကောင်း လိုတယ်။
‘အခြေခံ အဆောက်အဦဆိုတာ ဘာလဲ’
ဒီအတွက် ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြလိုတယ်။
ဒီစကားကို ၁၉၆ဝ ခုနှစ်များမှာမှ ကြားဖူးတာပါ။ မြန်မာပြည်မှာ ၁၉၇ဝ ခုနှစ်များကစပြီး တွင်တွင်ကျယ်ကျယ် သုံးစွဲလာတာ ဖြစ်တယ်။
ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ အိုးအိမ်ဖွံ့ဖြိုးရေရး စီမံကိန်းတွေကို နိုင်ငံတကာမှာ အကောင်အထည် ဖော်လာတဲ့အခါ ပိုပြီး သုံးလာကြတယ်။ အထူးသဖြင့်
အင်ဂျင်နီယာဌာနက လမ်းတံတားတွေ တည်ဆောက်တဲ့အခါ ဒီစကားကို ပိုသုံးလာတယ်။
စစ်ကြီးအပြီးမှာ အစစအရာရာ ရှားပါးနေပါတယ်။ အဲဒီအချိန်မှာ လက်နက်စက်ရုံတွေဟာ အလုပ်မဖြစ်တော့ဘူး။ ဒါကြောင့် တကမ္ဘာလုံး
စက်မှုလက်မှုလုပ်ငန်းတွေ ပြောင်းလဲ အကောင်အထည် ဖော်လာကြတယ်။ ဒီအတိုင်းပဲ တဖက်က စားဝတ်နေရေးအတွက် အလေးထားလာကြတယ်။
စစ်အတွင်းက ဗုံးဒဏ်ခံထားရတဲ့ မြို့တွေ ရွာတွေကို ပြန်လည် တည်ဆောက်လာကြတယ်။
ဒါကြောင့် အခြေခံအဆောက်အဦ လိုအပ်ချက် ဆိုတဲ့စကားတွေကို ကြားလာရတာ ဖြစ်တယ်။
အခြေခံ အဆောက်အဦဆိုတာ Infrastructure ကို ဘာသာပြန်ထားတာပဲ။
လူမှုအဖွဲ့အစည်းအတွက် အခြေခံလိုအပ်ချက်တွေကို Infrastructure လို့ ခေါ် တယ်။ မြို့တွေ ရွာတွေကို တည်ဆောက်ခဲ့ရင် လိုအပ်တာတွေဖြစ်တဲ့ လမ်း၊
တံတား၊ ရေ၊ မီး စတာတွေကို အခြေခံ အဆောက်အဦ လို့ ခေါ်တာပါပဲ။
ယနေ့ခေတ်မှာ လမ်းဆိုရင် ကတ္တရာလမ်းမ၊ ရေဆိုရင် ဘုံဘိုင်ရေ၊ မီးဆိုရင် လျှပ်စစ်မီးပါပဲ။
စစ်အပြီးမှာဒါတွေဟာ အဓိကလိုအပ်ချက်တွေပဲပေါ့။ ယနေ့မှာ ဒါတွေဟာ မြို့တိုင်းမှာ ရှိတတ်တာမို့ အများက သတိမထားမိကြပါဘူး။
မရှိရင်တော့ သတိထားမိတယ်။ မီးပျက် ရေပျက်မယ်၊ လမ်းပျက် တံတားပျက်မယ်ဆိုရင်တော့ အခြေခံ အဆောက်အဦ မကောင်းဘူးပေါ့။
တကယ်တန်းမှာ ခုပြောတဲ့ လမ်း၊ တံတား၊ ရေ၊ မီး စတဲ့ အခြေခံအဆောက်အဦတွေကို အမာထည် တွေလို့ ခေါ်တယ်။ အခြေခံအဆောက်အဦမှာ
အပျော့ထည်တွေ ရှိသေးတယ်။ အဲဒါကတော့ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး စတဲ့ လူမှုရေးတွေပါပဲ။ အပျော့ထည်တွေ မပြည့်စုံရင် အဲဒီနိုင်ငံကတော့ မတိုးတက်
နိုင်ပါဘူး။
အရင်ခေတ်ကတော့ လူတွေ နည်းတယ်။ မြို့ရွာတွေဟာ နေဖြစ်ရုံ တည်ဆောက်ထားကြပါတယ်။ ကူလူးဆက်ဆံမှုဟာ လည်းဒေသတွင်းမှာသာ ဖြစ်တယ်။
နောက်ပိုင်းမှာ ကူးလူးဆက်ဆံမှုတွေ များလာတယ်။ မြို့တွေရွာတွေဟာ စီမံချက်တွေနဲ့ တည်ဆောက်လာတယ်။ ရေအတွက် ဆည်တွေ ရေလှောင်ကန်တွေ၊
လျှပ်စစ်မီးအတွက် စက်ရုံတွေ၊ လမ်းတံတားအတွက် ဘိလပ်မြေစက်ရုံတွေကို တည်ဆောက်လာတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက် ဆေးရုံတွေ၊
အားကစားကွင်းကအစ ပန်းခြံတွေ အမှိုက်သိမ်းစနစ်တွေ ပါဝင်လာတာ ဖြစ်တယ်။ စည်းမျဉ်း စည်းကမ်းတွေဟာလည်း အရေးပါလာတယ်။
ဒီတော့ အခြေခံအဆောက်အဦဆိုတာ လူမှုအဖွဲ့အစည်းတခုအတွက် အထောက်အပံ့ဖြစ်သော အရာလို့ဆိုရင် မမှားပါဘူး။
တကယ်တန်းမှာ အခြေခံအဆောက်အဦ လိုက သာမန်ဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာ နည်းပညာတွေနဲ့ လူတွေနေထိုင်မှုအတွက်
အဆင်ပြေလွယ်ကူစေတာကို အဓိကပြောတာပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှာ စိတ်ပိုင်းဆိုင်ရရာ အထောက်အကူပြုမှုတွေကိုပါ ရောယှက်ကာ ထည့်လာကြတာ
ဖြစ်တယ်။
ပညာရေးကျန်းမာရေးတွေဟာ အခြေခံအဆောက်အဦအတွက် မရှိမဖြစ် လိုအပ်တာတွေ ဖြစ်လာတယ်။
စစ်ကြီးအပြီးမှာ ကျန်းမာရေးဟာလည်း အဓိကပြဿနာပါပဲ။ ကမ္ဘာ့ကုလသမဂ္ဂ ကျန်းမာရေးအဖွဲ့ ကနေပြီး ကူးစက်ရောဂါ အတော်များများကို
စုပေါင်းဖြေရှင်း နှိမ်နင်းနိုင်ခဲ့တယ်။ လူတွေဟာ ကျန်းမာရေး အသိပညာရှိကြဖို့ ကြိုးပမ်းတယ်။ ဒါပေမယ့် အဟာရချို့တဲ့တာတွေကြောင့်အပြင် ကျန်းမာရေး
အသိမရှိတာတွေကြောင့် နေမကောင်းတာတွေ ဖျားနာတာတွေဟာ နေရာတကာမှာ အများကြီးပါပဲ။
တခေတ်က ဆေးရုံတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ မလုံလောက်တော့ ဒေါက်တာ ရမ်းကုတွေ အများကြီး ပေါ်လာခဲ့တယ်။ ဒီအရှိန်ဟာ ယနေ့ထိ
မသေသေးပါဘူး။ လူတွေဟာ ဆေးဆိုင်တွေ ကွမ်းယာဆိုင်တွေကပေးတဲ့ ‘စပ်ဆေး’ ကိုသောက်ပြီး ဆေးကုခံနေသူတွေ အများကြီးပါပဲ။
“ကျွန်တော် စပ်ဆေးသောက်လိုက်လို့ နေကောင်းသွားပြီ”
ဒီလိုပြောသံကြားရလို့ ဝမ်းသာပါတယ်။ ဒါပေမယ့် ဒီလူတွေဟာ ဆေးကို ဆေးပတ်လည်အောင် မသောက်ကြဘူး။ သူတို့ကို ရောဂါဖြစ်စေတဲ့
ဘက်တီးရီးယားတွေဟာ ဆေးပြီးသွားတယ်။ နောက်တကြိမ် ဒီရောဂါဖြစ်ရင် ကုသရခက်သွားပြီ၊ ပိုဆိုးတာက အဲဒီရောဂါပိုးတွေဟာ အခြားသူတွေကို
ကူးစက်သွားတဲ့ အခါ ပြဿနာအကြီးကြီး ဖြစ်လာတော့တာပါပဲ။
လူတွေရဲ့ ကျန်းမာရေးမကောင်းတော့ စီးပွားရေးကိုလည်း ထိခိုက်တယ်။ လူတယောက် နေမကောင်းရင် သူကိုယ်တိုင်သာမက သူ့ကိုပြုစုရသူတွေပါ
အလုပ်ပျက် အကိုင်ပျက် ဖြစ်ရတယ်။
မိုးရာသီလို စိုစွတ်တဲ့ရာသီရောက်လာရရင် ခြင်တွေ ပေါက်ဖွားတယ်။ အဲဒီကနေ ကလေးတွေ သွေးလွန်တုပ်ကွေး ရောဂါဖြစ်လာတယ်။ ယနေ့မှာ အဲဒီ
သွေးလွန်တုပ်ကွေးဗိုင်းရပ်ဟာ အသွင်ပြောင်း (mutant) ဖြစ်လာပြီး လူကြီးတွေကိုပါကူး ကုန်တော့တာပါပဲ။ ဒီတော့ ၂ဝ ရာစုနှောင်းပိုင်းမှာ ပြည်သူလူထု
လိုအပ်ချက်တွေကို အဓိကထား ပြောကြားလာတာတွေကို အခြေခံ အဆောက်အဦလို့ ခေါ်လာတယ်။
၂၁ ရာစုအစမှာတော့ အဲဒီလိုအပ်ချက်တွေဟာ ပိုပြီး ကျယ်ပြန့်လာတယ်။
အဓိအားဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုပါ စဉ်းစားလာတယ်။ (going greent) လို့ ဆိုလာတယ်။
မြို့တမြို့အတွက် အဆောက်အဦ လိုအပ်ချက်တွေသာမကဘဲ သစ်ပင်တွေ၊ ပန်းခြံတွေထားရှိဖို့ အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ဖို့ဟာ အတော်လေး
အရေးပါလာတယ်။ တဖက်က သစ်ပင်စိုက်နေပေမယ့် တဖက်က ခုတ်ပစ်နေရင်တော့ အဆင်မပြေဘူး။
အခြေခံ အဆောက်အဦ မကောင်းရင် ကျန်တာတွေအားလုံး ပျက်တော့တာပါပဲ။
ဥပမာ လျှပ်စစ်မီးပေါ့။
လျှပ်စစ်မီးဟာ အခြေခံအဆောက်အဦမှာ အသက်ရှူတဲ့အခါမှာ လေထဲမှာ အောက်ဆီဂျင် အရေးပါသလို အရေးပါလှတယ်။ များလို့လည်း မရဘူး။
နည်းလို့လည်း မရဘူး။
ကျွန်တော်တို့ရဲ့ ဈေးတွေအတော်များများဟာ ဝါယာရှော့ဖြစ်ပြီး မီးလောင်တာတွေ ရှိတယ်။
ဒီအတိုင်းပဲ တဖက်က မီးမလာလို့ အလုပ်မဖြစ်တာတွေလည်း အများကြီးပါပဲ။
ကျန်းမာရေးပျက်ရင် စီးပွားရေးပျက်သလို ပညာရေးမကောင်းရင်လည်း အဆင်မပြေဘူး။ ဘယ်သူက ဒါတွေကို တာဝန်ယူမှာလဲ။
နိဂုံး
နိဂုံးချုပ်ပါတော့မယ်။
လူတွေဟာ အသိဉာဏ်ဘယ်လောက်ရှိရှိ ကောင်းမွန်တဲ့ ပတ်ဝန်းကျင် လိုတယ်။ ဒီပတ်ဝန်းကျင်ဟာ မေတ္တာတရား သက်သက်နဲ့တော့ ထိန်းလို့မရဘူး။
အခြား စားဝတ်နေရေး လိုအပ်ချက်တွေ ပြည့်စုံပြီး စည်မျဉ်းစည်းကမ်းတွေ၊ စေတနာတွေလည်း ပါရတယ်။ အသိပညာလည်း လိုတယ်။ ဒါပေမယ့်
အသိပညာသက်သက်နဲ့လည်း မရဘူး။ လုပ်နိုင်ကိုင်နိုင်တဲ့ အခွင့်အရေးမရှိရင်တော့ ဘယ်လိုလုပ်ကြရမှာလဲ။
ကိုယ်မချိသော်လည်း သားတော်ခဲ ဆိုတဲ့ စကားလိုပါပဲ။ မသင့်တော်ပေမယ့်လည်း လုပ်လိုက်ရတာတွေ ရှိတယ်။
“နေမကောင်းဖြစ်နေတယ်။ ဆရာဝန်ဆီမှ မသွားနိုင်ဘဲ။ ဒီတော့ စပ်ဆေးလေးလောက်နဲ့ ပြီးလိုက်ရတယ်” ဆိုတဲ့ လူတွေ အများကြီးပါပဲ။
ကျွန်တော်တို့ရဲ့ လူနေမှုပုံစံတွေဟာ အရင်ခေတ်ကလို မဟုတ်တော့ပါဘူး။ လူဦးရေ သန်း၂ဝဝဝ မဟုတ်တော့ပါဘူး။သန်း ၆ဝဝဝ ကျော်လာပြီလေ။
ကမ္ဘာကြီးလည်း ပူနွေးလာနေတယ်။ ရေခဲမြစ်တွေ ပျော်နေတယ်။ လောလောလတ်လတ် ရေတွေကြီးတဲ့နေရာတွေ အများကြီးဖြစ်နေတယ်။
မုန်တိုင်းကျတယ်။ အဆောက်အဦတွေ ရေထဲမျောကုန်တယ်။ လူတွေသေတယ်။
ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးအတွက် အခြေခံအဆောက်အဦကို တည်ဆောက်ဖို့ ဘယ်သူတွေ လိုလဲ။
မယုံမရှိနဲ့။ ကျွန်တော်တို့တတွေပါပဲ။
မျက်နှာလွှဲခဲပစ် မလုပ်ပါနဲ့။ လူတိုင်းတတ်နိုင်သမျှ တာဝန်ယူလုပ်ဆောင်ကြဖို့ တိုက်တွန်းအပ်ပါတယ်။

(ပျက်နေတာကြာပြီဖြစ်တဲ့ နိုင်ငံတော်ကိုတည်ဆောက်ဖို့ အချိန်ရောက်လာလို့ ဒီဆောင်းပါးကို တင်ပြတာပါ။ ဝေဖန်ဆွေးနွေးနိုင်ပါတယ်)


ဓာတ်ပုံ - အင်တာနက်

http://www.moemaka.com/
http://burmese.dvb.no/

You might also like