You are on page 1of 27

NLD အပါအဝင် ၁၀ ပါတီ ဖျက်သိမ်းခံရ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ၁၀ ပါတီကို တရားဝင် ရပ်တည်ခွင့်


မရှိတော့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ညနေတွင် စစ်အစိုးရပိုင် မီဒီယာမှတဆင့်
ကြေညာလိုက်ကြောင်း သိရှိရသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့်


တည်ဆဲ ပါတီဟောင်းများအနက် အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်
(SNLD)၊ ပြည်ထောင်စု ပအိုးဝ်အမျိုးသားများ
အဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့်
ဒီမိုကရက်တစ်ပါတီနှင့် “ဝ” အမျိုးသား
ဖွံ့ဖြိုးတိုးတက်ရေးပါတီ တို့ဖြစ်ကြပြီး
ယင်းပါတီတို့သည် ၂၀၁၀
ရွေးကောက်ပွဲအတွက် ဆက်လက်
တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို
NLD ရုံးချုပ်တွင် ပြုလုပ်သော ၂၀၀၉ ခုနှစ် ပြည်ထောင်စုနေ့
လျှောက်ထားခြင်းမရှိသဖြင့် ဖျက်သိမ်းခြင်း
အခမ်းအနားမြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)
ဖြစ်သည်ဟု ကြေညာသွားသည်။

ယခုနှစ် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ကြသည့် ပါတီသစ်များအနက် ပြည်ထောင်စု ကရင်အမျိုးသားများ


အဖွဲ့ချုပ်၊ မြန်မာ့ လူ့ဘောင်သစ်ပါတီ၊ မြန်မာဒီမိုကရေစီ ကွန်ဂရက်၊ မြို (ခေါ်) ခမီ အမျိုးသား ညီညွတ်ရေးအဖွဲ့နှင့်
ဒေသဖွံ့ဖြိုး တိုးတက်ရေးပါတီ (ပြည်) တို့ကို လွှတ်တော်သုံးရပ်စလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း
မရှိသည့်အတွက် ဖျက်သိမ်းခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဖျက်သိမ်းကြောင်း ကြေညာခံရသည့် ၁၀ ပါတီတို့သည် ဆက်လက်တည်ထောင်ခွင့် မလျှောက်ထားခြင်း၊


မှတ်ပုံမတင်ခြင်း၊ လွှတ်တော်သုံးရပ်စလုံးတွင် ဝင်ရောက် မယှဉ်ပြိုင်နိုင်ခြင်းတို့ကြောင့် တရားဝင် ဆက်လက်
ရပ်တည်ခွင့် မရှိတော့ဘဲ ဖျက်သိမ်းလိုက်သည်ဟု စစ်အစိုးရ မီဒီယာမှ ကြေညာသွားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယခုနှစ် ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ခွင့်ပြုထားသည့် ၄၂


ပါတီအနက် ၅ ပါတီတို့ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ပြီး ကျန်ရှိသည့် ၃၇ ပါတီတို့သည် စစ်အစိုးရ
ရုပ်မြင်သံကြားနှင့် ရေဒီယိုတို့မှတဆင့် ပြောဆိုခွင့်ရမည်ဖြစ်ကြောင်း သိရသည်။

ပြောဆိုလိုသည့် ပါတီမူဝါဒဆိုင်ရာများကို စာမျက်နှာ ၇ မျက်နှာထက် မပိုစေဘဲ ရွေးကောက်ပွဲ ကော်မရှင်


ဥက္ကဋ္ဌထံသို့ ၇ ရက်ကြိုတင်၍ တင်ပြရမည်ဟု ဆိုသည်။

နိုင်ငံရေးပါတီများ၏ တင်ပြချက်များကို ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်း


စိစစ်ပြီး ထုတ်လွှင့်သင့်သည့် အကြောင်းအရာများကိုသာ ကြာမြင့်ချိန် ၁၅ မိနစ်စာ ထုတ်လွှင့်ခွင့်ရမည်
ဖြစ်ကြောင်းလည်း သိရှိရသည်။

ယနေ့အထိ ပါတီ ၃၃ ပါတီသည် ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီဝင်အင်အားစာရင်း တင်ပြထားသည်။


ယခုဖျက်သိမ်းခံရသော ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် NLD သည် ၁၉၉၀ ရွေးကောက်ပွဲတွင်
အနိုင်ရရှိခဲ့သော ပါတီဖြစ်ပြီး ယခုနှစ် ရွေးကောက်ပွဲသည် တရားမျှတမှု ရှိလိမ့်မည် မဟုတ်ဟုဆိုကာ
ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။

NLD သည် ယမန်နှစ် ဧပြီလအတွင်းက ထုတ်ပြန်ခဲ့သော ရွှေဂုံတိုင် ကြေညာစာတမ်းပါ နိုင်ငံရေး အကျဉ်းသား


အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်လည် သုံးသပ်ပြင်ဆင်ရန်နှင့်
ရွေးကောက်ပွဲတွင် အလွှာအသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်လေ့လာခွင့်ပြုရန် စသည့် အချက်များကို
စစ်အစိုးရက လိုက်လျောမှသာ ရွေးကောက်ပွဲဝင်မည်ဟု ကြေညာထားသည်။

ယခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် NLD ဗဟိုဦးစီးအဖွဲ့ဝင်များ ဦးစီးပြီး အစည်းအဝေးတရပ် ကျင်းပကာ ၂၀၀၈


ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ၊ နည်းဥပဒေ များသည် ဒီမိုကရေစီနှင့်
လူ့ခွင့်အရေးများ ရရှိရန် ဦးတည်နိုင်မည် မဟုတ်ဟု ဆိုကာ ၂၀၁၀ ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ရန်
ဆုံးဖြတ်ခဲ့သည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/4061-nld-

ရွေးကောက်ပွဲကော်မရှင်က NLD နှင့် ပါတီကြီး ၄ ခုကို ပယ်ဖျက်

2010-09-14

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ စစ်အစိုးရ ရွေးကောက်ပွဲ ဥပဒေသစ်အရ နိုင်ငံရေးပါတီ အဖြစ်


ပြန်လည်မှတ်ပုံတင် သက်တမ်း မတိုးခဲ့တဲ့အတွက် ပယ်ဖျက်ကြောင်း စစ်အစိုးရ ရွေးကောက်ပွဲ ကော်မရှင်
အသစ်က စက်တင်ဘာ ၁၄ ရက် ဒီကနေ့ညနေ ၆ နာရီက ကြေညာလိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဌာနချုပ်ရုံးတွင် ကျင်းပသည့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ


နှစ်ပတ်လည် အခမ်းအနားတွင် ပါတီ၏ သင်္ကေတတခု ဖြစ်သော ခမောက်ကိုယ်စီ ဆောင်းထားသည့်
အဖွဲ့ဝင်များကို ၂၀ဝ၈ မေလ ၂၇ ရက်က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒီအထဲမှာ NLD အပါအဝင် ပြည်ထောင်စု ပအိုးဝ်အမျိုးသားပါတီ (UPNO)၊ ရှမ်းတိုင်းရင်းသားများ


ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ဝ အမျိုးသား တိုးတက်ရေးပါတီတို့
ဖြစ်ပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်ပြီး သဘောထားနဲ့ တုံ့ပြန်ချက်သိဖို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်နဲ့


ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကို RFA မှ ကိုကျော်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။

Source:http://www.rfa.org/burmese/news/election_commission_dissolves_NLD-
09142010111037.html
NLD နဲ့ တိုင်းရင်းသားပါတီ တချို့ ပျက်ပြယ်ကြောင်း ကော်မရှင်ကြေညာ

နိုင်ငံရေးပါတီအဖြစ် ပြန်လည် မှတ်ပုံတင်ခြင်း မရှိတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် တခြား
တိုင်းရင်းသားပါတီ တချို့ကို နိုင်ငံရေးပါတီ အဖြစ်က ပျက်ပြယ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က
ကြေညာတာဟာ ဥပဒေကြောင်းနဲ့ ကိုက်ညီခြင်း မရှိဘူးလို့ NLD ပါတီက တုံ့ပြန်ပါတယ်။ ဒီကနေ့ ညနေ ၆ နာရီက
မြန်မာ့ရုပ်မြင်သံကြား MRTV အပါအ၀င် စစ်အစိုးရ သတင်းမီဒီယာတွေမှာ ပျက်ပြယ်တဲ့ ပါတီတွေ စာရင်းကို
ထုတ်ပြန်လိုက်တာပါ။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်ခြင်း မရှိတဲ့ ပါတီတွေ ပျက်ပြယ်တယ်လို့


ကြေညာလိုက်တာဟာ ဥပဒေကြောင်းနဲ့ ကိုက်ညီခြင်း မရှိဘူးလို့ NLD ပါတီက ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်
ဦးဉာဏ်ဝင်းက ပြောပါတယ်။ NLD ပါတီဟာ တရားဝင်ပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် ရှိတယ် ဆိုတာကို
တရားရုံးမှာ လျှောက်ထားတဲ့ကိစ္စ မပြီးပြတ်ခင် ရွေးကောက်ပွဲ ကော်မရှင်က အခုလို ကြားဖြတ်
ကြေညာလိုက်တာဟာ နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးမှုကို ထိခိုက်တယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ရွေးကောက်ပွဲ ကော်မရှင်က ပြန်လည် မှတ်ပုံမတင်တဲ့ ပါတီအတွက် အခုလို သတင်းထုတ်ပြန်ဖို့၊ အခုလို


ကြေညာချက် ထုတ်ဖို့ အာဏာ အပ်နှင်းထားတာ ကျနော် မတွေ့ဘူး။ ကြေညာချက် ထုတ်တယ်ဆိုတာ
အာဏာအပ်နှင်းမှ ထုတ်လို့ရတာ။ ကြေညာချက်တခု ထုတ်မယ်ဆိုရင် အဲဒီ ကြေညာချက်ကို အဲဒီအဖွဲ့အစည်းကို
အာဏာအပ်နှင်းရမယ်၊ ဒီလို ကြေညာဖို့။ အဲဒီလို အာဏာအပ်နှင်းထားခြင်း မရှိဘဲနဲ့ ကြေညာတာကို Except of
Jurisdiction ပေါ့၊ အာဏာအပ်နှင်းခြင်း မရှိဘဲနဲ့ ဆောင်ရွက်တာပေါ့။ ဒါနံပါတ်တစ် အချက်။

“ဒုတိယအချက်က NLD ရပ်တည်ခွင့်နဲ့ ပတ်သက်ပြီးတော့ တရားရုံး လုပ်ငန်းစဉ်တွေ မပြီးပြတ်သေးဘူး။ အဲဒီလို


မပြီးပြတ်သေးတဲ့ အချိန်မှာ ကော်မရှင်က ကြားဖြတ်ပြီး ဒီလို ကြေညာတာဟာ တရားဥပဒေ စိုးမိုးရေးကို
ထိခိုက်တယ်။ ကျနော် ဒီနှစ်ခုပဲ ပြောချင်ပါတယ်။ ကျနော်တို့က လုပ်ရိုးလုပ်စဉ် ကျနော်တို့လုပ်မယ့် Legal
Process ကို ဆက်ပြီး သွားမှာပါ။ တရားစီရင်ရေး လမ်းကြောင်းအရ၊ တရားဥပဒေအရ အဆုံးအဖြတ် ရယူဖို့
ကျနော်တို့ ဆောင်ရွက်သွားမှာပါ။”

အခုလို နိုင်ငံရေးပါတီအဖြစ်က ပျက်ပြယ်တယ်လို့ ကြေညာလိုက်တာဟာ NLD ပါတီ အနေနဲ့ လက်ရှိလုပ်နေတဲ့


၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက်ရေး လှုပ်ရှားမှု အပါအ၀င် အခြား လူမှုရေး လှုပ်ရှားမှုတွေ အားလုံးအတွက်
ထိခိုက်စရာ မရှိဘူးလို့ NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက ပြောပြပါတယ်။

“အဲဒါကတော့ အနှောင့်အယှက် ဖြစ်စရာအကြောင်း ဘာမှမရှိပါဘူး။ အဲဒါကြောင့် ကျနော်တို့က ဒါတွေကိုတော့


မှန်းဆထားပြီးသား၊ တွက်ဆထားပြီးသား။ သို့သော် ကျနော်တို့ အနေနဲ့ ရိုက်တဲ့အခါ၊ ထိုးတဲ့အခါ၊ နှိပ်စက်တဲ့အခါ
ခံပြီးတော့ အေးအေးဆေးဆေး ပြည်သူလူထုကြားထဲမှာ ငြိမ်ပြီးတော့ ပြည်သူလူထုတွေ Mandate
ပေးထားတဲ့အတိုင်း လွတ်လပ်၍ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသား
စည်းလုံးညီညွတ်ရေး၊ အေးချမ်းရေး၊ ငြိမ်းချမ်းရေး ဒါတွေကို ပြည်သူနဲ့အတူ သူတို့နဲ့ ဝေမျှ ခံစားပြီးတော့
လုပ်ကိုင်သွားမယ်လို့ ဆုံးဖြတ်ပြီးသားပဲဗျာ။ အလံတွေ၊ ဆိုင်းဘုတ်တွေ၊ ရုံးတွေ၊ ကနားတွေ၊ မလိုပါဘူး။”
NLD ပါတီရဲ့ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပြောပြသွားတာ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ဥပဒေဟာ တရားမျှတမှု မရှိတာကြောင့် အတွက်လို့ ဆိုပြီး နိုင်ငံရေးပါတီအဖြစ် ပြန်လည်


မှတ်ပုံမတင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအ၀င် ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)
နဲ့အတူ ၁၉၉၀ ခုနှစ်က လက်ကျန် တခြား တိုင်းရင်းသားပါတီတချို့ ပျက်ပြယ်ကြောင်း ဒီနေ့
ကြေညာလိုက်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားပါတီ တချို့ကို အခြေခံ ဖွဲ့စည်းထားတဲ့ CRPP က အခု ပါတီတွေ
ပျက်ပြယ်တယ်လို့ ကြေညာပေမဲ့လည်း ဒီပါတီတွေ လှုပ်ရှားမှု ရှိနေသမျှ ဆက်လက် ရပ်တည်သွားမှာ ဖြစ်တယ်လို့
CRPP အဖွဲ့ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။

“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရယ်၊ တိုင်းရင်းသား အဖွဲ့အစည်းများရယ်၊ သူတို့က ဘာပဲဖြစ်ဖြစ်


ပါတီဖျက်သိမ်းလိုက်ပေမဲ့ နိုင်ငံမှာ နိုင်ငံသားတွေရဲ့ အခွင့်အရေး၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးအရ နိုင်ငံရေး
လုပ်ပိုင်ခွင့် ရှိပါတယ်။ ဒီတော့ ဒီလူတွေ တွေ့ပြီးတော့၊ ဆုံဆည်းပြီးတော့ ၉၀ ရလဒ်ကို အကောင်အထည်
ဖော်ရေး၊ ပြီးတော့ ပြည်သူတွေရဲ့ ပေးလိုက်တဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ ကြိုးပမ်းဆောင်ရွက် သွားတာဟာ
တနည်းအားဖြင့် ဆိုရင်တော့ လုပ်ပိုင်ခွင့် ရှိတယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ ဒီပါတီတွေ
ပျက်ပြယ်သွားပေမဲ့လည်း ဒီပါတီတွေနဲ့ အတူပဲ CRPP ဟာ ကော်မတီဆိုတော့ ဒီပါတီတွေ လှုပ်ရှားနေသမျှ၊
တည်ရှိနေသမျှတော့ ဒီကော်မတီကလည်း ရှိနေမယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်။”

CPRR အဖွဲ့က ဦးအေးသာအောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

နေအိမ်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား


ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတွေဟာ
တရားမျှတမှုလည်း မရှိတာကြောင့် ရွေးကောက်ပွဲ သပိတ်မှောက်ရေးကို သြဂုတ်လ ၁၉ ရက်နေ့မှာ
အစည်းအဝေးတရပ် ခေါ်ယူပြီး ဆုံးဖြတ်ချက် ချထားတာလည်း ဖြစ်ပါတယ်။

Source:http://www.voanews.com/burmese/news/myanmar-nld-102871099.html

ရွေးကောက်ပွဲသပိတ် NLD လူငယ်တွေကို စတင်တာဝန်ပေး

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပဖို့ စစ်အစိုးရက ကြေညာထားတာမို့ တလခွဲလောက်ပဲ


လိုတော့တာ ဖြစ်ပါတယ်။ အခုလိုအချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီရွေးကောက်ပွဲကို မဲမထည့်ဘဲ
သပိတ်မှောက် ဆန့်ကျင်ကြဖို့အတွက် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်က လူငယ်တွေကို တာဝန်ပေးအပ်နေပြီ
ဖြစ်ပါတယ်။ ဒီလို တာဝန်ပေးအပ်တာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်တွေရဲ့ ဒီလ ၉
ရက်နေ့က စတင်ခဲ့တဲ့ မန္တလေး၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်း ခရီးစဉ်တွေမှာ စတင် ပေးအပ်ခဲ့တာ
ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က
တင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ


ဥပဒေတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေးကို ဦးမတည်တာကြောင့် ဆိုပြီး သြဂုတ်လ ၁၉ ရက်နေ့က
လာမယ့် ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို သပိတ်မှောက်တာဟာ ရွေးကောက်ပွဲ ကော်မရှင် နည်းဥပဒေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း ပြည်သူတွေဟာ


မိမိတို့ ပိုင်ခွင့်အရ မဲမပေးဘဲ နေလိုက နေနိုင်တယ်ဆိုတဲ့ အချက်အရ ဆောင်ရွက်တာ ဖြစ်တယ်လို့လည်း
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားပါတယ်။

ရွေးကောက်ပွဲ သပိတ်မှောက်ရေးနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ပါတီခေါင်းဆောင်တွေနဲ့ ဆွေးနွေးနိုင်ဖို့အတွက်


ဗဟိုအလုပ်အမှုဆောင် ဦးအုန်းကြိုင် ခေါင်းဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေဟာ
မန္တလေး၊ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်းတွေဆီကို ဒီလ ၉ ရက်နေ့က စတင်သွားရောက်ခဲ့ပါတယ်။
ဒီခရီးစဉ်မှာပဲ ရွေးကောက်ပွဲ သပိတ်မှောက်ရာမှာ ပြည်သူလူထုပါ ပါဝင်လာစေဖို့အတွက် အဖွဲ့ချုပ် လူငယ်တွေကို
တာဝန်ပေးအပ်နေပြီ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း ရွှေဘိုမြို့ကို ရောက်ရှိနေတဲ့ လူငယ်ခေါင်းဆောင် ကိုမျိုးညွန့်က
ပြောပါတယ်။

“အဓိက လူကြီးတွေဖြစ်တဲ့ အန်ကယ် ဦးအုန်းကြိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်တွေကို လာပြီး


ရှင်းလင်းတင်ပြတာ။ ကျနော်တို့က လူငယ်တွေကိစ္စ အနေနဲ့ ကျနော်က တာဝန်ခံတယောက် အနေနဲ့
စစ်ကိုင်းတိုင်းမှာ ရှိနေတဲ့ လူငယ်တွေကို လာပြီး တာဝန်ပေးတာ။ ဘာတာဝန်လဲလို့ ပြောရင် ၂၀၁၀
ရွေးကောက်ပွဲကို မဲမပေးခြင်းဖြင့် သပိတ်မှောက်ဖို့အတွက် ကျနော်တို့ လူငယ်တွေကို ဒီဟာနဲ့ ပတ်သက်ပြီး
ပြည်သူလူထုကို ရှင်းလင်းဖို့ ဆိုပြီးတော့ လာတာဝန်ပေးတာ။ အဓိကကတော့ ဒါပါပဲ။”

ဒီကနေ့ ရွှေဘိုမြို့မှာ ပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာတော့ ရွှေဘိုခရိုင်အတွင်းက မြို့နယ် ၇ မြို့နယ်က


ကိုယ်စားလှယ်တွေ လာရောက်ခဲ့တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ရက်တွေကတော့ မိတ္ထီလာ၊ မန္တလေး၊ လားရှိုးမြို့တွေကို သွားရောက်ခဲ့ပြီး ဆွေးနွေးခဲ့ရာမှာ အားလုံးက


သပိတ်မှောက်ရေး ကိစ္စကို လူထုအကြားမှာ ကျယ်ကျယ်ပြန့်ပြန့် သိလာအောင် ဆောင်ရွက်ဖို့
သဘောတူခဲ့တယ်လို့ သိရပါတယ်။

မိတ္ထီလာမြို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒေါ်မြင့်မြင့်အေးကတော့ သူ့ရဲ့ သဘောထားကို အခုလို


ပြောပါတယ်။

“သပိတ်မှောက်တယ်ဆိုတဲ့ ကိစ္စမှာ သေချာပြင်ဆင်ပြီးတော့ ပြုလုပ်ဖို့ဆိုတာ ဗဟိုမှာတော့ တာဝန်အများကြီး


ရှိတယ်လို့ ယူဆပါတယ်။ ဗဟိုက ညွှန်ကြားချက်ပေါ်မှာ လုပ်မှသာလျှင် အောင်မြင်မယ်လို့လည်း ကျမတို့က
မြင်ပါတယ်။ ဗဟိုကနေ တာဝန်ပေးမယ်ဆိုရင် တနိုင်ငံလုံးမှာရှိတဲ့ တိုင်းနဲ့ပြည်နယ် မြို့နယ်တွေ အားလုံးက
ပါဝင်လာမှာလို့လည်း ကျမတို့က ပြောနိုင်ပါတယ်။”

လာမယ့် ရက်တွေမှာတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေဟာ ရခိုင်ပြည်နယ်ဘက်ကို


သွားရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့လတွေ အတွင်းကလည်း ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးဉာဏ်ဝင်း စတဲ့ ခေါင်းဆောင်တွေဟာ ဧရာဝတီတိုင်း၊


ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ် စတဲ့ ဒေသဘက်တွေကို သွားရောက်ခဲ့ပြီး ပါတီရပ်တည်ချက်နဲ့
ပတ်သက်ပြီး ရှင်းလင်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ပါတီတွေ စုပေါင်းဖွဲ့စည်းထားတဲ့ CRPP ခေါ် ပြည်သူ့လွှတ်တော်


ကိုယ်စားပြု ကော်မတီကလည်း လာမယ့် ရွေးကောက်ပွဲကို သပိတ်မှောက်ထားပါတယ်။

မြန်မာစစ်အစိုးရထုတ် သတင်းစာတွေကတော့ ရွေးကောက်ပွဲမှာ မဲမထည့်ဖို့ လှုံ့ဆော်နေသူတွေကို ရှုတ်ချထားပြီး


ရွေးကောက်ပွဲမှာ မဲမပေးဘူးဆိုရင် ပြည်သူတွေဟာ တာဝန်မဲ့ရာ ရောက်တယ်လို့ ဖော်ပြထားပါတယ်။

Source:http://www.voanews.com/burmese/news/nld-boycott-election-102854774.html

ပဲခူးမြို့ နာရီစင်အနီး ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကြော်ငြာကပ်

ပဲခူးမြို့မှာ အရပ်သားလူငယ် ၂ ဦးကို ပစ်သတ်မှု ဖြစ်အပြီး တပတ်ကျော် အချိန်မှာပဲ ပဲခူးမြို့က လူစည်ကားရာ


နာရီစင် ပန်းခြံမှာ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး ပလတ်စတစ် ဗွီနိုင်းဆိုင်းဘုတ်ကြီး တခုကို လုံခြုံရေး
တင်းကျပ်တဲ့ ကြားကပဲ ချိတ်ဆွဲသွားကြောင်း မြို့ခံတွေက ပြောပါတယ်။ အပြည့်အစုံကို မအေးအေးမာက
တင်ပြပေးထားပါတယ်။

စစ်တပ်က ပစ်သတ်လို့ သေဆုံးသွားတဲ့ အရပ်သားလူငယ် ၂ ဦးရဲ့ ဈာပနအပြီး လုံခြုံရေးတွေ တင်းကျပ်စွာ


ချထားတဲ့ ပဲခူးမြို့မှာ မနေ့ကလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲမပေးဘဲနေဖို့ ဆန့်ကျင်စာများ
ထွက်လာခဲ့သလို ဒီနေ့မှာတော့ ၅ ပေ x ၆ ပေ ပတ်လည်လောက်ရှိတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး၊
နိုင်ငံရေး အကျဉ်းသားတွေနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး
တောင်းဆိုထားတဲ့ ပလတ်စတစ် ဗွီနိုင်းစ ဆိုင်းဘုတ်ကြီးတခုကို လုံခြုံရေး တင်းကျပ်တဲ့ ကြားကပဲ
ချိတ်ဆွဲသွားကြောင်း မြို့ခံတဦးက အခုလို ပြောပါတယ်။

“ဟုတ်တယ်၊ ပဲခူးမြို့ နာရီစင်မှာ ဗွီနိုင်းပေါ်မှာ ရေးထားတဲ့ဟာ ကပ်သွားလို့၊ ရွေးကောက်ပွဲကို သပိတ်မှောက်


ဆန့်ကျင်ကြ၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပါ၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပါဆိုတဲ့ဟာကို
ကပ်သွားလို့။ အဲဒါကို ရဲတွေက ခွာပြီး အခု ဘယ်သူ့လက်ချက်လဲဆိုတာ လိုက်နေတယ်။ ဗွီနိုင်းဆိုတာ
ဆိုင်းဘုတ်သဘောမျိုးပေါ့၊ ဆိုင်းဘုတ်တွေ လုပ်တဲ့အခါ ပလတ်စတစ် အသားလိုမျိုး။ အဲဒီအပေါ်မှာ
ကွန်ပျူတာနဲ့ချဲ့ပြီး စာကို ကပ်သွားတာလို့ ပြောတယ်။ အာဏာပိုင်တွေက သိသွားတော့ ခွာလိုက်တာ။ မနက် ၁၀
နာရီခွဲလောက်က။ ဘယ်အချိန်က ကပ်သွားလဲ မသိဘူး။ ရဲတွေက စတွေ့တဲ့အချိန်မှာ ၁၀ နာရီခွဲလောက်
ဖြစ်နေပြီ။”

ပဲခူးမြို့မှာ နာရီစင်ဆိုတာဟာ လူစည်ကားတဲ့ နေရာဖြစ်ပြီး ဆိုင်းဘုတ်များ အများအပြား ချိတ်ဆွဲထားတဲ့


နေရာလည်း ဖြစ်ပါတယ်။ မြို့ခံတဦး ဆက်ပြောတာက…

“ဒီမှာက ဆိုင်းဘုတ်တွေကလည်း အများကြီး၊ ဆိုင်တွေကလည်း အများကြီးဆိုတော့ အမှုမဲ့၊ အမှတ်မဲ့ နေမှာပေါ့။


တယောက်ယောက်က မြင်သွားလို့ နေမှာပေါ့။ အလစ်ကပ်သွားတဲ့ သဘောပေါ့။ ဒီမှာ နာရီစင်ဆိုတာက
အဲဒီနားမှာ ဒန်ပေါက်ဆိုင်တွေရှိတယ်၊ စက်ဘီးပစ္စည်း ရောင်းတဲ့ဆိုင်တွေ ရှိတယ်၊ ဓာတ်ပုံဆိုင်တွေ ရှိတယ်။
ဝန်းထဲမှာ ဆိုင်းဘုတ်တွေက အများကြီး။ အကုန်လုံးက ဗွီနိုင်းတွေချည်းပဲ။ အမှုမဲ့ အမှတ်မဲ့ဆိုတော့
မသိသာဘူးလေ။ ဒီမနက် ၁၀ နာရီခွဲလောက်မှ အာဏာပိုင်တွေ စတွေ့တာ။”

မျက်မြင်သက်သေ တဦးကတော့ ရဲများက ဆိုင်းဘုတ်ကို မဖြုတ်သေးဘဲ ၀ိုင်းအုံကြည့်နေပြီး


အရပ်သားများကလည်း စိတ်ဝင်စားစွာ ကြည့်နေတာကြောင့် သူလည်း ကြည့်မိရင်း မြင်ခဲ့ရကြောင်း
ဆက်ပြောပြပါတယ်။

“ကျနော်က မြို့ထဲကို ပြန်လာတာ၊ အဲဒီမှာ အုပ်စုလိုက်ကြီးတွေ့တော့ ဆိုင်ကယ်တိုက်တာ မှတ်လို့ ၀င်ကြည့်တာ။


နောက်မှ ရဲတွေ ဖြစ်နေတယ်၊ ဘာရှာနေတာလဲ မသိဘူး။ အဲဒါနဲ့ ၀င်ကြည့်လိုက်တော့ အဲဒီမှာ ရုံးစုရုံးစု
ဖြစ်နေကြတယ်။ ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆိုတာ နာရီစင် လူမြင်ကွင်းကြီးမှာ။ မြို့လယ်ခေါင်ပေါ့။ ၁၁
နာရီခွဲလောက်က။”

မြို့ခံတွေကတော့ ဒီနေရာဟာ လူတွေ အများဆုံး သွားလာနေတဲ့ နေရာ ဖြစ်ကြောင်းကိုလည်း


ဆက်ပြောပြပါတယ်။ နောက်ထပ် မျက်မြင်တဦးကတော့ ရဲတွေရဲ့ ပြောကြားချက်အရ ဆိုင်းဘုတ်မှာ
ဗုံးပါတယ်ဆိုတာ သိခဲ့ရကြောင်း ပြောပြပါတယ်။

“အဲဒီ ပိုစတာနောက်မှာ ကပ်ခွာဗုံးလေး ရှိတယ်လို့ ရဲတွေက ပြောတာပဲ။ အဲဒါ သွားခွာလိုက်ရင် ပေါက်နိုင်တယ်လို့


ပြောတယ်။ သူတို့ ရှင်းလင်းလိုက်ပြီလို့ ပြောတာပဲ၊ ရဲတွေက။”

ဒီသတင်းနဲ့ ပတ်သက်ပြီး ပဲခူးမြို့ ရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာစစ်အစိုးရ သတင်းစာမှာတော့ ချိန်ကိုက်ဗုံးများ တွေ့ရကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲ


ပျက်ပြားအောင် ပဲခူးမြို့က လူသတ်မှုနဲ့ အချိန်ကိုက် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင်
လုပ်ဆောင်နေကြောင်း ရေးသားထားသလို မနေ့ကလည်း ပဲခူးမြို့က ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာများ
ဖြန့်ဝေမှုနဲ့ ပတ်သက်ပြီး သင်္ကာမကင်းသူများကို ဖမ်းဆီးပြီး စစ်ဆေးမှုများ လုပ်ခဲ့ပါတယ်။

အခုချိန်မှာတော့ ပဲခူးမြို့မှာ လုံခြုံရေးကို တင်းကျပ်စွာ ချထားပြီး စောင့်ကြည့် စစ်ဆေးမှုတွေ လုပ်နေဆဲလည်း


ဖြစ်ပါတယ်။

Source:http://www.voanews.com/burmese/news/myanmar-election-bago-movement-
102856574.html
ဒီမိုကရက်တစ်ပါတီနှင့် တသီးပုဂ္ဂလများ ပူးပေါင်းမည်

ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) နှင့် တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စား


လှယ်လောင်း တချို့တို့သည် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ပူးတွဲဆောင်ရွက် ကြမည် ဖြစ်ကြောင်း
သိရသည်။

၎င်းတို့သည် နိုင်ငံရေးအရ ပူးပေါင်းခြင်း ဖြစ်ပြီး ရွေးကောက်ပွဲ


အောင်နိုင်ရေး အတွက် အပြန်အလှန် အကူအညီ ပေးသွားကြရန်
သဘောတူညီမှု ရရှိထားကြောင်း၊ ရွေးကောက်ပွဲ အပြီးကာလ
လွှတ်တော်ထဲ၌ ဒီမိုကရေစီ အင်အားစု တရပ်ပေါ်ပေါက်
လာရေးအတွက် အဓိက ဖြစ်ကြောင်း တသီးပုဂ္ဂလ
ကိုယ်စားလှယ်လောင်း တဦးဖြစ်သူ ဦးတင်ဆန်းက ဧရာဝတီသို့
ပြောသည်။

အထွေထွေ အတွင်းရေးမှူးချုပ်
“ကျနော်တို့အဖွဲ့က ဒီ ပါတီအပြင် တခြားအဖွဲ့တွေ၊ ပါတီတွေ၊
မစ္စတာဘန်ကီမွန်းကို နှုတ်ဆက်နေသည့်
တိုင်းရင်းသား အဖွဲ့တွေနဲ့လည်း ပူးပေါင်းသွားဖို့ ရှိပါတယ်။
တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း
လွှတ်တော်ထဲမှာ ဒီမိုကရေစီအင်အားစု တခုအဖြစ် ရပ်တည်
ဒေါ်ယုဇာမော်ထွန်း (ဓာတ်ပုံ - မင်္ဂလာမြန်မာ)
ဆွေးနွေးသွားဖို့ပါ” ဟု သူက ဆိုသည်။

ဦးတင်ဆန်းသည် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေမှ ၀င်ရောက် ယှဉ်ပြိုင်မည်ဟု သိရသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) နှင့် ပူးပေါင်းဆောင်ရွက်မည့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈ ဦး မှာ


ဒေါက်တာဖုန်းဝင်း၊ ဒေါ်ယုဇာမော်ထွန်း၊ ဦးတင်ဆန်း၊ ဦးစန်းမြင့်၊ ဦးဝင်းထိန်ဦး၊ ဦးဝင်းနိုင်၊ ဦးကျော်ကျော်မင်း၊
ဦးသိန်းတန်တို့ဖြစ်သည်။

“ဒီမိုကရက်တစ်ပါတီနဲ့ ကျမတို့က အမြင်တူတာရယ်၊ နောက်ပြီး တဦးတည်း လုပ်တာထက်စာရင်


ပူးပေါင်းလုပ်တာက ပိုကောင်းမယ်ထင်လို့ပါ” ဟု တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တဦးဖြစ်သူ
ဒေါ်ယုဇာမော်ထွန်းက ဧရာဝတီသို့ ပြောသည်။

ဒေါ်ယုဇာမော်ထွန်းသည် လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။


ဒေါ်ယုဇာ မော်ထွန်းသည် Myanmar Development Foundation မှ ဒါရိုက်တာ တဦး ဖြစ်ပြီး ၎င်း၏
ခင်ပွန်းဖြစ်သူ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာ ဖုန်းဝင်းသည် မင်္ဂလာမြန်မာမှ ဒါရိုက်တာ
အဖွဲ့ဝင်တဦးဖြစ်သည်။

“ကျနော်တို့တွေက ရွေးကောက်ပွဲကာလမှာရော ရွေးကောက်ပွဲပြီးသွားတဲ့ အချိန်တွေမှာပါ ဒီမိုကရေစီ


ကိုယုံကြည်တဲ့လူတွေ စုပေါင်းပြီးတော့ လုပ်ဆောင်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပူးပေါင်းလုပ်သွားကြဖို့
ဆွေးနွေးကြတာပါ” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေ ကပြောသည်။

ဒေါက်တာ ဖုန်းဝင်းကလည်း “ပူးပေါင်းရတာက ဒီမိုကရက်တစ်တွေ အချင်းချင်းညှိနှိုင်းတတ်အောင် အလေ့အကျင့်


ရစေချင်တာလည်းပါတယ်။ တယောက်တမျိုးစီ မဖြစ်စေချင်ဘူးပေါ့။ ဒီမို ကရက်တစ်တွေ အတွက်လည်း အင်အား
တရပ်ဖြစ်စေချင်တယ်” ဟုပြောသည်။
ဒေါက်တာဖုန်းဝင်းသည် ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ၀င်ရောက်အရွေးခံ မည်ဖြစ်ပြီး
ပါတီများ၏ မူဝါဒများကို ကြိုတင်မသိခဲ့ခြင်းကြောင့် တသီးပုဂ္ဂလ အဖြစ် အရွေးခံရန်အတွက်သာ
လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်းလည်း ပြောသည်။

ရွေးကောက်ပွဲ ကျင်းပရန် ၂ လ၀န်းကျင်သာ လိုတော့သည့်အတွက် ဒီမိုကရက်တစ် အင်အားစုများအနေဖြင့်


ပူးပေါင်းဆောင် ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် အရေးကြီးကြောင်းလည်း ပါတီခေါင်းဆောင်များက ဆိုသည်။

ဒီမိုကရက်တစ် အင်အားစုများသည် အတူတကွ ပူးပေါင်းဆောင်ရွက်၍ ရွေးကောက်ပွဲ ၀င်မည်ဟု


ဆိုနေသော်လည်း ၎င်းတို့ ၀င်ရောက် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်တချို့၌ ကိုယ်စားလှယ် အရေအတွက်
ထပ်နေကြောင်းသိရသည်။

“ရန်ကုန်တိုင်းက နေရာတချို့မှာ အတော် ထပ်နေပါတယ်။ ဒါတွေက ငွေမလုံလောက်မှု၊


အချိန်မလောက်ငမှုတွေကြောင့်ပါ။ ကြိုတင်ညှိနှိုင်း ရလောက်အောင် အခြေအနေက မပေးဘူးဗျာ။
ပြည်သူတွေအတွက် အများကြီးနစ်နာပါတယ်” ဟု အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ၏ ခေါင်းဆောင်
တဦးဖြစ်သည့် ဦးခင်မောင်ဆွေက ပြောသည်။

ထိုကိစ္စများသည် ကိုယ့်သဘောနှင့်ကိုယ် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ပြီး ယခုအခါ လုပ်ဆောင်၍ မရတော့ကြောင်း၊


သို့သော် NDF အနေဖြင့် ပြည်ထောင်စု ဒီမိုကရေစီ ပါတီ (UDP)၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊
ဒီမိုကရက်တစ်ပါတီ (မြန်မာ) တို့အတွက် မြို့နယ်တချို့တွင် နေရာ ဖယ်ပေးထားကြောင်းလည်း
ဦးခင်မောင်ဆွေက ဆိုသည်။

NDF အနေဖြင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များနှင့် လတ်တလောတွင် ပူးပေါင်းဆောင်ရွက်မှု


မရှိသေးသော်လည်း၊ UDP နှင့် မိတ်ဘက် သဘောအရ ညှိနှိုင်းမှုတချို့ လုပ်ဆောင်နေသည်ဟုလည်း
ဦးခင်မောင်ဆွေက ပြောသည်။

ဒီမိုကရက်တစ် အင်အားစု များသည် စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော ပြည်ထောင်စု


ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ( ကြံ့ဖွံ့ပါတီ )၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တ.စ.ည) တို့နှင့် အဓိက
ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ထိုပါတီ ၂ ခုသည် တနိုင်ငံလုံးရှိ မဲဆန္ဒနယ် အားလုံးနီးပါးတွင် ၀င်ရောက် ယှဉ်ပြိုင်
အရွေးခံမည် ဖြစ်ပြီး ကိုယ်စားလှယ်လောင်း အရေအတွက်မှာလည်း အများဆုံး ဖြစ်သည်။

ဒီမိုကရေစီအင်အားစု များအနေဖြင့် လက်ရှိရရှိထားသော အခြေအနေ ပေါ်မူတည်ပြီး ရွေးကောက်ပွဲ၌


ပြည်သူများ၏ ထောက်ခံမှု ရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ပြီး အနိုင်ရရှိသည့် ကိုယ်စားလှယ် အနေဖြင့်
ဒီမိုကရေစီ မကျသော စစ်အစိုးရ ရေးဆွဲထားသည့် ဖွဲ့စည်းပုံပါ အကြောင်းအရာ တချို့ကို ပြင်ဆင်နိုင်ရန်
တဖြည်းဖြည်း လုပ်ဆောင်သွားမည်ဟု ရွေးကောက်ပွဲ ၀င်ရန်ပြင်ဆင် နေကြသည့် ပါတီကိုယ်စား
လှယ်လောင်းများက ဆိုသည်။

တိုင်းရင်းသား ပါတီခေါင်းဆောင် တချို့ကလည်း ၎င်းတို့၏ တိုင်းရင်းသား အရေး၊ ၎င်းတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊


တန်းတူ အခွင့်အရေးတို့ အတွက် လွှတ်တော်မှ တဆင့် တဖြည်းဖြည်း ဆောင်ရွက်သွားမည် ဟုပြောဆိုသည်။

“ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ လွှတ်တော်မှာ ဆွေးနွေးကြတဲ့အခါ အရေအတွက် နည်းတာ၊ များတာနဲ့


မဆိုင်ပါဘူး။ ကိုယ်စားလှယ်လောင်း အနေနဲ့ ပြောတတ် ဆိုတတ်မယ်၊ ပြောရဲဆိုရဲမယ်၊ ဗဟုသုတ ပြည့်စုံပြီး
အကြောင်းပြချက် ကောင်းမယ် ဆိုရင် လူတွေက ထောက်ခံ လာမှာပါ။ ဥပဒေပိုင်း လုပ်ဆောင်တာ ကျတော့
အများစုက ထောက်ခံမှ ဖြစ်မှာပါ ” ဟု ဦးသုဝေက ပြောသည်။

စစ်အစိုးရ သည် ရွေးကောက်ပွဲအား ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပ မည်ဟု သြဂုတ်လ ၁၃
ရက်နေ့က တရားဝင် ကြေညာထားသည်။

ရွေးကောက်ပွဲ ကော်မရှင်သည် ကိုယ်စားလှယ်လောင်းများ စိစစ်မှုကို စက်တင်ဘာလ ၁၂ ရက်နေ့


နောက်ဆုံးထား၍ စိစစ်မည်ဟု ပါတီများကို အကြောင်းကြားထားသော်လည်း၊ စိစစ်ရွေးချယ်ပြီး
ကိုယ်စားလှယ်လောင်း စာရင်းအတိအကျကို မည်သည့်ရက်တွင် ထုတ်ပြန်မည်ဟု မသိရသေးကြောင်း ပါတီ
ခေါင်းဆောင်းများက ပြောသည်။

ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ရန် ပါတီ ၄၂ ပါတီ မှတ်ပုံတင်ခွင့်ရရှိထားပြီး ပါတီဝင်အင်အား စာရင်းကို


ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားသည့်ပါတီ မှာ ၃၃ ပါတီရှိကြောင်း စစ်အစိုးရ သတင်းများအရ သိရသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/4057-2010-09-14-09-39-35

နယ်မြို့တွေမှာ ရွေးကောက်ပွဲ ကိုယ်စားလှယ်စာရင်း ထုတ်ပြန်

၂၀၁၀ ရွေးကောက်ပွဲ ၀င်ကြမယ့် နိုင်ငံရေး ပါတီတွေရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို


ကော်မရှင်က စိစစ်နေရာမှာ ဒီကနေ့မှာတော့ နယ်မြို့တချို့က ခရိုင်ကော်မရှင်ရုံးတွေမှာ အမည်စာရင်းတွေ
ကပ်ထားပါပြီ။ ဒါပေမဲ့ ရန်ကုန်တိုင်းမှာတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူးလို့လည်း ပြောပါတယ်။ အပြည့်အစုံကို
မသင်းသီရိက တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်က စိစစ်ပြီးတဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ဒီကနေ့ မန္တလေးတိုင်းက


ခရိုင်ကော်မရှင်ရုံးမှာ စာရွက်နဲ့ ကပ်ထားတယ်လို့ ပြောပါတယ်။ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ
တင်ထားတဲ့ နိုင်ငံရေးပါတီတွေဆီ သက်ဆိုင်ရာ ကော်မရှင်က အကြောင်းကြားတာ မဟုတ်ဘဲ
အမည်စာရင်းတွေကို ကော်မရှင်ရုံးက ကြော်ငြာဘုတ်မှာ ကပ်ထားတာလို့ မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ
အင်အားစု (NDF) ပါတီက ကိုယ်စားလှယ်လောင်း တဦးဖြစ်တဲ့ ဦးတင်အောင်အောင်က ပြောပါတယ်။

“ကျနော်တို့ဆီက ခရိုင်မှာကပ်ထားတာ၊ သင်ပုန်းမှာ။ အားလုံး ကျနော်တို့တင်တာ ၃၃ ဦးပါပဲ၊ ၃၃ ဦး ပြန်ကျတယ်။


အဲဒါကို စာကပ်ထားတယ်။ ကျနော်တို့က အမျိုးသားလွှတ်တော်မှာ ၈ နေရာ၊ ပြည်သူ့လွှတ်တော်က ၂၄ နေရာ၊
တိုင်းဒေသကြီးက တနေရာ။ အားလုံး ၃၃ နေရာ။”

ဒါပေမဲ့ ရန်ကုန်တိုင်း အတွင်းမှာတော့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ဒီနေ့ ထုတ်ပြန်ခြင်း


မရှိသေးဘူးလို့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။

“မကြားရသေးဘူးခင်ဗျ။ ကျနော်တို့ ရန်ကုန်က ဘာမှ မကြားသေးဘူး။ သူတို့ နေပြည်တော်ကို တင်လိုက်တယ်ပဲ


ကြားတယ်လေ။ ပြန်ပြီးတော့ မကျလာသေးဘူး။ မတွေ့ရသေးဘူး၊ ကပ်တယ်လို့။ ကော်မရှင်ကလည်း
အကြောင်းမကြားဘူး။ ကျနော်တို့ ဒီနေ့ မေးတယ်။ ဒီလိုပဲ တချို့နေရာမှာ ကြားတယ်၊ အဲဒါကြောင့်
ကပ်ပြီလားဆိုတော့ ကျနော်တို့ စာရင်း မထုတ်ပြန်ရသေးဘူး၊ Ready တော့ ရှိတယ်တဲ့။ ဒါပေမဲ့
မကပ်ရသေးပါဘူးတဲ့၊ အဲဒီလို ပြောတယ်။”

တခါ တောင်ငူဘက်မှာလည်း ပါတီတွေဆီ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ ပေးပို့တာ၊


အကြောင်းကြားတာ မရှိဘဲ ခရိုင်ရုံးမှာသာ အမည်စာရင်းတွေ ကပ်ထားတာကို သွားကြည့်လို့ သိခဲ့ရတယ်လို့
ကရင်ပြည်သူ့ပါတီက ဦးစောစေးဝါးကလည်း ပြောပါတယ်။

“အကြောင်းကြားတာတော့ မရှိပါဘူး။ သူတို့က သင်ပုန်းမှာပဲ ကပ်ထားတာ များတယ်လေ။ သင်ပုန်းမှာပဲ


ကပ်မယ်ဆိုလို့ ကျနော်တို့က သွားသွားကြည့်ရတယ်။ အခု တောင်ငူမှာတော့ ကျနော်တို့ သိရတယ်။
လောလောဆယ် တခြားနေရာတော့ မကြားသေးဘူး။ ကျနော်တို့က ၄၂ ယောက် ၀င်ပြိုင်မယ်။ အားလုံးတော့
ကျလာပါတယ်။ တရားဝင် သူတို့ ထုတ်ပြန်ရမယ်၊ ဥပဒေအတိုင်း၊ လုပ်ထုံးလုပ်နည်းအတိုင်း ထွက်လာမှာပဲလေ။”

နိုင်ငံရေးပါတီတွေရဲ့ အမည်စာရင်းတွေကို သြဂုတ်လ ၃၀ ရက်နေ့က နောက်ဆုံးထား တင်သွင်းခဲ့ရတာ ဖြစ်ပြီး


စက်တင်ဘာ ၆ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ သက်ဆိုင်ရာ ကော်မရှင်ရုံးတွေမှာ စိစစ်ခဲ့ပြီး ဒီကနေ့မှာတော့
ရန်ကုန်တိုင်းအတွက်က လွဲရင် ကျန်တဲ့ နယ်မြို့တချို့မှာ စာရင်းတွေ ထုတ်ပြန်ခဲ့တာပါ။ ဆက်သွယ်လို့ရသမျှ
နိုင်ငံရေးပါတီ တချို့ကို မေးကြည့်ရာမှာတော့ တင်ထားတဲ့ စာရင်းတွေထဲမှာ အရည်အချင်း ပြည့်မီခြင်း
မရှိလို့ဆိုပြီး ပယ်ချခံရတဲ့သူ သိပ်မရှိဘူးလို့လည်း ပြောပါတယ်။

ရွေးကောက်ပွဲကလည်း နိုဝင်လာ ၇ ရက်နေ့ ကျင်းပမှာမို့ သိပ်မကျန်တော့တဲ့ အချိန်အတိုင်းအတာ အတွင်း


အမည်စာရင်း အတည်ဖြစ်သွားပြီ ဖြစ်တဲ့ ကိုယ်စားလှယ်လောင်းတွေ ပါတီစည်းရုံးရေး ဆင်းဖို့ ပြင်ဆင်နေကြပါပြီ။
ဒါပေမဲ့ စည်းရုံးဟောပြောရေး လုပ်ရာမှာ ကော်မရှင်ကို တပတ်ကြိုပြီး ခွင့်ပြုချက် တောင်းရမယ့် ကိစ္စက
လုပ်ငန်းတွေကို ပိုပြီး ကြန့်ကြာ နှောင့်နှေးစေတယ်လို့ မန္တလေး NDF ပါတီက ဦးတင်အောင်အောင်က
ပြောပါတယ်။

“အခက်အခဲကတော့ သူတို့က ၇ ရက် ကြိုတင်ပြီး ကော်မရှင်ကို တင်ရမယ်လို့ အကြောင်းကြားထားတယ်။


ဘာလို့လဲဆိုတော့ ကျနော်တို့ အခြေအနေက ကွင်းပြင်တွေ၊ ရတဲ့ အဆောက်အဦးတွေမှာ ဟောပြောခွင့်ရမယ့်
အခြေအနေ သိပ်ရမယ် မထင်ဘူး။ ဟောပြောပွဲ မလုပ်နိုင်ဘူး။ Pamphlet တွေနဲ့ သက်ဆိုင်ရာ မြို့နယ်တွေကို
ကွင်းဆင်းပြီး စည်းရုံးဖို့ လုပ်သွားပါမယ်။ ဟောပြောပွဲတွေဆို ပိုဆိုးသေးတယ်။ ကျနော်တို့က အဲဒီမှာ
တက်ရောက်မယ့်ဦးရေ၊ ဟောပြောမယ့်လူက ဘယ်သူလဲ၊ ဘယ်နှစ်ယောက် တက်မလဲပေါ့ဗျာ။ လော်စပီကာ
သုံးမှာလား။ ဒါတွေပါ အသေးစိတ်ပါတယ်၊ တကယ်လို့ ဟောပြောမယ်ဆိုရင်၊ အခက်အခဲတွေ ကျနော်
တွေ့တာပေါ့။”

မန္တလေးတိုင်း NDF ပါတီက ကိုယ်စားလှယ်လောင်း ဦးတင်အောင်အောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

အခုလို ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေထဲမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်တချို့ ဒီမိုကရက်တစ်ပါတီ


(မြန်မာပြည်) အဖွဲ့နဲ့ ပူးပေါင်းလိုက်တာမျိုး ရှိသလို NDF ပါတီနဲ့အတူ အခြား နိုင်ငံရေးပါတီ တချို့အပြင်
တိုင်းရင်းသားပါတီအဖွဲ့ တချို့နဲ့ ပူးပေါင်းပြီး ရွေးကောက်ပွဲ မိတ်ဘက်ပါတီ ထူထောင်ပြီး လွှတ်တော်ထဲမှာ
အင်အားကောင်းတဲ့ ဒီမိုကရေစီ အင်အားစုတရပ် ပေါ်ပေါက်လာရေးအတွက် ကြိုးပမ်းနေကြပါတယ်။

Source:http://www.voanews.com/burmese/news/myanmar-election-candidates-lists-
102870594.html

နာရေးကူညီမှုလုပ်၍ ကြံ့ဖွံ့ပါတီ မဲဆွယ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သည် ရွေးကောက်ပွဲ နီးလာသည်နှင့် အမျှ မဲဆွယ်သည့်


အနေဖြင့် နာရေးကူညီမှု လုပ်ငန်းများ အထိ တိုးချဲ့ လုပ်ဆောင်နေကြောင်း သိရသည်။

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်အတွင်း ဖြစ်ပေါ်နေသည့် နာရေးကိစ္စများတွင် ကြံ့ဖွံ့ပါတီက


သင်္ဂြိုဟ်ပြီးစီးသည်အထိ ကူညီ ဆောင်ရွက်ပေးနေသည့်အပြင် ကျန်ရစ်သည့် မိသားစုများကိုလည်း ငွေကျပ်
သုံးသောင်း ထပ်မံကူညီကြောင်း တောင်ဒဂုံ မြို့နယ် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

“အကုန်လုံး ကူညီတဲ့အပြင် ငွေလည်း ထပ်ပေးသေးတယ် ဆိုတော့ ဆင်းရဲသားတွေအတွက်


အဆင်ပြေတာပေါ့”ဟု အဆိုပါ ဒေသခံက ပြောသည်။

ကြံ့ဖွံ့ပါတီက နာရေးကိစ္စများကို ထားဝယ်ချောင် သုသာန်၊ ကျီစု သုသာန်များတွင် တာဝန်ယူ


ဆောင်ရွက်ပေးကြောင်း သိရ သည်။

၂၀၀၁ ခုနှစ်မှစ၍ နာရေးကူညီမှုအသင်း တည်ထောင်ပြီး ကူညီပေးနေသူ ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူက


“အမြဲတမ်း ကူညီပေးသွားနိုင်ရင်တော့ ပြည်သူတွေအတွက် ကောင်းတာပေါ့။ မဲလိုချင်တာနဲ့
နိုဝင်ဘာလလောက်အထိ ဆိုရင်တော့ မကောင်းဘူးပေါ့” ဟု မှတ်ချက်ပေးသည်။

မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူမှု အထောက်အကူပြု အဖွဲ့မှ


တာဝန်ယူ စောင့်ရှောက်ကုသပေးနေသော HIV ရောဂါပိုးကူးစက်ခံရသည့် လူနာများကို သာကေတမြို့နယ်ရှိ
အစိုးရ တည်ဆောက် ထားသည့် ဆေးရုံသို့ ပြောင်းရွှေ့ရန် ဒေသခံ အာဏာပိုင်များက လာရောက်ပြောဆိုကြောင်း
NLD လူမှု အထောက်အကူပြု အဖွဲ့ဝင် ကိုရာဇာက ဆိုသည်။

သာကေတမြို့နယ် အာဏာပိုင်များ အပါအ၀င် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) များ၊ ရဲတပ်ဖွဲ့ဝင်များ၊


ကျန်းမာရေးဦးစီး ဌာနမှ တိုင်း၊ ခရိုင်အဆင့် ညွှန်ကြားရေးမှူးများ၊ ဆေးရုံအုပ်ကြီးနှင့် လူပေါင်း ၃၀ ခန့်
ပါဝင်ကြောင်း၊ နှစ်ကြိမ်တိုင်တိုင် လာရောက် ပြောဆိုကြောင်း ကိုရာဇာက ဆက်လက်ပြောသည်။

“ဒီမှာ လူနာတွေ အရမ်းများတယ်၊ ပိုဆိုးလိမ့်မယ်၊ အခုဆောက်ထားတဲ့ သာကေတ ဆေးရုံကို ပြောင်းပါဆိုပြီး


မြို့နယ် အာဏာ ပိုင်တွေနဲ့ ကျန်းမာရေး ဦးစီးဌာနက တာဝန်ရှိသူတွေက လာပြောတယ်။ သွားပို့တော့
လက်မခံဘူး”ဟု ကိုရာဇာက ဧရာဝတီသို့ ပြောသည်။

သာကေတ ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာဝန်တဦးကမူ ယခုဆေးရုံသည် နားနေဆောင်သာ


ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် ဆေးကုသမှုခံယူရန် လာရောက်သည့် လူနာများကို နေထိုင်ခွင့်ပြုထားကြောင်း၊ ဆန်၊
ဆီ၊ ပဲ စသည့် အစား အသောက်များကို ပေးကြောင်း၊ အရေးပေါ်ရောက်ရှိလာသည့် လူနာများကိုမူ
မင်္ဂလာဒုံမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ကူးစက်ရောဂါကု ဆေးရုံသို့ ပို့ဆောင်ကုသပေးကြောင်း ပြောကြားသည်။

အဆိုပါဆေးရုံကို သာကေတမြို့နယ် ၁၀၈ တောင်ပြည့် ဘုရားရှေ့တွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့်


သြဂုတ်လ ၅ ရက်နေ့က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းထုတ် Weekly Eleven ဂျာနယ်တွင်
ဖော်ပြထားသည်။ ကြံ့ဖွံ့ပါတီသည် မဲဆွယ်စည်ရုံးရေးဆင်းရာတွင် သက်ကြီးရွယ်အိုများကို ထောက်ပံ့ပေးမှုလည်း
လုပ်ဆောင်ပေးကြောင်း သိရသည်။

မကွေးတိုင်း ရေနံချောင်းမြို့နယ်မှ ၀င်ရောက်အရွေးခံမည့် ကြံ့ဖွံပါတီ ကိုယ်စားလှယ်လောင်းများက


မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အသက် ၇၀ ကျော် အဘိုးအဘွားများကို သက်ကြီးရွယ်အို ကန်တော့ပွဲများ
ပြုလုပ်၍ စည်းရုံးရေးဆင်းနေကြောင်း ရေနံချောင်း ဒေသခံရွာသားတဦးက ပြောသည်။

“အသက် ၇၀ ကစပြီး ငွေ ၅၀၀၀ ကျပ်နှုန်း ကန်တော့မယ်လို့ ကြေညာတယ်။ ဒါပေမယ့် ဦးရေကများတော့


အသက်ကို ၇၅ နှစ်ဆိုပြီး သတ်မှတ်ပြန်တော့ အသက် ၇၀ အရွယ် အဘိုးအဘွားတွေက စိတ်ကသိကအောက်
ဖြစ်ပြီး ပြန်ရတယ်” ဟု ၎င်းက ဆိုသည်။

ရေနံချောင်းမြို့နယ် အတွင်းရှိ ၃၆ ကျေးရွာအုပ်စု ဘောလုံးအသင်းကိုလည်း ယမန်နေ့က ငွေကျပ် နှစ်သိန်း


ပေးအပ်ကြောင်း၊ ထို့နောက် မဲဆွယ်စည်းရုံးသည့်အနေဖြင့် “အေးအေးချမ်းချမ်းနေချင်လျှင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး
ပါတီကို မဲပေးကြ” ဟု တိုင်းဒေသကြီး လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်
ဦးအောင်နိုင်ဝင်းနှင့် စည်းရုံးရေးမှူး ဦးဝင်းတင်တို့က အသံချဲ့စက်များဖြင့် ပြောကြောင်းလည်း ရေနံချောင်း
ဒေသခံက ဆက်လက်ပြောပြသည်။
ရေနံချောင်းမြို့နယ်တွင် ကြံ့ဖွံ့ပါတီမှ ဦးအောင်နိုင်ဝင်း အပြင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်
ရေနံချောင်းစက်မှုဇုန်တွင် “စတား” မော်တော်ဆိုင်ကယ်များ ထုတ်လုပ်သည့် စက်မှုလုပ်ငန်းရှင်
ဒေါ်ဝင်းမော်ထွန်းလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

ကြံ့ဖွံ့ပါတီသည် နိုင်ငံသား စိစစ်ရေးကတ်များထုတ်ပေးခြင်း၊ လမ်းခင်းပေးခြင်း၊ စာသင်ကျောင်းများသို့


ငွေလှူဒါန်းခြင်း၊ အတိုးနှုန်းနည်းနည်းဖြင့် ငွေထုတ်ချေးခြင်း၊ လျှပ်စစ်မီးသွယ်ပေးခြင်းနှင့် မျက်မှန်များ အခမဲ့ဝေခြင်း
အပါအဝင် နည်းလမ်းမျိုးစုံဖြင့် မဲဆွယ်လျက်ရှိကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီသည် ဧပြီလ ၂၉ ရက်နေ့တွင်


ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ၌ တည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး မေလ ၄ ရက်နေ့တွင်
တည်ထောင်ခွင့်ရရှိခဲ့သည်။ ဇွန်လ ၁ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့တွင် ပါတီ
မှတ်ပုံတင်ခွင့် ရရှိခဲ့သည်။

ကြံ့ဖွံ့ပါတီ၏ နိုင်ငံရေး ပါတီမှတ်ပုံတင် အမှတ်မှာ ၂၃ ဖြစ်ပြီး သြဂုတ်လ ၁၈ ရက်နေ့တွင် ရွေးကောက်ပွဲ


ကော်မရှင်ထံ ပါတီဝင် အင်အား တင်ပြခဲ့သည်။

သြဂုတ်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းခဲ့ကြသော လွှတ်တော် ကိုယ်စားလှယ်လောင်းများ


တင်သွင်းမှုအပေါ် မူတည်၍ ဧရာဝတီ၏ တွက်ချက်မှုအရ ကြံ့ဖွံ့ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ
(တစည) နှစ်ပါတီသာလျှင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး
လွှတ်တော်များတွင် နိုင်ငံတ၀န်းလုံး၌ ယှဉ်ပြိုင်နိုင်မည်ကို တွေ့ရှိရသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/4059-2010-09-14-11-30-51

ကြိုတင်မဲပေးဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လိုက်လံစည်းရုံး

2010-09-14

ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့အမည်စာရင်းတွေ


ထုတ်ပြန်ကြေညာခြင်းမရှိသေးတဲ့ကာလမှာ အစိုးရပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ စည်းရုံးရေးမှူးတွေဟာ
ရန်ကုန်တိုင်း မြို့နယ်တချို့မှာ ကြိုတင်မဲတွေ ပေးဖို့ စည်းရုံးနေတယ်လို့ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP )
ဥက္ကဋ္ဌ ဦးသိန်းဌေးက ပြောပါတယ်။

စစ်အစိုးရက ထောက်ပံ့ အားပေးနေသော ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ၏ ရုံးများကို မြန်မာနိုင်ငံ


မြို့ရွာအတော်များများတွင် သြဂုတ်လ ၂၀ ရက်က ဖွင့်လှစ်ခဲ့ရာ မိုးကုတ်မြို့ရှိ ဆိုင်းဘုတ်တင် ရုံးဖွင့်ပွဲ
အခမ်းအနားကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

“တောင်ဥက္ကလာဖက်မှာ ဒီ ကြိုတင်မဲ ပေးမဲ့ အိမ်တွေကို လိုက်ပြီး စည်းရုံးတာတွေ ရှိတယ်။ စည်းရုံးတဲ့အခါမှာ


စည်းရုံးတဲ့ လူက ဒီ အဲဒီ အိမ်တွေမှာ ဟို အသက်အရွယ် ကြီးပြီပေါ့၊ ဒါကြောင့်မို့ ကြိုတင်မဲ ပေးချင်လားပေါ့၊
ပေးမယ်ဆိုလို့ရှိရင် သူတို့ကို စာရင်းပေးပေါ့။”

“အဲဒီမှာ နားလည်တဲ့ ပုဂ္ဂိုလ်ကနေပြီးတော့ ဟုတ်ပြီ၊ ကြိုတင်မဲ ပေးတာတော့ ဟုတ်ပြီ၊ အဲဒီတော့ ဘယ်လိုမျိုး


အမတ်လောင်းတွေ ဘယ်သူတွေ ရှိတုန်း၊ ကျွန်တော်တို့က ဒီ အမတ်လောင်းတွေလည်း မသိတဲ့အတွက် ဘယ်လို
ပေးရမှာလဲဆိုတော့ သူက ဘာပြန်ဖြေသွားလဲ ဆိုတော့ မလိုဘူးတဲ့၊ ဦးအောင်သိန်းလင်း သိရင်
လုံလောက်ပါပြီတဲ့။ အဲလိုမျိုးပဲဗျ။”

၂၀၁၀ ရွေးကောက်ပွဲအတွက် မဲပေးပုံစနစ်ကို နိုင်ငံရေးပါတီတွေတောင် ရှင်းရှင်းလင်းလင်း မသိရသေးတဲ့


အချိန်မှာ ကြိုတင်မဲပေးဖို့ ပါတီကြီးတခုက ကြိုးစားလာတာဟာ မရိုးသားဘူးလို့ ဦးသိန်းဌေးက ဆိုပါတယ်။

“ကြိုတင်မဲပေးတဲ့လူ မှန်သမျှက သူတို့အမတ်ပဲ ပေးမှာလေ။ ပြည်ခိုင်ဖြိုးကလူပဲ ပေးမှာကိုး။ အဲဒီတော့


ရပ်ကွက်ထဲတွေမှာလည်း ဒီ ရပ်ကွက်အခံမှာ ရှိတဲ့၊ ရပ်ကွက်ပေါ်မှာ သြဇာညောင်းတဲ့ လူတွေကနေတဆင့် သူက
ကြိုတင်မဲ ပေးဖို့ လိုက်စည်းရုံးတာ ရှိတယ်။ အဲ ကျွန်တော်ကတော့ ပြည်သူလူထုကို ကြိုတင်မဲ မပေးဖို့ပဲ
ကျွန်တော်တို့တို့က လူထုကို အသိပေးရမှာပဲ။ ချပြရမှာပဲလေ။”

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ စည်းရုံးရေးတွေဟာ ရွေးကောက်ပွဲ ဥပဒေနဲ့ ကိုက်ညီမှု မရှိဘူးဆိုတာကိုလည်း


နိုင်ငံရေးပါတီ အများစုက ဝေဖန် ထောက်ပြနေကြပါတယ်။

ဒါအပြင်၂၀၁၀ ရွေးကောက်ပွဲအတွက် မဲပေးပုံစနစ် ရှင်းရှင်းလင်းလင်း မရှိတဲ့အပြင် ငွေအင်အားနည်းတဲ့


နိုင်ငံရေးပါတီတွေအတွက် ကိုယ်ပိုင်မဲရုံးမှူးတွေ ထားဖို့ အခက်အခဲတွေ အများကြီးရှိနေတယ်လို့
ရွေးကောက်ပွဲဝင်မဲ့ နိုင်ငံရေးပါတီတွေက ဝေဖန်ပြောဆိုကြပါတယ်။ အကြောင်းစုံကို RFA မှ
မအင်ကြင်းနိုင်ကတင်ပြထားပါတယ်။

Source:http://www.rfa.org/burmese/news/pro-junta_party_persuading_advanced_votes%20-
09142010160416.html

NDF ပါတီကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ငွေကြေးထောက်ပံ့မှု ရှိမရှိ

2010-09-14

နိုင်ငံရေးအင်အားစု အားလုံး ပါဝင်တဲ့ ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာကို ပြသနိုင်ရေးအတွက် အမျိုးသား


ဒီမိုကရေစီအင်အားစု (NDF) ပါတီ ရွေးကောက်ပွဲဝင်ဖို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးက
တဆင့် ငွေကြေး ထောက်ပံ့ခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပါတယ်။

မြန်မာစစ်အစိုးရက အမျိုးသားဒီမိုကရေစီအင်အားစု National Democratic Force (NDF) ကို


နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုလိုက်ပြီးနောက် ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က ပါတီဥက္ကဋ္ဌ
ဒေါက်တာသန်းငြိမ်း သတင်းထောက်များနှင့် တွေ့ဆုံနေပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒီအကြောင်းနဲ့ ပတ်သက်ပြီး NDF ပါတီဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းကို RFA မှ ဦးခင်မောင်စိုးက


ဆက်သွယ်မေးမြန်းထားပါတယ်။

Source:http://www.rfa.org/burmese/news/pro-junta_party_funds_NLD_splinters-
09142010142222.html

မြန်မာ့ ရေနံလုပ်ငန်းကို အရေးယူဖို့ သြစတြေးလျပြည်နယ်ဆုံးဖြတ်

2010-09-14

မြန်မာစစ်အစိုးရရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပစ်မှတ်ထား ပိတ်ဆို့အရေးယူဖို့ သြစတြေးလျက


အကြီးဆုံးပြည်နယ် ဖြစ်တဲ့ နယူးဆောက်ဝေးလ် ပြည်နယ်ပါလီမန်က သြစတြေးလျ ဗဟိုအစိုးရကို
တောင်းဆိုလိုက်ပါတယ်။

ဩစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေး ပြည်နယ်၊ ဆစ်ဒနီမြို့ရှိ ကမာကျော် အော်ပရာဟောက်စ်


အဆောက်အအုံရှေ့တွင် မြန်မာ့ ဒီမိုကရေစီရေး လိုလားထောက်ခံသူများ ၂၀ဝ၉ အောက်တိုဘာ ၂၇ ရက်က
‘ဒီမိုကရေစီအတွက် စုဝေးကြ၊ လွတ်မြောက်ရေးအတွက် ရပ်တည်ကြ’ ရှေ့ပြေး လှုပ်ရှားမှုတွင် ပါဝင်ဆင်နွှဲနေပုံ
ဖြစ်ပါသည်။ (Photo: AFP)

မြန်မာစစ်အစိုးရအနေနဲ့ စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက


လက်ပိုက်ကြည့်နေမှာ မဟုတ်တဲ့အကြောင်း၊ အပြစ်မဲ့ပြည်သူတွေနဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိပါးနေတဲ့၊
သြစတြေးလျနဲ့ ကုန်သွယ်နေဆဲ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို နယူးဆောက်ဝေးလ် ပြည်နယ်
အထက်လွှတ်တော်က ရှင်းရှင်းလင်းလင်း သတိပေးလိုက်တာ ဖြစ်ကြောင်း ဒီအရေး ဦးဆောင်သူတဦးဖြစ်တဲ့
Greens Party အမတ် Dr. John Kaye က ပြောပါတယ်။

အထက်လွှတ်တော်က မြန်မာအစိုးရ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပစ်မှတ်ထားပြီး ပိတ်ဆို့ အရေးယူဖို့


သြစတြေးလျ ဗဟိုအစိုးရကို ပြီးခဲ့တဲ့အပတ်က ဆုံးဖြတ် တောင်းဆိုခဲ့တာပါလို့ ဒေါက်တာ ကေးက
ပြောသွားပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား အကြံပြုခဲ့တဲ့ မြန်မာနိုင်ငံအပေါ်


နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်မှု ရှိမရှိ စုံစမ်းရေးကော်မရှင် ဖွဲ့သင့်ကြောင်းအဆိုကို သြစတြေးလျအစိုးရက
ထောက်ခံခဲ့အပြီး မြန်မာစစ်အစိုးရရဲ့ အဓိက ဝင်ငွေရ လုပ်ငန်းဖြစ်တဲ့ ရေနံ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)
ကို ပိတ်ဆို့အရေးယူဖို့ တောင်းဆိုလိုက်တာပါလို့လည်း Greens Party အမတ် မစ္စတာကေးက ပြောပါတယ်။
ဒီအရေး ဦးဆောင် တင်ပြခဲ့သူ အထက်လွှတ်တော်အမတ် ဒေါက်တာ ဂျွန်ကေးကို RFA မှ ကိုကျော်မင်းထွန်းက
ဆက်သွယ် မေးမြန်းတင်ပြထားပါတယ်။

Source:http://www.rfa.org/burmese/news/NSW_targeted_oil_industry-09142010114426.html
လူ့အခွင့်အရေးအဖွဲ့ခေါင်းဆောင်တဦး ခြိမ်းခြောက်ခံနေရ

2010-09-14

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ နေထိုင်တဲ့ အမှန်တရား ပြန်လည်ဖော်ဆောင်ရေး လူငယ်များအဖွဲ့


ခေါင်းဆောင် ဦးကိုကိုနိုင်ကို အာဏာပိုင်တွေက အခုရက်ပိုင်းအတွင်း ခြိမ်းခြောက်မှုတွေ တိုးမြှင့်ပြုလုပ်
လာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နေအိမ်မှာ အစည်းအဝေးခေါ်ယူပြီး မြို့နယ်အာဏာပိုင်တွေရဲ့ အဂတိ လိုက်စားမှုတွေနဲ့


ပတ်သက်တဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တဲ့နောက်ပိုင်း အခုလို အသက်အန္တရာယ်အထိ ခြိမ်းခြောက်ခံနေရတယ်လို့
ဦးကိုကိုနိုင်က ပြောပါတယ်။

“၉ လပိုင်း ၅ ရက်နေ့က တနင်္ဂနွေနေ့ ကျတာပေါ့နော်။ ကျွန်တော်တို့ အိမ်မှာ အစည်းအဝေး လုပ်လိုက်တယ်။


တွေ့ဆုံဆွေးနွေးပွဲတွေပေါ့နော။ အဲဒီမှာ လူငယ်တွေ တော်တော်များများ တက်ရောက်တယ်ခင်ဗျ။ အယောက် ၃၀
ကျော် ၄၀ လောက် တက်ရောက်တယ်။ တက်ရောက်တဲ့ကိစ္စက ကျွန်တော်တို့ ဒဒွေး ၁၇ ရပ်ကွက်မှာ ဥက္ကဋ္ဌ
ဦးပြုံးချိုဆိုတာ ရှိတယ်ခင်ဗျ။ ဥက္ကဋ္ဌ ဦးပြုံးချိုကနေပြီးတော့ အဲဒီမှာ ထရန်ဖော်မာပုံးကို ကျွန်တော်တို့
ခြံကာမယ်ဆိုပြီးတော့ တအိမ်ကို ၅၀၀ နှုန်းနဲ့ အိမ်ပေါင်း ၃,၀၀၀ ကျော် ရှိတယ် အစ်ကိုရာ။ ၃,၀၀၀ ကျော်ဆိုတော့
သိန်း ၁၅၀ လောက်ရတယ်။”

“အဲဒါနဲ့ ပတ်သက်ပြီးတော့ တကယ့်တကယ် ကုန်ကျမဲ့ငွေက ၁၀ သိန်း ၁၅ သိန်းလောက်ပဲ ရှိတယ်လို့


ကြားတယ်ခင်ဗျ။ အဲဒါကို လုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ တချို့ ပြည်သူလူထုတွေက ကျွန်တော့ကို
လာအကြောင်းကြားကြတယ်။ လာကြားတော့ ကျွန်တော်က အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်
အစည်းအဝေးလုပ်ပြီးတော့ ကြေညာချက်တစောင် ထုတ်တယ်အစ်ကိုရာ။”

“အရက်ဆိုင်တွေ ကိစ္စရော၊ အရက်ဆိုင်တွေ ပွားများလာတဲ့အတွက် ဒီမှာ လူငယ်တွေ ခိုက်ရန် ဖြစ်ပွားတယ်ပေါ့။


နောက်ပြီးတော့ အရက်ဆိုင်တွေကလည်းပဲ လိုင်စင်တွေ မရှိကြဘူး။ ရာအိမ်မှူးတွေ၊ ဥက္ကဋ္ဌတွေကပဲ ဖွင့်ကြတယ်
အစ်ကိုရာ။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော် ကြေညာချက် ထုတ်လိုက်တယ်။ ထုတ်ပြီးတော့ ကျွန်တော်
အကုန်လုံး ဖြန့်ဝေခြင်း လုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့တွေ ပြဿနာတက်တယ် ထင်ပါတယ်။ အဲဒီ ၇
ရက်နေ့ ညကစပြီး ကျွန်တော့ကို ခြိမ်းခြောက်မှုတွေ လုပ်လာတယ်။”

ဒီကြေညာချက်ထုတ်တဲ့ ကိစ္စနဲ့ပတ်သက်လို့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ ဦးကိုကိုနိုင်ကို မြို့နယ် ရာအိမ်မှူးနဲ့


ရပ်ကွက်အာဏာပိုင်တွေက ခြိမ်းခြောက်ခဲ့တဲ့အပြင် တပည့် လူမိုက်သုံးပြီး ကိုယ်ထိလက်ရောက် ရိုက်နှက်ဖို့အထိ
လုပ်ဆောင်ခဲ့တယ်လို့ ဦးကိုကိုနိုင်က ပြောပါတယ်။

“အဲဒီ ၁၂ ရက်နေ့ ည ၉ နာရီလောက်ကျတော့ ကျွန်တော် အဲဒီမှာ စားသောက်ဆိုင်ထဲ ဝင်တဲ့အချိန်မှာ ကျွန်တော့


စားပွဲကို အဲဒီ သူတို့ဆီက လူက ရောက်လာတယ်။ ရောက်လာပြီး ကျွန်တော့ကို ရာအိမ်မှူး ဦးစန်းကြည်
အပါအဝင်ပေါ့ဗျာ၊ ရန်တွေ့ကြတယ်။ ဒီကြေညာချက်တွေ ထုတ်တဲ့အတွက် သူတို့ကို အနှောင့်အယှက်
ဖြစ်တယ်ပေါ့ဗျာ။”

“အဲဒီ အောင်သန်းဌေးဆိုတဲ့ လူငယ်က နှစ်တလက်မ တုတ်တချောင်းကို ကျွန်တော့ရဲ့ စားပွဲရှေ့မှာ စားပွဲပေါ်ကို


လာတင်ပြီးတော့ မင်း ငါ့ကို ရိုက်၊ မရိုက်ရင် မင်းကို ငါရိုက်မယ်ဆိုပြီးတော့ သူက လုပ်ပြီးတော့ ရိုက်ဖို့
ရွယ်တယ်ဗျာ။ အဲဒီမှာ သူက ဘာပြောလဲဆိုတော့ ဦးပြုံးချိုရဲ့ တပည့် အောင်သန်းဌေးက ဟေ့လူတဲ့ ခင်ဗျားရဲ့
မိသားစုကိုလည်း ကျုပ်တို့ အချိန်မရွေး ဒုက္ခပေးလို့ ရတယ်၊ သတ်လို့ ရတယ်ပေါ့ဗျာ။ အဲဒီတော့ ခင်ဗျား
လုပ်ငန်းတွေကို ရပ်တန်းက ရပ်ဖို့ ကျွန်တော်တို့ ရယက လုပ်ငန်းစဉ်ကို ဝင်ရောက်ပြီးတော့ နှောင့်ယှက်ခြင်း
မလုပ်ဖို့ အဲလိုမျိုး ပြောတယ်ခင်ဗျ။”

ဒီကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်တွေကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ အဆက်အသွယ်


မရရှိသေးပါဘူး။ အမှန်တရား ပြန်လည်ဖော်ဆောင်ရေး လူငယ်များအဖွဲ့ဟာ အာဏာပိုင် တွေရဲ့
အဂတိလိုက်စားမှုနဲ့ မတရား အနိုင်ကျင့်မှုတွေကို ဖော်ထုတ်ဖို့ ရည်ရွယ်ချက်နဲ့လွန်ခဲ့တဲ့ ၃ နှစ် လောက်က စတင်
ထူထောင်ခဲ့တာ ဖြစ်ပြီး၊ မြန်မာနိုင်ငံတဝန်းးမှာ အဖွဲ့ဝင်အင်အား ၃၀၀ နီးပါးလောက် ရှိနေပြီလို့ သိရပါတယ်။

Source:http://www.rfa.org/burmese/news/rights_activist_threatened-09142010132413.html

ခေါင်းဆောင်များ နာမကျန်း၍ NLD စည်းရုံးရေး ခရီးစဉ်များ ရပ်ဆိုင်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဌ ဦးတင်ဦးနှင့် ဦးဝင်းတင် တို့၏ ရွေးကောက်ပွဲ မဲပေးခွင့်ဆိုင်ရာ
အသိပညာပေးမှု အပါအ၀င် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရေး ခရီးစဉ်များကို ခေတ္တ
ရွှေ့ဆိုင်းထားရမည် ဖြစ်ကြောင်း သိရ သည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား ငြိမ်းချမ်းရေးအဖွဲ့များနှင့် စစ်အစိုးရအကြား


မပြေမလည် ဖြစ်နေခြင်း အပေါ် စိုးရိမ်ကြောင်း ယခုလ ၄ ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့အပြီး ဦးတင်ဦးနှင့်
ဦးဝင်းတင်ဦးဆောင်သော NLD အဖွဲ့ဝင်များက တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံကာ
တိုင်းရင်းသားအရေးကိစ္စများ ဆွေးနွေးရေးအတွက် ခရီးစဉ်များ သွားရောက်ရန် ယခုလ ၆ ရက်တွင် NLD က
ဆုံးဖြတ်ချက်ချခဲ့သည်။

သို့သော် ဦးဝင်းတင်သည် အဆုတ်ပိုင်းဆိုင်ရာ ကျန်းမာရေးချို့ယွင်းမှုရှိလာသဖြင့် ယခုလ ၁၂ ရက်တွင်


အာရှတော်ဝင် ဆေးရုံ တင်ခဲ့ရကာ ဦးတင်ဦးသည်လည်း မကြာမီ မျက်စိ ခွဲစိတ်ကုသရန်
ပြည်ပထွက်ခွာရမည်ဖြစ်သဖြင့် ယင်းခရီးစဉ်များ ရွှေ့ဆိုင်း ထားရခြင်း ဖြစ်ကြောင်း သိရသည်။

“အခု မထင်မှတ်ဘဲ နှစ်ဦးစလုံးက ကျန်းမာရေးမကောင်းကြတော့ ဘယ်လိုဆက်လုပ်ဆောင်ကြမလဲဆိုတာကို


ကျနော်တို့ ရန်ကုန်ပြန်ရောက်မှ ညှိနှိုင်း ဆုံးဖြတ်ကြရဦးမှာဖြစ်ပါတယ်"ဟု နယ်ပါတီဝင်များနှင့် တွေ့ဆုံရေး
ခရီးထွက်နေသည့် NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုံးကြိုင်က ပြောသည်။

ဦးတင်ဦးနှင့်အတူရှိနေသည့် NLD လူငယ်တဦးကလည်း “ဘဘဦးတင်ဦးက အခု သိပ်နေမကောင်းဘူး ၊


အကြားအာရုံလည်း နည်းနေသေးတယ် ၊ မနေ့က ဘဘဦးဝင်းတင်နဲ့ ကျနော်တို့ တွေ့ဖြစ်တော့ ဒီခရီးစဉ်အတွက်
နှစ်ယောက်စလုံးက ကျန်းမာရေး မကောင်းသေးတော့ ဒီကိစ္စအပေါ် ဘယ်လိုလုပ်ရမလဲ မသိဘူးလို့ ပြောပါတယ် ၊
ဘဘတို့ ဆန္ဒကလည်း တိုင်းရင်းသားတွေဆီ သွားတဲ့အခါမှာ လူကြီးတွေကိုယ်တိုင် ဆင်းတာက ပိုပြီး
လေးနက်မှုရှိမယ်လို့ ပြောနေကြပါတယ်"ဟု ပြောသည်။

ဦးတင်ဦးသည် ညာဘက် မျက်စိ ခွဲစိတ်ကုသရန်အတွက် စင်ကာပူဆေးရုံသို့ လာမည့် ၂၈ ရက်တွင်


တက်ရောက်ရန် ပန်းလှိုင်ဆေးရုံက စီစဉ်ပေးထားကြောင်း သိရသည်။

“မျက်စိဆရာဝန်ကြီးက ၂၈ ရက်နေ့ကို သွားဖို့ စီစဉ်ထားတယ် ၊ ဘဘရဲ့ ညာဘက်မျက်လုံးက သွေးခဲမှု


သွေးယိုမှုလေးတွေ ရှိနေတယ် ၊ အဲဒါတွေ ထပ်မဖြစ်အောင် ခွဲစိတ်ရမှာလို့ ပြောပါတယ်"ဟု NLD လူငယ်က
ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီသည် ပြီးခဲ့သည့်မတ်လ ၂၉ ရက်နေ့က ပါတီ ထပ်မံမှတ်ပုံမတင်ရန်


ဆုံးဖြတ်ခဲ့ပြီး သြဂုတ်လ ၁၉ ရက်တွင် နအဖ စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကို
သပိတ်မှောက်ကြောင်း အတိအလင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

“ပြည်သူလူထုအနေနဲ့ ဥပဒေပါ ပြဌာန်းချက်တွေအတိုင်း မဲမပေးဘဲ နေခွင့်ရှိတယ်ဆိုတာကို


ကျယ်ကျယ်ပြန့်ပြန့်သိအောင် ကျနော်တို့ လုပ်နေပါတယ် ၊ အခုလည်း မန္တလေးတိုင်း ၂၄ မြို့နယ် ၊ ရှမ်း (မြောက်)
က ၆ မြို့နယ် ၊ အခု စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၄ မြို့နယ်က လူထုနဲ့ ထိတွေ့နေတယ် ၊ ဒါက
ဒုတိယမြောက် ခရီးစဉ်တွေပါ ၊ ဦးတင်ဦးနဲ့ ဦးဝင်းတင် သွားကြဖို့ စီစဉ် ထားတဲ့ ခရီးစဉ်တွေမှာ ဒီကိစ္စတွေလည်း
ပါပါတယ်"ဟု ဦးအုံးကြိုင်က ပြောသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/4058---nld---

ဖုန်းလိုင်းများ ကြားဖြတ်နားထောင်ခံရ

မြင့်မောင် | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၄ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၁၂ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲ နီးလာသည်နှင့် အမျှ ဖုန်းလိုင်းများကို ယခုအခါ ကြားဖြတ်နားထောင်မှု


ရှိနေကြောင်း ထင်ရှားသော နိုင်ငံရေးသမားများက ပြောသည်။

“အသံဖမ်းထားရင် အသံတိုးတာတို့၊ ဖုန်းလိုင်းတွေက တခါတလေ ကိုယ့်အသံကို ကိုယ်ပြန်ကြားတာတို့၊


လိုဏ်သံတွေ ပါတယ်။ တခြား ဖုန်းတွေနဲ့ မတူဘူး။ အသံက တမျိုးဖြစ်နေတယ်။ သာမန်ဖုန်းတွေလို မဟုတ်ဘူး။
အမျိုးမျိုး ဖြစ်နေတယ်။ အရင်က ကြားဖြတ်နားထောင်တယ်၊ အခုလည်း နားထောင်တာတွေ ရှိတယ်။
အန်ကယ်တို့က ပြောစရာရှိရင် ဒီဖုန်းနဲ့ပဲ ပြောရတယ်။ မီဒီယာတွေကိုလည်း ဒီဖုန်းတွေနဲ့ ပြောနေရတာပဲ” ဟု
လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က မဇ္ဈိမကို ပြောသည်။

မကြာခဏ အဝင်အထွက် ဖုန်းလိုင်းများ ခေါ်ဆိုနားထောင်၍ မရဘဲ၊ ထောက်လှမ်းရေး ညွှန်ချုပ်


ဗိုလ်ချုပ်ကြီးခင်ညွန့် လက်ထက်ကတည်းက တယ်လီဖုန်း အိတ်ချိန်းရုံးများက ကြားဖြတ် နားထောင်ခဲ့ကြောင်း
အိတ်ချိန်း တာဝန်ရှိသူများက ပြန်ပြောပြခဲ့သည်ဟု သူက ဆိုသည်။

ကျားဖြူပါတီ ခေါ် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၏ လက်ကိုင်ဖုန်းကိုလည်း


ကြားဖြတ် နားထောင်ခံနေရကြောင်း မကြာသေးခင်က မဇ္ဈိမ ဆက်သွယ်မေးမြန်းမှု တရပ်တွင် သူက
ပြောဆိုခဲ့သေးသည်။

ရန်ကုန်မြို့ရှိ မီဒီယာ လုပ်ငန်းရှင် တဦးကမူ “နာမည်ရှိတဲ့ အတိုက်အခံပါတီတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊


စာနယ်ဇင်း အသိုင်းအဝိုင်းက လူတွေရဲ့ ဖုန်းတွေကို စောင့်ပြီး နားထောင်တာတွေ ရှိတယ်။ ရှင်းရှင်းပြောရရင်
မြန်မာနိုင်ငံကို ဝင်တဲ့၊ ထွက်တဲ့ ဖုန်းအားလုံးကို စောင့်ပြီး အသံဖမ်းထားတယ်” ဟု ပြောသည်။

၂ဝ၁ဝ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ လွှတ်တော် အမတ်လောင်းများနှင့် ပါတီခေါင်းဆောင်များ၏


ဖုန်းလိုင်းများကို ကြားဖြတ်နားထောင်မှု ပိုမိုပြုလုပ်လာဖွယ်ရှိကြောင်း ပြည်တွင်းရှိ နိုင်ငံရေးသမားများက
ခန့်မှန်းကြသည်။
Source:http://www.mizzimaburmese.com/news/inside-burma/6034-2010-09-14-13-45-46.html

တောင်ကျော်တဲ့ ချင်းအမတ်လောင်း အပယ်ခံရ

ဆလိုင်းထွန်း | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၄ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၄၉ မိနစ်


နယူးဒေလီ (မဇ္ဈိမ) ။ ။ တရားမဝင် ပြည်ပထွက်ခွာမှုကြောင့် ချင်းအမျိုးသားပါတီ CNP မှ အမတ်လောင်း
တဦးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချလိုက်သည်။

ပြည်နယ်လွှတ်တော်အတွက် မင်းတပ်မြို့နယ် အမှတ် ၂ မဲဆန္ဒနယ်မြေ၌ ယှဉ်ပြိုင်ရန် CNP က အမည်စာရင်း


တင်ထားသည့် ပူးဟုန်နိုင် (Hung Naing) ထုတ်ပယ်ခံရကြောင်း မင်းတပ်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်က
ယနေ့ အကြောင်းကြားသည်။

ကော်မရှင်က ပို့သည့်စာထဲတွင် ပြည်ပသို့ တရားမဝင် သွားရောက်နေထိုင်ခြင်းကြောင့် ရွေးကောက်ပွဲ


ယှဉ်ပြိုင်ခွင့်မှ ထုတ်ပယ်ကြောင်း ပါရှိသည်။

၂ဝဝ၅ တွင် မလေးရှားသို့ ကုန်းကြောင်းမှ တရားမဝင် သွားရောက်ကာ ကားဝပ်ရှော့၌ လုပ်ကိုင်ခဲ့ပြီး ၂ဝဝ၈ တွင်
မြဝတီမှနေ၍ ပူးဟုန်နိုင် ပြန်ဝင်လာခဲ့သည်။

“ကျနော့်ကို မနာလိုတဲ့ သူတွေက တိုင်တာပါ။ ဝင်ပြိုင်ခွင့် မရတော့တာကို စိတ်နာတယ်။ CNP က


ချင်းအမျိုးသားအတွက် လှုပ်ရှားတာဆိုတော့ အတားအဆီး ဖြစ်လာတာကို စိတ်မကောင်းဘူး။ ဒီနယ်မြေမှာ CNP
က ဘယ်သူမှ ဝင်ပြိုင်လို့ မရတော့ဘူး” ဟု သူက ပြောသည်။

အမတ်လောင်းအဖြစ်မှ ပူးဟုန်နိုင်ကို ပယ်ချခြင်းသည် CNP အတွက် နစ်နာရုံတင်မက ချင်းအမျိုးသားများအတွက်


နစ်နာမှုဟု CNP ဥက္ကဋ္ဌ ပူးဇိုဇမ် က ဆိုသည်။

“မင်းတပ်ဘက်မှာ ကျနော်တို့ ရင်းနှီးခဲ့ရတာ နည်းနည်းနောနော ကုန်ကျတာမှ မဟုတ်ဘဲ။ အပယ်ခံရတယ်ဆိုရင်


တအားနစ်နာတာပေါ့။ လူထုအတွက် တကယ်လုပ်နိုင်သူ၊ လူထုနဲ့ တကယ်နီးစပ်တဲ့ လူထုကိုယ်စားလှယ်တွေကို
ရွေးတာ။ ပါတီတခုတည်း မဟုတ်ဘူး။ ချင်းအမျိုးသား အားလုံးအတွက် နစ်နာမှုပဲ” ဟု သူက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “သူ့ကို CNP က အားကိုးအားထားရတဲ့ ပုဂ္ဂိုလ်တယောက်ပါ။ လူထုကလည်း သူ့ကို


သဘောကျပါတယ်။ အမတ်ဦးရေ ပြည့်ရုံ မဟုတ်ပဲ အရည်အချင်းကို အဓိကထား ရွေးတာပါ” ဟု ပြောသည်။

ဤမဲဆန္ဒနယ်တွင်ပင် ချင်းပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ဟုန်းငိုင်က


ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ရန် ပြီးခဲ့သည့် လထဲက နေပြည်တော်သွားပြီး
စစ်ဘက်ရာထူးစွန့်ခဲ့သည်ဟု ပူးဟုန်နိုင်က ဆိုသည်။ ပယက ဥက္ကဋ္ဌကလည်း မင်းတပ်သား ဖြစ်သည်။

ပူးဟုန်းငိုင် ရွေးကောက်ပွဲဝင်ရေးနှင့် ပတ်သက်၍ ချင်းမြို့တော် ဟားခါးရှိ ပယကရုံးကို မေးမြန်းခဲ့သော်လည်း


တာဝန်ကျ အရာရှိက ဖြေကြားရန် ငြင်းဆိုကာ ဖုန်းချသွားသည်။

ယင်းမဲဆန္ဒနယ်တွင် အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်မှ ပူးထရွယ်ရမ် (Thawi Yaing) နှင့် တစည


အမတ်လောင်းတဦးတို့လည်း ယှဉ်ပြိုင်ကြမည်ဟု သိရသည်။

CNP သည် ချင်းပြည်နယ် ၉ မြို့နယ်တွင် ရွေးကောက်ပွဲဝင်ရန် မူလက ရည်ရွယ်ခဲ့သော်လည်း အချိန်နှင့် ငွေကြေး


အခက်အခဲကြောင့် ဖလမ်း၊ ဟားခါး၊ ထန်တလန်၊ တီးတိန်၊ ကန်ပက်လက်နှင့် မင်းတပ်မြို့နယ်၌သာ
ယှဉ်ပြိုင်တော့မည်။

“အဲဒီ ငွေ ၅ သိန်းဟာ ကျနော်တို့အတွက် တော်တော်ကြီးတဲ့ ပမာဏ ဖြစ်နေတယ်။ အမတ်စာရင်း


တင်သွင်းရမယ့်အချိန် မလုံလောက်ဘူး။ ၉ မြို့နယ်လုံး မပြိုင်နိုင်တာ ဝမ်းနည်းမိတယ်” ဟု CNP အထွေထွေ
အတွင်းရေးမှူး ပူးကျဲအိုဘစ်ခ်ထောင်း (Ceu Bik Thawng)က ပြောသည်။

CNP တွင် အမတ်လောင်း ၂၂ ဦးသာ ကျန်တော့ပြီး ပြည်နယ်လွှတ်တော်အတွက် ၉ ဦး၊


ပြည်သူ့လွှတ်တော်အတွက် ၆ ဦးနှင့် အမျိုးသား လွှတ်တော်အတွက် ၇ ဦး ဖြစ်သည်။
Source:http://www.mizzimaburmese.com/news/2010-election/6035-2010-09-14-14-20-46.html

ကယန်းစာယဉ်အတွက် ပြိုင်ရသူ

ဖနိဒါ | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၄ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၅၀ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။ ။ ကယန်းစာပေနှင့် ယဉ်ကျေးမှုများ လုပ်ဆောင်ရန် ကယန်းအမျိုးသားပါတီ- KNP မှ


ဦးယူဂျင်က ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ်လောင်းအဖြစ် ဝင်ပြိုင်လိမ့်မည်။

“ဘယ်လောက်ဘဲ အခက်အခဲ တွေ့ပါစေ၊ ကျနော်တို့က ကိုယ့်လူမျိုးစာပေနဲ့ ယဉ်ကျေးမှုအတွက် အဓိက


ရွေးကောက်ပွဲဝင်တာပါ။ ကျနော်တို့က အမျိုးသားရေး မူဝါဒပဲ”ဟု အသက် ၅၆ နှစ်အရွယ် ဦးယူဂျင်က ပြောသည်။

လာမည့် နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအား တရားမျှတလိမ့်မည်ဟု မယုံကြည်သော်လည်း


လွတ်တော်အတွင်း တနေရာမှ ကယားပြည်နယ်အတွင်း သစ်တော ပြုန်းတီးမှုများ၊ ကယန်း စာပေယဉ်ကျေးမှုတွင်
ဖိနှိပ်မှုများအတွက် ဆောင်ရွက်သွားမည်ဟု သူက ဆိုသည်။

ဒေသဆိုင်ရာပါတီဖြစ်သော KNP သည် ကယားပြည်နယ်


ဒီမောဆို၊ လွိုင်ကော်၊ ရှမ်းပြည်နယ် ဖယ်ခုံနှင့် ကရင်ပြည်နယ်
သံတောင်တို့မှ ဝင်ရောက် ယှဉ်ပြိုင်မည်။ လွိုင်ကော်နှင့်
ဒီမောဆိုမြို့များ၌ နိုင်မည် မျှော်လင့်ထားသည်ဟု ဆိုသည်။

အမျိုးသား လွှတ်တော်အတွက် ဒီမောဆိုမြို့နယ်မှ ဦးရှုဘတ်၊


ပြည်နယ် လွှတ်တော်အတွက် သံတောင်မြို့နယ်မှ
ဦးစောရွှေမောင်းတို့ ဝင်ပြိုင်ကြမည်။

သူ ကျနော်ကို ပြိုင်လို့ မရပါဘူးဆိုတဲ့ ဦးယူဂျင်၏ အဓိကပြိုင်ဘက်မှာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ


ပြည်သူ့လွှတ်တော် အမတ်လောင်းအဖြစ် နိုင်ငံခြားပြန် ငွေကြေးချမ်းသာသူ ကယန်းအမျိုးသား ဆရာကို့
ဝင်ပြိုင်မည့် ဦးယူဂျင် [photo::ကန္တာရဝတီတိုင်း ခေါ် ဦးဆန်ဖရန်စစ္စကို ဖြစ်သည်။
(မ်)]
“ကျနော် နိုင်မယ်လို့ ယုံကြည်တယ်။ အနစ်နာခံတဲ့ထဲမှာ သူ ကျနော်ကို ပြိုင်လို့ မရပါဘူး။ တိုင်းရင်းသားအရေးမှာ
ကျနော်က အနစ်နာခံခဲ့တာလေ‫ ״‬ဟု ဦးယူဂျင်က ပြောသည်။

သို့သော် အင်အား ၄,ဝဝဝ ကျော်ရှိသည်ဆိုသော ပါတီတွင် ငွေကြေးအခက်အခဲကြောင့် စည်းရုံးရေး


အခက်တွေ့နေကြောင်း ဝန်ခံသွားသည်။

ကယန်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်သူ ဖြစ်ပြီး လူမှုရေးလုပ်ငန်းများတွင် အဓိက လုပ်ကိုင်နေကာ ၂ဝဝ၎


ခုနှစ်တွင် ကယန်းဓလေ့နှင့် ကယန်းထုံးတန်း ဆိုသော စာအုပ်ထုတ်ဝေခဲ့သည်။
Source:http://www.mizzimaburmese.com/news/2010-election/6030-2010-09-14-12-23-00.html

ဝတပ်ဖွဲ့နယ်မြေအနီး နအဖတပ်များ ချဉ်းကပ်

ပေါက်ပေါက် / ၁၄ စက်တင်ဘာ ၂၀၁၀

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲအခြေစိုက် အမှတ် (၁)


စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ် (စကခ) လက်အောက်ခံ
တပ်ရင်း (၃) ခုသည် တန့်ယန်းမြို့၌ စက်တင်ဘာ (၁၂)
ရက်တွင် လာရောက်တပ်စွဲထားပြီး သံလွင်မြစ် အရှေ့ဘက်ခြမ်း
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဝတပ်ဖွဲ့
ထိန်းချုပ်နယ်မြေအနီးသို့ ချဉ်းကပ်လှုပ်ရှားလျက်ရှိသည်။

တန့်ယန်းဗျူဟာလက်အောက်ခံ တပ်ရင်းများအပြင် စကခ (၁)


တပ်ရင်းများသည် သံလွင်အရှေ့ခြမ်း၊ နအဖရှေ့တန်းတပ်စခန်း
လွယ်ပန်လုံတွင် အခြေပြုပြီး အနီးရှိ ဝတပ်ဖွဲ့ထိန်းချုပ်ရာ
မန်းရှာဒေသအတွင်း တိုက်ပွဲ ဖော်ကောင်း ဖော်လာနိုင်သည်ဟု ဝတပ်ဖွဲ့နှင့်နီးစပ်သူ စစ်ရေးအကဲခတ်
ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “တန့်ယန်းဗျူဟာ နယ်မြေထဲမှာ တပ်ရင်း (၇) ခုလောက်ရှိနေပြီ။ ကျန်တဲ့ တပ်တွေကိုလည်း


စစ်ထွက်နိုင်အောင် ပြင်ဆင်ထားတာလည်း ရှိသေးတယ်။ လွယ်ပန်လုံက နအဖတပ်တွေက နဂိုကတည်းက
သိမ်းထားပြီးသား။ အဲဒီ အရှေ့က မန်းရှာကို တိုက်လို့ရတယ်။ ဝဒေသကို အကန့်အသတ်နဲ့ တိုက်လာနိုင်တယ်။
အဲဒီ မန်းရှာက တရုတ်နယ်စပ်နဲ့လည်း ဝေးတယ်” ဟု ပြောသည်။

နအဖဘက်က ဝတပ်ဖွဲ့အပါအဝင် အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက် ယမန်နှစ်


ဧပြီလအတွင်း ဖိအားပေးစဉ်ကတည်းက စ၍ ဝတပ်ဖွဲ့က စစ်ရေးသတိဖြင့် ရှိနေခဲ့သည်။

ယခုကဲ့သို့ နအဖတပ်များ ချဉ်းကပ်လှုပ်ရှားလာမှုအပေါ် ဒေသခံတို့အနေဖြင့်လည်း စစ်ပွဲများနှင့်ပတ်သက်၍ စိုးရိမ်


ထိတ်လန့်မှုများ မကြာခဏဖြစ်နေရသဖြင့် မည်သို့မျှ ထူးထူးခြားခြား ဖြစ်မလာတော့ကြောင်း
ပန်ဆန်းဒေသခံတဦးက ပြောသည်။

၎င်းက “နယ်ခြားစောင့်ကိစ္စ ပေါ်ကတည်းက ဝရဲဘော်တွေ ဟိုသွား၊ ဒီသွားနဲ့ ရှိလာတယ်။ ကိုးကန့်နယ်မှာ


တိုက်ပွဲတွေဖြစ်ပြီးတော့ ဒီဘက်မှာ တရုတ်ဘက်ပြေးရတာတွေလည်း ရှိတယ်။ တိုက်ပွဲတွေ ဖြစ်မှာကို
စိုးရိမ်တာပေါ့။ အစိုးရဝန်ထမ်းတွေ ပြန်တာတောင် (၂) ကြိမ်ရှိနေပြီ။ အဲဒါတွေ ခဏခဏဖြစ်နေတော့ ရိုးလာနေပြီ။
ဟိုတခေါက်တုန်းကလို ပစ္စည်းတွေ ရွှေ့ပြောင်းတာ မရှိသေးဘူး။ တကယ်ဖြစ်မှပဲ ရွှေ့ရင် ရွှေ့တော့မယ်” ဟု
ပြောသည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ဝတပ်ဖွဲ့က ငြင်းဆိုခဲ့သဖြင့် နအဖဘက်က တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်ပြီး


ဝဒေသအတွင်း တာဝန်ထမ်းဆောင်နေကြသည့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးမှုဝန်ကြီးဌာန
(နတလ) လက်အောက်ခံ ဝန်ထမ်းများနှင့် အန်ဂျီအိုများအား ယခုနှစ် ဧပြီလအတွင်း၌ ၀ဒေသအတွင်းမှ
ပြန်လွှတ်ခဲ့သည်။
စက်တင်ဘာ (၁) ရက် နောက်ဆုံးထားပြီး လက်နက်စွန့်ရန် နအဖဘက်က ပြောဆိုမှုကို ဝတပ်ဖွဲ့က
ငြင်းဆိုခဲ့သဖြင့် ဝဒေသအတွင်းရှိ နအဖ ဆက်ဆံရေးရုံး လုံခြုံရေးတာဝန်ကျ စစ်သားများနှင့် နတလ
ဝန်ထမ်းများကိုလည်း စက်တင်ဘာ ပထမပတ်အတွင်းက နအဖက ပြန်ခေါ်ယူသွားခဲ့သည်။

မကြာသေးမီက နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်ပြည်ခရီးစဉ်အတွင်း


နယ်စပ်ဒေသများတွင် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရန် တရုတ်နှင့်မြန်မာအကြား
ဆွေးနွေးမှုများ ရှိခဲ့သေးသည်။

Source:http://khitpyaing.org/index.php?route=detail&id=4467

ပြည်သူအများစု ကျပ် (၁ဝဝ) တန်မီး အားကိုးနေရဆဲ


မျိုးဝင်းဇော် / ၁၄ စက်တင်ဘာ ၂၀၁၀
ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည် ဖော်နေသည်ဟု စစ်အစိုးရက ပြောကြားနေသော်လည်း
ရန်ကုန်တိုင်းအတွင်းတွင် ပြည်သူအများစုသည် မီးတပွင့်လျှင် တရက် ကျပ် (၁ဝဝ) ပေးရသည့် ပုဂ္ဂလိက
လျှပ်စစ်မီးကို အားကိုးနေရဆဲဖြစ်ကြောင်း တောင်ဒဂုံ၊ မြောက်ဥက္ကလာပ၊ သာကေတ၊ လှိုင်သာယာ မြို့ခံများထံမှ
စုံစမ်းသိရသည်။

ရပ်ကွက်နေ ပြည်သူအများစုမှာ မီးတာဘောက်တပ်ဆင်ခ မတတ်နိုင်ကြသည့်အတွက် ပုဂ္ဂလိက


မီးစက်မောင်းသူများ ရောင်းသည့် တညကျပ် (၁၀၀) တန်မီးကို သုံးစွဲနေကြခြင်းဖြစ်သည်။

မြောက်ဥက္ကလာ (၂) ရပ်ကွက်ဈေး မာဃလမ်းတွင် နေထိုင်သူ အမျိုးသမီးတဦးက “မီတာဘောက် တလုံးတပ်ရင်


ကျပ် (၆) သောင်းခွဲ၊ ဓာတ်တိုင်ကနေ ကိုယ့်အိမ်အရောက် ကြိုးသွယ်တာ၊ ကိုယ့်အိမ်ထဲမှာ မီးကြိုးတွေ
တပ်ဆင်တာ၊ လက်ခ အားလုံးပေါင်းလိုက်ရင် ကျပ် (၁) သိန်းကျော် ကျမယ်။ ဓာတ်တိုင်နဲ့ဝေးရင် ဒီ့ထက်
ပိုကျမယ်။ ရပ်ကွက်ထဲက လူအများစုဟာ တနေ့စာတနေ့ ရှာစားနေရသူတွေဆိုတော့ မီတာဘောက်ဖိုး
အဲဒီလောက် မတတ်နိုင်တော့ တရက် (၁ဝဝ) ပေးရတဲ့ မီးကိုပဲ သုံးနေကြတယ်” ဟု ပြောသည်။

ပုဂ္ဂလိက မီးရောင်းစားသူများက နေအိမ်အရောက် လျှပ်စစ်မီးကြိုးဖြင့် (၂) ပေ မီးချောင်း သွယ်တန်းပေးကာ


ညနေ (၆) နာရီမှ ည (၁၁) နာရီ အထိ မီးစက်မောင်းပေး၍ နေ့စဉ် ငွေ (၁၀၀) ကောက်ခံနေခြင်းဖြစ်သည်။

ရန်ကုန်တိုင်း လျှပ်စစ်အင်ဂျင်နီယာရုံးမှ အရာရှိတဦးက “လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့


လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရာအရပ်က နေအိမ်တိုင်းကို မီတာဘောက် ချပေးနေတယ်။ မီတာဘောက်
တလုံးအတွက် ကျပ် (၆) သောင်းခွဲနဲ့ မီးကြိုးဖိုး တပ်ဆင်ခတော့ ကုန်မှာပေါ့။ ဒီလောက် ငွေကြေး
မတတ်နိုင်တဲ့သူတွေ မီတာဘောက် မလျှောက်ကြတာတော့ မတတ်နိုင်ဘူး” ဟု ပြောသည်။

ယခုကဲ့သို့ မီတာဘောက် မရှိသည့် နေအိမ်၊ ရပ်ကွက်၊ ကျေးရွာများကို မီးစက်မောင်းပြီး


လျှပ်စစ်မီးပေးသည့်လုပ်ငန်းမှာ ရန်ကုန်တိုင်း ဆင်ခြေဖုံး မြို့နယ်များသာမက မြန်မာနိုင်ငံ
အနယ်နယ်အရပ်ရပ်တွင်လည်း အမြောက်အမြားရှိကြောင်း ပြန်ပြည့်မြဲစွမ်းအင်အဖွဲ့မှ အဖွဲ့ဝင်တဦးက ပြောသည်။

စစ်အစိုးရသည် ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်း၌ ရခိုင်ပြည်နယ် ဘင်္ဂလားဒေ့ရှ် နယ်စပ် ကော့ဘဇားဒေသအနီးတွင်


(၅ဝဝ) နှင့် (၇၅) မီဂါဝပ်ရှိသည့် ရေအားလျှပ်စစ်စက်ရုံ (၂) ရုံ တည်ဆောက်ပြီးစီးရာမှ ရရှိသည့်
လျှပ်စစ်ဓာတ်အားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောင်းချရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ ပြုလုပ်ခဲ့ကြောင်း
သိရသည်။
အလားတူ လျှပ်စစ်ဓာတ်အားများကို တရုတ်နိုင်ငံသို့ ရောင်းချရန် ဧရာဝတီ မြစ်ဆုံနှင့် မေခ၊ မလိခ
မြစ်များပေါ်တွင် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများ တည်ဆောက်နေသကဲ့သို့ ရှမ်းပြည်နယ် သံလွင်မြစ်
အထက်ပိုင်းတွင်လည်း တရုတ်နိုင်ငံအတွက် လျှပ်စစ်ဓာတ်အား (၂,၄၀၀) ကီလိုဝပ် ထုတ်လုပ်နိုင်မည့်
ရေအားလျှစ်စစ်စီမံကိန်းတခု တည်ဆောက်ရန် တရုတ်နှင့်သဘောတူစာချုပ်ချုပ်ဆိုထားသည်။

ရတနာနှင့်ရဲတံခွန် သဘာဝဓာတ်ငွေ့မြေမှ ထိုင်းနိုင်ငံသို့ နေ့စဉ် သဘာဝဓာတ်ငွေ့ကုဗပေ (၁) ဘီလီယံကျော်


ပို့လွှတ်ရောင်းချပေးလျက်ရှိကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

မြန်မာနိုင်ငံ ရတနာနှင့်ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းမှ ထွက်သည့် သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံသို့


ရောင်းချနေပြီး ရခိုင်ကမ်းလွန်မှ ထွက်မည့် သဘာဝဓာတ်ငွေ့ကိုမူ တရုတ်နိုင်ငံကို ရောင်းချရန် သဘောတူ
စာချုပ်ချုပ်ထားသည်။

မြန်မာနိုင်ငံတွင် သဘာဝအရင်းအမြစ်နှင့် သဘာဝဓာတ်ငွေ့ ကြွယ်ဝသော်လည်း နိုင်ငံအတွင်းရှိ တိုင်းရင်းသားများ


နေထိုင်ရာ ပြည်နယ်များသာမက တိုင်းများအတွင်းမှ ကျေးရွာတို့တွင်လည်း လျှပ်စစ်မီး လုံလောက်အောင်
မရရှိကြပေ။

မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဟု ခေါ်တွင်နေသည့် ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်များတွင်လည်း လျှပ်စစ်မီး


မရရှိကြသည့်အတွက် ယခုကဲ့သို့ တည ကျပ် (၁ဝဝ) တန်မီး သွယ်တန်း အသုံးပြုနေကြခြင်းဖြစ်ကြောင်း
သိရသည်။

Source:http://khitpyaing.org/index.php?route=detail&id=4464

ပဲခူးနာရီစင်တွင် မပေါက်ကွဲသေးသည့် အသံမိုင်းတလုံး တွေ့ရှိ


မြတ်ခိုင်ဦး / ၁၄ စက်တင်ဘာ ၂၀၁၀

ယနေ့နံနက်က ပဲခူးမြို့နာရီစင်အနီးတွင် မပေါက်ကွဲသေးသော အသံမိုင်းတလုံးတွေ့ရှိရသည်ဟု သိရသည်။

အဆိုပါမိုင်းဗုံးသည် ကပ်ခွာအမျိုးအစားဖြစ်ပြီး ခွာလိုက်လျှင် ထပေါက်သည့်အမျိုးအစားဟု ဒေသခံတဦးက


ပြောကြားသည်။

၎င်းက “ဟုတ်ပါတယ် ထောင်ထားတာ။ ဒါပေမယ့် မကွဲလိုက်ပါဘူး။ ပိုစတာ ကပ်ခွာဗုံးလို့ ပြောကြတယ်ဗျ။


ခွာလိုက်တာနဲ့ ပေါက်ကွဲကောတဲ့။ ဒါပေမယ့် မပေါက်ဘူး” ဟု ဆိုသည်။

အဆိုပါမိုင်းဗုံးသည် နာရီစင်အနီး လမ်းညွှန်ဆိုင်းဘုတ်အပေါ်တွင် ဗီနိုင်းပိုစတာလို ကပ်ထား၍ ပိုစတာအပေါ်တွင်


မြန်မာပြည်အလံအား ခြေထောက်များဖြင့် နင်းထားသည့်ပုံများပါရှိကာ ရွေးကောက်ပွဲ ဆန့်ကျင်စာများ
ပါရှိသည်ဟု ပဲခူးမြို့ခံ တဦးက ပြောသည်။

အဆိုပါသတင်းကို အထူးရဲတပ်ဖွဲ့ (အက်စ်ဘီ) မှ သတင်းရ၍ နံနက် (၁၁း၃၀) ခန့်တွင် ထိုပိုစတာအား


လာရောက်ခွာယူရာမှ မိုင်းဗုံးကို တွေ့ရှိခြင်းဖြစ်သည်။ ထို့နောက် ပေါက်ကွဲမှု အရှိန်လျှော့သွားအောင်
အချိန်ယူခွာသည့်အတွက် မပေါက်ကွဲခြင်းဖြစ်ကြောင်း၊ ဤအမျိုးအစားသည် ယခင်ကမတွေ့ဖူးဘဲ ယခုမှ
ပထမဆုံးတွေ့ရသည့် အမျိုးအစားဖြစ်ကြောင်း ရဲဝန်ထမ်းတဦး၏ ရှင်းပြချက်ကို ကိုးကား၍ ယင်းဒေသခံက
ဆက်လက်ရှင်းပြသည်။
ပဲခူးမှ အခြားဒေသခံတဦးကလည်း “အလကား မထိတထိ သွားစနေတယ်လို့ မြင်ပါတယ်။ ချမယ့်ချ
ထိအောင်ချမှာပေါ့။ အခုဟာက တကယ်တွေ့တယ်ဆိုရင် ဒါ သူတို့လုပ်ချင်တာလုပ်ဖို့အတွက်
အကွက်ဆင်ပေးတာပဲဖြစ်မှာ၊ ရိုးနေပါပြီ။ သူတို့လုပ်ချင်တာ လုပ်တော့မယ်ဆို ဗုံးတွေထွက်လာတာပဲလေ”
ဟုဆိုသည်။

ဗုံးတွေ့ရှိမှုနှင့်ပတ်သက်၍ ပဲခူးမြို့ အထူးရဲတပ်ဖွဲ့ (အက်စ်ဘီ) သို့ ဖုန်းဆက်သွယ်မေးမြန်းရာတွင်


ဖုန်းဖြေကြားသူတဦးက “အဲဒါတော့ ကျနော်တို့သေသေချာချာ ပြောလို့မရသေးပါဘူးခင်ဗျ။ ကျနော်တို့အဖွဲ့တွေ
သွားနေတာ ပြန်မလာသေးပါဘူးခင်ဗျ။ သူတို့ပြန်လာမှပဲသိရမှာပါ” ဟု ဖြေကြားပြီး ဖုန်းချသွားသည်။
Source:http://khitpyaing.org/index.php?route=detail&id=4465

ထိုင်းစက်ရုံမှ မြန်မာအလုပ်သမားများ ၇ ရက်မြောက် ဆက်လက်ဆန္ဒပြ

2010-09-14

ထိုင်းနဲ့ လာအိုနိုင်ငံ နယ်စပ်နားက ခေါန်ကန်မြို့ ထိုင်းငါးဖမ်းပိုက်စက်ရုံက မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ ၇


ရက်ဆက်တိုက် ဆန္ဒပြနေရာမှာ စက်တင်ဘာ ၁၄ ရက် ဒီကနေ့ဆိုရင် လူတထောင်နီးပါး ရှိနေပြီး
သူတို့တောင်းထားတဲ့ အချက် ၄ ချက် မရမချင်း ဆက်လက် ဆန္ဒပြသွားမယ်လို့ သိရပါတယ်။

မြန်မာစစ်အစိုးရက ရွှေ့ပြောင်း အလုပ်သမားများအား တရားဝင် ထုတ်ပေးထားသော ယာယီ


နိုင်ငံကူးလက်မှတ်ပေါ်မှ ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ဗီဇာသက်တမ်းကို အလုပ်ရှင်က ဤကဲ့သို့ မင်ဖြင့် ခြစ်၍
ဖျက်ထားသဖြင့် စက်ရုံအလုပ်သမားများက စက်တင်ဘာ ၈ ရက်နေ့မှ စတင်ကာ ရက်ဆက် ဆန္ဒပြနေခြင်း
ဖြစ်ပါသည်။ (Photo: Map Foundation based in Thai)

ဆန္ဒပြရာမှာ ကိုယ်တိုင်ပါဝင်တဲ့ စောကပေါ်ဆေးက နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး RFA ကို


ပြောပြပါတယ်။

“ဒီနေ့ အခုထက်ထိလည်း ၉၀၀ ကျော်အတိုင်း ရှိနေပါတယ်။ အခု စက်ရုံထဲကို ဝင်ပြီးတော့ လာတဲ့


အဖွဲ့စုံတွေရယ်၊ ဒီ ထိုင်းနိုင်ငံဖက်က ခေါန်ကန်တို့ဖက်က ရှေ့နေတွေရယ်၊ ဒီ ရှေ့နေတွေနဲ့ သွားရောက်
တွေ့ဆုံနေပါတယ်။ သူတို့ဖက်က လုပ်မပေးနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ကျွန်တော်တို့က ကျွန်တော်တို့
တောင်းဆိုထားတဲ့ ၄ ချက်ကို ၃ ချက်ကို ခွင့်ပေးမယ်၊ တခုကို ခွင့်မပေးဘူးဆိုရင် လုံးဝ နောက်မဆုတ်ပါဘူး။
ဒီအတိုင်းပဲ ဆက်ပြီး ဆန္ဒပြသွားပါမယ်။”

အဲဒီ မြန်မာအလုပ်သမား တထောင်နီးပါးက သူတို့ရဲ့ ယာယီ နိုင်ငံကူးလက်မှတ်တွေကို ပြင်တာ ဖျက်ထားတာ


မရှိပဲ အကောင်းပကတိ ပြန်ရရေးအတွက် ဆန္ဒပြနေကြတာပါ။
ဆန္ဒပြ အလုပ်သမားတွေက ထိုင်းနိုင်ငံ ဗန်ကောက်မြို့ မြန်မာသံရုံးကို သူတို့ပြဿနာ ဝင်ရောက် ဖြေရှင်းပေးဖို့
အကူအညီ တောင်းခံခဲ့ပေမဲ့ သံမှူး ဦးဝင်းဇေယျထွန်းနဲ့ အဖွဲ့ကို စေလွှတ်မယ်လို့သာ အကြောင်းပြန်ခဲ့ပြီး
အခုအချိန်ထိ အခင်းဖြစ်ပွားရာကို ရောက်မလာသေးဘူးလို့ သိရပါတယ် ။

ထိုင်းအခြေစိုက် အလုပ်သမား ကာကွယ် စောင့်ရှောက်ရေးအဖွဲ့တွေက ဝင်ရောက် ကူညီနေပေမဲ့


အခြေအနေတွေ မထူးသေးကြောင်း သိရပါတယ်။

RFA မှ ဦးဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ် ။

Source:http://www.rfa.org/burmese/news/migrant_workers_keep_on_strike-
09142010151920.html

ရွေးကောက်ပွဲကြောင့် ဘုရွှေမော်ရွာကွဲ မူလတန်းကျောင်း ချက်ချင်းရ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ဘုရွှေမော်ကျေးရွာမှ ခွဲထွက်သွားသော ဘုရွှေမော်ရွာသစ်ကို သက်ဆိုင်ရာ


အစိုးရ အာဏာပိုင်များက ချက်ချင်း မူလတန်းကျောင်း ချပေးလိုက်ကြောင်း သတင်း ရရှိသည်။

ပညာရေး ၀န်ထမ်း တစ်ဦးက “ အဲဒီရွာက တော်တော်ကို ကံကောင်းတယ်။ ချက်ချင်း ရွာကွဲတယ်။


ချက်ချင်းကျောင်းရတယ်။ ရှေ့မှာ ရွေးကောက်ပွဲ ရှိနေတော့ အစိုးရက ရွာသားတွေဆီက ထောက်ခံမဲ လိုချင်တော့
ချက်ချင်း ကျောင်းချပေးလိုက်တာ ဖြစ်ပါတယ်။ သာမန်အချိန်ဆို ခုလို ချက်ချင်း ကျောင်းရဖို့ဆိုတာ မလွယ်တဲ့
ကိစ္စဖြစ်ပါတယ်” ဟု ပြောသည်။

တောင်ကုတ်မြို့နယ် ဘုရွှေမော်ရွာတွင် ဘုန်းကြီးကျောင်းကိစ္စကြောင့် ရွာကွဲပြီးနောက် အိမ်ခြေ ၁၅၀ ခန့်သည်


အဆိုပါ ရွာမှ ခွဲထွက်လာပြီး လုမု ကျေးရွာအနီးတွင် များမကြာမှီက ရွာသစ် တည်ဆောက် ခဲ့သည်။

ရွာသစ်တည်ပြီး ချက်ချင်းဆိုသလို ကြံ့ဖွံ့အာဏာပိုင်များ ရောက်ရှိလာပြီး ရွာသားများကို အဖွဲ့ဝင် အဖြစ်


သိမ်းသွင်း စည်းရုံးကာ မူလတန်းကျောင်းကို ချပေးလိုက်ခြင်း ဖြစ်သည်။

“ ကြံ့ဖွံ့ ပါတီကို အဓိက ကျော့ထောက်နောက်ခံ ပြုထားတဲ့ ဦးကျောက်တောင်က ကျောင်းဆောင် အတွက်


ကုန်ကျမယ့် စရိတ်စခ အားလုံးကို တာဝန်ယူ ထားတယ်လေ။ ကျောင်းရအောင်လည်း သူကဘဲ
ဦးဆောင်ကြိုးပမ်းပေးထားတော့ သူကျော့ထောက်နောက်ခံ ပြုထားတဲ့ ကြံ့ဖွံ့ ပါတီကိုဘဲ ရွာသားတွေက
မဲပေးကြရတော့မယ်လေ” ဟု နိုင်ငံရေး လူပ်ရှားသူ လူငယ် တစ်ဦးက ပြောသည်။

ယခုအခါ ဦးကျောက်တောင်သည် အဆိုပါ ဒေသရှိ မအီမြို့မှ ရိုးတောင်ထဲရှိ ခြေတော် အရောက် ၃၂


မိုင်လမ်းတစ်ခုကိုလည်း ဖေါက်လုပ်နေကြောင်း သိရသည်။
တောင်ကုတ်မြို့နယ်တွင် လာမည့် ရွေးကောက်ပွဲတွင် တစညနှင့် ကြံ့ဖွံ့ ပါတီ နှစ်ခုသာ ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး
ကြံ့ဖွံ့ ပါတီကို ဦးကျောက်တောင်က ကျော့ထောက် နောက်ခံ ပြုထားသဖြင့် တောင်ကုတ်တွင် ကြံ့ဖွံ့ ပါတီ
အနိုင်ရမည်မှာ ရာနုန်းပြည့် သေချာနေကြောင်း တောင်ကုတ်က လာသော သတင်းများအရ သိရသည်။
Source:http://www.narinjara.com/detailsbur.asp?id=2735

စစ်အစိုးရက ပြည်ပရှိ ချင်းအမျိုးသားရေးလှုပ်ရှားသူများအမည်ဖြင့်


မဲဆွယ်စည်းရုံး
ခိုနုမ်းထုန်သတင်း၊ 14 စက်တင်ဘာ ၂၀၁၀
ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီနှင့် ဖွံ့ဖြိုးရေးပါတီက ဒေသအတွင်း စည်းရုံးရေးလုပ်ရာတွင် ပြည်ပ
ရောက် ချင်းအမျိုးသားရေး လှုပ်ရှားသူများအမည်ကို အသုံးချပြီး မဲဆွယ်စည်းရုံးကြသည်ဟု သိရသည်။

ယခုလ ၇ ရက်နေ့တွင် ချင်းပြည်နယ် ပြည်နယ်အေးချမ်းသာယာရေး နှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဌ ဗိုလ်မှူး ချုပ်


ဟုန်းငိုင် နှင့် ထန်တလန်မြို့နယ် အေးချမ်းသာယာရေးကောင်စီ ဥက္ကဌ အပါအ၀င် ကြံ့ဖွံ့ပါတီခေါင်း
ဆောင် တို့ သည် ထန်တလန်မြို့နယ်အတွင်း ဇေဖိုင်ရွာသို့ သွားရောက် ပြီး ပတ်ဝန်းကျင်ရွာ ၄ ရွာမှ ရယက
အဖွဲ့ဝင်များ၊ ၀န်ထမ်းများ နှင့် လူထုအသင်းအဖွဲ့ခေါင်းဆောင်တွေကို ခေါ်ယူ စည်းရုံး ကြခြင်း ဖြစ်သည်။

“ နိုင်ငံတော်ဟာ ဒီမိုကရေစီနိုင်ငံဖြစ်တော့မယ်၊ ပြည်ပရောက် ချင်းခေါင်းဆောင်တွေလည်း ၀င်လာကြ တော့


မယ်၊ အခုရွေးကောက်ပွဲ မှာတော့ ကျတော်တို့ပါတီကိုမဲပေးကြပါ၊ နောင်ရွေးကောက်ပွဲတွေကျ ယင်သူတို့ ကို
မဲပေးကြပါလို့ ပြောကြတယ်” ဟုအမည်မဖော်လိုသူ ရယက ဥက္ကဌ တဦး က ပြောသည်။

“ ကြံ့ဖွံ့ပါတီဟာ အစိုးရဖွဲ့ကိုဖွဲ့မှာဖြစ်တဲ့အတွက် ကြံ့ဖွံ့ပါတီကိုပဲ မဲပေးကြဘို့ ပြောကြတယ် ” ဟု ဒေသခံ


ရယက ဥက္ကဌ က ပြောသည်။

ဆက်လက်ပြီး ဒေသခံ အစိုးရ ၀န်ထမ်းတဦးက “ လှည့်စားတာပါ၊ ယုံနိုင်စရာမရှိပါဘူး ” ဟု ပြောသည်။

တဆက်တည်း ဗိုလ်မှူးချုပ်ဟုန်းငိုင်က ဒေသခံ ရယက ဥက္ကဌများအားကျေးရွာအသီးသီးမှ ကြံ့ဖွံ့ပါတီအတွက်


အနည်းဆုံး ၅၀ ရာခိုင်နှုန်းစီ မဲရရှိအောင် လုပ်ကြရန် မှာကြားသွားသည်ဟု သိရသည်။

အဆိုပါမဲဆန္ဒနယ်တွင်ချင်းအမျိုးသားပါတီမှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဒေသခံဖြစ်သည့် ဦးရို


ဘင် ယှဉ်ပြိုင် သွားမှာ ဖြစ်သောကြောင့် ကြံ့ဖွံ့ပါတီအတွက် စိတ်မချသဖြင့် မှာကြား သွားခြင်းဖြစ်သည်ဟု ပြော
ဆိုကြသည်။

၎င်းမဲဆန္ဒနယ်အတွင်း ချင်းအမျိုးသားပါတီ သည် ပါတီစည်းရုံးရေး တကြိမ် ၀င်ရောက်ပြီးဖြစ်သည်။


ထန်တလန်မြို့နယ်မဲဆန္ဒနယ်တွင် ယူအက်စ်ဒီပီ ပါတီမှ ပြည်နယ်ကိုယ်စားလှယ်အဖြစ် ဒေါက်တာမှူထန်း ၀င်
ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
Source:http://www.khonumthungburmese.org/index.php?
subaction=showfull&id=1284459608&archive=&start_from=&ucat=1&

စစ်ပြေးဒုက္ခသည်များ စားသောက်ရေး အခက်ကြုံ


September 14th, 2010
စစ်ပြေး ဒုက္ခသည်များ နားခိုရာ ယာယီ တဲစခန်း

အာကာ – မွန်ပြည်သစ်ပါတီ နှင့် စစ်အစိုးရကြား စစ်ရေးတင်းမာမှုကြောင့် ထိုင်း-မြန်မာနယ်စပ် ခလောက်ခနီ


ဒုက္ခသည်စခန်းနှင့် ပလဲ့ဒွန်းဖိုက်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာကြသော စစ်ပြေးဒုက္ခသည်များ
စားသောက်ရေး အခက်အခဲနှင့် ကြုံတွေ့နေရသည်။

ဇူလိုင်လမှ စ၍ အလှူရှင်များ ထောက်ပံ့မှုကို ရပ်ဆိုင်းလိုက်ပြီးနောက်တွင် ပြည်ပရောက် မွန်လူငယ်


အဖွဲ့အစည်းများမှ အထောက်အပံ့များ ပေးနေသော်လည်း မလုံလောက်ခြင်းကြောင့် ယခုကဲ့သို့ အခက်အခဲနှင့်
ကြုံတွေရခြင်း ဖြစ်သည်။

“ကျမတို့က ဒီကို ရောက်လာကတည်း ဘာမှ အလုပ်အကိုင် မရှိဘူး၊ ဘယ်သူမှလည်း ကျမတို့ကို


ငွေမချေးပေးဘူး၊ ကျမ သားသမီးတွေ ကျောင်းတက်တာ သိပ်မျက်နှာငယ်ရတယ်၊ ငွေတစ်မတ် တစ်ကျပ်မှ
မပေးနိုင်ဘူး” ဟု အသက် (၄၅) နှစ် အရွယ်ရှိ ကလေး (၅) ယောက် မိခင် ဒုက္ခသည် မိစန်းရီက ပြောသည်။

လွန်ခဲ့သည့် ဧပြီလ (၂၂) ရက်နေ့တွင် စစ်အစိုးရ ကမ်းလှမ်းထားသည့် ဌာနေပြည်သူ့စစ် အသွင်ပြောင်းခြင်းကို


မွန်ပြည်သစ်ပါတီက တရားဝင်ငြင်းပယ်ပြီးနောက်ပိုင်း နှစ်ဖက်လုံးမှ စစ်ရေးပြင်ဆင်နေခြင်းကြောင့်
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းမှ ရွာသား (၆၀၀) ကျော် ထွက်ပြေးလာခဲ့သည်။

မေလကုန်ခန့်တွင် စစ်ဖြစ်နိုင်မည့် အရိပ်အယောင် မမြင်တွေ့ရခြင်းကြောင့် ထွက်ပြေးလာသော


ရွာသားများအနက် (၅၀၀) ခန့် နေရပ်ပြန်သွားကြသော်လည်း ဒုက္ခိတများ၊ နို့စို့အရွယ်ကလေးမိခင်များနှင့်
၎င်းတို့၏ ကလေးငယ်များ အိမ်ထောင်စု (၂၀) ကျန်ရှိနေသေးသည်။

၎င်းတို့တွင် (၅) နှစ်အထက် အမျိုးသား (၃၈) ဦး၊ အမျိုးသမီး (၃၉) ဦး နှင့် (၅) နှစ်အောက် ယောကျာ်းလေး (၈)
ဦး၊ မိန်းကလေး (၉) ဦး ပါဝင်ပြီး မွန်ပြည်သစ်ပါတီက ဗလဲ့ဒွန်းဖိုက်ကျေးရွာတွင် ယာယီတဲ (၃၀) ခန့်
ဆောက်လုပ်ပေးကာ နေရာ ချထားပေးခဲ့သည်။

မွန်ပြည်သစ်ပါတီအား စက်တင်ဘာလ (၁) ရက်နေ့ နောက်ဆုံးထား၍ လက်နက်စွန့်လွှတ်ရန် စစ်အစိုးရက


ညွှန်ကြားထားသည့်အပေါ် လက်မခံနိုင်ကြောင်း မွန်ပြည်သစ်ပါတီက ပြန်လည် အကြောင်းကြားခဲ့ပြီး
နောက်ပိုင်းတွင်လည်း မွန်ပြည်သစ်ပါတီ နယ်မြေအတွင်းမှ ရွာသားများ စစ်လန့်နေကြသည်။ သို့သော်လည်း
မိုးရာသီ ဖြစ်၍ ထွက်မပြေးနိုင်ကြကြောင်း ထိုဒေသမှ ရွာသူရွာသားများက ပြောသည်။

Source:http://monnews.org/bu/?p=640

မွန်ပါတီ၏ တိုင်းရင်းသား ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်


လျောက်တင်ချက် ငြင်းပယ်ခံရ
September 13th, 2010
လွတ်လပ်သောမွန်သတင်းအေဂျင်စီ- ရန်ကုန်တိုင်းနှင့်
တနင်္သာရီတိုင်းရှိ မွန်လူမျိုးများအတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ တိုင်းရင်းသား ကိုယ်စားပြု
လွှတ်တော်ကိုယ်စားလှယ် လျောက်တင်ချက် ငြင်းပယ်ခံရသည်။

စစ်အစိုးရမှ ငြင်းပယ်လိုက်သည့် အဓိကအကြောင်းပြချက်မှာ ၄င်းတိုင်းအတွင်းရှိ မွန်လူမျိုးများမှာ မွန်လူမျိုး


အစစ်မဟုတ်ကြောင်း၊ သတ်မှတ်ထားသည့် နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ (၀.၁) ရာခိုင်နှုန်း
မပြည့်ခြင်းကြောင့် ဖြစ်သည်ဟု မွန်ပါတီမှ အမတ်လောင်းတို့က ပြောသည်။

မုဒုံမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၆) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ကိုယ်စားလှယ်လောင်း


နိုင်ကွန်းချမ်းက “ကျနော်တို့ မွန်လူမျိုးတွေအတွက် အများကြီး နစ်နာသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က
မွန်ဖြစ်ပေမယ့် မှတ်ပုံတင်မှာက ဗမာလူမျိုး ဖြစ်နေကြတယ်” ဟု ပြောသည်။

နိုင်ငံသား စိစစ်ရေးကဒ်ပြားတွင် လူမျိုးနေရာ၌ မွန်-မြန်မာ ဖြစ်နေပါက မြန်မာစစ်အစိုးရမှ မွန်လူမျိုးအဖြစ်


မသတ်မှတ်သည့်အတွက် အရေအတွက်မပြည့်မီရခြင်း ဖြစ်သည်ဟု နိုင်ကွန်းချမ်းက ပြောသည်။ ရန်ကုန်တိုင်းတွင်
မွန်လူမျိုး သိန်းချီ ရှိနိုင်ကြောင်း ၄င်းတို့က ခန့်မှန်းသည်။

“မွန်လူမျိုး ဖြစ်ပေမဲ့ မှတ်ပုံတင်မှာ ဗမာလူမျိုးတွေပဲ ဖြစ်နေကြတယ်” ဟု နိုင်ကွန်းချမ်းက ပြောသည်။


တနင်္သာရီတိုင်းရှိ ထားဝယ်၊ ရေဖြူ၊ ကော့သောင်း၊ ကလိန်အောင် နှင့် ဘုတ်ပြင်းမြို့နယ်များတွင် မွန်ကျေးရွာ
အများအပြား ရှိသည့်အတွက် လူဦးရေ သောင်းကျော် ရှိကြောင်း၊ ယခုကဲ့သို့ တိုင်းရင်းသား ကိုယ်စားပြု
လွှတ်တော်ကိုယ်စားလှယ် မရသည့်အတွက် များစွာနစ်နာရကြောင်း သူက ပြောသည်။

(၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဥပဒေပြုရေးဆိုင်ရာအခန်း အခြေခံဥပဒေပုဒ်မ (၂၃) အပိုဒ်ခွဲ (ခ)


အရ တိုင်းဒေသကြီးများတွင် ထိုတိုင်းဒေသကြီး ရရှိပြီးသော သို့မဟုတ် ထိုတိုင်းဒေသကြီးအတွင်း
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ရရှိပြီးသော တိုင်းရင်းသား လူမျိုးများမှအပ ကျန်တိုင်းရင်းသား လူမျိုးများအနက်
လျော်ကန်သင့်မြတ်သော လူဦးရေဖြစ်သည့် နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ သုညဒသမတစ် (၀.၁)
ရာခိုင်နှုန်းနှင့် အထက် ရှိပါက တိုင်းရင်းသား ကိုယ်စားပြု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး
ရွေးကောက်တင်မြှောက်ခွင့် ရှိသည်။

မွန်လူမျိုးတို့၏ အကျိုးစီးပွားနှင့် အခွင့်အရေးများအတွက် မွန်လူမျိုးများကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီတစ်ရပ်


ရှိသင့်သည်ဟူသော ယုံကြည်ချက်ဖြင့် မွန်ဒေသလုံးဆိုင်ရာ နိုင်ငံရေးပါတီကို ဖွဲ့စည်းခဲ့သည်။

မွန်ပါတီတွင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့မှ ပါတီဝင်အချို့၊ မွန်ပြည်သစ်ပါတီမှ အနားယူခဲ့သည့် ပါတီဝင်အချို့၊


အငြိမ်းစားဝန်ထမ်းများနှင့် အသိပညာ အတတ်ပညာရှင်များဖြင့် ဧပြီလ (၇) ရက်နေ့တွင် ပါဝင်ဖွဲ့စည်းထားပြီ
မေလ (၄) ရက်နေ့တွင် စစ်အစိုးရမှ တရားဝင်ပါတီ တည်ထောင်ခွင့် ပြုခဲ့သည်။

Source:http://monnews.org/bu/?p=636

You might also like