You are on page 1of 26

မြန်မာရွေးကောက်ပွဲမှာ မစွက်ဖက်ဖို့ တရုတ်သတိပေး

2010-09-07

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်နိုင်ငံကို အင်္ဂါနေ့က အလည်အပတ်ခရီး


ရောက်လာတဲ့အချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာ ရွေးကောက်ပွဲကို ဝင်ရောက် မစွက်ဖက်ကြဖို့
တရုတ်အစိုးရက သတိပေးပြောလိုက်ပါတယ်။

မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (ယာ) စက်တင်ဘာ ၇ ရက်နေ့က တရုတ်နိုင်ငံ၊ ဘီဂျင်း


နိုင်ငံတကာ လေဆိပ်သို့ ဆိုက်ရောက်လာပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒါဟာ ရွေးကောက်ပွဲပြီးရင် တက်လာမဲ့ အစိုးရဟာ အရပ်ဝတ် ပြောင်းလိုက်တဲ့ ဗိုလ်ချုပ်တွေပဲဆိုတာ


သေချာနေတာကြောင့် တရုတ်အနေနဲ့ အကျိုးစီးပွားကြည့်ပြီး ပြောလိုက်တာ ဖြစ်တယ်လို့ တရုတ်-
မြန်မာနယ်စပ်အခြေစိုက် မြန်မာ့အရေး လေ့လာနေတဲ့ ဦးအောင်ကျော်ဇောက ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ခရီးစဉ်မှာ တရုတ်သမတ ဟူဂျင်တောင်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။ တရုတ်


နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဗိုလ်ချုပ်မှူးကြီးရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံ ချစ်ကြည်ရေး နှစ် ၆၀ ပြည့်
အထိမ်းအမှတ် ဖြစ်တယ်လို့ ဆိုပါတယ်။ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ အစဉ်အလာမပြတ် ဆက်ဆံရေးကနေ
ဒေသဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက်ပါ ကြိုးပမ်းသွားဖို့ ဆန္ဒရှိတယ်လို့လည်း သတင်းထောက်တွေကို
ပြောပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရရဲ့သဘောထားကို မေးမြန်းရာမှာ


ပြန်လည်ဖြေဆိုခြင်း မရှိပါဘူး။ ဒါပေမဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာအစိုးရကို အပြုသဘောဆောင်တဲ့
အကူအညီမျိုး ပေးဖို့ တရုတ်အနေနဲ့ မျှော်လင့်ကြောင်း ပြောဆိုသွားပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တရုတ်နိုင်ငံခရီးစဉ်မှာ လေးရက်ကြာမြင့်မှာ ဖြစ်ပြီး Shanghai မြို့မှာကျင်းပနေတဲ့


ကမာ့ကုန်စည်ပြပွဲနဲ့ ကုန်သွယ်ရေး တရှိန်ထိုး တက်လာတဲ့ တရုတ်ပြည်တောင်ပိုင်းက Shenzhen ကို သွားရောက်
ကြည့်ရှုမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကျင်းပကာနီး တရုတ်ပြည် အလည်အပတ်သွားတဲ့ ဗိုလ်ချုပ်မှူးကြီး ခရီးစဉ်ရဲ့ ထူးခြားချက်တွေနဲ့


ပတ်သက်လို့ မအင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

Source:http://www.rfa.org/burmese/news/china_warns_not_to_interfere_in_burma_election-
09072010152817.html

မြန်မာရွေးကောက်ပွဲ ပြည်တွင်းရေးမို့ ၀င်မစွက်ဖို့ တရုတ်သတိပေး


မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တရုတ်နိုင်ငံ ၅ ရက်ကြာ တရားဝင် ချစ်ကြည်ရေး
ခရီးစဉ်ကို ဒီနေ့ စတင်လိုက်တဲ့ အချိန်မှာပဲ လာမယ့် နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပမယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲနဲ့
ပတ်သက်ပြီး နိုင်ငံတကာ လူ့အဖွဲ့အစည်းတွေကနေ ၀င်ရောက်စွက်ဖက်ခြင်း မပြုသင့်ဘူးလို့ တရုတ်အစိုးရက
ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘေဂျင်းမြို့တော်ကနေ ဗွီအိုအေ သတင်းထောက် ပီတာ
စင်မ်စန် (Peter Simpson) သတင်းပေးပို့ထားတာကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အင်္ဂါနေ့မှာ တရုတ်နိုင်ငံကို လာရောက်တဲ့အတွက် တရုတ်အစိုးရက


ကြိုဆိုဖို့ ပြင်ဆင်နေတာနဲ့ အတူ ရင်းနှီးကျွမ်းဝင်လှတဲ့ တရုတ်၊ မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် နိုင်ငံတကာရဲ့
ဝေဖန်မှုတွေကို တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ခပ်မာမာပဲ တုံ့ပြန် ပြောကြားခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ မစ်စ် ကျန်းယု (Jiang Yu) က မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံနဲ့
ခင်မင်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံ တနိုင်ငံ ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပမယ့်
ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ အရေးကိစ္စသာဖြစ်ပြီး နိုင်ငံတကာက ၀င်ရောက် မစွက်ဖက်ဖို့
ပြောကြားလိုက်ပါတယ်။

“မြန်မာစစ်အစိုးရကို နိုင်ငံတကာက ဝေဖန် ပြောဆိုနေကြတာတွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးလမ်းစဉ်အတွက်၊


အထူးသဖြင့် အခုလို ရွေးကောက်ပွဲ အကြိုကာလမှာ အနှုတ်လက္ခဏာသဘော သက်ရောက်စေတာမို့ ဒါကို
ရှောင်ရှားကြဖို့။” တရုတ်ဘာသာနဲ့ ပြောသွားပါတယ်။

အမေရိကန်နိုင်ငံ အပါအ၀င် နိုင်ငံ အတော်များများက နှစ်ပေါင်း ၂၀ ကျော်မှာမှ ပထမဆုံး ကျင်းပပေးမယ့်


ဒီရွေးကောက်ပွဲဟာ တရားမျှတမယ့်ပုံ မပေါ်ဘူးလို့ ဝေဖန်နေကြပါတယ်။ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့
အတိုက်အခံ အဖွဲ့တွေကလည်း ဒီရွေးကောက်ပွဲဟာ မြန်မာစစ်အစိုးရကို သက်ဆိုးရှည်အောင် လုပ်ပေးတဲ့
ရွေးကောက်ပွဲအဖြစ် မြင်ကြပါတယ်။ မစ်စ် ကျန်းယုက မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက်
နိုင်ငံတကာက ကြားဝင် နှောင့်ယှက်တာမျိုး တရုတ်အစိုးရက မလိုလားကြောင်း ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ စက်တင်ဘာလ ၇ ရက်ကနေ ၁၁ ရက် တရုတ်နိုင်ငံ ခရီးစဉ်အတွင်း တရုတ်သမ္မတ


ဟူဂျင်တောင်း (Hu Jintao) နဲ့ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားဘောင် (Wen Jiabao) တို့နဲ့ တွေ့ဆုံဖို့ ရှိကြောင်းလည်း
ပြောကြားပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဒီခရီးစဉ်ကနေ အိမ်နီးချင်း နှစ်နိုင်ငံအကြား ကျွမ်းဝင်ပြီးသား
ဆက်ဆံရေးကို ပိုမို ခိုင်မြဲစေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်၊ မြန်မာ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပြန်လှန် သုံးသပ်ဖို့နဲ့ နှစ်နိုင်ငံ ပြည်တွင်းရေး အခြေအနေတွေ၊ နှစ်နိုင်ငံ
အပြန်အလှန် အကျိုးစီးပွား ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ရှိတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် လက်ရှိ စီးပွားရေး
အချက်အချာကျတဲ့ နေရာတွေဖြစ်တဲ့ ရှန်ဟိုင်း ကုန်စည်ပြပွဲနဲ့ ဟောင်ကောင် တဘက်ကမ်းက ရှန်ဇန်းကိုလည်း
သွားရောက်ဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့နှစ်က တရုတ်တိုင်းရင်းသား ကိုးကန့်တပ်တွေနဲ့ မြန်မာစစ်တပ်တို့ကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့်


တရုတ်နိုင်ငံထဲကို ဒုက္ခသည်ပေါင်း ၃၀,၀၀၀ ကျော်လောက် ပြေးဝင်လာတဲ့ အချိန်တုန်းကတော့ တရုတ်အစိုးရက
မြန်မာအစိုးရကို လူသိရှင်ကြား ပြင်းပြင်းထန်ထန် ဝေဖန်တာတွေ ရှိခဲ့ပါတယ်။ ဒေသတွင်း နိုင်ငံရေး
သုံးသပ်သူတွေကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဒီခရီးစဉ်အတွင်း တရုတ်နိုင်ငံဆီက စီးပွားရေးနဲ့ သံတမန်ရေးရာ
ပံ့ပိုးမှုတွေ ရအောင် ကြိုးစားဖို့ ရှိတယ်လို့ သုံးသပ်ကြပါတယ်။

Human Rights Watch နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ကြီးကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့


တရုတ်နိုင်ငံ ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရကို အခု ကျင်းပပေးမယ့် ရွေးကောက်ပွဲကို ပွင့်လင်းစွာ ကျင်းပပေးဖို့နဲ့
စစ်အစိုးရ ကျူးလွန်ထားတဲ့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်ပြီး တာဝန်ခံမှု ရှိစေအောင် တရုတ်အစိုးရက ဖိအားပေးဖို့
တောင်းဆိုလိုက်ကြောင်း အိန္ဒိယ အခြေစိုက် Human Rights Watch အဖွဲ့ ပြောခွင့်ရ မစ်စ် မီနာရှီ ဂမ်ဂူလီက
ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေဟာ တရုတ်နိုင်ငံအပေါ် သက်ရောက်မှု အတော်လေးရှိပါတယ်။


ဒါကြောင့် လူ့အခွင့်အရေး ချိုးဖောက်တဲ့ အစိုးရတရပ်ကို တရုတ်က မျက်စိပိတ်ပြီး မထောက်ခံသင့်ပါဘူး။
မြန်မာစစ်အစိုးရဘက်ကနေ အခုလို ချိုးဖောက်နေတာတွေကို တာဝန်ယူ အဆုံးသတ်ပေးဖို့လည်း တရုတ်အစိုးရက
တောင်းဆိုသင့်ပါတယ်။”

မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ပြည်တွင်းရေးသာဖြစ်ပြီး နိုင်ငံတကာက ၀င်ရောက် မစွက်ဖက်ဖို့


အင်္ဂါနေ့မှာ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆိုခဲ့တာဟာ မြန်မာစစ်အစိုးရကို အကာအကွယ်
ပေးတာလို့လည်း ဝေဖန်လိုက်ပါတယ်။

“တရုတ်အစိုးရက မြန်မာအစိုးရကိုပဲ အကာအကွယ် ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အကျိုးမရှိပါဘူး။


မြန်မာနိုင်ငံသားတွေ အရေးကို ရှေးရှုရမှာပါ။ မြန်မာနိုင်ငံမှာ တရုတ်က ရင်းနှီးမြှုပ်နှံရာမှာ အဲဒီက ရရှိတဲ့
အကျိုးအမြတ်တွေဟာ ဖိနှိပ်တဲ့ မြန်မာစစ်အစိုးရ လက်ထဲကို မရောက်ဘဲ နိုင်ငံသားတွေလက်ထဲ ရောက်ဖို့
တရုတ်က အလေးထားသင့်ပါတယ်။ တရုတ်၊ မြန်မာ နယ်စပ်မှာလည်း လူနေမှု အဆင့်အတန်း ဒါ့ထက်ပို
မြှင့်တင်ပေးနိုင်မယ်၊ ငြိမ်းချမ်း တည်ငြိမ်စေမယ်ဆိုရင် တရုတ်အတွက်လည်း အကျိုးရှိမှာ ဖြစ်ပါတယ်။”

Human Rights Watch အဖွဲ့ ပြောခွင့်ရ မစ်စ် မီနာရှီ ပြောသွားတာ ဖြစ်ပါတယ်။

Source:http://www.voanews.com/burmese/news/china-myanmar-relationship-102343939.html

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တရုတ်နိုင်ငံ ၅ ရက်ကြာ


ခရီးစဉ် စတင်

ဓာတ်ပုံ AP

ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အဖွဲ့ ဘေဂျင်းလေဆိပ်သို့ ရောက်ရှိလာရာ ကြိုဆိုသူများနှင့် အတူ တွေ့ရစဉ်။


စက်တင်ဘာ ၇၊ ၂၀၁၀။

မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ၅ ရက်ကြာ ခရီးစဉ်အဖြစ် တရုတ်ပြည်ကို ဒီကနေ့


ရောက်လာပါတယ်။ တရုတ်အစိုးရဟာ မြန်မာစစ်အစိုးရကို အားပေးထောက်ခံနေပြီး နိုင်ငံတကာ အလယ်မှာလည်း
မြန်မာစစ်အစိုးရဘက်က အကာအကွယ် ပေးနေတယ်လို့ ဆိုကြပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တရုတ်ပြည်
ခရီးစဉ်ဟာ မြန်မာပြည်သူတွေရဲ့ အကျိုးထက် စစ်အစိုးရနဲ့ စစ်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့
နိုင်ငံရေးပါတီတွေရဲ့ အကျိုးကိုပဲ ဦးစားပေးလိမ့်မယ်လို့ စောင့်ကြည့် လေ့လာသူတွေက ပြောနေကြတဲ့အကြောင်း
ကိုကျော်အောင်လွင် ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

တရုတ်ဝန်ကြီးချုပ် ၀မ်ကျားဘောင် (Wen Jiabao) မြန်မာပြည်ကို အလည်အပတ် ရောက်ခဲ့ပြီး ၃ လအကြာမှာ


ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ အဖွဲ့ တရုတ်ပြည်ကို ရောက်လာတာပါ။ သူနဲ့အတူ ၀န်ကြီးချုပ် ဦးသိန်းစိန် အပါအ၀င်
မြန်မာကိုယ်စားလှယ် ၃၄ ဦး ပါလာတယ်လို့ DPA သတင်းက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက
ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အိန္ဒိယနိုင်ငံကိုလည်း ၅ ရက်ကြာခရီး ထွက်ခဲ့ပါသေးတယ်။
အိမ်နီးချင်းနိုင်ငံကြီး ၂ ခုအကြား အခုလို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခရီးတွေ ထွက်နေပေမဲ့ မြန်မာပြည်သူတွေ
အကျိုးထက် စစ်အစိုးရ အကျိုးရှိစေဖို့ လုပ်နေတာလို့ မြန်မာ့အရေးကို စောင့်ကြည့် လေ့လာနေတဲ့ ထိုင်းနိုင်ငံ
အခြေစိုက် ဦးဇော်မင်းက ယူဆပါတယ်။

“သူတို့ အခုသွားတဲ့ ခရီးတွေက သူတို့ စစ်အစိုးရအတွက် လာမယ့် ရွေးကောက်ပွဲမှာ ဆက်ပြီးတော့ သူတို့ရဲ့


နောက်ခံပေးထားတဲ့ ပါတီတွေ၊ အဲဒါတွေရဲ့ ရပ်တည်ရေးအတွက် ထောက်ခံမှုရအောင် သွားတဲ့ ခရီးစဉ်တွေလို့
ကျနော် မြင်တယ်။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့၊ တိုင်းပြည်ထဲမှာ လူတွေ ပိုပြီး အဆင်ပြေလာဖို့၊ စသဖြင့် အဲဒီလို
ရည်မှန်းချက်တွေနဲ့ လုပ်တယ်လို့ ကျနော်တော့ သိပ်မမြင်ဘူး။ ကုလသမဂ္ဂမှာ အနောက်နိုင်ငံတွေက မြန်မာပြည်နဲ့
ပတ်သက်လို့ ဆုံးဖြတ်ချက်တခု ပြတ်ပြတ်သားသား ချမယ်ဆိုရင် တရုတ်နိုင်ငံတို့၊ အိန္ဒိယနိုင်ငံတို့က သူတို့အတွက်
ကာကွယ်ပေးနိုင်အောင်၊ အဲဒီရည်မှန်းချက်တွေကပဲ ပိုများမယ်လို့ ကျနော်တော့ မြင်ပါတယ်။”

ရွေးကောက်ပွဲ မတိုင်ခင်မှာ သွားတဲ့ ခရီးစဉ်တွေဖြစ်လို့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲနဲ့ အိမ်နီးချင်း နိုင်ငံကြီး ၂ ခုရဲ့


မြန်မာပြည်ဆိုင်ရာ သဘောထားတွေနဲ့လည်း ဆက်စပ်မှု ရှိနိုင်တယ်လို့ ယူဆတာတွေလည်း ရှိကြပါတယ်။
တရုတ်အစိုးရဟာ စစ်အစိုးရကို အကာအကွယ် ပေးနေတယ် ဆိုပေမဲ့ မြန်မာပြည်မှာလုပ်မယ့်
ရွေးကောက်ပွဲတွေကိုတော့ မျှမျှတတ၊ မှန်မှန်ကန်ကန် ဖြစ်စေချင်နေတဲ့အကြောင်း တရုတ်၊ မြန်မာ နယ်စပ်
အခြေစိုက် မြန်မာ့အရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောပါတယ်။

“တရုတ်ပြည်ကတော့ မြန်မာပြည်က ရွေးကောက်ပွဲကို သင့်တင့်လျောက်ပတ်တဲ့၊ လူပေါင်းစုံ ပါဝင်နိုင်တဲ့


ရွေးကောက်ပွဲတခု ဖြစ်စေချင်တယ်။ ဒါမှလည်း သူတို့ နိုင်ငံတကာမှာ ထွက်ပြီး မြန်မာအစိုးရအတွက် ရပ်ပေးရတာ
မျက်နှာရှိတာကိုး။ လူမိုက်လုပ်၊ ထွက်ထွက်ပြီး ရပ်ပေးရတာ သူတို့လည်း ကြာတော့ မျက်နှာပူနေကြတယ်။
ဒါကြောင့်မို့ သူက ဖြစ်စေချင်တယ်၊ မကြာခဏလည်း ပြောတယ်၊ ၀မ်ကျားဘောင် လာတုန်းကလည်း
တော်တော်ပြောပါတယ်။”

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် အိမ်နီးချင်း နိုင်ငံကြီး ၂ ခုအကြား ရွေးကောက်ပွဲ မတိုင်ခင် သံတမန်ရေး


လှုပ်ရှားမှုတွေ လုပ်လာတာဟာ ရွေးကောက်ပွဲနောက်ပိုင်း ဖြစ်လာမယ့် အစိုးရသစ် ကိစ္စနဲ့လည်း ဆက်စပ်မှု
ရှိနိုင်တယ်လို့ အိန္ဒိယနိုင်ငံ အခြေစိုက် NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့
ဝန်ကြီးတဦးဖြစ်တဲ့ ဒေါက်တာတင့်ဆွေက မြင်ပါတယ်။

“အိန္ဒိယနဲ့ တရုတ်နဲ့ ပတ်သက်ရင် အရင်တုန်းကတော့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကို အိန္ဒိယနဲ့ ဗိုလ်ချုပ်


ခင်ညွန့်ကို တရုတ်လွှတ်ပြီး ကစားခဲ့တယ်။ ဒါပေမဲ့ ဒီနေ့အခါမှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင်
ဝင်ကလာတဲ့ အခြေအနေ ရောက်လာပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုရင် နအဖ လုပ်သမျှ၊ လွန်ကျွံခဲ့သမျှ၊
လွဲမှားသမျှကို ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေက ကြာလေ ကြာလေ ထောက်ခံမှုနည်းလေ ဖြစ်လာပြီးတော့ အခု
ကမ္ဘာ့တရားရုံးမှာတောင် ရာဇ၀တ်ကောင် ဖြစ်မယ့် အနေအထား ဖြစ်နေတဲ့ အချိန်မှာ တရုတ်နဲ့ အိန္ဒိယက အတော်
အရေးကြီးနေတဲ့အတွက် သူကိုယ်တိုင် ထွက်ကရတယ်လို့ ကျနော် ယူဆပါတယ်။

“၂၀၁၀ ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲလွန်ကာလ အခင်းအကျင်းပေါ်မှာ အိန္ဒိယနဲ့ တရုတ်နိုင်ငံက


ဘယ်လိုထားသလဲဆိုတာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့အတွက် အင်မတန်မှ သေရေး ရှင်ရေး အရေးကြီးနေတယ်။”

ဒီနှစ်ဟာ တရုတ်၊ မြန်မာ သံတမန် ဆက်ဆံရေး နှစ်ပေါင်း ၆၀ ပြည့်တဲ့နှစ်ဖြစ်ပြီး အခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့
ခရီးစဉ်ဟာလည်း တရုတ်သမ္မတ ဟူဂျင်တောင်း (Hu Jintao) ရဲ့ ဖိတ်ခေါ်မှုနဲ့ ရောက်လာတာပါ။ တရုတ်ဟာ
မြန်မာပြည်မှာ တတိယ အများဆုံး စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားတဲ့နိုင်ငံ ဖြစ်သလို မြန်မာပြည်က
ထွက်တဲ့ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တွေကိုလည်း အများအပြားရဖို့ ကြိုးစားနေတာပါ။ တဘက်မှာလည်း အိန္ဒိယနဲ့
မြန်မာစစ်အစိုးရ အကြား ဆက်ဆံရေးကို အမြဲ စောင့်ကြည့်နေပြီး ဒေသတွင်း နိုင်ငံရေးနဲ့ စစ်ရေးကိစ္စတွေကို
မြန်မာစစ်အစိုးရနဲ့ အဆင်ပြေအောင် ဆက်ဆံနေပါတယ်။

အခု ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ တရုတ်ပြည် ခရီးစဉ်မှာ တရုတ်ပြည်နဲ့ နယ်မြေချင်း ထိစပ်နေတဲ့


မြန်မာပြည်ဘက်ခြမ်းက အပစ်ရပ် တိုင်းရင်းသားတွေနဲ့ စစ်အစိုးရအကြား စစ်ရေးတင်းမာမှုတွေ ထပ်ပြီး
မဖြစ်ပေါ်ရေးကိစ္စ တရုတ်အစိုးရဘက်က ပြောဆိုလိမ့်မယ်လို့လည်း လေ့လာသူတချို့က ခန့်မှန်းချက်
ထုတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ နှစ်အတွင်း ကိုးကန့် အပစ်ရပ် တပ်ဖွဲ့တွေနဲ့ မြန်မာစစ်အစိုးရ
တပ်တွေ တိုက်ခိုက်ခဲ့ကြလို့ တရုတ်ပြည်ထဲကို စစ်ပြေးဒုက္ခသည်တွေ အများအပြား ရောက်လာခဲ့တဲ့ ကိစ္စနဲ့
ပတ်သက်ပြီး တရုတ်အစိုးရဘက်က သဘောမကျတဲ့အကြောင်း ထုတ်ပြောခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

Source:http://www.voanews.com/burmese/news/china-myanmar-102338374.html

အနားပေး ဒု ဗိုလ်ချုပ်ကြီးများ ကြံ့ဖွံ့အတွက် မဲဆွယ်


ပြီးခဲ့သည့် သြဂုတ် လကုန်ပိုင်းက အနားပေး ခံရသည့် ဒု ဗိုလ်ချုပ်ကြီးများသည် လာမည့် ရွေးကောက်ပွဲတွင်
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ၀င်ရောက် ယှဉ်ပြိုင်ရန် မဲဆန္ဒနယ် အလိုက် စည်းရုံးရေး
ဆင်းနေကြောင်း သိရသည်။
အဆိုပါ ဒု ဗိုလ်ချုပ်ကြီးများကို မိမိတို့ သက်ဆိုင်ရာ
နယ်မြေများသို့ စည်းရုံးရေး ဆင်းရာတွင် နယ်မြေခံ
စစ်တပ် အကူအညီ မယူဘဲ မဲဆွယ် စည်းရုံးရေး
လုပ်ငန်းများ လုပ်ဆောင်ရန် အမိန့်ပေးထား
ကြောင်းလည်း စစ်တပ် အသိုင်းအ၀န်းနှင့်
နီးစပ်သူတဦးက ပြောသည်။

“ကိုယ်ရေး အရာရှိ မခေါ်ရဘူး။ တပ်အရှိန်


အ၀ါလည်း လုံးဝမယူရ ဆိုပြီးတော့ ခိုင်းတာ”ဟု
အဆိုပါ နီးစပ်သူက ဧရာဝတီသို့ ပြောသည်။

၂၀၁၀ မတ်လ ၂၇ ရက်က နေပြည်တော်တွင် ကျင်းပသော ၆၅


ဒု ဗိုလ်ချုပ်ကြီး မြင့်ဆွေသည် ၀င်ရောက်
ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် တွေ့ရသည့်
ယှဉ်ပြိုင်မည့် ရန်ကုန်တိုင်း ဆိပ်ကြီး ခနောင်တို
စစ်ဗိုလ်ချုပ်များ။ သြဂုတ်လကုန်ပိုင်းတွင် တပ်မတော်နှင့်
မြို့နယ်သို့ သွားရောက် စည်းရုံးရေး ဆင်းနေပြီ
ကာကွယ်ရေး ဝန်ကြီးဌာနအောက်ရှိ အဓိကကျသည့်
ဖြစ်ကြောင်း၊ ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်သည်
ရာထူးနေရာ ၄၀ ခန့်ကို အပြောင်းအလဲ ပြုလုပ်ခဲ့သည် (ဓာတ်ပုံ -
စစ်ကိုင်းတိုင်း ဆားလင်းကြီး မြို့နယ် မဲဆန္ဒနယ်မှ
Reuters)
ယှဉ်ပြိုင်မည်ဖြစ်ပြီး ၎င်းတို့ ၂ ဦးသည် လွှတ်တော်
၃ ရပ်အနက် မည်သည့်လွှတ်တော်ကို ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ကြမည်ကို မသိရသေး ပေ။

ယင်း ဒု ဗိုလ်ချုပ်ကြီးများကို ပြီးခဲ့သည့်လ ၂၇ ရက်နေ့က တာဝန်မှ အနားပေးခဲ့ပြီး လစ်လပ်သွားသော


နေရာများတွင် အစားထိုး ခန့်အပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံ့ဖွံ့ပါတီခေါင်းဆောင်တဦး ဖြစ်သည့် နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းသည်လည်း ပဲခူးတိုင်း


ဇီးကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း ကိုယ်တိုင် စည်းရုံးရေး ဆင်းနေကြောင်း
ဇီးကုန်းမြို့ခံတဦးက ပြောသည်။

“သစ်စင်ရွာက စာသင်ကျောင်းဆောက်ဖို့ ငွေကျပ် ဆယ်သိန်းလှူတယ်။ အရင်တုန်းကတော့ တခါမှ မလှူဖူးဘူး။


အခုလှူတာက မဲလိုချင်လို့ပါ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ်က ဇီးကုန်းမြို့နယ်မှ အခြေခံပညာ အထက်တန်းစာမေးပွဲကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည့်


ကျောင်းသားများနှင့် သင်ကြားပေးသည့် ဆရာ၊ ဆရာမများကို ငွေထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့သည်ဟု အဆိုပါ
မြို့ခံက ဆက်လက်ပြောသည်။
ဦးဉာဏ်ဝင်းသည် ဇီးကုန်းမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်
ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

၎င်း၏ စည်းရုံးရေး ခရီးစဉ်တွင် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်စိုးပါ လိုက်ပါပြီး ခရီးစဉ်လုံခြုံရေးကို မြို့နယ်ရဲတပ်ဖွဲ့မှ


တာဝန်ယူပေးရ သည်ဟု သိရသည်။

ကြံ့ဖွံ့ပါတီမှ ရွေးကောက်ပွဲကို ၀င်ရောက်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် မဲဆန္ဒနယ်များတွင်


ယခုအခါ ကိုယ်တိုင် မဲဆွယ်စည်းရုံးမှုများကို စတင် ပြုလုပ်နေပြီ ဖြစ်သည်။

ရေနံချောင်းမြို့နယ် ကြံ့ဖွံ့ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဝင်းမော်ထွန်း၊ တိုင်းဒေသကြီး


လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအောင်နိုင်ဝင်းတို့မှ ဦးဆောင်ပြီး ဥသျှစ်ကုန်း၊ နတ်ကန်၊ ပခန်းကန် စသည့်
ကျေးရွာအုပ်စုများတွင် မဲဆွယ်စည်းရုံးမှုများကို စတင်နေပြီဟု ရေနံချောင်းမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။

“ဘုန်းကြီးတွေ တပါးကို ငွေကျပ် တသောင်း၊ စာသင်ကျောင်းဆောက်ဖို့က ငွေ ဆယ်သိန်းစီ လှူတယ်” ဟု ၎င်းက


ဆိုသည်။

“ပြည်တော်သစ်ကြီး ခိုင်ဖြိုးဝေစည် ဖြိုးမောက်၍ ထွန်းတောက်စေရမည်” ဆိုသည့် ကြွေးကြော်သံများ ပါသည့်


လက်ကမ်း စာစောင် များကိုလည်း ဝေငှကြောင်း၊ ထိုစာစောင်တွင် စီးပွားရေး လုပ်ငန်းစဉ်၊ အလုပ်သမားရေးရာ
လုပ်ငန်းစဉ်၊ တောင်သူ လယ်သမားရေး ရာလုပ်ငန်းစဉ် စသည့် ပါတီမူဝါဒများကိုလည်း ရေးသားထားသည်ဟု
အဆိုပါ မြို့ခံက ဆက်လက်ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ ညွန်ကြားရေးမှူးတဦးဖြစ်သည့် ဗိုလ်မှူး အောင်ငြိမ်းကို ရေနံချောင်းမြို့နယ်ကိုယ်စားပြု


အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ထားသည်ဟုလည်း သိရသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/4002-2010-09-07-07-06-06

ဘာသာရေး ဖိနှိပ်မှု ချင်း ခရစ်ယာန်များ ဆန္ဒပြ

ဘာသာရေး လွတ်လပ်ခွင့် ထိပါး နှောင့်ယှက်မှုများ ပြုလုပ်နေသည့် စစ်အစိုးရကို တားမြစ် အရေးယူပေးရန်


နိုင်ငံတကာ အသိုင်းအ၀ိုင်းသို့ အိန္ဒိယရောက် မြန်မာနိုင်ငံသား ခရစ်ယာန် ဘာသာဝင် ဒုက္ခသည်များက ယနေ့
တောင်းဆိုလိုက်သည်။

ခရစ်ယာန် ဘာသာဝင် တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာ ဒေသများရှိ အထိမ်းအမှတ် လက်ဝါးကားတိုင်များကို


ဒေသခံ အာဏာပိုင်များက ဖိအားပေးဖြိုလှဲဖျက်ဆီးမှုများ ပြုနေသည့်အပြင် ဘာသာဝင်များကိုလည်း
ဖိနှိပ်မှုများပြုနေသောကြောင့် အရေးယူမှုများ ပြုလုပ်ပေးရန် အိန္ဒိယ အစိုးရ အပါအ၀င် နိုင်ငံတကာရှိ အစိုးရနှင့်
အဖွဲ့အစည်းများသို့ စာများပေးပို့ပြီး နယူးဒေလီမြို့ ဂျန်တား မန်တား ပန်းခြံတွင် မြန်မာဒုက္ခသည် ၁၀၀ ကျော်တို့က
ဆန္ဒပြ တောင်းဆိုကြသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့က ချင်းပြည်နယ် တောင်ပိုင်း၊ မင်းတပ်မြို့နယ် ချောင်းရိုးကျေးရွာ၏ ဆုတောင်း


ဥယျာဉ် တောင်ကုန်းပေါ်၌ စိုက်ထူထားသော အမြင့် ၂၃ ပေ၊ အနံ ၃ ပေ၊ ထု ၁ ပေ ခန့်ရှိ အင်္ဂတေ
လက်ဝါးကပ်တိုင်ကို သာသနာ ရေး ၀န်ကြီးဌာန၏ အမိန့်အရဆိုကာ ဒေသခံ အာဏာပိုင်များက ဖိအားပေး
ဖြိုလှဲစေခဲ့ကြောင်း၊ အလားတူ အဖြစ်မျိုး ဟားခါး၊ တီးတိန်၊ ဖလမ်း၊ ထမ်တလန် စသည့် ဒေသများတွင်လည်း
ဖြစ်ခဲ့ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သည့် ကိုစလုံ က ပြောသည်။

၂၀၀၂ ခုနှစ် မတ်လ အတွင်းကလည်း မတူပီမြို့နယ်ရှိ လက်ဝါးကပ်တိုင်ကို ဒေသခံ အာဏာပိုင်များက


ဖြိုလှဲပစ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

“စစ်အစိုးရဟာ သူကိုးကွယ်တဲ့ ဗုဒ္ဓဘာသာကိုလည်း မထီမဲ့မြင်ပြုတယ်၊ စက်တင်ဘာ တော်လှန်ရေးဟာ


အထင်အရှားပဲ။ ဒီတော့ လူနည်းစု ခရစ်ယာန် ဘာသာဝင်တွေ၊ အစ္စလမ် ဘာသာဝင်တွေ၊ တခြားဘာသာဝင်တွေကို
ဖိနှိပ်တာကတော့ ပြောဖို့ မလိုတော့ဘူး။ ဘာသာရေး လွတ်လပ်ခွင့်ရှိတယ်လို့ ပြောနေပေမယ့် လက်တွေ့မှာ လုံးဝ
မဟုတ်ဘူး”ဟု ကိုစလုံ က ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရကို အရေးယူပေးရန် တောင်းဆိုစာများကို အိန္ဒိယ သမ္မတ၊ ၀န်ကြီးချုပ်၊ ပြည်ထဲရေးဝန်ကြီး စသည့် အစိုးရ


အဖွဲ့ အစည်းများနှင့် အိန္ဒိယရှိ နိုင်ငံတကာ သံရုံးများသို့ ပေးပို့ခဲ့သည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

“ကျနော်တို့ ချင်း၊ ကချင်၊ ကယား၊ ကရင် တိုင်းရင်းသားတွေ အများစုက ခရစ်ယာန်ဘာသာ ကိုးကွယ်ကြတယ်၊


လူနည်းစု ကလည်းဖြစ်နေတော့ ကျနော်တို့ တိုင်းရင်းသားတွေကို လူမျိုးပျောက်အောင်၊ ဘာသာပျောက်အောင်
စစ်အစိုးရရဲ့ ဖိနှိပ်မှု တွေ၊ ဘာသာ မတူသူချင်း ပြဿနာတက်အောင် လုပ်တာတွေလည်း
အများကြီးကြုံနေကြရတယ်”ဟုလည်း ကိုစလုံ က ဆို သည်။

ဆန္ဒပြပွဲတွင် ပါဝင်သူများက မြန်မာနိုင်ငံတွင်း ဘာသာရေးလွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးအတွက်


စုပေါင်း ၀တ်ပြု ဆုတောင်းမှုများလည်း ပြုလုပ်ခဲ့သည်။

ဝတ်ပြုဆုတောင်းရာတွင် ပါဝင်သည့် ချင်းအမျိုးသား ခရစ်ယာန် သင်းအုပ်ဆရာ တဦးက“အားလုံး


ကူညီလုပ်ဆောင်ဖို့ မေတ္တာရပ်ခံပါတယ်။ အတူတကွ စုပေါင်းလုပ်ကြရင် ကျနော်တို့မျှော်လင့်တဲ့ အခွင့်အရေး
ရမယ်ဆိုတာ ယုံကြည်ပါတယ်” ဟု ပြောဆိုသည်။

ခရစ်ယာန် ဘာသာဝင် အများစုနေထိုင်သည့် ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ ခရစ်ယာန်


ဘာသာဝင်တို့ အထွဋ်အမြတ်ထားသည့် လက်ဝါးကပ်တိုင်များကို မီးရှို့ဖျက်ဆီးမှုများလည်း ရှိခဲ့ဖူးကြောင်း
သိရသည်။

“စစ်အစိုးရ အနေနဲ့ မြန်မာနိုင်ငံတွင်းမှာ လုပ်နေတဲ့ ဘာသာရေးလွတ်လပ်ခွင့် ဖိနှိပ်မှုတွေ၊


ဘာသာရေးချိုးဖောက်မှုတွေကို ချက်ချင်းရပ်ပါ။ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း စစ်အစိုးရကို
အရေးယူဆောင်ရွက်ပေးဖို့ ကျနော်တို့ တောင်းဆိုပါ တယ်”ဟု ကိုစလုံက ဆိုသည်။

လက်ဝါးကပ်တိုင် သင်္ကေတသည် ခရစ်ယာန်ဘာသာဝင်များ သက်ဝင်ယုံကြည်ကိုးကွယ်သည့် ယေရှုခရစ်တော်


အသေခံ ရာ အပြစ်ဖြေလွှတ်ခြင်း၏ အထိမ်းအမှတ်ဖြစ်ပြီး အဆိုပါ အမှတ်အသားကို တွေ့မြင်နေရခြင်း၊
ဆောင်ထားခြင်းဖြင့် စိတ်ငြိမ်းအေးခြင်းဖြစ်စေသည်ဟု ယုံကြည်မှုများလည်း ရှိသည်။

မြန်မာနိုင်ငံရှိ လူဦးရေ၏ ၈၉ ရာခိုင်နှုန်းသည် ဗုဒ္ဓဘာသာ ကိုးကွယ်ကြပြီး ခရစ်ယာန် ဘာသာမှာ ၄ ရာခိုင်နှုန်း၊


အစ္စလမ် ဘာသာမှာ ၄ ရာခိုင်နှုန်းနှင့် တခြားဘာသာမှာ ၃ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရသည်။
Source:http://www.irrawaddy.org/bur/index.php/news/1-news/4005-2010-09-07-09-46-31
ခရစ်ယာန် ဘာသာဝင်များအပေါ် မတရား ဖိနှိပ်

ဆလိုင်းထွန်း | အင်္ဂါနေ့၊ စက်တင်ဘာလ ၀၇ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၂၄ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ချင်းပြည်နယ်အတွင်း အာဏာပိုင်များက လက်ဝါးကားတိုင်များ ဖျက်ဆီးနေခြင်းသည်


ခရစ်ယာန် ဘာသာဝင်များအပေါ် မတရား ဖိနှိပ်ခြင်းဖြစ်ကြောင်း အိန္ဒိယနိုင်ငံ နယူးဒေလီရောက် ချင်းခရစ်ယာန်
ဘာသာရေး ခေါင်းဆောင်များက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့တွင် ချင်းပြည်နယ် မင်းတပ်မြို့နယ် မယက နှင့် ခရိုင် ခယက အာဏာပိုင်များက
ချောင်းရိုးရွာအနီး ဆုတောင်းဥယျာဉ်တွင် အမြင့် ၂၃ ပေ၊ အနံ ၃ ပေနှင့် ထု ၁ ပေရှိ အင်္ဂတေဖြင့်
တည်ထားကိုးကွယ်သည့် လက်ဝါးကားတိုင် ဖျက်ဆီးခံရသည့်အပေါ် ရှုတ်ချသည့် ဆန္ဒပြပွဲ ကျင်းပကာ ယခုလို
ပြောဆိုခြင်း ဖြစ်သည်။


ခရစ်ယာန် ဘာသာဝင်တွေရဲ့ လုပ်ပိုင်ခွင့်တွေ လုံးဝ မရှိတော့ဘူး။
ဆောက်ပြီးသား ဘုရားကျောင်းတွေ ဖျက်ဆီးတာ အများကြီးပဲ။
အသစ်ဆောက်လို့လည်း မရ၊ ခရစ်ယာန်ဘာသာရေးကို
ဖျောက်ဖျက်ချင်တာပဲ။ လက်ဝါးကားတိုင် ဖျက်တာလည်း
ခရစ်ယာန်တွေရဲ့ မှတ်ပုံတင်ကို ဖျက်ဆီးနေတာပဲ” ဟု Delhi
Burmese Christian Fellowship (DBCF) အသင်းတော်
အတွေတွေ အတွင်းရေးမှူး Steven Ral Kap Tluang က မဇ္ဈိမကို
ပြောသည်။

လလလ လက်ဝါးကပ်တိုင်အား မတူခရစ်ယာန် မိတ်သဟာရ သင်းအုပ်ဆရာ ဒေါက်တာ Hung


အာဏာပိုင်များက ဇူလိုင်လက ဖြိုချဖျက်ဆီးမှုကို Om က “ဘာသာရေးဆရာ၊ ဧဝံကေလိဆရာ၊ သင်းအုပ်ဆရာတွေ
နယူးဒေလီမြို့လယ်၌ ချင်းလူမျိုး ခရစ်ယာန် လွတ်လွတ်လပ်လပ်နဲ့ တရားဟောခွင့် မရှိတာ တွေ့မြင်နေရတယ်။
ဘာသာဝင်များက ဆန့်ကျင်ရှုတ်ချသည့် ဘုရားကျောင်း ဖျက်ဆီးတာတွေ၊ လက်ဝါးကားကိုင် အခုလို
ဆန္ဒပြပွဲတရပ်ကျင်းပ ဖျက်ဆီးတာတွေ၊ အဟောင်းတွေကို အသစ်ပြုပြင်ခွင့် မရှိတာတွေ
အများကြီးပဲ။ ဒါတွေဟာ အစိုးရက ကြီးမားတဲ့ မဟာဗျူဟာ သုံးပြီး ခရစ်ယာန်ဘာသာ အမျိုးတုန်းအောင်
ဖိနှိပ်နေတာ” ဟု မဇ္ဈိမကို ပြောသည်။

ချင်းပြည်နယ် ၉ မြို့နယ်ဖြစ်သည့် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝနှင့်
ထန်တလန်ရှိ လက်ဝါးကားတိုင်များကို ၁၉၉၄ ခုနှစ်မှစ၍ မြို့နယ်အာဏာပိုင်များက ဖျက်ဆီးလာခဲ့ရာ မင်းတပ်မြို့
လက်ဝါးကားတိုင် ဖျက်ဆီးခံရမှုမှာ နောက်ဆုံးဖြစ်ကြောင်း ဆန္ဒပြသူများက ပြောဆိုခဲ့ကြသည်။

“အရင်ဖျက်တဲ့ နေရာမှာ စေတီ ဆောက်ထားတယ်။ ချင်းပြည်နယ်မှာရှိတဲ့ အာဏာပိုင်တွေ၊ စစ်သားတွေက


ချင်းလူမျိုး တယောက်မှ မရှိဘူး။ ဒါက လူမျိုးကြီးဝါဒနဲ့ ထားတယ်” ဟု ဒေါက်တာ Hung Om က ပြောသည်။

ကက်သလစ် အသင်းတော် ဥက္ကဋ္ဌ Domimit Salong က “ကျနော်တို့ ခရစ်ယာန်တွေ တအားကို ခံစားပါတယ်။


လက်ဝါးကားတိုင်က ကျနော်တို့ သခင်ယေရှုခရစ်တော်က ကမ္ဘာလူသားတွေကို အပြစ်မှ လွတ်မြောက်ရန်
အသေခံတဲ့ အရာဖြစ်တယ်။ လက်ဝါးကားတိုင်က ခရစ်ယာန်တွေရဲ့ မှတ်ပုံတင်တခု၊ အသက်တခု ဖြစ်တယ်။
ဒါတွေကို ဖျက်ဆီးလိုက်တာ လုံးဝ ရက်စက်လွန်းတယ်” ဟု ပြောသည်။
ယနေ့ နယူးဒေလီမြို့တွင် ချင်းခရစ်ယာန် ဒုက္ခသည် ၂ဝဝ
ခန့် ဆန္ဒပြပွဲက မြန်မာပြည်တွင် ခရစ်ယာန် ဘာသာအပေါ် မတရား
ဖိနှိပ်ခြင်းနှင့် လွတ်လပ်ခွင့် မရှိခြင်းများကို နိုင်ငံတကာ
ခရစ်ယာန်များနှင့် အိန္ဒိယ အစိုးရက အရေးယူ ဆောင်ရွက်ပေးရန်
တောင်းဆိုခဲ့ကြသည်။

“လက်ပိုက်ကြည့်မနေကြဖို့၊ အရေးယူပေးဖို့ မေတ္တာပို့


ဆုတောင်းရင်း ဆန္ဒပြတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံနဲ့
နိုင်ငံတကာရှိ ခရစ်ယာန်တွေ သိအောင် ဆက်ပြီး အကြောင်းကြား
အသိပေးမယ်” ဟု Domimit Salong က ပြောသည်။
လက်ဝါးကပ်တိုင်အား အာဏာပိုင်များက
အိန္ဒိယနိုင်ငံတွင် ကျောင်းတက်နေရင်း ယနေ့ ဆန္ဒပြပွဲသို့ ဇူလိုင်လက ဖြိုချဖျက်ဆီးမှုကို
လာရောက်သည့် ချင်းအမျိုးသမီး Rosalinn က “မြန်မာပြည်မှာ နယူးဒေလီမြို့လယ်၌ ချင်းလူမျိုး ခရစ်ယာန်
ပိုထူးခြားတာက ဘာသာရေးဆိုရင် ဘယ်ဘာသာမှ မပြောနဲ့ ဘာသာဝင်များက ဆန့်ကျင်ရှုတ်ချသည့်
သူကိုးကွယ်တဲ့ ဘာသာတောင် လိုက်ချုပ်ချယ်တယ်။ ဆန္ဒပြပွဲတရပ်ကျင်းပ
ဘာသာရေးနဲ့ ပတ်သက်ပြီး အလေးမထားဘူး” ဟု သူက ပြောသည်။

နယူးဒေလီတွင် ရွှေ့ပြောင်းနေထိုင်ကြသည့် မြန်မာဒုက္ခသည်ပေါင်း ၈ဝဝဝ ကျော် ရှိပြီး DBCF ၊ Zomi Christian


Fellowship ၊ RCM နှင့် Matu Christian Fellowship စသည်တို့ အပါအဝင် ခရစ်ယာန် အသင်းတော်ပေါင်း ၂ဝ ခန့်
ရှိသည်။ ချင်းပြည်တွင် လူဦးရေ၏ ၉ဝ ရာခိုင်နှုန်းခန့်သည် ခရစ်ယာန် ဘာသာဝင်များ ဖြစ်သည်။
Source:http://www.mizzimaburmese.com/news/inside-burma/5997-2010-09-07-14-56-38.html

စစ်တပ်က လူငယ်နှစ်ဦးကို သတ်ဖြတ်မှု ကုလသမဂ္ဂသို့


ကင်တားနားအစီရင်ခံမည်

2010-09-07

ပဲခူးမြို့မှာ အရပ်သားလူငယ်နှစ်ဦးကို စစ်တပ်က ပစ်ခတ် သတ်ဖြတ်လိုက်တဲ့ လုပ်ရပ်ဟာ မြန်မာစစ်တပ်ရဲ့ လူ့


အခွင့်အရေး ထပ်မံ ချိုးဖောက်မှုတခုပဲလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်
တောမတ်စ် ကင်တားနားက ဒီကနေ့ စက်တင်ဘာ ၇ ရက်မှာ RFA ကို ပြောကြားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနား (အလယ်) ထိုင်း-
မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း ပြခန်းသို့ ၂၀၀၉ ခုနှစ်က
သွားရောက်လေ့လာစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AAPP)

မြန်မာစစ်တပ်က အခုလို အင်အားသုံးပြီး ပစ်ခတ် သတ်ဖြတ်ခဲ့တာ မှန်ကန်တယ်ဆိုရင် လူ့အခွင့်အရေး ချိုးဖောက်


ကျုးလွန်မှုတခု ဖြစ်တယ်လို့ ပြောသွားပါတယ်။ ဒါ့ပြင် မစ္စတာ ကင်တားနားက သူ့အနေနဲ့ ပဲခူးမြို့က လူငယ်နှစ်ဦး
ပစ်သတ်ခံရမှုကို အသေးစိတ် အချက်အလက် စုဆောင်း ရယူနေဆဲ ဖြစ်ပြီး၊ ဒီကိစ္စကို နယူးယောက်မြို့
ကုလသမဂ္ဂရုံးချုပ်မှာ လာမဲ့ အောက်တိုဘာအတွင်း ကျင်းပမဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မလွဲမသွေ
အစီရင်ခံ တင်ပြဖို့ရှိတယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် ကင်တားနားဟာ ပြီးခဲ့တဲ့


သြဂုတ်လက မြန်မာနိုင်ငံကို သွားရောက်ဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်အစိုးရက ခုချိန်ထိ ခွင့်မပြုသေးဘူးလို့ သိရပါတယ်။
သူဟာ မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး
စစ်ဆေး ဆောင်ရွက်သင့်ကြောင်း အစီရင်ခံစာ ထုတ်ပြန် အဆိုပြုထားပါတယ်။ မစ္စတာ ကင်တားနားရဲ့
အဆိုပြုချက်ကို အမေရိကန်၊ သြစတြေးလျား၊ ချက်ပြည်သူ့သမတနိုင်ငံ စတဲ့ နိုင်ငံတွေက ထောက်ခံထားပါတယ်။

ပဲခူုးမြို့မှာ စစ်တပ်က ပစ်ခတ်ခဲ့လို အရပ်သားလူငယ်နှစ်ဦး သေဆုံးရမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ


အာဏာပိုင်တွေအနေနဲ့ တရားဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်တယ်လို့ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးဝင်းတင်က ပြောပါတယ်။ ဒီလို မတရားမှုတွေကနေ လူထုအုံကြွမှုတွေ
ဖြစ်ပေါ်လာနိုင်တယ် ဆိုတာကို တိုင်းပြည်ကို အုပ်ချုပ်နေတဲ့သူတွေ စစ်ခေါင်းဆောင်တွေ သိဖို့ လိုအပ်တယ်လို့
ဦးဝင်းတင်က ဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းကလည်း တိုင်းပြည်ကို ကာကွယ်


စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ တပ်မတော်သားတွေအနေနဲ့ အခုလို အပြစ်မဲ့ ပြည်သူနှစ်ဦးကို ရက်ရက်စက်စက်
ကျူးလွန်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥပဒေကြောင်းအရ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ မြန်မာပြည်ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ဒီဖြစ်ရပ်အပေါ် သက်ဆိုင်ရာက ထိုက်သင့်သလို အရေးယူ


ဆောင်ရွက်စေလိုကြောင်းနဲ့ ဒီကိစ္စကြောင့် စစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲကို ထိခိုက်လာနိုင်ကြောင်း
ပြောဆိုပါတယ်။

ပြည်သူုတွေ ရှေ့မှောက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဟာ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေကို ခြောက်လှန့်သလို


ဖြစ်နေတယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ BLC ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက ပြောပါတယ်။

ပြစ်မှုကျူးလွန်သူတဲ့ စစ်ဗိုလ်စစ်သားတွေကို အရေးယူအပြစ်ပေးဖို့ ကာကွယ်ရေးဦးစီးချုပ်မှာ အဓိက


တာဝန်ရှိကြောင်းနဲ့ ပြစ်မှု ကျူးလွန်သူတွေကို ပြစ်ဒဏ်စီရင်ရာမှာလည်း နစ်နာသူ မိသားစုတွေရဲ့ ရှေ့မှောက်မှာ
ပြစ်ဒဏ်စီရင်ခြင်းမျိုး ဖြစ်ဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ က သုံးသပ်ချက် ထုတ်ပြန်ပါတယ်။

မှုခင်းဖြစ်ပွားတဲ့ ပဲခူးမြို့နယ်ဟာ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) က ပါတီဥက္ကဋ္ဌ ဖြစ်သူ ဦးသိန်းဌေး


ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ယှဉ်ပြိုင်မဲ့ မဲဆန္ဒနယ်ဖြစ်လို့ ဒီဖြစ်ရပ်အပေါ် တာဝန်ရှိသူတွေက
စုံစမ်းဖော်ထုတ်ပေးဖို့၊ တရားဥပဒေ စိုးမိုးရေးနဲ့ နယ်မြေ အေးချမ်းရေးအတွက် လက်ရှိ အာဏာယူထားတဲ့
ကြံ့ခိုင်ရေးပါတီက ခေါင်းဆောင်ပိုင်းအနေနဲ့ ပူးပေါင်း ဖြေရှင်းပေးဖို့ ယူဒီပီ ပါတီ အလုပ်အမှုဆောင်အဖွဲ့ကလည်း
မနေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုပါတယ်။

Source:http://www.rfa.org/burmese/news/quintana_condemns_killing_of_youths-
09072010133431.html

ပဲခူးလူငယ်နှစ်ဦး၏ ဈာပနကို နိုင်ငံရေးအဖွဲ့များ သွားရောက်


ပဲခူးမြို့မှာ သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးသူ လူငယ်နှစ်ဦးရဲ့ ဈာပနကို နိုင်ငံရေးအဖွဲ့အစည်းတွေ
သွားရောက်ခဲ့ပေမဲ့ လွမ်းသူ့ပန်းခွေ ချခွင့်နဲ့ ကာယကံရှင် မိသားစုတွေနဲ့ တွေ့ဆုံခွင့်မရခဲ့ဘူးလို့ ပဲခူးမြို့ကို
သွားရောက်သူု နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေက ပြောပါတယ်။

မြို့တွင်း လုံခြုံရေး အစောင့်တာဝန်ကျ စစ်သားတဦး ဖြစ်ပါသည်။ (Photo: AFP)

ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ဥက္ကဋ္ဌ ဦးသိန်းဌေးက လုံခြုံရေးချထားတာ များပြားလွန်းတာကြောင့် မိသားစုနဲ့


တွေ့ခွင့်မရခဲ့သလို လွမ်းသူု့ပန်းခွေပါ ချခွင့်မရခဲ့ဘူးလို့ ဆိုပါတယ်။

“သွားတာကတော့ ဟိုမှာ လွမ်းသူ့ပန်းခွေ ကျွန်တော်တို့ ပါတီအနေနဲ့ လွမ်းသူ့ပန်းခွေ ချမယ်ပေါ့။ ဟိုမှာရှိတဲ့ ကျန်တဲ့


အင်အားစုတွေနဲ့ ပေါင်းပြီးတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်မယ်ဆိုပြီး သွားတာပေါ့လေ။
ဟိုရောက်တဲ့အခါကျတော့ ကျွန်တော်တို့က အဲလို လုပ်ခွင့်က မသာဘူးဗျ။ မသာဘူးဆိုတာက ဒီ ၁၁ နာရီ ခွဲတော့
ထုတ်လာတာပေါ့။ ထုတ်လာတဲ့အခါမှာ ကျွန်တော်တို့ ဒီ မိသားစုပါတဲ့ ကား နှစ်စီးလောက်ပါမယ်ဗျ။ အဲ ကျန်တာက
ဆိုင်ကယ်တွေနဲ့က သူတို့ အရပ်ဝတ်တွေနဲ့ပေါ့ဗျာ၊ အဲ သူတို့ တာဝန်ရှိတဲ့ လူတွေ အဲဒီမှာ သူတို့နဲ့ ပတ်သက်တဲ့
စွမ်းအားရှင်လို့ ယူဆလို့ရတဲ့ အုပ်စုတွေပေါ့ဗျာ၊ အဲဒီအုပ်စုတွေက အရန်သင့်ထိုင်စောင့်နေကြတာဗျ။ သင်္ဂြိုဟ်ဖို့
အသုဘကား သွားတဲ့အခါမှာ အဲဒီ ကားတွေပေါ်မှာ အသီးသီး အသီးသီး အဲဒီ အင်အားစုတွေကပဲ
နေရာယူကုန်ကြတာဗျ။”

အဲဒီ ဈာပန အခမ်းအနားကို UDP ပါတီအပြင် NDF ပါတီမှ ပဲခူးမြို့က တာဝန်ခံများလည်း လာရောက်တယ်လို့
သိရပါတယ်။ NLD ပါတီက လူငယ် ၃၀ ခန့်လည်း ပဲခူးမြို့ကို သွားရောက်ခဲ့ပါတယ်။ ပဲခူးမြို့ကို သွားရောက်သူ
အဖွဲ့ဝင် မဖြူဖြူသင်းက ခုလိုပြောပါတယ်။

“ဒီမိသားစုတွေဆို ဘယ်လို ခံစားရမလဲ မသိဘူးပေါ့နော်၊ ကျွန်မတို့ ကြားလိုက်ရတဲ့အချိန်မှာ တော်တော်


ခံစားလိုက်ရတယ်။ ကျွန်မတို့ ဒီအဖွဲ့ထဲက ကလေးတွေကော ဘာရော အကုန်လုံး စုပေါင်းပြီးတော့ ဒီမိသားစုနဲ့
အတူပေါ့နော်၊ ခံစားရတယ်ဆိုတဲ့အကြောင်းရယ်၊ ဒီမိသားစုရဲ့ လိုအပ်တာ အကူအညီ ရှိရင်လည်း အကူအညီ
ပေးမယ်၊ ကျွန်မတို့ လိုအပ်တဲ့ လိုအပ်ချက်တွေပေါ့နော်၊ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ တော်တော်များများက ဒီ
ပြည်သူလူထုတော်တော်များများက အခု လက်ရှိ အခြေအနေထိ အကြောက်တရားတွေနဲ့ ရှိနေကြတုန်းပဲလေ။
တကယ်လို့ တခြားကိစ္စတွေမှာ လိုအပ်ချက်တွေ ရှိလာနိုင်လို့ရှိရင် ကျွန်မတို့ ကူညီနိုင်ဖို့ရယ်၊ နောက် သူတို့နဲ့အတူတူ
မျှဝေခံစားတယ်၊ သူတို့နဲ့အတူတူ ထပ်တူရှိမယ်ဆိုတဲ့အကြောင်း အဓိကထားပြီး ကျွန်မတို့ သွားကြတာပါ။”

ရန်ကုန်ကနေ ပဲခူးမြို့ကို သွားရောက်တဲ့ လမ်းတလျှောက် ဒီကနေ့ တမနက်လုံး စစ်ဆေးရေးဂိတ်တွေမှာ


စစ်ဆေးမှုတွေ လုပ်တယ်လို့ သိရပါတယ်၊ အနည်းဆုံး စစ်ဆေးရေးဂိတ် သုံးခုမှာ စစ်ဆေးတာပါ။ အထူးသဖြင့်
လိုင်းကားနဲ့ သွားရောက်သူ ခရီးသည်တွေကို ကားပေါ်က အားလုံး ဆင်းခိုင်းပြီး တဦးချင်း စစ်ဆေးမှုတွေ
လုပ်တယ်လို့ ခရီးသွားတွေက ပြောပါတယ်၊

ရန်ကုန်မြို့က သွားရောက်သူ လူ့အခွင့်အရေးရှေ့နေ ကိုဖိုးဖြူနဲ့ အဖွဲ့ကို အင်းတကော်ဂိတ်မှာ


တနာရီကျော်ကြာအောင် ထိန်းသိမ်းပြီး စစ်ဆေးခံရတယ်လို့ သိရပါတယ်၊

ပဲခူးမြို့မှာ ဒီကနေ့ မနက် ၁၁နာရီကျော်က ပြုလုပ်တဲ့ ဈာပနအခမ်းအနားနဲ့ ပတ်သက်ပြီး RFA မှ


ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

Source:http://www.rfa.org/burmese/news/political_parties_attended_funeral_of_killed_youths-
09072010122205.html

ဆက်သွယ်ရေးလုပ်ငန်း ဦးတေဇထံ လွှဲပြောင်း

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း လက်အောက်ရှိ တယ်လီဖုန်းလိုင်း ဝန်ဆောင်မှု လုပ်ငန်းအားလုံးကို စီးပွားရေး


လုပ်ငန်းရှင် ဦးတေဇအား လွှဲပြောင်း ပေးမည်ဟု မြန်မာ့ ဆက်သွယ်ရေး အသိုင်းအ၀န်းမှ သိရသည်။

“မြန်မာ့ ဆက်သွယ်ရေးက ကြီးကြပ်ညွှန်ကြားမှု


လောက်ပဲ လုပ်တော့မယ်။ တယ်လီဖုန်းလိုင်း
လျှောက်တာ၊ ဖုန်း ကွန်ပလိန်း တင်တာက အစ
နောင်ကို ဦးတေဇရဲ့ E -Lite ကုမ္ပဏီ နဲ့ Central
Marketing ကုမ္ပဏီ တွေကပဲ လုပ်သွားမှာ” ဟု
မြန်မာ့ ဆက်သွယ်ရေးမှ အရာရှိတဦးက
ပြောသည်။

၂၀၀၉ ခုနှစ် ကုန်ပိုင်းမှ စတင်ကာ အစိုးရပိုင်


အဆောက် အအုံများကို ပုဂ္ဂလိကသို့ လွှဲပြောင်း
ရောင်းချခဲ့ သကဲ့သို့ အစိုးရ ၀န်ဆောင်မှု
(ဓာတ်ပုံ - အေအက်ဖ်ပီ)
တချို့ကိုလည်း လုပ်ပိုင်ခွင့် လွှဲပြောင်းပေး ခြင်းများ
ရှိခဲ့ရာ ဦးတေဇပိုင် ကုမ္ပဏီ ၂ ခုက ဆက်သွယ်ရေး ဝန်ဆောင်မှုများ လုပ်ကိုင်ခွင့် ရခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထူး ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သော Central Marketing ကုမ္ပဏီသည် CDMA 800 MHZ
မိုဘိုင်းဖုန်းများ ထုတ်လုပ်ရောင်းချနေပြီး E – Lite ကုမ္ပဏီသည်လည်းဖိုက်ဘာ ဆက်ကြောင်းဖြင့် အင်တာနက်၊
ရုပ်မြင်သံကြားလိုင်း၊ တယ်လီဖုန်းလိုင်း ၃ မျိုး အသုံးပြုနိုင်သော Fiber to the Curb၊ Fiber to the Home၊ Fiber
to the Building (FTTx) ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့်ရရှိခဲ့သည်။

“ဦးတေဇရဲ့ ကုမ္ပဏီက တာဝန်ယူပြီး ၇၁ - ၇၂ နဲ့ စတဲ့ ခြင်းဖုန်းတွေ အပါအ၀င် နံပါတ် ၉၉၊ ၈၀ နဲ့စတဲ့
ဖုန်းတွေအကုန်လုံးကို တဖြည်းဖြည်းချင်းစီ CDMA 450 ကမ်းရိုးတန်း ဖုန်းတွေနဲ့ လဲပေးသွားဖို့စီစဉ်နေပြီ” ဟု
မြန်မာ့ဆက်သွယ်ရေးမှ အရာရှိက ဆိုသည်။

မိုဘိုင်းဖုန်းအနေနှင့် CDMA နှင့် GSM အမျိုးအစားများသာ ထားရှိ သွားရန် စီစဉ်မည် ဖြစ်ပြီး


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ၀န်ဆောင်မှု လုပ်ပိုင်ခွင့်ကို လွှဲပြောင်း ပေးလိုက်ခြင်းဖြစ်ကြောင်း သူက ဧရာဝတီကို
ပြောသည်။

“အခုလို လုပ်ပိုင်ခွင့် မပေးခင်ကတည်းက CDMA လိုင်းတွေ အများကြီး တိုးပြီးချပေးနေတာ။ အစိုးရက သူ့လူတွေ


စီးပွားရေး လုပ်လို့ရအောင် လမ်းဖွင့်ပေးတဲ့ သဘောပဲ။ အဲဒီအချိန်ကတည်းကလည်း လုပ်ပိုင်ခွင့်တွေ
နည်းနည်းချင်းစီ ပေးနေပြီ” ဟု ဆက်သွယ်ရေး အင်ဂျင်နီယာတဦးက ပြောသည်။

၎င်းက ဆက်လက်၍ “ကမ်းရိုးတန်းဖုန်းဆိုပြီး အရင် ZTE ဆိုတဲ့ တရုတ်ကုမ္ပဏီတခုနဲ့ လုပ်လိုက်သေးတယ်။


အာဏာပိုင် တွေက သူတို့ နဲ့ နီးစပ်တဲ့သူတွေကိုပဲ ပေးမယ်ဆိုတော့ ဒီကုမ္ပဏီတွေလည်း အလုပ်မဖြစ်တော့ဘူး။
ထိန်းချုပ်ရေး စခန်းတွေကို စီးပွားရေး လုပ်ငန်းရှင်တွေက ငွေကြေးအကုန်ခံ ဆောက်ပေးနေတယ်” ဟု သူက
ပြောသည်။

၂၀၁၀ ပြည့်နှစ်အတွင်း CDMA 800 MHZ ဖုန်းလိုင်း ၁ သိန်းအတွက် ဆက်သွယ်ရေးစခန်း ၄၂ ခု ထပ်မံတိုးချဲ့


တည်ဆောက် မည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ထားသည်။

“ပြီးခဲ့တဲ့လ နေပြည်တော်မှာ လုပ်တဲ့ အစည်းအဝေးမှာ အာဏာပိုင်တွေ ပြောသွားတာ တခုက ပြည်တွင်းကရော


ပြည်ပကပါ ပုဂ္ဂလိကပိုင် လွှဲပေးတာနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေ ရှိနေတဲ့အတွက် သူတို့အနေနဲ့
ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ် ခေါ်မယ်၊ ဒီလိုပဲ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ သူတို့တွေနဲ့
ယှဉ်ပြိုင်နိုင်အောင် စီစဉ်ထား ဆိုပြီး ပြောခဲ့တယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တဦးက ဆိုသည်။

တယ်လီဖုန်း ၀န်ဆောင်မှုလုပ်ငန်းအား ပုဂ္ဂလိကပိုင်သို့ လွှဲပြောင်းပြီးနောက်တွင် ပိုမိုမြန်ဆန်ကောင်းမွန်လာမည်ဟု


မျှော်လင့် ကြောင်းလည်း သူက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အော်တိုတယ်လီဖုန်း (ကြိုးဖုန်း) အလုံးရေ ၈၆၆ ၀၈၄၊ ARTS ရေဒီယို တယ်လီဖုန်း
အလုံးရေ ၃၈၅၆၊ DECT ရေဒီယို တယ်လီဖုန်းအလုံးရေ ၁၉၄၉၊ CDMA (Fixed) တယ်လီဖုန်း အလုံးရေ ၂၀၀၃၈၊
CDMA (Mobile) တယ်လီဖုန်း အလုံးရေ ၅၄၅၆၅၀၊ CDMA 800 တယ်လီဖုန်း အလုံးရေ ၁၅၀၀၀၀၊ D-AMPS
တယ်လီဖုန်း အလုံးရေ ၃၈၄၀၀၊ GSM တယ်လီဖုန်း အလုံးရေ ၄၉၄၃၀၀၊ WCDMA တယ်လီဖုန်းအလုံးရေ ၂၈၀၀၀
နှင့် McWLL တယ်လီဖုန်းအလုံးရေ ၅၀၀၀၀ တို့ အသုံးပြုလျက်ရှိကြောင်း သိရသည်။

အစိုးရပိုင် စီးပွားရေး ၀န်ဆောင်မှုလုပ်ငန်းများထဲမှ ပုဂ္ဂလိကပိုင်အဖြစ်သို့ မြန်မာ့ ကြယ်ငါးပွင့်လုပ်ငန်း၊


မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းနှင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း စုစုပေါင်း ၎
ခုတို့ကို လွှဲပြောင်း ပေးခဲ့ပြီး ဖြစ်သည်။

ဦးတေဇကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးဟု အများက သတ်မှတ်ထားပြီး နိုင်ငံ၏အဓိက


စီးပွားရေး လုပ်ငန်းကြီးများဖြစ်သော ဘဏ်လုပ်ငန်း၊ လေကြောင်းလိုင်း လုပ်ငန်း စသည်တို့ကို လုပ်ကိုင်ခွင့်
ရရှိထားသူလည်း ဖြစ်သည်။
၎င်းသည် အနောက်နိုင်ငံများ၏ စီးပွားရေးဒဏ်ခတ် ပိတ်ဆို့ခံရသူများစာရင်းတွင် ထိပ်ဆုံးမှ ပါဝင်သူဖြစ်သည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/4003-2010-09-07-07-17-41

ဧရာဝတီတိုင်းတွင် ပါတီစည်းရုံးခွင့် ကြိုတင်ကန့်သတ်

မျိုးဝင်းဇော် / ၀၇ စက်တင်ဘာ ၂၀၁၀

ဧရာဝတီတိုင်းအတွင်း စည်းရုံးရေးဆင်းကြမည့် နိုင်ငံရေးပါတီများအား လူစုလူဝေးဖြင့် ဟောပြောခွင့်မပြုရန်


သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်က ညွှန်ကြားထားကြောင်း လပွတ္တာအခြေစိုက် နာဂစ်ကူညီရေး အန်ဂျီအိုတခုမှ
အရာရှိတဦးက ပြောသည်။

၎င်းက “ကျမတို့ လပွတ္တာမြို့နယ် ဂန့်အိတ် ကျေးရွာအုပ်စုထဲမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေတယ်။


အဲဒီက ရာအိမ်မှူးတွေ ပြောတာကတော့ မကြာခင် နိုင်ငံရေးပါတီတွေ ဆင်းလာပြီး စည်းရုံးရေး လုပ်နိုင်တယ်။
ဒီတော့ ပါတီက လူတွေ ရောက်လာပြီဆိုတာနဲ့ သက်ဆိုင်ရာကို ချက်ချင်း အကြောင်းကြားရမယ်။ နောက်
အဲဒီလူတွေကို အိမ်ထဲမှာဖြစ်စေ၊ ဘုန်းကြီးကျောင်းမှာဖြစ်စေ၊ နောက်ဆုံး သစ်ပင်အောက်မှာတောင် စုဝေး
ဟောပြောခွင့် မပေးဖို့၊ အသံချဲ့စက် အသုံးပြုခွင့် မပေးဖို့ အမိန့်ထုတ်ထားတယ်။ သူတို့ဘာသာ သူတို့
တအိမ်တက်ဆင်း လိုက်ပြီး စည်းရုံးတာမျိုးကိုတော့ လုပ်ပါစေလို့ ညွှန်ကြားထားတယ်” ဟု ပြောသည်။

အလားတူ လပွတ္တာမြို့ အခြေစိုက်သည့် နာဂစ်ကယ်ဆယ်ရေး အန်ဂျီအိုများနှင့် အိုင်အန်ဂျီအို အဖွဲ့တို့ကို


ပြီးခဲ့သည့်ရက်ပိုင်းအတွင်း၌ သက်ဆိုင်ရာက အစည်းအဝေးခေါ်ခဲ့ကြောင်း လပွတ္တာမြို့နယ် အခြေစိုက်
အိုင်အန်ဂျီအိုတခုမှ မြန်မာနိုင်ငံသား ဝန်ထမ်းတဦးက ပြောသည်။

အန်ဂျီအိုများအနေဖြင့် စက်တင်ဘာလအတွင်း လုပ်ငန်းအားလုံး အပြီးသတ် လုပ်ကိုင်ကြရန်နှင့် လူ (၅)


ယောက်ထက် ပိုပြီး စုရမည့် လုပ်ငန်းမျိုးကို စက်တင်ဘာလလယ် နောက်ဆုံးထား လုပ်ကိုင်ကြရန်
ညွှန်ကြားကြောင်း၊ ထို့ကြောင့် လူစုလူဝေးနှင့် ပညာပေးခြင်း၊ စစ်တမ်းကောက်ယူခြင်း စသည့်လုပ်ငန်းများကို
တက်သုတ်ရိုက် လုပ်ဆောင်နေရကြောင်း ၎င်းက ပြောသည်။

နအဖစစ်အစိုးရသည် နာဂစ်ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေကြသည့် ကုလသမဂ္ဂနှင့် အိုင်အန်ဂျီအိုများမှ


နိုင်ငံခြားသား ဝန်ထမ်း (၉ဝ) ခန့်တို့ကို ဗီဇာသက်တမ်း ဆက်တိုးပေးတော့မည်မဟုတ်ကြောင်း ပြီးခဲ့သည့် သြဂုတ်လ
(၁၆) ရက်နေ့၌ ခေါ်ယူအသိပေးခဲ့သည်။

လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်မှုကို စက်တင်ဘာလ (၆) ရက်မှ (၁၀)


ရက်အထိ ရွေးကောက်ပွဲကော်မရှင်က ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် နိုင်ငံရေးပါတီများ
စည်းရုံးမှုလုပ်ရတော့မည့် အချိန်ဖြစ်ကြောင်း ရွေးကောက်ပွဲဝင်မည့် အမျိုးသားဒီမိုကရေစီအင်အားစု
အန်ဒီအက်ဖ်ပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “ကျနော်တို့ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းရှိတဲ့နေရာတွေမှာတော့ သူ့ဟာသူစည်းရုံးလို့


ပါတီဝင်တွေတော့ ရနေပါပြီ။ ကြံ့ဖွံ့က မြို့နယ်အလိုက် ကျနော်တို့ထက် စောပြီး လုပ်နိုင်တဲ့အနေအထားမှာ
ရှိနေတယ်။ ကျနော်တို့လည်း မြို့နယ်အလိုက် စည်းရုံးရေး လုပ်မှာပါ။ (၁၀) ရက်နေ့ကစပြီး လုပ်မှာပါ။
ကြံ့ဖွံ့လုပ်သလိုပဲ မြို့နယ်အလိုက် ကိုယ့်မြို့နယ်ဆိုင်ရာလုပ်မယ်။ အမျိုးသားလွှတ်တော်ကျ မြို့နယ် သုံးလေးခုကို
လုပ်ရမှာဆိုတော့ ဖြန့်သွားရမှာပါ” ဟု ပြောဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာမူ ရွေးကောက်ပွဲအတွက် တနိုင်လုံးရှိ မြို့နယ်အသီးသီးတွင်


စည်းဝေးစည်းရုံးပွဲများကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်ကာ အသာစီးရနေကြောင်း၊ အခြားပါတီများမှာ
ယင်းသို့လုပ်ဆောင်ခွင့်မရကြောင်း နိုင်ငံရေးပါတီများက ပြောဆိုကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို ပါတီအဖြစ်


ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး နအဖ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် အပေါင်းပါ ၀န်ကြီးများက ပါတီကို
ဦးဆောင်ထားခြင်းဖြစ်သည်။

အစိုးရက ယခုကဲ့သို့ အကန့်အသတ်များ လုပ်ခြင်းသည် ဒီမိုကရက်ပါတီများအတွက်သာ ဖြစ်ပြီး ကြံ့ဖွံ့ပါတီ


မပါဝင်ကြောင်း အန်ဒီအက်ဖ်ပါတီဝင်တဦးက ပြောကြားသည်။

၎င်းက “မကွေးတိုင်း ချောက်မြို့မှာ ဆိုရင် ကြံ့ဖွံ့က ဘုန်းတော်ကြီးကျောင်းမှာ လူစုပြီး ပြောင်ပြောင်တင်းတင်း


စည်းဝေးစည်းရုံးပွဲတွေ လုပ်တယ်။ ကျနော်တို့ ပါတီအနေနဲ့ မလုပ်ကိုင်နိုင်ဘူး။ ရွေးကောက်ပွဲဟာ စပြီ
ဆိုကတည်းက တရားမျှတမှု မရှိဘူး။ တချို့ကိစ္စတွေကိုတော့ ကော်မရှင်ထံ စာရေးတိုင်ကြားတာမျိုးတော့
လုပ်တယ်” ဟု ရှင်းပြသည်။

စစ်အစိုးရသည် ရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာထားသော်လည်း


ပြည်တွင်းထုတ် ဂျာနယ်များအား ရေးသားဖော်ပြခွင့် တင်းတင်းကျပ်ကျပ် ကန့်သတ်ထားမြဲဖြစ်ပြီး နိုင်ငံရေးပါတီများ
စည်းရုံးရေးဆင်းမည့် အချိန်တွင် ယခုကဲ့သို့ ကြိုတင်ကန့်သတ်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။

Source:http://khitpyaing.org/index.php?route=detail&id=4309

ရထားလမ်းပျက်၊ အသီးအနှံ ဈေးတက်


ဆလိုင်း ဟံသာစန်း | အင်္ဂါနေ့၊ စက်တင်ဘာလ ၀၇ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၃၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ မန္တလေး-မြစ်ကြီးနား ရထားလမ်း ၃ ရက်ကြာ အဆက်အသွယ် ပြတ်တောက်ခဲ့သဖြင့်


မြစ်ကြီးနားသို့ ရထားဖြင့် တင်ပို့ရောင်းချသော ကုန်စိမ်းနှင့် ပန်းမန်ဈေးနှုန်းများ ယခင်ထက် ကျပ် ၃ဝဝ မှ ၅ဝဝ
ကျပ်အထိ မြင့်တက်သွားသည်။

မန္တလေး-မြစ်ကြီးနား ရထားလမ်းတွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က အမြန်ရထားတစင်း လမ်းချော်


တိမ်းမှောက်ခဲ့သဖြင့် ရထားပြေးဆွဲမှု ရပ်တန့်ခဲ့ရာမှ ကချင်ပြည်နယ် မြစ်ကြီးနားတွင် သစ္စာပန်း၊ ဂန္ဓမာပန်း၊
ခရမ်းချဉ်သီး၊ ပန်းမုံလာ၊ ဂေါ်ဖီထုပ်၊ မုန်ညင်းဖြူနှင့် ငရုတ်သီး စသည့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်သွားခြင်း
ဖြစ်သည်။
“သစ္စာပန်းတို့ ဂန္ဓမာပန်းတို့လို ဘုရားပန်းတွေ
ဈေးတက်သွားတယ်။ အရင်က ၈ဝဝ လောက်ပဲ ပေးရတာ။ အခု
၁၂ဝဝ၊ ၁၃ဝဝ ရှိတယ်။ တခြား ကုန်စိမ်းတွေလည်း
အကုန်ဈေးတက်ကုန်တယ်။ ဒါပေမဲ့ မတတ်နိုင်ဘူးလေ။
တက်ဈေးနဲ့ပဲ ဝယ်စားနေရတာပဲ” ဟု မြစ်ကြီးနားမြို့ခံ
အိမ်ရှင်မတဦးက မဇ္ဈိမကို ပြောသည်။

မန္တလေးဘူတာမှ တနင်္ဂနွေနေ့ နေ့လည်ပိုင်းတွင် ထွက်ခွါလာသော


အမှတ် ၅၅ အဆန် အမြန်ရထားသည် စစ်ကိုင်းတိုင်း
ဝန်းသိုမြို့နယ် နမ့်ခမ်းနှင့် ဘုံချောင်း ဘူတာ ၂ ခုကြားရှိ လမ်းချော်တိမ်းမှောက်ခဲ့သဖြင့်

လမ်းပိုင်းအရောက် ည ၁ဝ နာရီခန့်၌ စက်ခေါင်းတွဲနှင့် ရထားလက်မှတ်များ

လူစီးတွဲတတွဲ လမ်းချော်ကာ တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။ အရောင်းပိတ်ဆို့ထားကြောင်း ဆိုင်းဘုတ်အား

ယင်းရထားတွဲတွင် စက်ခေါင်းမပါ လူစီးတွဲ ၉ တွဲနှင့် ဂါတ်ဗိုလ်တွဲ ၁ တွေ့ရစဉ်


တွဲ စုစုပေါင်း ၁ဝ တွဲ ပါဝင်သည်။

အဆိုပါ ရထားသည် ယနေ့ နံနက် ၄ နာရီခွဲတွင် မြစ်ကြီးနားဘူတာသို့ ဝင်ရောက်လာခဲ့သော်လည်း လမ်းခရီးတွင် ၂


ရက်ခန့် ကြာမြင့်ခဲ့သည့်အတွက် ဂေါ်ဖီထုပ်၊ ပန်းမုံလာ၊ ခရမ်းချဉ်သီး စသော ကုန်စိမ်းပစ္စည်းများ ပုပ်သိုး
ပျက်စီးခဲ့သဖြင့် ကုန်သည်များလည်း ကျပ်သိန်းနှင့်ချီ၍ အရှုံးပေါ်ခဲ့ကြကြောင်း မြစ်ကြီးနားမြို့မှ ကုန်စိမ်းသည်တဦးက
ပြောသည်။

“ကုန်သည်တွေ သိန်းနဲ့ချီပြီး ရှုံးကုန်ကြတယ်။ တချို့က ၁ သိန်း ၂ သိန်း၊ ပစ္စည်းများတဲ့ လူဆို ၅ သိန်းလောက်


အထိကို ရှုံးကြတယ်” ဟု သူက ပြောသည်။
“ကောလင်းမြို့က ဆိုင်ကယ်ကယ်ရီသမား နှစ်ယောက် သေတယ်တဲ့။
သူတို့က ခုံတော့ရတယ်။ အိုက်လို့ဆိုပြီး စက်ခေါင်းနားမှာ သွားစီးတာ။
ရထားမှောက်တော့ သူတို့ ညပ်သွားတယ်။ အဲဒီ ရထားတွဲမှာပါတဲ့ မိတ်ဆွေ
ကုန်သည်တယောက် ပြန်ပြောပြတာ” ဟု မြစ်ကြီးနားမြို့က ကုန်သည်တဦးက
မဇ္ဈိမကို ပြောသည်။

သို့သော် မြစ်ကြီးနားဘူတာမှ တာဝန်ရှိသူတဦးက ရထားမှောက်ခြင်းကြောင့်


လူသေဆုံးခြင်း မရှိကြောင်း ငြင်းဆိုသွားခဲ့ပြီး မန္တလေးဘူတာမှ
တာဝန်ရှိသူကမူ လူသေဆုံးသည့် ကိစ္စများကို မိမိတို့ မသိကြောင်း ပြောသည်။

ပျက်စီးသွားသည့် လမ်းပိုင်းအား ပြန်လည်ပြုပြင်နေသဖြင့် မန္တလေးနှင့်


မြစ်ကြီးနား ဘူတာရုံများတွင် တနင်္ဂနွေနေ့မှ ယနေ့အထိ မန္တလေး-
မြစ်ကြီးနားခရီးစဉ် လက်မှတ်များ ရောင်းချခြင်း မရှိဘဲ ခရီးစဉ်များကို
လမ်းချော်တိမ်းမှောက်ခဲ့သဖြင့် ရပ်ဆိုင်းထားးသည်။
ရထားလက်မှတ်များ
အရောင်းပိတ်ဆို့ထားကြောင်း “မြစ်ကြီးနား ခရီးစဉ်တွေ ရပ်ထားတာ ၃ ရက် ရှိပါပြီ။ ၁ဝ ရက်နေ့တော့
ဆိုင်းဘုတ်အား တွေ့ရစဉ် ပြန်ကောင်းသွားမှာပါ” ဟု မန္တလေး ဘူတာကြီး၏ စုံစမ်းရေးဌာနမှ
တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

မြစ်ကြီးနားဘူတာက တာဝန်ရှိသူတဦးက ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲမည်နေ့ကို မပြောနိုင်သေးကြောင်း


ပြောဆိုသည်။

မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ်ကို ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက အမှတ် ၃၇၊ ၅၅၊ ၅၇၊ ၄၁ စသည့် အမြန်
ရထား ၄ စင်းဖြင့် ပြေးဆွဲနေသည်။

မြန်မာနိုင်ငံတွင် လူစီးနှင့် ကုန်တင်ရထား အပါအဝင် မီးရထား အစင်းပေါင်း ၄၃၃ စင်းနှင့် ဘူတာရုံပေါင်း ၈၄ဝ
ရုံရှိကြောင်း ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းက ထုတ်ဝေခဲ့သည့် စစ်အစိုးရ၏ မြန်မာ့အလင်း သတင်းစာတွင်
ဖော်ပြခဲ့သည်။
Source:http://www.mizzimaburmese.com/news/inside-burma/5994-2010-09-07-13-06-16.html

ရှမ်း အပစ်ရပ်အဖွဲ့ထိန်းချုပ်ဒေသ စစ်တပ်အင်အား တိုးချဲ့


ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) ထိန်းချုပ် ထားသော တပ်မဟာ ၁ ဒေသတွင် မြန်မာ စစ်အစိုးရက
ပြီးခဲ့သည့် ရက်ပိုင်း အတွင်း စစ်တပ်အင်အား တိုးချဲ့ထားကြောင်း ရှမ်းပြည်နယ်

အတွင်း စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်နေသူများက ပြောသည်။

ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ) ၁နှင့် လွိုင်လင် အခြေစိုက် (စကခ) ၂ မှ တပ်ရင်း
တချို့တို့ကို SSA-N ထိန်းချုပ်ထားသော တပ်မဟာ ၁ ဒေသအနီး တ၀ိုက်တွင် တိုးချဲ့ချထားခြင်း ဖြစ်ကြောင်း
ရှမ်းပြည် တပ်မတော်(SSA) တောင်ပိုင်း၏ ပြောခွင့်ရ ပုဂ္ဂိုလ် တဦး ဖြစ်သည့် စိုင်းဆိုင်မိဏ်းက ဧရာဝတီသို့
ပြောသည်။

SSA-N တပ်မဟာ ၁ အနေဖြင့် စစ်အစိုးရက ကမ်းလှမ်းသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို


သဘောမတူသည့် အတွက်ကြောင့် စစ်ရေး အရ ဖိအားပေးတဲ့ ပုံစံမျိုး ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်း SSA-N တပ်မဟာ ၁ ကို ဗိုလ်မှူးကြီး ပန်ဖက ဦးဆောင်လျက်ရှိပြီး ၎င်းတို့ ထိန်းချုပ်ထားသော နယ်မြေ
တ၀ိုက်တွင်လည်း ၀ိုင်းထားသော ပုံစံမျိုးဖြင့် တပ်အင်အား ဖြည့်ဆည်းထားကြောင်း ဒေသခံများ ပြောပြချက်အရ
သိရှိရသည်။

ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းထားသော အပစ်ရပ် SSA-N မှ တပ်မဟာ ၃ နှင့် ၇ တို့ကိုလည်း အရှေ့မြောက်တိုင်း


စစ်ဌာနချုပ် တိုင်းမှူးက လွန်ခဲ့သော သြဂုတ်လ ၂၇ ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ကာ လက်နက်ချ ခိုင်း ကြောင်း
သိရှိရသည်။

မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့


အသွင်ကူး ပြောင်းရေး အတွက် ကြိုးပမ်းလျက်ရှိရာ ၎င်းအဖွဲ့က လက်မခံသဖြင့် စစ်ရေးအရ တင်းမာနေခြင်း
ဖြစ်သည်။

ယခုအခါ စစ်ဖြစ်မည်ကို စိုးရိမ်သဖြင့် ဒေသခံတချို့ ထွက်ခွာနေမှုများရှိကြောင်း အမည်မဖော်လိုသူ ဒေသခံ တဦးက


ပြောသည်။

“စစ်ကားတွေလာတယ် အစီးရေလည်းများတယ်၊ တချို့ကားတွေဆိုရင် လက် နက်တွေလားမသိဘူး။ တစီးလုံး


မိုးကာတွေနဲ့ အုပ် ထားတယ်၊ တပ်မဟာ ၁ နယ်တဝိုက်မှာ နေတဲ့သူ တချို့တော့ စစ်ဖြစ်မှာစိုးလို့
တခြားနည်းနည်းဝေးတဲ့ ရွာတွေဆီကို ပြောင်းသွား ကြ တယ်”ဟု ၎င်းက ဆိုသည်။

သျှမ်းသံတော်ဆင့် သတင်း ဌာနမှ အယ်ဒီတာ တဦးဖြစ်သူ ဦးစိန်ကြည်ကမူ“၀” ပြည် သွေးစည်းညီညွတ်ရေး


တပ်မတော် (UWSA)နှင့် ရှမ်းပြည် အရှေ့ပိုင်း အထူးဒေသ ၄ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်
(NDAA) မိုင်းလား ထိန်းချုပ် ဒေသရှိ တရုတ် နယ်စပ် တလျှောက်တွင် တရုတ် အာဏာပိုင်များက ဒေသခံများ၏
ဝင်ထွက်သွားလာမှုများကို ယခင်ကထက် စစ်ဆေးမှုများ ပိုမို ပြုလုပ်လာကြောင်းလည်း ၎င်းက ပြောသည်။

ယနေ့ စတင်သော မြန်မာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်နိုင်ငံ ခရီးစဉ်တွင် တရုတ်-
မြန်မာ နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကို ဖိအားပေးရေး အစီအစဉ်လည်း ပါဝင်နိုင်ကြောင်း
စစ်ရေး လေ့လာသူများက ပြောဆို နေကြသည်။

မိုင်းလားနှင့် UWSA ဒေသမြို့များသို့ ပို့ထားသည့် အစိုးရ၀န်ထမ်းများကိုလည်း နအဖ စစ်အာဏာပိုင်များက


ပြီးခဲ့သော တပတ်က နေရပ်သို့ ပြန်ခိုင်းနေကြောင်း သိရသည်။

UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ထက်မနည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉ မှ


၁၉၉၅ အတွင်း အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏
ထုတ်ပြန်ချက်များ အရ သိရှိရသည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များ အနေဖြင့် စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် နေထိုင်ရန်


ငြင်းဆန် ခဲ့ကြ သကဲ့သို့ လက်ရှိ အခြေအနေအတိုင်း ဆက်လက် နေထိုင်ခွင့် ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း
သတင်း ဖော်ပြချက်များ အရ သိရ သည်။
စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ်
ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/4009-2010-09-07-11-42-33

အပစ်ရပ်များအရေး အန်အယ်ဒီ ခရီးဆက်မည်


ဖနိဒါ | အင်္ဂါနေ့၊ စက်တင်ဘာလ ၀၇ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၅၈ မိနစ်

ချင်းမိုင် (မဇ္စျိမ)။ ။ စည်းရုံးရေး ခရီးစဉ်များအပြီး အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်များနှင့်


ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများအရေး ရှင်းလင်းမည့် ခရီးစဉ်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က
လာမည့် ရက်ပိုင်းအတွင်း စတင်တော့မည်ဖြစ်သည်။

ပထမအဆင့်အဖြစ် လူထုစည်းရုံးရေး ခရီးစဉ်များကို နိုင်ငံတဝှန်း သွားရောက်ခဲ့ပြီးနောက် ပါတီခေါင်းဆောင်


ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်အရ ဒုတိယအဆင့်အဖြစ် ယခုခရီးစဉ်ကို သတ်မှတ်ကာ ခရီးစဉ်သစ်များ
စတင်ရန် NLD က စီစဉ်လိုက်ခြင်း ဖြစ်သည်။


တိုင်းရင်းသားအရေးနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား၊
အနာဂတ် လူငယ်မျိုးဆက်သစ်တွေနဲ့ ပတ်သက်လို့ NLD နဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား၊ အဲဒါတွေ ပြည်သူသိအောင်
အကျေအလည် ချပြမယ့် အစီအစဉ်ပါ။ ဒီသတင်းစကားတွေ ပေးမှာ။
ပထမအသုတ်က စည်းရုံးရေးဆန်တာပေါ့။ အင်အားကို ချိန်ဆကြည့်တာ။
ဒုတိယခရီးစဉ်က နိုင်ငံရေးလုပ်ငန်းသက်သက် ဖြစ်ပါတယ်” ဟု NLD
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “စစ်မှန်တဲ့ ပြည်ထောင်စုဖြစ်ရေးဟာ ကျနော်တို့


လက်ခံထားတဲ့ မူဖြစ်တယ်။ ဘယ်လို အကောင်အထည်ဖော်ဖို့
ဒေါ်အောင်ဆန်းစုကြည် စဉ်းစားထားတာကို ရှင်းပြမှာပါ။ ပြောင်းလဲလာတဲ့
နိုင်ငံရေး အခြေအနေအပေါ် သူတို့ရဲ့ ရပ်တည်ချက်တွေ ပြောမှာပေါ့။
နိုင်ငံရေးလုပ်ငန်းသက်သက်
အမြင်ချင်း တူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ တဦးနဲ့ တဦး နားလည်လာမယ်’’
ဖြစ်ပါတယ်လို့ပြောသည့် NLD
ဟု ပြောသည်။
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်
ဦးအုန်းကြိုင်
ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲမထည့်မီ ၂ဝဝ၈
အခြေခံ ဥပဒေကို နားလည်စေရန် ရှင်းပြခြင်း၊ မိမိ ရပိုင်ခွင့်များအရ ဥပဒေနှင့်အညီ မဲပေးရေးနှင့် မဲမပေး၍လည်း
ရနိုင်ကြောင်း စသည့် ပြည်သူလူထုထံ မှာကြားချက်ကို NLD က ခရီးစဉ်များတွင် ရှင်းပြသွားမည်ဖြစ်သည်။

စစ်အစိုးရနှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား မပြေလည်မှုများကို နိုင်ငံရေးနည်းလမ်းအရ


ညှိနှိုင်းအဖြေရှာလျှင် ရေရှည်အကျိုးရှိမည်ဟု ဒေါ်အောင်ဆန်းစုကြည်က မကြာသေးခင်က တွေ့ဆုံခွင့်ရရှိစဉ် NLD
ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ရှေ့နေ ဦးဥာဏ်ဝင်းကို ပြောဆိုခဲ့သည်။

ယခု ခရီးစဉ် အစပြုရေးအတွက် NLD ဗဟိုအလုပ်အမှုဆောင်ဝင်များ၊ ဗဟိုဦးစီးအဖွဲ့ဝင်များ၊ အမျိုးသမီးအဖွဲ့များ၊


လူငယ်များ အပါအဝင် ၁၅ ဦးခန့်က ဒုဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်၌ ယမန်နေ့က အစည်းအဝေး ကျင်းပကာ
ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအမြင်နှင့် ခံယူချက်သည် ကောင်းမွန်သည့် သဘောထားများ ဖြစ်သည်ဟု


ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူးကြီး ဆင်ဝါးက မဇ္ဈိမကို ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် တကယ်ပြောသလား၊ မပြောဘူးလားဆိုတာတော့ ကျနော်တို့အနေနဲ့ မသိဘူး။ ဒါပေမဲ့


ရှေ့နေကနေ ပြောလာတယ်ဆိုတော့ အဲဒီလို ဒေါ်အောင်ဆန်းစုကြည်က အဲဒီအပြော၊ အဲဒီအမြင် ခံယူချက်ကတော့
ကျနော်တို့အားလုံးအတွက် ကောင်းမွန်တဲ့ အယူအဆ၊ သဘောထားတရပ် ဖြစ်ပါတယ်’’ ဟု သူက ပြောသည်။

ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးက ဧရာဝတီတိုင်းအတွင်း ၄ ရက်ကြာ ခရီးစဉ်တွင် ပါတီဝင်များက ရွေးကောက်ပွဲကို NLD က


သပိတ်မှောက်ခြင်းကို တညီတညွတ်တည်း ထောက်ခံမှုရယူကာ ပထမခရီးစဉ်ကို အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။

ပထမအဆင့် ခရီးစဉ်တွင် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ တနင်္သာရီ၊ ကရင်၊ မွန်၊ ရခိုင်၊ မကွေး၊ ရှမ်း အစရှိသည့် တိုင်းနှင့်
ပြည်နယ်များရှိ မြို့နယ် ၂ဝဝ ကျော်သို့ သွားရောက်စည်းရုံးခဲ့ကြသည်။ ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့မှ စတင်ကာ
ရက်ပေါင်း ၅ဝ အတွင်း ပထမ ခရီးစဉ်ကို သွားရောက်ခဲ့သည်။

“ပထမခရီးစဉ်က NLD ဆိုတာ ထုနဲ့ထည်နဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုအောက်မှာ အခိုင်အမာ၊


ညီညီညွတ်ညွတ်နဲ့ ရှိနေသေးတယ်ဆိုတာကို အသံညှိတဲ့ သဘောပါ” ဟု ဦးအုန်းကြိုင်က ပြောသည်။

NLD က ပါတီဖျက်သိမ်းခြင်း မပြုရေး တားဝရန်း ထုတ်ပေးရန်နှင့် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော်


ကိုယ်စားလှယ်များကို ဆက်လက်ရပ်တည်ခွင့်ရှိကြောင်း ကြေညာပေးရန် ပြီးခဲ့သည့် ဧပြီလ ၂၉ ရက်နေ့တွင် ဦးတိုက်
လျှောက်ထားခဲ့သည့် အမှု ၂ မှု လျှောက်လဲချက်များ ပြင်ဆင်ကာ တရားရုံးချုပ်သို့ မကြာမီ တင်ပြသွားမည်ဟု
ရှေ့နေ ဦးဥာဏ်ဝင်း အဆိုအရ သိရသည်။
Source:http://www.mizzimaburmese.com/news/inside-burma/5996-2010-09-07-14-30-22.html

ဝေါလေဒေသသို့ နအဖ တပ်အင်အား ဖြည့်ဆည်း


ရဲရင့် / ၀၇ စက်တင်ဘာ ၂၀၁၀

နအဖ တပ်ဖွဲ့ဝင်များပါဝင်သည့် စစ်ကားကြီးများ ဝေါလေဒေသ


အခြေစိုက် ကေအန်အယ်လ်အေတပ်ရင်း (၂၀၁) နှင့်
ဒီကေဘီအေတပ်မဟာ (၅) ဒေသများသို့ မြ၀တီမှတဆင့်
ထွက်ခွာသွားကြောင်း ကေအန်အယ်လ်အေ တပ်ရင်းမှူးတဦးက
ပြောကြားသည်။

ကေအင်အယ်လ်အေ တပ်ရင်း (၂၀၁) မှ တပ်ရင်းမှူး ဒု-


ဗိုလ်မှူးကြီးဘူးဖောက “ကျနော်တို့ ဒီသတင်းကို ရထားပါတယ်။
မနေ့က အလုံပိတ်စစ်ကား (၆) စီးနဲ့ သူတို့တပ်အင်အားတွေဖြည့်ပြီး ၀င်လာတာရှိတယ်။ စစ်မက်ဖြစ်ပွားမယ့်
အနေအထားတွေရဲ့ အရိပ်အရောင်တော့စလာပြီ။ ကျနော်တို့ဘက်ကတော့ စစ်ရေးသတိအမြဲထားပါတယ်။
အင်အားခြင်းကွာပေမယ့် ခံစစ်ရှင် ပြောက်ကျားစနစ်နဲ့ ရင်ဆိုင်သွားမှာဖြစ်တယ်” ဟု ပြောသည်။

ဒီကေဘီအေတပ်မဟာ (၅) မှ တပ်မှူးတဦးကလည်း နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းထားသည့်


ဒီကေဘီအေ တပ်ဖွဲ့ဝင်ဟောင်းများကို အသေခံရှေ့ပြေးထား၍ စစ်ဆင်ရေး စတင်မည်ဟု ခိုင်လုံသည့်သတင်းများ
ရရှိထားကြောင်း ပြောကြားသည်။

၎င်းက “နအဖကိုမကြိုက်လို့ ကျနော်တို့ အသွင်မပြောင်းဘဲ ဆန့်ကျင်တာပါ။ သူတို့လာတိုက်ရင် ပြန်တိုက်ရမှာပဲ။


နယ်ခြားစောင့်တပ်ရယ်၊ နအဖတပ်ရယ် ဘာမှ ခွဲနေဖို့မလိုဘူး။ ကိုယ်ဘာလည်းဆိုတာ မသိတဲ့လူတွေကိုလည်း
ဘာမှသက်ညာနေစရာ မလိုဘူး” ဟု ပြောသည်။

စစ်ယာဉ်တန်းများကို တွေ့ရှိသော မြ၀တီမှ အစိုးရ၀န်ထမ်းတဦးက “တက်သွားတာကတော့ သေချာတယ်။


စစ်ဆင်ရေးကာလလည်း မဟုတ်ဘူး၊ ထူးတော့ အတော့်ကို ထူးတယ်။ မြ၀တီကလူကြီးတွေ ယူဆတာကတော့
ရွေးကောက်ပွဲမတိုင်မီ ဒီဝေါ်လေခွင်ကို အပြီးသိမ်းချင်တာဖြစ်မယ်လို့ ပြောနေကြတယ်။ အဲဒီနေရာတွေမှာ
တိုက်ပွဲတွေကလည်း ခဏခဏဖြစ်နေတယ်” ဟု ပြောသည်။

ယင်းဒေသတွင် အခြေစိုက်ပြီး စစ်ရေးလှုပ်ရှားနေသည့် ကေအန်အယ်လ်အေနှင့် ဒီကေဘီအေတပ်မဟာ (၅) သည်


တရားဝင်ပူးပေါင်းမှု ပြုလုပ်ထားခြင်းမရှိသော်လည်း စစ်ရေးအရ အပြန်အလှန်နားလည်မှု ယူထားသည်ဟု
သိရသည်။

မြ၀တီခရိုင်အတွင်းရှိ ဝေါ်လေဒေသသည် မြို့၏တောင်ဘက် မိုင် (၃၀) ခန့်အကွာအဝေးတွင် တည်ရှိပြီး


ကေအန်အယ်လ်အေ၊ ဒီကေဘီအေနှင့် စကခ (၈) လက်အောက်ခံ နအဖတပ်များ စစ်ရေးလှုပ်ရှားရာဒေသဖြစ်ပြီး
ထိုင်းနယ်စပ်မျဉ်းအနီးတည်ရှိသည်။

Source:http://khitpyaing.org/index.php?route=detail&id=4316

အပူလှိုင်း ထိန်းသိမ်းနိုင်ရန် သစ်ပင်စိုက်ပျိုး


မြတ်ခိုင်ဦး / ၀၇ စက်တင်ဘာ ၂၀၁၀

ပြီးခဲ့သည့်မေလအတွင်း မန္တလေးမြို့တွင် အပူလှိုင်းဖြတ်သန်းမှု ဖြစ်ပွားခဲ့ပြီးသည့်နောက်


အပူလှိုင်းထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ စိမ်းရောင်စိုအဖွဲ့မှ (၁၅) ကြိမ်မြောက်
သစ်ပင်စိုက်ပျိုးမှု ပြုလုပ်ကြသည်။

အဆိုပါစိုက်ပျိုးမှုအစီအစဉ်ကို လွန်ခဲ့သည့် ဇွန်လ (၅) ရက်နေ့မှစတင်၍ အပတ်စဉ်


စနေနေ့တိုင်း ပြုလုပ်လာခဲ့ကြခြင်းဖြစ်ပြီး မန္တလေးမြို့မှ လူထုစာပေတိုက်နှင့် စာရေး
ဆရာများ၊ ကဗျာဆရာများ၊ ဆရာဝန်များ၊ ကုန်သည်များ စုပေါင်း၍ စိမ်းရောင်စို
လှုပ်ရှားမှုဟုခေါ်ဆိုသော သစ်ပင်ချစ်သူများက စိုက်ပျိုးကြခြင်းဖြစ်သည်။

မန္တလေးတိုင်း၊ တံတားဦးမြို့နယ် သူငယ်တော်တောရ လောကထွဠ်တင် စေတီနှင့်


ပင်းယ ရွှေစည်းခုံ စေတီဘုရားဝင်းများ အတွင်းတွင် အရေအတွက် (၂၀၀)
ကျော်ရှိသော အပင်ကြီးမျိုးများဖြစ်သည့် မယ်ဇယ်၊ တမာ၊ မန်ကျည်း၊ သပြေ၊
ဘွားဘက်တော်၊ ခရေပင်များအား စိုက်ပျိုးကြခြင်းဖြစ်သည်။ ယခုအခါတွင် အပင်ပေါင်း (၃,၀၀၀) ကျော်ကို စိုက်ပျိုး
ခဲ့ပြီးဖြစ်သည်။

ထိုသို့စိုက်ပျိုးရခြင်းသည် မေလဆန်းအတွင်းက မန္တလေးတွင် ရက်ပေါင်း (၂၀) ခန့် ဖြစ်ပေါ်ခဲ့သော


အပူလှိုင်းဖြတ်မှုတွင် လူအတော်များများ သေဆုံးခဲ့ရ၍ ကပ်ရောဂါသဘောမျိုး လူအများ အထိတ်တလန့်
ဖြစ်ခဲ့ကြရပြီး မေလ (၁၅)ရက် တနေ့တည်းတွင်ပင် လူ (၂၀၀) ကျော်ခန့် သေဆုံးမှုများ ရှိခဲ့သဖြင့်
သစ်ပင်စိုက်ခြင်းဖြင့် အပူလှိုင်းကို ထိန်းနိုင်ပြီး သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးကို လူအများသိရန်
ရည်ရွယ်ကြောင်း စိမ်းရောင်စိုအဖွဲ့ဦးဆောင်သူ တဦးဖြစ်သည့် ကိုအောင်က ပြောကြားသည်။

မန္တလေးမြို့တွင် နာရေးကူညီမှုအသင်း (၄၃) သင်းရှိပြီး အဆိုပါအသင်းမှ ကားများမှာ အပူလှိုင်း ကျရောက်သည့်


ကာလအတွင်း အားလပ်မှု မရှိတော့သည်အထိဖြစ်ခဲ့ရကြောင်း၊ ထိုရက်ပိုင်းတွင် မန္တလေး တောင်မြင့်
သုသာန်တခုတည်းတွင် လူပေါင်း (၁၀၀) ကျော် နေ့စဉ်သင်္ဂြိုဟ်ခဲ့ရပြီး မန္တလေး တမြို့လုံးတွင် လူပေါင်း (၂,၀၀၀)
ကျော် သေဆုံးခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါအဖွဲ့သည် မူလတန်းကျောင်းများတွင် သစ်ပင်စိုက်ပျိုးပေးခြင်းနှင့်အတူ စာအုပ်စာတမ်းများ ပေးလှူခြင်း၊


ဆရာဝန်များက ကျန်းမာရေး စစ်ဆေးပေးမှုများ ပြုလုပ်ခြင်းနှင့် ဖျော်ဖြေရေးအဖြစ် ကလေးငယ်များအား
မျက်လှည့်ပြသခြင်းတို့ကိုလည်း ပြုလုပ်ကြသည်ဟု သိရသည်။

စိမ်းရောင်စိုအဖွဲ့ဝင်များသည် အပတ်စဉ်စနေနေ့တိုင်း အင်္ကျီအစိမ်းရောင်များဝတ်၍ မန္တလေးတိုင်းရှိ မြို့နယ်များတွင်


သစ်ပင်များ လိုက်လံစိုက်ပျိုးပေးနေခြင်းဖြစ်ပြီး အဆိုပါ လှုပ်ရှားမှုအတွက် ရန်ပုံငွေကို အလှူရှင်များက
ထည့်ဝင်သည့်အပြင် အဖွဲ့ဝင်များက ကိုယ်စီစိုက်ထုတ်၍လည်း ပြုလုပ်နေကြခြင်းဖြစ်သည်။

“အတားအဆီး မရှိရင်တော့ ကျနော်တို့ ဆက်လုက်လုပ်ဆောင်သွားမှာပါ” ဟု ဦးဆောင်သူတဦးက ပြောဆိုသည်။

Source:http://khitpyaing.org/index.php?route=detail&id=4310

မိုးရာသီတွင် ရေရှား၍ စစ်တွေ ရပ်ကွက်တချို့ အခက်ကြုံ

စစ်တွေရှိ ရေတွင်း တစ်ခုနှင့် ရေအလာကို မျှော်နေသော ရေပုံးများ

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် မိုးရာသီ အတွင်း ရေရှားပါးနေသဖြင့် ရပ်ကွက်တချို့တွင် ရေကြောင့်


ပြည်သူများ အထူး ဒုက္ခရောက်နေကြရသည်ဟု ရပ်ကွက်နေ အမျိုးသမီးများက ပြောသည်။

ရွှေပြားရပ်ကွက်မှ အသက် ၄၀ အရွယ် အမည်မဖေါ်လိုသူ တစ်ဦးက "ကျွန်မတို့ ရွှေပြားရပ်ကွက်ကို


ကန်တော်ကြီးက ရေကို တပတ်မှာ တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာ သုံးရက်ပေးမယ်ဆိုပြီး တရားဝင် စည်ပင်က
စာကပ်ထားပါတယ်။ အဲသလို စာကပ်ထားပေးမယ့် သုံးရက်မှာ တစ်ရက်ဘဲ ပုံမှန် လာပါတယ်။ အခုပိုဆိုးတာက
ဘယ်နေ့လာမလဲဆိုတာ မသိရတော့ဘူး။ လာချင်တဲ့ အခါ လာတယ်။ မလာချင်တဲ့ခါ တပတ်လုံး
မလာတော့ပါဘူး"� ဟု ပြောသည်။

ရေမလာလျှင် ရေပေးဝေရေး ရုံးသို့ ဖုံးဆက်တိုင်ကြားနိုင်ကြောင်း စာထဲတွင် ဖုံးနံပတ်ကို ရေးသား ဖေါ်ပြထားသဖြင့်


ရေမရရှိကြောင်း ဖုံးဆက်တိုင်ကြားသော်လည်း အကျိုးမထူးကြောင်း သူမက ပြောသည်။
တခြားအမျိုးသမီးငယ် တစ်ဦးကလည်း ရေလာမည့် ရက်ကို မသိသဖြင့် အများပြည်သူသုံးရန် ထားရှိသော
လမ်းနဘေးရှိ ရေတွင်းများ ဘေးတွင် မိုးလင်းသည်နှင့် ရေပုံးများဖြင့် စီတန်းကာ ရေအလာကို စောင့်နေ ရသည်မှာ
ပြည်သူများ အတွက် အလုပ်တစ်ခု ဖြစ်နေသည်ဟု ပြောသည်၊

"အခု ရပ်ကွက်ထဲမှာ အိမ်တိုင်းလိုလိုက ရေစောင့်ရတာနဲ့ အလုပ်တစ်ခုလို ဖြစ်နေပါတယ်။ မနက်လင်းအားကြီး


အချိန် ရောက်တာနဲ့ ရေသွားစောင့်ရတယ်။ ရေလာမှ လာပါ့မလား ဆိုပီး မျှော်နေရတာလည်း အမောပါဘဲ။
ဘယ်နေ့လာမလဲဆိုတာကို မသိရတဲ့ အတွက် ရေပုံးတွေကို ရေတွင်းနားမှာ ချပြီး စောင့်နေကြရပါတယ်။ အားလုံး
ဒုက္ခရောက်ကြရပါတယ်" ဟု ပြောသည်။

ရေလာသည့် ရက်များတွင် နေအိမ်ရှိ ယောက်ကျား၊ မိန်းမနှင့် ကလေးပါ မကျန် ရေကို အလုအရက် သူ့ထက်
ငါဦးအောင် ရယူရကြောင်း ထိုသို့ ရေကို အလုအယက် ယူငင်ရသည့် အတွက် ရပ်ကွက်အတွင်း၌ တစ်ဦးနှင့် တစ်ဦး
အမုန်းပွားကာ ပြသနာများတိုးလာကြောင်း သူမက ပြောပါသည်။

ရေအလုအယက် သယ်နေကြသူများ

" ရေလာတဲ့ အချိန်မှာ သူလု ကိုယ်လု ရေကို ယူကြရတော့ သူဦးတယ်။ ငါဦးတယ်။ သူအလှည့် ငါအလှည့် ဆိုပြီး
ရေကို လုကြရတဲ့ အတွက် ရပ်ကွက်တွင်းမှာ မကြာခဏ စကားများကြတာတွေ၊ ခိုက်ရန် ဖြစ်ပွား ကြတာတွေလည်း
ရှိပါတယ်။ ရေကြောင့် ရပ်ကွက်အတွင်းမှာ တစ်ဦးနဲ့ တစ်ဦး အမုန်းတွေ တိုးပွား လာတာတွေလည်း
ဖြစ်ပေါ်လာပါတယ်။"�

ရွှေပြားရပ်ကွက်ကဲ့သို့ စစ်တွေမှ ရပ်ကွက်အများအပြားတွင် ရေပုံမှန်မလာသဖြင့် ရပ်ကွက်နေ လူထု အနေဖြင့်


အထူး ဒုက္ခရောက်နေကြကြောင်းနှင့် ဝေးလံသည့် ရေကန်များမှ ရေများကို လိုက်လံ ခပ်ယူကြရသဖြင့် ရေဒုက္ခမှာ
ယခုလောလောဆယ်တွင် စစ်တွေ ရပ်ကွက်နေ လူထုအတွက် အကြီးမားဆုံး ပြဿနာ ဖြစ်နေကြောင်း သူမက
ပြောသည်။

ရေ၀ယ်သုံးလျှင်လည်း ဈေးနှုံးကကြီးသောကြောင့် တနေ့လုပ်မှ တနေ့စားရသော ပြည်သူများမှာ ၀ယ်ယူ၍


သုံးစွဲနိုင်ခြင်း မရှိကြောင်း သိရသည်။

ရပ်ကွက်နေ ပြည်သူများက ရေခက်အခဲကို ရပ်ကွက် အတွင်းရှိ ရယက တာဝန်ရှိသူများအား တင်ပြ


တောင်းဆိုသော်လည်း ယနေ့ထိ လုပ်ဆောင် ပေးခြင်းကို မရှိသည့် အပြင် တိုင်ကြားလျှင်လည်း သူတို့
ကိုယ်တိုင်ပြော၍ မကောင်းသဖြင့် ရပ်ကွက်ရှိ အမျိုးသမီးများကိုယ်တိုင် သွားရောက်ပြီး စည်ပင်ကို ပြောကြားရန်
တိုက်တွန်းသည်ဟု အမျိုးသမီးများက ပြောသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ် မိုးရာသီ အတွင်း မိုးခေါင်နေသောကြောင့် မိုးရေ လုံလောက်စွာ မရ၍ လာမည့်နှစ်


နွေရာသီတွင် ရေအခက်အခဲ များစွာ ဖြစ်ပေါ်နိုင်သည်ဟု လေ့လာ သုံးသပ်သူများက ပြောသည်။

Source:http://www.narinjara.com/detailsbur.asp?id=2719

ရိုမေးနီးယားမှ ကချင်ဒုက္ခသည်များ စားဝတ်နေရေး အခက်တွေ့နေ


Tuesday, 07 September 2010 15:27 KNG

မလေးရှားဒုက္ခသည်စခန်းမှ ဥရောပတိုက် ရိုမေးနီးယားနိုင်ငံသို့ ပို့ဆောင်ခံရသော မြန်မာပြည်မှ ပထမဆုံး


ကချင်ဒုက္ခသည် ၃၈ဦးသည် အဆိုပါအစိုးရမှ ထောက်ပံငွေအစား ယူရို (Euro) ငွေများ အတင်းချေးပေးနေသဖြင့်
ဒုက္ခရောက်နေကြောင်း သိရသည်။

“ပြီးခဲ့တဲ့စက်တင်ဘာ ၂ ရက်နေ့က၂ နာရီမှာလာမယူဘူးဆိုရင်


ဒီကနေဆင်းပါတဲ့။ အဲလိုခြိမ်းခြောက် လာတယ်။
မောင်းထုတ်ရင်တော့ ထွက်မှာပဲ။ ဒီငွေ မယူလို့ရှိရင် နောက်ထပ် ၉
လတောင် ပိုက်ဆံပေးတော့မှာ မဟုတ်ဘူးလို့ ပြောလာတယ်” ဟု
ကချင်ဒုက္ခသည်အစ်မကြီးတစ်ဦးပြောသည်။

ရိုမေးနီးယားအစိုးရက ပြီးခဲ့သည့် သြဂုတ်လ ၂၀ ရက်နေ့မှစ၍


ဒုက္ခသည်တစ်ဦးကို ၁၃၂ ယူရို ချေးငွေလက်ခံရန်
ခြိမ်းခြောက်လာမှုကြောင့် ဒုက္ခသည် ၈ဦးမှာ ထိုချေးငွေကို
ကချင်ဒုက္ခသည် Mabu Ying Ram Yin Bee လက်ခံခဲ့ရသည်ဟု သိရသည်။

ယခင်မလေးရှားမှ မ ထွက်ခွာမီ ယင်းဒုက္ခသည်များအား ထိုနိုင်ငံသို့ရောက်လျှင် ”ထောက်ပံငွေ၊ ဒုက္ခသည်


ထောက်ထားညှာတာငွေနှင့် ချေးငွေများ” ပေးသွားရန်ရှိကြောင်းနှင့် ထောက်ပံငွေအဖြစ် တစ်ဦးကို တစ်လ ၁၃၅
ယူရို ရမည်ဟု ကတိပြုထားကြောင်း သိရသည်။

ဒုက္ခသည်များကို မလေးရှားတွေကတိပြုခဲ့သောထောက်ပံ့ငွေမှာ ယခု ရိုမေးနီးယားတွင် အစိုးရချေးငွေအဖြစ်သို့


ပြောင်းသွားခြင်းဖြစ်သည်။

လက်ရှိတွင် ဒုက္ခသည်များအား အစိုးရမှ ထောက်ပံ့ငွေအဖြစ် နှစ်ပတ်တစ်ကြိမ် တစ်ဦးကို ရိုမေးနီးယားငွေ Lei ၅၃-


၄၇ ကြား (တစ်နေ့ တစ်ဒေါ်လာနှုန်း) ထောက်ပံ့နေသော်လည်း လုံလောက်မှု မရှိသဖြင့် နေ့စဉ်ဝမ်းစာနှင့်
ကျန်းမာရေးကိစ္စ ဖြေရှင်းရန် အခက်အခဲတွေ့နေရပါသည်။

ဒုက္ခသည် ၃၈ ဦးအတွက် အစိုးရမှ ဆေးဆရာဝန် တစ်ဦးထားရှိပေးသော်လည်း “ခေါင်းမှုးခေါင်းကိုက်ဆိုရင်


ကိုယ့်ဟာကိုယ် ဆေးဝယ်သောက်ပါ။ အရမ်းအရေးကြီးတဲ့ အခြေအနေရောက်မှ ဆရာဝန်ကိုမေးကြည့်ပြီး
ဆေးရုံလာပါတဲ့” ဟု ဒုက္ခသည်မှ ဆက်ပြောသည်။

စားဝတ်နေရေးဖြေရှင်းရန် ပြင်ပတွင် အလုပ် လုပ်မည်ဆိုပါက ဘာသာစကားအခက်အခဲနှင့် အစိုးရမှ


နေထိုင်ခွင့်ပေးထားသည့်ဒုက္ခသည်နေအိမ်များမှ ထွက်ခွာရမည်ဖြစ်သည်။ တစ်ဖန် သီးခြားအိမ်ခန်းငှားရန်လည်း
ရရှိနိုင်သောလုပ်အားခနှင့် အိမ်ခန်းခ မျှတမှု မရှိ ကြောင်းသိရသည်။

ဒုက္ခသည်အမျိုးသမီး တစ်ဦးက “အလုပ်တကယ်လုပ်ခဲ့လို့ရှိရင် ထောက်ပံငွေ ပေးတော့မှာမဟုတ်တော့ဘူး။


တကယ်တာအပြင်မှာ နေရမယ်ဆိုရင်လည်း အိမ်လခအရမ်းဈေးကြီးတယ်။ ငှား(အိမ်ခန်း)ခဲ့မယ်ဆိုရင်
အနည်းဆုံးတော့ ယူရို ၂၀၀၊ တောမှာဆိုရင် ၁၅၀ ယူရို ရှိတယ်၊ တခြားအာဖဂန္နစတန် ဆိုရင်
တစ်လကိုအခုလောလောဆယ် လုပ်နေတဲ့သူတွေက ယူရို ၁၅၀၊ ယူရို ၂၀၀နဲ့ လုပ်နေရတယ်၊ အဲဒီတစ်လလုံးလုပ်တဲ့
လခဟာ အိမ်လခစရိတ်နဲ့ တင်ကုန်သွားမယ်။” ဟူ ညည်းတွားခဲ့သည်။

ရိုမေးနီးယားအစိုးရချေးငွေအား ကချင်ဒုက္ခသည် ၃၀ဦးသည် ယခုထိလက်မခံကြောင်း ငြင်းဆိုနေပြီး၊ နောက်လည်း


၎င်းချေးငွေအားလက်ခံမည် မဟုတ်ကြောင်း သိရပါသည်။
Source:http://kachinnews.com/burmese/2010-01-18-05-43-21/248-2010-09-07-10-01-23.html

ချင်းအမျိုးသားပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၃ ဦးသာ


တင်သွင်းနိုင်
ခိုနူမ်းထုန်သတင်း၊ ၇ စက်တင်ဘာ ၂၀၁၀

လာမည့်ရွေးကောက်ပွဲတွင် ချင်းတမျိုးသားလုံးကိုယ်စားပြုပြီး ၀င်ရောက် ယှဉ်ပြိုင် မည့် ချင်းအမျိုးသားပါတီ


(စီအဲန်ပီ)က ငွေကြေး နှင့် အချိန်ကျပ် တည်းမှုကြောင့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၃ ဦးသာ ရွေးကောက် ပွဲ
ကော်မီရှင်ထံ တင် သွင်းနိုင်ခဲ့သည်ဟုသိရသည်။

စီအဲန်ပီ သည် နဂိုက လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၅ ဦးတင်သွင်း ရန်စီစဉ်ထားသော်လည်းရွေးကောက်ပွဲ


ကော်မီ ရှင်မှ သတ်မှတ်ထားသည့် ကော်မီရှင်ကြေး ကျပ်ငွေ ငါးသိန်း ပေးသွင်းရေး နှင့် ကော်မီရှင်မှ ပေး ထားသည့်
လွှတ်တော်ကိုယ်စားလှယ်လောင်းတင်သွင်း ရမည့်ရက် ပေး
ထားသည့်အချိန်တိုတောင်းလွန်းလှသည့်အတွက်ကြောင့်အမတ်လောင်း ၂၃ ဦးသာတင်
သွင်းနိုင်ခဲ့ခြင်းဖြစ်သည်ဟုစီအဲန်ပီပါတီ အထွေထွေအတွင်း ရေးမှူးဆလိုင်းကျဲအိုဘခ်ထောင်းက ခိုနူမ်း
ထုန်ကိုပြောသည်။

“ ရွေးကောက်ပွဲကော်မရှင်ကနေ သတ်မှတ်ထားတဲ့ အမတ်လောင်းကြေး ငါး သိန်းဟာကျနော်တို့ အတွက် သိပ်ကို


များ လွန်းပါတယ်၊ပြီးတော့ ကော်မီရှင် ကသတ်မှတ်ထားတဲ့အချိန်ဟာလည်း တကယ်ကို တိုတောင်း လွန်းပါတယ်
ဒါကြောင့် ကျနော်တို့ ရည်ရွယ်ထားသလို ဖြစ်မလာနိုင်တော့ ဘူး ရွေး ကောက်ပွဲကော်မီရှင်ပေါ်မှာလည်း ကျနော်တို
့အတော်လေးကို စိတ် ပျက်မိ တယ်”ဟုစီ အဲန်ပီအထွေထွေအတွင်းရေးမှူးက ပြောသည်။

စီအဲန်ပီပါတီအနေဖြင့် ချင်းပြည်နယ် တွန်းဇံ၊ မတူပီ ၊ ပလက်ဝ မြို့ နယ် တို့တွင် ၀င်ရောက်ယှဉ် ပြိုင်နိုင်တော့
မည်မဟုတ် ကြောင်း ထို့ အပြင် ဖလမ်းနှင့် ကန်ပက်လက် မြို့ တို့ မှ ၀င်ရောက်ယှဉ်ပြိုင်မည့် စီအဲန်ပီ လွှတ်
တော်ကိုယ်စားလှယ် လောင်း များကို လည်း ပြန်လည်လျော့ ချခဲ့သည်ဟု သိရသည်။

“အရင်က ကျနော်တို့ ဖလမ်းမြို့ နယ်မှာ ၅ ဦး ၀င်ပြိုင်ဖို့ စီစဉ်ထားပေမဲ့၃ ဦးဘဲဝင်နိုင်တော့မယ် ပြီးတော့ ကန်ပက်
လက်မြို့ နယ်မှာလည်း အရင် ကအမတ်လောင်း ၄ ဦး ရွေးချယ်ထားပေမဲ့ ၃ ဦးဘဲဝင်ပြိုင်နိုင် တော့ မယ်”ဟုဆလိုင်း
ကျဲအို ဘခ်ထောင်းကပြောသည်။

နအဖစစ်အစိုးရကျင်းပပေးမည့် လာမည့်ရွေးကောက်ပွဲတွင် ချင်းအမျိုး သား ပါတီနှင့် ချင်းတိုးတက်ရေးပါတီ တို့ က


ချင်းတ မျိုးသားလုံးကို ကိုယ်စား ပြုပြီး ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

အလားတူတိုင်းရင်းသားလူမျိုးများဖွံ့ ဖြိုးရေး ပါတီ (အီးအဲန်ဒီပီ) ကလည်း ချင်းအနွယ်ဝင်


မရာမျိုးနွယ်စုကိုယ်စားပြုပြီး လာမည့်ရွေးကောက်ပွဲတွင် ချင်းပြည်နယ် မတူပီမြို့ နယ်မဲဆန္ဒနယ်၌၀င်
ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ချင်းတိုးတက်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၁ ဦး နှင့် အီးအဲန်ဒီပီက


လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ တို့ ကိုရွေးကောက် ပွဲ ကော်မီရှင်ထံတင်သွင်းခဲ့ပြီးဖြစ်သည်။

ယခုကဲ့သို့  နိုင်ငံရေးပါတီများ အမတ်လောင်းကြေးပေးသွင်းရေးနဲ့ အခက် အခဲဖြစ်နေကြပြီး ၄င်းတို


့၏လွှတ်တော်ကိုယ်စား လှယ်လောင်းများလျော့ချ မှုများရှိနေချိန်တွင် စစ်အစိုးရ ကျော
ထောက်နောက်ခံပြုထားသည့် ပြည် ထောင်စုကြံ့ခိုင်းရေး နှင့် ဖွံ့ ဖြိုးရေးပါတီ(ယူအက်စ်ဒီပီ)ကတော့ လွှတ်
တော်ကိုယ်စား လှယ်လောင်း တစ်ထောင်ကျော်ကို အခက်အခဲမရှိဘဲ တင် သွင်းနိုင်ခဲ့သည်။

Source:http://www.khonumthungburmese.org/index.php?
subaction=showfull&id=1283839705&archive=&start_from=&ucat=1&

ပါတီဝင်များသွားလာရာတွင် စစ်ဆေးမှုပြုလုပ်လာ
September 6th, 2010

ရိုင်မရော့ – လက်ရှိအခြေအနေမှာ ပြည်တွင်းရှိ


မွန်ပြည်သစ်ပါတီဝင်များ သွားလာနေသည်ကို စစ်အစိုးရတို့မှ စစ်ဆေးနေကြောင်း သိရသည်။

လက်နက်စွန့်လွှတ်ရမည်ဟု မွန်ပြည်သစ်ပါတီအပေါ် စစ်အစိုးရတို့တောင်းဆိုသည်ကို မွန်ပြည်သစ်ပါအနေဖြင့်


လက်မခံနိုင်ကြောင်း စက်တင်ဘာ ၁ ရက်နေ့တွင် အကြောင်းပြန်ထားပြီဖြစ်သည်။

ပြည်တွင်းမွန်ပြည်သစ်ပါတီဆက်ဆံရေးရုံးအသီးသီးမှ တာဝန်ထမ်းဆောင်နေသည့်ပါတီဝင်များအား စက်တင်ဘာ ၁


ရက်မတိုင်မီ နီးစပ်ရာ ခရိုင်သို့ရောက်ရှိရန် ပါတီမှ ပြန်လည်ခေါ်ဆောင်ထားပြီးဖြစ်သည်။

“ဒီအတောအတွင်းမှာ စစ်ဆေးရေးက တော်တော်တင်းကျပ်တယ်၊ နယ်စပ်က သွားလာလို့ရတဲ့ဘက်မှာဆို


ပိုဆိုးတယ်၊ ဥပမာဆို မြဝတီကနေ မော်လမြိုင်ကို ဆင်းလာတဲ့လမ်း ပြီးတော့ ဘုရားသုံးဆူကို တက်တဲ့လမ်း
ရေးဘက်တွေမှာလည်း စစ်ဆေးတယ်၊ အိတ်တွေ ဘာတွေ ဖွင့်တဲ့အထိ စစ်တယ်၊ ပါတီက
လူတွေပါလားဆိုတာလည်းမေးတယ်” ဟု ယခုရက်ပိုင်းအတွင်း ဘုရားသုံးဆူသို့ တက်လာသူတစ်ဦးက ပြောသည်။

ယခုဆိုလျှင် ပစ်ခတ်သည့်အခြေအနေ မရောက်သေးသော်လည်း ပြည်တွင်းရှိ ကားအသွားအလာတွေမှာ


စစ်ဆေးရေးဂိတ်၌ မွန်ပြည်သစ်ပါတီဝင် ပါ၊ မပါသည်ကို မေးမြန်းနေတဲ့အခြေအနေမှာ ရှိနေပါတယ်ဟု ပါတီနှင့်
နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

အရှေ့တောင်တိုင်းစစ်ဌာနချူပ်မှ မွန်ပြည်သစ်ပါတီနှင့် သြဂုတ်လ ၂၃ ရက်နေ့ တွေ့ဆုံစဉ်မှာ အကယ်၍


လက်နက်စွန့်လွှတ်ရေးကို ပါတီအနေနှင့် လက်မခံပါက နကိုယ်မူလ လက်နက်ကိုင် သောင်းကျန်းသူအဖြစ်
သတ်မှတ်လိုက်မည်ဖြစ်ပြီး မိမိတို့နှင့်လည်း ဥပဒေအရ တရားဝင်ဆက်ဆံ၊ ဆက်သွယ်ခွင့်မရှိတော့ကြောင်း
အသိပေးထားသည်။

ထိုမျှမက မွန်ပြည်နယ် မုဒုံမြို့နှင့် သံဖြူဇရပ်မြို့ အကြားတွင်လည်းကောင်း၊ သံဖြူဇရပ်- ဘုရားသုံးဆူလမ်းရှိ


ရဲတံခွန်ကျေးရွာအနီးတွင်လည်းကောင်း စစ်အစိုးရတပ်များကို ဖြန့်ကျက်ချထားပြီး မွန်ပြည်သစ်ပါတီကလည်း
တပ်လှန့်ထားသည့်အနေအထားမှာ ရှိနေသည်။

တပ်အသွင်ကူးပြောင်းရေးကိစ္စနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီအနေဖြင့် လက်မခံနိုင်သေးကြောင်းကို ဧပြီလ ၂၂


ရက်နေ့၊ ဧပြီလ ၂၅ ရက်နေ့ နှင့် သြဂုတ်လ ၃၀ ရက်နေ့တို့၌ ယခုနှစ်တွင် သုံးကြိမ်တိုင် အရှေ့တောင်တိုင်း
စစ်ဌာနချုပ်သို့ စာဖြင့် အကြောင်းပြန်ခဲ့သည်။

မွန်ပြည်သစ်ပါတီသည် မြန်မာစစ်အစိုးရနှင့် ၁၉၉၅ ခုနှစ်တွင် အပစ်ခတ်ရပ်စဲလာခဲ့သည်။ ထိုနောက်ပိုင်း


မြန်မာစစ်အစိုးရတို့နှင့် သဘောတူညီချက်ရယူပြီး မော်လမြိုင်၊ ရေး၊ သံဖြူဇရပ်၊ ဘုရားသုံးဆူအစရှိသည့်မြို့တွေမှာ
ဆက်ဆံရေးရုံးများ ဖွင့်လှစ်လာခဲ့သည်။

Source:http://monnews.org/bu/?p=630

You might also like