You are on page 1of 24

ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း စာရင်း ကော်မရှင်

အပြီးသတ် စိစစ်

၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို


ကော်မရှင် စိစစ်နေရာမှာ နိုင်ငံရေးပါတီ တော်တော်များများမှာတော့ ကိုယ်စားလှယ်လောင်းတွေ ပယ်ချခံရတာ
မရှိဘူးလို့ သိရပါတယ်။ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ စိစစ်နေတာဟာ မနက်ဖြန် စက်တင်ဘာ ၁၀
ရက်နေ့ဆိုရင် သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ကို ရောက်ပြီဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့
မသင်းသီရိက တင်ပြပေးထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို ၀င်ကြဖို့အတွက် နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို


စက်တင်ဘာလ ၆ ရက်နေ့ကနေ မနက်ဖြန် ၁၀ ရက်နေ့အထိ စိစစ်ပြီးတော့ စာရင်းတွေကို ထုတ်ပြန်မှာ ဖြစ်ပါတယ်။
စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီနဲ့ တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးပါတီ (တစည) က လွဲရင် တတိယနေရာကနေ လွှတ်တော်ကိုယ်စားလှယ်လောင်း
အမည်စာရင်း အများဆုံး တင်သွင်းနိုင်တာက အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ဖြစ်ပါတယ်။

NDF ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၆၃ ယောက် တင်သွင်းထားခဲ့ပြီး ၂ ယောက်လောက်သာ


စာရင်းလျော့ကျသွားနိုင်ဖို့ ရှိတယ်လို့ NDF ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းက ပြောပါတယ်။

“အတိအကျတော့ ပြောလို့မရသေးဘူး။ တချို့ကလည်း နယ်တွေဆိုတော့ နည်းနည်းဝေးတာကိုး။ ရှမ်းပြည်


အရှေ့ပိုင်းတို့ ဘာတို့ကျတော့ သတင်းရောက်ဖို့က နည်းနည်းစောင့်ရမယ်။ ၁၆၃ ယောက်မှာ အတိုးအလျှော့ရှိလည်း
တယောက် နှစ်ယောက်ပါပဲ။ သိပ်များများစားစား မရှိနိုင်ပါဘူး။ ၁၆၃ ယောက်မှာ ၂၁ ယောက်ကတော့
တိုင်းဒေသကြီး ဒါမှမဟုတ် တိုင်းနဲ့ပြည်နယ်အဆင့်။ နောက် ၁၀၇ ယောက်က ပြည်သူ့လွှတ်တော်ပေါ့။
ကျန်တဲ့ဟာက အမျိုးသားလွှတ်တော်ပေါ့။ ၁၆၀ ထက်တော့ မလျော့နိုင်ဘူးလို့ ကျနော်တော့ တွက်ပါတယ်။”

NDF ပါတီခေါင်းဆောင် ဒေါက်တာ သန်းငြိမ်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

မနက်ဖြန် စက်တင်ဘာလ ၁၀ ရက်နေ့ဟာ နောက်ဆုံးစာရင်းတွေကို ထုတ်ပြန် ကြေညာမှာမို့ သက်ဆိုင်ရာ


မြို့နယ်နဲ့ ခရိုင်တွေမှာရှိတဲ့ ကော်မရှင်ရုံးတွေမှာ ကိုယ်စားလှယ်လောင်း တော်တော်များများ ဒီနေ့ ညနေအထိ
တွေ့ဆုံ စိစစ်နေဆဲ ဖြစ်ပါတယ်။

နိုင်ငံရေးပါတီ တခုဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ကတော့ ကိုယ်စားလှယ်လောင်း ၅၀ အမည်စာရင်း


တင်သွင်းထားခဲ့ရာမှာ ဒီနေ့ညနေအထိတော့ မင်္ဂလာတောင်ညွန့် မြို့နယ်အတွက် တင်သွင်းထားတဲ့
ကိုယ်စားလှယ်လောင်း တဦးသာ ပယ်ချခံရတဲ့ စာရင်းသာ ရရှိသေးတယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်)
ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်ချိုချိုကျော်ညိမ်းက ပြောပါတယ်။

“အန်တီတို့ တင်ထားတာ ၅၀ ပေါ့။ ဒီနေ့ အန်တီ့ကို စစ်ပါတယ်။ အန်တီ့ကိုတော့ ဘာမှ မပြောဘူး။ ရသွားပြီလို့ပဲ
ယူဆရပါတယ်။ ကိုသုဝေလည်း ဒီလိုပဲ။ ဒေါ်သန်းသန်းနုတို့ နှစ်ယောက်ကတော့ ရတယ်လို့ကြားလို့၊ မန္တလေးကပါ။
ကျန်တဲ့သူကတော့ မင်္ဂလာတောင်ညွန့် မြို့နယ်က ကိုသုဝေနဲ့ အတူတူပြိုင်မယ့် ကိုလှမြင့်ကိုတော့
ပယ်တယ်ပြောပါတယ်။ အခုတော့ လောလောဆယ်သိတာ ဒီတယောက်တည်းပဲပေါ့။ အဲဒါဆိုရင်
တယောက်လျော့ပြီ။ မနက်ဖြန်မှပဲ သူတို့ အဖြေပေးမယ်လို့ ပြောပါတယ်။”

လွှတ်တော်ကိုယ်စားလှယ် ၃ ရပ်စလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ရှမ်းပါတီ SNDP ကလည်း ကိုယ်စားလှယ်လောင်း


၁၅၇ ဦး တင်သွင်းထားခဲ့တာ ဘယ်သူမှ ပယ်ချခံရတာ မရှိဘူးလို့ SNDP ပါတီက အတွင်းရေးမှူး စိုင်းလှကျော်က
ပြောပါတယ်။

“ကျနော်တို့ ၁၅၇ ဦး တင်ထားပါတယ်။ အခုလောလောဆယ် အထိတော့ ကျနော်တို့ မကြားမိသေးဘူး၊ တင်ထားတဲ့


၁၅၇ ဦးက ပြုတ်တာ အကြောင်းကြားတာ ဘာမှ မရှိသေးဘူး။ ကျနော်တို့ ပြည်နယ်လွှတ်တော်မှာ အများဆုံး
ယှဉ်ပြိုင်ဖို့ တင်ထားပါတယ်။ ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော်၊ အခုဟာ ကချင်နဲ့ ရှမ်းမှာ ကျနော်တို့က ၉၇
ဦးလောက် ရှိတယ်။”

SNDP ပါတီက စိုင်းလှကျော် ပြောသွားတာ ဖြစ်ပါတယ်။

ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီကတော့ ကိုယ်စားလှယ်လောင်း ၉ ဦး အမည်စာရင်း တင်သွင်းခဲ့ရာမှာ ၉ ဦးစလုံးကို


လက်ခံခဲ့တယ်လို့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီက ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးစိုးမောင်က ပြောပါတယ်။

“အန်ကယ်တို့ ၉ ယောက်စလုံးကို ဒီနေ့အထိတော့ စိစစ်ပြီးပြီပေါ့၊ လက်ခံလိုက်ပါပြီ။ ပထမဆုံး အနိမ့်ဆုံး ၃


နေရာဝင်မယ်။ အများဆုံး ၂၁ နေရာ ၀င်မယ်လို့ အန်ကယ်တို့ နဂိုကတည်းက ပြောထားပါတယ်။ သို့သော်လည်း
ဒီဘက်မှာ ကြုံတွေ့လာရတဲ့ ငွေကြေးဆိုင်ရာ အကျပ်အတည်း၊ အချိန်နဲ့ ပတ်သက်တဲ့ အကျပ်အတည်းနဲ့ စည်းရုံးရေး
အကျပ်အတည်းတွေကြောင့် အန်ကယ်တို့ အဲဒီ အကျပ်အတည်းကြီး ၃ ခုနဲ့ တိုးတော့မှ လျှော့လိုက်တဲ့အခါ ၉ နေရာ
ဝင်ဖြစ်ပါတယ်။”

ဦးစိုးမောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော် ၃ နေရာစလုံးအတွက်


နိုင်ငံရေးပါတီတွေ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရာမှာတော့ စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန်
ခေါင်းဆောင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အတူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ
(တစည) တို့ကသာ အများဆုံး ၀င်ရောက် ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်နယ်နဲ့ တိုင်း အားလုံးမှာ ကိုယ်စားလှယ်လောင်း ၁,၁၀၀ ကျော်၊ တစညပါတီက


၉၈၀ ကျော်နဲ့ အမည်စာရင်းတွေ တင်သွင်းထားကြတာ ဖြစ်ပြီး သူတို့အားလုံး ပယ်ချခံရမှာ မဟုတ်ဘူးလို့
နိုင်ငံရေးပါတီ အသိုင်းအ၀ိုင်းက ခန့်မှန်းပါတယ်။ ဒါကြောင့် လွှတ်တော် ၃ ရပ်စလုံးမှာ အများဆုံး
ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒီပါတီကြီး ၂ ခုကသာ နေရာအများစုနဲ့ လွှတ်တော်မှာ ရှိနေမှာ ဖြစ်တယ်လို့
ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) က ဒေါ်ချိုချိုကျော်ညိမ်းက သုံးသပ်ပါတယ်။

“အခု Rules and Regulations က ၁၉၉၀ ကနဲ့ မတူဘူး။ ၁၉၉၀ တုန်းက အပြိုင်အဆိုင်။ အခု တချို့မြို့နယ်မှာ
ဘယ် ဒီမိုကရက်တစ် ပါတီကမှ၊ ဒီမိုကရေစီ ဘက်တော်သားကမှ မတင်သွင်းနိုင်ဘူး။
ငွေရေးကြေးရေးကြောင့်ပဲဖြစ်စေ၊ ဘာကြောင့်ပဲဖြစ်စေ၊ မတင်သွင်းနိုင်ဘူးဆိုရင် အဲဒီ တစညနဲ့ ပြည်ခိုင်ဖြိုး ၂ ခုပဲ
သူတို့ပြိုင်ပေါ့။ ပြိုင်တဲ့အခါမှာ ဒီက ကလေး သုံးလေးယောက်လောက် ပိုရင်၊ ဟိုဘက်က သုံးလေးယောက်လောက်
လျော့ရင် သုံးလေးမဲနဲ့ပဲ နိုင်မယ်။ တမဲပိုရင်လည်း နိုင်တယ်။ ဆိုတော့ မ၀င်နိုင်တဲ့ နေရာတွေမှာ သူတို့က
အေးအေးဆေးဆေး ၀င်ပြီးတော့ အများကြီး နိုင်မယ်လို့ အန်တီထင်ပါတယ်။”

ဒေါ်ချိုချိုကျော်ညိမ်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ ၀င်ဖို့အတွက် နိုင်ငံရေးပါတီပေါင်း ၄၇ ပါတီကျော်ကနေ ပါတီ မှတ်ပုံတင်ခွင့် ကျထားတဲ့ ၄၂


ပါတီက ကိုယ်စားလှယ်လောင်းတွေ အမည်စာရင်း တင်သွင်းထားကြတာလည်း ဖြစ်ပါတယ်။

Source:http://www.voanews.com/burmese/news/myanmar-election-political-parties-
102529999.html

အမတ်လောင်းတချို့ကို ကော်မရှင် ခေါ်ယူစစ်ဆေး

2010-09-09

နိုဝင်ဘာလ ၇ ရက်နေ့မှာကျင်းပမဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေ


စိစစ်နေရာမှာ အမတ်လောင်းတချို့ကို ကော်မရှင်က ခေါ်ယူ စစ်ဆေးမှုတွေ ရှိနေပါတယ်။

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ကြေညာသည့် သတင်းကို မတ်လ ၉ ရက်နေ့က လမ်းဘေး


လက်ဖက်ရည်ဆိုင်တခုတွင် ဖတ်ရှုနေသူများ ဖြစ်ပါသည်။ (Photo: AFP)

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ အမတ်လောင်းတဦးဆိုရင် အပယ်ခံရတယ်လို့ သိရပါတယ်။ ဒါအပြင်


ပါတီရဲ့အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနု ဝင်ရောက် ယှဉ်ပြိုင်မှာကို ခရိုင်ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ
၈ ရက် မနေ့က အတည်ပြုလိုက်ပေမဲ့ ဗဟို ရွေးကောက်ပွဲ ကော်မရှင်က ထပ်မံစိစစ်ဦးမှာ ဖြစ်တယ်လို့
ဒေါ်သန်းသန်းနုက RFA ကိုပြောပါတယ်။

“ခရိုင်အဆင့် စစ်တာ မနေ့က ပြီးသွားတယ်။ မနေ့က ပြီးသွားတော့ သူတို့က ပြဿနာ မရှိဘူးလို့ ပြောပါတယ်။ အဲ
ဒါပေမဲ့ အက်စ်ဘီ (ရဲသတင်းတပ်ဖွဲ့) ကနေပြီးတော့ သူက အိမ်လာပြီးတော့ စစ်တယ်။ အဲ အဲဒါ မနေ့ညနေက
လာစစ်တာပေါ့။ စစ်တာကတော့ ပတ်စပို့တို့ ဘာတို့ လာစစ်တာပေါ့၊ ပြီးတော့ ဟိုမှာ အခွန်ဆောင်ထားတာ
ဟုတ်လား၊ မဟုတ်ဖူးလား ဆိုတာ လာစစ်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့က သူတို့ကို ပြောပြတယ်၊
အခွန်ဆောင်ထားတဲ့အတွက်ကြောင့် ဒီလူသည် ပတ်စပို့လည်း ကိုင်ထားတယ်၊ အဲဒါကြောင့် တရားဝင်
ဖြစ်တယ်ဆိုပြီးတော့ သူတို့ကို ပြောတော့ သူတို့က တကယ် အခွန်ဆောင်ထားလား မဆောင်ထားလား ဆိုတာ
လာစစ်တယ်။”

ဒေါ်သန်းသန်းနုဟာ မန္တလေးတိုင်း မဲဆန္ဒနယ်မြေတခုရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းတဦးအနေနဲ့


ဝင်ရောက် ယှဉ်ပြိုင်ဖို့ စာရင်းတင်သွင်းထားပါတယ်။ သူဟာ ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ဦးနုနဲ့အတူ ပြည်ပကို
ထွက်ခွာပြီး နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူတဦး ဖြစ်ပါတယ်။

“ကျွန်မ ၆၉ ကတည်းက ကျွန်မ မိဘတွေနဲ့အတူတူ ထွက်သွားတာပါ။ ၆၉ ကတည်းက ထွက်သွားပြီးတော့


နောက်ပိုင်း ကျွန်မ ပြန်ရောက်လာတဲ့အချိန်က ဟိုဒင်းပေါ့ ၂၀၀၃ ခုပေါ့၊ ၂၀၀၃ ခုမှာ အပြီးပြန်လာတာ။ ကျွန်မ
အဓိက နေတာကတော့ ပထမပိုင်းနေတာတော့ ထိုင်းနိုင်ငံပေါ့၊ အဲဒီမှာ ၆ နှစ်နေတယ်၊ အဲ နောက်ပိုင်းကတော့
တောက်လျှောက်က ပြန်လာတဲ့အထိ အိန္ဒိယမှာပဲ ကျွန်မတို့ အခြေချပါတယ်။”

ရွေးကောက်ပွဲ ဥပဒေအရဆိုရင် ဒေါ်သန်းသန်းနုဟာ ပြည်တွင်းမှာ ၁၀ နှစ် အနည်းဆုံး နေထိုင်သူ ဖြစ်ရမယ်ဆိုတဲ့


ကန့်သတ်ချက်နဲ့ ငြိစွန်းနေတယ်လို့ ဆိုပါတယ်။

Source:http://www.rfa.org/burmese/news/election_commission_investigates_some_candidates-
09092010160838.html
ဒီမိုကရက်တစ်ပါတီ (မြန်မာ) အမတ်လောင်းတဦး အပယ်ခံရ
မျိုးဝင်းဇော် / ၀၉ စက်တင်ဘာ ၂၀၁၀

ရွေးကောက်ပွဲဥပဒေနှင့် ငြိစွန်းသည်ဆိုသည့် အကြောင်းပြချက်ဖြင့်


ဦးသုဝေဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ
ဗဟိုပြန်ကြားရေးမှူး ဦးလှမြင့်သည် ကိုယ်စားလှယ်လောင်းအဖြစ်မှ
အပယ်ခံရကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူတဦးက
ပြောသည်။

၎င်းက “ရွေးကောက်ပွဲဥပဒေမှာ အရွေးချယ်ခံမယ့်
ကိုယ်စားလှယ်လောင်းဟာ မြန်မာနိုင်ငံအတွင်း (၁ဝ) နှစ်
တဆက်တစပ်တည်းနေသူ ဖြစ်ရမယ်လို့ ပါထားတယ်။ အကယ်၍ နိုင်ငံခြားမှာ အလုပ်သွားလုပ်ခဲ့တယ်ဆိုရင်
သက်ဆိုင်ရာ မြန်မာသံရုံးမှာ ပုံမှန် အခွန်ပေးဆောင်နေသူ ဖြစ်ခဲ့ရင် ရတယ်။ ဦးလှမြင့်က ဂျပန်မှာ (၅) နှစ်
အလုပ်လုပ်ခဲ့ပြီး ၂ဝဝ၅ ခုနှစ်က ပြန်လာတယ်။ ပြန်လာတဲ့အခါ အခွန်လက်ကျန် ရှိတာမို့ ရွေးကောက်ပွဲ ဥပဒေနဲ့
ငြိစွန်းပြီး သူ အပယ်ခံရတာပါ” ဟု ပြောသည်။

အဆိုပါကိစ္စ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရုံးကို မေးမြန်းကြည့်ရာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားသည်။

ဦးလှမြင့်သည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်


အမှတ် (၂) ကနေ ဝင်ရောက်ယှဉ်ပြိုင်ရန် ခရိုင်ကော်မရှင်တွင် အမည်စာရင်းတင်သွင်းထားခြင်းဖြစ်သည်။

ဦးလှမြင့်သည် ၁၉၆၁ ခုနှစ်၌ ရန်ကုန်တွင် မွေးဖွားခဲ့သူဖြစ်ပြီး ၁၉၈၇ ခုနှစ် သမိုင်းဘာသာ အဓိကဖြင့်


ဘွဲ့ရရှိခဲ့သူဖြစ်ကာ ၁၉၈၉ ခုနှစ်မှ ၉ဝ ပြည့်နှစ်အထိ အကောက်ခွန် ရှင်းလင်းရေးကိုယ်စားလှယ်အဖြစ်
လုပ်ကိုင်ခဲ့သည်။ ၁၉၉ဝ ပြည့်နှစ်မှ ၂ဝဝဝ ပြည့်နှစ်အထိ သင်္ဘောလိုက်ခဲ့ပြီး ၂ဝဝ၁ ခုနှစ်ကနေ ၂ဝဝ၅ ခုနှစ်အထိ
ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။

၁၉၉ဝ ရွေးကောက်ပွဲကာလက ပါတီဥက္ကဋ္ဌ ဦးသုဝေနှင့် ရင်းနှီးခဲ့ပြီး ယခု ဦးသုဝေ ပါတီထောင်ရာတွင်


ပါဝင်ပူးပေါင်းကာ ဗဟိုပြန်ကြားရေးမှူး တာဝန်ယူထားသူဖြစ်သည်။

ဦးသုဝေဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) တွင် နိုင်ငံခြားမှ ပြန်ရောက်လာသည့် ဝန်ကြီးချုပ်ဟောင်း


ဦးနု၏သမီး ဒေါ်သန်းသန်းနုနှင့် ၎င်း၏ခင်ပွန်း ဦးအောင်ငြိမ်းတို့လည်း လွှတ်တော်ကိုယ်စားလှယ်လောင်း
အမည်စာရင်း တင်သွင်းထားကြသည်။

ဒေါ်သန်းသန်းနုတို့ နှစ်ဦးမှာမူ နိုင်ငံခြား ရောက်ရှိစဉ်မှစ ပြန်လာချိန်အထိ သက်ဆိုင်ရာ သံရုံးတွင် အခွန်မှန်မှန်


ပေးဆောင်ခဲ့ခြင်းကြောင့် ရွေးကောက်ပွဲဥပဒေအရ ပြဿနာမရှိသေးကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ (၃ဝ) ရက်နေ့တွင် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်း


အမည်စာရင်းတင်သွင်းခြင်း လုပ်ငန်း ပြီးဆုံးခဲ့ပြီး ယခုအပတ် စက်တင်ဘာ (၆) ရက်မှ (၁ဝ) ရက်နေ့အထိကိုမူ
ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းတင်သွင်းလွှာများ စိစစ်သည့်အချိန်အဖြစ် သတ်မှတ်ထားသည်။

နိုင်ငံတဝန်း မဲဆန္ဒနယ် စုစုပေါင်း (၁,၁၆၃) နယ် ရှိသည့်အနက် ဦးသုဝေ ဦးဆောင်သည့် ဒီမိုကရက်တစ်ပါတီ


(မြန်မာ) သည် မူလက ကိုယ်စားလှယ် (၅၁) ဦး အမည်စာရင်း တင်သွင်းပြီး (၃) ဦးသည် အဘက်ဘက်မှ
ခြိမ်းခြောက်မှုဒဏ် ခံရခြင်းကြောင့် နုတ်ထွက်သွားခဲ့ပြီး ကိုယ်စားလှယ်လောင်း (၄၈) ဦးသာ ကျန်ရှိသည်။ ယခု
ဦးလှမြင့် အပယ်ခံရသောကြောင့် ကိုယ်စားလှယ်လောင်း စုစုပေါင်း (၄၇) ဦးသာကျန်ပြီး မကြာမီ ယခုထက်
လျော့နည်းဖွယ်ရှိကြောင်း ပါတီဥက္ကဋ္ဌ ဦးသုဝေက ပြောကြားသည်။

လာမည့် သီတင်းပတ်တွင် ပါတီအသီးသီးက လွှတ်တော်ကိုယ်စားလှယ်လောင်းများအနက် ရွေးကောက်ပွဲဥပဒေနှင့်


မကိုက်ညီ၍ အပယ်ခံရသည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း ထွက်ပေါ်လာတော့မည်ဖြစ်သည်။

Source:http://khitpyaing.org/index.php?route=detail&id=4383

ထိပ်တန်း စီးပွားရေးသမားများ ပြည်ခိုင်ဖြိုးပါတီမှ ရွေးကောက်ပွဲဝင်မည်

2010-09-09

နိုဝင်ဘာ ၇ ရက်နေ့ ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ဇေကမာ ဦးခင်ရွှေ၊ ယုဇန ဦးဌေးမြင့်၊ ကုန်သည်ကြီးများနဲ့ စက်မှုလက
စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဆန်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦး စတဲ့
စစ်အစိုးရနဲ့ နီးစပ်တဲ့ ထိပ်သီး လုပ်ငန်းရှင်တချို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကနေ ရွေးကောက်ပွဲ ဝင်ရောက်
ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

မြန်မာစစ်အစိုးရ ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်၏ ရန်ကုန်မြို့လည်ကောင် ရပ်ကွက်ရုံးခွဲတခု


အပြင်ဘက်မှ မြင်ကွင်းဖြစ်ပါသည်။ (Photo: AFP)

လက်တွေ့လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေ ရွေးကောက်ပွဲ ဝင်ကြမှာဖြစ်တဲ့ အတွက် စီးပွားရေးနဲ့ပတ်သက်လို့


ကောင်းတဲ့ အလားအလာပဲလို့ မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်
အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မောင်မောင်လေးက RFA ကို ပြောပါတယ်။

“လုပ်ငန်းရှင်ထဲကတော့ ဆန်ဥက္ကဋ္ဌ ဦးအောင်သန်းဦး ပါဖို့ ရှိပါတယ်။ ပြီးတော့ ဆန်စက်ဥက္ကဋ္ဌ ဦးတင်ဝင်းပါ။


ကျွန်တော်တို့ ဥက္ကဋ္ဌကတော့ ပါမှာပါ။ ဥက္ကဋ္ဌက တန့်ဆည်ကနေ ပြိုင်မှာပါ။ သူတို့က လက်တွေ့လုပ်နေတဲ့
လုပ်ငန်းရှင်တွေ ပါတော့ တခုတော့ ကောင်းတာက လုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေ ဘာတွေကိုလည်း သူတို့
တင်ပြဖို့ လွယ်သွားတာပေါ့လေ။ သူတို့ ရွေးကောက်ခံရရင်ပေါ့၊ သူတို့လည်း လွှတ်တော်မှာ တင်ပြလို့ ရသွားတာပေါ့။
ပိုပြီးတော့ voice တွေ ဘာတွေ ပြောလို့ ရသွားတာပေါ့လေ။ ဒါကိုတော့ ကျွန်တော်တို့ မြင်ပါတယ်။”

ရန်ကုန်မြို့က စီးပွားရေးပညာရှင် ဦးခင်မောင်ညို (ဘောဂဗေဒ) ကတော့ စီးပွားရေး ဒီလုပ်ငန်းရှင်တွေ


ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင်တောင် နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် ဆောင်ရွက်ပိုင်ခွင့်
သိပ်မရှိနိုင်ဘူးလို့ သုံးသပ်ပါတယ်။

“အဲ သူတို့မူက ထူးထူးခြားခြားကြီးတော့ အင်အား ကြီးကြီးမားမားကြီးတော့ ပါလာမယ်တော့ သိပ်ပြီး မယူဆပါဘူး။


သူတို့ကြောင့်မို့လို့ အပေါင်းတခု ပိုပြီးတော့ ဖြစ်မယ်၊ အပေါင်းလက္ခဏာ ဖြစ်မယ်၊ အနုတ်လက္ခဏာ
ဖြစ်မယ်လို့လည်း မထင်ဘူး။ သူတို့က အင်အားကြီးမားတဲ့ အနေအထားမျိုးမှာတော့ မရှိပါဘူး။ စီးပွားရေး မူဝါဒတွေ
ဘာတွေညာတွေလည်း သူတို့ကြောင့်မို့လို့ တခုခု ထူးထူးခြားခြား ပြောင်းလဲလိမ့်မယ်တော့ ဆရာက မယူဆပါဘူး။”

စီးပွားရေးလုပ်ငန်းရှင်တွေထဲက ယုဇန ဦးဌေးမြင့်က တနင်္သာရီတိုင်း မြိတ်မြို့၊ ဇေကမာ ဦးခင်ရွှေက ရန်ကုန်တိုင်း၊


ကုန်သည် ̸ စက်မှု လုပ်ငန်းရှင် အသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်က တန့်ဆည်မြို့ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့
သိရပါတယ်။

အခုလို ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်တွေ ရွေးကောက်ပွဲ ဝင်ရောက်မဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ


ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ
မောင်မောင်လေးကို RFA မှ ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

Source:http://www.rfa.org/burmese/news/top_businessmen_to_run_in_election%20-
09092010135452.html

သန်းခေါင်စာရင်း ကောက်၍ ကြံ့ဖွံ့ပါတီဝင်ရန် စည်းရုံး


ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်များတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အဖွဲ့ဝင်များက
တအိမ်တက်ဆင်း သန်းခေါင် စာရင်းများ လိုက်လံစစ်ဆေး၍ အသက် ၁၈ နှစ် ပြည့်ပြီး သူများကို ကြံ့ဖွံ့ပါတီဝင်ရန်
လက်မှတ်ထိုးခိုင်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

“မြို့နယ်ကြံ့ဖွံ့ဥက္ကဌ ဦးဝင်းမြိုင်နဲ့ တခြား အဖွဲ့ဝင်တွေပေါ့။ ဒီမနက် တအိမ်တက်ဆင်း လာပြီးတော့ သူတို့


ပါတီဝင်လက်မှတ် ထိုးခိုင်းတာ၊ သန်းခေါင်စာရင်းလည်း ပြရတယ်။ ၁၈ နှစ်ပြည့်တာ ဘယ်နှယောက်ရှိလည်း
မေးတယ်။ မိသားစု အားလုံး ကိုယ်စား တယောက်တည်း လက်မှတ်ထိုးလည်း ပြီးတယ်ဆိုပြီး လုပ်တယ်”ဟု
ဒေါပုံမြို့ခံတဦးက ဆိုသည်။

ထိုသို့ လာရောက်ရာတွင် သက်ဆိုင်ရာ ရယက၊ မယက ဥက္ကဌနှင့် အဖွဲ့ဝင်များမပါဝင်ဘဲ ကြံ့ဖွံ့ပါတီဝင်များသာ


လာရောက် ခြင်းဖြစ်ပြီး ရပ်ကွက်အတွင်း အိမ်ထောင်စုမည်မျှရှိကြောင်း၊ လူဦးရေမည်မျှရှိကြောင်း၊ အသက် ၁၈
နှစ်ပြည့်ပြီးသူ မည်မျှရှိ ကြောင်းတို့ကို စာရင်းကောက်ခံခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“သူတို့ပါတီကို ၀င်ပါဆိုတာမျိုးပဲ ပြောတယ်။ တချို့က ကြောက်တာနဲ့ လက်မှတ်ထိုးလိုက်တာ၊ ဘုမသိ ဘမသိ


လက်မှတ် ထိုး လိုက်မိတာတွေ ပြီးတော့ သူတို့ပြန်သွားမှ ဟာ ဒီလိုလုပ်တော့ ရွေးကောက်ပွဲကျ မဲရုံသွားဖို့
မလိုတော့ဘဲ ပြီးသွားပြီ လား၊ ဆန္ဒမဲပေးတုန်းကလိုပဲ ဖြစ်သွားလား၊ သွားဖို့မလိုတော့ဘူးလား ဆိုတာတွေ
ဖြစ်ကုန်ကြတယ်”ဟု ဒေါပုံမြို့ခံက ဆို သည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် မေလအတွင်း နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ပြုလုပ်ခဲ့သည့် အခြေခံဥပဒေ


အတည်ပြုရေး မဲဆန္ဒ ခံယူပွဲတွင်လည်း ဒေါပုံမြို့ခံများအနေဖြင့် သက်ဆိုင်ရာ ရယက၊ မယက အဖွဲ့ဝင်များမှ
အိမ်ထောင်စုစာရင်း လိုက်လံ စစ်ဆေးရင်း ကြိုတင်မဲ ဟုဆိုကာ ထောက်ခံမဲများကို လက်မှတ်ရေးထိုးစေခဲ့ခြင်းများ
ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“ကျမကတော့ လက်မှတ်မထိုးလိုက်ဘူး။ သူတို့ပါတီမှ မ၀င်ချင်တာ။ ရွေးကောက်ပွဲလည်း မဲမပေးချင်၊


မပေးဘူးရှင်”ဟု မြို့ခံ အမျိုးသမီး တဦးက ပြောသည်။

ရန်ကုန်တိုင်း အတွင်းရှိ ဒဂုံမြို့သစ် တောင်ပိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ သင်္ကန်းကျွန်းမြို့နယ်၊ တောင်ဥက္ကလာ၊


မြောက် ဥက္ကလာနှင့် အင်းစိန်မြို့နယ်များရှိ ကြံ့ဖွံ့ပါတီများသည်လည်း အလားတူစည်းရုံးမှုများ လိုက်လံ
ပြုလုပ်နေသည်ဟုဆိုသည်။
တောင်ဥက္ကလာ မြို့ခံတဦးက“အမတို့ အိမ်ကို ရယက ဥက္ကဌရယ် ကြံ့ဖွံ့တွေရယ် လာသွားတယ်။ အိမ်ထောင်စု
ဇယား တောင်းကြည့်ပြီး ၁၈ နှစ်ပြည့် ဘယ်နှယောက်ဆိုတာ စာရင်းတွေ ယူသွားတယ်။ ကြံ့ဖွံ့တွေက သူတို့
ပါတီဝင်ပါ့လား၊ ရပ်ကွက် လမ်းတွေကောင်းအောင် လုပ်ပေးမယ်၊ ဘာညာနဲ့ ဆွယ်တယ်လေ။ အမကတော့ ဘာလို့
ဝင်ရမှာလဲလို့ပဲ ပြော လိုက်တယ်”ဟု ပြောသည်။

သူ့အနေဖြင့် မည်သည့်ပါတီကို မဲပေးရမည် မသိသေးသော်လည်း ပြည်သူကို အမှန်တကယ် အကျိုးမပြုသည့် ကြံ့ဖွံ့


အသင်း မှ အမည်ပြောင်းထားသည့် ကြံ့ဖွံ့ပါတီကိုမူ မကြိုက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ၏ စကားအတိုင်း
မဲမပေးဘဲ နေမည်ဟုလည်း ၎င်းကဆိုသည်။

အင်းစိန်မြို့ခံတဦးကလည်း“သူတို့တွေ စာရင်းလာကောက်တယ်လေ။ အိမ်ထောင်စု စာရင်းထဲက အချက်တွေကို


ဇယား လေးမှာဖြည့်ပြီး လက်မှတ်ထိုးရတယ်၊ ပါတီဝင် စာရွက်ပြပြီး ၀င်မလားလည်း မေးတယ်။ မ၀င်ချင်ဘူး
ပြောလိုက်တယ်။ မဲကတော့ ဟိုတခါတုန်းကလိုပဲ သူတို့ဘာသာ ကြိုက်ရာထည့်ပြီး လုပ်မှာပါပဲ။ အဲ့ဒီတုန်းက မဲဆန္ဒ
စာရွက်ဆိုတာ မြင် တောင် မမြင်ဘူး လိုက်ဘူး။ သူတို့လုပ်တဲ့ရွေးကောက်ပွဲ စိတ်မ၀င်စားပါဘူးဗျာ”ဟု ပြောသည်။

သင်္ကန်းကျွန်းမြို့နယ်(ဈ) မြောက်ရပ်ကွက်တွင်လည်း ရပ်ကွက်လမ်းခင်းရာ၌ ကြံ့ဖွံ့ပါတီက


အမည်ခံခင်းပေးမည်ပြောပြီး လမ်းဘေးဝဲယာရှိ နေအိမ်များသို့ ပါတီဝင်ရန် လိုက်လံစည်းရုံးနေသည်ဟု
မြို့ခံများကဆိုသည်။

“အမှန်တော့ လမ်းအတွက်က မြို့တော်ဝန်စီမံချက်နဲ့ ချပေးထားတာ။ တချို့ကတော့ ရပ်ကွက်က ကျခံရတာ။ ဒါကို


မလောက်ဘူးဆိုပြီး အရပ်ထဲမှာ ငွေလည်း ထပ်ကောက်တယ်။ လမ်းကလည်း မပြီးဘူး။ လမ်းတလျှောက်က
အိမ်တွေကို လည်း အတင်းဝင် အတင်းတက်ပြီး ပါတီဝင်ဖို့ ပြောတယ်။ တချို့ကတော့ ရှောင်နေတယ်။
တချို့ကျတော့လည်း ရပ်ကွက် လူကြီးက ပါနေတော့ ကြောက်ပြီး လက်မှတ်ထိုးလိုက်ကြတယ်”ဟု မြို့ခံတဦးက
ပြောသည်။

စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ၀န်ကြီးများ အပါအဝင် အရာရှိကြီး ၂၆ ဦး


ပါဝင်သည့် ကြံ့ဖွံ့ ပါတီဝင် ဦးရေမှာ ၁၆ သန်းကျော်ရှိနေပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ တနိုင်ငံလုံး၌ ၂၇ သန်းကျော်
ရှိသည်ဟု ခန့်မှန်း ကြောင်း သတင်း မီဒီယာများက ဖော်ပြထားသည်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော်


အသီးသီးအတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန် ကြေညာထားသည်။

ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီက နိုင်ငံတ၀န်း ကိုယ်စားလှယ်ပေါင်း ၁၁၀၀၊ တစည ပါတီက နိုင်ငံ တ၀န်း


ကိုယ်စားလှယ် ပေါင်း ၉၇၅၊ အမျိုးသား ဒီမိုကရေစီအင်အားစု(NDF)က နိုင်ငံတ၀န်း ကိုယ်စားလှယ်ပေါင်း ၁၆၀ နှင့်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP)က နိုင်ငံတ၀န်း ကိုယ်စားလှယ်ပေါင်း ၁၅၇ ဦး ဖြင့် ပါဝင်
ယှဉ်ပြိုင်မည်ဖြစ်ကြောင်း People's Daily online တရုတ် သတင်းတွင် ဖော်ပြထားသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/4023-2010-09-09-11-51-33

တိုင်းရင်းသားများနှင့် ဆွေးနွေးဖို့ NLD ခရီးထွက်

2010-09-09

တိုင်းရင်းသားအဖွဲ့တွေနဲ့ ရင်းရင်းနှီးနှီး ဆွေးနွေးမှုတွေ လုပ်ဖို့ NLD ပါတီက ဗဟိုကော်မတီဝင်တွေ


ဦးဆောင်တဲ့အဖွဲ့တဖွဲ့ဒီကနေ့ ခရီးစတင်ထွက်သွားပြီလို့ သိရပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ရန်ကုန်မြို့ရှိ ဌာနချုပ်ရုံးတွင် အဖွဲ့ဝင်များ အလုပ်လုပ်နေပုံ ဖြစ်ပါသည်။
(Photo: AFP)

အစီအစဉ် အသေးစိတ်ကို ပါတီက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေမဲ့ အပစ်ရပ်တိုင်းရင်းသား အဖွဲ့တွေ


အပါအဝင် ပြည်နယ်တွေမှာ နေထိုင်သူ NLD ပါတီဝင်တွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးဖို့ ဖြစ်တယ်လို့ သိရပါတယ်။
ဒီကနေ့ စက်တင်ဘာ ၉ ရက် ညနေပိုင်းက ရန်ကုန်က ထွက်ခွာသွားတဲ့ အဖွဲ့နဲ့ ပတ်သက်ပြီး ပါတီပြောခွင့်ရပုဂ္ဂိုလ်
ဦးဉာဏ်ဝင်းက ခုလိုပြောပါတယ်။

“ဦးအုန်းကြိုင်ရယ်၊ ဒေါက်တာ မေဝင်းမြင့်ရယ်၊ ဒေါ်ခင်ဌေးကြွယ်ရယ်၊ နောက် လူငယ်က ကိုမျိုးညွန့်ရယ်၊ အခု


တိုင်းရင်းသား ဒေသတွေကို ဦးစားပေးပြီးတော့ အခု မန္တလေးဝင်မယ် ပြီးတော့ သူတို့ လားရှိုးဖက် သွားမယ်။”

အလားတူ NLD ပါတီ အနေနဲ့ ပြည်နယ်တိုင်းတွေကို အဖွဲ့တွေ ဆက်တိုက် စေလွှတ်ဖို့ ရှိပါတယ်။ ပါတီက
ရေးဆွဲထားတဲ့ ခရီးစဉ် စုစုပေါင်း ၈ခု ရှိပြီး ပါတီဒုတိယဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုကော်မတီဝင် ဦးဝင်းတင်တို့
ဦးဆောင်တဲ့အဖွဲ့များ၊ အဖွဲ့၃ဖွဲ့ထက်မနည်း ခရီးများ ဆက်တိုက် သွားရောက်ဖို့ ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။

Source:http://www.rfa.org/burmese/news/NLD_leaders_travelling_for_ethnic_talks-
09092010120402.html

ရွေးကောက်ပွဲကို အထူးစောင့်ကြည့်ဖို့ ကုလထိပ်တန်းအရာရှိကြီးတိုက်တွန်း

2010-09-09

မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုရှိမရှို အထူးကြပ်မတ်စောင့်ကြည့်ဖို့ ကုလသမဂ္ဂ


လူ့အခွင့်အရေးကော်မရှင် မင်းကြီး မစ္စစ် နာဗီပီလေးက နိုင်ငံတကာကို တိုက်တွန်းလိုက် ပါတယ်။ ရွေးကောက်ပွဲမှာ
ဥပဒေနဲ့ မကိုက်ညီတာတွေ၊ ခြိမ်းခြောက်တာတွေ၊ တိုက်ခိုက်တာတွေကနေ ကာကွယ်ရမယ်လို့ သူကပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စ နာဗီ ပီလေးသည် တောင်အာဖရိကနိုင်ငံသူ


ရှေ့နေတဦးဖြစ်ပြီး နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC)နှင့် ရဝမ်ဒါဆိုင်ရာ နိုင်ငံတကာ ရာဇဝတ်ခုံရုံးများတွင်
တရားသူကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ (Photo: AFP)

ဒါပေမဲ့ ဘယ်လို ကာကွယ်ရမလဲဆိုတဲ့ အသေးစိတ် လုပ်ငန်းတွေကိုတော့ လူ့အခွင့်အရေး ကော်မရှင်မင်းကြီးက


ထည့်သွင်းပြောဆိုတာ မရှိပါဘူး။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ စက်တင်ဘာ ၁၃ ရက် တနင်္လာနေ့ကနေစပြီး လူ့အခွင့်အရေး


ကောင်စီအစည်းအဝေးကို ၃ ပတ်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ကော်မရှင်မင်းကြီးက
မြန်မာ့ရွေးကောက်ပွဲ စောင့်ကြည့်ဖို့ တိုက်တွန်းချက်ကို အဲဒီအစည်းအဝေးရဲ့ အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုမဲ့
အချက်တချက်အဖြစ် စက်တင်ဘာ ၈ ရက် မနေ့က ပြောဆိုလိုက်တာပါ။

လူ့အခွင့်အရေးကော်မရှင် မင်းကြီးရဲ့ အဲဒီမိန့်ခွန်းမှာ ကမာတလွှား နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်က လူ့အခွင့်အရေးနဲ့


ပတ်သက်တဲ့ စိုးရိမ်စရာ အခြေအနေတွေကို ထည့်သွင်းပြောဆိုမှာ ဖြစ်ပါတယ်။

Source:http://www.rfa.org/burmese/news/UN_commissioner_urges_election_monitor-
09092010103201.html

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဂျွန်လင်နန်၏ ဇနီး ကြိုးပမ်းလျက်ရှိ

2010-09-09

ကွယ်လွန်သူ ကမာကျော် ဘီးတဲလ်စ်တေးဂီတအဖွဲ့ စွယ်စုံ ပညာရှင် ဂျွန်လင်နန်ရဲ့ ဇနီးသည် ယိုကို အိုနိုက


ခင်ပွန်းသည်ရဲ့ အနှစ် ၇၀ မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး
(Amnesty International) နဲ့အတူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ပူးပေါင်းဆောင်ရွက်ကြဖို့
တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။

ကမာကျော် ဘိတယ်လ် ရော့ခ်ဂီတအဖွဲ့မှ ကွယ်လွန်သူ ဂျွန်လင်နန်၏ ဇနီး ယိုကို အိုနိုသည်


ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံမှ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး
အတွက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့နှင့် လက်တွဲ ကြိုးပမ်းလျက်ရှိသည်။ (Photo: Amnesty
International)
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ လုပ်ငန်းတွေမှာ ပါဝင်နိုင်ဖို့ လှူဒါန်းကြတဲ့ငွေတွေကို သူမအနေနဲ့
တကျပ်ကို တကျပ်ချင်း လိုက်ပါ ထည့်ဝင်ဖို့ ဒေါ်လာငွေ တသိန်းသုံးသောင်း လျာထားတယ်လို့လည်း ဆိုပါတယ်။

အောက်တိုဘာလ ၉ ရက်နေ့ဟာ ဂျွန်လင်နန်ရဲ့ မွေးနေ့ဖြစ်ကြောင်း၊ သူမ အနေနဲ့ ဂျွန်လင်နန်အတွက်


မွေးနေ့လက်ဆောင်အဖြစ် အမြဲတမ်း ဆန္ဒရှိတာကတော့ ငြိမ်းချမ်းရေးပဲ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလို့ ဆိုရာမှာ
အများအကျိုးအတွက် သတ္တိရှိရှိ ဆောင်ရွက်တဲ့ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးရဲ့ အခြေခံ
လူ့အခွင့်အရေးတွေကို အကာအကွယ်ပေးတာပဲ ဖြစ်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးရဲ့
အင်တာနက်စာမျက်နှာမှာ ရေးသား ဖော်ပြထားပါတယ်။
နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးအနေနဲ့ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်တဲ့
ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ၊ နိုင်ငံရေးအကျဉ်းသား နှစ်ထောင်ကျော် လွတ်မြောက်ရေးအတွက်
အားကြိုးမာန်တက် ကြိုးပမ်းနေတဲ့ အဖွဲ့ကြီး ဖြစ်တာကြောင့် ဒီအဖွဲ့ကြီးနဲ့ လက်တွဲပြီး မြန်မာနိုင်ငံ
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို ဝိုင်းဝန်းဆောင်ရွက်ကြပါလို့ သူမက တိုက်တွန်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ ၁၄ နှစ်လောက် တရားမဝင် ချုပ်နှောင်ခံခဲ့ရကြောင်း၊


ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတ္တိနဲ့ လုပ်ရပ်တွေကြောင့် သူမအနေနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ရေးကို
စိတ်ဝင်စားလာကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ မေတ္တာတရား၊ သူ့ရဲ့ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းရေး
သင်္ကေတတွေနဲ့ မြန်မာပြည်သူတွေကို ဆက်လက် တိုက်ပွဲဝင်ဖို့ တွန်းအားပေးနေသူ ဖြစ်ကြောင်း မစ္စ ယိုကို အိုနိုက
ပြောကြားထားပါတယ်။

Source:http://www.rfa.org/burmese/news/yoko_ono_campaigning_for_freedom_of_suu_kyi-
09092010110642.html

မြန်မာအလုပ်သမား ၅၀၀ ကျော် ထိုင်းစက်ရုံကို ဆက်လက် ဆန္ဒပြနေ

2010-09-09

ထိုင်း လာအိုနယ်စပ် ခေါန်ကန်မြို့မှာ ရှိတဲ့ ငါးဖမ်းပိုက်စက်ရုံမှာ အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာအလုပ်သမား ၅၀၀


ကျော်က ယာယီ နိုင်ငံကူးလက်မှတ် ကိစ္စနဲ့ ပတ်သက်ပြီး ဒီကနေ့ စက်တင်ဘာ ၉ ရက်မှာ ဆက်လက်
ဆန္ဒပြနေကြပါတယ်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်မည့် မြန်မာနိုင်ငံမှ အလုပ်သမားများ နယ်စပ်ဂိတ်တွင် စောင့်ဆိုင်းနေပုံ ဖြစ်ပါသည်။


မြန်မာ အလုပ်သမား အများစုသည် တရားဝင် စာရွက်စာတမ်းမရှိပဲ ထိုင်းနိုင်ငံထဲတွင် နေထိုင်
အလုပ်လုပ်နေကြသည်။ (Photo: AFP)

အဲဒီစက်ရုံက မြန်မာအလုပ်သမား ၆ ယောက်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့က အလုပ်က ထုတ်လိုက်ရာက


စတင်ပြီး မနေ့က အလုပ်သမားတွေ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အလုပ်ထုတ်ခံရသူတွေက လုပ်ခလစာနဲ့
တခြားနေရာမှာ အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် ယာယီနိုင်ငံကူးလက်မှတ်ကို ပြန်လည် တောင်းယူရာမှာ
အဲဒီပတ်စ်ပို့စာရွက်တွေမှာ ပြင်ဆင်ချက်တွေ၊ ဓာတ်ပုံအပြောင်းအလဲတွေကို တွေ့ရတဲ့အတွက် အလုပ်သမားတွေက
ဆန္ဒပြကြတာ ဖြစ်တယ်လို့ အလုပ်ထုတ်ခံလိုက်သူတဦးက ပြောပါတယ်။

ဆန္ဒပြအလုပ်သမားတွေက သူတို့ရဲ့ ယာယီနိုင်ငံကူးလက်မှတ် အစစ်အမှန်ကို လိုချင်ကြောင်း တောင်းဆိုချက်ကို


အလုပ်ရှင်က ဘာမှ မတုံ့ပြန်ခဲ့ပဲ သုံးရက်အတွင်း အလုပ်ပြန်ဆင်းဖို့ ပြောဆိုခဲ့ကြောင်း မလိုက်နာပါက ဖမ်းဆီးပြီး
မဲဆောက်ကို ပြန်ပို့မယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

ဆန္ဒပြအလုပ်သမားတွေက ထိုင်းနိုင်ငံ ဗန်ကောက်အခြေစိုက် မြန်မာနိုင်ငံသားများအဖွဲ့ (BAT) ကို အကူအညီ


တောင်းခံခဲ့ပြီး BAT ကတဆင့် အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ MAP foundation အဖွဲ့၊
ရောင်ခြည်ဦးအဖွဲ့တို့က အလုပ်ရှင်နဲ့ ဆွေးနွေးညှိနှိုင်းနေကြတယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတဦးဖြစ်တဲ့ ကိုသီဟထွန်းကို RFA မှ ဒေါ်ခင်ခင်အိက
ဆက်သွယ် မေးမြန်းထားပါတယ်။

Source:http://www.rfa.org/burmese/news/over_500_workers_continue_protest%20-
09092010145003.html

တရုတ်၊ မြန်မာ စီးပွားဆက်ဆံရေး တိုးတက်ပေမဲ့ မြန်မာလူထု အကျိုးမခံစားရ

ဓာတ်ပုံ ASSOCIATED PRESS

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(၀ဲ) နှင့် တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်တို့ တွေ့ဆုံဆွေးနွေးနေစဉ်။


စက်တင်ဘာ ၉၊ ၂၀၁၀။

မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေက တရုတ်နဲ့ မြန်မာ ၂ နိုင်ငံအကြား ဆက်ဆံရေးတွေ ပိုပြီး တိုးမြှင့်နေသလို


တရုတ်ရဲ့ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေကလည်း မြန်မာပြည်မှာ တော်တော်များလာနေပါတယ်။ ဒါပေမဲ့လည်း
ရင်းနှီးမြှုပ်နှံမှုတွေက ရတဲ့အကျိုးအမြတ်တွေကို မြန်မာပြည်သူတွေ ထိထိရောက်ရောက် မခံစားရဘဲ ဖြစ်နေတယ်လို့
တရုတ်၊ မြန်မာ ဆက်ဆံရေးကို စောင့်ကြည့် လေ့လာနေသူတွေက ဝေဖန်ကြပါတယ်။ တရုတ်ပြည်ကို
ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းတဲ့ ကိစ္စကြောင့်လည်း ဒေသခံ မြန်မာပြည်သူတွေ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေကို ခံရမှာလည်း စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ကိုကျော်အောင်လွင်က
တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံပြီးရင် တရုတ်နိုင်ငံဟာ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှု အများဆုံး လုပ်နေတဲ့ နိုင်ငံပါ။


ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်တုန်းက ၂ နိုင်ငံ အပြန်အလှန် ကုန်သွယ်မှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၂.၉ ဘီလီယံအထိ
ရှိခဲ့ပါတယ်။ ဒီနှစ်ဆန်းပိုင်းမှာ ထုတ်ပြန်တဲ့ စာရင်းတွေအရ မြန်မာပြည်မှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံတဲ့ ငွေပမာဏဟာ
အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံ ရှိတယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက ဆိုပါတယ်။ ဒီပမာဏဟာ
မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းရဲ့ ၁၁.၅% ကို တရုတ်က လုပ်ဆောင်နေတဲ့
သဘောပါပဲ။

တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ များနေပေမဲ့လည်း မြန်မာပြည်သူတွေကတော့ အကျိုးအမြတ် ခံစားရတာတွေ


နည်းနေတယ်လို့ တရုတ်၊ မြန်မာ ဆက်ဆံရေးကို စောင့်ကြည့် လေ့လာနေသူ တဦးဖြစ်တဲ့ ထိုင်းအခြေစိုက်
အမျိုးသား ဒီမိုကရေစီ လွတ်မြောက်နယ်မြေရဲ့ နိုင်ငံခြားရေးမှူး ဦးညိုအုန်းမြင့်က ပြောပါတယ်။

“တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု ပိုပြီး များလာတာကတော့ မြန်မာပြည်ပေါ်မှာ စီးပွားရေး ပိတ်ဆို့မှုကို အနောက်နိုင်ငံတွေက


ပြုလုပ်ထားတဲ့ အတွက်ကြောင့် တရုတ်အစိုးရ အနေနဲ့ ပြိုင်ဘက်မရှိ လုပ်နိုင်တယ်လို့ ပြောလို့ရပါတယ်။ တရုတ်
ရင်းနှီးမြှုပ်နှံမှုတွေက မြန်မာပြည်သူတွေ အပေါ်မှာ တချို့တ၀က်တော့ အကျိုးရှိနိုင်ပါတယ်။ ဒါပေမဲ့ အဓိက သူ့ရဲ့
ရင်းနှီးမြှုပ်နှံမှု အားလုံးက တရုတ်ကုမ္ပဏီတွေ၊ တရုတ်ရဲ့ စက်မှုလုပ်ငန်းတွေအတွက် ပိုပြီး အကျိုးရှိတယ်လို့
ပြောနိုင်ပါတယ်။”

တရုတ်ဟာ မြန်မာပြည်မှာ စွမ်းအင်ဆိုင်ရာ ကိစ္စတွေကို အခုနောက်ပိုင်း ပိုပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာပါတယ်။


မြန်မာပြည်က ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းနဲ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေး
လုပ်ငန်းတွေ ဖြစ်ပါတယ်။ မြန်မာပြည်နဲ့ ကပ်လျက် တရုတ်ပြည် ယူနန်နယ်ထဲကို ဓာတ်ငွေ့ပိုက်လိုင်း
သွယ်တန်းမှုလည်း စနေပါပြီ။ ဒီလို ပိုက်လိုင်းသွယ်တန်းမှုကို ကြည့်ခြင်းအားဖြင့် တရုတ်ဟာ မြန်မာပြည်ကို
စီးပွားရေးအရ လွှမ်းမိုးမှု ကြီးကြီးမားမား လုပ်ထားတဲ့ သဘောပဲလို့ ဦးညိုအုန်းမြင့်က ဆိုပါတယ်။

“ဒါ အင်မတန်မှ မဟာဗျူဟာမြောက်တဲ့ တရုတ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်တခု ဖြစ်တယ်လို့ ကျနော် ထင်ပါတယ်။


တရုတ်ဘက်က ကြည့်မယ်ဆိုရင်တော့ ဓာတ်ငွေ့ပိုက်လိုင်းကို ချထားခြင်းအားဖြင့် မြန်မာနိုင်ငံဟာ သူ့ရဲ့ ရင်ခွင်ပိုက်
တိုင်းပြည်လေးတခုအဖြစ် ကျရောက်နေပြီဆိုတာ ကျနော်တို့အားလုံး သတိထားသင့်ပါတယ်။”

မြန်မာပြည်ကနေ ထိုင်းကို ရောင်းချနေတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေးနဲ့ ပိုက်လိုင်း


သွယ်တန်းမှုတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ခဲ့ပါတယ်။ အခု တရုတ်နဲ့ လုပ်နေတဲ့
ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းမှုမှာလည်း ဒီလိုပြဿနာတွေ ဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

“တရုတ်အစိုးရဘက်က အခုနောက်ပိုင်း သူတို့ရဲ့ ပေါ်လစီအသစ်တွေကို ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင်


သူတို့အနေနဲ့ လူ့အခွင့်အရေးနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုတာကိုလည်း ဦးစားပေးတာကို ရှိပါတယ်။
ဒါပေမဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေး အပိုင်းတွေကတော့ လူ့အခွင့်အရေး ချိုးဖောက်ဖို့ကို ၀န်လေးမှာ
မဟုတ်ပါဘူး။

“ဥပမာ စစ်တပ်က ပေါ်တာဆွဲပြီးတော့ ငွေမရဘဲနဲ့ လုပ်ရမယ့် အလုပ်သမားတွေ၊ ပေါ်တာဆွဲခံရမယ့် ပြဿနာတွေ


အများကြီး ကြုံလာနိုင်ပါတယ်။ ဒေသခံ အာဏာပိုင်တွေရဲ့ တင်းကျပ်မှုကို တရုတ်ကုမ္ပဏီတွေကိုယ်တိုင်
ခံစားနေရတဲ့အတွက် တရုတ်အစိုးရ အနေနဲ့လည်း ဒီအပေါ်မှာ အခက်အခဲ အများကြီး ရှိတယ်လို့ ကျနော်တို့
သိထားပါတယ်။”

သူများတိုင်းပြည်တွေကို စွမ်းအင်တွေ ရောင်းချနေပေမဲ့ ကိုယ့်တိုင်းပြည်ထဲမှာ ပြည်သူတွေ မီးမမှန်၊ ရေမမှန်


ဖြစ်နေတာတွေကို စစ်အစိုးရ ခေါင်းဆောင်ပိုင်းက ဂရုမစိုက်ဘူးလို့လည်း ဦးညိုအုန်းမြင့်က ဝေဖန်ပါတယ်။ မြန်မာနဲ့
တရုတ်အကြား စီးပွားရေး လုပ်ငန်းတွေမှာ နယ်စပ်ကုန်သွယ်ရေးကလည်း အဓိက ကျပါတယ်။ အခုတလော
တရုတ်၊ မြန်မာ နယ်စပ်မှာ ရှိနေတဲ့ စစ်အစိုးရနဲ့ အပစ်ရပ်ထားတဲ့ အဖွဲ့တွေနဲ့ စစ်အစိုးရအကြား မပြေလည်မှုတွေ
များလာတာဟာ တရုတ်အတွက် စိုးရိမ်စရာပဲလို့ ဆိုပါတယ်။

“ယူနန်ပြည်နယ်ရဲ့ အဓိက စီးပွားရေး မိတ်ဘက်က မြန်မာနိုင်ငံ ဖြစ်ပါတယ်။ တကယ်လို့များ အပစ်ရပ် အဖွဲ့တွေနဲ့


နအဖကြားထဲမှာ တင်းမာမှုတွေက ယူနန်ပြည်နယ်မှာ ရှိနေတဲ့ စီးပွားရေး လုပ်ငန်းတွေ၊ ဘဏ်လုပ်ငန်းတွေ၊
ကုန်သွယ်ရေး လုပ်ငန်းတွေကို ထိခိုက်နိုင်ပါတယ်။ ဒီအတွက်ကြောင့် တရုတ်အစိုးရ အနေနဲ့လည်း နအဖရဲ့
အခုလက်ရှိ သောင်မတင် ရေမကျ ဖြစ်နေတဲ့ အပစ်ရပ်အဖွဲ့တွေနဲ့ ဆက်ဆံရေးကြားမှာ သူ့အနေနဲ့ အထူးစိုးရိမ်မှာ
ဖြစ်ပါတယ်။”

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့အဖွဲ့ တရုတ်ပြည်ကို ရောက်နေတာ ၃ ရက် ရှိသွားပါပြီ။


သူမပြန်ခင် တရုတ်ပြည်က စီးပွားရေး ထွန်းကားတဲ့ ရှန်ဟိုင်းမြို့က ကုန်စည်ပြပွဲနဲ့ ရှန်ဇန်းမြို့တွေကိုလည်း
သွားဖို့ရှိပါတယ်။ မကြာခင်တုန်းက မြန်မာပြည်ကို ရောက်လာခဲ့တဲ့ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်ရဲ့
ခရီးစဉ်မှာတုန်းက စီးပွားရေး အပါအ၀င် ၂ နိုင်ငံ ပူးတွဲ ဆောင်ရွက်ကြမယ့် သဘောတူညီချက် ၁၅ ခုကို
လက်မှတ်ရေးထိုးခဲ့ပါတယ်။ အခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ခရီးစဉ်မှာလည်း စီးပွားရေးနဲ့ တခြားကိစ္စတွေ တိုးချဲ့
လုပ်ကိုင်ကြမယ့် သဘောတူညီချက်တွေ ပါလာဦးမှာ မလွဲဘူးလို့လည်း စောင့်ကြည့် လေ့လာသူတွေက
ခန့်မှန်းထားကြပါတယ်။

Source:http://www.voanews.com/burmese/news/china-myanmar-102529469.html
နိုင်ငံတကာ အခြေအနေ ပြောင်းပေမဲ့ တရုတ်ရဲ့ မြန်မာမူဝါဒ မပြောင်းလဲ
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ သူ့ရဲ့ ၅ ရက်ကြာ တရုတ်နိုင်ငံ ခရီးစဉ်ရဲ့ တတိယနေ့ ဒီနေ့မှာ
တရုတ်အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၀ူဘန်ဂေါ် (Wu Bangguo) နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို မစ္စတာဝူက ဘေကျင်းမြို့တော်မှာရှိတဲ့ ပြည်သူ့ခန်းမဆောင်ကြီးမှာ


လက်ခံတွေ့ဆုံခဲ့ပါတယ်။ တရုတ်၊ မြန်မာ ဆက်ဆံရေး နှစ် ၆၀ ပြည့်တာကို ရည်ညွှန်းပြီး မစ္စတာဝူက တရုတ်နဲ့
မြန်မာနိုင်ငံတို့ဟာ မိတ်ဆွေဟောင်းတွေ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မနေ့ကလည်း တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jiantao) က အဲဒီ ဘေကျင်းမြို့ ပြည်သူ့ခန်းမဆောင်ကြီးမှာပဲ


ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို လက်ခံတွေ့ဆုံခဲ့ပြီး နိုင်ငံတကာက စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို ဘယ်လိုပဲ
ဝေဖန်နေပါစေ၊ တရုတ်ကတော့ အပြည့်အ၀ ထောက်ခံသွားမယ်လို့ ပြောခဲ့ပါတယ်။

နိုင်ငံတကာ အခြေအနေတွေ ပြောင်းသွားပေမဲ့ တရုတ်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ သဘောထား


မပြောင်းဘူးလို့လည်း တရုတ်သမ္မတက ပြောခဲ့တာပါ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ စနေနေ့ မြန်မာနိုင်ငံကို
ပြန်လည်မထွက်ခွာမီ ၂၀၁၀ ရှန်ဟိုင်း ကုန်စည်ပြပွဲကို သွားပြီးတဲ့နောက် တရုတ်စီးပွားရေး အချက်အချာ
ဒေသဖြစ်တဲ့ တောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်က ရှန်ဇန်းမြို့ကိုလည်း သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် မြန်မာနိုင်ငံကို သွားရောက်လည်ပတ်စဉ် အတွင်း


မြန်မာစစ်အစိုးရနဲ့ သဘာဝဓာတ်ငွေ့ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အပြင် အခြား ကုန်သွယ်ရေးစာချုပ်
တော်တော်များများကိုလည်း ချုပ်ဆိုခဲ့ပါတယ်။

အခုလို မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု တိုးလာတာဟာ မြန်မာပြည်သူတွေအတွက် လက်တွေ့


အကျိုးခံစားခွင့်တော့ နည်းလွန်းတယ်လို့ တရုတ်၊ မြန်မာ ဆက်ဆံရေး စောင့်ကြည့် လေ့လာသူတွေက ပြောပါတယ်။

Source:http://www.voanews.com/burmese/news/china-myanmar-102533694.html

နိုင်ငံခြားငွေ အရောင်းအ၀ယ် တန့်နှေး၊ ဒေါ်လာနဲ့ FEC ဈေးကျ


မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာနဲ့ စစ်အစိုးရ ထုတ်ဝေထားတဲ့ FEC ဈေးတွေဟာ ဒီရက်ပိုင်းတွေအတွင်း
အတော်လေး ကျဆင်းနေပါတယ်။ ဒါဟာ နိုင်ငံခြားပို့ကုန် တင်သွင်းမှု ကျဆင်းသွားတာနဲ့အတူ ဈေးကွက်ထဲကို
ဒေါ်လာတွေ ထုတ်ရောင်းတာများလို့ အခုလို ဈေးကျတာလို့ သုံးသပ်ကြတဲ့အပြင် နိုင်ငံခြား ငွေကြေးဆိုင်ရာ
ပုံသေဈေး သတ်မှတ်ချက်တွေ ထွက်လာမယ်ဆိုတဲ့ ပြောဆိုသံတွေကြောင့် ဖြစ်နိုင်တယ်လို့လည်း နိုင်ငံခြားငွေ
ရောင်းဝယ်သူ ကုန်သည်တွေက သုံးသပ်ပါတယ်။ ဒေါ်လာနဲ့ FEC ဈေးတွေ ဘယ်လောက်ထိ ကျသွားသလဲဆိုတာ
စုံစမ်းမေးမြန်းပြီး မသင်းသီရိက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့ကနေ ဒီကနေ့ ၉ ရက်နေ့ထိ ၃ ရက်တွင်း ဒေါ်လာဈေး၊ FEC ဈေးနဲ့အတူ Earning
ဈေးတွေ အတော်လေး ကျသွားပါတယ်။ တဒေါ်လာကို ကျပ် ၁,၀၀၀ နီးပါး ဈေးပေါက်ရာကနေ ဒီနေ့မှာတော့ ၉၀၀
ကျော်ကျော်လေးထိ ကျသွားပါတယ်။ အရင်က ဒေါ်လာနဲ့ FEC ဈေးတွေက တရိပ်ရိပ်လောက်သာ အတက်အကျ
ရှိတတ်စမြဲ ဖြစ်ပေမဲ့ အခုကတော့ သိသိသာသာ ၃ ရက်တာအတွင်း ဈေးတွေ တအားထိုးကျလာခဲ့တာ ဖြစ်တယ်လို့
နိုင်ငံခြားငွေ ရောင်းဝယ်သူတဦးက ပြောပါတယ်။

“ဂယက်ကတော့ နည်းနည်းရိုက်သွားတယ်။ ဘယ်လောက်ကျသွားလဲဆိုတော့ ကျန်ခဲ့တဲ့ အပတ်ထဲက ၉၈၀


ဝန်းကျင်လောက် ရှိရာက မနေ့က ၉၁၅ လောက်အထိ ကျသွားတယ်၊ ဒေါ်လာဈေးက။ တော်တော်ကြီးကို
ကွာဟသွားတယ်။ ဒီနေ့တော့ အ၀ယ်နည်းနည်း ပြန်လိုက်ပြီး ပြန်တက်လာတယ်။ ၉၃၀၊ ၉၄၀ လောက်အထိ
တက်လာတယ်။”

တခါ FEC ဆိုရင်လည်း ၈၉၀ ကျော်ကနေ ဒီကနေ့ ဈေးပိတ်ချိန်မှာ ၇၄၀ ထိ ကျနေသလို Earning ဈေးဆိုရင်လည်း
၁,၀၀၀ ၀န်းကျင်ကနေ ၈၉၀ လောက်ပဲ ရှိတော့တယ်လို့လည်း ပြောပြပါတယ်။ အခုလို ဒေါ်လာဈေးတွေ၊ FEC နဲ့
Earning ဈေးတွေ ကျတာက နိုင်ငံခြားပို့ကုန် တင်သွင်းမှု ကျသွားတာ၊ ဒေါ်လာသိမ်းထားသူတွေက
ဒေါ်လာငွေတွေကို အများအပြား ထုတ်ရောင်းနေတာကြောင့် ဖြစ်နိုင်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

“ကျနော်ထင်တာတော့ အဓိက Import တွေ တော်တော်နည်းသွားတယ်။ Import တွေ နည်းသွားတာရယ်၊ အခု


လတ်တလော ကြားနေတာက တချို့လူတွေက လက်ထဲမှာ မထားတော့ဘဲ ထုတ်ရောင်းတာမျိုးလည်း ဖြစ်နိုင်တယ်။
ပြီးတော့ ဒေါ်လာကို ဒီမှာဝယ်တဲ့ လူတွေက များသောအားဖြင့် စုကြတာလေ။ ဒေါ်လာဈေး တက်မယ်၊ ဘာညာ
အဲဒီလို အတွေးမျိုးနဲ့ စုကြပြီးတော့ အခုက ထင်သလို မတက်လာဘဲ အကျဘက်ပဲ သန်းနေတော့ အကုန်လုံးက
ထုတ်ရောင်းကြတယ်။ ထုတ်ရောင်းတော့ ဈေးတွေက ထိုးကျသွားတယ်။”

အလားတူ နိုင်ငံမှာ FEC ကို အသုံးပြုမှု နည်းလာလို့ အခုလို FEC ဈေးကွက် ပျက်တာလို့လည်း ဆိုသလို Earning
ဈေး ကျတဲ့အတွက် ပြည်ပပို့ကုန် တင်ပို့သူတွေ အတော်လေး ထိခိုက်နစ်နာမှု ရှိပါတယ်။ တခါ ပြီးခဲ့တဲ့
လအနည်းငယ်ကစလို့ ကျောက်မျက်ရတနာ ရောင်းဝယ်မှုတွေကနေ ရနေတဲ့ ၀င်ငွေတွေကလည်း Earning
တွေအဖြစ်နဲ့ ပြန်ဝင်နေတယ်လို့လည်း ပြောပါတယ်။

ပုံမှန်ဆို Earning ဈေး ကျတဲ့အတွက် ပြည်ပက တင်သွင်းလာတဲ့ ပစ္စည်းတွေ ဈေးသက်သာပြီး ပစ္စည်းဈေးတွေ


ကျရမှာ ဖြစ်ပေမဲ့ မြန်မာပြည်မှာတော့ ဒီလိုအခြေအနေတွေ မရှိဘဲ ဈေးတွေကို ထိန်းရောင်းထားတတ်စမြဲ
ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“ပစ္စည်း အရှုံးအမြတ်တွေ ကွာခြားမှု ဖြစ်သွားမှာပေါ့။ အခက်အခဲကတော့ အဲဒီဟာမှာပါပဲ။ ပြည်တွင်းမှာတော့


မကျဘူးဗျ။ ပြည်တွင်းမှာ လုပ်နေတဲ့လူတွေ တော်တော်များများကတော့ အရင် တက်တုန်းက ဈေးနဲ့ပဲ တွက်ပြီး
ရောင်းကြတာ များတယ်။ Trade Fair တွေ လုပ်တဲ့အချိန်မှသာ Discount ဆိုပြီး လျှော့ရောင်းကြတာ။
ပြည်တွင်းပစ္စည်း ဈေးနှုန်းက ဒေါ်လာဈေး အတက်အကျအပေါ် တိုက်ရိုက်တော့ ဘယ်သူမှ မခံစားရဘူး။
နည်းနည်းကြာသွားမှ ပစ္စည်းတွေ ပိုက်မိနေမှသာ နည်းနည်း နည်းနည်း ချရောင်းကြတာ။ နောက် ပစ္စည်း
ပြတ်တဲ့အခါကြတော့ ဈေးများမှာစိုးလို့ လူတွေက အများကြီးတော့ ချမရောင်းကြဘူးဗျ။”

ရန်ကုန် နိုင်ငံခြားငွေ ရောင်းဝယ်သူတဦး ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

အခုလို ဒေါ်လာနဲ့ FEC ဈေးတွေ ကျသလို ဒီကနေ့ ညနေပိုင်း ရွှေဈေးလည်း ကျပါတယ်။ ပုံမှန် ရွှေတကျပ်သားကို
၆၅၀,၀၀၀ ကျော်ကနေ ဒီကနေ့ ၆၃၀,၀၀၀ နီးပါးထိ ကျခဲ့ပါတယ်။ ဒါဟာလည်း ဒေါ်လာဈေးကျတဲ့ ဂယက်ကြောင့်
ဖြစ်နိုင်တယ်လို့ သုံးသပ်ကြသလို မြန်မာပြည်မှာ အခု ရွှေဈေးက ပုံမှန်မဟုတ်တဲ့ဈေးနဲ့ ပေါက်ဈေးဖြစ်နေပြီး အခုလို
ဈေးကျရာကနေ ပြန်တက်ပြီ ဆိုရင်တော့ အရင်ရှိတဲ့ ဈေးထက် ပိုပြီး ဈေးတက်တတ်တယ်လို့လည်း ပြောဆို
သုံးသပ်ကြပါတယ်။

Source:http://www.voanews.com/burmese/news/myanmar-fec-dollars-102537009.html

MRTV 4 ရုပ်သံလိုင်း ၂၄ နာရီ ထုတ်လွှင့်


စစ်အစိုးရနှင့် ပုဂ္ဂလိက ပူးတွဲထုတ်လွှင့် နေသော MRTV 4 ရုပ်သံလိုင်းကို ၂၄ နာရီ ကြည့်ရှုနိုင်ရန် အချိန်
တိုးမြှင့်လိုက်ရာ လက်ရှိ ရုပ်သံ လိုင်းများအနက် ထုတ်လွှင့်ချိန် အများဆုံး ရုပ်သံလိုင်းတခု ဖြစ်လာကြောင်း
သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့အသံနှင့် Forever Group တို့ ပူးပေါင်းထုတ်လွှင့်နေသည့် MRTV 4


ရုပ်သံ လိုင်းသည် အစီအစဉ်သစ်များတိုးချဲ့ ပြသနိုင်ရန် ရည်ရွယ်ချက်ဖြင့် စက်တင်ဘာ ၁ ရက်နေ့မှ စတင်ကာ
တိုးမြှင့်လိုက်ခြင်းဖြစ် သည်ဟု ပြန်ကြားရေး ၀န်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။

“အခုနောက်ပိုင်းမှာ အာဏာပိုင်တွေက မီဒီယာကို မီဒီယာနဲ့ ပြန်တိုက်မယ်ဆိုတဲ့ ပုံစံတွေရှိလာတာ ကိုတွေ့ရတယ်။


FM လိုင်း တွေ အများကြီးချပေးလာတယ်။ ပိတောက်မြေတို့ နေပြည်တော် FM လိုင်းတို့ဆို အစိုးရနဲ့ပတ်သက်တဲ့
သီချင်းလွှင့်တာ တွေ၊ ဇာတ်လမ်းမျိုးလေးတွေ လုပ်ပြီး လွှင့်လာတာတွေရှိတယ်။ အခုလည်း ဒီလို ပုံစံမျိုးပါပဲ”ဟု
ပြန်ကြားရေးဝန်ကြီး ဌာန အရာရှိက ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍ “MRTV 4 က ဖျော်ဖြေရေး အစီအစဉ်တွေ တော်တော်ပြတဲ့ လိုင်းဖြစ်သလို


ကဏ္ဍအသစ်အဆန်းလေး တွေပါတော့ လူတော်တော်ကြည့်တယ်။ ဒါနဲ့ ရောပြီး ပြည်သူအများဆုံးကြည့်တဲ့
လိုင်းကနေ အာဏာပိုင်တွေက သူတို့ လွှင့် ချင်တဲ့ ပေါ်လစီ ကားတွေ ကြားဖြတ်ပြသွားမှာပေါ့”ဟု ပြောသည်။

စစ်အစိုးရပိုင် ရုပ်သံလိုင်းများဖြစ်သည် မြန်မာ့အသံ၊ မြ၀တီ ရုပ်မြင်သံကြား တို့တွင်ထုတ်လွှင့်ပြသနေသည့်


အစီအစဉ်များ ဖြစ် သော ပြည်တွင်းသတင်း၊ နိုင်ငံအကျိုးပြု ပေါ်လစီ ကားကိုလည်း ထည့်သွင်းထုတ်လွှင့်မည်ဟု
ပြန်ကြားရေးဝန်ကြီးဌာန အရာရှိ က ဆိုသည်။

ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကို တရားဝင် ကြေညာသည့် သြဂုတ်လ ၁၃ ရက်နေ့ ညနေပိုင်းမှ စ၍ စစ်အစိုးရပိုင်


ရုပ်မြင် သံကြားလိုင်းများနှင့် ရေဒီယိုလိုင်းများ၌ ရွေးကောက်ပွဲ ဆန္ဒမဲပေးရေး စည်းရုံးလှုံ့ဆော်သည့် သီချင်းနှင့်
ဇာတ်လမ်းများ ထုတ် လွှင့် ပြသခဲ့သည်။

“သတင်း အစီအစဉ်ကို တနေ့ ၄ ကြိမ် ထုတ်လွှင့်နေတယ်။ ဖျော်ဖြေရေး အစီအစဉ်တွေ ပြနေသလို ပြီးခဲ့တဲ့လကဆို


ဝါဒဖြန့် မဲပေးဖို့ သီချင်းတွေ စလွှင့်ခဲ့တယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေဘက်က ထပ်လွှင့်မယ့်
အစီအစဉ်တွေ ပြင် ဆင်နေတယ်”ဟု Forever Group မှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။

ပြည်တွင်း ရုပ်သံ လိုင်းများအနက် ရုပ်သံလိုင်းကြည့် ပရိသတ်များ အထူးစိတ်ဝင်စားသည့် ရုပ်သံလိုင်း တခုဖြစ်ပြီး


လူငယ်နှင့် လူလတ်ပိုင်း ပရိသတ်များ စိတ်ဝင်စားသည့် Fashion Music Festival ကဲ့သို့ အစီအစဉ်များ ထုတ်လွှင့်၍
ပြသခဲ့သည်။

ရွေးကောက်ပွဲ ဆန္ဒမဲ ပေးနည်းကို ပညာရေးဇာတ်လမ်းအနေနှင့် နိုင်ငံပိုင် ရုပ်မြင်သံကြား လိုင်းများတွင်


ထုတ်လွှင့်သွားမည် ဟု ပြည်တွင်း အခြေစိုက် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

“မြန်မာပြည် မီဒီယာ အနေနဲ့ ဂျာနယ်တွေ၊ အသံလွှင့် လိုင်းတွေ၊ ရုပ်သံလိုင်းတွေ အများကြီး တိုးလာတာက


ပြည်သူလူထုရဲ့ အသိဉာဏ်ကို တစိတ်တပိုင်းအနေနဲ့ တိုးတက်စေတယ်လို့ မြင်တယ်။ အာဏာပိုင်တွေက
ဘယ်လိုပဲ စည်းရုံးလှုံ့ဆော် ၀ါဒ ဖြန့်ဖြန့် ဒါကို ကြည့်ရမြင်ရ လေ့လာခွင့်ရတာကလည်း ပြည်သူလူထုအနေနဲ့
အာဏာပိုင်တွေရဲ့လုပ်ရပ်ကို ပိုသုံးသပ် လာနိုင် သလို နိုင်ငံရေးအနေနဲ့ ပိုအမြင်ကျယ်လာစေမယ်၊
ပိုစဉ်းစားစရာတွေဖြစ်လာစေမယ်ဆိုရင် ဒါ အမြတ်ပဲလေ”ဟု MRTV 4 အစီအစဉ်တွင် ပါဝင် ထုတ်လွှင့်နေသည့်
မီဒီယာ လုပ်ငန်းရှင်တဦး က ပြောသည်။

၂၀၀၄ ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့သည့် MRTV 4 ရုပ်သံလိုင်းသည် တရက်လျှင် ၂ နာရီ စတင်စမ်းသပ်


ထုတ်လွှင့်ခဲ့ရာမှ ၂၀၀၅ ခုနှစ်တွင် ၄ နာရီ တိုး ထုတ်လွှင့်ခဲ့ပြီးနောက် တရက်လျှင် ၆ နာရီ ပတ်လည်ဖြင့် ၄ ကြိမ်၊
၂၀၀၉ ခုနှစ် မေလ ၁၂ ရက် နေ့မှ စတင်ကာ နေ့စဉ် နံနက် ၅ နာရီမှ ည ၁ နာရီ အထိ နာရီ ၂၀ ထုတ်လွှင့်ခဲ့သည်။

ပုဂ္ဂလိက ကုမ္ပဏီတခုဖြစ်သော Forever Group နှင့် ပြန်ကြားရေး ၀န်ကြီးဌာနတို့ ပူးပေါင်းကာ MRTV 4


အစီအစဉ်ကို ထုတ် လွှင့်ပေးနေသကဲ့သို့ Myanmar International (MRTV-3) ရုပ်သံ အစီအစဉ်ကိုလည်း
ရွှေသံလွင် ကုမ္ပဏီနှင့် ပူးပေါင်းဆောင် ရွက်နေခြင်း ဖြစ်သည်။

စစ်အစိုးရပိုင် ရုပ်သံလိုင်းများဖြစ်သော မြန်မာ့ ရုပ်မြင်သံကြား(MRTV)ကို ၁၉၈၀ ပြည့်နှစ် ဒီဇင်ဘာ ၊ ၁၉၉၅ ခုနှစ်


တပ်မတော် နှစ်(၅၀) ပြည့် ရွှေရတုတွင် မြ၀တီရုပ်မြင်သံကြား ၊ ၂၀၀၁ ခုနှစ် သြဂုတ်လ တွင် MRTV 3 ၊ ၂၀၀၄
ခုနှစ်တွင် MRTV 4 တို့ကို စတင် ထုတ်လွှင့် ပြသခဲ့သည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/4022-mrtv-4----

ရှရှားလုပ် စစ်သုံးရဟတ်ယာဉ် အစီး ၅၀ မြန်မာ့ လေတပ်ဝယ်ယူ


မြန်မာ့ လေတပ် အတွက် ရှရှား မှ Mi-24 စစ်သုံး ရဟတ်ယာဉ် အစီး ၅၀ နှင့် Mi-2 သယ်ပို့ ရဟတ်ယာဉ် ၁၂ စီး
ဝယ်ယူ လိုက်ကြောင်း လေတပ် အသိုင်းအဝန်းမှ သိရသည်။

စစ်အစိုးရအနေဖြင့် တပ်မတော် (လေ) အတွက် Mi-24 အမျိုးအစား စစ်သုံး ရဟတ်ယာဉ်များ ဝယ်ယူခြင်းမှာ


ယခုအကြိမ် သည် ပထမဆုံး ဖြစ်သည်။
“Mi-24 တိုက်ခိုက်ရေး ရဟတ်ယာဉ် အစီး ၅၀ နဲ့
Mi-2 ရဟတ်ယာဉ် တဒါဇင် ရှရှားကနေ
ဝယ်လိုက်ပါတယ်။ မိတ္ထီလာ ပျံသန်း လေ့ကျင့်ရေး
အခြေစိုက်စခန်းမှာ အခု အစိတ်အပိုင်းတွေ
တပ်ဆင်နေပါပြီ”ဟု လေတပ်နှင့် နီးစပ်သူတဦးက
ဧရာဝတီသို့ ပြော သည်။

“ရဟတ်ယာဉ်တွေ တပ်ဆင်မှု အပြီးသတ်ရင်


တပ်ဖွဲ့ လေးဖွဲ့ကို ခွဲပြီး ချပေးမှာပါ။ အဲဒီ
ရဟတ်ယာဉ်တွေကိုရမယ့် တပ်ဖွဲ့ လေးဖွဲ့ ထဲက
နှစ်ဖွဲ့ကတော့ မကွေး လေတပ် အခြေစိုက်စခန်းနဲ့
Mi-24 အမျိုးအစား စစ်သုံး ရဟတ်ယာဉ်
အေလာ လေတပ် အခြေစိုက် စခန်းတွေပါ”ဟု
၎င်းက ဆက်လက် ပြောသည်။

လက်ရှိ မြန်မာ့ လေတပ် အခြေစိုက်စခန်း ၁၅ ခုရှိသည်။ နေပြည်တော်ခရိုင်၊ လယ်ဝေးမြို့နယ်ရှိ အေလာ လေတပ်


စခန်းသည် နောက်အကျဆုံး ဖွင့်လှစ်သည့် စခန်းသစ်ဖြစ်ပြီး ထိပ်တန်း ဗိုလ်ချုပ်ကြီးများနှင့် ပြည်တွင်းနှင့်
နိုင်ငံတကာမှ အစိုးရ အရာရှိများ လိုက်ပါလာသည့် လေယာဉ်များ ဆင်းသက်လေ့ရှိကြောင်း သိရသည်။

မြန်မာ့လေတပ်ကို ခေတ်မီသည့် လေတပ်အဖြစ် အဆင့်မြှင့်တင်ရန် လေတပ် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ


ဗိုလ်ချုပ်ကြီး မြတ်ဟိန်းက ရှရှားနိုင်ငံနှင့် ညှိနှိုင်းပြီး တနှစ်အကြာတွင် ဤ စစ်သုံး ရဟတ်ယာဉ်များ
ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ယင်း စစ်သုံးရဟတ်ယာဉ်များမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရှိရာ ဒေသများ ထိန်းချုပ်ရာတွင်


ခြေလျင်တပ်များကို အထောက်အပံ့ပေးရန် လေကြောင်းစစ်ဆင်ရေးအတွက် အားဖြည့်ခြင်းဖြစ်သည်ဟု
လေ့လာသူများက ပြောဆိုသည်။

“Mi-24 ရဟတ်ယာဉ်တွေ ဝယ်တဲ့ အဓိက အကြောင်းကတော့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို


နှိမ်နင်းဖို့ပါပဲ”ဟု လေတပ်နှင့် နီးစပ်သူကလည်း ပြောသည်။

မြန်မာ့လေတပ်သည် ၁၉၅၆ ခုနှစ်တွင် ကာဝါစကီ ဘဲလ် 47G ရဟတ်ယာဉ် ၆ စီးကို ဂျပန်မှ ဝယ်ယူခဲ့သည်။ ၁၉၇၅
ခုနှစ်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး အစီအစဉ်အတွက် အမေရိကန်မှ ဘဲလ် 205A-1 ရဟတ်ယာဉ် ၁၈
စီး ထောက်ပံ့ ပေး အပ် ခဲ့သည်။ ထို့နောက်ပိုင်း အဆင့်ထပ်မံ မြှင့်တင်နိုင်ခြင်း မရှိခဲ့ပေ။

ထို့နောက် စစ်အစိုးရသည် ရဟတ်ယာဉ် အစီး ၇၀ ခန့် ထပ်မံ ဝယ်ယူခဲ့ပြီး ယင်းတို့အနက် တချို့ကို


အသုံးပြုနေဆဲဖြစ်သည်။ အများအားဖြင့် ယင်းရဟတ်ယာဉ်များကို ရန်ကုန်တိုင်းရှိ မှော်ဘီ၊ ရှမ်းပြည်နယ်ရှိ နမ့်ဆမ်၊
ပဲခူးတိုင်းရှိ တောင်ငူ လေတပ် အခြေစိုက် စခန်းများနှင့် မန္တလေးတိုင်းရှိ မိတ္ထီလာ မြေပြင် လေ့ကျင့်ရေး လေတပ်
အခြေစိုက် စခန်းများတွင် ဖြန့်ကျက် ထားရှိသည်။

၂၀၀၁ ခုနှစ်တွင် Mi-17 ရဟတ်ယာဉ်တစီး ပျက်ကျခဲ့ရာ ဒုတိယ ဗိုလ်ချုပ်ကြီး တင်ဦး အပါအဝင် အဆင့်မြင့်
အရာရှိများ သေဆုံးခဲ့သည်။

ယခုနှစ် ဇွန်လအတွင်းကလည်း ပင်းဒယမြို့နယ်အနီးတွင် တောင်ငူ လေတပ်စခန်းမှ Mi-2 ရဟတ်ယာဉ်တစီး


ပျက်ကြခဲ့ရာ လေးဦး သေဆုံးခဲ့သေးသည်။

လေတပ်ကို မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ ၁၉၄၇ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့သည်။


မြန်မာပြည်မြောက်ပိုင်းတွင် တောခိုသွားသည့် ဗမာပြည် ကွန်မြူနစ်ပါတီ တပ်ဖွဲ့များကို ခြေမှုန်းခဲ့ပြီး ကရင်အမျိုးသား
အစည်းအရုံး(KNU) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို ခြေမှုန်း တိုက်ခိုက်ခဲ့သည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/4015-2010-09-08-11-04-23

FEC ဈေးကွက်ပျက်ပြီ

စစ်အစိုးရ ထုတ်ဝေထားသော FEC (Foreign Exchange Certificate) ဈေးနှုန်း အလွန်အမင်း ကျဆင်းသွား


သောကြောင့် အရောင်း အ၀ယ် ရပ်ဆိုင်းပြီး ဈေးကွက် မတည်မငြိမ် ဖြစ်နေကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၆ ရက်နေ့က FEC တယူနစ်လျှင် ၈၈၀ ကျပ်


ရှိနေရာမှ သုံးရက် အတွင်း FEC တယူနစ် ၇၃၀ ကျပ်အထိ
ကျသွားပြီး အရောင်း အ၀ယ်ရပ်ကာ ဈေးကွက် ပျက်သွားခြင်း
ဖြစ်သည်။

“FEC တဒေါ်လာကို ၇၃၀။ အရောင်း အ၀ယ်လုံးဝ မရှိတော့ဘူး။


ကြိုက်ရောင်း ကြိုက်ဝယ် ပုံစံဖြစ်နေတယ်။ အကျ မြန်လွန်းလို့ အခု
FEC အရောင်း အ၀ယ် မလုပ်တော့ဘူး” ဟု ရန်ကုန်မြို့
မဟာဗန္ဓုလ ပန်းခြံလမ်းအနီး ပြည်ပ ငွေကြေး ရောင်းဝယ်သည့်
စီးပွားရေး သမားကြီး တဦးက ပြောသည်။

အမေရိကန် ဒေါ်လာဈေးမှာလည်း ကျဆင်းလျက်ရှိပြီး တဒေါ်လာလျှင် ၉၂၅ ကျပ်ရှိသော ကြောင့် FEC နှင့်


အမေရိကန်ဒေါ်လာ ဈေးကွာဟမှုမှာ တဒေါ်လာလျင် ၁၉၅ ကျပ် ခြားနားနေသည်။

“အမေရိကန်ဒေါ်လာက တဒေါ်လာ ၉၇၀ ကနေ ၉၂၅ အထိ ကျတယ်” ဟု နိုင်ငံခြားငွေ ရောင်းဝယ်သူ


ကုန်သည်တဦးက ပြောသည်။

FEC အရောင်းအဝယ် လုံးဝမရှိသော်လည်း အမေရိကန်ဒေါ်လာ အရောင်းအဝယ်မှာမူ အနည်းငယ်ရှိနေကြောင်း


သိရသည်။
၂၀၁၀ ရွေးကောက်ပွဲအပြီး နိုင်ငံခြားငွေကြေးဆိုင်ရာ ပေါ်လစီများနှင့် ဘဏ္ဍာရေး မူဝါဒဆိုင်ရာ ပေါ်လစီအသစ်များ
ထွက်ပေါ်လာကာ FEC သုံးစွဲခြင်း ရပ်ဆိုင်းနိုင်သည်ဆိုသော ကောလာဟလသတင်းများ ကျယ်ကျယ် ပြန့်ပြန့်ထွက်
ပေါ်လာခြင်း အပါအ၀င် စီးပွားရေးအရ အသုံးဝင်မှုနည်းလာသည်ဆိုသော အချက်များကြောင့် FEC တန်ဖိုး
ရုတ်တရက် ကျဆင်း သွားရခြင်းဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ တဦးက သုံးသပ်သည်။

“ရွေးကောက်ပွဲပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ အစိုးရသစ်အနေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လိုချင်ရင် ပြည်တွင်းမှာ


တင်းကျပ်ထားတဲ့ နိုင်ငံခြားငွေသုံးစွဲခွင့် ပေါ်လစီတွေကို ဖြေလျှော့ပေးရမယ်။ နိုင်ငံခြားငွေ တရားဝင် ကိုင်ဆောင်
သုံးစွဲခွင့်ရှိလာရင် FEC က တန်ဖိုးမရှိတဲ့ စက္ကူဖြစ် သွားနိုင်တယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် FEC သုံးစွဲနိုင်မှု အခွင့်အလမ်း နည်းပါးလာခြင်းကလည်း တန်ဖိုး အလွန်ကျဆင်းစေသော အကြောင်းရင်း


တရပ်ဖြစ်သည်ဟု သူက ဆိုသည်။

“အရင်တုန်းက ဖုန်းဘီလ်ဆောင်တာ၊ စက်သုံးဆီဝယ်တာ၊ ကုမ္ပဏီအခွန်ဆောင်တာတွေလို နေရာ မျိုးတွေမှာ FEC


ဒေါ်လာကို တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြတယ်။ ပုဂ္ဂလိကဆီဆိုင်တွေ၊ တခါသုံးဖုန်းကတ်တွေ
ပေါ်လာပြီးတဲ့နောက်မှာ FEC
အသုံးဝင်မှု အရမ်းနည်းလာတယ်” ဟု ခရီးသွား အေဂျင်စီပိုင်ရှင်တဦးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ စီးပွားရေးသမားများသည် လုပ်ငန်းသစ်များကို


ရင်းနှီးမြှုပ်နှံခြင်းမပြုဘဲ နိုင်ငံရေး အခြေအနေကို စောင့်ကြည့်ကာ လုပ်ငန်းဟောင်းများကိုသာ
မှေးလုပ်နေကြခြင်းကြောင့် စီးပွားရေး ရပ်တန့်သည့် အနေအထား ဖြစ်ပေါ်နေပြီး အမေရိကန် ဒေါ်လာ နှင့် FEC
ဈေးများ ထိုးကျခြင်းဖြစ်သည်ဟု စီးပွားရေး ပညာရှင် တချို့က သုံးသပ်သည်။

ထိုင်း - မြန်မာ နယ်စပ် မြဝတီ ကုန်သွယ်ရေး ရပ်တန့်နေခြင်းကလည်း ကုန်သွယ်ရေး လုပ်ငန်းများကို များစွာ


ထိခိုက်စေပြီး ငွေကြေးဈေးနှုန်းများ ကျဆင်းစေကြောင်း ကုန်သည်များက ဆိုကြသည်။

ပို့ကုန်သွင်းကုန် လုပ်ငန်းများ အလွန် နှေးကွေးနေခြင်းကြောင့် ပို့ကုန်ဝင်ငွေ (Export Earning) ဈေးများ ဆက်တိုက်


ကျဆင်းလျက်ရှိသည်။

“ပို့ကုန်ဝင်ငွေ အမေရိကန် တဒေါ်လာ ၈၈၅ ကျပ် ဝန်းကျင်ပါ။ ပို့ကုန်ဝင်ငွေ ဈေးကွက်လည်း ရပ်နေတယ်” ဟု


မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဂဏန်းလုပ်ငန်းရှင်တဦးက ပြောသည်။

မြန်မာ့ရွှေဈေးကွက် တွင်လည်း အကယ်ဒမီအခေါက်ရွှေ ၁ ကျပ်သားလျှင် ၆၅၀၀၀၀ ၀န်းကျင်မှ ၆၃၅၀၀၀ အထိ


ဈေးကျသွားသည်။

စီးပွားရေး နှေးကွေးခြင်းအပြင် ပြည်တွင်း၌ မြန်မာကျပ်ငွေ ရှားပါး လာခြင်းကလည်း FEC ၊ အမေရိကန်ဒေါ်လာ၊


ပို့ကုန်ဝင်ငွေ နှင့် ရွှေဈေးများ နိမ့်ကျစေသော အကြောင်းရင်း ဖြစ်သည်ဟု ပြည်တွင်း စီးပွားရေးပညာရှင်တဦးက
ပြောသည်။

“အစိုးရက အခွန်အခတွေတိုးကောက်တယ်၊ လိုင်စင်မဲ့ကားတွေ ဒဏ်ရိုက်ပြီး လိုင်စင်တွေ ထုတ်ပေးတယ်။ ကားတွေ


လေလံပစ်တယ်။ ပြည်သူပိုင်လုပ်ငန်းတွေ လေလံပစ်တယ်။ မြေကွက်တွေရောင်းတယ်။ ဆီဆိုင်တွေရောင်းတယ်။
အဲဒီတော့ ကျပ်ငွေက အစိုးရဆီကို အလုံးအရင်းနဲ့ ပြန်ဝင်သွားတယ်။ လူတွေလက်ထဲမှာ လုပ်ငန်းတွေ၊ ကားတွေ၊
မြေကွက်တွေနဲ့ စက်ရုံ၊ အလုပ်ရုံတွေ ရောက်လာပြီး ပိုက်ဆံ ရှားသွားတယ်။ အဲဒီတော့ ငွေလိုချင်တဲ့အခါ ရွှေတို့၊
ဒေါ်လာတို့ ထုတ်ရောင်းရလို့ ဈေးကျတာ” ဟု ၎င်းက ပြောဆိုသည်။

FEC၊ အမေရိကန်ဒေါ်လာ၊ ပို့ကုန်ဝင်ငွေ နှင့် ရွှေဈေး ကျသော်လည်း ဆန်၊ ဆီ၊ ဆား စသည့် အခြေခံ
စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းဈေးနှုန်းများမှာ လိုက်ပါကျဆင်းခြင်း မရှိကြောင်း ဘုရင့်နောင်ပွဲရုံပိုင်ရှင်များက
ပြောသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/4021-fec-

ကချင်ဗိုလ်ကြီး စစ်တပ် အဖမ်းခံရ

ဖနိဒါ | ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၉ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၀၆ မိနစ်

ချင်းမိုင်(မဇ္စျိမ)။ ။ စစ်တပ်ခွင့်ပြုချက်ဖြင့်သာ ခရီးသွားရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ကချင် လွတ်မြောက်ရေး


အဖွဲ့ကို ညွှန်ကြားအပြီး ၃ ရက်အကြာ ယမန်နေ့က စစ်ထောက်လှမ်းရေးက ကချင်တပ်မှ ဗိုလ်ကြီးဇော်လီကို
ဖမ်းဆီးလိုက်သည်။

စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ် (စရဖ) က လိုင်ဇာမြို့မှ ၆ မိုင်ကွာ လဂျားယန် အကောက်ဂိတ်တွင်


ကချင်လွတ်မြောက်ရေးတပ် ထောက်ပံ့ရေးပစ္စည်း ပို့ဆောင်ရေးဌာနမှ ဗိုလ်ကြီးဇော်လီကို ဖမ်းဆီးလိုက်ရာ စစ်အစိုးရ
နယ်ခြားစောင့်တပ်ပြောင်းရေး အစီအစဉ်ကိုငြင်းပယ်ထားသော ကချင်အဖွဲ့ကို တင်းကျပ်လိုက်ခြင်းဟု ကေအိုင်အိုက
ယူဆသည်။

“သူက လက်မှတ်မပါဘဲနဲ့ လက်နက်ယူသွားလို့ ဖမ်းတာ။ အရင်တုန်းကတော့ ဘာမှ မပြောဘဲ သွားနေကျ။


အခုတော့ ပို ကန့်သတ်လာတယ်” ဟု ကေအိုင်အို အရာရှိ
တဦးက မဇ္ဈိမကို ပြောသည်။

ပစ္စတိုတလက်နှင့် အတူ အဖမ်းခံရသော ဗိုလ်ကြီးဇော်လီသည်


ဆေးကုသခွင့် ယူပြီး လိုင်ဇာမြို့မှ ၁ဝ မိုင် အကွာ မဒီးယန်ရွာရှိ
သူ့ခြံသို့ ဘတ်စ်ကားဖြင့် အသွား အဖမ်းခံရကြောင်း ကေအိုင်အို
သတင်းရပ်ကွက် တခုကလည်း ပြောသည်။

ကချင်အပစ်ရပ်အဖွဲ့က ဗိုလ်ကြီးဇော်လီကို ပြန်လွှတ်ပေးရန်


မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ယမန်နေ့က
အကြောင်းကြားခဲ့သော်လည်း ယခုတိုင် ပြန်လွှတ်ပေးခြင်း မရှိပါ။

ယခုလ ၅ ရက်မှစ၍ ကေအိုင်အို အဖွဲ့ဝင်များ ခရီးသွားပါက သက်ဆိုင်ရာ စရဖ တပ်ဖွဲ့သို့ သတင်းပို့ပြီး


မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ခွင့်ပြုချက်ဖြင့်သာ သွားရမည်ဟု စရဖ စစ်ဦးစီးမှူး (တတိယတန်း) ဗိုလ်ကြီးစည်သူက
ပြောဆိုခဲ့သည်။ ထို့ပြင် ခရီးသွားနေစဉ် ယူနီဖောင်းဝတ်ခွင့်နှင့် လက်နက် ကိုင်ဆောင်ခွင့်လည်း မပြုကြောင်း
တားမြစ်ခဲ့သည်။

နယ်ခြားစောင့် တပ်ပြောင်းကိစ္စ ယခုလ ၁ ရက်နေ့ နောက်ဆုံး အကြောင်းပြန်ရမည်ဟု စစ်အစိုးရက


သတ်မှတ်ခဲ့သော်လည်း ကေအိုင်အိုက မလိုက်နာသဖြင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တားမြစ်
ကန့်သတ်ချက်နှင့် ဖမ်းသည့်သတင်း ထွက်လာခြင်း ဖြစ်သည်။

သို့သော်လည်း ၂ဝဝ၈ မှ ယခုအချိန်ထိ စစ်တပ် အဖမ်းခံရသော ကေအိုင်အိုအဖွဲ့ဝင် အနည်းဆုံး ၂ဝ ကျော်ကြောင်း


ကေအိုင်အို အရာရှိတဦးက ဆိုသည်။
Source:http://www.mizzimaburmese.com/news/inside-burma/6007-2010-09-09-14-39-11.html

ငွေဈေး ရွှေဈေး ထိုးကျ၊ ရွှေအရောင်းအဝယ်ဆိုင်း

မျိုးသိဏ်း | ကြာသပတေးနေ့၊ စက်တင်ဘာလ ၀၉ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၄၆ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ ငွေလဲနှုန်းနှင့်အတူ ရက်ပိုင်းအတွင်း ထိုးကျလာသည့် ရွှေဈေးနှုန်းကြောင့် မြန်မာရွှေဈေးကွက်


အရောင်းအဝယ်အားလုံး ရပ်ဆိုင်းသွားသည်။

စက်တင်ဘာလဆန်းမှစ၍ မြန်မာငွေ မာလာပြီး အမေရိကန်ဒေါ်လာနှင့် အက်ဖ်အီးစီ လဲနှုန်းများ ကျဆင်းခဲ့သဖြင့်


ဒေါ်လာနှင့်ချိတ်ထားသည့် ရွှေဈေးနှုန်း ထိုးကျခဲ့သည်ဟု ကုန်သည်များက ပြောသည်။

"မနေ့ (စက်တင်ဘာ ၈) ညနေဈေးပိတ်တော့ ၆၃၂,ဝဝဝ ။ အခုမနက် ဈေးဖွင့်တော့ ၆၂၉,ဝဝဝ။ ဈေးဖွင့်ပြီး


တနာရီလောက်ပဲ ရှိသေးတယ် ၆၂၆,ဝဝဝ ဖြစ်သွားပြီ။ ခုလိုဈေးနဲ့ အရောင်းအဝယ်လုပ်လို့မရဘူး။ အသုံးသမားတွေ
(လက်ဝတ်တန်ဆာဆင်သူများ) လောက်ပဲ အလုပ်ဖြစ်တယ် " ဟု ရန်ကုန် ရွှေဘုံသာလမ်းမှ ရွှေလုပ်ငန်းရှင်တဦးက
ဆိုသည်။

သြဂုတ်လလယ်က စံချိန်တင် အမြင့်ဆုံးဈေးအဖြစ် ကျပ်


၆၆၇,ဝဝဝ အထိ တက်ခဲ့ပြီးနောက် ပြည်တွင်းရွှေဈေး
တကျပ်သားကို ၆ သိန်း ၄ သောင်းအောက်
ပြန်ဆင်းမည်မဟုတ်ဟု ရွှေလောကသားတို့ ခန့်မှန်းခဲ့ကြသည်။

"ကမ္ဘာ့ရွှေဈေးက ဒီလဆန်းပိုင်းတက်နေတာ။ ဒီမှာက


ဒေါ်လာဈေးကျလို့ လိုက်ကျတာ။ ဒီနေ့ ကမ္ဘာ့ရွှေဈေး ၁,၂၅ဝ
ကျော်တယ်။ ဒီဈေးနဲ့ အခုမနက် ဒေါ်လာဈေး ၉၁ဝ တွက်ရင်
ခြောက်သိန်းစွန်းစွန်းပဲ ရှိတယ်။ ဒီကဈေးက တသောင်းခွဲ၊
နှစ်သောင်းလောက် မြင့်နေသေးတယ် " ဟု ရွှေဆိုင်ပိုင်ရှင်တဦးက
ပြောသည်။ ကျ၍ ကမ္ဘာ့ရွှေဈေး တက်နေသော်လည်း
အမေရိကန်ဒေါ်လာ လဲနှုန်းနှင့် ချိတ်ထားသည့်
ပုံမှန်ရွှေဈေးတွက်နှုန်း { (ကမ္ဘာ့ရွှေတစ်အောင်စဈေး x ပြည်တွင်းရွှေဈေး သုံးရက်အတွင်း
ဒေါ်လာငွေလဲနှုန်း) / ၁.၈၇၅= မြန်မာ့ရွှေ တစ်ကျပ်သား ကျပ်နှစ်သောင်းကျော်ကျ
ပေါက်ဈေး) } တွင် ကမ္ဘာ့ရွှေဈေးနှင့် မြန်မာ့ရွှေဈေးအကြား တသောင်းဝန်းကျင်သာ အထက်အောက်ကွာခြားမှုရှိပြီး
ထို့ထက်များပါက နယ်စပ်မှတဆင့် ရွှေအဝင်အထွက်ရှိကြောင်း၊ သို့သော် လက်ရှိအချိန်တွင် မြန်မာငွေတန်ဖိုး
အပြောင်းအလဲ များနေခြင်းကြောင့် နယ်စပ်ကုန်သည်များလည်း အရောင်းအဝယ် မလုပ်ကြောင်း တာချီလိတ်မှ
ရွှေကုန်သည်တဦးက ပြောသည်။

" အခုက မြန်မာငွေဈေး မခိုင်တော့ အားလုံးထိုင်ကြည့်နေကြတယ်။ ငွေဈေးကျတာနဲ့ ဒီနှစ်ရက်သုံးရက်


ဘာမှလုပ်မရပဲ တနေ့ ဆယ်သိန်းလောက် ရှုံးနေတယ်" ဟု သူက ဆိုသည်။
ယနေ့ ဒေါ်လာလဲနှုန်း တဒေါ်လာလျှင် ကျပ် ၉၁ဝ ဖြစ်ပြီး အက်ဖ်အီးစီ ရောင်းဈေး ၇၆ဝ ၊ ဝယ်ဈေး ၇၃ဝ
ပေါက်သည်။

စက်တင်ဘာလ (၂) ရက်နေ့ကစပြီး ဤနှစ်အတွင်း ပထမဆုံးအကြိမ် အက်ဖ်အီးစီလဲနှုန်း တဒေါ်လာ ကျပ် ၉ဝဝ


အောက် စကျခဲ့သကဲ့သို့ လပေါင်းများစွာ ၉၉ဝ ဝန်းကျင်တွင် အတိုးအလျော့ အနည်းငယ်ဖြင့် တည်ငြိမ်နေခဲ့သည့်
အမေရိကန် ဒေါ်လာလဲနှုန်းမှာ စက်တင်ဘာ (၆) ရက်နေ့ နောက်ပိုင်း တောက်လျောက် ထိုးဆင်းလာခဲ့သည်။

" ဘာဆက်ဖြစ်ဦးမယ် မှန်းလို့မရတာ။ ကောလာဟလတွေကတော့ စုံနေတာပဲ၊ ၅ဝဝ အထိ ကျမယ်လို့လည်း


ပြောနေကြတယ်" ဟု မှောင်ခို ငွေလဲဈေးကွက်တွင်းမှ ကုန်သည်တဦးက ပြောသည်။

ငွေလဲနှုန်း ကျ၍ ကမ္ဘာ့ရွှေဈေး တက်နေသော်လည်း အမေရိကန်ဒေါ်လာ လဲနှုန်းနှင့် ချိတ်ထားသည့်


ပြည်တွင်းရွှေဈေး သုံးရက်အတွင်း ကျပ်နှစ်သောင်းကျော် ကျခဲ့သဖြင့် ယနေ့ အရောင်းအဝယ် ရပ်လုနီးပါး
ဖြစ်နေသည်ဟု ရွှေဈေးကွက်က ဆိုသည်။

သွင်းကုန်လိုင်စင် ခွင့်ပြုမိန့် ကြန့်ကြာခြင်းနှင့် သွင်းကုန်ပစ္စည်း ကန့်သတ်မှုများခြင်းက နိုင်ငံခြား တင်ပို့မှုရငွေ တန်ဖိုး


(Earning) ကျစေပြီး အကျိုးဆက်အနေနှင့် ဒေါ်လာနှင့် အက်ဖ်အီးစီဈေးနှုန်း ထိုးကျကုန်သည်ဟု ပို့ကုန်သွင်းကုန်
လုပ်ငန်းရှင်အချို့က ဝေဖန်နေကြသည်။
Source:http://www.mizzimaburmese.com/news/business/6005-2010-09-09-11-24-16.html

လက်နက်ချရန် KIO ငြင်းဆိုပြီးနောက် မြစ်ကြီးနားတွင် လုံခြုံရေးတိုးမြှင့်

Wednesday, 08 September 2010 22:35 KNG

လက်နက်ချရန် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ငြင်းဆန်လိုက်ပြီးနောက် မြန်မာပြည်မြောက်ပိုင်း၊


ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနား၏ မြို့တွင်း၊ မြို့ပြင်ဂိတ်များတွင် မြန်မာစစ်အစိုးရမှ အစစ်အဆေး
တိုးလုပ်လာသည်။

အထူးသဖြင့် KIO လက်အောက် ”Education and Economic Development for Youth (EEDY)” ခေါ် KIO
လူငယ်အင်အားစုများကို ပစ်မှတ်ထား တဖန်ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်သည်။

ယင်းအခြေအနေကို မြို့ခံတစ်ဦးက “ည ဆိုရင်


ရဲတွေကားနဲ့အပုံလိုက်ပဲ၊ လမ်းဆုံတွေမှာ
ဖြတ်လာတဲ့ဆိုင်ကယ်တွေကို ရပ်ခိုင်းပြီး စစ်နေတယ်။
ညဈေးတန်းမှာ လမ်းဆုံလမ်းခွတွေမှာ စစ်နေတာ။
စစ်သားတွေချီးပဲ။ EEDY သင်တန်းဆင်းတွေကို ရှာနေတာ”
ဟု ပြောသည်။

EEDY လူငယ်များအပြင် တခြား KIO


နှင့်ပတ်သက်ဆက်နွယ်နေသည်ဟု
ဝိုင်းမော်မှ မြစ်ကြီးနားအ၀င် ဗလမင်းထင်
ယူဆထားသူများကိုလည်း စစ်သားနှင့်ရဲများက
ဧရာဝတီတံတား ဂိတ်တွင် အမျိုးသမီးတဦး၏
လိုက်လံစစ်ဆေးနေသည်ဟု သိရသည်။
မှတ်ပုံတင် စစ်ဆေးနေပုံ။ ဓါတ်ပုံ -
စစ်အစိုးရမှ KIO အား စက်တင်ဘာလ ၁ နေ့မှစတင်ကာ လက်နက်ချရန် ရာဇသံ ပေးထားသော်လည်း KIO မှ
လက်နက်မစွန့်နိုင်ကြောင်းကို သြဂုတ် ၃၀ ရက်နေ့က ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

ယခင် ဧပြီ ၁၇ ဧရာဝတီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွင်း ဗုံးဆက်တိုက်ပေါက်ကွဲပြီးနောက်


စစ်အစိုးရလုံခြုံတပ်ဖွဲ့များက မသင်္ကာမှုဖြင့် EEDY လူငယ် ၁၀၀ ကျော်ကို ဖမ်းဆီးထားရာ ယခုချိန်ထိ
ထက်ဝက်ကျော်သာ လွတ်ပေးကြောင်း သိရသည်။

လူငယ်များအား အမှတ် (၁) ရဲစခန်းတွင် မချုပ်နှောင်မီ မြစ်ကြီးနား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တွင်


စစ်ထောက်လှမ်းရေးများ နည်းမျိုးစုံဖြင့် မေးမြန်းစစ်ဆေးကြောင်း အဖမ်းခံခဲ့ရသူများပြောသည်။

“နမ္မတီး-မြစ်ကြီးနား လမ်းမ တစ်လျှောက်မှာလည်း စစ်တပ်ကား၊ စစ်သားတွေ၊ လမ်းပေါ်မှာ ဒီတိုင်း


လျှောက်သွားနေကြတာ စစ်ဝတ်စုံအပြည့်ပဲ၊ လမ်းဘေးမှာ အလံအနီတွေ ပြန်တပ်ထားတယ်၊ KIO
ကိုခြောက်နေတာနေမှာ” ဟု မျက်မြင်တစ်ဦးကလည်း ပြောသည်။

မြစ်ကြီးနားမြို့ အရှေ့ဘက် KIO ဌာနချုပ် လိုင်ဇာမြို့သို့သွားရာ မြစ်ကြီးနား-ဗန်းမော် လမ်းမ


တစ်လျှောက်တွင်လည်း ယခင်ထက် လုံခြုံရေးတပ်ဖွဲ့များ တိုး၍ချထားကာ ဖြတ်သန်းသွားလာသူတိုင်းကို ရပ်တန့်
စစ်ဆေးနေကြောင်း သိရသည်။
Source:http://kachinnews.com/burmese/2010-01-18-05-43-21/249--kio-.html

စစ်တွေဆိပ်ကမ်း စီမံကိန်း စတင်ရန် အိန္ဒိယမှ တာဝန်ရှိသူများ စစ်တွေသို့


ရောက်ရှိ

စီမံကိန်းထဲမှ စစ်တွေ ဆိပ်ကမ်း

ကုလားတန် မြစ်ကြောင်း စီမံကိန်းတွင် ပါဝင်သော စစ်တွေ ဆိပ်ကမ်းတည်ဆောက်ရေးကို စတင် လုပ်ကိုင်ရန်


အတွက် အိန္ဒိယမှ တာဝန်ရှိသူ ၇ ဦး ပါဝင်သော ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့သည် ယခုအခါ စစ်တွေမြို့သို့
ရောက်ရှိနေပြီ ဖြစ်ကြောင်း အမည်မဖေါ်လိုသူ ရခိုင်အမျိုးသား အရာရှိ တစ်ဦးက ပြောသည်။

“ လွန်ခဲ့တဲ့ သြဂတ်စ်လကတည်းက အိန္ဒိယ နိုင်ငံသား ၇ ဦး ပါတဲ့ အဖွဲ့ တစ်ဖွဲ့ စစ်တွေ ဆိပ်ကမ်း စီမံကိန်းကို
စတင် ဆောင်ရွက် လုပ်ကိုင်နိုင်ဖို့ စစ်တွေကို ရောက်ရှိလာခဲ့ပါတယ်။ အခုသူတို့ကို “ဆိပ်ကမ်းသာ” တည်းခိုခန်းမှာ
နေရာချပေးထားပါတယ်။ နောက်ထပ် အိန္ဒိယက အင်ဂျင်နီယာတွေ ရောက်လာဖို့ရှိ ပါသေးတယ်” ဟု နိရဉ္စရာသို့
ပြောသည်။

စစ်တွေဆိပ်ကမ်းကို လာမည့် အောက်တိုဘာလမှ စတင် အကောင်အထည် ဖေါ်ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့်


တည်ဆောက်မည့်နေရာများကို အိန္ဒိယ အဖွဲ့မှ လိုက်လံ စစ်ဆေးမူများ ပြုလုပ် နေကြောင်း သူက ပြောသည်။
“ အခုရောက်နေတဲ့ သူတွေကတော့ စစ်တွေဆိပ်ကမ်း စီမံကိန်း အတွက် လာတဲ့ အိန္ဒိယက အင်ဂျင်နီယာတွေနဲ့
တာဝန်ရှိသူတွေ ဖြစ်ပေမယ့် ဘယ်ဆောက်လုပ်ရေး ကုမ္ပဏီက ဖြစ်ပြီးတော့ ဘယ်သူတွေ လဲဆိုတာတော့
ကျနော်လည်း မပြောတတ်ပါဘူး။ လာမယ့် အောက်တိုဘာလမှာ စတင် အကောင်အထည် ဖေါ်တော့မယ်လို့
သိရပါတယ်။”

သူတို့ တည်းခိုနေရာ ဆိပ်ကမ်းသာ တည်းခိုရိပ်သာမှာ စစ်တွေ ဆိပ်ကမ်း အာဏာပိုင်များက ဖွင့်လှစ်ထားသော


တည်းခိုခန်း ဖြစ်ပြီး ယခင်က ပြည်သူများ အခကြေးငွေဖြင့် တည်းခိုရန် ဖွင့်လှစ်ထားခဲ့သည်။ ယခုအခါတွင် အိန္ဒိယမှ
ဧည့်သည်များ အတွက် သီးသန့် ဖွင့်လှစ်ထားကြောင်း သိရသည်။

“ဆိပ်ကမ်းသာ တည်းခိုခန်းမှာ နေရာ ချပေးထားတယ် ဆိုတာက မြန်မာနဲ့ အိန္ဒိယတို့ ချုပ်ဆိုတဲ့ စာချုပ်ပါ


သဘောတူညီမှု အရ သူတို့(အိန္ဒိယ တာဝန်ရှိသူများ) အတွက် နေရေး ထိုင်ရေး နဲ့ ရုံးခန်းကို စစ်တွေဆိပ်ကမ်းနဲ့
နီးစပ်တဲ့ နေရာတခုမှာ ပြုလုပ်ပေးရမယ် ဆိုတဲ့ အချက်ကြောင့် အခုလို အာဏာပိုင်တွေက စီစဉ် ဆောင်ရွက်ပေးတာ
ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

၎င်းအပြင် စာချုပ်ထဲတွင် ပါသည့်အတိုင်း အိန္ဒိယမှ ယူဆောင်လာသော စက်ကရိယာများနှင့် တခြား လိုအပ်သော


စက်ကရိယာများ ထားရှိရန် နေရာ မြေ တဧကကိုလည်း စစ်တွေ လေဆိပ်အနီးတွင် သတ်မှတ် ပေးထားပြီး
ယခုအခါ သံဆူးကြိုးများဖြင့် ကာရံနေသည်ဟု သိရသည်။ အဆိုပါနေရာတွင် ဂိုဒေါင်များ အဆောက်အဦးများ
ဆောက်လုပ်သွားမည်ဟု သူက ပြောသည်။

စစ်တွေဆိပ်ကမ်း စီမံကိန်းကြောင့် စစ်တွေမြို့ရှိ စစ်တွေဆေးရုံးကြီး၊ စာတိုက်၊ ဈေးကြီးနှင့် အိုးတန်းရပ်ကွက်ရှိ


နေအိမ်များ၊ ကျေးပင်ကြီးရပ်ကွက်ရှိနေအိမ်များ ပြောင်းရွေ့ရမည် ဆိုသော သတင်းကြောင့် ဒေသခံများ
စိုးရိမ်နေကြကြောင်း ကျေးပင်ကြီး ရပ်ကွက်သားတဦးက ပြောသည်။

“ဒီအနီးအနားက အိမ်တွေ၊ စာတိုက်၊ ဆေးရုံးကြီးနဲ့ တခြားအဆောက်အအုံးတွေ ပြောင်းရွေ့ ရမယ် ဆိုတော့


စိုးရိမ်နေကြတာပေါ့။ အဓိက လူနေအိမ်တွေ ပြောင်းရွေ့ရမယ်ဆိုတဲ့ သတင်းကြောင့်ပါ။ အစိုးရက တရားဝင်
ထုတ်ပြန် ထားတာက မရှိသေးပါဘူး။ အခုကျနော်တို့ကြားတာက စစ်တွေ ဆေးရုံးကြီးကို စစ်တွေမြို့အပြင်ဘက်
မှာရှိတဲ့ မင်းဂံ ရပ်ကွက် ဘက်ကို ပြောင်းရွေ့မယ်လို့ သိရ ပါတယ်။”

အမည်မဖေါ်လိုသော သတင်း ရပ်ကွက် တစ်ခုအရ စစ်တွေ ဆိပ်ကမ်း အနီး တည်ရှိသော စစ်တွေဈေးကြီးကို ယခင်
စစ်တွေ သချိုင်းဟောင်းရှိရာ အာကျိတ်တောင်ကုန်းသို့ ပြောင်းရွှေ့မည် ဖြစ်ပြီး စာတိုက်ကြီးကို စစ်တွေ မင်းဂံသို့
ပြောင်းရွေ့မည်ဟု သိရသည်။

အဆိုပါ အဆောက်အဦးများနှင့် လူနေရပ်ကွက်များကို အတင်း ပြောင်းရွှေ့ပါက မကျေနပ်မူများနှင့် အတူ ဆူပူများ


ဖြစ်မည်ကို စိုးရိမ်သဖြင့် စစ်အစိုးရမှ ပြောင်းရွှေ့ရေးကိစ္စကို ရေငုံနုတ်ပိတ် လုပ်ထားသည် ဟု အဆိုပါ
သတင်းရပ်ကွက်က ပြောသည်။

အိန္ဒိယနှင့် မြန်မာစစ် အစိုးရတို့ ချုပ်ဆိုသည့် စာချုပ်တွင် စီမံကိန်းအတွက် လိုအပ်သော မြေနေရာများကို


မြန်မာဘက်မှ တာဝန်ယူရမည်ဟု ပါရှိသဖြင့် လူနေအိမ်များ ပြောင်းရွှေ့ ခံရလျှင်လည်း တစ်စုံတရာ
လျော်ကြေးရနိုင်ဖွယ် အခြေအနေမရှိဟု သိရသည်။

စစ်တွေ ဆိပ်ကမ်း စီမံကိန်း အပါအ၀င် ကုလားတန် မြစ်ကြောင်း စီမံကိန်းအတွက် အတွက် ၂၀၀၈ ခုနှစ်က အိန္ဒိယ-
မြန်မာ နှစ်နိုင်ငံအကြား သဘောတူ လက်မှတ် ရေးထိုးခဲ့ပြီး စစ်တွေဆိပ်ကမ်း လုပ်ပိုင်ခွင့်ကို အိန္ဒိယနိုင်ငံမှ Essar
ကုမ္ပဏီမှ ရရှိခဲ့သည်။ အဆိုပါ စီမံကိန်းအတွက် အိန္ဒိယ ရူပီငွေ ကုဋေ ၃၄၂ ကန်ထရိုတ် ပေးထားကြောင်း
သိရသည်။

အိန္ဒိယနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများဖြင့် ဆက်သွယ်မှု တိုးမြင့်ရေးနှင့် အိန္ဒိယနိုင်ငံ အရှေ့ မြောက်ပိုင်း


ပြည်နယ်များ တိုးတက်ဖွံ့ဖြိုးရေးအတွက် စစ်တွေဆိပ်ကမ်း အပါအဝင် ကုလားတန် ဘက်စုံ စီမံကိန်းအတွက်
အိန္ဒိယ ရူပီငွေ ကုဋေ ၁၇၀၀ သုံးစွဲမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းတွင် စစ်တွေဆိပ်ကမ်းမှ စက်ပစ်ပြင်အထိ ကုန်တင်သင်္ဘောများ သွားလာနိုင်ရန်


ရေကြောင်းလမ်းကို ရှင်းလင်း တည်ဆောက် သွားမည်ဖြစ်ပြီး စက်ပစ်ပြင်မှ တဆင့် အိန္ဒိယနယ်စပ်သို့ မိုင် ၄၀
ရှည်လျားသည့် ကားလမ်းကိုလည်း ဖောက်လုပ်သွားမည်ဖြစ်သည်။

Source:http://www.narinjara.com/detailsbur.asp?id=2723

You might also like