You are on page 1of 10

NDF ပါတီ ကိယ

ု စ
်ားလှယေ
် လာင်း တရာ ပါဝင်ယဥ
ှြ် ပိုင်မ
် ယ်
2010-08-22

လာမယ့် နိုဝင်ဘာလမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ အနေနဲ့


လွှတ်တော် ကိုယ်စားလှယ်လောင်း တရာနီးပါးအထိ ပါဝင် ယှဉ်ပြိုင်နိုင်မယ်လို့ NDF ပါတီ က ဒီကနေ့
ပြောကြားပါတယ်။

မြန်မာစစ်အစိုးရက အမျိုးသားဒီမိုကရေစီအင်အားစု National Democratic Force (NDF) ကို နိုင်ငံရေးပါတီအဖြစ်


မှတ်ပုံတင်ခွင့် ပြုလိက
ုပြီးနောက် ၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က ပါတီဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်း
သတင်းထောက်များနှင့် တွေ့ဆုံနေပုံ ဖြစ်ပါသည်။ (Photo: AFP)

မန္တလေးတိုင်းကို သီတင်းတပတ်ကြာ ခရီးလှည့်ရာက ရန်ကုန်မြို့ကို ဒီကနေ့ ပြန်လည် ရောက်ရှိလာတဲ့ NDF


ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်းက RFA ကို အခုလို ပြောကြားတာ ဖြစ်ပါတယ်။

“အဓိကအားဖြင့် လွှတ်တော်အားလုံး မဟုတဘ


်ဲ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကိုပဲ ကျနော်တို့
အဓိကထားပြီးတော့ စုဆောင်းလာတာပေါ့။ တိုင်းဒေသကြီးတို့ကတော့ ဒေသအလိုက်၊ ကျနော်တို့ အဲလောက်လည်း
အသေးစိတ် လိုက်မလုပ်နိုင်တော့ သူ့တိုင်းအလိုက်ပဲ လုပ်ကြဖို့ ညွှန်ကြားခဲ့တယ်လေ။ အဲတော့ ပြည်သူ့လွှတ်တော်နဲ့
အမျိုးသားလွှတ်တော်ကတော့ တရာ ပတ်ဝန်းကျင် ပိုလည်းနည်းနည်း လိုလည်းနည်းနည်းပေါ့၊ အဲဒီလောက်တော့
ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်”

သြဂုတ်လ ၁၅ ရက်နေ့က စတင်ခဲ့တဲ့ NDF ပါတီခေါင်းဆောင်တွေရဲ့ မန္တလေးတိုင်း ခရီးစဉ်အတွင်း


တောင်တွင်းကြီးမြို့တွေမှာ ပါတီရုံးခန်းဖွင့်ပွဲနဲ့  ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ ခရီးစဉ်နဲ့
ပတ်သက်ပြီး အတိုင်းအတာတခုထိ ကျေနပ်မှုရှိကြောင်း ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။

“နယ်မှာရှိတဲ့ လုပ်ဖော်ကိုင်ဘက် ရဲဘော်တွေရော တခြားပြည်သူတွေနဲ့ရော အခိုက်အတန့် ဆုံတွေ့ရတာကို


ကျနော့်အနေနဲ့ အင်မတန် ကျေနပ်အားရ နှစ်သိမ့်ပါတယ်။ သူတို့အနေနဲ့ ကျနော်တို့ ဗဟိုကနေ ဆင်းပြီး တရင်းတနှီး
ဆွေးနွေးတိုင်ပင်ကြတာကို ကျေနပ်ကြပါတယ်။ တခုပဲ ရှိတာပေါ့၊ အခု ကျနော်တို့လုပ်ရတာ ပါတီရဲ့ မူဝါဒတွေ
လုပ်ငန်းစဉ်တွေကို အေးအေးဆေးဆေး ဆွေးနွေးဟောပြောတာတွေ လုပ်ခွင့် မရဘူးပေါ့။ ကျနော်တို့ အင်မတန်ကို
ဖုတ်ပူမီးတိုက်နဲ့ အပြေးအလွှားလုပ်ရတယ်ဆိုတော့ အဲဒါတော့ သိပ်ပြီး ကျေနပ်ဖွယ်ရာ မရှိဘူးပေါ့ဗျာ”

ခရီးစဉ်အစမှာ သက်ဆိုင်ရာ အာဏာပိုင်တွေကြောင့် လုပ်ငန်းမှာ အထစ်အငေါ့ အနည်းအကျဉ်း ရှိခဲ့ပေမယ့် NDF


ပါတီကို ပြည်သူလူထုက အားပေးထောက်ခံမှု ရှိတာကို တွေ့ရတဲ့အတွက် အားရကျေနပ်မှု ရခဲ့ကြောင်းလည်း
သိရပါတယ်။ NDF ပါတီ ခေါင်းဆောင်တွေဟာ မန္တလေးတိုင်းအပြင် မကွေးတိုင်းကိုပါ ခရီး လှည့်လည်ခဲ့တယ်လို
့သိရပါတယ်။

Source:http://www.rfa.org/burmese/news/about_hundred_NDF_candidates_to_participate_in_Novem
ber_election-08222010140556.html

နယူးဇီလန်ဝန်ကြီးချုပ်ကို မြန်မာ့အရေး တိက


ု တ
်ွန်း ဖို့ အမတ်တွေ
ပြင်ဆင်
2010-08-22

မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ရာဇဝတ်မှုနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့


ရာဇဝတ်မှုတွေအဖြစ် ကုလသမဂ္ဂအဖွဲ့က စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ လှုပ်ရှားမှုမှာ နယူးဇီလန်နိုင်ငံ ပါဝင်ရေးအတွက်
နယူးဇီလန်အမတ်တွေနဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အင်္ဂါနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးတခု ပြုလုပ်နေစဉ် ၂၀၁၀ ခုနှစ် သြဂုတလ


် က မှတ်တမ်းဓာတ်ပုံ
ဖြစ်ပါသည်။ (UN Photo/Paulo Filgueiras)

အဲဒီ အစည်းအဝေးကနေ နယူးဇီလန်ဝန်ကြီးချုပ်ကို တိုက်တွန်းတဲ့စာ ပေးပို့ရေးအတွက် ဆုံးဖြတ်မယ်လို့


မြန်မာ့အရေးလှုပ်ရှားသူ ကိုနိုင်ကိုကို က အာအက်ဖ်အေကို ပြောပါတယ်။

“အဲဒီ တွေ့ဆုံဆွေးနွေးပွဲရဲ့ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာစစ်အစိုးရကို စစ်ရာဇဝတ်မှုနဲ့ တရားစွဲရေးကိစ္စကို


နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် အနေနဲ့ ထောက်ခံအားပေးဖို့၊ ဆွေးနွေးပွဲမှာ တက်ရောက်လာမယ့် အမတ်အားလုံး
စုပေါင်းတိုင်ပင်ပြီးတော့ မြန်မာနိုင်ငံကိစ္စကို ကုလသမဂ္ဂမှာ ရှိတဲ့ နယူးဇီလန် သံအမတ်ကြီးနဲ့ အမေရိကန်တို့၊
သြစတေးလျတို့ အင်္ဂလန်တို့နဲ့ ပူးပေါင်းပြီးတော့ တရားစွဲဖို့ကိစ္စကို ထောက်ခံရန် စာနဲ့တင်ပြသွားမယ်၊ ဝန်ကြီးချုပ်ကို
ဘယ်လိုချည်းကပ်မယ် ဆိုတာတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်”

မြန်မာစစ်အစိုးရကို နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးတင် စစ်ဆေး အရေးယူဖို့ အတွက် အမေရိကန် ပြည်ထောင်စုက


ထောက်ခံကြောင်း ဆုံးဖြတ်ကြေညာခဲ့ပြီး ရက်ပိုင်းအတွင်း နယူးဇီလန်နိုင်ငံကလည်း အခုလို ပါဝင်လာတာ
ဖြစ်ပါတယ်။

ဒီအတောအတွင်း ပြည်ပအခြေစိုက် NDF အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (မဒတ) က စစ်အစိုးရနဲ့ ပတ်သက်ပြီး


လူသားထုအပေါ် ဆန့်ကျင် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းဆောင်ရွက်ဖို့
မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား အဆိုပြု တင်သွင်းချက်ကို ထောက်ခံတဲ့
အမေရိကန် ပြည်ထောင်စုရဲ့ ရပ်တည်ချက်အပေါ် ထောက်ခံပါကြောင်း ဒီကနေ့ ကြေညာလိုက်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်းရင်းသားနဲ့ တခြား နိုင်ငံရေးပါတီတွေ အနေနဲ့ ပြည်သူလူထု


တရပ်လုံးကို စစ်ကျွန်ဘဝသို့ အတင်း တွန်းပို့ဆောင်ရွက်နေတဲ့ သမိုင်းတရားခံများ မဖြစ်စေဖို့ ရွေးကောက်ပွဲကို
လူထုတရပ်လုံးနဲ့ လက်တွဲပြီး ကန့်ကွက် သပိတ်မှောက်ကြဖို့လည်း မဒတ က တိုက်တွန်း ထားပါတယ်။

Source:http://www.rfa.org/burmese/news/New-
Zeland_MPs_to_urge_Premier_for_supporting_UN_investigation_on_Burmese_junta-
08222010113027.html

စစ်အစိုး ရ နုင
ိ င
်ြံ ခားရေး ၀န်ကြီး အရှေ့တီမော ခရီးစဉ် ဆန္ဒပြမှုတွေနဲ့ ကြုံ

ဓာတ်ပုံ AP

မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း။ ဇူလိုင် ၂၁၊ ၂၀၁၀။

အရှေ့တီမောနိုင်ငံကို ရောက်နေတဲ့ မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို မြန်မာ့အရေး


ထောက်ခံသူတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြတာမှာ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်
အခြေအနေထိ ဖြစ်ခဲ့ပါတယ်။

အရှေ့တီမော သမ္မတ ရာမို့စ် ဟော်တာ (Jose Ramos-Horta) အပါအ၀င် တခြား အကြီးတန်း အရာရှိတွေနဲ့
တွေ့ဆုံဆွေးနွေးဖို့ ပြီးခဲ့တဲ့ သောကြာနေ့က ဒီလီလေဆိပ်ကို ဦးဉာဏ်ဝင်း ရောက်သွားတဲ့အချိန် ဒါဇင်နဲ့ချီတဲ့
ဆန္ဒပြသူတွေက စုဝေး ဆန္ဒပြခဲ့ကြတာလို့ စီစဉ်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြစ်တင်ရှုတ်ချကြောင်း ရေးသားထားတဲ့ စာတန်းတွေနဲ့


တခြားပစ္စည်းတွေကို ရဲတပ်ဖွဲ့က သိမ်းဆည်းတဲ့အခါ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတာပါ။

နေအိမ်အကျယ်ချုပ် ကျနေတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးပြီး


စစ်အစိုးရကို ဖြစ်နိုင်သမျှ အမြန်ဆုံး ဖြုတ်ချရမယ်လို့ ဆန္ဒပြခေါင်းဆောင် တယောက်က ပြောတာကို AFP
သတင်းတပုဒ်မှာ ကိုးကား ရေးသားထားပါတယ်။
ဒါပေမဲ့ အရှေ့တီမော သမ္မတ ရာမို့စ် ဟော်တာကတော့ မြန်မာနဲ့ အရှေ့တီမော နိုင်ငံအကြား ဆက်ဆံရေး
တိုးမြှင့်ချင်ကြောင်း၊ နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး တိုးတက်စေဖို့အတွက် အရှေ့တီမော နိုင်ငံခြားရေးဝန်ကြီး
ဇာကာရီယပ်စ် ဒါ ကော့စ်တာ (Zacarias Da Costa) ဟာ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ တဖွဲ့နဲ့အတူ မြန်မာနိုင်ငံကို
မကြာခင် သွားရောက်မှာဖြစ်ကြောင်း၊ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံနဲ့ ခိုင်မာတဲ့
ကူးသန်းရောင်းဝယ်ရေး စတင်ဖို့ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး တွေ့ဆုံဆွေးနွေးရေး စတင်ဖို့ မြန်မာစစ်အစိုးရကို


တိုက်တွန်းခဲ့တယ်လို့လည်း ရာမို့စ် ဟော်တာက ပြောကြောင်း AFP သတင်းမှာ ရေးထားပါတယ်။

အရှေ့တီမော သမ္မတ ရာမို့စ် ဟော်တာ ကိုယ်တိုင်ဟာ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် တဦးဖြစ်ပြီး မြန်မာ့အရေးနဲ့


ပတ်သက်လို့ မကြာခဏ ဝေဖန်ပြောဆိုဖူးသူ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်
အရေးယူမှုတွေကို သဘောမတူတဲ့ အကြောင်းလည်း ပြောဆိုခဲ့ဖူးပါတယ်။

Source:http://www1.voanews.com/burmese/news/myanmar-nyan-win-east-timor-101254419.html

ရိဟ
ု င်ဂျာတွေကို ကြံခင
ို ေ
် ရး စည်းရံုး
2010-08-22

စစ်အစိုးရ ဝန်ကြီးချုပ် ဦးဆောင်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရခိုင်ပြည် အနောက်ပိုင်း နယ်စပ်ဒေသက ရိုဟင်ဂျာ


အများစု နေထိုင်တဲ့ ဘူးသီးတောင်၊ မောင်းတောမြို့နယ်တွေမှာ လူထုကို မက်လုံးတွေပေးပြီး စည်းရုံးနေတယ်လို့
သိရပါတယ်။

ဒီလ (၁၉) ရက်နေ့က မောင်းတောမြို့ ဆေးရုံဟောင်းတခုကို ပြုပြင်ပြီး ကြံ့ခိုင်ရေးပါတီ ဆိုင်းဘုတ်တင်ပွဲ


ပြုလုပ်ခဲ့ရာမှာ ရန်ကုန်က ရိုဟင်ဂျာ ကုန်သည်တွေလည်း လိုက်ပါလာပြီး မကြာသေးခင်က ရေဘေးဒဏ်ကြောင့် ဒုက္ခ
ရောက်ခဲ့သူတွေကို အကူအညီ ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီမတိုင်ခင် ရက်ပိုင်းကလည်း ရိုဟင်ဂျာတွေကို ယာယီ နိုင်ငံသားမှတ်ပုံတင် ကပ်ပြား အဖြူရောင်


ထုတ်ပေးခဲ့ပေမယ့် တကယ်တမ်း ခရီးသွားရင် စစ်တွေမြို့အထိလောက်ပဲ သွားခွင့်ရတယ်လို့ ရိုဟင်ဂျာအရေး
လေ့လာသူတဦးက ပြောပါတယ်။

“ဒီ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ နအဖ ကြံ့ဖွတ်ပါတီက လာပြီးတော့ ကျနော်တို့ ဘာပေးမယ် ဘာလုပ်ပေးမယ်၊


ဒါပေမယ့် တခုပဲ ပေးတယ်။ အရင်က ယာယီမှတ်ပုံတင်ကဒ်ပြား အဖြူရောင်ကပ်ပြားတွေက အရင်က လုပ်ရမယ်ဆိုရင်
(၂) သောင်း (၃) သောင်းလောက် ကုန်တယ်။ အခု လောလောဆယ်ကတော့ (၂) ထောင်နဲ့ (၃) ထောင်အကြားမှာ
လုပ်လို့ရတဲ့ ပုံစံမျိုး ဖြစ်သွားတယ်။ အဲဒါပဲ ရှိတယ်။ ခရီးသွားခွင့်ကတော့ လွတ်လွတ်လပ်လပ် မရဘူး။ ဒါပေမယ့်
စစ်တွေအထိပဲ သွားလို့ရတယ်”

ဘူးသီးတောင်နဲ့ မောင်းတောမြို့နယ်တွေမှာ လူများစုဖြစ်တဲ့ ရိုဟင်ဂျာတွေရဲ့ ဆန္ဒမဲကို ရရှိဖို့ အဓိက ကျတဲ့အတွက်


စစ်အစိုးရက သူတို့အလိုကျ ဒေသခံ ရိုဟင်ဂျာနိုင်ငံရေး ပါတီတခု အချိန်မီ တည်ထောင်ပေးဖို့ အစီအစဉ်ရှိတယ်ဆိုတဲ့
အတည်မပြုနိုင်တဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

Source:http://www.rfa.org/burmese/news/USDP_organizing_Rohingya_in_Rakhine_State-
08222010121826.html
ဘင်္ဂလာဒေခ်ျ့ နိင
ု င
် သ
ာံး တဦး ကျပ် ၅၀၀၀ အတုဖြင့် မောင်တောတွင်
ဖမ်းဆီးခံရ

ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား လူငယ် တစ်ဦးကို မြန်ကျပ်ငွေ ၅၀၀၀


တန် အတုများနှင့် အတူ မြန်မာ နယ်ခြား စောင့်တပ်ဖွဲ့ နစကမှ
မောင်တောတွင် သြဂတ်စ်လ ၁၉ ရက်နေ့က
ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။

ဖမ်းဆီး ခံရသူမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်တွင် တည်ရှိသော


တက်ကနက် မြို့နယ် ပါလောင်ပါရာ ကျေးရွာမှ အီဆက် (၂၆)
နှစ် ဖြစ်သည်။

အမည် မဖေါ်လိုသူ ရဲတပ်ကြပ်ကြီး တဦးက “ ကြာသပတေးနေ့က အဲဒီ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လူငယ်ကို


မောင်တောမြို့ ထမင်းဆိုင် တစ်ခုမှာ နစက တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူ့ဆီက ကျပ် ၅၀၀၀
တန်အတု အရွက် ၂၀ ကျော်ကို ဖမ်းဆီး ရမိခဲ့ပါတယ်” ဟု ပြောသည်။

အီဆက်မှာ ဘင်္ဂလားဘက်မှ အ၀တ်အထည်နှင့် စားကုန်များကို မောင်တောသို့ တင်ပို့နေသူ တဦး ဖြစ်ပြီး သူ့အား


မသင်္ကာရာမှ ရှာဖွေ စစ်ဆေးစဉ် အဆိုပါ ၅၀၀၀ တန်အတုများကို ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ယခုအခါ သူ့ကို ကျီးကန်းပြင် နစကဌာနချုပ်၌ ဖမ်းဆီး ထိန်းသိမ်းထားပြီး စစ်ဆေး မေးမြန်းမူများ ပြုလုပ်နေကြောင်း


အဆိုပါ ရဲတပ်ကြပ်မှ ပြောသည်။

ယခုအခါ မြန်မာကျပ်ငွေ ၅၀၀၀ တန်အတုများမှာ ရခိုင်-ဘင်္ဂလာဒေခ်ျ့နယ်စပ်တွင် ပျံ့နှံ့ နေပြီး ငွေပေး ငွေယူရာတွင်


အထူး သတိထားပြီး လက်ခံယူနေရကြောင်း နယ်စပ်ကုန်သည် သတင်း ရပ်ကွက်အရ သိရသည်။

မောင်တောတွင် ငွေလှဲလှယ် ပေးနေသူ တစ်ဦးက “ ခုတလော ငွေလှဲလှယ်ရာမှာ ၅၀၀၀ ကျပ်တန် အတုတွေ


မကြာခဏ ဆိုသလိုပဲ တွေ့နေရပါတယ်။ အများထဲမှာ ရောနှော ပါဝင်လာတတ်တဲ့ အတွက် သတိမထားမိရင်
ခံလိုက်ရတာပါပဲ။ ငွေပေး ငွေယူရာမှာဘဲ ဖြစ်ဖြစ် ငွေလှဲလှယ်တဲ့ နေရာမှာဘဲ ဖြစ်ဖြစ် အထူးသတိထားပြီး
လုပ်ကိုင်နေရပါတယ်” ဟု ပြောသည်။

၎င်းပြင်သူက “ ပိုက်ဆံ ၅၀၀၀ တန် အစစ်နဲ့ အတုကို ခွဲခြားရတာက လွယ်ပါတယ်။ လက်ဖျားနဲ့ အသေအချာ
ပွတ်သပ် စမ်းကြည့်ရင် ဘယ်ဟာက အတု ဘယ်ဟာက အစစ်ဆိုတာ သိနိုင်ပါတယ်။ အစစ်က ပါးလွှာ
ချောမွတ်နေပြီးတော့ အတုကတော့ ထူပြီး ကြမ်းတမ်းနေပါတယ်” ဟု ပြောသည်။

မြန်မာနယ်စပ် သတင်း ရပ်ကွက်အရ အဆိုပါ ၅၀၀၀ ကျပ်တန် အတုများမှာ မောင်တောမြို့နှင့် မျက်နာချင်းဆိုင်တွင်


တည်ရှိသော နတ်မြစ် တဘက်ကမ်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ကနက် ဘက်မှ ၀င်ရောက်လာပြီး အများအားဖြင့်
ငွေများ လှဲယူလာသည့် အခါနှင့် ဘင်္ဂလားကုန်သည်များထံမှ ငွေပေးချေရာတွင် ပါဝင်လာကြောင်း သိရသည်။
အလားတူ ရခိုင်- ဘင်္ဂလာ နယ်စပ်တွင် တာကာ ၅၀၀ တန် အတုများလည်း ပျံ့နှံ့နေပြီး တာကာ ၅၀၀ တန်ကိုမူ
မြန်မာနိုင်ငံသားများ အနေဖြင့် အတုနှင့် အစစ်ကို ခွဲခြားရန် မလွယ်ကူကြောင်း သိရသည်။

တာကာ ၅၀၀ တန်တွင် ငွေစက္ကူ၏ လက်ယာပိုင်းတွင် မြှပ်နှံပါရှိသည့် ဘင်္ဂလားဒေခ်ျ့ ဟု ဘင်္ဂလာ စာဖြင့် ရေးသား
ထားသော ကြိုးပြားလေးဖြင့်သာ ပိုင်းခြားသိနိုင်ပြီး ငွေစက္ကူ အစစ်များတွင် အဆို ပါကြိုးပြားလေးများမှာ
ပေါ်ပေါ်ထင်ထင် မြှပ်နှံပါရှိပြီး အတုများတွင် ဘင်္ဂလာဒေခ်ျ့ ဆိုသော စာတန်း မပါဘဲ ကြိုးပြားလေးသဖွယ်
ပုံနှိပ်ထားခြင်းမျှသာ ဖြစ်ကြောင်း ငွေလှဲလှယ် ပေးနေသူများ၏ ရှင်းပြချက် အရ သိရသည်။

ယခုလအတွင်း ဘင်္ဂလာ တာကာနှင့် အမေရိကန် ငွေအတု လုပ်သည့် ဖိလစ်ပိုင်မှ အမျိုးသမီး တစ်ဦး၊ နိုင်ဂျီရီယားမှ
အမျိုးသား တဦးနှင့် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား တစ်ဦးကို ဘင်္ဂလာရဲက ဒက္ကားမြို့ သံတမန် ရပ်ကွက် တခုဖြစ်သော
ဂုလရှန်တွင် ဖမ်းဆီးခဲ့သည်။
Source:http://www.narinjara.com/detailsbur.asp?id=2686

ပြည်ထောင်စု ကြံခ
ို့င်ရေးနှငဖ
့်ွံ့ဖြိုးရေးပါတီ ရုံးဖွင့်ပွဲအတွက် ပါတီဝင်များနှိုးဆော်
နော်ဖေါ (၂၂-သြဂုတ်)။ ။မွန်ပြည်နယ်၊ ရေးမြို့နယ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးဖွင့်ပွဲအတွက်
ကျေးရွာမှာရှိနေသည့် ၄င်းတို့၏ ပါတီဝင်များကို (၂ဝ)ရက်နေ့ ရေးမြို့အရောက်လာကြရန် ပြီးခဲ့သည်(၁၆)ရက်နေ့က
ညွန်ကြားခဲ့ပါသည်။

ရေးတမြို့နယ်လုံးက ကျေးရွာတိုင်း တရွာလျှင် ကြံ့ခိုင်ရေးပါတီဝင်အယောက် (၃ဝ) တက်ရောက်ရမည် ဟု


ညွန်ကြားထားခြင်းဖြစ်ပါသည်။

ရေးမြို့တွင်ရှိကမ်းနားလမ်းမြစ်ချောင်းတွေ့မြင်ရပုံ
ပါတီရုံးဖွင့်လှစ်ရေးအတွက် တာဝန်ရှိသူများမှာ ဦးထွန်းမြင့်( ရွေတောင်ကြား စားသောက်ဆိုင်ပိုင်ရှင်)၊ ဦးထွန်းမြင့်(၂)(၊
ဝက်သားရောင်းလိုင်စင်ရ) ဦးလှဝင်း( ဇီးဖြူသောင်ရွာ) ၊ ဦးမောင်မြင့်၊( ဥက္ကဌ၊ အစင်းရွာ) နှင့် ဦးမဲတုံး(
ရန်ကြီးအောင်ရပ်ကွက်၊ ရေးမြို့)တို့ပါဝင်သည့် (၅)ဦးကော်မီတီမှ ဦးဆောင်ခြင်းဖြစ်ပါသည်။

ပါတီဆိုင်းဘုတ်တင်ပွဲကို (၂ဝ-၈-၂ဝ၁ဝ) ရက်နေ့ နံနက် (၉) နာရီခွဲမှ (၁ဝ) နာရီအထိ ရေးမြို့ကြံ့ခိုင်ရေး ပါတီ ရုံး၌
ကျင်းပခဲ့ပါသည်၊၊ ပါတီဝင် တစ်ထောင်ကျော်တက်ရောက်ခဲ့ပြီး အများစုမှာ မွန်ရိုးရာ ဝတ်စုံဖြင့် အခန်းအ
နားကိုတက်ရောက်ကြပါသည်။

အခမ်းအနားမှာ ကေယ်မီတီဝင်လူကြီးများက အမွေးနံသာဖြင့် ဆိုင်းဘုတ်အားပတ်ဖျန်းပြီး အခမ်းအနားဖွင့်


လှစ်ကြောင်းကြေငြာခဲ့သည်။ ထို့နောက် ၂ဝ၁ဝရွေးကောက်ပွဲကို ပြည်သူ့များ၏ထောက်ခံချက်ဖြင့် အနိုင်ရရှိရန်
ကြိုးပမ်းသွားဖို့ပါတီဝင်များအားတိုက်တွန်းပြီး ဒို့တာဝန်အရေးသုံးပါး ကြွေးကြော်သံဖြင့် အခမ်းအနားကို ရုပ်
သိမ်းခဲ့ပါသည်။

ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီသည် နိုင်ငံတဝှန်းလုံးရှိ ပါတီရုံးများကို ဤနေ့တွင် တပြိုင်တည်းဖွင့်လှစ်ခဲ့ပါသည်။

နိုင်ငံတော်ဝန်ကြီးချုပ်မှ ဦးဆောင်ပြီး လူအင်အား၊ ဓနအင်အားများသုံးပြီး အဖွဲ့ဝင်သစ်များရရှိရေးကို လိုက်လံ


စည်းရုံးနေခဲ့ပေသည်၊၊ ရေးမြို့နယ်၌မူ အနိုင်မဲရရှိရေးအတွက် ပြင်ဆင်ထားပြီး ဖြစ်သည်ဟု ကြံ့ခိုင်ရေးပါတီဝင် များက
ပြောနေပါသည်။

Source:http://www.kaowao.org/b/2010news-august-22a.php

တစည (ခေါ် ) တိုင်း ရင်းသားစည်းလုံးညီညွတေ


် ရးပါတီက ရေးမြို့နယ် အတွင်း
မဲဆွယ်စည်းရုးံ ရေးဆင်း
နော်ဖေါ (၂၂-သြဂုတ်)။ ။၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မည့် တစည (ခေါ် )
တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီသည် မွန်ပြည်နယ်၊ ရေးမြို့နယ် မြောက်ဘက်ခြမ်းက ကျေးရွာတွေကို
သြဂုတ်လ (၁၈) ရက်နေ့တွင် တစ်ရွာလျှင် လူဦးရေ (၅ဝ) ခန့် ကိုပါတီဝင်ကဒ်များ ထုတ်ပေးခြင်းဖြင့် မဲဆွယ်စည်း
ရုံးခဲ့ပါသည်။

တစညပါတီသည် မွန်အမျိုးသားများအတွက် အကျိုးဆောင် ပေးမည်ဟုဆိုပြီး နယ်ကိုယ်စားလှယ်အဖြစ် ရွေး


ကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရေးမြို့နယ် တစညပါတီဥက္ကဌ ဦးလှမောင်က ရေးမြို့နယ်မြောက်
ဘက်ခြမ်း၌ရှိသော အံဒင်၊ နှီးနှော၊ အဘော်ရွာများတွင် တစ်ရွာလျှင် လူအယောက် (၅ဝ)ခန့် ပါတီဝင်ကဒ်
ထုတ်ပေးခဲ့ခြင်းဖြစ် စည်းရုံးခဲ့သည်။

“ရေးမြို့နယ်အတွင်း သွားလာတဲ့အခါမှာ ပါတီဝင်ကဒ်ထုတ်ပြနိုင်မယ်ဆိုရင် ယာဉ်ထိန်း ရဲတွေက မစစ်ဆေးဘူး။


ကျေးရွာအတွင်းမှာ လုပ်အားပေးရတဲ့အခါမှာလည်း ကိုယ်ကလုပ်အားပေးဖို့မလိုဘူး။ ပိုက်ဆံကောက်တဲ့ အခါ
မှာလည်းပေးစရာမလိုဘူး” ဟု ရေးမြို့နယ်အတွင်းက ပါတီဝင်ကဒ်ရရှိထားတဲ့ ပါတီဝင်တစ်ယောက်က ပြောပါ သည်။

အလားတူ ရေးမြို့နယ်တောင်ပိုင်းဒေသက ကလော့၊ ဟံဂါံရွာတွေကိုလည်း ပြီးခဲ့သည့်သြဂုတ်လ (၁၉) ရက်နေ့ တွင်


ပါတီဝင်ကဒ်ထုတ်ပေးခြင်းဖြင့် သွားရောက်စည်းရုံးခဲ့ပါသည်၊၊

တစညပါတီသည် ယခင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကနေ အသွင်ပြောင်းလာတဲ့ ပါတီတစ်ခုဖြစ်ပါသည်။


၎င်းတို့သည် ၁၉၉ဝ ရွေးကောက်ပွဲတုန်းကလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။
သို့သော်အမတ်နေရာ အနည်းငယ် ဖြင့်ရှုံးနိမ့်ပြီး ယခု၂ဝ၁ဝ ရွေးကောက်ပွဲကိုဆက်လက်ဝင်ရောက်ခြင်း ဖြစ်ပါသည်၊၊
၎င်းတို့စည်းရုံးရေးဆင်းရာမှာ ရေးမြို့နယ်တွင်စည်းရုံးရေး(၂) ကြိမ်ပြုလုပ်သွားခဲ့ပြီး ပထမတစ်ကြိမ်ကို ပြီးခဲ့သည့်
သြဂုတ်လ (၈) ရက်နေ့မှာ ပြုလုပ်ခဲ့ပါသည်။
Source:http://www.kaowao.org/b/2010news-august-22.php

မြန်မာလူမျိုးပထမဦးဆုံးဆရာဝန် (မွနအ
် မျိုးသားဒေါက်တာရှောလူး)

မြန်မာနိုင်ငံသားများထဲတွင် ပထမဆုံး အနောက်တိုင်းဆေးပညာရှင်ဆရာဝန်ဖြစ်သူမှာ မွန်အမျိုးသား


ဒေါက်တာရှောလူးဖြစ်ပါသည်။ ဒေါက်တာရှောလူးကို(၁၈၃၉)ခုနှစ် နိုင်ရွှေသက်၊ မိဖွားလှတို့က မော်လမြိုင်မြို့
တွင်ဖွားမြင်ခဲ့သည်။ မိခင်မှာမွန်ဘုရင်ဗညားဒလ၏ ညီတော်မြဝတီမြို့စား(ဗရဲ့ပတိုင်း)၏ မြစ်တော်စပ်သူ ဖြစ်ပါသည်။
မိဘများမှာ နှစ်ခြင်းခရစ်ယာန် ဘာသာဝင်များဖြစ်ပြီး မင်းရှောလူးကိုလည်း ဆရာယုဒသန်က ၁၈၅ဝ ပြည့်နှစ်တွင်
နှစ်ခြင်းခံပေးခဲ့သည်။ မင်းရှောလူးသည် ငယ်စဉ်ကပင် ပညာဗဟုသုတ လိုလားသူဖြစ်သဖြင့် ၁၇နှစ်အရွယ်တွင်
ကာလကတ္တားသို့ စွန့်စားသွားရောက်ခဲ့သည်။ ထိုစဉ်ကမော်လမြိုင်မြို့မှာ ဗြိတိသျှ လက်အောက်သို့
ကျရောက်နေပြီဖြစ်သဖြင့် မော်လမြိုင်မြို့မှ အိန္ဒိယနိုင်ငံဆိပ်ကမ်းများသို့ သင်္ဘောဖြင့် တိုက်ရိုက်သွားလာနိုင်ကြသည်။

မင်းရှောလူးကာလကတ္တား၌ ပညာဆည်းပူးနေစဉ်အတွင်း ၁၈၅၇ခုနှစ်တွင် အိန္ဒိယစစ်ဗာရီများ၏


တော်လှန်မှုဖြစ်ပွားလာရာ ပညာတစ်ပိုင်းတစ်စ ဖြစ်ခဲ့ရသည်။ သင်္ဘောဆိပ်တွင်ယောင်လည်လည် ဖြစ်နေစဉ်
အမေရိကန်သို့ သွားမည့်သင်္ဘောတစ်စင်း ဆိပ်ကမ်းသို့ဆိုက်ရောက်လာသည်။ မင်းရှောလူးက သင်္ဘောထက်
တက်ရောက်လေ့လာသည်။ ထိုအချိန်၌ မြန်မာနိုင်ငံ သုံးဆယ်မြို့တွင်သာသနာပြုလုပ်ငန်း ဆောင်ရွက်နေသူ
ဆရာမကြီးမစ္စမာရီယာအင်ဂေါကိုတွေ့ခဲ့ရသည်။ ဆရာမကြီးမှာအားလပ်ရက်တွင်အမေရိကန်သို့ ခေတ္တပြန်ခြင်း ဖြစ်ရာ
မင်းရှောလူးကတွေ့ဆုံပြီး အကျိုးအကြောင်းပြောပြခဲ့သည်။ ပညာလိုလားသူ မင်းရှောလူးအကြောင်းကို ဆရာမကြီးက
သင်္ဘောကပ္ပတိန်အားတစ်ဆင့်ပြောပြပေးသည်။ လမ်းစရိတ်မရှိသူ မင်းရှောလူးမှာ သင်္ဘောပေါ်ရှိ စားသောက်ခန်းတွင်
စားပွဲထိုးလုပ်ကိုင်ရင်း လိက
ုပါခွင့် ရရှိခဲ့သည်။

အမေရိကန်နိုင်ငံသို့အရောက်တွင် ဆရာမကြီးကနယူးယောက်မြို့မှ ကုန်သည်တစ်ဦးနှင့် လူဝီစဘတ်


တက္ကသလ
ိုမှပါမောက္ခတစ်ဦးအားဆက်သွယ်ပေးသည်။ ၁၈၅၉ခုနှစ်တွင် မင်းရှောလူး လူဝီစဘတ်တက္ကသိုလသ
ို့
ဝင်ခွင့်ရသွားသည်။ ထိုသို့ဖြင့် ပါမောက္ခတစ်ဦး၏အိမ်တွင် တစ်နာရီဆယ်ဆင့်ဖြင့် အလုပ်လုပ်ကိုင်ရင်း ကျောင်း
တက်သည်။ ကျောင်းပိတ်ရက်များတွင် အခြားမြို့ကြီးများသို့သွားရောက်ကာ မြန်မာ့ဓလေ့နှင့် မြန်မာလူမျိုး
များအကြောင်း ဟောပြောခြင်းဖြင့် ဝင်ငွေရှာသည်။

မောင်ရှောလူးကတက္ကသိုလ်မှဘွဲ့ရသော်လည်း ပညာကိုဆက်လက်ဆည်းပူးလိုသေးသည်။ ထို့ကြောင့်


အိုဟိုင်းယိုးပြည်နယ်ဆေးကောလိပ်တွင် ဆေးပညာကိုဆက်လက်ဆည်းပူးပြန်သည်။ သုံးနှစ်အကြာ (၁၈၆၇)
ခုနှစ်တွင် ဆေးပညာ MA ဘွဲ့ကိုရရှိခဲ့သည်။

မောင်ရှောလူးမှာ ငယ်စဉ်ကပင်ဆေးပညာရှင်ဖြစ်ချင်စိတ်ပြင်းပြခဲ့သည်။ သူတို့၏မိသားစုမှာ ဆရာယုဒသန်နှင့်


မော်လမြိုင်မြို့တွင်တစ်ရပ်ထဲအတူနေခဲ့ဖူး၏။ ဆရာယုဒသန်မော်လမြိုင်မြို့တွင် နာမကျန်း ဖြစ်သောအခါ
ကုသပေးမည့်ဆေးပညာရှင် တစ်ဦးတစ်ယောက်မျှမရှိသောကြောင့် နိုင်ငံရပ်ခြားတွင် ကုသရန်
သင်္ဘောဖြင့်တင်ဆောင်ပေးကြရာ လမ်းခရီးတွင်ကွယ်လွန်သွားခဲ့သည်။ မိမိအားနှစ်ခြင်းခံပေးခဲ့သော ဆရာယုဒသန်၏
အဖြစ်ကြောင့်ပင် မောင်ရှောလူးမှာ ဆေးပညာရှင်တစ်ဦးဖြစ်ရန် ဆန္ဒရှိခဲ့သည်။

ဒေါက်တာရှောလူးဆေးပညာဘွဲ့ရပြီးနောက်သတင်းကြားသိရသူအမေရိကန်သမ္မတကြီးအင်ဒရူးဂျွန်ဆင်ကသူ့အားခေါ်
ယူတွေ့ဆုံခဲ့သည်။ အမေရိကန်သို့ လာရောက်သည့် ပထမဆုံးမြန်မာပညာတော်သင် ကျောင်းသားကို
ဝမ်းမြောက်ဝမ်းသာတွေ့ဆုံခဲ့သည်။ ဒေါက်တာရှောလူးက မြန်မာနိုင်ငံသို့ ပြန်တော့မည့် အကြောင်းပြောပြရာ
သမ္မတကြီးက မြန်မာဘုရင် မင်းတုန်းမင်းထံ ထောက်ခံစာတစ်စောင် ရေးပေးလိုက်သည်။ ယင်းစာတွင်
ဘုရင်မင်းမြတ်အနေဖြင့် ဒေါက်တာရှောလူးအားထိုက်သင့်သလောက် ချီးမြှင့်စောင့်ရှောက် လိမ့်မည်ဟု
မျှော်လင့်ကြောင်းပါရှိသည်။ မင်းတုန်းမင်းသည် ဒေါက်တာရှောလူးအားကောင်းစွာ လက်ခံတွေ့ဆုံခဲ့ပြီး
မြောက်ဥယျာဉ်တော်အတွင်းရှိ အဆောင်တော်တွင် နေထိုင်စေပြီး ပွဲတော်အုပ်နေ့စဉ် ပို့ပေးခဲ့သည်ဆို၏။

ဒေါက်တာရှောလူးသည် ရတနာပုံနေပြည်တော်တွင် ရက်သတ္တပတ် သုံးပတ်ကြာနေထိုင်ခဲ့ပြီးနောက်


ရန်ကုန်သို့ပြန်ဆင်းလာခဲ့သည်။ ထို့နောက်မော်လမြိုင်သို့ပြန်ကာ ကိုယ်ပိုင်ကျောင်းဆောက်ကာ ကျောင်းသား
(၃ဝ)ခန့်ကိုစာသင်ပေးသည်။ ခြောက်လအကြာတွင် မော်လမြိုင်မြို့အေဘီအမ်ကျောင်း၌ ကျောင်းဆရာ လုပ်ပြန်သည်။
ကျောင်းဆရာဘဝဖြင့်ဆယ်နှစ်ခန့်ကြာခဲ့သည်။ ယင်းနောက် ကျေးဇူးရှင်ဖြစ်သော သုံးဆယ်မြို့မှ
ဆရာမကြီး၏ကျောင်းတွင် သုံးနှစ်မျှ ကျောင်းဆရာလုပ်ပြီး ကျေးဇူးဆပ်သည်။

ဒေါက်တာရှောလူးသည် ကျောင်းဆရာလုပ်နေရသော်လည်း ဆေးကုသရေး၌သာ ဝါသနာထုံသည်။


သို့သော်ဗြိတိသျှအစိုးရက ဆေးကုသရေးတွင်သူ့အားနေရာမပေးလိုကြပေ။ မြန်မာလူမျိုးဆရာဝန်ဟူ၍
အသိအမှတ်ပြုလိုဟန်မရှိသဖြင့် ဆေးဘက်တွင်အကြိမ်ကြိမ် လျှောက်ထားသော်လည်း မရရှိခဲ့ပေ။
ပညာရေးဘက်တွင်သာ အမှုထမ်းရန်ရာထူးကြီးများပေးသည်။ ရန်ကုန်၌ကျောင်းဆရာလုပ်နေစဉ် ဗြိတိသျှ
စစ်ဗိုလ်တစ်ဦး၏သမီး မစ္စလူရီပရဲရားနှင့် အိမ်ထောင်ကျကာ သားငါးဦး၊ သမီးနှစ်ဦးထွန်းကားခဲ့သည်။
ဒေါက်တာရှောလူးသည် ကျောင်းဆရာအဖြင့် ဆက်လက်လုပ်ကိုင်လိုစိတ် မရှိတော့သောကြောင့်
မော်လမြိုင်သို့ပြန်ကာ အမေရိကန်သာသနာပြု ဆရာဝန်မကြီး ဒေါက်တာအယ်လင်းမစ်ချယ်ထံတွင် အကူ
ဆရာဝန်ဝင်လုပ်၏။ ၁ဝနှစ်ခန့် အကူဆရာဝန်လုပ်ခဲ့ပြီးနောက် ဒေါက်တာရှောလူး ကိုယ်ပိုင်ဆေးခန်း ဖွင့်သည်။
တစ်ဖက်မှလည်း မော်လမြိုင်အစိုးရကျောင်းနှင့် နော်မန်အုပ်ချုပ်ရေးအဖွဲ့များတွင်ပါဝင်ကူညီ ဆောင်ရွက် ပေးသည်။
ထိုစဉ်အတွင်းဇနီးသည် မစ္စပရဲရား ကွယ်လွန်၍ ဒေါ်ရွှေနှင့် ဒုတိယအိမ်ထောင်ပြုခဲ့သည်။

ဒေါက်တာရှောလူးသည် အသက်၇၄နှစ် အရွယ်အထိလျင်မြန် ဖြတ်လတ်စွာ ဆေးဝါးကုသ ပေးနေဆဲဖြစ်သည်။


ညအချိန်မတော် ဆရာဝန်ပင့်လျှင်လည်း မဆိုင်းမတွလိုက်လံကုသပေးတတ်သည်။ သူကပညာကို
ကြိုးစားသင်ယူခဲ့သည့်နည်းတူ အလုပ်ကိုလည်းကြိုးစားလုပ်ကိုင်တတ်၏။ နေ့စဉ် နံနက်လေးနာရီ အိပ်ယာမှထကာ
ရေမိုးချိုး၊အဝတ်အစားလဲကာ လမ်းလျှောက်ထွက်လေ့ရှိသည်။ မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ
သူ၏နေအိမ်အောက်ထပ်တွင် ကွပ်ပျစ်လေးခင်းကာ တစ်ဦးထဲအိပ်စက်လေ့ ရှိသည်။

တစ်နေ့နံနက်တွင် ဇနီး၊သားသမီးများအားလိုက်လံနှိုးကာ အောက်ထပ်သို့ဆင်းလာကြရန် မှာကြား သည်။


ထို့နောက်သူကဦးစွာဆင်းသွားပြီး ကွပ်ပျစ်ထက်၌လဲလျောင်းနေလိုက်သည်။ မိသားစုက ဒေါက်တာရှောလူး၏
ထူးခြားသောအပြုအမူကြောင့် အောက်ထပ်သို့ဆင်းလာကြရာ ကွပ်ပျစ်ထက်၌ ကွယ်လွန်သွားပြီဖြစ်သော
ဒေါက်တာရှောလူးကို တွေ့ကြရသည်ဟူ၏။ ဒေါက်တာရှောလူးမှာ သူလက်ထပ်စဉ်က ဝတ်ဆင်ခဲ့သော
အနောက်တိုင်းဝတ်စုံကို ဆင်မြန်းထားကြောင်း ထူးခြားစွာတွေ့ကြရသည်။

(၁၉၂၉)ခုနှစ် အောက်တိုဘာ(၁ဝ)တွင် ကွယ်လွန်ခဲ့သောဒေါက်တာရှောလူး၏ ဈာပနမှာ စည်ကားလှသည်။


ခရစ်ယာန်ဘုန်းကြီးများသာမက မြန်မာဘုန်းတော်ကြီးများပါ တက်ရောက်ခဲ့ကြကြောင်း မှတ်တမ်းများကဆိုသည်။
ဒေါက်တာရှောလူးကို ဂူသွင်းသဂြိုလ်ခဲ့ကြပြီး အုတ်ဂူထက်တွင် In Sacred Memory of Dr.Shaw Loo Die 10-10-
1929˜ Age 91 years "All the way Saviour Leads me" ဟုရေးထိုးထားပေးကြပါသည်။

ဒေါက်တာရှောလူး၏ ပထမအိမ်ထောင်မှသမီးများမှာ ဥရောပတိုက်သားများနှင့်သာ အိမ်ထောင်ကျခဲ့ ကြပြီး


ရန်ကုန်မြို့၌ကွယ်လွန်ခဲ့ကြသည်။ ဒုတိယဇနီး ဒေါ်ရွှေမှာ ထားဝယ်သူဖြစ်ပြီး သမီးကြီးဒေါ်တင်တင် (အင်မလီးရှောလူး-
မော်တလိန်းကျောင်း ဆရာမ)၊ သား သောမတ်ရှော (မီးရထားဆရာဝန်)နှင့် သမီးငယ် အဲလစ်ဇဘတ်ရှောလူး
(စိန့်မတ်သရူးကျောင်းဆရာမကြီး)တို့ကိုဖွားမြင်ခဲ့ပါသည်။ ဒေါက်တာရှောလူး၏သမီးကြီး ဒေါ်တင်တင်မှ မွေးဖွားသူ
ဒေါ်မေစီမှာ အဖိုးဖြစ်သူ ဒေါက်တာရှောလူးအကြောင်းကို ကောင်းစွာပြောပြနိုင်ပြီး အသက်၈၂နှစ်အရွယ်အထိ
ကျန်းမာရေးကောင်းမွန်နေပါသည်။

မှတခ
်ျက်။ ။၂ဝဝ၈ခုနစ
ှ ဒ
် ဇ
ီ င်ဘာ(၂၄)ရက်ထတ
ု W
် eekly Eleven ဂျာနယ်မှ ဆရာတင်နင
ို တ
ိုး၏ ဆောင်းပါးမှ
ထပ်ဆင့်ဖေါ်ပြပါသည်။
Source:http://www.kaowao.org/b/2010art-july-20.php

You might also like