You are on page 1of 27

ရွေးကောက်ပွဲဆန်က

ျ့င်ရေး ကမ္ဘာလံုး ဆုင


ိ ရ
်ာလှုပရ
ှ်ားမှုလပ
ု ဖ
ို့ နိှးု ဆော်
2010-08-23

၂၀၁၀ ရွေးကောက်ပွဲဟာ စစ်အာဏာပိုင်တွေ အလိုကျ အုပ်ချုပ်နိုင်မယ့် ရုပ်သေးအစိုးရတရပ် ပေါ်ပေါက်လာရေး


လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲ ဖြစ်တာကြောင့် နိုင်ငံတကာရောက် မြန်မာနိုင်ငံသား အားလုံးက ဝိုင်းဝန်း ဆန့်ကျင်သွား
ကြဖို့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက နှိုးဆော်လိုက်ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် မြန်မာ့အရေး လှုပ်ရှားသူ ၂၀ဝ ကျော် ၂၀ဝ၉ ဒီဇင်ဘာ ၁၀ ရက်၊ နိုင်ငံတကာ
လူ့အခွင့်အရေးနေ့က ဆန္ဒပြ တောင်းဆိုနေပုံ ဖြစ်ပါသည်။ (Photo: AFP)

ဂျပန်နိုင်ငံမှာရှိတဲ့ မြန်မာ့ ဒီမိုကရေစီအင်အားစုတွေနဲ့ မြန်မာနိုင်ငံသား စာပေယဉ်ကျေးမှု မြင့်တင်ရေးအတွက်


ဆောင်ရွက်နေကြတဲ့ တိုင်းရင်းသား လူမျိုးစုတွေ သြဂုတ်လ (၂၂) ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေးကနေ အခုလို
ဆုံးဖြတ် နှိုးဆော်လိုက်တာ ဖြစ်ပါတယ်။ အခုလို နိုင်ငံတကာ လှုပ်ရှားမှုလုပ်ဖို့ နှိုးဆော်ရတဲ့ အကြောင်းနဲ့ ပတ်သက်ပြီး
တိုကျိုမြို့မှာ နေထိုင်တဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူ ဦးသန်းဆွေက အခုလို ရှင်းပြပါတယ်။

“နိုင်ငံသူ နိုင်ငံသားအားလုံးက လက်မခံနိုင်တဲ့ ရွေးကောက်ပွဲ ဖြစ်နေတာကို ဖော်ထုတ် ပြသဖို့အတွက်က နိုင်ငံတကာမှာ


ရှိနေတဲ့ မြန်မာနိုင်ငံသားတွေက အင်တိုက်အားတိုက် ဟန်ချက်ညီညီ တချိန်တည်း တပြိုင်တည်း
ပူးပေါင်းပါဝင်ကြဖို့အတွက် အားလုံးကို ဖိတ်ခေါ်တာ ဖြစ်ပါတယ်”

ဂျပန်ရောက် မြန်မာနိုင်ငံသားတွေ တောင်းဆိုလိုက်တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအရ စစ်အစိုးရရဲ့


ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုရေး၊ မိမိတို့ရဲ့ သက်ဆိုင်ရာနိုင်ငံ အစိုးရတွေကို တိုက်တွန်းနှိုးဆော်ဖို့
အချက်လည်း ပါဝင်ကြောင်း သိရပါတယ်။

စစ်အစိုးရ အာဏာသိမ်းခဲ့တဲ့ စက်တင်ဘာလ (၁၈) ရက်နေ့မှာ နိုင်ငံတကာရောက် မြန်မာများအနေနဲ့ ရွေးကောက်ပွဲကို


တပြိုင်နက်ထဲ ဆန့်ကျင်သွားကြဖို့ ဂျပန်ရောက် မြန်မာနိုင်ငံသားတွေက နှိုးဆော်ထားတာပါ။

ဂျပန်နိုင်ငံရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုတွေ အနေနဲ့ ဂျပန်အစိုးရကို ဆက်လက် တိုက်တွန်းသွားဖို့ရှိကြောင်းလည်း


ဦးသန်းဆွေက ပြောပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်တဲ့ ရွေးကောက်ပွဲဟာ စစ်မှန်ပြီး တရားမျှတတဲ့


ရွေးကောက်ပွဲလို့ ခေါ်ဆိုနိုင်မှာ မဟုတ်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဂျပန်
သတင်းဌာနတွေကို ပြောဆိုခဲ့ပါတယ်။
Source:http://www.rfa.org/burmese/news/Burmese_in_Japan_to_launch_global_campaign_against_elec
tion-08232010101723.html

မြန်မာ့နင
ို င
်ေ
ံ ရးပါတီတွေ ရွေးကောက်ပွဲ ယှဥြ် ပိုင်နင
ုိ ေ
် ရး ရုန်း ကန်
အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံအဆင့် လွှတ်တော်နှစ်ရပ်မှာ အတိုက်အခံ ဒီမိုကရေစီ
အင်အားစုဘက်က ကိုယ်စားလှယ်အပြည့် မတင်သွင်းနိုင်တာကြောင့် အတိုက်အခံ အားနည်းတဲ့ လွှတ်တော် ဖြစ်နိုင်ချေ
ရှိနေပါတယ်။ ဒီအခြေအနေမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေရဲ့ အခန်းကဏ္ဍက အတော်လေး
အရေးပါနေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

နိုင်ငံရေးပါတီတွေ အနေနဲ့ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေကို အခုလ နောက်ဆုံးထား ကော်မရှင်ကို


စာရင်းတင်ရမှာမို့ ကိုယ်စားလှယ်လောင်းတွေ အပြည့်အ၀ရဖို့ အချိန်မလုံလောက်ဘူးလို့ ပြောနေကြပါတယ်။
ရွေးကောက်ပွဲ စည်းရုံးရေး ကာလကလည်း အချိန်သိပ်ရမယ့်ပုံ မရှိတာကြောင့် နာမည်စာရင်း တင်သွင်းတဲ့
ကိုယ်စားလှယ်တိုင်းကလည်း အရွေးခံရမရ မကျိန်းသေတဲ့ သဘောပါ။

အခုအခြေအနေ အရတော့ စစ်အစိုးရ နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ အရင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ


တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ နှစ်ခုပဲ နေရာအတော်များများမှာ ယှဉ်ရမယ့်သဘော ဖြစ်နေပါတယ်။
ကြံ့ခိုင်ရေးပါတီကတော့ နေရာတိုင်း ယှဉ်ပြိုင်နိုင်မယ့် အခြေအနေ ရှိတာကြောင့် တချို့နေရာတွေဆိုရင်
ယှဉ်ပြိုင်ဘက်တောင် ရှိပါ့မလား စဉ်းစားစရာပါ။ ဒီမိုကရက်တစ် အင်အားစု နိုင်ငံရေးပါတီတွေ ဘက်ကတော့
လွှတ်တော်ထဲ အားကောင်းတဲ့ အတိုက်အခံဖြစ်ဖို့ အတွက်တောင် အတော်လေး ရုန်းရကန်ရမယ့် အနေအထားပါ။

နိုင်ငံရေးပါတီတွေအတွက် ကိုယ်စားလှယ်လောင်း ရှာရေးမှာ အချိန်ကန့်သတ်မှု ကြုံရတာကြောင့် တသီးပုဂ္ဂလ


အရွေးခံရမယ့် ကိုယ်စားလှယ်လောင်းတွေ အခန်းက ပိုအရေးကြီးလာတယ်လို့ မြန်မာ့အရေး လေ့လာသူ
ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

“တင်သွင်းရမယ့် အမတ်ဆိုရင် တနိုင်ငံလုံးမှာ စုစုပေါင်း ၁,၁၀၀ ကျော်လောက် ရှိပါတယ်။ လက်ရှိ NDF တို့လို
ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေက ၂၅၀ လောက်ပဲဆိုတော့ တော်တော်နည်းတဲ့ အနေအထားမျိုးတော့ ရှိပါတယ်။
အဲဒီလို အနေအထားမှာ ဒီလိုမျိုး ပါတီတွေ သက်သက်နဲ့ သွားဖို့ကတော့ သိပ်မလွယ်ဘူး ဖြစ်တယ်။

“အဲတော့ ဒီအနေအထားမှာ ဘယ်သူမှ ပြိုင်ဘက်မရှိဘူး ဆိုရင်လည်း ကြံ့ဖွံ့ USDP က ကိုယ်စားလှယ် တယောက်တည်း


နိုင်သွားမယ့် အနေအထားမျိုး ဆိုရင်တော့ ကျနော်မြင်တာ ပြည်သူလူထုထဲက လူရိုသေ၊ ရှင်ရိုသေ ဒီမိုကရေစီရေး
လိုလားတဲ့ ပုဂ္ဂိုလ်တွေကလည်း တသီးပုဂ္ဂလ ပြိုင်သင့်တယ်လို့ ထင်ပါတယ်။ အခု နိုင်ငံရေးပါတီတွေဘက်က
အခက်အခဲကတော့ ကျနော်မြင်တာ ငွေရေး ကြေးရေးရော အချိန်အကန့်အသတ်ရော နှစ်ခုစလုံး တော်တော်
ဖိစီးခံနေရတယ်လို့ ထင်ပါတယ်။”

အခုလို အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်မှာ ဒီမိုကရေစီ အင်အားစုတွေ နေရာများများ ရနိုင်ချေ နည်းနေပေမဲ့


အချို့ပြည်နယ် လွှတ်တော်တွေမှာတော့ တိုင်းရင်းသား ပါတီတွေဘက်က အသာရမယ့် သဘောတော့ ရှိတယ်လို့
ဦးအောင်သူငြိမ်းက မြင်ပါတယ်။

“နဂိုကတည်းက ကွန်ယက်ပေါ့၊ အချိတ်အဆက် ကောင်းထားတဲ့ ဒေသတွေမှာ ဆိုရင်တော့ သူတို့ တိုင်းရင်းသား


ပါတီတွေက အလားအလာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ တိုင်းရင်းသား အချင်းချင်း ကြားထဲမှာ
တယောက်နဲ့တယောက် သိနေကြတယ်။ နဂိုကတည်းကလည်း ချိတ်ဆက်မှု ရှိနေတာကြောင့်ပါ။ တိုင်းရင်းသား
ဒေသတွေမှာတော့ သူတို့ နိုင်သွားဖို့ များပါတယ်။

“တခုရှိတာတော့ ကချင်ပြည်နယ်လို ဒေသမျိုးဆိုရင် အခုချိန်ထိ ဒေါက်တာတူးဂျာတို့ရဲ့ KSPP ပါတီကို ချမပေးသေးတာ


တွေ့ရပါတယ်။ ရခိုင်ဘက်မှာ ဆိုရင်လည်း ဆရာတော်တပါးကို ဖမ်းလိုက်တယ်ဆိုတဲ့ ဟာမျိုးတွေပေါ့။
ဒီတိုင်းရင်းသားတွေ ဘက်မှာလည်း သူတို့ တတ်နိုင်သလောက်တော့ နည်းပေါင်းစုံ ဖိအားပေးတာမျိုးတွေလည်း
ရှိနိုင်ပါတယ်။”

ပြည်နယ်လွှတ်တော်တွေမှာ အရပ်သား တိုင်းရင်းသားပါတီတချို့ အလားအလာကောင်းတာ ရှိပေမဲ့လည်း


ကရင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာတော့ အရင် စစ်တပ်နဲ့ ရဲဘက် အငြိမ်းစား ပုဂ္ဂိုလ်တွေ ဦးစီးတဲ့
ပါတီတွေ ရှိနေတဲ့အပြင် အဲဒီပါတီတွေဟာ အစိုးရရဲ့ ကြံ့ခိုင်ရေးပါတီနဲ့ မဟာမိတ်သဘော ဖြစ်လာမယ့် အခြေအနေ
ရှိတယ်လို့ ယူဆကြပါတယ်။

Source:http://www1.voanews.com/burmese/news/myanmar-election-parties-101348564.html

ရခိင
ု န
် င
ို င
်ေ
ံ ရးပါတီဝင်များ နှောင်ယ
့ က
ှ ခ
်ေ
ံ နရ
ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) အား ဒေသဆိုင်ရာ ရဲတပ်ဖွဲ့များက စစ်ဆေး
မေးမြန်းခြင်းများဆက်လက် လုပ်ဆောင်မည်ဆိုပါက ရွေးကောက်ပွဲကော်မရှင် (ဗဟို) သို့ အကြောင်းကြားစာပို့
တိုင်ကြားသွားမည်ဖြစ်ကြောင်း အဆိုပါ ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဧရာဝတီသို့ပြောသည်။

“တကယ်လို့ ပါတီကိုလာစစ်ဆေးတာတွေ၊ ပါတီဝင်တွေနဲ့ မိသားစုတွေကို စစ်ဆေးတာ၊ စောင့်ကြည့်တာတွေ


ဆက်လုပ်နေ ဦးမယ် ဆိုရင် ရွေးကောက်ပွဲကော်မရှင်ကိုစာတင်ပြီး ကြေညာချက်တွေပါ ထုတ်သွားဖို့ရှိပါတယ်” ဟု သူက
ရှင်းပြသည်။

ဒေသဆိုင်ရာ အာဏာပိုင်များသည် RNDP ပါတီဝင်များအားစောင့်ကြည့်မှု၊ ပါတီဝင်မိသားစုများအား


ခေါ်ယူစစ်ဆေးမေးမြန်း မှု၊ ခြိမ်းခြောက်ပြောဆိုမှုများကို သြဂုတ်လဆန်းပိုင်းမှစ၍ ဆက်တိုက် လုပ်ဆောင်ခဲ့ကြောင်း၊
ထိုသို့ လုပ်ဆောင်ခြင်းကြောင့်မိသားစုများမှာ စိတ်အနှောင့်အယှက် ဖြစ်ကြရသည့်အပြင်၊ ပါတီဝင်လိုသည့်
ဒေသခံများကိုလည်း အတားအဆီး ဖြစ်စေကြောင်း ပါတီ အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောသည်။

“မင်းပြားမှာနေတဲ့ ကျနော့်အစ်မကိုလည်း မြို့နယ်ရဲတပ်ဖွဲ့က ခေါ်ပြီးစစ်ဆေးတာ၊ မေးမြန်းတာ လုပ်တယ်၊


စစ်တွေမှာရှိတဲ့ ကျနော့်အစ်ကို ကိလ
ု ည်းခေါ်ယူစစ်ဆေးမေးမြန်းတယ်။ သူတို့တွေက နိုင်ငံရေးလုပ်နေတဲ့
လူတွေလည်းမဟုတ်ဘူး” ဟု သူက ဆိုသည်။

ဦးခိုင်ပြည်စိုး၏ မိသားစုများအပြင်တခြားသော ပါတီဝင်များ၏ မိသားစုများကိုပါ ခေါ်ယူစစ်ဆေးခဲ့ကြကြောင်းသိရသည်။

RNDP သည် ရခိုင်ပြည်နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)၏ အဓိက ပြိုင်ဘက် ပါတီတခု


ဖြစ်နေခြင်းကြောင့် အာဏာပိုင်များက ထိုသို့ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု ဒေါက်တာအေးမောင်က သုံးသပ်သည်။

RNDP သည် ဇူလိုင်လ ၂၇ ရက်နေ့တွင် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသော အရှင်ဦးပညာစာရနှင့် ပတ်သက်၍


ပါတီ၏ သဘောထားများကိုကြေညာချက် ထုတ်ခြင်း၊ ပါတီဝင်များ၊ ပါတီဝင် မိသားစုများအား ခေါ်ယူစစ်ဆေးမှုများနှင့်
ပတ်သက်၍ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်စာပို့ခြင်းတို့ လုပ်ဆောင်ပြီးနောက်တွင် အာဏာပိုင်များ၏
စောင့်ကြည့်ခြင်းကို နေ့စဉ်ကြုံတွေ့နေရကြောင်း သိရသည်။

ရခိုင်ပြည်နယ် စစ်တွေဒေသ၌ ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံမည့် ပါတီများမှာ RNDP အပါအ၀င်ကြံ့ဖွံ့၊


တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) နှင့် ကမန်ပါတီ၊ မြို၊ ခမီ စသည့် ပါတီငယ်များ စုစုပေါင်း ၁၀ ခု
ဝန်းကျင် ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးခြင်းကို ကြံ့ဖွံ့ပါတီက အစောဆုံး လုပ်ဆောင်နေပြီး ယခုအခါ


တစည ပါတီသည်လည်း မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော စသည့် မြို့နယ်တချို့တွင် အတိုးနှုန်း
သက်သာစွာဖြင့် ငွေချေးပေးခြင်း၊ အ၀တ်အထည်များ ပေးကမ်းခြင်း၊ သက်ကြီး ရွယ်အိုများအား ထောက်ပံ့ငွေ ကျပ်
တထောင်စီပေးခြင်း စသည်ဖြင့် လုပ်ဆောင်၍ စည်းရုံးနေကြောင်း မင်းပြားဒေသခံ တဦးကပြောသည်။

သို့ရာတွင် တပြိုင်နက်တည်း၌ ကျောက်ဖြူ၊ မာန်အောင် စသည့် မြို့နယ်များတွင် “ရွေးကောက်ပွဲတွင်


ကြံ့ဖွံ့ပါတီအလိုမရှိ၊ တစည ပါတီအလိုမရှိ” အစရှိသဖြင့် ကန့်ကွက် လှုပ်ရှားမှုများကို သြဂုတ်လ ဒုတိယပတ်တွင်
လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
Source:http://www.irrawaddy.org/bur/index.php/news/1-news/3895-2010-08-23-11-22-38

ရွေးကောက်ပွဲကို ပြည်သလ
ူ ထ
ူု မယြုံ ကည်နင
ို ေ
် ကြာင်း ဦးသုဝေပြော
စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲသည် ပွင့်လင်းမှု၊ လွတ်လပ်မှု၊ တာဝန်ခံမှု မရှိသည့်အတွက် ပြည်သူလူထ၏

ယုံကြည်မှု နည်းပါးနေပြီး ရွေးကောက်ပွဲ တွင်ပါဝင်မည့် နိုင်ငံရေး ပါတီများလည်း အခက်အခဲတွေ့နေရကြောင်း
ဒီမိုကရက်တစ် ပါတီ (မြန်မာ) မှ ဦးသုဝေက ပြောဆိုလိုက်သည်။

ရန်ကုန် ဗိုလ်တထောင်မြို့နယ်ရှိ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဌာနချုပ်တွင် ယမန်နေ့က ကျင်းပသော ၎င်းပါတီ


သတင်းစာရှင်းလင်းပွဲ၌ ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ပြည်တွင်း၊ ပြည်ပ သတင်းထောက်များကို ထိုသို့ ပြောဆိုခဲ့ခြင်း
ဖြစ်သည်။
၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမည့် ရက်အတိအကျ
မသိခင်က ဒီမိုကရက်တစ်ပါတီ (မြန်မာ) သည်
တနိုင်ငံလုံး အတိုင်း အတာဖြင့်
လွှတ်တော်အမတ်လောင်းများ
ရွေးကောက်ပွဲဝင်နိုင်မည်ဟု ထင်မြင်ခဲ့ကြောင်း၊
သို့ရာတွင် အမှန်တကယ် ရွေးကောက်ပွဲ နီးကပ်
လာချိန်တွင်မူ နိုင်ငံရေး ပါတီများ
အခက်အခဲများကြုံတွေ့စေရန် ရည်ရွယ်ချက်ရှိရှိ
စနစ်တကျဖန်တီးထားသော ရွေးကောက်ပွဲ
ကော်မတီ၏ ဥပဒေစည်းမျဉ်းများကြောင့် ပါတီများသည်
မဲဆန္ဒနယ်အားလုံးတွင် ပါဝင်ယှဉ်ပြိုင်ရန် ခက်ခဲ
၂၂ ရက်နေ့က ကျင်းပသည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ)
လာကြောင်း ၎င်းက ရှင်းပြသည်။
၏ သတင်းစာရှင်းလင်းပွဲ မြင်ကွင်း
“လွှတ်တော် ကိုယ်စားလှယ်လောင်း တင်သွင်းဖို့ နှစ်ပတ်ပဲ အချိန်ပေးတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့
မပြိုင်နိုင်တော့ဘူး။ ကိုယ်စားလောင်း ၁၀၀ ၀န်းကျင် လောက်ပဲပြိုင်နိုင်တော့မယ်” ဟု ဦးသုဝေက ဧရာဝတီသို့
ပြောသည်။

နိုင်ငံရေး ပါတီများသည် ငွေကြေးအခက်အခဲကို အဓိက ရင်ဆိုင်နေရပြီး လွှတ်တော် အမတ်လောင်း မှတ်ပုံတင်ကြေး


ငွေကျပ် ၅ သိန်းမှာ အလွန်များလွန်းကြောင်း၊ ထိုပမာဏသည် ပါဝင်ယှဉ်ပြိုင်လိုသော လွှတ်တော်အမတ်လောင်းများ
မတတ်နိုင် ကြသည့် ပမာဏဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ချက်ချင်းကြီး ငွေငါးသိန်းရှာဖို့ မလွယ်ဘူး။ ငါးသိန်းဆိုတာ တကယ်များပြားတဲ့ ပမာဏပဲ။ နိုင်ငံရေးသမား အများစုက


ဆင်းရဲကြပါတယ်။ ဒီငွေကို မတတ်နိုင်ကြဘူး” ဟု ဦးသုဝေက ပြောသည်။

ငွေရေးကြေးရေး အခက်အခဲအပြင် အမတ်လောင်း မှတ်ပုံတင်ရာတွင်လည်း လုပ်ထုံးလုပ်နည်း အခက်အခဲနှင့်


သက်သေခံ အထောက်အထား တင်ပြရမည်ဆိုသော အခက်အခဲများလည်း ကြုံတွေ့ နေရသည်ဟု သိရသည်။

“ကိုယ်ဝင်ပြိုင်တဲ့ မဲဆန္ဒနယ်မှာ အမှန်နေထိုင်တယ်ဆိုတဲ့ သန်းခေါင်စာရင်း အထောက်အထားပြရမယ်။ လွှတ်တော်


အမတ်လောင်းကိုယ်တိုင် မဲရုံမှာ မဲသွားပေးရမယ့် မဲစာရင်းနံပါတ်ကို ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ဆီက
တောင်းယူပြီး ထောက်ခံချက် တောင်းရမယ်။ အခုအချိန်အထိ ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်တွေမှာ
မဲပေးသူစာရင်းဇယား ပြုစု ထားတာ မရှိသေးတော့ ဘယ်လိုလုပ်ပြီး အမတ်လောင်းရဲ့ မဲပေးရမယ့် စာရင်းနံပါတ်ကို
ပေးနိုင်ဦးမလဲ” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်နေရီဗဆွေက ပြောသည်။

ဒေါ်နေရီဗဆွေသည် ၀န်ကြီးချုပ်ဟောင်း ဦးဗဆွေ၏ သမီးဖြစ်ပြီး စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်


လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်ထားသူဖြစ်သည်။ သို့ရာတွင် စမ်းချောင်းမြို့နယ်၌ သန်းခေါင်စာရင်း
မဝင်ရသေးသည့်အတွက် ယခုကဲ့သို့ အမတ်လောင်း အမည်စာရင်း တင်သွင်းရမည့် နောက်ဆုံးရက် နီးကပ်လာချိန်အထိ
အမည်စာရင်း မတင်သွင်းနိုင်သေးကြောင်း သိရသည်။

“ကျွန်မက မရမ်းကုန်းမှာနေတာ။ စမ်းချောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ပြိုင်ဖို့ဆိုရင်


စမ်းချောင်းမှာ သန်းခေါင်းစာရင်း ၀င်ရမယ်ဆိုလို့ လာမယ့် အပတ်ထဲမှာ သန်းခေါင်စာရင်း ပုံစံ ပြောင်းနိုင်အောင်
ကြိုးစားသွားမယ်” ဟု ဒေါ်နေရီဗဆွေက ရှင်းပြသည်။

လွှတ်တော်အမတ်လောင်း အမည်စာရင်း တင်သွင်းရမည့်ရက်မှာ သြဂုတ်လ ၁၆ ရက်နေ့မှ သြဂုတ်လ ၃၀ ရက်နေ့ အထိ


ဖြစ်သည်။

နိုင်ငံရေးပါတီများ အမတ်လောင်းအမည်စာရင်း တင်သွင်းရန် ခက်ခဲသည့်အတွက် စစ်အစိုးရ ကျောထောက်နောက်ခံ


ပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ် အများအပြားတွင် ယှဉ်ပြိုင်သူမရှိ
အနိုင်ရရှိမည်ဟု ဦးသုဝေက သုံးသပ်သည်။

“ရွေးကောက်ပွဲ တရားမျှတ လွတ်လပ်မှုရှိဖို့ထက် အခုဟာက မဲဆန္ဒနယ်တွေမှာ နိုင်ငံရေး ပါတီတွေ ပြိုင်ကို မပြိုင်နိုင်တာ။


အဲဒီတော့ မဲဆန္ဒနယ် အားလုံးမှာပြိုင်မယ့် ကြံ့ခိုင်ရေးပါတီက တခြားပါတီတွေ ဝင်မပြိုင်နိုင်တဲ့ ဒေသတွေမှာ
ယှဉ်ပြိုင်သူမရှိ အနိုင်ရမယ်” ဟု ၎င်းက ပြောသည်။

ကြံ့ဖွံ့ပါတီအနေနှင့် ဒေသအတော်များများတွင် ယှဉ်ပြိုင်သူမရှိ အနိုင်ရမည်ဆိုသော ဦးသုဝေ၏ ပြောကြားချက်ကို


နိုင်ငံရေး ပါတီအများစုက လက်ခံကြသည်။

“လွှတ်တော်ထဲမှာ စစ်ဗိုလ် လွှတ်တော်အမတ်နဲ့ ကြံ့ခိုင်ရေးလွှတ်တော်အမတ်တွေ ကြီးစိုးမယ်ဆိုတာ


သေချာပေါက်ပြောလို့ ရပြီ” ဟု နိုင်ငံရေးသမားတဦးက ဆိုသည်။
နိုင်ငံရေးပါတီများသည် လွတ်လပ်စွာ စည်းရုံးခွင့်မရဘဲ စည်းရုံးရေး ဆင်းသည့်အခါတိုင်း ရဲသတင်း အထူးတပ်ဖွဲ့က
လိုက်ပါ သတင်းယူခြင်း၊ ပါတီဝင်များ၏ အိမ်များကို လိုက်လံ ဓာတ်ပုံရိုက် သတင်းယူခြင်းများကြောင့် ပြည်သူများ
နိုင်ငံရေးတွင် စိတ်ဝင်စားမှု လျော့ကျစေသည်ဟုလည်း ဦးသုဝေ ကပြောသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု စစ်အစိုးရက တရားဝင် ကြေညာထားသည်။

Source: http://www.irrawaddy.org/bur/index.php/news/1-news/3889-2010-08-23-06-12-38

ရွေးကောက်ပွဲ ကော်မရှငရ
်ုးံ လုပင
် န်း မရှင်း တာကြောင့် ပါတီတွေ ပိအ
ု ခက်တွေ့

နိုဝင်ဘာလ ပထမပတ်ထဲမှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ကြမယ့် ပါတီတွေ အနေနဲ့


ကိုယ်စားလှယ်လောင်း နာမည်စာရင်းပေးဖို့ အခက်တွေ့နေကြပါတယ်။ အကြောင်းက ရပ်ကွက်နဲ့ မြို့နယ်အဆင့်
ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေ ကိုယ်တိုင်က လုပ်ငန်းတွေ အဆင်သင့် မဖြစ်သေးတဲ့အတွက် ဖြစ်ပါတယ်။ အခုလို
ရွေးကောက်ပွဲဝင်မယ့် ပါတီတွေ အနေနဲ့ ပြင်ဆင်ချိန်ရတဲ့ အချိန်တိုအတွင်းမှာ ဘောင်ဝင်အောင် လုပ်နိုင်ဖို့
အခက်အခဲတွေ ဖြစ်နေတဲ့အကြောင်း ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းသွင်းဖို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အချိန်သတ်မှတ်ချက်ဟာ သိပ်ပြီး


တိုတောင်းတဲ့အတွက် ထပ်တိုးပေးဖို့ နိုင်ငံရေးပါတီ တချို့က တောင်းဆိုခဲ့ကြပေမဲ့လည်း ဘာမှ
အကြောင်းပြန်မလာတာကြောင့် အရင်သတ်မှတ်တဲ့အတိုင်း အခု သြဂုတ်လ ၃၀ ရက်ကိုပဲ အမီတင်နိုင်ကြဖို့
နိုင်ငံရေးပါတီတွေ နေ့မအား ညမအား တက်သုတ်ရိုက် လုပ်နေကြရပါတယ်။ အခုဆိုရင် နောက်ဆုံးရက်ရောက်ဖို့
အချိန်တပတ်ပဲ ကျန်ပါတော့တယ်။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကန့်သတ်မှုတွေ ကြမ်းတယ်လို့ ဆိုနေကြပေမဲ့
တကယ်တမ်း အလုပ် လုပ်တဲ့အခါမှာ ရွေးကောက်ပွဲ ကော်မရှင်ရုံးတွေ ကိုယ်တိုင်က အဆင်သင့် မဖြစ်သေးဘူးလို့
ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ရှင်းပြပါတယ်။

AP

ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေ။ သြဂုတ် ၂၂၊ ၂၀၁၀။

“ရွေးကောက်ပွဲ ကော်မရှင်တွေ ကိုယတ


ိုင်က အဆင်သင့် မဖြစ်ဘူး။ အဆင်သင့် မဖြစ်ဘူး ဆိတ
ုာက ဘာလဲဆိုရင်
နံပါတ်တစ်က မဲစာရင်းနံပါတ်ဆိုတာ လိုက်ယူရတယ်၊ မဲထည့်ပိုင်ခွင့် စာရင်းလေ၊ ရပ်ကွက် ရွေးကောက်ပွဲ
ကော်မရှင်ဆီမှာ အဲဒီနံပါတ်ကို ယူရတာ။ အခု ရပ်ကွက်မှာ အဲဒီနံပါတ် မရှိသေးဘူး။ နံပါတ်က သူတို့
စဉ်တုန်းရှိသေးတယ်။ အခုဟာဆိုရင် ၂၃ ရက် ရှိနေပြီ။ ဆိုတော့ ပထမအဆင့် နံပါတ်ကို ကျနော်တို့က မရသေးဘူး။”

အဲဒါဆိုရင် ဆရာတို့ တပတ်ပဲ ကျန်တော့တယ်၊ အချိန်မီနိုင်ပါ့မလား။

“ဟုတ်တယ်၊ အဲတော့ အခု ဘာလုပ်နေရလဲဆိုတော့ သူတို့က နံပါတ်မရသေးပေမဲ့ ထောက်ခံစာဆိုပြီး အခု


လုပ်ပေးနေရတယ်။ ကမန်းကတန်းပေါ့။ နံပါတ်တော့ ထွက်မှာပါ၊ မရသေးလို့ပါ၊ ထောက်ခံပါတယ် ဆိုပြီးတော့။
တဆင့်ပိုသွားတာပေါ့။ ရုံးလုပ်ငန်းက အများကြီး ကြာသွားတာပေါ့။”

ရွေးကောက်ပွဲ ကော်မရှင်ရဲ့ သတ်မှတ်ချက်တွေအတိုင်း ဘောင်ဝင်အောင် လုပ်နိုင်ဖို့ ရုံးလုပ်ငန်း အဆင့်ဆင့်


ကျော်ဖြတ်နိုင်ဖို့ ကိစ္စတွေက ရှုပ်ထွေး ကြန့်ကြာနေပြီး အဲဒီရုံးလုပ်ငန်းတွေ ကြားမှာပဲ မရေရာတဲ့
အခြေအနေတွေကလည်း ရှိနေတော့ ပါတီတွေက မှန်းထားတဲ့ လွှတ်တော်ကိုယ်စားလှယ် အရေအတွက်အတိုင်း
ဖြစ်နိုင်ဖို့ မလွယ်တော့ဘူးလို့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ
ဦးခင်မောင်ဆွေက ညည်းညူပါတယ်။

AP

NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ။ အောက်တိုဘာ ၁၄၊ ၂၀၀၉။

“ကျနော်တို့မှာ ဘာအခက်အခဲ ထပ်ဖြစ်လဲဆိုတော့ ငွေသွားသွင်းတဲ့အခါမှာ ဒီမှာ မသွင်းရဘူး၊ ဟိုမှာ မသွင်းရဘူး


ဆိုတာမျိုးတွေ၊ ဒီမှာ လာမသွင်းပါနဲ့ဆိုပြီး ပြန်ပို့တာတွေ၊ နောက်ပြီးတော့ ရွေးကောက်ပွဲ ကော်မရှင် စာအုပ်ထဲမှာ၊
ဥပဒေစာအုပ်ထဲမှာ မပါဘဲနဲ့ ကျနော်တို့ သွားတင်တဲ့ အခါကျတော့မှ ကိုယ်ရေးရာဇ၀င်ကို သီးခြားဖောင် (Form) နဲ့
ပေးရမယ်ဆိုပြီး ပြန်လွှတ်တာမျိုးတွေ၊ အဲဒါမျိုး အခက်အခဲတွေ အကျပ်အတည်းတွေ ရှိတယ်ဗျ။

“နောက်ပြီး တချို့ကလည်းပဲ တရားသူကြီးဆီ သွားတဲ့အခါကျ တရားသူကြီးက မအားဘူး၊ ဘယ်နေ့မှ အားမယ်၊


လေးငါးရက်ကြာမှ အားမယ်ဆိုပြီး ရက်ချိန်းတာတွေ ရှိတယ်ဗျ။ ရှိတော့ ကိုယ်စားလှယ်တွေမှာ သွားရတာတွေက
ငွေရေးကြေးရေး ရှာရတာ အခက်အခဲ၊ ရုံးလုပ်ငန်းဆိုင်ရာ အခက်အခဲတွေက အများကြီးကို ဖြတ်သန်းနေရပါတယ်ဗျ။

“ဥပမာဆိုပါတော့၊ ကျနော်တို့ပါတီက ကိုယ်စားလှယ် ၃၀၀ ရတယ် ဆိုပါတော့၊ ၃၀၀ လုံးတော့ မဖြစ်နိုင်တော့ဘူးဗျ။


ဘာဖြစ်လို့လဲဆို အဲဒီလို အခက်အခဲတွေ ကျော်ဖို့က ကိုယ်စားလှယ်တွေမှာ အချိန်မရှိသလို သူတို့မှာလည်း
စွမ်းဆောင်နိုင်ရည်က မရှိနိုင်တော့ဘူး။ ငွေသွင်းရင် ခရိုင်မှာ သွားသွင်းရမယ်၊ တင်တော့ မြို့နယ်ကော်မရှင်မှာ
ပြန်တင်ရမယ်၊ ဒါတွေက အချိန်တွေလည်း စားတယ်ဗျ။ အဲဒါတွေ လုပ်နေတဲ့ အခါကျတော့ကာ အလုပ်လုပ်ရတာ
အင်မတန့်ကို ခက်ခဲအောင် တမင်ဖန်တည်းသလို ဖြစ်နေပြီ ဆိုတာကို ကျနော် တွေ့နေရတယ်ဗျ။”

ရွေးကောက်ပွဲ ၀င်ပြိုင်ကြမယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ စာရင်းကို တင်ဖို့အကြောင်း အခု သြဂုတ်လ ၁၄


ရက်နေ့ကမှ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့တာပါ။ အချိန်ပေးတာ နည်းလွန်းတဲ့အတွက် မကြာခင်ကမှ
နိုင်ငံရေးပါတီ ဖြစ်လာကြရတဲ့ အဖွဲ့အစည်းတွေအဖို့ ကမန်းကတန်း ဖြစ်ကြရသလို၊ လွှတ်တော် ကိုယ်စားလှယ်လောင်း
တဦးကို ကျပ်ငွေ ၅၀၀,၀၀၀ ဆောင်ရမယ်ဆိုတဲ့ ကိစ္စကလည်း ပါတီတွေအတွက် ကြီးမားတဲ့ အခက်အခဲ တခုပါ။
ဒီကြားထဲမှာ ရုံးလုပ်ငန်း ကြန့်ကြာမှုတွေက များလာနေလို့ မျှော်လင့်ထားတာထက် ပိုများတဲ့ အခက်အခဲတွေကို
ရွေးကောက်ပွဲ ၀င်ကြမယ့် နိုင်ငံရေး ပါတီတွေ ကြုံနေကြရပါတယ်။

Source:http://www1.voanews.com/burmese/news/myanmar-election-political-parties-101293144.html

KSPP ကချင်ပါတီ မှတပ


် တ
ုံ င်ခွငက
့်ျဖို့ မရေမရာဖြစ်နေဆဲ
နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် ၀င်အရွေးခံမယ့် ကိုယ်စားလှယ်လောင်း နာမည်စာရင်း
တင်သွင်းဖို့ တပတ်ပဲလိုတော့တဲ့ အချိန်အထိ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) ကတော့ မှတ်ပုံတင်ခွင့်တောင်
မရသေးပါဘူး။ ဒီပါတီဟာ ရွေးကောက်ပွဲ ကော်မရှင်ဆီမှာ တရားဝင် ပါတီမှတ်ပုံတင်ခွင့် အစောဆုံး လျှောက်ထားခဲ့တဲ့
ပါတီတခု ဖြစ်ရုံမက ဒီကိစ္စအတွက်လည်း ပါတီခေါင်းဆောင်တွေဟာ နေပြည်တော်ကို တကြိမ်မက သွားရောက်
ပြောဆိုမှုတွေ လုပ်ခဲ့တာပါ။ အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့
ခေါင်းဆောင်ဟောင်းတွေပါတဲ့ ကချင်ပါတီတခုက မှတ်ပုံတင်ခွင့် မရချိန်မှာ မှတ်ပုံတင် ခွင့်ပြုချက် ရထားကြတဲ့
တိုင်းရင်းသားပါတီ တချို့ဟာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက်
သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

လာမယ့် တနင်္လာနေ့မှာ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းဖို့ နောက်ဆုံးရက် ဖြစ်လာပေမဲ့ အစောဆုံး


ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့တဲ့ တိုင်းရင်းသားပါတီဖြစ်တဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီ (KSPP) ကို
မှတ်ပုံတင်ခွင့် မပြုသေးပါဘူး။ ဆက်လက်စောင့်ဆိုင်းဖို့ပဲ အာဏာပိုင်တွေက အကြောင်းကြားလာတယ်လို့ ပါတီဥက္ကဋ္ဌ
ဒေါက်တာတူးဂျာက အခုလို ပြောပါတယ်။

“အခုက စောင့်ဆိုင်းနေရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ သက်ဆိုင်ရာကလည်း စောင့်ဆိုင်းဖို့ပဲ မှာကြားထားလိုက်တယ်။


ဆက်လက် စောင့်ဆိုင်းဖို့ပဲ ပြောပါတယ်။ အဲဒါကြောင့် ကျနော်တို့က စောင့်ဆိုင်းနေရတဲ့ အခြေအနေမျိုးပေါ့။ ဒါ
အချိန်တိုတောင်းတာလည်း သိတယ်။ ဒါ သက်ဆိုင်ရာကလည်း သိပါတယ်။ အကြောင်းကြောင်းကြောင့်လေ
ကျနော်တို့က စောင့်ဆိုင်းနေရတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။”

စစ်အစိုးရက ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့မှာ ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ခဲ့ပြီး ကချင်ပြည်နယ် တိုးတက်ရေး ပါတီဟာ


ဧပြီလ ၅ ရက်နေ့မှာ ပါတီထူထောင်ခွင့် လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။ KSPP ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ ဧပြီနဲ့
ဇူလိုင်လတွေမှာ မှတ်ပုံတင်ခွင့်ရဖို့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့ဆုံခဲ့ပေမဲ့ အဖြေမရခဲ့ပါဘူး။ ပြီးခဲ့တဲ့
လကုန်ပိုင်းမှာတော့ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက နှုတ်အားဖြင့် မဲဆွယ်စည်းရုံးခွင့် ပြုခဲ့ပါတယ်။

ဒီကြားထဲမှာ မှတ်ပုံတင်ခွင့် ကျလာရင်လည်း မြို့နယ်တချို့မှာပဲ ယှဉ်ပြိုင်နိုင်တော့မယ်လို့ ဒေါက်တာတူးဂျာက


ဆက်ပြောပါတယ်။

“ဒါကတော့ အတိအကျ ပြောလို့မရဘူး။ လက်တွေ့ လုပ်ကြည့်မှ သိမယ့်အနေထား ဖြစ်ပါတယ်။ အခု ကျနော်တို့ပါတီက


အခုတောင်မှ ပါတီ တရားဝင် မတည်ဆောက်နိုင်သေးဘူး ဆိုတော့ ဒါ ကျနော်တို့ စည်းရုံးလှုပ်ရှားခွင့် အချိန်ကလည်း
အင်မတန် တိုတောင်းသွားပြီ။ ဒါကြောင့် ရွေးကောက်ပွဲကာလလည်း သတ်မှတ်ထားပြီးပြီဆိုတော့ ပြည်သူလူထုရဲ့
ထောက်ခံအားပေးမှုက ဘယ်လောက် အတိုင်းအတာပဲ ရှိတော့လဲဆိုတာ ကျနော်တို့ အတိအကျ ပြောလို့မရဘူး။
ထောက်ခံအားပေးမှုတော့ ရှိကောင်းရှိမယ်ပေါ့လေ။ ဒါပေမဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်သတ်မှတ်ဖို့
အခက်အခဲ တစုံတရာ ရှိလာနိုင်တယ်။ အချိန်အတွက်ကြောင့်လေ၊ အဲဒါကြောင့်မို့ မြို့နယ်တချို့လောက်ကိုပဲ
ဝင်ရောက်ပြီး ယှဉ်နိုင်မယ့် အနေအထားမျိုး ဖြစ်နေတယ်။”

ကော်မရှင်ဟာ မှတ်ပုံတင်ခွင့် လျှောက်ထားတဲ့ ၄၂ ပါတီထဲက KSPP ပါတီ တခုတည်းကိုပဲ မှတ်ပုံတင်ခွင့် မပြုတာ


ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ မှတ်ပုံတင်ကျပြီးသား တိုင်းရင်းသားပါတီ တချို့လည်း ဘဏ္ဍာရေး အခက်အခဲနဲ့
အာဏာပိုင်တွေရဲ့ ဟန့်တားမှု ကြုံနေရပါတယ်။

ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီဝင်တွေနဲ့ ဆွေမျိုးတွေကို အာဏာပိုင်တွေက စစ်ဆေးမေးမြန်းမှုတွေ ရှိနေတယ်လို့


ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

“အဲဒါမျိုးဟာ လက်ရှိအစိုးရနဲ့ ပတ်သက်နေတယ်လေ။ လက်ရှိအစိုးရကလည်း ကြံ့ခိုင်ရေးပါတီမှာ ပါတဲ့ ပုဂ္ဂိုလ်တွေ


ဦးဆောင် ဖွဲ့စည်းထားတာ။ ဆိုတော့ ကျနော်တို့ ပြည်သူတွေ အမြင်မှာလေ ပါတီတခုမှာပါတဲ့ အစိုးရအဖွဲ့ရဲ့
လက်အောက်မှာတဲ့ လုံခြုံရေး အဖွဲ့အစည်းတွေက ပါတီတခုရဲ့ ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေ၊ သူ့ရဲ့ဆွေမျိုးတွေပေါ့ဗျာ၊
အဲဒါတွေကို စုံစမ်းစစ်ဆေးတယ်ဆိုတော့ တခုခု Press ပေးသလိုပေါ့။ အာဏာရပါတီက သူ့လက်အောက်ခံ
အဖွဲ့အစည်းကို အသုံးချနေတဲ့ သဘောလို့ ပြည်သူကြားမှာ၊ ပါတီဝင်တွေကြားမှာ ဖြစ်နေတာပေါ့။ ဆိုတော့
အဲဒီဟာလေးကို ကွင်းဆက်ဖြတ်ပေးဖို့ လိုပါလိမ့်မယ်။”

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဟာ ဒေသခံ ပြည်သူလထ


ူု ၇၀% နီးပါး ထောက်ခံမှု ရနိုင်တယ်လို့လည်း
ဒေါက်တာအေးမောင်က ခန့်မှန်း ပြောဆိုပါတယ်။

ချင်းအမျိုးသား တိုးတက်ရေး ပါတီကတော့ ဘဏ္ဍာရေး အခက်အခဲ ရှိပေမဲ့ ချင်းပြည်နယ်မှာ အနိုင်ရမယ်လို့


ယုံကြည်နေကြောင်း ဥက္ကဋ္ဌ နိုကန်းခန်က ပြောပါတယ်။

“ပြည်သူရဲ့ ယြုံ ကည်မှုတော့ ရရှိထားပါတယ်။ ငွေရေးကြေးရေး အခက်အခဲတော့ တော်တော်လေးရှိတယ်။ အချိန်က


အရမ်းကပ်နေတဲ့ အခါကျတော့ ဥပမာ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို မ၀င်ခဲ့ရဘူး။ ၀င်ဖြစ်ရင်တော့ ဘယ်လိုဖြစ်လာမယ်
မသိနိုင်ဘူး။ ကျနော်တို့ ချင်းလူမျိုးထဲကနေ ချင်းတိုးတက်ရာ တိုးတက်ကြောင်း ရည်မှန်းပြီး ဖွဲ့စည်းထားတဲ့ ပါတီဆိုတော့
ပြည်သူရဲ့ ထောက်ခံမှုက တော်တော်များတယ်လို့ မြင်တယ်။ ဒီတော့ ငွေအင်အားနဲ့ သုံးရင်လည်း ချင်းပြည်သူရဲ့
ထောက်ခံမှုကို ရမယ်လို့ မယုံကြည်ဘူး။”

ဒါကတော့ တိုင်းရင်းသားပါတီတချို့ရဲ့ လက်ရှိ အခြေအနေတွေကို ပါတီခေါင်းဆောင်တွေ ရှင်းပြသွားတာ ဖြစ်ပါတယ်။

Source:http://www1.voanews.com/burmese/news/myanmar-election-kspp-101295474.html

လူအ
့ ခွငအ
့် ရေး ကုယ
ိ စ
်ားလှယ် ကုလညီလာခံမှာ အစီရင်ခစ
ာံ တင်သွင်း ဖို့ ပြင်ဆင်

ရှေ့လထဲ ကျင်းပတော့မယ့် ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မြန်မာနိုင်ငံ အရေးကို


သေသေချာချာ ဆွေးနွေးလာနိုင်ချေရှိပြီး နှစ်ပေါင်းများစွာ ကုလသမဂ္ဂက ဆုံးဖြတ်ချက်ချ အတည်ပြုပေးနေတဲ့
အဆင့်ထက် ဒီတခါမှာ ပိုလာနိုင်တယ်လို့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်း စစ်ဆေးရေးမှူး
တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်
မေးမြန်းထားတဲ့ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ ကင်တားနားဟာ ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ


အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ တွေ့ရှိချက်တွေကို တင်သွင်းနိုင်ဖို့အတွက် သြဂုတ်လထဲမှာ မြန်မာနိုင်ငံကို
စတုတ္ထအကြိမ်မြောက် သွားရောက်ဖို့ ကြိုးစားခဲ့ပေမဲ့ မြန်မာစစ်ခေါင်းဆောင်တွေက ရွေးကောက်ပွဲကြောင့်
တာဝန်ရှိသူတွေ အလုပ်ရှုပ်နေတယ်လို့ အကြောင်းပြပြီး ၀င်ရောက်ခွင့် မပေးခဲ့ပါဘူး။ ဒါကြောင့် သြဂုတ်လ
ဒုတိယပတ်ထဲမှာ ထိုင်း၊ မြန်မာ နယ်စပ်ဒေသတွေနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို မြန်မာနိုင်ငံဆိုင်ရာ
အချက်အလက်သစ်တွေ စုဆောင်းဖို့အတွက် သွားရောက်ခဲ့တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“ထိုင်းနဲ့ အင်ဒိုနီးရှား နိုင်ငံတွေကို အရင်သီတင်းပတ်တွေက ကျနော် သွားခဲ့ပါတယ်။ သွားရတဲ့ အကြောင်းတွေထဲမှာ


တခုက အောက်တိုဘာလထဲမှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့
အစီရင်ခံစာတစောင် တင်သွင်းရမှာမို့ပါ။ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ကျနော် အတိအကျ အခု ထုတ်ပြီး မပြောနိုင်ပေမဲ့
အောက်တိုဘာလ ၂၀ မှာ တင်သွင်းတဲ့ အခါမှာတော့ မြန်မာနိုင်ငံဆိုင်ရာ ဘာပြဿနာတွေကို တင်ထားတယ် ဆိုတာကို
သိလာကြမှာပါ။”

မစ္စတာ ကင်တားနားဟာ မတ်လတုန်းက ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာကို


တင်သွင်းခဲ့ပြီး မြန်မာစစ်အစိုးရဟာ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ
ကျူးလွန်နိုင်ချေ ရှိတာမို့ ကုလသမဂ္ဂကနေ စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စစ်ဆေးပေးဖို့ အကြံပြုခဲ့ပါတယ်။ ဒီအကြံပြုချက်နဲ့
ပတ်သက်ပြီး စုံစမ်းရေး ကော်မရှင်ဖွဲ့ စုံစမ်းဖို့ လိုအပ်တဲ့ အခြေအနေတွေကို မေးကြည့်ပါတယ်။

“စုံစမ်းရေး ကော်မရှင်ဖွဲ့ ထူထောင်နိုင်ဖို့အတွက် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေရဲ့ ဆွေးနွေး ဆုံးဖြတ်ချက်ပေါ်မှာ


မူတည်နေပါတယ်။ အဖွဲ့ဝင်နိုင်ငံတွေကလည်း စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့နိုင်ဖို့ ကိုးကားနိုင်တဲ့ အချက်အလက်တွေ
ရဖို့လိုပါတယ်။ ဒီအချက်တွေ ရပြီဆိုရင် အခြေအနေကို သုံးသပ်ပြီး သီးခြား လုပ်ပိုင်ခွင့်အာဏာ သတ်မှတ်ရပါတယ်။
ဒါတွေ အဆင့်ဆင့် လုပ်ဆောင်နိုင်ဖို့အတွက် အဖွဲ့ဝင်နိုင်ငံတွေ ကြားမှာ ဆွေးနွေးမှုတွေ လုပ်ဖို့လိုပါတယ်။”

ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး တင်သွင်းတိုင်း တရုတ်နဲ့ ရုရှားလို နိုင်ငံတွေက


ပယ်ပယ်ချခဲ့တာမို့ အခု ၆၅ ကြိမ်မြောက် ညီလာခံကြီးမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အလားအလာ ဘယ်လိုရှိမယ်
ထင်ပါသလဲလို့ မေးတဲ့အခါမှာတော့…

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကာလကြာရှည်စွာ ဖြစ်ပွားနေတဲ့အပြင် ကျယ်ကျယ်ပြန့်ပြန့်နဲ့


စနစ်တကျ အချိုးဖောက်ခံနေရတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ တင်ပြဖို့ အဖွဲ့ဝင်နိုင်ငံ တချို့က သေသေချာချာ
စဉ်းစားနေတယ်လို့ ကျနော် သိရပါတယ်။ ဒါကြောင့် ဒီတခါမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးဖို့
တောင်းဆိုလာနိုင်တဲ့ အခွင့်ကောင်းတွေ ရှိနေတယ်လို့ ကျနော်ထင်တဲ့အပြင် နှစ်ပေါင်းများစွာ ကုလသမဂ္ဂက
ဆုံးဖြတ်ချက်ချ အတည်ပြုပေးနေတဲ့ အဆင့်ထက် ဒီတခါမှာတော့ ပိုမယ်လို့ ယုံကြည်ပါတယ်။”

လူ့အခွင့်အရေး ကိုယ်စားလှယ် တင်သွင်းခဲ့တဲ့ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ အဆိုကို ဗြိတိန်၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊


သြစတြေးလျ၊ စလိုဗက်ကီးယား နိုင်ငံတွေအပြင် အခုနောက်ဆုံး အမေရိကန် နိုင်ငံကပါ ထောက်ခံလာခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေအရ နိုင်ငံတနိုင်ငံရဲ့ အစိုးရတရပ်ဟာ နိုင်ငံတွင်းမှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့၊ ကျူးလွန်နေသူတွေကို အပြစ်ပေးဖို့နဲ့ နောင် ဒါမျိုးမဖြစ်အောင် လုပ်ဆောင်ဖို့
တာဝန်ရှိသလို နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း လူ့အခွင့်အရေး ချိုးဖောက်တဲ့ အစိုးရတရပ်ကို ဒီအချက်တွေ
လိုက်နာလာအောင် ၀ိုင်းပြီး လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

နိုင်ငံတနိုင်ငံကို စုံစမ်းစစ်ဆေးနိုင်ဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတင် မကဘဲ ကုလသမဂ္ဂ


လူ့အခွင့်အရေးကောင်စီ၊ ဒါမှမဟုတ် ကုလသမဂ္ဂ အထွေထွေ ညီလာခံလို ကုလသမဂ္ဂ အဖွဲ့အစည်း တခုခုက
စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ကို ထူထောင်နိုင်ခွင့်ရှိပြီး ဒီလို ထူထောင်နိုင်ဖို့အတွက် အဖွဲ့ဝင် နိုင်ငံတွေက အဆိုပြုဖို့
လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီအဆိုပြုချက်ကို တရားဥပဒေအရ အရေးယူနိုင်၊ မယူနိုင် မဲခွဲ ဆုံးဖြတ်ဖို့လည်း
လိုအပ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ကတော့ ကုလသမဂ္ဂက


မြန်မာအာဏာပိုင်တွေနဲ့ ထိတွေ့ ဆက်ဆံပြီး မြန်မာ့အရေးကို ကြိုးစားပြီး ဆောင်ရွက်ခဲ့ပေမဲ့ အခုထိ
အရာမထင်တဲ့အတွက် စိတ်ပျက်မိကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လာမယ့်
အထွေထွေ ညီလာခံကြီးမှာ တင်သွင်းဖို့အတွက် အစီရင်ခံစာ ရေးနေတယ်လို့ သြဂုတ်လ ၉ ရက်နေ့က
ကြေညာချက်တစောင် ထုတ်ပြန်ပြီး ပြောဆိုခဲ့ပါတယ်။

ဧပြီလ ၇ ရက်နေ့ကတော့ ပြည်ထဲရေးဝန်ကြီး ဦးမောင်ဦး ဦးဆောင်တဲ့ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ကော်မတီက


၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလထဲမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာတစောင်
တင်သွင်းဖို့ရှိတယ်လို့ မြန်မာအစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

Source:http://www1.voanews.com/burmese/news/quintana-myanmar-un-101349114.html

ဗကပ က ဘံလ
ု ပ
ု င
် န်းစဉ်အတွက် တိတတ
် ဆိတ် ညှန
ိ င
ှိုးလို
ကိုဝိုင်း | တနင်္လာနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၁၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) က ရွေးကောက်ပွဲလွန် ကာလအတွက် ယာယီအစိုးရ


ဖွဲ့စည်းရေး ပါဝင်သည့် ဘုံလုပ်ငန်းစဉ်တခုအား အဖွဲ့အစည်းများနှင့် တိုးတိုးတိတ်တိတ် ဆွေးနွေးညှိနှိုင်းလိုကြောင်း
ယခုလ ၁၈ ရက်နေ့က ထုတ်ပြန်တင်ပြခဲ့သည်။

ကြံ့ဖွံ့ပါတီ အနိုင်ရရေးကိုသာ လုပ်ဆောင်နေသည့် ရွေးကောက်ပွဲကို လက်မခံသည့် ဗကပ က “အနိမ့်ဆုံး ဘုံလုပ်ငန်းစဉ်


Minimum Common Programme” ခေါင်းစဉ်ဖြင့် ထုတ်ပြန်လိုက်ပြီး ပြည်သူ့အင်အား People Power စုဆောင်းရေးကို
“ရည်မှန်းချက်” ထားရမည်ဟုလည်းဆိုသည်။

နိုဝင်ဘာ ရွေးကောက်ပွဲတွင် ငွေကြေးအဆင်ပြေပြီး စစ်အစိုးရ


ကျောထောက်နောက်ခံ ရထားသော ကြံ့ဖွံ့ပါတီကသာ
အမတ်အများစု ရသွားမည်ဟု ရွေးကောက်ပွဲဝင်မည့်
ပါတီများကလည်း ပြောဆိုနေကြသည်။

ရွေးကောက်ပွဲအပြီး၌ လူထုလှုပ်ရှားမှုကြီးကို ဖော်ဆောင်၍


အရှိန်ရလာပြီး သင့်လျော်သည့် ကာလ တခုတွင် ၁၉၉ဝ အနိုင်ရ
NLDနှင့် CRPP တို့က “ယာယီအစိုးရ” ဖွဲ့သင့်ကြောင်း ဗကပက
အကြံပြုထားသည်။

ဗကပ ပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းက “အရင်ဆုံးလုပ်ရမယ့်ဟာက ပြည်သူလူထု ထောက်ခံမှုရတဲ့ လှုပ်ရှားမှုကြီးတခု


ဖြစ်လာဖို့ပါ။ ပြည်သူထောက်ခံမှု မရှိရင် ပြိုကွဲသွားမှာပဲ။ နအဖ စစ်အုပ်စုရဲ့ အုပ်စိုးမှုအောက်မှာပဲ
မြေအောက်သဏ္ဌာန်နဲ့ရော မြေပေါ်သဏ္ဌာန်နဲ့ပါ ပြန်ပြီး လုံးပန်းကြရမှာပါ” ဟု ပြောသည်။

ပြည်သူ့လွှတ်တော် ကိယ
ုစားပြုကော်မတီ CRPP အဖွဲ့ အထွေထွေအတွင်းရေးမှူး ဦးအေးသာအောင်ကမူ “ယာယီအစိုးရ”
ဖွဲ့စည်းရေးကိစ္စ ပြောရန် အချိန်စောသေးသည် ဆိုသော်လည်း ရွေးကောက်ပွဲပြီးလျှင်လည်း ပြည်သူများပေးထားသည့်
၉ဝပြည့် ရလဒ်ကို ဆက်လက်ကိုင်စွဲသွား မည်ဟု ပြောသည်။

လာမည့်ရွေးကောက်ပွဲသည် ဒီမိုကရေစီနိုင်ငံသို့ ဦးဆောင်ပေးမည့် လုပ်ငန်းစဉ်တရပ် မဟုတ်ဟု သုံးသပ်ပြီး


အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်နိုင်မည်မဟုတ်ဟု ရွေးကောက်ပွဲကို သပိတ်မှောက်သည့် CRPP က
ယုံကြည်ထားသည်။

ရွေးကောက်ပွဲပြီးသော်လည်း ပြည်သူနှင့် နအဖကြား၊ တိုင်းရင်းသား အင်အားစုနှင့် နအဖ ကြား၊ နအဖနှင့်


နိုင်ငံတကာကြားရှိ ပဋိပက္ခများကို ဖြေရှင်းနိုင်ရန် ရွေးကောက်ပွဲကို သပိတ်မှောက်သည့် အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်၏ ဦးဆောင်မှုကို ခံယူပြီး ဆက်လက် ကြိုးပမ်းသွားမည်ဟု ဦးအေးသာအောင်က ဆိုသည်။

“အဲဒီမှာ ပြည်သူတွေ ပါလာအောင် ပြည်သူတွေနဲ့လက်တွဲမယ်။ ပြည်သူတွေဟာ စီးပွားရေးအရ ကျပ်တည်းသထက်


ကျပ်တည်းလာတယ်။ ငြိမ်ခံနေမှာ မဟုတ်ဘူး။ ဆန့်ကျင်တိုက်ပွဲဝင်ကြဦး မယ်” ဟု ဦးအေးသာအောင် ကပြောသည်။

NLD အနေဖြင့်လည်း မြို့နယ်၊ တိုင်းနှင့် ပြည်နယ်အသီးသီးသို့ ကွင်းဆင်းပြီး ပါတီကျစ်လစ် ခိုင်မာရေး


တည်ဆောက်နေပြီး အခြား အင်အားစုများနှင့်လည်း ဆက်စပ်စည်းရုံး လှုပ်ရှားနေကြောင်း၊ ရွေးကောက်ပွဲအပြီး၌လည်း
လှုပ်ရှားနေဦးမှာဖြစ်ကြောင်း ထောက်ပြသည်။

ဗကပ၏ “အနိမ့်ဆုံး ဘုံလုပ်ငန်းစဉ်” တင်ပြချက်အတွင်း၌ လက်ရှိစစ်ခေါင်းဆောင်များနှင့် ဆွေးနွေး မှုသည်


“ကျွဲပါးစောင်းတီး” သာဖြစ်သဖြင့် တပ်မတော်အား ပြုပြင်လိုသည့် အရာရှိအရာခံများကို “စေ့စပ်ဆွေးနွေးဘက်” အဖြစ်
စည်းရုံးရမည်ဟုဆိုသည်။ သို့သော် အသေးစိတ်ကို ကြိုတင်ပြော ရန် မဖြစ်နိုင်ကြောင်း ရဲဘော်ဖိုးသံချောင်းကပြောသည်။

သို့သော် ယခုနှစ် ရွေးကောက်ပွဲမှ ရွေးချယ်ခံရမည့် အမတ်များနှင့်ပတ်သက်၍မူ “အဲဒီလှုပ်ရှား မှုကြီးမှာ သူတို့


ဘယ်လိုပါဝင်မလဲ။ သေချာတာတခု ကတော့ ဒီ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ နိုင်တယ်ဆိုပြီး သူတို့ကို
နေရာပေးမယ်ဆိုတာတော့ မဖြစ်နိုင်ဘူး။ ဒီဟာက ၂ဝ၁ဝ နဲ့ လုံးဝမဆိုင်တဲ့ လှုပ်ရှားမှုဖြစ်ပါတယ်” ဟု သူကဆိုသည်။

ရွေးကောက်ပွဲ၌ ဝင်ရောက်အရွေးခံမည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကမူ သပိတ်မှောက်ပြီး လူထုလှုပ်ရှားမှုကြီး


ဖြစ်ပေါ်လာရေး ဆက်လက်ကြိုးပမ်းရမည်ဆိုသည့် ယူဆချက်များနှင့် မတူပဲ လွှတ်တော်အတွင်းမှသာ ဆက်လက်
ကြိုးပမ်းသွားမည်ဟု ဆုံးဖြတ်ထားသည်။

“ကိုယ့်ယြုံ ကည်ချက်အတိုင်း လုပ်ရမှာပေါ့။ ကျနော်တို့လည်း ရွေးကောက်ပွဲပြီးလည်း ကိုယ့် နည်းကိုယ့်ဟန်နဲ့


လွှတ်တော်အားဖြင့် လုပ်ရမှာပဲလေ။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီ သွားတဲ့လမ်းမှာ အဝေးကြီး လိုသေးတာကိုး” ဟု
ပါတီဥက္ကဋ္ဌ ဦးသုဝေကပြောသည်။

ငွေကြေး အခြေအနေကြောင့် အမတ်လောင်း ၁ဝဝ ဝန်းကျင်သာ တင်သွင်းနိုင်မည်ဟုဆိုသည့် ဒီမိုကရက်တစ်ပါတီက


သူတို့ပါတီနည်းတူ အခြားပါတီများလည်း အခက်ခဲကြုံနေရသဖြင့် လွှတ်တော်အတွင်း၌ ကြံ့ဖွံ့ပါတီကသာ အမတ်အများစု
ရသွားမည်ဖြစ်ကြောင်း ယမန်နေ့က “ရွေးကောက်ပွဲ ကြေညာစာတမ်း” ထုတ်၍ ဖော်ပြထားကြောင်း သိရသည်။

ရွေးကောက်ပွဲတွင် ပါတီများ ယှဉ်ပြိုင်ရမည့် အမတ်ဦးရေမှာ ပြည်သူ့လွှတ်တော်အတွက် ၃၃ဝ ၊ အမျိုး


သားလွှတ်တော်အတွက် ၁၆၈ ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်အတွက် ၆၈၉ ဦး ဖြစ်ပြီး စုစုပေါင်း
၁၁၈၇ ဦး ရှိ မည်ဖြစ်သည်။
Source:http://www.mizzimaburmese.com/news/inside-burma/5908-2010-08-23-14-48-44.html

NDF ရဲ့ ခမောက် စာပေကင်ပေတုင


ိ ပိတပ
် င်
ခိုင်စု | တနင်္လာနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၀၇ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ ပါတီအမှတ်တံဆိပ် ခမောက်ပုံကို စာပေစိစစ်ရေးက သတင်းဂျာနယ်များတွင် ဖော်ပြခွင့်
မပြုကြောင်း အမျိုးသားဒီမိုကရေစီအင်အားစု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောဆိုသည်။

ယခုလ ပထမပတ်မှစ၍ ရန်ကုန်ရှိ အပတ်စဉ်ထုတ် သတင်းဂျာနယ်များဖြစ်သည့် Monitor ၊ The Hot News နှင့် The
Voice Weekly တို့တွင် NDF ခေါင်းဆောင်များ၏ အင်တာဗျူးနှင့် ပါတီတံဆိပ် ခမောက်ပုံကို စာပေစိစစ်ရေးသို့
တင်ပြရာတွင် ခမောက်ပုံကို ဖော်ပြခွင့် မရရှိခဲ့ကြောင်း ပြောဆိုခြင်း ဖြစ်သည်။

“တချို့ဂျာနယ်တွေမှာဆိုရင် အင်တာဗျူးရော ခမောက်ရော၊


တချို့ဂျာနယ်တွေမှာဆိုရင် အင်တာဗျူးပါတယ်၊ ခမောက်ပုံ မပါဘူး။
ဂျာနယ်တွေကို သွားမေးတဲ့အခါမှ စိစစ်ရေးက ဖြုတ်လိုက်တာကို
သိရတာ” ဟု NDF ခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိမကို
ပြောသည်။

ခမောက်တံဆိပ်ကို စာပေစိစစ်ရေးက ဖော်ပြခွင့် မပြုကြောင်း


ပိတ်ပင်ခံရသည့် ဂျာနယ်များနှင့် နီးစပ်သူများကလည်း
ပြောဆိုကြသည်။ ဒီမိုကရေစီ အင်အားစု၏ ရုံးဖွင့်ပွဲ
အခမ်းအနားတွင် ဒေါက်တာသန်းငြိမ်းက
“ကျနော်တို့က NDF နဲ့ အင်တာဗျူးရော ခမောက်ပုံရော တွဲတင်ပါတယ်။ အမှာစကား ပြောကြားနေစဉ်
ဒါပေမဲ့ စာသားရော၊ ခမောက်ရော ဖြုတ်လိုက်ပါတယ်” ဟု ပိတ်ပင်ခံရသည့် ဂျာနယ်များနှင့် နီးစပ်သည့်
အယ်ဒီတာတဦးက ပြောသည်။

“တခြားပါတီတံဆိပ်တွေ ဖော်ပြခွင့် ရပါတယ်။ ခမောက်ကိုကျမှ မရတာပါ။ သိရသလောက်ဆိုရင် ခမောက်ပုံပါတဲ့


နိုင်ငံပိုင် သတင်းစာ ဖြတ်ပိုင်းနဲ့ တွဲတင်တာတောင် မရဘူး” ဟု The Hot News နှင့် နီးစပ်သူ တဦးက မဇ္ဈိမကို
ပြောသည်။

တရားဝင် မှတ်ပုံတင်ခွင့်ပြုချက် ရရှိပြီးသည့် ပါတီတခုအနေဖြင့် ပါတီတံဆိပ်ကို လွတ်လပ်စွာ အသုံးပြုနိုင်ကြောင်းနှင့်


အခြားပါတီများ၏ အမှတ်တံဆိပ်များကို ဖော်ပြခွင့်ရနေသော်လည်း ၎င်းတို့ပါတီကိုမှ ဖော်ပြခွင့် ကန့်သတ်ကြောင်း NDF
အဆိုအရ သိရသည်။

သို့သော် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် NDF အကြား ခမောက်တံဆိပ် အသုံးပြုခြင်းနှင့် ပတ်သက်၍


အငြင်းပွားစဉ်ကသာ သတင်းစာထဲတွင် ဖော်ပြခွင့် ရရှိခဲ့ပြီး၊ နောက်ပိုင်းတွင် မရရှိတော့ကြောင်း NDF က
ပြောဆိုသော်လည်း Monitor ဂျာနယ်ကမူ ဖော်ပြခွင့် ရရှိသည်ဟု ဆိုသည်။

“ကော်မရှင်က ခွင့်ပြုထားတဲ့ တံဆိပ်ကို ဘာလို့ ဖော်ပြခွင့်မရမှာလဲ။ တခြားဂျာနယ်တွေရော၊ ကျနော်တို့ဂျာနယ်ရော


ဖော်ပြခွင့် ရပါတယ်” ဟု Monitor သတင်းဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်က မဇ္ဈိမကို ပြောသည်။ ပြီးခဲ့သည့်လထုတ်
Monitor တွင် NDF ပါတီအကြောင်း သတင်းတရပ်တွင် ခမောက်ပုံကို ပူးတွဲဖော်ပြခွင့် ရရှိခဲ့သေးသည်။

စာပေစိစစ်ရေးဌာနမှ ဌာနစုမှူး ဒေါ်ယုယုဝင်းကလည်း “ကျမ အထင်တော့ ဂျာနယ်တွေထဲမှာ ပါနေပါလိမ့်မယ်။


ကော်မရှင်က တရားဝင် ခွင့်ပြုထားရင်တော့ အသုံးပြုခွင့် ပေးပါတယ်။ ကျမ ဒီလောက်ပဲ ပြောနိုင်ပါတယ်” ဟု မဇ္ဈိမကို
ပြောသည်။
NDF အနေဖြင့် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားစဉ်က ခမောက်တံဆိပ် အသုံးပြုမှုနှင့် ပတ်သက်၍ အငြင်းပွားမှု
ဖြစ်ပေါ်ခဲ့ရာ၊ ရွေးကောက်ပွဲ ကော်မရှင်က ဆက်လက်အသုံးပြုခွင့် ပေးခဲ့သည်ကို စာပေစိစစ်ရေးသို့
အကြောင်းမကြားသဖြင့် သတင်းဂျာနယ်များတွင် ခမောက်တံဆိပ် ဖော်ပြခွင့် ပိတ်ပင်ထားခြင်း ဖြစ်နိုင်ကြောင်း
စာပေစိစစ်ရေးနှင့် နီးစပ်သူတဦးက ပြောဆိုသည်။

ယင်းအပြင် လွန်ခဲ့သည့် ၂ လ ခန့်က NDF ပါတီ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်းနှင့် အင်တာဗျူးကို အလင်းတန်း
ဂျာနယ်တွင် ဖော်ပြခွင့် မရခဲ့ကြောင်း သိရသည်။

“ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ ဒီလို ကန့်သတ်ပိတ်ပင်တာဟာ မဲဆွယ်စည်းရုံးရေးကို မပြုလုပ်နိုင်အောင်


လုပ်နေတဲ့ သဘော သက်ရောက်နေတယ်” ဟု ဦးခင်မောင်ဆွေက ပြောဆိုလိုက်သည်။

ယခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် NDF သည် လွှတ်တော် ကိယ


ုစားလှယ်လောင်း ၁ဝဝ
ဝန်းကျင်ဖြင့် ယှဉ်ပြိုင်သွားမည့် ပါတီဖြစ်သည်။
Source:http://www.mizzimaburmese.com/news/2010-election/5905-ndf----.html

NDF ပါတီ ကိယ


ု စ
်ားလှယေ
် လာင်း တရာ ပါဝင်ယဥ
ှြ် ပိုင်မ
် ယ်

2010-08-22

လာမယ့် နိုဝင်ဘာလမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ အနေနဲ့ လွှတ်တော်
ကိုယ်စားလှယ်လောင်း တရာနီးပါးအထိ ပါဝင် ယှဉ်ပြိုင်နိုင်မယ်လို့ NDF ပါတီ က ဒီကနေ့ ပြောကြားပါတယ်။

မြန်မာစစ်အစိုးရက အမျိုးသားဒီမိုကရေစီအင်အားစု National Democratic Force (NDF) ကို နိုင်ငံရေးပါတီအဖြစ်


မှတ်ပုံတင်ခွင့် ပြုလိက
ုပြီးနောက် ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က ပါတီဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်း
သတင်းထောက်များနှင့် တွေ့ဆုံနေပုံ ဖြစ်ပါသည်။ (Photo: AFP)

မန္တလေးတိုင်းကို သီတင်းတပတ်ကြာ ခရီးလှည့်ရာက ရန်ကုန်မြို့ကို ဒီကနေ့ ပြန်လည် ရောက်ရှိလာတဲ့ NDF


ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းက RFA ကို အခုလို ပြောကြားတာ ဖြစ်ပါတယ်။

“အဓိကအားဖြင့် လွှတ်တော်အားလုံး မဟုတဘ


်ဲ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကိုပဲ ကျနော်တို့
အဓိကထားပြီးတော့ စုဆောင်းလာတာပေါ့။ တိုင်းဒေသကြီးတို့ကတော့ ဒေသအလိုက်၊ ကျနော်တို့ အဲလောက်လည်း
အသေးစိတ် လိုက်မလုပ်နိုင်တော့ သူ့တိုင်းအလိုက်ပဲ လုပ်ကြဖို့ ညွှန်ကြားခဲ့တယ်လေ။ အဲတော့ ပြည်သူ့လွှတ်တော်နဲ့
အမျိုးသားလွှတ်တော်ကတော့ တရာ ပတ်ဝန်းကျင် ပိုလည်းနည်းနည်း လိုလည်းနည်းနည်းပေါ့၊ အဲဒီလောက်တော့
ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်”

သြဂုတ်လ ၁၅ ရက်နေ့က စတင်ခဲ့တဲ့ NDF ပါတီခေါင်းဆောင်တွေရဲ့ မန္တလေးတိုင်း ခရီးစဉ်အတွင်း


တောင်တွင်းကြီးမြို့တွေမှာ ပါတီရုံးခန်းဖွင့်ပွဲနဲ့  ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ ခရီးစဉ်နဲ့
ပတ်သက်ပြီး အတိုင်းအတာတခုထိ ကျေနပ်မှုရှိကြောင်း ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။

“နယ်မှာရှိတဲ့ လုပ်ဖော်ကိုင်ဘက် ရဲဘော်တွေရော တခြားပြည်သူတွေနဲ့ရော အခိုက်အတန့် ဆုံတွေ့ရတာကို


ကျနော့်အနေနဲ့ အင်မတန် ကျေနပ်အားရ နှစ်သိမ့်ပါတယ်။ သူတို့အနေနဲ့ ကျနော်တို့ ဗဟိုကနေ ဆင်းပြီး တရင်းတနှီး
ဆွေးနွေးတိုင်ပင်ကြတာကို ကျေနပ်ကြပါတယ်။ တခုပဲ ရှိတာပေါ့၊ အခု ကျနော်တို့လုပ်ရတာ ပါတီရဲ့ မူဝါဒတွေ
လုပ်ငန်းစဉ်တွေကို အေးအေးဆေးဆေး ဆွေးနွေးဟောပြောတာတွေ လုပ်ခွင့် မရဘူးပေါ့။ ကျနော်တို့ အင်မတန်ကို
ဖုတ်ပူမီးတိုက်နဲ့ အပြေးအလွှားလုပ်ရတယ်ဆိုတော့ အဲဒါတော့ သိပ်ပြီး ကျေနပ်ဖွယ်ရာ မရှိဘူးပေါ့ဗျာ”

ခရီးစဉ်အစမှာ သက်ဆိုင်ရာ အာဏာပိုင်တွေကြောင့် လုပ်ငန်းမှာ အထစ်အငေါ့ အနည်းအကျဉ်း ရှိခဲ့ပေမယ့် NDF


ပါတီကို ပြည်သူလူထုက အားပေးထောက်ခံမှု ရှိတာကို တွေ့ရတဲ့အတွက် အားရကျေနပ်မှု ရခဲ့ကြောင်းလည်း
သိရပါတယ်။ NDF ပါတီ ခေါင်းဆောင်တွေဟာ မန္တလေးတိုင်းအပြင် မကွေးတိုင်းကိုပါ ခရီး လှည့်လည်ခဲ့တယ်လို
့သိရပါတယ်။

Source:http://www.rfa.org/burmese/news/about_hundred_NDF_candidates_to_participate_in_Novembe
r_election-08222010140556.html

နျူကလီးယားလက်နက် ထုတတ
် န်ထတ
ု ရ
် မည်ဟု
ဝန်ကြီးဦးအောင်သောင်းပြော

2010-08-23

မြန်မာစစ်အစိုးရ အနေနဲ့ နျူကလီးယားလက်နက် ထုတ်သင့်ရင် ထုတ်ရမှာဖြစ်တယ်လို့ စက်မှု (၁) ဝန်ကြီး


ဦးအောင်သောင်းက နေပြည်တော် သင်တန်းဆင်းပွဲတခုမှာ ပြောဆိုပါတယ်။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အနီးကပ် လူယုံအဖြစ် သတင်းကြီးသော အမှတ် (၁)


စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးအောင်သောင်းကို အခမ်းအနားတခုတွင် တွေ့ရပုံ ဖြစ်ပါသည်။ (Photo from
blogspot.com)
မြန်မာစစ်အစိုးရကို နျူကလီးယားလက်နက် ထုတ်နေတယ်လို့ နိုင်ငံခြားမီဒီယာတွေက စွပ်စွဲနေကြောင်း၊
မြောက်ကိုရီးယားကလည်း သူ့နိုင်ငံ ကာကွယ်ရေးအတွက် သူလုပ်တာ ဖြစ်ကြောင်း၊ ဒါကြောင့် ကိုယ့်နိုင်ငံ
ကာကွယ်ရေးအတွက် မြန်မာနိုင်ငံကလည်း နျူကလီးယားလက်နက်ကို ထုတသ
် င့်ရင် ထုတ်ရမှာဖြစ်တယ်လို့ သြဂုတ်လ
၁၁ ရက် နေပြည်တော် စက်မှု (၁) ဝန်ကြီးဌာန သင်တန်းဆင်းပွဲတခုမှာ ဝန်ကြီးဦးအောင်သောင်းက ခုလို ပြောခဲ့တာ
ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရကို နျူကလီးယားလက်နက် ထုတ်လုပ်ရေးကို လျှို့ ဝှက် လုပ်ကိုင်နေတယ်လို့ သံသယရှိကြောင်း


ပြည်ပမီဒီယာမျိုးစုံက ရေးသားပြီး မကြာခင် ဝန်ကြီးဦးအောင်သောင်းက ခုလို တုံ့ပြန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဦးအောင်သောင်းက ဆက်လက်ပြောရာမှာ အထူးသဖြင့် အမေရိကန်နိုင်ငံဟာ မြန်မာကို တပည့်ဖြစ်အောင်


သူ့သြဇာခံနိုင်ငံ ဖြစ်အောင် စည်းရုံးနေတယ်လို့ပါ စွပ်စွဲပြောဆိုကြောင်း သင်တန်း တက်ရောက်ခဲ့သူတဦးက
ပြောပြပါတယ်။

အမေရိကန်နိုင်ငံက မြန်မာစစ်အစိုးရကို ဘယ်လိုနည်းနဲ့ သြဇာခံနိုင်ငံဖြစ်အောင် စည်းရုံးနေတယ် ဆိုတာကိုတော့ ဝန်ကြီး


ဦးအောင်သောင်းက ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။ အမေရိကန်နိုင်ငံအပေါ် ၀န်ကြီးဦးအောင်သောင်းရဲ့
စွပ်စွဲပြောဆိုချက်တွေဟာ ဦးအောင်သောင်းရဲ့ ပုဂ္ဂိုလ်ရေး ပြောဆိုချက်လား စစ်အစိုးရရဲ့ တရားဝင် သဘောထားလား
ဆိုတာကိုလည် တိတိကျကျ မသိရဘူးလို့ ဝန်ထမ်းတွေက ပြောပြပါတယ်။

ပြည်ပမီဒီယာတွေဟာ ခုလိုပဲ စွပ်စွဲ ပြောဆိုတာတွေ ၂ဝဝ၉ ခုနှစ်မှာ ၁၂၆ ကြိမ် ရှိခဲ့ပြီး ၂ဝ၁ဝ ခုနှစ်ထဲမှာ အကြိမ် ၁၅ဝ
ကျော်နိုင်တယ်လို့ပါ ဦးအောင်သောင်းက ပြောခဲ့ပါတယ်။ ခုလို ပြည်ပမီဒီယာတွေရဲ့ ပြောဆိုချက်တွေကို မယုံကြဖို့
ဦးအောင်သောင်းက မှာကြားခဲ့တယ်လို့ သိရပါတယ်။

Source:http://www.rfa.org/burmese/news/junta_minister_hints_potential_nuke_production_responding_
foreign_media-08232010095350.html

အကျဉ်းကျများ လွှတေ
် ပးတော့မယ်လို့ ထောင်အာဏာပုင
ိ ေ
် တွပြော

2010-08-23

ထောင်ကျခံနေရတဲ့ အကျဉ်းသားတွေ ကို လွှတ်ပေးဖို့ အကျဉ်းဦးစီးဌာန အာဏာပိုင်တွေ စီစဉ်နေတယ်လို့


သီတဂူဆရာတော် အရှင် ဒေါက်တာ ဥာဏိဿရ က RFA ကို မိန့်ကြားပါတယ်။

သပိတ်အိုင်ဆရာတော် ဦးဥာဏိဿရ ဟာ သြဂုတ်လ ၂၁ ရက်၊ စနေနေ့က အင်းစိန်ထောင်တွင်းက အကျဉ်းသား ၉


ထောင့် ၇ ရာကျော်ကို တရား ဟောကြားခဲ့ပါတယ်။ ဒါ့အပြင် အကျဉ်းသားတွေကို လွှတ်ပေးဖို့ အစီအစဉ်ရှိကြောင်း
ထောင်အာဏာပိုင်တွေက ဆရာတော်ကို ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်တယ်လို့ ဆရာတော် ဦးဥာဏိဿရက
မိန့်ပါတယ်။

“လွတ်ဖို့အစီအစဉ် ရှိတယ်လို့ ပြောတယ်။ လျှော့ရက်တွေ အများကြီး ရနိုင်တယ်ဆိုတာ ငါက ဟောတယ်။


တရားပွဲပြီးတော့ ငါက ထောင်က အရာရှိကြီးတွေကို မေးတယ်။ ခင်ဗျားတို့ လျှော့ရက်ကလေး ဘာလေး ပေးပြီးတော့
ထောင်သားတွေ လွှတ်လက
ိုရင်ကောင်းမှာ ဆိုတော့ လွှတ်ဖို့ အစီအစဉ် ရှိတယ်တဲ့၊ တရားပွဲပြီးရင် တပည့်တော်က
သူတို့ကို သက်တောင့်သက်တာနဲ့ လွှတ်မယ့် ပုဂ္ဂိုလ်တွေ အများကြီး အခု ရွေးနေပြီတဲ့”
အကျဉ်းသား အရေအတွက် ဘယ်လောက် လွှတ်ပေးမယ်၊ ဘယ်တော့ လွှတ်ပေးမယ်၊ နိုင်ငံရေး အကျဉ်းသား
ဘယ်လောက်ပါမယ် စတဲ့ အသေးစိတ်တွေကိုတော့ အင်းစိန်ထောင် ညွှန်ကြားရေးမှူးက ထုတ်ဖော်ပြောဆိုတာ
မရှိဘူးလို့ ဆရာတော်က မိန့်ပါတယ်။ အကျဉ်းသားတွေကို ညှဉ်းပန်းနှိပ်စက်ခြင်း မပြုဖို့ကိုလည်း
ထောင်အာဏာပိုင်တွေကို အလေးထားမှာကြားခဲ့တယ်လို့ ဆရာတော်က မိန့်ပါတယ်။

သီတဂူ ဆရာတော် အရှင် ဒေါက်တာ ဥာဏိဿရဟာ အမေရိကန် အပါအ၀င် ကမ္ဘာတလွှားမှာ သာသနာပြု


လုပ်ငန်းတွေကို ကြိုးပမ်း ဆောင်ရွက်နေတဲ့အပြင် မြန်မာနိုင်ငံ တ၀ှမ်းမှာ ဆေးရုံဆေးခန်းတွေ၊ စာသင်ကျောင်းတွေနဲ့
လူမှုရေး ပရဟိတ လုပ်ငန်းတွေ အမြောက်အမြား လုပ်ဆောင်နေပါတယ်။ အခု အင်းစိန်ထောင်က အကျဉ်းသားတွေကို
တရားချီးမြှင့်ပြီးတဲ့နောက် နေ့လည်စာနဲ့ ညစာ ထမင်း (၂) နပ် ကျွေးမွေးခဲ့တယ်လို့ သိရပါတယ်။

“နေ့လည်စာ ဒံပေါက်ထမင်း ကျွေးတယ်။ ညစာကျတော့ ကြက်သားကြော်နဲ့ ထမင်းကျွေးတယ်။ ငါးပိကြော်၊


ငါးခြောက်ကြော်၊ သရက်သီးသနပ်၊ ပဲခြမ်းကြော် ဘာညာ စားစရာအားလုံး၊ ပန်းသီးတွေ သရက်သီးတွေ။ ထောင်က
အကုန်လုံး ဝိုင်းလုပ်ပေးတယ်”

ဆရာတော်ဟာ အင်းစိန်ထောင်အတွင်း အကျဉ်းသားတွေကို ကျွေးမွေးတာ၊ တရားဟောတာ အခုအကြိမ်နဲ့ပါ ဆိုရင် (၄)


ကြိမ် ရှိသွားပြီလို့ သိရပါတယ်။

သီတဂူ ဆရာတော် အရှင် ဒေါက်တာ ဥာဏိဿရကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် လျှောက်ထားမေးမြန်းချက်ကို


နားဆင်နိုင်ပါတယ်။

Source:http://www.rfa.org/burmese/news/Senior_monk_predicts_some_prisoners_be_released-
08232010115356.html

DKBA ခေါင်းဆောင်များ နိင


ု င
်ေ
ံ ရးပါတီ ထောင်ဖွယရ
ှ်ိ
စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်ခံလိုက်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား
တပ်မတော် (DKBA) မှ ခေါင်းဆောင်တချို့သည်
ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရေးအတွက်
နိုင်ငံရေးပါတီ ထူထောင်ဖွယ်ရှိကြောင်း
သတင်းရရှိသည်။

အမည် မသိရသေးသည့် အဆိုပါ ပါတီကို DKBA ၏


နိုင်ငံရေး တောင်ပံ အဖွဲ့ဖြစ်သော ဒီမိုကရက်တစ် ကရင်
ဗုဒ္ဓဘာသာ အဖွဲ့ (DKBO) မှ ဥက္ကဋ္ဌ ဦးသာထူးကျော်၊
ကရင်တိုင်းရင်းသား ပညာတတ်များဖြစ်သော
ဦးစောအောင်ငွေနှင့် ဦးစောသန်းမြတ်တို့က
ဦးဆောင်၍ ပါဝင်ယှဉ်ပြိုင်မည်ဟု ကရင်
၂၀၀၇ ခုနှစ်က စစ်ရေးပြ အခမ်းအနားတွင် တွေ့ရသော DKBA အသိုင်းအဝန်းက ဆိုသည်။
တပ်များ။ နယ်ခြားစောင့်တပ် ဖွဲ့ရေးကို လက်ခံပြီးနောက် DKBA
တပ်များသည် နအဖ စစ်ဝတ်စုံများကို မကြာသေးမီးက ပြောင်းလဲ ကရင်ပြည်နယ် ဘားအံမြို့ အခြေစိုက် အမျိုးသား
ဝတ်ဆင်ကြရသည်။ (ဓာတ်ပုံ - ဧရာဝတီ) ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဌာနခွဲမှ ခေါင်းဆောင်
ဒေါ်နန်းခင်ထွေးမြင့်ကလည်း ဦးသာထူးကျော် ခေါင်းဆောင်မည့် ပါတီသည် ကရင်ပြည်နယ် မဲဆန္ဒနယ်များမှ
ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြားရကြောင်း ဧရာဝတီသို့ ပြောသည်။

DKBA နှင့် နီးစပ်သူတဦးကလည်း “ဦးသာထူးကျော်တို့က ပါတီထောင်ပြီး ရွေးကောက်ပွဲ ၀င်မယ်လို့ ကြားတယ်”ဟု


ပြောသည်။

ဦးသာထူးကျော်နှင့် အဖွဲ့သည် အသက်အရွယ် အိုမင်းပြီး လက်နက်ကိုင် တော်လှန်ခြင်း ပြုလုပ်နိုင်မည်


မဟုတ်သောကြောင့် နိုင်ငံရေးပါတီ ဖွဲ့ခွင့်ပေးကာ ရွေးကောက်ပွဲကို ၀င်စေခြင်း ဖြစ်ပုံရကြောင်း၊ DKBA အများစု
နေထိုင်သော ကရင်ပြည်နယ် မြဝတီ၊ မြိုင်ကြီးငူ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနှင့် လှိုင်းဘွဲ့မြို့နယ် စသည့်
နေရာများတွင် အနိုင်ရရှိနိုင်ကြောင်း ဒေသခံများက ခန့်မှန်းနေကြသည်။

မဲဆန္ဒနယ် အသီးသီးတွင် ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော် ကုယ


ိစားလှယ် အမည်စာရင်းကို သြဂုတ်လ ၁၆ ရက်နေ့မှ ၃၀
ရက်နေ့အတွင်း တင်သွင်းရမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ် အမျိုးသားများ အဖွဲ့ချုပ် (KSNO)၊ ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ်


(UKL) နှင့် ကရင်အမျိုးသား ဒီမိုကရေစီ ကွန်ရက် (KNCD) ဟူ၍ ကရင်နိုင်ငံရေးပါတီ ၃ ခု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး
ယင်းတို့အနက် KSNO သည် ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေတခု၌ အနိုင်ရရှိခဲ့သည်။

အဓိက အတိုက်အခံ ပါတီဖြစ်သည့် NLD သည် ကရင်ပြည်နယ်ရှိ မဲဆန္ဒနယ်မြေ ၁၄ ခု အနက် ၁၀ ခုတွင်


အနိုင်ရရှိခဲ့သည်။

DKBA သည် ၁၉၉၅ ခုနှစ်တွင် KNU မှ ခွဲထွက်ပြီးနောက် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်။ DKBA ၏


နယ်ခြားစောင့်တပ် တပ်ဖွင့်ပွဲ အခမ်းအနားများကို စစ်အစိုးရ ဦးဆောင်၍ သြဂုတ်လ ၁၉ ရက်နေ့တွင် လှိုင်းဘွဲ့မြို့နယ်
မြိုင်ကြီးငူ ဒေသ၊ သြဂုတ်လ ၂၀ ရက်နေ့တွင် မြ၀တီမြို့နယ် မဲပလဲ့ဒေသတို့၌ ကျင်းပ ပြုလုပ်ပေးခဲ့ကြောင်း စစ်အစိုးရပိုင်
သတင်းစာများတွင် ဖော်ပြထားသည်။

“တိုင်းရင်းသား အဖွဲ့အစည်းများအား ဖြစ်ပေါ်လာမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တရားဝင် လက်နက်


ကိုင်ဆောင်ခွင့် ရရှိသည့် နယ်ခြားစောင့်တပ်များအဖြစ် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ လုပ်ဆောင်လျက်ရှိသည်”
ဟု သတင်းစာတွင် ရေးသားထားသည်။

သို့သော် နယ်ခြားစောင့်တပ်အဖြစ် အသွင်းပြောင်းခဲ့သော DKBA တပ်ဖွဲ့များမှ ခေါင်းဆောင်များ၏ အမည်များကို


ဖော်ပြထားခြင်း မရှိပေ။

နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်ကို စစ်အစိုးရက လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလတွင်


စတင်ခဲ့ခြင်းဖြစ်သည်။

၁၉၈၉ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇


ဖွဲ့ရှိသည်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီးအတွက်
ကျင်းပ သွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန် ကြေညာထားသည်။
Source:http://www.irrawaddy.org/bur/index.php/news/1-news/3896-dkba-

ရွေးကောက်ပွဲအတွက် ဆိက
ု ေ
် ရာက်ဗဇ
ီာ ပိတမ
် ည်
မျိုးဝင်းဇော် / ၂၃ သြဂုတ် ၂၀၁၀

လာမည့်နိုဝင်ဘာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်နေစဉ်အတွင်း


နိုင်ငံခြားသားများ ပြည်တွင်း၌ နည်းနေစေရန် ဆိုက်ရောက်ဗီဇာ
ထုတ်ပေးခြင်း ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တာဝန်ကျသည့်


ရဲသတင်းတပ်ဖွဲ့မှ အရာရှိတဦးက “ဆိုက်ရောက်ဗီဇာ ထုတ်ပေးတာကို
စက်တင်ဘာ (၁) ရက်နေ့က စပြီး ရပ်တော့မယ်။ သိတဲ့အတိုင်း
ရွေးကောက်ပွဲ အကြိုပြင်ဆင်တဲ့အနေနဲ့ လုံခြုံရေးအရ လုပ်တာပါ။
အထက်က ပိတ်ဖို့ပဲ ညွှန်ကြားထားတယ်။ ဘယ်တော့ ပြန်ဖွင့်မယ်ဆိုတာကိုတော့ ညွှန်ကြားတာ မရှိသေးဘူး” ဟု
ပြောသည်။

အလားတူ လေဆိပ်တာဝန်ကျ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန အရာရှိတဦးကလည်း အဆိုပါ


သတင်းမှန်ကန်ကြောင်း၊ အထက်မှ ဆိုက်ရောက်ဗီဇာနှင့် ပတ်သက်ပြီး Review ပြန်လုပ်ရန် ယာယီပိတ်ထားပေးပါဟု
ပြောကြောင်း၊ ရွေးကောက်ပွဲကာလတွင် နိုင်ငံခြားသား များများစားစား ရှိမနေစေရန် ကြိုတင်ဆောင်ရွက်ခြင်း
ဖြစ်နိုင်ကြောင်း ပြောသည်။

မြန်မာစစ်အစိုးရသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် နိုင်ငံခြားသားများအား ဆိုက်ရောက်ဗီဇာ


ထုတ်ပေးခြင်းကို ပြီးခဲ့သည့် မေလတွင် စတင်ခဲ့ပြီး ဇူလိုင်လတွင် နိုင်ငံခြားသား ခရီးသည်ဝင်ရောက်မှု များပြားခဲ့ကြောင်း
သိရသည်။

ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဆိက


ုရောက်အဆောင်တွင်
သီးသန့်ကောင်တာတခု ဖွင့်လှစ်ဆောင်ရွက်ပေးကြာင်း၊ ယခုနောက်ပိုင်း ဝင်ရောက်သူ နိုင်ငံခြားသားများအနက်
ဗီဇာလုပ်ပြီးမှ လာသူများနှင့် ဆိုက်ရောက်ဗီဇာ ယူသူတို့ကို နှိုင်းယှဉ်ပါက ဆိုက်ရောက်ဗီဇာ ယူသူ
သိသိသာသာများကြောင်း လေဆိပ် လဝက အရာရှိက ပြောသည်။

စစ်အစိုးရက ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို ယာယီ ရပ်ဆိုင်းတော့မည်ဖြစ်သကဲ့သို့ မြန်မာပြည်တွင်း


အလုပ်အကိုင်နှင့် မှီခို နေထိုင်သူများကိုလည်း စိစစ်မှု ပိုမိုလုပ်လာကြောင်း ကာယကံရှင်များက ပြောကြသည်။

ပြည်တွင်းခရီးသွားအေဂျင်စီမှ တာဝန်ရှိသူတဦးက ဆိုက်ရောက်ဗီဇာကြောင့် ကမ္ဘာလှည့်ခရီးသွား တိုးတက်လာသည်ကို


စာရင်းဇယားတို့တွင် ကြည့်ပါက ငြင်းမရနိုင်ကြောင်း၊ ယခု ကမ္ဘာလှည့်ခရီးသည် လည်ပတ်သည့်ရာသီ
မဟုတ်သော်လည်း ခရီးသည် မှန်မှန်ဝင်နေကြောင်း၊ ဟိုတယ်များတွင်လည်း ယခင်နှစ်များကဲ့သို့ အခြေအနေ
မဆိုးကြောင်း ပြောသည်။
၎င်းက “အခုအတိုင်းဆို ဆိုက်ရောက်ဗီဇာ ပိတ်ပင်ရုံမက ရိုးရိုးဗီဇာ ရယူဖို့လည်း ခက်ခဲလာမှာ သေချာတယ်။ ဒီအတွက်
ခရီးသွားလုပ်ငန်းကို ထိခိုက်မှာ ဖြစ်တယ်” ဟု ဆိုသည်။

အစိုးရထုတ်ပြန်သည့် စာရင်းဇယားများအရ မေ၊ ဇွန် (၂) လအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ


နိုင်ငံခြားခရီးသည် (၄,၅ဝဝ) နီးပါးကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့ကြောင်း၊ တရက်လျှင် ပျမ်းမျှ ခရီးသည် (၇ဝ) မှ
(၁၁ဝ) ကျော် ထုတ်ပေးခဲ့ပြီး ဇူလိုင်နှင့် သြဂုတ်တတ
ိွု့င် ခရီးသည် ပိုမိုလာကြောင်း သိရသည်။

ယခု ကြေညာချက်ကြောင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ စိတ်ပျက်နေကြသကဲ့သို့ နိုင်ငံရေးသမားများကလည်း


ရွေးကောက်ပွဲကို နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ လာရန် မဆိုထားနှင့် ရိုးရိုး ခရီးသည်များကိုပင်
ပြည်ဝင်ခွင့် တင်းကျပ်လာသည့်အတွက် ရွေးကောက်ပွဲ တရားမျှတမှု ရှိနိုင်မည်မဟုတ်ဟု မှန်းဆနိုင်ကြောင်း
ပြောဆိုကြသည်။

Source:http://khitpyaing.org/index.php?route=detail&id=3627

ရွေးကောက်ပွဲကြောင့် အစ္စလာမ်ဘာသာရေးနေ့ အခက်အခဲ ဖြစ်နင


ို
စစ်အစိုးရက ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာလိုက်ရာ အစ္စလာမ် ဘာသာဝင်များ၏
ကုရ်ဗာနီ အစ်ဒ် ခေါ် အသားအစ်ဒ် ပြုလုပ်မည့် အချိန်နှင့် တိုက်ဆိုင်နေသဖြင့် ကျင်းပခွင့် မရမည်ကို အစ္စလာမ်
ဘာသာဝင်များက စိုးရိမ်နေကြသည်။

“အသားအစ်ဒ်က နိုဝင်ဘာ ၇ ရက်နဲ့ ၉


ရက်ကြားမှာဖြစ်နေတယ်။ ၇ ရက်မှာ
သွားတိုက်ဆိုင်နေရင်တော့ ကျနော်တို့ကို အစ်ဒ်လုပ်ခွင့်
ပေးမယ်မထင်ဘူး” ဟု မြန်မာ - မွတ်ဆလင် အသင်းမှ
ဘာသာရေး ခေါင်းဆောင်တဦးက ပြောသည်။

အစ္စလာမ် ဘာသာဝင်တို့၏ ရာမာဒန်


ဥပုသ်ကာလသည် ယခုလ ၁၂ ရက်နေ့တွင် စတင်ပြီး
စက်တင်ဘာ ၉ ရက်တွင် ပြီးဆုံးမည်ဟု အစ္စလာမ်
ဘာသာရေး ခေါင်းဆောင်က ဆိုသည်။

ရန်ကုန်မြို့လယ်ရှိ အစ္စလာမ်ဘာသာဝင်တို့၏ ဗလီ


ကုရ်ဗာနီ အစ်ဒ်မှာ မုန့်အစ်ပြုလုပ်ပြီး ၂
ဝတ်ကျောင်းတခု မြင်ကွင်း (ဓာတ်ပုံ -
လခန့်အကြာတွင် ဖြစ်သဖြင့် ရွေးကောက်ပွဲပြုလုပ်မည့်
sanooaung.wordpress.com)
နိုဝင်ဘာလ ၇ ရက် ၀န်းကျင်တွင်
ကျရောက်နေကြောင်း၊ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး ကာလတွင်လည်း အစ္စလာမ် ဘာသာဝင်တို့၏
ရာမာဒန် ဥပုသ်အပြီး မုန့်အစ်နှင့် တိုက်ဆိုင်နေသဖြင့် အစိုးရက မုန့်အစ်ကျင်းပခွင့် ပိတ်ပင်ခဲ့ကြောင်း သိရသည်။

ရွှေဝါရောင် တော်လှန်ရေးကာလ သံဃာတော်များ လမ်းလျှောက်ဆန္ဒပြချိန်တွင် အစ္စလာမ် ဘာသာဝင် တချို့လည်း


တက်ကြွစွာ ပါဝင်ခဲ့ပြီးနောက်ပိုင်း ၎င်းတို့ဘာသာဝင်များအပေါ် ကန့်သတ်ချက်များ ပိုများလာသည်ဟု ရွှေဘုံသာလမ်းရှိ
ဗလီဝတ်ကျောင်းတကျောင်းမှ ဗလီဆရာတဦးက ဆိသ
ု ည်။
“အစ်ဒ်လုပ်မယ်ဆိုရင်လည်း ကန့်သတ်ချက်တွေ အများကြီးရှိတယ်။ အသားအစ်ဒ်ဆိုရင် အိမ်မှာ လုပ်လို့မရဘူး။
သားသတ်ရုံ နေရာသတ်မှတ်ထားတဲ့ သန်လျင်တို့၊ ရွာသာကြီးတို့မှာပဲ သတ်ခွင့်ရှိတယ်။ သတ်ပြီးရင်လည်း လုံလုံခြုံခြုံ
ဖုံးအုပ်ပြီးမှ သယ်လာရမယ်။ ပြန်လာတဲ့လူတွေကိုလည်း သွေးတွေဘာတွေ စင်ထားတာမရှိအောင် ဆေးကြောပြီးမှ
ပြန်လာရမယ်ဆိုပြီး အမိန့်ထုတ်ထားတယ်” ဟု အဆိုပါ ဗလီဆရာက ပြောသည်။

“သာမန်အချိန်မှာတောင် အဲဒီလောက် ကန်သ


့ တ်နေတာ။ ရွေးကောက်ပွဲရက်နဲ့ တိုက်တယ် ဆိုရင်တော့ သူတက
ို့
ပေးလုပ်မယ် မထင်ဘူး” ဟု ဗလီဆရာက ဆိုသည်။

စစ်အစိုးရက မြို့နယ်တချို့တွင် ဗလီဆောက်လုပ်ခွင့်ကို ကန့်သတ်ထားပြီး အစ္စလာမ် ဘာသာဝင်များ ဘုရား


ဝတ်ပြုချိန်တွင် ဗလီဆရာများက အချက်ပေး အော်ဟစ်သည့်အခါ အသံချဲ့စက်များ၊ စပီကာများဖြင့်
အော်ဟစ်ခွင့်ကိုလည်း ပိတ်ပင်ထားသည်ဟု သိရသည်။

အစ္စလာမ် ဘာသာဝင်တို့၏ ထုံးစံအရ ရာမာဒန်ဥပုသ်ကာလတွင် မိသားစုအားလုံး အင်္ကျီအ၀တ်အစား အသစ်များ


ဝတ်ဆင်ရမည် ဖြစ်သော်လည်း အများစုမှာ စီးပွားရေးကျပ်တည်းမှုကြောင့် ၀ယ်ယူဝတ်ဆင်နိုင်ကြခြင်း မရှိဟုလည်း
အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တဦးက ဆိုသည်။

“ရွေးကောက်ပွဲကြောင့် အစ်ဒ်ကျင်းပခွင့် မရဘူးဆိုတာတော့ ကျနော်တို့ လက်မခံပါဘူး။ ဘာသာရေးနဲ့ နိုင်ငံရေးက


ဘာမှမဆိုင်ပါဘူး။ ကျနော်တို့ ကိုယ်တိုင်လည်း ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာဖြစ်သလို ဘာသာရေး
ကိစ္စတွေကိုလည်း သူ့အချိန်နဲ့သူ လုပ်သွားမှာပါ” ဟု အစ္စလာမ်ဘာသာ ကိုးကွယ်သည့် ကမန်လူမျိုးစုများကို ကိုယ်စားပြု
ဖွဲ့စည်းထားသော ကမန် အမျိုးသား တိုးတက်ရေးပါတီမှ တာဝန်ရှိသူတဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီလတွင် ထုတ်ပြန်သည့် အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် ကော်မရှင်


(USCIRF) ၏ အစီရင်ခံစာတွင် မြန်မာစစ်အစိုးရသည် ဘာသာရေးဖိနှိပ်မှုများ ပြင်းပြင်းထန်ထန်ပြုလုပ်နေသည့်
နိုင်ငံအဖြစ် ထိပ်ဆုံးအဆင့်တွင် သတ်မှတ်ခံထားရသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/3891-2010-08-23-08-21-01

ရွေးကောက်ပွဲ သပိတေ
် မှာက်မက
ှို ပြည်သတ
ို့ ကြိုဆို
တက်လူ / ၂၃ သြဂုတ် ၂၀၁၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ထုတ်ပြန်သော ရွေးကောက်ပွဲ သပိတ်မှောက်မှုကို ရန်ကုန်ပြည်သူလူထုက


ကြိုဆိုထောက်ခံနေကြကြောင်း သိရသည်။

စစ်အစိုးရက ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအား သပိတ်မှောက်မည်ဟု


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ၏ ထုတ်ပြန်ကြေညာချက်ကို ရန်ကုန်ပြည်သူတို့က
ထောက်ခံခဲ့ကြကြောင်း မြို့တွင်း သတင်းရပ်ကွက်များမှ သိရသည်။

သြဂုတ် (၁၉) တွင် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်များနှင့် ဗဟိုဦးစီးအဖွဲ့ဝင်တို့ပါဝင်သည့် ဆွေးနွေးပွဲအပြီး၌


ရွေးကောက်ပွဲကို သပိတ်မှောက်ရန် အန်အယ်လ်ဒီက ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။

“သပိတ်မှောက်ကို မှောက်ရမယ်။ အထွေအထူး လုပ်ပြစရာမလိုဘူးလေ၊ မဲမပေးဘဲနေလိုက်မှာပေါ့။ ကျနော်ကတော့


အိမ်မှာပဲနေမှာ” ဟု တာမွေမြို့နယ်မှ အငြိမ်းစားတရားသူကြီးတဦးက ပြောသည်။

မဲမပေးဘဲနေလျှင်လည်း ရသည်ဆိုသည့် အသိမျိုး ပြည်သူအများကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် လှုံ့ဆော်မှုများ


လုပ်ပေးရန် လိုအပ်ကြောင်းလည်း ၎င်းက ပြောသည်။

နအဖစစ်အစိုးရ၏ ကြံ့ဖွံ့ပါတီက တနိုင်ငံလုံးတွင် ပါတီရုံးများကို သြဂုတ် (၂၀) ရက်တွင်


တပြိုင်နက်တည်းဖွင့်လှစ်ခဲ့သည်။ တရားဝင်စည်းရုံးမှုများ၊ ကြွေးကြော်သံများဖြင့် ၎င်းတို့က စည်းရုံးလုပ်ဆောင်ခွင့်
ရရှိနေသော်လည်း အခြားမည့်သည့်ပါတီမျှ ယင်းကဲ့သို့ လုပ်ဆောင်ခွင့် မရရှိပေ။

ရန်ကုန်စည်ပင်သာယာမှ တပ်မတော်အရာရှိဟောင်း ၀န်ထမ်းတဦးက ၎င်းအနေဖြင့် မဲပေးရမည့်ပါတီကို မမြင်သေးဟု


ဆိုသည်။

၎င်းက “ဘယ်သူ့ကို မဲပေးရမှာလဲ၊ ကြံ့ဖွံ့ကလည်း အစိုးရပဲလေ။ ကြံ့ဖွံ့ကိုမဲပေးရင် စစ်အစိုးရကို ထောက်ခံတာပဲ။


တခြားပါတီတွေကလည်း အဆင်ပြေတာကို မတွေ့ရသေးဘူး၊ အဲဒီတော့ မပေးဘူး” ဟု ပြောဆိုသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌဖြစ်သူ ဦးသုဝေကမူ ရွေးကောက်ပွဲကို ဆန့်ကျင်ကြမည့်သူများကို မည်သို့မျှ


မပြောလိုဟု ဆိုသည်။

၎င်းက “လူတွေကတော့ အယူအဆတွေ ကွဲကြမှာပေါ့၊ ဒါကို ကျနော်တို့ ဘာမှ ပြောခွင့်မရှိဘူး။ သူတို့မှာ


ပြောပိုင်ခွင့်ရှိတယ်လေ” ဟု ပြောသည်။

အသက် (၃၇) နှစ်အရွယ် ဘွဲ့ရလူငယ်တဦးက ရွေးကောက်ပွဲသည် အစိုးရအတွက်


အာဏာတည်တံ့ရေးသာဖြစ်သောကြောင့် မီးလောင်ရာလေပင့် မဖြစ်ကြစေရန်နှင့် ပြည်သူတို့အနေဖြင့် မဲမပေးခြင်းကသာ
၎င်းတို့အား ကန်က
ွ့က်ရာရောက်လိမ့်မည် ဖြစ်ကြောင်း ပြောဆိုသည်။

၎င်းက “ပြည်သူတွေကလည်း သိပြီးသားပါ။ အစိုးရအနေနဲ့ ဘယ်လိုဉာဏ်တွေနဲ့ လုပ်နေတယ်ဆတ


ိုာပေါ့။ ကျနော့်
သဘောထားကတော့ ရွေးကောက်ပွဲကို ဆန့်ကျင်ပါတယ်လို့အော်ပြီး ပြောနေစရာမလိုဘူး။ ကိုယ်က ရွေးကောက်ပွဲကို
အသိအမှတ်မပြုသလို နေလိုက်ရင် ကိစ္စငြိမ်းပြီ။ အဲဒီလို ဖြစ်လာဖို့ဆိုတာကလည်း တယောက်ချင်းစီမှာ တာဝန်ရှိတယ်လို့
ထင်တယ်ဗျ” ဟု ပြောသည်။

ပြည်တွင်းမှ မြန်မာ့အရေးလေ့လာသူတဦးကလည်း “အန်အယ်လ်ဒီက ရွေးကောက်ပွဲသပိတ်မှောက်ဖို့ ကြေညာတာကို


ပြည်သူတွေက သိကြတယ်လေ။ အန်အယ်လ်ဒီဟာ လွန်ခဲ့တဲ့နှစ် (၂၀) ကျော်ကပဲ ရှိခဲ့တာဖြစ်တယ်။ နောက်တချက်က
ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တယ် ဆိုတာကို တတိုင်းပြည်လုံး သိကြတဲ့အတွက် အန်အယ်လ်ဒီ အခုလို
ကြေညာချက်ထုတ်လိုက်တာ သက်ရောက်မှုတခုခု ရှိလာမယ်လို့ ယုံကြည်တယ်” ဟု ပြောကြားသည်။

Source:http://khitpyaing.org/index.php?route=detail&id=3629
ကြံဖ
့ မ
ွံှ့ အာဏာပိင
ု မ
်ျားနှင့် ပေါင်း၍ NUDP ဥက္ကဌပိင
ု စီးပွားရေး
လုပင
် န်းများ ပိတခ
် င
ိုး
ကရင်နီပြည်နယ် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းမှ ဒေသခံအာဏာပိုင်များနှင့် ပူးပေါင်းပြီး ကရင်နီပြည် ကိုယ်စားပြု
လူမျိုးပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ NUDP ဥက္ကဌ ပိုင်ဆိုင်သော ပုဂ္ဂလိကပိုင် စီးပွားရေး
လုပ်ငန်းများကို ပိတ်ပင်လိုက်သည်။

လာမည့် နိုင်ဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲတွင် NUDP ပါတီ အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မှု မပြုလုပ်နိုင်ရန်


ကြံ့ဖွံ့အဖွဲ့မှ ယခုလို ခြိမ်းခြောက်နှောက်ယှက်နေခြင်း ဖြစ်သည်ဟု NUDP ပါတီနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ကြံ့ခိုင်ရေး ပါတီအဖွဲ့နဲ့ သက်ဆိုင်တဲ့ လွိုင်ကော်မြို့နယ် အာဏာပိုင်တွေနဲ့ ဒီးမော့ဆိုမြို့နယ် အာဏာပိုင်တွေက


ပါတီဥက္ကဌ ဦးစဲရယ်လှဖေရဲ့ ကိုယ်ပိုင်လုပ်ငန်းစီးပွားလုပ်ငန်း ဖြစ်တဲ့ သစ်ခွဲစက်တို့ ကျောက်ခွဲ လုပ်ငန်းတို့
မလုပ်ခိုင်းဘူး။ ကိုယ်ပိုင်စီးပွားရေးတွေနဲ့ သားသမီး စီးပွားရေးကအစ အပိတ်ပင်ခံလိုက်ရတယ်။ မိသားစုဝင် အားလုံးက
စိတ်ဆင်းရဲကြတယ်” ဟု ပြောသည်။

ပါတီစုံရွေးကောက်ပွဲအဖြစ် ဥပဒေအရ နိုင်ငံတော်က ခွင့်ပြုထားသည့်အတွက် ကရင်နီပြည်နယ်အဆင့် ကြံ့ဖွံ့အဖွဲ့မှ


မည်ကဲ့သို့ပင် ခြိမ်းခြောက်နှောက်ယှက်စေကာမူ လာမည့် ရွေးကောက်ပွဲကို မဖြစ်မနေ ၀င်ရောက်ရှင်ပြိုင်နိုင်ရန်
ပါတီဝင်များ အနေဖြင့် ကြိုးပမ်းသွားမည်ဟု ဆိုသည်။

“မ.ယ.ကဥက္ကဌ အငြိမ်းစား ဖြစ်တဲ့ ပြည်နယ်အဆင့်မှာ နေရာရထားတဲ့ ကြံ့ခိုင်ရေး အသင်းက လူကြီးက လာပြောတယ်။


စအဖကလည်း နေ့စဉ်နှင့်အမျှ လာပြီး ပါတီကို မနိုင်ရင် ဆက်မထောင်ပါနဲ့ ဆိုပြီး လာပြီး ဖိအားပေးနေတယ်။ ပါတီကို
အရမ်းကြောက်နေကြတဲ့ ပုံစံနဲ့ လာပြောနေကြတယ်။ ကယားပြည်နယ်မှာ ပြိုင်ဘက်မရှိ တစ်ပါတီ စနစ်နဲ့ အနိုင်ရချင်တဲ့
ရည်ရွယ်ချက်နဲ့ လုပ်နေကြတာ ဖြစ်တယ်” ဟု UNDP နှင့် နီးစပ်သူက ပြောပြသည်။

ဦးစဲရယ်လှဖေ ဦးဆောင်သည့် NUDP ပါတီကို ပြီးခဲ့သည့် ဇူလှိုင်လ ၂၀ ရက်နေ့တွင် စတင်ထူထောင်လိုက်ပြီး


ယင်းပါတီသည် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း နည်းဥပဒေများဖြင့် ညီညွတ်သောကြောင့် ကော်မရှင်မှ ယခု သြဂုတ်လ ၅
ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုလိုက်သည်။

NUDP ပါတီ ထူထောင်ရသည့် ရည်ရွယ်ချက်နှင့် ပါတ်သက်ပြီး ပါတီအတွင်းရေးမှူး ဖြစ်သည့် ဦးမီရယ် (ခ) ရဲအောင်က
ကန္တာရ၀တီတိုင်း(မ်)ကို ယခုလို ပြောပါသည်။

“ပါတီတည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ ကယားပြည်နယ် ကိုယ်စားပြု ပါတီတစ်ခု ရှိသင့်တယ်လို့


ခံယူထားပါတယ်။ အနာဂတ်မှာ ကယားပြည်နယ် အတွင်းရှိလူမျိုးစုံ မျိုးဆက်သစ် လူငယ်များအတွက်
ရည်ရွယ်ချက်ကြီးစွာနဲ့ ဖွဲ့စည်းတည်ထောင်ရခြင်း ဖြစ်တယ်။ အခြားအခြားသော ပါတီကို အတိုက်အခံလုပ်ဖို့ ဆန့်ကျင်ဖို့
မဟုတ်ပါဘူး။ ပြည်နယ်နှင့် ပြည်သူလူထုအတွက်လို့ ရည်ရွယ်ဖွဲ့စည်းတည်ထောင်တယ်လို့ ပြောလိုပါတယ်။”

NUDP ပါတီ မထူထောင်ကတည်းက ကြံ့ဖွံ့အဖွဲ့မှ လူပုဂ္ဂိုလ်ရေးအရရော အဖွဲ့အစည်းအရပါ ပါတီ မထူထောင်နိုင်ရန်


အမျိုးမျိုး ခြိမ်းခြောက်နှောက်ယှက်လျက်ရှိခဲ့သည်ဟု သိရသည်။
Source:http://ktimes.org/news/regional/item/709-kya-poo-corporate-with-authorities-and-ban-nudp-
business

လျာထားသညြ့် ကံဖ
့ ပ
ွ့ါံတီအင်အားမပြည့၍
် ဗိလ
ု ခ
်ျုပ်မှ ကြိမ်း မောင်း
ဟောင်ဒန
ိး - မြို့နယ်အတွင်း လျာထားသည့်ကြံ့ဖွံ့ပါတီအင်အား ပြည့်အောင် မဖြည့်ရသေးသည့်
မြို့နယ်အထွေထွေအတွင်းရေးမှူးတို့အား သတ္တုတွင်းဝန်ကြီး ဗိုလ်ချုပ်အုန်းမြင့်က ဆူပူကြိမ်းမောင်းကြောင်း သိရသည်။

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကြံ့ဖွံ့ပါတီအင်အား သုံးသောင်း မပြည့်သည့်အတွက် ဗိုလ်ချုပ်အုန်းမြင့်မှ


မုဒုံမယကဥက္ကဌအား စိတ်ခုသွားကြောင်း ၄င်းပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“သူတို့ပါတီအင်အားမပြည့်တဲ့အတွက် လွန်ခဲ့တဲ့ ၂ လ ၃ လတုန်းက နိုင်ငံသားစိစစ်ရေးကဒ် (မှတ်ပုံတင်) လုပ်ဖို့


ကောက်ယူထားတဲ့အိမ်ထောင်စုစာရင်းတွေ အကုန်လုံးနီးပါးကို သူတို့ပါတီထဲ ထည့်တယ်” ဟု မုဒုံမြို့နယ်
ကျိုက်ရွဲရွာသားတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ၂ လ ၃ လခန့်တွင် မှတ်ပုံတင်လုပ်ရန် ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းများမှာ


ကျေးရွာစာရေးများထံတွင်သာရှိနေပြီး မှတ်ပုံတင်မပြုလုပ်ရသေးသည့်အတွက် မြို့နယ်မယကဥက္ကဌမှ ၄င်းကို အလျင်စလို
ပြုလုပ်ရန် ကျေးရွာဥက္ကဌများအား ညွန်ကြားထားသည်ဟု ကြံ့ဖွံ့ပါတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ကြံ့ဖွံ့ပါတီအင်အားပြတဲ့နေ့မှာ လူဦးရေ မပြည့်တော့ (ဗိုလ်ချုပ်) က မယကဥက္ကဌကို ဟောက်တယ်၊ မယကဥက္ကဌက


ကျေးရွာဥက္ကဌတွေကို ပြန်ဟောက်တယ် အဲဒီစာရင်းတွေ မပြီးလို့လေ။ အခုတော့ အဲဒီစာရင်းကို ရွာတိုင်း
ပြီးအောင်လုပ်နေရတယ်” ဟု ၄င်းနီးစပ်သူက ပြောသည်။

ယခုလောလောဆယ်တွင် ကျေးရွာစာရေးရရှိထားသော အိမ်ထောင်စုစာရင်းများကို ၄င်းတို့ပါတီထဲသို့


စာရင်းသွင်းနေသည်။ ကြံ့ဖွံ့ပါတီတို့သည် အခြားသော ပါတီများကဲ့သို့ စည်းရုံးရေးမဆင်းဘဲ
၎င်းတို့နီးစပ်သူတို့၏အိမ်များကိုသာ သွားရောက်စည်းရုံးနေသည်ဟု နိုင်လှုံရွာသားတစ်ဦးက ပြောသည်။

ကြံ့ဖွံ့ပါတီနှင့် နီးစပ်သူက သတ္တုတွင်းဝန်ကြီး ဗိုလ်ချုပ်အုန်းမြင့်ကို မုဒုံမြို့နယ်အမတ်အဖြစ် လျားထားကြောင်း၊


၎င်းတို့စည်းရုံးရေးခရီးစဉ်တွင်လည်း ကျေရွားလှည့်ကာ ၄င်းတို့ပါတီဝင်အဖြစ် ဓာတ်ပုံများကို ရိုက်ယူနေသည်။

ကြံ့ဖွံ့ပါတီသည် မုဒုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက် ဗိုလ်ချုပ်အုန်းမြင့်၊ အခြားသော ဗိုလ်မှူးနှစ်ဦးနှင့်


ဒေါက်တာလှသိန်းတို့အား လျားထားသည်ဟု သိရသည်။

လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းစတင်


တင်သွင်းနိုင်သည့်နေ့ရက်မှာ သြဂုတ်လ ၁၆ ရက်နေ့ဖြစ်ပြီး နောက်ဆုံးနေ့ရက်မှာ သြဂုတ်လ ၃၀ ရက်နေ့ ဖြစ်သည်ဟု
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သတ်မှတ်ကြေညာထားသည်။ သို့သော်လည်း သြဂုတ်လ ၂၇ ရက်နေ့တွင်
နောက်ဆုံးရက်တင်သွင်းမည်ဟု ကြံ့ဖွံ့ပါတီနှင့်နီးစပ်သူက ပြောသည်။

Source:http://monnews.org/bu/?p=544

ရခုင
ိ ပ
်ါတီ ဆွေမျိုးများကို ရဲခေါ်စစ်မှု ကန်က
ွ့က်
ခိုင်စု | တနင်္လာနေ့၊ သြဂုတ်လ ၂၃ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၄၂ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ပါတီခေါင်းဆောင်များ၏ ဆွေမျိုးများကို လုံခြုံရေးတပ်ဖွဲ့များက ခေါ်ယူစစ်ဆေးနေမှုကို


တားမြစ်ပေးရန် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး (RNDP) ပါတီက ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်သို့ ယခုလ
၂ဝ ရက်နေ့က တိုင်ကြားလိုက်သည်။

ယခုလဆန်းမှစ၍ RNDP ခေါင်းဆောင်အချို့၏ ဆွေမျိုးများကို ရဲ၊ အထူးရဲသတင်းတပ်ဖွဲ့ (SB) နှင့် ဒုစရိုက်နှိမ်နင်းရေး


(ဒန) တပ်ဖွဲ့ဝင်များက ကိုယ်ရေးအချက်လက်များနှင့် RNDP ပါတီအကြောင်း စစ်ဆေးမေးမြန်းခဲ့သည်ကို
ပြည်ထောင်စုနှင့် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်များထံ စာရေးသား ကန့်ကွက်ခြင်းဖြစ်သည်။

“အမျိုးတွေက ဒီလိုမေးမြန်းခံရတာတွေရှိတော့ ကြောက်ပြီး ကျနော့်ကို


စိုးရိမ်တကြီးနဲ့ ပြောကြတယ်၊ နိုင်ငံရေး မလုပ်နဲ့တော့လို့။ အခုလို
ပြည်သူတွေက နိုင်ငံရေးနဲ့ပတ်သက်ပြီး အကြောက်တရား
လွှမ်းမိုးနေချိန်မှာ ဒီလိုလုပ်ခြင်းဖြင့် ပါတီဝင်ဖို့ရော၊ ပါတီကို
အားပေးထောက်ခံဖို့ကိုပါ ခြိမ်းခြောက်နေပါတယ်” ဟု RNDP
အတွင်းရေးမှူး ခိုင်ပြည်စိုးက မဇ္ဈိမကို ပြောသည်။

လဆန်းက စစ်တွေမြို့နယ် RNDP အတွင်းရေးမှူး ဦးအောင်မြကျော်ကို


ရဲတပ်ဖွဲ့နှင့် ဒုစရိုက်နှိမ်နှင်းရေး (ဒန) က သီးခြားစီ ခေါ်ယူမေးမြန်းခဲ့သလို မောင်တောမြို့တွင် နေထိုင်သည့် ၎င်း၏ ညီကို
SB က စစ်ဆေးမေးမြန်းခဲ့သည်။ မင်းပြားမြို့နယ် သစ်ပုပ်တောင်ကျေးရွာတွင် နေထိုင်သည့် ခိုင်ပြည်စိုး၏ အမကိုလည်း
ကျေးရွာ ရယကမှတဆင့် မြို့နယ် SB တပ်ဖွဲ့က ခေါ်ယူမေးမြန်းခြင်း၊ အကိုဖြစ်သ၏
ူ နေအိမ်သို့ အထူးရဲသတင်းတပ်ဖွဲ့က
လာရောက်စစ်ဆေးခြင်းများ ရှိခဲ့သည်။

ထို့အပြင် စစ်တွေမြို့ RNDP ရုံးချုပ်ရှေ့ ပါတီကြော်ငြာဘုတ်တွင် ကြေညာချက်နှင့် ကြွေးကြော်သံများ ရေးထားသည်ကို


ပြီးခဲ့သည့်လ ၂၇ ရက်နေ့ နောက်ပိုင်း SB က နေ့စဉ် ဓာတ်ပုံရိုက်ယူလေ့ရှိရာ ကော်မရှင်သို့ ကန့်ကွက်စာပို့ပြီး
နောက်တနေ့ နံနက်တွင် မိုးရွာသဖြင့် သိမ်းဆည်းထားသည့် ယင်းကြော်ငြာဘုတ်ကို အာဏာပိုင်များက ရုံးအတွင်း
ဝင်ကာ ဓာတ်ပုံရိုက်သွားကြောင်းလည်း သိရသည်။

“’အရင်က SB ပဲ လာပြီး ဓာတ်ပုံရိုက်တာ။ အခုတော့ (ဒန) ရယ်၊ ရဲတပ်ဖွဲ့ရယ် ပေါင်းပြီးလာတော့ တရုန်းရုန်း


ဖြစ်သွားတာ” ဟု ခိုင်ပြည်စိုးက ပြောသည်။

မိဘမဲ့ကလေးများကို စောင့်ရှောက်ပေးနေသည့် စစ်တွေမြို့မှ ဆရာတော် ဦးပညာစာရအကြောင်း RNDP က


ကြေညာချက်ထုတ်သဖြင့် သတင်းမှားများ ဆက်ထုတ်လျှင် ပါတီဖျက်သိမ်းပစ်မည်ဟု
ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ယခုလ ၁၁ ရက်က ခေါ်ယူသတိပေးခဲ့သေးသည်။

ဦးပညာစာရမှာ ယခုအခါ စစ်တွေမြို့ အကျဉ်းထောင်တွင် ချုပ်နှောင်ခံနေရပြီး လိမ်လည်မှု (ပုဒ်မ ၄၂ဝ)၊ သာသနာတော်


ညှိုးနွမ်းစေမှု (၂၉၅၊ ၂၉၂)၊ ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်မှု (၄ဝ၆)၊ အစိုးရကို အကြည်အညို ပျက်စေသော
စာရွက်စာတမ်းများ လက်ဝယ်ထားရှိမှု (၅ဝ၅ - ခ)၊ စည်ပင်အက်ဥပဒေ (၆၈ - ဂ)၊ နိုင်ငံခြားငွေ လဲလှယ်မှု အက်ဥပဒေ
(၂၄ - ၁) ဖြင့် ယခုလ ၁ဝ ရက်နေ့တွင် တကြိမ်၊ ၁၇ ရက်နေ့တွင် တကြိမ် စစ်တွေခရိုင် တရားရုံးတွင်
အစစ်ဆေးခံနေရသည်။

နိုဝင်ဘာရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ စစ်အစိုးရဝန်ကြီးများ ဦးဆောင်သည့် ကြံ့ဖွံ့ပါတီ၊ တိုင်းရင်းသား


စည်းလုံးညီညွတ်ရေး၊ ရခိုင်တိုင်းရင်းသားများ စည်းလုံးညီညွတ်ရေး၊ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားအင်အားစု၊ မြို
(ခေါ်) ခမီ အမျိုးသား ညီညွတ်ရေး၊ မြိုတိုင်းရင်းသား၊ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကမန်အမျိုးသား ပါတီတို့
ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

Source:http://www.mizzimaburmese.com/news/inside-burma/5909-2010-08-23-15-30-27.html

မြဝတီမြိုေ
့ ပ်ါတွင် ဂက်စအ
ိးု ပေါက်ကွဲမြှု ဖစ်ပွား

"လူစည်ကားသည့် မြဝတီမြိုတ
့ စ်နေရာ"

ဂျူရီချိုင်း - ကရင်ပြည်နယ် မြဝတီမြို့ပေါ်တွင် ယမန်နေ့ည ၈ နာရီခန့်က ဂတ်စ်အိုးပေါက်ကွဲမှုဖြစ်ပွားပြီး အိမ်အချို့နှင့်


အဆောက်အဦးအချို့ မီးလောင်ကျွမ်းခဲ့ကြောင်း မြို့ခံများက ပြောသည်။

အဆိုပါ ဂတ်စ်အိုးပေါက်ကွဲမှုမှာ မြို့အတွင်းရှိ ဂတ်စ်အိုးထားသည့်ဂိုဒေါင်မှ ဂတ်စ်အိုးများ ကားပေါ်တင်ရင်း


ကားပေါ်ရောက်ရှိနေသော ၎င်းဂတ်စ်အိုးမှ ဂတ်စ်များစတင်စိမ့်ထွက်နေပြီး ကားသမားက မြို့တွင်း ပေါက်ကွဲမှုမဖြစ်ရန်
ကားကို မြို့ပြင်အရောက် မောင်းသော်လည်း မြို့ပြင်မရောက်ဘဲ အမှတ် (၁) အထက်တန်း စာသင်ကျောင်းရှေ့မှာ
ပေါက်ကွဲခဲ့ကြောင်း မျက်မြင်တစ်ဦးက ပြောသည်။

“လက်နက်ကြီးတွေ ဗုံးတွေ ကျကွဲတဲ့အသံလိုပဲ၊ တစ်လုံးစပေါက်ပြီးဆို ကျန်တဲ့အလုံးတွေလည်း


ဆက်တက
ိုပေါက်တာပေါ့၊ ပေါက်ကွဲမှုကနေ သေဆုံးသူတော့မရှိဘူး” ဟု ၎င်းက ပြောသည်။

ကားပေါ်တွင် တင်ထားပြီးသော ဂက်စ်အိုး အလုံးပေါင်း အနည်းဆုံး ၅၀ လုံးခန့်ပါသည်ဟု ခန့်မှန်းပြောဆိုခဲ့သည်။


ပေါက်ကွဲမှုကြောင့် ကားသမားလည်း ထွတ်ပြေးလိုက်လေသည်။

ယင်းပေါက်ကွဲမှုကြောင့် မီးသတ်သမား ၃ ဦး မီးအရှိန်ဟပ်ကာ ဒဏ်ရာရရှိခဲ့ကြောင်း အနီးပတ်ဝန်းကျင်ရှိ အိမ်နှစ်လုံးနှင့်


တဲအိမ်တစ်ချို့လည်းလောင်ကျွမ်းခဲ့သည်။ ဂက်စ်အိုးတင်ထားသည့် ကားတစ်စီးလုံးလောင်ကျွမ်းသွားပြီး အထက (၁)
စာသင်ကျောင်းလည်း အနည်းငယ်လောင်ကျွမ်းသွားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါပေါက်ကွဲမှုမှာ မြဝတီမြို့ပေါ်ရှိ အမှတ် (၄ နှင့် ၅) ရပ်ကွက်အကြားတွင် ဖြစ်ပွားခဲ့သည်။


ထိုပေါက်ကွဲသံကြီးကို တဘက်ကမ်း မဲဆောက်ဒေသခံများလည်း မီးအရှိန်နှင့်အတူ ပေါက်ကွဲသံများကိုပါ
မြင်တွေ့ကြားရကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“ယခင်ကလို အပြင်ကနေ ဗုံးလှမ်းပစ်တာလားလို့ ထင်နေကြတာ၊ နောက်တော့မှ ဂက်စ်အိုးပေါက်မှန်း သိရတယ်၊” ဟု


၎င်းက ပြောသည်။

ထိုပေါက်ကွဲသွားသည့်ဂတ်စ်သည် မြန်မာနိုင်ငံသို့ တင်သွင်းမည့်ဂတ်စ်များဖြစ်ပြီး ပိုင်ရှင်မှာ ဦးဝင်းလှိုင်ဖြစ်သည်။


ဦးဝင်းလှိုင်သည် ဂက်စ်ပေါက်ကွဲမှုဖြင့် ထောင်ဒဏ်တစ်နှစ်ကျခံခဲ့ဘူးသူ ဖြစ်ပြီး ယခုအခါလည်း ၎င်းသည် ယမန်နေ့
ပေါက်ကွဲမှုဖြစ်ပွားပြီး ညတွင်းချင်းမှာပင် မဲဆောက်ဘက်ကမ်းသို့ ရှောင်ပြေးသွားခဲ့သည်။ သူနှင့်အတူ ကားသမားလည်း
ပါသွားခဲ့သည်ဟု ဦးဝင်းလှိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လွန်ခဲ့သော ၂၀၀၈ ခုနှစ်၊ နှစ်လယ်ပိုင်းကလည်း ယခုလို ပေါက်ကွဲမှုမျိုးဖြစ်ပွားခဲ့ကြောင်း ယခုအခါ ပေါက်ကွဲခြင်းသည်


ဒုတိယအကြိမ်ပေါက်ကွဲခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

Source:http://monnews.org/bu/?p=541

You might also like