You are on page 1of 50

ထားဝယ်ဒေသ အထူးပြုသတင်းစာစောင်

အမှတ-် ၅ ၂၀၁၀ ဇူလိုင် တွင်စတင်ထုတ်ဝေသည်။ ၂၀၁၀ နိုဝင်ဘာ

"အားမွေးထားကြပါ"

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၀ နိုဝင်ဘာ ၁၄ ရွှေဂုံတိုင် မိန့်ခွန်း အပြည့်အစုံ

ကြားလား

ဝလာလိုက်တာ။ ( ပရိသတ်တစ်ယောက်ကို လက်ညှိုးထိုး၍)

ဒီလို ကျွန်မတို့ကို လာထောက်ခံတဲ့အတွက် ကျေးဇူးတင်တဲ့စကားနဲ့ပဲ စ,ပါရစေ။ပထမဦးဆုံးအနေနဲ့ ပြောရမှာက အားလုံးကို


ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။

တစ်ယောက် တစ်ယောက်ကို မတွေ့ရတာ တော်တော် ကြာပါပြီ ---- ဒါပေမယ့် ဘယ်လောက်ပဲ မတွေ့ရတာ ကြာကြာ
ကျွန်မအပေါ်မှာ ပြည်သူတွေရဲ့ ထားတဲ့ မေတ္တာနဲ့ ယုံကြည်ချက် အရ ကျွန်မတို့ ခိုင်ခိုင်မာမာ ရှိတယ် ဆိုတာ တွေ့ရလို့
အင်မတန်မှ စိတ်ချမ်းသာ ပါတယ်၊ အင်မတန်မှ အားတက် ရပါတယ်။ ကျွန်မတို့ လုပ်ချင်တဲ့ အလုပ်ကို လုပ်ဖို့ဆိုရင်
ပြည်သူတွေက ဘာလိုချင်လဲ ဆိုတာ ကျွန်မတို့ သိပါတယ်။ သိတယ်လို့ ထင်တယ်နော် ဘာလိုချင်လဲဆိုတာ

Bahtoo Media Page 1


(သိပါတယ် ----ဒီမိုကရေစီ--------- ပြည်သူများ)

လိုချင်တာတော့ သိပြီ လိုချင်တဲ့ ဟာကို ရအောင် ဘယ်လို လုပ်မလဲ ဆိုတာ သိဖို့ ပိုပြီးတော့ အရေးကြီးတယ်။ ကျွန်မ
အမြင်မှာတော့ နိုင်ငံရေး ဆိုတာ သင်ယူရေးပဲ *သင်ယူရမယ်* ကျွန်မ ခဏ၊ ခဏ ပြောဖူးပါတယ်။ ကျွန်မတို့ လူငယ်တွေနဲ့
စကား ပြောတဲ့အခါ ကျရင် လူကောင်းရယ်လို့၊ လူဆိုးရယ်လို့ အဲဒီလို မယုံဘူး၊ အယုံ အကြည် မရှိဘူး၊ လူတော် ရယ်လို့
လူညံ့ ရယ်လို့ အယုံ အကြည် မရှိဘူး။

သင်လို့ ရတဲ့သူနဲ့ သင်လို့ မရတဲ့သူလို့ ကျွန်မမြင်ပါတယ် ကျွန်မတို့ ပြည်သူတွေ သင်လို့ရတယ်လို့ ကျွန်မတို့


ယုံကြည်ပါတယ်။ လိုချင်ရုံနဲ့ မဖြစ်သေးဘူး၊ ကိုယ်လိုချင်တာရအောင် ဘယ်လိုလုပ်ရမလဲ။ လုပ်တဲ့အခါ မှန်ကန်တဲ့နည်းနဲ့
လုပ်စေလိုပါတယ်။ အဲလို ကျွန်မပြောတာဟာ မှန်ကန်တဲ့နည်းနဲ့ လုပ်ဖို့ ဘာဖြစ်လို့ လိုသလဲဆိုရင် သိပ်ပြီးတော့
ကိုယ့်ကိုယ်ကို သူတော်ကောင်းကြီး၊ ဘာကြီး ဒီလိုပုံစံ ထွက်ချင်လို့ မဟုတ်ဘူး။ ကျွန်မရဲ့အတွေ့အကြုံအရ မှန်ကန်တဲ့
နည်းလမ်းနဲ့ မလုပ်လို့ရှိရင် ကိုယ့်ပန်းတိုင်က ဘယ်လောက်ပဲ ကောင်းပါစေ ပန်းတိုင်ပါ နောက်ကျတော့
ကွေ့ကောက်ပြီးတော့ ပျက်စီးသွားရတယ်။

အဲဒါကြောင့် မို့လို့ မှန်ကန်တဲ့ နည်းလမ်းနဲ့ ကိုယ်လိုချင်တာ ရအောင်လို့ ကျွန်မတို့ လုပ်ရမယ်။ ဒီတော့ တစ်ချို့က ကျွန်မကို
မေးချင်တဲ့ မေးခွန်းတွေ အများကြီး ရှိ
တယ်ဆိုတာ ကျွန်မသိပါတယ်။ ကျွန်မ
ကလည်း ပြည်သူရဲ့ အသံကို နား ထောင်
ချင် ပါတယ်။ ခက်တာက အားလုံးဝိုင်း အော်
နေတော့ ဘာတွေ ပြောကြမှန်း
ကျွနမ
် မသိဘူး။ ပြည်သူတွေရဲ့ အသံ တွေကို
အခု နားထောင်ပိုင်ခွင့် ရမယ်လို့ ကျွန်မ
မျှော်လင့်ပါတယ်။ ဒီလို အထိန်း သိမ်းခံ
နေရတဲ့ အချိန်တွေမှာ လည်း ကျွန်မ
အသံလွင့် ဌာနတွေကို သေချာ
နားထောင်ပြီးတော့ ပြည်သူ တွေက ဘာ
ပြောနေကြလည်း ဘာလို ချင်ကြလဲ၊ ဘာ
လိုချင်ကြလဲ ဆိုတာ နေ့တိုင်း၊ နေ့တိုင်း
လေ့လာနေပါတယ်။ တစ်နေ့ ငါးနာရီ၊
ခြောက် နာရီလောက် နားထောင်နေရတော့ ဘယ်လောက် ငြီးငွေ့စရာကောင်းသလဲလို့။ ဒါပေမယ့် ပြည်သူ့မျက်နှာနဲ့ နား
ထောင်နေတာ။

အထိန်းသိမ်းခံ နေရတဲ့ အချိန်တွေမှာလည်း ကျွန်မ အသံလွင့် ဌာနတွေကို သေချာ နားထောင်ပြီးတော့ ပြည်သူ တွေက
ဘာပြောနေကြလည်း ဘာလိုချင်ကြလဲ၊ ဘာလိုချင်ကြလဲ ဆိုတာ နေ့တိုင်း၊ နေ့တိုင်း လေ့လာနေပါတယ

ပြည်သူတွေ ဘာလိုချင်လဲ ဆိုတာ ကျွန်မ အတိုင်းအတာ တစ်ခုအထိတော့ သိတယ်လို့ ထင်ပါတယ်။ လုံးစေ့ပေါက်စေ့


သိတယ်လို့ ကျွန်မ မဆိုလိုပါဘူး အဲဒီလောက်ထိလည်း ကျွန်မ မသိနိုင်ပါဘူး။ ကျွန်မတို့ ပြည်သူတွေကလည်း
ကိုယ်ရဲ့အသံတွေကို ကျွန်မတို့ ကြားလောက်အောင် ပြောကြပေါ့။ ဒါမှလည်း ကျွန်မတို့ ဘာလုပ်ပေးနိုင်မလဲ
ပိုစဉ်းစားနိုင်မယ်။ အရေးကြီးဆုံးက ကျွန်မတို့ --- နောက်က မကြားရလို့ အော်နေကြတာလား-- အော်လေ မကြားလေဘဲ
နည်းနည်းလေး ငြိမ်ငြိမ်နဲ့ နားထောင်ပေး။ ကိစ္စမရှိဘူး မကြားရရင် ဆိုင်းဘုတ်ထောင်ပြီး ပြမယ်။

Bahtoo Media Page 2


(ဆိုင်းဘုတ်တွင် ရေးထားသည့်စာ - ကျွန်မကလဲ ပြည်သူတွေချစ်ပါတယ် (အမှန်ခြစ်ပုံ) အောင်ဆန်းစုကြည်)

ကျွန်မတို့ အခု ပြည်သူတွေမှာ ပြည်သူ တွေ မပါဘဲနဲ့ ဘာကိစ္စမှ မပြီးမြောက်နိုင်၊ မပြီးပြတ်နိုင်ဘူး ဆိုတာ အခု နား လည်နိုင်
ပြီလို့ ကျွန်မ ထင်ပါတယ်။ ပြည်သူတွေ ပါမှပဲ ဘယ်ကိစ္စမဆို ပြီးပျောက်နိုင် တာမို့လို့ ကျွန်မတို့ တစ်တွေ ကျွန်မ
စိတ်ကူးထဲမှာ ပြည်သူတွေ ကနေ ပြီးတော့ ပြည်သူတွေအတွက် ပြည်သူတို့ရဲ့ ဒီမိုကရေစီ ဆိုတဲ့နည်းတစ်ခုကို
မြန်မာနိုင်ငံတင်မက တကမ္ဘာလုံးမှာတောင် ထပ်ပြီး ကြိုးစားကြည့်မှာပါ။ အဲဒီလို စိတ်ဓာတ်နဲ့ ကျွန်မတို့ ကြိုးစားသွားမှာပါ။
ကျွန်မတို့ လိုချင်တဲ့ ပန်းတိုင်ကို အေးအေးဆေးဆေး မှန်မှန်ကန်ကန်နဲ့ ရောက်နိုင်မယ်လို့ ကျွန်မ ယုံကြည်တယ်။ အဲဒါ
ခပ်တိုတိုပြောရရင် အလုပ်တွေ အများကြီး လုပ်ရမယ်။ အလုပ်မလုပ်ဘဲနဲ့ ဘာမှမရဘူး။ ကျွန်မတို့ ဗမာတွေက ကံပဲ ကံပဲလို့
ပြောလေ့ရှိတယ်။ အဲဒါကြောင့်ပဲ ကျွန်မတို့ လူငယ်တွေကို ထပ်တလဲလဲ ပြောရတယ်။ ကံဆိုတဲ့ အဓိပ္ပါယ်ကို သိရဲ့လား
ကံဆိုတာ ပြုလုပ်ခြင်းပဲ။ အဲတော့ ကံပဲ၊ ကံပဲဆိုတာ ခပ်တိုတို ပြောရရင် ကိုယ်လုပ်သလိုဖြစ်မှာပဲ အဲဒီတော့ ကိုယ်လုပ်တဲ့
အတိုင်းပဲ ဖြစ်မှာပဲ။ လိုချင်တာရှိရင် လိုချင်တာကို ရအောင်လို့ လုပ်ယူရမယ်။ ကျွန်မတို့က မဖြစ်နိုင်တဲ့ ကိစ္စတွေကို
လုပ်ပေးပါ့မယ်လို့ လွယ်လွယ်နဲ့တော့ အဲဒီလို လာဘ်ပေးပြီးတော့ ကျွန်မတို့ ပြည်သူတွေကို မစည်းရုံးနိုင်ပါဘူး။ ကျွန်မတို့
ကြိုးစားမယ်။ ပြည်သူတွေ လိုချင်တဲ့ လမ်းကို အားလုံး အတူတူခင်းပြီးတော့ အားလုံး အတူတူ လျှောက်သွားနိုင်ဖို့
ကြိုးစားမယ်။

အဲဒီလို ထောက်ပြခြင်းအားဖြင့်
ကျွန်မတို့ကိုလည်း ပြည်သူတွေက
ကိုယ်လိုချင်တဲ့ ကိစ္စတွေ ဖြစ်မြောက်
အောင်လို့ ကူညီရာရောက်ပါတယ်။ ကျွန်မ
ပြည်သူတွေကို မေတ္တာရပ်ခံ ပါရစေ။
ကျွန်မတို့နဲ့ ဆက်ဆံတဲ့ အခါမှာ
ပွင့်ပွင့်လင်းလင်း သတ္တိရှိရှိ ပြောဆို
ဆက်ဆံကြပါ။ ကျွန်မတို့ကို ဟိုဟာ
ပြောရကောင်းလား၊ ဒီဟာ ပြောရ
ကောင်းလားဆိုပြီး။ ကျွန်မတို့
ဘာမှမလုပ်ပါဘူး။ ပြောစရာရှိတာကို
ပြောပါ။ သဘောမတူ လို့ရှိရင် သဘော
မတူဘူး ဆိုတာကိုတော့ ပြန်ပြောမှာပါ။
ဒါကတော့ ဒီမိုကရေစီရဲ့ အခြေခံလေ။ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ဆိုတာ လွတ်လပ်စွာ
ဆဲဆိုပိုင်ခွင့်နဲ့ မတူဘူးလေ။ တစ်ခါတစ်လေတော့ ကြိမ်းမောင်း တာလေးတော့ ပါချင်ပါမှာပေါ့။ တစ်ယောက်နဲ့ တစ်ယောက်
နားလည်အောင် ပြောဆိုဖို့ အင်မတန်မှ အရေးကြီး ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အမြင်ခြင်း ဖလှယ်ဖို့
အတွက်ကတော့ ကျွန်မတို့ လေ့ကျင့်ယူရ ပါမယ်။ လေ့ကျင့်ယူရင်းနဲ့ ကျွန်မတို့ ပိုပြီး တတ်လာမှာပါ။ အခု ကျွန်မထွက်လာတဲ့
အချိန်မှာ အဓိက ပြောင်းလဲချက် အဖြစ် ဘာတွေ့ရလဲ ဆိုတော့ တစ်ခြားဟာတွေ သိပ်မတွေ့သေးဘူး။ တွေ့မိတာကတော့
ဖုန်းလေးတွေ အများကြီးပဲ။ ဟိုနားကြည့်လဲ ကင်မရာဖုန်းလေး၊ ဒီနားကြည့်လဲ ကင်မရာဖုန်းလေး။ အဲဒါဘာကိုပြလဲဆိုတော့
ဆက်သွယ်ရေး ဘက်မှာတော့ ကျွန်မတို့ အများကြီး တိုးတက်လာပါတယ်။ ဒီတိုးတက်မှုကို အများကောင်းကျိုး အတွက်
တတ်နိုင်တဲ့ နည်းနဲ့ သုံးကြပါ။ ဆက်သွယ်ရေးအားဖြင့် ကျွန်မတို့ အချင်းချင်းမှာ နားလည်မှုရအောင် ကျွန်မတို့အချင်းချင်း
ညီညွတ်မှု ရအောင် သုံးကြပါလို့ ပြောချင်တယ်။ ဖုန်းတွေ ပါလာရင် ထောင်ပြပေးကြပါ။ ဘယ်လောက် အများကြီး ရှိလဲ
သိရအောင်။

(ဖုန်းပါလာသူများက ဖုန်းများ မြှောက်ပြကြသည်။)တော်တော်များတာပဲ။ ကျွန်မ မနေ့ကမှ ပထမဦးဆုံးအကြိမ်


အဲဒီလိုဖုန်းလေး သုံးဖူးတယ်။ အရင် ၉၆ ခုနှစ်တုန်းက ဒါတွေ ဒီမှာမရှိသေးဘူး။ သုံးတဲ့အခါကြတော့ ပါးစပ် ဘယ်မှာ
ထားရမှန်းမသိဘူး။ မကြားရဘူးဆိုတဲ့သူတွေကို စာသားနဲ့ ထောင်ပြမယ်။

Bahtoo Media Page 3


(ဆိုင်းဘုတ်တွင် ရေးထားသည့်စာ - ကျွန်မကလဲ ပြည်သူတွေချစ်ပါတယ် အမှန်ခြစ် အောင်ဆန်းစုကြည်)

ချစ်နေရုံနဲ့ မပြီးသေးဘူး။ အလုပ်လုပ်ရမှာ။ ကျွန်မစဉ်းစားတယ်။ ချစ်တယ်ဆိုတာ ဘာလဲ။ ချစ်တယ်ဆိုတာ တစ်ဦးပေါ်


တစ်ဦး စိတ်ချမ်းသာအောင် လုပ်ပေးချင်တဲ့ ဆန္ဒရှိပြီး အဲဒီ ဆန္ဒအရလုပ်မှ တကယ်ချစ်ရာရောက် ပါတယ်။ ပါးစပ်နဲ့
ချစ်ပါတယ်၊ ချစ်ပါတယ်။ ချစ်ပါတယ် ပြောလို့ကတော့ အရေခွံသာ ချစ်လိုက်တာမျိုးကတော့ ကျွန်မတို့က ကြက်ခြေခတ်ပဲ။

(မှန်လိုက်တာကွ - ပရိတ်သတ်ထဲမှ အသံ)

ပန်းကပေးရင်လည်း ပေးလိုက်လေ ဘာလို့ကိုင်ထားတာလဲ။

ကျွန်မတို့ အခု ပြည်သူတွေကို မေတ္တာရပ်ခံချင်တာကတော့ စောစောက ကျွန်မ ပြောသလိုပဲပေါ့ ကိုယ်စိတ် ထဲမှာ


ရှိတာတွေကို ကျွန်မတို့ကို အသိပေးပါ။ စာရေးပြီးတော့ ပို့လို့လည်း ရပါတယ်။ စာတိုက်ကို စိတ်မချရရင် ဒီမှာပဲ လာပေးပါ။

ပြည်သူတွေ ဘာတွေ စိတ်ထဲမှာ ရှိသလဲ ဆိုတာ ကျွန်မသိချင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မတို့ ပြည်သူ တွေရဲ့
စိတ်ထဲမှာ လူတွေရဲ့ စိတ်ထဲမှာ ဘာတွေဖြစ်နေမလဲ။ ဘယ်လိုဖြစ်နေမလဲ။ စိတ်ထဲမှာ ဘယ်လိုပြောင်း သွားသလဲ ဆိုတာ
ကျွန်မသေသေချာချာ မသိလို့မရဘူး ချက်ခြင်းသိဖို့ဆိုတာမရဘူး။ ပြန်ပြီးတော့ လေ့လာရ ဦးမယ်။ ကျွန်မတို့ ပြည်သူတွေ
တစ်ယောက်ချင်းနဲ့ စကားပြောဖို့ ဆိုတာလည်း တကယ်တမ်း လက်တွေ့ကျကျ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်ရင်တော့ ပြောတာပေါ့။
ဖြစ်နိုင်ရင်တော့ကျွန်မ ထိုင်နားထောင်မယ်။ တစ်ယောက်ပြီး တစ်ယောက် မိုက်ပေးပြီးတော့ ပြောကြတော့။ အဲဒီလိုဆိုလည်း
ပြီးမှာ မဟုတ်ဘူး။

ပြီးတော့ အဲဒီလိုပြောတာ တွေက ကျွန်မတော့ သဘောကျတယ်။ တစ်ယောက်ထဲ ထပြီး ပြောတာတွေက အင်မတန်


ငြီးငွေ့စရာကောင်းတယ်။ ဟိုဘက် ပြန်ပြော။ ဒီဘက်က ပြန်ပြောဆိုတော့ ပိုပြီးတော့လည်း စုံတယ်။ပိုပြီးတော့လည်း
အားလုံးအတွက် ပိုပြီးတော့လည်း အားလုံးအတွက် တန်ဖိုးရှိတယ်။တစ်ယောက်ထဲက ပြောတာကို ကျန်တဲ့သူတွေက
နားထောင်နေရတာ တစ်ခါတစ်လေ ကျွန်မစိတ်ထဲမှာ နည်းနည်း ဒီမိုကရေစီ မကျလို့။ ကျွန်မတို့ သွားပြီးတော့ ဒီလူထဲက
တစ်ယောက်ကို လက်ညှိုးထိုးပြပါမယ်။ ထပြီးတော့ စိတ်ထဲရှိတဲ့ ဆန္ဒကို ခပ်တိုတိုလေးပြောတော့။

(အမေစုနဲ့ အတူ လွတ်လပ်တဲ့ ဒီမိုကရေစီကြီးကို ရယူပိုင်ဆိုင် ချင်ပါတယ် ခင်ဗျား)

ကျွန်မတို့လေ တစ်နေ့ကျရင် ပြည်သူ့ဟစ်တိုင် တစ်ခုလုပ်ရမယ် အဲဒီတော့ အဲဒီမှာဆိုရင် ပြည်သူတွေက ပြောချင်တာ


ပြောလို့ ရအောင်။ ကျွန်မတို့ကလည်း ပြည်သူတွေရဲ့ အသံတွေကို ကြား-- ဟိုဘက်က ဘာပြသနာရှိလဲ ကူညီလို့ရမလား။
အနောက်က တိုးနေလို့လား။

(စည်းကမ်းရှိပါ။ စည်းကမ်းရှိပါ။ စည်းကမ်းရှိပါ။)

သိပ်ပြီးတော့ မလောကြပါနဲ့။ နောက်ဆိုရင် ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် အများကြီး စကားတွေ ပြောဖို့


အခွင့်အရေးတွေ ပေါ်လာမှာပါ။

ဒီတစ်ခါတည်း နဲ့ မဟုတ်ပါဘူး။ နောင် အကြိမ်ကြိမ် အခါခါ ရှိမှာပါ။ အဲဒီကျရင် စိတ်ရှည် လက်ရှည်နဲ့ သီးခံပေးကြပါ။
ဒီတစ်ခါ မကြားရမှ နောင်တစ်ခါ ပြန်လာမှာပေါ့။ တော်ကြာ ပြန်မလာဘဲ နေမယ်။ ကြာကြာ ပြောလို့ရှိရင် ပြည်သူတွေလည်း
ပင်ပန်းမယ်လို့ ကျွန်မထင်ပါတယ်။ အနှစ်နှစ်ဆယ်ကျော်ပြီတဲ့ ပင်ပန်းတာ။ အဲဒီတော့ တော်တော်ကို ကျင့်သားရနေပြီပေါ့။

တော်တော် ပင်ပန်းနေကြပြီပေါ့ ပင်ပန်းတယ် ဆိုတာက ကိစ္စမရှိပါဘူး။ ပင်ပန်းရကျိုးနပ်ဖို့က အရေးကြီးတာ။


ပင်ပန်းရကျိုးနပ်တယ် ဆိုရင် ဘယ်လောက် ပင်ပန်းရ ပင်ပန်းရ ရတယ် ခံနိုင်တယ်။ အဲတော့ ကျွန်မတို့ရဲ့ အားတွေကို
ပင်ပန်းရကျိုး နပ်အောင်လို့ အသုံးချရမယ်။ ကျွန်မအခု ပြောချင်တာက စိတ်ဓာတ်မကျပါနဲ့။ ကျွန်မတို့ရဲ့ တိုင်းပြည်ကို

Bahtoo Media Page 4


ကြည့်ပြီး စိတ်ဓာတ်ကျချင် ကြတာ ဖြစ်မှာပဲ။ ရှိမှာပဲ။ အခုထက်ထိ ဘယ်မှ မရောက်သေး ပါလား။ အခုထက်ထိ ဘာမှလည်း
တိုးတက်မှုမရှိပါလားဆိုတဲ့ စိတ်တွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုစိတ်ပျက်စရာ အကြောင်းမရှိပါဘူး။ ကျွန်မတို့
ကြိုးစားရမယ်။ ဝီရိယဆိုတာဟာ အင်မတန်မှ အရေးကြီး ပါတယ်။ ခပ်ကြမ်းကြမ်းပဲ ဝီရိယထုတ်ရမယ်။

အလုပ်စလုပ်တဲ့ အခါမှာ ဝီရိယ ထုတ်ရမယ်။ အလုပ် အလယ်ပိုင်းရောက်တဲ့ အခါမှာ ဝီရိယ ထုတ်ရမယ်။ အလုပ်
နောက်ဆုံးပိုင်း ရောက်ခါနီးမှာ ဝီရိယ ထုတ်ရမယ်။ အလုပ်ဆိုတာ ပြီးတယ်ရယ်လို့ မရှိဘူး။ အလုပ်တစ်ခု ပြီးရင်လည်း
နောက်အလုပ်က ပေါ်လာမှာပဲ။ အဲတော့ နိုင်ငံတစ်နိုင်ငံကို တည်ဆောက်တယ် ဆိုတာလည်း အဲလိုပဲ အလုပ်တွေ တစ်ခုပြီး
တစ်ခု လုပ်သွားရမှာ ဒီလောကကြီးမှာ ကျေနပ်စရာ၊ ကျေနပ်စရာ အချိန်တွေဆိုတာ ဘယ်တော့မှမရှိဘူး။ သို့သော်လည်း
ကျွန်မတို့အတွက်တော့ ကျေနပ်စရာ အချိန်တွေ အတိုင်းအတာ တစ်ခုထိတော့ လိုကိုလိုတယ်။ အဲဒီလို ကျေနပ်နိုင်တဲ့
အတိုင်းအတာ တစ်ခုအထိရောက်ဖို့တော့ အားလုံး ဝိုင်းတွန်းကြရမယ်။ မကြိုးစားဘဲနဲ့ မရဘူး။ ကျွန်မအနေနဲ့တော့
ကျွန်မကတော့ လုပ်ပေးမယ်လို့ ကျွန်မ မပြောနိုင်ဘူး။ ပြည်သူရဲ့ ယုံကြည်မှုရှိရင်၊ ပြည်သူရဲ့ အားကိုးမှုရှိရင်၊ ပြည်သူရဲ့
ထောက်ခံမှုရှိလို့ ရှိရင် ကျွန်မမှာ လုပ်အားတွေ အများကြီးတက်လာမယ်။ အဲဒီလုပ်အားတွေနဲ့ ပြည်သူနဲ့ အတူလုပ်မယ်။
ကျွန်မတစ်ယောက်ထဲတော့ လုပ်လို့မရဘူး။ ကျွန်မတစ်ယောက်ထဲလဲ မလုပ်ချင်ဘူး။ တစ်ယောက်ထဲလုပ်တယ် ဆိုတာ
ဒီမိုကရေစီ မဟုတ်ဘူးနော်။

(ဟေး၊ ဟေး-------------------------------)

ကျွန်မ တစ်
ယောက်ထဲ လုပ်
ဖို့ လုံးဝ ရည်
ရွယ်ချက် မရှိဘူး။
အများနဲ့ အတူ
လုပ်မှာ။ ကျွန်မတို့
အပေါ် မှာ
ကြင်နာမှု ရှိတဲ့
ကမ္ဘာသူ ကမ္ဘာ
သားတွေနဲ့ အတူ
လုပ်မယ်။
ကျွန်မတို့အားလုံး
အတူတူလုပ်မယ်။

တစ်ချို့တွေ ထင်သလို လက်သီးလက်မောင်း တန်းပြီးတော့ ရှေ့ကနေ ပြီးတော့ ဟီးရိုးကြီး လုပ်တာ။ အဲဒါမျိုးက သတ္တိ
မဟုတ်ဘူး။ သတ္တိ ဆိုတာဟာ စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စကို ဖြစ်မြောက်အောင်လို့ ပင်ပန်းခံပြီးတော့
လုပ်နိုင်တာ။ ဒါမှ အဲဒီလို သတ္တိမျိုးတွေ မွေးရမယ်။ တကယ်တော့ သတ္တိဆိုတာ နိစ္စဓူဝ လုပ်နေရမှာ။ ကျွန်မတို့
ပြည်သူတွေက မနက် မိုးလင်းတာနဲ့ ဒီကနေ့ တစ်နေ့ကို ရင်ဆိုင်ဖို့ သတ္တိတွေ ထုတ်နေကြရမယ် မဟုတ်လား။ ဒီသတ္တိတွေကို
အကျိုးရှိအောင်လို့ သုံးကြမယ်။ တကယ့်ကို ထိထိရောက်ရောက်နဲ့ ကျွန်မတို့ ပြည်သူတွေနဲ့ ကျွန်မတို့ နိုင်ငံအတွက်
အကျိုးရှိအောင် သုံးရမယ်။ ကိုယ်တစ်ယောက်ထဲအတွက် စဉ်းစားဖို့ မဖြစ်ဘူး။ ကိုယ့်မိသားစု တစ်ခုတည်းအတွက်
စဉ်းစားလို့မဖြစ်ဘူး။

ကျွန်မ ထပ်တလဲလဲ ပြောချင်ပါတယ်။ နိုင်ငံရေးဟာ ဒို့နဲ့ မဆိုင်ဘူးဆိုတဲ့ စိတ်ဓာတ်ကို မထားပါနဲ့။ ဒါဖေဖေ


အရင်ကတည်းက ပြောခဲ့ပါတယ်။ လွပ်လပ်ရေး မရခင်ကတည်းက ပြောခဲ့တဲ့ စကားပါ။ နိုင်ငံရေးဟာ ကိုယ်နဲ့ မဆိုင်ဘူးလို့

Bahtoo Media Page 5


ပြောနေပေမယ့် နိုင်ငံရေးက လာပြီးတော့ ဆိုင်နေလိမ့်မယ်တဲ့ ရှောင်နေလို့မရဘူး။ အားလုံးဟာ နိုင်ငံရေးပဲ။ အခုဒီမှာ
ကျွန်မတို့ လာပြီးတော့ ကျွန်မတို့ ကို ထောက်ခံနေတာတင် နိုင်ငံရေးမဟုတ်ဘူး။ အိမ်မှာနေပြီးတော့ ဟင်းချက်နေတဲ့
အမျိုးသမီးလဲ နိုင်ငံရေး လုပ်နေရတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ သူ့ရှိတဲ့ ပိုက်ဆံနဲ့ လောက်အောင် ချက်နေရလို့လေ။
အဲဒါလဲ နိုင်ငံရေးပဲ။ သားသမီးတွေ ကျောင်းနေနိုင်အောင် ရုန်းကန်ရတာလည်း နိုင်ငံရေးပဲ။ အားလုံး နိုင်ငံရေးပဲ။ အားလုံး
နိုင်ငံရေးနဲ့ မလွတ်ဘူး။ အဲဒီတော့ နိုင်ငံရေးနဲ့ ဒို့နဲ့ မဆိုင်ဘူး။ ဒို့က နိုင်ငံရေးထဲ မပါချင်ဘူးလို့။ ပြောတာဟာ နိုင်ငံရေးကို
နားမလည်လို့ ပြောတဲ့ ကိစ္စ။ ကျွန်မတို့ ပြည်သူတွေဟာ နိုင်ငံရေးကို နားလည်အောင် လုပ်ပါ။ ကျွန်မတို့လည်း သင်ပေးပါ။
တစ်ယောက်နဲ့ တစ်ယောက် သင်ယူရမှာ။ ပြည်သူကနေ ကျွန်မတို့ ဒီမိုကရေစီအတွက် လှုပ်ရှားနေတဲ့သူတွေကို သင်ပေးမှ
ကျွန်မတို့လည်း မမှားမှာ။ ဒီမိုကရေစီမှာ အရေးကြီးတဲ့ တစ်ခုက ဘာလည်း ဆိုတော့ အရှေ့ကနေပြီးတော့
လုပ်နေတဲ့သူတွေကို အနောက်ကလူတွေက ထိန်းနိုင်ရမယ်။ ထိန်းပိုင်ခွင့် ရှိရမယ်။ အဲဒါဒီမိုကရေစီပဲ။

ပြည်သူတွေရဲ့၊ ပြည်သူတွေ ထိန်းတာကို ကျွန်မတို့တွေ ခံပါ့မယ်။ ပြည်သူမဟုတ်ဘဲ ထိန်းသိမ်းတာကို


သိပ်မခံချင်ဘူး(ရယ်လျက်)။ ကျွန်မစိတ်ထဲမှာ ဘာမှ မရှိပါဘူး။

ကျွန်မထိန်းသိမ်းခံရတဲ့ နှစ်တွေအတွင်းမှာ ပေါ့နော် လုံခြုံရေး တာဝန်ယူရတဲ့သူတွေနဲ့ အများကြီး ဆက်ဆံရပါ တယ်။ သူတို့


ကျွန်မအပေါ်မှာ ကောင်းခဲ့ပါတယ်။ ကျွန်မပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံပါတယ်။ အဲတော့ ဒါကတော့ အမှန်ကို
အမှန်အတိုင်း ကျွန်မပြောရမှာပါ။ ကျေးဇူးတင်ထိုက်တဲ့သူကို ကျေးဇူးတင်ရမှာပဲ။ အဲဒီလို သာမန် လုံခြုံရေး
ဝန်ထမ်းတွေထဲက ကျွန်မအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တဲ့သူတွေကို ကျွန်မ ကျေးဇူးတင်ပါတယ်။ စိတ်ထဲမှာ
တကယ့်ကို ကျွန်မစိတ်ရင်းနဲ့ ပြောတာပါ။

ကျွန်မတို့ဟာ ပြည်သူ အချင်းချင်းမှာ တစ်ယောက်ပေါ်မှာ တစ်ယောက် စေတနာထားနိုင်အောင်လို့ တစ်ယောက်ကို


တစ်ယောက် ကျေးဇူးတင် နိုင်အောင်လို့။ မြင်နိုင်စေချင်တယ်။ ဆရာတော်ကြီးတစ်ပါးက ကျွန်မ ခပ်ငယ်ငယ်တုန်းက ဟောခဲ့
တယ်။ ကျေးဇူးပြုတဲ့သူ ဆိုတာ ရှားတယ်တဲ့။ ကျေးဇူးကို သိတတ်တဲ့သူဆိုတာ ရှားတယ်ပေါ့။ ကျွန်မ အဲဒီတုန်းက
ငယ်တာကိုး အဲဒီစကားကို သိပ်သဘောမတူချင်ဘူး။ ဘာလဲဆိုတော့ ဟုတ်ပါပြီ ကျေးဇူး ပြုနိုင်တဲ့ သူဆိုတာ ရှားတယ်ဆိုတာ
ကျွန်မ လက်ခံတာပေါ့နော်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ့်ကို ကျေးဇူး ပြုတယ်ဆိုတာ လူတိုင်းကလည်း
ဒီလောက်ထိလုပ်ပေးတာမဟုတ်ဘူး။ ဒါပေမယ့် ကျေးဇူးသိတတ်တဲ့ သူဟာ ရှားတယ် ဆိုတာ ကျွန်မ သိပ်ပြီး လက်မခံပါဘူး။

လူပဲ၊ လူပဲပေါ့ လူဖြစ်မှ ကျေးဇူးသိရမှာပေါ့။ မဟုတ်ဘူးကွာ ငြင်းတဲ့သူက ရှိတယ်။ ကျေးဇူးသိတယ် ဆိုတဲ့ အဓိပ္ပါယ်က
နောက်ကျတော့ ရိုးရိုးလေးပဲ။ အချင်းချင်းကို တန်ဖိုးထားတတ်တာပဲ။ အချင်းချင်းကို တန်ဖိုးထား တတ်လိုက်ရင် --- ဟာ
နည်းနည်းတော့ သည်းခံပါဦးဟေ့ -- ခဏလေး နောက်ကထလိုက်လို့ ဘာဖြစ်သွား တာမှ မဟုတ်ဘဲ။ တစ်ယောက်နဲ့
တစ်ယောက်တော့ သည်းခံရမှာပဲ။ တစ်ယောက်က မတ်တပ်ထလိုက်လို့ စိတ်ဆိုးစရာ အကြောင်းမရှိဘူး။ ဒေါသ ကြီးပဲ။-----
ရှေ့က ကျွန်မ မနေ့တုန်းက အိမ်ရှေ့မှာ ပြောသလိုပေါ့။ အရှေ့ကလူကလည်း အနောက်ကလူကို သိတတ်မှု၊
နားလည်မှုရှိရမယ်။ အနောက်ကလူကလည်း အရှေ့က လူကို နားလည်မှု သည်းခံမှုရှိရမယ်။ အဲဒါမှ ကျွန်မအတွက်
အဆင်ပြေမှာ။ ဒီတော့ ပြည်သူတွေ အနေနဲ့ ကျွန်မ ဘယ်လိုဆက်ပြီးတော့ နိုင်ငံရေး ခရီးသွားမလဲ ဆိုတာ သိချင်လာမယ်။

(သိချင်ပါတယ်။---------- )

သိတန်သရွေ့လည်း သိမယ်။ ပြည်သူကို အားကိုးပြီး လုပ်တယ်ဆိုရင် ပြည်သူနဲ့ အမြင်ချင်း ဖလှယ်ထားရမယ်။


ကျွန်မကတော့ ဒီ--ဒီ ပြည်သူတွေကြားမှာ ကျွန်မတို့က အားလုံးကြားမှာပေါ့နော် အမျိုးသားရင်ကြားစေ့ရေး ကိစ္စကို
ဆက်ပြီးတော့ လုပ်သွားမှာပါ။ ဒါဟာ အရေးကို ကြီးတယ်။

(ထောက်ခံပါတယ်။------------------)

ကျွန်မစိတ်ထဲမှာတော့ ဘယ်သူပဲ ဘာဖြစ်လို့။ ဘယ်သူနဲ့တော့ဖြင့် အဆင်ပြေအောင်လုပ်လို့မရဘူး။ ဘယ်သူနဲ့ တော့ဖြင့်


စကားပြောလို့မရဘူး ဆိုတာ လုံးဝမရှိဘူး။ ဘယ်သူပဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်တဲ့စိတ်ရှိရင် လုပ်လို့ရရမယ်။

Bahtoo Media Page 6


စကားပြောချင်တဲ့ စိတ်ရှိရင် စကားပြောလို့ ရရမယ်။ ကျွန်မကတော့ ဒီလမ်းအတိုင်း သွားမှာပဲ။ ဒီလမ်းအတိုင်း
သွားတဲ့အခါမှာတော့ ကျွန်မတို့ဘက်က ပြည်သူ့အင်အားတွေ လိုပါတယ်ဆိုတာ အခု ဒီမှာ ပြောပြီးတော့ အသိပေး
ကြေညာလိုက်ပြီ။

(ညီပါတယ်။--- ညီညွတ်ရေး၊ ညီညွတ်ရေး ------- )

ကျွန်မတို့ ဘာပဲလုပ်ဖို့ ဆုံးဖြတ်၊ ဆုံးဖြတ် ပြည်သူကို အသိပေးပါ့မယ်။ အခုဆိုလို့ရှိရင် ကျွန်မတို့ အဖွဲ့ချုပ်နဲ့ ဒါ---
အဖွဲ့ဝင်တွေနဲ့လည်း တွေ့ပြီးတော့ သေသေချာချာ ပြောပြီးတော့ ဆွေးနွေးတာ မရှိဘူး။ ပြောပြီး ဆွေးနွေးပြီး ကျွန်မက
အဖွဲ့ချုပ်တစ်ခုထဲနဲ့ လုပ်မှာ မဟုတ်ဘူးနော်။ ကျွန်မကနေပြီးတော့ ကျွန်မတို့ ဒီမိုကရေစီ အတွက် လုပ်နေတဲ့ အစုအဖွဲ့တွေ
အားလုံးနဲ့ ကျွန်မတွဲပြီး လုပ်ချင်တယ်။ နောက်ပြီးတော့ ပြည်သူကလဲ အဲဒီထဲမှာ ဝင်ပါ ပေးစေချင်တယ်။ တစ်ခုခု လုပ်ပြီလို့
ဆုံးဖြတ်လိုက်လို့ရှိရင် ကျွန်မတို့ ပြည်သူကို ပြောပြမယ်။ ရှင်းပြမယ်။ တစ်ခါ တစ်လေ ဆိုရင် ပြည်သူက ကျွန်မတို့
လုပ်တဲ့ကိစ္စတွေကို ပြည်သူက သဘောမတူတာလည်း ရှိမယ်။ ဒါကတော့ ဒီလိုပဲ။ လူတိုင်းတော့ တစ်သဘောတည်း
မဖြစ်နိုင်ဘူး။ အဲဒီသဘောမတူတာကို လက်ခံနိုင်တာ လည်း ဒီမိုကရေစီရဲ့ သဘောတရားတစ်ခုပဲ။ ဒါပေမယ့်လည်း ကျွန်မတို့
ရှင်းပြမယ်။ ဘာဖြစ်လို့ ကျွန်မတို့ ဒီလိုလုပ်ရသလဲ။

ပြည်သူ သဘောမတူပေမယ့်လည်း ဘာဖြစ်လို့ လုပ်ရတာလည်း ဆိုတော့ ပြည်သူကို စည်းရုံး ယူရမှာပေါ့။ စည်းရုံးတယ်


ဆိုတာ ဒါပဲလေ။ ပြည်သူရဲ့ ယုံကြည်မှု၊ နားလည်မှု အဲဒါကို ရအောင် လုပ်မယ်။ မဲရအောင် လုပ်တာ မဟုတ်ဘူး။ အဲဒီတော့
ကျွန်မတို့ ပြည်သူတွေရဲ့ နားလည်မှု ပြည်သူတွေရဲ့ ထောက်ခံမှု အဲဒါတွေကို ရယူပြီး တော့ ဆက်လုပ်သွားမယ်။ အခုချိန်မှာ
တိတိကျကျ မပြောနိုင်တာကို ကျွန်မ တောင်းပန်ပါတယ်။ ဒီအချိန်မှာ အခုပဲ ထွက်လာပြီးတော့ ဒါလုပ်မယ်၊ ဒါလုပ်မယ်၊
ဒါလုပ်မယ် ပြောတာလည်း ဒါ မစဉ်းစား၊ မဆင်ခြင်ဘဲနဲ့ ပြောတဲ့စကားလည်း ဖြစ်နိုင်တယ်။ ကျွန်မတို့ ဒီအချိုးအကွေ့မှာ
ပြည်သူတွေရဲ့ အသံတွေကို အများကြီး ကြားချင်ပါတယ်။

အဲဒီအသံတွေကို နားထောင်ပြီးတော့ ရှေ့ခရီးကို ဘယ်လို ဆက်ပြီးတော့ သွားမလဲ ဆိုတာ။ သွားသင့်လဲ ဆိုတာ ကျွန်မတို့
ဆုံးဖြတ်မယ်။ ဒါပေမယ့် စောစောက ကျွန်မတို့ ပြောသလိုပဲ အရေးကြီးဆုံးဟာ ပြည်သူရဲ့ အင်အားနဲ့ ကျွန်မတို့ လုပ်မယ်။
ဒီမိုကရေစီလိုချင်တဲ့ အစုအဖွဲ့တွေ အားလုံးနဲ့ ကျွန်မတို့ လက်တွဲပြီး တော့ လုပ်မယ်။ နောက်ပြီးတော့ ကျွန်မတို့ဟာ
ဒီကျွန်မတို့ နိုင်ငံမှာ ရင်ကြားစေ့ရေး အတွက် ကျွန်မတို့ လုပ် သွားမယ်။ ရင်ကြားစေ့ရေးအတွက် လုပ်သွားပြီးတော့
ပြည်သူတွေ အနည်းဆုံး နာမယ့်နည်းနဲ့၊ လုံးလုံး မနာဘူးလို့ လည်း ကျွန်မမပြောနိုင်ဘူး။ ဒါက ဒီလို ကျွန်မ
အာမခံလိုက်လို့ရှိရင် ဒါလည်း လာဘ်ပေးတာတစ်မျိုးပဲ။

ကျွန်မတို့နဲ့ လိုက်လို့ မနာစေရဘူး ဆိုတာ အဲဒီလိုလည်း ကျွန်မပြောလို့ မရဘူး။ နာချင်လည်း နာတာပဲ။ ကျွန်မတို့လည်း
ခံရတာပဲ။ ကျွန်မတို့ လုပ်ဖော်ကိုင်ဖက်တွေလည်း ခံရတာပဲ။ ဒါပေမယ့်လည်း ပြည်သူလူထု အနည်းဆုံး နာမယ့်နည်းတွေကို
ကျွန်မတို့ ရှာပြီးတော့ လုပ်ပါ့မယ်။ ပြည်သူကလည်း တစ်ခါတစ်လေ နည်းနည်း အနာခံရမယ် ဆိုရင်တော့ သည်းခံပြီး
အနာခံပါလို့။ ကျွန်မ အခုကတည်းက ပြောထားချင်ပါတယ်။ လိုတော့ လိုချင်ပါတယ်။ အနာတော့ မခံချင်ပါဘူး။ အဲဒီလိုတော့
မလုပ်နဲ့။

သည်းခံနေတာ ကြာပြီဆိုတော့ မဟုတ်တဲ့ဟာတွေကို သည်းခံနေတာလား။ သည်းခံသင့်တာတွေကို သည်းခံနေ တာလား။


ကျွန်မ ပြောချင်တယ်နော်။ ဟို အမှားနဲ့ အမှန်ကို ခွဲခြားပြီးတော့ သိရမယ်။ အမှန်ဘက်ကနေ ရပ်တည်ရဲတဲ့ သတ္တိရှိရမယ်။
အမှားနဲ့ အမှန်ဆိုတာ တစ်ချိန်နဲ့ တစ်ချိန်နဲ့ တူတာမဟုတ်ဘူး။ အချိန်တွေ ပြောင်း သလို အခြေအနေတွေ ပြောင်းသလို
အဖြေတွေကလည်း ပြောင်းနေတယ်။ ဒါပေမယ့် အဲဒီဟာကို လုပ်သင့်တာ မလုပ်သင့်တာကတော့ ဆင်ခြင်ပြီးတော့ ကိုယ့်ရဲ့
ကိုယ့်ရဲ့ လိပ်ပြာ၊ ဒါဘယ်လိုပြောသလဲ ဖေဖေပြောခဲ့တဲ့ စကား တစ်ခွန်းရှိပါတယ်။ သူ့လိပ်ပြာရဲ့ ခုံရုံးရှေ့မှာ သူ
မားမားမတ်မတ် ရပ်ပြီးတော့ အစစ်ခံရဲတယ်တဲ့။

(ကြိုက်တယ်၊ ကြိုက်တယ်----------)

Bahtoo Media Page 7


ကျွန်မရဲ့ လိပ်ပြာခုံရုံး ရှေ့မှာလည်း နေ့တိုင်း မတ်တပ်ရပ်ပြီးတော့၊ ကျွန်မတို့ ပြည်သူတွေလဲ ဒီလိုပဲ ကိုယ့်ရဲ့လိပ်ပြာခုံရုံးရှေ့မှာ
နေ့တိုင်း မတ်တပ်ရပ်ပြီးတော့ မားမားမတ်မတ် အစစ်ခံကြည့်ကြပါ။ အဲဒီလို အစစ်ခံ ကြည့်တဲ့အခါ ကိုယ်ဟာ လုပ်သင့်
လုပ်ထိုက်တာတွေကို လုပ်နေသလား ဆိုတဲ့ အဖြေက ပေါ်လာပါလိမ့်မယ်။

အဲဒီလိုပေါ်လာလို့ရှိရင် ကျွန်မတို့ရဲ့ အင်အားတွေက အရမ်းတန်ဖိုးတက်မှာ။ အင်အားဆိုတာ မှန်မှန်ကန်ကန်


သုံးမှတကယ့်ကို အဖိုးတန်တာ ၊ မှန်မှန်ကန်ကန် သုံးတဲ့ အင်အားရဲ့ အာနိသင်ကို ဘယ်သူမှ ဖြိုလို့မရဘူး။ အဲဒါကိုတော့
မှတ်ထားကြမှ။ ကျွန်မတို့ ပြည်သူတွေကိုလေ ကိုယ်ချင်းစာတဲ့စိတ်၊ တစ်ယောက်နဲ့ တစ်ယောက် နားလည်တဲ့စိတ်၊
တစ်ယောက်ကို တစ်ယောက်သည်းခံတဲ့စိတ်ကလေး၊ အခုနည်းနည်း စမ်းကြည့်ရအောင်၊ နည်းနည်းစမ်းကြည့်မယ်နော်။
နည်းနည်းစမ်းကြည့်မယ် ဆိုတော့။ စမ်းကြည့်မယ်။ ဟိုဘက်ကလူတွေက မကြားရလို့ဆိုပြီးတော့ အော်နေကြတယ်။
အဲဒီတော့ ကျွန်မလည်း ပြောတာပြီးတော့မယ်။ အဲဒီတော့ ဒီရှေ့က လူတွေက ဟိုဘက်ကို နည်းနည်း ထွက်သွားပြီတော့
ဟိုဘက်ကလူတွေကို နေရာပေးပါလား။

(ပေးမယ်ဟေ့--- ပေးမယ်--------------)

------------ အကြိမ်ကြိမ်အခါခါ ပြောခဲ့ပါတယ်။ အင်အားတွေ မရှိရင် ကျွန်မတို့ လုပ်တဲ့ အလုပ်တွေဟာ အောင်မြင်နိုင်မှာ


မဟုတ်ပါဘူး။ အဲဒီတော့ အင်အားတွေကို စနစ်တကျလုပ်မှပဲ စနစ်တကျသုံးမှပဲ ထိရောက်မှာ ဒီတော့ နည်းနည်းလေး
စနစ်တကျဖြစ်အောင်ဘယ်လိုလုပ်မလဲ။ ကျွန်မပြောပြမယ်။ အရှေ့ကလူတွေက မတ်တပ်ထတဲ့ အခါ နောက်ကလူတွေက
စိတ်တိုကြတယ်။ အဲဒီတော့ ကျွန်မပြောချင်တာ အရှေ့ကလူတွေကလည်း အကြာကြီး မထပါနဲ့။ နောက်ကလူတွေက
ခဏလောက်ထတာကို သည်းညည်း ခံကြပါ။။ ခဏထတာပဲ ဘာဖြစ်လဲ။ တစ်ချိန်လုံး ထရင်တော့ တစ်မျိုးပေါ့။

နောက်ပြီးတော့ မှာပါရစေ။ မျှော်လင့်နေရုံနဲ့ ရမှာမဟုတ်ဘူး။ လိုချင်နေရုံနဲ့ ရမှာ မဟုတ်ဘူး။ လိုချင်တာ ရအောင်ကို


လုပ်တတ်မှ၊ လုပ်ရဲမှ၊ လုပ်နိုင်မှ ------------------ ကျွန်မတို့ အကောင်းဆုံး နည်းလမ်းတွေ ရှာပြီး တော့ ကိုယ်လိုချင်တဲ့
ပန်းတိုင်ကို ရောက်အောင် သွားရမယ်။ ကျွန်မက အမျိုးသား ရင်ကြားစေ့ရေးကို အမြဲတမ်း ယုံကြည်တယ်။ ဒီနည်းကို
သွားကို သွားရမယ် ဆိုတာ ကျွန်မယုံကြည်တယ်။ ထောက်ခံနေတဲ့ သူတွေရှေ့မှာ

(လက်ခုပ်သံများ ဆူညံပွက်လောရိုက်လျက်)

Bahtoo Media Page 8


ကျွန်မယုံကြည်တာ လူ့အခွင့်အရေးကို ယုံကြည်တယ်။ တရားဥပဒေ စိုးမိုးရေးကို ယုံကြည်တယ်။ အဲဒါတွေ
အတွက်တော့ကျွန်မ အမြဲတမ်း လုပ်ဆောင်သွားမှာပါ။ ပုဂ္ဂိုလ်ရေးအရ ဘယ်သူ့ကို မုန်းလို့၊ ဘယ်ဝါ့ကို မုန်းလို့ ဆိုပြီးတော့
လုပ်နေတာမဟုတ်ဘူး။ အဲဒီစိတ်တွေ ကျွန်မမရှိဘူး။ အချိန်လည်း မရှိဘူး။ ဒီလောကကြီးမှာ အလုပ် အများဆုံး
(လက်ခုပ်သံများ-----)

အခု ကျွန်မ ထိန်းသိမ်းခံနေရတဲ့ ကာလတစ်လျှောက် ကျွန်မရဲ့ လုံခြုံရေးအတွက် တာဝန်ယူတဲ့ တာဝန်ယူရတဲ့


ပုဂ္ဂိုလ်တွေကပေါ့နော် ကျွန်မအပေါ်မှာ ကောင်းခဲ့ပါတယ်။ ကျွန်မအပေါ်မှာ တော်တော် ကောင်းခဲ့ပါတယ်။ ဒါ ကျွန်မ
အမှန်အတိုင်း ပြောတာ။ အဲဒါကိုလည်း ကျွန်မ တန်ဖိုးထားပါတယ်။ ကျေးဇူးတင်ပါတယ်။ ထပ်ပြီးတော့ ဒီလိုပဲ
နေရာအမျိုးမျိုးမှာ ကဏ္ဍအမျိုးမျိုးမှာ ကောင်းကောင်းမွန်မွန် တစ်ယောက်ကို တစ်ယောက် ကောင်း ကောင်း မွန်မွန်
ဆက်ဆံပြီး လုပ်ဆောင်သွားစေချင်တယ်။ အဲဒီလိုကျွန်မအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံ သလို
ပြည်သူတွေအားလုံးအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်တယ်။

(လက်ခုပ်သံများ ဆူညံပွက်လောရိုက်လျက်)

ကျွန်မလိုပဲ ပြည်သူတွေအပေါ်မှာ အကျယ်ချုပ်ချပြီးတော့ မဆက်ဆံစေချင်ဘူး

(လက်ခုပ်သံများ ဆူညံပွက်လောရိုက်လျက်)

ကျွန်မအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံသလို ပြည်သူတွေ အပေါ်မှာလည်း ကောင်းကောင်းမွန်မွန် ဆက်ဆံပါလို့


ကျွန်မက မေတ္တာရပ်ခံပါတယ်။ ကောင်းမွန်တဲ့ ကိစ္စကို တန်ဖိုးထားရမယ်။ ကျေးဇူးတင်ထိုက်သူ ကို ကျေးဇူးတင်ရမယ်။ ကိုယ်
မကြိုက်လို့ အားလုံး မကောင်းဘူးလို့ ပြောလို့ မဖြစ်ဘူး။ ကောင်းတာလည်း ရှိတယ်။ မကောင်းတာလည်း ရှိတယ်။
မကောင်းတာ မကောင်းဘူး ပြောရင်လည်း စိတ်ဆိုးနေလို့ မဖြစ်ဘူး။ မလုပ်နဲ့ ။

(လက်ခုပ်သံများ မစဲ---)

လူတစ်ယောက်ရဲ့ ကျေးဇူးကို ပွဲထုတ်ရတာလောက် အင်မတန်မှ အားရစရာ ကောင်းတာ မရှိဘူး။ အင်မတန်မှ အားရစရာ


ကောင်းတယ်။ အင်မတန်မှ ကျေနပ်စရာကောင်းတယ်။ ကျွန်မက လုပ်ချင်ပါတယ်။ ကျေးဇူးတင်စရာ တွေသာ လုပ်ကြစမ်းပါ
ကျွန်မက တစ်ချိန်လုံးခေါ်ပြီး ကျေးဇူးတင်နေပါ့မယ်။ အခုလည်း ပြည်သူတွေကို ကျေးဇူးတင်ရမှာပဲ။ ကျေးဇူးတင်ပါတယ်။
ကျွန်မတို့ ဗမာတွေရဲ့ သတ္တိက ကောက်ရိုးမီးလိုပဲလို့ ခဏခဏ ပြောတာ ကျွန်မ လုံးဝ မကြိုက်ဘူး။ အဲဒါဟာ ကျွန်မတို့
ဖြစ်သင့်တဲ့ ကိစ္စမဟုတ်ဘူး။ အဲဒီလို မဖြစ်ရဘူး။ လူဆိုတာ လူဖြစ်ကာမှ လူပီပီနေရတယ်။ လူ့သိက္ခာ ဆိုတာရှိတယ်။
လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ဘာနဲ့ စလဲဆိုတော့ လူတိုင်း၊ လူတိုင်းဟာ မွေးရာပါ ဂုဏ်သိက္ခာရှိတယ်။ အဲဒီ
ဂုဏ်သိက္ခာကို ထိန်းသိမ်းရမယ်။

(လက်ခုပ်သံများ ဆူညလ
ျံက်)

သိက္ခာကို ထိန်းသိမ်းရမယ်။ အဲဒါကို ပြောတာ။ ပြည်သူတွေအတွက်ပဲ လုပ်ပေး၊ ပြည်သူတွေ အတွက်ပဲ လုပ်ပေးလို့။


လူတိုင်း၊ လူတိုင်းဟာ ကိုယ့်တာဝန်ကို ကျေပွန်ရမယ်။ အဲဒီလိုလုပ်နိုင်မှ ကျွန်မတို့ နိုင်ငံတိုးတက်မှာ။ ကျွန်မတို့ နိုင်ငံ
မတိုးတက်လား။ တိုးတက်လားဆိုတာ။ ကျွန်မထက် ပြည်သူတွေ ပိုပြီးတော့ သိတယ်။ မတိုးတက်လို့ ဘယ်သူ့ကြောင့်၊
ဘယ်ဝါ့ကြောင့်လို့ ပြောမယ့်အစား ကျွန်မတို့ အားလုံး လက်ညီတက်ညီ နဲ့ လက်တွဲပြီးတော့ တိုးတက်အောင်လို့ လုပ်နိုင်ဖို့
အခွင့်အရေးတွေ ပေးပါလို့ပဲ။ အဲဒီလိုပဲ ကျွန်မပြောချင်တယ်။

လက်ဖြန့်ပြီး တောင်းတာလဲ မကြိုက်ဘူး။ ကိုယ်ကိုယ်တိုင်လည်း လက်ဖြန့် မတောင်းချင်ဘူး။ ကျွန်မတို့ ပြည်သူကလည်း


လက်ဖြန့်ပြီးတော့ တောင်းချင်တဲ့ စိတ်မရှိဘူးလို့ ယုံကြည်တယ်။

Bahtoo Media Page 9


(ဟုတ်ပါတယ်။
ဟုတ်ပါတယ် ------------
-------)

ကျွန်မတို့ တိုးတက်ရေး
အတွက်၊ ကိုယ့်ရပိုင်ခွင့်
တွေကို လိုချင်တယ်လို့
ကျွန်မတို့ ယုံကြည်တယ်။
ကိုယ့်တိုးတက်ရေးအတွ
က် လုပ်ပိုင်ခွင့်တွေ
ရအောင်လို့ ကျွန်မတို့
လုပ်ပေးရမယ်။
နောက်ပြီးတော့
အားလုံးကို လိုက်ပြီး
တော့ ထမင်းဝေဖို့
မဟုတ်ဘူး။ ကိုယ့်ထမင်း
ကိုယ် ဝအောင် ရှာနိုင်တဲ့အရည်အချင်းတွေ၊ အခွင့် အလမ်းတွေ ရှိဖို့။

(လက်ခုပ်သြဘာသံများ ဆူညလ
ျံက်)

ကျွန်မတို့ ဆက်လုပ်သွားမယ့် အလုပ်တွေဟာ ကျွန်မတို့ ဒီမိုကရေစီကို ယုံကြည်တဲ့ အစုအဖွဲ့တွေနဲ့ တိုင်တိုင်ပင်ပင်


လုပ်သွားမယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုပြီး အဲဒီလို ကျွန်မတို့ ထီးထီးကြီး လုပ်သွားမှာ မဟုတ်ဘူး။ အများနဲ့ တူတူ
လက်တွဲပြီးတော့ လုပ်သွားမယ်။ အဲဒီအများကို ဝန်းရံရမှာ ပြည်သူပဲ။ ပြည်သူတွေ မဝန်းရံဘဲ ကျွန်မတို့ ဘာမှ လုပ်လို့မရဘူး။
ပြည်သူတို့ အကူအညီကိုလိုလို့ ကျွန်မတို့ တောင်းတယ်။ တောင်းတဲ့ အခါကြရင် ကျွန်မတို့ အပေါ်မှာ ယုံယုံကြည်ကြည်
လိုလိုလားလားနဲ့ ဒီအင်အားတွေနဲ့ ပံ့ပိုးပေးပါလို့။ အခုကတည်းကနေ မေတ္တာရပ်ခံထားပါတယ်။

အဲဒီတော့ အားတွေမွေးထား။ ထမင်းများများစားထားလို့ ပြောရမှာလည်း အားနာတယ်။ ထမင်းသိပ်မရှိဘူးဆိုရင် ဘယ်လို


ပြန်ဖြေရမလဲလို့။ အားတွေ မွေးထားကြ။ ကိုယ်ကိုကိုယ် --- စိတ်အားရော၊ ခန္ဓာကိုယ်အားရော မွေးထားကြ။ အဲဒီအားတွေနဲ့
ကျွန်မတို့ အတူတူ လက်တွဲပြီးလုပ်မယ်။ ကျွန်မတို့ အတူလက်တွဲပြီး လုပ်ကြပြီဆိုလို့ရှိရင် ပန်းတိုင်ကို ရောက်အောင် ကျွန်မ
ပွင့်ပွင့်လင်းလင်းပဲပြောမယ်နော်။ ကျွန်မတို့ လူတွေထဲမှာ ပန်းတိုင်ရောက်တဲ့ဟာကို မမြင်လိုက်ရတဲ့သူတွေ အများကြီးပဲ။
ဒါပေမယ့် ဒီမှန်ကန်တဲ့ ပန်းတိုင်ကို ရည်မှန်းပြီး လျှောက်သွားရတယ်ဆိုတဲ့ ဘဝတစ်ခုရဲ့ တန်ဖိုးက ဘယ်လိုမှ ဖြတ်လို့ မရဘူး။
လူတိုင်းက အနိစ္စသဘော မကင်းပါဘူး။ တစ်နေ့ကျ ကိစ္စပြီးသွားမှာပဲ။

ဒါပေမယ့် မပြီးခင် အချိန် အတွင်းမှာ အနည်းဆုံး ကိုယ်ဘယ်လို နေခဲ့တယ်။ ထိုင်ခဲ့တယ်ဆိုတာ သိကြဖို့။ ကျွန်မတို့
တွေ့တုန်းမှာ ကျွန်မတို့ရဲ့ ကွယ်လန
ွ်သွားတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ ဒီမိုကရေစီရဲဘော်ရဲဘက်တွေ ကို ကျွန်မ
ဂုဏ်ပြုချင်တယ်။ အခု အထိပြင်းပြနေကြတဲ့ ကျွန်မတို့ရဲ့ ဒီမိုကရေစီ လုပ်ဖော်ကိုင်ဖက်၊ ရဲဘော်ရဲဘက်တွေကို
ဂုဏ်ပြုချင်တယ်။ အားလုံး အမြန်ဆုံး လွတ်နိုင်ပါစေလို့ ကျွန်မတို့ ပြည်သူတွေက ဝိုင်းပြီး ---------

(လက်ခုပ်သံ သြဘာသံများ အမေစု ကျန်းမာပါစေ၊ ချမ်းသာပါစေဆိုသော အသံများ မစဲတော့ပေ။)

The Voice ဂျာနယ်မှ ကူးယူဖော်ပြသည်။

Bahtoo Media Page 10


မဟာမဲခေါင် စီးပွားရေးလမ်းကြောင်း

23 အောက်တိုဘာ 2010 သတင်း

လွနခ
် တ
ဲ့ အောက်တဘ
ိုာလ (၁၁) ရက်နေ့က ထိုင်းဝန်ကြီးချုပ် နေပြည်တော်ကို သွားရောက်နိုင်တဲ့အတွက်
ဆယ်နှစ်ကျော် ပြောဆိုဆွေးနွေးလာတဲ့ မဟာမဲခေါင်တောင်ပိုင်း (Greater Mekong Subregion) ဒေသ
စီးပွားရေးလမ်းကြောင်း အကောင်အထည်ဖော်ဖို့ အခွင့်အလမ်းပွင့်သွားပါတယ်။

ထားဝယ်မှာ ရေနက်ဆိပ်ကမ်း တည်ဆောက်ပြီး အနီးနားမှာ ဧကတသိန်းကျယ်ဝန်းတဲ့ အထူးစီးပွားရေးဇုံ တည်ဆောက်ဖို့နဲ့


ထားဝယ်နဲ့ ထိုင်းနိုင်ငံအနောက်ပိုင်းကို ကားလမ်း၊ ရထားလမ်း ဆက်သွယ်ဖို့လည်း သဘောတူလိုက်ကြပါတယ်။ အမေရိကန်
ဒေါ်လာသန်းပေါင်း တသောင်းသုံးထောင်ကျော် ကုန်ကျနိုင်တဲ့ ဒီ စီမံကိန်းကို ထိုင်းကုမ္မဏီက အကောင် အထည် ဖော်မှာ
ဖြစ်ပါတယ်။ ထားဝယ် စီမံကိန်းဟာ မဟာမဲခေါင် တောင်ပိုင်းဒေသ ဖွံ့ဖြိုးရေးနဲ့ ဆက်စပ်နေပါတယ်။

မဟာမဲခေါင်ဒေသ တိုးတက်ဖွံ့ဖြိုးရေးစိမံကိန်းမှာ အဓိက စီးပွားရေးလမ်းကြောင်း (၃) ခု ရှိပါတယ်။ ပထမလမ်းကြောင်းက


မော်လမြိုင် ကနေ ဗိယက်နမ်နိုင်ငံ ဒါနန် (Danang) ဆိပ်ကမ်းအထိ ဖောက်လုပ်မယ့် အရှေ့ အနောက်
စီးပွားရေးလမ်းကြောင်း ဖြစ်ပါတယ်။

မြန်မာ၊ ထိုင်း၊ လာအို၊ ဗိယက်နမ် တို့ကို ဆက်သွယ်မယ့် ကားလမ်းဖြစ်ပါတယ်။ မြဝတီ-မော်လမြိုင်အပိုင်းကို


ထိုင်းကုမ္မဏီတွေက ဆောက်လုပ်နေပါတယ်။ ဒုတိယ လမ်းကြောင်းကို မြောက်-တောင် စီးပွားရေးလမ်းကြောင်းလို့ခေါ်ပြီး
မြန်မာနဲ့ လာအို တို့ကို ဖြတ်ပြီး ဘန်ကောက် နဲ့ ကူမင် (Kunming) ကို ဆက်ထားပါတယ်။ တတိယလမ်းကြောင်းကို
မဟာမဲခေါင်တောင်ပိုင်းဒေသ စီးပွားရေးလမ်းကြောင်းလို့ ခေါ်ပါတယ်။ ထားဝယ်နဲ့ ဗိယက်နမ်တောင်ပိုင်း၊ ဗန်တူ (Vung
Tau) ဆိပ်ကမ်းကို ဆက်သွယ်ထားတဲ့ ကားလမ်းဖြစ်ပြီး ဘန်ကောက်၊ ဖနွိုင်ပင် (Phnom Penh)၊ ဟိုချီမင်း (Hochiminh)
စတဲ့ မြို့တွေကို ဖြတ်သွားပါတယ်။

Bahtoo Media Page 11


မဟာမဲခေါင်ဒေသမှာ
မြန်မာ၊ လာအို၊ ထိုင်း၊
ကမ္ဘောဒီးယား၊
ဗိယက်နမ် နဲ့
ယူနန်ပြည်နယ်
ပါဝင်ပါတယ်။ ဒီဒေသနဲ့
အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်
ကို ဆက်သွယ်ရာမှာ
မြန်မာပြည်ဟာ
ပေါင်းကူးတံတားလို
ဖြစ်နေပါတယ်။
နယ်ခြားဖြတ်
ကုန်သွယ်ရေး
သဘောတူညီချက်ကို
၂၀၀၃ မှာ မြန်မာက
နောက်ဆုံးလက်မှတ်ထိုး
ပါတယ်။ အာရှ
အဝေးပြေးလမ်းမတွေ
ဖြတ်သန်းရာ
နယ်စပ်ဒေသ၊ လမ်းဆုံတွေနဲ့ ဆိပ်ကမ်းတွေမှာ အထူး စီးပွားရေးဇုံတွေ ဖွင့်လှစ်နိုင်မယ်ဆိုရင် ဒီ စီးပွားရေး လမ်းကြောင်း
တလျှောက်မှာ ခရီးသွားလုပ်ငန်းပါ တိုးတက်ဖွံ့ဖြိုးလာမယ်လို့ ယူဆကြပါတယ်။ တရုတ်၊ ထိုင်း၊ ဗိယက်နမ်၊ မလေးရှား၊
စင်္ကာပူ တို့ကို ကားလမ်းပေါက်နေတာ ကြာခဲ့ပါပြီ။ အာရှဒေသ ကုန်သွယ်ရေးမှာ အကောက်ခွန်ကြောင့် စရိတ်ကြီး
လေးနေတာ မဟုတဘ
်ဲ သယ်ယပ
ို့ဆောင်ခ များလွန်းလို့သာဖြစ် ကြောင်း ၂၀၀၉ ဇွန်လ ထုတ် အာရှဖွံ့ဖြိုးရေး ဘဏ် (Asia
Development Bank - ADB) သုတေသန စာတမ်း အမှတ် (၁၄၀) မှာ ဖော်ပြထားပါတယ်။

မော်လမြိုင်နဲ့ ထားဝယ် ဟာ ရေနက် ပင်လယ် ဆိပ်ကမ်းဖြစ်လာရင် ထိုင်းကုန်ပစ္စည်းတွေ အနောက်တိုင်းကို တင်ပို့ရာမှာ


အရေးပါလာပါလိမ့်မယ်။ ထိုင်းကုန်သင်္ဘောဟာ မလ္လကားရေလက်ကြား (Malacca strait) က တဆင့် အိန္ဒိယ
သမုဒ္ဒရာကိုရောက်ဖို့ နှစ်ပတ်သုံးပတ် ကြာပေမယ့် ဘန်ကောက်-ရန်ကုန် ခရီးဟာ လမ်းဆိုးတာတောင် (၄) ရက်လောက်ပဲ
ကြာတယ်လို့ သိရပါတယ်။ ဒါကြောင့် ထိုင်းကုန်သွယ်ရေးလုပ်ငန်း တိုးတက်ရေးအတွက် ထားဝယ်-ဘန်ကောက်လမ်းနဲ့
မြဝတီ-မော်လမြိုင်လမ်းဟာ အရေးကြီးပါတယ်။ ထားဝယ်၊ မော်လမြိုင်၊ မြိတ်၊ ရန်ကုန်၊ သီလာဝါ နဲ့ မန္တလေးမှာ
အထူးစီးပွားရေးဇုံ ဖွင့်သင့်တယ်လို့ ဆိုကြပါတယ်။ အာရှ အဝေးပြေးကားလမ်းတလျှောက်မှာ စီးပွားရေးလမ်းကြောင်း
ပေါ်ထွက်ာလမှာ ဖြစ်ပါတယ်။

အာရှ အဝေးပြေးကားလမ်း ဖြတ်သွားတဲ့အတွက် မြန်မာပြည်သားတွေ ပြည်ပနဲ့ အထိအတွေ့များ လာပါလိမ့်မယ်။ အိန္ဒိယနဲ့


ဘင်္ဂလာဒေ့ရှ်ဟာ မြန်မာပြည်ကတဆင့် တရုတ်၊ လာအို နဲ့ ထိုင်း တို့ကို ကားလမ်းနဲ့ ဆက်သွယ်မိပြီဆိုရင်
မြန်မာပြည်မှာလည်း အပြောင်းအလဲတွေ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ အပြင်လောကနဲ့ ဆက်နေတဲ့ မြန်မာပြည်မှာ
တဖတ်သတ်ထင်သလို လုပ်တာမျိုး နည်းပါးလာနိုင်ပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ အာရှ အဝေးပြေးလမ်းမ
ဆောက်လုပ်ဖို့ ဗမာအစိုးရက ငွေကုန်မခံတဲ့အတွက် အကောင်အထည်ဖော်ဖို့ အခက်အခဲ ရှိနေပါတယ်။

အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေဟာ ဒဏ်ခတ်အရေးယူခံနေရတဲ့ ဗမာအစိုးရကို ငွေချေးဖို့ မစဉ်းစားပါဘူး။


အာရှ အဝေးပြေးလမ်းမ အမှတ် (၁) ဟာ ထိုင်း-မြန်မာ နယ်စပ် မြဝတီက အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့  အထိသွားမှာမို့
အရှည်ဆုံး လမ်းဖြစ်ပါတယ်။ အမှတ် (၂) အဝေးပြေးလမ်းမဟာ တာချီလိတ်က ကျိုင်းတုံတောင်ကြီး မိတ္ထိလာကိုဖြတ်ပြီး

Bahtoo Media Page 12


တမူးအထိ သွားပါလိမ့်မယ်။ အဝေးပြေးလမ်းအမှတ် (၃) ဟာ မိုင်းလားနယ်စပ်မြို့ က ကျိုင်းတုံအထိ ကီလိုမီတာ (၉၀)
ကျော်သာ ရှိပါတယ်။ တရုတ်-မြန်မာနယ်စပ် မူဆယ်က လာရှိုးအထိဖြစ်တဲ့ (၂) လမ်းသွား ကားလမ်းဟာ
အာရှအဝေးပြေးလမ်းမ အမှတ် (၁၄) ဖြစ်ပါတယ်။ ဒီလမ်းကို ပုဂ္ဂလိက ကုမ္မဏီက ဆောက်လုပ်ပြီး
လမ်းခွန်ကောက်ယူနေပါတယ်။

လမ်းလုပ်ငန်းကို ပုဂ္ဂလိပိုင် ကုမ္မဏီ (၆) ခုက တာဝန်ယူလုပ်ကိုင်ပြီး လမ်းခွန်ကောက်ပါတယ်။ သတ်မှတ်ထားတဲ့


အချိန်ရောက်မှ အစိုးရလက်ကို လွှဲပေးမှာဖြစ်ပါတယ်။ ဒါပေမဲ့ စံချိန်မီ အဝေးပြေးကားလမ်း တည်ဆောက်ဖို့ကိစ္စမှာတော့
အိမ်နီးချင်းနိုင်ငံတွေနဲ့ သဘောတူထားပေမယ့် နိုင်ငံခြားအကူအညီ မရတဲ့အတွက် လက်တွေ့အကောင်အထည်
ဖော်ဖို့ခက်ခဲနေပါတယ်။ ဒါကြောင့်မို့ မြန်မာပြည်ထဲ ဖြတ်သန်းမယ့် စံချိန်မီ အာရှအဝေးပြေးကားလမ်းတွေကို ထိုင်း၊ တရုတ်
နဲ့ အိန္ဒိယကသာ တာဝန်ယူ တည်ဆောက်ဖွယ် ရှိပါတယ်။

ဦးအောင်ခင် နှင့် ညိုညိုလွင်တို့၏ သတင်းကို ကူးယူဖော်ပြသည်။

ထိုင်းနိုင်ငံရောက် တရားမ၀င် မြန်မာ အလုပ်သမား ၂ သန်းကျော်ရှိဟုဆို


စက်တင်ဘာ ၂၉ ၊ ရန်ကုန် သတင်း

မြန်မာနိုင်ငံသားများ ထဲမှ ထိုင်းနိုင်ငံတွင် တရားမ၀င်အလုပ်လုပ်ကိုင်နေသူပေါင်း ၂ ဒဿမ ၄ သန်း ရှိကြောင်း နယ်စပ်


ဖြတ်ကျော် မှုခင်းဌာနမှ ဒုတိယရဲမှုးကြီး ရာလျန်မုန်းက 7 Days News သို့ပြောကြားသည်။

“ထိုင်းဘက်မှာ တရားမ၀င် အလုပ်လုပ်သူမြန်မာ ၂ ဒဿမ ၄ သန်းလောက် အထိရှိပါတယ်။ အဲဒအ


ီ ထဲမှ ဗမာ ၊ မွန် ၊ကရင်
တို့ကို အများဆုံးတွေ့ရှိရပါတယ်။ထိုင်းဘက်က မြန်မာတရားမ၀င်
လုပ်သားတွေ အများဆုံးက ပင်လယ်ငါးထုတ်လုပ်ရေးလုပ်ငန်းတွေမှာ
လုပ်ကိုင်ကြတာ တွေ့ရတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောကြားသည်။

နှစ်နိုင်ငံကြား လူကုန်ကူမှုများ ရှိသကဲ့သို့ နှစ်နိုင်ငံမှ သက်ဆိုင်ရာ


အဖွဲ့အစည်းများကလည်း လူကုန်ကူမှု ကာကွယ်
တားဆီးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ သုံးနှစ်စီမံကိန်းအရ ၂၀၁၁
တွင် စီမံကိန်းကာလ ပြီးဆုံးမည်ဖြစ်သည်။

စီမံကိန်းကာလအတွင်း နှစ်နိုင်ငံ လုပ်ဆောင်ချက်များမှာ ၆၀ ရာနှုန်းအထိ


ပြီးစီးအောင်မြင်ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။ ၂၀ ရာနှုန်းမှာ
လုပ်ဆောင်ဆဲနှင့် ဆက်လက်ဆောင်ရွှက်ရန် ကျန်ရှိနေမှု ၂၀ ရာနှုန်း
ရှိသေးကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံမှ လူကုန်ကူးခံရသူများအနက် ထိုင်းနိုင်ငံသို့ ဦးတည်၍


လူကုန်ကူးဖြစ်ပွားမှုမှာ ၁၅ ရာနှုန်းခန့် ရှိကြောင်း၊
နယ်စပ်တစ်လျောက်တွင်လည်း နိုင်ငံ နယ်စပ် ဆက်ဆံရေးရုံးများ ဖွင့်လှစ်သွားရန် ညှိနှိုင်းလျှက်ရှိကြောင်း နှစ်နိုင်ငံ နယ်စပ်
ဖြတ်ကျော် မှုခင်းဌာနမှ သိရသည်။

ကျော်သီဟ ၏ သတင်းကို ကူးယူဖော်ပြသည်။

Bahtoo Media Page 13


မြန်မာ ရာဘာ အရည်အသွေးညံ့၍ တရုတ် ဈေးကွက်ကိုသာ အားကိုးနေရ

ရန်ကုန် ၊ စက်တင်ဘာ ၂၉ သတင်း

ပြည်တွင်းရာဘာဈေး အပြောင်းအလဲမှာ တရုတ်နိုင်ငံက ၀ယ်ယူမှု အပေါ်တွင် မူတည်နေကြောင်း


ရာဘာစိုက်ပျိုးထုတ်လုပ်သူ လုပ်ငန်းရှင်များထံမှ သိရသည်။

ပြည်တွင်း၌ ထုတ်လုပ်သည့် ရာဘာများသည် အရည်အသွေးပိုင်းတွင် အားနည်းချက်များ ရှိနေခြင်းကြောင့် အခြားရာဘာ


ကုန်ကြမ်း အသုံးပြုများသည့် နိုင်ငံများသို့ ဦးစားပေးတင်ပို့ နိုင်ခြင်း မရှိကြောင်း မြန်မာ နိုင်ငံ ရာဘာစိုက်ပျိုး ထုတ်လုပ်
သူများ အသင်းမှ အတွင်းရေးမှုး ဦးမြင့်ခိုင်မှ
ပြောကြားသည်။

ယင်းကြောင့် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရာဘာ ၇၀


ရာခိုင်နှုန်းသည် တရုတ်ဈေးကွက်ကို သာမှီခို နေရ
သည်။ သြဂုတလ
် က တရုတ်နိုင်ငံမှ ၀ယ်လို အား
လျော့ချမှုကြောင့် ပြည်တွင်းဈေးကွက်တွင် ရာဘာ
သည် တစ်ပေါင်လျှင် ကျပ် တစ်ထောင် ၀န်းကျင်
အထိ ကျဆင်းခဲ့သည်။

“ ပြီးခဲ့တဲ့ နှစ်လက တရုတ်နိုင်ငံ အစိုးရက


လုပ်ငန်းရှင်တွေကို အရန်ရာဘာ တန်နှစ်သိန်း
ထုတ်ရောင်းပေးတယ်။ ဟိဘ
ု က်က ၀ယ်လက်က
ဈေးကို လျော့ဝယ်တယ်။ ပြည်တွင်းပို့သူများကလည်း ရော်ဘာသစ် ထွက်လာ တော့မှာ ဖြစ်တာကြောင့် အများကြီး
လှောင်မထားနိုင်ဘူး ” ဟု ပြည်ပသို့ ရာဘာတင်ပို့သူ လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။

ထို့အပြင် ပြည်တွင်းဈေးကွက်၌ ပြည်ပပို့ကုန် ရငွေ တန်ဖိုးကျဆင်းမှုကလည်း ရာဘာတင်ပို့မှုများအပေါ် ရိုက်ခတ်ခဲ့သည်။

မြန်မာရာဘာသည် ၂၀၁၀ ဘဏ္ဍာရေးနှစ်စတွင် တစ်ပေါင်လျှင် အနိမ့်ဆုံး ၁၂၅၀ ရှိရာမှ လက်ရှိ အချိန်တွင် တစ်ပေါင်လျှင်
၁၁၀၀ ကျပ်အထိ ဈေးကျလာသည်။ ထို့အပြင်လာနီညာ ရာသီဥတုကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသများတွင်
မိုးရွာနေသည့် အတွက် ပုဂ္ဂလိက ရာဘာခြံများသည် ရာဘာ အစေးခြစ်ခြင်းကို မပြုလုပ်သေးကြောင်း ဘီးလင်းမြို့နယ်မှ
ရာဘာ ခြံပိုင်ရှင်တစ်ဦးက ပြောကြားသည်။

“ ပုံမှန်ဆိုရင် ဒီလတွေမှာ ရာဘာအစေးက စခြစ်နေပြီ။ ဒီနှစ်တော့ မိုးမပြတ်သေးတဲ့အတွက် ခြံ အနည်းအကျဉ်းပဲ


စသေးတယ်။ တစ်လကျော်လောက်တော့ နောက်ကျမယ်ထင်တယ် ” ဟု အထက်ပါ ခြံပိုင်ရှင်ကပြောကြားသည်။

ပြည်တွင်းဈေးကွက်၌ ယခုကဲ့သို့ ရော်ဘာဈေးနှုန်းများ ကျဆင်းနေသော်လည်း ကမ္ဘာ့ရာဘာဈေးကွက်တွင်


ရာဘာဈေးနှုန်းများတဖြည်းဖြည်း မြင့်တက်လျက် ရှိကြောင်းသိရသည်။

ယခုနှစ်စပိုင်းတွင် တစ်တန်လျှင် ကန်ဒေါ်လာ ၃၂၀၀ ၀န်းကျင်ရှိသော ရာဘာသည် ယခုအချိန်၌ အနိမ့်ဆုံးကန်ဒေါ်လာ


၃၅၀၀ အထိမြင့်တက်လာကြောင်း အတွင်းရေးမှုး ဦးမြင့်ခိုင်ကပြောကြားသည်။

ဆဲဗင်းဒေးဂျာနယ် မှာ ပြည်သိမ်း ၏ သတင်းကို ကူးယူဖော်ပြသည်။

Bahtoo Media Page 14


ဝယ်လိုအားမြင့်တဲ့ ပင်လယ်ရေမှော်ကို ရေလုပ်သားများ တိုးချဲ့ မွေးမြူသင့်

ရန်ကုန်၊ အောက်တိုဘာ ၁၂ သတင်း

ပင်လယ်ရေမှော်ဝယ်လိုအားမြင့်မားနေပြီး ထုတ်လုပ်နိုင်သည့် ပမာဏမှာ နည်းနေသေးသည့်အတွက်


ရေလုပ်သားများအနေဖြင့် တစ်ဖက်တစ်လမ်းမှ ၀င်ငွေတိုးစေရန် မွေးမြူသင့်ကြောင်း မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များ
အသင်းမှ ဦးနှင်းဦးက ပြောသည်။

“ Seaweed ( ပင်လယ်ရေမှော်) ကို ငါးဖမ်းတဲ့လူတွေက တစ်ဖက်တစ်လမ်းက မွေးမြူသင့်တယ်။ သူက မျိုးပင်ကို


ပင်လယ်ထဲ ကြိုးချည်ပြီးချထားရုံပဲ။အစာလည်း ကျွေးစရာမလိုဘူး။ ၀ယ်လိုအားလည်း ရှိတဲ့အတွက် မွေးမြူမယ်ဆို
အကျိုးဖြစ်ထွန်းစေပါတယ်။ မွေးမြူရင် တစ်နှစ်ကို အနည်းဆုံး ၁၅ သိန်း လောက်ဝင်ငွေရနိုင်ပါတယ်” ဟု ၎င်းကပြောသည်။

ပင်လယ်ရေမှော်မှာ ပင်လယ်ကျွန်းစုဒေသများ ၊ ပင်လယ်ဆားငန်ရေတွင် ပေါက်ရောက်ပြီး ၊ မြိတ်မြို့တွင်မူ ၂၀၀၄


ခုနှစ်ကစ၍ ပြည်တွင်းကုပ္မဏီတစ်ခုက မွေးမြူခဲ့သည်။ ရေမှော်အစိုရှစ်ပိဿာကို အခြောက်ခံပါက တစ်ပိဿာရရှိနိုင်သည်။
ယခု အခြေအနေတွင်
ရေမှော်မှာ ၆
လလောက်မွေးမြူရသည့်
အတွက် တစ်နှစ်လျှင် တန်
၁၂၀၀သာရရှိပြီး ၀ယ်လိုအား
အနေနှင့် တစ်နှစ်လျှင် တန်
၇၀၀၀ခန့်လိုသည့်အတွက်
ထပ်မံ
တိုးချဲ့မွေးမြူကြရန်လိုအပ်သ
ည်။

“ ပင်လယ်ရေမှော်
မွေးမြူခြင်းကို ကိုးရီးယား
Kioca အဖွဲ့ လာရောက် ဆွေးနွေးတဲ့အခါ တံငါရွာတွေမှာ ဆင်းရဲနွမ်းပါးတဲ့ သူတွေအတွက် ငါးဖမ်းရင်း ရေမှော်မွေးမြူနိုင်ပြီး
ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးနည်းတစ်ခုဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့ကြိုဆိုပါတယ်။

သူက ငါးမွေးသလို အစာစရိတ်လည်း မကုန်ဘူး ။ မျိုးပင်ကို ကြိုးချည်ချထားရုံနဲ့ ၄၅ ရက်ကြာရင် အပင်က ကြီးလာတယ်”


ဟု ရန်ကုန်တိုင်း ငါးလုပ်ငန်းအဖွဲ့ချူပ်မှ ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။

အဆိုပါ ရေမှော်ကို အလှအပ ပစ္စည်းများနှင့် ဆေးဖော်စပ်ရာတွင် အသုံးပြုကြပြီး ၊ ကိုးရီးယားနိုင်ငံမှ အဓိက


ဝယ်ယူလျက်ရှိသည်။ မြိတ်မြို့တွင် ပင်လယ်ရေမှော်နှင့် ပတ်သက်၍ အဖွဲ့အစည်း တစ်ခုဖွဲ့စည်းရန် ၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း
အဖွဲ့ချူပ်မှ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

သစ္စာ ဂျာနယ် မှာ 006 ၏ သတင်းကို ကူးယူဖော်ပြသည်။

Bahtoo Media Page 15


မေ့ပစ်ခံထားရာ အရပ်
ကွန်းဂန် ကဗျာ

လမင်းရဲ့ ချောင်ကျကျ တစ်နေရာ သက်တန့်ရောင်စုံ အခင်းအကျင်းနဲ့

မှိန်ပြပြ ယုန်သူငယ်ရဲ့ ဝေဒနာ အဘီဆစ်တို့ အရပ်ကို ကဲက


ဲ့ သွားခံလိုက်ရတာ
လူလှိုင်းကြီးက ဆူနာမီ ငိုချင်းချ လောက်ရဲ့ ။
ဘယ်သူမှ စိတ်မ၀င်စားသလိုမျိုး

ဒီအရပ်က လှတပတ အမေ့ပစ်ခံခဲ့ရတယ်။


မေ့ထားတယ်

ဒီအရပ်က ခမျာများကလည်း နိုင်ငံရေးသမားတွေကလည်း မေ့ထားတယ်

ကိုယ့် အရပ် ကိုယ့်ဇာတ်ကို အလေးမထား မေ့ထားတယ်

ကလေးကစားသလို ဇာတ်ပျက်လိုပျက် မူဝါဒ ချမှတ်သူတွေကလည်း မေ့ထားတယ်

ဟုတက
်ဲ့ သူတို့ သွေးစုပ်ကြတယ် မေ့ထားတယ်

ဒီမှာ ဖြူဖပ်ဖြူရော်ကိုဖြစ်လို့ ငါတို့ ကိုယ်တိုင်ကလည်း မေ့ထားတယ်

တစ်တောလုံး တစ်တောင်လုံး ငါးဖမ်းလှေတွေကလည်း မေ့ထားတယ်

ရိတ်သိမ်းလိုက်ကြပုံများ ဆီအုန်းခြံတွေကလည်း မေ့ထားတယ်

လေပြေ တစ်ချက်အဝေ့ ရော်ဘာတောတွေကလည်း မေ့ထားတယ်

ရနောင်းဘက်ကို လူလှိုင်းတွေ မေ့ထားတယ်


ရွေ့ရွေ့သွားတယ်
ပုလဲ လုံးလေးတွေကလည်း မေ့ထားတယ်
ရွှာတွေမှာ ဟောင်းလောင်းကိုဖြစ်လို့
ဇီဝဇိုး ငှက်သိုက်တွေကလည်း မေ့ထားတယ်
ကလေးတွေ ခမျာ အဖေ အမေ လို့ ခေါ်ခွင့်မသာ
အမတ်လောင်းစာရင်းကို ကြည့်
ဖွားဖွားရဲ့ အရိပ်မှာပဲ ခိုလှုံကြရတယ်။
ငါတို့ကိုယ်စား ပြောမယ့်သူ လောက်လောက်လားလား
မရှိဘူး

ဘယ်သူမှ မစိုက်ပျိုးကြဘူး သူတို့မေ့ထားတာ ငါတို့ မေ့ထားလို့ လား

ကြာတော့ ……. ငါတိုကမေ့ထားတာ ငါတို့ မေ့သွားလို့လား

ငါတို့ ဟာ ကိုယ်တိုင် ကိုယ်ကျ ခန်းခြောက်လို့ ငါတို့ မေ့သွားတာ ငါတို့မေ့ထားလို့လား

ငါတို့ မြေကြော ရေကြောတွေအောက်က ငါတို့ မေ့ထားတာ ငါတို့ မေ့သွားလို့လား

သယံဇာတ ဟူသမျှက ငါတို့ မေ့သွားတာ……………………..။

Bahtoo Media Page 16


မြိတ်မြို့မှ ကျားအက သိမှတ်ဖွယ်ရာ

မြိတ်ဒေသတွင် ကျားက ကခြင်းကို မြန်မာ နှစ်ဆန်း တန်ခူးလ ၌ ကလေ့ရှိကြောင်း မှတ်တမ်းများအရ သိရသည်။ မှတ်တမ်း
တစ်ခု ၏ အဆိုအရ ပလောရိုးရာ ဟု ဆိုသလို၊ အချို့ က ပသျှူးတို့ ၏ အကဟု ဆိုကြသည်။ သမန်းကျားအကဟုလည်း
ဆိုကြပြန်ရာ အထက်အညာ ထမံသီဘက်မှ သမန်းကျားအကနှင့် မည်သို့ဆက်နွယ်သနည်းဟု စဉ်းစားမိရပြန်ပါသည်။

မည်သည့် အဆက်အနွယ်ဖြစ်စေ ကျားက၏ ထူးခြားမှုများကတော့ မှတ်သားဖွယ်ဖြစ်သည်။ ယခင်က နှစ်စဉ် တန်ခူးလဆန်း


၇ ရက်နေ့တွင် စတင်၍ ငါးရက်ကြာ ကျင်းပလေ့ရှိသည်ဟု မှတ်တမ်းတစ်ခု၌ တွေ့ရသည်။

မြိတ်ရောက်၍ ကျားက ကမည့် သူများနှင့် ဆုံရသောအခါ ကျားဆေး ထိုးခြင်း ဟူသည့် ကိစ္စကို သိရပြန် သည်။
ကျားဆေးထိုးထားသူကသာ ကျားက
ကကြသည်ဟု သိရသည်။ ကျားဆေး
ထိုးခြင်းမှာလည်း ကျားဆေးဆရာက
ကန်တော့ပွဲ ပူဇော်ပွဲများနှင့် ထိုးပေး
သည်ဟု ဆိုကြသည်။

ကျားဆေးထိုးထားသော ကျားက
ကသူမျာသည် ကျားက မကမီ၌
ကျားအရေခွံနှင့် အလားသဏ္ဍာန်
တူသည့် အ၀ါ အနက် အနီ အစင်း
ကြားများကို ခန္ဓာကိုယ်တွင် သုတ်
လိမ်းရသည်။ ကျားဆိုင်း ၊ ဗုံယကွင်း
တို့တီးကာ ကျားက ကသည်။
ကျားစိတ်ဝင်ကာ တွေ့ရာ ကိက
ု ရာ
ကျားက သူ ခံတွင်း၌ သံပရာသီးငုံကာ
ကသည်။ မီးခိုးမှိုင်းတိုက်၍ ကျားစိတ်ကို
နုတ်ရသည်။ ကျားကဲ့သို့ မာန်တက်ကာ
ကသော ကျားကပွဲမှာ ကျားထိန်းများက
ချူပ်နှောင် ထိန်းပေးရသည်။ ကျားက ကရင်း ကျားစိတ်ဝင်သူမှာ ဘေးမှ ကိုက်စရာ ကုတ်စရာမရှိလျှင် ကိုယ့်ကိုယ်ကိုယ်
ကုတ်ကိုက်သည် အထိ ကျားမာန် တက်သော ကပွဲဖြစ်ပေသည်။
ကျားက ပွဲကြည့်ပရိသတ်ထဲ၌ ကျားဆေးထိုးထားသူရှိလျှင် ထိုသူလည်း ကျားစိတ်ဝင်ကာ က၀ိုင်းထဲ
ဝင်လာတတ်သည်ဟုလည်း ဆိုပေရာ ကျားဆေးထိုးထားသူများ ကျားကပွဲတွင် ၀ိုင်းဘေးသို့ မလာဘဲ
ရှောင်ပြေးတတ်ကြသည်ဟု ဆိုပေသည်။

မြိတ်တွင် ကျားကပွဲများ အတွေ့ ရနည်းလာပြီ ဟုလည်း ဆိုကြလေသည်။

စိန်မျိုးမြင့်၏ မြိတ်ကျွန်းစု အလှများဆီသို့ စာအုပ်မှ ကောက်နုတ်ဖော်ပြသည်

Bahtoo Media Page 17


နယ်စပ် တံတားပိတ်ချိန်
အေးချမ်းမြေ့ ဆောင်းပါး

ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့ ဈေးကြီးဟာ စနေ၊ တနင်္ဂနွေလို ရုံးပိတ်ရက် တွေမှာတောင် ခါတိုင်းနဲ့ မတူဘဲ စည်ကားမှု
ကင်းမဲ့ နေတာ တွေ့ရပါတယ်။

အရင်လို ခေါင်းရွက် ဗျပ်ထိုး ဈေး သည်တွေရဲ့ အော်ဟစ်သံတွေ၊ ဈေးဝယ်တွေရဲ့ ဈေးဆစ် သံတွေ လျော့ပါးသွားသလို၊
လမ်းဘေး ဈေးသည်တွေ စီတန်းနေရာယူထားလေ့ရှိတဲ့ ဈေးလမ်းတွေပေါ်မှာ ဈေးသည်တွေ ကျဲပါးနေတယ်။

မဲဆောက်-မြ၀တီ
နှစ်နိုင်ငံ ချစ်ကြည်ရေး
တံတားကြီးကို မြန်မာ
အာဏာပိုင်တွေ
ဘက်က ၁၀ ရက်
ကျော်ကြာတဲ့ အထိ
ဆက်တိုက် ပိတ်ထား
တာကြောင့်
မြ၀တီကနေ
မဲဆောက်ဈေးကို
နေ့စဉ် လာရောက်
ရောင်းချလေ့ ရှိတဲ့
ခေါင်းရွက် ဗျပ်ထိုး
ဈေးသည်တွေ အတွက်
အခက်အခဲနဲ့ ကြုံတွေ့
နေကြရပြီး နေ့စဉ် လာရောင်း နေကျရဲ့ တဝက်လောက် လျော့ကျ သွားတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

“အရင်တုန်းက တခါကူးရင် ကျပ် ၅၀၀ လောက်ပဲ ပေးရတယ်၊ အခု ၃၀၀၀ နီးပါးလောက် ကုန်တယ်။ အဆင့်ဆင့်
တောက်လျှောက် ၅၀၀၊ ၁၀၀၀ အဲဒီလို ပေးသွားရတာ။ တံတားက ဖြတ်ခွင့် မရတော့ ဂိတ်တွေ ကနေ ပိုက်ဆံပေးပြီး
ဖြတ်ရတာပေါ့” လို့ ကုန်စိမ်း ရောင်းချသူ အမျိုးသမီး တဦးက ဆိုတယ်။

တံတားပိတ်ထားတဲ့ နေ့တွေမှာတော့ မြဝတီဘက်ကနေ မဲဆောက်ကို ဈေးသွားရောင်းဖို့အတွက် ဈေးသည်တွေဟာ မနက် ၎


နာရီလောက်ကတည်းက စတင် ပြင်ဆင်ရပြီး စစ်အစိုးရနဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA)
တို့ ပူးပေါင်း ကောက်ခံလေ့ရှိတဲ့ ဇီးကုန်းဂိတ်၊ ကိုးသုံးလုံးဂိတ်၊ သုညဂိတ်၊ ၂ ဂိတ် အစရှိတဲ့ ဂိတ်တွေကနေ ဂိတ်ကြေးပေးပြီး
ဖြတ်သန်းလာကြရတာပါ။ သူတို့တွေနဲ့အတူ မြန်မာပြည်ထွက် ဟင်းသီးဟင်းရွက်၊ ဒညင်းသီး၊ ပန်းနဲ့ မြစ်ငါးတချို့
ပါလာတတ်ပါတယ်။

တံတားပိတ်ထားလို့ လမ်းစရိတ်ပိုသုံး ခဲ့ရပေမယ့် သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ဈေးတင်ရောင်းလို့မရဘူးလို့ ပန်းရောင်းတဲ့


မမီးမီးက ဆိုပါတယ်။

“ပုံမှန် ပန်း ၁၀ စည်းလောက် ယူရောင်းရတယ်ဆိုရင် ဂိတ်ကြေးတွေပိုပေးရတော့ ကာမိအောင် အစည်း ၂၀ ပိုယူခဲ့ရတာပေါ့။


ဈေးကတော့ တင်လို့ မရဘူး” လို့ သူက ပြောတယ်။

Bahtoo Media Page 18


မြန်မာပြည်ဘက် ကုန်ခြောက်တွေကို လှောင်ရောင်းတဲ့ သူတွေကတော့ အရောင်းအ၀ယ်ပါးပေမယ့် တစ်လစာ လောင်ထား
တဲ့ ကုန်တွေရှိနေလို့ အခြေအနေသိပ်မဆိုးရွားလှပါဘူး။ ဟင်းသီးဟင်းရွက်သည်တွေသာ လှောင်ထားလို့ မရတဲ့ ပုပ်ကုန်
တွေ ဖြစ်တာကြောင့် အရင်း
အနှီး မရှိတော့တဲ့ သူတွေ
အတွက် ဈေးရောင်းနားထား
ရတယ်လို့ သိရပါတယ်။
“ ဆိုင်ခန်းနဲ့ ရောင်းတဲ့ သူ
တွေက လှောင်ထားတဲ့
ကုန်နည်းနည်းရှိတော့
ဈေးတင် ပြီး ဆက် ရောင်း
နေလို့ ရသေးတယ်။
ကျမတို့လို လမ်းဘေး
ဈေးသည်တွေက ကုန်စိမ်း
ရောင်းတာဆိုတော့ လတ်
ဆတ်မှလေ ၊ ဒီနေ့ သယ်လာ
ဒီနေ့ ရောင်း ဆိုတော့ ဒီဘက်
လာရောင်းဖို့ ပိုက်ဆံမရှိတဲ့သူတွေ ဆိုတော့ မလာနိုင်တော့ဘူး” လို့ ကုန်စိမ်းသည် တစ်ဦးက ဆိုပါတယ်။
မြ၀တီ - မဲဆောက်တံတားရဲ့ မဲဆောက်ဘက်ခြမ်း တံတားရင်းမှာရှိတဲ့ ဈေးလေးဟာလည်း စည်ကားမှု ကင်းမဲ့နေတဲ့ အပြင်
ပစ္စည်း ပြတ်လပ်နေတာတွေပါ ကြုံတွေ့နေရပါတယ်။

ရန်ကုန်ကနေ မိန်းမစီး ကတ္တီပါ ဖိနပ်မျိုးစုံတင်သွင်းပြီး အဲဒီဈေးလေးမှာ ဆိုင်ဖွင့် ရောင်းနေသူ တဦးက


“အရောင်းအဝယ်လည်း တော်တော်ပါးသွားတယ်၊ ပစ္စည်းတွေလည်း ပြတ်နေပြီ။ တံတားမဖွင့်မချင်း ရှိတာလေးပဲ
မှေးရောင်းရမယ်” လို့ ပြောပါတယ်။

အဲဒီဈေးလေးဘေး ကမ်းနဖူးပေါ်မှာတော့ မြန်မာပြည်ဘက်ကလာတဲ့ ကဏန်းအရှင်တွေ၊ ငါးခြောက်နဲ့ ကြက်သွန်နီတွေ


ရောင်းချ နေပါတယ်။ ကဏန်းတကီလိုကို ဘတ် ၂၀၀၊ ၂၅၀ (ကျပ် ၆၀၀၀ ကနေ ၇၅၀၀ ခန့်)၊ ကြက်သွန်နီ တကီလို ၁၅
ဘတ် (ကျပ် ၄၅၀ ခန့်) နဲ့ ငါးခြောက်ကတော့ တထုပ်ကို ဘတ် ၆၀၊ ၇၀ (ကျပ် ၂၀၀၀) ဝန်းကျင် အထုပ်ငယ်တွေ ထုပ်ရောင်း
နေတာပါ။
“တံတားပိတ်ထားလို့ လမ်းစရိတ်ကာမိအောင် ဈေးနည်းနည်း တင်ရောင်းရတာပါ” လို့ ကဏန်းရောင်းတဲ့ အမျိုးသမီးက
ပြောပါတယ်။

မဲဆောက်ဘက် မြစ်ကမ်းနဖူးပေါ်မှာရှိတဲ့ DKBA ပိုင် ဂိတ် ၁၇ ဝန်းထဲမှာလည်း ကုန်ပစ္စည်းတွေ တောင်ပုံရာပုံ ဖြစ်နေတာ


တွေ့ရပါတယ်။ ဂျပန်လုပ် ရေခဲသေတ္တာတွေ၊ စက်ဘီးတွေ၊ ကားတွေအပြင် ပုစွန်နှစ်ကောင် တံဆိပ် စားအုန်းဆီ
ပုံးဝါတွေဟာ မြန်မာပြည်ဘက်ကမ်းကို သွားဖို့ စောင့်ဆိုင်းနေကြတာပါ။

တကယ်တော့ မဲဆောက်မြို့ကကုန်ပစ္စည်းတွေသာ မြဝတီဘက်ကို ကူးဖို့ စောင့်နေရတာ မဟုတ်ဘဲ မြဝတီမြို့ပေါ်က


ဂိုဒေါင်တွေထဲမှာ ရောက်နေပြီးဖြစ်တဲ့ ထိုင်းပစ္စည်းတွေဟာလည်း မြန်မာပြည်အရပ်ရပ်ကို ဆက်လက် စီးဆင်းသွားဖို့
စောင့်ဆိုင်း နေရတာ ၁၀ ရက်ကျော်ပါပြီ။

“တံတားဖွင့်တုန်းက တနေ့တနေ့ကို ဆယ်ဘီးကားကြီး အစီးပေါင်း ၃၀၀၊ ၄၀၀ နဲ့ တင်ပို့နေရာကနေ ပိတ်လိုက် တော့ တနေ့
အစီး ၁၀ ဂဏန်းလောက်ပဲ သွားနိုင်တော့တယ်” လို့ ကုန်သည်တွေနဲ့ နီးစပ်သူ တဦးက ဆိုပါတယ်။
ဇူလိုင်လ ၁၁ ရက်နေ့က စပြီး မြဝတီ - မဲဆောက် တံတားကို မြန်မာ ဘက်ကနေ ပိတ်လိုက်၊ ဖွင့်လိုက် လုပ်နေရာက ၁၇

Bahtoo Media Page 19


ရက်နေ့ကစပြီး ဒီနေ့အထိ ပိတ်ထားတဲ့အတွက် ထိုင်း၊ မြန်မာ ၂ ဘက်စလုံးက ကုန်သည်တွေမှာ ထိခိုက် နစ်နာမှု အများကြီး
ရှိနေတယ်လို့ ကုန်သည် တွေက ဆိုပါတယ်။

တကယ်တော့ ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းသွားတာနဲ့ တပြိုင်နက် မြန်မာပြည်ထဲက ဂိတ်အသီးသီးမှာ ဂိတ်ကြေး ရယူနေသူ


တွေလည်း ဝင်ငွေမရှိတော့သလို ကုန်ပစ္စည်း ပြတ်လပ်မှုကြောင့် ဈေးတက် လိုက်ရတဲ့အတွက်
လက်လီလက်ကားဖြန့်သူတွေ၊ စားသုံးသူတွေပါ နစ်နာကြရတယ်လို့ သိရပါတယ်။

အခုလို တံတားပိတ်ရတာဟာ ထိုင်းဘက်ခြမ်းက မြစ်ကမ်းတာရိုးဆောက်တဲ့အတွက် မြန်မာဘက်ခြမ်းမှာ ကမ်းပါးပြိုတာတွေ


ပိုဖြစ်လာနိုင်တယ်ဆိုပြီး ကန့်ကွက်တဲ့အနေနဲ့ ပိတ်တာလို့ မြန်မာအာဏာပိုင်တွေက တရားဝင် စာထုတ်ခဲ့ပေမယ့် တကယ့်
တကယ်မှာတော့ အဲဒီထက်မကတဲ့ အကြောင်းရင်းတွေ ရှိနေသေးတယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ
ကူညီ စောင့်ရှောက်ရေးအသင်း တွဖ
ဲ က်အတွင်းရေးမှူး ဦးဘိုကြည်က ဆိုပါတယ်။

မဲဆောက်အခြေစိုက် ထိုင်း ကုန်သည်ကြီးများ အသင်းနဲ့ နီးစပ်တဲ့ သတင်းထောက်တဦးကတော့ “မြစ်ကမ်းတာရိုးဆောက်လို့


မြန်မာဘက်က ပိတ်တာဆိုတော့ ထိုင်းကုန်သည်တွေက တာရိုးဆက် မဆောက်ဖို့ ထိုင်းအစိုးရကို ကန့်ကွက်ကြတယ်။
အဲဒီမှာ မဲဆောက်အာဏာပိုင်တွေက မြဝတီဘက်က အာဏာပိုင်ကို အကြောင်းရင်း လှမ်းမေးတော့ တာရိုးကြောင့်
မဟုတ်ဘူး လုံခြုံရေးကြောင့် ပိတ်တာဆိုပြီး ပြန်ပြောတယ်လို့ သိရတယ်” လို့ ပြောပြပါတယ်။

လုံခြုံရေးအရဆိုတာဟာ ထိုင်းမြန်မာနယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအတွက် ငြင်းဆန်နေတဲ့ DKBA တပ်တွေနဲ့ နယ်စပ်


အခြေစိုက် မြန်မာ အစိုးရ အတိုက်အခံအဖွဲ့တွေကို ထိုင်းအာဏာပိုင်တွေ အနေနဲ့ ထိန်းချုပ်စေချင်တာကို ဆိုလိုတာ
ဖြစ်နိုင်တယ်လို့ သူက ဆိုပါတယ်။

၂၆ ရက်နေ့ကတော့ မြဝတီမြို့မှာ မြန်မာနိုင်ငံက ဒုတိယနိုင်ငံခြားရေး ဝန်ကြီးဦးမောင်မြင့်ကို ထိုင်းနိုင်ငံက စီးပွားရေးနဲ့


ကူးသန်းရောင်းဝန်ရေး ဒုဝန်ကြီး Alongkorn Ponlaboot က သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အဲဒီလို တွေ့ဆုံရာမှာ
ဦးမောင်မြင့်က ချစ်ကြည်ရေး တံတားပိတ်ရတာဟာ ထိုင်းဘက်က မြစ်ကမ်း တာတမံ ဆောက်တဲ့အတွက် ဖြစ်တယ် လို့ပဲ
ပြောခဲ့ပါတယ်။

လာမယ့် ဇူလိုင် ၃၀ ရက်နေ့မှာတော့ ချစ်ကြည်ရေး တံတားကိစ္စကို မြန်မာနဲ့ ထိုင်း ဆက်လက် ဆွေးနွေးကြမယ်လို့


သိရပါတယ်။

ဘယ်လိုကြောင့် တံတားပိတ်တယ် ဆိုဆို ၁၀ ရက်ကျော် ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းနေတာကြောင့် နှစ်ဘက်


ကုန်သည်တွေကတော့ စီးပွားရေးအရ သိသိသာသာ ထိခိုက်နစ်နာနေကြပါတယ်။

မဲဆောက်အခြေစိုက် ထိုင်းကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌက “အခုလို တံတားပိတ်ထားတာ ကျနော်တို့ တော်တော်လေး


ထိခိုက်နစ်နာပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

ထိုင်းဘက်က မြန်မာဘက်ကမ်းကို နေ့စဉ် ဘတ် သန်း ၁၀၀ (ကျပ်သန်း ၃၀၀၀ ခန့်) လောက် တန်ဖိုးရှိတဲ့ ကုန်စည်တွေ
တင်ပို့နေရတာဖြစ်ပြီး တချို့ ထိုင်း ကုန်သည်ကြီးတွေက ဘဏ်တွေက ငွေချေးပြီး စီးပွားရေး လုပ်နေရတာ ဖြစ်တဲ့အတွက်
လည်ပတ်မှုရပ်ဆိုင်းနေတဲ့ အချိန်မှာ ဘဏ်တိုးတွေတက်ပြီး နစ်နာမှု ကြီးမားတယ်လို့ ထိုင်း ကုန်သည်ကြီးများအသင်းနဲ့
နီးစပ်သူ တဦးက ဆိုပါတယ်။

ထိုင်း-မြန်မာ နယ်စပ်ဂိတ်တွေအနက် ချစ်ကြည်ရေးတံတား တည်ရှိတဲ့ မဲဆောက်မြို့ဟာ ကုန်စည် စီးဆင်းမှု အကြီးဆုံးဂိတ်


တခုဖြစ်ပြီး မြန်မာနိုင်ငံကနေ ထိုင်းကို သစ်၊ ဆန်၊ ငရုပ်၊ ကြက်သွန်၊ ကျွဲ၊ နွား၊ ဆိတ်၊ သိုးတွေ အပါအဝင် ကျောက်စိမ်းအထိ

Bahtoo Media Page 20


တင်ပို့နေတာပါ။

မြန်မာကနေ ထိုင်းကို တင်ပို့တဲ့ ကုန်ပစ္စည်းတန်းဖိုးဟာ တလ ဘတ်သန်း ဆယ်ဂဏန်း (ကျပ် သန်း ၃၀၀) ခန့်ပဲရှိပေမယ့်
ထိုင်းနိုင်ငံက မြန်မာဘက်ကို တင်ပို့နေတဲ့ ကုန်ပစ္စည်းတန်ဖိုးကတော့ ဘတ် သန်း ၁၀၀၀ (ကျပ် သန်း ၃၀၀၀၀ ခန့်)
ရှိတယ်လို့ သိရပါတယ်။

စနေ၊ တနင်္ဂနွေ နေ့တွေတုန်းက ခြောက်ကပ်နေတဲ့ မဲဆောက်ဈေးဟာ ဇူလိုင် ၂၆ ရက်နေ့ တနင်္လာနေ့မှာတော့ နည်းနည်း


ပြန်စည်ကား လို့နေပါတယ်။ မြန်မာတွေရဲ့ ဝါဆိုလပြည့်နေ့ ဖြစ်တာကြောင့် မဲဆောက်က စက်ရုံ၊ အလုပ်ရုံတွေပိတ်ပြီး
မြန်မာအလုပ်သမားတွေ အားလပ်ရက် ရလို့ ဖြစ်ပါတယ်။

မြန်မာဝတ်စုံလေးတွေ လှလှပပ ဝတ်စားထားပြီး သနပ်ခါး ခပ်ထူထူ လိမ်းထားတဲ့ မိန်းကလေးတွေဟာ သစ်သီး၊ ပန်း၊


အမွှေးတိုင်၊ ဖယောင်းတိုင်၊ သင်္ကန်း စတာတွေကို ဈေးထဲမှာ သူ့ထက်ငါ ဝယ်ယူနေကြလို့ ဈေးက ခါတိုင်းတံတားပိတ်
ရက်တွေထက် စည်ကားနေတာလို့ ဈေးသည်တွေက ဆိုပါတယ်။ နောက်နေ့တွေမှာတော့ မြန်မာအလုပ်သမားတွေလည်း
အလုပ် ပုံမှန် ပြန်ဆင်းကြမှာဖြစ်ပြီး ဈေးကြီးလည်း ပြန်လည် ခြောက်ကပ်သွားတော့မှာပါ။

သေချာတာကတော့ ဈေးသည်တွေနဲ့ ကုန်သည်တွေရဲ့ ပင်မသွေးကျော တခုလို ဖြစ်နေတဲ့ မြဝတီ - မဲဆောက်


ချစ်ကြည်ရေးတံတားကြီးကို အမြန်ဆုံး ပြန်ပွင့်ဖို့ အားလုံး စောင့်မျှော်နေကြတယ် ဆိုတာပါပဲ။

ဧရာဝတီ မီဒီယာ မှ ကူးယူဖော်ပြသည်။

ကာတွန်း

ဆရာအော်ပီကျယ်၏ ကာတွန်းကို ကူးယူဖော်ပြသည်

Bahtoo Media Page 21


ရေရှုး

ထိုင်းနိုင်ငံဟာ ကမ္ဘာ့ အဓိက ငါးတင်ပိုတဲ့ နိုင်ငံတွေထဲမှ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီငါးလုပ်ငန်းတွေမှာ


အဓိက လုပ်ကိုင်နေကြတာ ဗမာရေလုပ်သားတွေ ဖြစ်ပါတယ်။

အောင်သန်းက သာမန် ရေလုပ်သားတစ်ဦးမဟုတ်ပါ။ အသက်သုံးဆယ့်သုံးနှစ်ရှိပြီဖြစ်တဲ့ သူက ပင်လယ် တို့ရဲ့


ဂုရုကြီးပေါ့ဗျာ။ သူရဲ့ ရေလုပ်သားဘ၀တစ်လျောက်လုံး အလုပ်ကြိုးစားတယ်။ အချိန်တိုင်း ဒီအလုပ် ကိစ္စတွေနဲ့ပဲ
ရုန်းကန်နေခဲ့တယ်။ သူရာထူးက ‘ရေရှုး’။ ထိုင်းနိုင်ငံသားပိုင် လှေတစ်စင်းပေါ်မှာ သူနဲ့ သူ့လုပ်ဖော်ကိုင်ဖက် ဗမာ
ရေလုပ်သားတတွေဟာ ကပ္ပလီပင်လယ်တစ်ကြောမှာ စုန်ဆန်မျောပြီး ဘ၀၀မ်းကြောင်းရပါတယ်။

သူလိုလုပ်သက်ရင့်ပြီး အတွေ့အကြုံများတဲ့ ကျွမ်းကျင်ရေလုပ်သားတစ်ဦးဆိုရင် တစ်လကို ဘတ် တစ်သောင်း ရပါတယ်။


ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့
သာမန် ဗမာ ရေလုပ်သားတွေ
ရဲ့ လစာနဲ့သုံးဆ ကွာပါတယ်။
မြန်မာနိုင်ငံနဲ့ ဆိုရင် တော့
ဆယ်ဆလောက် ကွာ တယ်။

ထိုင်းငါးဖမ်းလုပ်ငန်းတွေဟာ
အိမ်နီးချင်းမြန်မာနိုင်ငံကအလုံး
အရင်းနဲ့ စုပြုံဝင်ရောက်လာတဲ့
တရားမ၀င် ရွေ့ပြောင်းအလုပ်
သမားတွေနဲ့ ပုံမှန်လည်ပတ်
နေပါတယ်။လှေပေါ်မှာဖြစ်ဖြစ် ၊
တခြား ငါးလုပ်ငန်း ဆိုင်ရာ
လုပ်ငန်းတွေမှာပဲဖြစ်ဖြစ်
မြန်မာ ကတော့ အများဆုံးပါပဲ။
အဲဒီအလုပ်တွေက ထိုင်းနိုင်ငံ
သားတွေ မလုပ် ချင်တဲ့
လုပ်ဖို့ရှက်ပါတယ်ဆိုတဲ့
အလုပ်တွေဖြစ်ပါတယ်။
အထူးသဖြင့် ရေလုပ်သား
များဟာ အလုပ်ရှင်များရဲ့
လိုအပ်ချက်မြင့်မားနေတဲ့
သူတွေဖြစ်ပါတယ်။
ကမ္ဘာတစ်ဝှမ်းက ပင်လယ်စာ
လိုအပ်ချက်ကို ဖြည့်ဆည်း
နေတဲ့ ရေလုပ်သားတွေဟာ နာရီများစွာ အလုပ်လုပ်ရမယ်။ လုပ်အားခနည်းနည်းပဲရမယ်။ တခါတလေ
စွန့်စွန့်စားစားလုပ်ရမယ်။ ကိုယ်လက်တစ်စုံတရာ ထိခိုက်ရင် ထိခိုက်မယ် ။

Bahtoo Media Page 22


မအံသြပါနဲ့ဗျာ။ ဒီနေရာ လူကုန်ကူးမှုတွေကလည်း အောတိုက်ပဲ။ တကယ်က
ို့ ကြောက်ကမန်းလိလိ
ညှင်းပန်းနှိမ်စက်မှုတွေရဲ့ ဘုံဌာန။ ဒါပေမယ့် ထိုင်းငါးဖမ်းလှေတွေပေါ်က မြန်မာတွေ အားလုံးကတော့ သူတို့ကိုယ်သူတို့
ညှင်းပန်းနှိပ်စက်မှုရဲ့ သားကောင်ဖြစ်နေတယ်လို့ မယူဆရှာဘူး။

ကိုအောင်သန်း ထိုင်းမှာ ရေလုပ်သားအဖြစ်အလုပ်လုပ်နေတာ ဆယ်နှစ်လောက်ရှိပါပြီ။ ၊ အိမ်ပြန်ရောက်တဲ့ တနေ့


ကိုယ်ပိုင်လှေ လေးနဲ့ အလုပ်လုပ်မယ်ဆိုတဲ့မျော်လင့်ချက်နဲ့ မြန်မာပြည်မှာ ကျန်ခဲ့တဲ့ အမေနဲ့ ညီမလေးဆီကို ပိုက်ဆံ
ပြန်ပို့နေတယ်လို့ သူကပြောပါတယ်။

အခုသူနေတာကကရာပူရီတိုင်း၊ ဖောင်ငပြည်နယ်က နန်ယောင်ဆိုတဲ့ ထိုင်းရွာလေးမှာပါ။ အဲဒီရွာလေးမှာ မွန်နဲ့ ထားဝယ်


တိုင်းရင်းသား လူမျိုးစု ရွှေ့ပြောင်းအလုပ်သမားတွေကို အများဆုံးတွေ့ရပြီး အိမ်ထောင်စု ၅၀၀၀ လောက် ရှိပါတယ်။
ကိုအောင်သန်းက တော့ ထားဝယ်သားပါ။

ထိုင်းနိုင်ငံအမျိုးသား စာရင်းအင်းအဖွဲ့ကြီး၏အဆိုအရ သူတို့ မှတ်တမ်းတင်နိုင်ခဲ့သည့် ရေလုပ်သား ၇၆၀၀ လောက်က


တရားဝင် ထိုင်းငါးဖမ်းလှေ ၄၀၀၀ လောက်မှာ အလုပ်လုပ်နေကြတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒါက ထိုင်းရေပြင်ပေါ်မှာ
ငါးဖမ်းနေတဲ့ များမြောင်လှစွာသော တရားမ၀င်ငါးဖမ်းလှေတွေ ၊ တရားဝင်စာရွက်စာတမ်းမရှိပဲနဲ့ အလုပ်လုပ်နေတဲ့ မြန်မာ
ရွေ့ပြောင်းအလုပ်သမားများကိုပါ ညွန်းဆိုတာ မဟုတ်ပါဘူး။

အပြိုင်အဆိုင်တွေ အများကြီးကြားမှာ ရေရှုးတစ်ယောက်ဖြစ်လာဖို့ဆိုတာ တကယ်ကို မလွယတ


်ဲ့ ကိစ္စပါ။

“ အလုပ်ကို တအားကြိုးစားရမယ်။ အမြဲတမ်းအချိန်ပေးနိုင်တယ်ဆိုတာမျိုးကို ပြရမယ်”လို့ ကိုအောင်သန်းက ပြောပါတယ်။


သူ ထပ်ပြောတာက

“ တကယ်လို့ သူဌေးရဲ့ ယုံကြည်မှုနဲ့ အသိအမှတ်ပြုမှုကို ရပြီဆိုရင်တော့ ရေရှုးရာထူးကိုတိုးပေးတော့တာပါပဲ”

ကိုအောင်သန်းသည် တစ်ရက်ကို ဆယ်ဒေါ်လာခန့်သာရသည့် သာမန်ရေလုပ်သားတစ်ဦးအဖြစ် ခြောက် နှစ်လောက်


ရုန်းကန်ပြီးမှ ရေရှုး ဖြစ်လာသည်။အခုဆိုရင် သူက သူ့သက်မွေးဝမ်းကြောင်းမှု အလုပ်မှာ အထွတ်အထိပ်ကို ရောက်နေပြီ ။

ရေရှုးတစ်ယောက်အနေနဲ့ ပင်လယ်အကြောင်းကို နောကြေအောင်သိထားရမယ်။ သူက သူ့တပည့်ကျော် ရေလုပ်သားတွေ


ရဲ့ လုံခြုံမှု ၊ အန္တရာယ်ကင်းမှုအတွက် လုံးဝတာဝန်ရှိသူဖြစ်ပါတယ်။ ပြီးတော ဘယ်လို ရာသီဥတုမျိုးမှာမဆို
လုပ်ငန်းလည်ပတ်နိုင်ဖို့က့  အလုပ်ရှင်ရဲ့ သဘောထားနဲ့ ငါးဖမ်းလှေရဲ့ အခြေအနေကလည်း အရမ်းကို အရေးပါပါတယ်။

လှိုင်းကြီး လေကြီးကျတဲ့ တစ်ည ကိုအောင်သန်း ပြန်ပြီး အမှတ်တရနဲ့ ပြောဆိုပါတယ်။ တချို့ လှေသားတွေက


ရေမကူးတတ်ဘူး။သူတို့ ဘ၀တွေအတွက် တကယ်ကို ကြောက်လန့် တကြားဖြစ်စရာ ပါပဲ။

“ဒါပေမယ့် ကျွန်တော် အကြောက်ဆုံးက လှေ ခေါင်းခြေပြန်ပြီး ပင်လယ်ထဲနစ်သွားမှာကိုပါ” လို့


ကိုအောင်သန်းကဆိုပါတယ်။

သူထပ်ပြောတာက…

“ ရေလုပ်သား ဘ၀ဆိုတာ တော်တော်ကို အန္တရာယ်များတဲ့ အလုပ်ပါ။ ဒီလိုပဲ ဘ၀တစ်ခု ရှင်သန်ဖို့ အတွက်


ပင်လယ်ထဲရုန်းရင်းကန်ရင်းနဲ့ပဲ သူတို့ ဘ၀တွေကို ဆုံးရှုံးကြရတယ်”

Bahtoo Media Page 23


ရေလုပ်သားများသည် သူတို့၏ လစာအပြင်
ငါးဖမ်းဆီးရရှိမှုအပေါ်မှုတည်ပြီး ထပ်ဆောင်းဆုငွေ
( ပိုစင်) များကိုလည်း ရရှိပါတယ်။ အဆိုပါဆုငွေ
(ပိုစင်) ကို လှေအရွယ်အစား
အကြီးအသေးအပေါ်မူတည်ပြီး တစ်လတစ်ခါ
သို့မဟုတ် ခြောက်လတစ်ခါ
ရှင်းပေးလေ့ရှိပါတယ်။

“ ကျွန်တော် တစ်လကို ဘတ် သုံးထောင်ရတယ်။


ဒါပေမယ့် အဆင်ပြေတဲ့ လတွေဆိုရင်တော့
အခုရတာရဲ့ နှစ်ဆလောက်ရပါတယ်”
လို့ကိုအောင်သန်းတို့ လှေရဲ့ လက်စွဲတော်
လှေသားတစ်ဦးဖြစ်သည့် ကိုကျော်လင်း
ပြောပါတယ်။ ထပ်ဆောင်းဆုငွေ (ပိုစင်)
ဘယ်လောက်ရတယ်ဆိုတာကို တွက်ချက်နေဖို့
သူမှာ စိတ်ကူးမရှိသလို့ ၊ ရွှေးချယ်ခွင့်လည်းမရှိ
ကြောင်း၊ ထိုင်းအလုပ်ရှင်က မင်းဒီလောက်
ရတယ်ဆိုတာ ပြောသလောက် သူတို့
ရကြကြောင်း ကိုကျော်လင်းကဆိုပါတယ်။

ကိုကျော်လင်းရဲ့ အလုပ်က လှေကြီးက ငါးတွေ ဖမ်းဖို့ အတွက် ထိန်ထိန်ညီးနေတဲ့မီးလုံးတွေ တပ်ထားတဲ့ လှေငယ်လေးနဲ့


ထွက်သွားပြီး ငါးပွက်တဲ့နေရာ ငါးအုပ်တွေ ရှာရတာပါ။

မီးရောင်ထိန်ထိန်တွေက ငါးတွေကို ညှို့ကွင်းမိစေပါတယ်။ ငါးတွေအညှို့ခံထားရပြီး အားလုံးအသင့်ဖြစ်ပြီဆို ကိုအောင်သန်း


တို့ လှေကြီးဆီကို သတင်းပို့ရပါတယ်။ အဲဒီအချိန်မှ ကိုအောင်သန်းက ပိုက်ကို ရေအနက်ဘယ်လောက် အထိချမယ် ။
ဘယ်လို ၀ိုင်းမယ်ဆိုတာကို ဆုံးဖြတ်ချက်ချရပါတယ်။

“ လပြည့်နေ့ မဖြစ်ခင်နဲ့ လပြည့်နေ့ ဖြစ်ပြီး လေးငါးရက်မှာ ကျွန်တော်တို့ ငါးမဖမ်းဘူး ။ ငါးတွေက ကျွန်တော်တို့


လှေနောက်မလိုက်တော့ဘူး ။ ကျွန်တော်တို့ မီးအလင်းရောင်က ငါးတွေကို မညှို့နိုင် တော့ဘူး ။ သူတို့ အားလုံးကို
ရေပြင်ပေါ်မှာ လင်းနေတဲ့ လရောင်က ညှို့ထားပြီးဖြစ်နေပြီ” လို့ ကိုကျော်လင်းက ပြောပါတယ်။

အဲဒီလို မျော်လင့်ချက်တွေနဲ့ မြန်မာငါးဖမ်းလုပ်သားတွေဟာ ငါးဖမ်းနေကြရပါတယ်။ အမြဲတမ်း ဒီ့ထက်ပိုကောင်းမွန်တဲ့


အနာဂါတ်ကို ရှာဖွေနေကြရတာပါပဲ။ တနေ့တော့ အိမ်ပြန်မယ်လို့ စိတ်ထဲမှာ တေးထားကြတယ်။ဒါပေမယ့် သူတို့ရဲ့
ဘ၀က မြန်မာပြည်မှာ ကွင်းပျောက်နေပြီးဆိုတာ သူတို့ သိနေပါတယ်။

“ ထိုင်းမှာ ရှာဖွေလို့ ရသလောက် လစာမျိုး ရရင်တော့ မြန်မာပြည်ကိုပြန်မယ်” လို့ ကိုအောင်သန်းက ပြောပါတယ်။

“ ဒါပေမယ့် ဒါက မဖြစ်နိုင်ပါဘူး။ ကျွန်တော်ငါးဖမ်း ထွက်ထွက်နေရတဲ့ ထိုင်းငါးဖမ်းလှေလေးကိုပဲ ကျွန်တော်အိမ်လို့


သဘောထားလိုက်ပါတယ်”

စုအိုကီး ဘာသာပြန်ဆိုသည်။

Bahtoo Media Page 24


ခင်ဗျား တွေ့လိမ့်မယ် ဟာသ

ရွေးကောက်ပွဲ မတိုင်ခင်ကာလကဖြစ်ပါတယ်။ ကိုစွာကျယ် က ခမောက် ။ ကိုလူမဲက ခြင်္သေ့ ။ သူတို့နှစ်ယောက်က


သူငယ်ချင်း ။ ဒါပေမယ့် မတွေ့လိုက်နဲ့ တွေ့လိုက်တာနဲ့ အမြဲ စကားအနိုင်လု လေ့ရှိပါတယ်။ ဒီနေ့လည်း
သူငယ်ချင်းနှစ်ယောက် လက်ဖက်ရည်ဆိုင်မှာ ဆုံတော့ ထုံးစံအတိုင်း စကားနိုင်လုကြပြန်သည်။

ကိုလူမဲ ။ ။ ကိုစွာကျယ် ခင်ဗျားတို့ ခမောက်ကြီးက ခေတ်ကာလနဲ့ မလျော်ညီတော့ပါဘူးဗျာ ။ အခုခေတ်က


ဦးထုပ်ခေတ် ဖြစ်သွားပြီ ။ ခမောက် ခေတ် ဟုတ်တော့ဘူး။

ကိုစွာကျယ်။ ။ ဒါက တော့ … ခင်ဗျာ ကပ်သီးကပ်ဖဲ့ပြောတာပဲဗျ ။ ခမောက်က ကျွန်တော်တို့ တောင်သူ


လယ်သမားတွေကို ကိုယ်စားပြုတယ်လေဗျာ

ကိုလူမဲ ။ ။ ကျွန်တော်တို့ ခြင်္သေ့က အခုဆို ပိုက်ဆံတွေ ပေါ်မှာတောင် ရိုက်နှိပ်နေပြီ ။ ဒါက ပြည်သူ လူထုရဲ့
ချမ်းသာကြွယ်ဝ မှုကို ဆောင်တဲ့ သဘောလေ ကိုစွာကျယ်ရ ဟာ ဟ…

ကိုစွာကျယ်။ ။ ဟား ဟား ဟား ပြောမှ ပြောတတ်ပလေ ကိုလူမဲရယ် ။ ခင်ဗျားတို့ ခြင်္သေ့ဆိုတာ တသက် လုံး
ဘုရားကို ကျောခိုင်းပြီးထိုင်လာတဲ့ သူတွေပါဗျာ ။ ကျွန်တော်ဖြင့်မထင်။

ကိုလူမဲ ။ ။ ခင်ဗျားတို့ ခမောက်ကြီးကလည်း တကယ် မိုးရွာရင် မိုးမလုံပါဘူးဗျာ။ကဲ ဘယ်နှယ်ရှိစ …

ကိုစွာကျယ်။ ။ အယ်……..ထားပါတော့ဗျာ ။ ဒါနဲ့ ကိုလူမဲ

ကိုလူမဲ ။ ။ ပြော ကိုယ့်ဆရာ

ကိုစွာကျယ်။ ။ လူတစ်ယောက်က ခမောက်ဆောင်းထားတယ် ဆိုပါတော့ဗျာ ။

အဲလိုဆိုရင် ခမောက် အောက်မှာဘာရှိလဲ

ကိုလူမဲ ။ ။ အင်း ……ခေါင်းရှိတယ်။ ဦးနှောက်ရှိတယ်ပေါ့ကွာ ။ ဟုတ်လား

ကိုစွာကျယ် ။ ။ ဒါပေါ့ဗျာ ။ ဒါဆို စပါးပင်အောက်မှာက ရောဗျာ ။ ဘာရှိသလဲ

ကိုလူမဲ ။ ။ ကြွက် တို့ မြွေတို့ ပေါ့ ကိုယ့်လူရာ

ကိုစွာကျယ် ။ ။ ဒါဆို ခြေသေ့င်္အောက်မှာက ရောဗျာ

ကိုလူမဲ ။ ။ ခြေင်္သေ့အောက်မှာက ……ဟို …..မသိဘူးဟ ဘာရှိတုန်း

ကိုစွာကျယ်။ ။ ခင်ဗျားကလည်း မသိဘူးလားဗျာ ။ ဘုရားရောက်ရင် အသေအချာကြည့်ဗျာ ။

ခင်ဗျားတွေ့လိမ့်မယ်။

Bahtoo Media Page 25


ခံတွင်း နံ့နံခြင်းနှင့် ဖြေရှင်း နည်းများ ကျန်းမာရေး

ခံတွင်း အနံ့ နံခြင်းကို ဆေးပညာအရ halitosis လို့ ခေါ်ပါတယ်။ English လိုတော့ လွယ်လွယ်ကူကူ bad breath ပေါ့။
Halitosis ဟာ လူတွေမှာ တွေ့ရများတဲ့ အခြေအနေတစ်ခုဖြစ်ပြီး အဓိက ဖြစ်စေတဲ့ အကြောင်းအရာကတော့ ပါးစပ်ထဲမှာ
စားကြွင်းစားကျန်တွေနဲ့ ဘက်တီးရီးယားပိုးတွေ ခိုအောင်းနေလို့ ဖြစ်ပါတယ်။

များသောအားဖြင့် ပါးစပ်နံတဲ့သူတွေဟာ သူတို့ ပါးစပ်နံတာကို သတိမထားမိကြပါဘူး။ အခြားသူတွေက


သတိထားမိပေမယ့် အားနာလို့ ဖြစ်စေ ရှက်လို့
ဖြစ်စေ ဘာမှ မပြောဘဲ အောင့်အင်း သည်းခံပြီး
နေလေ့ရှိတတ်ကြတယ်။ အရမ်း ရင်းနှီးတဲ့
သူငယ်ချင်းက ဖြစ်စေ မိသားစုဝင် တစ်ယောက်
ယောက်က ဖြစ်စေ ပြောသောကြောင့်သာသူတို့
သတိထားမိတတ်ကြပါတယ်။

ပညာရှင်တွေရဲ့ အဆိုအရတော့ ကျွန်တော်တို့


အားလုံးနည်းပါးဟာ ဘ၀ရဲ့ တစ်ချိန်ချိန်မှာတော့
ပါးစပ်နံတာ ဖြစ်ခဲ့ဖူးပါလိမ့်မယ်တဲ့။
တခါတလေကျတော့လည်း ပင်ကိုက ပါးစပ်
မနံပေးမယ့် အနံ့ပြင်းတဲ့ အစာတွေ ဥပမာ။
ကြက်သွန်ဖြူကဲ့သို့ သော အစာတွေကို စားမိပြီး
အနံ့ထွက်တာမျိုးလည်း ရှိတတ်ပါတယ်။
နံတယ်မနံဘူးဆိုတာက ဓလေ့ထုံးစံနဲ့လည်း ဆိုင်သေးတယ်။ တချို့ကျတော့ ဆေးလိပ် သောက် လို့ အနံ့နံတာမျိုး။
သူတို့အချင်းချင်း တော့ မနံဘူး ပေါ့။ ဘေးက ဆေးလိပ် မသောက် တဲ့သူကသာ အနံ့မခံနိုင်တာ။ ဆေးလိပ်သောက်
ခြင်းဟာ ခံတွင်း နံ့ နံခြင်းရဲ့ တရားခံတစ်ယောက်လည်း ဖြစ်ပါတယ်။ သူ့ကြောင့် ခံတွင်းခြောက်ခြင်း၊ သွားဖုံးရောင်ခြင်း
တို့ကို ဖြစ်စေနိုင်သောကြောင့် ဖြစ်ပါတယ်။

ခံတွင်း ကျန်းမာရေးနဲ့ သန့်ရှင်းရေးကို ဂရုစိုက်ခြင်းက ပါးစပ်နံ့ခြင်းအတွက် အကောင်းဆုံး ကာကွယ်နည်းတစ်လက်


ဖြစ်ပါတယ်။ ခံတွင်း သန့်ရှင်းရေးကို သေချာလုပ်ဆောင်ရင် အနံ့နံသူ အများစုဟာ အဆိုပါ အခြေအနေမှ
သက်သာသွားတာကို တွေ့ရပါတယ်။ အဲဒီလို လုပ်တာတောင်မှ မသက်သာဘူးဆိုရင် ခံတွင်း အတွင်းမှ ဖြစ်စေ ခန္ဓာကိုယ်
အတွင်းမှ ဖြစ်စေ ရောဂါ တစ်ခုခုရှိနေတတ်ပါတယ်။ ဒါ့ကြောင့် အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်လို့မှ
အဆင်မပြေပါက တတ်ကျွမ်းသည့် ဆရာဝန်တို့နှင့် ပြသစေလိုပါတယ်။

ခံတွင်း အနံ့ဆိုးခြင်းဟာ ဘာ့ကြောင့် ဖြစ်ရတာလဲ။


ခံတွင်းအနံ့ဆိုးအောင် ဖြစ်စေတဲ့အကြောင်းအရာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ခံတွင်း သန့်ရှင်းမှုအားနည်းခြင်း

သွားပညာရှင်တွေရဲ့ ပြောဆိုချက်အရ ခံတွင်း အနံ့ထွက်သူတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ခံတွင်း သန့်ရှင်းမှု


အားနည်းခြင်းကြောင့် ဖြစ်ပါတယ်တဲ့။ ကျွန်တော်တို့ စားလိုက်တဲ့အစာတွေကို ပါးစပ်ထဲမှာရှိတဲ့ ဘက်တီးရီးယားတွေက
ချေဖျက်နိုင်ပါတယ်။ သို့သော် ဘယ်သူမှ အစာတစ်လုပ်ကို ပါးစပ်ထဲမှာ စက္ကန့်ပိုင်းထက် ပိုပြီး ငုံမထားတဲ့အတွက်

Bahtoo Media Page 26


မသိသာပါဘူး။ ပါးစပ်ထဲမှာ စားကြွင်း စားကျန်တွေ ကျန်ခဲ့ရင်တော့ ဘက်တီးရီးယားတွေအတွက် ရိက္ခာတစ်လက်ဖြစ်လာပါ
တော့တယ်။ အစာကို ချေလိုက်ရင် hydrogen sulphide ဆိုတဲ့ ဓာတ်ငွေ့တစ်မျိုးကို ထုတ်လွှတ် ပါတယ်။

သူကမှ အနံ့ နံစေတာပါ။ ၎င်းဓာတ်ငွေ့ကို ကြက်ဥပုပ်တွေမှာလည်း တွေ့ရတတ်ပြီး ပုပ်အက် အက်အနံ့ကို


ဖြစ်ပေါ်စေပါတယ်။ နောက်တစ်ချက်က ဘက်တီးရီးယားတွေဟာ အစာဟောင်းတွေနဲ့ ပူးပေါင်းပြီး သွားတွေနဲ့ သွားဖုံး
ပေါ်မှာ သွားချေးလို့ ခေါ်တဲ့ အဖြူရောင် (သို့) အရောင်မရှိတဲ့ အဖတ်ကလေးတွေကို ဖြစ်စေပါတယ်။ ပမဏနည်းပါးရင်
အရောင်မဲ့တတ်ပြီး များပြားလာပါက အဖြူေ၇ာင် အဖတ်တွေအဖြစ် တွေ့မြင် ရတတ်ပါတယ်။ သွားကို နှံအောင် မတိုက်ပါက
၎င်းအဖတ်များသွားကြားနှင့် ပါးစောင်တို့တွင် တင်ကျန်နေတတ်ပါတယ်။ အဆိုပါ သွားချေးများသည် သွားဖုံးေ၇ာင်ခြင်းကို
ဖြစ်ပေါ်စေပြီး အနံ့ဆိုးများကို ထုတ်လွှတ်နိုင်ပါတယ်။

သွားတုသန့်ရှင်းမှု အားနည်းခြင်း
သွားအတု အံပုံအတု အသုံးပြုသူများသည် ၎င်းတို့ကို ပုံမှန်သန့်ရှင်းအောင် ဆေးကြောခြင်း မရှိပါက ဘက်တီးရီးယားများ
ပေါက်ပွားပြီး အနံ့ဆိုးများ ထွက်နိုင်ပါသည်။

ပါးစပ်ခြောက်ခြင်း
ကျွန်တော်တို့ရဲ့ ပါးစပ်တွေကို တံတွေးလို့ခေါ်တဲ့ saliva က အမြဲတမ်း စိုစွပ်ပြီး သန့်ရှင်းနေအောင် ပြုလုပ်ပေးနေပါတယ်။
အကယ်၍ အကြောင်းကြောင်းကြောင့် ပါးစပ်ခြောက်နေပါက အရေပြားမျက်နှာပြင်ရှိ အညစ်အကြေးများနှင့် dead cell
များကို မဖယ်ရှားနိုင်တော့ပေ။ ထိုအခါ ပါးစပ်နံတတ်ပါသည်။ ရေသောက်နည်းခြင်းကလည်း ပါးစပ်ခြောက်ခြင်းကို
အားပေးပါသည်။ အထူးသဖြင့် ယခုလို ပူအိုက်သည့် ရာသီဥတုတွင် ရေခဏခဏ သောက်ပေးခြင်းဖြင့် ပါးစပ်အတွင်း
စိုစွပ်မှုကို ထိန်းသိမ်းထားနိုင်ပါသည်။

အစားအသောက်ကြောင့် ပါးစပ်နံခြင်း

ကြက်သွန်ဖြူ၊ ကြက်သွန်နီ နှင့် အချို့သော မဆလာမှုန့်များသည် စားလိုက်ပါက ပါးစပ်နံ ခြင်းကို ဖြစ်ပေါ်စေပါသည်။


အရက်နှင့် ကော်ဖီသည်လည်း အနံ့ဆိုးစေတတ်ပါသည်။ ပါးစပ်အတွင်းရှိ ဘက်တီးရီးယားများသည် အသီးအရွက်ထက်
အသားကို ချေဖျက်ပါက အနံ့ဆိုးသော ဓာတ်ငွေ့များကို ပိုထုတ်ပေးလေ့ရှိသည်။ ထို့ကြောင့် သွားကြားတွင် အသားစများ
ကျန်ခဲ့ခြင်းသည် အရွက်စများကျန်ခဲ့ခြင်းထက် အနံ့ဆိုးခြင်းကို ပိုမို ဖြစ်ပေါ်စေနိုင်ပါသည်။

ဆေးများ
အချို့သော ကြာရှည်စွဲသောက်ရသည့် ဆေးများသည် ခံတွင်း ခြောက်ခြင်း နှင့် တံတွေးအထွက်နည်းခြင်းကို
ဖြစ်စေနိုင်ပါသည်။ ထိုအခါမျိုးတွင်လည်း ပါးစပ်နံနိုင်ပါသည်။

ဆေးလိပ်သောက်ခြင်း
ဆေးလိပ်အငွေ့သက်သက်ကြောင့် တော့ ပါးစပ်မနံတတ်ပါ။ သို့သော် ဆေးလိပ်သည် ပါးစပ်ခြောက်ခြင်းကို အားပေးသလို
သွားနှင့် ခံတွင်း ကျန်းမာရေးကိုလည်း အားနည်းစေပါသည်။ ထို့ကြောင့် တိုက်ရိုက်မဟုတ်သော်လည်း
သွယ်ဝိုက်သောနည်းအားဖြင့် ပါးစပ်နံခြင်းကို ဖြစ်စေနိုင်ပါသည်။

ခံတွင်း အနံ့နံနိုင်သောရောဂါနှင့် ကျန်းမာရေးအခြေအနေများ

• အာသီးရောင်ခြင်း
• ဆီးချို (uncontrolled)
• အဆုပ်ပွ ရောဂါ၊ လေပြွန်ရောင်ရောဂါနှင့် နာတာရှည်အဆုပ်ရောဂါများ

Bahtoo Media Page 27


• ထိပ်ခပ်နာ
• အစာအိမ်ရောင်ခြင်း
• အမျှင်ဓာတ်နှင့် ကဆီဓာတ်အစားနည်းပြီး အသား အစားများခြင်း
• နာတာရှည် အသည်းရောဂါသည်များ
• နာတာရှည် ကျောက်ကပ်ရောဂါသည်များ
• အချို့သောကင်ဆာများ ဥပမာ။ ။ လျှာကင်ဆာ၊ လည်ချောင်းကင်ဆာ နှင့် အစာရေမျိုကင်ဆာ

ခံတွင်း အနံ့နံခြင်းကို ဘယ်လိုပျောက်အောင် လုပ်မလဲ။

ခံတွင်း သန့်ရှင်းရေးနှင့် ကျန်းမာရေး

ပါးစပ်နံတယ်ဆိုတာ ဆေးခန်းသွားပြီး ကုသလို့ရတဲ့ အခြေအနေမျိုး မဟုတ်ပါ။ ဆေးဆိုင်မှ ဆေးဝယ်သောက်လို့လည်း


ပျောက်မည်မဟုတ်။ ဆေးဆိုင်များတွင်လည်း ခံတွင်းအနံ့ပျောက်ဆေးဆိုပြီး ကြော်ငြာထားသော ငုံဆေး ၊
ပလုပ်ကျင်းဆေးနှင့် သောက်ဆေးများကို တွေ့ဖူးပါလိမ့်မယ်။ အဆိုပါဆေးများသည် ခံတွင်းအနံ့ကို ယာယီသာ
ကောင်းအောင် ပြုလုပ်ပေးနိုင်မည်ဖြစ်သည်။ အကယ်၍ သင့်အနေဖြင့် ပုံမှန်သွားတိုက်မည် သွားကြားထိုးမည်ဆိုပါက
ခံတွင်းအနံ့ထွက်ဖို့ သိပ်မဖြစ်နိုင်တော့ပေ။
သွားတိုက်ရာတွင် တစ်နေ့ကို အနည်းဆုံး ၂ကြိမ်တိုက်ဖို့လိုသည်။ သွားတိုက်ဆေးသည် ပြည်တွင်းပြည်ပမှ ထုတ်လုပ်သည့်
ချိုရဲရဲ သွားတိုက်ဆေးများ မဟုတ်ဘဲ floride ပါဝင်သည့် အရသာမရှိသည့် သွားတိုက်ဆေးများသာ
အကောင်းဆုံးဖြစ်ပါသည်။ သွားတိုက်တံတွင် ပျော့ပျောင်းသည့် အမွှေးလေးများပါဝင်ရမည်ဖြစ်ပြီး အတိုအရှည်မတူညီပါက
ပိုကောင်းသည်ဟု ဆိုကြသည်။ သွားတိုက်တံတစ်ချောင်းကို တိုက်လာလိုက်တာ လူမှန်းသိကတည်းကနေ ဘွဲ့ရသည်အထိ
ဆိုတာမျိုးလည်း ရှောင်ကြဉ်ရမည်။ ၃ လတန်သည် ၄ လတန်သည်တွင် တစ်ကြိမ်မျှ သွားတိုက်တံအသစ်တစ်ချောင်း ဖြင့်
လဲလှယ်ပေးရမည် ဖြစ်သည်။ သွားတစ်ခါတိုက်ပါက အနည်းဆုံး ၂ မိနစ်ခန့်ကြာရမည် ဖြစ်သည်။ သွားတိုက်ပြီးပါက
သွားပွတ်တံဖြင့် ဖြစ်စေ၊ လျှာပွတ်တံဖြင့် ဖြစ်စေ လျှာကို ရွရွကလေး ပွတ်၍ သန့်ရှင်းရေး လုပ်ပေးရပါမည်။

အခြားသောနည်းလမ်းတွေကတော့....

အစာစားပြီးတိုင်း ပလုပ်ကျင်းပါ။ ထိုအခါ စားကြွင်းစာကျန်များ သွားများအတွင်း၌ တင်ကျန်ခြင်းကို ကာကွယ်ပေးပါသည်။

အကယ်၍ ပလုပ်ကျင်း၍ အဆင်မပြေပါက ပီကေ၀ါးပါ။ ပီကေကို ပါးစပ်အတွင်းနှံ့အောင် ၀ါးပါက ပါးစပ်အတွင်းမှ


တံတွေးများပါထွက်လာပြီး ခံတွင်း သန့်ရှင်းခြင်းကို အားပေးပါသည်။
မိမိစားမည့်အစာကို သတိထားပါ။ အရေးကြီးပုဂ္ဂိုလ်များနှင့် တွေ့ရမည့်အချိန်မျိုးတွင် ခံတွင်းနံစေသော အစားအစာများကို
ရှောင်ကြဉ်ပါ။
ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။ သို့သော် မရှောင်နိုင်ပါက သွားဆရာဝန်နှင့် ပုံမှန်ပြသကာ သွားနှင့်
သွားဖုံးကျန်းမာရေးကို ဂရုစိုက်ပါ။

www.ngoinmyanmar.com မှ ကူးယူဖော်ပြသည်။

Bahtoo Media Page 28


နိင
ု င
်ြံ ခားရောဂါ ဘ၀အတွေ့အကြုံ

မိုးစက်မှော် (နိုင်ငံခြားသွားဖို့ ပြင်ဆင်နေသူတွေ၊ ကြိုးစားနေသူတွေ၊ သူတို့ရဲ့ မိဘ ဆွေမျိုးတွေ ဖတ်စေချင်လို့ပါ)

မျိုးချစ်စိတ် အားကောင်းတယ်လို့ နာမည်ကြီးတဲ့ မြန်မာတွေ ဒီဘက်နှစ် တွေမှာ တော့ နိုင်ငံခြားချည်း ထွက်ကုန်ကြတယ်၊


ကျွန်တော်လည်း အပါအ၀င်…၊ ပြောရရင် နိုင်ငံခြားရောဂါ ထကြတယ်။ ရောဂါဆိုမှတော့ ဘယ်ရောဂါမှ မကောင်း…။
ဒီညနေပဲ လန်ဒန် ပတ္တရောင်ရက
ဲ ကျွန်တော့်ကို စစ်တယ်၊ သူတို့ တမျိုးသားလုံးသိတဲ့ သတင်းဌာနမှာ အလုပ် လုပ်ပါတယ်
ဆိုတာတောင်မှ ကတ်ပြား ပြစမ်းပါလို့ ထပ်ပြောလို့ ထုတ်ပြရတယ်။

အကြောင်းက နှစ်ခု၊ သူမေးတာကို ကျွန်တော်က သွကသ


်ွကလ
် က်လက် မဖြေနိုင်တာက တကြောင်း (အင်္ဂလိပ်အစစ်ပြောတဲ့
အင်္ဂလိပ်စကားက မြန်မြန် ပြောရင် နားမလည်သေးဘူး)၊ နောက်တစ်ခုက ယူကေလေဆိပ်တစ်ခုမှာ မနေ့ကမှ
ဖောက်ခွဲရေးပစ္စည်း မိထားတာက တကြောင်းမို့ လုံခြုံရေးအရ ရဲတွေ ကင်းလှည့်ရာမှာ ကျွန်တော့်ပုံစံကို မကြိုက်လို့
စစ်တာလည်း ဖြစ်နိုင်တယ်။

လန်ဒန်အရှေ့ပိုင်းက ကျွန်တော်နေတဲ့ ရပ်ကွက်လေးကို ညဘက် အလုပ်က ပြန်လာရင် တခါတခါ ဒီလိုပဲ ရဲတွေက


စစ်တတ်တယ်၊ သူများတွေ အစစ်ခံရတာကို ကြည့်ကြည့်ပြီး စိတ်မကောင်း ဖြစ်မိတယ်။

ရဲက သူ့တာဝန်အရ စစ်တာ (လန်ဒန်ရဲတွေက အားကိုးရတယ်လို့ နာမည်ကြီးတယ်)၊ အစစ်ခံရတဲ့ သူကလည်း မဟုတ်တာ


မလုပ်ထားရင် ဘာမှတော့ ကြောက်စရာ မရှိပါဘူး။ ဒါပေမဲ့ ကိုယ်က အဲဒီလို တွေ့ရင် ကြားက စိတ်မကောင်း ဖြစ်ရတယ်။
ဘာပဲဖြစ်ဖြစ်လေ ရဲက စစ်နေတော့ သူများတွေက ကြည့်ကြမှာပေါ့။

Bahtoo Media Page 29


အခုလည်း ကျွန်တော့်ကို ဘယ်မှာနေသလဲ၊ ဘယ်သွားမှာလဲ၊ အထောက်အထား တစ်ခုခု ဘာပါလဲ မေးတာ ပေါ့လေ။
အဲဒီလို မေးတာကို ကျွန်တော် မကြိုက်ဘူး။ ဒါပေမဲ့ မေးတုန်းတော့ ကောင်းကောင်း ပြန်ဖြေလိုက် ပါတယ်၊ မဟုတ်ရင်
အလုပ်ပိုရှုပ်မှာစိုးလို့…၊ ဒါနဲ့ အပြန်အလှန် စကားပြောပြီး ထွက်လာတော့ “ဒါ ငါ့ နိုင်ငံ မဟုတ် လို့ပဲ“လို့ စိတ်ထဲတွေးမိတယ်။
ကိုယ်က ဒီမှာတော့ နိုင်ငံခြားသားကိုး…။

မနေ့ကပဲ တခါ ရုံးမှာ လုပ်ဖော်ကိုင်ဘက် အင်္ဂလိပ်တစ်ယောက်က မေးတယ်၊ “ မင်းဒီမှာ နေရတာ ကြိုက်လား၊ အမြဲ
နေသွားမှာလား ” တဲ။့

“အင်း… အခုတော့ နေလို့ ကောင်းပါတယ်၊ အမြဲတော့ မနေပါဘူး“ လို့ ချက်ချင်း ကျွနေ


် တာ် ဖြေတယ်။ စဉ်းစား စရာကို
မလိုတဲ့ မေးခွန်းတွေလို့ တွေးမိတယ်။
ဖြေပြီးမှ ငါ ဒီလောက် မြန်မြန် ဘာလို့ ဖြေနိုင်နေတာလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးရင်း ခေတ္တခဏတော့ နေလို့ ထိုင်လို့
ကောင်းတဲ့ အရသာ ခံစားခဲ့ရတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က စင်ကာပူက အစ်မတစ်ယောက်နဲ့ စကားပြောဖြစ်တယ်၊ အဲဒီအစ်မက သိပ်တော် သိပ်ထက်တယ်၊


ကျွန်တော် ရန်ကုန်မှာတုန်းက အလုပ်တစ်ခု ကနေ အဆင်မပြေလို့ ထွက်ပြီး နောက်အလုပ်တစ်ခု မရခင်
စိတ်ဓာတ်ကျချင်သလိုလို ဖြစ်တုန်း သူက စကားတစ်ခွန်း ပြောတယ်။

“ဟေ့ကောင်… မင်း ထွကခ


် တ
ဲ့ အလုပထ
် က် ကောင်းတဲ့ အလုပ်တစ်ခု မကြာခင် ရလိမ့်မယ်၊ တစ်ခုခု ပိုရချင် ပိုမြင့်ချင်ရင်
နဂိုနေရာကို စွန့်ရတယ်၊ ခွာရတယ်ကွ၊ အပြောင်းအလဲ လုပ်ရတယ်“ လို့ ပြောတယ်။

ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်သူတစ်ယောက် ဖြစ်တာမို့ အဲဒီလို လုပ်ခဲ့တာ ဖြစ်ပေမယ့် ကိုယ်မှန်းထားတဲ့


အချိန်ကာလ တစ်ခုအတွင်းမှာ နောက်ထပ် အလုပ်တစ်ခု ကိုယ့်စိတ်ကြိုက် ပြန်မရတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု
မဆိုစလောက် ကျဆင်းစ ပြုချိန်မှာပဲ အစ်မက အဲဒီလို အားပေးခဲ့ဖူးတယ်။ မှတ်မှတ်ရရ အစ်မနဲ့စကားပြောပြီး
တစ်ပတ်အတွင်းမှာပဲ ကျွန်တော့်စိတ်ကြိုက် အလုပ်ကို ရခဲ့တယ်။

အစ်မနဲ့ စကားနည်းနည်း ပြောဖြစ်တော့… “ဟေ့ကောင်… ငါ နိုင်ငံခြား ဘာဖြစ်လို့ လာသလဲ သိလား“ တဲ၊့


“လုပ်နိုင်ကိုင်နိုင်တဲ့ အရွယ်မှာ လုပ်နိုင်ကိုင်နိုင်ကြောင်း ပြဖို့နဲ့ ပိုက်ဆ၊ံ ပညာ၊ အတွေ့အကြုံ ရှာဖို့က“ွ တဲ။့

အစ်မက စကားပြော ပြတ်တယ်၊ စကားပြတ်သလို သူ့ဘ၀ အောင်မြင်နေအောင် အလုပ် လုပ်တာလည်း ပြတ်သား


တိကျတယ်။
နိုင်ငံခြားကို အပျော်လာတာ မဟုတ်ဘူး၊ နိုင်ငံခြားကို လွတ်လပ်မှု ရှာဖို့ လာတာ မဟုတ်ဘူး၊ နိုင်ငံခြားကို ယောက်ျား၊ မိန်းမ
ရှာဖို့ လာတာ မဟုတ်ဘူး။
ပွင့်ပွင့်လင်းလင်း ပြောရရင် အစိုးရ မကောင်းလို့၊ ဘာဖြစ်လို့ ညာဖြစ်လို့၊လို့… လို့… လို့…. တွေနဲ့ သူလာတာ မဟုတ်ဘူး။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်လို့ လာတာ၊ ကိုယ်လုပ်ချင်တာ လုပ်ချင်လို့ လာတာ ဒါမှမဟုတ်
ကိုယ်လုပ်ချင်တာ လုပ်ခွင့်ရလို့ လာတာ။
မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ပဲ ယှဉ်ရင်တောင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတွေ ကျဆင်းနေတာ လူတွေ

Bahtoo Media Page 30


အကုန်သိနေတာပဲ။ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းနေတာလည်း ဟုတ်တာပဲ၊ တပိုင်တနိုင် လုပ်ငန်းထူထောင်ဖို့
မလွယ်ကူတာလည်း မှန်တာပဲ… ဒါပေမဲ့ နိုင်ငံခြားလာမယ်ဆိုရင်တော့ ပြင်ဆင်စရာတွေ ပြင်ဆင်လာခဲ့ဖို့ လိုတယ်၊
မပြင်ဆင်လာခဲ့ရင် ဒုကလ
ၡ လ
ှ တွေ့နိုင်တယ်၊ ဒါမှမဟုတ် နိုင်ငံခြားရောဂါရဲ့ နှိပ် စက်တာ ကို ခံရလိမ့်မယ်။

မြန်မာပြည်မှာ နိုင်ငံခြားရောဂါကတော့ တော်တော်ကျွမ်းနေပြီလို့တောင် ပြောလို့ရပါတယ်။ မြန်မာနိုင်ငံ အရှေ့၊ အနောက်၊


တောင်၊ မြောက်၊ ကြိုက်တဲ့ မြို့ရွာကို သွားလိုက်ပါ၊ အဲဒီ မြို့ရွာတိုင်းက လူတစ်ယောက်ကနေ
ရွာလုံးကျွတ်အထိ နိုင်ငံခြားကို သွားနေကြပါတယ်။ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေကတော့ ထည့်ကို မပြောပါနဲ့တော့…။

စင်ကာပူရောဂါ
မြို့ကြီးတွေမှာတော့ စင်ကာပူရောဂါက အတော်လေး ပျံ့ပွားပါတယ်။ ပညာသင်ဖို့နဲ့ အလုပ်လုပ်ဖို့ စင်ကာပူကို
ထွကြ် ကပါတယ်။

၁၉၉၀ ပြည့်နှစ် အစောပိုင်းနှစ်တွေက စပြီး စင်ကာပူက ခေတ်စားလာပါတယ်။ အင်းစိန်ဂျီတီအိုင်လို ကျောင်းက စင်ကာပူမှာ


ပိုလီဆိုပြီး ဖွင့်ထားတာကို သွားတက်ကြတာပါ။ အရင်ကတော့ အင်းစိန် ဂျီတီအိုင်ကျောင်းက နိုင်ငံ တကာ က
အသိအမှတ်ပြုပါတယ်။ အင်းစိန်ကျောင်းက ဆင်းရင်
နိုင်ငံခြားမှာ လစာကောင်းကောင်း အလုပ်တွေ
အသာလေး ရပါတယ်။ ဒီအစိုးရတက်မှပဲ အင်းစိန်
ကျောင်းလည်း ဘ၀ပျက်ပါတော့တယ်။

အဲဒီ အင်းစိန်ဂျီတီအိုင်လို ပိုလီကျောင်းကို စင်ကာပူမှာ


သွားတက်ရင် ကျောင်းပြီးတာနဲ့ စင်ကာပူအစိုးရက
နေထိုင်ခွင့်ပေးပြီး၊ အလုပ်ပါ ပေးပါတယ်။ ဒါနဲ့ပဲ
စင်ကာပူ ပိုလီက ခေတ်စားလာပါတယ်။ ကျွန်
တော့်တောင် သွားတက် ပါလား လို့ အမေက
ပြောပါတယ်။ ကျွန်တော်ကတော့ အင်းစိန်ကျောင်းပဲ
ခပ်တည်တည် တက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့
နိုင်ငံခြားရောဂါ ကျွန်တော့်ဆီ မ၀င်သေးပါဘူး။

ပိုလီကျောင်းဆင်းတွေ အလုပ်ဖြစ်တော့ စင်ကာပူ သွားသူတွေ များလာလိုက်တာ ပိုက်ဆံရှိတဲ့၊ စာနည်းနည်းတော်တဲ့


ကျောင်းသား တော်တော်များများ သွားကြပါတယ်။

၂၀၀၀ ပြည့်နှစ် နောက်ပိုင်းနှစ်တွေမှာတော့ စင်ကာပူက ခွင်တစ်ခုလို ဖြစ်လာတာပါ။ ပြောရရင်တော့ စင်ကာပူမှာ လူက


တော်တော်များနေပါပြီ၊ စင်ကာပူ အစိုးရကလည်း တော်တော်စစ်ဆေးပြီးမှ လက်ခံနေပါပြီ။

ဒါတောင် ရန်ကုန်အခြေစိုက် အေဂျင်စီတချို့ရဲ့ ရိုက်စားတွေနဲ့ ကလေးက တော်တော် မိဘက ကဲကဲ ဖြစ်နေတဲ့


စင်ကာပူရောဂါရှင်တွေ အတွေ့မှာ အလုပ်ဖြစ်တဲ့ အေဂျင်စီနဲ့ အထုပ်ပျက်သွားတဲ့ မိသားစုတွေလည်း တဖြည်းဖြည်း

Bahtoo Media Page 31


များလာခဲ့ပါတယ်။

ရန်ကုန်မှာ အလုပ်လုပ်ကိုင်ရင်း နောက်ခြေတစ်လှမ်းတိုးလို့ စင်ကာပူ ထွက်အလုပ်ရှာသူတွေ လည်း တစ်လကြာ တခါ


သက်တမ်းတိုး နှစ်လကြာ နေလို့မှ အလုပ်မရရင် ပြန်လာပြီး တစ်က ပြန်စရသူတွေလည်း ရှိခဲ့ကြပါတယ်။

အခုတော့ စင်ကာပူမှာ အလုပ်ဘက်မှာဆို မြန်မာတွေ များလာတော့ အပြိုင်အဆိုင် လျှော့ဈေးနဲ့ ရှိတဲ့အလုပ် ခေါ်တဲ့နေရာ


ဝင်လု လုပ်ကိုင်ရင်း စင်ကာပူ အလုပ်ရှင်နဲ့ မြန်မာအလုပ်ရှင်တွေရဲ့ ခေါင်းပုံဖြတ်တာကို ခံတဲ့သူက ခံ၊ အမေက ငါ
တလမ်းလုံး တရပ်ကွက်လုံးကို ကြွားထားပြီးပြီ၊ ပြန်မလာခဲ့နဲ့ ပိုက်ဆံလိုသလား ပို့ပေးလိုက် မယ်ဆိုပြီး
ပြောနေလို့စင်ကာပူနေရပြီးရောဆိုပြီး ဖြစ်သမျှအကြောင်း အကောင်းသဘောပိုက်လို့ နေနေကြသူ တွေရဲ့ ရောဂါကလည်း
မသေးလှကြောင်းပါ။

ပြီးခဲ့တဲ့တစ်နှစ်လောက် စင်ကာပူမှာ အချိန်ပိုင်း အင်္ဂလိပ်စာ သင်ပေးတဲ့ ဆရာအလုပ် လုပ်ခဲ့ပြီး၊ အခု မြန်မာပြည်


ခဏပြန်နေတဲ့ ညီမငယ် တစ်ဦးကတော့ နိုင်ငံခြားရောဂါ အထူးသဖြင့် စင်ကာပူ ရောဂါကို ကုစားနိုင်မယ့် တခုတည်းသော
ဆေးဝါးဟာ “ပညာ“ ဖြစ်တယ်လို့ ရဲရဲရင့်ရင့် ပြောလာပါတယ်။ သူက စင်ကာပူမှာ ဘ၀ပျက်ကြတဲ့ မြန်မာ ညီငယ်
ညီမငယ်တွေကို ဒိဋ္ဌ မျက်မြင် တွေ့ထားသူပါ။

“အဆင်ပြေတဲ့လူ လက်တဆုပ်စာကိုပဲ ကြည့်ပြီး ထွကသ


်ွားကြတယ်၊ အဆင်မပြေတဲ့လူက ထောင်သောင်း မက ရှိတယ်။
သမုဒ္ဒရာထဲ မျောနေတဲ့ ရေခဲတုံးကြီးလိုပေါ့ရှင်၊ ရေပေါ်မြင်နေရတဲ့ အပိုင်းက နည်းနည်းပေါ့၊ ရေအောက်ထဲမှာက
မိုင်နဲ့ချီကိုရှိနေတာကိုး… ဒီလိုပါပဲ ကျရှုံးသွားတဲ့လူတွေ အများကြီးလေ…၊

ဆယ်တန်းအောင်ရုံ သင်ခဲ့တဲ့ အင်္ဂလိပ်စာလောက်နဲ့ စင်ကာပူမှာ ကျောင်းလာတက်တော့ စာမေးပွဲကျတာ ကျောင်းသား


အပြစ် မဟုတ်ဘူးလို့တောင် ပြောလို့ရပါတယ်“ လို့ ကိုယ့်သားသမီး အရည်အချင်း ကိုယ်မသိဘဲ
စင်ကာပူရောဂါထနေတဲ့ မိဘတွေနဲ့ စင်ကာပူ စွဲလန်းသူ လူငယ်တချို့ကို ရည်ညွှန်းပြီး သူက ပြောပါတယ်။

“စင်ကာပူ နေချင်လို့ ကိယ


ု တ
် တ်တဲ့ အရာတွေ၊ အဆင့်တွေ ဘေးချပြီး အိမ်ဖော် ၀င်လုပ်နေတဲ့သူ ရှိတယ်၊ အခု အိမ်ဖော်
အလုပ်ခေါ်တဲ့ ကြော်ငြာမှာ “မြန်မာအိမ်ဖော် အလိုရှိသည်“ ဆိုပြီး ခေါ်တယ်၊ မတတ်သာလို့ ၀င်လုပ်ကြသူတွေ ရှိတယ်၊
ဘာကြောင့် ဒီလိုလုပ်သလဲ စဉ်းစားလို့ မရဘူး၊ “အလုပ်ဟူသမျှ ဂုဏ်ရှိစ“ွ ဆိုတာ ဟုတ်ပေမယ့် ဒါမျိုးတော့ လုပ်စရာ
မလိုပါဘူး၊ မြန်မာပြည်မှာ ဒီထက်သာတာ အများကြီး လုပ်နိုင်ပါတယ်” လို့ သူက ဆိတ
ု ယ်။

အင်္ဂလိပ်စကား ကောင်းကောင်း မပြောတတ်လို့ ဆိုပြီး ကျောင်းအပ် ဗီဇာယူထားပေမယ့် မိန်းမ လုပ်စာ ထိုင်စား နေတဲ့သူ
ရှိတယ်၊ ဘာလို့ အလုပ်မလုပ်သလဲ မေးကြည့်တော့ “အစ်မ ကျွနေ
် တာ် ကြောက်တယ်၊ သူတို့ ပြောတာ ဘာမှ
နားမလည်ဘူးတဲ့၊ လက်ဖျားရော ခြေဖျားရော ခါတယ်” လို့ အရည်အချင်းမဲ့ မြန်မာ လူငယ်တွေ စင်ကာပူမှာ
ပေကပ်နေထိုင်နေတာကို သူက ခံပြင်းတဲ့ ပုံစံနဲ့ပြောနေတယ်။

“ မိဘတွေကလည်း လွဲနေတယ်၊ ကိုယ့်သားသမီးက အဆင်မပြေဘူး ပြောရင် ဟဲ…


့ ဒီမှာ သူများ သားသမီး တွေဆိုရင်
အကုန် အဆင်ပြေတဲ့သူတွေချည်းပဲ… ပိုက်ဆံ သိန်းနဲ့ချီ ပြန်ပို့နေကြတဲ့ သူတွေချည်းပဲ၊ နင်ပဲ အဆင်မပြေ ဖြစ်နေတာ…၊

Bahtoo Media Page 32


ပြန်မလာနဲ့ဆိုပြီး ပြောတော့ နောက်ပိုင်း ကလေးတွေက ဘာမှ ပြန်မပြောတော့ဘူး၊ ဖြစ်သမျှအကြောင်း အကောင်းဆိုပြီး
နေနေကြတယ်၊ တချို့ အတန်းရောက်သွားတယ်” လို့ ပြောပြီး မိဘတွေ အသုံးမကျတဲ့ အတွက် မိဘတွေကိုပါ သူ
စိတ်ဆိုးနေတယ်။
မိဘတွေက သူကိုယ်တိုင် စင်ကာပူရောဂါ ထလို့ သားသမီးကို အတင်းပို့လွှတ်ပြီး၊ သူက ရပ်ကွက်ထဲ လှည့်ပတ်
ကြွားနေတယ်။ သားသမီးက အဖြစ်မှန် ပြောတော့လည်း လက်မခံဘူးဆိုတာကတော့ တကယ်က
ို့ အဆင်အခြင်မဲ့တဲ့ မိဘလို့
ပြောရမှာပါပဲ။

အဲဒီလို မိဘမျိုး ရှိသလို လင်သားကို စိတ်မချလို့ နောက်က လိုက်လာတဲ့ မိန်းမတွေကြောင့် ခဏနေတော့ လင်မယားချင်း
ပြဿနာတွေ တက်ကုန်ပြီး စင်ကာပူမှာပဲ လင်ကွာ မယားကွာတွေ ဖြစ်မယ် တကဲကဲ ဆိုတဲ့ ဇာတ်လမ်းတွေလည်း ရှိသတဲ့။
အိုး… ဒို့ မြန်မာလို့ ဂုဏ်ယူရမှာလား။

“စင်ကာပူက အခုနောက်ပိုင်း အလုပ်လုပ်ခွင့် မရှိဘဲ လုပ်တဲ့ ကျောင်းသားတွေဆို ရှေ့ပေါက်နောက်ပေါက် ပိတ်ပြီး ဖမ်းတယ်၊


ပါ့စ်ပို့ သိမ်းတယ်၊ ကျောင်းသားဗီဇာ ရုတ်တယ်၊ ပြန်လို့လည်း မရ၊ ကျောင်းလည်း
ဆက်တက်လို့ မရဘူး၊ တစ်နှစ်အတွင်း တစ်လ တခါ လက်မှတ်သွားထိုးရတယ်။ တခါ စာမေးပွဲကြေး ပေးနိုင်ဖို့
ပိုက်ဆံထောက်ပံ့နိုင်တဲ့ ယောက်ျားရှာရတဲ့သူ ရှိတယ်“ လို့ သူက ဆက်ပြောတယ်။
ခက်တာက ယောက်ျားတွေကလည်း အတည်တွဲသ၊ူ ယူသက
ူ ရှားတယ်၊ သူတို့လည်း သူတို့ဟာသူတို့ အနိုင်နိုင်
ရုန်းဟယ်ကန်ဟယ်ဆိုတော့ တွဲတယ်၊ နေတယ်၊ ခဏနေတော့ ခွာကြတယ်၊ ဒါနဲ့ပဲ မိန်းကလေးတချို့ ဘ၀ပျက်ရတယ်” လို့
သူက ဆက်ပြောတယ်။ သူ့အသံထဲမှာ မိန်းကလေးတွေအတွက် မချိတင်ကဲ ဖြစ်နေတဲ့ အသံ ကျွန်တော် ကြားရတယ်။
သူ အပိုတွေ ပြောနေတာတော့ မဟုတ်ပါဘူး။ ဒီမိန်းကလေးတွေ ဒီလိုတပည့်တွေကို အင်္ဂလိပ်စာ သင်ပေးခဲ့တဲ့ ဆရာမမို့
သူမိန်းမချင်း ကိုယ်ချင်းစာပုံ ပေါ်ပါတယ်၊ သူတို့နဲ့ ထပ်တူ ခံစားပြီး သူပြောပြနေတာလို့ ကျွန်တော်
ယုံကြည်ပါတယ်။
ဒီစာစုလေး ရေးဖြစ်တာကလည်း အပိုတွေ ချဲ့ကားပြီး ရေးနေတာ မဟုတ်ပါဘူး။ ဒါလေး ဖတ်မိတဲ့ မိဘတွေ၊
ဆွေမျိုးသားချင်းတွေ၊ မောင်နှမတွေ ကိုယ့်နှမ၊ ကိုယ့်အစ်မတွေများ စင်ကာပူ ဆိုတာကို သွားဖြစ်ခဲ့ရင်၊ စင်ကာပူရောဂါများ
ထလာရင် ဆေးညွှန်းရှာထားနိုင်အောင်ပါ။
ဆေးညွှန်း ကတော့ အထက်မှာ ဆိုခဲ့သလို ပညာပါပဲ။ အိမ်နဲ့ကျောင်းလောက်သာ ကျင်လည်ဖူးရုံနဲ့၊ အမေမှာတဲ့ ဆန်တခွဲ
သုံးတင်းနဲ့ မလဲဆိုသလိုမျိုး၊ ဆရာပြောသမျှ အမှန်လို့ စွတ်ယုံတတ်သူမျိုးတွေ နိုင်ငံခြားမှာ ဒုက္ခနဲ့ လှလှ
တွေ့တတ်နိုင်ကြောင်း နည်းနည်း စဉ်းစားမိသွားရင် ရေးရကျိုး နပ်ပါတယ်။
နိုင်ငံခြားရောဂါကို ပညာဆေးဝါးနဲ့ ပျောက်ကင်းအောင် ကုသနိုင်ကြပါစေဗျာ။
အလုပ်တစ်ခုခု လုပ်နိုင်ဖို့ ပညာပြည့်ခဲ့ရင်၊ ဘာသာစကား ပြောနိုင်ဆိုနိုင် ရေးနိုင်ရင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ရင်တော့
ငယ်တုန်း လုပ်နိုင်ကိုင်နိုင်တုန်းမှာ အစ်မ ပြောသလို ပိုက်ဆံ၊ ပညာ၊ အတွေ့အကြုံရှာ ရေးအတွက် နိုင်ငံခြားထွက်ဖို့ကို
ကျွန်တော်ကတော့အားပေးပါတယ်။ ယုံကြည်ရင် ရဲရဲလာခဲ့ပါလေ…။

၂၀၁၀ ပြည့်နှစ် ၊ အောက်တိုဘာလ ၃၁ ရက်


ညည့်သန်းခေါင်

www.septembermyo.wordpress.com မှ ကာယကံရှင်၏ ခွင့်ပြုချက်အရ ကူးယူဖော်ပြသည်။

Bahtoo Media Page 33


မြိတ်မြို့မှာ စိတ်တို့ဟာ အိပ်ဖို့ရာမေ့

မောင်ကိုကို( အမရပူရ )

အမြင့်ပေ နှစ်သောင်းရှစ်ထောင်မှာ ပျံသန်းနေသည့် လေယာဉ်ကြီးထဲမှာ ကျွန်တော် ရောက်နေသည်။

ကျွန်တော်သည် ထိုင်လျက် ပျံသန်းနေ၏။

ကျွန်တော့်အောက်မှာ တိမ်တွေ အလိပ်လိပ် ထနေသည်။

တီထွင်သူများ နှင့် ကြေးပြား၏ ကျေးဇူးကြောင့် နံနက်စောစောမှာပင် မြိတ်လေဆိပ်သို့ ကျွန်တော်ရောက်ခွင့်ရ ပြီ။


နေရောင်တောက်နေသည်။ မြိတ်လေဆိပ်အထွက် မှာ ဟွန်ဒါဆိုင်ကယ်တွေက ကျွန်တော့်ထံ စုပြုံဝင်လာကြ၏။
မကြာမီမှာပင် ဟွန်ဒါ WAVE 100 က ကျွန်တော့်ကို တင်ခေါ်ပြီး ဆိုင်ကယ်လှိုင်းလုံးတွေ ကြားမှာ ကျည်ဆန်လို
ထိုးဖောက်နေ၏။ ကျွန်တော်က ကျည်ဆန်ကို မြဲမြဲတွယ်ဖက်ထားရသည်။

ဧည့်ရိပ်သာရှိ ကျွန်တော့် အခန်း ၂၁၆ ထဲမှာ စလောင်းတီဗီ ရှိသည်။ ညမှာ စတီဖင် ဂျရတ်နှင့် တွေ့မည်။ ၀ရန်တာသို့
ထွက်လိုက်သည်။ ပင်လယ်ကို ဖြတ်သန်းလာသော ခပ်ကြမ်းကြမ်းလေက ကျွန်တော့်ကို ပွေ့ဖက်လိုက်၏ ။ ပင်လယ်၏
အနံ့အသက်ကို ကျွန်တော်ရနေသည်။

ကျွန်တော့်ရှေ့မှာ တနင်္သာရီမြစ် ရှိသည်။ မြစ်တစ်ဖက်ကမ်းမှာ ရွှေသာလျောင်းရုပ်ပွားတော်ကြီးရှိသည်။ စိမ်းသော


မထက်တောင်ရှိသည်။ စိမ်းမှောင်မြင့်မားသော မထော်တောင်ရှိသည်။ အဲဒီဘက်မှာ ငါးလုပ်ငန်း ကုမ္ပဏီလည်းရှိသည်။

မြစ်သည် မထော်တောင်အလွန်မှာ ကမ်းရိုးတန်းသွား ရေယာဉ်ဖြူဖြူလုံးလုံးတွေ ၊ စက်တပ် သမ္ဗာန်မည်းမည်းလေးတွေက


တနင်္သာရီမြစ်နှင့် ပျော်ပါးနေကြသည်။ ကျွန်တော်ဆိုင်ကယ် တက္ကစီ တစ်စီးကို ငှားပြန်သည်။ မြိတ်မြို့မှာ စိတ်တို့ဟာ
အိပ်လို့ မရပါ။ ကျွန်တော် တနေကုန် လည်ပတ်နေမည်။

မြိတ်သား များသည် ထိုင်းနိုင်ငံ လုပ် ဟွနဒ


်ါ ဆိုင်ကယ်တွေကို ခမ်ကြမ်းကြမ်းစီးကြသည်။ ထိုင်းနိုင်ငံလုပ် ရှပ်အင်္ကျီများ
စပို့ရှပ်များ ၀တ်ကြသည်။ လူငယ်တွေက ဂျင်းဘောင်းဘီဝတ်ကြသည်။ ကလေးတွေက ချောကလက်ကရင်မ်ပါသော
ဖူဒိုလေ ယာကိတ်ကို ပက်ကင်စက္ကူခွာ ပြီး စားနေကြသည်။ လက်တစ်ဖက်က စပွန်စာ အချိုရည်ဘူးကို ကိုင်ထားကြသေး၏။
အမျိုးသမီးတွေက မစ်စတာကပ် ကော်ဖီမစ်ကို သောက်နေကြသည်။ အချို့ အမျိုးသားတွေက စင်းဂါး ဘီယာဘူး
အဖြူရောင်ကို ဖွင့်ဖောက်နေလိမ့်မည်။ ကျွန်တော်က ကိုကာကိုလာ အချိုရည်ဘူးကို ဖောက်ပြီး ဆိုင်ကယ် တက္ကစီပေါ်မှာပဲ
မော့သောက်နေပါသည်။ မြိတ်မြို့မှာ စိတ်တို့ဟာ အိပ်ဖို့ရာ မေ့နေခဲ့ ၏။

“ မြိတ်သားတွေက ကိုယ်ပိုင်လုပ်ငန်းတွေသာ လုပ်ချင်တယ်။ လွတ်လပ်ချင်တယ်။ ဘွင်းဘွင်းရှင်းရှင်း လည်း


ပြောတတ်တယ်”

ဆိုင်ကယ်တက္ကစီမောင်းသူက ကျွန်တော့်ကိုပြောပြ၏။ အလုပ်တွေနှင့် လှုပ်ရှားနေသော မြိတ်မြို့ဖြစ်၏။

မြိတ်ကျွန်းစုသည် ကမ်းရိုးတန်း တစ်လျှောက်မှာ တည်ရှိသည်။ ကျွန်းငယ်ပေါင်း ရှစ်ရာကျော် ရှိသည်။


လွတ်လပ်ရေးရပြီးချိန်မှာ မြိတ်ကျွန်းစုတစ်ခုလုံး၏ အကျယ်အ၀န်းမှာ ၁၁၃၂၅ စတုရန်းမိုင်ရှိသည်။ အနောက်ဘက်မှာ
ကပ္ပလီပင်လယ် ၊ အရှေ့ဘက်မှာ ထိုင်းနိုင်ငံ ၊ တောင်ဘက်မှာ မလေးရှားနိုင်ငံ ၊ မြောက်ဘက်မှာ ထားဝယ်မြို့တို့နှင့်
နယ်နမိတ်ချင်း ဆက်စပ်နေ၏။ သင်္ကန်းသား ၊ ကညင်သား ၊ သတ္တု၊ ရော်ဘာ ၊ ကွမ်းသီး ၊ ပုလဲ ၊ ငှက်သိုက်၊ ငါး ၊ ပုစွန် ၊

Bahtoo Media Page 34


ငါးပိ ၊ ငါးခြောက် လုပ်ငန်းတို့ဖြင့် မြိတ်မြို့သည် တစ်လျှောက်လုံး စီးပွားဖြစ်လာခဲ့၏။ ယခုအခါ ရေလုပ်ငန်းက
ထုကြီးထည်ကြီး ဖြစ်လာသည်။ နိုင်ငံခြားသားများဖြင့် ဖက်စပ်လုပ်ကိုင်ကြသော ငါးလုပ်ငန်း ကုပ္မဏီကြီးတွေ
ခေတ်ထလာသည်။ အပြည်ပြည်ဆိုင်ရာ ငါးလေလံ ဈေးလည်း မြိတ်မှာ ရှိသည်ဟု သိရသည်။ရေလုပ်ငန်း မြို့ မှာ
တိုက်ကြီးတွေ ဟီးထနေအောင် ဆောက်လုပ်ကြသည်။

အချို့တိုက်ကြီးတွေမှာ လူနေဘဲ သော့ပိတ်ထားကြသည်။ ဇီဝဇိုးငှက်ကလေးတွေ အသိုက်လာဖွဲ့ အောင်


ဆွဲဆောင်ဖြားယောင်းထားသော ငှက်အော်သံ အတုပြုလုပ်ထာသည့် စက်ကလေးတွေကို ထိုတိုက်ကြီးဒများ၏ နံရံမှာ
မြှပ်နှံထားကြသည်။ စက်ကလေးတွေက ငှက်ကလေးတွေကို မြှူဆွယ်နေကြသည်။ စက်ကအော်သည့် ငှက်သံနျင့်
ငှက်ကအောင်သည့် ငှက်သံတို့သည် မြိတ်မြို့ ထဲမှာ ရောထွေးဝေစည် နေပါသည်။

လူငယ်တွေ၏ လုပ်ရှားမှုတွေက မြန်ဆန်သည်။ စကားပြောရာမှာ ပြတ်သားသည်။ လူငယ်ဘ၀ကတည်းက “ ကြေးပြား” ကို


ခံစားတတ်နေကြသည်။ ကြေးပြားကို ရှာဖွေတတ်သည်။ သုံးစွဲတတ်သည်။

“ လူငယ်တွေက တုံ့ပြန်မှုအားကောင်းတယ်။ စိတ်ထဲရှိတာကိုလည်း တုံ့ပြန်ဖော်ပြရမှ ကျေနပ်ကြတယ်။ သူတို့ တွေဟာ


Abstract ပန်းချီကားတွေ ရေးဆွဲရင် အရမ်း အောင်မြင်မယ်။ နံရံပေါ်မှာ ဖလက်ခ်ျဂန်းနဲ့ Hip Hop ဆိတ
ဲု့ စာလုံးကို
ရေးသွားလိုက်တာများ အရမ်း အနုပညာမြောက်တယ်။ သူတို့က အလုပ်သွားတော့လည်း
လုပ်ပြပြန်တယ်။ကျောင်းပိတ်တာနဲ့ ငါးဖမ်းလှေ တွေနဲ့ ပင်လယ်ကို ထွကသ
်ွားကြတတ်တယ်”

မြိတ်တက္ကသိုလ်မှ ပါရဂူဘွဲ့ရတစ်ဦး၏ ပြောပြချက်ဖြစ်ပါသည်။ မူလက ရာဘာတောနေရာမှာ ဆောက်လုပ်ထားသော


မြိတ်တက္ကသိုလ် ဘွဲ့နှင်းသဘင် အဆောက်အအုံ ကြီးက အရမ်းလှသည်။ ဗွတ်ကလုံငှက်ကလေးတွေ ၊ ငှက်ခါးလေးတွေ
ပျံသန်းနေကြသည်။ ဥသြတွန်သံတွေလည်း တက္ကသလ
ို ပရ၀ဏ်ထဲမှာ ကြားရ၏။ မြိတ်ဒီပါ မှာ ကတ်ကြေးကိုက်စားပြီး
တက္ကသိုလ်က ငွေလမင်းမှာ ကျွန်တော်လက်ဖက်ရည်သောက်သည်။

ဇမ္ဗူသုလ ဆေးတိုက်ပိုင်ရှင် ၊ မြိတ်စာပေ နှင့် စာနယ်ဇင်း ဥက္ကဌကြီး ဦးခင်မောင်လေးကို ကျွန်တော်


သွားရောက်တွေ့ဆုံပါသည်။ သူက မြိတ်မြို့ကြီး တစ်မြို့လုံး တစ်ပြင်လုံးကို အပေါ်စီးက ကြည့်ရအောင်လို့ ဆိုကာ
ဘုရားကိုင်ချောင်းအနီးက တောင်ကုန်းမြင့် ပေါ်သို့ ကျွန်တော့ကို ခေါ်သွားသည်။

“ ဘုရားကိုင်ချောင်းရဲ့ အနောက်ဘက်ဟာ မူလ ကတည်းက တည်ရှိခဲ့တဲ့ မြိတ်မြို့ပါ။ ၁၉၇၂ နောက်မှာ မြို့သစ်တွေ


ပေါ်ထွန်းလာတယ်။ ဘုရားကိုင်ချောင်းရဲ့ အရှေ့ဘက်ဟာ မြို့သစ်ကြီးပါ။ မြို့ဟောင်းနဲ့ မြို့သစ်ဟာ တစ်ဆက်တည်း
အကျယ်ကြီး ဖြစ်သွားပါပြီ ”

ဇမ္ဗူသုခဆေးတိုက်ပိုင်ရှင်က ကျွန်တာ့ကို ရှင်းပြ၏။ မြိတ်ကို ယိုးဒယား တစ်လှည့် မြန်မာတစ်လှည့် ပိုင်ဆိုင်ခဲ့ဖူး၏။


အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် မြိတ်မြိုသည် မြိတ်မြို့ကို အောင်ခဲ့ဖူး၏။ “မာရိတ်” ဟူသော ယိုးဒယား
စကားမှာ မြိတ် အမည်ဝေါဟာရသို့ ဦးအောင်ဇေယျ ၏ သဘောတူညီမှုဖြင့် မြို့ဝန် ဦးဒိန်ကျော် က မှည့်ခေါ်ခဲ့သည်ဟု
သမိုင်းမှ တဆင့် သိရသည်။ မာမှာ မြင်း ၊ ရိတ်မှာ ချည်နှောင်သည်ဟု အဓိပ္ပါယ် ရ၏။ ပရမရာဇာမင်းသားသည်
အောင်သာဝရမှ ပူလယက္ခတိုင်းသို့ ခရီးထွက်ရာ တောင်တစ်တောင်အရောက်မှာ မြင်းကို ချည်၍ နားခဲ့၏။ ထိုတောင်ကို
ခဲတောင် ဟု ခေါ်၏။ သိမ်တော်ကြီး ကုန်းတော်နေရာဖြစ်သည်ဟု ဆိုကြ၏။ အချို့ကလည်း မြိတ်သည် မြန်မာပြည်၏
အစွန်အဖျားမို့ မြိတ်လို့ ခေါ်သည်ဟု ဆိုကြ၏။ ပသို့ဆိုစေ မြိတ်သည် သိပ်အလုပ်လုပ်နေသည်။ မြိတ်သည် အလုပ်တွေနှင့်
လှုပ်နေ၏။

Bahtoo Media Page 35


မြိတ်မြို့သည် ကမ်းခြေမှ စတင်၍ တောင်ကုန်းမြင့်များ ဖြစ်တည်ခဲ့၏။ တောင်ကုန်းမြင့် ကြီး၏ ထိပ်ဖျားမှာ
သိမ်တော်ကြီးဘုရား တည်ရှိသည်။ သိမ်တော် ကြီးဘုရား၏ ခြေရင်မှာမှ ရုံးအဆောက်အအုံ တွေ ရှိနေပါသည်။
မြိတ်ခရိုင်ဝန်မင်း ဖြစ်ခဲ့ဖူးသူ လင်းပင်ထိပ်တင်ဒွေး အမှတ်တရ ကျောက်စာတိုက်ကို ထိုခရိုင်ရုံးရှေ့မှာ စိုက်ထူထားဆဲ
ဖြစ်ပါသည်။ နောင်လာ နောက်သား တို့ ဖတ်ရှုနိုင်ဆဲ ဖြစ်ပါသည်။ မြို့ဝန် ဦးမြတ်လေးကို အမှတ်ရဖို့ ဦးမြတ်လေး
လမ်းကြီးလည်း မြိတ်မြို့မှာ ရှိပါသည်။ အနီရောင် ကြာပွင့်များ၊ ငှက်ပေါင်းစုံများဖြင့် မွှေးထုံသော ရှေးကန်ကြီးက
ဦးမြတ်လေးလမ်း၏ မြောက်ပိုင်းကျကျ ဆီမှာ ဖြစ်ပါသည်။

ရုပ်ရှင် မင်းသား လွင်မိုး၏ အဘိုးတော်စပ်သူ ဦးပုမှာ အသက် ၉၂ နှစ် အရွယ် မြို့မိမြို့ဖ တစ်ဦးဖြစ်ပါသည်။ ကျွန်တော်သည်
မြိတ်မြို့၏ သက်ကြီးဝါကြီး ပုဂ္ဂိုလ်ကို ဂါရ၀ ပြုလိုသည်။

“ မွေးတာက မြ၀တီမှာပါ။ အသက် ၁၆ နှစ်က မြိတ်ကို ရောက်လာတယ်။ သူဌေးဆိုင်မှာ ခြောက်လ အလကားလုပ်ပြီး


လခတစ်ဆယ်စား အရောင်းစာရေး ဖြစ်လာတယ်။ အရက်မသောက် ဆေးလိပ်မသောက် ၊ ကွမ်းမစားခဲ့ဘူး။ နောင်တော့
ကိုယ်ပိုင် အထည်ဆိုင် ထူထောင်နိုင်လာတယ်။ ရွှေဆိုင်လည်း ဖွင့်လာနိုင်တယ်။ မြိတ်မှာရှိတဲ့ ဂျပန် သင်္ချိုင်း ပြုပြင်ပေးလို့
ဂျပန်တွေရဲ့ ဖိတ်ခေါ်မှုနဲ့ ဂျပန်ပြည်ကို လင်မယားနှစ်ယောက် အလည်ရောက်ခဲ့ရသေးတယ်။ အခု အသက် ၉၂ နှစ်ရှိပြီ။
ဘာသာ၊ သာသနာ အကျိုးကို ဆတက်ထမ်းပိုး သယ်ပိုးရွက်ဆောင်နေပါတယ်”

မြိတ် မြို့ မြို့မိမြို့ဖ များ ထူထောင်ထားသော စာကြည့်တိုက်သည် သိမ်တော်ဘုရား ကုန်းတော်ပေါ်မှာ ရှိနေပါသည်။


ထိုစာကြည့်တိုက်သည် ဗုဒ္ဓ ဘာသာဆိုင်ရာ စာကြည့်တိုက် ဖြစ်သော်လည်း မြိတ်မြို့၏ အကြောင်းအရာအချို့ကို
ထိုစာၾကည့္တုိက္ထဲမွာ ကၽြနေ
် တာ် ဖတ်ရှုနားလည်ခွင်ရခဲ့ပါသည်။

ကာတွန်း

အော်ပီကျယ်၏ ကာတွန်းကို ကူးယူဖော်ပြသည်။

Bahtoo Media Page 36


ကျွန်ုပ်တို့စကား

ထားဝယ်ဒေသနှင့် မီဒီယာ၏ အခန်းကဏ္ဍ

ထားဝယ်ဒေသ သည် သယံဇာတ အရင်းအမြစ်များဖြင့် ပြည့်ဝသည့် ဒေသတစ်ခုဖြစ်သည်ကို မည်သူမျှ ငြင်းဆိုမည်


မဟုတ်ပေ။ ရာဘာ၊ ဆီအုန်း ၊ ရေနံ ၊ သဘာဝ ဓာတ်ငွေ ၊ သတ္တု ၊ ပင်လယ်ထွက်ကုန်၊ ပုလဲ ၊ ငှက်သိုက် စသဖြင့်
အမျိုးအမည်မျိုးစုံသော ထွက်ကုန်များဖြင့် ကြွယ်ဝ အဆင်ပြေသည်ဟု ထင်ရသော ဒေသတစ်ခုဖြစ်သည်။

သို့သော် ထားဝယ်ဒေသတွင် အကြီးမားဆုံး ရင်ဆိုင်နေရသည့် ပြဿနာမှာ ရွေ့ပြောင်း အလုပ်သမားပြဿနာ ဖြစ်သည်။

ရွာများတွင် လူငယ်လူရွယ်များ မရှိသလောက်ပင် ရှားနေပြီဖြစ်သည်။ ကလေးသူငယ်များနှင့် အဖိုးအဖွားများမှာ ရွာစောင့်


သဖွယ်ကျန်နေရစ်ကြသည်။အဆိုပါ ရွေ့ပြောင်းအလုပ်သမား ပြဿနာတွင် လူကုန်ကူးမှု ၊ လူမှုရေးပြဿနာ၊ HIV / AIDS
ပြဿနာ ၊ လူ့အရင်းအမြစ်ပြဿနာ ၊ ကလေးသူငယ်ပြဿနာ စဖြင့် မျိုးစုံ ကြုံကြရသည်။

ယင်းကဲ့သို့ ကြုံနေကြရသည်ကိုပင် ကြုံနေရသည်ဟု ဒေသတွင်းလူထုအနေဖြင့် ရိပ်စားမိချင်မှ မိပေလိမ့်မည်။


ထိုပြဿနာများအားလုံးသည်လည်း ပါးစပ်ရာဇ၀င်များသဖွယ် လေထဲတွင်ပင် ပျောက်ကွယ်သွားကြသည်။

ထိုကဲ့သို့သော အခြေအနေတွင် ယုံတမ်းမဟုတ်သည်များကို အမှန်တကယ်ဖြစ်ခဲ့ကြောင်း ဒေသခံ လူထု၏ အသံများနှင့်


ဒေသတွင်း အဖြစ်သနစ်များ၏ တကယ် သရုပ်မှန်ကို ဖော်ပြ မှတ်တမ်းတင်ထားနိုင်မည်မှာ မီဒီယာသာ ဖြစ်ပေသည်။

ဒေသ၏ အသံနှင့် ဒေသ၏ သရုပ်မှန်ကို အများသိအောင် ပြုလုပ်နိုင်မှ ၊ တနည်းဆိုရသော် မူဝါဒ ချမှတ်သူ များ ၏
ရွှေနားတော်ဆိုက်မှ အဆိုပါဒေသ၏ အရေးကို အလေးထား ပြုလုပ်ရန် စဉ်းစားပေမည်။

ယခုလက်ရှိတွင် ထားဝယ်ဒေသသည် တိတ်ဆိတ်သော ဒေသဖြစ်နေသည်။ မီဒီယာ အခင်းအကျင်းပေါ်တွင် ထားဝယ်ကို


မတွေ့ရသလောက်ရှိပေသည်။ရွေးကောက်ပွဲတွင်လည်း ပါတီများ ၏ အလေးထားစဉ်းစားသည့် ဒေသများထဲတွင်
မပါဝင်ပေ။

ဤကဲ့သို့သော အခြေအနေအရပ်ရပ်သည် ရေနက်ဆိပ်ကမ်းနှင့် စက်မှု မြို့တော် ဖြစ်လာသည့်အခါ ဒေသခံလထ


ူ အ
ု တွက်
များစွာ ထိခိုက်နစ်နာနိုင်ပေသည်။

ယခုလက်ရှိတွင်ပင် အဆိုပါ စီမံကိန်းတွက် ကျေးရွာ ၁၉ ရွာ ၊ မိသားစုပေါင်း ၃၉၇၇ ၊ လူဦးရေ ၃၂၂၇၉ က


ရွေ့ပြောင်းပေးရမည့် အခြေအနေတွင် ရှိနေပေသည်။ အဆိုပါ အခြေအနေတွင် ဒေသခံများဘက်က ရင်ဆိုင်ရသည့်
အခြေအနေအရပ်ရပ်ကို အမြဲတမ်း စောင့်ကြည့်ပေးနိုင်သည့် မျက်လုံးများ ရှိရန်လိုအပ်ပါသည်။

အစိုးရ ၊ ဒေသခံ နှင့် စီးပွားရေးလုပ်ငန်းရှင်များကြားတွင် အားကိုးအားထားပြုလောက်ဖွယ် အဖွဲ့အစည်း ဖြစ်ဖြစ် ၊


မီဒီယာဖြစ်ဖြစ် ( ဒေသခံတို့အတွက် စောင့်ကြည့်ပေးမည့် မျက်လုံး များ ) မရှိခဲ့လျှင် ထားဝယ်ဒေသမှ
လူထုတစ်ရပ်လုံးရင်ဆိုင်နေရသည့် ပြဿနာ အရပ်ရပ်တို့ သည် ပုံပြင်သဖွယ် ဖြစ်နေပေဦးမည်။

အဆိုပါ အခြေအနေအရပ်ရပ်ကို ချိန်ဆကြည့်ခြင်းဖြင့် ထားဝယ်ဒေသတွင် မီဒီယာ၏ အခန်းကဏ္ဍကို မြှင့်တင်ရန်နှင့် မီဒီယာ


ပလက်ဖောင်းပေါ်သို့ တင်ရန် အတွက် အလေးထားစဉ်းစားရမည့် အချိန်ဖြစ်နေပြီဖြစ်သည်ဟု ဆိုလိုရင်းဖြစ်သည်။

ဗထူးမီဒီယာ

Bahtoo Media Page 37


ထားဝယ်ဒေသ ရေနက်ဆိပ်ကမ်း နှင့် စက်မှုမြို့တော်အတွက် ရာထားချက်များ

ဆိပ်ကမ်းနှင့် စက်မှုမြို့တော် ရှိ ဇုန်များပြဇယား ( မြေဧရိယာ - ၂၅၀ စတုရန်း ကီလိုမီတာ )

စက်မှုလုပ်ငန်းများ ဇုန်အမှတ် မြေဧရိယာ ပါဝင်သော စက်ရုံများ

အကြီးစားစက်မှုလုပ်ငန်းများ ဇုန်အမှတ် စတုရန်း ရေနက်ဆိပ်ကမ်း ၊ သဘောင်္ကျင်းလုပ်ငန်း ၊ ၄၀၀၀


( Heavy Industy) A,B ကီလိုမီတာ မီဂါဝမ် ကျောက်မီးသွေး လောင်စာသုံး
၂၀.၉ ) လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၊ သံမဏီစက်ရုံ ၊
ဓာတ်မြေသြစာ စက်ရုံ ၊ ရေနံစိမ်းနှင့်
သဘာဝဓာတ်ငွေ့ သိုလှောင်ရေးစခန်းများ၊
ရေနံချက်စက်ရုံ ၊ ဓာတ်ငွေ့ခွဲ စက်ရုံ ၊
လျှပ်စစ်ဓာတ်အားပေးစက်ရုံ ( Combine Cycle) ၊
ဓာတုဗေဒ စက်မှုလုပ်ငန်းများ

အလယ်အလတ် အကြီးစား ဇုန် အမှတ် C စတုရန်း ရေနံဓာတု လုပ်ငန်းများ


စက်မှုလုပ်ငန်းများ ကီလိုမီတာ
( Medium Heavy Industry ) ၆၅.၁
အလတ်စားစက်မှုလုပ်ငန်းများ ( ဇုန်အမှတ် D စတုရန်း ကြွေပြား ၊ စက္ကူ၊ မှန် ၊ ပလတ်စတစ် ၊ အလူမီနီယံ ၊
Medium Industry ) ကီလိုမီတာ မော်တော်ယာဉ် စက်အပိုပစ္စည်းများ
၅၈.၆
အသေးစား စက်မှုလုပ်ငန်းများ ဇုန်အမှတ် E စတုရန်း စားသောက်ကုန်လုပ်ငန်း ၊ ပရိဘောဂလုပ်ငန်း ၊
( Light Industry ) ကီလိုမီတာ အထည်ချုပ်လုပ်ငန်း
၄၃
အများသုံးနယ်မြေ ဇုန်အမှတ် F စတုရန်း စီးပွားရေးအဆောက်အအုံများ၊ ဌာနဆိုင်ရာ
( Public Zone ) ကီလိုမီတာ ရုံးအဆောက် အအုံနှင့် မြို့ပြ လူနေအိမ်ယာ
၁၃.၅

စက်မှုဇုန်ဧရိယာ အတွင်းကျရောက်သည့် ရွာများ မိသားစုများနှင့် လူဦးရေ

စဉ် ကျေးရွာအမည် အိမ်ခြေ မိသားစု လူဦးရေ စာသင်ကျောင်း ဘာသာရေးအဆောက်အဦး


၁ ရလိုင်ကျေးရွာ ၂၃၀ ၂၅၂ ၂၅၃၅ ၁ ၁
၂ ပုဂေါဇွန်း ၂၄၉ ၂၆၉ ၂၄၅၅ ၁ ၁
၃ သပြေဇွန်း ၁၅ ၂၀ ၂၀၂ - ၁
၎ ကျခတ္တပင်အင်း ၁၆၀ ၁၈၃ ၂၂၉၉ ၁ ၁
၅ ကျောက်ထောက် ၁၇၉ ၂၀၄ ၂၁၆၅ ၁ ၁
၆ ဒေါင်းရှောင် ၈၂ ၁၀၁ ၆၀၃ ၁ ၁
၇ ပိန်းရှောင် ၂၄၀ ၂၂၆ ၃၀၁၀ ၁ ၁
၈ ကျောက်ဝှက်ကုန်း ၁၉၆ ၂၁၀ ၁၉၀၀ ၁ ၁

Bahtoo Media Page 38


၉ မူးဒူး ၂၀၀ ၃၂၀ ၂၀၈၁ ၁ ၁
၁၀ မသဒတ် ၅၂၀ ၅၅၄ ၃၉၄၉ ၃ ၂
၁၁ ထိန်းကြီး ၃၁၅ ၃၇၆ ၂၄၃၉ ၂ ၃
၁၂ မင်းဒပ် ၅၁ ၅၇ ၅၀၄ ၁ ၁
၁၃ အရှေ့မြို့ဟောင်း ၂၄၂ ၂၈၇ ၂၃၉၁ ၁ ၁
၁၄ ဆင်ပုနစ် ၄၁ ၄၉ ၅၀၉ ၁ ၁
၁၅ နတ်တွင်း ၂၃၆ ၂၆၈ ၂၆၆၈ ၁ ၁
၁၆ မယင်းကြီး ၁၀၉ ၁၂၉ ၁၈၀၂ ၁ ၂
၁၇ လဲရှောင် ၃၅၀ ၃၈၁ ၂၁၃၅ ၁ ၁
၁၈ ညောင်ပင်ဆိပ် ၂၁ ၂၈ ၂၀၅ ၁ ၁
၁၉ ပိတက် ၁၈ ၂၃ ၁၄၅ ၁ ၁
စုစုပေါင်း ၃၄၅၈ ၃၉၇၇ ၃၂၂၇၉ ၂၁ ၂၃

စနစ်တကျ အစီအစဉ်တွေ မရှိဘူးဆိုရင်တော့  ဒေသခံတွေက အနာဘက်က ချည်းပဲ


ရေနက်ဆိပ်ကမ်းနှင့် စက်မှုမြို့တော် ဧရိယာမှ ဒေသခံတစ်ဦးနှင့် စကားပြောကြည့်ခြင်း

ထားဝယ်ေ၇နက်ဆိပ်ကမ်း နှင့်  စက်မှု မြို့တော် စီမံချက်တွင် ရွာပေါင်း ၁၉ ရွာ ပြောင်းေ၇ွ့ ရမည်ဖြစ်ပြီး ၊ မိသားစုပေါင်း သုံးထောင်ကျော် လည်း
စီးပွားရေး ၊ လူမှုရေး ပြဿနာများနှင့် ရင်ဆိုင် ဖွယ် ရှိသည်။ မြေယာ ပြဿနာ ၊ ပတ်ဝန်း ကျင် ညစ်ညမ်းမှု ပြဿနာ ၊ လူမှုရေး စီးပွားရေး အခင်း
အကျင်း အသစ်များ နှင့် ရင်ဆိုင်တွေ့ကြုံရမည်ဖြစ်သည်။

ယင်းကဲ့သို့ သော အနေအထားတွင် ဒေသခံများအနေဖြင့် မည်ကံသို့ ခံစားနေရသည်။ မည်ကဲ့သို့ ပြင်ဆင်ထားသင့်သည် တို့ ကို သိရှိရန်
ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုံ ဧရိယာ တွင် တည်ရှိသော သစ်တိုထောက် ကျေးရွာ အုပ်စုမှာ ဒေသခံ တစ်ဦးဒေသခံတစ်ဦးနှင့် စကားပြောဖြစ်ခဲ့ပါသည်။

ဗထူး မီဒီယာ - အခု ရွာတွေ ပြောင်းရတော့မယ့် အထဲမှာ အစ်ကို တို့လည်း ပါတယ်လို့ သိရပါတယ်။ အဲလို
ပြောင်းရမယ်လို့ သိတော့ ဒေသခံတွေက ဘယ်လို ခံစားကြရသလဲ ။

ဒေသခံ - လူတော်တော်များက တော်တော်ကို စိတ်ပျက်သွားတယ်။ တော်တော်လည်း အဆိုး ဘက်ကို မြင်သွားတယ်။


သူတို့ က သိမ်းမယ်လို့လည်း မပြောဘူး ၊ မသိမ်းဘူးလို့ လည်း မပြောဘူး။ တိုင်းတာ ပြုတာကတော့
အိမ်သာ မကျန်လုပ်တယ် ။ အဲလို လုပ်တော့ ရွာထဲ မှာ ခြံအရောင်းအ၀ယ် ၊ အိမ် အရောင်းအ၀ယ် လုံး ဝ
မရှိတော့ဘူး ။ လူတွေလည်း တော်တော် စိတ်ဓာတ်ကျဆင်းသွားတယ်။ ခြံတွေကို လည်း မပြုပြင်တော့ဘူး။
တောလည်း မခုတ်တော့ဘူး။ သစ်ပင်တွေလည်း အစာမကျွေးတော့ဘူး။

ဗထူး မီဒီယာ - တခြားရွာတွေ ဆီက ရော ဘာ အသံတွေ ကြားသေးလဲ ။

ဒေသခံ - နဘုလယ် တစ်ခါရောက်လို့  မေးကြည့်တော့ ဒေသခံတွေက ရွာပြောင်းရမှာကို မကြောက်ကြပါဘူးလို့ 


ပြောတာပဲ ။ ဒါပေမယ့် ပြောတဲ့သူက ရ.ယ. က ဥက္ကဌ ဖြစ်နေတယ်။ သူပြောတဲ့ ဟာကို ယုံလို့ ရချင်မှ
ရမယ်။ မှန်ချင်မှလည်း မှန်မှာပေါ့ ။ လူတွေက တော့ ကြောက်နေကြတာ အသေအချာပဲ။

Bahtoo Media Page 39


ဗထူး မီဒီယာ - ဒီရေနက်ဆိပ်ကမ်း စီမံကိန်းသာ ဖြစ်လာမယ် ဆိုရင် ရွာသားတွေ အတွက် ဘယ်လောက်
အကျိုးရှိနိုင်မယ်လို့ ထင်လဲ

ဒေသခံ - အဓိက ကတော့ အလုပ်အကိုင် အခွင့်အလမ်းပဲ ၊ ဒီရေနက်ဆိပ်ကမ်း ဖြစ်လာရင် အခြေခံ အလုပ်သမား


တွေ လိုအပ်ချက်တော့ ရှိလာမှာပဲ ။ အဲ ဒီဟာ အတြကေ
် တာ့ ဒေသခံတွေ အလုပ်ရကြမယ်ထင်တယ်။
ဒေသခံ တော်တော်များများက ပညာတတ်မဟုတ်ကြတော့ ရေနက်ဆိပ်ကမ်း
တည်ဆောက်ပြီးသွားရင်တော့ ပညာတတ် လူနည်းစု အတွက်ပဲ အဆင်ပြေကြလိမ့်မယ်ထင်တယ်။

ဗထူး မီဒီယာ - အင်း……….ဒါပေမယ့် သူတို့ လုပ်မယ့် စက်မှုဇုံမှာ ချည်ထည် စက်ရုံတို့ လိုမျိုး စက်မှုလုပ်ငန်းတွေ
လည်းပါတယ်တော့ အဲ ဒီစက်ရုံတွေမှာ ရော အလုပ်မရနိုင်ကြဘူးလား

ဒေသခံ - ရနိုင်ပါတယ်။ ဒါပေမယ့် လူ့အရင်းအမြစ် အနေအထားက မရှိဘူး။ လုပ်နိုင်ကိုင်နိုင်တဲ့ လူငယ်တွေ


အားလုံးက ထိုင်းမှာ ဖြစ်နေတယ်။ တစ်ချက်တော့ ရှိတယ်ပေါ့လေ။ ဒီကပေးတဲ့ လစာက ထိုင်းမှာထက်
အဆင်ပြေရင်တော့ သူတို့ ပြန်လာချင်ပြန်လာကြမှာပေါ့ ။

ဗထူး မီဒီယာ - ဒီရေနက်ဆိပ်ကမ်းသာ ဖြစ်လာရင် ဒေသခံတွေ၊ ထားဝယ်ဒေသ အတွက် ကောင်းခြင်းနဲ့ ဆိုးခြင်း


ဘယ်ဟာက ပိုများမယ်လို့ ထင်လဲ။

ဒေသခံ - အင်း………….စီးပွားရေး အနေနဲ့ ကြည့်ရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ်


ဆိုရင်တော့ ကျွန်တော်တို့လည်း အားပေးပါတယ်။ နောက်တစ်ခုက သူတို့ က ဒေသခံတွေကို မြေယာ
ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီးတော့ ထိုက်သင့်တဲ့ လျော်ကြေး ပေးလိုက်မယ်ဆိုရင်တော့ အားလုံး
အဆင်ပြေပြေ ပျော်ပျော် ရွင်ရွင် ဖြစ်သွားပါလိမ့်မယ်။ အခုလက်ရှိက ဒီ စီမံကိန်းက မြို့ နေလူထုနဲ့
ပညာတတ်တဲ့ လူအနည်းစု လေး က တော့ ထောက်ခံ ကြတယ်။ ဒီအခြေအနေကို ညှိပေးဖို့က
စီမံကိန်းလုပ်သူ တွေပဲ။ ထိုင်း ပရောဂျက် သမားတွေက ပညာပေးသင့်တယ်။ ဘယ်မြေ ဘယ်မြေတွေကို
ယူမယ်။ ဘယ်လို စက်ရုံတွေ ဆောက်မယ်။ လျော်ကြေးတွေကို ဘယ်လိုပေးမယ် စသဖြင့်ပေါ့။ ဘယ်လို
အလုပ်အကိုင် အခွင့်အလမ်း မျိုးတွေ ဖန်တီးပေးမယ် စသဖြင့်ပေါ့ ။ ဒါဆိုရင် ဒေသခံတွေလည်း
ပျော်သွားမယ်။ အခုဟာက တစ်ဖက်သတ်ကြီး ဖြစ်နေတယ်။

ဗထူး မီဒီယာ - အခုလက်ရှိကတော့ ဒီဒေသက တကယ်က


ို့ စိမ်းလန်းတဲ့ နယ်မြေဖြစ်နေဆဲပေါ့။ ရေနက်ဆိပ်ကမ်းကြီး
ရော စက်မှုဇုံရော တည်ဆောက်လို ပြီးသွားပြီပဲ ထားလိုက်ပါတော့ ။ အဲဒါတွေ ဖြစ်လာမယ်ဆိုရင် ဒီဒေသ
ရဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်လာနိုင်ခြေတွေက ဒေသ အပေါ် ဘယ် လောက် အထိ ထိခိုက်နိုင်လဲ။

ဒေသခံ - ဒါက နည်းနည်းပြောရခက်တယ်ဗျ။ ကျွန်တော်တို့ နိုင်ငံကိုယ်၌ကလည်း ဖွံ့ဖြိုးပြီးသားနိုင်ငံ တစ်နိုင်ငံ


မဟုတ်တော့ မလုပ်ရဘူးတားလို့  မဖြစ်နိုင်ဘူး။ စက်ရုံတွေ က စွန့်ပစ်ပစ္စည်းတွေကို ဘယ်လို
စွန့်ပစ်ရမယ် ဘာညာ ပေါ့နော် ၊ အဲလို သဘောတူညီမှုတွေ ရှိထားရင်တော့ ကောင်းမယ်။ နော်တစ်ခုက
အလုပ် အကိုင် အခွင့် အလမ်းကိစ္စပါ ။ ဒီဒေသမှာ တော်တော်များများက ငါးဖမ်းကြတာများတယ်။
ကမ်းနီးပေါ့။

တကယ်လို့ အဲလို စက်ရုံတွေသာ ပင်လယ်ထဲ စွန့် ပစ်ပစ္စည်းတွေ စွန့်ပစ်ရင်တော့


ဒီအနီးအနားတစ်ဝိုက်မှာ ငါး ဖမ်းလို့ရတော့ မှာ မဟုတ်ဘူး။လှေ အကြီး ကြီးတွေနဲ့ ကမ်းဝေး ထွက်ဖမ်းတဲ့
လှေတွေ က ပြဿနာ သိပ်မရှိဘူး။ လှေ အသေးလေးတွေနဲ့ ချောင်းနား ကမ်းနားမှာ ကမ်းနီး
Bahtoo Media Page 40
ငါးဖမ်းလုပ်ငန်းလုပ်နေတဲ့ သူတွေ အခက်တွေ့လိမ့်မယ်။ စက်ရုံတွေက ဘယ်လောက်ပဲ စည်းစနစ်ရှိရှိ
စွန့်ပစ် စွန့်ပစ် အနည်းနဲ့ အများတော့ ထိခိုက်မှာပဲ။

ဗထူး မီဒီယာ - သူတို့ နိုင်ငံမှာတောင် စည်းစနစ်တကျ မစွန့် ပစ်ကျတဲ့ ထိုင်းတွေ က ကျွန်တော်တို့ ဆီမှာ
စည်းစနစ်တကျ စွန့် ပစ် လိမ့်မယ်လို့ ထင်လား ။

ဒေသခံ - ဒါကတော့ ဘာဖြစ်လာမယ်ဆိုတာကို ရတိပြတ်မပြောနိုင်ဘူး။ အစိုးရက ဘယ်လို သဘောတူညီမှုတွေ


ထားသလဲ ဆိုတဲ့ အပေါ်မှာ ပဲ မူတည်မယ်ထင်တယ်။

ဗထူး မီဒီယာ - တကယ်လို့ ရေနက်ဆိပ်ကမ်းနဲ့ စက်မှု ဇုံသာ ဖြစ်လာမယ်ဆိုရင် ဘယ်လို မျိုးတွေ ဖြစ်လာမယ်လို့
ထင်လဲ။

ဒေသခံ - လူတန်းစာ နှစ်ရပ်ကသ


ွဲားနိုင်တယ်။ အခုတောင်ကွဲ နေပြီဗျာ ။ ရွာက လူထုက ဒီရေနက်ဆိပ်ကမ်းနဲ့
စက်မှုဇုံကိစ္စကို မကြိုက်ကြဘူး။ မြို့နေလူထုက ကျတော့ အဲဒါကို လက်ခံတယ်။ ကြိုက်ကြတယ်။

ဗထူး မီဒီယာ - ဒီစီမံကိန်းကြီးသာ ဖြစ်လာရင် အစိုးရရယ်။ စီးပွားရေးလုပ်ငန်းရှင်ရယ် ၊ ကျေးရွာလူထုရယ် ကြားမှ နေမယ့်


ရပ်ရွာအခြေပြု အဖွဲ့ အစည်းတွေ က ဘယ်လောက်အထိ အရေးပါလာမလဲ။ ဘယ်လောက်အထိ
လူထဘ
ု က်က ရပ်တည်ပေနိုင်မလဲ ။ အစ်ကို ရဲ့ အမြင်ပေါ့။

ဒေသခံ - တော်တော် အရေးပါပါတယ်။ အဲဒအ


ီ ဖွဲ့လေးတွေကပဲ ဘာတွေတော့ ဖြစ်နေုပြီ ။ ပြီးတော့ ရပ်ရွာလူထုကို
ပညာပေးတာတွေပေါ့။ အဲဒအ
ီ ဖွဲ့လေးတွေကပဲလုပ်ပေးရမှာပါ။ ပြီးတော့ သဘောတူညီမှုတွေ
ဖြစ်လာဖို့ပေါ့။ စက်ရုံ ဘယ်နှယ်ရုံ ဆောက်မယ်။ ဘယ်လို မျိုး စည်းမျဉ်းစည်းကမ်းတွေ ထိန်းသိမ်းရမယ်
စသဖြင့်ပေါ့ အဲဒါမျိုးတွေ ဖြစ်လာအောင် လုပ်ရမယ်ထင်တယ်။

ပြီးတော့ အဲဒအ
ီ ဖွဲ့လေးတွေက အမြဲတမ်းစောင့်ကြည့်နေမယ်။ စက်ရုံတွေ တိုး ဆောက်လာသလား။
စွန့်ပစ်ပစ္စည်းတွေ တအား အများကြီးစွန့်ပစ်နေသလား။ အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးနိုင်ရဲ့လား
အဲဒီလို မျိုး လူမှုရေး စီးပွားရေး ပညာရေး နဲ့ ပတ်သက်ပြီး စောင့်ကြည့်မယ်။

အဲလိုဆိုရင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်လည်း ပြန်ပြီး ညှိလို့ရမယ်။

ပြီးတော့ကာ သဘောတူညီမှုတွေ ဖြစ်လာဖို့ပေါ့ ၊ ဒေသခံလူထု လက်ခံ နိုင်တဲ့ သဘော တူညီမှု ၊


ဒေသခံတွေ တဲ့ အကျိုးရှိမယ့် သဘော တူညီမှုမျိုးတွေ ဖြစ်လာဖို့ ဆိုရင် အကျိုးအမြတ် မကြည့်တဲ့
အဖွဲ့လေးတွေ ၊ ဒေသခံတွေ ဖက်က ရပ်ပေးမယ့် အဖွဲ့လေးတွေ ရှိဖို့လိုတယ်။ အစိုးရကိုချည်းပဲ
အားကိုးလို့မရတော့ဘူး။ သူတို့က ဥပဒေကို လက်ထဲကိုင်ပြီး လုပ်ချင်သလို လုပ်နေတာ။

အဲဒအ
ီ ဖွဲ့လေးတွေက စေတနာပါပါ နဲ့လည်းလုပ်မယ် လုပ်သာကိုင်သာ တဲ့ အနေအထားမျိုးလည်း
ရှိမယ်ဆိုရင် တော်တော်လေးကို ထိရောက်မယ် ။ အကျိုးရှိမယ်။

ဗထူး မီဒီယာ - အစိုးရရယ် ၊ စီးပွားရေးလုပ်ငန်းရှင်ရယ်၊ ဒေသခံရယ် အဲဒီထောက်တိုင်သုံးတိုင်ကြားမှာ လူမှုရေး အဖွဲ့


အစည်းတွေက တကယ်ကော လုပ်နိုင်စွမ်းရှိပါ့မလား။ ထိုင်းမှာ ဖြစ်သွားတာကကျတော့ ပတ်ဝန်းကျင်
ပျက်စီးနေပါပြီ ဆိုပြီးတော့ တရားရုံးကို တိုင်တယ်။ တကယ်လည်း အဲဒီ စက်မှုဇုံတ၀ိုက်မ မိသားစုတွေက
မိသားစုလိုက်ကို ကင်ဆာတွေဖြစ်နေကြတယ်။ ဒါပေမယ့် တရားရင်ဆိုင်စဉ်မှာ ယာယီပိတ်ထားတဲ့ စက်ရုံ

Bahtoo Media Page 41


၇၄ ရုံမှာ ၇၂ ရုံထင်တယ်ဗျာ ။ အဲဒါကို ပြန်ဖွင့်ခွင့်ပေးလိုက်တယ် ။ ဆိုတော့ လူမှုရေး အဖွဲ့တွေက
ဘယ်လောက် ထိလုပ်နိုင်မှာလဲ ။ ကျွန်တော်တို့ ဆီမှာပေါ့ ။

ထိုင်းအနေအထားနဲ့တော့ မတူနိုင်ဘူးထင်တာပဲ ။ ကျွန်တော်မျော်လင့်တာကတော့ အစိုးရက


ဘယ်လောက်ဆိုးတဲ့ အစိုးရဖြစ်ဖြစ် ပြည်သူတွေ ဒီလောက်ထိ ဒုက္ခဖြစ်မှာကို တော့
မလုပ်လောက်ဘူးထင်တာပဲ။ ထိုင်းမှာက ဘယ်လို အခြေအနေတွေ ကြောင့် ပြန်ဖွင့်ခွင့် ပေးလိုက်သလဲမှ
မသိတာ။ တကယ်လို့ သာ အစိုးရက ဒေသခံတွေ ဖက်မှာ ရှိရင် သူတို့မလုပ် လောက်ပါဘူး။ ကျွန်တော်က
တော့ အဲလို ယူဆတယ်။

ဗထူး မီဒီယာ - လူနေမှုဘ၀တွေရော ပြောင်းလဲသွားနိုင်သလား ။ ဆိုပါတော့ လူတန်းစား ကွာဟ မှုများလာတာမျိုးပေါ့။

ဒေသခံ - အင်း…..။ ဖြစ်လာနိုင်ပါတယ်။ ပညာတတ်တဲ့သူတွေနဲ့ ပညာမတတ်တဲ့သူတွေ


တဖြည်းဖြည်းကွာသွားလိမ့်မယ်။

ကျွန်တော့်အမြင်အရတော ဒေသခံ တွေက အားလုံးအနာဖက်ကချည်းပဲ ။


ပတ်ဝန်းကျင်ထိန်းသိမ်းရေးဖက်ကကြည့်ကြည့် ၊ လူမှုရေးဖက်က ကြည့်ကြည့် ၊ စီးပွားရေးဖက်က
ကြည့်ကြည့်ပေါ့ ။

ဗထူး မီဒီယာ - တကယ်လို့ စက်မှုမြို့တော်ကြီးဖြစ်လာပြီဆိုရင် ဒေသခံတွေ အနေနဲ့ ဘယ်လို စီးပွားရေးလုပ်ငန်းတွေ


လုပ်ကိုင်ဖို့ အခွင့်အလမ်းကောင်းတွေ ရလာမလဲ။ အဲဒအ
ီ တွက် ဘာတွေ ပြင်ဆင်ထားသင့်တယ်လို့
ထင်လဲ။

ဒေသခံ - သိပ်တော့ မပြောတတ်ဘူးဗျ။ စက်မှုမြို့တော်ဖြစ်လာတော့ လူတွေ များလာမယ်ဗျာ ။ဆိုတော့ တိုး လာတဲ့


လူဦးရေ အပေါ်မှာ မှီပြီးတော့ စတိုးဆိုင်လေး ၊လူသုံးကုန်ပစ္စည်း ၊ ဈေးဆိုင်လေးတွေ ၊ ထမင်းဆိုင်လေးတွေ
ဖွင့်လို့ ရရင်ရမယ်ပေါ့။ လူတွေ စိမ့်ဝင်လာ ရင်တော့ သူ့ဟာသူဖြစ်သွားမယ်ထင်ပါတယ်။ အဲဒါတွေ
အတွက် ကြိုပြင်ဆင်ထားသင့်တယ် ထင်တယ်။ ကြိုပြီးလက်ဦးမှုယူထားသင့်တယ်ပေါ့ ။ ငွေ
အလုံးအရင်းနဲ့ လာရင်းနှီးတဲ့ သူတွေ လာရင် ဒေသခံတွေ အတွက် အခွင့်အလမ်းက နည်းသွားလိမ့်မယ်။

ဗထူး မီဒီယာ - ဒီရေနက်ဆိပ်ကမ်းနဲ့ စက်မှုမြို့တော် စီမံကိန်းနဲ့ပတ်သက်ပြီ ဒေသခံ တစ်ယောက်အနေနဲ့


ဘာပြောချင်သေးလဲ

ဒေသခံ - ပြောချင်တာက ဒီစီမံချက်ကို မစခင် မှာ အစိုးရအနေနဲ့ စီးပွားရေးပညာရှင် ၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ


ပညာရှင် အဲလို သက်ဆိုင်ရာ ပညာရှင်တွေ နဲ့ အကြေအလည် ဆွေးနွေးသင့်တယ် လို့  မြင်တယ်။
ပြီးတော့ တကယ်လုပ်ပြီဆိုရင်လည်း ဒေသခံလူထုကို ဘယ်လို လုပ်ပေးမယ်။ ပထမဆုံးဗျာ မြေယာ
ပြောင်းရွေ့ရမှုနဲ့ ပတ်သက်ပြီး ဘာတွေ လုပ်ပေးမယ်ဆိုတာ မျိုးအစီအစဉ်ရှိသင့်တယ်။ ထိုက်သင့်တဲ့
လျော်ကြေးပေးသင့်တယ်။

ပြီးတော့ ဒေသခံလူထု အလုပ်လက်မဲ့ မဖြစ်ဖို့ ဘယ်လိုနေရာတွေ မှာ ပါဝင်ခွင့်ပေးမယ့် ၊ အလုပ်အကိုင်


အခွင့်အလမ်းတွေ ဖန်တီးပေးမယ်ဆိုတာမျိုးရှိသင့်တယ်။ ပြီးတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့
ပတ်သက်ပြီးတော့ အကန့် အသတ်တွေ ထားသင့်တယ်။

Bahtoo Media Page 42


ဥပမာ - စက်ရုံဘယ်နှယ်ရုံပဲ ဆောက် ၊ ကာဗွန်တွေ ဘယ်နှယ်တန်ပဲ ထုတ် ရေဆိုးဘယ်လောက်ပဲ ထုတ်
ဆိုတာ မျိုး ပေါ့။ အဲဒါတွေ ကို လွတ်လပ်စွာ စောင့်ကြည့်မယ့်  အဖွဲ့တွေ လည်း ထားသင့်တယ်။
ဒီစက်မှုဇုန် နဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့်  ၊ တင်ပြခွင့်၊ လေ့လာ စောင့်ကြည့်ခွင့် ပေးထားမယ် ဆို၊
အဲဒအ
ီ ဖွဲ့ကို အစိုးရကလည်း ထောက်ပံ့ထားမယ်ဆိုရင် ၊ သူ့ဟာသူ ထိန်းသွားမယ်ထင်တယ်။

အဲလို စနစ်တကျ အစီအစဉ်တွေ မရှိဘူးဆိုရင်တော့ ဒေသခံ တွေ က လုံးဝ အနာဘက်က ချည်းပဲ ဖြစ်မှာပဲ။

ထားဝယ်ရေနက်ဆိပ်ကမ်း ထိုင်းအစိုးရ ကူညီပံ့ပိုးမည်

ဘန်ကောက် ၊ နိုဝင်ဘာ ၅ သတင်း

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့အနီးတွင် တည်ဆောက်တော့မည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ချောမွေ့


အောင်မြင်ရေးအတွက် ထိုင်းနိုင်ငံ အစိုးရက လိုအပ်သည်များပံ့ပိုးကူညီမည်ဖြစ်ကြောင်း အဆိုပါ စီမံကိန်းကို တာဝန်ယူ
တည်ဆောက်မည့် Italian – Thai Development Public Company Ltd. ဒုတိယ ဥက္ကဌ အာနန်အမရာပါလက သတင်း
ထုတ်ပြန်သည်။

မိမိတို့ ကုမ္ပဏီသည် ထိုင်းနိုင်ငံ


အခြေစိုက် အကြီးဆုံး
ဆောက်လုပ်ရေးကုမ္ပဏီဖြစ်ကြောင်း၊
ဘန်ကောက်မြို့မှ ၁၈၆ မိုင် အကွာ
အဝေးတွင် တည်ရှိမည့် ထား
ဝယ်ရေနက်ဆိပ်ကမ်း တည်
ဆောက်မှု ကုန်ကျ စရိတ်သည်
အမေရိကန်ဒေါ်လာ သန်း ၈၆၀၀
ရှိမည်ဖြစ်ပြီး ယင်းစီမံကိန်းကြောင့်
ထိုင်း နိုင်ငံ၏ ပြည်ပ ပို့ကုန်ကဏ္ဍ
သိသာစွာ ဖွံ့ဖြိုး တိုး တက် လာမည်
ဖြစ်ကြောင်း၊ မိမိတို့ ကုမ္ပဏီနှင့် ထိုင်းအစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်များအကြား ယင်းစီမံကိန်းနှင့် စပ်လျဉ်း၍ လိုအပ်ဘဏ္ဍာငွေ
ပြေလည်ရေး အသေးစိတ်ကိစ္စများ ဆွေးနွေးရန် ပြင်ဆင်နေကြောင်း အာနန်အမရာပါလက ဆိုသည်။

ထားဝယ်ရေနက်ဆိပ်ကမ်းသည် ထိုင်းနိုင်ငံတွင် လက်ရှိလည်ပတ်နေသည့် အကြီးဆုံးဆိပ်ကမ်းထက် ၁၀ ဆ ခန့် ပိုမိုကြီး


မားကြောင်း ၊ ယင်းစီမံကိန်းတွင် အထူးစီးပွားရေး စက်မှုဇုန်တည်ဆောက်ခြင်းလည်း ပါဝင်မည်ဖြစ်ရာ ယင်းစက်မှု ဇုန်တွင်
ရင်းနှီးမြှုပ်နှံရန် ဂျပန်နိုင်ငံမှ Nippon Steel Corp နှင့် ထိုင်းစွမ်းအင် ကုမ္ပဏီ PTT တို့က စိတ်ဝင်တစား စူးစမ်းနေပြီဖြစ်
ကြောင်း ၎င်းက ပြောကြားသည်။

ထိုင်းနိုင်ငံရှိ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း အချို့လည်း အဆိုပါ ထားဝယ်ဆိပ်ကမ်း စက်မှုဇုန်၌ လုပ်ငန်းများ


ထူထောင်ရန် စိတ်ဝင်စားနေသည်ဟု ထိုင်းမီဒီယာများက ဖော်ပြသည်။ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် Italian
– Thai Development ကုမ္ပဏီ၏ အစုရှယ်ယာ တန်ဖိုးသည် တစ်ယူနစ်လျှင် ၀ ဒသမ ၉ ရာခိုင်နှုန်းမြင့်မား သွားကြောင်း
The Asia Bussiness သတင်းမီဒီယာဖော်ပြချက်အရသိရသည်။

The Voice ဂျာနယ်မှ သတင်းကို ကူးယူဖော်ပြသည်။

Bahtoo Media Page 43


တနင်္သာရီကြိုးဝိုင်းတွင် ကျားစာရင်းကောက်ယူမည်

ရန်ကုန် ၊ အောက်တိုဘာ -၁၅ သတင်း

မြန်မာနိုင်ငံတွင် ကျားကောင်ရေ ကျန်ရှိကျက်စားသောနေရာများတွင် ကျားကောင်ရေ ဒုတိယ အများဆုံး


ကျန်ရှိကျက်စားနိုင်သော နေရာဖြစ်သည့် တနင်္သာရီ သဘာဝ ကြိုးဝိုင်း၌ ကျားစာရင်းကောက်ယူခြင်း လုပ်ငန်းများကို
လာမည့် ပွင့်လင်းရာသီတွင် သစ်တောဦးစီးဌာနနှင့် သားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ ( WCS) တို့ ပူးပေါင်း
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရှိရသည်။

မကြာသေးမီက ကျားထိန်းသိမ်းရေး နယ်မြေတိုးချဲ့ သတ်မှတ်သဖြင့် ကမ္ဘာ့ အကြီးဆုံး သဘာဝ ကျားထိန်းသိမ်းရေး


နယ်မြေဖြစ်လာသည့် ဟူးကောင်း ကျားထိန်းသိမ်းရေးနယ်မြေတွင် ကျားကောင်ရေ ၅၀ မှ ၈၀ အတွင်း ကျန်ရှိနိုင်ကြောင်း
ကွင်းဆင်းလေ့လာမှုများအရ ခန့်မှန်း နိုင်ခဲ့ ပြီး တနင်္သာရီ သဘာဝကြိုးဝိုင်းတွင်လည်း ကျားကျန်ရှိနေမှုများကို လေ့လာရင်း
ကွင်း ဆင်းကာ ကျားစာရင်းကောက်ယူမည်ဖြစ်ပြီး ခန့်မှန်းချက်များအရ ထိုကြိုးဝိုင်းတွင် ကျားကောင်ရေ ၃၀
ခန့်ကျန်ရှိနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၁၅၀ လောက်သာ ကျန်ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး ဟူကောင်း ကျားထိန်းသိမ်းရေး


နယ်မြေပြီးလျှင် တနင်္သာရီ သဘာဝ ကြိုးဝိုင်းမှာ ကျားများကျန်ရှိကျက်စားမှုအများဆုံးဖြစ်ပြီး ဟူကောင်းဒေသတွင်
ဘင်္ဂလားကျားမျိုးစိတ် ( Penthera tigris tigris) များကျက်စားပြီး တနင်္သာရီ သဘာဝကြိုးဝိုင်းတွင်မှု
အင်ဒိုချိုင်းနားကျားမျိုးစိတ် ( Penthera Tigris Corbetti ) များ ကျက်စားလျက်ရှိသည်။

တနင်္သာရီ သဘာဝကြိုးဝိုင်းကို ၂၀၀၅ ခုနှစ် မတ်လ ၃၀ တွင် သတ်မှတ်ခဲ့ပြီး စတုရန်းမိုင်ပေါင်း ၅၆၃၇ မိုင် ကျယ်ဝန်းကြောင်း
သစ်တော ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ ၂၀၀၉ ခုနှစ် စက်တင်ဘာလ အတွင်း က ကျားခြေရာတွေ့ရှိ
မှတ်တမ်းတင်ခဲ့မှုများအရ ကောင်ရေ ၃၀ ခန့် ကျန်ရှိနိုင်မည်ဟု ခန့်မှန်းနိုင်ခဲ့ပြီး ကျားစာရင်း ကောက်ယူမှုများကို
ပွင့်လင်းရာသီတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဟူးကောင်းနယ်မြေနှင့် တနင်္သာရီ ကြိုးဝိုင်းအပြင် ထမံသီကြိုးဝိုင်းတွင်လည်း ကျားကောင်ရေ ၁၀


ကောင်ခန့် ကျန်ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး အခြားဒေသများဖြစ်သော ကရင်ပြည်နယ် ၊ ကယားပြည်နယ်တို့တွင်လည်း
ကွင်းဆင်းစာရင်းကောက်ယူခြင်း မပြုနိုင်သေးသော်လည်း ဒေသခံများပြောကြားသော သတင်းများအရ ကျားကျက်စာမှုများ
ရှိနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကျားကျက်ရှိကျက်စား သော နိုင်ငံ ၁၃ နိုင်ငံအပါအ၀င် ဖြစ်ပြီး ကျားထိန်းသိမ်းရေးအတွက်


National Tiger Action Plan ရေးဆွဲကာ ကျားထိန်းသိမ်းရေးလုပ်ငန်းများကို သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့
( WCS) နှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆဲဗင်းဒေးဂျာနယ်မှ အေးမြကျော်၏ သတင်းကို ကူးယူဖော်ပြသည်။

သက်ဆိုင်သူများသို့

ဗထူး ထားဝယ်ဒေသ အထူုးပြု သတင်းဂျာနယ်သည် အကျိုးအမြတ် မယူသည့် ဂျာနယ်တစ်ခုဖြစ်ပါသည်။ ထားဝယ်ဒေသ မှ သတင်းများကို


တတ်နိုင်သမျှ စုစည်း၍ ပြန်လည် မျှဝေခြင်း ဖြစ်သည်။ သတင်းအတော်များများကို ပြည်တွင်း ၊ပြည်ပ မီဒီယာများမှ ကူးယူပြီး ၊ တချို့ လုပ်နိုင် သည့်
အ၀န်းအ၀ိုင်းတွင် ရှိသည့် သတင်းများကိသ
ုာ ဗထူးမီဒီယာ အုပ်စု မှာ ရေးသားတင်ဆက်ခြင်းဖြစ်ပါသည်။

Bahtoo Media Page 44


မွန်ပြည်နယ် ရန်ကုန် - မြိတ်လမ်း ( စစ်တောင်း - မုတ္တမ ) လမ်းတံတား အသုံးပြုခ
ကောက်ခံ မှု နှုန်းထားကို အောက်တိုဘာလ ၁ ရက်နေ့ တွင် စတင်သတ်မှတ်

အောက်တိုဘာ ၁ ၊ မော်လမြိုင် သတင်း

မွန်ပြည်နယ်ရှိ ရန်ကုန်- မြိတ်လမ်း ( စစ်တောင်း- မုတ္တမ) အပိုင်း၏ လမ်းတံတား အသုံးပြုနှုန်းထားများကို အောက်တိုဘာလ


(၁) ရက်နေ့က စ၍ သတ်မတ
ှ် နှုန်းထားအတိုင်း ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

ကုန်တင်ယာဉ်များကိုလည်း ယင်းနေ့မှ စ၍ တန်ပိုများ တင်ဆောင်မှုကို စစ်ဆေးဆောင်ရွက်မည် ဖြစ်ကြောင်း မွန်ပြည်နယ်


ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း၏ အကြောင်းကြားစာမိတ္တူကို မော်လမြိုင်မြို့နယ် ကုန်တင် မော်တော်ယာဉ်အသင်း
ကြီးကြပ်မှုကော်မတီက ဈေးကြို အဝေးပြေး ယာဉ်ရပ်နား စခန်းရှိ၊ ကုန်စည်တင်ဆောင်ဂိတ်များသို့
အောက်တိုဘာလဆန်းပိုင်းတွင် အသိပေးအကြောင်းကြားထားကြောင်း သတင်းရရှိသည်။

“ အခုသတ်မှတ်လိုက်တဲ့ နှုန်းအတိုင်းဆိုရင် ရန်ကုန် - မော်လမြိုင် ခရီး ၊ ၁၂ ဘီးကားနဲ့ ၂၅ တန်သယ်ရင်

လမ်း ၊ တံတားကြေး ၊ အထွေထွေကြေးအပါအ၀င် ကျပ်နှစ်သောင်းလောက်ပဲ ကျမှာပါ ၊ တန် ၅၀ ကုန်ကို နှစ်ခေါက်သယ်ရင်


ကျပ်လေးသောင်းဆိုတော့ အရင်က တစ်ခေါက် နှစ်သိန်းနဲ့ စာရင် သက်သာပါတယ်။ လမ်း၊ တံတား တွေမှာ လက်တွေ့
ဒီအတိုင်း ကောက်ခံမယ်ဆိုရင် ကုန်တင်ခတွေလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သင့်ပါတယ်။ ၁၂ ဘီး တွေ ရဲ့ သတ်မှတ်တန်ချိန်
၂၅ နဲ့ ဆိုရင် ကုန်ပြည့်အောင် စောင့် ရမယ့် အချိန်နည်းပြီး ညတင် နံနက်ရောက်နိုင်ပါတယ်။ နောက်ပြီး ကား
အပျက်အစီးနည်းလာသလို ၊ ဆီစားပါ သက်သာလာပါတယ်။ ယာဉ်ကို တန်ပို မမောင်းရတော့ ထိန်းရတာ လွယ်ပြီး
မတော်တဆမှုတွေ မဖြစ်တော့ ပါဘူး။ လမ်းတံတားလည်း ရေရှည်ခံပါတယ်။ ကုန်ကားတွေ ခေါက်ရေစိပ်တော့
ကုန်တင်ဂိတ်က ကုန်တင် ကုန်ချ လုပ်သားတွေလည်း အဆင်ပြေပါတယ်။ ၂၀၀၇ - ၂၀၀၈ ခုနှစ်က ကုန်တင်တန်ချိန်
သတ်မှတ်တုန်းကလည်း ခေါက်ရေစိပ်ပါတယ်။ အားလုံးအဆင်ပြေပါတယ်” ဟု မဏ္ဍိုင် ကုန်စည် တင်ဆောင်ဂိတ် မှ ကို
ရွှေအောင်သိန်းကျော်က ပြောပါသည်။

“ ခုလို သတ်သတ်မှတ်မှတ် ထုတ်ပြန် ကြေညာပေးတာကြိုဆို ပါတယ်။ ဒီအတိုင်း လက်တွေ့ကောက်ဖို့ B.O.T ရထားတဲ့


ကုမ္ပဏီတွေက ကုန်စည်စီးဆင်းမှုမှာ အရေးပါတဲ့ အပိုင်းဖြစ်လာတော့ လိုအပ်ရင် လိုက်နာမှုရှိ၊ မရှိ စစ်ဆေးသင့်ပါတယ်။
ခုဆို သံလွင်တံတား (မော်လမြိုင်၊ မုတ္တမ ) မှာ တန်ပိုချိန်တဲ့ ကတ္တားတွေ ထားရှိသင့်ပါတယ်။ ကျွန်တော်တို့ ကုန်သည် ၊
ကားပိုင်ရှင် တွေကလည်း သတ်မှတ်တဲ့အတိုင်း တင်ဆောင်ပေးဖို့ လိုအပ်လာပါပြီ” ဟု ကုန်တင်ကား ပိုင်ရှင်တစ်ဦးက
သုံးသပ်ပြောဆိုသည်။

မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့နယ်ရှိ ၊ ဈေးကြို အဝေးပြေ ကုန်တင်ကားကြီးများ ရပ်နားစခန်းသို့ လစဉ် ပျမ်းမျှ


ကုန်တင်ယာဉ်ကြီး အစီးရေ ၁၄၀၀ မှ ၁၆၀၀ ၀င်ထွက်လေ့ရှိပြီး ကုန်စည်တင်ဆောင်မှုနှုန်းထားမှာ ကုနက
်ျစ် တစ်ပိဿာ
ကျပ် ၃၀၀ ၀န်းကျင်၊ ကုန်ပွ တစ်ပိဿာ ကျပ် ၄၀ ၀န်းကျင်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

Weekly Eleven News Journal မှမောင်မောင်ရွှေမြိုင် (မော်လမြိုင်) ၏ သတင်းကို ကူးယူဖော်ပြသည်။

Bahtoo Media Page 45


ကြံ့ဖွံ့ပါတီကို မင်းသားလွင်မိုး မဲပေး

နရီလင်းလက် သတင်း

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သည် အင်အား အတောင့်တင်းဆုံးနှင့် အခိုင်မာဆုံး


ပါတီဖြစ်သောကြောင့် မဲထည့်ခဲ့သည်ဟု သရုပ်ဆောင် အကယ်ဒမီ လွင်မိုးက ဧရာဝတီကို ပြောသည်။

လက်ရှိ ယှဉ်ပြိုင်သွားသည့်
ပါတီများထဲတွင် အပြောင်းအလဲများ
ပြုလုပ်ပေးနိုင်မည့် အင်အားကြီး
ပါတီကို ရွေးချယ်ကာ ဇာတိ မြိတ်မြို့သို့
ပြန်၍ ကြံ့ဖွံ့ပါတီ ကိုယ်စား
ဝင်ရောက်ယှဉ်ပြိုင်သော ယုဇန
ဦးဌေးမြင့်ကို မဲထည့်ခဲ့သည် ဟု
သူကဆိုသည်။

လွင်မိုးက “မြန်မာပြည်က စီးပွားရေး


လုပ်ငန်းရှင်တွေ တော်တော် များများ
က ကြံ့ဖွံ့မှာ ပါလာတယ်။ ပြိုင်တဲ့
သူကလည်း လက်ရှိ မြန်မာပြည်မှာ
အောင်မြင်နေတဲ့ စီးပွားရေး လုပ်ငန်း
ရှင် ဖြစ်တော့ သူ့ကို ရွေးချယ်
မဲထည့်ပါတယ်။ ပါတီကိုယ်စား
ဝင်ပြိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကို ကိုယ်က မဲထည့်ပြီး အင်အား ထပ်ဖြည့်ပေးလိုက်တဲ့ သဘောပါပဲ” ဟု ဧရာဝတီကို
ပြောသည်။

၎င်းက ဆက်လက်၍ မဲထည့်ခွင့်ရှိခြင်းသည် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် အတွေ့ကြုံသစ်ဟု မြင်ကြောင်း၊


အစဉ်အဆက် မဲထည့်ခွင့် မရခဲ့ကြကြောင်း၊ ဒီမိုကရေစီနှင့် ပတ်သက်၍လည်း ပါတီစုံဆိုသည်ကို မကြားခဲ့ဘူး ကြောင်း
ပြောဆိုသည်။

“သူများ နိုင်ငံတွေမှာ ဒီမိုကရေစီလို့ တောင်းဆိုနေ၊ အော်နေချိန်မှာ မြန်မာနိုင်ငံကလည်း ဒီမိုကရေစီ လုပ်ပေးဖို့ တနည်းတဖုံ


တောင်းဆိုတဲ့ ပွဲတခုပါပဲ” ဟု လွင်မိုးက ဆိုသည်။

မြန်မာပြည်သူလူထုသည် ကြိုတင်မဲ ကောက်ယူခြင်း၊ မဲဆွယ်ခြင်း၊ ကျေးရွာများတွင် ခြိမ်းခြောက် မဲထည့်ခိုင်း ခြင်းများ


ပြုလုပ်ခဲ့သည့် ကြံ့ဖွံ့ပါတီကို မဲထည့်လိုခြင်း မရှိသည့်အပြင် ရွေးကောက်ပွဲ ရလဒ် ထွက်ပေါ်လာရာ၌ ကြိုတင်မဲများဖြင့်
အနိုင်ယူသော အဆိုပါပါတီနှင့် ပတ်သက်၍ မကျေမနပ် ဖြစ်နေကြကြောင်း ကြားသိရသည်။

သရုပ်ဆောင် လွင်မိုး အနေဖြင့် ကြံ့ဖွံ့ပါတီ၏ မဲမသမာမှုများ ရှိခဲ့ကြောင်းကို အသေးစိတ် အတိအကျ မသိရသေးကြောင်း၊


ကျင်းပ ပြီးစီးခဲ့သည့် ရွေးကောက်ပွဲသည် တရားမျှတပြီး လွတ်လပ်ခွင့်ရှိရေးအတွက် နိုင်ငံတော်က ဖန်တီးပေးခဲ့ကြောင်း
ပြောသည်။

Bahtoo Media Page 46


“တကယ်လို့ ဒီလို မသမာမှုတွေ တကယ် ဖြစ်ခဲ့တယ် ဆိုရင်တော့ ဒီပါတီကို ရွေးချယ်ပြီး ရင်ထဲ အသည်းထဲက မဲ
ပေးလိုက်တဲ့ ပြည်သူတွေအပေါ် ညှာတာမှု ကင်းမဲ့တဲ့သဘော ဖြစ်မှာပေါ့။ ဒါပေမယ့် အခုထိ ကြံ့ဖွံ့ပါတီ မဲမသမာမှု ရှိတယ်
ဆိုတာကို နိုင်ငံတော်ကလည်း မကြေညာသေးပါဘူး” ဟု လွင်မိုးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုသည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးအတွက်


အလားအလာကောင်း ပေါ်ထွန်းလာသည့် ပုံသဏ္ဍာန် ဖြစ်ကြောင်း၊ ပူးပေါင်း ဆောင်ရွက်မှုများဖြင့် ပြည်သူများ
အစစအရာရာ တိုးတက်မှု ရှိလာစေရန် ၀ိုင်းဝန်း ကြိုးစားပေးမည်ဟု ယုံကြည်ကြောင်း လွင်မိုးက ဆက်ပြောသည်။

ရွေးကောက်ပွဲမတိုင်မီကလည်း လွင်မိုးသည် ကြံ့ဖွံ့ပါတီအတွက် မဲဆွယ်စည်းရုံးရေး ခရီးစဉ်များတွင် လိုက်ပါခဲ့ဖူးသူ


ဖြစ်သည်။

“ဒီခရီးစဉ်တွေကို လိုက်ပါတဲ့အတွက် ကျနော့် အနုပညာအပေါ်မှာ စိုးရိမ်တာ မရှိပါဘူး။ ကိုယ့်ဘာသာ လုပ်ပိုင်ခွင့် ရှိတယ်။


အခုအချိန်မှာ လွင်မိုး ဆိုပြီးလည်း နိုင်ငံရေးပါတီ ထောင်ခွင့်ရှိတယ်။ နောင် ၅ နှစ်ကြာရင် လွင်မိုးလည်း အမတ်ဖြစ်ရင်
ဖြစ်လာ နိုင်တာပေါ့” ဟု သူက ဧရာဝတီကို ပြောခဲ့သည်။

လွင်မိုး၏ ပရိသတ်အများစုက ၎င်း ကြံ့ဖွံ့ပါတီကို မဲထည့်ခဲ့သည့်အတွက် ဝေဖန်ပြောဆိုနေမှုများ ရှိသည်ဟု သိရသည်။

လွင်မိုးသည် ရွေးကောက်ပွဲနေ့ မဲပေးမှု အတွေ့အကြုံကို ကျေနပ်ကြောင်းနှင့် မဲပေးစဉ်က လွတ်လပ်သည့် အရသာကို


ခံစားရသည်ဟု ပြည်တွင်းထုတ် ပေါ်ပြူလာဂျာနယ်၏ အင်တာနက် စာမျက်နှာတွင် ပြောဆိုထားသည်။

“မဲပေးတဲ့နေရာမှာလည်း အဆင်ပြေတာမှ ချောနေတာပါပဲ။ မဲပေးနေတုန်း ထူးခြားချက်ကတော့ တော်တော်များများ


မဲပေးကြ ပါတယ်။ ကျနော် ပေးတဲ့ အချိန်ကဆို မနက် ၁၁ နာရီပဲ ရှိသေးတာတောင် မဲပုံးမှာ မဲတွေနဲ့ ပြည့်နေပြီ။
သူတို့ကြိုက်တဲ့ ပါတီကို လွတ်လွတ် လပ်လပ် မဲပေးခွင့် ရှိလာတော့ လွတ်လပ်ခြင်းရဲ့ အရသာကို စပြီး ခံစားရပြီလို့ ကျနော်
ခံစားရတယ်။ နိုင်ငံရေး အမြင်တွေ၊ နိုင်ငံ ရေးဗဟုသုတတွေ၊ နိုင်ငံရေးအတွေ့ အကြုံတွေကို လူတွေ စပြီး ရရှိရတော့မယ်
ဆိုပြီး မြန်မာနိုင်ငံရဲ့ အလားအလာကို ကြိုတွေးလို့ ကျနော် ကိုယ်တိုင် အလိုလို ဝမ်းသာနေမိပါတယ်” ဟု အဆိုပါ
စာမျက်နှာတွင် လွင်မိုးက ပြောထားသည်။

မြိတ်မြို့တွင် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး လွင်မိုးက လေယာဉ်ခရီးဖြင့် ပြန်၍ မဲထည့်ခဲ့သည်


ဆိုသော ယုဇန ဦးဌေးမြင့်သည် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်ကာ ရွေးကောက်ပွဲ
မတိုင်မီက ကချင်ပြည်နယ်တွင် မြေယာအသိမ်း ခံရသည့် တောင်သူ ၈၃ ဦး၏ တရားစွဲဆိုခြင်းကို ခံထားရသူဖြစ်သည်။
အဆိုပါ အမှုအတွက် ကချင်ပြည်နယ် တရားရုံးက တရားခံအမည် နေရာတွင် ကြံ့ဖွံ့ အမတ်လောင်း ဦးဌေးမြင့်ကို
ဖြုတ်ပယ်ပြီး သူ၏ လက်ထောက် အမည်နှင့် အစားထိုးခဲ့သည်။

သရုပ်ဆောင် လွင်မိုးနှင့်အတူ မဲပေးသွားသည့် မြိတ် ခရီးစဉ်တွင် ၎င်း၏ ဇနီးသည် အပါအဝင် အကယ်ဒမီ သရုပ်ဆောင်


မေသန်းနုနှင့် တူမ ဇူးဇူးမောင်တို့လည်း လိုက်ပါသွားသည်ဟု သိရသည်။

ထို့အပြင် လွင်မိုး၏ အနုပညာ ညီအစ်ကိုများ ဖြစ်ကြသော လူရွှင်တော် အရိုင်း၊ ငှက်ပျောကြော်၊ ဖိုးဖြူနှင့်


ကင်းကောင်တို့လည်း လိုက်ပါသွားသည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည့် အတွက် ရန်ကုန်အခြေစိုက် TRUS NEWS
ဂျာနယ်တွင် ပြန်လည် ရှင်းလင်းထားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး လူရွှင်တော် ငှက်ပျော်ကြော်ကို ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့ရာ ၎င်းက “ရှူတင်ရှိတော့


မအား လို့ မလိုက်ဖြစ်ဘူး။ လွင်မိုးက တချိန်က အနုပညာသမား၊ အခုက စီးပွားရေးသမား ဖြစ်နေတော့ သူ့လုပ်ငန်းတွေနဲ့

Bahtoo Media Page 47


ဆက်နွှယ် နေတဲ့ စီးပွားရေးသဘော နည်းနည်း ပါသွားပြီပေါ့။ သူ့ဘ၀အတွက် စီးပွားရေးနဲ့ လှုပ်ရှားရတာဆိုတော့ မှားတယ်
မှန်တယ် ပြောလို့ မရဘူးပေါ့။ တချိန်ကတော့ လက်တွဲလုပ်လာပေမယ့် မထင်မှတ်တဲ့ အချိုးအကွေ့ကို
သွားအပြစ်တင်လို့တော့ မရပါဘူး” လို့ ပြန်လည် ဖြေကြားသည်။

လူရွှင်တော် ဒါရိုက်တာ ဖိုးဖြူကလည်း လွင်မိုးနှင့် အတူ မဲသွားပေးခဲ့ရာတွင် ၎င်းတို့ သရဲ ၄ ကောင် (အရိုင်း၊
ဖိုးဖြူ၊ကင်းကောင်၊ ငှက်ပျောကြော်) ထဲက တယောက်မှ မပါကြောင်း ပြောဆိုသည်။

“ကျန်းမာရေး မကောင်းတော့ စိတ်လည်း မပါတာနဲ့ မဲ သွားမထည့်ခဲ့ဘူး။ ရုပ်ရှင်တောင် မရိုက်ဘူး။ မဲဆိုတော့ ပိုဆိုးတယ်။


ဂျာနယ်မှာ ပြန်ရှင်းတာတော့ မဟုတ်ပါဘူး။ လွင်မိုးနဲ့ လက်တွဲဖြုတ်ပြီ ဆိုတာလည်း မဟုတ်ပါဘူး။ ကားရိုက်ဖို့ မကြုံ တာက
လွဲလို့ လွင်မိုးနဲ့ သူ့ကိစ္စရှိ ကိုယ်သွား၊ ကိုယ့် ကိစ္စရှိ သူလာ၊ အပြင်မှာလည်း ညီအစ်ကိုတွေပါပဲ” ဟု ဖိုးဖြူက ရှင်းပြသည်။

၎င်းက ဆက်လက်၍ မဲပေးသည့် ကိစ္စမှာ တယောက်ချင်းစီ၏ ဒီမိုကရေစီ ဖြစ်သောကြောင့် လွင်မိုး ကြံ့ဖွံ့ကို မဲထည့်ခဲ့ခြင်း


အတွက် ကောင်းခြင်း၊ ဆိုးခြင်းကို မဝေဖန်လိုဟု ဆိုသည်။ သူက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည့် အတွက်
အတိုင်းမသိ ဝမ်းမြောက်ကြောင်းနှင့် ကိုဇာဂနာ အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန် မျှော်လင့်ကြောင်း
ပြောသည်။

ဧရာဝတီ မီဒီယာမှ ကူးယူဖော်ပြသည်

နန်းဆုရတီစိုးအတွက် မိခင်ဖြစ်သူက သက်တော်စောင့် ရှာပေး


မိုးမခအထောက်တော် အမှတ် ၀၀၄

မကြာသေးမီက ရက်အတန်ကြာ ပျောက်ဆုံးသွားသူ မင်းသမီး နန်းဆုရတီစိုးအတွက် မိခင်ဖြစ်သူက လုံခြုံရေး


အစောင့်အရှောက် တဦး ငှားထားသည်ဟု တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်တွင် ရေးထားသည်။

ယခု ငှားထားသည့် လုံခြုံရေး


ဝန်ထမ်းမှာ အမျိုးသမီး ဖြစ်ပြီး
နန်းဆုနှင့် အတူနေ၊ အတူစား၊
ခရီး အတူသွားမည်ဟု ဆို
သည်။

နန်းဆုသည် ပြီးခဲ့သည့်လက ၃
ရက်ကြာ ပျောက်ဆုံးသွားသဖြင့်
မိဘတို့က ရဲစခန်း တွင်
တိုင်ချက်ဖွင့်ခဲ့သေးသည်။

ထိုသို့ ပျောက်ဆုံးခြင်းမှာ ချစ်


သူနှင့် ထွက် ပြေးခြင်း၊ ပြန်ပေး
ဆွဲခံရခြင်း တို့ကြောင့် ဖြစ်ဖွယ်ရှိကြောင်း ထင်ကြေး ပေးမှုများမှာ မှားယွင်း သည် ဟု မင်းသမီးက ဆို သည်။

Bahtoo Media Page 48


“နန်းဆုက ဘယ်မှ ရောက် မသွားပါဘူး။ အမေက တ အားဆူ တာကြောင့် အမေ စိတ်ပူအောင် လုပ်မယ်ဆိုပြီး
အဒေါ့်အိမ်မှာ သွားနေ တာ ပါ။ အမေ့ကို မပြောရဘူးလို့ အဒေါ်ကို ပိတ်ထားတာ ကြောင့် အဒေါ်ကလည်း
မပြောဘဲနေတာပါ။ နောက်တော့ အမေ ရဲတွေ ဘာတွေ တိုင်နေပြီဆိုတာ သိရလို့ ပြန်လာတာ …” ဟု
စာနယ်ဇင်းသမားများကို ပြောပြကြောင်း ရန်ကုန်မြို့ လေထန်ကုန်းအနီးရှိ မိုးမခ မိတ်ဆွေတဦးက ရှင်းပြသည်။

မိခင်ဖြစ်သူက ဘော်ဒီဂတ် ငှားရခြင်းမှာ မသမာသူနှင့် ကြုံရမည်ကို စိုးရိမ်ခြင်းလော၊ သမီးဖြစ်သူ အိမ်ပြေး ထပ်ဖြစ်မည်ကို


စိုးရိမ်ခြင်းလော ဟူသည်ကို သဲသဲကွဲကွဲ မသိရသေးပေ။
သို့သော်လည်း မြန်မာပြည်
သရုပ်ဆောင်လောက၊
အဆိုတော် အသိုင်းအ၀န်းတွင်
ပထမဆုံး သက်တော်စောင့်
ခန့်ထားသူ နန်းဆုက
ဘော်ဒီဂတ်မှာ
လုံခြုံရေးအတွက် ဖြစ်သည်ဟု
ဆိုသည်။
"စတန့်ထွင်ချင်လို့လည်း
မဟုတ်ဘူး။ စတိုင်လ်
လုပ်ချင်တာလည်း
မဟုတ်ပါဘူး။
ပဲများချင်လို့လည်း
မဟုတ်ပါဘူး" ဟု
အလင်းတန်းဂျာနယ်ကို
ပြောသည်။
စက်တင်ဘာ ၁၈ ရက်နေ့က အသက် ၂၂ နှစ်ပြည့်ခဲ့သူ နန်းဆုသည် နာမည်ရ အဆိုတော်၊ သရုပ်ဆောင် တဦးဖြစ်သည်။

Bahtoo Media Page 49


ကာတွန်း

အော်

ပီ

ကျယ်

ကာ

တွန်း

ကို ကူး

ယူ

ဖော်

ပြ

သည်။

Bahtoo Media Group


စုအိုဂီး၊ ဖစု၊ ဘညီး၊ ကွန်ငယ်။
ဆက်သွယရ
် န်- bahtoo.news@gmail.com

Bahtoo Media Page 50

You might also like