You are on page 1of 10

ဦးတင်ဦး နုင

ိ င
်ေ
ံ ရး စည်းရံုး ရေးခရီးထွက်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခြင်း


မရှိပေမဲ့ နိုင်ငံရေးပါတီအဖြစ်နဲ့ ဆက်လက် တည်ရှိနေပြီး နိုင်ငံရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့
ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။ ဦးတင်ဦးနဲ့ NLD ခေါင်းဆောင်တချို့ မြစ်ဝကျွန်းပေါ်ဒေသ ခရီးစဉ်အတွင်း
ပုသိမ်မြို့ကို ရောက်နေတဲ့အချိန်မှာ အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့
ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးနဲ့ ဗဟိုကော်မီတီဝင်တချို့ ပုသိမ်မြို့နဲ့ အနီးအနား ပတ်ဝန်းကျင်မှာရှိတဲ့ မြို့နယ်အသီးသီးက


အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံအပြီးမှာ အဖွဲ့ချုပ်ဟာ နိုင်ငံရေး အဖွဲ့အစည်းအဖြစ်နဲ့ ဆက်လက် တည်ရှိနေသေးတဲ့အကြောင်း
ဦးတင်ဦးက ပြောလိုက်တာပါ။

“အခုလောလောဆယ်မှာ အဖွဲ့ချုပ်က နိုင်ငံအရေး၊ ပါတီအရေးတွေနဲ့ ဘယ်သူတွေ ဘာပဲပြောပြော


နိုင်ငံရေးအဖွဲ့အစည်းအရ ရှိတယ်။ သူတို့လည်းပဲ သူတို့ဘက်က ဒီဟာနဲ့ပတ်သက်တာကို လုံးဝ ခံယထ
ူားတယ်။
အဲဒီတော့ နိုင်ငံရေး အဖွဲ့အစည်းတရပ် အနေနဲ့ နိုင်ငံရေးကိစ္စ အ၀၀ကို လုပ်ရမယ်။ ဆိုလိုတာကတော့ဗျာ
နိုင်ငံရေးအဖွဲ့အစည်းကို အထူးသဖြင့် ပိုမို ကျစ်ကျစ်လျစ်လျစ်နဲ့ ပိုပြီး ဖြစ်သင့်တာဖြစ်အောင် လုပ်နိုင်မယ့်ကိစ္စကို
ပိုပြီးတော့ ၀ိုင်းဝန်းကြမယ်ပေါ့။ နောက်ပြီးတော့ အခြားအခြားသော အင်အားစုတွေကိုလည်း သူတို့အားလုံးနဲ့ ပိုမို
ညှိနှိုင်းဆောင်ရွက်ဖို့အကြောင်းပေါ့။ ကျနော်တို့ အဖွဲ့ချုပ်က အခုလုပ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်လို့
နိုင်ငံရေးကိစ္စအ၀၀တွေ ရှိပါတယ်။”

အဖွဲ့ချုပ် လုပ်ဆောင်နေတဲ့ နိုင်ငံရေးကိစ္စ အရပ်ရပ်ဆိုတာကတော့ နိုင်ငံရေး ရည်မှန်းချက်ရှိတဲ့ လူမှုအထောက်အကူပြု


လုပ်ငန်းတွေကို ဆိုလိုတာဖြစ်တဲ့အကြောင်း ဦးတင်ဦးက ပြောပါတယ်။ ဒါ့အပြင် နေရာအရပ်ရပ်မှာ လယ်ယာမြေ
အတင်းအဓမ္မ သိမ်းဆည်း ခံနေရတာတွေ ကိုလည်း ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်နဲ့ ညှိနှိုင်း တိုင်ပင်ပြီး
ဥပဒေနည်းလမ်းအရ ကူညီ လုပ်ဆောင်ပေးသွားဖို့ စီစဉ်နေတဲ့ အကြောင်း ဦးတင်ဦးက ပြောပါတယ်။

“နေရာအရပ်ရပ်မှာရှိတဲ့ လယ်ယာမြေတွေကို သိမ်းသွင်းတဲ့ကိစ္စတွေ မိုးကုတ်ဘက်က ကိစ္စတွေ၊ ဧရာဝတီတိုင်းဘက်က


ကိစ္စတွေ ဒါတွေအပေါ်မှာလည်း ပြည်သူတွေဘက်ကနေပြီးတော့ ရပ်တည်ပြီးတော့ ဖြေရှင်းဆောင်ရွက်သွားမယ်
ဆိုတာတွေကို ကျနော်တို့ လူထုအတွက် ဆောင်ရွက်နေတဲ့ကိစ္စအ၀၀ အဖြစ် ဆက်လက်ပြီး
ဆောင်ရွက်သွားမှာတွေကိုလည်း လုပ်ငန်းတွေ ချမှတ်ပြီး ကျနော်တို့ ပြောကြဆိုကြ လုပ်ခဲ့တာပါ။ ဒါတွေအပေါ်မှာ
အများကြီး ရှိပါတယ်။ သဘောကတော့ဗျာ နိုင်ငံရေးပါတီတရပ်အနေနဲ့ နိုင်ငံရေးအရကို ပြည်သူကြားထဲ ၀င်ပြီးတော့
လှုပ်ရှားမယ့်ကိစ္စရပ်တွေကို ကျနော်တို့က လုပ်ငန်းလမ်းစ ဖော်ပေးတဲ့အတွက် သူတို့ တက်တက်ကြွကြွနဲ့
ပါဝင်ဆောင်ရွက်ကြရမယ်ဆိုတဲ့အပိုင်းတွေမှာလည်း ဒီထက် တိုးတက်ပြီးတော့ လုပ်ရမယ်ဆိုတာတွေ ပါပါတယ်။
ဆောင်ရွက်နိုင်စွမ်း ရှိတဲ့ဟာတွေကိုလည်း ဥပဒေ အထောက်အကူပိုင်းနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်။”
နယ်တွေမှာရှိကြတဲ့ NLD အဖွဲ့ဝင်တွေဟာ မီဒီယာတွေကတဆင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွန်ကြားချက်ကို
အချိန်နဲ့တပြေးညီ ကြားသိရပြီး ဖြစ်တဲ့အကြောင်းနဲ့ အဖွဲ့ချုပ်ရဲ့ ဦးဆောင်မှု အောက်မှာ ဆက်လက် ရပ်တည်သွားကြဖို့
ပြန်လည် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို တနေ့တုန်းက ဦးကဉာဏ်ဝင်း သွားတွေ့ပြီး ပြန်လာတဲ့ထဲမှာ ပြောတဲ့


တချို့အချက်အလက်တွေကိုလည်း သူတို့ သဘောပေါက်ကတယ်။ သူတို့သိတယ်။ သူတို့က ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့သိတယ်တဲ့။ သူတို့က မီဒီယာတွေနဲ့ ပတ်သက်တာကို အားလုံး နားထောင်တော့
ကျနော်တို့ပြောတဲ့ကိစ္စရပ်တွေကို သူတို့အားလုံး သိပြီးသားတွေပါပဲ။ အချက်အလက်တွေ အပေါ်မှာ သူတို့ ကြားပြီးပြီ။
ကြားနာပြီး သိပြီးပြီ။ နားလည်ပြီး သဘောပေါက်ပြီးပြီ။ အဓိပ္ပါယ်ကတော့ ခုနကပြောတဲ့ NLD ကို ပေးချင် တာကို
ပေးစရာမရှိရင် မပေးနဲ့ပေါ့ဆိုတောတွေ သူတို့ အကုန်လုံး သိပါတယ်။ အဲဒီတော့ မီဒီယာရဲ့ ကျေးဇူးလည်း အများကြီး
ရှိတယ် ပေါ့ဗျာ။ ကျနော်တို့ ပြောတာတွေအားလုံးကို မီဒီယာတွေကလည်း ကြားပါတယ်။ အထူးသဖြင့် ကျနော်တို့
အဖွဲ့ချုပ်က လူကြီးတွေ ပြောတဲ့ စကားကို သူတို့အားလုံးကြားတယ်။ သူတို့အားလုံး နားထောင်ပြီးတော့
သိသင့်သိထက
ိုတာတွေ သိရတဲ့အတွက် ဆောင်ရွက်ရမယ့် တချို့ ကိစ္စတွေကိုလည်း နားလည်ပါတယ်တဲ့။ အဲဒီတော့
ကျနော်တို့ ခုနကပြောခဲ့တဲ့ ရွေးကောက်ပွဲ ကျင်းပတဲ့အချိန်မှာ ဘယ်လို သဘော သဘာဝနဲ့
ရပ်တည်ရမယ်ဆိုတာကလည်း အခု သူတို့ ရှင်းလင်းပြောပြတဲ့အထဲမှာ နားလည်ကြတယ် ဆိုတဲ့သဘော အတိုင်းအတာ
တခု သူတို့ရှိကြတယ် ဆိုတဲ့သဘောမျိုး သူတို့ ပြောကြပါတယ်။”

ဦးတင်ဦးနဲ့အတူ အဖွဲ့ချုပ် ဗဟိုကော်မီတီဝင် ဦးဝင်းမြင့်နဲ့ ဦးလှဖေတို့လည်း လိုက်ပါ သွားကြတယ်လို့ သိရပါတယ်။

ဦးတင်ဦးဟာ ဇာတိမြေဖြစ်တဲ့ ပုသိမ်မြို့ကို နှစ်ပေါင်း ၂၄ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ပြန်ရောက်ခဲ့တာဖြစ်ပြီး


အဲဒီကမှတဆင့် တခြား ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာရှိကြတဲ့ NLD အဖွဲ့ဝင်တွေကို သွားရောက်
တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

Source:http://www.voanews.com/burmese/news/U-tin-oo-NLD-08-28-10-101716568.html

ဦးတင်ဦး ဧရာဝတီတင
ိုး ခရီးစဉ် စတင်
2010-08-28

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဒုတိယဥက္ကဌ ဦးတင်ဦးဟာ ဧရာဝတီတိုင်း နယ်လှည့်စည်းရုံးရေး ခရီးစဉ်အဖြစ် ဒီနေ


့ပုသိမ်မြို့ကို ရောက်ရှိနေ ပါတယ်။ နေအိမ် အကျယ်ချုပ်ကနေ လွတ်လာပြီး နောက်ပိုင်း ဒါဟာ ဦးတင်ဦးအနေနဲ့
ပထမဦးဆုံး အကြိမ် နယ်လှည့်စည်းရုံးရေး ခရီးစဉ် ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာပြီးနောက်


ရွှေဂုံတိုင်ဌာနချုပ်ရုံးသို့ ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရောက်ရှိလာစဉ်။ (Photo: RFA)
ဒီနေ့ နေ့လည်ပိုင်းမှာ ပုသိမ်မြို့ကို ရောက်ရှိလာတဲ့ ဦးတင်ဦးဟာ NLD အဖွဲ့ဝင်တွေ အပါအဝင် မြို့ခံ အယောက် ၂
ရာနီးပါးနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဖွဲ့ဝင်တွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုအောက်မှာ
ဆက်လက်ပြီး လိုက်နာ ဆောင်ရွက်သွားကြမယ် ဆိုတဲ့အကြောင်း ဒုတိယဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။

ဒီနေ့ ပုသိမ်မြို့မှာ ကျင်းပတဲ့ စည်းရုံးရေး ဆွေးနွေးပွဲမှာ NLD ပါတီရဲ့ အားနည်းချက် အားသာချက်တွေနဲ့ ပတ်သက်လို့
အပြန်အလှန် ဆွေးနွေးခဲ့ကြသလို၊ လက်ရှိ နိုင်ငံရေး အခင်းအကျင်းနဲ့ ရှေ့လုပ်ငန်းစဉ်တွေကိုလည်း တိုင်ပင်
ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း ခရီးစဉ်အတွင်း နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ မြို့နယ်တွေကိုလည်း သွားရောက်မှာဖြစ်ပြီး စုစုပေါင်း


လေးရက် ကြာမြင့်မယ်လို့ ဦးတင်ဦးက ပြောပါတယ်။

Source:http://www.rfa.org/burmese/news/NLD_vice_chairman_starts_party_trip_to_Irrawaddy_division-
08282010114759.html

ဗိလ
ု ခ
်ျုပ်မှးူ ကြီး သန်းရွှေနင
ှ့် ဒုဗလ
ို ခ
်ျုပ်မှးူ ကြီး မောင်အေး စစ်ဘက်ရာထူးမှ
အနားယူ
သောမတ်စ် မောင်ရွှေ | စနေနေ့၊ သြဂုတ်လ ၂၈ ရက် ၂၀၁၀ ခုနှစ် ၁၂ နာရီ ၃၄ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာစစ်ခေါင်းဆောင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ရာထူးမှ အနားယူခြင်း အပါအဝင် တပ်မတော်
ထိပ်တန်း စစ်ဘက် ရာထူးများတွင် အပြောင်းအရွေ့များ သောကြာနေ့က ဖြစ်ပွားခဲ့သည်။

ယခင် စစ်ရေးချူပ် ဒုတိယ ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာခဲ့ပြီး အခြားသော
ကစထမှူး (၃) ဖြစ်သော ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုမှာ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာခဲ့သည်။

နံပါတ် ၃ အဆင့်ဖြစ်သော ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ နေရာတွင် ယခင် စစ်ဆင်ရေး


အထူးအဖွဲ့မှူး(၂) ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အား အစားထိုး ခန့်အပ်ခဲ့သည်။

မြန်မာနိုင်ငံ၌ ဆယ်စုနှစ် နှစ်ခုအကြာတွင် ပထမဆုံးအကြိမ် ပြန်လည် ကျင်းပရန်ရှိသော နိုဝင်ဘာ ၇ ရက်နေ့


ရွေးကောက်ပွဲ အပြီးတွင် အရပ်သား အစိုးရ အဖွဲ့ကို ဖွဲ့စည်းမည်ဖြစ်ရာ အထက်လတ
ွှ်တော်နှင့် အောက်လွှတ်တော်မှ
သမတလောင်း သုံးဦးကို အဆိုပြုရမည် ဖြစ်သည်။ ထိုသုံးဦး အနက်မှ ရှုံးနိမ့်သွားသူ နှစ်ဦးသည် ဒုသမ္မတများ
ဖြစ်လာကြလိမ့်မည် ဖြစ်သည်။

စစ်ဘက် ရာထူး အပြောင်းအလဲများအရ ၁၉၉၂ ခုနှစ် ကတည်းက စစ်အစိုးရ အကြီးအကဲဖြစ်ခဲ့သော အသက် ၇၇


နှစ်အရွယ် ဦးသန်းရွှေသည် သမတ ဖြစ်လာနိုင်စရာ အကြောင်း ရှိနေပြီး ၄င်း၏ လက်ရုံး အသက် ၇၂ နှစ် ရှိပြီဖြစ်သော
ဦးမောင်အေးနှင့် အသက် ၆၂ နှစ်အရွယ် ဦးသူရရွှေမန်းတို့သည် ဒုတိယ သမတများ ဖြစ်လာနိုင်စရာ
အကြောင်းရှိနေသည်။ ထိုကဲ့သို့ ဖြစ်လာခဲ့လျှင် ပြည်တွင်းပြည်ပမှ လေ့လာသူများ မှန်းဆထားကြသော
ရွေးကောက်ပွဲသည် အတုအယောင် ဟန်ပြသာ ဖြစ်ပြီး စစ်ဗိုလ်ချုပ်ကြီးများသည် စစ်ယူနီဖောင်းကို ချွတ်ကာ အရပ်သား
ဝတ်စုံဖြစ်သော ပုဆိုးပြောင်းဝတ်၍ အာဏာကိုမူ ၄င်းတို့ကပင် ဆက်လက် ကိုင်စွဲထားလိမ့်မည်ဟူသော
ယူဆချက်များနှင့် ကုက
ိညီနေပေလိမ့်မည်။

လက်ရှိ ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအဝင် စစ်ဘက်အရာရှိနှင့် ၂၇ ဦးခန့် သည်လည်း ယခုနှစ် နှစ်လယ်ပိုင်းက စစ်ဘက်
ရာထူးများမှ နုတ်ထွက်ခဲ့ကြပြီး ဒီမိုကရေစီအရေး လှုပ်ရှားသူများအား မကြာခဏ အကြမ်းဖက်လေ့ရှိသည့် စစ်အစိုးရ
ကျောထောက်နောက်ခံ အဖွဲ့အစည်း တခုဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းအား ပြည်ထောင်စု
ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဖြစ် အမည်ပြောင်းလဲ ဖွဲ့စည်းကာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိမ့်မည် ဖြစ်သည်။
စစ်ယူနီဖောင်း ချွတ်ကာ စစ်ဘက်ရာထူးများမှ နုတ်ထွက်လိုက်ခြင်းသည် ကြံ့ဖွံ့ပါတီဝင်များအဖြစ် ရွေးကောက်ပွဲတွင်
ပါဝင်ယှဉ်ပြိုင်မည့် သဘောပင်ဖြစ်သည်။

မြန်မာ့နိုင်ငံရေး အကဲခတ်များက စစ်ဘက်ရာထူးမှ နုတ်ထွက်ခဲ့သော ဦးသန်းရွှေသည် ရွေးကောက်ပွဲအပြီး သမတ


မရွေးချယ်ရသေးခင် အချိန်အထိ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ခေါင်းဆောင်အဖြစ်
ဆက်လက်ရှိနေကာ နိုင်ငံ အကြီးအကဲ ရာထူးကို ဆက်လက် ရယူထားလိမ့်မည်ဟု ခန့်မှန်းကြသည်။

၁၉၉ဝ ရွေးကောက်ပွဲတွင် နိုဗယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသား ဒီမိုကရေစီ


အဖွဲ့ချုပ်သည် နိုင်ငံတဝှမ်းလုံး၌ အပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်အစိုးရသည် ထိုရလဒ်အား လျစ်လျူရှုခဲ့ကာ
အာဏာကို ဆက်လက် ကိုင်စွဲထားခဲ့သည်။ ထို့ပြင် ထောင်နှင့်ချီသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များအား
ထောင်သွင်း အကျဉ်းချခဲ့သည်။

ယခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲပြီးလျှင် အရပ်သား အစိုးရသည် ဥပဒေပြဌာန်းသူများ ဖြစ်လာမည်ဟု ဆိုသော်လည်း


ထိုအရပ်သား အစိုးရတွင် စစ်ဘက်မူဝါဒများအား စစ်ဆေးနိုင်သည့် အာဏာရှိလိမ့်မည် မဟုတ်ပေ။ စစ်ဘက်သည်
လွှတ်တော်အရပ်ရပ်တွင် အလိုအလျောက် ၂၅ ရာခိုင်နှုန်း နေရာ ရယူလိမ့်မည် ဖြစ်ပြီး အဓိက ဝန်ကြီးရာထူးများကိုလည်း
စစ်ဘက်မှပင် ရယူနိုင်ရန် ကြိုတင် စီစဉ်ထားသည်။

စစ်အစိုးရက ရေးဆွဲခဲ့သော အငြင်းပွါးဖွယ်ရာ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေအရ ဆီးနိတ်နှင့် ဒေသဆိုင်ရာ


လွှတ်တော်များအတွက် ဥပဒေပြုအမတ်များကို မဲဖြင့် ရွေးချယ်ပေးနိုင်လိမ့်မည် ဖြစ်သော်လည်း အဓိက
စီရင်ဆုံးဖြတ်ခွင့်ရှိသော နေရာများကိုမူ စစ်ဘက်က ထိန်းချုပ်ထားလိမ့်မည် ဖြစ်သည်။

နေပြည်တော်မှ ရရှိသော သတင်းများအရ သူရမြင့်အောင်သည် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း နေရာယူမည့် စစ်ဘက်မှ


ကိုယ်စားလှယ်များအား ရွေးချယ်ပေးလိမ့်မည်ဟု ဆိုသည်။ ထို့ကြောင့် အခြေခံဥပဒေအရ လွှတ်တော်သုံးရပ်တွင်
စုစုပေါင်း ရာနှင့်ချီသည့် စစ်ဘက်မှ အရာရှိများ နေရာ ရလာလိမ့်မည် ဖြစ်သည်။ ထို ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေအား
လူပေါင်း တသိန်းလေးသောင်းကျော် သေဆုံးကာ နှစ်သန်း ကျော်ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည် နာဂစ်မုန်တိုင်းအပြီး
ရက်ပိုင်းအတွင်းတွင် ဆန္ဒခံယူပွဲ ပြုလုပ်ကာ အတည်ပြုခဲ့ခြင်း ဖြစ်သည်။

လေ့လာသူများ၊ လူ့အခွင့်အရေးအဖွဲ့များ နှင့် နိုင်ငံတကာ အစိုးရများက ဝေဖန်ရာတွင် စစ်အစိုးရသည်


အမေရိကန်ဒေါ်လာ လေးဘီလီယံခန့် ပျက်စီး ဆုံးရှုံးခဲ့ရသော နာဂစ်မုန်တိုင်းအပြီး လိုအပ်နေသော ရေ၊ အစားအစာ၊
ဆေးဝါးများနှင့် ယာယီနေရာထိုင်ခင်းပြုလုပ်ရန် အထောက်အကူပစ္စည်းများအား လိုအပ်သူများထံသို့ သယ်ယူပို့ဆောင်
ပေးရမည့်အစား ဆန္ဒခံယူပွဲကိုသာ အာရုံစိုက်ကာ ထရပ်ကားများဖြင့် မဲများကိုသာ သယ်ယူပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

သောကြာနေ့က ရာထူး အပြောင်းအလဲတွင် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ ရာထူးဖြစ်သော


စစ်ထောက်ချုပ်ရုံးသို့ ယခင် နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဝေလွင် ရာထူးတိုးမြှင့် ရောက်ရှိလာခဲ့သည်။

အနည်းဆုံး ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိသူ ဆယ်ဦးခန့် ရာထူးမှ နှုတ်ထွက်သွားပြီး ထိုရာထူးများအား တိုင်းမှူးအများစု


အပါအဝင် ဗိုလ်ချုပ်အဆင့် ရာထူးရှိသူများ နှင့် အစားထိုးခဲ့သည်။

ရာထူးမှ နှုတ်ထွက်သွားသူများသည် နိုဝင်ဘာ ၇ရက်တွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲတွင် ဝင်ရောက်


ယှဉ်ပြိုင်လိမ့်မည်ဟု အကဲခတ်များက ခန့်မှန်းထားကြသည်။ စစ်ဘက်ရာထူး အပြောင်းအလဲ နောက်ဆုံး အသေးစိတ်
အခြေအနေနှင့် သတင်းများကို ဆက်လက် စုံစမ်းလျက် ရှိသည်။
Source:http://www.mizzimaburmese.com/news/inside-burma/5938-2010-08-28-06-05-01.html

ရာထူးမှနားရသည့် ဗုလ
ိ ခ
်ျုပ်ကြီးများ နေအိမမ
ှ် ဖယ်ရှားခံရ
ဗိုလ်ချုပ်ကြီး နှစ်ဦးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီးများကို ရုတ်တရက် ရာထူးမှ အနားယူခိုင်းခဲ့ ပြီးနောက် နေပြည်တော်ရှိ
၎င်းတို့နေထိုင်သည့် အစိုးရပိုင် နေအိမ်များမှလည်း ချက်ချင်း ဖယ်ရှားခိုင်း လုက
ိကြောင်း သတင်းများ ထွက်ပေါ်နေသည်။
ဗိုလ်ချုပ်ကြီး သူရရွှေမန်း နှင့် ဗိုလ်ချုပ်ကြီး သီဟသူရ
တင်အောင်မြင့်ဦး အပါဝင် ရာထူးမှ အငြိမ်းစားပေးခြင်း
ခံရသည့် ဒုတိယ ဗိုလ်ချုပ်ကြီးများသည် နေပြည်တော်ရှိ
နေအိမ်များမှ ချက်ချင်းဆိုသကဲ့သို့ ဖယ်ရှားပေးရန်
အကြောင်းကြားခဲ့ပြီး အစိုးရပိုင် ကားများ ကိုလည်း
ပြန်အပ်ခိုင်းခဲ့ကြောင်း စစ်အစိုးရ အသိုင်းအ၀န်းနှင့်
နီးစပ်သည့် စီးပွားရေး သမားတဦးက ဧရာဝတီသို့
ပြောသည်။

“ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး ဆိုရင် တရက်လောက်


နေမကောင်း ဖြစ်သွားတယ်၊
နေပြည်တော် ဇေယျာသီရိ ဗိမာန်တွင်ပြုလုပ်သော ပြီးခဲ့သည့် ၆၅
ဗိုလ်ချုပ်ကတော်ကြီးတွေလည်း သွေးတိုး တဲ့ လူ တိုး
နှစ်မြောက် တပ်မတော်နေ့ ညစာစားပွဲ အခမ်းအနား သို့
ငိုတဲ့ လူငိုပဲ”ဟု ၎င်းက ဆိုသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့
တက်ရောက်လာစဉ် (ဓာတ်ပုံ - Reuters)
အစိုးရပိုင် နေအိမ်နှင့် ကားများသာမက
စစ်တပ်အမည်ပေါက် မိုဘိုင်းဖုန်းများကိုလည်း ပြန်လည်ပေးအပ်ခိုင်းကြောင်း အဆိုပါစီးပွား ရေးသမားကပြောသည်။

နိုင်ငံအနှံ့ ခရီးထွက်ပြီး တာဝန်ထမ်းဆောင်နေသည့် ဒုတိယ ဗိုလ်ချုပ်ကြီးများကို အရေးပေါ် အစည်းအဝေး ဆိုကာ


အမြန်လာရန် အမိန့်ပေးပြီး အစည်းအဝေးတွင် အားလုံးကို ချက်ချင်း အနားယူခိုင်းလိုက်ခြင်းဖြစ်သည်ဟု ၎င်းက
ဆက်လက်ပြောသည်။

တရားဝင် တပ်တွင်း အပြောင်းအရွှေ့ကို ယမန်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ရေးချုပ် ဗိုလ်ချုပ် ခင်ဇော်၊ စစ်ထောက်ချုပ်


ဗိုလ်ချုပ် ဝေလွင်၊ စစ်ရာထူးခန့်ချုပ် ဗိုလ်ချုပ် ၀င်းမြင့်၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ် ဗိုလ်ချုပ် ကျော်ဆွေ၊
စစ်လက်နက် ပစ္စည်းဝယ် ယူရေး အရာရှိချုပ် ဗိုလ်ချုပ် သိန်းဌေး၊ စစ်ဆင်ရေး အထူးအဖွဲ့မှူး (ကစထ)များ အဖြစ် ဗိုလ်ချုပ်
မြင့်စိုး၊ ဗိုလ်ချုပ် အောင်သန်းထွဋ်၊ ဗိုလ်ချုပ် လှမင်း၊ ဗိုလ်ချုပ် သက်နိုင်ဝင်း၊ ဗိုလ်ချုပ် တင်ငွေ တို့ကို ခန့်အပ်လိုက်ကြောင်း
စစ်တပ်အသိုင်းအ၀ိုင်းက ပြောသည်။

တိုင်းမှူးများနှင့် တပ်မမှူးရာထူးများကိုလည်း ဆက်လက် အပြောင်းအလဲပြုလုပ်ခဲ့ပြီး လာမည့်တနင်္လာနေ့တွင်


မိမိတာဝန်ကျရာ စစ် ဒေသများသို့ အရောက်သွားရမည်ဟု ညွန်ကြားထားကြောင်း သိရသည်။

အဆိုပါ အပြောင်းအရွှေ့များကို ဗိုလ်ချုပ်မှူးကြီး တဦးတည်းက လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး


မောင်အေး သည်ပင်လျှင် မသိရှိကြောင်း၊ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခံရသည်ဟု သတင်းထွက်နေသည့်
ဒုတိယ ဗိုလ်ချုပ်ကြီး သူရ မြင့်အောင်မှာ ဗိုလ်ချုပ်မှူးကြီး ၏ လက်ရင်းတပည့်တဦးဖြစ်ပြီး မဟာဗျူဟာ ကျကျ
တွေးခေါ်စဉ်းစားတတ်၍ ရက်စက်တတ်သူတဦး ဟု နာမည်ကြီးကြောင်း စစ်တပ်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးကလည်း
ဆိုသည်။

“ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်က တပ်ထဲမှာတော့ ဦးသန်းရွှေ အငယ်စားလေးလို့ နာမည်ကြီးတယ်၊ သီဟ သူရ


တင်အောင်မြင့်ဦး လိုတော့ လူမုန်း မများဘူး၊ စရဖ ချုပ် ဖြစ်တဲ့ ဗိုလ်ချုပ်ကျော်ဆွေ ကတော့ လူရိုး၊ ဒီရာထူးလောက်ဆို
တော်ပြီဆိုတဲ့ လူမျိုး”ဟု ၎င်း က ဆိုသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ကုက


ိုမှာ ဆက်ဆံရေး ပြေပြစ်သူတယောက်ဖြစ်ပြီး မိမိ၏ အထက်အရာရှိများနှင့် အောက်ခြေ
တပ်သားများ အကြား အဆင်ပြေပြေဆက်ဆံတတ်သူဖြစ်ကြောင်း၊ စီးပွားရေး အမြင်လည်း ရှိကြောင်း
၎င်းကဆက်လက်ပြောသည်။

ယခုအခါ ရန်ကုန်စီးပွားရေး အသိုင်းအ၀ိုင်းအတွင်း ကုန်သွယ်မှုဆိုင်ရာ မူဝါဒကောင်စီတွင် ဥက္ကဋ္ဌ မည်သူဖြစ်လာမည်ကို


စိတ်ဝင် စား နေကြောင်း၊ ထိုနေရာတွင် ယခင်က ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး တာဝန်ယူ
လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ပြည်ပပို့ကုန် လုပ်ကိုင်နေသည့် လုပ်ငန်းရှင်တဦးက ပြောသည်။

“သွင်းကုန် ပို့ကုန်တွေ ကားပါမစ်တွေကို ပေးတဲ့သူပေါ့၊ သူဌေးတွေ ဖားပြီး အပိုင်ပေါင်းရတဲ့ ရာထူးနေရာပေါ့”ဟု ၎င်းက


ပြော သည်။

မည်သူပင်ဖြစ်စေကာမူ စီးပွားရေးလုပ်ငန်းရှင်ကြီးများ အနေဖြင့် ရာထူးတာဝန်အသစ်များ တာဝန်ယူမည့် ဗိုလ်ချုပ် များနှင့်


ယခင် ကတည်းက စီးပွားရေးအရ အဆက်အဆံရှိထားသည့် အတွက် အခက်အခဲဖြစ်လိမ့်မည်မထင်ကြောင်း အဆိုပါ
လုပ်ငန်းရှင်က ဆို သည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/3936-2010-08-28-15-03-55

ဆန် ပြည်ပပိခ
ွု့င့် စီးပွား ကူးသန်း ကိင
ု တ
်ွယမ
် ည်
မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန် တင်ပို့ခွင့်ကို မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်း၌ လျှောက်ထားရန် မလိုတော့ဘဲ
စီးပွာရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန (စီးပွား ကူးသန်း) သို့ လျှောက်ထား ရတော့မည် ဖြစ်ကြောင်း
သိရသည်။

“ပြည်ပကို ဆန်ပို့မယ့်လူတွေ ကျနော်တို့အသင်းမှာ ထောက်ခံချက် ယူစရာမလိုတော့ပါဘူး၊ စီးပွားကူးသန်းမှာ တိုက်ရိုက်


လျှောက်လို့ရပါပြီ”ဟု မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များအသင်း၏ ဗဟို အလုပ်မှုဆောင်တဦးက အတည်ပြု ပြောဆိုခဲ့
သော်လည်း အသေးစိတ်ပြောပြရန် ငြင်းဆိုသည်။

ထို ပြည်ပ ဆန်တင်ပို့ခွင့်နှင့် ပတ်သက်ပြီး ယခုလဆန်းပိုင်းတွင် သက်ဆိုင်ရာဌာနချင်း လွှဲပြောင်းယူခဲ့ခြင်းဖြစ်ကြောင်း


သိရသည်။

မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းကို ဆန်နှင့်ပတ်သက်သည့်အသင်း ၃သင်းအားစုပေါင်း၍၂၀၁၀ ဇန်န၀ါရီလ


တွင် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ထိုသို့လုပ်ဆောင်လိုက်ခြင်းမှာ ဆန်စပါးထုတ်လုပ် တင်ပို့မှုဆိုင်ရာ ကိစ္စရပ်များ
တိုးတက်မြင့်မားလာရန် အတွက်ဟုအသင်းတာဝန်ရှိသူတဦးကဆိုသည်။

သို့သော် ထိုအသင်းပေါ်လာပြီးနောက်တွင် ဘက်လိုက်မှုများရှိလာပြီး အသင်း၏


ခေါင်းဆောင်တချို့အကြားအင်အားပြိုင်ဆိုင်မှု များရှိလာကြောင်း ရန်ကုန်မှဆန်ကုန်သည်တဦးက ပြောသည်။
ထိုအချက်များကြောင့်ပင် စီးပွားကူးသန်းက ပြန်လည်ချုပ်ကိုင် လိုက်ခြင်းဖြစ်နိုင်ကြောင်းလည်း ဆန်ကုန်သည်က
ပြောဆိုသည်။

ပြည်ပဆန်တင်ပို့မှုကို ယခင်က
ကုန်သွယ်ရေးဝန်ကြီးဌာန(ယခုစီးပွားကူးသန်း)ကသာအဓိကဆောင်ရွက်ပေးခဲ့သော်လည်း ၂၀၀၀
ခုနှစ်ဝန်းကျင်ခန့်မှ့စ၍အစိုးရမဟုတ်သည့် ဆန်နှင့်ပတ်သက်သောပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်းများကိုလုပ်ကိုင်ခွင့်များ
ပိုမိုပေးလာကြောင်း၊ ပြည်ပဆန်တင်ပို့ရာတွင်လည်း ဆန်ကုန်သည်အသင်းအားလုပ်ပိုင်ခွင့်များပေးခဲ့ကြောင်း၎င်းက
ဆက်ရှင်းပြသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းအားဖွဲ့စည်းထားသော်လည်း သိသာသောပြောင်းလဲတိုးတက်မှုရှိမလာဘဲ ၎င်းတိ၏


ု့
အကျိုးစီးပွား ကိုသာဦးစားပေးလုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ဆန်များကို ဆန်စပါးအထူးပြုကုမ္ပဏီ ၂၀ ကျော်က လုပ်ဆောင်ခွင့်ရထားပြီး တင်ပို့မှု၏


၆၀ ရာခိုင်နှုန်းကို ဆန်ကုန်သည်များကတင်ပို့ခွင့်ရကြောင်း၊ ကျန် ၄၀ ရာခိုင်နှုန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်က
ရရှိထားကြောင်းသိရသည်။

မြန်မာနိုင်ငံမှ ဆန်တင်ပို့မှုကို အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် နှင့်အရှေ့အလယ်ပိုင်းနိုင်ငံတချို့ အပါအ၀င်


အာဖရိကနိုင်ငံ များကိုတင်ပို့ကြောင်း ဆန်လုပ်ငန်းရှင်များက ပြောသည်။

နိုင်ငံတချို့တွင်မြန်မာ့ဆန်ဈေးကွက် နေရာရထားသော်လည်း အရည်အသွေးအားဖြင့်ညံ့နေ၍


ဗီယက်နမ်နိုင်ငံနှင့်ထိုင်းနိုင်ငံတို့၏ ဆန်များကိုမယှဉ်နိုင်သေးကြောင်း ဆန်စက်လုပ်ငန်းရှင်တဦးက ဧရာဝတီကို
ပြောသည်။

“အရည်အသွေးကောင်းဖို့ ခောတ်မီတဲ့ဆန်စက်တွေ တပ်ဆင်နေပါတယ်၊ လာမယ့်နှစ်မှာတော့


အရည်အသွေးကောင်းတဲ့ဆန် ထုတ်နိုင်မှာပါ၊ ဆန်ဈေးတွေလဲ ကောင်းလာနိုင်ပါတယ်”ဟု ဆန်စက်လုပ်ငန်းရှင်က
ဆိုသည်။

မရိုးသားသောဆန်ကုန်သည် တချို့ကြောင့် လွန်ခဲ့သည့်နှစ်ကုန်ပိုင်းတွင် အာဖရိကနိုင်ငံမှ ၀ယ်ယူထားသော


မြန်မာဆန်များ ပြန်ပို့ခံရ၍ မြန်မာဆန်များ အပေါ် စားသုံးသူနိုင်ငံများက ယုံကြည်မှုနည်းပါးသွားကြောင်းလည်း
ရှင်းပြသည်။

မြန်မာ့ဆန်တင်ပို့မှုမှာ ပြီးခဲ့သည့်နှစ်ဝက်ထက် ယခုနှစ်ဝက်တွင် ၂ ဆခန့်ကျဆင်း နေခြင်းကြောင့်


ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) တာဝန်ရှိသူများသည်
လွန်ခဲ့သည့်လက ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့သွားရောက်၍ ဈေးကွက်ရှာခဲ့သော်လည်း မရရှိခဲ့ဟု သိရသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် မြန်မာ့ဆန်အစား ဗီယက်နမ်နိုင်ငံမှ ဆန်ကိုသာ ၀ယ်ယူခဲ့ကြောင်း၊ ထိုသို့ဈေးကွက်မရရှိခြင်းမှာ


မြန်မာ့ဆန်သည် ဗီယက်နမ်ဆန်ထက် အရည်အသွေး ညံ့သည့်အပြင် ဈေးနှုန်းလည်းမြင့်နေခြင်းကြောင့်ဖြစ်ကြောင်း
ဆန်ကုန်သည် တဦးက ပြောဆိုသည်။

မြန်မာနိုင်ငံမှ တင်ပို့သည့် ဆန်အမျိုးအစားမှာ ၂၅ မတ် ဆန်ဖြစ်ပြီး တတန်လျှင် ယခင်လများက အမေရိကန် ဒေါ်လာ


၃၁၀၊ ၃၂၀ ဈေးရှိခဲ့ရာမှ ယခုလတွင် ၃၅၀ ဒေါ်လာ အထိ ဈေးတက်သွားကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းရှင်များအသင်းကို ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများ၊


ဆန်ကုန်သည်များ၊ အထူးပြုကုမ္ပဏီများကို စုပေါင်း၍ ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ပြီး ဥက္ကဋ္ဌ မှာ ဧဒင်
စီးပွားရေးလုပ်ငန်းစုများ ပိုင်ရှင် ဦးချစ်ခိုင် ဖြစ်၍ ဒု-ဥက္ကဋ္ဌ လေးဦး ထားရှိသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/3934-2010-08-28-07-52-20

လန်ဒန်မြို့မှာ ကရင်ယဉ်ကျေးမှုပွဲတော် ကျင်းပ

2010-08-28

ကရင်လူမှုအဖွဲ့အစည်းက ဦးစီးပြီး ကရင်ယဉ်ကျေးမှု ပွဲတော်ကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ သြဂုတလ


် ၂၈ ရက်နေ့
ညနေပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

နှစ်စဉ်ကျင်းပတဲ့ ဒီပွဲတော်မှာ ကရင်ရိုးရာဒုံးယိမ်းအက၊ သီချင်းနဲ့ ရိုးရာအဝတ်အစား ဝတ်ဆင်ပြသတာ တွေအပြင်


ရိုးရာအစားအသောက်တွေနဲ့ တည်ခင်းဧည့်ခံခဲ့တယ်လို့ သိရပါတယ်။ ဒြါ့ပင် မြန်မာစစ်အစိုးရတပ်တွေရဲ့
ထိုးစစ်ဆင်မှုတွေကြောင့် ထိုင်းမြန်မာနယ်စပ်ကို ထွက်ပြေးလာရပြီး ဗြိတိန်နိုင်ငံမှာ အခြေချနေထိုင်ဖို့ ရောက်ရှိလာတဲ့
ကရင်ဒုက္ခသည်တွေရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေကိုလည်း ဒီပွဲမှာ ပြောပြကြတယ်လို့ သိရပါတယ်။

ကရင်တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုကို မြင့်တင်ဖို့နဲ့ လက်ရှိ မြန်မာနိုင်ငံမှာ ကရင်ပြည်သူတွေ ရင်ဆိုင်ခံစားနေရတဲ့


အခြေအနေတွေကို အများသိရှိဖို့ ရည်ရွယ်ချက်နဲ့ ဒီပွဲတော်ကို ကျင်းပတာ ဖြစ်ကြောင်း ဗြိတိန် ကရင်လူမှုအသင်းရဲ့
ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗြိတိန်နိုင်ငံမှာ ကရင်တိုင်းရင်းသား ၅ ရာလောက် အခြေချ နေထိုင်နေပြီး အများစုဟာ ကုလသမဂ္ဂ ဒုက္ခသည်များ


ပြန်လည်နေရာချထားရေး အစီအစဉ်နဲ့ ရောက်ရှိလာသူတွေ ဖြစ်ပါတယ်။ ဗြိတိန် ကရင် လူမှုအသင်းကို မြန်မာနိုင်ငံ
ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး၊ ဗြိတိန်ရောက် ကရင်ဒုက္ခသည်များကို ကူညီရေး၊ နယ်စပ်ဒေသအပါအဝင်
ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များအတွက် ရန်ပုံငွေရှာဖွေရေးကို ရည်ရွယ်ပြီး ဖွဲ့စည်းခဲ့ တာဖြစ်တယ်လို့လည်း
သိရပါတယ်။

Source:http://www.rfa.org/burmese/news/Karen_cultural_event_held_in_central_London_UK-
08282010113608.html

KIO လက်နက် မ ချ ရန် ပြည်ပရောက် ကချင်အမျိုးသားများ တိက


ု တ
်ွန်း

Saturday, 28 August 2010 14:04 KNG

ပြည်ပနိုင်ငံအသီးသီးတွင် ရောက်ရှိနေသည့် မြန်မာပြည်မြောက်ပိုင်းမှ ကချင်အမျိုးသားများသည်


ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO ) လက်နက် မ ချ ရန် အလေးအနက် တိုက်တွန်းခဲ့သည်။

မြန်မာစစ်အစိုးရထံ KIO လက်နက် မ ချ ရန် တိုင်းတစ်ပါး၂၂ နိုင်ငံရောက် ကချင်အမျိုးသားများက သြဂုတ် ၂၇ ရက်စွဲဖြင့်


”စုပေါင်းကြေငြာချက် တစ်စောင်” ကချင်ဘာသာဖြင့် ထုတ်ပြန်ခဲ့သည်။

မလေးရှား၊ အမေရိကန်ပြည်ထောင်စု၊ ကနေဒါ၊ အင်္ဂလန်၊ စင်္ကာပူ၊ ဒိန်းမတ်၊ ဂျပန်၊ နော်ဝေး၊ သြစတြေးလျ၊ ဟော်လန်၊
နယူးဇီလန်၊ ဂျာမနီ၊ အစ္စရေး၊ အိန္ဒိယ၊ ဟောင်ကောင်၊ တရုတ်၊ ချက်၊ ဆွစ်ဇာလန်၊ ထိုင်း၊ ရိုးမေးနီးယား၊ ဆွီဒင်၊ ဖိလိပိုင်
နိုင်ငံများတွင် ရောက်ရှိနေသော ကချင်အမျိုးသားများက ပူးပေါင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ဤကြေငြာချက်ကို KIO ၏ ”ရှေ့နိုင်ငံရေးလမ်းစဉ်ကို
ဆုံးဖြတ်ချက်ပေးမည့် ပါတီကွန်ကရက် ညီလာခံကြီး”
စတင်သောနေ့တွင် ထုတ်ပြန်ခြင်းလည်းဖြစ်သည်။

ကြေငြာစာတွင် သြဂုတ်လ ၂၂ ၊ မြန်မာစစ်အစိုးရမှ KIO အား


လာမည့်စက်တင်ဘာ ၁ မှ စတင်၍ လက်နက်အပ်နှံရန်
ညွှန်ကြားချက်ကို ပြည်ပရောက် ကချင်အမျိုးသားများက ”လုံးဝ
လက်မခံဘဲ ကန်က
ွ့က်ကြောင်း” ဖော်ပြထားသည်။

ထို့အပြင် KIO သည် မြန်မာစစ်အစိုးရထံ လက်နက် မ အပ်ဘဲ


ကိုယ့်လူမျိုးနှင့်ကိုယ့်ဒေသ တည်တံ့ခိုင်မြဲရေး အတွက် ဆက်လက်ပြီး

KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်။ ဓါတ်ပုံ - မှန်မှန်ကန်ကန်နှင့် စိတ်ဓာတ်ကျခြင်းမရှိဘဲ ဦးဆောင်ဦးရွက်ပြုသွားရန်


လိုလားကြောင်း စာတွင် အကြံပြုထားသည်။

တစ်ဖက်တွင်လည်း KIO ၏ ကချင်အမျိုးသားများ လွတ်မြောက်ရေးကြိုးပမ်းမှုအပေါ် ပြည်ပရောက် ကချင်များ


စည်းစည်းလုံးလုံးဖြင့် မိမိတတ်နိုင်သည့်ဘက်က ပါဝင်ကူညီသွားမည်ဖြစ်ကြောင်း ကြေငြာစာတွင် ကတိပြုထားသည်။

KIO သည် မြန်မာနိုင်ငံတွင် ‘၀’ တပ်ဖွဲ့ ပြီးနောက် အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပြီး


ကချင်လက်နက်ကိုင် တပ်ဖွဲ့များတွင် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်ကို လက်မခံဘဲ တစ်ဖွဲ့တည်းကျန်နေသည့်
လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ဖြစ်သည်။

ယခု ကချင်ပြည်နယ် တရုတ်-မြန်မာနယ်စပ် လိုင်ဇာဌာနချုပ်တွင် ကျင်းပနေသည့် KIO ပါတီကွန်ကရက်က ”KIO


လက်နက်ချရေး၊ မ ချ ရေး နှင့် ရှေ့နိုင်ငံရေးလမ်းစဉ်” ကို ဆုံးဖြတ် သွားမည်ဖြစ်သည်။
Last Updated ( Saturday, 28 August 2010 14:13 )
Source:http://kachinnews.com/burmese/2010-01-18-05-43-21/243-kio-.html
မဲရမ
ှုံးအတွက် ဒီးမော့ဆမ
ှို ကျောင်းဆရာ/မများကို ပိမ
ု ယ
ြိုံ ကည်
လာမည့် ရွေးကောက်ပွဲတွင် မဲရုံမှူးများအဖြစ် တာဝန်ယူ ဆောင်ရွက်ရမည့် သူကို ကျောင်းဆရာ/မများအား
ပိုမိုစိတ်ချကြောင်း ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်မှ မြို့နယ်ဥက္ကဌက ပြောကြောင်း သိရသည်။
“မဲရုံမှူးတွေကို ဆရာ/မတွေ တာဝန်ပေးထားပါတယ်။ ဆရာ/မတွေက ပိုပြီး စိတ်ချရတယ်လို အဲဒီက မြို့နယ်ဥက္ကဌက
ပြောပါတယ်” ဟု ဒီးမော့ဆိုမြို့ခံ တဦးက ပြောသည်။

ယခုလ ၁၈ ရက်နေ့တွင် ဒီးမော့ဆိုမြို့၌ မဲဆန္ဒပေးမည့် မဲရုံများ၌ တာဝန်ကျရမည့်


မဲရုံမှူး၊ လက်ထောက်မဲရုံမှူး၊ ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင် အဖွဲ့များကို
အစမ်းလေ့ကျင့်သည့် အနေဖြင့် သင်တန်းပေးခဲ့သည်။

“အဲဒီမှာ အစမ်းလေ့ကျင့်သင်တန်း ပေးတာတွေက မဲတွေကို စည်းကမ်းတကျ


ရေသွက်ပုံတွေ။ ရွေးကောက်ပွဲ နည်းဥပဒေတွေနဲ့ ကော်မရှင်တွေရဲ့
တာဝန်ဝတ္တရားတွေ ဖြစ်တယ်” ဟု သင်တန်းတွင် ပါဝင်တက်ရောက်ခဲ့သူ တဦးက
ပြောသည်။
အ၀င်
ဒီးမော့ဆိုမြို့နယ်တွင် မဲဆန္ဒနယ် အမှတ် (၃) နှင့် အမှတ် (၄) နှစ်ခု ရှိပြီး
ကျေးရွာအုပ်စု ၂၇ အုပ်စု ရှိသည်။ လောလောဆယ် ဒီမော့ဆိုမြို့နယ်တွင် ကြံ့ဖွံ့ပါတီ၊ လူမျိုးပေါင်းစုံ ဖွံ့ဖြိုးတိုးတက်
ရေးပါတီနှင့် ကယန်းအမျိုးသားပါတီ စသည့် ပါတီ သုံးပါတီ ယှဉ်ပြိုင်ရန် ရှိကြောင်း သိရှိထားသည်။

Source:http://ktimes.org/news/regional/item/714-

You might also like