You are on page 1of 19

ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ သံဃာ့တပ်ပေါင်းစု တိုက်တွန်း

2010-09-13

စစ်အစိုးရကျင်းပမဲ့ ရွေးကောက်ပွဲဟာ ၂၀၀၇ ခုနှစ်က သံဃာထုအပေါ် ဖိနှိပ် အကျဉ်းချခဲ့တဲ့ စစ်တပ်က ၂၅


ရာခိုင်နှုန်းနဲ့ စစ်တပ်လက်ကိုင်တုတ် ကြံ့ခိုင်ရေးပါတီက ၇၅ ရာခိုင်နှုန်း အမတ်နေရာ ရနိုင်ဖို့ ကြံနေတဲ့
အတုအယောင် ရွေးကောက်ပွဲသာဖြစ်လို့ ပြည်သူများအနေနဲ့ သပိတ်မှောက်ကြဖို့ ပြည်တွင်းမှာရှိတဲ့
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

္ဏစက်တင်ဘာ သံဃာ့လှုပ်ရှားမှုအတွင်း မေတ္တာပို့ြွကချီလှည့်လည် လာသော သံဃာများကို ၂၀၀၇ စက်တင်ဘာ


၂၆ရက်က ရန်ကုန်မြို့ရှိ လမ်းတခုတွင် စစ်တပ်က ပိတ်ဆို့ တားဆီးထားပုံ ဖြစ်ပါသည်။ (Photo: AFP)

ကြေညာချက်နဲ့ပတ်သက်ပြီး ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့မှာ သီတင်းသုံးနေတဲ့ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး


ပြောခွင့်ရှိသူ အရှင် ဓမ္မသီရိကို RFA က ဆက်သွယ် လျှောက်ထားခဲ့ရာမှာ ဆရာတော်က အခုလို မိန့်ပါတယ်။

“ရွေးကောက်ပွဲကို အဓိက ဦးဆောင်ပြီးတော့ ယှဉ်ပြိုင်သွားမဲ့ ကြံ့ဖွံ့ပါတီနဲ့ တစညပါတီ ဖြစ်နေတယ်လေ။


အဲဒီတော့ ကြံ့ဖွံ့ဆိုတာလည်း ဒီ စစ်ယူနီဖောင်း လဲထားတဲ့ လူတွေပဲ ဦးဆောင်တာ ဆိုတော့ အစကတည်းကိုက
ဦးဇင်းတို့က ၂၀၀၈ အခြေခံ ဖွဲ့စည်းပုံကတည်းက ဦးဇင်းတို့က ဆန့်ကျင်ခဲ့တာ။ ဒီ ရွေးကောက်ပွဲဟာလည်း
စစ်အာဏာရှင် စနစ်ကို အသက်သွင်းမဲ့ တရားဝင် အစိုးရအဖြစ် ပြောင်းလဲမဲ့ ပွဲ ဖြစ်နေတဲ့အတွက် ဦးဇင်းတို့က
ဆန့်ကျင်တယ်။ သပိတ်မှောက်တယ်။ နောက် လူထုတွေကလည်း ဒါ မိမိရဲ့ ဆန္ဒကို မိမိဖော်ထုတ်နိုင်တယ်ဆိုတဲ့
အနေအထားမျိုး မဲသွားမပေးကြဖို့ ဦးဇင်းတို့ လှုံ့ဆော်ခြင်း ဖြစ်ပါတယ်။”

၂၀၀၇ သံဃာ့အရေးအခင်း ဦးဆောင်အဖွဲ့ကြီးဖြစ်တဲ့ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ


ရဟန်းပျိုသမဂ္ဂ အဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ သမဂ္ဂီအဖွဲ့ချုပ်တို့ ပူးပေါင်းထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့အရေးခင်း ၃ နှစ်ပြည့် နှစ်ပတ်လည်ကာလမှာ ထုတ်ပြန်တဲ့ အဖွဲ့ရဲ့


ကြေညာချက်မှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးတော်ပုံအပြီး ကနေ့တိုင်လည်း စစ်အစိုးရဟာ ဆရာတော်
သံဃာတော်တွေ၊ သီလရှင်တွေကို နည်းမျိုးစုံနဲ့ စောင့်ကြည့်၊ အကျပ်ကိုင် ခြိမ်းခြောက်နေဆဲ ဖြစ်ကြောင်း၊
ဖော်ပြထားပါတယ်။

တချိနတည်းမှာလည်း မြန်မာနိုင်ငံတဝန်းက ဆရာတော်၊ သံဃာတော်တွေအနေနဲ့ ဒကာ၊ ဒကာမတွေနဲ့ အတူ


ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ မသမာမှုတွေကို စောင့်ကြည့် ဖော်ထုတ် ဖွင့်ချဖို့ကိုလည်း တိုက်တွန်းထား ပါတယ်။

ဒီအကြောင်း သံဃာ့တပ်ပေါင်းစု ပြောခွင့်ရှိသူ အရှင်ဓမ္မသီရိကို RFA မှ ဦးခင်မောင်စိုးမင်း ဆက်သွယ်


မေးမြန်းထားပါတယ်။

Source:http://www.rfa.org/burmese/news/monks_call_for_election_boycott-09132010114557.html
NLD ခေါင်းဆောင်များ ရှမ်းပြည်မြောက်ပိုင်း ပါတီဝင်များနှင့်တွေ့ဆုံ

2010-09-13

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးအုန်းကြိုင် ဦးဆောင်တဲ့ အဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၁၂


ရက် မနေ့က ရှမ်းပြည်မြောက်ပိုင်း က NLD ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ရန်ကုန်မြို့ရှိ ဌာနချုပ်ရုံးတွင် အဖွဲ့ဝင်များ အလုပ်လုပ်နေပုံ


ဖြစ်ပါသည်။ (Photo: AFP)

အဲဒီ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်နဲ့ အဖွဲ့ချုပ်ရဲ့ လုပ်ငန်းစဉ်တွေကို ရှင်းလင်း


ဆွေးနွေးခဲ့ကြောင်း ဗဟို အလုပ်အမူဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

“အခု လားရှိုးမြို့ကို လာရောက်တဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ကျွန်တော်က ဆွေးနွေးပါတယ်။ အစကတော့


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို နိုင်ငံရေးပါတီ အဖြစ်နဲ့ မှတ်ပုံမတင်သော်လည်းပဲ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်
မြန်မာနိုင်ငံ ဖော်ဆောင်ရေးကို သန္နိဋ္ဌာန် ချထားတဲ့၊ တရားမျှတမှုကို လိုလားတဲ့ ပါတီဝင်ထုဟာ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုအတိုင်း ပြည်နယ်၊ တိုင်းအသီးသီးမှာ ဒုနဲ့ ဒယ်နဲ့ ခိုင်ခိုင်မာမာ
စည်းစည်းလုံးလုံး ဆက်လက် ရပ်တည်နေဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲနဲ့ ပတ်သက်လို့
မှာကြားချက်တွေ၊ တိုင်းရင်းသားများအပေါ်မှာ ထားရှိတဲ့ ဒေါ်စုရဲ့ စေတနာတွေ၊ သဘောထားတွေ၊ တိုင်းရင်းသား
လူငယ်များကော အပါအဝင် လူငယ်များ ဆက်လက် ဆောင်ရွက်ရမဲ့ ရှေ့လုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ နိုင်ငံရေးတွေ၊
နောက် ဒေါ်နန်းခင်ထွေးမြင့်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဉာဏ်ဝင်း စက်တင်ဘာ ၃ ရက်နေ့ တွေ့ဆုံစဉ်မှာ
မှာကြားလိုက်တဲ့ မှာကြားချက် ၉ ချက်ကို အသေးစိတ် ရှင်းပြပါတယ်။

လားရှိုးမြို့ နယ် စည်းရုံးရေးကော်မတီဝင် ဦးမြင့်အောင်ရဲ့ နေအိမ်မှာ ကျင်းပတဲ့ ဒီဆွေးနွေးပွဲမှာ အဖွဲ့ချုပ်


ခေါင်းဆောင်တွေက ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမြင့်မောင်၊ မြို့နယ်
စည်းရုံးရေးကော်မတီ ဦးထွန်းရွှေနဲ့ မြို့နယ်အသီးသီးက ကိုယ်စားလှယ် ၂၀ ကျော်နဲ့ တွေ့ဆုံခဲ့ကြတယ်လို့
သိရပါတယ်။

အဖွဲ့ချုပ် ဗဟိုက ချောင်းဆုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ် ၊ လပွတ္တာမြို့နယ်


ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်ဝင်း ၊ ဖားအံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ် နန်းခင်ထွေးမြင့် ၊
မန္တလေး တိုင်းစည်းရုံးရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းတန်၊ မန္တလေး ဗဟိုဦးစီးအဖွဲ့ဝင် ဒေါက်တာ ဇော်မြင့်မောင် ၊
တိုင်း အမျိုးသမီး ခေါင်းဆောင် ဒေါ်သန်းသန်းအေး၊ ဗဟိုလူငယ်တာဝန်ခံ ကိုမျိုးညွန့်နဲ့ မန္တလေးတိုင်း လူငယ်
ခေါင်းဆောင် ကိုဇော်ဇော်အောင်တို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီအကြောင်းကို RFA မှ ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားပါတယ်။

Source:http://www.rfa.org/burmese/news/NLD_leaders_meet_members_in_shan_state-
09132010131032.html
၈၈ မျိုးဆက်ကျောင်းသားလုငယ်များပါတီ အင်းစိန်မှာ စည်းရုံးရေးလုပ်

2010-09-13

ဦးရဲထွန်း ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (မြန်မာနိုင်ငံ) ပါတီဟာ ခွပ်ဒေါင်း တံဆိပ်နဲ့ ၈၈


မျိုးဆက်ကျောင်းသားများဆိုတဲ့ နာမည်ကို အသုံးပြုပြီး စက်တင်ဘာ ၁၃ ရက် ဒီကနေ့ မနက်ပိုင်းက
အင်းစိန်မြို့နယ်အတွင်း လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တဲ့အတွက် မြို့ခံတွေ မကျေမနပ်ဖြစ် နေကြတယ်လို့
သိရပါတယ်။

စစ်အစိုးရက ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ၈၈ မျိုးဆက် ကျောင်းသား လူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)


ဆိုသည့် အမည်ဖြင့် ဝင်ရောက်မည့် နိုင်ငံရေးပါတီ၏ အလံ ဖြစ်ပါသည်။ (RFA Image)

ဒီလုပ်ရပ်ဟာ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့နဲ့ ထင်ယောင်ထင်မှား လုပ်ပြီး


စည်းရုံးမဲဆွယ်တာ ဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ကျွန်တော်တို့ အင်းစိန်မြို့နယ်အတွင်းက အင်းစိန်မြို့ ဈေးကြီး တဈေးလုံး၊ နောက် လှိုင်မြစ်လမ်းတလျှောက်


အဲဒီမှာ ဖြန့်ဝေသွားတာ တွေ့ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံတွေလည်း ရောင်းနေတယ်။ သူတို့
တံဆိပ်တွေနဲ့ တွဲဖက် ရိုက်ထားတဲ့ ဓာတ်ပုံပေါ့။ အဲဒီ ဖြန့်သွားတဲ့ အဖွဲ့အစည်း ၈၈ မျိုးဆက် လူငယ်များဆိုတာဟာ
တကယ့် အသက်၊ သွေး၊ ချွေးနဲ့ ရင်းနှီးပြီးတော့ ပြည်သူ့အကျိုးစီးပွား လုပ်သွားတဲ့ ၈၈ မျိုးဆက် မဟုတ်ပါဘူး။ အခု
ကြေညာချက်ထုတ်နေတဲ့ ၈၈ မျိုးဆက်ဆိုတာဟာ အတုအယောင်သာ ဖြစ်ပါတယ်။ အဲဒီ အတုအယောင်ကို
ကျွန်တော်တို့ မဲပေးဖို့ ဆန္ဒမရှိပါဘူး။ ဘာဖြစ်လို့ မဲမပေးချင်တာလဲ ဆိုရင်တော့ သူတို့ဟာ
အာဏာပိုင်အဖွဲ့အစည်းနဲ့ နှစ်ပေါင်းများစွာ ပူးပေါင်း လုပ်ကိုင်စားသောက်ပြီးတော့ စီးပွားရှာ ချမ်းသာနေတဲ့
လူတွေ ဖြစ်နေတယ်။”

ပါတီခေါင်းဆောင် ဦးရဲထွန်းကတော့ ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ နာမည်နဲ့ ခွပ်ဒေါင်း တံဆိပ်ဟာ သူတို့


နှစ်ပေါင်းများစွာ သုံးစွဲလာခဲ့တာဖြစ်ပြီး၊ အင်းစိန်မြို့နယ်က ဝင်ရောက်ယှဉ်ပြိုင်မဲ့ ကိုယ်စားလှယ်လောင်းအတွက်
ခုလို စည်းရုံးဖြန့်ဝေခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့က ပါတီမှတ်ပုံတင်ပြီးတော့ တရားဝင် လုပ်နေတဲ့ ကျောင်းသားခေါင်းဆောင်တွေ ဆိုတာ


ရန်ကုန်တတိုင်းလုံး သိပြီးသားပါ။ ပြီးတော့ ဝေတဲ့စာကလည်း အသစ်အဆန်းမဟုတ်ဖူးလေ။ ကျွန်တော်တို့
ပြည်သူသို့ ပေးပို့သော သဝဏ်လွှာဆိုတာ ပြီးခဲ့တဲ့ ၆ လပိုင်းကတည်းက ဝေခဲ့တဲ့ စာပါ။ အခုကျတော့
ဘာလဲဆိုတော့ အဲဒီ အင်းစိန်မြို့နယ်မှာ ကျွန်တော်တို့ ပါတီက အဲဒီ ခေါင်းဆောင်တဦးပေါ့ဗျာ၊ ဦးလှထွန်း အဲဒီမှာ
ဝင်ပြိုင်မှာဆိုတော့ အဲဒီ နယ်မြေလေးမှာ မနက်ကတော့ အင်အား ၃၅ ယောက်လောက်က သွားပြီးတော့ဗျာ၊ အဲဒါ
ပြည်သူလူထုကို ဒီ သင်္ကေတလေးကို သိအောင် လိုက်လုပ်ကြတာပါ။”

၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (မြန်မာနိုင်ငံ) ပါတီဟာ ကိုယ်စားလှယ်လောင်း ၈၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ဖို့


စာရင်းပေးသွင်းထားပါတယ်။ အဲဒီ ပါတီဟာ စစ်အစိုးရရဲ့ အထောက်အပံ့ ရရှိထားပြီး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့
လက်ဝေခံပါတီတခု ဖြစ်တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ ပါတီခေါင်းဆောင်
ဦးရဲထွန်းကတော့ ဒီစွပ်စွဲပြောဆိုချက်တွေ မဟုတ်မှန် ကြောင်း ငြင်းဆိုပါတယ်။

ဦးရဲထွန်းဟာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး အဖွဲ့ချုပ်ပါတီ ခေါင်းဆောင် ဦးအေးလွင်ရဲ့


ညီအရင်းလည်း ဖြစ်ပါတယ်။

၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (မြန်မာနိုင်ငံ) ပါတီ ခေါင်းဆောင် ဦးရဲထွန်းကို RFA မှ


ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

Source:http://www.rfa.org/burmese/news/88_generation_party_flag_75_z.jpg-
09132010162225.html

ကုလ လူ့အခွင့်အရေး မဟာမင်းကြီး မြန်မာ့ရွေးကောက်ပွဲ မျှတမှုရှိရေး


တိုက်တွန်း
၁၅ ကြိမ်မြောက် လူ့အခွင့်အရေး ညီလာခံကို ဒီကနေ့ ဂျီနီဗာမြို့မှာ စတင်ကျင်းပနေပါပြီ။ ဒီညီလာခံအတွင်းမှာ
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေတွေကိုလည်း ဆွေးနွေးကြမယ်လို့ မျှော်လင့်ရပါတယ်။

ညီလာခံဖွင့်တဲ့ ဒီကနေ့မှာပဲ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး နာဗီ ပေလေး (Navi Pillay) က


မြန်မာနိုင်ငံက လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူ့ရဲ့ စိုးရိမ်ပူပန်မှုကို အခုလို ပြောသွားပါတယ်။

“မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုက်အ၀န်း အနေနဲ့


သတိနဲ့ စောင့်ကြည့်ကြရပါလိမ့်မယ်။ ခြိမ်းခြောက်ခြင်း၊ တိုက်ခိုက်ခြင်းနဲ့ ဖယ်ကြဉ်ခြင်း ခံရသူတွေကို
သေသေချာချာ အကာအကွယ် ပေးဖို့လည်း မဖြစ်မနေ လိုအပ်ပါတယ်။

“ရွေးကောက်ပွဲတွေ လွတ်လပ်ပြီး တရားမျှတနိုင်ဖို့ဆိုရင် လွတ်လပ်စွာ အမြင်ချင်း ဖလှယ်နိုင်တဲ့ အခြေအနေတွေ


ရှိရမယ့်အပြင် သက်ဆိုင်သူတွေ အားလုံး ပြည့်ပြည့်၀၀ ပါဝင်နိုင်ရမယ်ဆိုတာ လုံးဝငြင်းလို့ မရပါဘူး။
ရွေးကောက်ပွဲဖြစ်စဉ် အပါအ၀င် တခြား အရပ်ဘက် ကိစ္စတွေမှာ ရာဇ၀တ်မှု ကျူးလွန်တယ်လို့
သံသယဖြစ်ရသူတွေ အနေနဲ့ တရားမျှတတဲ့ ရုံးတင်စစ်ဆေးမှုနဲ့ သင့်တော်တဲ့ ပြစ်ဒဏ်ကို ချခံစေရမှာ
ဖြစ်တယ်ဆိုတာ ထပ်လောင်း ပြောချင်ပါတယ်။”

ဒီကနေ့ နိုင်ငံအလိုက် လူ့အခွင့်အရေး အခြေအနေတွေကို ဆွေးနွေးတင်ပြကြတဲ့ အထဲမှာတော့ ထူးထူးခြားခြား


မော်လ်ဒိုက်နိုင်ငံကလည်း မြန်မာရွေးကောက်ပွဲ အခြေအနေအပေါ် စိုးရိမ်မှုကို ပြောသွားပါတယ်။ နိုင်ငံရေးမှာ
အတိုက်အခံတွေကို ပါဝင်ပတ်သက်ခွင့် ပေးဖို့နဲ့ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ မော်လ်ဒိုက်နိုင်ငံက
တိုက်တွန်းသွားပါတယ်။

မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု မြောက်၊


မမြောက် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ဖို့ ပြီးခဲ့တဲ့အခေါက် ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က
အကြံပြုခဲ့ပါတယ်။ ဒီအပေါ်မှာ အခုအချိန်ထိ နိုင်ငံ ၆ နိုင်ငံက ထောက်ခံထားပြီး ဒီကိစ္စကို အခု လူ့အခွင့်အရေး
ညီလာခံအတွင်း ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။

Source:http://www.voanews.com/burmese/news/myanmar-humanrights-navi-pillay-
102780149.html

ရွေးကောက်ပွဲအပြီး ဝန်ကြီးဌာနများ နေ့စဉ်သတင်းစာထုတ်မည်


လာမည့် နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး နောက်ပိုင်းတွင် ၀န်ကြီးဌာနပိုင် နေ့စဉ်သတင်းစာများကို ပထမဆုံး
ထုတ်ဝေရန် စီစဉ်နေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ရွေးကောက်ပွဲအပြီး ၃ လခန့်အကြာတွင်
ကာကွယ်ရေးဝန်ကြီးဌာနနှင့်
ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင်
ဝန်ကြီးဌာနများက နေ့စဉ်သတင်းစာ
ထုတ်ဝေသွားမည်ဟု အဆိုပါ ဝန်ကြီးဌာန
သတင်းရပ်ကွက်များက ဆိုသည်။

ကာကွယ်ရေးဝန်ကြီးဌာန မြ၀တီ စာပေနှင့်


ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းက မြ၀တီသတင်းစာ
အပါအ၀င် နေ့စဉ်ထုတ် သတင်းစာ ၃
စောင်ခန့်ထုတ်ဝေရန် ရှိသဖြင့် ပြီးခဲ့သည့် ဧပြီလ
တနေရာရှိ သတင်းစာပို့သမားတဦးကို ဤသို့ မြင်တွေ့ရသည်
ကတည်းက သတင်းထောက်
(ဓါတ်ပုံ Reuter)
များခေါ်ယူစုဆောင်းပြီးဖြစ်သည်ဟု
သတင်းဂျာနယ် အသိုင်းအ၀န်းမှ သိရသည်။

“ထင်ထင်ပေါ်ပေါ်ကြီး ကြေညာပြီးခေါ်တာမျိုးတော့မဟုတ်ဘူး။ တဆင့်စကားနဲ့သိကြတာ။ လက်ရှိဂျာနယ်တွေက


သတင်းထောက် တော်တော်များများ သွားလျှောက်ကြပေမယ့် နေပြည်တော်မှာ လုပ်ရမယ်ဆိုတာနဲ့
မလုပ်ဖြစ်ကြဘူး” ဟု မြ၀တီသတင်းစာတိုက် အတွက် သတင်းထောက်သွားရောက် လျှောက်ထားခဲ့ဖူးသူ
ရန်ကုန်အခြေစိုက် သတင်းထောက် တဦးက ပြောသည်။

မြဝတီသတင်းစာတိုက်အတွက် အလုပ်လျှောက်ရာတွင် ရန်ကင်းမြို့နယ် ကျောက်ကုန်း လိပ်စာဖြင့်


လျှောက်ရကြောင်း သိရသည်။

“သူတို့က စစ်တပ်က ထုတ်မှာလို့ပြောတယ်။ သတင်းထောက်တွေကိုလည်း တပ်ကြပ်၊ အရာခံဗိုလ် ရာထူးတွေ


ပေးပြီး ခန့်မယ်လို့ပြောတယ်။ အရင်ဆုံး မြ၀တီသတင်းစာ နာမည်နဲ့ စထုတ်ပြီးတော့ နောက်ထပ်လည်း သတင်းစာ
၂ စောင်လောက် ထပ်ထုတ်မယ်လို့ပြောတယ်” ဟု အဆိုပါ သတင်းထောက်က ဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာနကလည်း Home အမည်ဖြင့် နေ့စဉ်ထုတ် သတင်းစာ တစ်စောင် ထုတ်ဝေမည် ဖြစ်ပြီး


အဆိုပါ သတင်းစာတွင် မှုခင်းသတင်းများကို ဦးစားပေးထည့်သွင်း ဖော်ပြသွားမည်ဖြစ်ကြောင်း
ပြည်ထဲရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ ရဲမှူးကြီးတဦးက ပြောသည်။

“၀န်ကြီးလက်မှတ်နဲ့ ကြေညာချက်ထွက်လာတာပါ။ ဘယ်တော့ထွက်မယ်ဆိုတာ သေသေချာချာမသိ သေးပါဘူး။


တို့ဌာနက ထုတ်မယ်ဆိုရင်တော့ မှုခင်းသတင်းတွေပဲ ပါမှာပေါ့” ဟု အဆိုပါ ရဲမှူးကြီးက ဆိုသည်။

ယခုလက်ရှိတွင် ပြန်ကြားရေး ၀န်ကြီးဌာနက ကြေးမုံသတင်းစာ၊ မြန်မာ့အလင်း သတင်းစာ၊ အင်္ဂလိပ်ဘာသာဖြင့်


ထုတ်ဝေသော New Light of Myanmar သတင်းစာ စသည့် သတင်းစာ ၃ စောင်နှင့် ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ကော်မတီက ထုတ်ဝေသော မြို့တော်သတင်းစာ၊ မန္တလေးမြို့ အခြေစိုက် ရတနာပုံ
သတင်းစာတို့ထုတ်ဝေလျက် ရှိသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း (လယ်ဆည်) ၀န်ကြီးဌာနမှ Farmers Daily အမည်ဖြင့်


နေ့စဉ်ထုတ်သတင်းစာ တစောင် ထုတ်ဝေမည် ဖြစ်ကြောင်း မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ အဆင့်မြင့်
အရာရှိတဦးက အတည်ပြုပြောကြားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအမတ်တဦးဖြစ်သူ လယ်ဆည်ဝန်ကြီး ဦးဌေးဦးက ထုတ်ဝေရန်
စီစဉ်ခြင်းဖြစ်ပြီး လယ်သမား အရေးကိစ္စများကို ဦးစားပေးထည့်သွင်းသွားမည်ဖြစ်ကြောင်း အဆိုပါ
အဆင့်မြင့်အရာရှိက ဆိုသည်။

“၀န်ကြီး အမိန့်နဲ့ ထုတ်ဖို့စီစဉ်တာပါ။ ရွေးကောက်ပွဲပြီး နောက်သုံးလလောက်တော့ ကြာဦးမယ် ထင်တယ်။ အခု


လယ်ဆည်က ထုတ်နေတဲ့ လယ်ယာစီးပွား ဂျာနယ်အယ်ဒီတာ အဖွဲ့ကို အခြေခံထုတ်မှာပါ။ ရုံးခန်းကိုတော့
နေပြည်တော်ကို ပြောင်းပြီး ထုတ်ဖြစ်ဖို့များတယ်”ဟု အဆိုပါ အဆင့်မြင့်အရာရှိက ဆိုသည်။

စက်မှု ၁ နှင့် စက်မှု ၂ ၀န်ကြီးဌာနတို့က ထုတ်ဝေလျက်ရှိသည့် ကနောင် စက်မှုလက်မှုဂျာနယ်ကိုလည်း


အသွင်ပြောင်းလဲကာ နေ့စဉ်ထုတ် စက်မှုလက်မှု သတင်းစာအသွင်ဖြင့် ထုတ်ဝေမည်ဟု ကနောင် ဂျာနယ်
အယ်ဒီတာအဖွဲ့နှင့် နီးစပ်သူတဦးက ဆိုသည်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ထုတ်ဝေလျက်ရှိသည့် တော်ဝင်ပန်းဂျာနယ်က နေ့စဉ်ထုတ်အဖြစ်


ပြောင်းလဲထုတ်ဝေရန် ညွှန်ကြားချက်တစ်စုံတစ်ရာ မရှိသေးဟုဆိုသည်။

စာပေစိစစ်ရေးကလည်း ရွေးကောက်ပွဲလွန်ကာလတွင် မီဒီယာများကို ထိန်းချုပ်နိုင်ရန် တရုတ်နိုင်ငံ၊ ဗီယက်နမ်


နိုင်ငံ၊ လာအိုနိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ သတင်းစာထုတ်ဝေသည့် ပုံစံများနှင့် မီဒီယာ ထိန်းချုပ်သည့် ပုံစံများကို
ဝန်ကြီးဌာနသို့ တင်ပြထားရသည်ဟု စာစစ်မှူးတဦးက ဆိုသည်။

“၀န်ကြီးက တင်ပြပါဆိုလို့ တော်တော်လေ့လာလိုက်ရတယ်။ အင်တာနက်က ဖတ်ရတယ်။ အဲဒီနိုင်ငံတွေက


သတင်းစာ လုပ်ငန်းကို သွားလေ့လာဖူးတဲ့ အယ်ဒီတာတွေကိုခေါ်မေးရတယ်။ ပုံစံ ၄ မျိုး တင်လိုက်ရတယ်”ဟု
အဆိုပါ စာစစ်မှူးက ပြောသည်။

အထက်ပါ နိုင်ငံများသည် နေ့စဉ်ထုတ် သတင်းစာ အများအပြား ထုတ်ဝေလျက်ရှိသော်လည်း အားလုံးနီးပါးကို


အစိုးရနှင့် ၀န်ကြီးဌာနများကသာ ပိုင်ဆိုင်ကြသည်ဟု ပြည်ပ အတွေ့အကြုံရှိ အယ်ဒီတာ တဦးက ဆိုသည်။

“ဗီယက်နမ်လောက်အထိ ဖွင့်ပေးလာမယ် ဆိုရင်တော့ မဆိုးပါဘူး။ သူတို့က ကွန်မြူနစ် အစိုးရ အုပ်ချုပ်တဲ့


တပါတီစနစ်ဆိုပေမယ့် သတင်းစာတွေကို ဗဟိုအစိုးရကို ဝေဖန်တဲ့ကိစ္စကလွဲပြီး တော်တော်များများ
ရေးသားခွင့်ပေးတယ်” ဟု ဗီယက်နမ်နိုင်ငံ သတင်းစာ လုပ်ငန်း သွားရောက်လေ့လာခဲ့ဖူးသူ အဆိုပါ အယ်ဒီတာက
သုံးသပ်သည်။

လက်ရှိ ထုတ်ဝေလျက်ရှိသော ပုဂ္ဂလိက သတင်းဂျာနယ် အများစုမှာ ရွေးကောက်ပွဲလွန်ကာလတွင် နေ့စဉ်ထုတ်


သတင်းစာ များအဖြစ် ပြောင်းလဲထုတ်ဝေခွင့်ရရန် မျှော်မှန်းလျက်ရှိသော်လည်း လက်တွေ့တွင် ၀န်ကြီးဌာနပိုင်
နေ့စဉ်ထုတ် သတင်းစာများသာ အရင်ထွက်ရှိ လာဖွယ်ရှိကြောင်း ကြားသိရသည်။

အပတ်စဉ်ထုတ် သတင်းဂျာနယ်များထဲမှ Myanmar Times ဂျာနယ်၊ ပေါ်ပြူလာ သတင်းဂျာနယ်၊ Weekly


Eleven ဂျာနယ်နှင့် Yangon Times ဂျာနယ်တို့မှာ နေ့စဉ်ထုတ် သတင်းစာ ထုတ်ဝေရန်
ခွင့်ပြုချက်ရရှိပြီးဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ သော်လည်း ကာယကံရှင် အသီးသီးက ငြင်းဆိုခဲ့ကြသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/4052-2010-09-13-11-30-22
အန်အယ်ဒီ ရွေးကောက်ပွဲသပိတ် ၃၁ မြို့နယ် ထောက်ခံ
ဆလိုင်း ဟံသာစန်း | တနင်္လာနေ့၊ စက်တင်ဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၁၄ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲ သပိတ်မှောက်ရေးကို လက်ရှိ ခရီးစဉ်အတွင်း မြို့နယ်ပေါင်း ၃၁


မြို့နယ်မှ ပါတီဝင်များက ထောက်ခံကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ယနေ့ ပြောဆိုသည်။

ဗဟို အလုပ်အမှုဆောင်ဝင် ဦးအုန်းကြိုင်နှင့် အဖွဲ့က ယခုလ ၉-၁၂ ရက်နေ့အတွင်း မန္တလေးတိုင်း ၂၅ မြို့နယ်နှင့်


ရှမ်းပြည်မြောက်ပိုင်း လားရှိုး အပါအဝင် အခြား ၆ မြို့နယ်တို့မှ အောက်ခြေပါတီဝင်များနှင့် တွေ့ဆုံရာ
ဗဟိုဆုံးဖြတ်ချက်ဖြစ်သည့် ၂ဝ၁ဝ ရွေးကောက်ပွဲ သပိတ်မှောက်ရေးကို ထောက်ခံခဲ့ကြခြင်း ဖြစ်သည်။

“သပိတ်မှောက်မယ်လို့ ဆုံးဖြတ်တဲ့အပေါ် ပါတီဝင်ထုရော၊ အန်အယ်ဒီရဲ့ မဲဆန္ဒရှင်အဖြစ် တသမတ်တည်း


ရှိနေတဲ့ သူတွေကရော ထောက်ခံပါတယ်လို့
ပြောကြပါတယ်” ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို
ပြောသည်။

ဦးအုန်းကြိုင်နှင့်အတူ ဗဟိုအလုပ်အမှုဆောင်ဝင်
ဒေါ်ခင်ဋ္ဌေးကြွယ်နှင့် ဗဟိုဦးစီးအဖွဲ့ဝင်
ဒေါ်နန်းခင်ထွေးမြင့်၊ ဦးကြည်ဝင်းနှင့် လူငယ်တာဝန်ခံ
ဦးမျိုးညွန့်တို့ လိုက်ပါလျက်ရှိသည်။ ပြီးခဲ့သည့်
သောကြာနေ့က မန္တလေးမြို့ရှိ ပါတီဝင်များနှင့်
တွေ့ဆုံခဲ့ပြီးနောက် မန္တလေး အဖွဲ့ချုပ်ဝင်များ
ထပ်မံဖြည့်တင်းကာ လားရှိုးမြို့ရှိ ပါတီဝင်များနှင့် ယမန်နေ့က တွေ့ဆုံခဲ့သည်။

ယခု ခရီးစဉ်တွင် အဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ သပိတ်မှောက်ရသည့် အကြောင်းရင်းများ၊


ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်များ၊ ရွေးကောက်ပွဲတွင် မဲပေးခြင်းဆိုင်ရာ အခွင့်အရေးအရ မဲမပေးဘဲ
နေနိုင်သည့် အကြောင်းများကို ဥပဒေ အထောက်အထားများနှင့်တကွ ပါတီဝင်များကို ဗဟိုခေါင်းဆောင်များက
ရှင်းလင်းတင်ပြခဲ့ကြသည်။

“ရှင်းလင်းချက်တွေကို မြို့နယ်ခေါင်းဆောင်တွေနဲ့ အကြေအလည် ဆွေးနွေးပြီးတဲ့အခါကျတော့ သူတို့က


ပါတီဝင်ထုကို ဆက်လက်ရှင်းပြမယ်။ ပါတီဝင်ထုကနေ ပြည်သူလူထုကို ဆက်လက်ရှင်းပြမယ်လို့
ပြောကြပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေများသည် မြန်မာနိုင်ငံ ဒီမိုကရေစီနှင့်


လူ့အခွင့်အရေး ရရှိရေးအတွက် ဦးမတည်စေသည့်အတွက် ၂ဝ၁ဝ ရွေးကောက်ပွဲကို အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် - အန်အယ်ဒီက သပိတ်မှောက်ရန် ပြီးခဲ့သည့်လ ၁၉ ရက်နေ့က ဆုံးဖြတ်ခဲ့သည်။

ထို့နောက်တွင် ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် အဖွဲ့သည် ဧရာဝတီတိုင်းရှိ မြို့နယ် ၆ မြို့နယ်သို့


သွားရောက်ခဲ့ရာတွင်လည်း ပါတီဝင်များနှင့် ဒေသခံလူထုက ရွေးကောက်ပွဲ သပိတ်မှောက်ခြင်းကို
ထောက်ခံခဲ့ကြသေးသည်။

ယခု ခရီးစဉ်သည် ရွေးကောက်ပွဲ သပိတ်မှောက်ပြီးနောက် အန်အယ်ဒီ၏ ဒုတိယမြောက် ခရီးစဉ်ဖြစ်သည်။


ရွေးကောက်ပွဲ မဝင်ရောက်သည့် အကြောင်းကို ယခုနှစ် ဇွန်လ ၁၂ ရက်နေ့မှ သြဂုတ်လဆန်းပိုင်းအထိ ကချင်၊
ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း စသည့် တိုင်းနှင့်
ပြည်နယ်များရှိ မြို့နယ်ပေါင်း ၂ဝဝ ခန့်တွင် ပါတီဝင်များနှင့် တွေ့ဆုံကာ ရှင်းလင်း တင်ပြခဲ့ကြသေးသည်။

“အခုလို ဗဟိုကနေ မြို့နယ်တွေအထိ၊ အောက်ခြေအထိ လိုက်ဆင်းပြီး တကူးတက တွေ့တာဟာ အင်မတန်မှ


ကောင်းပါတယ်။ အဖွဲ့ချုပ်က နိုင်ငံရေးအရ ရပ်တည်မှု မဟုတ်ဘဲနဲ့ လူမှုရေးအရ ရပ်တည်မှု ပုံစံနဲ့ သွားမယ်ဆိုပြီး
နောက်ပိုင်းမှာ အခုက နိုင်ငံရေးပုံသဏ္ဍာန်နဲ့ ဆောင်ရွက်လာတဲ့အပိုင်းမှာ ကျနော်တို့နဲ့ ထိတွေ့နေတဲ့
မြို့နယ်အဖွဲ့ဝင်တွေက တော်တော်များများ သဘောကျတယ်ဗျ” ဟု မန္တလေးတိုင်းစည်း အဖွဲ့ဝင်ဖြစ်သူ ကိုမျိုးနိုင်က
ပြောသည်။

မနက်ဖြန်တွင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့သို့ သွားရောက်ပြီး အနီးနားမြို့နယ်များမှ ပါတီခေါင်းဆောင်များနှင့်


တွေ့ဆုံကာ ရှင်းလင်းတင်ပြကြမည်။ ထို့နောက် ယခုခရီးစဉ် ပြီးဆုံးမည်ဖြစ်ကာ ရန်ကုန်သို့ ပြန်ကြမည် ဖြစ်သည်။

ဗဟိုအလုပ်အမှုဆောင်ဝင် ဒေါက်တာ ဒေါ်မေဝင်းမြင့် ဦးဆောင်သည့် အဖွဲ့လည်း ရခိုင်ပြည်နယ်သို့


ခရီးထွက်မည်ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။
Source:http://www.mizzimaburmese.com/news/2010-election/6024-2010-09-13-14-47-05.html

ရွေးကောက်ပွဲကို တရုတ် ထောက်ခံမှု မြန်မာစစ်အစိုးရ လိုလား


ခိုင်ကျော်မြ | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၄ ရက် ၂၀၁၀ ခုနှစ် ၀၁ နာရီ ၂၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ၅ရက်ကြာ တရုတ်နိုင်ငံ ခရီးစဉ်သည် နိုဝင်ဘာတွင်


ကျင်းပမည့် မြန်မာရွေးကောက်ပွဲအား တရုတ်ထောက်ခံမှု ရစေရန်နှင့် နှစ်နိုင်ငံကြား စီးပွားရေး ပူးပေါင်းမှု
မြှင့်တင်ရန် ရည်ရွယ်သည်ဟု အိန္ဒိယ နိုင်ငံခြားရေး မူဝါဒ ကျွမ်းကျင်သူများက ဆိုသည်။ မြန်မာစစ်အစိုးရ၏
ယခုတလော အိမ်နီးချင်း နိုင်ငံခရီးစဉ်များသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ခေတ်သစ် ပေါ်ပေါက်လာရေးအား
အထောက်အကူ ဖြစ်မဖြစ် အိန္ဒိယက စောင့်ကြည့်လျက် ရှိသည်ဟုလည်း ဆိုသည်။

ဆယ်စုနှစ် နှစ်ခုအတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် နိုဝင်ဘာ ရွေးကောက်ပွဲတွင် တရုတ် ထောက်ခံမှုရရန်


မြန်မာစစ်အစိုးရ အထူးလိုလားနေပြီး တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ
အကျိုးတူ လုပ်ငန်းများ အရှိန်မြှင့် လုပ်ဆောင်ရန်လည်း သဘောတူခဲ့ကြသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ တရုတ်
ဒုသမ္မတ ရှီကျင့်ဖင် (Xi Jinping)၏ မြန်မာခရီးစဉ်နှင့် ယခုနှစ်ဇွန်လ တရုတ် ဝန်ကြီးချုပ် ဝမ်ကျားပေါင်
ခရီးစဉ်အတွင်းကလည်း တရုတ-် မြန်မာ အကျိုးတူ စာချုပ် စုစုပေါင်း ၃၁ ခုကို ချုပ်ဆိုခဲ့သည်။

မြန်မာစစ်အစိုးရ ခေါင်းဆောင်၏ တရုတ် ခရီးစဉ်သည် မကြာခင်က ထိပ်တန်း မြန်မာစစ်ခေါင်းဆောင်အချို့


စစ်ဘက် ရာထူးများမှ ရုတ်တရက် အနားယူကြပြီး နောက်ပိုင်း ပထမဆုံး ပြည်ပခရီးစဉ် ဖြစ်သည်။ စစ်ဘက်မှ
အနားယူခဲ့ကြသူများတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလည်း ပါဝင်သည်ဟု သတင်းထွက်ခဲ့သည်။

ယခု တရုတ်ခရီးစဉ် မတိုင်မီ ဇူလိုင်လအတွင်းကလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ စစ်အစိုးရအဖွဲ့ ဝန်ကြီးများ


ဇနီးများနှင့် အိန္ဒိယသို့ သွားရောက်ခဲ့ကြပြီး နှစ်နိုင်ငံ အကျိုးတူ စာချုပ်များ ချုပ်ဆိုခဲ့ကြသည်။
အိန္ဒိယသည် မြန်မာနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်နေပြီး တရုတ်ကဲ့သို့ အိမ်နီးချင်း
နိုင်ငံများနှင့် ဆက်ဆံရေး အဆင်ပြေရေးကိုလည်း လိုလားသည်။ ထို့ပြင် မြန်မာက အိန္ဒိယအား တရုတ်နှင့်
တန်းတူမထားပဲ ခွဲခြားဆက်ဆံမည်ကို အိန္ဒိယအစိုးရက စိုးရိမ်နေသည်ဟု သတင်းစာဆရာနှင့် နယူးဒေလီ
မူဝါဒရေးရာ သုတေသနစင်တာ ဧည့်ပါမောက္ခ B. G. Verghese က ဆိုသည်။

ယခုလ အစောပိုင်းက မြန်မာဆိပ်ကမ်းတခုတွင် ဆိုက်ကပ်ထားသည့် တရုတ် စစ်သင်္ဘောနှစ်စင်း ကိစ္စလည်း


အိန္ဒိယက မျက်ခြည်မပြတ် စောင့်ကြည့် လေ့လာနေသည်ဟု အိန္ဒိယ ကာကွယ်ရေး ဝန်ကြီးဌာနက
ထောက်ပံ့ထားသည့် နယူးဒေလီ အခြေစိုက် ကာကွယ်ရေးဆိုင်ရာ အကြံပေးအဖွဲ့မှ ထိပ်တန်း သုတေသန
ပညာရှင် ဒေါက်တာ Udai Bhanu Singh က ပြောကြားသည်။ တရုတ်စစ်သင်္ဘော နှစ်စင်းဖြစ်သော ဂွမ်ဇိုးနှင့်
ချောင် ဟူသည့် သင်္ဘောနှစ်စင်းသည် မကြာမီက ရန်ကုန် သီလဝါ ဆိပ်ကမ်းသို့ ဆိုက်ကပ်ခဲ့ရာ မြန်မာဘက်မှ
အခမ်းအနားဖြင့် ကြိုဆိုခဲ့ပြီး ထိုစစ်သင်္ဘောများ ဆိုက်ကပ်ထားစဉ်အတွင်း မြန်မာဘက်မှ အရာရှိများ မကြာခဏ
သွားရောက် ကြည့်ရှုခဲ့ကြသည်။

ထိုသင်္ဘောများသည် ဧဒင် ပင်လယ်ကွေ့တွင် ကင်းလှည့်တာဝန်အပြီး ပြန်လာသည့် ပင်လယ်ဓားပြ


နှိမ်နင်းရေးတပ်ဖွဲ့မှ တရုတ်စစ်သင်္ဘောများ ဖြစ်ကြပြီး သီလဝါ ဆိပ်ကမ်း၌ ငါးရက်ကြာ လာရောက်
ိဆိုက်ကပ်မှုသည် တရုတ်၏ ကြီးထွားလာသော ရေတပ်သြဇာနှင့် မြန်မာစစ်အစိုးရနှင့် အလွန်နီးစပ်သော
ဆက်ဆံရေး ရှိကြောင်း ပြသလိုက်ခြင်းဟု ဘီဘီစီ သတင်းဌာနက စက်တင်ဘာလ ၃ရက်တွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာစစ်အစိုးရအား စစ်လက်နက်များ အဓိက ထောက်ပံ့လျက်ရှိနေပြီး အိန္ဒိယသည်


တရုတ်နှင့် နှိုင်းယှဉ်လျှင် မြန်မာစစ်အစိုးရအား နီးနီးကပ်ကပ် စစ်ရေးဆက်ဆံမှု မရှိသော်လည်း အိန္ဒိယ-မြန်မာ
စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များစွာရှိခဲ့သည်ဟု ဒေါက်တာ Udai Bhanu Singh က ဆိုသည်။

“တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ပြေလည်ချောမွေ့နေမှုကို ဆက်လက်ထိန်းသိမ်းဖို့ အထူး


ကြိုးစားနေပါတယ်။ အဲဒီအချက်ကြောင့် မြန်မာစစ်ခေါင်းဆောင်တွေကို တရုတ်နိုင်ငံရဲ့ နွေးထွေးစွာ ကြိုဆိုမှုက
ပြနေပါတယ်” ဟု သူက ဆိုသည်။

တရုတ်နိုင်ငံသည် လက်ရှိ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံအတွင်း အမေရိကန်ဒေါ်လာ ၈ ဘီလျံကျော်အထိ


ရင်းနှီးမြှုပ်နှံခဲ့ပြီး ဒေါ်လာ ၅ ဘီလျံဖိုးရှိ ရေအားလျှပ်စစ် စီမံကိန်းများနှင့် ဒေါ်လာ ၂ ဘီလျံခန့် တန်သည့် ရေနံနှင့်
သဘာဝဓာတ်ငွေ့ လုပ်ငန်းများ ပါဝင်သည်။

“တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ သဘာဝ သယံဇာတ အရင်းအမြစ်တွေနဲ့ အခြေခံ အဆောက်အအုံတွေမှာ


အမေရိကန် ဒေါ်လာ ၈.၇ ဘီလျံကျော် မြှုပ်နှံထားတဲ့ အတွက် မြန်မာနိုင်ငံကို တည်တည်ငြိမ်ငြိမ် ဖြစ်စေချင်မှာပါ”
ဟု ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာ လေ့လာမှုအဖွဲ့မှ သုတေသနပညာရှင် Medha Chaturvedi က
ပြောကြားခဲ့သည်။

တရုတ်အစိုးရသည် မြန်မာစစ်အစိုးရအား ထောက်ခံကာ ရင်းရင်းနှီးနှီး ဆက်ဆံနေသည့်အတွက်


အနောက်နိုင်ငံများ၏ ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသော်လည်း တရုတ်နိုင်ငံသည် ထိုင်းနှင့် စင်္ကာပူ
ပြီးလျှင် မြန်မာနိုင်ငံ၏ တတိယ အကြီးဆုံး ကုန်သွယ်ဘက် နိုင်ငံဖြစ်သည်။ အိန္ဒိယက တရုတ် နောက်မှကပ်လျက်
လိုက်နေသည်။

Source:http://www.mizzimaburmese.com/news/2010-election/6026-2010-09-13-18-58-01.html
မြို့နယ်အလိုက် မဲပေးမည့် လူဦးရေစာရင်း ကောက်ခံ
NEJ / ၁၃ စက်တင်ဘာ ၂၀၁၀

ရန်ကုန်တွင် မြို့နယ်အလိုက်မဲပေးမည့် လူဦးရေစာရင်းများကို စက်တင်ဘာ ဒုတိယပတ်မှ


စတင်ကောက်ခံနေပြီဖြစ်သည်။

အဆိုပါ စာရင်းကောက်ယူမှုကို သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ရပ်ကွက်အေးချမ်းသာယာရေးနှင့်


ဖွံ့ဖြိုးရေးကောင်စီရုံးများက ကောက်ခံခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ခံများထံမှ သိရသည်။

စာရင်းကောက်ခံရာတွင် မိသားစုအရေအတွက်၊ နေထိုင်သည့်လမ်း၊ ရပ်ကွက်၊ အသက်၊ အလုပ်အကိုင်၊


ပညာအရည်အချင်း၊ ရန်ကုန်တွင် လက်ရှိနေမနေ၊ နိုင်ငံရပ်ခြားတွင်ရှိမရှိ စသည်တို့ကို တိတိကျကျ
စာရင်းကောက်ခံခြင်းဖြစ်ကြောင်း ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်း၊ စံပြငါးဈေးအနီးတွင် နေသူတဦးက
ပြောသည်။

“ကျနော်တို့ကို ရယက ကပြောတာတော့ မဲပေးရတော့မှာမို့လို့တဲ့” ဟု ၎င်းက ပြောသည်။

စမ်းချောင်းမြို့နယ်တွင်လည်း အလားတူ လူဦးရေစာရင်းများကို ကောက်ခံနေကြောင်း သိရပြီး


အိမ်ငှားနေထိုင်သူများလည်း ငှားရမ်းနေထိုင်ရာ မြို့နယ်အလိုက် မဲပေးရမည်ဖြစ်ကြောင်း သိရသည်။

အခြေခံလူဦးရေစာရင်း ကောက်ခံပြီးပါက မဲပေးခွင့်ရမည့်သူများ စာရင်းကို သက်ဆိုင်ရာရပ်ကွက် ရယက


ရုံးများတွင် ကြေညာပေးထားမည်ဟု ဗဟန်းမြို့နယ် မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
တာဝန်ရှိသူက ပြောသည်။

ယခု စာရင်းကောက်ခံခြင်း ပြုလုပ်ရာတွင် မည်သည့်ဖိအားပေးခြင်းမျိုးမှ မတွေ့ရသော်လည်း ပြီးခဲ့သည့်


လများအတွင်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)က ရန်ကုန်မြို့ခံများအား ၎င်းတို့ပါတီသို့
အတင်းဝင်ခိုင်းမှုများ ရှိခဲ့သည့်အတွက် ပြည်သူတို့က မနှစ်သက်ကြကြောင်း သိရသည်။

ရန်ကုန်တိုင်း သာကေတမြို့နယ်တွင်နေထိုင်သူ သမိုင်းအဓိက တက္ကသိုလ်ကျောင်းသားတဦးက “ကြံ့ဖွံ့က


ပါတီဝင်လျှောက်လွှာပေါ်မှာ ကျနော့်အဒေါ်ကို လက်မှတ် အတင်းထိုးခိုင်းတယ်၊ ကျနော့်အဒေါ်က စက်ချုပ်တာ၊
သူက နိုင်ငံရေးလည်းမသိဘူး။ ကျနော်က မထိုးနဲ့ပြောလို့ ကြံ့ဖွံ့ကလူတွေနဲ့ ကျနော်နဲ့
မကြည်မလင်ဖြစ်ရသေးတယ်။ လက်မှတ်တော့ ထိုးလိုက်ရတာပေါ့ဗျာ။ ကျနော်က (၂၁) နှစ်ပါ၊ ကျနော်လည်း
မဲပေးရမှာလေ ” ဟု ပြောသည်။

ရန်ကုန်မြို့တွင် အိမ်ထောင်စုအလိုက် မဲပေးရမည့်သူများကို စာရင်းကောက်ခံနေသကဲ့သို့ မဲပေးရမည့်အရွယ်


ရှိသူများ (အသက်၁၈ နှစ်ပြည့်ပြီး) သူများကိုပါ ကြံ့ဖွံ့ပါတီဝင်အဖြစ် တပါတည်းစည်းရုံး
လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရသည်။

လသာမြို့နယ်တွင် နေထိုင်သူ ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတဦးကမူ “ကြံ့ဖွံ့မတရားဘူးဆိုတာ ပြောစရာ


စကားလုံးမရှိတော့ဘူး။ ပြောနေလည်း အပိုပဲ။ အားလုံးနားလည်ရမှာက ရွေးကောက်ပွဲမှာ မဲမပေးဘဲ
နေလို့ရတယ်။ တကယ်လို့ မဲပေးရင်လည်း ကိုယ်နေတဲ့မြို့နယ်မှာ ဘယ်ပါတီက ပြိုင်မှာလည်းဆိုတာကို ကြည့်ပြီး
ကြံ့ဖွံ့ပါတီကလွဲရင် ကျန်တဲ့ပါတီတွေကို မဲပေးဖို့ ကျမတော့ စဉ်းစားထားတယ်” ဟု ပြောဆိုသည်။
ရန်ကုန်တွင် ကြံ့ဖံွ့ပါတီမှ ကိုယ်စားလှယ်ပေါင်း (၁၄၀) ခန့် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ မြို့နယ်တိုင်းတွင် လမ်းများကို
ခင်းပေးမည်ဟုဆိုကာ ကြံ့ဖွံ့ပါတီက စည်းရုံးရေးများ ပြုလုပ်နေကြောင်း ရန်ကုန်သတင်းရပ်ကွက်မှ သိရသည်။

“လမ်းခင်းပေးမယ်၊ ပါတီဝင်ပါလို့ပြောပြီးမှ လမ်းခင်းပေးတာလေ၊ ဒီလိုကိစ္စမျိုးကို ကျနော်တို့အနေနဲ့


မနှစ်သက်ဘူး။ အစိုးရဆိုတာ လမ်းကို ခင်းကိုခင်းပေးရမယ့် ကိစ္စပဲ။ အခုမှ ပါတီထောင်ပြီးတော့ မဲရအောင်
လမ်းခင်းပေးမယ်ဆိုတော့ဗျာ ကျနော်တော့ မ၀င်ဘူး” ဟု ဗဟန်းမြို့နယ်မှ ပြည်သူတဦးက ပြောကြားသည်။

Source:http://khitpyaing.org/index.php?route=detail&id=4451

ကော်မရှင်အဆင့်ဆင့် ဘက်လိုက်မှုရှိ
မျိုးဝင်းဇော် / ၁၃ စက်တင်ဘာ ၂၀၁၀

နအဖစစ်အစိုးရ၏ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်သည် နိုင်ငံရေးပါတီများနှင့် ဆက်ဆံရာတွင် ကြံ့ဖွံ့နှင့်


တစည ပါတီတို့ကို ကူညီပံ့ပိုးမှုများ လုပ်ပေးနေသော်လည်း အခြားပါတီများကို ကူညီမှုမရှိကြောင်း
နိုင်ငံရေးပါတီများထံမှ သိရသည်။

လွှတ်တော်အမတ်လောင်းများ အမည်စာရင်းတင်သွင်းမှုနှင့် ပတ်သက်ပြီး ဒီမိုကရက်ပါတီ (မြန်မာ) ဥက္ကဋ္ဌ


ဦးသုဝေက ၎င်းတို့အနေဖြင့် အမတ်လောင်းစာရင်း တင်သွင်းရေးကိစ္စ ကော်မရှင်က ကြေညာချက်ထုတ်သည့်
သြဂုတ်လ (၁၆) ရက်နေ့မှစပြီး ကြိုးစားခဲ့ကြောင်း၊ သက်ဆိုင်ရာ မြို့နယ် မယက က ကိုယ်ပြိုင်မည့် မြို့နယ်သို့
အိမ်ထောင်စုစာရင်း အထွက်- အဝင် လုပ်ရမည်ဆိုခြင်းကြောင့် ညွှန်ကြားချက်အတိုင်း တနေရာပြီး တနေရာ
တဆင့်ပြီး တဆင့် တရက်ပြီး တရက် သွားရောက်လုပ်ကိုင်ခဲ့ရကြောင်း၊ အမတ်လောင်းစာရင်း တင်ခါနီး သြဂုတ်လ
(၂၈) ရက်နေ့အထိ ပြီးပြတ်ခြင်း မရှိကြောင်း၊ အဆိုပါကိစ္စ ခရိုင်ကော်မရှင်ကို တင်ပြသည့်အခါ အဆိုပါအဆင့်များ
လုပ်ရန်မလိုဟု ပြောကြောင်း၊ မိမိအနေဖြင့် ရက်ပေါင်းများစွာ အချိန်ကုန် အခက်အခဲ ဖြစ်ခဲ့ရကြောင်း ပြောသည်။

အလားတူ အခက်အခဲမျိုး အခြား နိုင်ငံရေးပါတီများလည်း ကြုံတွေ့နေကြသော်လည်း တစညနှင့် ကြံ့ဖွံ့


အမတ်လောင်းအချို့အား မေးကြည့်ရာတွင်မူ ၎င်းတို့ကို ကော်မရှင်က အပြည့်အဝ ကူညီကြောင်း၊
မည်သည့်အခက်အခဲမှ မကြုံရကြောင်း ပြောဆိုကြသည်။

ရန်ကုန်တိုင်း ကြံ့ဖွံ့ပါတီနှင့် တစည အမတ်လောင်းများထံတွင် တတိုင်းလုံး၌ ဝင်ပြိုင်မည့် ပါတီနှင့် အမတ်လောင်း


စာရင်းများ၊ မည်သူက မည်သည့်မဲဆန္ဒနယ်မြေတို့မှ ဝင်ပြိုင်မည် စသည့် အသေးစိတ် စာရင်းဇယားများ
လက်ဝယ်ရရှိထားကြသော်လည်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ပါတီအများစုမှာ ယခုကဲ့သို့ စာရင်းမျိုး မရရှိကြကြောင်း၊ ၎င်းတို့
တဦးချင်းအနေဖြင့် ခရိုင်ရုံးများသို့ သွားကြည့်သော်လည်း တခရိုင်စာ ပြန့်ကျဲနေသော အမည်စာရင်းတို့ကိုသာ
တွေ့ရကြောင်း ပါတီအသီးသီးထံမှ သိရှိရသည်။

ယခုကဲ့သို့ သတင်းအချက်အလက် ရရှိမှု မညီမျှသည့်အတွက် ကြံ့ဖွံ့ပါတီနှင့် တစညပါတီတို့က


အခြားပြိုင်ဘက်ပါတီများနှင့် ပတ်သက်သည့် အချက်အလက်များကို ကြိုတင်သိရှိကာ ပြင်ဆင်မှုများ
ပြုလုပ်နိုင်သည်ဟု အခြားပါတီများက ထောက်ပြပြောဆိုမှုများလည်း ရှိနေသည်။

ပြီးခဲ့သည့် သြဂုတ် (၂၈) ရက်တွင် နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ သွားရောက်ခဲ့သည့်


ကချင်နိုင်ငံရေး ခေါင်းဆောင်တဦးက “ကျနော်ရှိနေတုန်း အဲဒီရုံးမှာ အနယ်နယ် အရပ်ရပ်က
ကိုယ်စားလှယ်လောင်း စာရင်းတွေ ဖက်စ်နဲ့ပို့တာကို လက်ခံနေတာ တွေ့ခဲ့ရတယ်။ ဆိုလိုတာ မြန်မာနိုင်ငံ
ဘယ်နေရာ ဘယ်မဲဆန္ဒနယ်မှာ ဝင်ပြိုင်မယ့်သူ မရှိဘူးလဲ၊ ကြံ့ဖွံ့က သူတို့ အမည်စာရင်း သွင်းလိုက်ရုံပဲ။ အဲဒီ
အမတ်လောင်းဟာ ပြိုင်ဘက်မရှိတော့ ပြိုင်စရာမလိုဘဲ အမတ်လောင်း ဖြစ်သွားပြီလေ” ဟု ပြောသည်။

Source:http://khitpyaing.org/index.php?route=detail&id=4453

ဖားကန့်မြေအမှု အကျိုးဆောင် ကချင်အမျိုးသမီး NDF မှဝင်ပြိုင်


ခိုင်စု | တနင်္လာနေ့၊ စက်တင်ဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၂၄ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ လယ်ယာခြံမြေ အသိမ်းခံများအရေး ကူညီနေသည့် ဒေါ်လဗျောင်ဘောက်ဂျာက


အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ကိုယ်စားပြုကာ ပြည်သူ့လွှတ်တော်အတွက် ဖားကန့်မှ
ဝင်ပြိုင်မည်ဖြစ်သည်။

“ကျမတို့ တောင်သူလယ်သမားတွေ ဘဝ နိမ့်ကျသထက် နိမ့်ကျနေတာတောင် လုပ်ပေးမယ့်သူ မရှိဘူးလေ။


အဲဒါကြောင့် ကျမက သူတို့အတွက် တဒေါင့်တနေရာက လုပ်ပေးရအောင်ဆိုတဲ့ စိတ်ကူးနဲ့ ဝင်ဖြစ်သွားတာပါ” ဟု
ဒေါ်လဗျောင် ဘောက်ဂျာ (Labyaung Bawk Jar) က မဇ္ဈိမကို ပြောသည်။

သူ၏ ပြိုင်ဘက်မှာ ကြံ့ဖွံ့ပါတီမှ ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီမှ


ဦးမောင်မောင်အေးတို့ ဖြစ်သည်။

’’ဖားကန့်က ဒေါ်ဘောက်ဂျာကို လက်ခံတဲ့ အကြောင်းက ဒေသခံလည်း ဖြစ်တယ်။ ပါတီ ဗဟိုအဖွဲ့ တည်ထောင်သူ


တဦး ဖြစ်တဲ့အပြင် မန္တလေးတိုင်း အဖွဲ့ဝင်လည်းဖြစ်တဲ့ ရှေ့နေ
ဦးမြင့်သွင် ကချင်ပြည်နယ်ဘက် တက်သွားပြီး
ဆက်သွယ်တဲ့အခါ သူ့ကို ရလာတာ။ သူတို့ကလည်း
စိတ်ဝင်စားတော့ လက်ခံလိုက်တာပါ’’ ဟု NDF ဥက္ကဋ္ဌ
ဦးခင်မောင်ဆွေက ပြောသည်။

စစ်အစိုးရနှင့် နီးစပ်သည့် ဦးဌေးမြင့်၏ ယုဇနကုမ္ပဏီက


ဖားကန့်ဒေသ ဟူးကောင်း တောင်ကြားမှ ဘိုးစဉ်ဘောင်ဆက်
လုပ်ကိုင်လာသည့် ဥယျာဉ်ခြံနှင့် လယ်ယာမြေဧက ၄ သိန်းခန့်ကို ပီလောပီနံနှင့် ကြံစိုက်ပျိုးရန် ၂ဝဝ၆ က
စသိမ်းခဲ့ရာ ကချင်လယ်သမား ၁၇ ဦးက နစ်နာမှုအတွက် လျော်ကြေးရလိုကြောင်း တရားရုံးချုပ်တွင်
တရားစွဲဆိုရာ၌ ဒေသခံများဘက်မှ ဒေါ်ဘောက်ဂျာ လိုက်ပါကူညီနေသည်။

ရွေးကောက်ပွဲနိုင်လျှင် မူလတန်း အခမဲ့ ပညာသင်စနစ် ထူထောင်ရေး၊ အရည်အချင်းပြည့် ဆရာများ ခန့်ထားရေး၊


စိုက်ပျိုးရေးတွင် ခေတ်မီစိုက်ပျိုးနည်း သင်တန်းများ၊ စက်ကိရိယာများ အသုံးပြုရေး လွှတ်တော်တွင်
တောင်းဆိုသွားမည်ဟု ဒေါ်ဘောက်ဂျာက ပြောသည်။

“ရန်ကုန်နဲ့ မန္တလေးက လူတွေလောက်ပဲ အဆင်ပြေပြေ နေနိုင်တာလေ။ ကျမတို့ဒေသတွေက တကယ့်ကို


ခေါင်းပါးတယ်၊ ချောင်ထိုးထားခံရတယ်၊ သူတို့ဘဝ တန်းတူအခွင့်အရေးရအောင် ကြိုးစားပေးချင်တာ” ဟု သူက
ပြောသည်။

“ဒေသဖွံ့ဖြိုးရေးအတွက်ဆိုပြီး လုပ်တယ်။ ကျမတို့ ဒေသရော၊ တိုင်းပြည်ရော ဖွံ့ဖြိုးလာတာ မတွေ့ရဘူး။


နောက်ဆုံးတော့ သယံဇာတကုန်၊ သဘာဝပတ်ဝန်းကျင်ပျက်စီးတာပဲ အဖတ်တင်တယ်” ဟုလည်း ဆိုသည်။

ဥယျာဉ်ခြံမြေ အသိမ်းခံရသည့် အောင်ရာကျေးရွာမှ ဒေသခံ အမျိုးသမီးတဦးက’’ တောင်သူတွေနဲ့ ကလေးတွေရဲ့


ပညာရေး၊ ကျန်းမာရေးကို လုပ်ပေးနိုင်မယ်လို့ ယုံကြည်တယ်။ ယုံကြည်အောင်လည်း သူက ခွန်အားပေးတယ်။
အခု နီးစပ်ရာ လူတွေကို ပြောတဲ့အခါမှာ အားရဝမ်းသာ ထောက်ခံကြတယ်။ လက်ရှိအစိုးရကို မလိုလားဘူးလေ။
အဲဒါကြောင့် ကြံ့ခိုင်ရေးကို မကြိုက်ဘူး’’ ဟု မဇ္ဈိမကို ပြောသည်။

သမိုင်းဘာသာဖြင့် ဘွဲ့ရသည့် ၄၅ နှစ်အရွယ် ဒေါ်ဘောက်ဂျာ ခေါ် လွမ်းညွယ် (Lum Nyoi) သည် မိုးညှင်းခရိုင်
အင်းတော်ကြီး ဇာတိဖြစ်သည်။ လွန်ခဲ့သည့် ၁ဝ နှစ်ခန့်က ဖားကန့်သို့ ပြောင်းလာကာ ရွှေတူးလုပ်ငန်း လုပ်ခဲ့ပြီး
ယခုအခါ ဝါရာဇွတ်ကျေးရွာအုပ်စု အောင်ရာရွာ၌ ကိုယ်ပိုင်ဆေးဆိုင် ဖွင့်ထားသည်။

Source:http://www.mizzimaburmese.com/news/2010-election/6025----ndf-.html

တိုင်းရင်းသားတွေနဲ့ စစ်အစိုးရ ပြေလည်ဖို့ တရုတ်လိုလား


မြန်မာနယ်စပ်မှာ အစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို တရုတ်အစိုးရက ထောက်ခံမှာ မဟုတ်ဘူးလို့
တရုတ်သမ္မတက ပြောကြားလိုက်တာဟာ တိုင်းရင်းသား အင်အားစုတွေ အပေါ်မှာ စစ်အစိုးရ အနေနဲ့ ထင်သလို
နှိပ်ကွပ်ဖို့ မီးစိမ်းပြလိုက်တာလို့ မယူဆနိုင်တဲ့အကြောင်း မြန်မာ့နိုင်ငံရေး ကျွမ်းကျင်သူ ပါမောက္ခ ဒေးဗစ်
စဆိုင်းဘာ့ဂ် (David Steinberg) က ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့အပတ်က တရုတ်နိုင်ငံကို ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ သွားရောက်ခဲ့စဉ်အတွင်း တရုတ်သမ္မတက အဲဒီလို ပြောကြားခဲ့တယ်ဆိုပြီး မြန်မာစစ်အစိုးရ
သတင်းစာတွေထဲမှာ အထင်အရှား ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ပါမောက္ခ
စတိုင်းဘတ်ကို ဆက်သွယ် မေးမြန်းထားတဲ့ ဦးဝင်းမင်းက တင်ပြပေးထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တရုတ်ခရီးစဉ် အပြီးမှာ တရုတ်အစိုးရဘက်က နယ်စပ်ရှိ မြန်မာအစိုးရ


ဆန့်ကျင်သူများကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တယ်လို့ အစိုးရ သတင်းစာတွေမှာ ဖော်ပြခဲ့ပါတယ်။
တနင်္ဂနွေနေ့ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာတွေထဲမှာ တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) က
နယ်စပ်ဒေသတွေမှာ မြန်မာအစိုးရကို ဆန့်ကျင်မယ့် လှုပ်ရှားမှုများနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်စေမယ့်
လုပ်ရပ်တွေကို လုပ်မယ့် ဘယ်အဖွဲ့အစည်းကိုမဆို လက်ခံမှာ၊ ထောက်ခံမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ကြောင်း
ဖော်ပြထားပါတယ်။

အခုလို မြန်မာ ထိပ်ဆုံးခေါင်းဆောင်ရဲ့ တရုတ်ပြည် ခရီးစဉ်မှာ တရုတ်၊ မြန်မာ နယ်စပ်ဒေသက အစိုးရ


ဆန့်ကျင်ရေး လှုပ်ရှားမှုတွေအကြောင်း သတင်းစာရဲ့ ခေါင်းကြီးပိုင်းမှာ ဖော်ပြတာက ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ပါတယ်။
ဘာကြောင့်မို့ အခုလို အလေးအနက်ထားပြီး ဖော်ပြရပါလဲလို့ အမေရိကန်နိုင်ငံ ဂျော့ခ်ျတောင်း တက္ကသိုလ်က
မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ ဒေးဗစ် စတိုင်းဘာ့ဂ်ကို မေးကြည့်ခဲ့ပါတယ်။ သူက အခုလို ဖော်ပြရတာဟာ
နယ်စပ်က အဖွဲ့တွေကို သူတို့အနေနဲ့ တရုတ်ကို အားကိုးလို့ မရဘူးလို့ သတိပေးလိုက်တာလို့ အခုလို
ပြောပါတယ်။
Georgetown.edu

မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ ဒေးဗစ် စတိုင်းဘာ့ဂ်။

“မြန်မာအစိုးရဘက်က ဒီသတင်းကို သူတို့ရဲ့ သတင်းစာထဲမှာ ဖော်ပြလိုက်တာဟာ တိုင်းရင်းသား တပ်ဖွဲ့တွေ


အနေနဲ့ မြန်မာအစိုးရနဲ့ သဘောတူညီမှု မရရင် တရုတ်အစိုးရရဲ့ အကူအညီရဖို့ အားကိုးလို့မရဘူး ဆိုတာ
ပြောချင်လို့ ဖြစ်ပါတယ်။”

အခုလို သတိပေးလိုက်တာဆိုရင် မြန်မာအစိုးရရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ရေး အစီအစဉ်ကို လက်မခံတဲ့


အပစ်အခတ်ရပ် တိုင်းရင်းသား အဖွဲ့တွေကို မြန်မာအစိုးရ အနေနဲ့ လုပ်ချင်တိုင်း လုပ်လို့ရတယ်လို့
တရုတ်အစိုးရက မြန်မာအစိုးရကို အားပေးလိုက်တယ်လို့ ယူဆနိုင်ပါသလားလို့ မေးခဲ့ပါတယ်။ ပါမောက္ခ
စတိုင်းဘာ့ဂ်က အဲဒီလို သူ မထင်ဘူး၊ တရုတ်သမ္မတက အခုလို ပြောလိုက်တာက တရုတ်နယ်စပ်မှာ
တည်ငြိမ်မှုရှိဖို့ အဓိက ပြောလိုတာ ဖြစ်တယ်လို့ အခုလို ပြောပါတယ်။

“တရုတ်အနေနဲ့ သူ့နယ်စပ်မှာ တည်ငြိမ်မှုရှိဖို့ လိုတယ်။ ဒီနယ်စပ်မှာ ၀၊ အထူးသဖြင့် ကချင်တို့ရဲ့ လှုပ်ရှားမှုတွေ


ဖြစ်လာရင် တရုတ်ရဲ့ အကျိုးစီးပွားကို ထိခိုက်သွားနိုင်တယ်။ မြောက်ကိုရီးယားမှာရော မြန်မာပြည်မှာပါ တရုတ်ရဲ့
အကျိုးစီးပွားဟာ အတူတူပါပဲ။ အဲဒါက တည်ငြိမ်ရေးပါ။ ဒုက္ခသည်တွေ ထွက်လာတာ မလိုချင်ဘူး။
ဒီတည်ငြိမ်မှုရှိဖို့က တရုတ်အတွက် အရမ်း အရေးကြီးပါတယ်။

“မြန်မာနယ်စပ်ကနေ ပိုက်လိုင်း ၂ ခု ဖြတ်ဖို့ ရှိပါတယ်။ ကချင်မှာဆို ဆည်တွေ တည်ဆောက်ဖို့ ရှိပါတယ်။


တိုင်းရင်းသား ပြဿနာကြောင့် မတည်ငြိမ်မှုတွေ ဖြစ်လာရင်၊ တိုက်ပွဲတွေ ပြန်ပြီး ဖြစ်လာရင် ဒီလုပ်ငန်းတွေကို
ထိခိုက်သွားနိုင်တယ်။ ဒါကြောင့် ဒီလို မတည်မငြိမ် ဖြစ်လာမှာကို တရုတ်အစိုးရက လုံးဝ မလိုလားပါဘူး။”

အဲဒီလို တည်ငြိမ်မှုရအောင် တရုတ်က ဘယ်လို ကြိုးစားနေပါသလဲ ဆိုတာကိုတော့ တရုတ်အနေနဲ့ ကြားထဲက


ဝင်ပြီး ညှိနှိုင်းထားတဲ့ အဖြေတခုရဖို့ ကြိုးစားနေတယ်လို့ ပါမောက္ခ စတိုင်းဘာ့ဂ်က ဆက်ပြောပါတယ်။

“ကျနော်နဲ့ အဆက်အသွယ်ရှိတဲ့ တရုတ်သတင်းရပ်ကွက်တွေ အဆိုအရတော့ တရုတ်အစိုးရ အနေနဲ့


မြန်မာအစိုးရနဲ့ တိုင်းရင်းသားတပ်တွေ အကြား အပေးအယူ ညှိနှိုင်းထားတဲ့ သဘောတူညီချက်မျိုး ရလာဖို့
ကြားက၀င် ကြိုးစားပေးနေတယ် ဆိုတဲ့ အချက်ပါပဲ။”

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် အိန္ဒိယလို အိမ်နီးချင်း အင်အားကြီးနိုင်ငံ တခုကို လည်ပတ်အပြီး မကြာခင်မှာပဲ


အခု တရုတ်လို အင်အားကြီးတဲ့ နိုင်ငံတခုကို ထပ်လည်ပတ်လိုက်တာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အခုလို
လည်ပတ်တာဟာ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၇ ရက် လုပ်မယ့် ရွေးကောက်ပွဲ မလုပ်ခင်နဲ့လည်း တိုက်ဆိုင်နေတာမို့
ရွေးကောက်ပွဲကို တရုတ်နိုင်ငံ အနေနဲ့ ထောက်ခံပေးဖို့ ဗိုလ်ချုပ်မှူးကြီးက ကြိုးစားခဲ့ပုံ ရပါတယ်။
တရုတ်ဘက်ကတော့ နိုင်ငံတကာ အနေနဲ့ ရွေးကောက်ပွဲကို မဝေဖန်ကြဖို့ တရားဝင် ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲကို မြန်မာအစိုးရ အနေနဲ့ အဆင်ပြေ အောင်မြင်အောင်


ဆောင်ရွက်နိုင်မယ်လို့ တရုတ်သမ္မတက ယုံကြည်ကြောင်း မြန်မာအစိုးရ သတင်းစာမှာ ဆက်ဖော်ပြခဲ့ပါတယ်။
မနေ့က မြန်မာအစိုးရထုတ် သတင်းစာတွေထဲမှာလည်း တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် (Wen Jiabao) နဲ့
တွေ့ရာမှာ နှစ်နိုင်ငံ စီးပွားရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုမရှိအောင်
လုပ်ဆောင်သွားမယ်လို့လည်း သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

အခုလိုပြောတာကို ဘယ်လို ယူဆနိုင်ပါသလဲလို့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်နေတဲ့ Earth Rights


International အဖွဲ့က ကိုကဆောဝါးကို မေးကြည့်တော့ သူက ပါးစပ်က အခုလိုပြောတာတော့ ကောင်းပါတယ်၊
ဒါပေမဲ့ လက်တွေ့မှာတော့ စောင့်ကြည့်ရမယ့် ကိစ္စပါလို့ ဆိုပါတယ်။

“တရုတ်အစိုးရရော၊ မြန်မာပြည် အစိုးရရော ဒီလိုအမြင်တွေ ရှိတာက ကျနော်တို့အတွက် ကောင်းတယ်လို့တော့


ယူဆပါတယ်။ ဒါပေမဲ့ ဒေသတခုမှာ သူတို့က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှု လုပ်ငန်းတွေ လုပ်သွားမယ်၊
သဘာဝ ပတ်ဝန်းကျင် မပျက်စီးအောင် သူတို့ ကြိုးစားသွားမယ်လို့ ပြောရုံသက်သက်ပဲ ရှိပြီးတော့ လက်တွေ့မှာ
မလုပ်ခဲ့တာကိုလည်း ကျနော်တို့ တွေ့မြင်နေရပါတယ်။ ကချင်ပြည်နယ်မှာပဲဖြစ်ဖြစ်၊ တခြားဒေသမှာပဲဖြစ်ဖြစ်
သူတို့လုပ်ခဲ့တာ သဘာဝ ပတ်ဝန်းကျင်ကို ဂရုစိုက်မှု မရှိဘဲ သဘာဝ ပတ်ဝန်းကျင် ပျက်စီးနေတာ ကျနော်တို့
မြင်တွေ့ရပါတယ်။”

တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေဟာ ၁၉၉၀ နှစ်တွေနဲ့စာရင် အခု အဆပေါင်းများစွာ


တိုးတက်ခဲ့တာ ဖြစ်ပါတယ်။

Source:http://www.voanews.com/burmese/news/china-myanmar-102825944.html

မြန်မာနှင့် ချစ်ကြည်ရင်းနှီးစွာ ဆောင်ရွက်ရန် တရုတ်ကတိပြု


ပေါက်ပေါက် / ၁၀ စက်တင်ဘာ ၂၀၁၀

သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်နှင့် သယ်ယူပို့ဆောင်ရေးကဲ့သို့


စီမံကိန်းကြီးများအား အတူတကွ ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံရေးအရ
အပြန်အလှန်ယုံကြည်မှုများ တိုးမြှင့်နိုင်ရေးအတွက် မြန်မာအစိုးရနှင့် အတူတကွ
လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ်အစိုးရက ကတိပြုလိုက်သည်။

တရုတ်နိုင်ငံကို (၅) ရက်ကြာ အလည်အပတ်ခရီးရောက်ရှိနေသည့်


နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တရုတ်ဝန်ကြီးချုပ်
မစ္စတာဝမ်ကျားပေါင်၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ
ဥက္ကဋ္ဌ မစ္စတာ ဝူပန်ကော တို့ တွေ့ဆုံစဉ်အတွင်း တရုတ်အစိုးရက ယခုကဲ့သို့
ကတိပြုလိုက်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

တိဗက်-ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ မြန်မာအစိုးရက တရုတ်ဘက်မှ


ရပ်တည်မှုအပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာ့နိုင်ငံရေးအခြေအနေနှင့်အညီ
မြန်မာလူထုက ရွေးချယ်ဆောင်ရွက်နေသည့် နိုင်ငံရေး ဖြစ်ထွန်းမှုကိုလည်း အသိအမှတ်ပြုပါကြောင်း မစ္စတာ ဝူက
ပြောဆိုခဲ့သည်။

ယခုနှစ်နှောင်းပိုင်း ရွေးကောက်အပြီးပေါ်ထွက်လာမည့် အစိုးရသစ် လက်ထက်တွင်လည်း တရုတ်အစိုးရနှင့်


ဆက်ဆံရေးသည် အစဉ်အမြဲ ကောင်းမွန် တိုးတက်နေမည်သာ ဖြစ်ကြောင်း၊ တရုတ်သည် မြန်မာ၏ အရေးပါဆုံး
အိမ်နီးချင်းဖြစ်ပြီး တရုတ်တနိုင်ငံတည်း ပေါ်လစီကို မြဲမြံစွာ ကိုင်စွဲသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက
ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ယခုနှစ် မတ်လမှ ဇူလိုင်လအတွင်း ရေအားလျှပ်စစ်ကဲ့သို့ စွမ်းအင်ကဏ္ဍ၌ အမေရိကန် ဒေါ်လာ


(၅) ဘီလီယံကျော် ထပ်မံရင်းနှီးမြှုပ်ခဲ့ရာ စွမ်းအင်ကဏ္ဍတခုတည်း၌ (၆.၄) ဘီလီယံ ရှိပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ကမ်းလွန်မှ သဘာဝဓာတ်ငွေ့နှင့် အာရှအလယ်ပိုင်းမှ ရေနံများ တရုတ်ပြည်သို့ သယ်ယူရေးအတွက်


ပိုက်လိုင်းဖောက်လုပ်ရေး စီမံကိန်း၊ မြစ်ဆုံရေကာတာ ရေအားလျှပ်စစ်စီမံကိန်း၊ တရုတ်နှင့် မြန်မာဆက်သွယ်မည့်
မီးရထားလမ်းဖောက်လုပ်ရေး စသည့် စီမံကိန်းလုပ်ငန်းများတွင်လည်း တရုတ်က ရင်းနှီးမြှုပ်နှံ
လုပ်ဆောင်နေသည်။

ယခုကဲ့သို့ တရုတ-် မြန်မာအစိုးရအကြား ရင်းနှီးစွာဆက်ဆံနေမှုသည် ယခင်ကထက် ပိုမိုပြီး အထူးတလည်


တိုးတက် လာခြင်းမျိုးမဟုတ်ဘဲ တဖက်နှင့်တဖက် အပြန်အလှန် အကျိုးစီးပွားအရ
ဆက်ဆံနေခြင်းသာဖြစ်ကြောင်း တရုတ်-မြန်မာနယ်စပ် နိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

“သံတမန်စကားအရ ပြောကြတာ ဆိုကြတာတော့ ရှိတာပေါ့ဗျာ။ တကယ်တော့ အပြန်အလှန်


အကျိုးစီးပွားတွေအတွက် ဆက်ဆံနေတာပေါ့။ နိုင်ငံတကာအခြေအနေအရ ဆက်ဆံနေရတာလည်း ရှိတယ်။
မြန်မာကတော့ တရုတ်ကို မှီခိုရတဲ့အပိုင်း ပိုတာပေါ့။ တရုတ်က ရင်းနှီးမြှုပ်နှံတဲ့အပိုင်းမှာ စွမ်းအင်တို့၊
ဓာတ်သတ္တုတို့မှာ လာရင်းနှီးမြှုပ်နှံတာက တရုတ်အစိုးရက အကျိုးရှိစေတာပေါ့။ ပိုက်လိုင်းလိုကျတော့
စောသေးတယ်။ အဲဒီအတွက် တရုတ်က ရင်တမမ ဖြစ်နေရမှာ” ဟု ပြောသည်။

တရုတ်နှင့် မြန်မာအစိုးရအကြား သံတမန်ဆက်ဆံရေးထူထောင်ခဲ့ခြင်း နှစ် (၆ဝ) ပြည့်မြောက်သည့်


ယခုနှစ်အတွင်း တရုတ်ဝန်ကြီးချုပ် မစ္စတာ ဝမ်ကျားပေါင်က မြန်မာနိုင်ငံသို့ ဇွန်လအတွင်းသွားရောက်ခဲ့ပြီး
တရုတ်သမ္မတ မစ္စတာ ဟူကျင်းတောင်၏ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တရုတ်ပြည်သို့
အပြန်အလှန် သွားရောက်ခဲ့ခြင်းဖြစ်သည်။

Source:http://khitpyaing.org/index.php?route=detail&id=4434

ဦးဝင်းတင် ကျန်းမာရေး ချို့ယွင်း


အသက် ၈၁ အရွယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်သည်
ကျန်းမာရေး ချို့ယွင်းနေသောကြောင့် ရန်ကုန်မြို့ အာရှတော်ဝင် ဆေးရုံ၌ ယမန်နေ့မှစတင်၍ ဆေးကုသမှု
ခံယူနေရကြောင်း ဦးဝင်းတင်၏ မိတ်ဆွေ ဦးမောင်မောင်ခင်က ဧရာဝတီသို့ ပြောသည်။
“ချောင်းဆိုးတာကတော့ နည်းနည်း
ကြမ်းနေသေးတယ်။ ဆရာဝန်တွေလာပြီး
စစ်ဆေးတဲ့ အခါကျတော့ တခြား
ရောဂါကတော့ မရှိဘူး။ အဲဒီ ချောင်းဆိုး
ရင်ကျပ်တာပဲ ရှိတယ်။ အဲဒါ နည်းနည်း
အချိန်ယူပြီးတော့ ဆေးရုံမှာ နေရမယ်” ဟု
၎င်းက ဆိုသည်။

ဦးဝင်းတင်သည် ယခင်က ချောင်းဆိုး၊ ရင်ကျပ်


ရောဂါအခံရှိပြီး ယခုရက်ပိုင်းအတွင်း

( -) အဆုတ်ဆရာဝန်နှင့် ဆက်လက်
ပြသရန်ရှိကြောင်း သိရသည်။

ဦးမောင်မောင်ခင်က “ချောင်းဆိုးတဲ့ အချိန်လေးပဲ၊ ကျန်တဲ့ အချိန်တွေမှာ စကားတွေဘာတွေလည်း


ပြောနိုင်ပါတယ်။ မျက်နှာလည်း ရွှင်ရွှင်လန်းလန်း ရှိပါတယ်” ဟု ပြောသည်။

၂၀၀၉ ခုနှစ် သြဂုတ်တွင်လည်း ဦးဝင်းတင်သည် နှလုံးနှင့်ပတ်သက်၍ အာရှတော်ဝင် ဆေးရုံသို့


တက်ရောက်ခဲ့ရပြီး နှလုံးအတွင်းသို့ စက်ထည့်သွင်းရန်အတွက် ခွဲစိတ်ကုသခဲ့ရဖူးသည်။

သတင်းစာဆရာတဦးလည်း ဖြစ်သော ဦးဝင်းတင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့ရာ


၁၉၈၉ ခုနှစ် ဇူလိုင်လတွင် စစ်အစိုးရက ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခြင်း ခံခဲ့ရပြီး ထောင်တွင်း၌ ၁၉ နှစ်
ကျော်နေခဲ့ရသည်။ ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် အင်းစိန်အကျဉ်းထောင်မှ ပြန်လည်
လွတ်မြောက်လာခဲ့သည်။

ထောင်မှ လွတ်မြောက်ပြီးနောက် အသက် ၈၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ယခုနှစ် မတ်လတွင် ထိုင်းနိုင်ငံ


အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) က ဦးဝင်းတင် ကိုယ်တိုင်
ရေးသားထားသော “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်ကို ထုတ်ဝေခဲ့သည်။

ဦးဝင်းတင်သည် ဂုဏ်သိက္ခာရှိပြီး ရဲရင့်သူတဦးဖြစ်ကြောင်း နိုင်ငံတ၀န်း ဒီမိုကရေစီရေး လှုပ်ရှားမှုများအတွင်း


ဒေါ်အောင်ဆန်းစုကြည်က မှတ်ချက်ပေးခဲ့ဖူးသည်။

ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကို ဂွီလာရ်မို ကာနို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆုနှင့် ကမ္ဘာ့


သတင်းစာများ အသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်းမခြား သတင်းထောက်များဖွဲ့နှင့် ပြင်သစ်
ဖောင်ဒေးရှင်းများက ပူးတွဲ၍ လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ခဲ့သည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/4047-2010-09-13-08-12-00

အဲပုဂံ လေယာဉ်သစ်ဝယ်ရန် ရွေးကောက်ပွဲကိုစောင့်

မြင့်မြင့် | တနင်္လာနေ့၊ စက်တင်ဘာလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၄၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အဲပုဂံလေကြောင်းက ယခုနှစ်ကုန်တွင် အေ ၃၂ဝ


အဲဘတ်စ်လေယာဉ်တစီး ထပ်ဝယ်မည့်ပုံရှိသည်ဟု အဲပုဂံ၏မိခင်ကုမ္ပဏီ
ထူးထရေဒင်းနှင့် နီးစပ်သူများထံက သိရသည်။

အချမ်းသာဆုံး မြန်မာစီးပွားရေးသမားတဦးဖြစ်သူ ဦးတေဇပိုင်


အဲပုဂံလေကြောင်းတွင် အေတီအာ ၇၂ လေယာဉ် သုံးစီး၊ ဖော်ကာ ၁ဝဝ
လေယာဉ် နှစ်စီး၊ ပျံသန်းခြင်းမပြုနိုင်ဘဲ မြေပြင်တွင် နားထားရသော
အဲဘတ်စ် အေ ၃၁ဝ နှစ်စင်းတို့ ရှိသည်။

နောက်ထပ် အဲဘတ်စ် အေ ၃၂ဝ တစီး ထပ်ဝယ်ရန် အသင့်ဖြစ်သော်လည်း


စဉ်းစားဆဲ ဟု သတင်းရင်းမြစ်များက ဆိုသည်။
အဲပုဂံလေကြောင်းအတွက်
လေယာဉ်သစ်ဝယ်ယူရန်
လေယာဉ်သစ် မဝယ်မီ ငွေဖော်ရန်အတွက် ရပ်ထားရသော အေ ၃၁ဝ
ရွေးကောက်ပွဲရလဒ် အခြေအနေကို
နှစ်စီးနှင့် ဖော်ကာ ၁ဝဝ နှစ်စီးကိုလည်း ရောင်းချင်သည်ဟု သိရသည်။
စောင့်ကြည့်
အခြား မြန်မာစီးပွားရေးသမားများကဲ့သို့ပင် ရွေးကောက်ပွဲ ရလဒ်
အခြေအနေကို စောင့်ကြည့်ချင်သည်ဟု လည်း ဆိုသည်။

ခြောက်နှစ်ဆက်တိုက် အဲပုဂံ အရှုံးပေါ်နေသော်လည်း အခြား လုပ်ငန်းများမှ ဝင်ငွေရမည် မှန်းထားသည်ဟု


ကုမ္ပဏီ အတွင်းသိ တဦးက ပြောသည်။

သို့သော် MAI လေကြောင်း၏ မြေပြင်ဝန်ဆောင်မှု လုပ်ငန်း ၃ဝ ရာနှုန်းကို အခြားသူများနှင့် ယှဉ်ပြိုင်ရန်မလိုဘဲ


ရထားသဖြင့် လေကြောင်း အရှုံးပေါ်နေသည်ကို ဦးတေဇ မမှုဟု ဆိုသည်။

အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှု ခံနေရသော်လည်း လေယာဉ် အပိုစ္စည်းများကို ဈေးပိုပေးကာ အခြားကုမ္ပဏီတခု


နာမည်သုံးပြီး စင်္ကာပူမှ ပုံမှန်ဝယ်ယူနေသည်။

အဲပုဂံ၏ အခြားအဲဘတ်စ် အေ ၃၁ဝ နှစ်စီးမှာမူ ယခင်နှစ် အနည်းငယ်ကတည်းက မင်္ဂလာဒုံလေဆိပ်တွင်


ရပ်ထားရသည်။

လေကြောင်း ပျံသန်းရေး ဝန်ထမ်းတဦး အဆိုအရ တရုတ်နိုင်ငံမှ ကုန်တင်လေယာဉ် အဲဘတ်စ်များကို ဝယ်ယူခဲ့ပြီး


ခရီးသည်တင်အဖြစ် ပြန်ပြောင်းခဲ့ခြင်းကြောင့် အာမခံကုမ္ပဏီများ လက်ရှောင်နေသဖြင့် တခါမှ မပျံနိုင်ခဲ့ဟု
သိရသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လမ်းညွှန်ချက်ဖြင့် ထိုလေယာဉ်များ ဝယ်ခဲ့မိသောကြောင့် ဆုံးရှုံးမှုအတွက်


အခွင့်အလမ်းများ ပြန်ရခဲ့သည်ဟု သူက ဆိုသည်။

` ဒီလေယာဉ်တွေက ပျံလို့မရဘဲ ရန်ကုန်လေဆိပ်မှာ ဒီတိုင်းရပ်ထားရတော့ ဦးတေဇက ငိုပြီး လျော်ကြေး


ပြန်တောင်းတယ်။ ဒါနဲ့ သူ့အရှုံးတွေ ကာမိအောင် တခြားအမြတ်ရမယ့် စီးပွားရေးလုပ်ငန်းတွေ ပေးလိုက်ရတယ်´
ဟု သူက ပြောသည်။

သို့သော် ထူးထရေဒင်းနှင့် နီးစပ်သည့် စီးပွားရေးသမား တဦးကမူ ဤရင်းနှီးမြှုပ်နှံမှုမှာ ဦးသန်းရွှေ ပိုင်သာဖြစ်ပြီး


ထိုအချိန်က ဦးတေဇ၏ နိုင်ငံခြားငွေ ဘဏ်စာရင်းတွင် လေယာဉ်တစီးဘိုး ပြည့်အောင်ပင် မရှိဟု ဆိုသည်။
ထို့အပြင် လေယာဉ်ဝယ်ရာတွင် အမှန်တကယ် ကျသင့်ငွေထက် စာရင်း ပိုပြခဲ့သည်ဟုလည်း ဆိုသည်။

ဦးတေဇက လေကြောင်း ရင်းနှီးမြှုပ်နှံမှုတွင် ပြိုင်ဘက်မရှိ တဦးတည်း လုပ်လိုခဲ့သည်။ မြန်မာအဲဝေး


အင်တာနေရှင်နယ် (MAI) ကို ရနိုင်ရန် ကြိုးစားခဲ့ပြီး နောက်ပိုင်းမှ လေကြောင်းလိုင်းတခု သီးသန့်လုပ်ရန် သူ့ကို
အကြံပေးခဲ့ကြသည်ဟု သိရသည်။ နိုင်ငံပိုင်အမ်အေအိုင် လေကြောင်းမှာ ဦးတေဇ ကတိမတည်၍
စိတ်ပျက်ခဲ့ရသည်။ နောက်ပိုင်း သူပိုင် အဲဘတ်စ် အေ ၃၂ဝ တစင်းကို အမ်အေအိုင်သို့ အမြတ်အစွန်းအတွက်
ငှားခဲ့သည်ဟု လေယာဉ်အမှုထမ်း တဦးက ပြောသည်။

တရုတ်ပြည်မကြီးရှိ ပြည်တွင်းလေကြောင်း တခုဖြစ်သော ဟူနန်လေကြောင်းမှ သက်တမ်း ၁ဝ နှစ်ကြာ ဘိုးအင်း


၇၃၇ လေယာဉ်များကို ဝယ်ယူရန် ဦးတေဇ ကြိုးစားခဲ့သေးသည်။ သို့သော် ဟူနန်လေကြောင်းက အမေရိကန်၏
ဒဏ်ခတ် ပိတ်ဆို့မှုကြောင့် သူတို့ပိုင် ဘိုးအင်းလေယာဉ်များကို အဲပုဂံနှင့် အမ်အေအိုင်ကို မရောင်းဖြစ်ခဲ့ပေ။

EC-130 ရဟတ်ယာဉ်တစင်းကို (Air Operator Certificate – AOC) မပါဘဲ အခြားနည်းလမ်းများသုံးကာ


မကြာမီက စင်္ကာပူမှ ဦးတေဇ ဝယ်ခဲ့ပြီး သူပိုင် အပန်းဖြေဟိုတယ်များအတွက် သုံးနေသည်။
Source:http://www.mizzimaburmese.com/news/business/6020-2010-09-13-13-29-47.html
ပြည်သူများကို အတင်း အဓမ္မ ညကင်းစောင့်ခိုင်း

အာဏာပိုင်များက မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် ဒေသတလျှောက်ရှိ ဘူးသီးတောင်နှင့်


မောင်တောမြို့နယ်များတွင် ဒေသလုံခြုံရေး အတွက် အရပ်သား ပြည်သူများကို အတင်းအကျပ် ညကင်း စောင့်ရန်
အမိန့် ထုတ်ထားကြောင်း သတင်း ရရှိသည်။

ကျေးရွာသား တစ်ဦးက “ ဓါးပြတွေ သောင်းကျန်းနေတော့ ရွာတိုင်း ရွာတိုင်းကို ကင်းစောင့်ရမယ်ဆိုပီး


အမိန့်ထုတ်ထားတယ်။ ဒါကြောင့် ကျွန်တော်တို့ နယ်တွေမှာ ညဥ့်ဆိုရင် ရွာတိုင်းမှာ ကင်းရှိပါတယ်” ဟု
ပြောသည်။

ယခုကဲ့သို့ ဒေသ အာဏာပိုင်များမှ ကျေးရွာသားများကို မဖြစ်မနေ ကင်းစောင့်ရမည်ဟု အမိန့် ထုတ်ထားခြင်းမှာ


နေပြည်တော်မှ ဒေသ အတွင်းရှိ အာဏာပိုင်များကို ဖိအားပေးလာသည့် အတွက် ဖြစ်သည်ဟု ခယက
ဝန်ထမ်းတစ်ဦးက နိရဉ္စရာကို ပြောသည်။

“ဓါးပြတွေကို နှိမ်နှင်းဖို့ ပျက်ကွက်တယ် ဆိုပြီး နေပြည်တော်ကနေ ဒေသခံ ခယက၊ မယက၊ စစ်တပ်၊ နစက နဲ့
ရဲတွေကို ဒီဒေသမှာ ဓါးပြတိုက်မှုတွေ ဆက်ဖြစ်ရင် ဓါးပြတွေကို အသေဖြစ်စေ၊ အရှင်ဖြစ်စေ မိအောင်
ဖမ်းရမယ်ဆိုပြီး လွန်ခဲ့တဲ့ သြဂတ်စ် လလယ်ပိုင်းကနေ အမိန့်ထုတ်ပြန်ထားပါတယ်။ ဓါးပြတွေကို လက်နက်ကိုင်
တပ်ဖွဲ့တွေက တချိန်လုံး ထိုင်စောင့်မယ် ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ရပ်ကွက် ကျေးရွာ အလိုက် မိမိတို့
ရပ်ရွာ လုံခြုံရေးအတွက် ညနေချိန်မှာ ကင်းစောင့်ကြဖို့ ညွှန်ကြား ထားရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

နေပြည်တော်မှ ညွန်ကြားသော စာတွင် မြို့ပေါ်တွင် ဓါးပြတိုက်မှု ဆက်ဖြစ်ခဲ့ပါက ခယက၊ မယကနှင့် ရဲများတွင်


တာဝန်ရှိကြောင်းနှင့် နစက နယ်မြေများနှင့် စစ်တပ် တပ်ရင်း အနီးအနားရှိ ရွာများတွင် ဖြစ်ပွားပါက နစက နှင့်
စစ်တပ်တွင် တာဝန်ရှိကြောင်း ဖေါ်ပြထားသည်ဟု သူက ပြောကြားသည်။

မြန်မာစစ်အစိုးရမှ အနောက်ဘက် ရခိုင် နယ်စပ်တွင် ဒေသ လုံခြုံရေး အကြောင်းပြကာ စစ်တပ် တပ်ရင်း (၁၄)ခု၊
နစက နယ်မြေ (၉)ခု၊ ရဲတပ်ရင်း (၂)ခု နှင့် ရဲစခန်း (၉)ခု တို့ကို အခြေစိုက် ထားသည်။

သို့သော်လည်း အင်အား ၂၀ မှ ၃၀ အကြားရှိ ဓါးပြများသည် ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များကို


ဘင်္ဂလာဒေခ်ျ့ဘက်မှ နယ်စပ်ဖြတ်ကျော်ကာ နေ့စဉ် ရက်ဆက် ဆိုသလို ၀င်ရောက် ဓါးပြတိုက်နေကြသည်။

“ အခုတိုက်နေတဲ့ ဓါးပြ အဖွဲ့က နှစ်ဖွဲ့ရှိတယ်လို့ သိရပါတယ်။ အင်အားက ၂၀ မှ ၃၀ အထိ ရှိပါ တယ်။ ဓါးပြတွေ
ကြီးလာတော့ သူပုန်တွေ ဖြစ်လာပြီး နစက စခန်းနားက ရွာတွေကိုတောင် ၀င်တိုက် တာပါဘဲ။ ဒါကြောင့် ကျေးရွာ
အလိုက် ရွာသား ၁၀ ဦး ကျစီ အဖွဲ့ ၂ ခု ကနေ ၃ ခုထိ ဖွဲ့ပြီး ရွာငယ် အကြီးလိုက် ညစဉ်ညတိုင်း ရွာကို လှည့်ပြီး
အလှည့်ကျ ကင်းစောင့်နေကြရပါတယ်” ဟု အဆိုပါ ရွာသားက ဆက်ပြောသည်။

ကင်းစောင့်ရန် ပျက်ကွက်သူများကို ဒဏ်ငွေ ၃၀၀၀ အပါအ၀င် အရေးယူမည်ဟု ခယကမှ အမိန့်


ထုတ်ထားခြင်းကြောင့် ဒေသခံ အရပ်သား ပြည်သူများမှာ မအားလပ်သည့် ကြားမှ ညစဉ် ညတိုင်း ကင်းစောင့်
နေကြရကြောင်း သိရှိရသည်။

Source:http://www.narinjara.com/detailsbur.asp?id=2733

You might also like