You are on page 1of 18

နောင်အစိုးရကို လွှတေ

် တ်ာက ထိန်း ချုပ်နင


ို မ
ှ်ာ မဟုတေ
် ကြာင်း
ဒေါ်အောင်ဆန်းစုကြည်ပြော
2010-08-25

၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေဟာ သမ္မတစနစ်ကို အခြေခံထားတဲ့ ဖွဲ့စည်းပုံ ဖြစ်နေပြီး အဲဒီ ဖွဲ့စည်းပုံပါ


အချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမယ့် အစိုးရသစ်ကို ပြည်သူ့လွှတ်တော်က
ထိန်းကျောင်းတည့်မတ်နိုင် မှာ မဟုတ်ဘူးလို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
ပြောဆိုလိုက်ပါတယ်။

နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ မြန်မာ စစ်အစိုးရအနေဖြင့်


ဒီမိုကရေစီ အင်အားစုများနှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ နိုင်ငံတကာမှ ထပ်ခါတလဲလဲ
တောင်းဆိုနေပါသည်။ (Photo: AFP)

ဒေါ်အောင်ဆန်းစုကြည်ဟာ သြဂုတ်လ (၂၄) ရက်နေ့က သူ့ရဲ့ ရှေ့နေတွေဖြစ်တဲ့ ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်း၊


ဒေါ်ခင်ဌေးကြွယ်တို့နဲ့ နေအိမ်မှာ တွေ့ဆုံစဉ် ခုလို ပြောကြားခဲ့တာလို့ ရှေ့နေဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံအရ ရွေးကောက်ပွဲပြီးလို့ အစိုးရဖွဲ့ရင်တောင်မှ အစိုးရအဖွဲ့အပေါ်မှာ ပြည်သူ့လွှတ်တော်က


ထိန်းကျောင်းတည့်မတ်နိုင်တဲ့ အခြေအနေ မရှိဘူးတဲ့ ဒီဥပဒေအရ ဆိုရင်။ Parliamentary Government
မဟုတ်ဘူးဗျာ၊ Presidential Government ဒါကို ပြောတာပါပဲ”

ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ NLD ပါတီက ဆုံးဖြတ်ခဲ့တဲ့ ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က သဘောတူတယ်လို့


ထုတ်ဖော် ပြောဆိုလိုက်ပြီး စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေနဲ့ လက်တွေ့
ဆောင်ရွက်ချက်တွေမှာ မတရားတဲ့ ကွဲပြားခြားနားမှုတွေ ရှိလာရင် ပြည်သူတွေအနေနဲ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြောဆို
ထောက်ပြကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က မှာကြားလိုက်တယ်လို့ ရှေ့နေဦးဥာဏ်ဝင်းက RFA ကို ပြောပါတယ်။

NLD ပါတီကိုမှ မဲပေးချင်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည်က မှာကြားရာမှာတော့ NLD ပါတီဟာ ရွေးကောက်ပွဲ


မဝင်တော့တာကြောင့် မဲပေးစရာ NLD ပါတီ မရှိဘူးဆိုရင် မဲမပေးပဲ နေနိုင်ကြောင်း မှာကြားတယ်လို့
ရှေ့နေဦးဥာဏ်ဝင်းက ပြောပါတယ်။

ရှေ့နေဦးဥာဏ်ဝင်းကို RFA အဖွဲ့သား ဦးဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။


Source:http://www.rfa.org/burmese/news/parliament_after_2010_election_has_no_authority_DASSK_s
ays-08252010164531.html

NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်


2010-08-25

ရွေးကောက်ပွဲကော်မရှင်ဟာ နိုင်ငံသားတယောက်ရဲ့ ရပိုင်ခွင့်တွေကို ပိတ်ပင်ထားတယ်လို့ မိမိအနေနဲ့ ယူဆ


တဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုတော့ဘူးလို့ NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ဒီကနေ့
ပြောလိုက်ပါတယ်။

ထောင်ထဲတွင် ၁၄နှစ်ကျော် နေခဲ့ရပြီး ၂၀ဝ၈ စက်တင်ဘာ ၂၃ရက်နေ့က လားရှိုးထောင်မှ လွတ်မြောက်လာသော NLD


လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဆွေကို စမ်းချောင်းနေအိမ်သို့ ပြန်ရောက်လာပြီး စက်တင်ဘာ ၂၅ရက်နေ့က
တွေ့ရပုံ ဖြစ်ပါသည်။ (Photo: RFA)

ရွေးကောက်ပွဲဝင်ဖို့ တည်ဆဲ ဥပဒေတချို့နဲ့ ငြိစွန်းနေတယ်ဆိုတဲ့ အချက်ကို ပြန်လည် ချေပတဲ့စာ တင်ပြခဲ့ပေမယ့်


ရွေးကောက်ပွဲကော်မရှင်က နောက်ထပ် ၀န်ခံချက် လက်မှတ်ထိုးဖို့ တောာင်းဆို လာတာကြောင့် တောင်းဆိုချက်အတိုင်း
လိုက်ပြီး လုပ်ဆောင်ပေးပါက ပါတီရဲ့ သိက္ခာပါ ထိခိုက်လာတယ်လို့ ဦီးခင်မောင်ဆွေက ပြောပါတယ်။

“ပါတီမှတ်ပုံတင်တုန်းက တည်ထောင်သူ ၁၉ ဦးမှာ အန်ကယ်တို့ ၄ ယောက်လည်း ပါပါတယ်။ အဲဒီတော့


မှတ်ပုံတင်တုန်းက ဒီဥပဒေပဲ လက်မှတ်ထိုးထားပြီးတော့ အခုလည်းထပ်ပြီး ဒီဥပဒေ ၉ ခုကိုပဲ ထပ် လက်မှတ်ထိုးပါ
ဆိုတဲ့အခါကျတော့ သဘာဝယုတ္တိက သိပ်မကျဘူးလေ။ ဒီပါတီခေါင်းဆောင် အနေနဲ့ အန်ကယ် တာဝန်ယူပြီး
မှတ်ပုံတင်ထားပြီးတော့မှ ပါတီခေါင်းဆောင်တယောက်ဟာ ဒီလောက်တောင်မှပဲ ရွေးကောက်ပွဲ ဝင်ဖို့ကို အောာက်လျှို
ဝင်ရတော့မယ့် အနေအထားမျိုး ရောက်သွားတဲ့အခါ ပါတီသိက္ခာကျတော့၊ နောက်တခါ လျှောက်ထားလို့ ရှိရင်လည်းပဲ
ရမယ် မရမယ် မသေချာဘူး။ ဒီလို အခြေအနေ ပေါ်လာတဲ့အခါကျတော့ မဝင်တာက ပိုကောင်းတယ်ဆိုပြီးတော့
ဆက်ပြီးတော့လဘ့ည်း လျှောက်လွှာမတင်ဘူး၊ ဝင်ဖို့လည်း မဆုံးဖြတ်တော့ပါဘူး”

အခု ဆုံးဖြတ်ချက်ဟာ မိမိရဲ့ ကိုယ်ပိုင်ဆန္ဒ သဘောထားအရ ဖြစ်တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။ ဒါ့အပြင်


ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောဆိုချက်တွေကို ပြန်ကြည့်မယ်ဆိုရင် ပုဂ္ဂိုလ်ရေး ဆန်နေတယ်လို့ ဆိုပါတယ်၊
“စမေးကတည်းက ဒါ ပါတီ အထောက်အခံနဲ့ စဉ်းစားရမှာလား၊ တဦးချင်း စဉ်းစားရမှာလို့ မေးပြီးတော့မှ
ကော်မရှင်ဥက္ကဌ ဦးသိန်းစိုးကို မေးတော့ ဒါ ပါတီနဲ့ မဆိုင်ပါဘူးတဲ့၊ တဦးချင်း ဆုံးဖြတ်ရမယ့် ကိစ္စပါတဲ့။ အဲဒီတော့
ပါတီဗဟုက
ိ လည်းပဲ ဘာမှမတတ်နိုင်ဘူး၊ ပုဂ္ဂိုလ်ရေး ဖြစ်သွားပြီလေ ဒါက”

ဦးခင်မောင်ဆွေ အနေနဲ့ ရွေးကောက်ပွဲကို မ၀င်ပေမယ့် ပါတီတာဝန်တွေကို ဆက်ပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့


ဆိုပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူ တွေ့ဆုံခဲ့တဲ့ ဦးခင်မောင်ဆွေနဲ့ အခြား ခေါင်းဆောင် သုံးဦးအနေနဲ့
ရွေးကောက်ပွဲဝင်ဖို့ မဝင်ဖို့ ကိစ္စကို ကိုယ်ပိုင်ဆန္ဒနဲ့ ဆုံးဖြတ်ခွင့် ပြုထားတယ်လို့ ပါတီဥက္ကဌ ဒေါက်တာသန်းငြိမ်းက
အာအက်ဖ်အေကို ပြောပါတယ်။

Source:http://www.rfa.org/burmese/news/NDF_leader_announces_not_to_compete_in_the_election-
08252010162223.html

ရွေးကောက်ပွဲ ဖျက်သမ
ိး ရေး လှုပရ
ှ်ားမှုများ လုပေ
် ဆာင်မည်ဟု ဒီအေဘီ
ပြောကြား
ရဲရင့် / ၂၅ သြဂုတ် ၂၀၁၀

၂၀၁၀ ရွေးကောက်ပွဲဖျက်သိမ်းရေး လှုပ်ရှားမှုများကို


အပစ်ရပ်အင်အားစုများနှင့်လက်တွဲကာ
အရှိန်အဟုန်မြင့်ဆောင်ရွက်သွားမည်ဟု
မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (ဒီအေဘီ) က
ပြောကြားသည်။

ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ယမန်နေ့က ကျင်းပပြီးစီးခဲ့သည့်


ဆဌမအကြိမ်မြောက် ညီလာခံအပြီးတွင်
ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ဆဌမအကြိမ်ညီလာခံတွင် အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည့် ပဒိုစောအားတိုးက “၂၀၁၀ ရွေးကောက်ပွဲ


ဖျက်သိမ်းရေးကို အပစ်ရပ်အင်အားစုများနဲ့ လက်တွဲပြီး လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေ၊ လူထုတိုက်ပွဲနဲ့
လက်နက်ကိုင်တက
ိုပွဲ ဟန်ချက်ညီညီ ပေါင်းစပ်နိုင်မယ့် အစီအစဉ်တွေကို တိုးမြှင့်ပြီး လုပ်ငန်းလမ်းစဉ် (၇)
ရပ်ချမှတ်ထားတာရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

စစ်ရေးနိုင်ငံရေးလုပ်ငန်းစဉ်များ၊ ပြည်တွင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဒီအေဘီ ဥက္ကဋ္ဌက အသေးစိတ်ဖြေကြားရန်


ငြင်းဆိုခဲ့ပြီး စစ်အုပ်စု အမြန်ဆုံးဖျက်သိမ်းရေး အပါအ၀င် ညီလာခံက ချမှတ်ထားသည့် မဟာဗျူဟာလုပ်ငန်းစဉ်များကို
လက်ရှိအနေအထားများထက် တိုးမြှင့်လုပ်ဆောင်သွားမည်ဟုသာ ပြောကြားသည်။

ကိုယ်စားလှယ် (၄၁) ဦး တက်ရောက်သည့် ညီလာခံကို ယခုလ (၂၁) ရက်နေ့မှ (၂၄) ရက်ထိ ကျင်းပခဲ့ပြီး ဒီအေဘီ
အဖွဲ့ဝင်သစ်အဖြစ် အမေရိကန်အခြေစိုက် (Burma Point) အဖွဲ့ကို ညီလာခံမှ အတည်ပြုလိုက်သည်။
ဒီအေဘီအဖွဲ့ဝင် (၂၆) ဖွဲ့ရှိသည့်အနက် အဖွဲ့ (၂၀) မှ ကိုယ်စားလှယ် (၄၁) ဦး ညီလာခံ တက်ရောက်ခဲ့ကြပြီး
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၁၁) ဦး ဦးဆောင်သည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီများကို
ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြှောက်ခဲ့ကြသည်ဟု သိရသည်။

ညီလာခံအပြီး ထုတ်ပြန်သည့်ကြေညာချက်၌ ယနေ့ကာလတွင် စစ်အုပ်စုသည် အပစ်အခတ်ရပ်စဲရေး၊


တိုင်းရင်းသားများအား ဖိအားမျိုးစုံပေး၍ ၎င်းတိ၏
ု့ လက်အောက်ခံ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်ဖြစ်ရေး
ကိစ္စရပ်များအား ပြင်းပြင်းထန်ထန် ဆောင်ရွက်လျက်ရှိကြောင်း၊ နအဖစစ်အုပ်စုသည် နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲ
ပြီးစီးပါက ယင်းကိစ္စရပ်များအား ပိုမိုပြင်းထန်စွာ ဆောင်ရွက်လာမည်ကို အပစ်ရပ် အင်အားစုများအနေဖြင့် သတိချပ်ပြီး
ဖြစ်လိမ့်မည်ဟု ယူဆကြောင်း၊ မဒမခ အနေဖြင့် ညီနောင်အပစ်ရပ်များနှင့် လက်တွဲ၍ ၂၀၁၀ ရွေးကောက်ပွဲ
ဖျက်သိမ်းရေးလှုပ်ရှားမှုနှင့် ၂၀၀၈ ဖွဲ့စည်းပုံ တိုက်ဖျက်ရေးကို ယနေ့ကာလမှစတင်၍ ဆောင်ရွက်လိုကြောင်း
ထပ်မံဖော်ပြလိုက်သည်ဟု ပါရှိသည်။

(၃) နှစ်တကြိမ် ကျင်းပသည့်ညီလာခံတွင် ဥက္ကဋ္ဌ ပဒိုစောအားတိုး၊ ဒု-ဥက္ကဋ္ဌ ဦးအေးဆောင်၊ အထွေထွေအတွင်းရေးမှူး


ဦးမျိုးဝင်း တို့အပါအ၀င် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် (၁၁) ဦးတို့ကို ရွေးချယ်ခဲ့သည်။

မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (ဒီအေဘီ) ကို ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံအပြီး ၁၉၈၈ ခုနှစ်


နိုဝင်ဘာလ (၁၈) ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး ဘားအံခရိုင်တွင် စတင်ဖွဲ့စည်းခဲ့သည်။

ဒီအေဘီကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ဒီမိုကရက်တစ်တိုက်ပွဲဝင်ပါတီများ၊ လူမှုရေးအသင်းအဖွဲ့များ၊


ရှစ်လေးလုံးဒီမိုကရေစီလှုပ်ရှားမှုမှ ထွက်ပေါ်လာသည့် မျိုးဆက်များ အပါအ၀င် မဟာမိတ်အဖွဲ့ (၂၆) ဖွဲ့နှင့်
ဖွဲ့စည်းထားပြီး အဖွဲ့၏ဦးတည်ချက်မှာ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့်
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ဖြစ်သည်။

Source:http://khitpyaing.org/index.php?route=detail&id=3709

ရွေးကောက်ပွဲ မရိုး သားမှုတွေစောင်ြ့ ကည်ဖ


ို့ ဒေါ်အောင်ဆန်းစုကြည်
တိက
ု တ
်ွန်း
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်တယ် ဆိုပေမယ့် မဲပေး၊ မဲရေတွက်တဲ့
နေရာမှာ ရိုးသားမှု ရှိမရှိ သေသေချာချာ စောင့်ကြည့်ပြီး မရိုးသားတာတွေ တွေ့ရင် ဖော်ထုတ်ကြဖို့
ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို တိုက်တွန်းလိုက်တယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

၂၀၁၀ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် အစီအစဉ်ကို မြန်မာ စစ်အစိုးရက ၂၀ဝ၈ ဖေဖော်ဝါရီ


၁၀ရက်နေ့တွင် မမျှော်လင့်ပဲ ကြေညာလိုက်သည့် သတင်းကို လမ်းဘေး စာနယ်ဇင်းဆိုင်တခုတွင် ဖတ်ရှုနေသည့်
သံဃာတပါး ဖြစ်ပါသည်။ (Photo: AFP)

ဒီကိစ္စနဲ့ ပတ်သက်လို့ တနင်းလာနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ရခဲ့တဲ့ ရှေ့နေ ဦးဥာဏ်ဝင်းကို RFA က


ဆက်သွယ် မေးမြန်းတဲ့အခါမှာ ...

ဦးဥာဏ်ဝင်း။ ။“ကျနော် ပြောတာက ရွေးကောက်ပွဲကို NLD က မဝင်ပေမယ့် ရွေးကောက်ပွဲကို လစ်လျူရှုထားဖို့


မဟုတ်ဘူး။ ရွေးကောက်ပွဲ တရားမျှတရေး ဆိုတာ အဖွဲ့တွေ ပါတီတွေမှာတင် တာဝန်ရှိတာ မဟုတဘ
်ူး။
လူတိုင်းလူတိုင်းမှာ ပုဂ္ဂိုလ်ရေးရာ တာဝန်ရှိတယ်လို့ အဲဒီလို ပြောတယ်”

ရွေးကောက်ပွဲမှာ မသမာမှုတွေ တွေ့ရင် ဖော်ထုတ်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေရော ပြည်သူတွေမှာပါ


တာဝန်ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြောင်း ရှေ့နေဦးဥာဏ်ဝင်းက ပြောပြတယ်လို့ နိုင်ငံတကာ
သတင်းဌာနတွေက ရေးသားကြပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေ နိုင်ငံရေးကို
စိတ်ဝင်စားတဲ့အပေါ်မှာ အားရကျေနပ်မိပြီး၊၂၀၁၀ ရွေးကောက်ပွဲဆိုတာ အဆုံးအဖြတ် မဟုတ်ဘဲ နိုင်ငံရေးရဲ့
အစိတ်အပိုင်းတခုပဲ ဖြစ်တယ်လို့ ပြောဆိုကြောင်း ဦးဥာဏ်ဝင်းက ပြောတယ်လို့လည်း အေအက်ဖ်ပီ သတင်းတရပ်က
ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေ ဖြစ်တဲ့ ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်းနဲ့ ဒေါ်ခင်ဌေးကြွယ်တို့ က


ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ရခဲ့ပြီး အမှုကိစ္စ၊ နေအိမ်ပြင်တဲ့ကိစ္စနဲ့ လတ်တလော နိုင်ငံရေးတွေ ပြောဆို
ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ဦးဥာဏ်ဝင်းက အာအက်ဖ်အေကို ပြောပါတယ်။

NLD က ရွေးကောက်ပွဲ သပိတ်မှောက်တဲ့ ကိစ္စကိုလည်း ပြောဆိုဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဘာပြောလဲ ဆိုတဲ့


အသေးစိတ် အချက်အလက်ကိုတော့ ဒီကနေ့  NLD ခေါင်းဆောင်တွေနဲ့  ဦးဥာဏ်ဝင်း တွေ့ဆုံ တိုင်ပင်ပြီးမှ သတင်း
ထုတ်ပြန်မယ်လို့ သိရပါတယ်။

Source:http://www.rfa.org/burmese/news/Suu_Kyi_calls_for_close_watch_on_election-
08252010083635.html

အန်အယ်လဒ
်ီ မရွေ
ိ တာ့ မေပးနဲေ
့ ပါ့ဟု ဒေါ်စုကဆို
NEJ / ၂၅ သြဂုတ် ၂၀၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကို မဲပေးလိုသည့် ပြည်သူလူထုအနေဖြင့် လာမည့် ၂၀၁၀


ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ မပါဝင်သဖြင့် မဲမပေးကြရန်သာရှိကြောင်း လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က သူမရှေ့နေ ဦးဉာဏ်ဝင်းမှတဆင့် ပြောကြားလိုက်သည်။

စစ်အစိုးရ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခြင်း မပြုသည့်အတွက် ပြည်သူလူထုအနေဖြင့် မည်သည့်ပါတီကို


မဲပေးရမည်ဆိုသည်ကို မသိရှိတော့ဘဲ လမ်းပျောက်သွားသည်ဟူသည့် မေးခွန်းများအပေါ် ဒေါ်အောင်ဆန်းစုကြည်က
ယခုကဲ့သို့ ဖြေကြားလိုက်ခြင်းဖြစ်သည်။
“အန်အယ်လ်ဒီကို မဲပေးလိုတယ်။ အန်အယ်လ်ဒီ မရှိတော့ ဘယ်သူ့ကို မဲပေးရမလဲ ပြည်သူတွေက
မေးနေကြတယ်ဆိုတဲ့ အဖြေကို ဒေါ်စုက ဒီမေးခွန်းရဲ့အဖြေကို ပြောပါတယ်။ အန်အယ်လ်ဒီကိုပဲ မဲပေးချင်တယ်။
အန်အယ်လ်ဒီမရှိရင် မပေးနဲ့ပေါ့လို့ ဒေါ်စုက ဖြေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက
အန်အယ်လ်ဒီရုံးချုပ်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြန်လည်ပြောပြခြင်းဖြစ်သည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဉာဏ်ဝင်းတို့ တွေ့ဆုံမှုတွင် ပြောဆိုသည့် ရွေးကောက်ပွဲအပေါ်


ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားအမြင်တို့ကို ယနေ့ နေ့လယ်ပိုင်းတွင် အန်အယ်လ်ဒီရုံးချုပ်၌ ပြည်တွင်းပြည်ပ
သတင်းထောက်များနှင့် အန်အယ်လ်ဒီပါတီဝင် (၅၀) ခန့်တို့အား ဦးဉာဏ်ဝင်းက ပြန်လည် ရှင်းလင်းပြောဆိုခဲ့သည်။

ယခုကဲ့သို့ ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ မပါဝင်သည့်အတွက် မဲပေးလိုသော ပြည်သူလူထု


လမ်းပျောက်ရသည်ဟူသည့် မေးခွန်းမျိုးမှာ ပြည်သူလူထု၏ မသိနားမလည်မှုကို အခွင့်ကောင်းယူပြီး လှည့်ဖြားခြင်းသာ
ဖြစ်သည့်အတွက် ၎င်းအနေဖြင့် လက်မခံနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ဟုလည်း
ဦးဉာဏ်ဝင်းက ပြောဆိုသည်။

ရွေးကောက်ပွဲကာလကို အချိန်တိုအတွင်း လုပ်ဆောင်နေမှုမှာ စစ်အစိုးရအနေဖြင့် တရားမျှတမှု လုံးဝမရှိသည့်အပြင်


ပြည်သူလူထုကိုလည်း မလေးစားရာရောက်ကြောင်း၊ သတင်းရယူ ထုတ်ပြန်ခွင့်၊ လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့်
မရှိသည့် ရွေးကောက်ပွဲသည် တရားမျှတမှု လုံးဝ ရှိမည်မဟုတ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံဖြင့် ပေါ်ထွက်လာမည့်
အစိုးရသည် လွှတ်တော်က ထိန်းကျောင်းနိုင်သည့် အစိုးရမဟုတ်ဘဲ သမ္မတကသာ လွှမ်းမိုးမည့် အစိုးရတရပ်သာ
ဖြစ်လာမည်ကိုလည်း ပြည်သူများ လေ့လာသင့်ပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း ဦးဉာဏ်ဝင်းက
ပြောသည်။

၎င်းက “နောက်တချက်က ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ တရားမျှတမှု မရှိတဲ့ အချက်တွေ၊


ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေမှာ တရားမျှတမှုမရှိတဲ့ အချက်တွေကို ပြည်သူတွေသိအောင် တတ်နိုင်သမျှ လုပ်ကြဖို့
လိုတယ်လို့ ပြောပါတယ်။ ဒါတွေကို မသိဘဲ မဲဆန္ဒရှင်တယောက်က မဲပေးလို့ရှိရင် အဲဒီမဲက ဘာအဓိပ္ပာယ်မှ မရှိဘူးလို့
ဒေါ်စုက ပြောပါတယ်” ဟု ရှင်းလင်းပြောဆိုသွားသည်။

ထို့အပြင် တရားမျှတမှု မရှိသည့် ဖွဲ့စည်းပုံဥပဒေအား မလိုက်နာသူများကို မင်းမဲ့စရိုက်များဟုလည်း


ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ကြောင်း ဦးဉာဏ်ဝင်းက ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

Source: http://khitpyaing.org/index.php?route=detail&id=3759

မြန်မာနိင
ု င
် အ
ံ တွက် အကောင်းဆံုး နည်းလမ်း ရှာဖွေနေကြောင်း
အမေရိကန်ပြော
2010-08-25

မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ရေးအတွက် စုံစမ်း


ရှာဖွေနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက စုံစမ်းရေးကော်မရှင်ဖွဲ့ ဆောင်ရွက်ရေးမှာ


အမေရိကန်အနေနဲ့ ဘယ်လို ဆောင်ရွက်မယ်ဆိုတာနဲ့ ပတ်သက်ပြီး သတင်းထောက်တဦးက မေးမြန်းတာကို
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ခုလို ဖြေဆိုခဲ့တာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Philip J. Crowley သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေပုံ ဖြစ်ပါသည်။


(State Dept Image)
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့သင့်တယ်ဆိုတာ အမေရိကန်
ပြည်ထောင်စုအနေနဲ့ ယုံကြည်လက်ခံကြောင်း၊ မြန်မာနိုင်ငံဟာ နိုင်ငံတကာ ဥပဒေကို ပြင်းပြင်းထန်ထန်
ချိုးဖောက်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ စနစ်တကျ ဖွဲ့စည်းထားတဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး
ကော်မရှင် ရှိဖို့အချက်ကို အမေရိကန် ပြည်ထောင်စုအနေနဲ့ ယြုံ ကည်ကြောင်း၊ ဒီအတွက်လည်း အကောင်းဆုံး
နည်းလမ်းတွေကို အမေရိကန် အစိုးရအနေနဲ့ လေ့လာနေပါတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Philip Crowley
က မနေ့က သတင်းထောက်တွေကို ပြောသွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ အမေရိကန်အစိုးရက


ထောက်ခံကြောင်း သမ္မတအိမ်ဖြူတော်က ကြေညာချက် ထုတြ် ပန်ခဲ့ပါတယ်။

ကုလသမဂ္ဂက ဦးစီးပြီး မြန်မာနိုင်ငံက လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့


ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်
မစ္စတာကင်တာနားက ပြီးခဲ့တဲ့ မတ်လမှာ လူ့အခွင့်အရေးကောင်စီကို အဆိုပြု တင်သွင်းခဲ့တာပါ။

ဒီ အဆိုကို အမေရိကန် ပြည်ထောင်စု အပါအ၀င် ဗြိတိန်၊ သြစတြေးလျ၊ ချက် ပြည်သူ့ သမ္မတနိုင်ငံနဲ့ စလိုဗက်ကီးယား
စတဲ့ ငါးနိုင်ငံက ထောက်ခံထားပါတယ်။

Source:http://www.rfa.org/burmese/news/US_finds_best_way_concerning_international_inquiry_on_Bu
rma-08252010154130.html

မြန်မာနိင
ု င
် တ
ွံင်း ခရီးသွားလာမှု သတိပေးချက် အမေရိကန် ထုတြ် ပန်
မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ နိုင်ငံရေးအရ မတည်ငြိမ်မှုတွေ
ရှိလာနိုင်တာကြောင့် မြန်မာနိုင်ငံအတွင်း ခရီးသွားလာရေးမှာ သတိထားကြဖို့အတွက် အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီးဌာနက အမေရိကန် နိုင်ငံသားတွေကို သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

အထူးသဖြင့် အများပြည်သူနေရာတွေ သွားလာရာမှာ မသင်္ကာဖွယ် ပစ္စည်းတွေ၊ ပိုင်ရှင်မဲ့ အထုပ်ပစ္စည်းတွေ တွေ့ရင်


သတိတကြီးနဲ့နေဖို့ သတိပေးလိုက်ပါတယ်။
ဒါ့အပြင် လူစုလူဝေးရှိတဲ့နေရာ၊ ဆန္ဒပြပွဲတွေ ဖြစ်တဲ့နေရာ၊ အစိုးရ လြုံ ခုံရေးတပ်တွေ ပိတ်ဆထ
ို့ားတဲ့ နေရာတွေကို
ရှောင်ဖို့လည်း သတိပေးထားပါတယ်။ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ လုံခြုံရေး အာဏာပိုင်တွေကို ဓာတ်ပုံရိုက်တာ၊ ဗွီဒီယို
ရိုက်တာမျိုးတွေကိုလည်း မလုပ်ဖို့ သတိပေးထားပါတယ်။

မြန်မာနိုင်ငံထဲမှာ ရှိနေစဉ်အတွင်း အများပြည်သူအတွက် သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်တွေကိုလည်း


စောင့်ကြည့် နားထောင်နေဖို့ မှာကြားထားပါတယ်။

ဒါ့အပြင် ရန်ကုန်လေဆိပ်နဲ့ တခြား နိုင်ငံတကာကနေ ၀င်ရောက်နိုင်တဲ့ နေရာတွေမှာ ဆိုက်ရောက်ဗီဇာ


ထုတ်ပေးတာကိုလည်း လာမယ့် စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ယာယီ ရပ်ဆိုင်းထားတယ်လို့ မြန်မာစစ်အစိုးရက
ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးကို အကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ နေထိုင်နေကြတဲ့ အမေရိကန် နိုင်ငံသားတွေရော၊ ခရီးသွားလာ လည်ပတ်ကြမယ့် အမေရိကန်


နိုင်ငံသားတွေ အတွက်ပါ ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးကို မိမိ ဘယ်နေရာမှာရှိတယ် ဆိုတာကို အကြောင်းကြား
ဆက်သွယ်ထားဖို့ကိုလည်း သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း အမေရိကန်နိုင်ငံသား တချို့ဟာ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အရေးအသား စာစောင်တွေ


ဖြန့်ဝေတာ၊ ဒီမိုကရေစီ ခေါင်းဆောင်တွေရဲ့ နေအိမ်တွေ၊ ရုံးတွေကို သွားရောက် လည်ပတ်တာကြောင့် ဖမ်းဆီးခံရတာ၊
တရားရုံးတင် စွဲချက်တင်ခံရတာတွေ ရှိခဲ့တယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကတော့ အမေရိကန်နိုင်ငံသား တချို့ဟာ မန္တလေးနဲ့ မြန်မာနိုင်ငံ အထက်ပိုင်းမှာ သင်တန်းတချို့နဲ့


ပတ်သက်လို့ ပြည်နှင်ဒဏ် ပေးခံရတာမျိုးတွေလည်း ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့အရေးအခင်းအတွင်း လြုံ ခုံရေးတပ်တွေရဲ့ နှိမ်နင်းမှုကြောင့်


ဂျပန်သတင်းထောက်တဦး ပစ်သတ်ခံရတာကိုလည်း ပြန်လည် ဖော်ပြထားပါတယ်။

Source:http://www.voanews.com/burmese/news/us-travellers-myanmar-101524504.html

လွတလ
် ပ်မျှ တတဲ့ ရွေးကောက်ပွဲ ဖြစ်ရေး သတင်းလွတလ
် ပ်ခွင့် အရေးကြီး

တရားမျှတတဲ့ ရွေးကောက်ပွဲတခု ပေါ်ပေါက်ဖို့အတွက် သတင်းလွတ်လပ်ခွင့် ရှိဖို့ အရေးကြီးတယ်လို့ မြန်မာ့ဒီမိုကရေစီ


ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ပြည်သူတွေအပေါ် လိမ်လည် လှည့်ဖျားတာမျိုးတွေ
မလုပ်သင့်တဲ့ အကြောင်းနဲ့ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာမယ့် အစိုးရကို သေသေချာချာ
လေ့လာသင့်တယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

အင်္ဂါနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ NLD ပြောရေးဆိုခွင့်ရှိသူ ရှေ့နေကြီး ဦးဉာဏ်ဝင်းက


ဒေါ်အောင်ဆန်းစုကြည်ဘက်က ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သဘောထားတွေကို ပြန်ပြောပြခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ
စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို ကပ်ပြီး ကြေညာတာက ပြည်သူတွေရဲ့ ဆန္ဒကို မလေးစားရာ
ရောက်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။ တရားမျှတတဲ့ ရွေးကောက်ပွဲတခု ပေါ်ပေါက်လာဖို့အတွက်
လူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ သတင်းတွေ လွတ်လွတ်လပ်လပ် ရယူပိုင်ခွင့်၊ သတင်းလွတ်လပ်ခွင့်
အရေးကြီးတဲ့ အကြောင်းကိုလည်း ထည့်သွင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

“ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ကို အချိန်တိုလေးမှာ ကြေညာတာဟာ လုံးဝ မတရားဘူးတဲ့။ သူ့အမြင်ကတော့ ဒါ


ပြည်သူတွေကို မလေးစားတာလို့ မြင်ကြောင်း ပြောပါတယ်။ နောက် Freedom of Expression နဲ့ Freedom of
Information သတင်းရယူခွင့်၊ သတင်းထုတ်ပြန်ခွင့်၊ လွတ်လပ်စွာ မိမိဆန္ဒ ထုတ်ဖော်ခွင့်၊ အဲဒါတွေ မပါဘဲနဲ့
တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ဘယ်မှာမှ မရှိနိုင်ပါဘူးတဲ့။”

လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတခုဖြစ်ဖို့ သတင်းလွတ်လပ်ခွင့် အရေးကြီးတဲ့အကြောင်း ပြောပြတဲ့ တချိန်တည်းမှာပဲ


သူနဲ့ မြန်မာပြည်သူတွေ အားထားရတဲ့ သတင်းဌာနတွေ အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း
ပြောဆိုခဲ့ပါတယ်။ ဒီအကြောင်းကို ဦးဉာဏ်ဝင်းက အခုလို ရှင်းပြပါတယ်။

“အခု သတင်းဌာနတွေကနေပြီး ကြားနေရတယ်။ တချို့က ခြိမ်းခြောက်စကား သတင်းစာမှာတွေ့တယ်၊


မီဒီယာမှာတွေ့တယ်။ တချို့က လှည့်ဖျားတဲ့ စကား၊ တချို့ကတော့ ပြည်သူတွေရဲ့ နားမလည်မှုကို အခွင့်အရေးယူတာ။
ဒါတွေနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ လုံးဝ လက်မခံနိုင်ဘူးတဲ့။ နောက်တခုက သတင်းဌာနတခုနဲ့ ပတ်သက်ပြီးတော့
ဒေါ်စုပြောလိုက်တာ ကျနော် ဒီမှာပဲ ပြောလိုက်မယ်။

“ဒေါ်စုက သူ သတင်းတခု ကြားနေတယ်တဲ့၊ ဘီဘီစီ မြန်မာပိုင်းဌာနဟာ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေကြောင့်


Funding မှာ ငွေရေးကြေးရေး အခက်အခဲ ရှိတယ်လို့ ကြားတယ်တဲ့။ သူ စိတ်မကောင်းဘူးတဲ့။ ဘီဘီစီရယ် မဟုတ်ဘူး၊
ဘီဘီစီ၊ ဗွီအိုအေ ဒီသတင်းဌာန အားလုံးဟာ ကျနော်တို့ ပြည်သူတွေရော၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်
အားကိုးရာပဲတဲ့။ ဒီအတွက်တော့ စိတ်မကောင်းဘူးဆိုတဲ့ သတင်းကို ပြောလိုက်ပါတယ်။”

ရွေးကောက်ပွဲမှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မပါဝင်တဲ့အတွက် NLD ကို မဲပေးချင်တဲ့ ပြည်သူတွေ အနေနဲ့
ဘာလုပ်သင့်သလဲဆိုတဲ့ မေးခွန်းမျိုးတွေလည်း မကြာခဏ ထွက်ပေါ်နေတဲ့အကြောင်း၊ ဒီအကြောင်းနဲ့ ပတ်သက်လို့
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားက…

“NLD ကို မဲပေးလိုတယ်၊ NLD မရှိလို့ရှိရင် ဘယ်သူ့ မဲပေးရမလဲ၊ ဘာလုပ်ရမလဲ။ ဒေါ်အောင်ဆန်းစုကြည်က


ဒီမေးခွန်းရဲ့ အဖြေကို ပြောပါတယ်။ NLD ကိုပဲ မဲပေးချင်တယ်၊ NLD မရှိရင် မပေးနဲ့ပေါ့တဲ့၊ ဒါပဲ။ ဒီမေးခွန်းက
မကြာခဏလည်း ကြားကြားနေရလို့ပါတဲ့။”

မြန်မာနိုင်ငံမှာ အခု အတည်ပြုထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နောင် ပေါ်ပေါက်လာမယ့် အစိုးရဟာ
ပြည်သူ့လွှတ်တော်က ထိန်းချုပ်နိုင်မယ့် အစိုးရမျိုး မဟုတ်ဘူး ဆိုတာကို ပြည်သူတွေ နားလည်ဖို့၊ လေ့လာဖို့
လိုတယ်လို့လည်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နောင်ဖြစ်လာမယ့် အစိုးရဟာ ပြည်သူ့လွှတ်တော်က ထိန်းကြောင်းနိုင်တဲ့၊


ပြည်သူ့လွှတ်တော်က တည့်မတ်နိုင်တဲ့ အစိုးရ မဟုတ်ဘူးတဲ့။ သမ္မတက လွှမ်းမိုးတဲ့ အစိုးရမျိုး ဖြစ်တယ်ဆိုတာ
ပြည်သူတွေ လေ့လာသင့်ပါတယ်လို့ ပြောလိုက်ပါတယ်။”

ဦးဉာဏ်ဝင်း ပြန်ပြောပြခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ဥပဒေဟာ တရားမျှတမှု မရှိဘူး ဆိုပေမဲ့လည်း ဒီ တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲ ဥပဒေကိုတောင်


လိုက်နာရဲ့လား ပြည်သူတွေအနေနဲ့ စောင့်ကြည့်ဖို့ လိုတဲ့အကြောင်း၊ လုပ်ကိုင် ဆောင်ရွက်ပုံတွေဟာ ဥပဒေနဲ့ ညီမညီ၊
ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေ ကျူးလွန်မှု ရှိမရှိ၊ ဒါတွေကိုလည်း စောင့်ကြည့်ရမယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က
မှာကြားခဲ့တဲ့အကြောင်း ဦးဉာဏ်ဝင်းက ပြန်ပြောပြပါတယ်။

Source:http://www.voanews.com/burmese/news/myanmar-election-freedom-press-dassk-
101524174.html

NLD ထောက်ခသ
ံ ေ
ူ တွ မဲပေးရမယ်သ
ူ့ မရှိ
လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ NLD ပါတီ ၀င်မပြိုင်တဲ့အတွက် NLD ကို မဲပေးချင်သူတွေ မဲမပေးကြပါနဲ့လို့
ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ NLD ဟာ ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ လူထုကိုလည်း
တိုက်တွန်းထားတော့ အခြေအနေကို မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က
တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲမှာ ဘယ်ပါတီကို မဲပေးရမယ်ဆိုတာ ပြည်သူလူထုအကြား မေးခွန်းတွေ ဖြစ်နေပြီး ကြံ့ဖွံ့ပါတီကလည်း


အနိုင်ရရေးအတွက် နည်းလမ်းမျိုးစုံ သုံးပြီး လုပ်ဆောင်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုလို တိုက်တွန်းချက်
ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မနေ့က တွေ့ဆုံခဲ့တဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက NLD ကို မဲပေးချင်သူတွေ မဲမပေးကြဖို့


တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

“NLD ကိုပဲ မဲပေးချင်တယ်၊ NLD မ၀င်လို့ ဘာလုပ်ရမှန်း မသိဘူးလို့ ပြောတဲ့မေးခွန်းတွေ ရှိတယ်။ ဒီမေးခွန်းတွေနဲ့
ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က NLD ကိုပဲ ပေးချင်တယ်၊ NLD မရှိရင် မပေးနဲ့ပေါ့တဲ့၊ အဲဒီလို ဖြေကြားပါတယ်။
နောက်တခုက အခုရှိနေတဲ့ ရွေးကောက်ပွဲ ဥပဒေက တရားမျှတမှု မရှိဘူး။ ဒါပေမဲ့ အဲဒီ တရားမျှတမှု မရှိတဲ့
ရွေးကောက်ပွဲ ဥပဒေကိုတောင် လိုက်နာရဲ့လား စောင့်ကြည့်ရမယ်။ မလိုက်နာဘူး ဆိုရင်တော့ ဒါဟာ မင်းမဲ့စရိုက်ပဲလို့
ဒေါ်စုက ပြောပါတယ်။ အဖွဲ့ချုပ်က ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေး၊ ယုံကြည်ချက် ၃ ခုပေါ်
ဆက်လက်ကိုင်စွဲပြီးတော့ နိုင်ငံရေး လုပ်သွားမယ်ဆိုတာ ပြောပါတယ်။”

NLD ဟာ မကြာသေးခင်က ရွေးကောက်ပွဲကို သပိတ်မှောက်ကြဖို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအပေါ်


ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူတယ် ဆိုတာနဲ့ သပိတ်မှောက်ရင်လည်း ရွေးကောက်ပွဲကို
စောင့်ကြည့်ဖို့လိုကြောင်း ပြောတယ်လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။

“သူ သဘောတူတယ်လို့ ပြောပါတယ်၊ မနေ့က။ အသေးစိတ်တော့ မပြောဘူး။ ဒီဥစ္စာက မတ်လ ၂၉ ရက်နေ့ကတည်းက


NLD ဆုံးဖြတ်ပြီးသား အချက်ပဲ။ အသုံးအနှုံးသာ ဒီစကား မသုံးတာ၊ အတူတူပဲ။ သူ သဘောတူတယ်တဲ့၊
ရွေးကောက်ပွဲကို လျစ်လျူရှုလို့ မရဘူး၊ ကြည့်ရမယ်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာ တရားမျှတမှု မရှိတာ
မှန်တယ်၊ သို့သော် အဲဒီ တရားမျှတမှု မရှိတဲ့ ဥပဒေနဲ့အညီ လုပ်လား၊ မလုပ်သလား၊ ရွေးကောက်ပွဲဆိုင်ရာ
ပြစ်မှုကျူးလွန်သလား၊ မကျူးလွန်ဘူးလား၊ ဒါတွေကို စောင့်ကြည့်ရမယ်တဲ့။ ကျူးလွန်တာ တွေ့ရင်လည်း
ဥပဒေနဲ့အညီပဲ ရဲစခန်း အကြောင်းကြားရမယ်လို့ ဆွေးနွေး ပြောကြားပါတယ်။”

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို အချိန်တိုလေး အတွင်းမှာ ကြေညာတာ


မတရားကြောင်း၊ ဒါ ပြည်သူတွေကို မလေးမစား လုပ်ခြင်းလို့ မြင်ကြောင်း၊ ရွေးကောက်ပွဲ ကာလအတွင်း လွတ်လပ်စွာ
သတင်းထုတ်ပြန်ခွင့်၊ လွတ်လပ်စွာ သတင်းရယူခွင့်၊ မိမိဆန္ဒ ထုတ်ဖော်ခွင့် မရတာကလည်း တရားမျှတတဲ့
ရွေးကောက်ပွဲ မဟုတ်ကြောင်း ပြောဆိုခဲ့တယ်လို့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပြသွားပါတယ်။

Source:http://www.voanews.com/burmese/news/myanmar-election-nld-dassk-101465499.html

NDF ဦးခင်မောင်ဆွေ ရွေးကောက်ပွဲ ၀င်တော့မည် မဟုတ်


အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ရွေးကောက်ပွဲ မ၀င်ဖို့
ဆုံးဖြတ်လိုက်ပြီလို့ ဗွီအိုအေကို ပြောပါတယ်။ ရွေးကောက်ပွဲ ၀င်ခွင့်ရဖို့အတွက် ကော်မရှင်မှာ ပထမတကြိမ်
ခွင့်တောင်းလွှာ တင်ခဲ့ရပြီးနောက် အခုတခါ ထပ်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်းချက်တွေကို
လိုက်နာပါ့မယ်ဆိုတဲ့ ခံဝန်ကတိမျိုး ထပ်ပြီး တင်ခိုင်းတဲ့အတွက် ဒါကို သူ့အနေနဲ့ မတင်နိုင်တဲ့အကြောင်း
ဦးခင်မောင်ဆွေက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဗွီအိုအေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက
ဆက်သွယ်မေးမြန်းတဲ့အခါ ဦးခင်မောင်ဆွေက အခုလို ပြောပါတယ်။

AP

NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ။ နိုဝင်ဘာ ၄၊ ၂၀၀၉။

“တင်ဖို့အကြောင်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဒီဥပဒေကို လိုက်နာပါ့မယ်ဆိုပြီး ပါတီထောင်၊


ပါတီမှတ်ပုံတင်လည်း ချပေးထားပြီး ကျူးလွန်ခဲ့တဲ့ အမှုလည်း ခံပြီးပြီ၊ လွတ်လည်း လွတ်နေပြီ၊ သာမန်ပြည်သူ
တယောက်လည်း ဖြစ်နေပြီ၊ ပါတီ Founder တွေ အဖြစ်လည်း ပါနေပြီ။ အဲဒါကို ထပ်ပြီးတော့ ဟိုတုန်းက ဒီအပြစ်တွေ
ရှိခဲ့တယ် ဆုတ
ိာကို အလိုအလျောက် ပယ်ဖျက်ပေးရမယ့် အစား ကျနော်တို့ကိုလာ ကြိုးနဲ့ချီတယ်။ ခင်ဗျားတို့
တင်ပြရမယ်၊ တင်ပြမှ၊ ဒီဥပဒေကို လိုက်နာမှဆိုပြီး ပုဂ္ဂိုလ်ရေး ထပ်ပြီးတော့ ကြိုးနဲ့ချီတာ။ ဒါကြောင့် ကျနော်ကတော့
မတင်ပါဘူး။

“ဘာကြောင့်လဲဆိုတော့ ဒါဟာ မှတ်ပုံတင်တုန်းက ပါပြီးသား ကိစ္စတွေကို နောက်တခါ ဒုတိယအကြိမ် ထပ်ပြီး


တောင်းတာမို့ ဥပဒေအရ ကြည့်ရင်လည်း သဘာဝရုပ်တိ မကျဘူးလို့လည်း ထင်ပါတယ်။ နိုင်ငံသား
အခွင့်အရေးကိုလည်း ပိတ်ပင်တယ်လို့ ယူဆတဲ့အတွက် ကျနော်က ပြန်လည်တင်ခြင်း မရှိပါဘူး။
တခြားပုဂ္ဂိုလ်တွေတော့ ဘယ်သူတင်မယ်၊ မတင်ဘူးဆိုတာ ကျနော် မသိပါဘူး။”

တကယ်လို့ ဆရာ ပြန်မတင်တဲ့အခါမှာ ရွေးကောက်ပွဲဝင်ဖို့ ကိစ္စကို ထိခိုက်လာမယ် ဆိုရင်ရော။

“ကျနော်မှ ရွေးကောက်ပွဲ မ၀င်တော့တဲ့ဟာ၊ ဘာထိခိုက်စရာအကြောင်း ရှိမလဲ။ ကျနော့်ကိစ္စပဲ၊ ပါတီကိစ္စ မဟုတ်ပါဘူး။


ကျနော်က ၁၂၂၊ ၁၂၄ ပုဒ်မနဲ့ ကျလို့ နိုင်ငံတော် သစ္စာဖောက်မှုကို ကျူးလွန်တယ် ဆိုပြီးတော့ ထောင်ဒဏ် ၁၇ နှစ်
ကျနော် ကျခံခဲ့ပြီးပြီ။ ကျခံခဲ့တာ သူတို့ အပြစ်ရှိတယ်လို့ သတ်မှတ်လို့ ဒီအပြစ်ကြွေးကို ဆပ်ပြီးပြီ။

“ဆပ်ပြီးတဲ့ လူတယောက်က လွတ်လပ်တဲ့ ပြည်သူဘ၀ကို ရောက်သွားတာတောင်မှ လိုက်ပြီးတော့ ကန့်သတ်တာဟာ


ပြည်သူလူထုရဲ့ အခွင့်အရေးကို ပိတ်ပင်ရာ ရောက်တယ်လို့ ယူဆလို့ ကျနော်က ထပ်ပြီး တင်ခြင်း မရှိပါဘူး။
အသနားခံရမယ်ဆိုလည်း မခံနိုင်ပါဘူး။ ဒါကြောင့်မို့ ကျနော် ရွေးကောက်ပွဲကိုလည်း ၀င်ဖို့ အကြောင်းမရှိပါဘူး။
ထပ်လည်း တင်ဖို့ အကြောင်းမရှိပါဘူး။ ပါတီကို ထိခိုက်စရာ မရှိပါဘူး။ ဒါ ပုဂ္ဂိုလ်ရေး ကိစ္စတွေပါ။”

ဟုတ်ကဲ့၊ ကျနော် သေချာအောင် ထပ်မေးပါရစေ၊ ဆရာ ရွေးကောက်ပွဲ မ၀င်တော့ဖို့ ဆုံးဖြတ်ပြီးပြီပေါ့။

“ဟုတ်ပါတယ်။ ကျနော် မတင်ရင် ၀င်လို့မရဘူးလေ။ ကျနော် ထပ်ပြီးတော့ ဒါတွေတင်မှ ၀င်ရမှာကိုး။ ၀င်ချင်ရင်


တင်ပါဆုတ
ိာ မ၀င်ချင်ရင် မတင်နဲ့ဆိုတော့ ကျနော်က မေးပါတယ်၊ ၀င်ချင်ရင် တင်ရမယ်ဆိုရင် မ၀င်ချင်ရင်
မတင်ရဘူးလားဆိုတော့ မ၀င်ချင်ရင် မတင်လို့ရတယ်ဆိုတာ ပုဂ္ဂိုလ်ရေး ကိစ္စတွေပါ။ လူတဦးတယောက်ကို
ကန့်သတ်တဲ့ ကိစ္စတွေပါ။ ပါတီနဲ့ မဆိုင်ပါဘူး။”

မနေ့က ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တယ်လို့ ဦးဉာဏ်ဝင်းကတဆင့် ကျနော်တို့ သိရပါတယ်။ အဲဒါကတော့


ဒေါ်အောင်ဆန်းစုကြည်က လူထုကို တိုက်တွန်းပါတယ်တဲ့၊ ရွေးကောက်ပွဲဟာ လျစ်လျူရှုထားလို့ မရဘူး၊
စိတ်မ၀င်စားလို့ မရဘူး၊ ကြည့်နေဖို့ လိုတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့
အခုအပြောအပေါ်မှာ ဆရာ ဘယ်လိုနားလည်ပါသလဲ၊ ဆရာ့သဘောထားကရော အဲဒါကို ဘယ်လိုမြင်ပါသလဲ ခင်ဗျ။

“ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ ခေါင်းဆောင်အဖြစ် နှစ်ပေါင်းများစွာ လုပ်ခဲ့ပြီး အခုလည်း ကျနော်တို့


ခေါင်းဆောင်အဖြစ် ကျနော်တို့က သတ်မှတ်ထားတာပဲလေ။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ခေါင်းဆောင်ကြီးပဲလေ။ နောက်ပြီးတော့ ကမ္ဘာမှာလည်း အသိအမှတ် ပြုခံထားရတဲ့
ဒီမိုကရေစီခေါင်းဆောင် တဦးပဲလေ။

“အစကတည်းကိုက ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ ဘယ်တုန်းကမှ ပြစ်မှားခြင်း မရှိခဲ့ပါဘူး။ ဒေါ်စုက


ဒီမိုကရေစီ ကျင့်စဉ်တွေကို ဘယ်တော့မှ သွေဖည်သွားလိမ့်မယ်လို့ ဘယ်တုန်းကမှ ကျနော်တို့ ဒါမျိုးကို
မစဉ်းစားခဲ့မိပါဘူး။

“ဒေါ်စုပြောတဲ့ဟာက ရွေးကောက်ပွဲဟာ ပြည်သူတွေရဲ့ ဆန္ဒကို ခံယူမယ့်ပွဲ ဖြစ်တယ်။ ပြည်သူတွေ ပါဝင်ပတ်သက်မယ့်


ဟာကို ဒေါ်စု လျစ်လျူမရှုဘူး ဆိုတာကို ပြောတဲ့ကိစ္စပါပဲ။ ပြည်သူ့ဆန္ဒကို ထုတ်ဖော်တဲ့ ပွဲတပွဲကို
ဒီမိုကရေစီခေါင်းဆောင် တယောက် အနေနဲ့တော့ ဘယ်တော့မှ မပြစ်ပယ်ဘူးဆိုတဲ့ သဘောကို ရောက်တယ်လို့
ကျနော် ယူဆပါတယ်။”

အခုလက်ရှိ အခြေအနေမှာ ဆရာတို့ NDF ပါတီအနေနဲ့ စုစုပေါင်း လွှတ်တော် ကုယ


ိစားလှယ်လောင်း
ဘယ်လောက်ဝင်ဖို့ အခြေအနေ ရှိပါသလဲခင်ဗျ။

“ကျနော်တို့ကတော့ ၁၀၀ တော့ ကျော်လိမ့်မယ် ထင်တာပဲ။ သို့သော်လည်း အခက်အခဲတွေ ဖြတ်ကျော်တဲ့


အခါကြတော့ ၁၀၀ လောက်မှာ သွားတင်လိမ့်မယ် ထင်တယ်။ အစကတော့ ၁၂၀ လောက် ရမလား၊ ၁၃၀ လောက်
ရမလား၊ မှန်းဆတာပေါ့ဗျာ။ အခက်အခဲတွေ အများကြီး ကြုံနေရတဲ့ အခါကြတော့ တင်ပြီးတာတောင် ပယ်တာ
ရှိရင်ရှိဦးမယ်လေ။ အဲတော့ အောက်ခြေ ၁၀၀ လောက်ကတော့ ကျန်လိမ့်မယ်လို့ ယူဆပါတယ်။”

ဆရာက ရွေးကောက်ပွဲ မ၀င်တော့ဘူးဆိုတော့ NDF ပါတီရဲ့ ခေါင်းဆောင်အနေနဲ့တော့ ဆက်ရှိနေမှာလား ခင်ဗျာ။

“ဟုတ်တယ်၊ ကျနော်က NDF ပါတီရဲ့ ခေါင်းဆောင်လည်း ဟုတ်တယ်၊ နိုင်ငံရေး ဦးဆောင်ကော်မတီရဲ့


ခေါင်းဆောင်လည်း ဟုတ်တယ်။ ကျနော်ကတော့ မှတ်ပုံတင်တာ ကျနော့်ကို ခေါင်းဆောင်အနေနဲ့ တင်ပေးပါဆိုလို့
ကျနော် ခေါင်းဆောင်အနေနဲ့ သွားတင်ရတာကိုး။ ကျနော်တို့ ပါတီဝင် ၁၉ ဦးက ကျနော့်ကို ခေါင်းဆောင်
မြှောက်လိုက်တာကိုး။ မြှောက်တော့ ကျနော်က ခေါင်းဆောင်ပါပဲ။ ရွေးကောက်ပွဲဝင်တာ၊ မ၀င်တာနဲ့ မဆိုင်ပါဘူးခင်ဗျ။”

NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ရွေးကောက်ပွဲ မ၀င်တော့ဖို့ သူဆုံးဖြတ်လိုက်တဲ့ အခြေအနေနဲ့


ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကားအပေါ် သူ့သဘောထားတွေကို ပြောပြသွားတာ ဖြစ်ပါတယ်။

Source:http://www.voanews.com/burmese/news/ndf-u-khin-maung-swe-101465229.html

ရွေးကောက်ပွဲသပိတ် ဒေါ်စု သဘောတူ


မြင့်မောင် | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၂၅ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၄၇ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲ သပိတ်မှောက်မှုကို ဒေါ်အောင်ဆန်းစုကြည်က သဘောတူပြီး ရွေးကောက်ပွဲ
ကျင်းပရာ၌ ထုတ်ပြန်ထားသည့် ဥပဒေများနှင့် ညီမညီ လေ့လာစောင့်ကြည့်ရန် လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်ကို တိုက်တွန်းလိုက်သည်။

သူ့ရှေ့နေများဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်တို့နှင့် ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်း


နေအိမ်တွင် ယမန်နေ့ နေ့လည် ၂ နာရီမှ ၄ နာရီအထိ တွေ့ဆုံခွင့် ရစဉ် ဒေါ်အောင်ဆန်းစုကြည်က ဤသို့
ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ရွေးကောက်ပွဲ သပိတ်မှောက်တယ်လို့ အဖွဲ့ချုပ်လူကြီးတွေ ဆုံးဖြတ်တာကို


သူသဘောတူတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုသပိတ်မှောက်တာဟာ အခုမှ
မဟုတ်ဘူး။ မတ်လ ၂၉ ရက်နေ့က ဗဟိုကော်မတီက ဆုံးဖြတ်ပြီးသားပါလို့
အဲဒီလို ပြောတယ်” ဟု ရှေ့နေ ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ဒေါ်စု ပြောတာက ဒီရွေးကောက်ပွဲကို NLD က


မဝင်ဘူးဆိုပြီးတော့ လှည့်မကြည့်ဘဲ နေလို့မရဘူး၊ လေ့လာနေရမယ်တဲ့။
ဘာကြောင့်လဲဆိုတော့ အခုလက်ရှိ ပြဋ္ဌာန်းထားတဲ့ ရွေးကောက်ပွဲ
ဥပဒေပြဋ္ဌာန်းချက်တွေက တရားမျှတမှု မရှိဘူး။ သို့သော်လည်း အဲဒီ
ဥပဒေနဲ့အညီ လုပ်သလားဆိုတာ အမြဲတမ်း အကဲခတ်နေဖို့ လိုတယ်လို့
ပြောတယ်” ဟု ပြောဆိုသည်။

၂ဝဝ၈ အခြေခံဥပဒေနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေများသည် မြန်မာနိုင်ငံ ဒီမိုကရေစီနှင့်


လူ့အခွင့်အရေးအတွက် မည်သို့မှ ဦးတည်ခြင်း မရှိသဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ယခုလ ၁၉ ရက်က
NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး နေအိမ်တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင် ၇ ဦးနှင့် ဗဟိုဦးစီးအဖွဲ့ဝင် ၈ ဦးတို့
အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံရာတွင် နေအိမ်ပြင်ဆင်ရေး၊ သူမအပေါ်


ပြစ်ဒဏ်ချမှတ်ထားမှု အယူခံတင်သွင်းရေးနှင့် ခြံဝင်းထဲရှိ အိမ်အိုတလုံး ဖြိုဖျက်ရေး ကိစ္စများ ဆွေးနွေးခဲ့ကြောင်း
ဦးဉာဏ်ဝင်းက ပြောသော်လည်း အသေးစိတ်ကို ထုတ်ဖော်မပြောပါ။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး
ကောင်းမွန်ကြောင်းလည်း ပြောသည်။

အိမ်မကြီးရှိ ပျက်စီးနေသော နေရာများကို အင်္ဂတေဖြင့် ပြန်လည်ဖာထေးထားသဖြင့် ထိုနေရာများကို ဆေးသုတ်ရန်နှင့်


မှန်များ လဲလှယ်တပ်ဆင်ရန် ကျန်နေပြီး ခြံဝင်း လုံခြုံရေး ယူထားသည့် အာဏာပိုင်များက ယခုလအတွင်း
အပြီးသတ်ရန် ပြောထားပြီး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ခဲ့သည့် ပြစ်ဒဏ်ပြင်ဆင်မှု အထူးအယူခံကို ယခုနှစ် မေလ ၁ဝ ရက်တွင် ရန်ကုန်


ဗဟိုတရားရုံးချုပ်သို့ တင်သွင်းခဲ့ရာ လက်ခံခဲ့သော်လည်း နှစ်ဖက်ရှေ့နေများ လျှောက်လဲရမည့် ရက်ကို ယခုတိုင်
ကြေညာခြင်း မရှိသေးပါ။

လက်ရှိပြစ်ဒဏ်အရ ရွေးကောက်ပွဲပြီး၍ တပတ်ကြာတွင် ပြန်လွတ်မည်ဟု NLD ခေါင်းဆောင်များက


မျှော်လင့်ထားသည်။
ရွေးကောက်ပွဲကို ယခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီးအတွက် ကျင်းပသွားမည်ဟု ယခုလ ၁၃
ရက်နေ့က စစ်အစိုးရက ထုတြ် ပန်ကြေညာခဲ့သည်။
Source:http://www.mizzimaburmese.com/news/2010-election/5923-2010-08-25-14-20-00.html

လႊတေ
် ပးသည်စ
့ာရင်းတွင် နိင
ု င
်ေ
ံ ရးအကျဉ်းသားများ မပါ
စစ်အစိုးရက အင်းစိန် အကျဉ်းထောင်မှ အကျဉ်းသား ၁၂၀ ခန့်ကို သြဂုတလ
် ၂၄ ရက်နေ့တွင် လွှတ်ပေးခဲ့ သော်လည်း
နိုင်ငံရေး အကျဉ်းသားများ ပါဝင်မှု မရှိကြောင်း သတင်းရရှိသည်။

“အကျဉ်းသားတချို့ လွှတ်တယ်လို့တော့ ကြားပါတယ်။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတော့ မပါသေးဘူး။ ရာဇ၀တ်


အကျဉ်းသားတွေပဲလို့ ကြားတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း
(AAPP) အတွင်းရေးမှူး ကိတ
ိုတ်နိုင်က ဧရာဝတီသို့ ပြောသည်။

ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ ၇ ရက်နေ့ မတိုင်မီ အကျဉ်းသား အများအပြား လွှတ်ပေးမည်ဟု သတင်းများ


ထွက်ပေါ်ခဲ့သော်လည်း အကျဉ်းသား ၁၂၀ ၀န်းကျင်သာ လွတ်သေးသည်။

“ဒါ ပထမအကြိမ် စလွှတ်ပေးတာ ဖြစ်မှာပါ။ နောက်ရက်တွေ ထပ်လွှတ်ဦးမယ် ကြားတယ်။ နိုင်ငံရေး အကျဉ်းသားတွေ၊


ကျောင်းသားခေါင်းဆောင်တွေ ပါမယ်လို့တော့ မထင်ဘူး” ဟု ပြည်တွင်းမှ ဝါရင့် စာနယ်ဇင်းဆရာတဦးက ပြောသည်။

နိုဝင်ဘာတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ၌ ဒီမိုကရေစီ အင်အားစုများအားလုံး ပါဝင်နိုင်ရေးသည်


အရေးကြီးပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊
ပါတီနိုင်ငံရေး ခေါင်းဆောင်များ အားလုံးကို ရွေးကောက်ပွဲ မတိုင်မီ လွှတ်ပေးမှသာ သိက္ခာရှိသော ရွေးကောက်ပွဲတခု
ဖြစ်မည်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ဧရာဝတီသို့
ပြောသည်။

ရွေးကောက်ပွဲ မတိုင်မီ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရေးအတွက် NDF


ပါတီ၏ အထူးကြေညာချက် အမှတ် ၃/၂၀၁၀ ကို သြဂုတ်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း ဦးခင်မောင်ဆွေက
ဆိုသည်။

“ဖမ်းဆီးချုပ်နှောင်ပြီးမှ လုပ်လို့ရတဲ့ ရွေးကောက်ပွဲဟာ မကောင်းပါဘူး။ အားလုံးကို လွှတ်ပေးပြီးမှလုပ်တဲ့


ရွေးကောက်ပွဲသာ
ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ သိက္ခာရှိစေမှာပါ” ဟု ဦးခင်မောင်ဆွေက သုံးသပ်သည်။

စစ်အစိုးရသည် နိုင်ငံတကာဖိအားများ၊ ပြည်တွင်းပြည်ပ ဖိအားများ ပေါ်ပေါက်လာတိုင်း အကျဉ်းသားများကို


လွှတ်ပေးတတ်ကြောင်း၊ သို့သော် လွှတ်ပေးသည့် အခါတိုင်းလည်း အဓိကကျသည့် ပုဂ္ဂိုလ်များ ပါဝင်လေ့မရှိဘဲ
ရာဇ၀တ်သားများ၊ ရိုးရိုးအကျဉ်းသားများနှင့် လွတ်ရက် စေ့ခါနီးသူများသာ ဖြစ်ကြောင်း ကိုတိတ်နိုင်က ဆိုသည်။

၂၀၀၉ ခုနှစ်တွင် အကျဉ်းသားပေါင်း ၉၀၀၀ ကျော်ကို ၂ သုတ်ခွဲပြီး လွှတ်ပေးခဲ့ရာတွင် ပထမ အသုတ်၌


လွတ်ရက်စေ့ခါနီး နိုင်ငံရေး အကျဉ်းသားများ ဖြစ်ကြသော ဟံသာဝတီ ဦးဝင်းတင်၊ ဒေါက်တာ သန်းငြိမ်း၊
ဦးခင်မောင်ဆွေ၊ ဒေါက်တာ မေဝင်းမြင့် စသည့် နိုင်ငံရေး အကျဉ်းသား ၉ ဦးသာ ပါဝင်ခဲ့ပြီး ဒုတိယ အသုတ်တွင် ၃၁
ဦးသာ ပါဝင်သည်ဟု AAPP ၏ မှတ်တမ်းများအရ သိရသည်။

မြန်မာတနိုင်ငံလုံးတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၇၁ ဦးရှိသည်ဟု AAPP က ထုတြ် ပန်ထားသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/3910-2010-08-25-11-24-07

ချင်းလူမျိုးစု ပါတီများ ငွေကြေး အခက်အခဲကြုံတွေ့ 


ခိုနူမ်းထုန်သတင်း၊ ၂၅ သြဂုတ် ၂၀၁၀

နအဖစစ်အစိုးရကျင်းပပေးမည့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြ မည့် ချင်းနိုင်ငံ ရေးပါတီများက ရွေးကောက်ပွဲ


ကော်မီရှင်မှသတ်မှတ် ထား သည့် ကိုယ်စားလှယ်လောင်း တဦးအတွက် ကျပ်ငွေ (၅) သိန်း ထည့်ဝင် ရေးအတွက်
ခက်ခဲနေကြ သည် ဟု သိရသည်။

ချင်းအမျိုးသားပါတီ(စီအဲန်ပီ)နှင့် ချင်းတိုး တက်ရေး ပါတီ(စီပီပီ) တို့က ၄င်းတို့ ၏ လွှတ်တော်ကိုယ်


စားလှယ်လောင်းများကို ရွေးချယ်ထား ပြီဖြစ် သော်လည်း ကိုယ်စားလှယ်လောင်းအတွက် ငွေ ပေးသွင်းရေး အခက်ကြုံ
နေရခြင်းဖြစ်သည်။

ချင်းတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ပူးနိုးထန်ကပ်က"တော်တော်လေးအခက်အခဲ ရှိတယ်.. တချို့က အိမ် ပေါင်ယာ ပေါင်နဲ့


တချို့ကအတိုးနဲ့ချေးငှါးနေတာ တို့ငွေလုံးဝအဆင် မပြေဘူးဖြစ်နေတယ် ခုထိ တော့ မဖြေရှင်း နိုင်သေးဘူး အမတ်
လောင်း တွေက ကိုယ့်ဟာကိုယ် ရှာပြီးတော့ ချီးငှါးပြီးတော့ လယ်ယာ ရှိတဲ့သူက လယ်ရောင်း၊ အိမ်ရှိတဲ့သူ အိမ်ပေါင်ပြီး
ဖြေရှင်းနေရ တယ် “ ဟုခိုနူမ်း ထုန် သတင်းဌါနကိုပြောပြခဲ့သည်။

ချင်းတိုးတက်ရေးပါတီ (စီပီပီ)အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၄၁ ဦး အ တည်ပြု


ရွေးချယ်ထားပြီဖြစ် ကြောင်းသိရပြီး အမျိုး သားလွှတ်တော်အတွက် ချင်းပြည်နယ်ကနေ ၁၂ ဦး၊ စစ်ကိုင်းတိုင်းကလေး
မြို့နယ် နှင့် တမူးမြို့နယ် ကနေ ၂ ဦး အားလုံးပေါင်း ၁၄ ဦး၊ ပြည်သူ့ လွှတ် တော်အတွက် ၁၁ ဦး နှင့်
ပြည်နယ်လွှတ်တော်အတွက် ၁၈ ဦးလျာထားပြီး ဖြစ်သည်။

စီပီပီ ပါတီသည် ချင်းပြည်နယ် နှင့် စစ်ကိုင်းတိုင်း တမူး ၊ ကလေးမြို့ နယ်တို့ တွင် အပြင် ချင်းလူမျိုးစု
အများစုနေထိုင်သည့် မကွေးတိုင်း နှင့် ရခိုင်ပြည်နယ်တို တ
ွ့င် ၀င် ရောက် ယှဉ်ပြိုင်နိုင် ရန်စီစဉ် ထား သော်လည်
ငွေကြေး အခက်အခဲအပြင် ရွေးကောက်ပွဲကျင်းပပေးမည့် ရက်အလွန် နီးကပ်နေ ပြီဖြစ်သောကြောင့်
အဆိုပါဒေသများတွင် ၀င်ရောက်ယှဉ်ပြိုင် နိုင်ဖွယ်မရှိ ကြောင်း သိရ သည်။

ပူး နိုးထန်ကပ်က လက်ရှိ ရွေးကောက်ပွဲအနေအထားမှာ တရားမမျှတမှု တွေ၊ ဘ၀င်မကျစရာတွေ


တွေ့နေရသော်လည်း နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပမည့် ရက်တွင်မူ တရားမျှတ မှုရှိမည်ဟု ယုံကြည်
ကြောင်းဆက်ပြောသည်။

အလားတူ ချင်းအမျိုးသားပါတီ( စီအဲန်ပီ)ကလည်း ၄င်းတို့၏ လွှတ်တော် ကိုယ်စားလှယ် လောင်း များကို


ရွေးချယ်ထားပြီ ဖြစ်သော်လည်း ငွေကြေး အခက်ကြုံနေ ရကြောင်း စီအဲန်ပီ အထွေ ထွေအ တွင်းရေး မှူး
ကျဲအိုဘခ်ထောင်းကပြောသည်။

“ကိုယ်စားလှယ်လောင်းတ၀က်တော့ ကျပ်ငွေ ၅သိန်း တွက်သူတို့ ဟာနဲ့ သူတို့စိုက်နိုင်ကြပေမဲ့ ကျန် ကိုယ်စား


လှယ်တ၀က်နီးနီးတော့ ဒီငွေ ၅သိန်း ကိစ္စမှာ အခက်အခဲတွေ့နေရသေးတယ် ” ဟု ပြောသည်။

စီအဲန်ပီပါတီသည် ရန်ကုန်ရှိ ချင်းလူကြီးများနှင့် ပါတီလူကြီးများ ၏ငွေကြေး ပံ့ပိုးမှူဖြင့် ပါတီလုပ်ငန်း များ ကို


လည်ပတ်နေကြသည်ဟု သိရသည်။
စီအဲန်ပီပါတီအနေဖြင့် ပလက်ဝမြို့နယ်က လွဲပြီး ကျန် (၈)မြို့နယ် တွင်ပါတီ ရုံးခွဲများ ဖွင့်လှစ်ခဲ့ပြီးဖြစ် ကြောင်း သိရပြီး
ချင်းတပြည်နယ်လုံးတွင် ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

အလားတူ ချင်းအနွယ်ဝင် မရာမျိုးနွယ်စုကိုယ်စားပြု တိုင်းရင်းသား လူမျိုး များဖွံ့ ဖြိုးတိုး တက်ရေးပါတီ (အီးအဲန်ဒီပီ)


ကလည်းလွှတ်တော် ကိုယ်စား လှယ်ရွေးချယ်ထားပြီဟုသိရသည်။

အီးအဲန်ဒီပီ အနေနဲ့ အမျိုးသားလွှတ် တော်အတွက် ကိုယ်စားလှယ်ေ လာင်းတဦးနှင့် ပြည်နယ် လွှတ်တော် အတွက်


ကိုယ်စားလှယ်လောင်း ၂ ဦးတို .ကို ရွေးချယ် နိုင်ကြကြောင်းသိရသည်။ ပြည်သူ လ
ွှ့တ်တော်အတွက် ၀င်ရောက်ယှဉ်ပြိုင်
မည်မဟုတ်ကြောင်းလည်း သိရသည်။

အီးအဲန်ဒီပီ အနေနဲ့ မရာမျိုးနွယ်အများစုနေထိုင်ကြသည့် ချင်းပြည်နယ် မတူပီ၊ ပလက်ဝ၊ ထန်တ လန်မြို့နယ်


သုံးခုတွင် သာ ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပါသည်။
Source:http://www.khonumthungburmese.org/index.php?
subaction=showfull&id=1282723837&archive=&start_from=&ucat=1&

DKBA သံုး ချိုး နှစခ


်ျိုးသည် စစ်အစိုး ရ၏ နယ်ခြားစောင်တ
့ ပ်အဖြစ် အသွငေ
် ပြာင်း
စစ်အစိုးရနှင့် အပစ်ရပ်ယူထားသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်တပ်ဖွဲ့ DKBA သုံးပုံ
နှစ်ပုံသည် စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက်ပြီဟု သိရသည်။
“အများစုကတော့ ပြောင်းတယ်လို့တော့ ပြောလို့ ရတာပေါ့။ ဒီကေဘီအေ အများစုကနေပြီးတော့ ၃ ချိုး ၂
ချိုးလောက်က နယ်ခြားစောင့်တပ်ကို ပြောင်းသွားတယ်လို့တော့ ပြောလို့ ရတယ်” ဟု ကရင်သတင်းစဉ် KIC မှ
အယ်ဒီတာ နန့်ဖောဂေက ပြောပါသည်။

အသက် ၁၈ နှစ်မှ ၅၀ အောက် လူလတ်ပိုင်းများသည် များသောအားဖြင့် နယ်ခြားစောင့်တပ်ဖွဲ့တွင် အသွင်ပြောင်းကြပြီး


အသက် ၅၀ နှင့် အထက် လူကြီးပိုင်းများသည် အငြိမ်းစား ပေးထားသည့်သဘော ဖြစ်ပြီး ပါတီဖွဲ့ပြီး
ရွေးကောက်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်နိုင်သည်ဟု ဆိုသည်။

ဒီကေဘီအေသည် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည့် ၁၅ နှစ်တာအတွင်းတွင် မိမ၏


ိ အကျိုးစီးပွားများကိုသာ
လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရပြီး ပြည်သူများအတွက် ကျောင်း၊ တံတား စသည့်များ ပြုလုပ်ပေးခဲ့သည်။

“ပြောင်းတဲ့ လူတွေကတော့ သူတို့ အနေနဲ့ လက်မခံရင်လည်း ခက်ခက်ပေါ့။ နောက်ပြီးတော့ ခု လက်ရှိမှာ သူတို့က


ပြီးခဲ့တဲ့ ဒီကေဘီအေ အနေနဲ့ ၁၅နှစ် တာ အတောအတွင်းမှာ သူတို့ ရပ်တည်လာတာ စစ်အစိုးရရဲ့
အခွင့်အရေးပေးမှုတွေ ဥပမာ လုပ်ပိုင်ခွင့်တွေ စီးပွားရေး လုပ်ကွက်တွေ အများကြီး ပေးတဲ့ အပေါ်မှာ သူတို့မှာ
အကျိုးအမြတ်တွေ အများကြီး ဖြစ်ထွန်းလာတယ်လေ။ အဲဒီဖြစ်ထွန်းမှုတွေလည်း စွန့်လွတ်ရတာ ခက်ခဲတယ်။
သူတို့တွက် နှမျောနေတဲ့ အတိုင်းအတာလည်း ရှိတယ်။ တကယ်လို့ မဟုတ်ပဲနဲ့ နောက်တခုအနေနဲ့ သူတို့
လက်မခံဘူးဆိုရင်လည်း စစ်အစိုးရနဲ့ တိုက်ပွဲများ
ဖြစ်ခဲ့မယ်ဆိုလို့ရှိရင် သူတို့ မနိုင်နိုင်ဘူးပဲ ဖြစ်ကောင်းဖြစ်မှာပေါ့နော်။
နောက်တခုကလည်း လူမျိုးကိုလည်း ထိခိုက်မယ်။ သူတို့
အသိုင်းအ၀ိုင်းတွေက ပြောသံကြားတာပေါ့နော်” ဟု နန့်ဖောဂေက
ပြောသည်။

ဒီကေဘီအေသည် ၁၉၉၅ ခုနှစ်တွင် ကရင်အမျိုးသားအစီးအရုံး


KNU မှ ခွဲထွက်ပြီး မြိုင်ကြီးငူဆရာတော် ဦးသုဇန၏ ဦးဆောင်မှုဖြင့်
စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ယူခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လ
၁၉ ရက်နေ့တွင် နယ်ခြားစောင့်တပ် တပ်ဖွင့်ပွဲ စစ်ရေးပြ
အခမ်းအနားကို ကရင်ပြည် လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသနှင့် သြဂုတ်လ ၂၀ ရက်နေ့တွင်
ပိုင်ကျုံမြို့နယ်တွင်လည်းကောင်း၊ ၂၂ ရက်နေ့တွင် မြ၀တီမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

“လက်နက်စွန့်တာက အရေးမကြီးဘူး ခုဟာ နိုင်ငံရေးကိစ္စ မပြေလည်ပဲနဲ့ လက်နက်စွန့်ရတာ ဆိုတော့


ဘယ်နယ်ခြားစောင့်တပ်မှ ဒါမှမဟုတ် ကာကွယ်ရေးတပ်မှ အကျိုးရှိမယ်တော့ မထင်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့
အားလုံး စစ်အစိုးရက လက်နက်ကို အနုနည်းနဲ့ အကုန်လုံး သိမ်းလိုက်တာပဲလေ။ သူတို့ ရှေ့လျှောက် သူတို့
အစွယ်မရှိအောင် ချိုးလိုက်တာပေါ့” ဟု ကေအဲန်ယူ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် တဦး ဖြစ်သည့်
ပဒိုဒေးဗစ်ထောက ပြောသည်။

ဗိုလ်မှူးကြီး စောလားပွယ် ( ဗိုလ်နှုတ်ခမ်းမွေး) ဦးစီးသည့် ဒီကေဘီအေ တပ်မဟာ ၅ တပ်ဖွဲ့သည် ဒီကေဘီအေ၏


မူအတိုင်း ဆက်လက် ရပ်တည်သွားမည် ဖြစ်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ငြင်းဆန်ထားသည်ဟု သိရသည်။

Source:http://ktimes.org/news/regional/item/710-dkba-

ဦးသိန်း စိန် အစိုး ရစရိတြ် ဖင့် မဲဆွယ်


ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ခေါင်းဆောင် ဖြစ်သည့် ၀န်ကြီးချုပ် ဦးသိန်းစိန်က လာမည့်
ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီ အနိုင်ရရှိရေး အတွက် စည်းရုံးရေးကို အဓိကထား ဆောင်ရွက်ရန် သာယာဝတီမြို့ရှိ
ကြံ့ဖွံ့ပါတီဝင်များကို ယမန်နေ့က ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ဦးသိန်းစိန်က ကြံ့ဖွံ့ပါတီဝင်များကို မဲဆွယ် စည်းရုံးမှုများ စနစ်တကျ
ပြုလုပ်ပြီး အနိုင်ရရှိရေး အတွက် ကြိုးပမ်း ဆောင်ရွက်ရန် ပြောကြား
ခဲ့ကြောင်း၊ သာယာဝတီ မြို့နယ်မှ ၀င်ရောက် အရွေးခံမည့်
မီးသတ်ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဗိုလ်မှူးကြီး မြင့်ထွန်းကလည်း
ကျေးရွာ စာသင် ကျောင်းများသို့ ငွေကျပ် ၃ သိန်းစီ လှူဒါန်းကြောင်း
သာယာဝတီ မြို့ခံတဦးက ပြောသည်။

“အစိုးရအဖွဲ့ရဲ့ တရားဝင် ခရီးစဉ်မှာ ကြံ့ဖွံ့ပါတီ နိုင်ရမယ်ဆိုတဲ့


USDP ခေါင်းဆောင် ၀န်ကြီးချုပ် ဦးသိန်းစိန် အပြောမျိုး ကတော့ သိပ်မကောင်းဘူး”ဟု ၎င်းက ဆက်လက်
ပြောသည်။

တခြားနိုင်ငံရေး ပါတီများအနေဖြင့် စာသင်ကျောင်းများ၊ လမ်းဖောက်လုပ်မှုများတွင် ငွေလှူဒါန်းမည်ဆိုလျှင် မြို့နယ်


အာဏာ ပိုင်အဖွဲ့သို့ အဆင့်ဆင့် တင်ပြရသော်လည်း ကြံ့ဖွံ့ပါတီမှာမူ မည်သည့် ခွင့်တောင်းခြင်းမှ မပြုလုပ်ရကြောင်း
အဆိုပါမြို့ခံက ဆိုသည်။

ဦးသိန်းစိန်သည် ပြီးခဲ့သည့် စနေနေ့က ပြည်မြို့သို့ ပြည်-ပေါက်ခေါင်း ရထားလမ်းဖွင့်ပွဲတက်ရန် လာရောက်ခြင်းဖြစ်ပြီး


အပြန် တွင် သာယာဝတီမြို့သို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။

ပြည်မြို့တွင်လည်း“အနာဂတ်နိုင်ငံတော်အတွက် လူကောင်း လူတော်များ၊ တိုင်းချစ် ပြည်ချစ်စိတ် ထက်သန်သူများ


ပြည်ထောင်စု မပြိုကွဲ မပျက်စီးရအောင် ကာကွယ်စောင့်ရှောက်လိုသူများကို စဉ်းစားရွေးချယ်ရန် လိုသည်”ဟု
ဒေသခံများကို ပြောဆိုပြီး သွယ်ဝိုက်၍ စည်းရုံးရေး ဆင်းခဲ့သေးသည်ဟု သိရသည်။

ပြည်မြို့အခြေစိုက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်မှ တပ်ဖွဲ့များက ၀န်ကြီးချုပ် ခရီးစဉ် လြုံ ခုံရေးအတွက် လိုက်ပါ


စောင့်ရှောက် ပေးနေရကြောင်း၊ ၀န်ကြီးချုပ်ရာထူးသည် အရပ်ဘက်ဆိုင်ရာ ရာထူးတခုဖြစ်ပြီး ကြံ့ဖွံ့ပါတီအတွက်
မဲဆွယ်စည်းရုံးမှုလည်း ဖြစ်သောကြောင့် စစ်တပ်နှင့် မပတ်သက်သင့်ကြောင်း စစ်တပ်အတွင်း မကျေမနပ်
ပြောဆိုမှုများလည်း ရှိနေသည်ဟု သိရ သည်။

ယခုအခါ ပဲခူးတိုင်း အနောက်ဘက်ခြမ်းရှိ မြို့နယ်များတွင် ကြံ့ဖွံ့ပါတီမှ ၀င်ရောက်အရွေးခံမည့် ကိုယ်စားလှယ်များ ပိုမို


လှုပ်ရှားလာသည်ဟု ဒေသခံများက ပြောဆိုသည်။

လက်ပံတန်းမြို့နယ်မှ ၀င်ရောက်အရွေးခံမည့် အမှတ် (၂) လျှပ်စစ် ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ဟောင်း


ဦးဝင်းမြင့် သည် လက်ပံတန်းမြို့တွင် တပတ်လျှင် တကြိမ်ခန့် လာရောက်နေထိုင်ပြီး အနီးအနားရှိ ကျေးရွာများသို့
သွားရောက် စည်းရုံး ရေး ဆင်းကြောင်း နယ်ခံတဦးက ဧရာဝတီသို့ ပြောသည်။

“နိုင်ငံရေးစကား၊ မဲဆွယ်တဲ့စကား မပြောဘူး။ အရပ်သားတွေကို လိုတာပြောဆိုပြီး လှူနေတယ်။ လူတွေကလည်း


ရှားပါးနေတဲ့ အချိန်ဆိုတော့ ကျေးဇူးတင်တာပေါ့”ဟု ၎င်းက ပြောသည်။

ဒုတိယ ၀န်ကြီး ဦးဝင်းမြင့်သည့် လက်ပံတန်းမြို့ဇာတိဖြစ်ပြီး လျှပ်စစ်မီးနှင့် ပတ်သက်၍ ထရန်စဖော်မာ အသစ်များ


လဲလှယ် တပ်ဆင်ပေးခြင်း၊ ကွန်ကရစ်မီးတိုင်များ တပ်ဆင်ပေးခြင်း၊ သက်တမ်းကုန်နေသည့် မီးကြိုးများကို
လဲလှယ်ပေးခြင်း၊ မြို့မှ ဆင်းရဲချို့တဲ့သည့် ကလေးငယ်များ ပညာသင်နိုင်ရန်အတွက် ငွေပဒေသာပင် ကျပ်သိန်း ၁၀၀ မ
တည်ပေးခြင်းများကို ပြုလုပ်ကြောင်း အဆိုပါ မြို့ခံက ဆိုသည်။

ထိုသို့ ပြုလုပ်ခြင်းကြောင့် ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှာ ပိုမိုထိရောက်ကြောင်း၊ ယခုအခါ လက်ပံတန်းမြို့တွင်


ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီအဖြစ် ကြံ့ဖွံ့ပါတီနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး (တစည)
ပါတီသာ ရှိကြောင်း ယင်းမြို့ခံက ဆက်လက်ရှင်းပြသည်။

နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၇ ပါတီဖြစ်ပြီး မှတ်ပုံတင်ခွင့်


လျှောက်ထားသည့် ၄၂ ပါတီကို ခွင့်ပြုပြီး ဖြစ်သည်။ ထို ၄၂ ပါတီအနက် ၂၆ ပါတီက ပါတီဝင်အင်အားစာရင်း
တင်ပြပြီးဖြစ် သည်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ လ ၇ ရက်နေ့တွင် လွှတ်တော်


အသီးသီးအတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန် ကြေညာထားသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/3911-2010-08-25-11-36-42

You might also like