You are on page 1of 22

၂၀၀၈ ဖွဲ့စည်းပုံ ပြင်မယ့် မိတ်ဖက်ပါတီများ စုစည်း

ရွေးကောက်ပွဲဝင်မယ့် အရပ်ဘက် နိုင်ငံရေးပါတီတွေအကြား ရွေးကောက်ပွဲ မိတ်ဖက် ပါတီများဆိုပြီး စုစည်းဖို့


ကြိုးစားနေကြပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြန်လည် ပြင်ဆင်ရေးဆိုတဲ့ တူညီတဲ့ အခြေခံအပေါ်မှာ
လွှတ်တော်အတွင်း ဒီမိုကရေစီ အင်အားစုတွေ စုစည်းနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ ဘယ်အဖွဲ့တွေနဲ့
ဘယ်လို စီစဉ် ဆောင်ရွက်နေသလဲ ဆိုတာတော့ အသေးစိတ်ကို မေးမြန်းထားတဲ့ မသင်းသီရိက
တင်ပြထားပါတယ်။

ရွေးကောက်ပွဲ အကြိုကာလ စည်းရုံးရေးဆိုင်ရာ လုပ်ငန်းတွေမှာရော ရွေးကောက်ပွဲအပြီး အစိုးရသစ်အဖွဲ့ရဲ့


လွှတ်တော်တွင်းမှာပါ ဒီမိုကရက်တစ် အင်အားစုတွေက အစုအဖွဲ့နဲ့ လှုပ်ရှားနိုင်ဖို့ ရွေးကောက်ပွဲ မိတ်ဖက်ပါတီများ
ဆိုတဲ့ အဖွဲ့ကို လုပ်နိုင်ဖို့ ဆွေးနွေး စီစဉ်နေကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် အများ လက်မခံတဲ့ ၂၀၀၈
ဖွဲ့စည်းပုံကို ရွေးကောက်ပွဲကိုဝင်ပြီး လွတ်တော်တွင်းမှာ ပြင်ဆင်မယ်လို့ သဘောထားရှိတဲ့ နိုင်ငံရေးအင်အားစုတွေ
စုပေါင်းဖို့ စီစဉ်နေတယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီက ခေါင်းဆောင်တဦး ဖြစ်တဲ့
ဦးခင်မောင်ဆွေက ပြောပါတယ်။

“အစစ်အမှန် ဒီမိုကရက်တစ်ဖြစ်တယ်၊ နောက်အခါမယ် လွှတ်တော်ထဲမှာလည်း ဒီမိုကရေစီ လုပ်ငန်းရပ်ဖြစ်တဲ့


အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ဖို့ဆိုတဲ့ သဘောထားအပေါ်မှာ ရှိနေတဲ့ပါတီဆိုလို့ရှိရင် လွှတ်တော်ထဲမှာပဲ
နေပြီး လက်တွဲနိုင်အောင် အခုကတည်းက ကျနော်တို့က ရွေးကောက်ပွဲ မိတ်ဖက်ပါတီတွေ အဖြစ်နဲ့ စုစည်းသွားဖို့
ရှိပါတယ်။ ကျနော်တို့ မူဝါဒအနေနဲ့ကတော့ ရှိပြီးသားပါ။ ဒါကို ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေ
တင်သွင်းပြီးတဲ့အခါမှာ အကောင်အထည် ဖော်ဖို့ဆိုပြီးတော့ နီးနီးကပ်ကပ် ရှိလာတဲ့ သဘောတော့
ရောက်လာတယ်ခင်ဗျ။”

NDF ပါတီနဲ့အတူ တခြား နိုင်ငံရေးပါတီ တချို့အပြင် တိုင်းရင်းသားပါတီ တချို့ကပါ ဆွေးနွေးတိုင်ပင်နေကြပြီ


ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

“၇ ရက်နေ့က ပြည်ထောင်စု ဒီမိုကရေစီပါတီပေါ့လေ။ ဦးသိန်းဌေး ခေါင်းဆောင်တဲ့ပါတီက ကျနော်တို့


ရုံးမှာတွေ့ပါတယ်။ ရုံးမှာ တွေ့ပြီးတော့ ကျနော်တို့ ဆွေးနွေးကြတဲ့အခါမှာ ရွေးကောက်ပွဲ မိတ်ဖက်ပါတီများအဖြစ်နဲ့
ပူးပေါင်း ဆောင်ရွက်သွားမယ်လို့တော့ ကျနော်တို့ သဘောတူထားပါတယ်။ နံပါတ် - ၂ ကတော့ ဦးသုဝေ
တို့ပါတီကလည်း သူတို့ ကမ်းလှမ်းပြီးတော့ ဆွေးနွေးချင်တယ်လို့ ဆိုပါတယ်။ ဦးသိန်းဌေးတို့ ဘက်နေပြီးတော့။
နောက်ပြီးတော့ ကျနော်တို့နဲ့ စကားပြောပြီးသား ဦးစိုင်းအိုက်ပေါင်း Shan National Democratic Party ရယ်၊
ဒေါက်တာ စောဆိုင်မွန်သာ တို့နဲ့လည်း ကျနော်တို့ စကားနည်းနည်း ပြောကြည့်ထားပါတယ်။ နီးစပ်ရာတွေ
ကျနော်တို့ စထားဦးမှာပါ။ ”

NDF ပါတီက ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေ ပြောသွားတာပါ။ ကိုယ်စားလှယ် အင်အား ၁,၁၀၀


ကျော်နဲ့ ၀င်မယ့် ကြံ့ခိုင်ရေး ပါတီနဲ့အတူ အင်အား ၉၀၀ ကျော်ရှိမယ့် တစည ပါတီတွေကသာ လွတ်တော်မှာနေရာ
အများစုရဖို့က အသေအချာ ဖြစ်နေတော့ လွတ်တော်တွင်း ဥပဒေတွေကို အတည်ပြုနိုင်ဖို့ အရပ်သား နိုင်ငံရေး
ပါတီတွေက အတိုင်အခံ အင်အားကောင်းကောင်း ဖြစ်ထားဖို့ လိုတယ်လို့ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP
ဥက္ကဌ ဦးသိန်းဌေးကဆိုပါတယ်။

“ကျနော်တို့က ပထမ ရည်ရွယ်ထားတာက တဖက်အင်အားစုနဲ့ ကျနော်တို့ အင်အားစုသည် မသာဦးတော့၊


အနိမ့်ဆုံး တန်းတူအင်အားစု အနေနဲ့ ကျနော်တို့က ကြိုးစားကြည့်တာပါ။ ကြိုးစားကြည့်တဲ့အခါ
အနေအထားတခုကြောင့် ကျနော်တို့က တမျိုးဖြစ်သွားတယ်။ အဲဒီမှာ ရှိတဲ့အင်အားနဲ့ ကျနော်တို့က
ရပ်ခံပြီးသွားရမှာပါ။ အခွင့်အရေးနဲ့လာတယ်လို့ပဲ ကျနော်တို့က ယူဆတယ်။”

UDP ဥက္ကဌ ဦးသိန်းဌေး ပြောပြခဲ့တာပါ။ ရွေးကောက်ပွဲ ၀င်ကြမယ့် နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်


အမည်စာရင်းတွေကို ကော်မရှင်က စီစဉ်နေတာ ဒီကနေ့ စက်တင်ဘာ ၁၀ ရက်နေ့ဟာ နောက်ဆုံး
သတ်မှတ်ထားတဲ့ ရက်ကို ရောက်လာပြီဖြစ်ပြီး မကြာခင်ရက် အနည်းငယ်တွင်း ကိုယ်စားလှယ်လောင်း
အမည်စာရင်းတွေ ထုတ်ပြန်တော့မှာပါ။ အရည်အချင်း ပြည့်မှီခြင်း မရှိတဲ့အတွက်ဆိုပြီး ကိုယ်စားလှယ်တချို့
အပယ်ခံရတာမျိုး ရှိတယ်လို့ သိရပေမဲ့ အင်အား ၁,၁၀၀ ကျော်နဲ့ လွတ်တော် ၃ ရပ်စလုံးအတွက်
နိုင်ငံတ၀ှမ်းလုံးမှာ ယှဉ်ပြိုင်မယ့် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွဲ့ဖြိုးရေးပါတီ ကတော့ ဘယ်သူမှ အပယ်ခံရတာ
မရှိဘူးလို့ မန္တလေးတိုင်း ကနေ ၀င်ရောက် ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးကိုကြီးက
ပြောပါတယ်။

“ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ၀င်တဲ့ကိုယ်စားလှယ်လောင်းတွေ အနေအထားကတော့ ကျနော်


သိရသလောက်ကတော့ အပယ်ခံရတာ မရှိပါဘူး။ အားလုံးက စည်းမျဉ်းစည်းကမ်းနဲ့လည်း ညီတယ်။ ခရိုင်မှာလည်း
ကျနော်တို့ လက်မှတ်ထိုးပြီး ကြပါပြီ။ နောက်တကြိမ် ထပ်ပြီးတော့ အတည်ပြုပြီးသွားပါပြီ။ ပြည်ခိုင်ဖြိုးဘက်ကနေ
ဝင်တဲ့အားလုံးနီးပါးကတော့ အစကတည်းက သူတို့က နံမည်ကောင်းနဲ့ပေါ့လေ၊ လုပ်ကိုင်လာပြီးတော့
ရှေ့မှာလုပ်ခဲ့တာ အားလုံးကို ပြန်ပြီးတော့ လေ့လာမယ်ဆိုလို့ရှိရင် အစဉ်အလာအားဖြင့် အားလုံး ကောင်းတဲ့သူတွေ
ဖြစ်တဲ့အတွက် နိုင်ငံအတွက်ကိုပဲ အဓိကထားပြီး လုပ်မယ့်သူတွေလို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

ကြံ့ခိုင်ရေး ပါတီကနေ ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်မယ့် ဦးကိုကြီး ပြောပြခဲ့တာပါ။

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော် ရွေးကောက်ပွဲတွေ အတွက် နိုင်ငံရေးပါတီတွေက


ကိုယ်စားလှယ်လောင်းတွေဟာ သြဂုတ်လ ၃၀ ရက်နေ့မှာ နောက်ဆုံး စာရင်းတင်သွင်းရတာ ဖြစ်ပြီးတော့
စက်တင်ဘာ ၆ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ အမည်တွေကို စိစစ်နေတာဖြစ်ပါတယ်။

သတ်မှတ်ချိန် တိုတောင်းလှတဲ့ အခြေအနေတွေနဲ့အတူ နိုင်ငံရေးပါတီ တော်တော်များများဟာ အခက်အခဲ


အမျိုးမျိုးတွေကြောင့် မှန်းထားတဲ့ ကိုယ်စားလှယ် ဦးရေအတိုင်း မတင်သွင်းနိုင်ခဲ့ကြပါတယ်။

Source:http://www.voanews.com/burmese/news/Burma-political-parties-09-10-10-102617624.html

မဲဆွယ်ရန် ကျပ် သိန်းပေါင်းများစွာ သုံးမည်ဟု ဇေကမ္ဘာ ဦးခင်ရွှေ ပြောကြား


မျိုးဝင်းဇော် / ၁၀ စက်တင်ဘာ ၂၀၁၀

ကြံ့ဖွံ့ပါတီနှင့် တစညပါတီတို့မှလွဲပြီး ကျန်ပါတီ အားလုံးနီးပါး ငွေကြေးအခက်အခဲ


ကြုံနေရချိန်တွင် ကြံ့ဖွံ့အမတ်လောင်း ဇေကမ္ဘာဦးခင်ရွှေက မဲဆွယ်ရန် ကျပ်ငွေ သိန်း
(၁) သောင်းခန့် သုံးစွဲမည်ဟု ပြောဆိုလိုက်သည်။

အမျိုးသားလွှတ်တော်အတွက် ရန်ကုန်တိုင်း မဲဆန္ဒနယ်မြေ အမှတ် (၉) (တွံတေး၊


ကော့မှူး၊ ကွန်းခြံကုန်း) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကြံ့ဖွံ့ပါတီ အမတ်လောင်း
ဇေကမ္ဘာဦးခင်ရွှေက စက်တင်ဘာ (၆) ရက်နေ့တွင် စည်းရုံးရေး
ဆင်းမည်ဖြစ်ကြောင်း၊ ကျပ်ငွေ သိန်းပေါင်း သောင်းနှင့်ချီ
အကုန်ကျခံမည်ဖြစ်ကြောင်း ပြည်တွင်းထုတ် မော်နီတာဂျာနယ်နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်က အမတ်လောင်းတဦးလျှင် မဲဆွယ်ကုန်ကျစရိတ် အများဆုံး ကျပ်သိန်း (၁ဝဝ) အထိသာ


သုံးနိုင်မည်ဟု နည်းဥပဒေ ထုတ်ပြန်ထားသည်။

ယင်းသို့ ဦးခင်ရွှေက ပြောကြားခဲ့မှုအပေါ် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ခေါင်းဆောင်တဦးက “ကျနော်တို့ပါတီ


နဂိုက အမတ်လောင်း (၁ဝဝ) လောက်တင်ဖို့ စဉ်းစားထားပေမယ့် ငွေရေးကြေးရေး အခက်အခဲကြောင့်
တဝက်တောင် မတင်နိုင်ခဲ့ဘူး။ ကိုယ်စားလှယ်လောင်း တယောက်အတွက် မှတ်ပုံတင်ကြေး ကျပ် (၅) သိန်းရဖို့
အဲဒီ မဲဆန္ဒနယ်က ပြည်သူတွေထံကနေ တယောက်ကို ကျပ်ငွေ (၅ဝဝ) စီလောက် အလှူခံမလား
စဉ်းစားထားတာလည်း အချိန်မရှိတော့ မလုပ်လိုက်နိုင်ဘူး။ ဒါကြောင့် မဲဆွယ်ပွဲကာလမှာလည်း ငွေ သိပ်သုံးနိုင်မှာ
မဟုတ်ဘူး။ ပါတီတချို့ ခုလို ငွေ အများကြီးသုံးမယ်ဆိုတာ ကြားနေရတယ်၊ ဒါကတော့ မျှတမှု မရှိပါဘူး” ဟု
ပြောသည်။

လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းပြီးသည့်နောက် အဆိုပါ


ကိုယ်စားလှယ်လောင်း စာရင်းများတွင် စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်လာကြပြီး
၎င်းတို့အားလုံး ကြံ့ဖွံ့ပါတီ အမတ်လောင်းများအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ဇေကမ္ဘာ ဦးခင်ရွှေ၊ ယုဇန ဦးဌေးမြင့်၊ ရွှေလမင်းနဂါး ကုမ္ပဏီပိုင်ရှင် မြန်မာနိုင်ငံကုန်သည်များနှင့်


စက်မှုလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဆန်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦး၊
စွယ်စုံမီဒီယာပိုင်ရှင် ဒေါက်တာတင်ထွန်းဦး တို့အားလုံး ကြံ့ဖွံ့ပါတီ အမတ်လောင်းများအဖြစ် ဝင်ပြိုင်ကြမည်ဖြစ်ပြီး
ငွေကြေးအမြောက်အများသုံးကာ မဲဆွယ်ဖွယ်ရှိကြောင်း ပြည်တွင်းဂျာနယ်တခုမှ
နိုင်ငံရေးသတင်းအယ်ဒီတာတဦးက ပြောကြားသည်။

၎င်းက “စစ်အစိုးရက သတ်မှတ်တဲ့ ကိုယ်စားလှယ်လောင်း ကျပ် (၅) သိန်းနဲ့ မဲဆွယ်စရိတ်တွေက


အခုကာလနဲ့ကြည့်မယ်ဆိုရင် များတယ်လို့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ကြံ့ဖွံ့နဲ့ တစညတို့ကလွဲပြီး ကျန်
နိုင်ငံရေးပါတီတွေက ပါတီ ရန်ပုံငွေ ရှာမရကြဘူး။ ဘာလို့လဲဆိုတော့ အလယ်လတ်တန်းစားနဲ့ ထိပ်တန်း
စီးပွားရေးသမားတွေသာမက သာမန်ပြည်သူတွေကလည်း ကျန်တဲ့ နိုင်ငံရေးပါတီတွေကို ငွေမလှူရဲအောင် နအဖက
ခြိမ်းခြောက် အကျပ်ကိုင်ထားလို့ပဲ” ဟု ပြောသည်။

အမတ်လောင်းများ၏ အသုံးစရိတ်နှင့် ပတ်သက်ပြီး ရခိုင်အမျိုးသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ


ဒေါက်တာအေးမောင်က “ကျနော်တို့ကတော့ ကိုယ်စားလှယ်တဦး အသုံးစရိတ်ကို (၁ဝ) သိန်းလောက်နဲ့
လောက်အောင် သုံးသွားဖို့ လျာထားပါတယ်။ ကျေးလက်တွေ သွားတဲ့အခါ လမ်းစရိတ် သက်သာအောင်
ကိုယ့်လှေကို ကိုယ်လှော်သွားတာမျိုး၊ လမ်းလျှောက်လို့ ရတဲ့နေရာ လျှောက်ခြင်းမျိုး၊ ဆိုင်ကယ် စက်ဘီးစီးပြီး
ကြုံသလို သွားတာမျိုး လုပ်ရပါမယ်” ဟု မြန်မာတိုင်းမ် ဂျာနယ်၏ မေးမြန်းချက်ကို ဖြေကြားထားသည်။

Source:http://khitpyaing.org/index.php?route=detail&id=4435

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး စစ်တွေ NLD ဆွမ်းကပ်

2010-09-10

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ရည်စူးပြီး ရခိုင်ပြည်နယ်


စစ်တွေမြို့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တွေက သံဃာအပါး ၁၂၀ ကျော်ကို စက်တင်ဘာ ၇ ရက်
အင်္ဂါနေ့က ဆွမ်းကပ် လှူဒါန်းတယ်လို့ သိရပါတယ်၊

ဒေါ်အောင်ဆန်းစုကြည်၏ ၂၀ဝ၂ခုနှစ် ဒီဇင်ဘာလ ရခိုင်ပြည်နယ် စည်းရုံးရေးခရီးစဉ်တွင် မိန့်ခွန်းပြောကြားစဉ်


တက်ရောက်လာသော လူထု တစိတ်တဒေသကို တွေ့မြင်ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒါဟာ ပထမဆုံးအကြိမ် လှူဒါန်းတာလို့ စစ်တွေမြို့နယ် NLD ဥက္ကဋ္ဌ ဦးစံရွှေထွန်းက ပြောပါတယ်၊

“ဒေါ်စု လွတ်မြောက်ရေးနဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ဆိုပြီးတော့ သံဃာတော် အပါး ၁၂၆


ပါးကို ဆွမ်းလောင်းတယ်ခင်ဗျ။ စစ်တွေမှာ ပြည်နယ် စည်းကော်မတီနဲ့ မြို့နယ်စည်း ကော်မတီ ဥက္ကဋ္ဌ
ပေါင်းပြီးတော့ ပြည်သူလည်း ပါတယ်လေ။ ရပ်ကွက် ဓမ္မာရုံရှေ့မှာ လုပ်ပါတယ်။”

စစ်တွေမြို့က မဟာမုနိ ဗုဒ္ဓဝိဟာရကျောင်းတိုက် ထူထောင်ပြီး မိဘမဲ့ကလေးတွေကို ထိန်းသိမ်း စောင့်ရှောက်တဲ့


ဦးပညာစာရဟာ အများအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံဆောင်ရွက်တဲ့ ပရဟိတ္တဘုန်း
ရဟန်းဖြစ်တဲ့အတွက် ထိန်းသိမ်း စစ်ဆေးခံနေရတဲ့ ဆရာတော်ကို ဥပဒေဘောင်အတွင်းကနေ ဆောင်ရွက်ဖို့
ရခိုင်ပြည်နယ်က ဆရာတော် ၁၄ ပါးက ရခိုင်ပြည်နယ် တိုင်းမှူးထံ မေတ္တာရပ်ခံစာ တစောင် စက်တင်ဘာ ၁၀ ရက်
ဒီနေ့ ပေးပို့လိုက်ပါတယ်၊

ဆရာတော် ဦးပညာစာရကို စွပ်စွဲထားတဲ့ ကိစ္စရပ်တွေဟာ ဝိနည်းတော်အရ အပြစ်ရှိ-မရှိကို သက်ဆိုင်ရာ


ဝိနည်းဓိုရ်ဆရာတော်တွေက ဆုံးဖြတ် စီရင်ရမဲ့အကြောင်းလည်း မေတ္တာရပ်ခံစာမှာ ဖော်ပြထားပါတယ်၊

မနေ့က ကျရောက်တဲ့ ဆရာတော် ဦးဥတ္တမ ကွယ်လွန်ခြင်း ၇၁ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားကို


ရခိုင်အမျိုးသား တိုးတက်ရေးပါတီက ကျင်းပဖို့ ခွင့်ပြုချက် တောင်းခံပေမဲ့ ခွင့်ပြုချက် မရရှိဘူးလို့ ဒေသခံတွေက
ပြောပါတယ်၊

ဒီကိစ္စနဲ့ ပတ်သက်ပြီး အတည်မပြုရသေးတဲ့ သတင်းအရ စစ်တွေမြို့က ဘုန်းကြီးကျောင်းတွေကို အာဏာပိုင်တွေ


ဝင်ရောက် စစ်ဆေးနေတယ်လို့လည်း သိရပါတယ်၊

Source:http://www.rfa.org/burmese/news/NLD_pray_for_freedom_of_suu_kyi-
09102010142358.html

အကျဉ်းသား ၁၀၀ လွှတ်၊ နိုင်ငံရေး အကျဉ်းသား မပါ


အင်းစိန် အကျဉ်းထောင်မှ ယနေ့ လွှတ်ပေးလိုက်သော အကျဉ်းသား ၁၀၀ ခန့်တွင် နိုင်ငံရေး အကျဉ်းသားများ
မပါဝင်ကြောင်း သတင်းရရှိသည်။

“ကျား ၇၀၊ မ ၃၀။ တခြားပုဒ်မနဲ့ လူတွေ၊ လွတ်ရက် စေ့ခါနီးနေတဲ့သူတွေ၊ နောက် တလနေရင် လွတ်တော့မယ့်
သူတွေ ပဲ ပါတယ်။ နိုင်ငံရေးအကျဉ်းသား တယောက်မှ မပါဘူးဗျ” ဟု ထောင်နှင့် နီးစပ်သည့်အသိုင်းအ၀ိုင်းက
ဧရာဝတီသို့ ပြောသည်။
ထောင်ဘူးဝတွင် ထောက်လှမ်းရေးများ၊
အရပ်ဝတ် လုံခြုံရေးများ ချထားပြီး ဗီဒီယို
ကင်မရာများဖြင့် မှတ်တမ်းများ
ရိုက်ယူနေသည်ဟု အင်းစိန်ထောင်အနီးတွင်
နေထိုင်သူများထံမှ သိရသည်။

“လုံခြုံရေးက အများကြီးချထားတယ်။
ထောင်ဝန်ထမ်းတွေကိုယ်တိုင်
ဗီဒီယိုမှတ်တမ်းယူနေတာလည်း တွေ့တယ်။
နိုင်ငံရေးအကျဉ်းသား ပါလာတာမတွေ့ဘူး။
လွှတ်ပေးမည်ဟု သတင်းရသဖြင့် ၂၀၀၉ စက်တင်ဘာလ လွတ်လာတဲ့ အမျိုးသမီးတယောက်ကို
အလယ်က အင်းစိန်ထောင် ဘူးဝ ၌ လာရောက် မေးကြည့်တော့ ပြီးခဲ့တဲ့ တပတ်က အဖမ်းခံရတာ
စောင့်ဆိုင်းနေသော မိသားစုဝင်နှင့် ဆွေမျိုးများ (ဓာတ်ပုံ - AP)
ထောင်တလကျတာကို အခု လွတ်လာတာလို့ ပြောတယ်” ဟု အင်းစိန်ထောင်ရှေ့ နေထိုင်သူတဦးက ပြောသည်။

အကျဉ်းသားများကို ထွက်ခွာခွင့်မပေးမီ ဆရာတော်တပါးက တရားဟောကြားပြီး “ဦးသန်းရွှေ (ဒလ အံ့ကြီး)”


ရေးသားသည့် “နိဗ္ဗာန် ရည်စူး မဂ်ဖိုလ် တရားထူး” စာအုပ်များကိုလည်း ပေးလိုက်သည်ဟု ဆိုသည်။

ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ ၇ ရက်နေ့ မတိုင်မီ အကျဉ်းသား အများအပြားကို လွှတ်ပေးမည်ဟု


သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အကျဉ်းသားများကို လွှတ်ပေးခြင်းမှာ ယခုအကြိမ်သည်
ဒုတိယအကြိမ်ဖြစ်သည်။

သြဂုတ်လ ၂၄ ရက်နေ့က အကျဉ်းသား ၁၂၀ ၀န်းကျင်ကို လွှတ်ပေးခဲ့ရာတွင်လည်း နိုင်ငံရေးအကျဉ်းသား တဦးမျှ


မပါဝင်ခဲ့ပေ။

မြန်မာတနိုင်ငံလုံးတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၇၁ ဦးရှိသည်ဟု ထိုင်းနိုင်ငံအခြေစိုက်


နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/4034-2010-09-10-12-21-11

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်မှာ ကြိုတင်စည်းရုံးနေ

2010-09-10

ရွေးကောက်ပွဲ ဥပဒေအရ ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုပြီးတဲ့နောက်မှ လွှတ်တော်


ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ တရားဝင် မဲဆွယ်စည်းရုံးခွင့် ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်က
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေဟာ အခုကတည်းက အများပြည်သူပိုင် ဓမ္မာရုံ၊ စာကြည့်တိုက်တွေ
အသုံးပြုပြီး စည်းရုံးဟောပြောနေပြီလို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ရဲ့ ဥက္ကဋ္ဌ
ဒေါက်တာအေးမောင်က RFA ကို ပြောပါတယ်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ စစ်တွေမြို့နယ် ရုံးဖွင့်ပွဲကို ဇူလိုင်လ ၁၀ ရက်နေ့က


ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo Courtesy of RNDP)

“ကျွန်တော်တို့ သတင်းပို့ကြတဲ့ အချက်အလက်အရလေ၊ ညနေပိုင်း ကျွန်တော်တို့ဆီကျတော့ ညပိုင်းလောက်ပဲ


မီးလာတာကိုး၊ ၇ နာရီကနေ ၁၁ နာရီကြားပဲ မီးရပါတယ်။ ၇ နာရီလောက်မှာ တချို့ ဓမ္မာရုံတို့၊ တချို့က
စာကြည့်တိုက်တို့ကို တချို့ဆိုရင် အဲဒီ ဘုရား ပရဝုဏ်၊ ဘုရား ပရဝုဏ်လည်း ပါပါတယ်။ ဟို အဲဒါတွေမှာ သူတို့
ကြိုတင်ပြီးကာမှ မြို့နယ်က ရပ်ကွက်ကပေါ့နော်၊ လူထုကို ဖိတ်ပြီးကာမှ အခမ်းအနား လုပ်တယ်၊
ကိုယ်စားလှယ်လောင်းတွေကလေ တဦးချင်း စကားပြောကြတယ် ဆိုတာတော့ ကျွန်တော်တို့ ကြားပါတယ်ခင်ဗျ။”

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲ နည်းဥပဒေတွေကို


လိုက်နာမှာ ဖြစ်ပြီး သတ်မှတ်တဲ့ အချိန်ရောက်မှ စည်းရုံးရေးလုပ်ငန်းတွေ စတင်မှာဖြစ်တယ်လို့
ဒေါက်တာအေးမောင်က ဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြဌာန်းချက်တွေအရဆိုရင် ပါတီကိုယ်စားလှယ်လောင်းတွေဟာ အများပြည်သူကို


စည်းရုံးဟောပြောဖို့ သက်ဆိုင်ရာ ကော်မရှင်ရုံးတွေဆီ တပတ်ကြို အကြောင်းကြားရပြီး ခွင့်ပြုချက်ယူရပါတယ်။
ဒါပေမဲ့ အစိုးရပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ လိုက်နာတာမျိုး မရှိသလို ကော်မရှင်ဘက်ကလည်း
အရေးယူ ဆောင်ရွက်တာမျိုး မရှိဘူးလို့ ပြိုင်ဖက် နိုင်ငံရေးပါတီတွေက ပြောဆိုနေကြပါတယ်။

Source:http://www.rfa.org/burmese/news/pro-junta_party_candidates_start_campaign-
09102010121419.html

မိတ္ထီလာမှာ ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက် ဆွေးနွေး

2010-09-10

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးအုန်းကြိုင် ဦးဆောင်တဲ့ အဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၁၀


ရက် ဒီကနေ့ မိတ္ထီလာမြို့မှာ မန္တလေးတိုင်း တောင်ဖက်ခြမ်းရှိ မြို့နယ် အသီးသီးက NLD ကိုယ်စားလှယ်တွေနဲ့
တွေ့ဆုံ ဆွေးနွေးကြပါတယ် ။

တူညီဝတ်စုံ ဝတ်ဆင်၍ ရင်ထိုးတံဆိပ် တပ်ထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များ ဖြစ်ပါသည်။


(Photo: AFP)

အဲဒီ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ ရွေးကောက်ပွဲကို သတိကြီးကြီးနဲ့


စောင့်ကြည့်ရေး ၊ မဲမပေးပဲ သပိတ်မှောက်ရေးနဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက NLD အဖွဲ့ချုပ်နဲ့
အတူတူလို့ ပြောဆို စည်းရုံးနေတာတွေကို လူထုအကြား ဖြေရှင်းရေး ဆွေးနွေးခဲ့တယ်လို့ သိရပါတယ် ။

ဒီကနေ့ ဆွေးနွေးပွဲကို မိတ္ထီလာမြို့နယ် NLD အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးရဲ့ အိမ်မှာ မြင်းခြံ၊ သာစည်၊ ဝမ်းတွင်း၊
တောင်သာ၊ ကျောက်ပန်းတောင်း၊ ပျော်ဘွယ်၊ ရမည်းသင်းနဲ့ မလှိုင် စတဲ့ မြို့နယ်တွေက NLD အဖွဲ့ချုပ်
ကိုယ်စားလှယ်တွေ စုစုပေါင်း ၁၀ဝ နီးပါး တက်ရောက်ကြကြောင်း သိရပါတယ် ။

အဖွဲ့ချုပ် ဗဟိုက ချောင်းဆုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ် ၊ ဖားအံမြို့နယ် လွှတ်တော်


ကိုယ်စားလှယ် ဒေါ် နန်းခင်ထွေးမြင့် ၊ ဗဟိုလူငယ်တာဝန်ခံ ကိုမျိုးညွန့်နဲ့ မန္တလေးတိုင်း စည်း ဦးကိုလေးတို့
တက်ရောက်ကြတယ်လို့ သိရပါတယ် ။

ဒီသတင်းနဲ့ ပတ်သက်ပြီး RFA မှ ဦးခင်မောင်စိုးမင်းက ဆက်သွယ် မေးမြန်းထားပါတယ်။

Source:http://www.rfa.org/burmese/news/NLD_explaining_suu_kyi_guidelines-
09102010134633.html
ပဲခူး လူငယ် နှစ်ဦးအသတ်ခံရမှု ကြေးမုံသတင်းစာ စွပ်စွဲရေးသား

2010-09-10

ဒီနေ့ စက်တင်ဘာ ၁၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ စစ်တပ်က ပဲခူးမြို့မှာ ပစ်သတ်ခဲ့တဲ့ လူငယ် ၂ နှစ်ဦး


ဖြစ်တဲ့ မောင်စိုးပိုင်ဇော်နဲ့ မောင်အောင်သူဟိန်းတို့ အသတ်ခံရခံမှုနဲ့ ပတ်သက်ပြီး ရေးသားထားပါတယ်။
သတင်းစာထဲမှာ ရေးထားတာကတော့ ပြည်ပမီဒီယာတွေနဲ့ ပြည်တွင်းလူတချို့က ဒီကိစ္စကို နိုင်ငံရေးအရ
အသုံးချတယ်လို့ စွပ်စွဲထားပါတယ်။

ပဲခူးမြို့တွင် စစ်သားများက သေနတ်ဖြင့် ပစ်ခတ်၍ လူငယ်နှစ်ဦး သေဆုံးရသည့် သတင်းကို စစ်အစိုးရ


ထုတ်ဝေသည့် စက်တင်ဘာ ၁၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပုံ ဖြစ်ပါသည်။ (RFA Image)

အပိုဒ်တပိုဒ်မှာပါတဲ့ ရေးသားချက်ထဲမှာ "အမှန်မှာ တပ်မတော်နဲ့ ပြည်သူအကြား ဖြစ်ပွားခြင်း မဟုတ်ပဲ


တပ်မတော်၌ တာဝန်ထမ်းဆောင် လက်ရှိသည့် တပ်မတော်သားလူငယ် အချို့နှင့် အရပ်သားလူငယ်အချို့
အရက်သေစာ သောက်စား မူးယစ်ပြီး အဆင်မသင့်၍ ခိုက်ရန်ဖြစ်ပွားခဲ့ကြခြင်းသာ" လို့ ရေးသားထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးရှေ့နေ ဦးအေးမြင့်က ဒါဟာ အမှန်တရားကို ဖုံးကွယ်ထား ခြင်းဖြစ်တယ်လို့


ပြောပါတယ်။

“ဗိုလ်ကြီး သိဒ္ဓိစိုးက တပ်မတော်က တရားဝင် ခန့်ထားတဲ့ ပြန်တမ်းဝင် အရာရှိ။ ဖြစ်သွားတာက ပြည်သူလူထုက


မွေးဖွားတဲ့ ရိုးရိုးအရပ်သား။ ဒါ တပ်မတော်နဲ့ ပြည်သူဖြစ်တာ။ ဒါကို ပြောင်ဝန်မခံရဲတာ ဖြစ်တယ်။”

နောက်တပိုဒ်မှာ ရေးသားထားတာကတော့ "ဖြစ်လေ့ဖြစ်ထရှိသော ဖြစ်စဉ်မျိုးသာဖြစ်ပြီး" ဆိုပြီး


ရေးသားထားပါတယ်။

ရှေ့နေဦးအေးမြင့်က ဒီဖော်ပြချက်နဲ့ ပတ်သက်လို့ အပြစ်မဲ့ လူငယ် ၂ ယောက် သေဆုံးတာကို သေးသိမ်အောင်


တာဝန်မဲ့ ရေးသားချက် ဖြစ်တယ်လို့ ပြောပါတယ်။

“ပြည်သူက သတ်မှတ်လိုက်တာက ဖြစ်လေ့ဖြစ်ထရှိတယ် ဆိုတာ တပ်မတော်က သတ်နေကျဆိုတဲ့ ပုံစံမျိုးပဲ


ဖြစ်သွားပြီဗျ။ တပ်မတော်က ဒီလိုပဲ စိတ်မထင်ရင် သတ်တယ်ဆိုတာကို အထောက်အထား ပြလိုက်သလို
ဖြစ်သွားတယ်ဗျ။”

ဒီကိစ္စကို ထိထိရောက်ရောက် အရေးယူဖို့ လိုအပ်ကြောင်း ဦးအေးမြင့်က ပြောပါတယ်။

Source:http://www.rfa.org/burmese/news/newspaper_describes_killing_of_youth-
09102010152816.html
ပဲခူးပစ်ခတ်မှု အစိုးရသတင်း ဘက်လိုက်ဟု နယ်ခံတွေ ဝေဖန်

ပဲခူးမြို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ်က ပစ်ခတ်မှုနဲ့ပတ်သက်လို့ ဒီကနေ့ထုတ် စစ်အစိုးရသတင်းစာတွေမှာ


သတင်းအဖြစ်နဲ့ ရေးသားဖော်ပြ ပါတယ်။ ဒါပေမဲ့ ဒီသတင်းမှာဖော်ပြသလို လူငယ်ချင်း ခိုက်ရန်ပွားမှုကနေ
သေဆုံးမှုအထိ မတော်တဆ ဖြစ်ပွားတဲ့သဘော မဟုတ်ဘဲ ဒီပစ်ခတ်မှုဟာ ရည်ရွယ်ချက် ရှိရှိနဲ့လုပ်တဲ့
လူသတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဒီကိစ္စကို အနီးကပ် စောင့်ကြည့်နေတဲ့ ပဲခူးမြို့က ရှေ့နေတဦးက
ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မြန်မာစစ်တပ် ခလရ (၅၉) ရဲ့ ပစ်ခတ်မှုကြောင့် ပဲခူးမြို့ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက်က လူငယ် ၂ ဦး
သေဆုံးခဲ့တဲ့ အမှုနဲ့ပတ်သက်လို့ ဒါဟာ လူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုကတဆင့် သေနတ်နဲ့ ပစ်ခတ်မှု
ဖြစ်ပွားခဲ့ကြောင့်လို့ ဒီကနေ့ထုတ် စစ်အစိုးရ သတင်းစာတွေမှာ ရေးသား ဖော်ထားတာပါ။

ဒါပေမဲ့ အဲဒီလို ခိုက်ရန်ဖြစ်ပွားပြီး နောက်ပိုင်း တပ်ကိုပြန်၊ တပ်ဖွဲ့ဝင်တွေကိုခေါ်ပြီး ရပ်ကွက်ထဲအထိ သေနတ်နဲ့


လိုက်လံ ပစ်ခတ် တာကြောင့် ဒီပစ်ခတ်မှုဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ပြုလုပ်တဲ့ လူသတ်မှုဖြစ်တဲ့အကြောင်း ဒီကိစ္စကို
အနီးကပ် လေ့လာစောင့်ကြည့်နေတဲ့ ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့က လူ့အခွင့်အရေးရှေ့နေကြီး ဦးအေးမြင့်က
ပြောပါတယ်။

“လူငယ်အချင်းချင်း ရန်ဖြစ်တာတော့ မှန်တယ်။ ဒါက လူ့သဘာဝ ဖြစ်တယ်၊ ဖြစ်သူကလည်း ၁၉ နှစ်နဲ့ ၂၀


ကျော်အရွယ်။ ပစ်သတ်တဲ့ သူကလည်း ၁၈ နှစ်၊ ဒီဘက်ကလည်း ၁၈ နှစ်နဲ့ ၂၂ နှစ် ဆိုတော့ အရပ်စကားအရ
ဆိုရင်တော့ လူငယ်လို့ပဲ ယူဆရမယ်။ သို့သော် တကယ် ပစ်တာသည် လူငယ် စစ်သားစစ်ဗိုလ်နဲ့ လူငယ်အရပ်သား
ဖြစ်ကြတာ။ တပ်မတော်ရဲ့ စစ်စည်းကမ်းအရ သတ်မှတ်ထားတဲ့အတိုင်း လက်နက်ကို မသုံးသင့်ဘဲနဲ့ သုံးတယ်။
နောက်ပြီးတော့ ရည်ရွယ်ချက်နဲ့ လာပြန်ပြီးတော့ နောက်တကြိမ် လာပြီးတော့ ပစ်တဲ့အတွက် ဒီလိုဖြစ်တဲ့ ရန်ပွဲက
ထိုက်ထိုက်တန်တန် အပြစ်ပေးထိုက်တဲ့ ရန်ပွဲ၊ ဥပဒေအရဆိုရင်တော့ (၃၀၂/က) သေဒဏ် တသက်တကျွန်း
ထိုက်တဲ့ အမှု။”

သတင်းစာပါ အချက်တချို့က မှန်ကန်ပေမဲ့ သတင်းစာဟာ အစိုးရပိုင် သတင်းစာဖြစ်တာကြောင့် အစိုးရဖက်က


ဘက်လိုက် ရေးသားထားတာကို တွေ့ရတယ်လို့ သူက ထောက်ပြပါတယ်။ ပြစ်မှုကျူးလွန်ခဲ့တဲ့ အရာရှိနဲ့
စစ်သည်တွေကို သက်ဆိုင်ရာက တရားပဒေနဲ့အညီ ထိရောက်စွာ အရေးယူဖို့ ဆောင်ရွက်နေတယ်လို့
ဖော်ပြထားပေမဲ့ ဘယ်လိုပုံနဲ့ အရေးယူမယ်၊ ဘယ်တော့ အရေးယူမယ် ဆိုတာကိုတော့ အတိအကျ
ဖော်ပြမထားဘူးလို့ ဆိုပါတယ်။

“ဥပဒေလမ်းကြောင်းအရဆိုရင်တော့ ပြစ်မှုဆိုင်ရာ ဥပဒေ အမှုကြီး ၇ မှုထဲမှာ ပါတယ်။ လွန်ခဲ့တဲ့ ၃ လပိုင်းက


ရက်ရက်စက်စက် သေနတ်နဲ့ ၂ ချက်ပစ်၊ မှိန်းနဲ့ထိုးပြီး ပြွန်နဇာ ကန်ဖဲကျေးရွာက ကလေးကို သတ်တဲ့စစ်သားကို
စစ်ခုံရုံးက ဘာလုပ်လိုက်တယ်၊ ဘယ်လို အပြစ်ပေးလိုက်တယ် ဆိုတာ ပြည်သူကို တိတိကျကျ မပြောခဲ့ဘူး။
ဒီအတိုင်းပဲ ပြီးသွားပြီလေ အဲဒီဟာက။ အခုပဲခူးမြို့လယ်ခေါင်မှာ သတ်တဲ့ဟာ။ အခု အပြစ်ပေးပါမယ်ဆိုရင်တော့
အရပ်ဖက် လွှဲသင့်တယ်။ ဒါမှမဟုတ်ရင် ပြည်သူလူထုကိုသိအောင် ဒီရဲဘော်နဲ့အရာရှိကို ထိုက်ထိုက်တန်တန်
အပြစ်ပေးတယ်ဆိုတာတော့ ဖွင့်ချလေဗျာ။ ဖွင့်ချရင် ပြည်သူလူထုတွေ အားကိုးလာမှာပေါ့။”

ဒီ ပြန်တမ်းဝင် ၀န်ထမ်းတွေ အခုလို ရမ်းရမ်းကားကား စိတ်လိုက်မာန်ပါ မလုပ်မိအောင် အာဏာပိုင်တွေက


အသေအချာ သင်တန်း ပို့ချပေးထားရင် အခုလို ဖြစ်မှာမဟုတ်ဘူးလို့ ဦးအေးမြင့်က ပြောပါတယ်။

“တကယ်လို့ အုပ်ချုပ်တဲ့လူတန်းစားက ဒီဝန်ထမ်းတွေကို သင်တန်းတွေပေးမယ်။ အသိဉာဏ်တွေ ကြွယ်ဝအောင်


ဆောင်ရန်၊ ရှောင်ရန်တွေကို တကယ်လုပ်ခဲ့ပြီး ပို့ချပေးရင် ဒီလိုတွေ ရှိမှာမဟုတ်ဘူး။ သို့သော်
စာရွက်ပေါ်မှာပဲထားပြီးတော့ ၀န်ထမ်းကို မြှောက်ပေးတဲ့သဘောမျိုး ထင်ရာစိုင်းတဲ့ အမှုမျိုး ဖြစ်တဲ့အတွက်
ပြည်သူလူထုကလည်း လက်မခံဘူး။ ဥပဒေအရ တိတိကျကျပြောရင် သေဒဏ် တသက်တကျွန်း ထိုက်ရမှာ။
အဲဒီလို ပြန်တမ်းဝန် အရာရှိတယောက် ဆိုတာက ကျနော်တို့ တိုင်းပြည်မှာ တကယ်ကို ဥပဒေအရ စည်းကမ်းအရ
သတ်မှတ်ထားတဲ့သူ။ ပိုပြီးတော့ နိုင်ငံတော်ကို လေးစားရမှာဗျ။”
စက်တင်ဘာလ ၄ ရက်နေ့ညက ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက် မြလမ်းသွယ်မှာရှိတဲ့ ကာလီဖိုးနီးယား
စားသောက်ဆိုင်မှာ (ခလရ - ၅၉) က စစ်တပ်အရာရှိတွေနဲ့ အရပ်သား လူငယ်တွေ ခိုက်ရန်ဖြစ်ပွားရာက
အရပ်သား လူငယ်တွေကို အဲဒီ (ခလရ - ၅၉) က နောက်ပိုင်းမှာ သေနတ်နဲ့ လိုက်လံ ပစ်ခတ်ခဲ့တာကြောင့်
အသက် ၁၉ နှစ်အရွယ် မောင်စိုးပိုင်ဇော်နဲ့ ၂၃ နှစ်အရွယ် မောင်အောင်သူဟိန်းတို့ ၂ ယောက် သေဆုံးခဲ့ကြတာ
ဖြစ်ပါတယ်။

Source:http://www.voanews.com/burmese/news/Pegu-killing-09-10-10-102630444.html

မြန်မာနှင့် ချစ်ကြည်ရင်းနှီးစွာ ဆောင်ရွက်ရန် တရုတ်ကတိပြု

ပေါက်ပေါက် / ၁၀ စက်တင်ဘာ ၂၀၁၀

သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်နှင့် သယ်ယူပို့ဆောင်ရေးကဲ့သို့


စီမံကိန်းကြီးများအား အတူတကွ ပူးပေါင်းဆောင်ရွက်ရေးနှင့် နိုင်ငံရေးအရ
အပြန်အလှန်ယုံကြည်မှုများ တိုးမြှင့်နိုင်ရေးအတွက် မြန်မာအစိုးရနှင့် အတူတကွ
လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ်အစိုးရက ကတိပြုလိုက်သည်။

တရုတ်နိုင်ငံကို (၅) ရက်ကြာ အလည်အပတ်ခရီးရောက်ရှိနေသည့်


နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တရုတ်ဝန်ကြီးချုပ်
မစ္စတာဝမ်ကျားပေါင်၊ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ
ဥက္ကဋ္ဌ မစ္စတာ ဝူပန်ကော တို့ တွေ့ဆုံစဉ်အတွင်း တရုတ်အစိုးရက ယခုကဲ့သို့
ကတိပြုလိုက်ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

တိဗက်-ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ မြန်မာအစိုးရက တရုတ်ဘက်မှ


ရပ်တည်မှုအပေါ် ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာ့နိုင်ငံရေးအခြေအနေနှင့်အညီ
မြန်မာလူထုက ရွေးချယ်ဆောင်ရွက်နေသည့် နိုင်ငံရေး ဖြစ်ထွန်းမှုကိုလည်း အသိအမှတ်ပြုပါကြောင်း မစ္စတာ ဝူက
ပြောဆိုခဲ့သည်။

ယခုနှစ်နှောင်းပိုင်း ရွေးကောက်အပြီးပေါ်ထွက်လာမည့် အစိုးရသစ် လက်ထက်တွင်လည်း တရုတ်အစိုးရနှင့်


ဆက်ဆံရေးသည် အစဉ်အမြဲ ကောင်းမွန် တိုးတက်နေမည်သာ ဖြစ်ကြောင်း၊ တရုတ်သည် မြန်မာ၏ အရေးပါဆုံး
အိမ်နီးချင်းဖြစ်ပြီး တရုတ်တနိုင်ငံတည်း ပေါ်လစီကို မြဲမြံစွာ ကိုင်စွဲသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက
ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ယခုနှစ် မတ်လမှ ဇူလိုင်လအတွင်း ရေအားလျှပ်စစ်ကဲ့သို့ စွမ်းအင်ကဏ္ဍ၌ အမေရိကန် ဒေါ်လာ


(၅) ဘီလီယံကျော် ထပ်မံရင်းနှီးမြှုပ်ခဲ့ရာ စွမ်းအင်ကဏ္ဍတခုတည်း၌ (၆.၄) ဘီလီယံ ရှိပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ကမ်းလွန်မှ သဘာဝဓာတ်ငွေ့နှင့် အာရှအလယ်ပိုင်းမှ ရေနံများ တရုတ်ပြည်သို့ သယ်ယူရေးအတွက်


ပိုက်လိုင်းဖောက်လုပ်ရေး စီမံကိန်း၊ မြစ်ဆုံရေကာတာ ရေအားလျှပ်စစ်စီမံကိန်း၊ တရုတ်နှင့် မြန်မာဆက်သွယ်မည့်
မီးရထားလမ်းဖောက်လုပ်ရေး စသည့် စီမံကိန်းလုပ်ငန်းများတွင်လည်း တရုတ်က ရင်းနှီးမြှုပ်နှံ
လုပ်ဆောင်နေသည်။

ယခုကဲ့သို့ တရုတ-် မြန်မာအစိုးရအကြား ရင်းနှီးစွာဆက်ဆံနေမှုသည် ယခင်ကထက် ပိုမိုပြီး အထူးတလည်


တိုးတက် လာခြင်းမျိုးမဟုတ်ဘဲ တဖက်နှင့်တဖက် အပြန်အလှန် အကျိုးစီးပွားအရ ဆက်ဆံနေခြင်းသာဖြစ်ကြောင်း
တရုတ်-မြန်မာနယ်စပ် နိုင်ငံရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

“သံတမန်စကားအရ ပြောကြတာ ဆိုကြတာတော့ ရှိတာပေါ့ဗျာ။ တကယ်တော့ အပြန်အလှန်


အကျိုးစီးပွားတွေအတွက် ဆက်ဆံနေတာပေါ့။ နိုင်ငံတကာအခြေအနေအရ ဆက်ဆံနေရတာလည်း ရှိတယ်။
မြန်မာကတော့ တရုတ်ကို မှီခိုရတဲ့အပိုင်း ပိုတာပေါ့။ တရုတ်က ရင်းနှီးမြှုပ်နှံတဲ့အပိုင်းမှာ စွမ်းအင်တို့၊
ဓာတ်သတ္တုတို့မှာ လာရင်းနှီးမြှုပ်နှံတာက တရုတ်အစိုးရက အကျိုးရှိစေတာပေါ့။ ပိုက်လိုင်းလိုကျတော့
စောသေးတယ်။ အဲဒီအတွက် တရုတ်က ရင်တမမ ဖြစ်နေရမှာ” ဟု ပြောသည်။

တရုတ်နှင့် မြန်မာအစိုးရအကြား သံတမန်ဆက်ဆံရေးထူထောင်ခဲ့ခြင်း နှစ် (၆ဝ) ပြည့်မြောက်သည့်


ယခုနှစ်အတွင်း တရုတ်ဝန်ကြီးချုပ် မစ္စတာ ဝမ်ကျားပေါင်က မြန်မာနိုင်ငံသို့ ဇွန်လအတွင်းသွားရောက်ခဲ့ပြီး
တရုတ်သမ္မတ မစ္စတာ ဟူကျင်းတောင်၏ ဖိတ်ကြားချက်အရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တရုတ်ပြည်သို့
အပြန်အလှန် သွားရောက်ခဲ့ခြင်းဖြစ်သည်။

Source:http://khitpyaing.org/index.php?route=detail&id=4434

ထိုင်းငါးဖမ်းပိုက်စက်ရုံမှ မြန်မာများ သုံးရက်မြောက် ဆန္ဒပြနေဆဲ

2010-09-10

ယာယီ နိုင်ငံကူးလက်မှတ်တွေ ပြန်ထုတ်ပေးဖို့ စက်တင်ဘာ ၈ ရက်နေ့ကစပြီး ထိုင်း-လာအိုနယ်စပ်နားက


ခေါန်ကန်မြို့ ထိုင်းငါးဖမ်းပိုက် စက်ရုံမှာ ဆန္ဒပြနေကြတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ စက်တင်ဘာ ၁၀
ရက် ဒီကနေ့အချိန်ထိ ၃ ရက်ကြာ ဆက်လက် ဆန္ဒပြနေဆဲ ဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။

ထိုင်းနိုင်ငံ ခေါန်ကန်မြို့ ထိုင်းငါးဖမ်းပိုက် စက်ရုံမှာ စက်တင်ဘာ ၈ ရက်မှ စတင် ဆန္ဒပြနေကြသည့် မြန်မာ


ရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ပါသည်။ (Photo: Map Foundation based in Thailand)

မြန်မာအလုပ်သမား ၆ ဦးကို အလုပ်ထုတ်လိုက်ရာက ဆန္ဒပြမှုတွေ ဖြစ်ပေါ်လာခဲ့တာပါ။

ဆန္ဒပြရာမှာ ပါဝင်တဲ့ စောကပေါ်ဆေးက နောက်ဆုံးအခြေအနေကို အခုလို ရှင်းပြပါတယ်။

“အလုပ်ထုတ်လိုက်တဲ့လူကို သူတို့က အဲဒီ ပတ်စပို့ပဲ ပေးတယ်၊ လျော်ကြေး မပေးပါဘူးခင်ဗျာ။ အခုထက်ထိတော့


သူတို့ ထွက်မသွားသေးပါဘူးခင်ဗျာ။ ဘာလို့ ထွက်မသွားသေးလဲဆိုတော့ သူတို့ လက်ထဲမှာ ရောက်နေတဲ့ ယာယီ
ပတ်စပို့က လုံးဝ အစစ်အမှန် မဟုတ်တော့တဲ့အတွက် သူတို့ မသွားရဲပါဘူးခင်ဗျ။ အဲဒီအကြောင်းကြောင့် သူတို့
ဆက်ပြီး နစ်နာကြေးတွေ တောင်းနေပါတယ်ခင်ဗျာ။ ဒါပေမဲ့ သူတို့ဖက်က ဘာမှ တုံ့ပြန်မှု မရှိသေးပါဘူး။
ကျွန်တော်တို့ လှုပ်ရှားမှု အခုချိန်ထိ သုံးရက်ရှိနေပါပြီခင်ဗျာ။”

အလုပ်အထုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေရဲ့ ယာယီနိုင်ငံကူးလက်မှတ် ပတ်စ်ပို့စာအုပ်တွေကို အလုပ်ရှင်က


ပြန်ပေးချိန်မှာ အဲဒီ ပတ်စ်ပို့စာအုပ် သက်တမ်းကုန်ဆုံးမဲ့ ရက်စွဲ ပျက်ပြယ်သွားအောင် ထိုင်းအလုပ်ရှင်က မင်နဲ့
ရေးခြစ်ထားတာကြောင့် ကျန်တဲ့မြန်မာအလုပ်သမားတွေ သူတို့ရဲ့ ယာယီ နိုင်ငံကူးလက်မှတ်နဲ့ ပတ်သက်ပြီး
စိုးရိမ်လာရာက အခုလို ဆက်တိုက် ဆန္ဒပြ တောင်းဆိုနေခြင်း ဖြစ်ကြောင်း အလုပ်သမားတွေက RFA ကို
ပြောပါတယ်။

မနေ့တုန်းကတော့ ထိုင်းနိုင်ငံ အလုပ်သမားအရေး ကာကွယ်စောင့်ရှောက်မှုနဲ့ လူမှုဖူလုံရေးဌာန တာဝန်ရှိသူ


မစ္စတာ ဝမ်ပေါ့က အလုပ်သမားတွေကို လာရောက် တွေ့ဆုံမေးမြန်းမှုတွေ ရှိခဲ့ပါတယ်။ မစ္စတာ ဝမ်ပေါ့ကို RFA က
ဆက်သွယ် မေးမြန်းရာမှာတော့ မြန်မာအလုပ်သမားတွေဟာ ထိုင်း လဝက အာဏာပိုင်တွေကို ရက် ၉၀ အတွင်း
တခါ အကြောင်းကြားနိုင်ဖို့ သူတို့ရဲ့ ယာယီနိုင်ငံကူး လက်မှတ်တွေကို ပြန်လိုချင်နေကြကြောင်း ၊
အလုပ်အထုတ်ခံရသူတွေဟာ အလုပ်ကို ပုံမှန်မဆင်းတာကြောင့် အလုပ်ရှင်က အလုပ်ထုတ်ခဲ့တာဖြစ်ကြောင်း၊
မြန်မာအလုပ်သမားတွေဟာ အဲဒီစက်ရုံမှာ ထိုင်းအလုပ်သမားတွေ နည်းတူ တနေ့လုပ်ခ ထိုင်းဘတ်ငွေ ၁၅၇
ဘတ်စီ ပေးကြောင်း ၊ ဆန္ဒပြသူဦးရေဟာ ၁၀ဝ လောက်သာ ရှိကြောင်း စသဖြင့် ဖြေကြားခဲ့ပါတယ်။

မြန်မာအလုပ်သမားတွေကို RFA က ဆက်သွယ် မေးမြန်းချက်အရ ထိုင်းအလုပ်သမားတွေကို လုပ်ခ တနေ့


ထိုင်းဘတ်ငွေ ၂၀ဝ ကျော်ပေးပြီး ၊ မြန်မာတွေကိုတော့ အချိန်ပိုကြေး အပါအဝင် ဘတ် ၁၇၀ သာ ပေးကြောင်း ၊
အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၆ ဦးထဲက တချို့ဟာ အကြောင်းမဲ့ အလုပ်ထုတ်ခံရကြောင်း ၊ အခု အချိန်အထိ
ဆန္ဒပြနေသူဦးရေ ၅၀ဝ ဝန်းကျင် ရှိနေဆဲဖြစ်ကြောင်း ပြောဆိုပါတယ်။

မြန်မာအလုပ်သမားတွေ ဆန္ဒပြနေတဲ့ နောက်ဆုံး အခြေအနေ သိရအောင် ဆန္ဒပြနေသူတဦးကို RFA


ဝိုင်းတော်သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ် ။

Source:http://www.rfa.org/burmese/news/migrant_workers_continue_protest_for_passports-
09102010163948.html

မြန်မာလုပ်သား တထောင်ကျော် ထိုင်းတွင် ၃ ရက်မြောက် ဆန္ဒပြ


မြင့်မောင် | သောကြာနေ့၊ စက်တင်ဘာလ ၁၀ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၅၉ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ယာယီနိုင်ငံကူးလက်မှတ်များကို အလုပ်ရှင်က ဖျက်ဆီးပစ်သည်ဆိုကာ ထိုင်းနိုင်ငံ


Khon kaen မြို့ရှိ Dechapanich ငါးဖမ်းပိုက်စက်ရုံ၌ တရားဝင် မြန်မာလုပ်သား ၁,ဝဝဝ ကျော် ၃
ရက်မြောက်ဆက်ပြီး ဆန္ဒပြနေသည်။

မြန်မာလုပ်သား ၆ ဦး ၃ ရက်ဆက်တိုက် အလုပ်ပျက်သဖြင့် ယခုလ ၇ ရက်နေ့က အလုပ်ထုတ်ခံရစဉ် ၎င်းတို့


နိုင်ငံကူးကဒ်များ ပြန်တောင်းရာ အလုပ်ရှင်ဘက်က ဖျက်ဆီးထားကြောင်း တွေ့ရအပြီး နောက်ရက်တွင် စက်ရုံအနီး
အလုပ်သမားများ ဘုရားရှိခိုးဝင်းအတွင်း စတင်ဆန္ဒပြကြသည်။

“ပတ်စပို့ ဗီဇာတွေကို မြဝတီဘက်စခန်းမှာ


လုပ်လာစဉ်တုန်းက တနှစ်ကို ဒီမှာ လုပ်ရမယ်၊ နောက်တနှစ်ကို
အပြင်မှာ လုပ်စားခွင့် ရှိတယ်၊ သက်တမ်းတိုးလို့ ရတယ်ဆိုပြီး
ထုတ်ပေးလိုက်တာ။ အဲဒါ အလုပ်ရှင်က ပတ်စ်ပို့ ဗီဇာတွေကို
မင်တွေနဲ့ ဖျက်ထားတယ်။ Cancel ဆိုတာ ရေးပြီးတော့
ကျနော်တို့လက်ထဲ ပြန်အပ်တော့ ဘာမှ သုံးမရတော့ဘူး” ဟု
ဦးဆောင်ဆန္ဒပြသူ ကိုဇော်မင်းနိုင်က မဇ္ဈိမကို ပြောသည်။

ဆန္ဒပြခေါင်းဆောင် နောက်တဦးဖြစ်သည့် ကိုမိုးထက်က“ဒီမှာ အလုပ်ရှင်က ဖျက်ဆီးပစ်၍ ထိုင်းနိုင်ငံ Khon


အလုပ် ၃ ရက် ပျက်လို့ရှိရင် အလုပ်ထုတ်ခွင့်ရှိတဲ့ ဥပဒေ kaen မြို့ရှိ Dechapanich ငါးဖမ်းပိုက်စက်ရုံ၌
ရှိပါတယ်။ အဲဒီဥပဒေနဲ့ ငြိလို့ အလုပ်ထုတ်တယ်လို့ ပြောပါတယ်။ တရားဝင် မြန်မာလုပ်သား ၁,၀၀၀ ကျော် ၃
အမှန်တကယ် အလုပ်သမားတွေအလုပ်ပျက်တာက ရက်မြောက်ဆက်ပြီး ဆန္ဒပြနေ
ကျန်းမာရေးကြောင့်ပါ” ဟု ပြောသည်။

ဆန္ဒပြပွဲနှင့်ပတ်သက်၍ Dechapanich စက်ရုံကို ဆက်သွယ်မေးမြန်းသည့်အခါ စက်ရုံအရာရှိက ဆန္ဒပြနေတာ


ဟုတ်မှန်ကြောင်းသာ ပြောဆိုပြီး အသေးစိတ် ဖြေကြားရန် ငြင်းဆိုသည်။

ထိုင်းနိုင်ငံရှိ MAP Foundation နှင့် ရောင်ခြည်ဦး အလုပ်သမား ကူညီဆောင်ရွက်ရေးအဖွဲ့တို့က ဆန္ဒပြသူများကို


ကူညီနေကြရာ MAP က ထိုင်းနိုင်ငံ အလုပ်သမား စီမံခန့်ခွဲရေးဌာန၊ ရဲမှူးချုပ်နှင့် အမှတ် ၄ ရဲမှူးကြီးထံ အမြန်ဆုံး
ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံစာ ပေးပို့ခဲ့သည်။

’’အလုပ်သမားတွေကို မြန်မာနိုင်ငံ ပြန်မပို့ဘဲ ဥပဒေအရ စောင့်ရှောက်ပေးဖို့၊ အဖြစ်မှန် ဖော်ထုတ်ပေးဖို့၊


တရားဥပဒေအတိုင်း ကူညီပေးဖို့ ထည့်သွင်းတောင်းဆိုထားတယ်။ အလုပ်သမားတွေ အကြွေးယူ
စားသောက်ရတဲ့ဆိုင်ကို အလုပ်ရှင်က ပိတ်လိုက်တဲ့အတွက် အခက်အခဲဖြစ်နေတဲ့အတွက် ဆိုင်ပြန်ဖွင့်ပေးဖို့
အလုပ်ရှင်ကို ကျမတို့ ပြောခဲ့တယ်’’ ဟု MAP အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Mai Mai က ပြောသည်။

Khon kaen မြို့ရှိ စက်ရုံများ၌ အခြား တရားဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများ တနေ့လျှင် ၁၅၇ ဘတ်
ရသော်လည်း Dechapanich ငါးဖမ်းပိုက်စက်ရုံ၌ မြန်မာလုပ်သားများကို ဘတ် ၁၄ဝ သာ ပေးပြီး တရက် တနာရီခွဲ
အခမဲ့ လုပ်ပေးရသည်။ အချိန်ပိုအတွက် တနာရီလျှင် ဘတ် ၃ဝ သာ ပေးသည်။

စက်ရုံ၌ ဧရာဝတီတိုင်း၊ မကွေးတိုင်းနှင့် မွန်ပြည်နယ်မှ မြန်မာ ၂,၁၄၇ ဦး အလုပ်လုပ်နေသည်။

ဘန်ကောက် မြန်မာသံရုံးမှ လာရောက်ဖြေရှင်းပေးခြင်း မရှိသေးကြောင်း သိရသည်။


Source:http://www.mizzimaburmese.com/news/regional/6015-2010-09-10-14-32-23.html

မဲဆောက်-မြ၀တီတံတား ဖွင့်နိုင်ချေ မျှော်လင့်ချက်သာ ရှိသေး


ရဲရင့် / ၁၀ စက်တင်ဘာ ၂၀၁၀

သောင်းရင်းမြစ်အတွင်း ကမ်းထိန်းနံရံများ
တည်ဆောက်မှုအပြီးတွင် မဲဆောက်-မြ၀တီ
ကုန်သွယ်ရေးလမ်းကြောကို မြန်မာဘက်မှ ပြန်ဖွင့်မည့်ကိစ္စသည်
ထိုင်းဘက်မှ မျှော်လင့်ထားသကဲ့သို့ ယခုနှစ်အတွင်း
လုံးဝဖြစ်နိုင်ချေမရှိဟု ရန်ကုန်အခြေစိုက်
ဆောက်လုပ်ရေးကုမ္ပဏီတခု၏ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “မြန်မာဆောက်လုပ်ရေး ကုမ္ပဏီကြီး (၄) ခု မြ၀တီမှာ


ကမ်းထိန်းနံရံတွေ ဆောက်နေပါတယ်။ တကယ်တမ်း
စက်ယန္တရားအား လူအားနဲ့ လုပ်လိုက်ရင် တလ နှစ်လ ဆိုရင် ပြီးပြတ်ရမယ့်ကိစ္စပါ။ ကျနော်တို့မှာ ပြဿနာက
လိုအပ်တဲ့ပစ္စည်းတွေကို အလုံအလောက်မရဘူး။ ထိုင်းဘက်ကပစ္စည်းတွေနဲ့လုပ်ရင် ပြီးတာကြာပြီ။ ကျနော်
ထင်တာကတော့ နိုင်ငံရေးပြဿနာတွေ တခုခုရှိမယ် ထင်တယ်” ဟု ပြောသည်။

မြန်မာဘက်မှ မဲဆောက်-မြ၀တီ နယ်စပ်ကုန်သွယ်ရေးလမ်းကြောကို သောင်ရင်းမြစ်အတွင်း ကမ်းထိန်းနံရံများ


တည်ဆောက်မှုအပြီးတွင် ပြန်ဖွင့်မည်ဟု နယ်စပ်ကုန်သွယ်ရေးဌာနမှ တာဝန်ရှိသူတဦးက
ပြည်တွင်းအပတ်စဉ်ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်သို့ပြောကြားခြင်းနှင့် ပတ်သက်၍ ၎င်းက
ဆက်စပ်ပြောကြားခြင်းဖြစ်သည်။

လက်ရှိ မြန်မာဘက်မှ ကမ်းထိန်းနံရံတည်ဆောက်မှုသည် စက်ယန္တရားအင်အားမပါဘဲ လူအားဖြင့်သာ


ဆောင်ရွက်နေသည့်အတွက် နေပြည်တော်မှသတ်မှတ်ချက်၏ (၅၀) ရာခိုင်နှုန်းခန့်သာ ပြီးစီးပြီး ကျန်တ၀က်ကို
လက်ရှိနှုန်းထားဖြင့် သွားပါက သေချာပေါက် ယခုနှစ်ကျော်မှ ပြီးနိုင်မည်ဟု သိရသည်။

မြ၀တီမြို့နှင့်ထိစပ်နေသည့် သောင်းရင်းမြစ်ကမ်းနဖူး ရေတိုက်စားခြင်းမှကာကွယ်ရန်


ကမ်းထိန်းကျောက်စီနံရံများကို တနှစ်လျှင် ပေ (၁၀၀) နှုန်းဖြင့် ဆောင်ရွက်လျက်ရှိပြီး လက်ရှိတွင် (၇,၇၆၅) ပေ
ဆောင်ရွက်ပြီးသွားပြီးဖြစ်ကြောင်း သိရသည်။

ကမ်းထိန်းနံရံတည် ဆက်လက်တည်ဆောက်ရန် (၇,၅၃၅) ပေ ကျန်ရှိနေပြီး ဦးစားပေးဆောင်ရွက်ရမည့်နေရာမှာ


ပေ (၂,၅၀၀) ခန့်ရှိသည်ဟု မြ၀တီမြို့ဆောက်လုပ်ရေးဌာန၏ ၀န်ထမ်းတဦးက ပြောသည်။

မြ၀တီမြို့ခံ ကုန်သည်ကြီးတဦးက “ကမ်းထိန်းနံရံပြီးရင် နယ်စပ်ဂိတ်တွေ ပြန်ဖွင့်မယ်ဆိုတာကဟုတ်ပါပြီ။ ပေ


(၇,၅၀၀) ကျော် ကျန်သေးတယ်ဆိုတော့ တွက်သာကြည့်တော့။ မြန်မာဘက်က လုပ်တာကိုင်တာတွေက
အတော့်ကို ကလေးကလားဆန်တယ်။ သိတဲ့အတိုင်းပဲ။ ထိုင်းနဲ့ပတ်သက်လို့ တစုံတရာပြဿနာဖြစ်တိုင်း
မြန်မာဘက်က တံတားကိုပဲ ရမယ်ရှာနေတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေးလမ်းကြောဖြစ်သည့် မြ၀တီနယ်စပ်ဂိတ်ကို မြန်မာဘက်မှ


ပိတ်ထားပြီးနောက်ပိုင်း ထိုင်းကုန်ပစ္စည်းများကို တာချီလိတ်နယ်စပ်နှင့် ကော့သောင်းနယ်စပ်တို့မှတဆင့်
တင်သွင်းရန် မြန်မာနယ်စပ်ကုန်သွယ်ရေးဌာနက ခွင့်ပြုထားသည်။

မြန်မာဘက်သို့ ထိုင်းစားသောက်ကုန်နှင့် အထည်အလိပ်များ တင်သွင်းသည့် လုပ်ငန်းရှင်တဦးက “မြ၀တီနဲ့ရန်ကုန်


(၂၆၅) မိုင်ပဲရှိတယ်။ ကုန်ပစ္စည်းပို့ရင် တရက်ခရီးပဲ။ အဲဒါကိုပိတ်ပြီး အဲဒါထက်ကို ခရီးမိုင် (၂) ဆပိုဝေးတဲ့
ခရီးကနေ သွားခိုင်းတော့ ဘယ်သူမှ မသွားတော့ဘူး။ ဒီလမ်းကို မြန်မာဘက်က မဖွင့်ဘဲနဲ့တော့မနေပါဘူး၊
သူတို့ဖွင့်မှာပါ။ ကျနော်တို့လည်း ဖွင့်မယ့်ရက်ကို စောင့်နေတာပါ။ ဗမာဘက်က ဂိတ်ပိတ်လိုက်တဲ့အတွက်
ထိုင်းဘက်က ကုန်သည်တွေ နစ်နာဆုံးရှုံးမှု ရှိတာကတော့ ဟုတ်ပါတယ်” ဟု ပြောသည်။

မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်ကုန်သည်ကြီးများအသင်းနှင့် အခြားလုပ်ငန်းရှင်များက မြန်မာနိုင်ငံ၌ လာမည့်


နိုဝင်ဘာလ (၇) နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအပြီးတွင် မြ၀တီနယ်စပ်ဂိတ်များ ပြန်ဖွင့်မည်ဟု
မျှော်လင့်ကြောင်း ကုန်သည်ကြီးများ အဖွဲ့ဝင်တဦးက ခေတ်ပြိုင်သို့ ပြောသည်။

ထိုင်းဘက်မှ နှစ်နိုင်ငံနယ်စပ်မျဉ်း သောင်းရင်းမြစ်တွင် ကမ်းထိန်းနံရံတည်ဆောက်ခဲ့သည်ကို


ကန့်ကွက်သည့်အနေဖြင့် မြန်မာဘက်က ထိုင်းကုန်ပစ္စည်း တင်သွင်းမှုကို ပြီးခဲ့သည့်ဇူလိုင် (၁၁) ရက်မှ စတင်ကာ
ပိတ်ပင်ခဲ့ပြီး ဇူလိုင် (၁၈) ရက်မှ စတင်ကာ လုံခြုံရေးအကြောင်းပြချက်ဖြင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီ
ကုန်သွယ်ရေးလမ်းကြောရှိ ချစ်ကြည်ရေး တံတားအပါအ၀င် ဆက်စပ်ဂိတ် (၂၀) ခန့်ကို မြန်မာဘက်က
ပိတ်ထားခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

ထိုင်းနိုင်ငံသည် မြ၀တီလမ်းကြောမှတဆင့် လစဉ် လူသုံးကုန်၊ စားသုံးကုန်နှင့် ဆောက်လုပ်ရေးပစ္စည်းများ၊


လယ်ယာသုံး ပစ္စည်းများနှင့် အခြားဆက်စပ်ပစ္စည်းများကို ဘတ်ငွေသန်း (၁,၀၀၀) ဖိုးခန့် မြန်မာဘက်သို့
တင်ပို့လျက်ရှိရာမှ ရပ်တန့်သွားခြင်းဖြစ်သည်။
Source:http://khitpyaing.org/index.php?route=detail&id=4438

ကလေးစစ်သား ရဲဘက်စခန်း ရောက်

2010-09-10

ကလေးစစ်သားအဖြစ် စုဆောင်းခံရပြီးနောက် အခု ရဲဘက်စခန်းတခုကို ရောက်နေတဲ့ လူငယ်တယောက်အမှုနဲ့


ပတ်သက်ပြီး ရန်ကုန် အိုင်အယ်လ်အို ရုံးခွဲက အဲဒီလူငယ်ကို လွှတ်ပေးဖို့ တောင်းဆိုနေတယ်လို့ သိရပါတယ်။

နအဖစစ်အစိုးရ၏ စစ်တပ်မှ အစောင့်တာဝန်ကျနေသော တပ်သားတဦး ဖြစ်ပါသည်။ (Photo: AFP)

အဲဒီ မောင်ကျော်စွာဝင်းဟာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး၊ ၁၉၈၉ ခုနှစ် သူ ၁၄


နှစ်သားအရွယ် ၇ တန်းကျောင်းသားဘဝက အထက(၃) မြောက်ဥက္ကလာပမှာ ကျောင်းသွားနေတုန်း
ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရပါတယ်။ ၁၉၉၈ ခုနှစ်မှာ ကျန်းမာရေး ဆိုးဝါးလို့ရန်ကုန်တိုင်း မင်္ဂလာဒုံ
စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ပါတယ်။ ဆေးရုံက ဆင်းပြီးတဲ့အချိန် စစ်တပ်ကို ပြန်လည်သွားခြင်း မရှိတော့ပဲ
မိသားစုဝင်တွေနဲ့အတူ မြောက်ဥက္ကလာပမှာ ပြန်နေထိုင်ခဲ့ပါတယ်။

ဒီနှစ်မတ်လမှာ စစ်တပ်က လာရောက် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၄ နှစ်နဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က


လှေလှော်အင်း ရဲဘက်စခန်းမှာ ရောက်ရှိနေပါတယ်။

ဒီအမှုကို အိုင်အယ်လ်အိုရုံးခွဲမှာ ကူညီဆောင်ရွက်ပေးနေတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ဒေါ်မေဝင်းက


အိုင်အယ်လ်အို ရုံးခွဲအနေနဲ့ စစ်အစိုးရထံ လွှတ်ပေးဖို့ တင်ပြထားပြီး ဖြစ်ပေမဲ့ အခုအချိန်အထိ ပြေလည်ခြင်း
မရှိသေးဘူးလို့ ပြောပါတယ်။

“အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၄ နှစ်ဆိုပြီး ချလိုက်ပြီ။ အင်းစိန်၊ အင်းစိန်ကနေပြီးတော့ အခု ဝက်လက်


လှေလှော်အင်းစခန်းကို ပို့လိုက်တာပါ။ အဲဒီ ပို့လိုက်တဲ့ အချိန်ကမှ ကျွန်မတို့က ILO သွားတင်ပြတယ်။ ဒီလိုဒီလိုပဲ
နောက်ပြီးတော့ သူက အော်ပရေးရှင်း လုပ်ရမဲ့ ကေ့စ်ကြီးက ဒီရက်ပိုင်းအတွင်းမှာ သူ့ကို မဖမ်းခင် အတွင်းမှာပဲ
ကျွန်မတို့က ဆေးစာတွေ တွဲပြီး တင်ထားတယ်။”

“အဲဒီတော့ ပါးမှာလည်း ပါးပေါက်နာကြီး ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ သူ့ကို အမြန်ဆုံး ပြန်လွှတ်ဖို့၊


မလွှတ်ပေးနိုင်ဘူး ဆိုရင်လည်း ဆေးဝါးကုသပေးဖို့ပေါ့နော်။ အဲဒီတော့ အဲဒီ ILO ကနေပြီးတော့ သူတို့ဆီကို
ဆေးဝါးကုသခွင့် ပေးဖို့ဆိုပြီးတော့ ပို့လို့ ကျွန်မတို့ ကိုယ်တိုင်ကလည်းပဲ အဲဒီ တပ်ရင်း ဆက်သွယ်ရေး (၂) မှာ
သွားပြီး အင်းတိုင်မှာ တင်ပြပါတယ်။ကျွန်မ အပါအဝင် သူ့အစ်မရော။ အဲဒီတော့ ဗိုလ်ကြီး သက်ဖြိုးဆွေ
ကိုယ်တိုင်က ကျွန်တော်တို့ အထက်ကို တင်ပြပေးမယ်ဆိုပြီး ဆေးကုသခွင့် မရဘူး။ အခုလည်း ရဲဘက်စခန်းမှာ
ကျန်းမာရေးအရ တော်တော် ထိခိုက်နေတယ်။”

မောင်ကျော်စွာဝင်းကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အစ်မဖြစ်သူ ဒေါ်နီလာဝင်းက ရဲဘက်စခန်းမှာ သွားတွေ့ခဲ့တဲ့


အချိန်မှာ ကျန်းမာရေး ဆိုးဝါးနေတယ်လို့ ပြောပါတယ်။

RFA မှ ဦးဝင်းနိုင်က ဒီအကြောင်း အသေးစိတ် ဆက်သွယ် မေးမြန်းထားပါတယ်။

Source:http://www.rfa.org/burmese/news/child_soldier_sent_to_prison_camp-
09102010160216.html

ရွေးကောက်ပွဲ သပိတ်မှောက်ရေး လှုံ့ဆော်မှု စစ်အစိုးရရှုတ်ချ

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့ကျရင် ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲမထည့်ဝင်ကြဖို့ လှုံ့ဆော်နေသူတွေကို


စစ်အစိုးရ သတင်းစာတွေက ရှုတ်ချသွားပါတယ်။ ပြည်သူတွေဟာ ရွေးကောက်ပွဲမှာ မဲမပေးဘူးဆိုရင် တာဝန်မဲ့ရာ
ရောက်တယ်လို့ သတင်းစာတွေထဲမှာ ရေးထားပါတယ်။ အထိန်းသိမ်းခံမြန်မာ့ ဒီမိုကရေဒီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူတွေ မဲမပေးချင်ရင် မဲမပေးပဲ နေနိုင်ခွင့်ရှိတယ်လို့ ပြောထားပါတယ်။

၂၀၀၈ ခုနှစ်ကအတည်ပြုပြဌာန်းခဲ့တဲ့ အခြေခံဥပဒေပါ ဒီမိုကရေစီ နည်းလမ်းမကျတဲ့အချက်တွေနဲ့ မျှတမှုမရှိတဲ့


တခြား ကန့်သတ်ချက်တွေကြောင့် ရွေးကောက်ပွဲမ၀င်ဘူးဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပါတီအဖြစ်
မှတ်ပုံမတင်ဖို့ ဒီနှစ်အစောပိုင်းမှာဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာအစိုးရကတော့ ပြည်သူတွေ မဲမပေးအောင်
နှောက်ယှက် လုပ်ဆောင်သူတွေကို ထောင်ဒါဏ်ချမယ်၊ ဒဏ်ရိုက်မယ်လို့ သတိပေးထားပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲမှာ အမျိုးသားလွှတ်တော်အတွက် ၄၉၈ နေရာကို ရွေးချယ်ရမှာဖြစ်ပြီး ပြည်သူ့


လွှတ်တော်အတွက် နေရာပေါင်း ၆၆၄ နေရာကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

Source:http://www.voanews.com/burmese/news/burma/Burma-election-boycott-09-10-10-
102667634.html

PR များကို နိုင်ငံသား ခံယူခိုင်း၍ စင်ကာပူရောက် မြန်မာများ အခက်တွေ့


စိုင်းဇွမ်ဆိုင်းစင်ကာပူနိုင်ငံတွင် အမြဲတမ်း
နေထိုင်ခွင့် (Permanent Residents-PR)
လက်မှတ် ကိုင်ဆောင်ထား သူများကို
နိုင်ငံသားအဖြစ် ပြောင်းလဲခံယူရန် ညွှန်ကြား
လိုက်သဖြင့် စင်ကာပူရောက်
မြန်မာနိုင်ငံသားများ အခက်တွေ့နေကြောင်း
သိရသည်။
စင်ကာပူ လူဝင်မှု ကြီးကြပ်ရေး ဌာနက PR
လက်မှတ် ကိုင်ဆောင်ထား သူများကို နိုင်ငံသား
အဖြစ်ပြောင်းလဲ ခံယူရန် တိုက်ရိုက် ညွှန်ကြား
ထားခြင်း ဖြစ်ပြီး မလုပ်ဆောင် သူများကို
၂၀၀၈ ဧပြီလက ဖွဲ့စည်းပုံ အခြေခံဥပဒေအတွက် မဲပေးရန် သက်တမ်း ထပ်မံ တိုးပေးတော့မည်
မြန်မာ သံရုံးရှေ့တွင် စောင့်ဆိုင်းနေသော စင်ကာပူရောက် မဟုတ်ကြောင်း သတင်းရရှိသည်။
မြန်မာများက ၎င်းတို့၏ နိုင်ငံကူးလက်မှတ်ကို မြှောက်ပြစဉ်
(ဓာတ်ပုံ - Reuters)
စက်တင်ဘာလ ၆ ရက်နေ့ တွင်လည်း စင်ကာပူ ဝါရင့်ဝန်ကြီး ဂိုချုပ်တောင်က PR များကို နိုင်ငံသား အဖြစ်
ခံယူကြရန် တိုက်တွန်း ထားသည်။

“စင်ကာပူနိုင်ငံမှာ PR ဦးရေ ၅ သိန်း လောက်ရှိပါတယ်။ အဲဒီထဲကမှ ၅ သောင်းလောက်က စင်ကာပူ နိုင်ငံသား


အဖြစ် ခံယူမယ်ဆိုရင် ဒါဟာ စင်ကာပူနိုင်ငံရဲ့ စီးပွားရေးကို အထောက်အကူ ပြုလိုက်တာနဲ့ အတူတူပါပဲ” ဟု
ဂိုချုပ်တောင်က ပြောကြောင်း သတင်းများတွင် ဖော်ပြထားသည်။

သို့သော် စင်ကာပူနိုင်ငံမှ PR လက်မှတ်ရ မြန်မာနိုင်ငံသား အများစုသည် နိုင်ငံသားခံယူရန် ဆန္ဒမရှိကြကြောင်း၊


နိုင်ငံသားအဖြစ် ခံယူရန် ငြင်းဆန်လျှင်လည်း ၎င်းတို့၏ လက်ရှိအနေအထားမှာ ပို၍ ကျပ်တည်းသွားနိုင်ကြောင်း၊
မြန်မာနိုင်ငံသားများအတွက် ဘေးကျပ်နံကျပ် အခြေအနေဖြစ်ကြောင်း မြန်မာနိုင်ငံသားတဦးက ဧရာဝတီသို့
ပြောသည်။

၎င်းက ဆက်လက်၍ “ကျနော်သိရသလောက်က PR ကိုင်ထားတဲ့သူ အများစုက မိသားစုတွေနဲ့လေ။ တကယ်လို့


သူတို့က နိုင်ငံသား ခံယူဖို့ ငြင်းမယ်ဆိုရင် PR ကို သက်တမ်းတိုးပေးတော့မှာ မဟုတ်ဘူး။ EP (Employment
Pass) နဲ့ပဲ နေရမယ်။ အဲဒါဆိုရင် သူတို့အတွက် အခွန်တွေ၊ ကလေး ကျောင်းစရိတ်တွေကအစ
ဈေးပိုကြီးလာတော့မယ်” ဟု ရှင်းပြသည်။

စင်ကာပူနိုင်ငံတွင် PR လက်မှတ် ကိုင်ဆောင်သူများတွင် မြန်မာနိုင်ငံသားများအပြင်၊ တရုတ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊


မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံသားများ ဖြစ်ကြပြီး ၎င်းတို့အနက် တရုတ်နိုင်ငံသားဦးရေ အများဆုံးဖြစ်သည်ဟု
သိရသည်။

PR လက်မှတ်ကို ဆယ်နှစ်ကျော် ကိုင်ဆောင်ထားပြီး စင်ကာပူနိုင်ငံသားအဖြစ် ခံယူခြင်း မရှိသေးသူ မြန်မာတဦးက


“ဒီကို ရောက်ခါစ ကျောင်းတက်တုန်းက အရမ်း အနှိမ်ခံရတယ်။ ဆရာ၊ ဆရာမတွေကအစ နှိမ်တယ်။ အဲဒါက
ကလေးဘဝတုန်းက ဖြစ်ခဲ့တယ်ဆိုပေမယ့်လည်း အခုထက်ထိ စွဲနေတယ်။ နောက်တခုက တနေ့တနေ့ကို လူတွေ
အကုန်လုံးက ပိုက်ဆံနောက် လိုက်မယ်ဆိုတာပဲ တွေ့နေရတယ်။ အဲဒီလိုနေရာမျိုးက ကိုယ်အသက်ကြီးသွားရင်
ဘယ်လိုမှ နေနိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့် နိုင်ငံသား မခံချင်တာလည်းပါတယ်” ဟု သူ၏ သဘောထားကို
ပြောပြသည်။

မြန်မာနိုင်ငံသားအဖြစ်မှ စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူမှုသည် တဦးချင်းစီ၏ ဆုံးဖြတ်ချက်အပေါ်၌သာ


မူတည်ကြောင်း၊ စင်ကာပူနိုင်ငံသားအဖြစ် ခံယူသူ မြန်မာပြည်မှ လူအများစုမှာ မြန်မာနိုင်ငံတွင် ဧည့်နိုင်ငံသားကတ်
(FRC) ကိုင်ဆောင်ကြသည့် တရုတ်လူမျိုးများနှင့် နိုင်ငံခြားတွင် အမြဲ အခြေချ နေထိုင်ရန် ဆုံးဖြတ်ထားသူ
လူငယ်အများစုဖြစ်ကြောင်း စင်ကာပူနိုင်ငံတွင် ဆရာမအဖြစ် အလုပ်လုပ်ကိုင်နေသူတဦးက ပြောသည်။

၎င်းက “Passport လေး ပြောင်းလိုက်တာနဲ့ ကိုယ်က မြန်မာ မဟုတ်တော့ဘူး ဆိုတာမျိုး မဟုတ်ဘူးလေ။ ကိုယ်က


မြန်မာပြည်ကို ချစ်နေတုန်းပဲ” ဟု ဆိုသည်။

စင်ကာပူနိုင်ငံတွင် ဆယ်နှစ်ကျော် နေထိုင်လာသူ မြန်မာတဦးက “စင်ကာပူမှာ ရှိနေတဲ့ PR တော်တော်များများက


ပညာတတ်တွေ၊ အလုပ်အကိုင် အတွေ့အကြုံရှိတဲ့သူတွေ၊ အရည်အချင်း ရှိတဲ့သူတွေများတယ်။ အဲဒီလိုလူတွေကို
နိုင်ငံသားပေးလိုက်တာက စင်ကာပူနိုင်ငံအတွက် အကျိုးယုတ်စရာ လုံးဝမရှိဘူးလေ” ဟု ပြောသည်။

PR လက်မှတ် ကိုင်ဆောင်သူများကို နိုင်ငံသားခံယူခွင့် ပေးခြင်းသည် တိုးပွားမှုနှေးနေသော စင်ကာပူလူဦးရေ


အတွက် အထောက်အကူဖြစ်နိုင်ရန်နှင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရန် စင်ကာပူအစိုးရက
ရည်ရွယ်ထားခြင်းဖြစ်ကြောင်း စင်ကာပူရောက် မြန်မာများက ဆိုသည်။

စင်ကာပူနိုင်ငံသားအဖြစ် ပြောင်းလဲခံယူလိုက်ခြင်းအားဖြင့် ကောင်းကျိုးများ ရရှိနိုင်သကဲ့သို့ ဆိုးကျိုးများလည်း


ရှိနိုင်သည်ဟု စင်ကာပူနိုင်ငံသားအဖြစ် ခံယူထားသူ မြန်မာတဦးက ပြောသည်။

စင်ကာပူနိုင်ငံသား ဖြစ်လာလျှင် အခွန်မြင့်မားစွာ ပေးဆောင်ရန် မလိုတော့ခြင်း၊ စင်ကာပူ နိုင်ငံကူးလက်မှတ်သည်


တခြားနိုင်ငံကြီးများသို့ သွားလာရန် လွယ်ကူခြင်း၊ စင်ကာပူနိုင်ငံတွင် အိမ်၊ ခြံ၊ မြေ ဝယ်ယူရာတွင် ဈေးနှုန်း
ချိုသာခြင်း စသည်တို့ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

စင်ကာပူ နိုင်ငံသားအဖြစ် ခံယူခြင်းမရှိသေးပါက မြန်မာနိုင်ငံသားတဦး အနေဖြင့် တလလျှင် ဝင်ငွေ၏ ၂၀


ရာခိုင်နှုန်းကို မြန်မာသံရုံးသို့ ပေးဆောင်ရပြီး စင်ကာပူနိုင်ငံသား ဖြစ်သွားပါက တနှစ်ဝင်ငွေ၏ ၁၀ ရာခိုင်နှုန်းကိုသာ
စင်ကာပူအစိုးရထံ ပေးဆောင်ရကြောင်း သိရသည်။

စင်ကာပူနိုင်ငံရောက် မြန်မာတဦးက “တချို့ Citizen ခံလိုက်တဲ့သူတွေ ပြောတာကတော့ မြန်မာ သံရုံးမှာ


အခွန်မဆောင်ချင်ဘူး။ အဲဒီဆောင်ရမယ့် ငွေတွေကို မြန်မာပြည်သူတွေဆီ တိုက်ရိုက် ကူညီလိုက်တာ
ပိုကောင်းတယ်လို့ ပြောကြတယ်”ဟု ပြောသည်။

စင်ကာပူနိုင်ငံသားအဖြစ် ခံယူပြီးပါက မြန်မာနိုင်ငံသည် နိုင်ငံသား ၂ မျိုး (Dual Citizenship) ခံယူမှုကို


ခွင့်မပြုသဖြင့် မြန်မာနိုင်ငံသားအဖြစ်မှ စွန့်လွှတ်ရခြင်း၊ မြန်မာနိုင်ငံမှ ပိုင်ဆိုင်မှုများကို စွန့်လွှတ်ရခြင်း၊
မြန်မာနိုင်ငံသို့ အလည်အပတ် ပြန်မည်ဆိုပါက ဗီဇာကြေး နှစ်ဆ ပိုပေးရခြင်း၊ မြန်မာနိုင်ငံတွင်းမှ ဟိုတယ်များ၊
စားသောက်ဆိုင်များ၊ ခရီးသွားစရိတ်များကိုလည်း နိုင်ငံခြားသားတဦးအနေဖြင့် ပေးဆောင်ရခြင်း၊ အသက်အရွယ်
ကြီးရင့်သူများအနေဖြင့် မြန်မာပြည်သို့ ပြန်လည်နေထိုင်လိုပါက ခက်ခဲခြင်းများသည် ဆိုးကျိုးများဟု ဆိုနိုင်ကြောင်း
စင်ကာပူနိုင်ငံသား ခံယူထားသူ မြန်မာက ရှင်းပြသည်။

၂၀၀၉ ခုနှစ်အထိ စင်ကာပူနိုင်ငံတွင် လူဦးရေ ၄.၉၈ သန်းရှိပြီး ကုန်ပစ္စည်း တင်ပို့ခြင်းလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊


ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း၊ ဓာတုဗေဒလုပ်ငန်း နှင့် ရေနံဓာတုလုပ်ငန်းတို့ကို
အဓိကထား လုပ်ကိုင်သည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/4035-pr------

အာဆီယံ လွတ်လပ်စွာ ကုန်သွယ်မှုတွင် မြန်မာ ယှဉ်ပြိုင်ရန် မလွယ်


၂၀၁၅ ခုနှစ်တွင် စတင် အကောင် အထည်ပေါ်မည့် အာဆ

ီယံ လွတ်လပ်စွာ ကုန်သွယ်မှု ဧရိယာ (AFTA) သဘော တူညီချက်အရ ပြည်ပမှ သွင်းကုန် တချို့ကို အကောက်ခွန်
ကင်းလွတ်ခွင့် ပေးရတော့မည်ဖြစ်ရာ ထိုသွင်းကုန်များအား မယှဉ်ပြိုင်နိုင်မည်ကို မြန်မာလုပ်ငန်းရှင်များ
စိုးရိမ်လျက်ရှိကြောင်း မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများ အသင်း (MIA) မှ တာဝန်ရှိသူတဦးက
ထုတ်ဖော်ပြောဆိုသည်။

ဒဂုံဆိပ်ကမ်း စက်မှုဇုန်မှ လုပ်ငန်းရှင်တဦးက စစ်အစိုးရ၏ ညံ့ဖျင်းသော စီးပွားရေးဆိုင်ရာ


အခြေခံအဆောက်အအုံများကြောင့် မလိုလားအပ်သော ထုတ်လုပ်မှု ကုန်ကျစရိတ်များပြားနေပြီး
လုပ်ငန်းရပ်တည်ရေးကိုပင် ကြိုးစား ရုန်းကန်နေရကြောင်း ပြောသည်။
“AFTA က နောက်မှလာမှာ။ အခုက ပြည်ပ
စက်မှုထုတ်ကုန်တွေကို မပြောနဲ့၊ ပြည်တွင်း
အချင်းချင်းတောင်မှ မနည်းပြိုင်နေရတာ” ဟု
၎င်းက ဆိုသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းအတွင်းရှိ
စက်မှုဇုန် ၂၉ ဇုန်မှ အခြေအနေများကို
လေ့လာတင်ပြရေးအဖွဲ့ ၃ ဖွဲ့က
လေ့လာသုံးသပ်လျက်ရှိကြောင်း MIA
တာဝန်ရှိသူက ပြောသည်။

လွတ်လပ်စွာ ကုန်သွယ်မှု ဧရိယာ (AFTA) ကောင်စီက ၂၁


ယင်းအဖွဲ့များမှာ စက်မှုဇုန်အခြေအနေ
ကြိမ်မြောက် ဆွေးနွေးပွဲကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ၂၀၀၇
အခက်အခဲ လေ့လာတင်ပြရေးအဖွဲ့၊
ခုနှစ်က ကျင်းပစဉ် (ဓာတ်ပုံ - MOF-Thailand)
ဒေသတွင်းဈေးကွက်နှင့် နိုင်ငံတကာဈေးကွက်
လေ့လာရေးအဖွဲ့နှင့် စက်မှုလုပ်ငန်းနှင့်ကုန်သွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း တင်ပြရေးအဖွဲ့တို့ဖြစ်ကြောင်း
သိရသည်။

လျှပ်စစ်ပစ္စည်းထုတ်လုပ်သော လုပ်ငန်းရှင်တဦးက “AFTA ၀င်လာချိန်မှာ လုပ်ငန်းတွေ ရှင်သန်အောင်


အစိုးရပိုင်းက ပံ့ပိုးကူညီဖို့ လိုပါတယ်” ဟု ပြောသည်။

လုပ်ငန်း အဓိက လိုအပ်ချက်နှင့် စပ်လျဉ်း၍ မုံရွာ ဒေသခံ လုပ်ငန်းရှင်တဦးကမူ “ကျနော်တို့ကို လျှပ်စစ်မီးနဲ့


နည်းပညာပဲပေးပါ” ဟု တောင်းဆိုသည်။

မုံရွာစက်မှုဇုန်မှ လုပ်ငန်းရှင်တဦးကလည်း “ကျနော်တို့ဇုန်မှာ လုပ်ငန်းတော်တော်များများ ရပ်လိုက်ရပြီ” ဟု


ပြောသည်။

AFTA အရ အာဆီယံနိုင်ငံများမှ ဝင်လာမည့် သွင်းကုန်များကို ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရန်


ပြောဆိုနေကြသော်လည်း ယခုအချိန်အထိ တရုတ်နယ်စပ်မှ ၀င်ရောက်လာသော ကုန်ပစ္စည်းများကိုပင်
ဈေးကွက်၌ မယှဉ်ပြိုင်နိုင်သေးကြောင်း ပြည်တွင်း စက်မှုလုပ်ငန်းရှင်များက ထောက်ပြသည်။

ပြည်တွင်း ဝယ်လိုအားနည်းခြင်း၊ ဈေးသက်သာသော နယ်စပ်ကုန်ပစ္စည်းများသာ ဈေးကွက်ဝေစု


ရရှိနေခြင်းများကြောင့် သွင်းကုန်အစားထိုး လုပ်ငန်းရှင်များမှာ AFTA ကို စိတ်ဝင်စားမှု မရှိကြောင်း
စက်မှုဇုန်ဥက္ကဋ္ဌတဦးကို ကိုးကား၍ အပတ်စဉ် ထုတ် 7 DAY ဂျာနယ်တွင် ဖော်ပြထားသည်။

“AFTA အကြောင်း လုပ်ငန်းရှင်တွေကို ပြောလာတာကတော့ ကြာပါပြီ။ အခုမှ လုပ်ငန်းရှင်တွေ လန့်နိုးလာတာပါ”


ဟု ရန်ကုန် စီးပွားရေးတက္ကသိုလ်မှ ပညာရှင်တဦးက ပြောသည်။

AFTA အကောင်အထည် ပေါ်လာပါက ပြည်တွင်းစက်မှုလုပ်ငန်းများ ပြည်တွင်းဈေးကွက် မပျောက်စေရန်


အရေးကြီးပြီး ယူတတ်လျှင် ကောင်းကျိုးဖြစ်နိုင်ကြောင်း၊ ပြည်တွင်းဈေးကွက်ကို ထိန်းနိုင်ပြီး အာဆီယံဒေသတွင်း
ဈေးကွက်အတွင်း ၀င်ရောက်ရန် ကြိုးစားရမည်ဖြစ်ကြောင်း MIA တွဲဖက်အတွင်းရေးမှူး ဒေါက်တာ အောင်သိန်း၏
“စက်မှုလုပ်ငန်းများနှင့် AFTA ဆက်စပ် အကျိုးသက်ရောက်မှု” စာတမ်းတွင် အကြံပြုထားသည်။
အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဇုန် အသက်ဝင်လာပါက အာဆီယံနိုင်ငံ အချင်းချင်း ကုန်သွယ်ရာတွင်
အကောက်ခွန်ကို ၀ မှ ၅ ရာခိုင်နှုန်းသာ ကောက်ခံ၍ ကုန်စည်များကို လွတ်လပ်စွာ စီးဆင်းခွင့်ပြုရမည်ဖြစ်သည်။

AFTA သဘောတူညီချက်ကို အာဆီယံအဖွဲ့ဝင် နိုင်ငံများထဲမှ ဘရုနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ


တို့က ၁၉၉၂ ခုနှစ် ဇန်နဝါရီလက စင်ကာပူနိုင်ငံတွင် လက်မှတ်ရေးထိုးကြသည်။ ၁၉၉၅ ဗီယက်နမ်၊ ၁၉၉၇ တွင်
လာအိုနှင့် မြန်မာ၊ ၁၉၉၇ တွင် ကမ္ဘောဒီးယား တို့က အသီးသီး သဘောတူ လက်မှတ်ရေးထိုးကြသည်။

အစောပိုင်း AFTA သဘောတူညီချက်ရထားသည့် နိုင်ငံများသည် ယခုနှစ်တွင် အကောင်အထည်


ပေါ်ပြီဖြစ်သော်လည်း နောက်ကျနေသော နိုင်ငံများက ၂၀၁၅ တွင်မှ အကောင်အထည် ပေါ်မည် ဖြစ်သည်

သို့သော် ယခုတိုင် အာဆီယံနိုင်ငံများအကြား အကောက်ခွန်နှင့် ကုန်သွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ


ညှိနှိုင်းနေရဆဲ ဖြစ်ကြောင်း သိရသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/4030-2010-09-10-08-40-28

ကြံ့ဖွတ်ပါတီက မှတ်ပုံတင်၊ အိမ်ထောင်စု အခမဲ့လုပ်ပေးကာ လူထုမဲဆွယ်နေ


Friday, 10 September 2010 17:58 KNG

မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ် နမ္မတီးမြို့တွင် စစ်အစိုးရ၏ကြံ့ဖွတ်ပါတီ (USDP) က


ဒေသခံပြည်သူများကို မှတ်ပုံတင်နှင့် အိမ်ထောင်စုများ အခမဲ့လုပ်ပေးသည့်စနစ်ဖြင့် မဲဆွယ်စည်းရုံး နေပါသည်။

စက်တင်ဘာ ၇ ရက် အင်္ဂါနေ့မှစ၍ “ကြံဖွတ်ပါတီဝင်ကဒ် ပြုလုပ်သူများအား အိမ်ထောင်စုစာရင်း နှင့်


နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားများ အခမဲ့လုပ်ပေးမည်” ဟု စည်းရုံးလာကြောင်း ဒေသခံများ ပြောသည်။

”မှတ်ပုံတင်လုပ်ပေးမယ်။ အိမ်ထောင်စုလုပ်ပေးမယ်။
ဒီကလူတွေတော့ ငွေမကုန်ပဲ လုပ်ယူနိုင်တယ် ဆိုတော့၊
လူတွေက ကိုယ့်အတွက်လည်း အကျိုးရှိတယ်၊
ခရီးထွက်ရင်လည်း အကျိုးရှိတယ် ဆိုပြီးတော့ လုပ်ကြတယ်။”
ဟုဒေသခံတစ်ဦး ပြောပြပါသည်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
မြစ်ကြီးနားတွင် ထုတ်ပေးနေတဲ့ ယာယီ
နာယကအဖြစ်ကြီးမှူးခဲ့သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ကြံ့ဖွတ်ပါတီဝင် အတိအမှတ်ပြု ကဒ်ပြားသစ်။
ဖွဲ့ဖြိုးရေးအသင်း (USDA) ကို
ဓါတ်ပုံ -
“ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ” (ကြံ့ဖွတ်ပါတီ)
အဖြစ်ပြောင်းလဲပြီး ရွေးကောက်ပွဲအတွက် မဲဆွယ်နေခြင်းဖြစ်သည်။

ကြံ့ဖွတ်ပါတီသည် နမ္မတီးရပ်ကွက်လူကြီးများကို ၎င်းတို့ပါတီအတွက် လူထုစည်းရုံးရေးများလုပ်ဆောင်စေပြီး၊


ပါတီဝင်ကဒ်ရပြီးသူတိုင်းကိုလည်း တစ်ဦးလျှင် နောက်ထပ်လူ ၄/၅ ယောက်ရအောင် ပြန်စည်းရုံးခိုင်းနေကြောင်း
ဒေသခံများမှသိရသည်။

ရွေးချယ်စရာ အခွင့်အရေးမရှိသည့် ဒေသခံပြည်သူများအနေဖြင့် “ကြံ့ဖွတ်ပါတီဝင်ကဒ်သည် မှတ်ပုံတင်ထက်


ပိုအရေးပါပြီး ခရီးသွားလာရာတွေ အသုံးဝင်လှသဖြင့် ၎င်းကဒ်ကို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း” သိရသည်။
“ဒေသခံတွေက ဘာမှန်းတောင်မသိကြပါဘူး။ နည်းနည်းနားလည်တဲ့လူတွေတော့ ဘယ်လိုပဲဖြစ်ဖြစ်
သူတို့နိုင်အောင်၊ မတရားသဖြင့်လည်း သူတို့လုပ်မယ်ဆိုတော့၊ ငါတို့ ထူးထူးခြားခြား တခြားတော့ မလုပ်နိုင်ဘူး။
၃/၄ နှစ်တော့ သူတို့နိုင်အောင် သူတို့လုပ်မှာ။ အဲတာကြောင့် သူတို့လုပ်ပေးတဲ့ဒီကဒ်က အကျိုးရှိတယ်။
သုံးလို့ရတယ် ဆိုလို့တာ လုပ်နေကြတာ။” ဟု ဒေသခံမှ ဆက်ပြောသည်။

ကြံ့ဖွတ်ပါတီဝင်ကဒ်၌ ဓါတ်ပုံနဲ့ တကွ အမည်၊ အသက်၊ မှတ်ပုံတင်နံပါတ်များပါရှိသည်။

ပါတီဝင်ကဒ်ကိုနောက်ထပ် တစ်လနီးပါးဆက်လက်လုပ်ပေးမည်ဖြစ်ပြီး ယခုလက်ရှိ နမ္မတီးမြို့တွင်


ယင်းကဒ်ပြုလုပ်ထားသူ အယောက် ၃၀၀၀ နီးပါး ရှိပြီ ဖြစ်ကြောင်း သိရသည်။

USDP ပါတီသည် ကြံ့ဖွတ်အသင်းကို ကြံ့ဖွတ်ပါတီအဖြစ် မတ်လ ၂၉၊ ၂၀၁၀ တွင် ပြောင်းလဲဖွဲ့စည်းပြီး ဇွန် ၈
ရက်နေ့တွင် တရားဝင်ပါတီဖြစ်လာသည်။ ကြံ့ဖွတ်အသင်း (USDA) ကို ၁၉၉၃ စက်တင်ဘာ ၁၅ တွင် ဖွဲ့စည်းကာ
ပါတီအဖြစ်သို့ မပြောင်းခင် အသင်းဝင် ၂၆ သန်း ကျော် ရှိသည်။ ယင်းကိန်းဂဏန်းသည် နိုင်ငံ့လူဦးရေ၏
ထက်ဝက်ကျော် ဖြစ်သည်။

လာမည့် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီ (USDP) သည် ပါတီကိုယ်စားလှယ်လောင်း ၁၀၀၀


ကျော် ယှဉ်ပြိုင်မည်ဖြစ်သည်။
Source:http://kachinnews.com/burmese/2010-01-18-05-43-21/250-2010-09-10-12-32-51.html

စရိတ်မျှပေး ကျန်းမာရေးဒုက္ခ
စိုးစိုး၊ ကောင်းဝါ
တော်သလင်းလဆန်း၂၊၁၃၇၂။ စက်တင်ဘာ ၁၀၊ ၂၀၁၀။
စိုးစိုး (စက်တင်ဘာ-၁၀)။ ။ ပြီးခဲ့သည့် စက်တင်ဘာ(၂)ရက်နေ့၌ကလေးမွေးရန် မွန်ပြည်နယ်၊ ရေးမြို့ဆေးရုံသို့
တက်ရောက် လာခဲ့သော ဟံဂံရွာနေဒေါ်မိချိုသည် ကလေးမွေးပြီးသည့်အချိန်ထိ ငွေမပေးနိုင်သေးသည့်အတွက်
ခွဲစိပ်ထား သည့်အရာကိုလည်း ပြန်လည်ချုပ်မပေးသည့်အပြင် ကလေးကိုလည်းဒီအတိုင်း ပစ်ထားခဲ့သဖြင့်
သေဆုံးသွား ခဲ့ပါသည်။

ဒေါ်မိချိုသည် ဗိုက်ခွဲပြီးမွေးရမည့်အခြေအနေကြောင့် ငွေမရှိသော်လည်း ရေးမြို့ ဆေးရုံကိုတက်ရောက်ခဲ့ရခြင်း


ဖြစ်ပါသည်။ ဆေးရုံဝန်ထမ်းများကလည်း ကလေးကိုဗိုက်ခွဲပြီး မွေးပေးခဲ့ပါသည်။ သို့ သော် ကလေးမွေးချိန်အ
ထိသတ်မှတ်ထားသည့်ငွေကို ဆေးရုံဝန်ထမ်းထံ မပေးသွင်းနိုင်သေးပါ။ ထို့ ကြောင့် ဒေါ်မိချိုကို ဗိုက်ခွဲထား
သည့်အရာအတိုင်း ချုပ်မပေးဘဲ ထားခဲ့သလို မွေးကင်းစကလေးကိုလည်း ပစ်ထားခဲ့ပါသည်။ အီအခြေအနေ
ကြောင့် ကာယကံရှင်များသည် ရနိုင်သည့်နည်းဖြင့် ငွေရှာပြီး ပေးသွင်းနိုင်တော့မှ ဒေါ်မိချို၏ ဗိုက်ခွဲရာကို ပြန် လည်
ချုပ်ပေးခဲ့ပါသည် ။ ငွေရှာချိန်မှာ အချိန်တနာရီလောက်ကြာသွားသည့်အတွက် မွေးကင်းစကလေးလည်း
သေဆုံးသွားခဲ့ပါသည်။

ဒေါ်မိချိုသည် စက်တင်ဘာ(၉)ရက်နေ့မှာ ဆေးရုံမှဆင်းသွားခဲ့ပါသည်။ “ကျမထင်သလိုပါ ဘဲ ဆေး


ရုံကိုရောက်တဲ့ အခါကျတော့ ခွဲမွေးရမယ်လို့ပြောလာပါတယ်၊ ကျမပြောလိုက် တာက ကျွန်မတို့ မှာပိုတ်ဆံ မရှိ
ဘူးပေါ့လေ ပြောတော့ နာပ်စ်မကဘာပြောလဲဆိုတော့ နင်တို့ မှာပိုတ်ဆံမရှိဘဲနဲ့  ဘာလို့ဆေးရုံ တတ်သေးလဲ
လို့ပြောလိုက်တယ်” ကာယကံရှင်မှာမူ ဒီလောက်အထိ ရက်စက်လိမ့်မယ်မထင်လို့ ယခုလို
ဆေးရုံကိုရောက်လာရတာပါဟုဆိုပါသည်။

ဤအဖြစ်မျိုးနှင့် ရေးမြို့ ဆေးရုံသည် နာမည်ကြီးလှပြီး အသက်ပေါင်းများစွာ လည်းစတေး ခဲ့ပြီးဖြစ်ပါ သည်။


ဤအဖြစ်ဆိုးမျိုးသည်အစိုးရ၏စရိတ်မျှပေး ကျန်းမာရေးစနစ်ကြောင့်ဖြစ်သည်ဟု ဝေဖန်ကြပါသည်။ ကျန်းမာရေး
ဝန်ကြီးဌာန၏ရည်မှန်း ချက် (၂)ရပ် ၌ လူတိုင်းသက်တမ်းစေ့ အသက် ရှည်စွာ နေနိုင်ရေးနှင့်
လူတိုင်းရောဂါဘယကင်းရှင်းရေးဟု ပြဌာန်းထားသော်လည်း လက်တွေ့ မကျဟု ငွေကြေး မတတ်နိုင်သည့် သူ
များက ဝေဖန်ကြပါသည် ။ အလားတူကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်
နည်းနာ (၃)ရပ်ထဲ၌လည်း ရောဂါဖြစ်ပွားလာလျှင်ထိရောက်စွာ ကုသမှုပေးရမည် ဟုဆိုထားပါသည်။

သို့  သော်လည်း ဆင်းရဲသည့် မြန်မာပြည်သူများအတွက်မှာမူ ဤစရိတ်မျှပေး ကျန်းမာရေးစနစ်က အဟန့် အတား


ဖြစ်နေသည်ဟု ဝေဖန်ထောက်ပြကြပါသည်။

Source:http://www.kaowao.org/b/2010news-september-10.php

မုဒုံမြို့နယ်တွင် ကြံ့ဖွံ့ပါတီတို့စည်းရုံးရေးဆင်
စိုးစိုး၊ ကောင်းဝါ
တော်သလင်းလဆန်း ၁၊ ၁၃၇၂။ စက်တင်ဘာ၉၊ ၂၀၁၀။
စိုးစိုး (စက်တင်ဘာ-၉)။ ။ မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ညောင်ကုန်းကျေးရွာနှင့် ဝက်တဲကျေးရွာတို့၌
မဲဆွယ်စည်းရုံးရေး ဆင်းနေ သောကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီသည် သဘာဝပတ်ဝန်းကျင်ကို
ရှုစားနိုင်ရန်ကန်ကြီးဘုရားတွင်ပြုလုပ်ထားသည့် မျှော်စင်အတွက်နှင့် သီတာရုံ ဘုန်းကြီးကျောင်းအတွက်ပါ
ပြီးခဲ့သည့်စက်တင်ဘာ (၅)ရက်နေ့တွင် ဘိလပ်မြေ များလှူဒါန်း ခဲ့ပါသည်။ ဤလှုဒါန်းမှုကိုအကြောင်းပြ၍
၎င်းတို့ပါတီအား မဲပေးကြရန်စည်းရုံးခဲ့သည်ဟု အဆိုပါ အစည်းအဝေးအားတက် ရောက်ခဲ့သူတစ်ဦးကဆိုပါသည်။

ဤလှုဒါန်းပွဲသို့ ညောင်ကုန်းကျေးရွာနှင့် ဝက်တဲကျေးရွာထံမှ တစ်အိမ်လျှင် လူတစ်ဦးနှုန်းဖြင့်မဖြစ်


မနေတက်ရောက်ကြပါရန် ကျေးရွာဥက္ကဋ္ဌများက ဖိတ်ကြားခဲ့ပါသည်။ သို့သော်အိမ်ခြေ (၁၅၀၀)ဝန်းကျင်ရှိ သော
၎င်းကျေးရွာနှစ်ရွာသည် တရွာလျှင်လူဦးရေ(၅၀)ခန့်သာ တတ်ရောက်ကြသည်ဟု အစည်းအဝေးတက်
ရောက်သူများထံမှသိရပါသည်။

ဤကန်ကြီးဘုရား၌ ဆောက်လုပ်နေသောမျှော်စင်သည် ကျပ်သိန်း(၇၀၀)ခန့် ကုန်ကျမည်ဖြစ်ပါသည်။


ဤကုန်ကျမှုကို အများပြည်သူအတွက် ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီက လှုဒါန်းပေးနေသည်ကို အများပြည်သူများ
တွေ့မြင်နေကြပြီးဖြစ်သည်။ ထို့ကြောင့်ပြည်သူများအနေ ဖြင့်၎င်းတို့၏ပါတီိကို ထောက်ခံသင့်ကြောင်း နှင့် ၄င်းတို
့ပါတီထဲဝင်ရောက်ရာမှာလည်း ပါတီဝင်ကဒ်အတွက် ဓါတ်ပုံကြေးများ ပေးဆောင်စရာမလိုကြောင်း စည်း
ရုံးပြောဆိုခဲ့ပါသည်။

“ကျွန်တော်တို့လည်း ဘယ်ပါတီကို မဲပေးရမလဲဆိုတာ မသိတော့ပါဘူး၊ ဟိုပါတီကိုပဲမဲထည့်ရရင် ကောင်းမလား၊


ဒီပါတီိကိုပဲမဲထည့်ရရင် ကောင်းမလားဆိုတာ မဝေခွဲတက်တော့ပါဘူး” ဟု အဆိုပါအစည်း အဝေးကို
တက်ရောက်ခဲ့သည့် ရွာသားတစ်ဦးကဆိုပါသည်။

မုဒုံမြို့နယ်၌ ပါဝင်ယှဉ်ပြိုင်ကြမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ ကိုယ်စားလှယ် လောင်း


များမှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက် (ဦးမြသိန်း)ဖြစ်ပြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်
အမှတ်(၆)အတွက် ကိုယ်စားလှယ်လောင်းမှာ (ဦးလှသိန်း)က ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပါသည်။ ပြည်နယ်
လွှတ်တော် ကိုယ်စားလှယ်လောင်းမှာ မဲဆန္ဒနယ်အမှတ်(၁) ၌ (ဦးအုန်းမြင့်)ဖြစ်ပြီး မဲဆန္ဒနယ်အ မှတ်(၂)တွင်
(ဦးကြည်ထွန်း) တို့ပါဝင်ယှဉ်ပြိုင်ကြမည်ဟု သိရှိရပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီသည် (၂၀၁၀)ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည့်


ပါတီထဲမှအကြီးဆုံးပါတီဖြစ်ပါသည်။ ၄င်းတို့ ပါတီသည် လက်ရှိစစ်အစိုးရ၏ ထောက်ပံ့မှုမျိုးစုံကိုလည်း ရရှိထား ပြီး
လွတ်လပ်စွာစည်းရုံး ခွင့်ပါရရှိထားပါသည်။ ဤသို့ ကြောင့် အခြားနိုင်ငံရေးပါတီများထက် အခွင့်အရေး
အမျိုးမျိုးပိုမိုရရှိထားခြင်းကြောင့် လက်ရှိစစ်အစိုးရကျင်းပသည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတ သည့်
ရွေးကောက်ပွဲဖြစ် လိမ့်မည်မဟုတ်ဟု ဝေဖန်နေကြပါသည်။

Source:http://www.kaowao.org/b/2010news-september-9a.php

You might also like