You are on page 1of 18

ရွေးကောက်ပွဲကို တိက

ု ဖ
်ျက်မည်ဟု မဒမခ က ပြောဆို
မြင့်မောင် | ကြာသပတေးနေ့၊ သြဂုတ်လ ၂၆ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၄၂ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ စစ်အစိုးရ၏ ၂ဝ၁ဝ ရွေးကောက်ပွဲကို လူထုတိုက်ပွဲအပါအဝင် နည်းလမ်းစုံဖြင့်


တိုက်ဖျက်မည်ဟု တောတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ ဒီမိုကရေစီရေး လိုလားသည့် အဖွဲ့များ
ပူးပေါင်းထားသည့် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်များ အဖွဲ့ချုပ် (မဒမခ) က ပြောဆိုလိုက်သည်။

၂ဝ၁ဝ ရွေးကောက်ပွဲသည် ၂ဝဝ၈ အခြေခံဥပဒေကို အခြေခံထားသဖြင့် စစ်ရေး၊နိုင်ငံရေးတို့ဖြင့် တိုက်ဖျက်မည်ဟု


ညီလာခံကိုယ်စားလှယ် ၄၄ ဦးက ယခုလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ မြန်မာ-ထိုင်းနယ်စပ်တွင် ပြုလုပ်သော
အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

“၂ဝဝ၈ အခြေခံနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့


ကျနော်တို့ လက်မခံဘူး။ အဲဒါကြောင့် ၂ဝဝ၈ အခြေခံ ဥပဒေနဲ့
၂ဝ၁ဝ ရွေးကောက်ပွဲ တိုက်ဖျက်ရေးကို စစ်ရေး၊ နိုင်ငံရေး၊
လက်နက်ကိုင်တက
ိုပွဲနဲ့ လူထုတိုက်ပွဲ ပေါင်းစပ်ပြီး
တိုက်ပွဲဝင်နိုင်ရေးအတွက် အခြေအနေထူးရင် ထူးသလို
ကြေညာချက်တွေ ထုတ်ပြန်သွားမှာပါ” ဟု ညီလာခံကြီးက
ရွေးချယ်လိုက်သည့် (မဒမခ) အထွေထွေ အတွင်းရေးမှူး
ရဲဘော်မျိုးဝင်းက မဇ္ဈိမကို ပြောသည်။
ဒီမိုကရက်တစ် မဟာမိတ်များ အဖွဲ့ချုပ် (မဒမခ)
မဒမခ ညီလာခံက စစ်အာဏာရှင်စနစ်နှင့် စစ်အုပ်စုကို တွင်အဓိက အဖွဲ့ဖြစ်သည့် ကေအင်ယူတပ်
ဖျက်သိမ်းပြီး ဖယ်ဒရယ်ဒီမိုကရက်တစ် အစိုးရတရပ် ဖွဲ့စည်းရေးကို
မဟာဗျူဟာ လုပ်ငန်းစဉ် ရည်မှန်းချက်အဖြစ် ချမှတ်ခဲ့ပြီး ၎င်းရည်မှန်းချက် အကောင်အထည်ဖော်ရေးအတွက်
မဟာဗျူဟာ လုပ်ငန်းစဉ် ၇ ရပ်ကိုပါ ချမှတ်ခဲ့သည်။

လူထုတက
ိုပွဲနှင့် လက်နက်ကိုင်တိုက်ပွဲ ပေါင်းစပ်နိုင်ရေး ကြိုးပမ်းသွားရန်၊ ဘက်ပေါင်းစုံ အုံကြွမှု အခြေခံပြီး
လူထုတက
ိုပွဲ ဖြစ်အောင် လုပ်ဆောင်ရန်၊ တပ်တွင်း စည်းရုံးရေး လုပ်ငန်းစဉ်များကို စနစ်တကျ ဖော်ဆောင်သွားရန်၊
စစ်အုပ်စုကို နိုင်ငံတကာက ထိရောက်စွာ အရေးယူနိုင်ရေးကို ဆောင်ရွက်ရန် ပါရှိသည်။

ထို့အပြင် ပြည်တွင်းရှိ စစ်အုပ်စု ဆန့်ကျင်ရေး၊ ဒီမိုကရေစီ အင်အားစုနှင့် တိုင်းရင်းသား အင်းအားစုများ


တတ်နိုင်သမျှ ဝိုင်းဝန်းလုပ်ဆောင်ရန်၊ အပစ်ရပ် အဖွဲ့အစည်းများကို ဝန်းရံပံ့ပိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက်သွားရန်တို့
ဖြစ်သည်။

စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ်


အသွင်ပြောင်းရန် ဖိအားပေးနေသည့်အပေါ် မဒမခ အနေဖြင့် လက်မခံကြောင်း အထွေထွေ အတွင်းရေးမှူးက
ပြောသည်။

ညီလာခံက ဥက္ကဋ္ဌ ပဒိုစောအားတိုး၊ ဒုဥက္ကဋ္ဌ ဦးအေးဆောင်နှင့် အထွေထွေ အတွင်းရေးမှူးအဖြစ် ရဲဘော်မျိုးဝင်းတို့


ဦးဆောင်သော ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ၁၁ ဦးကို ရွေးချယ်တာဝန်ပေးအပ်လိုက်သည်။
မဒမခ ကို ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံအပြီး ၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များ၊ ကျောင်းသားတပ်မတော် ABSDF ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)
စသည့် အဖွဲ့အစည်းများ အပါအဝင် အဖွဲ့ပေါင်း ၂၅ ဖွဲ့ခန့်ဖြင့် အမျိုးသား လွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ်
ဖျက်သိမ်းရေးနှင့် ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက်
ဖွဲ့စည်းခဲ့သည်။
Source:http://www.mizzimaburmese.com/news/2010-election/5929-2010-08-26-14-14-25.html

ရွေးကောက်ပွဲသည် နိင
ု င
်ေ
ံ ရးပြဿနာများ မဖြေရှင်း နိင
ု ေ
် ကြာင်း
မွနြ် ပည်သစ်ပါတီပြောကြား
2010-08-26

စစ်အစိုးရက ကျင်းပမဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းပေးနိုင်မဲ့အရာ မဟုတ်ဘူးလို့


မွန်ပြည်သစ်ပါတီက ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံအောက်ပိုင်း တိုင်းနှင့် ပြည်နယ်များ တည်နေပြ မြေပုံ။ (RFA Image)

ဩဂုတ်လ ၂၅ ရက် မနေ့က ကျရောက်တဲ့ ၆၃ နှစ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို ပေးပို့ခဲ့တဲ့


မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်ရဲ့ သဝဏ်လွှာမှာ အဲဒီလို ပြောဆိုထားတာ ဖြစ်တယ်လို့ မွန်အမျိုးသား
လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဇေယျက RFA ကို ပြောပါတယ်။

“ဒီ နိုဝင်ဘာလမှာ ကျင်းပမဲ့ ရွေးကောက်ပွဲဟာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အသက်သွင်းတဲ့ ရွေးကောက်ပွဲ


ဖြစ်တဲ့အတွက် ကျွန်တော်တို့ နိုင်ငံ အေးချမ်းအောင် ဒီ ရွေးကောက်ပွဲတော့ ဖြေရှင်းပေးနိုင်မယ်တော့
မယုံကြည်ဘူးခင်ဗျ။”

၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲခြင်း မရှိပဲ ဒီအတိုင်း ရွေးကောက်ပွဲကို


ဆက်လုပ်နေတာကြောင့် ဒီရွေးကောက်ပွဲ ရလဒ်ဟာ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မှာ မဟုတ်သလို ၊ စစ်အာဏာရှင်
စနစ်ကိုလည်း သက်ဆိုးရှည်စေမှာ ဖြစ်တာကြောင့် စစ်အစိုးရ ကျင်းပမဲ့ ရွေးကောက်ပွဲကို မွန်ပြည်သစ်ပါတီက လုံးဝ
လက်မခံနိုင်ကြောင်း ဗိုလ်ချုပ်ဇေယျက ပြောပါတယ်။

မွန်ပြည်သစ်ပါတီက အခုလို ရွေးကောက်ပွဲကို ဆန့်ကျင်နေပေမဲ့ ၊ တိုင်းရင်းသား ရပိုင်ခွင့်တွေအတွက်


လွှတ်တော်တွင်းကနေ တောင်းဆိုသွားမယ်ဆိုတဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကတော့ ရွေးကောက်ပွဲကို
မွန်ပြည်နယ်အတွင်းမှာ အဓိကထား ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။

စစ်အစိုးရကကျင်းပမဲ့ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိပဲ သပိတ်မှောက်ထားတဲ့ မွန်ပါတီတခုကတော့


၁၉၉၀ ခုနှစ်မှာ အနိုင်ရခဲ့ဖူးတဲ့ မွန်အမျိုးသား ဒီမိုကရေစီပါတီပဲ ဖြစ်ပါတယ် ။
Source:http://www.rfa.org/burmese/news/mon_party_not_believe_in_election-08262010124251.ht
ml

ကြံခ
့ င
ို ေ
် ရးပါတီကို ဝေဖန်လို့ ဒီမက
ို ရက်တစ်ပါတီ ဒဏ်ရက
ို ခ
် ရ

၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဟာ ပါတီစည်းရုံးရေးဂျာနယ်
ထုတ်ဝေရာမှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့ ငြိစွန်းနေတဲ့အတွက်ဆိုပြီး စာပေစိစစ်ရေး စည်းမျဉ်းနဲ့ ဒဏ်ငွေချ
အပြစ်ပေးတာ ခံရပါတယ်။ ဘယ်လိုအချက်တွေကို ဖော်ပြမိလို့ အခုလို ဒဏ်ရိုက်ခံရတာပါလဲ၊ အခြေအနေတွေကို
စုံစမ်းမေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ရဲ့ ဌာနခွဲ မန္တလေးတိုင်းက


ကဒေါင်းဂျာနယ်ဆိုတဲ့ အမည်နဲ့ ပါတီစည်းရုံးရေးဆိုင်ရာ စာစောင်ကို ထုတ်ဝေခဲ့တာပါ။ အဲဒီမှာ စာပေစိစစ်ရေးက
သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ငြိစွန်းနေတဲ့အတွက် ဆိုပြီး ပြီးခဲ့တဲ့ အပတ်က မန္တလေးတိုင်း
ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ရဲ့ တာဝန်ခံကို ခေါ်ယူပြီး ဒဏ်ငွေချ အပြစ်ပေးလိုက်တယ်လို့ ဒီမိုကရက်တစ်ပါတီ
(မြန်မာပြည်) ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) မန္တလေးတိုင်း ဌာနခွဲက ပထမဦးဆုံး ထုတ်ဝေတဲ့ ပါတီစာစောင်မှာ ကြံ့ခိုင်ရေးနဲ့


ဖွံ့ဖြိုးရေးပါတီနဲ့ ပတ်သက်လို့ ဝေဖန်ထားတာတွေ အပေါ်ကို ခေါ်ယူ ထောက်ပြခဲ့တယ်လို့ ဦးသုဝေက
ပြောပြပါတယ်။

“စာစောင်ထဲမှာ ကြံ့ခိုင်ရေး အသင်းကနေပြီး ကြံ့ခိုင်ရေးပါတီကို ပြောင်းခါစတုန်းက ကျနော်ပြောတဲ့စကားပေါ့၊


အသင်းကနေပြီး ပါတီကို ပြောင်းတာဟာ မလုပ်သင့်ဘူး၊ အဲဒါကို ကလိမ်ကကျစ် လုပ်သလို ဖြစ်တယ်ဆိုတဲ့
စကားလုံး ပါသွားတယ်။ ကလိမ်ကကျစ်ဆိုတဲ့ စကားလုံးကို အခု စာပေစိစစ်ရေးက ဒါဟာ သူတို့ဥပဒေနဲ့ ငြိတယ်၊
အဲဒါကြောင့် ဒဏ်ငွေ ၂၀၀,၀၀၀ ပေးရမယ်ပေါ့။ အဲဒါတချက်။

“နောက်တခုကတော့ ဂျာနယ်ရဲ့နာမည်က ကဒေါင်းဆိုတော့ ကျနော်တို့က ကဒေါင်းဆိုတဲ့ စာလုံးကို


အကြီးကြီးရေးတယ်။ ဒီမိုကရက်တစ်ပါတီမှ ထုတ်ဝေသည် ဆုတ
ိာကတော့ သေးသေးပေါ့၊ စကားလုံးက၊
အဲဒါကလည်း သူ့ဥပဒေနဲ့ ငြိတယ်တဲ့။ ဒီမိုကရက်တစ်ပါတီ ဆိုတာကို စာလုံးကြီးကြီး ရေးရမယ်၊ ကဒေါင်းဆိုတာကို
သေးသေးရေးရမယ်တဲ့၊ အဲဒါကြောင့် အဲဒီဟာလည်း ဥပဒေနဲ့ ငြိတဲ့အတွက် ၇၀,၀၀၀ ဒဏ်ရိုက်မယ်တဲ့။ ပြီးတော့
အဲဒီဂျာနယ်ကို ဂျာနယ်ဆိုတဲ့ စကားလုံး မသုံးရဘူးတဲ့။ ဂျာနယ်ဆိုတာ သူတို့ စီးပွားရေးအတွက် ပေးထားတဲ့
နာမည်ပေါ့။ နိုင်ငံရေးပါတီအတွက်ဆို စာစောင်၊ သို့မဟုတ် စာပေ တခုခုသုံးရမယ်ပေါ့။ အဲဒါကို Warning
ပေးတယ်။”

ရွေးကောက်ပွဲရက် နီးလာပေမဲ့ ဒီမိုကရက်တစ်ပါတီ အနေနဲ့ အခက်အခဲ များစွာ ကြုံနေရတဲ့ အထဲမှာ


ဘဏ္ဍာရေးဆိုင်ရာ ပြဿနာကလည်း ကြီးကြီးမားမား ရင်ဆိုင်နေရတာမို့ စာပေစိစစ်ရေးကို အခုချမှတ်ထားတဲ့
ပြစ်ဒဏ်တွေကနေ ကင်းလွတ်ပေးဖို့ အသနားခံစာ တင်ခဲ့ရတယ်လို့လည်း သူက ဆက်ပြောပြပါတယ်။

“ကျနော်တို့ ပြန်ကြားရေးမှူးက ပြောတယ်။ ကျနော်တို့ ဒါ ပထမဆုံးအကြိမ်လည်း ဖြစ်တယ်၊ ကျနော်တို့


ပါတီမှာလည်း ပိုက်ဆံမရှိဘူး၊ အဲဒါကြောင့် ငဲ့ညှာပါပေါ့၊ အသနားခံတာပေါ့။ အဲဒီလိုဆိုရင် ခင်ဗျားတို့ကို ဒါ
ဆိုင်းငံ့ပြစ်ဒဏ် အနေနဲ့ ပေးမယ်။ နောက်တခါ ကျူးလွန်ရင် အခုကျူးလွန်ထားတဲ့ ပြစ်ဒဏ်လည်း ပေးရမယ်။ အဲဒါကို
လက်မှတ်ထိုးပါဆိုလို့ ကျနော်တို့ လက်မှတထ
ိုးပေးလိုက်တာပေါ့။

“စည်းကမ်းတွေထဲမှာတော့ မဝေဖန်နဲ့လို့ ပြောတာဆိုတော့ ကျနော်တို့လည်း ကောင်းကောင်း မရှင်းဘူး။ ကျနော်တို့


နိုင်ငံရေးပါတီ ဆိုတာကတော့ အစိုးရလုပ်နေတဲ့ ချို့ယွင်းချက်တွေကို ထောက်ပြပြီးတော့ အဲဒါကို
ပြင်မယ်ဆိုတဲ့ဟာတွေက အမြဲပြောတယ်လေ။ ဥပဒေနဲ့ ငြိစွန်းတယ်ဆိုရင်တော့ ကျနော်တို့က ငြိနေတာပဲပေါ့။”

၁၉၉၀ ရွေးကောက်ပွဲအကြို ကာလတွေတုန်းက မြန်မာ့ရုပ်မြင်သံကြား၊ မြန်မာ့အသံတို့ကနေ ရွေးကောက်ပွဲ


ဝင်ကြမယ့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေကို ၁၅ မိနစ်လောက် လူထုနဲ့ စည်းရုံးခွင့် နှစ်ကြိမ်လောက်
ပြုလုပ်ပေးခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ရွေးကောက်ပွဲ ၀င်ကြမယ့် နိုင်ငံရေးပါတီတွေကို အစိုးရပိုင်းက
ဒီလို စည်းရုံးရေးဆိုင်ရာ အစီအစဉ်တွေအတွက် အကြောင်းကြားတာ အခုချိန်ထိ မရှိသေးဘူးလို့လည်း
ပြောပြပါတယ်။

“အဲဒါကတော့ လုံးဝ အကြောင်းကြားတာတွေ ဘာတွေ မရှိပါဘူး။ အသံလည်း မထွက်ပါဘူး။ ဟိုတုန်းကတော့


တလကျော် မကဘူးထင်တယ်၊ ကျနော်မှတ်မိသလောက်တော့ နှစ်လကျော်၊ ပထမတကြိမ် တီဗွီနဲ့ ရေဒီယိုမှာ
ပြောခွင့်ပေးတယ်။ နောက်ထပ် တလလောက်နေတဲ့ အခါကြတော့ ဒုတိယအကြိမ် ပြောခွင့်ပေးတယ်။”

ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဥက္ကဋ္ဌ ဦးသုဝေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

၁၉၉၀ တုန်းကထက်စာရင် ဒီနေ့ခေတ်က သတင်းမီဒီယာက ပိုပြီး ခေတ်စားပေမဲ့ နိုင်ငံရေးပါတီတွေက


သတင်းမီဒီယာတွေကို အသုံးချခွင့် မရတာဟာ အတော်လေး နစ်နာတဲ့ အခြေအနေ ဖြစ်တယ်လို့ အမျိုးသား
ဒီမိုကရက်တစ် အင်အားစု (NDF) ပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက သုံးသပ်ပါတယ်။

“ရွေးကောက်ပွဲ နီးလာရင် ဒါတွေကတော့ ပါတီတိုင်းမှာ တင်ပြခွင့် ရှိတာပဲလေ။ ဒါ ဘယ်သူ့ကိုမှ ထိခိုက်တာမှ


မဟုတ်ဘဲ။ ကိုယ့်ပါတီအကြောင်း၊ ကိုယ့်ပါတီအနေနဲ့ လူထုသိအောင် လုပ်တဲ့ကိစ္စ၊ ဒါကိုတော့ မချုပ်ချယ်သင့်ဘူးလို့
အန်ကယ်တို့တော့ ထင်တာပဲ။”

မြန်မာနိုင်ငံမှာ တရားမျှတတဲ့ ရွေးကောက်ပွဲတခု ဖြစ်ဖို့အတွက် သတင်းလွတ်လပ်ခွင့် ရှိဖို့ဆိုတာ အရေးကြီးတယ်လို့


ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောဆိုလိုက်ပါတယ်။

Source:http://www.voanews.com/burmese/news/democratic-party-u-thu-wai-101561158.html

ကြို မအေးအမှုအတွက် နိင


ု င
် တ
ံ ကာခံရ
ု ံုးကို တင္ဖေ
ို့ တာင်းဆို
2010-08-26

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးကို ဖမ်းဆီးထောင်ချခဲ့တာဟာ တရားဥပဒေနဲ့ မညီတဲ့အတွက်


နိုင်ငံတကာခုံရုံးကနေ စစ်ဆေးပေးဖို့ လန်ဒန်အခြေစိုက် Burma Justice Committee မြန်မာပြည် တရားမျှတရေး
ကော်မတီက သြဂုတ်လ ၂၆ ရက် ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

ဒီမိုကရေစီ အင်အားစုများ၏ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရ နှစ်ပတ်လည်နေ့ ဖြစ်သော ၂၀ဝ၇ခုနှစ် မေလ


၂၇ရက် တွင် လက်ချင်းချိတ်၍ ပါဝင်ဆင်နွှဲနေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ပါသည်။
(ဝဲမှယာ) ကိုမြအေး၊ ကိုကိုကြီး၊ ကိုမင်းကိုနိုင်၊ ကိုဌေြးွကယ်။ (Photo: AFP)

ကုလသမဂ္ဂ၊ မတရား ဖမ်းဆီးအရေးယူမှုဆိုင်ရာ အမှုဆောင်အဖွဲ့ ( UN Working Group on Arbitrary


Detention) အနေနဲ့ ကိုမြအေးဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဥပဒေကြောင်းအရ မတရားဖမ်းဆီးမှု
ဖြစ်တယ်ဆိုတာကို စစ်ဆေးပေးဖို့ တောင်းဆိုတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး Burma Justice Committee က ရှေ့နေ Ms. Sappho Dias က ကိုမြအေးဟာ မတရား
ဖမ်းဆီးခံရတာ ဖြစ်တယ်။ မြန်မာစစ်အစိုးရဟာ ကြို မအေးကို ဖမ်းဆီးပြီး မိသားစုနဲ့ ဝေးလံတဲ့ အကျဉ်းထောင်ကို
ပို့ထားတာ။ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေတဲ့ သူ့ကို အာဏာပိုင်တွေက ဆေးကုသမှု အလုံအလောက်
မပေးတာတွေအတွက် Burma Justice Committee အနေနဲ့ ကြို မအေးရဲ့အမှုကို နိုင်ငံတကာခုံရုံးကို
တင်ပြဖို့အတွက် အခုလို တောင်းဆိုတာပါလို့ Burma Justice Committee ရဲ့ ရှေ့နေ မစ္စ ဒိုင်းယက်စ်
ပြောသွားတာပါ။

ကိုမြအေးအပါအဝင် ကျောင်းသားခေါင်းဆောင်တွေ အားလုံးလွတ်မြောက်ဖို့အတွက် ကုလသမဂ္ဂ


လုံခြုံရေးကောင်စီကို တင်ပြဆောင်ရွက် သွားမယ်လို့လည်း မစ္စ ဒိုင်းယက်စ်က ပြောပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး RFA မှ ဒေါ်ခင်ခင်အိက စုစည်းတင်ပြထားပါတယ်။

Source:http://www.rfa.org/burmese/news/mya_aye_case_asked_for_international_tribunal_trial-082
62010111128.html

စစ်ရေးအရ အရေးယူရင် ဗိလ


ု ခ
်ျုပ်ထန
ိ ေ
် မာင်တို့ အလားတူ တြုံ့ ပန်မည်
ဒီရက်ပိုင်းအတွင်း မြန်မာစစ်အစိုးရ သတင်းစာ မျက်နှာဖုံးတွေမှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းတဲ့
သတင်းတွေ ဆက်တိုက် ဖော်ပြနေချိန်မှာ ဗိုလ်ချုပ်ထိန်မောင် ခေါင်းဆောင်တဲ့ ကရင်ငြိမ်းချမ်းရေး ကောင်စီကတော့
အသွင်ပြောင်း ဖွဲ့စည်းရေးကို ထပ်မံ ငြင်းဆိုလိုက်ပါတယ်။ မြန်မာစစ်အစိုးရက ကရင်ငြိမ်းချမ်းရေး ကောင်စီကို
တပတ်အတွင်း နယ်ခြားစောင့်တပ် ဒါမှမဟုတ် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖို့ တောင်းဆိုထားပြီး လက်မခံရင်
စစ်ရေးအရ အရေးယူမယ်လို့ ဖိအားပေးတာတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက်
သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

စစ်ဘက်ရေးရာ လုံခြုံရေးဌာန အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်က ကရင်ငြိမ်းချမ်းရေး ကောင်စီက


ကိုယ်စားလှယ်တွေကို မော်လမြိုင်မြို့က အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ ခေါ်ယူပြီး တပတ်အတွင်း
အသွင်ပြောင်းဖို့အတွက် ဖိအားပေး တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ကရင်ငြိမ်းချမ်းရေး ကောင်စီကတော့ ဒီတောင်းဆိုချက်ကို လက်မခံနိုင်ဘူးလို့ အဖွဲ့ခေါင်းဆောင် တဦးဖြစ်တဲ့


ဗိုလ်မှူးရင်နုက အခုလို ပြောပါတယ်။

“တပတ်အတွင်း လုပ်ရင်လုပ်၊ မလုပ်ရင်တော့ သူက ဘယ်လိုလုပ်မလဲတော့ မပြောတတ်ဘူးလေ။ ဒါပေမဲ့ ကျနော်တို့


မလုပ်ဘူးလေ၊ ဘယ်လိုပဲ ပြောပြောပေါ့။ ပြည်သူ့စစ်လည်း မလုပ်ဘူးနော်။ နယ်ခြားစောင့်တပ်လည်း မလုပ်ဘူးပေါ့။”

မြန်မာစစ်အစိုးရဘက်က သူတို့ တောင်းဆိုတာကို လက်မခံရင် စစ်ရေးအရ ဖိအားပေးပြီး ကရင်ငြိမ်းချမ်းရေး


ကောင်စီ အခြေစိုက်ရာ ထို့ကော်ကိုးကနေ မောင်းထုတ်ပစ်မယ်လို့ ခြိမ်းခြောက် ပြောဆိုတာတွေလည်း ရှိနေပါတယ်။
ဗိုလ်မှူးရင်နုက စစ်ရေးအရ အရေးယူလာရင် အလားတူ တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“စစ်ရေးအရ အရေးယူလာရင် ကျနော်တို့လည်း အဲဒါယူရမှာပေါ့။ မဟုတ်ဘူးလား။ ဒါလည်း တနည်းနည်းနဲ့


တုံ့ပြန်ရမှာပေါ့။ ကျနော်တို့ ဒီကိုပြန်လာတာကတော့၊ ငြိမ်းချမ်းရေး ပြန်လာလုပ်တာကတော့ ကျနော်တို့ ဟိုးအရင်က
ခေါင်းဆောင်ကြီး စောဘဦးကြီး မူ ၄ ချက်နဲ့ ပြန်ယူလာတယ်လေ။ အဲဒါပဲ၊ အသေယူထားတာပေါ့၊ မဟုတ်ဘူးလား။”

ကရင်ခေါင်းဆောင် စောဘဦးကြီးမူ ၄ ချက်ကတော့ လက်နက်ချစကား အလျင်းမပြောရ။ ကရင့်လက်နက်


ကရင့်လက်ထဲမှာ ရှိရမည်။ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည်။ ကရင်ပြည် အသိအမှတ်ပြုခြင်း ပြီးပြည့်စုံရမည်
ဆိုတာ ဖြစ်ပါတယ်။

ကရင်အမျိုးသား အစည်းအရုံး (KNU) က တွဲဖက်အတွင်းရေးမှူး ပဒိုစောလှငွေကလည်း ကရင်ငြိမ်းချမ်းရေး


ကောင်စီကို စစ်ရေးအရ အရေးယူလာရင် အခြေအနေအရ သူတို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်မှာ ဖြစ်တယ်လို့
ပြောပါတယ်။
မကြာမီမှာ ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် ကရင်ငြိမ်းချမ်းရေး ကောင်စီရဲ့ သဘောထားကိုတော့
ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးတင်မိုသီက အခုလို ပြောဆိုပါတယ်။

“အခုရွေးကောက်ပွဲက လူထုရဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ ရထားတဲ့မဲကို သူတို့ စော်ကားတာပဲ။ NLD ကို


အာဏာမအပ်ဘူး။ မအပ်ဘဲ အခုတခါ ထပ်လာပြီးတော့ ရွေးကောက်ပွဲ ပြန်လုပ်မယ်။ ရွေးကောက်ပွဲ
ဘယ်ဟတ
ုမလဲ၊ ရွေးချယ်ပြီးသွားပြီပဲဟာ။ ဘယ်လို ရွေးကောက်ပွဲ ထပ်လုပ်မလဲ။ ရွေးကောက်ပွဲဆိုတာ သူတို့
ကမ္ဘာကို မျက်လှည့်ပြတာ၊ ဒါပဲရှိတယ်။

“အဲတော့ အခု တိုင်းရင်းသား ခေါင်းဆောင်တွေရော ကျနော်တို့ရော ဘာပြန်လုပ်မလဲဆိုရင် ဒီရွေးကောက်ပွဲ


တို့မလိုဘူး။ တို့လိုတာက အရင်ရွေးကောက်ပွဲကို အသိအမှတ်ပြုပြီးတော့ နိုင်တဲ့ပါတီကို အာဏာအပ်ဖို့၊ ဒါပဲရှိတယ်။”

ဒီနှစ် ဧပြီလ ၇ ရက်နေ့ကလည်း ဒု-ဗိုလ်ချုပ်ကြီးရဲမြင့်က ကရင်ငြိမ်းချမ်းရေး ကောင်စီကို အသွင်ပြောင်း


ဖွဲ့စည်းဖို့အတွက် အလားတူ တောင်းဆိုခဲ့ဖူးပါတယ်။ ဒါကို ဧပြီလ ၂၂ ရက်နေ့မှာ ဗိုလ်ချုပ်ထိန်မောင်က
လက်မခံနိုင်ကြောင်း စာရေးသား ပေးပို့ပြီး ငြင်းဆိုထားခဲ့တာလည်း ဖြစ်ပါတယ်။

KNU/KNLA Peace Council ခေါ် ကရင်ငြိမ်းချမ်းရေး ကောင်စီဟာ ၂၀၀၇ ခုနှစ်မှာ KNU ကနေ ခွဲထွက်ပြီး
မြန်မာစစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ ကရင်ငြိမ်းချမ်းရေး ကောင်စီက မြန်မာစစ်အစိုးရ
ကမ်းလှမ်းတဲ့ နယ်ခြားစောင့်တပ် ဒါမှမဟုတ် ပြည်သူ့စစ် ဖွဲ့စည်းရေးကို အရင်ကလည်း အကြိမ်ကြိမ်
ငြင်းဆိုထားတာ ဖြစ်ပါတယ်။

လာမယ့် ၂၈ ရက်နေ့မှာတော့ ကရင်ငြိမ်းချမ်းရေး ကောင်စီက အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူထားပြီး


မြန်မာစစ်အစိုးရရဲ့ တောင်းဆိုချက် အပေါ်မှာ အပြီးသတ် ဆုံးဖြတ်မယ်လို့ သိရပါတယ်။

မြန်မာစစ်အစိုးရဟာ ရွေးကောက်ပွဲ မတိုင်မီမှာ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို


နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ဒီရက်ပိုင်းတွေ အတွင်းမှာ ဖိအားပေး တောင်းဆိုနေပါတယ်။ ဒါပေမဲ့
ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မိုင်းလားအဖွဲ့နဲ့ မွန်ပြည်သစ်ပါတီတို့က အသွင်ပြောင်းရေးကို
လက်မခံကြောင်း တုံ့ပြန်ထားပါတယ်။

ဒီရက်ပိုင်းတွေ အတွင်းမှာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နဲ့ ဟောင်သရောဒေသ


ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့က နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းတဲ့ သတင်းတွေကို မြန်မာစစ်အစိုးရထုတ်
သတင်းစာ မျက်နှာဖုံးတွေမှာ ဦးစားပေး ဖော်ပြထားပါတယ်။

Source:http://www.voanews.com/burmese/news/knu-knla-peace-council-101561768.html

ရွေးကောက်ပွဲ ၆ ပတ်ရွှေ့ပေးရန် သုံးပါတီတောင်းဆို


ဖနိဒါ | ကြာသပတေးနေ့၊ သြဂုတ်လ ၂၆ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၉ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။ ။ အချိန်မလုံလောက်မှုနှင့် ကြုံတွေ့နေရသော နိုင်ငံရေးပါတီ သုံးခုက ရွေးကောက်ပွဲကို


ဒီဇင်ဘာလလယ်သို့ နောက်ဆုတ် ကျင်းပရန်နှင့် လွှတ်တော် ကိုယ်စားလှယ်လောင်း တင်သွင်းရမည့်
နောက်ဆုံးရက်ကို အချိန်တိုးပေးရန် ရွေးကောက်ပွဲ ကော်မရှင်သို့ စာတင်လိုက်သည်။

၈၈ မျိုးဆက် ကျောင်းသားလူငယ် (ပြည်ထောင်စု မြန်မာနိုင်ငံ)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေး


အဖွဲ့ချုပ်နှင့် မြန်မာဒီမိုကရေစီ ကွန်ဂရက်တို့က အမှန်တကယ် အရေးကြီးဆုံးအဆင့် ဖြစ်သည့် လွှတ်တော်
ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းရန် ၁၅ ရက်သာ အချိန်ပေးခြင်းမှာ နည်းလွန်းလှသည်၊ လွတ်လပ်၍
တရားမျှတသော ရွေးကောက်ပွဲကို ရှေ့ရှုဆောင်ရွက်သည့်အနေဖြင့် အမတ်လောင်း အမည်စာရင်း တင်သွင်းရက်နှင့်
ရွေးကောက်ပွဲရက်ကို ပြင်ဆင်သတ်မှတ်ပါဟု ယမန်နေ့က ပေးပို့သော စာတွင် တောင်းဆိုထားသည်။
ကော်မရှင်က အမတ်လောင်းစာရင်း တင်သွင်းရက်ကို သြဂုတ် ၃၁
ရက်နေ့ဟု နောက်ဆုံး သတ်မှတ်ထားသည်။ သုံးပါတီက
ကိုယ်စားလှယ်လောင်း တင်သွင်းရမည့်ရက်ကို ၄၅ ရက်အထိ
တိုးပေးစေချင်နေသည်။

“အချိန်ကလည်း နည်း၊ ငွေရေးကြေးရေးကလည်း ခက်ခဲတော့


အဆင်မပြေဘူး။ ကျနော်တို့ကတော့ ၆ ပတ်လောက်
တိုးပေးစေချင်တယ်။ ဒါမှ ရက်ပေါင်း ၆ဝ လောက်ရမယ်လေ‫״‬ဟု
ရွေးကောက်ပွဲ ၈၈ မျိုးဆက်ကျောင်းသား လူငယ်မှ ကိုအေးလွင်က ပြောသည်။
ကျင်းပမည့်ရက်ကို နောက်ဆုတ်စေလိုကြောင်း
ကြေညာချက် ထုတ်ပြန် ဦးအေးလွင်က ဇာတိ ပဲခူးတိုင်း သဲကုန်းတွင် ဝင်ရောက်
ယှဉ်ပြိုင်မှာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် အနည်းဆုံး ၇၅
ယောက်ရရန် လျာထားသည်။

ထို့ပြင် နိုင်ငံရေးပါတီအများစု လက်ရှောင်နေသော စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်ခရိုင်တွင် ဝင်ပြိုင်မည်ဟုလည်း


ဆိုသည်။

၎င်းသုံးပါတီကဲ့သို့ပင် ကိုယ်စားလှယ် ၃၅ ဦး ဝင်ပြိုင်လိုသော အမျိုးသားနိုင်ငံရေး မဟာမိတ်ပါတီကလည်း


အမတ်လောင်းစာရင်း တင်သွင်းရက်ကို စက်တင်ဘာ ၁၄ သို့ ပြောင်းလဲသတ်မှတ်ရန် ကော်မရှင်ထံ
တောင်းဆိုထားသည်။

လွှတ်တော်သုံးရပ်တွင် ပြည်သူက ရွေးချယ်ရမည့် ခွဲတမ်းမှာ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ် ၃၃ဝ ၊


အမျိုးသား လွှတ်တော်အတွက် ၁၆၈ ဦးနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် ၆၆ဝ ရှိသည်။
Source:http://www.mizzimaburmese.com/news/2010-election/5926-2010-08-26-12-53-32.html

နုင
ိ င
်ေ
ံ ရးပါတီများ စာရွကစ
်ာတမ်း ရိက
ု န
် ပ
ှိ ထ
် တ
ု ေ
် ၀ရန် ခက်ခဲ
စစ်အစိုးရက ဦးဆောင်ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြသည့်
နိုင်ငံရေးပါတီများ၏ ပါတီမူဝါဒဆိုင်ရာ စာရွက် စာတမ်းများကို ပုံနှိပ်တိုက်များက ရိုက်နှိပ်မပေးရဲသည့် အတွက်
ပါတီတချို့ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

“ပုံနှိပ်တိုက်တွေကရိုက်မပေးရဲကြတော့တဲ့အတွက် ဒုတိယအကြိမ် ထုတ်မယ့် စာစောင်အတွက်


အခက်အခဲဖြစ်နေတယ်” ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာပြည်) ၏ အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနုက
ဧရာဝတီကိုပြောသည်။

ဒီမိုကရက်တစ်ပါတီမှ မန္တလေး၌ ပထမအကြိမ် ထုတ်ဝေခဲ့သော စာစောင်တွင်“ ကလိမ်ကကျစ်”


ဟူသောစာသားကြောင့် နိုင်ငံရေးပါတီများ စာပေထုတ်ဝေခွင့် စိစစ်ရေးဌာနမှ ဒဏ်ငွေ ၂ သိန်းကျပ် အပြင်
“ကဒေါင်း” ဟူသည့် စာသားကြီးနေခြင်း ကြောင့်လည်း ဒဏ်ငွေ ၇ သောင်းကျပ် ကို စာပေစိစစ်ရေးသို့
ပေးဆောင်ရကြောင်းလည်း သိရသည်။

ဒဏ်ကြေးဆောင်ရမည့် ငွေအား အာမခံကြေးပေးထားရသည့် ငွေ ၅ သိန်းကျပ်မှ ဖြတ်ယူမည်ဖြစ်ပြီး ပါတီမှ


အစားထိုး ပြန်ဖြည့်ပေးသွားရမည်ဟု ဒေါ်သန်းသန်းနုက ရှင်းပြသည်။

နိုင်ငံရေးပါတီများသည် စာအုပ်၊ စာစောင် ထုတ်ဝေခွင့်ရရေးအတွက် စာပေစိစစ်ရေးသို့ မှတ်ပုံတင်ကြေး ၁


သိန်းကျပ်နှင့် အာမခံကြေး ၅ သိန်းကျပ်ကို ကြိုတင်ပေးထားရကြောင်း သိရသည်။ ထိုကြေးများသွင်းပြီးမှသာ
စာစောင်ထုတ်ဝေခွင့် လက်မှတ် (န.သ) လိုင်စင်ရရှိကြောင်း၊ န.သ လက်မှတ်ပါရှိပါက မည်သည့်ပုံနှိပ်တိုက်တွင်မဆို
ရိုက်နှိပ်ပိုင်ခွင့်ရှိကြောင်း မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီ၏ ဒု ဥက္ကဋ္ဌ ၂ ဦးတင်မောင်အေးက ရှင်းပြသည်။

“ပုံနှိပ်တိုက်တွေက ကြောက်ကြတာတော့အမှန်ပဲ၊ ဘာကြောင့်လဲဆိုတော့ စာလုံးလေး တလုံးမှားတာကအစ


သူတို့မှာ
တာဝန်ရှိနေတဲ့ အတွက်ပါ၊ မတော်တဆမှားသွားရင် သူတို့အတွက် နစ်နာမှုကလည်း ကြီးတယ်”ဟု
ဦးတင်မောင်အေးက ဆိုသည်။

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေး ပါတီ အနေဖြင့် စာစောင်ထုတ်ဝေခွင့် ဥပဒေ မထုတ်ခင်ကသာ


စာစောင်ထုတ်ဝေခဲ့ပြီး လက်ရှိတွင် အကန့်အသတ်များနေ၍ မထုတြ် ဖစ်သေးကြောင်း၊ မဲဆွယ် စည်းရုံးရေးကာလ
ရောက်မှသာ အခြေအနေအရ လုပ်ဆောင်သွားမည် ဟုလည်း ၎င်းက ဆက်ပြောသည်။

“ပြဿနာတက်လို့ စက်အသိမ်းခံရရင် သိန်းထောင်ချီ ဆုံးရှုံးသွားနိုင်တယ်”ဟု ပြည်တွင်းထုတ် ဂျာနယ်တစောင်၏


ဖြန့်ချိရေး တာဝန်ယူထားသူ တဦးကလည်း ဆိုသည်။

ပုံနှိပ်စက် အများစုသည် မူလတင်သွင်းသည့် လုပ်ငန်းရှင်မှတဆင့် ၀ယ်ထားယူကြခြင်းဖြစ်သည့်အပြင်


အခွန်ဆောင်ကြေး လည်း မြင့်မားနေခြင်းတို့ကြောင့် အများစုမှာ မှတ်ပုံတင် လုပ်မထားကြကြောင်း သိရသည်။

စစ်အစိုးရ အာဏာပိုင်များသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ဖွံ့) ၏ လုပ်ဆောင်မှုမှ လွဲ၍


တခြားသော နိုင်ငံရေးပါတီများ၏ လုပ်ဆောင်ချက်များကို ထက်ကြပ်မကွာ စောင့်ကြည့်၍ ကန့်သတ်မှုအမျိုးမျိုး၊
ဥပဒေ အမျိုးမျိုး ထုတ်၍ လုပ်ဆောင်နေသည်ဟု ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသူ ပြည်ထောင်စု
ဒီမိုကရေစီပါတီ(UDP)၏ ဥက္ကဋ္ဌသစ် ဦးသိန်းဌေးက ဧရာဝတီသို့ ပြောသည်။

ဦးသိန်းဌေးသည် စစ်အစိုးရက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော


ရွေးကောက်ပွဲဖြစ် လာမည်မဟုတ်ဟု ဆိုကာ ပါတီ ဥက္ကဋ္ဌ နေရာမှနုတ်ထွက်သွားသော
ဦးဖြိုးမင်းသိန်းနေရာတွင်တာဝန်ယူထားသူဖြစ်သည်။

“ကျနော်တို့ ပါတီတွေ လုပ်နေတာတွေကို အမြဲတမ်းစောင့်ကြည့်တယ်၊ ပြီးရင် လုပ်ဆောင်ချက်တွေအပေါ် မူတည်ပြီး


ဥပဒေတွေ တခုပြီးတခု လိုက်ထုတတ
် ယ်၊ ပါတီတွေ အနေနဲ့လည်း ကြံ့ခိုင်ရေးပါတီရဲ့လုပ်ရပ်တွေကို ရင်ဆိုင်ဖို့
ပြင်ဆင် ထားရမယ်၊ လက်တွဲမဖြုတ်ကြဖို့ အရေးကြီးပါတယ်”ဟု ဦးသိန်းဌေးက ဆိုသည်။

UDP အနေဖြင့် ပါတီ၏ စာရွက်စာတမ်းများ၊ စာစောင်များ ထုတ်ဝေခြင်းတို့ကို အခက်အခဲများ ရှိသော်လည်း၊


စက်တာဘာလ ၁၀ ရက်နောက်ပိုင်း မဲဆွယ်စည်းရုံးရေးကာလတွင် လုပ်ဆောင်သွားမည်ဟု ၎င်းကဆက်လက်
ပြောဆိုသည်။
စစ်အစိုးရက အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာလ ၇ ရက်နေ့၌ ကျင်းပပြုလုပ်မည်ဟု သြဂုတ်လ ၁၃ ရက်
နေ့တွင် ကြေညာထားသည်။

နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၇ ပါတီဖြစ်ပြီး


မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ၄၂ ပါတီကို ခွင့်ပြုပြီး ဖြစ်သည်။ ထို ၄၂ ပါတီအနက် ၂၇ ပါတီက
ပါတီဝင်အင်အားစာရင်း တင်ပြပြီးဖြစ် သည်။
Source:http://www.irrawaddy.org/bur/index.php/news/1-news/3922-2010-08-26-12-07-12

ရွေးကောက်ပွဲကို ကျောခိင
ုး ရန်လအ
ို ပ်ဟု ဦးဝင်းတင် ပြောကြား
NEJ / ၂၆ သြဂုတ် ၂၀၁၀

၂၀၁၀ ရွေးကောက်ပွဲအပေါ်တွင် ပြည့်စုံသည့်တုံ့ပြန်မှု ဖြစ်စေရန်အတွက်


ရွေးကောက်ပွဲကို သပိတ်မှောက်ရန် လိုအပ်ကြောင်း အန်အယ်လ်ဒီ
ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားသည်။

“ပြည့်စုံတဲ့တုံ့ပြန်မှုဆိုတာ ဒီရွေးကောက်ပွဲက မတရားဘူး။


ဒီရွေးကောက်ပွဲသွားမယ့် လမ်းခရီးကလည်း မှားနေတဲ့ဟာဆို
ကျနော်တို့လိုပဲ သပိတ်မှောက်ပေါ့။ ရွေးကောက်ပွဲကို သပိတ်မှောက်ရမယ်”
ဟု ၎င်းက ပြောသည်။

နအဖကောင်စီက ထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေများသည် တရားမျှတမှုမရှိသောကြောင့်


အန်အယ်လ်ဒီပါတီက ယခုနှစ် မတ်လ (၂၉) ရက်နေ့တွင် ပါတီအနေဖြင့် မှတ်ပုံတင်မည်မဟုတ်ကြောင်း
ဆုံးဖြတ်ခဲ့ပြီး လာမည့် နိုဝင်ဘာ (၇) ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ဆုံးဖြတ်ချက်ကို
သြဂုတ် (၁၉) ရက်တွင် တရားဝင်ထုတ်ဖော်ကြေညာခဲ့သည်။

“ဒီရွေးကောက်ပွဲဟာ ၂၀၀၈ အခြေခံဥပဒေကိုသွားမယ်။ ဒီဥပဒေဟာ တရားမဲ့တဲ့ ဥပဒေကြီး၊ စစ်အစိုးရ


စစ်အာဏာရှင်တွေ အာဏာတည်မြဲဖို့ အသက်သွင်းမယ့် အခြေခံဥပဒေဖြစ်တယ်။ ဒီရွေးကောက်ပွဲက
ဒီအခြေခံဥပဒေကို အကောင်အထည်ဖော်မှာမို့ ကျနော်တို့ကန့်ကွက်တယ်။ တရားမျှတခြင်း နိုင်ငံရေးအခြေအနေ
ပြည့်စုံတာ ဘာမှမရှိတဲ့အတွက် ကျနော်တို့ကန့်ကွက်တယ်။ ဒါဆို ကျနော်တို့ပါတီက မှတ်ပုံလည်းမတင်ဘူး၊
ရွေးကောက်ပွဲလည်း မ၀င်ဘူးဆုံးဖြတ်တယ်” ဟု ဦးဝင်းတင်က ပြောသည်။

သို့သော် ရွေးကောက်ပွဲကို သပိတ်မှောက်ရာတွင် အပြည့်အစုံမျှော်လင့်၍ မရနိုင်ကြောင်း ဦးဝင်းတင်က


ပြောဆိုသည်။

“အပြည့်အစုံမျှော်လင့်ပြီး ပြောနေတာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ လူထုက ဘယ်ပါနိုင်မလဲ။ ပါနိုင်မှဖြင့် ၁၉၉၀


ရွေးကောက်ပွဲကတည်းက၊ အာဏာမလွှဲဘူးဆိုကတည်းက လူထုက အုံကြွပြီးတော့ ပါလာမှာပေါ့။ မပါဘူးဆိုတာ
ကျနော်တို့ သဘောပေါက်ပါတယ်။ မပါဝံ့ဘူး၊ မပါနိုင်ဘူး၊ ပါနိုင်တဲ့အခြေအနေ မရှိဘူး။ ပါနိုင်တဲ့အခြေအနေမျိုး
ဖြစ်အောင်လည်း စစ်အစိုးရက ခွင့်မပေးဘူးဆိုတာ ကျနော်တို့သိတယ်။ သို့သော် ဘာပဲပြောပြော ကျနော်တို့က
ရုန်းကန်မှုအနေနဲ့၊ ဆန့်ကျင်မှုအနေနဲ့၊ တုံ့ပြန်မှုအနေနဲ့ကတော့ ရှိမယ်လို့ ကျနော်တို့ ယူဆတယ်” ဟု ၎င်းက
ပြောသည်။
ယနေ့အခြေအနေမှာ လူထုအနေဖြင့် စစ်အစိုးရအား ဆန့်ကျင်မြဲဆန့်ကျင်နေသော်လည်း လုံလောက်သည့်
တုံ့ပြန်မှုမရှိသည့်အတွက်၊ မလုပ်နိုင်သည့်အတွက် စစ်အစိုးရ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း၊ သို့သော်
အန်အယ်လ်ဒီက ဆက်လက် ရုန်းကန်ကန့်ကွက် ဆန့်ကျင်နေမည်ဖြစ်ပြီး လူထုအနေဖြင့် ပံ့ပိုးနိုင်သမျှ ပံ့ပိုးမည်ဟု
ယုံကြည်ကြောင်း ဦးဝင်းတင်က ပြောသည်။

၎င်းက ဆက်လက်ပြီး “ဒီရွေးကောက်ပွဲမှာလည်း ပြည့်စုံတဲ့ အနေအထားရှိမှာမဟုတ်ဘူး။ သို့သော် အဲဒါ


နောက်ဆုံးမှာ အကျိုးသက်ရောက်မှုက ဘာလည်းဆိုတော့ အနည်းဆုံး ဒီရွေးကောက်ပွဲကြီးဟာ မတရားဘူး။
နိုင်ငံရေးအပြောင်းအလဲကို စစ်အစိုးရပဲ ဆက်လက်စီးထားမယ်၊ စစ်အစိုးရရဲ့လက်ကိုင်တုတ်ပါတီ
ကြံ့ဖွံ့လိုဟာမျိုးကပဲ စီးမယ်ဆိုတာမျိုးတွေ ဖော်ပြနိုင်ရင် ကမ္ဘာကနေ စစ်အစိုးရအပေါ်မှာ ဖိစီးမှုတွေ ပိုပြီးတော့
များသထက် များလာမယ်လို့ ယူဆတယ်။ ဒီလိုဖြစ်တာဟာ တထစ်တရစ်တော့ တိုးသွားခြင်းဖြစ်တယ်လို့
ယူဆတယ်” ဟု ပြောကြားသည်။

ယမန်နေ့ကမူ ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကို မဲပေးလိုသည့်


ပြည်သူလူထုအနေဖြင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ မပါဝင်သဖြင့် မဲမပေးကြရန်သာရှိကြောင်း
၎င်း၏အကျိုးဆောင်ရှေ့နေ အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းမှတဆင့်
ပြောကြားခဲ့သည်။

လာမည့်ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ မပါသည့်အတွက် မည်သည့်ပါတီကို မဲပေးရန် မသိရှိတော့ကြောင်း


ပြည်သူများ၏ ပြောဆိုချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားလိုက်ခြင်းဖြစ်သည်။

ယင်းသို့ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်သည် မှန်ကန်ကြောင်း ဦးဝင်းတင်က ထောက်ခံပြောဆိုသည်။

၎င်းက “ဒေါ်စုရဲ့ ပြောဆိုချက်ဟာ အမှန်ဆုံးပဲ။ ဒေါ်စုရဲ့သဘောထားနဲ့ ကျနော်တို့ အန်အယ်လ်ဒီရဲ့သဘောထားဟာ


တထပ်တည်းကျတယ်လို့ပဲ ကျနော်တို့ ယူဆတယ်။ အန်အယ်လ်ဒီကို ထောက်ခံချင်တယ်၊ မဲပေးချင်ကြတယ်။
အန်အယ်လ်ဒီ မရှိတဲ့အခါကျတော့ ဘယ်သူ့မဲပေးရမှန်းမသိဘူး၊ ဘာလုပ်ရမှန်းမသိဘူး၊
မျက်စိသူငယ်ဖြစ်နေတယ်ဆိုရင် အန်အယ်လ်ဒီမှ မရှိတာ မပေးနဲ့ပေါ့။ အန်အယ်လ်ဒီ လုပ်သလိုလုပ်ပေါ့။
အန်အယ်လ်ဒီကနေ ရွေးကောက်ပွဲ ကျောခိုင်းထားရင် လူထုကလည်း ရွေးကောက်ပွဲကို ကျောခိုင်းရမှာပဲ။ အဲတော့
ဒေါ်စုရဲ့သဘောထားကို ကျနော်တို့ လုံးဝထောက်ခံတယ်။ ထောက်ခံရုံတင်မဟုတ်ဘူး။ ဒီသဘောထားမျိုးဟာလည်း
အန်အယ်လ်ဒီမှာ အောက်ခြေအထိ ရှိပါတယ်” ဟု ပြောသည်။

စစ်အစိုးရပြုလုပ်မည့် ရွေးကောက်ပွဲ မတရားမှန်း နိုင်ငံရေးသမားတိုင်း သိနိုင်သည့်အခြေအနေတွင်


ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်သူအချို့ ပါတီမှနုတ်ထွက်ခြင်း၊ ရွေးကောက်ပွဲတွင် မပါဝင်တော့ခြင်းတို့မှာလည်း
ပြည့်စုံသည့် တြုံ့ ပန်မှုမျိုး မဟုတ်ကြောင်း ဦးဝင်းတင်က ပြောဆိုသည်။

“အခု ဥက္ကဋ္ဌတွေ ထွက်ကြတယ်။ ရွေးကောက်ပွဲ ၀င်မယ် မ၀င်ဘူး ဆိုတာတွေဟာ လုံလောက်တဲ့ စစ်အစိုးရအပေါ်


တုံ့ပြန်ခြင်းမျိုးမဟုတ်ဘူး။ ပြည့်စုံတဲ့ တုံ့ပြန်ခြင်းလည်း မဟုတ်ဘူး။ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးတွေ၊ ကိယ
ုရေးကိုယ်တာ
နည်းနည်းလေး ထိလာတဲ့အခါမှာ သို့မဟုတ်လည်း ရည်မှန်းချက် မပြည့်စုံတဲ့အခါမှာ
သူတို့ရဲ့တုံ့ပြန်ချက်မျှ သာဖြစ်တယ်။ အဲဒီဟာ ကျနော်တို့ ဘာမှမပြောဘူး” ဟု ဆိုသည်။

သို့သော် ရွေးကောက်ပွဲဝင်ရန် မှတ်ပုံတင်ထားသည့် ပါတီများအနေဖြင့် ပါတီများဖျက်သိမ်းပြီး ၂၀၁၀


ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်မည်ဆိုပါက ထောက်ခံကြိုဆိုမည်ဟု ဦးဝင်းတင်က ပြောကြားသည်။
ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဋ္ဌဖြစ်သူ ဦးဖြိုးမင်းသိမ်းနှင့် နာယကအဖွဲ့ဝင်တဦးဖြစ်သူ ဦးညိုထွန်းတို့
ပါတီမှနုတ်ထွက်ကာ ရွေးကောက်ပွဲဝင်တော့မည်မဟုတ်ကြောင်း ပြောဆိုခဲ့ပြီး ယမန်နေ့ကလည်း
အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ရွေးကောက်ပွဲမ၀င်ရန်
ဆုံးဖြတ်လိုက်ကြောင်း ပြောဆိုခဲ့သည်။

Source:http://khitpyaing.org/index.php?route=detail&id=3800

ဓာတ်ငွေက
့ စ
ိ ၥ လႊတေ
် တ်ာထဲတွင် ရှင်း မည်ဟု ရခိင
ု ပ
်ါတီ ပြောဆို
မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ သြဂုတ်လ ၂၆ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၄၈ မိနစ်

ရန်ကုန် (မဇ္စျိမ) ။ ။ ရခိုင်ပြည်နယ်ထွက် သဘာဝဓာတ်ငွေ့ကို ရခိုင်ပြည်သူများ ခံစားခွင့် ရရှိရေးအတွက် ၂ဝ၁ဝ


ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် လွှတ်တော်ထဲတွင် ဆွေးနွေးတင်ပြသွားမည်ဟု ရခိုင် တိုင်းရင်းသားများ
တိုးတက်ရေးပါတီက ပြောဆိုသည်။

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ Rakhing National Development Party - RNDP သည်


ရခိုင်ပြည်နယ်တွင် ၁၇ မြို့နယ် ရှိသည့်အနက် ၁၄ မြို့နယ်ထက်မနည်း ရွေးကောက်ပွဲ ဝင်ပြိုင်မည်ဖြစ်ကာ ရန်ကုန်၊
ဧရာဝတီနှင့် မန္တလေးတိုင်းတွင်ပါ ရုံးခန်းများ ဖွင့်လှစ်၍ စည်းရုံးရေးဆင်းမှာဖြစ်သည်။

’’သဘာဝဓာတ်ငွေ့ကိစ္စအပြင် ရပိုင်ခွင့်သယံဇာတဆိုင်ရာတွေကို လွှတ်တော်မှာ ဥပဒေဘောင်အတွင်းကနေ


တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးကိစ္စတွေ၊ ကလေးတွေ စာမသင်နိုင်တာ၊ စီးပွားရေး မဖွံ့ဖြိုးတာ၊
လမ်းပန်းဆက်သွယ်ရေး မကောင်းတာတွေအတွက် ပါပါတယ်။ အဲဒီအတွက် ပါတီထောင်ပြီး ရွေးကောက်ပွဲ
ဝင်ရတာပါ’’ ဟု RNDP ပါတီ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

ရခိုင်ပြည်နယ်တွင် လူဦးရေ ၃ သန်းကျော်ရှိပြီး


လမ်းပန်းဆက်သွယ်ရေးမှာ အလွန်ခက်ခဲကာ
ဖွံ့ဖြိုးတိုးတက်မှုလည်း နိမ့်ကျနေပြီး၊ ဆင်းရဲချို့တဲ့သဖြင့်
စာမသင်နိုင်သည့် ကလေးပေါင်း ၂၅ ရာခိုင်နှုန်းခန့် ရှိကြောင်း
သူက ဆက်ပြောသည်။

RNDP ကို ထောက်ခံသည့် စစ်တွေမြို့ခံတဦးက


’’ရခိုင်ဓာတ်ငွေ့တွေကို ပိုက်လိုင်းသွယ်ပြီး တရုတ်ကို
ရောင်းတဲ့အခါ ရခိုင်ပြည်သူတွေအတွက် ခံစားခွင့်အကျိုးကို
ဘယ်လိုဆောင်ရွက်ပေးမှာလဲဆိုတာ လွှတ်တော်မှာ တင်ပြရမယ့် ကိစ္စပါ။ ဒါကို တင်ပြမယ်လို့ ကျနော်တို့ကို
ပြောတယ်’’ ဟု ပြောသည်။

ကျောက်ဖြူမြို့အနီး ဘင်္ဂလားပင်လယ်အော်တွင် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကို လုပ်ကိုင်ရာ တနေ့လျှင်


ကုဗပေသန်း ၅ဝဝ ထုတ်လုပ်နိုင်ကာ၊ ဓာတ်ငွေ့ပမာဏ ၄ ဒဿမ ၅ ထရီလျံမှ ၇ ဒဿမ ၇ ထရီလျံ ကုဗပေ အထိ
ရှိနိုင်ကြောင်းနှင့် ယင်းပမာဏမှာ နောင် ၂၅-၃ဝ နှစ်အထိ ထုတ်လုပ်နိုင်ကြောင်း ရွှေဂက်စ် စီမံကိန်းကို
လေ့လာနေသူများက ဆိုသည်။

ရခိုင်ကမ်းလွန်မှ သဘာဝဓာတ်ငွေ့များ နိုင်ငံခြားသို့ ထုတ်လုပ် ရောင်းချနေသော်လည်း ရခိုင်ဒေသခံများအနေဖြင့်


တစုံတရာ အကျိုးခံစားခွင့် မရရှိဘဲ လျှပ်စစ်မီးပင်လျှင် မြို့တော်စစ်တွေ၌ တနေ့ ၃ နာရီခန့်သာ ရရှိကြောင်း
ဒေသခံများက ထောက်ပြပြောဆိုလေ့ရှိသည်။

’’စစ်တွေမှာ နွေရာသီရတဲ့ လျှပ်စစ်က တနေ့ကို ၃ နာရီမပြည့်ဘူး။ မီးလာတဲ့အချိန်လည်း ဗို့အားမပြည့်ဘူး။


ကိုယ့်ဒေသက ထွက်တဲ့ ဓာတ်ငွေ့တွေကို ပြည်နယ်သားတွေအတွက် ဘာမှ အကျိုးအမြတ် မရဘူးဆိုရင်
တရားသလား၊ မတရားသလား ဆိုတာ တွေးတောဖို့ လိုပြီ’’ ဟု ရန်ကုန်ရှိ ရခိုင်ယဉ်ကျေးမှု အဖွဲ့ဝင်တဦးက
ပြောသည်။

ကျောက်ဖြူမြို့ခံ ရပ်မိရပ်ဖတဦးကမူ သဘာဝဓာတ်ငွေ့ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ၊


လယ်ယာမြေများ သိမ်းပိုက်ခံနေရမှုများ၊ ဒေသခံရပ်ရွာများ ပြောင်းရွှေ့ခံရနေရမှုများ စသော ဆိုးကျိုးများနှင့်
ရင်ဆိုင်ကြုံတွေ့ ခံစားနေကြရသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ယှဉ်ပြိုင်မည့် ပါတီများမှာ RNDP အပြင် ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံ


ရခိုင်ပြည်နယ် အမျိုးသားအင်အားစု၊ မြို ခေါ် ခမီအမျိုးသား ညီညွတ်ရေး၊ မြိုတိုင်းရင်းသားပါတီ၊ အမျိုးသား
ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်၊ ကမန်အမျိုးသား တိုးတက်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ကြံ့ဖွံ့
ပါတီတို့ ဖြစ်သည်။

’’ကျနော်တို့အနေနဲ့က ရခိုင်တိုင်းရင်းသားတွေနဲ့ ပါတီကို ဖွဲ့ထားတာ ဖြစ်တဲ့အတွက် ကျနော်တို့ ယုံကြည်တာကတော့


ရခိုင်ပြည်နယ်က တိုင်းရင်းသားတွေဟာ ကျနော်တို့ပါတီကို လှုက
ိလှိုက်လှဲလှဲ ထောက်ခံကြလိမ့်မယ်လို့
ယုံကြည်တယ်’’ ဟု ကျောက်ဖြူမြို့ခံက ဆိုသည်။

RNDP ပါတီ ဥက္ကဋ္ဌ ဒေါက်တာ ဦးအေးမောင်မှလွဲပြီး ကျန်ခေါင်းဆောင် အများစုမှာ ၁၉၉ဝ ရွေးကောက်ပွဲတွင်


ပါဝင်ခဲ့ဖူးသူများ ဖြစ်သည်။
Source:http://www.mizzimaburmese.com/news/inside-burma/5927-2010-08-26-13-20-09.html

မွနြ် ပည်သစ်၏ အကြောင်းပြန်ရက် စစ်အစိုး ရ သတ်မတ


ှ်
ဝီရ / ၂၆ သြဂုတ် ၂၀၁၀

မွန်ပြည်သစ်ပါတီက ပြည်သူ့စစ် အသွင်ပြောင်းဖွဲ့စည်းရန် လက်ခံ မခံ ဆိသ


ု ည်ကို နောက်ဆုံးအကြောင်းပြန်ရန်
နအဖ စစ်အစိုးရက နေ့ရက် အတိအကျ သတ်မှတ်ပေးလိုက်ပြီဖြစ်သည်။
မွန်ပြည်သစ် ပြောရေးဆိုခွင့်ရှိသူ နိုင်ခြေးမွန်က “ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ကြတော့ တပ်အသွင်ပြောင်းဖို့
ကိစ္စနဲ့ပတ်သက်ပြီး ပါတီရဲ့ သဘောထား အကြောင်းပြန်ဖို့ အခြားအပစ်ရပ်အဖွဲ့တွေလိုပဲ စက်တင်ဘာ (၁)
ရက်နေ့ကို နောက်ဆုံးရက်အဖြစ် သူတို့သတ်မှတ်လက
ိုတာ။ အဲဒီအချိန် အကြောင်းမပြန်ဘူးဆိုရင် ၁၉၉၅
ခုနှစ်မတိုင်ခင်ကလို အခြေအနေမျိုး ရောက်သွားနိုင်တယ်လို့လည်း သူတို့ပြောသွားတယ်” ဟု ခေတ်ပြိုင်သို့
ပြောကြားသည်။

မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင်များ ဖြစ်ကြသော နိုင်အောင်မင်း၊ နိုင်တလညီတို့ ဦးဆောင်၍ ဗဟိုကော်မတီဝင်


နိုင်နိုင်ဒူး၊ နိုင်ခင်အေး စုစုပေါင်း (၄) ဦးနှင့် ရတခ တိုင်းမှူး ဗိုလ်ချုပ် သက်နိုင်ဝင်းတို့ ပြီးခဲ့သည့် သြဂုတ် (၂၃)
ရက်တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) ၌ တွေ့ဆုံခဲ့စဉ် ယင်းကဲ့သို့ သတိပေး
ပြောကြားလိုက်ခြင်းဖြစ်သည်။

လာမည့် ၂၀၁၀ ရွေးကောက်ပွဲအား မွန်ပြည်သစ်အနေဖြင့် အဟန့်အတား ပြုလုပ်ခြင်း၊ ဖျက်ဆီးခြင်း


မပြုလုပ်ရန်လည်း နအဖ စစ်အစိုးရက သတိပေးခဲ့ကြောင်း ပါတီပြောခွင့်ရသူက ဆိုသည်။

“ယခုအချိန်ထိတော့ ကျနော်တို့ ထိန်းချုပ်နယ်မြေထဲမှာ စည်းရုံးရေးဆင်းတာတို့၊ ကော်မရှင်အဖွဲ့ လာတာတို့


မရှိသေးပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါတီကလည်း ဆွေးနွေးဖို့ ရှိပါတယ်” ဟု နိုင်ခြေးမွန်က ပြောကြားသည်။

တပ်အသွင်ပြောင်းခြင်းနှင့် ပတ်သက်၍ မွန်ပြည်သစ်က လက်မခံကြောင်း ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းမှစ၍ နောက်ဆုံး


အကြောင်းပြန်ခဲ့စဉ် စစ်ရေးတင်းမာမှု ဖြစ်ပွားပြီးနောက်ပိုင်း ပါတီနှင့် စစ်အစိုးရအကြား ယခု တွေ့ဆုံမှုသည်
ပထမအကြိမ် ဖြစ်သည်။

ယခင်တွေ့ဆုံမှုများတွင် မွန်ပြည်သစ်ပါတီအား နယ်ခြားစောင့်တပ် ဖွဲ့စည်းရန် တိုက်တွန်းခဲ့သော်လည်း


လက်မခံသည့်နောက်ပိုင်း၌ နအဖစစ်အစိုးရဘက်က ပြည်သူ့စစ် ဖွဲ့လျှင်လည်း ဖွဲ့ခွင့်ရှိကြောင်း
တောင်းဆိုထားသော်လည်း မွန်ပြည်သစ်က ထပ်မံ ငြင်းပယ်ခဲ့သည်။

မွန်ပြည်သစ်ပါတီသည် ၂၀၀၈ ခု ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ခြင်းမရှိလျှင် လာမည့် ရွေးကောက်ပွဲကို


ဝင်ပြိုင်မည်မဟုတ်ကြောင်း၊ ပွင့်လင်းမြင်သာသည့် မွန်အမျိုးသားအကျိုး ပေါ်ထွန်းလာခြင်းမရှိသရွေ့ တပ်နှင့်
ပါတီအား ခွဲခြမ်းခြင်း၊ ဖျက်သိမ်းခြင်း လက်ခံမည်မဟုတ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဒီမိုကရေစီ


ထွန်းကားလာစေရေးအတွက် ထွက်ပေါက်လမ်း မဟုတ်သကဲ့သို့ ယခု ကျင်းပမည့် ရွေးကောက်ပွဲသည်လည်း
လမ်းဖွင့်ပေးနိုင်မည်မဟုတ်ကြောင်း၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခြင်းသည်သာ စစ်မှန်သော
လမ်းကြောင်းဖြစ်ကြောင်း ယမန်နေ့က ထုတြ် ပန်လိုက်သည့် ၎င်းတို့ပါတီ၏ မွန်တော်လှန်ရေးနေ့ ကြေညာချက်တွင်
ဖော်ပြထားသည်။

၁၉၉၅ ခုနှစ် ဇွန်လတွင် မွန်ပြည်သစ်က စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။

Source:http://khitpyaing.org/index.php?route=detail&id=3821

ကလေးစစ်သားတွေပါသွားသော နယ်ခြားစောင်တ
့ ပ်
ကျော်ခ | ကြာသပတေးနေ့၊ သြဂုတ်လ ၂၆ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၅၈ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်မှ အသွင်ပြောင်းသွားသော
နယ်ခြားစောင့်တပ်များတွင် ကလေးစစ်သားများ ပါသွားကြောင်း လုပ်ဖော်ကိုင်ဖက်များက ပြောကြသည်။

“သူတို့က အရင်ကျနော်တို့ ဒီကေဘီအေ ကတည်းက တပ်သားတွေပဲ။ အခုကျနော်တို့နဲ့အတူတူ နယ်ခြားစောင့်တပ်


ပြောင်းတော့လဲ သူတို့ပါတယ်လေ” ဟု ဗဟိုဌာနချုပ် ရုံးထိုင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် တဦးက မဇ္ဈိမကို ပြောသည်။

” ကျနော်သိသလောက်ကို အယောက် ၃ဝ-၄ဝ ကျော်


လောက်ရှိလိမ့်မယ်။ ဒါတောင် ၉၉၉ နဲ့ ကလို့ထူးဘော ဗျူဟာ
တပ်တွေကပဲ၊ တခြားတပ်တွေမပါသေးဘူး” ဟု
သူကထပ်ပြောသည်။

အင်အား ၇,ဝဝဝ ကျော်ရှိကြောင်း ကြေညာထားသည့်


ဒီကေဘီအေတွင် တပ်မှနှုတ်ထွက်သူနှင့် ကရင်အမျိုးသား
အစည်းအရုံးနှင့် ပူးပေါင်းသွားသူများ မရှိသည့်နောက်
ကလေးစစ်သားတယောက် နယ်ခြားစောင့်တပ် မပြောင်းလဲသူ အင်အား တထောင်ခန့်သာ
ကျန်တော့သည်ဟု ယုံကြည်ရသည်။

“အခုဟာက လူငယ်တွေကိုအားပေးတယ်။ ဦးစားလဲပေးတဲ့သဘောနဲ့ပေါ့လေ။ တချို့ဆိုရင် ၁၆ နှစ်သာပြောတာ


အကောင်ထွားတော့ ၂ဝ ကျော်အတိုင်းပဲ။ ဝင်ချင်လို့ဝင်တာရှိသလို တာဝန်ပေးလို့ ဝင်တာတွေလဲ ရှိတာပေါ့” ဟု
ယခင် ၉၉၉ လက်အောက်ခံ တပ်ရင်း ၇ မှ နယ်ခြားစောင့် တပ်ဖွဲ့ဝင်တဦးက ပြောသည်။

မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၉ ဖွဲ့တွင် ကလေးစစ်သားအသုံးပြုမှုနှုန်း ၆,ဝဝဝ ခန့်ရှိပြီး ဒီကေဘီအေ သည်


အထင်ရှားဆုံး အသုံးပြုသည့် တိုင်းရင်းသားတပ်တွင်ပါဝင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး
ပညာပေးဌာန (မြန်မာနိုင်ငံ) မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းကပြောသည်။

“ဒီကေဘီအေက အခုဆိုလို့ရှိရင် နအဖရဲ့ လက်အောက်ခံ သဘောမျိုးဖြစ်လာပြီဆိုတော့ နအဖ အနေနဲ့


ကိုင်တွယ်ဖြေ ရှင်းရမယ့် အနေအထားမျိုးရောက်သွားပြီ။ တကယ်တမ်း ကလေးစစ်သားပပျောက်အောင်
လုပ်ဆောင်နေတဲ့စစ်တပ် ဆိုရင်တော့ ဒါကို ဘယ်လိုမှလက်ခံလို့မရဘူး”ဟု ဦးအောင်မျိုးမင်းက ပြောသည်။

“နအဖ အနေနဲ့ နယ်ခြားစောင့်တပ်ပြောင်းလာတဲ့အခါမှာ


ကလေးစစ်သားတွေပါတဲ့ဟာကို သူတို့အနေနဲ့ မပါအောင်
ပထမဆုံးလုပ်ရမယ်။ အဲလိုမျိုးဖြစ်နေတဲ့ကလေးတွေကို နေရင်းရပ်ရွာကို
ပြန်ပို့ပေးရမယ်”ဟု ဆက်ပြောသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ကလေးများဆိုင်ရာ အခွင့်အရေးစာချုပ် CRC ကို


၁၉၉၂ တွင် လက်မှတ် ထိုးထားပြီး ဖြစ်သဖြင့် မြန်မာစစ်တပ်အတွင်း
ကလေးစစ်သားအသုံးပြုမှုတွေ့ရှိပါက စစ်မှုထမ်းဥပဒေ ချိုးဖောက်မှုဖြင့်
တရားစွဲနိုင်ကြောင်း ဦးအောင်မျိုးမင်းကပြောသည်။

ကလေးစစ်သား အသုံးမပြုရေးနှင့် ပတ်သက်ပြီး မြန်မာ စစ်အစိုးရက


ကလေးစစ်သား
ကုလသမဂ္ဂနှင့် ပူးပေါင်းပြီး၂ဝဝ၄ ခုနှစ် ဇန်နဝါရီလ ၅ ရက်က
အရွယ်မရောက်သေးသူ ကလေးငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီကို
ဖွဲ့စည်းခဲ့သည်။

သို့သော် ထိုအဖွဲ့မှာ ဟန်ပြသာဖြစ်ပြီး ကလေးစစ်သားစုဆောင်းမှုလုပ်နေသေးကြောင်း ဝေဖန်သူများက


ပြောကြသည်။
Source:http://www.mizzimaburmese.com/news/inside-burma/5928-2010-08-26-13-32-54.html

နယ်ခြားစောင်တ
့ ပ်ဖွဲ့ရန် မွနြ် ပည်သစ်ပါတီလည်း ရာဇသံပေးခံရ
2010-08-26

နယ်ခြားစောင့်တပ် ဒါမှမဟုတ် ပြည်သူ့စစ် ဖွဲ့စည်းရေးကို လုပ်နိုင်မလုပ်နိုင် လာမဲ့ စက်တင်ဘာ ၁ ရက်နေ့


နောက်ဆုံးထားပြီး အကြောင်းပြန်ကြားရမယ်လို့ စရဖအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က မွန်ပြည်သစ်ပါတီ
ခေါင်းဆောင်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

၆၃ နှစ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို ပလဲ့ဒွန်းဖိုက် ကျေးရွာတွင် သြဂုတ်လ ၂၅ ရက်နေ့က


ကျင်းပနေပုံ ဖြစ်ပါသည်။ (Photo: Independent Mon News Agency)

ဒုဗိုလ်ချုပ်ကြီး ရဲမြင့်ရဲ့ ပြောဆိုချက်ကို မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်


သက်နိုင်ဝင်းက မွန်ပြည်သစ်ပါတီကို ခေါ်ယူပြောဆိုခဲ့တာ ဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ- မွန်အမျိုသား
လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဇေယျက ပြောပါတယ်။

“ကျွန်တော်တို့က နယ်ခြားစောင့်တပ် ဒါမှမဟုတ် ပြည်သူ့စစ်ပေါ့နော်၊ အဲဒါ လက်ခံမခံပေါ့၊ အဲဒီ စက်တင်ဘာ ၁


ရက်နေ့မှာ ကျွန်တော်တို့ သဘောထားကို ပြန်လည် အကြောင်းပြန်ပေးဖို့ပေါ့နော်၊ ဗိုလ်ချုပ်ရဲမြင့်ကတော့
ပြောလာတာ ရှိတယ်၊ ဒါပေမဲ့ ၁၉၉၅ မတိုင်ခင် အခြေအနေ ပြန်ရောက်မယ်လို့ အဲလိုပဲ နားလည်ထားပါတယ်။”

စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးအစီအစဉ်ကို တောက်လျှောက် ငြင်းဆန်လာခဲ့တဲ့


မွန်ပြည်သစ်ပါတီအနေနဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ၊ လာမဲ့ စက်တင်ဘာ ၁ ရက်နေ့
ရောက်တဲ့အခါမှာလည်း ဒီအတိုင်းသာ အကြောင်းပြန်သွားဖို့ ရှိကြောင်း RFA ကို ပြောဆိုပါတယ်။

မွန်ပြည်သစ်ပါတီဖက်က အဲဒီလို ငြင်းလိုက်မယ်ဆိုရင်တော့ စစ်အစိုးရနဲ့ မွန်ပြည်သစ် ပါတီတို့ကြား


အခြေအနေတွေဟာ မွန်ပြည်သစ်ပါတီ အပစ်အခတ် ရပ်စဲခဲတဲ့ ၁၉၉၅ ခုနှစ် မတိုင်ခင်ကာလတွေလိုပဲ တဖက်နဲ့
တဖက် ပြန်လည် တိုက်ခိုက်တဲ့ အနေအထားကို ပြန်ရောက်သွားနိုင်တယ်လို့ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး
ဗိုလ်ချုပ် သက်နိုင်ဝင်းက မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တွေကို သတိပေးထားတယ်လို့ သိရပါတယ်။
ခုလိုပြောဆိုတာဟာလည်း ခြိမ်းခြောက်တဲ့ ပုံစံမျိုးဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီက ယူဆထားတယ်လို့ သိရပါတယ်။

အလားတူပဲ စစ်အစိုးရအနေနဲ့ UWSA အဖွဲ့ မိုင်းလားအဖွဲ့အပြင်၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ အဖွဲ့ တွေကိုလည်း
လာမဲ့ စက်တင်ဘာ ၁ ရက်နေ့ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး အဖြေပေးဖို့
ပြောဆိုထားပါတယ်။

မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ်နဲ့ ဗိုလ်ချုပ်ဇေယျကို RFA မှ ဦးဉာဏ်ဝင်းအောင်က


ဆက်သွယ် မေးမြန်းထားပါတယ်။
Source:http://www.rfa.org/burmese/news/regime_gives_ultimatum_to_mon_group-0826201012551
3.html

ပြည်သက
ူ့ န
ု တ
် က
ို စစ်ဗလ
ို ခ
်ျုပ်ကြီးသားကို လွှဲပေး
မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်က လွှဲပြောင်းယူ ထားသည့် ပြည်သူ့ ကုန်တိုက်အား စစ်ဗိုလ်ချုပ်ကြီး တဦး၏
သားကို Ruby Mart Shopping Center အဖြစ် ပြောင်းလဲ တည်ဆောက် ဖွင့်လှစ်ခွင့်ပြု လိုက်ကြောင်း သိရသည်။
ယင်း ပြည်သူ့ ကုန်တိုက် အဆောက် အအုံကို ဒု ဗိုလ်ချုပ်ကြီး
တင်အေး၏သား ဦးဇော်မင်းအေးအား ရှော့ပင်းစင်တာ ဖွင့်လှစ်ရန်
လွှဲပြောင်းပေး ထားကြောင်း မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်
အသိုင်းအ၀န်းမှ စုံစမ်းသိရသည်။

“ဦးပိုင်က သူတို့နဲ့ နီးစပ်တဲ့သူကို ပြန်အငှား ချပေးတဲ့ သဘောပဲ။


အစိုးရပိုင် အဆောက် အအုံကို ပုဂ္ဂလိကကို ရောင်းတယ် ဆိုပေမယ့်
ပြန်ဝယ်တာ ကလည်း အာဏာပိုင်တွေ ဖွဲ့ထားတဲ့ အဖွဲ့အစည်း
ပန်းဆိုးတန်းရှိ ပြည်သူ့ကုန်တိုက်ကို
တခုပဲလေ။ တန်ဖိုး ဘယ်လောက်နဲ့ လေလံခေါ်တာ မသိရသလို
ပြန်လည်ပြုပြင် ဆောက်လုပ်ဆဲ Ruby Mart
ဘယ်သူက ၀ယ်လိုက်တယ် ဆိတ
ုာလည်း မသိလိုက်ရဘူး။ ဒီလို
Shopping Center (ဓာတ်ပုံ - မြန်မာတိုင်းမ်)
အဆောက် အအုံတွေက အာဏာပိုင်နဲ့ ပတ်သက် တဲ့ သူတွေပဲ
ရတာများတယ်”ဟု မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်မှ ဒု ဗိုလ်မှူးကြီး တဦးက ပြောသည်။

ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချပေးရေးအစီအစဉ်အရ ပန်းဆိုးတန်းလမ်းနှင့် ဗိုလ်ချူပ်အောင်ဆန်းလမ်းထောင့်ရှိ


ပြည်သူ့ကုန် တိုက် ဟု လူသိများခဲ့သော ကုန်သွယ်လယ်ယာရုံးဟောင်းကို မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများ
ရောင်းဝယ်ရေးရုံးချုပ်မှ ပိုင်ဆိုင်ထားပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ ရောင်းချပေးခဲ့ကြောင်း ပုဂ္ဂလိကပိုင်
ပြုလုပ်ရေးကော်မတီမှ တာဝန်ရှိသူ တဦးက ပြောသည်။

“နှစ်ဆန်းပိုင်းလောက်ကတည်းကစပြီး အဆောက်အအုံတော်တော်များများကို စရောင်းနေတာ အဲဒီအထဲမှာ ပြည်သူ့


ကုန် တိုက်လည်း ပါတယ်။ အာဏာပိုင်တွေ ရောင်းလိုက်တဲ့ ရှေးဟောင်းရုံး အဆောက်အအုံတွေ အကုန်လုံးက
စစ်အစိုးရရဲ့ ဆွေမျိုး ဒါမှမဟုတ် သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေပဲ များတယ်”ဟု သူက ဧရာဝတီကို
ပြောသည်။

အဆောက်အအုံနေရာ ဟောင်းကို ဖျက်ကာ Ruby Mart ကို နိုင်ငံတကာအဆင့်မီ ရှော့ပင်းစင်တာအဖြစ်


တည်ဆောက်နေ ကြောင်း သိရသည်။

“ဇန်န၀ါရီကတည်းက စဆောက်နေတာ အခု အဆောက်အအုံက တော်တော်ပြီးနေပြီ။ Decoration


ပြင်ဆင်မှုလောက်ပဲ လိုတော့တယ်။ မိသားစုတွေအတွက် လိုအပ်တဲ့ ပစ္စည်းသေးသေးလေးကနေ
မော်တော်ယာဉ်ပစ္စည်းအထိ ၀ယ်လို့ရအောင် ရောင်းချပေးသွားမှာ”ဟု Ruby Mart မှ တာဝန်ရှိသူတဦးက
ပြောသည်။

၎င်းက ဆက်၍“ဦးပိုင်ကနေ လုံးဝ ရောင်းလိုက်တာမျိုးမဟုတ်ဘဲ လုပ်ပိုင်ခွင့်ပေးလိုက်တယ်ဆိုတဲ့ သဘောမျိုး။


အကုန် ပြင် ဆင် ဆောက်ပြီး လုပ်ချင်သလို လုပ်လို့ရတယ် ဆိုတဲ့ အနေအထားမျိုး။ ဒါပေမယ့် အမြတ်ပြန်ရလာတဲ့
အခါ ဘယ်လောက် ရာခိုင်နှုန်းပေးရမယ်ဆိုတဲ့ သဘောတူညီချက်မျိုးနဲ့ လုပ်ခဲ့တာ”ဟု သူက ပြောသည်။
မိုးဆမ်းပန်း မီဒီယာ ဥက္ကဌ ဦးဇော်မင်းအေးမှာ ဒုတိယ လက်ရှိတွင် Eco Vision စာစောင်နှင့် Messenger ဂျာနယ်ကို
ထုတ်ဝေ နေသူဖြစ်ပြီး မိုးဆမ်းပန်း မီဒီယာမှ ပြီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲ ထုတ်လွှင့်ခွင့်ကို
ရရှိခဲ့သူတဦးလည်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လကလည်း ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား လက်အောက်ရှိ MRTV 3 New


Studio Complex အဆောက်အဦး မြေနေရာကို ကျပ် သိန်းပေါင်း တသိန်း သုံးသောင်း နှင့် ရွှေတောင်
ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီ လီမိတက်သို့ ရောင်းချလိုက်ပြီး ဈေးဝယ်စင်တာ ဖွင့်လှစ်မည်ဖြစ်ကြောင်း
ပြည်တွင်းအခြေစိုက် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

ယင်းကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ၀ဏ္ဏကျော်ထင် ဦးအောင်ဇော်နိုင်သည် အာဏာပိုင်များနှင့် နီးစပ်သည့် အာရှဓန


ဘဏ် လုပ်ငန်းရှင် ဦးအိုက်ထွန်း၏သား ဖြစ်သည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ နိုင်ငံပိုင် အဆောက်အအုံများအပြင် ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ ကြယ်ငါးပွင့်


သင်္ဘော လိုင်းများကို ယခုနှစ်အတွင်း လွှဲပြောင်း ရယူခဲ့သည်။

မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်သည် သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ သင်္ဘောလိုင်း လုပ်ငန်း၊


ဆိပ်ကမ်းလုပ်ငန်းများ အပါ အ၀င် ပြည်သူပိုင်လုပ်ငန်း အများအပြားဖြင့် စစ်တပ်ရန်ပုံငွေ ရှာပေးနေသော စီးပွားရေး
အစုအဖွဲ့ဖြစ်သည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/3917-2010-08-26-07-05-40

ပါတီနှောင်ယ
့ က
ှ မ
် အ
ှုား ရွေးကောက်ပွဲကော်မရှငထ
်ံ တိင
ုြ် ကားထား
ကရင်နီပြည် ကိယ
ုစားပြု-လူမျိုးပေါင်းစုံစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ NUDP အား လာမည့်
ရွေးကောက်ပွဲတွင် ၀င်ရောက်မယှဉ်ပြိုင်နိုင်ရန် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းနှင့် အာဏာပိုင်တို့မှ အနှောင့်ယှက်
ပေးနေမှုနှင့် ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားထားသည်ဟု သိရသည်။

“ငွေရေးကြေးရေးလည်း မလုံမလောက်နဲ့ ဒီပါတီ (UNDP)ကို ပြန်ရုပ်သိမ်းလိုက်ပါလို့ လာပြောတယ်။


ပါတီအဖွဲ့တွေက မှတ်ပုံတင် ကျပြီးသား ပါတီကို ဒီလိုလာပြောတာဟာ နှောက်ယှက်ရာကြတယ် ဆိုပြီး ပြည်နယ်
ကော်မရှင်ထံ အကြောင်းကြားထားတယ်။ အခုက ပါတီကို လာပြီး စိတ်ဓာတ်ကျအောင် စစ်ဆင်ရေးထိုးနေတယ်။
ပုဂ္ဂိုလ်ရေးတွေကစ လိုက်ပြီး ပုတ်ခတ်နေတယ်” ဟု NUDP ပါတီနှင့်နီးစပ်သူ တဦးက ပြောသည်။

ယခုလ ၂၂ ရက်နေ့က စပြီး NUDP ဥက္ကဌ ပိုင်ဆိုင်သော ပုဂ္ဂလိကပိုင် စီးပွားရေး လုပ်ငန်းများကို ကြံ့ဖွံ့နှင့်
ဒေသခံအာဏာပိုင်တို့ ပူးပေါင်းပြီး ပိတ်ပင်ခဲ့သည်။

USDP လိုဂို

“ပါတီကို အမျိုးမျိုး လိုက်ပြီး ရုပ်သိမ်းဖို့ ဦးဆောင်တဲ့ သူက ကိုယ့်မျက်ချည်း


ကိုယ်မမြင်ပဲ သူများရဲ့ မျက်ချည်းကိုပဲ မြင်တယ်။ ၂၀၁၀ အရေးဟာ နိုင်ငံသားတွေရဲ့
အရေးပဲမို့လို့ အားလုံးက ပါဝင်ပတ်သက်တယ်ဆိုတာ ပြည်သူတိုင်းက သိကြလို့
ပါတီရဲ့လှုပ်ရှားမှုတွေနဲ့ ကြံ့ခိုင်ရေးတွေရဲ့ လှုပ်ရှားမှုတွေကို လူထတ
ိုင်း
စောင့်ကြည့်နေကြပါပြီ” ဟု ယခု ၂၀၁၀ ခုနှစ်တွင် အသစ်ထူထောင်လိုက်သော
NUDP ပါတီအား ထောက်ခံအားပေးသူ လွိုင်ကော်မြို့ခံတဦးက ပြောပါသည်။

လာမည့် နိုင်ဝင်ဘာ-၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် NUDP ပါတီ အနေဖြင့် ကရင်နီပြည်ရှိ


မြို့နယ်ခုနှစ်မြို့အား ကိုယ်စားပြု ယှဉ်ပြိုင်သွားမှာ ဖြစ်သော်လည်း မြို့နယ်ကိုယ်စားလှယ်များအတွက်
ပြည်သူကြားစည်းရုံးရေး ဆင်းနိုင်ရန်နှင့် ပါတီမူပေါ်လစီများ ပြန့်နှံ့ရန် လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်
ငွေရေးကျေးရေး အခက်အခက်များ ရှိနေကြောင်း သိရှိရသည်။

NUDP ပါတီကို ပြီးခဲ့သည့် ဇူလှိုင်လ ၂၀ ရက်နေ့တွင် စတင်ဖွဲ့စည်းတည်ထောင်လိုက်ပြီးသည့်နောက်


ကရင်နီပြည်တွင် ပြည်နယ်ကြံ့ဖွံ့နှင့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ရန် အဓိက ပါတီတခုလည်း ဖြစ်လာသည်။

Source:http://ktimes.org/news/regional/item/711-

You might also like