You are on page 1of 24

ဥပဒေအရ NLD ဆက်လက်တည်ရှိနေကြောင်း ပါတီခေါင်းဆောင်များပြောဆို

2010-09-15

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို တရားဝင်ရပ်တည်ခွင့် မရှိတော့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်ရဲ့


စက်တင်ဘာ ၁၄ ရက် မနေ့က ထုတ်ပြန်ကြေညာချက်ဟာ ဥပဒေနဲ့ မညီဘူးလို့ NLD ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်
ဦးဉာဏ်ဝင်းက ဒီကနေ့ RFA ကို ပြောပါတယ်။

၂ဝဝ၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်ဌာနချုပ်ရုံးတွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်


ဖွဲ့စည်းတည်ထောင်ခြင်း ၂၁ နှစ်မြောက် အခမ်းအနားတွင် လက်ချင်းချိတ်ဆက်ထားသော NLD အဖွဲ့ဝင်များ
ဖြစ်ပါသည်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ကြေညာချက်အပေါ် NLD ခေါင်းဆောင်တွေဘက်က အချက်သုံးချက်နဲ့


တုံ့ပြန်ထားတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“နံပါတ် ၁ အချက်က ကော်မရှင်ဟာ ဒီလိုကြေညာဖို့ အာဏာ အပ်နှင်းထားခြင်း ဥပဒေမှာ မပါဘူး။ ဒုတိယတချက်က


အခုထုတ်တဲ့ ရွေးကောက်ပွဲ ဥပဒေအရ ပါတီ၊ နိုင်ငံရေးပါတီ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေက လက်ရှိ ကော်မရှင်မှာ
မှတ်ပုံတင်ထားတဲ့ အဖွဲ့တွေကိုသာ ဆိုလိုတယ် ဆိုတာကို ကျွန်တော်တို့ ရှင်းပြတယ်။
နောက်ဆုံးအချက်အနေနဲ့ကတော့ ကျွန်တော်တို့ အဖွဲ့ချုပ်က ၈၈ ခုနှစ်က ထုတ်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း
ဥပဒေအရ မှတ်ပုံတင်ထားတဲ့ အဖွဲ့ ဖြစ်တယ်။ အဲဒီ ဥပဒေအရ ပယ်ဖျက်ရန် သတ်မှတ်ထားတဲ့ ပြစ်မှုတွေကို
တစုံတရာမှ ကျူးလွန်ခဲ့ခြင်း မရှိဘူး။ အဲဒီသုံးချက်ပါ။”

NLD အနေနဲ့ ဥပဒေကြောင်းအရ ဆက်လက် တည်ရှိနေဆဲ ဖြစ်ပြီး နယ်လှည့်ခရီးစဉ်တွေဟာ


ဥပဒေဘောင်အတွင်းက ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။

“NLD ရဲ့ လှုပ်ရှားမှုဆိုတာ ကျွန်တော်တို့ မလုပ်ဖူး။ နိုင်ငံရေး လှုပ်ရှားမှု မလုပ်ဖူး။ ကျွန်တော်တို့ လုပ်နေတာက
ရှိပြီးသား အဖွဲ့အစည်း၊ ကိုယ့်ထဲက လူတွေ စုစုစည်းစည်း ကျစ်ကျစ်လျစ်လျစ် ဖြစ်ဖို့ပဲ လုပ်နေတာ။ ပါတီ
စည်းရုံးရေးလည်း မဆင်းဘူး။ ကျွန်တော်တို့ နယ်တွေ သွားတာက ကျွန်တော်တို့ ပိုမို ကျစ်လျစ် ခိုင်မာအောင်
ကိုယ့်အဖွဲ့အစည်း၊ ကိုယ့်လူတွေ ဒါပဲ၊ ဒီအတွက်ပဲ သွားတာ။ NLD ဘာကြောင့် ရှိတယ်ဆိုတာကို နိုင်ငံရေးအရ၊
ဥပဒေအရ ကျွန်တော်တို့ ရှင်းပြတယ်၊ တရားစီရင်ရေး လမ်းကြောင်းနဲ့ ကျွန်တော်တို့ ဆောင်ရွက်နေတယ်ဆိုတာကို
ရှင်းပြတယ်။ အဲ သူတို့ကလည်း သိချင်တာ မေးတယ်။ ဒါတွေ လုပ်နေတာပါ။”

ရန်ကုန်မြို့ ရွှေဂုံတိုင်မှာ ရှိတဲ့ NLD ဌာနချုပ်ရုံးကို ဒီကနေ့ ရောက်လာတဲ့ အဖွဲ့ဝင် အရေအတွက်ဟာ


ခါတိုင်းနေ့တွေထက် ပိုပြီးများလာတယ်လို့လည်း သိရပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ တည်ဆဲပါတီဟောင်းတွေထဲက NLD ၊ ရှမ်းတိုင်းရင်းသားများ


ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ပြည်ထောင်စု ပအိုးဝ်အမျိုးသားများ အဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီနဲ့
ဝ အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့ကို ၂၀၁၀ ရွေးကောက်ပွဲအတွက် ဆက်လက် တည်ထောင်ခွင့်နဲ့
မှတ်ပုံတင်ခွင့်တို့ကို လျှောက်ထားခြင်း မရှိတာကြောင့် ဖျက်သိမ်းလိုက်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က မနေ့က
ကြေညာခဲ့ပါတယ်။

NLD ဟာ ဥပဒေအရ ဆက်လက် တည်ရှိနေဆဲ ဖြစ်တယ်ဆိုတဲ့ NLD ခေါင်းဆောင်တွေရဲ့ သဘောထား တုံ့ပြန်ချက်


သုံးရပ်နဲ့ ပတ်သက်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို RFA မှ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်း
တင်ပြထားပါတယ်။

Source:http://www.rfa.org/burmese/news/NLD_insists_existence-09152010120912.html

NLD ပါတီ ပျက်သွားမှာမဟုတ်ကြောင်း ၈၈ မျိုးဆက်ပြောကြား

2010-09-15

စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က NLD ပါတီကို ဖျက်သိမ်းလိုက်ပြီလို့ စက်တင်ဘာ ၁၄ ရက် မနေ့က


ကြေညာခဲ့ပေမဲ့ NLD ပါတီဟာ ပြည်သူလူထုနဲ့ တသားတည်း ဆက်လက် ရှင်သန်နေမယ်ဆိုတာ ယုံကြည်ကြောင်း
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ဒီကနေ့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တည်ထောင်သည့် ၂၁ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ၂၀ဝ၉


စက်တင်ဘာ ၂၇ ရက်နေ့က ကျင်းပစဉ် ပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ
ပိုစတာများဖြင့် အတူတွေ့ရသော အဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)

ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ NLD ပါတီက ပြန်လည် မှတ်ပုံမတင်တဲ့အတွက် NLD ပါတီဟာ


တရားမဝင်တော့ဘူးလို့ စစ်အစိုးရ ရွေးကောက်ပွဲကော်မရှင်က မနေ့က ကြေညာခဲ့တာပါ။

စစ်အစိုးရအနေနဲ့ တရားမဝင်တော့ဘူးလို့ ပြောပေမဲ့ NLD ပါတီဟာ လူထုကြားမှာ ဆက်ရှိနေလိမ့်မယ်လို့ ၈၈


မျိုးဆက် ကျောင်းသားများအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ကိုထွန်းမြင့်အောင်က ပြောပါတယ်။

“နအဖ စစ်အစိုးရအနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို တရားမဝင် ပါတီအဖြစ် ဖျက်သိမ်းလိုက်ရုံနဲ့ အမျိုးသား


ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပါတီမပျက်ပါဘူး။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ လူထုအကျိုးကို ရဲရဲရင့်ရင့်
သတ္တိရှိရှိနဲ့ လူထုကြားမှာနေပြီး လူထုအကျိုးကို ဖော်ဆောင်နေသမျှ လူထုကို ကိုယ်စားပြုတဲ့အသံတွေကို
ထွက်နေသမျှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ လူထုကြားထဲမှာ ရှင်သန်နေမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့အားလုံးကလည်း ဝိုင်းရံပြီးတော့ ဆက်လက် ရှင်သန်နေလိမ့်မယ်လို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။”

NLD ပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၀ ခုကို စစ်အစိုးရက ဖျက်သိမ်းလိုက်ပြီးနောက် ပါတီဝင်တွေနဲ့


နိုင်ငံရေးလှုပ်ရှားသူတွေကို ဖမ်းဆီးတော့မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်လာတဲ့ ကိစ္စအပေါ်မှာလည်း
ကိုထွန်းမြင့်အောင်က အခုလိုပြောဆိုပါတယ်၊

“နအဖ စစ်အစိုးရအနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အင်အားစုတွေ အပေါ်မှာ ဆက်ပြီးတော့


ဖမ်းဟယ်ဆီးဟယ် အရေးယူမှုတွေ အများကြီးတော့ ဒါ အနှောင့်အယှက်တွေ ပေးလာနိုင်တာပေါ့ဗျာ။
ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ မြန်မာပြည်မှာက ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အနေနဲ့က အသားကျနေပါပြီ။
ဟုတ်လား၊ ဒီ နအဖရဲ့ ဖိနှိပ်မှုတွေ အောက်မှာ ကျွန်တော်တို့ဟာ ဘယ်တော့မှ အရှုံးမပေးပဲနဲ့ ဆက်လက်ပြီးတော့
ရုန်းကန်တိုက်ပွဲဝင်နေမှာပါ။ အဲဒီလိုပဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ထီးတည်း မဟုတ်ပါဘူး။ လူထုရဲ့
ပါတီကြီးပါ။ အဲဒီတော့ ဒီ လူထုပါတီကြီးကို လူထုတရပ်လုံးက ဝိုင်းရံထားသလို ကျွန်တော်တို့ ဒီ ၈၈ မျိုးဆက်တွေ
အနေနဲ့ကော၊ ဒီ ကျောင်းသားလူငယ် မျိုးဆက်သစ်တွေ အားလုံးဝိုင်းရံပြီးတော့ ကျွန်တော်တို့က ဆက်လက်ပြီးတော့
ချီတက်သွားမှာပါ။”

၁၉၉၀ ခုနှစ်မှာ အနိုင်ရခဲ့ပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲကို မဝင်ဘူးဆိုပြီး ပါတီ မှတ်ပုံပြန်တင်တာမျိုး မလုပ်ခဲ့တဲ့ NLD
ပါတီအပါအဝင် နိုင်ငံရေးပါတီ ၅ ခုနဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ခဲ့ပေမဲ့ စည်းကမ်းချက်နဲ့ မကိုက်ညီတဲ့
နိုင်ငံရေးပါတီ ၅ ခု စုစုပေါင်း ပါတီ ၁၀ ခုကို တရားဝင်ပါတီအဖြစ် ရပ်တည်ခွင့် မပြုတော့ကြောင်း စစ်အစိုးရက
စက်တင်ဘာ ၁၄ ရက်မှာ ကြေညာခဲ့ပါတယ် ။

Source:http://www.rfa.org/burmese/news/88_generation_group_supports_NLD-
09152010141309.html

ပါတီများ ဖျက်သိမ်းမှု ဘန်ကီမွန်း စိုးရိမ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအ၀င် နိုင်ငံရေးပါတီ ၁၀ ခုကို ရွေးကောက်ပွဲ ကော်မရှင်က


ဖျက်သိမ်းလိုက်တဲ့အတွက် စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က
ပြောလိုက်ပါတယ်။

NLD အပါအ၀င် တခြားနိုင်ငံရေးပါတီ ၄ ခုဟာ နိုင်ငံရေးပါတီအဖြစ် ဆက်ပြီး ရပ်တည်ဖို့ မှတ်ပုံမတင်တဲ့အတွက်


ဖျက်သိမ်းလိုက်တဲ့ အကြောင်းနဲ့ ကျန်တဲ့ပါတီ ၅ ခုကတော့ အနည်းဆုံး သတ်မှတ်ထားတဲ့ ကိုယ်စားလှယ်လောင်း
အရေအတွက် ၀င်မပြိုင်နိုင်တဲ့အတွက် ဆိုပြီး ကော်မရှင်က စက်တင်ဘာလ ၁၄ ရက် အင်္ဂါနေ့မှာ ဖျက်သိမ်းကြောင်း
ကြေညာခဲ့တာပါ။

အဲဒီလို ဖျက်သိမ်းလိုက်တဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ သဘောထားကို ဗုဒ္ဓဟူးနေ့က လုပ်တဲ့ ပုံမှန်


သတင်းစာရှင်းလင်းပွဲ အတွင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသွားတာ ဖြစ်ပါတယ်။

NLD ဘက်ကတော့ ကော်မရှင်ကနေ အခုလို ပါတီကို ဖျက်သိမ်းတာဟာ တရားမ၀င်ဘူးလို့ ပြောထားပါတယ်။

ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ အားလုံး အပြည့်အ၀ ပါဝင်နိုင်ရေးအတွက် အခြေအနေတွေ


ဖန်တည်းပေးဖို့ကိုလည်း အတွင်းရေးမှူးချုပ်က မြန်မာအာဏာပိုင်တွေကို ထပ်ပြီး တိုက်တွန်းလိုက်ပါတယ်။

အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့ ၀န်ကြီးအဆင့် အစည်းအဝေးတခုကို နယူးယောက်မြို့မှာ


စက်တင်ဘာလ ၂၇ ရက်နေ့ကျရင် ကျင်းပဖို့ မျှော်လင့်ထားတဲ့ အကြောင်းလည်း အတွင်းရေးမှူးချုပ်ရဲ့
ပြောရေးဆိုခွင့်ရှိသူ မာတင် နီဆားကီး (Martin Nesirky) က ပြောသွားပါတယ်။

မြန်မာ့အရေးကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ဆက်လက် ဆောင်ရွက်နေတုန်းပါပဲလို့ မစ္စတာ နီဆားကီးက


ပြောခဲ့သလို မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ် လုပ်ဆောင်ရတာ ခက်ခဲတဲ့အပေါ် စိတ်ပျက်လက်ပျက်
ဖြစ်ရတဲ့အကြောင်း အတွင်းရေးမှူးချုပ်က ပြောထားဖူးတာကိုလည်း ပြောရေးဆိုခွင့်ရှိသူက
ပြန်ပြောသွားပါသေးတယ်။

Source:http://www.voanews.com/burmese/news/myanmar-un-103009389.html

ပါတီ ဖျက်သိမ်းခွင့် ရွေးကောက်ပွဲ ကော်မရှင်တွင်မရှိ ဟု NLD တုံ့ပြန်


၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ဖျက်သိမ်းနိုင်သည့်
ဥပဒေ အခွင့် အာဏာ လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်တွင် မရှိကြောင်း NLD က ပြောသည်။

ယခု ရွေးကောက်ပွဲ ကော်မရှင်သည် ယခင်ပါတီဟောင်းများအား ဖျက်သိမ်းရန် ဥပဒေ အခွင့်အာဏာ မရှိကြောင်း၊


လက်ရှိ မှတ်ပုံ တင်ထားသည့် ပါတီကိုသာ ဖျက်သိမ်းခွင့်ရှိသည့်အတွက် ဥပဒေနှင့် မကိုက်ညီကြောင်း၊ NLD
ပါတီသည် ၁၉၈၈ ခုနှစ်က စစ်အစိုးရ ပြဌာန်းထားသည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း (၄/၈၈) ဥပဒေအရ
တရားဝင် မှတ်ပုံတင်ထားသည့် ပါတီဖြစ်ပြီး ပယ်ဖျက် နိုင်သည့် ဥပဒေ အချက်များနှင့်လည်း ငြိစွန်းမှု မရှိကြောင်း
ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ပြောသည်။

“ဒီ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်က ပါတီကို ဖျက်သိမ်းတယ်ဆိုတာက တရားမ၀င်ဘူး၊ ဥပဒေနဲ့ မညီဘူး”ဟု


၎င်းကဆိုသည်။

NLD အနေဖြင့် ဥပဒေအရ တရားရင်ဆိုင်မှုများ ပြုလုပ်နေကြောင်း၊ နောင်တွင် ဖြစ်ပေါ်လာမည့် အကျိုးဆက်သည်


စစ်အစိုးရ အပေါ်တွင်သာ မူတည်ကြောင်း ဦးဉာဏ်ဝင်းက ဆက်လက်ရှင်းပြသည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာသော ရွေးကောက်ပွဲ ဥပဒေတွင် တည်ဆဲ တရားဝင် နိုင်ငံရေး
ပါတီများကို ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ရန် ပြဋ္ဌာန်းထားသည်။ မှတ်ပုံတင်ခြင်း
မရှိသော ပါတီသည် နိုင်ငံရေး ပါတီ အဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဟု ထိုဥပဒေက ဆိုသည်။

စစ်အစိုးရသည် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး


အကျဉ်းသား များကို ပြန်လည်လွှတ်ပေးခြင်း မရှိသေးပေ။

ထို့ကြောင့် စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေသည် တရားမျှတမှု မရှိသည့်အတွက် NLD က နိုင်ငံရေး ပါတီအဖြစ်


မှတ်ပုံမတင်ရန် ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအခြေအနေတွင် NLD ပါတီသည် လာမည့်ရွေးကောက်ပွဲတွင် ပြည်သူများ မဲမပေးရေး


စည်းရုံးလှုပ်ရှားမှုများကို ပါတီ ဗဟို အလုပ်အမှုဆောင်များ ကိုယ်တိုင် နိုင်ငံတ၀န်း လှည့်လည် သွားရောက်၍
ပြုလုပ်နေသည်။

ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမ၀င်သည့် ပါတီများ ဖျက်သိမ်းခြင်း ဥပဒေကို ပြီးခဲ့သည့် မတ်လက


ပြဌာန်းခဲ့သည်။ ယင်း ဥပဒေအရ NLD ပါတီကို ပျက်ပြယ်ပြီဟု ဆိုခဲ့သော်လည်း ယခုအချိန်တွင် NLD သည်
စည်းရုံးရေးနှင့် လှုပ်ရှားမှု ပိုင်းတွင် ပိုမို အားကောင်းလာကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP)
အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

“ဒီလိုဖျက်သိမ်းတယ်ဆိုပြီး ကြေညာမယ်ဆိုတာ အစောကြီးကတည်းက တွက်ပြီးသားပါ၊ ကျနော်တို့ ရခိုင် ဒီမိုကရေစီ


အဖွဲ့ချုပ် ကိုလည်း အကြောင်းအမျိုးမျိုးပြပြီး ဖျက်ခဲ့တာပဲ”ဟု ၎င်းကဆိုသည်။
စစ်အစိုးရက ယခုကဲ့သို့ NLD ပါတီကို ဖျက်သိမ်းလိုက်ပြီဟု ကြေညာလိုက်ခြင်းသည် NLD ၏ မဲမပေးဘဲ
သပိတ်မှောက်ရေးလှုံ့ ဆော် စည်းရုံးမှုများကို ထိခိုက်သွားမည်ဟု မထင်ကြောင်းလည်း ၎င်းက
ဆက်လက်ပြောဆိုသည်။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရ ပါတီတခုဖြစ်ပြီး ၁၉၉၂ ခုနှစ်က
ဖျက်သိမ်းခံခဲ့ရသည့် တိုင်းရင်းသား ပါတီတခုဖြစ်သည်။

ယခုအခါ ဦးအေးသာအောင် ခေါင်းဆောင်သည့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ်


မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ် စသည့်
မြို့နယ်များတွင် ရွေးကောက်ပွဲ သပိတ်မှောက် ရေး လှုံ့ဆော်မှုများကို ပြုလုပ်နေကြောင်း သိရသည်။

NLD မကွေးတိုင်း စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်စောဌေးက“လူမှုရေးလုပ်ငန်းတွေနဲ့ မဲမပေးရေး ရွေးကောက်ပွဲ


သပိတ်မှောက်ရေး စည်းရုံးမှုတွေကို ဆက်လက်လုပ်မယ်၊ ဒါ တရားဥပဒေ ဘောင်ထဲက လုပ်တာပဲ”ဟု ပြောသည်။

မဲမပေးရေး နယ်လှည့် စည်းရုံးရေး လုပ်ငန်းများကို မကွေးတိုင်းအတွင်း ဆက်လက် လုပ်ဆောင်သွားမည်


ဖြစ်ကြောင်း၊ ထို့ အပြင် NLD အဖွဲ့သည် လူမှုရေး အဖွဲ့အစည်းအဖြစ် ဆက်လက်ရပ်တည် သွားမည်ဖြစ်ကြောင်း
ဒေါ်ခင်စောဌေးက ဆိုသည်။

ဝါရင့်နိုင်ငံရေး သမားကြီး သခင် ချန်ထွန်း က မူ စစ်အစိုးရ၏ ကော်မရှင်က ယခုကဲ့သို့ ပါတီဖျက်သိမ်းကြောင်း


ကြေညာလိုက်သည့် နောက်တွင် NLD ပါတီ၏ လူစုလူဝေးဖြင့် သွားလာ စည်းရုံးခြင်းလုပ်ငန်းများကို အရေးယူမှုများ
နောက်ပိုင်းတွင် ရှိလာနိုင်သည်ဟု ပြောဆိုသည်။
Source:http://www.irrawaddy.org/bur/index.php/news/1-news/4067------nld-

နိုင်ငံရေးပါတီများ ရပ်တည်ခွင့်နှင့် ပယ်ဖျက်ခြင်း ဥပဒေကြေညာ


NEJ / ၁၅ စက်တင်ဘာ ၂၀၁၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၉၇/ ၂၀၁၀) ကို စက်တင်ဘာ (၁၄) ရက်စွဲဖြင့်


ယမန်နေ့က ထုတ်ပြန်လိုက်သည်။

အဆိုပါကြေညာချက်တွင် နိုင်ငံရေးပါတီဆက်လက်ရပ်တည်ခွင့်ပြုခြင်းနှင့် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍


ပါတီအားဖျက်သိမ်းခြင်းဟု ဖော်ပြထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အပါအ၀င် နိုင်ငံရေးပါတီ
(၅) ပါတီက သတ်မှတ်ရက်အတွင်း နိုင်ငံရေးပါတီအဖြစ် ဆက်လက်လျှောက်ထားခြင်းမရှိသည့်အတွက် ဥပဒေအရ
အလိုအလျောက် ပျက်ပြယ်ပြီးဖြစ်သည်ဟု ဖော်ပြသည်။

ယင်းသို့ ပျက်ပြယ်ပြီး နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိသော အဖွဲ့အစည်းများ ဖြစ်သည့်အတွက်


နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီများကို ဖျက်သိမ်းလိုက်သည်ဟု ဖော်ပြပါရှိသည်။

ပါတီအဖြစ်မှ ဖျက်သိမ်းလိုက်သည့်ပါတီများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)၊ ပြည်ထောင်စု


ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီနှင့်
ဝအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ဖြစ်ကြသည်။ အဆိုပါတီများမှာ သတ်မှတ်ရက် ရက်ပေါင်း (၆၀) အတွင်း
နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားခြင်းမရှိသည့်အတွက် ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

လာမည့် နိုဝင်ဘာ (၇) ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု


ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ (၄၂) ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ရာတွင် အသစ်လျှောက်ထားသည့်ပါတီ
(၃၇) ပါတီနှင့် နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်ရသည့်ပါတီ (၅) ခုတို့ပါဝင်သည်။

အဆိုပါ ပါတီ (၅) ခုမှာ မြို (ခ) ခမိအမျိုးသားညီညွတ်ရေးအဖွဲ့ (မ.ခ.မ.ည.ဖ)၊


တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊
လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်တို့ဖြစ်ကြသည်။

ထိုသို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပေးခဲ့ပြီး ဖြစ်သည့်ပါတီ (၄၂) ခုအနက်မှ


ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်၊ မြန်မာ့လူဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊
မြန်မာဒီမိုကရေစီကွန်ဂရက်ပါတီ၊ မြိုတိုင်းရင်းသားပါတီနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့ကိုမူ ရွေးကောက်ပွဲတွင်
လွှတ်တော်မဲဆန္ဒနယ်များအနက် အနည်းဆုံးမဲဆန္ဒနယ် (၃) ခုတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ
ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုနိုင်သဖြင့် ကော်မရှင်က ပါတီများကို ဖျက်သိမ်းလိုက်သည်ဟု ကြေညာချက်တွင်
ပါရှိသည်။

ယင်းသို့ ပါတီများဖျက်သိမ်းရာတွင် အန်အယ်လ်ဒီပါတီ ပါဝင်မှုနှင့်ပတ်သက်၍ အန်အယ်လ်ဒီ


ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တဦးဖြစ်သည့် ဦးဉာဏ်ဝင်းက “ဥပဒေမှာ ပါပြီးသားအချက်ပဲဗျာ။ ကြေညာဖို့ဆိုတာ
အဲဒီလိုကြေညာခွင့် ရှိရဲ့လားဆိုတာပဲ ပြောချင်ပါတယ်။ ကော်မရှင်ဥပဒေမှာ ကျနော်တော့ မတွေ့သေးဘူး” ဟု
ပြောဆိုသည်။

အန်အယ်လ်ဒီပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးကလည်း “ကျနော်တို့က ရွေးကောက်ပွဲလည်းမ၀င်ဘူး။ မှတ်ပုံလည်းမတင်ဘူး


ပြောထားပြီးတော့ကာ ဒါတွေ ဖြစ်မယ်ဆိုတာ သိထားပြီးသားပါ။ ကျနော်တို့အဖွဲ့အနေနဲ့ကတော့ ဒါတွေကို
မျှော်မှန်းထားပြီးသားပါ” ဟု ပြောဆိုသည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများ အမိန့်ကြော်ငြာစာအမှတ် (၁/ ၂၀၁၀) ကို ၂၀၁၀ ခု၊ မတ် (၁၇)
ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းကြေညာသည့်နေ့မှ ရက်ပေါင်း (၆၀) အတွင်း လျှောက်ထားခြင်းမရှိသည့်
နိုင်ငံရေးပါတီများသည် နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက်ပျက်ပြယ်ပြီးဖြစ်သည်ဟု ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမူ နအဖစစ်ကောင်စီက ထုတ်ပြန်ထားသည့် ၂၀၁၀ ခုနှစ်


ရွေးကောက်ပွဲဆိုင်ရာဥပဒေများသည် တရာမျှတမှု လုံးဝမရှိသဖြင့် ပါတီအဖြစ် ထပ်မံမှတ်ပုံတင်တော့မည်
မဟုတ်ကြောင်း ပြီးခဲ့သည့် မတ် (၂၉) တွင် ဗဟိုဦးစီးအဖွဲ့ဝင်များ၏ ဆွေးနွေးချက်အရ ကန့်ကွက်သူမရှိ
အများသဘောတူ ဆုံးဖြတ်ကြေညာခဲ့ပြီးဖြစ်သည်။

ထို့အပြင် နအဖထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေသည် တရားမျှတမှု လုံးဝမရှိသည့်အတွက်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား မတ်လ (၂၃)
ရက်တွင် ရန်ကုန်မြို့ တရားရုံးချုပ်၌ တရားစွဲဆိုခဲ့သေးသည်။

Source:http://khitpyaing.org/index.php?route=detail&id=4532

ရေဒီယိုနဲ့ ရုပ်သံသုံး မဲဆွယ်စည်းမျဉ်း တင်းကျပ်ဟု နိုင်ငံရေးပါတီတချို့ ဝေဖန်


နိုင်ငံရေးပါတီတွေ ရေဒီယိုနဲ့ ရုပ်သံကို သုံးပြီး စည်းရုံးရာမှာ လိုက်နာဖို့ ချမှတ်ထားတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်ရဲ့ ကြေညာချက်အရ စစ်အစိုးရဟာ ကိုယ်တိုင် ပြဋ္ဌာန်းချက်ကို မလိုက်နာသလို အသုံးပြုခွင့် ရရင်လည်း
အခုလို တင်းကျပ်တဲ့ တားမြစ်ချက်တွေနဲ့ ဖြစ်တယ်လို့ နိုင်ငံရေးပါတီ တချို့က ပြောကြပါတယ်။ အပြည့်အစုံကို စုံစမ်း
မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

နိုင်ငံရေးပါတီတွေ ရေဒီယိုနဲ့ ရုပ်သံကို သုံးပြီး စည်းရုံးရာမှာ ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း မလိုက်နာရင်


နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ အရေးယူခံရမယ်လို့ သိရပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ မနေ့က
ထုတ်ပြန်တဲ့ ကြေညာချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ တည်ဆဲဥပဒေတွေကို လိုက်နာဖို့၊ စစ်တပ် ဂုဏ်သိက္ခာကို မထိပါးဖို့
အပါအ၀င် အချက် ၉ ချက် ပါရှိပါတယ်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးသိန်းဌေးက အာဏာမတည်သေးတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ အချက်တွေကို


လိုက်နာခိုင်းမှုအပေါ် အခုလို ပြောပါတယ်။

“မဲပေးပိုင်ခွင့် အားလုံးရဲ့ ထက်ဝက်ကျော်၏ မဲပေးမှုနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြု ပြဋ္ဌာန်းလိုက်သည်လို့ ပါတယ်။


အဲဒီ အတည်ပြု ပြဋ္ဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး
စတဲ့နေ့မှာ နိုင်ငံတ၀န်းလုံး အာဏာတည်မည်လို့ ဥပဒေ ပြဋ္ဌာန်းထားတာ ရှိတယ်။ အဲဒီတော့ ကျနော်တို့
ယူဆထားတာက ဥပဒေကဲ့သို့ အာဏာတည်မှသာ ပြဋ္ဌာန်းချက်ကို အသုံးချလို့ရမယ်။”

အကယ်၍ ၂၀၀၈ ဖွဲ့စည်းပုံပါ အချက်တွေကို နိုင်ငံရေးပါတီတွေက လိုက်နာရမယ်ဆိုရင် ပြည်သူလူထုကလည်း


ဒီဖွဲ့စည်းပုံအတိုင်း လုပ်ပိုင်ခွင့် ရှိရမယ်လို့ ဦးသိန်းဌေးက ထောက်ပြထားပါသေးတယ်။

“ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာရမယ်ဆိုရင် သူတို့ကိုယ်တိုင်ကကော ၂၀၀၈ ဖွဲ့စည်းပုံ


အခြေခံဥပဒေကို ကိုယ်တိုင် ကျင့်သုံးမှု ရှိလား၊ မရှိလားဆိုတာ ပြန်သုံးသပ်ရလိမ့်မယ်။ သူတို့ကိုယ်တိုင်က ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုယ်တိုင် ကျင့်သုံးမှုရှိတယ်ဆိုရင် ပုဒ်မ ၃၅၄ နိုင်ငံသား အခွင့်အရေးမှာ
သူတို့ရေးထားတာ ရှိတယ်။

“(က) မိမိ၏ ယုံကြည် ထင်မြင်ချက်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားခွင့်၊ ဖြန့်ဝေခွင့်။ (ခ)


လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်။ (ဂ) အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ
ဖွဲ့စည်းဆောင်ရွက်ခွင့် ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပါထားတာ ရှိတယ်။ သူတို့ကိုယ်တိုင်က ၂၀၀၈ ဖွဲ့စည်းပုံအတိုင်း
ဆောင်ရွက်မယ်ဆို ဒီအချက် ၃ ချက်နဲ့ ပတ်သက်ပြီး ပြည်သူလူထုကိုလည်း လုပ်ပိုင်ခွင့် ပေးရမယ်။ ဥပမာ NLD
ပါတီကို ဖျက်သိမ်းတဲ့အတွက် NLD ကိုလည်း အသင်းအဖွဲ့ အနေနဲ့ ဖွဲ့စည်းဆောင်ရွက်ခွင့် ပေးကို ပေးရလိမ့်မယ်။”

ရေဒီယို၊ ရုပ်သံကတဆင့် မဲဆွယ်စည်းရုံးခွင့် အစီအစဉ်မှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ အကျုံးဝင်၊


မ၀င်တော့ ကော်မရှင်က မထုတ်ပြန်သေးပါဘူး။ ဒီမိုကရက်တစ်ပါတီ (မြန်မာနိုင်ငံ) အထွေထွေ အတွင်းရေးမှူး
ဒေါ်သန်းသန်းနုကတော့ ရေဒီယိုနဲ့ ရုပ်သံတွေဟာ အစိုးရပိုင် ဖြစ်တဲ့အတွက် ဒါတွေကို အသုံးပြုခွင့် ရရင်လည်း
ထူးခြားလာမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ကျမတို့ကို ခွင့်ပြုတာက အစိုးရ Control လုပ်ထားတဲ့ ရုပ်သံ၊ ရေဒီယိုကနေ ပြောရမှာနော်။ အဲဒီတော့


သူတို့ပြဋ္ဌာန်းထားတဲ့ ဒီဟာတွေနဲ့ မကိုက်ညီရင် လွှင့်လို့မရ၊ ဒီအချက်တွေနဲ့ ကိုက်ညီရမယ်ဆိုတာ ကျမတို့အတွက်
အထူးအဆန်း မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ ထိန်းချုပ်ထားတဲ့၊ သူတို့ကိုယ်တိုင်ကိုက လွတ်လပ်ခွင့်
ပေးထားတာမှ မဟုတ်ဘဲ၊ ရေဒီယိုနဲ့ ရုပ်သံကို။ အဲဒီတော့ ကျမတို့အနေနဲ့ ခွင့်ပြုတယ်၊ ခွင့်ပြုပေမဲ့ ဒီအချက်တွေနဲ့
ကိုက်ညီမှဆိုတာ ကျမတို့က သိပ်မဆန်းပါဘူး။ ခွင့်ပြုလို့ရှိရင် ဒီလို ဥပဒေတွေ ပြဋ္ဌာန်းမှာပဲဆိုတာ ကျမတို့
မျှော်လင့်ပြီးသားပဲ။”

ပြီးခဲ့တဲ့ ဇူလိုင်လစပြီး မှတ်ပုံတင်ခွင့် ရထားတဲ့ နိုင်ငံရေးပါတီတွေကို ဂျာနယ်စာစောင်တွေ ထုတ်ဝေခွင့် ပြုခဲ့ရာမှာ


စာစောင်အာမခံ ကျပ် ၅၀၀,၀၀၀ တင်ရမှာနဲ့ တင်းကျပ်တဲ့ စိစစ်ရေး ပေါ်လစီတွေကြောင့် ပါတီအများစုက
မထုတ်ဝေနိုင်ခဲ့ကြပါဘူး။ ဒါပေမဲ့ ပြည်ခိုင်ဖြိုးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့ကတော့ ပုံမှန်
ထုတ်ဝေနေတယ်လို့ သိရပါတယ်။

Source:http://www.voanews.com/burmese/news/myanmar-election-political-parties-102948484.html
တသီးပုဂ္ဂလ ကချင် ကိုယ်စားလှယ်လောင်း ၁၂ ဦး အပယ်ခံရ
ရွေးကောက်ပွဲဝင်ဖို့ မှတ်ပုံတင်ခွင့် မရခဲ့တဲ့ KSPP ကချင်ပြည်နယ် တိုးတက်ရေးပါတီကနေ တသီးပုဂ္ဂလတွေအဖြစ်
ယှဉ်ပြိုင်ဖို့ အမည်စာရင်း တင်ခဲ့တဲ့ ဒေါက်တာတူးဂျာ အပါအ၀င် အားလုံးကို ရွေးကောက်ပွဲ ကော်မရှင်က
ငြင်းပယ်လိုက်တယ်လို့ အပယ်ခံရသူ တသီးပုဂ္ဂလ ကချင်ကိုယ်စားလှယ်လောင်း တဦးက အတည်ပြုပြောပါတယ်။
သူတို့ကို ငြင်းပယ်လိုက်ပေမဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ကချင်ပြည်နယ်
စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီက တင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေကိုတော့ အတည်ပြု
လက်ခံလိုက်တယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က
တင်ပြပေးထားပါတယ်။

ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) ကို တရားဝင် ပါတီအဖြစ် ခွင့်မပြုတဲ့အတွက် တသီးပုဂ္ဂလ


ကိုယ်စားလှယ်များ အဖြစ် ၀င်ပြိုင်ဖို့ စာရင်းတင်ထားတဲ့ ဒေါက်တာတူးဂျာ အပါအဝင် ပါတီခေါင်းဆောင် ၁၂
ယောက်ကို တစုံတရာ အကြောင်းပြချက် မပေးဘဲ ပယ်ချလိုက်တာလို့ KSPP အဖွဲ့ဝင် ခေါင်းဆောင်ဟောင်း
တယောက်က ကချင်လို ပြောပါတယ်။

“ဒီနေ့ အားလုံးပယ်လိုက်ပြီ၊ အပြတ် ပယ်လိုက်ပြီ။ ဘာကြောင့် မရတာလဲ မသိဘူး၊ ဘာမှလည်း မပြောဘူး။


မရဘူးဆိုပြီး ပယ်ချလိုက်တယ်။ ဘာမှလည်း မသိပါဘူး။”

ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) ကတော့ မှတ်ပုံတင်ခွင့် မပြုခင်ကတည်းက ကချင်ပြည်နယ် တ၀န်းမှာ


စည်းရုံးရေးတွေ လုပ်ခဲ့တာပါ။

မှတ်ပုံတင်လျှောက်ခွင့် ပြုတဲ့အခါမှာတော့ အရင်ဦးဆုံး မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ပါတီတွေထဲမှာ ပါပါတယ်။


ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ကျလာဖို့ကို စောင့်စားခိုင်းတဲ့အတွက် တလျှောက်လုံး
စောင့်ဆိုင်းခဲ့ပါတယ်။ ဒါပေမဲ့လည်း လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခွင့်ပြုတဲ့ရက်
ကုန်ခါနီးအထိ မှတ်ပုံတင်ခွင့် မကျလာတဲ့အတွက် ပါတီခေါင်းဆောင် ၁၂ ယောက်က တသီးပုဂ္ဂလ
ကိုယ်စားလှယ်တွေအဖြစ် ရွေးကောက်ပွဲဝင်ခွင့် လျှောက်ထားခဲ့တာပါ။

တဘက်မှာတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီဝင်တွေ ဖြစ်တဲ့ ကချင်တိုင်းရင်းသားတွေနဲ့


ဖွဲ့စည်းထားတဲ့ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ-ကချင်ပြည်နယ် (UDPKS) ကိုတော့ မှတ်ပုံတင်ခွင့် ပြုရုံမက
စာရင်းတင်သွင်းတဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် ၉ ယောက်စလုံးကို ရွေးကောက်ပွဲဝင်ခွင့် ပြုလိုက်တယ်လို့ ပါတီရဲ့
ဒု-ဥက္ကဋ္ဌ ဦးဖော်လားဂမ်ဖန်က ပြောပါတယ်။

“ကျပါပြီ၊ ၉ ဦးလုံး ကျပါတယ်။ ခုတော့ ကျနော်တို့ မိမိတာဝန်ကျတဲ့ နယ်မြေတွေမှာ ကွင်းဆင်းဖို့ အစီအစဉ်လေးတွေ


ဝိုင်းဝန်းကြပါတယ်၊ ကိုယ့်ဟာကိုယ်ပေါ့။ ကျနော်တို့ဘက်ကလည်း ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဥပဒေ
မူဘောင်အတွင်းကနေ လုပ်တာပါ။ အဲဒီတော့ မူဘောင်အတွင်းထဲမှာ ကျနော်တို့အားလုံး တနည်းရရှိအောင်
အစိုးရကိုပေါ့လေ အမျိုးမျိုး စီစဉ် ဆောင်ရွက်ရတာပေါ့နော။ ဒီဘောင်အတွင်းထဲမှာ အားလုံးက ပူးပေါင်းလုပ်လိုက်တဲ့
အခါကျတော့ တနည်းအားဖြင့် အားလုံးကျသွားတဲ့ သဘောပါပဲ။ ကျန်တာကတော့ အစိုးရအနေနဲ့ စီးပွားရေး
အခွင့်အရေး ပေးတာတော့ မရှိပါဘူး၊ အားလုံး တပြေးညီပါပဲ။ ကျန်တဲ့ပါတီတွေနဲ့ အားလုံး အတူတူပါပဲ။”

ဒီလိုအခြေအနေမှာတော့ ကချင်လူထု မျှော်လင့်ထားခဲ့တဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီ အနေနဲ့ လာမယ့်


ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် တဦးတယောက်မှ ပါဝင်နိုင်မှာ မဟုတ်တော့ပါဘူး။

UDPKS ပါတီက ကချင်ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲ ၀င်နိုင်တယ် ဆိုပေမဲ့လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေ


ဖြစ်တာကြောင့် ကချင်လူထု အများစုကတော့ သူတို့ကို ကိုယ်စားပြုတယ်လို့ မခံစားကြပါဘူး။

Source:http://www.voanews.com/burmese/news/myanmar-election-kachin-party-102949089.html

ကြံ့ခိုင်ရေးကို မမှုတဲ့ ဦးသုဝေ


ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၅ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၄၄ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဦးသုဝေ ဦးဆောင်သော ဒီမိုကရက်တစ်ပါတီ (မြန်မာ)သည် ပြည်သူ့လွှတ်တော်တွင်
အများဆုံး ဝင်ပြိုင်မည်ဖြစ်ပြီး ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊
ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းတို့၌ စုစုပေါင်း ၄၇ ဦးဝင်ပြိုင်မည်။

၂ဝ၁ဝ ကော်မရှင်တွင် “စစ်ဗိုလ်လူထွက်” များနေသဖြင့် အထက်အမိန့်နှင့် အာဏာကို ကြောက်နေရသည်ဟု


ရန်ကုန် မင်္ဂလာတောင်ညွန့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ဝင်ပြိုင်မည့် ဦးသုဝေက ပြောသည်။
“အစိုးရကို
စိစစ်ရေးအောင်တဲ့ အမတ်လောင်း ဘယ်နှစ်ဦး ရှိလဲခင်ဗျ။ မဝေဖန်ရဘူး
ဆိုရင်
“၃ ယောက်က ပထမတုန်းကတည်းက လျော့သွားတယ်။ အခု ဦးလှမြင့်က မရဘူးဆိုတော့ ၄၇ ကျနော်တို့က
ယောက်ထင်တယ်။ စိစစ်ရေး မတင်မီ ၂ ယောက်က ထွက်သွားတာ။ မိသားစုတွေက ကန့်ကွက်လို့ တိုင်းပြည်မှာ
ဆိုပြီးတော့။ အဲဒါ ပုသိမ်က တယောက်၊ ရွှေပြည်သာက နှစ်ယောက်။ ပထမ ၅၁ ယောက် ရှိတာလေ” ချို့ယွင်းချက်
လေး
အန်ကယ်တို့ပါတီက ရွေးကောက်ပွဲမှာ ဘယ်လွှတ်တော်ကို အများဆုံး ဝင်ပြိုင်တာလဲ။ ဘာဖြစ်လို့လဲ။ ဘာလေး
ပြောရင်တေ
“ာင် ဒါ
ပြည်သူ့လွှတ်တော်ပါပဲ။ ကျနော်တို့ ထည့်ချင်တာက ဝေဖန်တယ်
နေရာတိုင်းလေ။ အခုဟာကတော့ ဆိုပြီး
ကိုယ်ပြိုင်လို့ရတဲ့နေရာ ပြိုင်တာကိုး။ ဒါပေမဲ့ အရေးယူလို့
အများကတော့ ပြည်သူ့လွှတ်တော်က နေရာလည်း လည်း
ပိုများတာကိုး အမျိုးသားလွှတ်တော်နဲ့စာရင်။ ရတာပဲလေ”
အဲဒီတော့ ပြည်သူ့လွှတ်တော်မှာ အများစု
ဝင်ပြိုင်တာပေါ့။ နောက်ပြီးတော့လည်း
ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝင်ပြိုင်ရတာလေ ကျနော်တို့လူတွေက။
ပြည်သူ့လွှတ်တော်က အမျိုးသားလွှတ်တော်ထက်စာရင်
နယ်လည်းပိုကျဉ်းတယ်။ အမျိုးသားလွှတ်တော်ဆို တချို့က ၎
ဦးသုဝေ မြို့နယ် ၅ မြို့နယ်လောက်ပါတော့ စည်းရုံးရေးလုပ်တဲ့အခါ
ပိုက်ဆံပိုကုန်တာပေါ့ဗျာ။ အဲဒါကြောင့်မို့လို့ ပြည်သူ့လွှတ်တော်ကို ပိုရွေးတာပေါ့”

အန်ကယ်တို့ပါတီက အခု တသီးပုဂ္ဂလ ၈ ယောက်နဲ့ ပူးတွဲပြီး စည်းအဝေးလုပ်ဖြစ်လား။

“အဲဒါတွေက ဒီလောက်မရှိပါဘူး။ တသီးပုဂ္ဂလကလည်း ရွေးကောက်ပွဲ ဝင်ဖို့အတွက် “..အခုကော်မရှင်ကေ

သူ့ဟာသူလုပ်ပေါ့နော်။ ကျနော်တို့က ပါတီလိုက် ကိုယ့်ပါတီနဲ့ကိုယ်ပါပဲ။ ဒါပေမယ့် သူ့ရဲ့ တာ့ စစ်ဗိုလ် လူထွက်

ရွေးကောက်ပွဲနယ်မှာ ကျနော်တို့မရှိတဲ့အခါကျတော့ ကျနော်တို့ပါတီကလူတွေက သူတို့ကို တွေ များတာကိုးနော်။


ဝင်ကူပေါ့နော်။ ကျနော်တို့ပါတီမှာလည်း သူတို့ဝင်မပြိုင်တဲ့နေရာ သူတို့မိတ်ဆွေတွေကို စစ်ဗိုလ်ဆိုတာကတော့

ကူပေးပေါ့။ တယောက်နဲ့ တယောက် နားလည်မှုပါပဲ။ တခြားတော့ ဘာမှ အမိန့်အာဏာကိုပဲ

ထူးထူးခြားခြားမရှိပါဘူး” ကြောက်နေရတာကိုး။
သူတို့ ကိုယ်တိုင်က

မဲဆန္ဒနယ် တူနေတယ်လို့ တသီးပုဂ္ဂလ ၈ ဦးထဲက ဒေါက်တာဖုန်းဝင်းက ပြောတယ်။ ကော်မရှင် Rule တွေ

ရှင်းပြပေးပါလား ခင်ဗျာ။ နားမလည်တော့


အထက်က အမိန့်ရမှပဲ

ကိုဖုန်းဝင်းနဲ့ ကျနော်တို့ပါတီက ဦးအောင်သန်းမြင့်ဆိုတာနဲ့ သွားတူတယ်။ ကျနော်တို့ပါတီ လုပ်ရသလို


ဖြစ်နေတယ်”
အီးစီပါ။ အဲဒီတခုပဲ တူပါတယ်။ ဒါကတော့ တသီးပုဂ္ဂလလည်း သူ့ဟာသူ ဝင်တာပဲ။ ကျနော်တို့က
ကျနော်တို့ဝင်တာပဲ။ အခု ဝင်ပြီးမှ ကျနော်တို့က ညှိနှိုင်းမိတာကိုး။

NDF နဲ့ရော ဆက်စပ်ပြီးလုပ်ကိုင်တာရှိလားခင်ဗျ။

“အခုတော့ မရှိဘူးခင်ဗျ။ လူချင်းကတော့ တယောက်နဲ့တယောက် ရင်းနှီးပြီးသားလေ”

ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေကနေ “ဟောပြောတင်ပြခွင့်” ရမယ်ဆိုတဲ့ ကော်မရှင်ရဲ့ ကြေညာချက် အပေါ်


ဘယ်လိုသုံးသပ်ပါသလဲ။

“၁၅ မိနစ်လည်း မဆိုးပါဘူး။ အရင် ၁၉၉ဝ က ၁ဝ မိနစ်ပဲရတယ်။ စည်းကမ်းသတ်မှတ်တာပဲ တော်တော်လေး


ကွာတယ်။ ၉ဝ တုန်းက ဘာကန့်သတ်ချက်မှ မရှိပဲ။ ကိုယ်ပြောချင်တဲ့ မိန့်ခွန်းကို ကြိုတင်ပြီးတော့ တင်ရတယ်။
သူတို့ ဖြတ်တယ် တောက်တယ် ဒါပဲရှိတယ်။ အခုဟာက ကြိုတင် ကန့်သတ်ချက်တွေက အများကြီးပဲ။ ဘာမိန့်ခွန်း
ပေးရမှန်းတောင် မသိတော့ဘူး”

နံပတ် ၆ မှာပါတဲ့ တားမြစ်ချက် ၉ချက်ကို ဘယ်လို ကျော်လွှားကြမလဲ။

“ကန့်သတ်ချက်အကုန်လုံးကလည်း သူတို့အစိုးရရဲ့သဘော၊ ကော်မရှင်ရဲ့သဘောလို ဖြစ်နေတယ်လေနော်။


အရေးယူချင်လည်း ရတယ်။ မယူချင်လည်းရတာပေါ့။ ဆိုကြပါစို့ အစိုးရကို မဝေဖန်ရဘူး ဆိုရင် ကျနော်တို့က
တိုင်းပြည်မှာ ချို့ယွင်းချက်လေး ဘာလေးပြောရင်တောင် ဒါ ဝေဖန်တယ်ဆိုပြီး အရေးယူလို့ ရတာပဲလေ။
သူတို့ပေါ်မှာတည်တာပဲ”

အဲဒါဆိုရင် အန်ကယ်တို့ ဘယ်လိုလုပ်ကြမလဲ။

“အခွင့်အရေးကိုတော့ ယူမှာပဲလေ။ လိမ်လိမ်မာမာတော့ ပြောရမှာပေါ့ဗျာ။ ကိုယ့်ရဲ့ ရည်မှန်းချက် အတိုင်းတော့


တိုင်းပြည်မှာ ဘာတွေ ချို့ယွင်းနေတယ်။ အဲဒါတွေကို ကျနော်တို့ကတော့ ဘယ်လိုပြင်မယ် ဒါမျိုးတွေကတော့
ပြောရမှာပေါ့နော်။ သို့သော်လည်းပဲ တိုက်ရိုက်ကြီး ဒီအစိုးရ မကောင်းဘူးဘာဘူး ဒီလိုတော့ ပြောလို့ ဘယ်ရမလဲ”

၁၉၉ဝ ကော်မရှင်နဲ့ အခု ကော်မရှင် ဘာကွာခြားတယ်လို့ သတိပြုမိပါသလဲ။


“ကြံ့ခိုင်ရေး
“ကော်မရှင်ချင်း အများကြီးကွာတယ်။ ဟိုတုန်းက ကော်မရှင်က လူကြီးတွေလည်းဖြစ်ပြန်၊ တို့
အတွေ့အကြုံလည်း ရှိပေါ့နော်။ နောက်ပြီးတော့လည်း အစိုးရနဲ့ ရင်းနှီးတယ် ပြောလို့လည်းရတယ်။ တစညတို့နဲ့
သို့သော်လည်း အစိုးရရဲ့ အမိန့်အာဏာအတိုင်း သူတို့က ရမ်းမလုပ်ဘူးလေဗျာ။ ပြိုင်ရရင်
အခုကော်မရှင်ကတော့ စစ်ဗိုလ်လူထွက်တွေများတာကိုးနော်။ စစ်ဗိုလ်ဆိုတာကတော့ ကြောက်စရ
အမိန့်အာဏာကိုပဲ ကြောက်နေရတာကိုး။ သူတို့ ကိုယ်တိုင်က ကော်မရှင် Rule တွေ နားမလည်တော့ာမရှိဘူး။
အထက်က အမိန့်ရမှပဲ လုပ်ရသလို ဖြစ်နေတယ်” ဒီမိုကရေစီ
အင်အား
မဲဆန္ဒနယ်တွေလည်း သိပြီ။ လူတွေလည်း သိပြီဆိုတော့ အန်ကယ်တို့ပါတီအနေနဲ့ ဘယ်နေရာတွေမှာ စုတွေ ကို
အနိုင်ရမယ်လို့ ခန့်မှန်းထားလဲ။ ပြိုင်ရမှာသာ
.. ”
“အများအားဖြင့်တော့ အနိုင်ရမယ် ယူဆတယ်ပေါ့နော်။ တခုရှိတာက အကယ်၍ ကြံ့ခိုင်ရေးတို့
တစညတို့နဲ့ ပြိုင်ရရင် ကြောက်စရာမရှိဘူး။ ဒါပေမယ့် ဒီမိုကရေစီအင်အားစုခေါ်မလား အတိုက်အခံခေါ်မလား
အဲဒါတွေကိုလည်း ကျနော်တို့ ပြိုင်ရမလို ဖြစ်နေတာတွေရှိတယ်လေ။ အဲဒီတော့ နည်းနည်း ရှုပ်သွားတာပေါ့ဗျာ။
အတိအကျပြောလို့မရဘူး ဖြစ်သွားတာပေါ့”
Source:http://www.mizzimaburmese.com/interview/6056-2010-09-15-12-55-48.html

မှတ်ပုံမတင်သည့်ပါတီကို ဖျက်သိမ်းကြောင်း မကြေညာသင့်ဟု


အန်အယ်လ်ဒီတုံ့ပြန်
NEJ / ၁၅ စက်တင်ဘာ ၂၀၁၀

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အား


နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းလိုက်ကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့မှုအပေါ် အန်အယ်လ်ဒီက
အချက်(၃) ချက်ဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။

အန်အယ်လ်ဒီပါတီဝင် ခေါင်းဆောင်ပိုင်းများ ယနေ့ ပါတီရုံးချုပ်တွင် တွေ့ဆုံဆွေးနွေးပြီး အချက် (၃) ချက်ကို


သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းက
ပြောကြားသည်။

၎င်းက “နံပါတ်တစ်အချက်ကတော့ မနေ့ကထုတ်တဲ့ကြေညာချက်ဟာ ဒါမျိုး မှတ်ပုံမတင်ထားတဲ့


အန်အယ်လ်ဒီအပေါ်မှာ ဒီလိုကြေညာဖို့ ဥပဒေပြဋ္ဌာန်းချက် ကျနော်တို့ မတွေ့ပါဘူးဆိုတာပါ” ဟု ပြောသည်။

ထို့နောက် ဒုတိယအချက်အနေဖြင့် “ရွေးကောက်ပွဲဥပဒေမှာပါတဲ့ ပါတီဆိုတဲ့ အဓိပ္ပာယ်ရယ် နိုင်ငံရေးပါတီဆိုတဲ့


အဓိပ္ပာယ်ရယ် ဒီနှစ်ခုစလုံးဟာ လက်ရှိကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ ပါတီကိုသာ ဆိုလိုတယ်” ဟု ၎င်းက
ဆက်လက်ပြောကြားသည်။

နောက်ဆုံးတတိယအချက်အနေဖြင့် “ကျနော်တို့ အဖွဲ့ချုပ်က ဥပဒေအမှတ် ၄/၈၈ နိုင်ငံရေးပါတီများ


မှတ်ပုံတင်ခြင်းဥပဒေအရ မှတ်ပုံတင်ထားတယ်။ အဲဒီဥပဒေမှာပါတဲ့ ငြိစွန်းတဲ့ဟာတခုကိုမှ
ကျူးလွန်ခဲ့ခြင်းမရှိဘူးဆိုတာ ဖော်ပြတယ်။ ဒီသုံးချက် ကျနော်တို့ သတင်းထုတ်ပြန်ပါတယ်” ဟု ဦးဉာဏ်ဝင်းက
ရှင်းပြသည်။

ရွေးကောက်ပွဲကော်မရှင်၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် အန်အယ်လ်ဒီပါတီသည် သတ်မှတ်ရက်အတွင်း


နိုင်ငံရေးပါတီအဖြစ် ဆက်လက်လျှောက်ထားခြင်း မရှိသည့်အတွက် ဥပဒေအရ အလိုအလျောက်ပျက်ပြယ်ကာ
နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိသည့်အတွက် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို
ပယ်ဖျက်ကာ ပါတီကို ဖျက်သိမ်းလိုက်ကြောင်း ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက “ဒီလိုပဲအခက်အခဲ အကျပ်အတည်းရှိမှာပဲဆိုတာကိုတော့


ကျနော်တို့နိုင်ငံရေး လုပ်သက်တလျှောက် တွေ့နေရတဲ့အတွေ့အကြုံအရ ဒီလိုတော့ မျှော်မှန်းပါတယ်” ဟု
ပြောဆိုသည်။

အန်အယ်လ်ဒီပါတီအနေဖြင့် ရွေးကောက်ပွဲကို မတ်လ (၂၉) ရက်နေ့ကတည်းက သပိတ်မှောက်ပြီးသားဖြစ်ကြောင်း၊


ယခုအခါ အန်အယ်လ်ဒီထောက်ခံသူများ၊ ပြည်သူများသာ ရွေးကောက်ပွဲကို သပိတ်မှောက်ရန်၊ ပြည်သူများအနေဖြင့်
မဲပေးခြင်းကိစ္စအား ဥပဒေပါ အချက်အလက်များကို သိရှိရန်လိုအပ်ပြီး ရွေးချယ်ပိုင်ခွင့်ရှိကြောင်း သိရှိရန်
လိုအပ်ကြောင်း ချပြပြောဆိုနေခြင်းဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကို မဲပေးလိုသည့် ပြည်သူလူထုအနေဖြင့် လာမည့် ၂၀၁၀
ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ မပါဝင်သဖြင့် မဲမပေးကြရန်သာရှိကြောင်း လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဦးဉာဏ်ဝင်းမှတဆင့် ပြောကြားခဲ့သည်။ ထို့အပြင်
ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများတွင် တရားမျှတမှုမရှိသည့် အချက်များကို ပြည်သူများသိစေရန် တတ်နိုင်သမျှ
လုပ်ဆောင်ကြရန်အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့သည်။

Source:http://khitpyaing.org/index.php?route=detail&id=4543

ရေဒီယိုနှင့် ရုပ်သံမှ ဟောပြောတင်ပြခွင့် ကန့်သတ်ချက် များလွန်း


ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးရန် နိုင်ငံရေးပါတီ အသီသီး၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ရေဒီယိုနှင့်
ရုပ်မြင်သံကြား မှတဆင့် ဟောပြော တင်ပြခွင့်ပြုသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်တွင်
ကန့်သတ်ချက်များ ခြင်းကြောင့် နိုင်ငံရေးပါတီများက နှစ်သက်မှုမရှိကြောင်း သိရသည်။
“ဒီလို လုပ်ခွင့်ပေးလာတာကိုတော့ ကြိုဆိုရမှာပါ။
ဒါပေမယ့် အတည်မပြုသေးတဲ့ ဥပဒေတွေနဲ့
နှိပ်ကွပ်ထိန်းချုပ်ထားတာတွေ
ပါလာတာကိုတော့ မကြိုဆိုနိုင်ဘူး”ဟု
ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ
ဦးသိန်းဌေးက ဧရာဝတီသို့ ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင်သည်
ကြေညာချက်အမှတ် (၉၈/၂၀၁၀) ကို
နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြား
အစီအစဉ်များမှ ဟောပြောတင်ပြခွင့် ခေါင်းစဉ်ဖြင့်
သြဝုတ်လက မန္တလေးမြို့တွင် အမျိုးသား ဒီမိုကရေစီ အင်အားစု
ယနေ့ထုတ် စစ်အစိုးရ သတင်းစာများ၌
ရုံးဖွင့်ပွဲ ကျင်းပစဉ် (ဓာတ်ပုံ - ရိုက်တာ)
ဖော်ပြထားသည်။

ကြေညာချက်တွင် ဖော်ပြထားသော ကန့်သတ်ချက်၊ ဥပဒေများမှာ စစ်ဥပဒေ အမိန့်များနှင့်သာ တူနေပြီး


ရွေးကောက်ပွဲ
ကော်မရှင်အနေဖြင့် သုံးပိုင်ခွင့် မရှိကြောင်း၊ ယခု ထုတ်ပြန်ထားသည့် ကြေညာချက်ပါ ဥပဒေများမှာ
အတည်မဖြစ်သေးသော ၂၀၀၈ ဖွဲ့စည်းပုံပါ ဥပဒေများဖြစ်ကြောင်း ဦးသိန်းဌေးက ဆက်လက်ပြောသည်။

ကြေညာချက်တွင် ရေဒီယို၊ ရုပ်သံတို့မှ ဟောပြောလိုသော နိုင်ငံရေးပါတီအနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်ထံ


ပါတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးသည် ၇ ရက်ကြိုတင်၍ ပါတီမူဝါဒနှင့် လုပ်ငန်းစဉ်များကို A4 အရွယ်အစား
စာမျက်နှာ ၇ မျက်နှာ ထက် မပိုသော စာမူဖြင့် ခွင့်ပြုမိန့် လျှောက်ထားရမည်ဟု ပါရှိပြီး ဟောပြောချိန် ၁၅
မိနစ်စာရမည်ဟု ဖော်ပြထားသည်။

စာမူကို ရွေးကောက်ပွဲ ကော်မရှင်က စိစစ်သည့်အပြင် ပြန်ကြားရေး ဝန်ကြီးဌာနနှင့်လည်း ညှိနှိုင်းဦးမည်ဟု


ကြေညာချက်အရ သိရသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ အထွေထွေ အတွင်းရေးမှူး ကိုနေမျိုးဝေက“တောတွေမှာ တီဗီတွေတော့


ရှိတယ်။ ဒါပေမယ့် ဘယ်သူမှ တီဗီမကြည့်ကြဘူး။ အခွေပဲ ထိုးကြည့်ကြတယ်။ ဒါကြောင့် ကျနော်တို့ပါတီက
ဒီအစီအစဉ်ကို သိပ် မကြိုဆို ဘူး”ဟု ဆိုသည်။

သို့သော် ၎င်းတို့၏ ပါတီမူဝါဒများကို ပြည်သူများထံတင်ပြရန် ရွေးချယ်စရာလမ်း မရှိတော့သည့်အတွက်


အသုံးပြုကောင်း
ပြုမည်ဟုလည်း ပြောသည်။

“တကယ်လို့ ဂျာနယ်တွေ၊ စာစောင်တွေမှာ ကျနော်တို့ရဲ့ ပြောဆိုတာတွေကို စိစစ်ရေးက လုံးဝမဖြတ်တောက်ဘဲ


ရေးသားခွင့်
ရမယ်ဆိုရင် အခုအစီအစဉ်ကို လုံးဝမသုံးဘူး။ ၁၅ မိနစ်ကို လူဘယ်နှဦး ကြည့်မှာလဲ။ စာစောင်တွေမှာ
ရေးသားရတာက
ပို ထိရောက်တယ်”ဟု ကိုနေမျိုးဝေက ဆက်လက်ပြောသည်။

အမျိုးသား ဒီမိုကရေစီအင်အားစု ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ယခုအစီအစဉ်သည် အမြဲတမ်း


တောင်းဆို နေခဲ့သည့် အရာဖြစ်၍ ကြိုဆိုကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့ရာ ထိရောက်
အောင်မြင်ခဲ့ကြောင်း၊ ကန့်သတ်မှု များရှိသည့်တိုင် ရရှိသည့် အခြေအနေပေါ် မူတည်၍
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

၁၉၉၀ ခုနှစ်တွင် ရေဒီယို၊ ရုပ်သံတို့ မှတဆင့် ဟောပြောခြင်းကို အချိန် ၁၁ မိနစ်သာ ရခဲ့သော်လည်း ကန့်သတ်
ချုပ်ချယ်မှုများ မပါရှိခဲ့ကြောင်း ထိုရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပါတီခေါင်းဆောင်များက
ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင်က ယခုထုတ်ပြန်ထားသော ကြေညာချက်တွင် ခွင့်ပြုမိန့်ပါ သတ်မှတ်ချက် သို့မဟုတ်


စည်းကမ်း ချက်များအပြင် တားမြစ်ချက် ၉ ချက်ကိုလည်း ဖော်ပြထားပြီး လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေအရ
အရေးယူခြင်း ခံရ မည့်အပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရလည်း အရေးယူခြင်း ခံရမည်ဟု
ဖော်ပြထားသည်။

“ကျနော်တို့ပါတီရဲ့ မူဝါဒတွေကတော့ လက်ရှိအစိုးရရဲ့ ချွတ်ယွင်းချက်တွေကို ထောက်ပြတာ ဝေဖန်နေတာပဲလေ။


ဒီလို
အားနည်းချက်တွေကို အားကောင်းလာအောင် အပြောင်းအလဲ လုပ်ဖို့လိုနေပြီဆိုတာကို ပြည်သူတွေကို
ပြောနေတာပဲ။
ဥပဒေနဲ့ ငြိစွန်းတယ်၊ မငြိစွန်းဘူးဆိုတာတော့ လက်ရှိအစိုးရအပေါ်မှာပဲ မူတည်ပါတယ်”ဟု ဒီမိုကရက်တစ်ပါတီ
(မြန်မာ)
ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

နိုင်ငံရေးပါတီများ၏ ဟောပြောချက်များသည် ဥပဒေနှင့်ညီခြင်း၊ မညီခြင်းဆိုသည်မှာ ရွေးကောက်ပွဲ ကော်မရှင်ထက်


စစ်အစိုးရကသာ ဆုံးဖြတ်သွားနိုင်ဖွယ်ရှိကြောင်း၊ ကော်မရှင်က ခွင့်ပြုပြီးသည့်တိုင် အစိုးရက ဥပဒေငြိစွန်းသည်ဟု
သတ်မှတ်ပြီး အရေးယူမှုလည်း ရှိလာနိုင်ကြောင်း ဦးသုဝေက ဆက်လက် ပြောဆိုသည်။

တိုင်းရင်းသား ပါတီ ခေါင်းဆောင်တချို့က ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်ပါ ကန့်သတ်မှုများကို


မနှစ်သက် သော်လည်း ရွေးကောက်ပွဲရက် နီးကပ်နေခြင်းကြောင့် ရေဒီယို၊ ရုပ်သံလိုင်းများမှ
ဟောပြောတင်ပြသွားမည်ဟု ပြောသည်။
ပါတီမူဝါဒများကို ဖော်ပြထားသည့် စာစောင်၊ လက်ကမ်းစာစောင်များကို ထုတ်ဝေနေသည့် နိုင်ငံရေးပါတီ တချို့သည်
အခက်အခဲ အမျိုးမျိုးကြောင့် ပုံမှန် ထုတ်ဝေနိုင်ခြင်း မရှိကြောင်းလည်း ပါတီခေါင်းဆောင်များက ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင်သည် ကိုယ်စားလှယ်လောင်းစာရင်းကို စက်တင်ဘာလ ၁၂ ရက်နေ့ နောက်ဆုံးထား၍


စိစစ်မည်ဟု ပါတီများကို အကြောင်းကြားထားသော်လည်း စိစစ်ရွေးချယ်ပြီး ကိုယ်စားလှယ်လောင်း
စာရင်းအတိအကျကို မည်သည့်ရက် တွင် ထုတ်ပြန်မည်ဟု မသိရသေးကြောင်း ပါတီခေါင်းဆောင်းများက ဆိုသည်။

တည်ဆဲပါတီဟောင်းများအနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် ၅ ပါတီသည် ပါတီဆက်လက်


တည်ထောင်ရန် လျှောက်ထားခြင်းမရှိခြင်းကြောင့် လည်းကောင်း၊ မှတ်ပုံတင်ခွင့် ရရှိသည့် ပါတီသစ် ၄၂ ပါတီအနက်
၅ ပါတီသည် လွှတ်တော် သုံးရပ်စလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိသောကြောင့် လည်းကောင်း
ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့တွင် ကြေညာခဲ့သည်။

ကျန်ရှိသည့် ၃၇ ပါတီအနက် ယနေ့အထိ ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင်အင်အားစာရင်း တင်ပြထားသည့်ပါတီ


၃၃ ပါတီ ရှိကြောင်း စစ်အစိုးရ သတင်းစာများအရ သိရသည်။

စစ်အစိုးရက ရွေးကောက်ပွဲအား ယခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု ပြီးခဲ့သည့် သြဂုတ်လ ၁၃


ရက်နေ့က ကြေညာထားသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/4068-2010-09-15-11-44-34

မဲရုံများ၍ ရွေးကောက်ပွဲကို စောင့်ကြည့်နိုင်မည် မဟုတ်

မျိုးဝင်းဇော် / ၁၅ စက်တင်ဘာ ၂၀၁၀

စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်သည် မဲဆန္ဒနယ်မြေ တခုစီအတွက် မဲရုံ အမြောက်အမြား


ပြုလုပ်မည်ဖြစ်သည့်အတွက် နိုင်ငံရေးပါတီများအနေဖြင့် မဲရုံကိုယ်စားလှယ်ထားပြီး စောင့်ကြည့်ရေး မဖြစ်နိုင်ကြောင်း
နိုင်ငံရေးပါတီများမှ တာဝန်ရှိသူတို့က ပြောကြားသည်။

ရန်ကုန်တိုင်း ဒေါပုံမြို့နယ်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူတဦးက


“ကျနော်တို့ မြို့နယ်မှာ မဲပေးနိုင်သူ လူဦးရေ (၉) သောင်းနီးပါးရှိတယ်။ အဲဒီမှာ မဲရုံပေါင်း (၁၇ဝ) ကျော်
ဆောက်မယ်တဲ့။ ကျနော့်အနေနဲ့ မဲရုံတရုံကို စောင့်ကြည့်ဖို့ ကိုယ်စားလှယ် တယောက်ပဲ ထားဦးတော့ လူပေါင်း
(၁၇ဝ) ကျော်လိုမယ်၊ ကျနော်က လူ (၁၇) ယောက် ငှားဖို့ကိုတောင် မတတ်နိုင်ဘူး။ ဒီလိုပဲ၊
အမျိုးသားလွှတ်တော်အတွက် ရန်ကုန်တိုင်း မဲဆန္ဒနယ်မြေ အမှတ် (၄) ဆိုရင် ကျနော်တို့ ဒေါပုံအပါအဝင် တာမွေ၊
မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင် မြို့နယ်တွေ ပါတယ်။ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေဆိုရင်
မဲရုံပေါင်း (၁,ဝဝဝ) ကျော်ရှိတယ်။ ကိုယ်စားလှယ်တယောက်အနေနဲ့ ဘယ်လို စောင့်ကြည့်နိုင်မလဲ။ ဒါက
ကြံ့ဖွံ့ပါတီမှပဲ လုပ်နိုင်တဲ့ အလုပ်မျိုး ဖြစ်သွားပြီ” ဟု ပြောသည်။

စစ်အစိုးရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင် လူဦးရေ (၃ဝဝ) နှင့် (၃,ဝဝဝ) အကြားတွင် မဲရုံတရုံ
ဆောက်မည်ဟု ကြေညာထားသည်။

ထို့ကြောင့် မဲပေးနိုင်သူ သန်း (၃ဝ) နီးပါး ရှိသည့် မြန်မာနိုင်ငံတွင် နိုင်ငံအဝန်း မဲရုံပေါင်း သိန်းဂဏန်း နီးပါးအထိ
ရှိနိုင်ပြီး မကြာသေးမီကမှ ပါတီဖွဲ့စည်းပြီး ရွေးကောက်ပွဲ ဝင်ကြရမည့် နိုင်ငံရေးပါတီများအနေဖြင့် ကိုယ်ယှဉ်ပြိုင်မည့်
မဲဆန္ဒနယ်မြေ တခုလုံးမှ မဲရုံအားလုံးကို စောင့်ကြည့်ရန် မဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေကလည်း မဲရုံ များလွန်းသောကြောင့် မဲရုံတိုင်းကို ပါတီက


စောင့်ကြည့်ရန် မဖြစ်နိုင်ကြောင်း ပြောကြားသည်။

ရန်ကုန်မြို့မှ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူ တဦးကမူ “ အခု ရွေးကောက်ပွဲကို ကြီးကြပ်မယ့် ကော်မရှင်


အဆင့်ဆင့် ဆိုတာဟာ ၂ဝဝ၈ တုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုတဲ့ လုပ်ငန်းစဉ်တွေမှာ
ပါဝင်ခဲ့သူတွေချည်းပဲ။ အခုလည်း ရွေးကောက်ပွဲကိစ္စကို အာဏာပိုင်အဆင့်ဆင့် ကြံ့ဖွံ့ပါတီဝင် အဆင့်ဆင့်နဲ့
ပူးပေါင်းလုပ်ကိုင်နေတာကို တွေ့နေရတယ်။ လက်ရှိ ဖွဲ့စည်းထားတဲ့ ပါတီသစ်တွေဟာ ပါတီဝင်အင်အား (၁,ဝဝဝ)
ကျော်ရဖို့တောင် အနိုင်နိုင် စည်းရုံးထားရတာ။ မဲရုံတွေကို စောင့်ကြည့်ဖို့ လူတွေ သောင်းနဲ့ချီလိုတဲ့အတွက် လူအား၊
ငွေအား တတ်နိုင်ကြမှာ မဟုတ်ဘူး။ ဒီတော့ ကော်မရှင်အဆင့်ဆင့်နဲ့ အာဏာပိုင် အဖွဲ့အစည်းတွေ လုပ်ချင်ရာ
လုပ်သွားမယ့် သဘောရှိပါတယ်” ဟု ဝေဖန်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် စစ်တပ်အာဏာရှင်စနစ် ဆက်လက်တည်မြဲရေးအတွက် တဖက်သတ်


ရေးဆွဲထားသည့် ဥပေဒေအဖြစ် ပြည်တွင်းပြည်ပရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများက ဝေဖန်ပြောဆိုနေကြပြီး
၂၀၀၈ ဖွဲ့စည်းပုံတွင် ဒီမိုကရေစီအခြေခံမူဝါဒများနှင့် မကိုက်ညီသည့်အချက်များ ပါဝင်နေ၍ အခြေခံဥပေဒေကို
ပြန်လည်သုံးသပ်ပြင်ဆင်ရန် အန်အယ်လ်ဒီက ရွှေဂုံတိုင်ကြေညာချက်တွင် ထည့်သွင်းတောင်းဆိုထားသည်။

ထိုဥပဒေအရ ပြုလုပ်မည့်ရွေးကောက်ပွဲသည်လည်း တရားမျှတ လွတ်လပ်သည့်


ရွေးကောက်ပွဲတရပ်ဖြစ်လာမည်မဟုတ်ဘဲ အတုအယောင် ရွေးကောက်ပွဲသာဖြစ်လိမ့်မည်ဟု
နိုင်ငံတကာအသိုင်းအ၀န်းကပါ ယူဆနေကြသည်။

Source:http://khitpyaing.org/index.php?route=detail&id=4541

လွတ်တော် အသီးသီးတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ပါတီ


ကိုယ်စားလှယ်လောင်း စာရင်း
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ စက်တင်ဘာလ ၁၆ ရက် ၂၀၁၀ ခုနှစ် ၀၅ နာရီ ၀၁ မိနစ်

နိုင်ငံတစ်ဝှမ်း မဲဆန္ဒ နယ်မြေပေါင်း

တိုင်းဒေသကြီး
လွတ်တော် (သိ)ု့ တိုင်းရင်းသား
ပြည်သူ့ လွတ်တော် အမျိုးသား လွတ်တော် စုစုပေါင်း
ပြည်နယ် လွတ်တော်
လွတ်တော်
မဲဆန္ဒနယ် မဲဆန္ဒနယ် မဲဆန္ဒနယ် မဲဆန္ဒနယ်
၃၃၀ ၁၆၈ ၆၃၆ ၂၉ ၁၁၆၃

ပါတီအလိုက် ကိုယ်စားလှယ်လောင်းစာရင်း
တိုင်း (သိ)ု့
ပြည်သူ့ အမျိုးသား တိုင်းရင်းသား
စဉ် ပါတီအမည် ပြည်နယ် စုစုပေါင်း မှတ်ချက်
လွတ်တော် လွတ်တော် လွတ်တော်
လွတ်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
၁ ၃၃၀ ၁၆၈ ၆၃၆ ၂၉ ၁၁၆၃
ဖွံ့ဖြိုးရေးပါတီ
တိုင်းရင်းသား စည်းလုံး
၂ ၂၉၄ ၁၄၉ ၅၃၇ ၉၈၀
ညီညွတ်ရေး ပါတီ
အမျိုးသား ဒီမိုကရေစီ
၃ ၁၀၈ ၃၅ ၂၁ ၁၆၄
အင်အားစု
အင်းအမျိုးသား
၎ ၁ ၁ ၂ ၁ ၅
ဖွံဖြိုးတိုးတက်ရေး ပါတီ
၅ ဝံသာနု NLD ၄ ၎
၆ ကရင်ပြည်သူ့ပါတီ ၈ ၅ ၂၅ ၅ ၄၃
ပြည်ထောင်စု
၇ ၂ ၁ ၃
ဒီမိုကရေစီပါတီ
၈ ခေတ်သစ်ပြည်သူ့ပါတီ ၇ ၄ ၁၉ ၃၀
၉ စည်းလုံးညီညွှတ်ရေး ပါတီ ၂ ၃ ၂ ၂ ၉
ဒီမိုကရက်တစ် ပါတီ
၁၀ ၂၃ ၁၀ ၁၇ ၅၀
(မြန်မာ)
ရှမ်းတိုင်းရင်းသားများ
၁၁ ၄၅ ၁၅ ၉၆ ၁ ၁၅၇
ဒီမိုကရက်တစ် ပါတီ
မတူကွဲပြားခြင်းနှင့်
၁၂ ၃ ၂ ၂ ၇
ငြိမ်းချမ်းရေးပါတီ
ရခိုင်တိုင်းရင်းသားများ
၁၃ ၁၂ ၈ ၂၃ ၁ ၄၄
တိုးတက်ရေးပါတီ
မွန်ဒေသလုံးဆိုင်ရာ
၁၄ ၈ ၉ ၁၅ ၁ ၃၅
ဒီမိုကရေစီ ပါတီ
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး
၁၅ ၈ ၁ ၉
ပါတီ
အမျိုးသား
၁၆ ဖွံ့ဖြိုးတိုးတက်ရေး ၆ ၇ ၁၂ ၂၅
ဒီမိုကရက်တစ် ပါတီ
၈၈ မျိုးဆက် ကျောင်းသား
၁၇ လူငယ်များ ၂၃ ၁၁ ၄ ၃၄
ပြည်ထောင်စုမြန်မာ
ပြည်ထောင်စု မြန်မာနိုင်ငံ
၁၈ အမျိုးသားနိုင်ငံရေး ၃၀ ၁၁ ၁၀ ၅၁
အဖွဲ့ချုပ်
၁၉ ကမန် အမျိုးသား ၂ ၁ ၃ ၆
တိုးတက်ရေး ပါတီ
၂၀ ချင်းတိုးတက်ရေး ပါတီ ၉ ၁၂ ၁၈ ၁ ၄၀
အမျိုးသားနိုင်ငံရေး
၂၁
မဟာမိတ်များ အဖွဲ့ချုပ်

မှတ်ချက်။ ။ ပါတီအလိုက် ကိုယ်စားလှယ်လောင်းများစာရင်း ကြည့်ရှုလိုလျှင် ပါတီအမည်ကို နှိပ်ပါ။


Source:http://www.mizzimaburmese.com/election2010/party-profile/6039-2010-09-15-07-27-22.html

နှောင်ကြိုးတုပ် ရုပ်သံ မဲဆွယ်ခွင့်ပြုမည်


မျိုးသိဏ်း | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၅ ရက် ၂၀၁၀ ခုနှစ် ၁၃ နာရီ ၁၄ မိနစ်

ပါတီများ ဟောပြောမှုကို ကန့်သတ်ချက်


ရန်ကုန် (မဇ္ဈိမ) ။ ။ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် နိုင်ငံရေးပါတီ ၁ဝ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး
ခုအား ဖျက်သိမ်းလိုက်ကြောင်းနှင့် ညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ
(၁)
ရွေးကောက်ပွဲဝင်ခွင့်ရ ပါတီ ၃၇ ခုအား တည်တံ့ခိုင်မြဲရေး တို့ကို ထိခိုက်စေမည့် ဟောပြော
နိုင်ငံပိုင်ရုပ်သံနှင့် ရေဒီယိုများတွင် ပြုလုပ်ခြင်း
အကန့်အသတ်များဖြင့် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အေးချမ်း
(၂)
မဲဆွယ်ခွင့်ပေးမည့်အစီအစဉ်ကို သာယာရေးကို ထိခိုက်စေသည့် ဟောပြော ပြုလုပ်ခြင်း
ရွေးကောက်ပွဲကော်မရှင်က ယမန်နေ့က
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ
ကြေညာလိုက်သည်။
(၃) အခြေခံ ဥပဒေနှင့် တည်ဆဲ ဥပဒေများကို
လေးစားလိုက်နာမှု မရှိခြင်း
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၁၉၉ဝ
နိုင်ငံတော်အား အကြည်ညို ပျက်စေရန် (သို့မဟုတ်)
ရွေးကောက်ပွဲ လက်ကျန်ပါတီ ၅ ခုနှင့် ၂ဝ၁ဝ တွင် (၄)
ဂုဏ်သိက္ခာ ထိပါးစေရန် ဟောပြောပြုလုပ်ခြင်း
တည်ထောင်သော ပါတီ ၅ ခုကို ဖျက်သိမ်းကြောင်း
ပါရှိသည်။ တပ်မတော် ပြိုကွဲရေးကို ဖြစ်ပေါ်စေရန် (သို့မဟုတ်)
(၅) တပ်မတော်၏ ဂုဏ်သိက္ခာ ထိခိုက်စေရန် ဟောပြော
၁၉၉ဝ ရွေးကောက်ပွဲဝင် အမျိုးသား ဒီမိုကရေစီ ပြုလုပ်ခြင်း
အဖွဲ့ချုပ်၊ ပြည်ထောင်စု ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်၊ လူမျိုးရေး သို့မဟုတ် ဘာသာရေး (သို့မဟုတ်)
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းပြည် လူတစ်ဦးချင်း သို့မဟုတ် လူအများနှင့်ပတ်သက်၍
ကိုးကန့် ဒီမိုကရက်တစ် ပါတီ၊ "ဝ" အမျိုးသား ဖွံ့ဖြိုး (၆) ပဋိပက္ခဖြစ်ပေါ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့်
တိုးတက်ရေး ပါတီ တို့ကို ပါတီ ဆက်လက် တရားကို ဟောပြောမှု သို့မဟုတ် စည်းရုံးလှုံ့ဆော်မှု
တည်ထောင်ခွင့် မလျှောက်ထား၍ ပြုလုပ်ခြင်း
ဖျက်သိမ်းခံရသည်။ ဘာသာရေးကို နိုင်ငံရေးအတွက်
(၇)
အလွဲသုံးစားပြုလုပ်ခြင်း
ကိုယ်စားလှယ်လောင်း သုံးနေရာ တင်သွင်းနိုင်ခြင်း
ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကို ထိခိုက်
မရှိသဖြင့် ဖျက်သိမ်းခံရသည့် ပါတီ ၅ ခုမှာ (၈)
ပျက်ပြားစေရန် သွေးထိုးလှုံ့ဆော် ဟောပြောခြင်း
ပြည်ထောင်စု ကရင်အမျိုးသား အဖွဲ့ချုပ် ၊ မြန်မာ့
လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ၊ နိုင်ငံ ဝန်ထမ်းများအား ယင်းတို့တာဝန်ကို ကျေပွန်စွာ

မြန်မာဒီမိုကရေစီ ကွန်ဂရက် ၊ မြို တိုင်းရင်းသား ပါတီ၊ (၉) မထမ်းဆောင်နိုင်စေရန် သို့မဟုတ် အစိုးရအား


ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ပြည်) တို့ ဖြစ်သည်။ ဆန့်ကျင် ဆန္ဒြုပစေရန် သွေးထိုး လှုံ့ဆော်
ဟောပြောခြင်း
တဆက်တည်းပင် ရွေးကောက်ပွဲ ကော်မရှင်က ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များတွင် ၁၅ မိနစ်စီ အလှည့်ကျ
ဟောပြောလိုသော ပါတီ အသီးသီးမှ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးများ ၂၅. ၁ဝ.၂ဝ၁ဝ အထိ ခွင့်ပြုမိန့်
လျှောက်ထားရမည်ဟုလည်း ကြေညာလိုက်သည်။ လျှောက်လွှာစာမူ အရွယ်အစား A4 စက္ကူ ၇ မျက်နှာထက်
မပိုရဟု သတ်မှတ်ထားသည်။

သို့သော် တိကျစွာ အဓိပ္ဗါယ် ဖွင့်ဆိုထားခြင်း မရှိဘဲ အတိုက်အခံများကို ဖမ်းဆီး ထောင်ချရာတွင်


အသုံးများလေ့ရှိသော နိုင်ငံတော် အကြည်ညိုပျက်စေမှု အပါအဝင် ကန့်သတ်ချက်များကို ထည့်သွင်းထားသည်။
ထို့ပြင် ဟောပြောတင်ပြမည့် စာမူကို စာပေ စိစစ်ရေးဌာန ခွင့်ပြုချက် ရယူရန်လည်း လိုအပ်သည်။

Source:http://www.mizzimaburmese.com/news/2010-election/6037-2010-09-15-06-58-44.html

ငြိမ်းချမ်းရေးနေ့ KNU တဖက်သတ် အပစ်ရပ်မည်


ခိုင်စု | ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၁၅ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၅၅ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ယခုလ ၂၁ ရက် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့တွင် ခုခံစစ်အသင့်ဖြင့် တနေ့တာ


အပစ်ရပ်စဲမည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ယနေ့ ကြေညာလိုက်သည်။

“ကျနော်တို့က ငြိမ်းချမ်းရေးလိုချင်တဲ့ အဖွဲ့အစည်းဆိုတာကို ပြချင်တယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ဥပဒေတွေကို


လေးစားလိုက်နာတယ်ဆိုတာ လည်း တချိန်တည်းမှာ ပြချင်သလို နအဖကိုလည်း ငြိမ်းချမ်းရေးဆိုတာ
လိုအပ်တယ်လို့ သတိပေးလိုတယ်” ဟု KNU ပြောခွင့်ရ စောဒေးဗစ် သကဘောက မဇ္ဈိမကို ပြောသည်။

KNU ထိန်းချုပ် နယ်မြေများရှိ တပ်ရင်းတပ်ဖွဲ့များသို့လည်း အပစ်ရပ်မည့်အကြောင်းကို လွန်ခဲ့သည့် ၃


ရက်ကတည်းက အကြောင်းကြားထားသော်လည်း စစ်အစိုးရကိုမူ တရားဝင် အကြောင်းကြားခြင်း မရှိဘဲ သိစေလို၍
သတင်းထုတ်ပြန်သည်ဟု ဆိုသည်။

ထိုနေ့တွင် စစ်အစိုးရက ထိုးစစ်ဆင်လာလျှင် ပြန်လည်ခုခံသွားမည်ဟု စောဒေးဗစ်သကဘောက ဆိုသည်။


“တိုက်ခိုက်ရင်တော့ ပြန်ပြီး တိုက်ရမှာပဲ။ ကိုယ့်ကို တိုက်ခိုက်ရင်
မကာကွယ်ရဘူးလို့ မရှိပါဘူး” ဟု သူက ပြောသည်။

နှစ် ၆၀ ကျော် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေစဉ်


စစ်ဒဏ်ကြောင့် သေဆုံးသော ပြည်သူများမပါ KNU အဖွဲ့ဝင်ပင်
တသောင်းနီးပါး ကျဆုံးခဲ့သည်ဟု ဒေးဗစ်သကဘောက
ခန့်မှန်းထားသည်။

နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ အဖြေရှာလိုခြင်းနှင့်


နိုင်ငံတကာအသိုင်းအ၀ိုင်းတိုက်တွန်းမှုကို
လေးစားလိုက်နာသောအားဖြင့် အပစ်ခတ်ရပ်စဲရေးခေါ်ရသည်ဟု ဆိုသည်။

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် တောင်းဆိုချက်များနှင့် စက်မှုထိပ်သီး ၈ နိုင်ငံ ဇွန်လ စည်းဝေးပွဲက


မြန်မာ့နိုင်ငံရေးကို ဆွေးနွေးခြင်းဖြင့် ဖြေရှင်းသင့်သည့်ဟူသော ဆုံးဖြတ်ချက်ကြောင့်ဟု သူက ရှင်းပြသည်။
ယခုလ ၁၃ ရက်နေ့က KNU နှင့် စစ်အစိုးရတပ်များအကြား နောက်ဆုံးတကြိမ် တိုက်ပွဲဖြစ်ခဲ့သေးသည်။

KNU ၏ တနေ့တာ ယာယီ အပစ်အခတ်ရပ်စဲမှုနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်များ


သွေးစည်းညီညွတ်ရေးအဖွဲ့ (CSW) က ကြိုဆိုကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။

’’KNU ရဲ့ တဖက်သတ် ကြေညာချက်အပေါ် ကျနော်တို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ ဒါဟာ


ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို တလေးတစား ရှိကြောင်း အရေးတကြီး ပြလိုက်တဲ့ လက္ခဏာဖြစ်တယ်။ ငြိမ်းချမ်းရေးနဲ့
လွတ်မြောက်ရေးကို လိုလားတဲ့ ကရင်ပြည်သူတွေရဲ့ ဆန္ဒသင်္ကေတလည်းဖြစ်တယ်’’ ဟု CSW
အရှေ့အာရှအဖွဲ့ခေါင်းဆောင် Benedict Rogers က ကြေညာပြောဆိုသည်။

နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံ နယ်စပ်မြို့ မဲဆောက်နှင့် မဲဟောင်ဆောင်၌


ငြိမ်းချမ်းရေး ဆုတောင်းပွဲနှင့် ကလေးပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများ ပြုလုပ်သွားမည်ဟု အမျိုးသမီးများ အဖွဲ့ချုပ်
(မြန်မာနိုင်ငံ) WLB တွဲဘက် အထွေထွေ အတွင်းရေးမှူး (၂) စောစံငြိမ်းသူ ကပြောသည်။ WLB က အိန္ဒိယနှင့်
ဘင်္ဂလားဒေ့ရှ်တွင်လည်း ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ အခမ်းအနားများ ကျင်းပသွားမည်ဖြစ်သည်။

ကုလ အထွေထွေ ညီလာခံက စက်တင်ဘာလ ၂၁ ရက်နေ့ကို နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့အဖြစ် ၂၀၀၁ ခုနှစ်မှစ၍


သတ်မှတ်ခဲ့သည်။
Source:http://www.mizzimaburmese.com/news/inside-burma/6057--knu--.html

နေပြည်တော် ကျောက်မျက်ပြပွဲ ရွေးကောက် ပွဲကြောင့် ဖျက်သိမ်း


နေပြည်တော်တွင် ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာလတွင် ကျင်းပမည့် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲကို
နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကြောင့် ဖျက်သိမ်းလိုက်ကြောင်း ပြပွဲကျင်းပရေးကော်မတီနှင့်
နီးစပ်သည့်အသိုင်းအဝန်းမှ သိရသည်။
“ကျောက်မျက်ပြပွဲ ကျင်းပမယ့် ရက်က
ရွေးကောက်ပွဲ ကျင်းပမယ့်ရက်နဲ့
အရမ်းနီးကပ်နေလို့ ဒီလို ဖျက်လိုက်တာပါ” ဟု
ပြပွဲတွင် ၀င်ရောက်ပြသမည့် ကုမ္ပဏီိတခုမှ
တာဝန်ရှိသူက ပြောသည်။

ကျောက်မျက်ပြပွဲကို မူလက အောက်တိုဘာလ ၁


ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားရာမှ
နေပြည်တော် ဟိုတယ်ဇုန်ရှိ ဟိုတယ်များ
အခန်းတိုးချဲ့နေခြင်း၊ ကျောက်မျက်ရတနာပြတိုက်
တည်ဆောက်မှု ကြန့်ကြာနေခြင်းတို့ကြောင့်
မြန်မာ့ ကျောက်မျက် ရတနာ ပြတိုက်။ (ဓာတ်ပုံ - Great
ရက်ရွှေ့ရာမှ ရွေးကောက်ပွဲနှင့် နီးကပ်လာသဖြင့်
Myanmar)
ဖျက်သိမ်းလိုက်ခြင်း ဖြစ်နိုင်ကြောင်း ဟိုတယ်ဇုန်
အသိုင်းအဝန်းက ဆိုသည်။

“ဟိုတယ်တွေ တိုးချဲ့တာကလည်း မပြီးကြသေးဘူး။ လာမယ့် ဧည့်သည်က ၇၀၀၀ လောက်မှန်းထားတာ။အခန်းတွေ


မပြီးသေးတာရယ်၊ ပြတိုက်မပြီးသေးတာရယ်နဲ့ ရက်ရွှေ့လာတာပဲ။ အခုတော့ ရွေးကောက်ပွဲနဲ့က ကပ်သွားတော့
ဖျက်လိုက်တာဖြစ်မယ်” ဟု ဟိုတယ်တခုမှ တာဝန်ရှိသူက ပြောသည်။
ကျောက်မျက်ပြတိုက်သည် နေပြည်တော်၊ ဇမ္ဗူသီရိမြို့ရှိ သပြေကုန်းရပ်အနီးတွင် တည်ရှိပြီး ၂၀၀၉ ခုနှစ်
ဖေဖော်ဝါရီလတွင် စတင် ဖွင့်လှစ်သည်။ ကျောက်မျက်ပြတိုက်နှင့် ကျောက်မျက်ပြပွဲကြောင့် သပြေကုန်းရပ်ကွက်တွင်
အိမ် ခြံ မြေဈေးသည် သိန်းရာဂဏန်းရှိနေရာမှ ရန်ကုန်နှင့် မန္တလေးမှ ကျောက်သမားများ မျက်စိကျသောကြောင့်
သိန်းထောင်ဂဏန်းအထိ ထိုးတက်သွားခဲ့ကြောင်း ပြည်တွင်းသတင်းဂျာနယ်တစောင်တွင် ဖော်ပြထားသည်။

ထို့အပြင် နအဖအစိုးရအနေဖြင့် ရွေးကောက်ပွဲ နီးလာသည့်ကာလတွင် နိုင်ငံခြားသားများ အလုံးအရင်းနှင့်


ဝင်ရောက်လာကာ ရွေးကောက်ပွဲ မသမာမှုများ ဖော်ထုတ်မည်ကိုလည်း စိုးရိမ်နေဟန်ရှိကြောင်း ပြည်တွင်းမှ
မြန်မာ့နိုင်ငံရေး လေ့လာသူတဦးက ဆိုသည်။

“စက်တင်ဘာ အရေးအခင်းကို ကြည့်လေ။ နိုင်ငံခြားသား သတင်းထောက်တွေ ခရီးသွား ဟန်ဆောင်ပြီး


သတင်းယူသွားတယ်။ ဒါကိုကြည့်ပြီး သူတို့ လန့်နေတယ်နဲ့ တူပါတယ်” ဟု ၎င်းက ပြောသည်။

ရွေးကောက်ပွဲ ကျင်းပရန် ၅၃ ရက်သာ လိုတော့သည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/4065-2010-09-15-09-46-33

ဖောက်ခွဲမှုဖြင့် ၇ ဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ထပ်တိုး

2010-09-15

အင်းစိန်ထောင်မှာ ထောင်ဒဏ် ၃၈ နှစ်ကျခံနေရတဲ့ ပြည်မြို့က မြန်မာနိုင်ငံ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး


အေဘီအက်စ်ဒီအက်ဖ် အဖွဲ့ဝင် ကိုအေးမင်းနိုင်နဲ့ ၇ ဦးအဖွဲ့ကို ဒီကနေ့ စက်တင်ဘာ ၁၅ ရက်မှာ ထောင်ဒဏ် ၁၀
နှစ်စီ ထပ်တိုး ချမှတ် လိုက်တယ်လို့ သိရပါတယ်။

ဒီကနေ့ ထပ်ပြီး အပြစ်ပေးလိုက်တဲ့ ထောင်ဒဏ် ၁၀ နှစ်အပါအဝင် စုစုပေါင်း အနှစ် ၂၀ စီ ချမှတ်ခံရသူတွေကတော့


ကိုအေးမင်းနိုင်ရဲ့ ဇနီး မစန်းစန်းမော်၊ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ခလယ်သီ ကျေးရွာက ကျော်စွာလင်း
ခေါ် ခူစာရယ်၊ ပေါင်တည်မြို့နယ် ခြောက်လုံးကြီးကျေးရွာက ကိုဇော်လွင်၊ ကျိုက်ထိုမြို့နယ် က ဒေါ်ခင်ရီ ခေါ်
ဒေါ်စန်း၊ ပြည်မြို့ ကျွန်းတောရပ်က ကိုကျော်ဇင်ဦးနဲ့ မကွေးတိုင်း အောင်လံမြို့နယ် ဒုရင်သဘိုရွာက ထက်ကိုလွင်တို့
ဖြစ်ပါတယ်။

သူတို့ကို ၂၀ဝ၅ ခုနှစ်က ရန်ကုန်မြို့လယ် ပေါက်ကွဲမှု ၂ ခုမှာ ပါဝင် ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့


စက်တင်ဘာလ ၁၅ ရက် ဒီကနေ့ မွန်းလွဲပိုင်းမှာ ခုလိုထပ်တိုး နှစ်ရှည် ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်ကြောင်း
သူတို့ရဲ့ အမှုလိုက် ရှေ့နေတဦးဖြစ်တဲ့ ဦးမောင်မောင်လတ်က RFA ကို အခုလိုပြောပြပါတယ်။

“အေးမင်းနိုင်တော့ပေါ့လေ၊ ရန်ကုန်မှာ ပန်းဘဲတန်းက ဇော်ဂျီဟောက်မှာ ၂၀ဝ၅ ခုနှစ်က ပေါက်ကွဲမှုအတွက် ခုမှ


စစ်ပြီးတော့ ၂၀ဝ၉ ခုနှစ်မှ တင်ပြီးတော့ ခု ၁၀ နှစ်ချလိုက်တယ်ဗျ၊ တခါ ကျောက်တံတားက ပါရာရွန်းမား
ပေါက်ကွဲမှုနဲ့လည်း အဲဒါလည်း လွန်ခဲ့တဲ့ ၂၀ဝ၅ ခုနှစ်က ဖြစ်တာ၊ အဲဒီဥစ္စာကိုလည်း အခုမှ ၂၀ဝ၉ ခုနှစ်မှ အမှု
စွဲတင်ပြီးတော့ ခုစစ်ပြီးတော့ ထောင် ၁၀ နှစ်စီ ချလိုက်တာပေါ့ဗျာ နှစ်မှု၊ အဲဒါတော့ အနောက်ပိုင်း ဒုခရိုင် ၁ က တမှု
တခါ အနောက်ပိုင်း ဒုခရိုင် ၆ က တမှု အဲသူတို့နှစ်မှု ဒီကနေ့ အမိန့်ချလိုက်တာဗျ။”

ကိုအေးမင်းနိုင်တို့ ၇ ဦးအဖွဲ့ကို ပြည်မှာ ဖောက်ခွဲပစ္စည်းတွေနဲ့ မိတယ်ဆိုကာ ထောင်ဒဏ်တွေ ချမှတ်ပြီးကာမှ


ရန်ကုန်က ပေါက်ကွဲမှုတွေနဲ့ စွဲချက်တင်ပြီး အခုလို ထပ်တိုး ပြစ်ဒဏ်တွေ ပေးတာဟာ တရားဥပဒေနဲ့ မညီဘူးလို့
ရှေ့နေ ဦးမောင်မောင်လတ်က အခုလိုပြောပါတယ်။

“ချပြီးတဲ့ ဒီပစ္စည်းတွေ ဆက်စပ်တယ်ဆိုပြီး ဒီမှာတခါပြန် အဲတော့ ဒီပစ္စည်းပေါ်မှာပဲ ပြစ်ဒဏ် ၃မျိုးဖြစ်နေပြီး


ကျနော်တို့ တင်ပြခဲ့တယ်ဗျ။ တရားရုံးကို ကျနော်တို့လျှောက်ထားခဲ့တယ်၊ တရားရုံးကတော့ ဒါတွေတော့
မစဉ်းစားဘူးပေါ့ဗျာ၊ ဒီအမှုကလည်း မပေါ်လို့ ပိတ်ပြီးမှ ၂၀ဝ၈ ပြည်မှာမိတော့မှ ဒီဘက်ကို ဆက်စပ်တယ်ဆိုပြီး
ဒီအမှုလာစစ်၊ စစ်ပြီးတော့ ပြစ်ဒဏ်ပေးလိုက်တာပဲ၊ အဲဒီတော့ ဥပဒေအချက်နဲ့တော့ သိပ်ပြီး မညီဘူးပေါ့ဗျာ
ဥပဒေအချက်နဲ့ ပေါ်ပေါက်ချက်တွေ က ကျနော်တို့ စစ်တာဆေးတာ သိပ်ပြီး မညီညွတ်ဘူးပေါ့ဗျာ။”

အခု ချမှတ်လိုက်တဲ့ အပြစ်ဒဏ်အပေါ် အထက် တိုင်းရုံးနဲ့ တရားရုံးချုပ်တို့မှာ ဆက်ပြီးအယူခံဝင်မယ်လို့ ရှေ့နေ


ဦးမောင်မောင်လတ်က ပြောပါတယ်။

ကိုအေးမင်းနိုင်အပါဝင် သူတို့ ၇ ဦးအဖွဲ့ကိုဟာ ရန်ကုန် တောင်ဥက္ကလာပမြို့နယ်မှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုနဲ့


ပတ်သက်ပြီးတော့လည်း အရှေ့ပိုင်း ခရိုင်တရားရုံးမှာ စွဲတင်ထားတဲ့ နောက်ထပ်အမှုကို ဆက်ပြီးရင်ဆိုင်နေရဆဲ
ဖြစ်ပါတယ်။

Source:http://www.rfa.org/burmese/news/activists_sentenced_with_additional_jail_terms-
09152010145355.html

ရခိုင်ပြည်နယ်မှ နိုင်ငံရေး ပါတီ တစ်ခု ဖျက်သိမ်းခံရ

မြိုအမျိုးသမီး တစ်ဦး ထမင်းချက်နေစဉ်

ရခိုင်ပြည်နယ်မှ နိုင်ငံရေး ပါတီ တစ်ခု ဖြစ်သော မြိုတိုင်းရင်းသားပါတီကို တခြား ပါတီ ၄ ခုနှင့် အတူ
ကိုယ်စားလှယ်လောင်း မတင်သွင်းနိုင်သဖြင့် ဖျက်သိမ်းလိုက်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့က
ကျေညာသည်။

မြိုတိုင်းရင်းသား ပါတီ ဗဟိုဌာနချုပ်ရုံးမှာ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၊ ကုန်သည်လမ်း၊ အိမ်အမှတ် (၆၂၅)တွင်


တည်ရှိသည်။ အဆိုပါ ပါတီကို ၂၀၁၀ ခုနှစ်က ဇူလိုင်လ ၅ ရက်နေ့က ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့်
အမှတ် ၃၅ ဖြင့် ပါတီတည်ထောင်ခွင့် ပြုခဲ့သည်။

�အဓိကတော့ အချိန်မရတာနဲ့ ငွေမရှိတာကြောင့် ကိုယ်စားလှယ်လောင်း မတင်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။


တခြားဟာတွေတော့ သိပ်မရှိပါဘူး ဟု ပါတီ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သတ်မှတ်ချိန် အတွင်း ကိုယ်စားလှယ် စာရင်း မတင်သွင်းနိုင်သဖြင့် တခြား ဖျက်သိမ်းခံခဲ့ရသော ပါတီများမှာ


ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်၊ မြန်မာ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ မြန်မာဒီမိုကရေစီ
ကွန်ဂရက် ပါတီ နှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေး ပါတီ (ပြည်) တို့ဖြစ်ကြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် ၁၉၉၀ ရွေးကောက်ပွဲ လက်ကျန်ပါတီ ၅ ခုကိုလည်း ရွေးကောက်ပွဲ


ကော်မရှင်တွင် မှတ်ပုံ မတင်သဖြင့် ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့က ကျေညာ သည်။
အဆိုပါ ပါတီ ၅ ခုမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်း
သားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ် ပါတီနှင့် '၀'အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး ပါတီတို့
ဖြစ်ကြသည်။

ဖျက်သိမ်းခံရသော မြိုအမျိုးသားပါတီမှာ မြိုလူထု တိုးတက်ရေးအတွက် ဖွဲ့စည်းထားသော ပါတီ ဖြစ်ပြီး မြို


အမျိုးသားများမှာ ရခိုင်မျိုးနွယ်စုထဲတွင် ပါဝင်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများနှင့် ချင်းပြည်နယ်
တောင်ပိုင်းတွင် နေထိုင်ကြသည်။ မြိုတိုင်းရင်းသားများ၏ လူဦးရေကို အတိအကျ မသိရှိရသော်လည်း
ခန့်မှန်းခြေအားဖြင့် လူဦးရေ နှစ်သောင်းခန့်ရှိသည်ဟု သိရသည်။

Source:http://www.narinjara.com/detailsbur.asp?id=2736

စစ်တွေတွင် လုံခြုံရေး တိုးချမူနှင့် အတူ ဘုန်းကြီးများကို


နောက်ယောင်ခံလိုက်မူ တိုးပွားနေ

၂၀၀၇ ရွှေဝါရောင် အတွင်း ရခိုင်ရဟန်းတော်များ ယခုကဲ့သို့ စစ်တွေတွင် ချီတက် ဆန္ဒပြခဲ့ကြသည်။

ရခိုင်ပြည်နယ် မြို့တော်စစ်တွေတွင် အာဏာပိုင်များမှ လုံခြုံရေးကို နေရာတိုင်း လိုလိုတွင် တိုးချဲ့ချထားပြီး


ရဟန်းတော်များ သွားလာရာတွင်လည်း နောက်ယောင်ခံ လိုက်မူများ တိုးပွားနေကြောင်း သတင်း ရရှိသည်။

ရဟန်းတော် တစ်ပါးက “ ရဟန်းတော် ၅ ပါးလောက် အပြင်ကို စုပီး ထွက်ရင်တော့ နောက်ကနေ နောက်ယောင်ခံပီး


လိုက်တော့တာပါဘဲ။ လိုက်တဲ့ အထဲမှာ အရပ်ဝတ်တွေရော၊ ဆိုင်ကယ်နဲ့ အဖွဲ့တွေရော အစုံပါဘဲ။ ဘုန်းကြီးတွေက
အဓိက ပစ်မှတ် ဖြစ်နေတော့ ဘုန်းကြီးတွေရဲ့ လူပ်ရှားမူကို အာဏာပိုင်တွေက အနီးကပ် စောင့်ကြည့်နေတဲ့ သဘော
ဖြစ်ပါတယ်” ဟု ပြောသည်။

ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်နေ့ နီးလာပြီ ဖြစ်သဖြင့် ရဟန်းတော်များကို အနီးကပ် စောင့်ကြည့်မူများ


ရှိနေပြီး လုံခြုံရေးကိုလည်း မရုတ်သိမ်းဘဲ ဆက်လက်ချထားကြောင်း စစ်တွေမြို့ခံ တစ်ဦးက ပြောသည်။

“ လွန်ခဲ့တဲ့ အပတ်ကတည်းက လုံခြုံရေးတွေချထားတာ။ ၄ယောက်တဖွဲ့ ၅ယောက်တဖွဲ့ အဲလိုမျိုး တွေ့ရပါတယ်။


အဓိက အထင်ကရ နေရာတွေမှာ ပိုများပါတယ်။ မင်းဘာကြီးလမ်းနဲ့ လမ်းမကြီးတ လျှောက်မှာလည်း ရဲသားတွေကို
အများအပြား တွေ့ရပါတယ်။ ဆရာတော် ဦးဥတ္တမနေ့မတိုင်မှီ စက်တင်္ဘာလ ၈ရက်နေ့က စပြီး ချထားတဲ့ လုံခြုံရေး
အခု အချိန်ထိ မရုတ်သိမ်းသေးဘဲ ရှိနေတာကို တွေ့ရပါတယ်။”

လုံခြုံရေး အဓိက ချထားသောနေရာများမှာ ဦးဥတ္တမပန်ခြံ၊ မြို့တော်ခန်းမ၊ လောကာနန္ဒာစေတီ၊ ဘုရားကြီးနှင့်


သင်္ဘောဆိပ်တို့ ဖြစ်ပြီး ဦးဥတ္တမ ပန်းခြံတွင် စစ်ကားများကိုပါ ရပ်ထားသည်ဟု မျက်မြင်များက ပြောသည်။

အလားတူ ရန်ကုန-် စစ်တွေ ကားလမ်းတွင်လည်း စစ်ဆေးမှုများကို ယခုလအတွင်းတွင် ပိုမိုပြုလုပ်လာပြီး


ရဟန်းတော်များ ဆိုလျှင် အချိန်အကြာကြီး စစ်ဆေးမေးမြန်းမူများ ပြုလုပ်သည်ဟု ရန်ကုန်မှ စစ်တွေသို့ ပြန်လာသူ
မျက်မြင် အမျိုးသမီးတဦးကလည်း ပြောသည်။

ယခုကဲ့သို့ လုံခြုံရေးနှင့် စစ်ဆေးမူ တိုးပွားလာခြင်းမှာ ရွှေဝါရောင်တော်လှန်းရေး နှစ်ပတ်လည် ကာလတွင်


ဆန္ဒပြပွဲသို့မဟုတ် လှုပ်ရှားမှုများ ပေါ်ပေါက်မည်ဟု သတင်းများ ထွက်ပေါ် နေသောကြောင့် ဖြစ်သည်ဟု စစ်တွေမှ
နိုင်ငံရေး စိတ်ဝင်စားသူ လူကြီးတဦးက ပြောသည်။

Source:http://www.narinjara.com/detailsbur.asp?id=2738

စစ်ကိုင်းတိုင်းတွင် ချင်းလူမျိုးတဦး တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်မည်

ခိုနုမ်းထုန်သတင်း၊ ၁၅ စက်တင်ဘာ ၂၀၁၀


၂၀၁၀ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး လူမျိုးစု လွှတ်တော် ကိုယ်စားလှယ်အတွက် ချင်းလူမျိုး ပူး
အီးနော်ခ် (Enok) တသီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။

“ ကျတော် ချင်းအမျိုးသားတွေ အကျိုးစီးပွားအတွက် အလုပ်လုပ်ချင်လို့ဝင်ပြိုင်တာပါ၊ လုပ်စရာက အများကြီး ပေါ့”


ဟု ပြောသည်။

ပူး အီးနောခ်သည် မဟာဝိဇ္ဖာဘွဲ့ရရှိထားသူဖြစ်ပြီး လက်ရှိတွင် ကလေးမြို့၌မိသားစု ၄ ဦးနှင့်အတူ ချင်းရိုးရာ


အ၀တ်အထည်ဆိုင်ကို ဖွင့်လှစ်နေသူဖြစ်သည်။

“ ပူး အီးနောခ်ဟာ လေးစားထိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်၊ အခု ခရစ်ယာန်အသင်းတော်နှစ်ခုမှာ သင်း ထောက် အဖြစ်


တာဝန်ယူနေတယ်၊ သူလို ပုဂ္ဂိုလ်တွေ ရွေးကောက်ပွဲဝင်တာ ကောင်းတယ်” ဟု ကလေးမြို့ မှ ကျူရှင်
ဆရာတဦးကပြောသည်။

ပူး အီးနောခ်သည် ချင်းပြည်နယ် ဖလမ်းမြို့နယ် Hriang Hnang ရွာ ဇာတိဖြစ်ပြီး အမျိုးသားရေးတွင် စိတ်အား
ထက်သန်သူဖြစ်ကြောင်း ပြောကြသည်။

“ သူက မျိုးချစ်ပုဂ္ဂိုလ်ပဲ၊ ကလေးမြို့မှာ နှစ်စဉ် ကျင်းပတဲ့ ချင်းအမျိုးသားနေ့တိုင်းမှာ ကျင်းပရေးဥက္ကဌ အဖြစ် သူပဲ


တာဝန်ယူခဲ့တယ် ” ဟု ကလေးတက္ကသိုလ်မှ ချင်းကျောင်းသားတဦးက ပြောသည်။

အလားတူ စစ်ကိုင်းတိုင်းကလေးမြို့နယ်အတွင်း ချင်းတိုးတက်ရေးပါတီမှ လူမျိုးစုလွှတ်တော်ကိုယ်စားလှယ် အဖြစ်


ပူး နိုးထန်ကပ် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

စစ်ကိုင်းတိုင်းကလေးမြို့နယ်တွင် ချင်းတိုးတက်ရေးပါတီ၊ ယူအက်စ်ဒီပီ၊ တစညပါတီတို့ ၀င်ရောက်ယှဉ်ပြိုင်


သွားကြမည်ဖြစ်သည်။ - Khonumthung News.
Source:http://www.khonumthungburmese.org/index.php?
subaction=showfull&id=1284539869&archive=&start_from=&ucat=1&

ရေးမြို့ဘက်မှာ စစ်ဆေးရေးတင်းကြပ်နေ

September 15th, 2010

ဂျူရီချိုင်း – မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း အထူးသဖြင့် မြို့အဝင်အထွက် ဂိတ်တွေမှာ စစ်ဆေးရေး


တင်းကြပ်ထားကြောင်း ဒေသခံများက ပြောသည်။

ယခုလ ပထမအပတ်မှစပြီး သက်ဆိုင်ရာ အာဏာပိုင်တို့က မြို့အဝင်အထွက်ဂိတ်တွေမှာ ဝင်ထွက်သွားလာနေသူများ


ကားများကို အထူးတင်းကြပ်စစ်ဆေးနေသည်။
စစ်ဆေးမှုပြုလုပ်ရာတွင် ယခင်က ပြုလေ့ ပြုထမရှိသည့် ကားမှာပါလာသည့် ခရီးသည်များ မှတ်ပုံတင်ရှိ၊ မရှိ စစ်ဆေး
ထုတ်ပြခိုင်းပြီး ဘယ်သွား ဘယ်လာသည်ကိုလည်း စစ်ဆေးမေးမြန်းသည့်အပြင် ကားမှာပါလာသော
ပစ္စည်းများကိုလည်း စစ်ဆေးကာ မသင်္ကာဖွယ်ရာ ပစ္စည်းများ တွေ့ရှိပါက ကားသမားကိုပါ အသေအချာ
စစ်ဆေးပြီးမှသာ ဂိတ်ဖြတ်ခွင့်ပေးသည်ဟု ရေးမြို့နယ်တောင်ပိုင်းရှိ ခရီးသွားလာနေသူတစ်ဦးက ပြောသည်။

“ဂိတ်စောင့်သမားတွေပဲမကဘူး စစ်သားတွေ မော်တော်ဘီကယ်တွေလည်း ပါတယ် စစ်တဲ့နေရာမှာ


တော်တော်ကိုစစ်ဆေးနေတယ်၊ အရင်ကဆို ကားမှာပါလာတဲ့လူတွေ ပစ္စည်းတွေကို မစစ်ဘူး” ဟု ၎င်းက
ပြောသည်။

ယခင်က တံတားဖြတ်သန်းခ အခွန်ဆောင်ပြီးလျှင် ချက်ချင်း ဖြတ်ခွင့်ရပြီး၊ ယခုအခြေအနေမှာ ကားပေါ်မှာ


ပါလာသည့် ခရီးသည်များအပါအဝင် ပစ္စည်းများပါ စစ်ဆေးခံရပြီးမှ ဖြတ်သန်းခွင့်ပြုသည်။

စစ်ဆေးမှုကြောင့် ကားသမားများလည်း ဆန်အိတ် ၃ အိတ်အထက် ပိုမတင်ရဲကြောင်း ထိုထက်ပိုတင်မိပါက


မွန်ခွဲထွက်ရေးအဖွဲ့ကို စားနပ်ရိက္ခာပေးပို့နေသည်ဟု အစွပ်စွဲခံရသည့်အပြင် ကားပြေးဆွဲမှုပါ
ရပ်နားရသည်အထိဖြစ်သည်။ စစ်ဆေးရာတွင် အထူးသဖြင့် အမျိုးသားများ ပိုမိုစစ်ဆေးခံရကြောင်း ၎င်းက
ပြောသည်။

ယခုရက်ပိုင်းအတွင်း ရေးမြို့နယ်တောင်ပိုင်းရှိ ကားလမ်းတလျှောက်တွင်လည်း စစ်အစိုးရတပ်များ


ကင်းအစောင့်ချထားကြောင်း သိရသည်။

အခုလို စစ်ဆေးရေးတင်းကြပ်လာတာဟာ စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့အကြား တိုက်ပွဲဖြစ်လာနိုင်သည့်


အလားအလာကြောင့် ဖြစ်နိုင်သည်ဟု ရေးမြို့ခံတစ်ဦးက သုံးသပ်သည်။

“ကျနော်တို့ တံထားဖြူဘက်ကို သိပ်မဖြတ်ဘူး ဘာလို့လည်းဆိုတော့ အတော်ကိုစစ်ဆေးနေတယ်


ချောင်းတောင်ဘက် ဖြတ်လမ်းကနေပဲ သွားနေကြတယ်” ဟု ၎င်းရေးမြို့ခံက ပြောသည်။

လက်နက်စွန့်လွှတ်ရမည်ဟု မွန်ပြည်သစ်ပါတီအပေါ် စစ်အစိုးရတို့ တောင်းဆိုလာသည်ကို


မွန်ပြည်သစ်ပါတီအနေဖြင့် လက်မခံနိုင်ကြောင်း စက်တင်ဘာ ၁ ရက်နေ့တွင်
အကြောင်းပြန်ထားပြီးဖြစ်သည့်အတွက်ကြောင့် သွားလာရာတွင် မွန်ပြည်သစ်ပါတီဝင်များ ပါ မပါဆိုသည်ကိုလည်း
စစ်ဆေးနေကြောင်း သိရသည်။

“အခုတလော စစ်ဆေးရေးတော်တော်တင်းတယ်၊ နယ်စပ်ဘက် မြဝတီကနေ မော်လမြိုင်ကိုဆင်းလာတဲ့လမ်း၊


နောက်ပြီး ဘုရားသုံးဆူကို တက်တဲ့လမ်းတွေမှာ စစ်ဆေးတယ်၊ ခရီးဆောင်အိတ်တွေရောဖွင့်တယ် ပါတီကလူတွေ
ပါ မပါဆိုတာကိုလည်း မေးတယ်” ဟု ဘုရားသုံးဆူသို့ တက်လာသူတစ်ဦးက ပြောသည်။

ထိုကဲ့သို့ပင် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ဘက်မှာလည်း ယခုတလော စစ်ဆေးမှုများ အထူးတင်းကြပ်ထားပြီး


မသင်္ကာမှုများ တွေ့ရှိပါကလည်း ခတ္တခဏ ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်သည်အထိ ရှိနေသည်။

Source:http://monnews.org/bu/?p=649

You might also like