You are on page 1of 18

ရွေးကောက်ပွဲဆန့်ကျင်ဖို့ လံေ

ှု့ ဆ်ာစာတွေ ထွကေ
် ပါ်
2010-08-21

၂၀၁၀ ရွေးကောက်ပွဲမှာ မဲမပေးဘဲ ဆန့်ကျင်သွားကြဖို့ တိုက်တွန်း နှိုးဆော်ထားတဲ့ စာရွက်စာတမ်းတွေကို သြဂုတ်လ ၂၁


ရက်နေ့ မနက်ပိုင်းမှာ ဆွမ်းခံကြွတဲ့ သံဃာတော်တွေက ဒကာ ဒကာမတွေရဲ့ နေအိမ်တွေမှာ ဖြန့်ဝေပေးခဲ့ကြတယ်လို့
သိရပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် တိုက်တွန်း နှိုးဆော်ထားသည့် ပိုစတာတခုပုံ ဖြစ်ပါသည်။ (Image: RFA)

မဲမပေးဖို့ တိုက်တွန်း နှိုးဆော်ထားတဲ့ စာရွက်စာတမ်းတွေ ရရှိခဲ့တဲ့ ရန်ကုန်တိုင်း ဒေါပုံမြို့နယ်အတွင်းက ဒေသခံတဦးက


အခုလို ပြောပြပါတယ်။

“အိမ်မှာ ဆွမ်းခံကြွရင်းနဲ့ ဦးဇင်းက ပေးသွားတာ။ သိပ် အများကြီး များများစားစား မဟုတ်ဘူး။ ၂၀၁၀ ရွေးကောက်ပွဲကို
ဆန့်ကျင်ကြ၊ အဲ့ဒါလေးရယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံလေးရယ် အဲ့ဒါပဲ။ သိပ်မကြီးဘူး
စာရွက်ဆိုက်က။ ဓာတ်ပုံလို ဟာမျိုးလောက်ပဲရှိတယ်။ ရေးထားတာတော့ အဲ့လိုမျိုး တချို့ဟာက စတစ်ကာ၊ တချို့ဟာက
မိတ္တူစာရွက်တွေ။ ပြီးတော့ ခုနက ကျနော် ပြောတဲ့ဟာတွေ ရေးထားတယ်”

ရွေးကောက်ပွဲမှာ မဲမပေးပဲ ဆန့်ကျင်ကြဖို့ နိုးဆော်တဲ့ ဒီစာတွေကို ရန်ကုန်တိုင်းအတွင်း တက်ကြွလှုပ်ရှားတဲ့


ကျောင်းသားလူငယ်တွေက ဖြန့်ဝေခဲ့ကြတာလို့ သိရတဲ့အတွက် အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရန်နိုင်ကို အာအက်ဖ်အေက
ဆက်သွယ်မေးမြန်းတဲ့ အခါမှာ သူတို့ လူငယ်အဖွဲ့ဝင်တွေက သြဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်းကတည်းက
ဘုန်းကြီးကျောင်းတိုက်တွေမှာ ဖြန့်ဝေခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

”၂၀၁၀ ဆိုတဲ့ စာလုံးကို အနီရောင် ကြက်ခြေခတ် ပါမယ်။ အဲ့ဒီအပေါ်မှာ စာသားအနေနဲ့ မဲရုံကိုမသွားနဲ့ မဲမထည့်နဲ့
ပြည်တွင်းစစ်ကို သက်ဆိုးရှည်စေမည့် ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ကြ၊ ဆိတ
ဲု့ စာသားတွေပါတယ်။ အဲ့ဒါကတော့
အဓိက ကျနော်တို့ ၂၀ဝ၇ စက်တင်ဘာမှာ တက်ကြွလှုပ်ရှားခဲ့တဲ့ ကျောင်းတိုက်တွေကို အဓိက ထားပြီးတော့
ပစ်မှတ်ထားပြီးတော့ ဖြန့်ဝေခဲ့တာ ဖြစ်တယ်။ မနေ့က ကျနော်တို့ ညနေပိုင်း ၅ နာရီခွဲလောက်ကနေ စပြီး သာကေတ၊
ဒေါပုံ၊ တောင်ညွန့်၊ ပုဇွန်တောင်၊ သုံးခွ၊ သန်လျှင် မြို့နယ်တွေမှာ လုပ်ခဲ့တယ်။ သံဃာတွေဆီ ကျနော်တို့ ပို့ပေးရတဲ့
အဓိက ရည်ရွယ်ချက်ကတော့ သံဃာတွေကနေတဆင့် သူတို့ ဆွမ်းခံကြွနေတဲ့ ဒကာ ဒကာမတွေဆီ၊ သူတို့ကနေတဆင့်
မတရားတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ပြီးတော့ မဆောင်ရွက်ဖို့၊ မဲမပေးဖို့၊ ဆန့်ကျင်ကြဖို့ ဆိုတဲ့ မက်ဆေ့
သံဃာတွေကနေ တဆင့် ရောက်ရှိလိုတဲ့ ဆန္ဒလည်း ပါတယ်”
အခုလို နှိုးဆော်စာတွေ ဖြန့်ဝေရတာဟာ လာမယ့် စက်တင်ဘာလမှာ ကျရောက်မယ့် ၂၀ဝ၇ စက်တင်ဘာ
သံဃာ့အရေးအခင်း နှစ်ပတ်လည်အကြို လှုပ်ရှားမှုအနေနဲ့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်သလို စစ်အစိုးရက ကျင်းပပေးမယ့်
ရွေးကောက်ပွဲဟာလည်း တရားမျှတမှု မရှိတဲ့အတွက် ဆန့်ကျင်တဲ့အနေနဲ့ လှုပ်ရှားခဲ့ကြတာ ဖြစ်တယ်လို့
ကျောင်းသားခေါင်းဆောင် တဦးဖြစ်တဲ့ ကိုရန်နိုင်က ပြောပါတယ်။ သူတို့အဖွဲဟာ ၂၀ဝ၇ စက်တင်ဘာ
သံဃာ့လှုပ်ရှားမှုမှာ စတင် ဖွဲ့စည်းခဲ့တဲ့ ကျောင်းသားလူငယ်တွေနဲ့ သံဃာတော်တွေ ပါဝင်တဲ့ အဖွဲ့တဖွဲ့ ဖြစ်တယ်လို့လည်း
သိရပါတယ်။

Source:http://www.rfa.org/burmese/news/monks_deliver_anti-election_posters_in_Rangoon-
08212010123905.html

ရွေးကောက်ပွဲ ဆန်က
ျ့င်ရေး ပိစ
ု့ ကတ်နင
ှ့် ဓာတ်ပမ
ျုံား ဖြန်ေ
့ ဝ
စစ်အစိုးရ ပြုလုပ်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပို့စကတ် နှင့် ဓာတ်ပုံများကို တက်ကြွလှုပ်ရှားသူ လူငယ်တစုက
ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်တချို့တွင် ယမန်နေ့ညက ဖြန့်ဝေကြောင်း သတင်းရ ရှိသည်။

“နိုင်ငံသားတိုင်း မဲပေးခွင့်ရှိသလို မဲမပေးခွင့်လည်းရှိတယ်” “မဲရုံမသွားနဲ့ မဲမပေးနဲ့” အစရှိသည့် စာသားများ ပါရှိသော


ဓာတ်ပုံ၊ ပို့စကတ်များကို လှိုင်မြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ဒေါပုံမြို့နယ်၊ သာကေတမြို့နယ်၊ သုံးခွမြို့နယ်နှင့်
သန်လျင်မြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်တိုက်များသို့ အဓိကထား ဖြန့်ဝေခဲ့ပြီး သံဃာတော်များကလည်း
ကူညီဖြန့်ဝေပေးခဲ့သည်ဟု ဖြန့်ဝေသည့် လူငယ်အဖွဲ့က ပြောသည်။

“အဓိကကတော့ ဒီရွေးကောက်ပွဲဟာ တိုင်းပြည်ကို ချောက်ကမ်းပါးထဲ တွန်းပို့မယ့်၊ စစ်ကျွန်စနစ် ရှည်စေမယ့်


ရွေးကောက်ပွဲဖြစ်တယ်ဆိုတဲ့ အချက်ကို သံဃာတော်တွေကနေတဆင့် သူတို့ ဆွမ်းခံကြွတဲ့ ပြည်သူတွေဆီကို
ရောက်သွားဖို့၊ ဒီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ ရည်ရွယ်ပါတယ်”ဟု လူငယ်တဦးက ပြောဆိုသည်။

အဆိုပါ လူငယ်များအနေဖြင့် တခြားမြို့နယ်များသို့လည်း ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာရွက်စာတမ်း၊ ဓာတ်ပုံ၊ ပိုစတာ


များ ဆက်လက်ဖြန့်ဝေသွားမည်ဟု ဆိုသည်။

ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပို့စကတ်များ ရသည့်ပြည်သူများကမူ မဲပေးရန် ဆန္ဒမရှိကြောင်းနှင့် မဖြစ်မနေ မဲပေးရမည်


ဆိုပါကလည်း မည်သူ့ကို ပေးရမည်မှန်း မသိကြောင်း ပြောဆိုကြသည်။

ရန်ကုန်မြို့ခံတဦးက “အစကတော့ မဲသွားပေးရရင် ဘယ်လိုလုပ်ရမလဲပေါ့။ ကျနော်တို့ဆီကို မနက်တိုင်းဆွမ်းခံကြွတဲ့


ကိုယ်တော်တွေဆီကနေ မဲမပေးဖို့ အခွင့်အရေးလည်း ရှိတယ်ဆိုတာ သိရတော့ သွားမပေးတော့ဘူးဗျာ။ ဒါပေမယ့်
သူတို့က သူတို့ နိုင်အောင် လုပ်ထားပြီးသား နေမှာပါပဲ”ဟု ပြောသည်။

စစ်အစိုးရက ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်မည်ဟု ထုတ်ပြန်ကြေညာထားပြီး နိုင်ငံတကာ


အသိုင်းအ၀ိုင်းကလည်း လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် တိုက်တွန်းမှုများရှိနေသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ကမူ ၂၀၀၈ အခြေခံဥပဒေကို ပြန်လည်ရေးဆွဲရန်၊ တွေ့ဆုံ ဆွေးနွေးရေး ပြုလုပ်ရန်


တိုက်တွန်းသည့် ရွှေဂုံတိုင်ကြေညာ စာတမ်းကို လက်ကိုင်ထား၍ ရွေးကောက်ပွဲ ၀င်ရောက်ခြင်းလည်း မပြုသည့်အပြင်
ရွေးကောက်ပွဲကိုလည်း ဆန့်ကျင်၍ မဲပေးမည်မဟုတ်ကြောင်း ထုတြ် ပန်ခဲ့သည်။
နေအိမ်အကျယ်ချုပ် ကျခံနေရသည့် NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲဆန္ဒရှင်များအနေဖြင့်
မဲမပေးဘဲ နေပိုင်ခွင့်ရှိကြောင်း ပြီးခဲ့သည့်လအတွင်း ရှေ့နေများနှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။။

မြန်မာ့ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကလည်း ရွေးကောက်ပွဲသည် စစ်အစိုးရ တဖက်သတ်ရေးဆွဲထား


သည့် ၂၀၀၈ အခြေခံဥပဒေကို အခြေခံထားသော ရွေးကောက်ပွဲဖြစ်သည့်အတွက် တရားမျှတမှု ရှိမည်မဟုတ်ကြောင်း
ဝေဖန် ပြောဆိုကြသည်။

ပြည်တွင်းရှိ ဒီမိုကရေစီရေး လှုပ်ရှားသူများက ရွေးကောက်ပွဲ ဆန့်ကျင်ရေး လှုပ်ရှားမှုများကို နိုင်ငံတ၀န်း


လုပ်ဆောင်နေကြ ရာ ပြီးခဲ့သည့်အပတ်ကလည်း Generation Wave အဖွဲ့က ရန်ကုန်တိုင်းအတွင်း လူစည်ကားရာ
အရပ်များတွင် ရွေးကောက်ပွဲ ဆန်က
ျ့င်ရေး နံရံကပ်စာစောင်များ ဖြန့်ဝေခဲ့သေးသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင်လည်း အမည်မသိသူများ ဖြန့်ဝေထားသည့် လက်ကမ်းစာစောင်များ၊ ပိုစတာများ၊


နံရံကပ် စာစောင်များကို လူစည်ကားရာ အရပ်များတွင်သာမက ကျောက်ဖြူမြို့ပတ်ဝန်းကျင်ရှိ ရွာများတွင်ပါ တွေ့ရှိခဲ့
ကြောင်း သိရသည်။

ထို့အတူ မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) အတွင်းရေးမှူး၏ ရွေးကောက်ပွဲ စည်းရုံးရေး


ခရီးစဉ်ကိုလည်း ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဒေသခံများက အလိုမရှိကြောင်း ပိုစတာများ ကပ်၍
ကန့်ကွက်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

လာမည့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ပါတီဆက်လက် တည်ထောင်ခွင့်နှင့် တည်ထောင်ခွင့်လျှောက်ထားသည့်


နိုင်ငံရေး ပါတီ ၄၇ ပါတီ ရှိသည်။ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီမှာ ၄၂ ပါတီရှိပြီး ပါတီ ၄၁ ပါတီ ကို
မှတ်ပုံတင် ချပေးပြီး ဖြစ်သည်။

စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သည့် USDP ပါတီသည် ယမန်နေ့က နိုင်ငံတ၀န်း


ပါတီရုံးများ ဖွင့်လှစ်ခဲ့သည်။
Source:http://www.irrawaddy.org/bur/index.php/news/1-news/3886-2010-08-21-10-53-41

သြဂုတလ
် ၂၁ ရက်နေ့ ထုတြ် ပန်တဲ့ စစ်အစိုးရအမိနန
့်ဲ့ ပတ်သက်ပြီး
သံုး သပ်ချက်
2010-08-21

ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည် ပြီးတဲ့နောက်မှ ထုတြ် ပန်ရမယ့် အနာဂတ် မြန်မာနိုင်ငံ ဖွဲ့စည်းရေးနဲ့


ပတ်သက်တဲ့ကိစ္စတွေကို ရွေးကောက်ပွဲ မတိုင်ခင်ထဲက စစ်အစိုးရက အမိန့်နဲ့ ထုတ်ပြန်ထားပါ တယ်။ ဗိုလ်ချုပ်ကြီး
တင်အောင်မြင်ဦး လက်မှတ်ထိုး ထုတြ် ပန်တဲ့ အမိန့်တွေကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ယှဉ်ပြီး ဦးစိန်ကျော်လှိုင်က
သုံးသပ်တင်ပြထား ပါတယ်။

သြဂုတ်လ ၂၁ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာတွေမှာ ဖော်ပြထားတဲ့ ဗိုလ်ချုပ်ကြီး တင်အောင်မြင်ဦး လက်မှတ်ထိုး


ထုတ်ပြန်တဲ့ အမိန့် ကြေညာစာ ၃ ခုကို ဘာကြောင့် ထုတြ် ပန်ရသလဲ ဆန်းစစ်ဖို့ လိုပါတယ်။
တိုင်းဒေသကြီးများ ခေါ်ဝေါ်သုံးစွဲရန် သတ်မှတ်ခြင်း ဆိုတဲ့ အမိန့်ကို ကြည့်ရင် လက်ရှိ သုံးနှုန်းနေတဲ့ တိုင်း ၇ တိုင်းကို
တိုင်းဒေသကြီးအဖြစ် ပြောင်းခေါ်ကြပါဆိုတဲ့ သဘောဘဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၉ (က) မှာ
ပြဌာန်းချက်အရ ရှိရင်းစွဲ တိုင်း ၇ တိုင်းကို တိုင်းဒေသကြီး ၇ ခုအဖြစ်လည်းကောင်း၊ ရှိရင်းစွဲ ပြည်နယ် ၇ ပြည်နယ်ကို
ပြည်နယ် ၇ ပြည်နယ်အဖြစ်လည်းကောင်း ပိုင်းခြား သတ်မှတ်သည်လို့ ဆိုထားပါတယ်။

သဘောကတော့ အနာဂတ် မြန်မာနိုင်ငံကို ဖွဲ့စည်းတဲ့နေရာမှာ တိုင်းဒေသကြီး ၇ ခု၊ ပြည်နယ် ၇ ခုနဲ့ ဖွဲ့တယ်


ဆိုတဲ့သဘော ဖြစ်ပါတယ်။ တကယ်တော့ လက်ရှိ သုံးနှုန်းနေတဲ့ တိုင်း အစား တိုင်းဒေသကြီးလို့ ပြောင်းလဲ
သတ်မှတ်ထားတာသာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သတ်မှတ်ထားတဲ့ အနာဂတ် မြန်မာနိုင်ငံမှာ
ဗဟိုအဆင့်လို့ ခေါ်တဲ့ ပြည်ထောင်စုအဆင့်မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ၂ ရပ် ရှိသလို တိုင်းဒေသကြီး
၇ ခုနဲ့ ပြည်နယ် ၇ ခုမှာလည်း လွှတ်တော် ၁၄ ခု ရှိမှာဖြစ်ပါတယ်။

တနည်းပြောရရင် ရွေးကောက်ပွဲ အပြီး ပေါ်ပေါက်လာမယ့် အစိုးရသစ် လက်ထက်ကျမှ သုံးနှုန်းရမယ့် တိုင်းဒေသကြီး


ဆိုတဲ့ ဝေါဟာရကို

မလိုအပ်ဘဲ ကြိုတင် အမိန့်ထုတ်လိုက် တဲ့အတွက် အသုဘရှေ့က ဘုန်းကြီးကြွ ဆိုသလို ...

ရွေးကောက်ပွဲမတိုင်ခင်ကာလ သြဂုတ်လ ၂၀ ရက်ကစပြီး ပြောင်းလဲ ခေါ်ဝေါ်ရမယ်လို့ ဗိုလ်ချုပ်ကြီး တင်အောင်မြင်ဦးက


မလိုအပ်ဘဲ ကြိုတင် အမိန့်ထုတ် လိုက်တဲ့အတွက် အသုဘရှေ့က ဘုန်းကြီးကြွ ဆိုသလို ဘာအဓိပ္ပါယ် မှ မရှိဘဲ
နိုင်ငံရေးပြက်လုံးထုတ် သလို ဖြစ်သွားတယ်လို့ ရန်ကုန်ရှေ့နေတဦးက ထောက်ပြပါတယ်။

တကယ်တော့ ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ လက်ရှိ တိုင်း ၇ တိုင်းကို တိုင်းဒေသကြီးလို့ ပြောင်းခေါ်တဲ့တိုင်


တိုင်းဒေသကြီးလွှတ်တော် ဖွဲ့လို့ မရသေးတဲ့အချိန် နာမည် ပြောင်းတာကလွဲလို့ ဘာမှ လုပ်လို့ မရသေးတာမို့ မလိုအပ်ဘဲ
ထုတ်ပြန်တဲ့အမိန့်လို့ ရန်ကုန် နိုင်ငံရေးအသိုင်းအ၀ိုင်းကလည်း ယူဆပါတယ်။ ထူးခြားတဲ့အချက်က ဒီအမိန့် ကြော်ငြာစာရဲ့
ပထမစာပိုဒ်မှာ အခြေခံဥပဒေ ပုဒ်မ ၄၄၃ အရ တိုင်းဒေသကြီးများ ခေါ်ဝေါ်သုံးစွဲရန် သတ်မှတ်ခြင်း ဆိုတဲ့ အမိန့်ကို
ထုတ်ပြန်တာလို့ ဆိုထားပါတယ်။

ပုဒ်မ ၄၄၃ မှာ ပြဌာန်းထားတာက ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ အာဏာတည်တဲ့နေ့ မတိုင်ခင် ဖွဲ့စည်းပုံ အခြေခံဥပဒေ
အကောင်အထည် ဖော်ရေးအတွက် နအဖက ကြိုတင်ဆောင်ရွက်တဲ့ လုပ်ငန်းမှန်သမျှကို ဖွဲ့စည်းပုံအရ
ဆောင်ရွက်တယ်လို့ မှတ်ရမယ်လို့ ပြဌာန်းထားပါတယ်။ ဒီ ပြဌာန်းချက် အပြည့်အစုံကို အမိန့်ထိပ်စီးမှာ ကိုးကားထားတဲ့
သဘောက ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ အာဏာတည်တဲ့နေ့ မတိုင်ခင်ထိ နအဖက ထုတ်ချင်တဲ့ဥပဒေတွေ
ထုတ်လို့ရတယ် ဆိုတာကို ပြည်သူတွေသိအောင် ဗိုလ်ချုပ်ကြီး တင်အောင်မြင်ဦးက မဏ္ဍပ်တိုင် တက်ပြတာဖြစ်တယ်လို့
ရန်ကုန် သတင်းစာဆရာတချို့က ယူဆပါတယ်။ တနည်းပြောရရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ ကို ပွဲထုတ်တဲ့
အမိန့်ကြော်ငြာစာ ဆိုတဲ့သဘော ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး တင်အောင်မြင်ဦး လက်မှတ်ထိုးတဲ့ နောက်အမိန့်က ပြည်ထောင်စုနယ်မြေဖြစ်တဲ့ နေပြည်တော်မှာ ခရိုင်နဲ့


မြို့နယ်များ သတ်မှတ်ခြင်း ဆိုတဲ့အမိန့်ဖြစ်ပါတယ်။ ဒီအမိန့်ကို ကြည့်ရင်လည်း စောစောက အမိန့်လို ပုဒ်မ ၄၄၃ ကိုပဲ
နိဒါန်းချီ အသေးစိတ် ရေးထားတာမို့ ပုဒ်မ ၄၄၃ ကိုပဲ ပွဲထုတ်ဖို့ အသားပေးထားတဲ့အမိန့်လို့ မြင်ကြပါတယ်။

အခြေခံဥပဒေအရ အနာဂတ် မြန်မာနိုင်ငံ ဖွဲ့စည်းရာမှာ တိုင်းဒေသကြီး ၇ ခုနဲ့ ပြည်နယ် ၇ ခုအပြင် ပြည်ထောင်စုနယ်မြေ


နေပြည်တော်ဆိုတာကို ဘယ်တိုင်းနဲ့ ပြည်နယ်ထဲမှာမှ မထဲ့ဘဲ သီးခြား ဖွဲ့စည်းပါတယ်။ သဘောကတော့
နေပြည်တော်မှာသာ သမ္မတ ရုံးစိုက်တဲ့ အစိုးရအဖွဲ့ ရှိမှာမို့ အမေရိကန် သမ္မတ ရုံးထိုင်တဲ့ အမေရိကန်နိုင်ငံ
ဝါရှင်တန်ဒီစီမြို့တော်ကို အားကျပြီး ပြည်ထောင်စုနယ်မြေ နေပြည်တော် သတ်မှတ်တာဖြစ်တယ်လို့ စစ်အစိုးရနဲ့ နီးစပ်တဲ့
သတင်းရပ်ကွက်က ပြောပါတယ်။

ပြည်ထောင်စုနယ်မြေ ဖြစ်တဲ့ နေပြည်တော်မှာ ခရိုင်နဲ့ မြို့နယ်များ သတ်မှတ်ခြင်း ဆိုတဲ့ အမိန့်မှာ ပါတဲ့ မြို့နယ်တွေထဲမှာ
ဇေယျသီရီ၊ ဇမ္မူသီရိ၊ ဒကိဏ
္ခ သီရိ၊ ဥတ္တရသီရိ၊ ပုဗ္မသီရိ ၅ မြို့နယ်ကို မန္တလေးတိုင်းမှာ ထည့်သွင်း ဖွဲ့ခဲ့ကြောင်း
ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၀၉ ခုနှစ် မတ်လ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့လို့ မန္တလေးတိုင်းမှာ ၃၆ မြို့နယ် ဖြစ်ခဲ့ပါတယ်။
သဘောကတော့ အမတ်လောင်းနေရာ ရဖို့အတွက် လူဦးရေများတဲ့ မန္တလေးတိုင်းရဲ့ လူဦးရေ အချိုးကို ခံစားဖို့
နေပြည်တော် ၅ မြို့နယ်ကို မန္တလေးတိုင်းမှာ ထည့်သွင်းခဲ့တဲ့အတွက် နေပြည်တော်မြို့နယ်ဆလ
ို့ ပျဉ်းမနား၊ တပ်ကုန်းနဲ့
လယ်ဝေး ၃ မြို့နယ်သာ ကျန်တော့မယ့် သဘော ဖြစ်နေပါတယ်။

ဒီမှာတင် နေပြည်တော် ၅ မြို့နယ်ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မြို့နယ် စာရင်းမှာပါ ထပ်တဲ့အတွက် ဒီ


၅မြို့နယ်ဟာ မန္တလေးတိုင်းထဲမှာရော နေပြည်တော်မှာပါ ၂ နေရာလုံး ပါနေတာ တွေ့ရပါတယ်။ ဒါကြောင့် ဗိုလ်ချုပ်ကြီး
တင်အောင်မြင်ဦးရဲ့ အမိန့်ဟာ ကြံ့ခိုင်ဖွဲ့ဖြိုးရေး ပါတီအတွက် သေချာပေါက် အမတ်လောင်းစာရင်း ပေါက်မယ့်
နေပြည်တော် ၅ မြို့နယ်ကို ပိုပြီး ခိုင်မာအောင် ပုဒ်မ ၄၄၃ ကို အခြေခံပြီး အမိန့် ထုတ်ခဲ့တာလားလို့ မေးခွန်းထုတ်စရာ
ဖြစ်နေပါတယ်။

ဗိုလ်ချုပ်ကြီး တင်အောင်မြင်ဦး လက်မှတ်ထိုး ထုတ်ပြန်တဲ့ နောက်ဆုံးအမိန့်ကလည်း ပထမအမိန့်လို မလိုဘဲ


ထုတ်ပြန်တဲ့အမိန့်လို့ မြင်ကြပါတယ်၊ ဘာကြောင့်လဲဆိုတော့ ကုယ
ိပိုင် အုပ်ချုပ်ခွင့်ရ ဒေသနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
တိုင်းတွေအတွက် ရုံးစိုက်ရာမြို့ကို ကြေညာတဲ့ အမိန့် ဖြစ်နေပါတယ်။ ဒီအချက်ကလည်း ရွေးကောက်ပွဲအပြီး
ပေါ်ပေါက်လာမယ့် အရပ်သား အစိုးရကသာ ထုတ်ပြန်ရမယ့်အစား ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ ဗိုလ်ချုပ်ကြီး
တင်အောင်မြင်ဦးက ကြိုတင် အမိန့်ထုတ်ထားသလို ဖြစ်နေပါတယ်။

ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ၅ ခုနဲ့ ကုယ


ိပိုင်အုပ်ချုပ်ခွင့်ရ တိုင်း ၁ ခု ဟာ အနာဂတ် မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်း
ဖြစ်တာမို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာ မတည်သေးတဲ့အချိန် ဒီအမိန့် ထုတ်တာဟာ ခုတ်ရာတခြား ရှရာတလွဲလို
ဖြစ်နေတယ်လို့ ပြည်တွင်းအကဲခတ်တွေက ဝေဖန်ပါတယ်။

အခြေခံဥပဒေ အာဏာတည်မယ့် အချိန်ဟာ ရွေးကောက်ပွဲအပြီး ပထမဆုံးခေါ်မယ့် လွှတ်တော်မဟုတ်ပါ။ နိုဝင်ဘာ ၇


ရက်မှာ ရွေးကောက်ပွဲလို့ ဆုတ
ိဲ့အတွက် ရွေးကောက်ပွဲသာ ချောမော အောင်မြင်ခဲ့ရင် ဖေဖော်ဝါရီ ၅ ရက်မှာ
အောက်လွှတ်တော် ခေါ် ပြည်သူ့လွှတ်တော် ခေါ်ပါမယ်၊ ဖေဖော်ဝါရီ ၁၂ ရက်မှာ အထက်လွှတ်တော် ခေါ်
အမျိုးသားလွှတ်တော် ခေါ်ရမှာဖြစ်ပြီး ဖေဖော်ဝါရီ ၂၀ ရက်မှာ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် ၂ ရပ်ပေါင်း
ပြည်ထောင်စုလွှတ်တော် ခေါ်ရမှာ ဖြစ်ပါတယ်။ အဲဒီ ပြည်ထောင်စုလွှတ်တော် ကျင်းပတဲ့နေ့မှာမှ ဖွဲ့စည်းပုံ အခြေခံဥပဒေ
အာဏာတည်မှာ ဖြစ်ပါတယ်။

ဆိုလိုတာက နိုဝင်ဘာ ၇ ၇က် ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ကနေ ရက်ပေါင်း ၁၀၅ ရက် မတိုင်ခင်ကြားမှာ


စစ်အစိုးရဘက်က ဗိုလ်ချုပ်ကြီး တင်အောင်မြင်ဦး ထုတ
ုတဲ့အမိန့်မျိုးတွေ ထုတ်ခွင့်ပေးထားတာကို အခြေခံဥပဒေ ပုဒ်မ
၄၄၃ လို့ ခေါ်ဆိုကြောင်းပါ။

Source:http://www.rfa.org/burmese/news/analysis_over_Burma_redesignated_areas_under_new_constit
ution_ahead_elections-08212010124433.html
ရွေးကောက်ပွဲနီး လေ ပါတီတွေ အခက်အခဲ ပိေ
ု တွလ
့ာကြောင်း NLD
ဝေဖန်
2010-08-21

စစ်အစိုးရ ထုတြ် ပန်တဲ့ ရွေးကောက်ပွဲ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ ကြောင့် ရွေးကောက်ပွဲ နီးလာလေ


နိုင်ငံရေးပါတီတွေ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ ပိုပြီး ကြီးမားလာတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က
ပြောဆိုပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊


ရွှေဂုံတိုင်ရှိ ဌာနချုပ်ရုံးတွင် တွေ့ရပုံ ဖြစ်ပါသည်။(Photo: RFA)

၁၉၉၀ အထွေထွေ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ် အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့  ၂၀၀၈


ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ပေးခြင်း မပြုတာကြောင့် အခု ကျင်းပမယ့် ရွေးကောက်ပွဲကို
ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း ကြေညာခဲ့သလို မဲမပေးဘဲ သပိတ်မှောက်ဖို့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့က
ဆုံးဖြတ်ခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကြောင့် ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတချို့ အပေါ် ထိခိုက် နစ်နာမှုတွေ ဖြစ်ပေါ်စေတယ်လို့ 


ဝေဖန်သံတွေလည်း ထွက်ပေါ်နေပါတယ်။ အစိုးရ ကျောထောက်နောက်ခံ ပါတီတွေကို ထောက်ခံတဲ့ မဲတွေပဲ
ရသွားနိုင်တယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ကျင်းပဖို့ အချိန် နီးကပ်လာလေ
စစ်အစိုးရက ဥပဒေ စည်းမျဉ်းစည်းကမ်းတွေထုတ်ပြီး ပိုမို တင်းကြပ်လာတာကို ကြည့်မယ်ဆိုရင် နိုင်ငံရေးပါတီတွေ
အနေနဲ့  ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ အခက်အခဲတွေ ပိုပြီး ရင်ဆိုင်လာရတာ တွေ့ ရတယ်လို့  အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦးက ပြောပါတယ်။

“ဒါကတော့ ကျနော်တို့ကြောင့်တင် မဟုတ်ပါဘူး။ ကော်မရှင်က လုပ်ကိုင်နေတဲ့ စည်းမျဉ်းတွေ ဥပဒေတွေ၊


ထုတ်ပြန်နေတဲ့ တင်းတာတွေ ကြပ်တာတွေ၊ နောက် ပြောဆိုခွင့်မရှိတာတွေ၊ ဒါတွေနဲ့ အကုန်လုံး အကြပ်အတည်း
ဖြစ်နေတာပဲ။ အဲဒီတော့ ကျနော်တို့ချည်း မဟုတ်ပါဘူး၊ သူတဟ
ို့ာ သူတို့လည်း မလွယ်ပါဘူး။ ပိုဆိုးတာက ၃၁ ရက်နေ့မှာ
သူတို့ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ် စာရင်းတင်ရမယ်၊ မတင်ရင် အဲဒါတွေနဲ့ ပတ်သက်လို့ ဆက်လက်တင်ခွင့်
မရဘူးဆိုတော့ အခုရက်ကလည်း ဘာမှ မကျန်ဘူး။ သူတို့လည်း တက်သုတ်ရိုက်လုပ်တောင် မီမှာမဟုတ်ဘူး၊ အဲဒီတော့
သူတို့လည်း ညည်းညူနေတာပေါ့။ အဲဒီလို ဖြစ်နေတဲ့ကြားထဲမှာ ကျနော်တို့ကတော့ ပြတ်ပြတ် တခုပဲ ပြောလိုက်တယ်။
သို့သော်လည်းပဲ ဒါနဲ့ပတ်သက်လို့ နောက်ထပ် စဉ်းစားစရာ အချက်အလက် ရှိတာလေးတွေတော့ ချွင်းချက်အဖြစ်နဲ့
ပါမယ်ပေါ့”

NLD အနေနဲ့ ရွေးကောက်ပွဲမ၀င်ဖို့ ဆုံးဖြတ်ခဲ့ ပြီးတဲ့နောက်မှာ ရှေ့  ဆက်သွားမယ့် လုပ်ငန်းစဉ် တခုအနေနဲ့  စစ်အစိုးရ
တဖက်သတ် ကျင်းပမယ့် ရွေးကောက်ပွဲကို မဲမပေးဘဲ သပိတ်မှောက်ဖို့ ကြေညာလိုက်တာ ဖြစ်တယ်လို့  ဦးတင်ဦးက
ပြောပြပါတယ်။

“လူတွေနားလည်အောင်၊ အထူးသဖြင့် ကျနော်တို့ အဖွဲ့ချုပ် ပါတီဝင်တွေ နားလည်အောင်က ပြတ်ပြတ်ပဲ ပြောရမှာပဲ၊


တိုတိုတုတ်တုတ်ပဲ ပြောရမှာပဲ။ လျှောက်ပြီးပြောနေလို့ရှိရင် သူတို့လည်း မရွေးတတ်၊ မလုပ်တတ် မကိုင်တတ်နဲ့
ဖြစ်ကုန်မှာစိုးလို့။ ကျနော်တို့ မှတ်ပုံလည်းမတင်ဘူး၊ ရွေးကောက်ပွဲလည်း မဝင်ဘူးဆိုတော့ ဒါက သူတို့နဲ့ သီးခြား
လွတ်လွတ်ကင်းကင်းနေတော့ သပိတ်မှောက်တယ်လို့ပဲ နားလည်လွယ်အောင် ပြောလိုက်တာပဲ။ နောက်ပြီးတော့
မဲပေးတာ ပေးနိုင်တယ်ဆိုတာတော့ သိပြီးသားပဲ။ ဒါပေမယ့် အဖွဲ့ချုပ် အနေနဲ့ကတော့ မှတ်ပုံလည်းမတင်ဘူး၊
ရွေးကောက်ပွဲလည်း မဝင်ဘူးဆိုတော့ ဒါနဲ့ ပတ်သက်တာအားလုံးကို မဲမပေးပေမယ့်လည်း သူတို့ သတ်မှတ်ထားသော
ဥပဒေနဲ့အညီ မဲမပေးပိုင်ခွင့်ရှိတယ်၊ ဒီလိုပဲ ကျနော်တို့ကတော့ ခပ်တိုတိုပဲ ပြောလိုက်မှာပဲ”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ နိုင်ငံရေးအရ စည်းရုံးရေး လုပ်ငန်းစဉ်တွေ၊ လူထု အကျိုးပြု လုပ်ငန်းတွေကို


ဆက်လက် လုပ်ကိုင်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့  ဦးတင်ဦးက ပြောသွားပါတယ်။

Source:http://www.rfa.org/burmese/news/NLD_said_political_parties_face_more_obstacles_as_election_
draws_closer-08212010111120.html

ရုပသ
်ံ လိင
ုး သစ်များ ပုဂလ
္ဂ က
ိ လုပက
် င
ို ခ
်ွငရ
့်
မြန်မာနိုင်ငံတွင်း ထုတ်လွှင့်မည့် ရုပ်မြင်သံကြား လိုင်းသစ်များကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ၂ ဦးက
လုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရသည်။

ယင်းစီးပွားရေး လုပ်ငန်းရှင် ၂ ဦးမှာ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် နီးစပ်သူ ရွှေသံလွင် ကုမ္ပဏီပိုင်ရှင် ဦးကျော်ဝင်း နှင့်
Delta United အသင်းပိုင်ရှင် Premier Coffee Company ၏ အုပ်ချုပ်မှု ဒါရိုက်တာ ဦးထွန်းရင်တို့ ဖြစ်ကြောင်း
သိရသည်။
“ပြီးခဲ့တဲ့ မတ်လတုန်းက ရုပ်မြင်သံကြား လိုင်းသစ်တခုကို ပြန်ကြားရေးနဲ့
ပေါင်းပြီး အဓိက နိုင်ငံတကာ ပရိသတ်အတွက် ဆြို ပီး လွှင့်ခဲ့တယ်။ အခု
လိုင်းသစ်က ရတနာပုံ တယ်လီပို့နဲ့ ရွှေသံလွင် ပေါင်းပြီး ပြည်တွင်း
ပရိသတ်တွေ နိုင်ငံတကာ ရုပ်သံလိုင်း ကြည့်လို့ရအောင် အင်တာနက်
စနစ်လိုင်းကနေ အခြေခံပြီး လွှင့်သွားမှာ”ဟု ရွှေသံလွင် မီဒီယာမှ
Myanmar International တာဝန်ရှိသူ တဦးကပြော သည်။
ရုပ်သံလိုင်းသစ်ဖွင့်ပွဲကို ပြီးခဲ့သည့် မတ်လ ၃၁
ရက်နေ့က နေပြည်တော် တပ်ကုန်းရှိ မြန်မာ့ နိုင်ငံတကာ ရုပ်မြင်သံကြား လိုင်းများအပြင် ပြည်တွင်း
အသံ နှင့် ရုပ်မြင်သံကြား အဆောက်အအုံတွင် ရုပ်သံလိုင်းများပါဝင်ပြီး နေအိမ်အရောက် မြန်နှုန်းမြင့် ဖိုကဘ
်ာ
ကျင်းပစဉ် (ဓာတ်ပုံ - မြန်မာ့အလင်း) ဆက်သွယ်ရေးစနစ်(Fiber To The Home ) FTTH အပေါ် အခြေခံပြီး
ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့ မှ တာဝန်ရှိသူ တဦးက ပြောသည်။
FTTH စနစ်တွင် အင်တာနက်၊ တယ်လီဖုန်း၊ ရုပ်သံလိုင်း ၀န်ဆောင်မှု ၃ ခု ပါဝင်ကြောင်း သိရပြီး ရုပ်သံလိုင်း
ဝန်ဆောင်မှုတွင် အခမဲ့ ရုပ်သံလိုင်း ၅ လိုင်း၊ အခပေး ရုပ်သံလိုင်း ၁၄ လိုင်း စုစု ပေါင်း ၂၉ လိုင်း
ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

CNN ၊ MTV ၊ Star Movies အစရှိသည့် ရုပ်သံလိုင်းများကို ထိုင်းနိုင်ငံ ရုပ်သံလိုင်းအေဂျင်စီများမှ တဆင့်


ဝယ်ယူထားခြင်း ဖြစ်ပြီး နည်းပညာလိုအပ်ချက်များအား ရတနာပုံတယ်လီပို့ က ပံ့ပိုးပေးမည်ဟု ရတနာပုံတယ်လီပို့မှ
တာဝန်ရှိသူက ဆိုသည်။

မြန်မာနိုင်ငံ၏ မီဒီယာလုပ်ငန်းဖြစ်သော ဂျာနယ်ထုတ်ဝေခွင့်၊ FM ရေဒီယိုလိုင်းများနှင့် ရုပ်မြင်သံကြားလိုင်းများတွင်


စစ်အစိုး ရနှင့် နီးစပ်သည့် ဆွေမျိုးများနှင့် စီးပွားရေးလုပ်ငန်းရှင်အများစုက လုပ်ကိုင်ခွင့်ရရှိထားသည်။

“ရုပ်သံလိုင်းတလိုင်း ယူပြီး ထုတ်လွှင့်သွားဖို့အစောကြီးကတည်းက အစီအစဉ်ရှိခဲ့တာ။ လိုင်းကတော့ ကျသွားပြီလို့ သိရ


တယ်။ အခုလောလောဆယ် ဘယ်လိုပုံစံမျိုးကို သွားရမလဲဆိုတာကို စဉ်းစားနေကြတုန်း”ဟု Premier Coffee
ကုမ္ပဏီပိုင်ရှင် ဦးထွန်းရင်နှင့် နီးစပ်သူတဦးက ပြောသည်။

ပြည်တွင်းဂျာနယ်တခု ဖြစ်သည့် Bi Weekly Eleven တွင်လည်း စားသောက်ကုန် လုပ်ငန်းများဆောင်ရွက်နေသည့်


ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီတခုက ရုပ်သံလိုင်းသစ်တလိုင်း ထုတ်လွှင့်သွားမည်ဆိုသည့်သတင်းများ
ထွက်ပေါ်နေသည်ဟု ရေးသား ထားသည်။

“ပြီးခဲ့တဲ့ လကတည်းက ရုပ်သံလိုင်းတွေ ချပေးလိုက်တာ၊ မြန်မာ့အသံနဲ့ ပေါင်းပြီးလွှင့်မှာဆိုပေမယ့် ပုဂ္ဂလိက


ပေးလိုက်တာဆို တော့ ဘယ်လို ဖြစ်လာဦးမလဲ မသိသေးဘူး”ဟု သတင်းနှင့် ပြန်ကြားရေးဌာနမှ
အရာရှိတဦးကပြောသည်။

ရုပ်သံလိုင်းသစ် တခုဖြစ်သော Myanmar International လိုင်းကို ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ


မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာန နှင့် ပူးပေါင်းကာ ရွှေသံလွင် ကုမ္ပဏီမှ မတ်လ ၃၁ ရက်နေ့က စတင်
ထုတ်လွှင့်ခဲ့သည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်တွင် ရုပ်သံလိုင်း ၄ ခု ရှိပြီး မြန်မာ့ရုပ်မြင်သံကြားကို ၁၉၈၀ ခုနှစ်၊ မြ၀တီ ရုပ်မြင်


သံကြား ကို ၁၉၉၃ ၊ MRTV 3 ကို ၂၀၀၁ ခုနှစ်၊ MRTV 4 ကို ၂၀၀၄ ခုနှစ် တို့တွင် စတင်ထတ
ုလွှင့်သည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/3883-2010-08-21-07-27-55

ထိင
ုး တွင် တရားမ၀င်နေသူ ၂ သိန်း ခန်က
ို့ အမြဲတမ်းနေခွငေ
့် ပးရန် စီစဉ်

ထိုင်းနိုင်ငံအတွင်း ဆယ်စုနှစ် နှင့်ချီ၍ နေထိုင်ခဲ့သော တရားမ၀င် ရွှေ့ ပြောင်း နေထိုင်သူ နိုင်ငံခြားသား ၂ သိန်း ခန့်ကို
အမြဲတမ်း နေထိုင်ခွင့်ပြုရန် ထိုင်းအာဏာပိုင်များက စီစဉ်နေကြောင်း သိရသည်။

ယင်းအစီအစဉ်ကို သြဂုတ်လ (၁၈) ရက်နေ့က ပြုလုပ်သော အစည်းအဝေးပြီးသည့်နောက် ထိုင်းအမျိုးသား လုံခြုံရေး


ကောင်စီက ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီ၏ အထွေထွေ အတွင်းရေးမှူး Mr.Thaawil Pliansri က“ထိုင်းနိုင်ငံအတွင်း တရား
မ၀င် ရွှေ့ ပြောင်းနေထိုင်နေတဲ့ ၂ သိန်း လောက်ကို အမြဲတမ်း နေထိုင်ခွင့်ပေးဖို့ အစီအစဉ် ရှိပါတယ်။ အဲဒီ လူတွေ ဟာ
အနည်းဆုံး ထိုင်းနိုင်ငံမှာ အနှစ် ၂၀ ကနေ ၃၀ လောက် နေထိုင်ပြီးသားတွေ ဖြစ်တယ်။ သူတို့ မွေးဖွားလာမယ့်
သားသမီးတွေကတော့ ထိုင်းနိုင်ငံသား ဖြစ်လာနိုင်ပါတယ်”ဟု ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းစာ၌ ပါရှိသည်။

ထိုင်းနိုင်ငံအတွင်း အမြဲတမ်းနေထိုင်ခွင့်ရမည့် လူများ၏ အချက်အလက်များစုဆောင်းကာ စာရင်း ပြုစုထားပြီး ဖြစ်


ကြောင်း၊ ထိုလူများကို နေထိုင်ခွင့်ပြုခြင်းဖြင့် ထိုင်းနိုင်ငံအတွက် အကျိုးဖြစ်ထွန်းနိုင်မည်ဟု အစိုးရက ယုံကြည် ကြောင်း၊
ထို့အပြင် ၎င်းတို့ထံမှ အခွန်အတုတ်များကိုပါ ကောက်ယူရန်ရှိကြောင်းလည်း သတင်းစာတွင် ပါရှိသည်။

ထိုင်းအမျိုးသား လုံခြုံရေးကောင်စီက ထုတ်ပြန်သော ယခု အစီအစဉ်မှာ အသစ်အဆန်းတခု မဟုတ်ကြောင်း၊ ထိုင်း


အစိုးရက ယခင်ကပင် ချမှတ်ပြီးသား စီမံကိန်းတခုသာဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန်း တက္ကသိုလ်
နိုင်ငံရေးသိပ္ပံ မဟာဌာနမှ ဒါရိုကတ
်ာ ဒေါက်တာ Naruemon Thabchumpon က ဧရာဝတီသို့ ပြောသည်။

“ထိုင်းနိုင်ငံထဲကို တရားမ၀င် ၀င်လာပြီး နှစ်ပေါင်း နှစ်ဆယ် အစိတ် နေထိုင်ကြတဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယားနဲ့ တရုတ်
စတဲ့ လူမျိုးတွေကို ထိုင်းနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် အရင်ကတည်းက ပေးထားပြီးပါပြီ။ ဒါဟာ အသစ်တခုမဟုတ်ပါ
ဘူး။ အဲဒီလို နေထိုင်တဲ့သူတွေရဲ့ သားသမီးမြေးမြစ်တွေဟာ အခုဆိုရင် ထိုင်းနိုင်ငံသား ဖြစ်နေကြပြီလေ။ အထင်ရှား ဆုံး
ကတော့ ဒုတိယ ကမ္ဘာစစ်အပြီး ရွှေ့ ပြောင်းလာကြတဲ့ တရုတ်လူမျိုးတွေနဲ့ အင်ဒိုချိုင်းနား စစ်ပွဲအပြီး ရွှေ့ ပြောင်း
နေထိုင်တဲ့ ဗီယက်နမ်တွေ၊ ကမ္ဘောဒီးယားတွေပေါ့ ”ဟု ၎င်းက ဆိုသည်။

အမြဲတမ်းနေထိုင်ခွင့် ရရှိမည့်သူအများစုမှာ နယ်စပ်ဒေသများတွင် မိသားစုလိုက် ရွှေ့ ပြောင်းနေထိုင်သူများသာ ဖြစ်


မည်ဟု သိရသည်။ နယ်စပ်ဒေသဖြစ်သော ထဥဘွန်းနှင့် နခွန်ခနုန် ဒေသများတွင် နှစ်ပေါင်း ၂၀ နှင့်အထက် နေထိုင်
ခဲ့ကြသော ဗီယက်နမ်လူမျိုးများကို သာဓကအနေဖြင့် ကြည့်နိုင်ကြောင်း ဒေါက်တာ Naruemon က ပြောဆိုသည်။

မကြာသေးမီက ချင်းမိုင်ဒေသတွင် နေထိုင်သော မြန်မာနိုင်ငံသား မိဘများမှ မွေးဖွားသူ စက္ကူလေယာဉ် ချန်ပီယံ


မောင်သောင်းဒီ ၏ သာဓကမှာလည်း ယခု စီမံကိန်းတွင် အကျုံးဝင်နေကြောင်း သူက ထောက်ပြသည်။

ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င် ရွှေ့ ပြောင်းဝင်ရောက်လာသူများမှာ မြန်မာနိုင်ငံသား အများစုဖြစ်သည်ကို တွေ့ ရ


သည်။ ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်လျှက်ရှိသော ပြည်နယ်တိုင်းများမှ မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ
အတွင်း နှစ်ပေါင်းများစွာ အခြေချနေထိုင်လျက်ရှိသည်။ စီးပွားရေး ကျတည်းခြင်း။ စစ်ဘေး စစ်ဒဏ်က လွတ်မြောက် ရန်
ရှောင်တိမ်းခြင်း၊ အလုပ်လာရောက် လုပ်ကိုင်ခြင်း၊ ဒုက္ခသည်စခန်းများတွင် နေထိုင်ခြင်း စသည်ဖြင့် ပုံစံမျိုးစုံဖြင့်
ဝင်ရောက်ကာ ရွှေ့ ပြောင်းနေထိုင်လျက်ရှိကြသည်။

ယခုကြေညာချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) မှ လက်ထောက်


ဒါရိုက်တာ ဦးမြင့်ဝေက ကြိုဆိုကြောင်း ပြောဆိုသည်။

“ဒီလုပ်ရပ်က ထိုင်းနိုင်ငံကိုလည်း အကျိုးပြုမှာဖြစ်သလို လူသားချင်းစာနာမှုနဲ့ ကူညီရာလည်း ရောက်ပါတယ်။ ထိုင်း


အစိုးရအနေဲ့  ကုလသမဂ္ဂ စံချိန် စံညွှန်းတွေနဲ့ ထိန်းညှိပြီး ပြုလုပ်နိုင်ရင်တော့ ပိုကောင်းမယ်။ ဒီလို ခိုလှုံလာကြတဲ့
အထဲမှာ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရင်း နှစ်ပေါင်း ၂၀ မက ၃၀ ကျော်အောင် နေမိလျက်သား
ဖြစ်နေသူတွေလည်း ပါတယ်။ ထိုင်းတွေရဲ့ အကျိုးစီးပွားအတွက်ရော အဖိနှိပ်ခံ မြန်မာပြည်သူများဘက်ကိုပါ စာနာတဲ့
နှလုံးသားနဲ့ ကြည့်နိုင်ရင်တော့ ပိုသင့်မယ်ထင်ပါတယ်။ ဒါပေမယ့် ဘာဘဲပြောပြော ကျေးဇူးတင်ရမှာပါ”ဟု ၎င်းက ဆို
သည်။

ထိုင်းအမျိုးသား လုံခြုံရေးကောင်စီ အထွေထွေ အတွင်းရေးမှူး၏ ယခု ထုတ်ပြန်ချက်တွင် ဒုက္ခသည် တသိန်း ခန့်


့အရေးလည်း ပါဝင်ကြောင်း၊ သို့သော် အဆိုပါ ဒုက္ခသည်များမှာ ထိုင်းနိုင်ငံအတွင်း အခြေချနေလိုသူများမဟုတ်ကြဘဲ
တတိယ နိုင်ငံသို့ ရွှေ့ပြောင်း အခြေချနေထိုင်လိုသူများသာ ဖြစ်သဖြင့် အမြဲတမ်းနေထိုင်ခွင့် အစီအစဉ်တွင် အကျုံးဝင်
မည် မဟုတ်ကြောင်း သိရသည်။
Source:http://www.irrawaddy.org/bur/index.php/news/1-news/3887-2010-08-21-11-08-44

ဝိတရ
ို ယ
ိ ပြည်နယ် ကိယ
ု စ
်ားပြုမယ့် ချင်း ဘောလုံးသမားလေး
ဆလိုင်းထွန်း | စနေနေ့၊ သြဂုတ်လ ၂၁ ရက် ၂၀၁၀ ခုနှစ် ၁၁ နာရီ ၄၇ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ သြစတြေးလျသို့ လွန်ခဲ့သည့် ၄ နှစ်က အခြေချနေထိုင်ခဲ့သူ ၁၂ အရွယ် ချင်းအမျိုးသား ဂျယ်ရီ


ဆလိုင်းသန် ဇဟောင်း (Jerry San Luai Thang Zahau) ကို ဝိတိုရိယ ပြည်နယ် ကိုယ်စားပြု ဘောလုံးသမားအဖြစ်
ရွေးချယ်ထားသည်။

တပြည်နယ်လုံးတွင် ၁၂ နှစ်အောက်
ကျောင်းဘောလုံး အသင်း ၉ဝ ခန့်ရှိပြီး ကစားသမား
၁,ဝဝဝ ကျော် ထဲမှနေ၍ ပြီးခဲ့သည့်လက ဝိတိုရိယ
ပြည်နယ် ကျောင်းအားကစား ဘောလုံးအသင်း
အတွက် ရွေးချယ် ခံရသည်။

“ပြည်နယ်ကိုယ်စား ကစားရမှာကို တကယ်


ဝမ်းသာတယ်။ ကျနော့်ထက် တော်တဲ့
သူငယ်ချင်းတွေကို မရွေးဘဲ ကျနော့်ကို
တင်ပေးတဲ့အတွက် ကျေးဇူး အများကြီး တင်တယ်။
လေ့ကျင့်ရမှာက အလယ်တန်းနဲ့ နောက်တန်းမှာပါ။
ပြိုင်ပွဲမှာလည်း ဒီအတိုင်း ဖြစ်နိုင်တယ်” ဟု ဂျယ်ရီက
မဇ္ဈိမကို ပြောသည်။

“ဘောလုံးကို တအားချစ်တယ်။ ငယ်ငယ်ကတည်းက ဘောလုံးပဲ ကစားတယ်။ ဒီရောက်တော့ သူ့အရည်အသွေးကို


သိရတယ်။ ဒီမှာလည်း အကောင်းဆုံးဆုတွေ ရတယ်။ သူတို့ အသင်းမှာ သူ့ကို ခရစ်စတီနို ရော်နယ်လ်ဒို လို့
ခေါ်ကြတယ်။ လေ့ကျင့်ရေးဆင်းချိန် မပါနိုင်ရင် ဆရာတွေကိုယ်တိုင် အိမ်အထိ လိုက်လာတယ်။ အသွားအပြန်လည်း
ဆရာတွေ လိုက်ပို့ပေးတယ်” ဟု မိခင်ဖြစ်သူ ရီဘက္ကာဇဟောင်း က ပြောသည်။

သြစတြေးလျနိုင်ငံက တတိယနိုင်ငံ အခြေချရေး အစီအစဉ်ဖြင့် အိန္ဒိယရှိ မြန်မာဒုက္ခသည်များကို ခေါ်ယူရာတွင် ၂ဝဝ၆


ခုနှစ်က ဝိတိုရိယ ပြည်နယ် မဲလ်ဘုန်းမြို့သို့ ဂျယ်ရီတို့ သားအမိ ရောက်ရှိလာရာ ၂ဝဝ၇ တွင်
ခရိုက်တန်မူလတန်းကျောင်း၌ ၃ တန်းမှ စတင်တက်ရောက်ခဲ့သည်။

ယခုနှစ် ပထမအစမ်း စာမေးပွဲ၌ တကျောင်းလုံးတွင် အမှတ်အများဆုံး ရရှိထားကာ ၂ဝဝ၈ နှင့် ၂ဝဝ၉ တွင်
Mooroolbark အငယ်တန်း ဘောလုံးကလပ်၌ အကောင်းဆုံး ဘောလုံးသမားဆု ၂ ကြိမ် ရရှိခဲ့သည်။

“ဂျယ်ရီက တော်တော်တော်တဲ့ ကစားသမား။ ကွင်းထဲ ဒီဘက်ဟိုဘက် ပြေးရမယ့်သူပါ။ တကယ်ဂိုးသွင်းကောင်းတယ်။


ဘဝမျှော်လင့်ချက် ကောင်းကောင်း ရှိတယ်။ ရိုးအေးပြီး ပျော်တတ်တဲ့ ကလေးပါ။ သူငယ်ချင်းတွေကိုလဲ ခင်တတ်
အားပေးတတ်တယ် ” ဟု ခရိုက်တန်ကျောင်းမှ ကျောင်းဆရာမ ဂျင်နီဆဗာရီ က မဇ္ဈိမကို ပြောသည်။

ယခုလ ၃ဝ ရက်မှ စတင်ကာ ဝိတိုရိယ ၊ ကွင်းစလန် ၊ တောင်သြစတြေးလျ၊ မြောက်ပိုင်းနယ်မြေ နှင့်


နယူးဆောက်ဝေးလ်စ် ပြည်နယ်တို့မှ ပြည်နယ်ကိုယ်စားပြု ၁၂ နှစ်အောက် ဘောလုံးအသင်းများ နယူးဆောက်ဝေးလ်စ်
ပြည်နယ်ရှိ နယ်လ်ဆင်ဘေးမြို့တွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

“ကျနော် ကြီးလာရင် နိုင်ငံတကာ အသင်းတွေမှာ ကစားမယ်။ နိုင်ငံတကာမှာ ကျနော့်နာမည် ရေးချင်တယ်။


မြန်မာနိုင်ငံကိုယ်စား ကစားချင်တယ်။ ကျနော့်ကို မြှင့်တင်ပေးတဲ့ သြစတြေးလျနိုင်ငံအတွက် ကိယ
ုစားပြုသူ
ဖြစ်ချင်တယ်” ဟု ဂျယ်ရီက ပြောသည်။

သူတို့သားအမိ ကျောင်းတက်နေကြဆဲဖြစ်၍ အလုပ်လုပ်စရာ မလိုဘဲ အစိုးရက ထောက်ပံ့လာခဲ့သည်။


ခရိုက်တန်မူလတန်းကျောင်းတွင် မြန်မာကျောင်းသား ၁၂ဝ ခန့် တက်ရောက်သင်ကြားနေကြသည်။

သြစတြေးလျနိုင်ငံသို့ ဂျယ်ရီတသ
ို့ားအမိကဲ့သို့ ဒုက္ခသည်အဖြစ်သာမက ပညာရေးနှင့် အလုပ်အကိုင်အတွက်
လာရောက်သည့် မြန်မာနိုင်ငံသား တိုင်းရင်းသားစုံ ပညာတတ်များ အပါအဝင် ဦးရေ ၂ သောင်းခန့်ရှိကြောင်း
ဘားမားကမ်ပိန်း (သြစတြေးလျ) မှ ပြောခွင့်ရ ဒေါက်တာမြင့်ချိုက ဆိုသည်။

’’ရာဇဝတ်မှုနည်းတယ်။ လူမှုဖူလှုံရေးစနစ် ကောင်းတော့ ကျောင်း၊ လုပ်ငန်းသင်တန်း တက်ချင်တယ်ဆို အခမဲ့


ဆက်တက်ခိုင်းတယ်။ အစိုးရ ထောက်ပံ့ငွေနဲ့ ရပ်တည်လို့ ရတယ်။ နိုင်ငံတကာ ပညာရေး ရင်ဘောင်တန်းနိုင်တော့
သားသမီး ပညာရေးကို အလေးထားတဲ့ မိဘတွေလည်း သြစတြေးလျ လာကြတာ များတယ်။ လူ့အခွင့်အရေးကို
အလေးစားဆုံး နိုင်ငံထဲမှာ ပါတော့ ရောက်လာရင် မိမိရဲ့ လူမျိုး၊ ဘာသာ၊ သာသနာ မပျောက်ဘူး။ ဒါတွေကြောင့်
ဒီနိုင်ငံကို လာကြတာ များတယ်’’ ဟု သူက ပြောသည်။

၁၉၄၈ လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာကပြားများ သြစတေးလျနိုင်ငံ အနောက်ခြမ်းသို့ ဝင်ရောက်အခြေချမှု


စတင်ခဲ့သည်။

၁၉၈၈ နောက်ပိုင်း ထိုင်း၊ မလေးရှားနှင့် အိန္ဒိယရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးများတွင်


ဒုက္ခသည်အဖြစ် လာရောက်ခိုလှုံလာသူများနှင့် မြန်မာပြည်တွင်း၌ ဖမ်းဆီးခံမည့်အရေးကြောင့် ထွက်လာသည့် နိုင်ငံရေး
လှုပ်ရှားသူများကို ၎င်းတို့ရောက်ရှိရာ သြစတြေးလျသံရုံးက အထူးအစီအစဉ်ဖြင့် ခေါ်ယူကာ နေထိုင်ခွင့်ပြုနေဆဲ
ဖြစ်သည်။
Source:http://www.mizzimaburmese.com/news/regional/5900-2010-08-21-05-20-31.html

ရှမ်း နိင
ု င
်ေ
ံ ရးခေါင်းဆောင် ဦးရွှေအုးံ ကွယလ
်ွန်
ပြည်ထောင်စု ဒီမိုကရေစီပါတီ၏ နာယက တဦးဖြစ်သူ ဝါရင့် ရှမ်းနိုင်ငံရေး ခေါင်းဆောင် ဦးရွှေအုံး (၈၉ နှစ်) သည်
ယမန်နေ့ ညနေ ၆ နာရီခွဲတွင် အသည်းရောဂါဖြင့် နေအိမ်၌ပင် ကွယ်လွန် သွားကြောင်း သိရှိရသည်။
“ဆရာဝန် ဆီကနေ ခြောက်လပဲ အသက်ရှင်တော့ မယ်လို့ ဆေးစစ်ချက်
ထွက်လာပြီး နောက်ပိုင်းမှာ၊ ပါတီအတွက် တောင်ကြီး စည်းရုံးရေး
ခရီးစဉ်ကို ထွက်ဖြစ်အောင် ထွက်ခဲ့တယ်၊ မသေခင်အထိ အလုပ်တွေ
လုပ်သွားပါတယ်၊ သူ့ရဲ့ အတ္ထုပ္ပတ္တိကို အပြီးသတ် ပြုစုသွား
နိုင်ခဲ့တယ်”ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီ၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ
ဦးဌေးက ဧရာဝတီသို့ ပြောသည်။

ဦးရွှေအုံးသည် ၁၉၃၆ ခုနှစ် ဗမာနိုင်ငံလုံးဆိုင်ရာ ပထမ


ရှမ်း နိုင်ငံရေးခေါင်းဆောင် ဦးရွှေအုံး (ဓာတ်ပုံ -
ကျောင်းသားသပိတ် ဖြစ်ပွားချိန်တွင် ပါဝင်ခဲ့သည်။ ထိုစဉ်က
kabarmakyay.blogspot.com)
ဦးရွှေအုံးသည် အသက် ၁၃ နှစ်သာ ရှိသေးသည်။ ၁၉၃၈ ခုနှစ် ရှစ်တန်း
ကျောင်းသားအရွယ် တောင်ကြီးမြို့တွင် ကျောင်းသားများ ညီညွတ်ရေးအသင်းကို တည်ထောင်ခဲ့သည်။

၁၉၃၉- ၄၀ ရန်ကုန်တက္ကသိုလ် ကျောင်းသားများ လှုပ်ရှားမှုတွင်လည်း ပါဝင်ခဲ့သည်။ ပထမနှစ် တက္ကသိုလ် ကျောင်းသား


ဘဝတွင် ရှမ်းပြည်ကျောင်းသားများအသင်း၏ တွဲဖက် အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ ဒုတိယနှစ်တွင်
အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။

ဂျပန်ခေတ်အတွင်း ရှမ်းပြည်မြောက်ပိုင်းတွင် အာရှလူငယ် ခရိုင်စည်းရုံးရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ သူ၏


ဆောင်ရွက်မှု များကြောင့် လွတ်လပ်ရေးမော်ကွန်းဝင် တတိယအဆင့် ချီးမြှင့်ခြင်းခံရသည်။

၁၉၄၆ ခု ပထမ ပင်လုံညီလာခံတွင် အရပ်သားတဦးအနေဖြင့် တက်ရောက်ခဲ့သည်။

၁၉၄၇ ခုနှစ်တွင် မြန်မာ့အလင်းသတင်းစာတိုက်၌ ညပိုင်း အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့ပြီး ဒုတိယ ပင်လုံညီလာခံကို


မြန်မာ့အလင်းသတင်းစာ၏ ကိုယ်စားလှယ်အနေဖြင့် တက်ရောက်ခဲ့ရသည်။

ပင်လုံညီလာခံအပြီးတွင် ရှမ်းပြည်လွတ်လပ်ရေး အဖွဲ့ချုပ်၏ ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံရေးလောကအတွင်း


သို့ ပြန်လည် ဝင်ရောက်လာခဲ့သည်။

ရှမ်းပြည်လွှတ်တော်တွင်လည်း လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရပြီး နောက် အတိုက်အခံ ဒုတိယ ခေါင်းဆောင်အဖြစ်


တာဝန်ယူခဲ့သည်။

၁၉၄၈ ခုနှစ်တွင် ရှမ်းပြည်တောင်ပိုင်း ဟိုပုန်း ဘုရားပွဲတွင် ပဒေသရာဇ် ဆန့်ကျင်ရေး ဆန္ဒပြပွဲ၌ ပဒေသရာဇ်များ ဘက်မှ
လက်ပစ်ဗုံး ဒဏ်ကြောင့် ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် သုံးလခန့် ဆေးကုသမှု ခံယူ
ခဲ့ရသည်။

၁၉၄၉ ခုနှစ် ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ချုပ် ခေါင်းဆောင်များ တောခိုမှုတွင် ပါဝင်သည်ဟူသော စွပ်စွဲချက် ပုဒ်မ (၅) ဖြင့်
သရက်ထောင်တွင် ဖမ်းဆီးထောင်ချခံခဲ့ရသည်။

၁၉၅၉ ခုနှစ်တွင် ရန်ကုန်မြို့ ရှမ်းပြည်နယ်အသင်း၌ အမှုဆောင်လူကြီးအဖြစ် နှစ်နှစ်ခန့် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။


၁၉၈၃ ရန်ကုန်မြို့တွင် တောင်ကြီးအသင်း တည်ထောင်ပြီး ဥက္ကဋ္ဌအဖြစ် သုံးနှစ်ဆက်တိုက် ဆောင်ရွက်ခဲ့သည်။ ယင်း
အသင်း၌ပင် နာယကအဖြစ် ကွယ်လွန်ချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးတွင်လည်း ဆန္ဒပြပွဲများ၊ တရားပွဲများတွင် ကိုယ်တိုင်ဦးဆောင်၍ ပါဝင်ခဲ့သည်။ ၁၉၈၉
တွင် ရှမ်းပြည် တိုင်းရင်းသား လူမျိုးစုများ ဒီမိုကရေစီ အဖွဲ့ချုပ် (ရ.တ.ဒ.ဖ) တွင်လည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

၁၉၉၃ အမျိုးသား ညီလာခံတွင် “တတိယ ပြည်ထောင်စု မြန်မာနိုင်ငံတော်သို့ ဘယ်တော့၊ ဘာကြောင့်၊ ဘယ်လို” စသည်
ဖြင့် အကြံပေးစာတမ်း တင်သွင်းခဲ့သောကြောင့် ထောင်ဒဏ် ၁ နှစ် ကျခံခဲ့ရသည်။

၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရှမ်းပြည်နယ် အတိုင်ပင်ခံကောင်စီ ရွေးကောက်ပွဲနှင့် ပတ်သက်၍ တောင်ကြီး


မြို့တွင် ခြေချုပ်ဖြင့် ၁ နှစ် နေထိုင်ခဲ့ရသည်။

ထို့နောက် ပြည်ထောင်စု ဒီမိုကရေစီပါတွင် နာယက တဦးအဖြစ်လည်းကောင်း၊ ဝါရင့်နိုင်ငံရေးသမား အုပ်စုတွင်


လည်းကောင်း ပါဝင်ဆောင်ရွက်ခဲ့သည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီမှ ဦးဌေး က“ကျနော်တို့ အလေးထားရတဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးတဦး ဖြစ်တဲ့


အန်ကယ် ဦးရွှေအုံး ကွယ်လွန်သွား ပေမယ့် သူချမှတ်ခဲ့တဲ့မူတွေနဲ့အတူ၊ သူလိုချင်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး
ပန်းတိုင်ကို ကျနော်တို့ ပါတီက ဆက်လက် ချီတက်နေတယ်ဆိုတာကို ပြည်သူတွေနဲ့ တိုင်းရင်းသားတွေကို ကျနော်တို့
ကတိပေးပါတယ်”ဟု ပြောဆိုသည်။

ရွေးကောက်ပွဲအတွက် တိုင်းရင်းသားလူမျိုးစုများကို စည်းရုံးသည့်အပေါ်တွင်လည်း ဦးရွှေအုံးကဲ့သို့ တိုင်းရင်းသား


ခေါင်းဆောင် မရှိတော့သည့်နောက်ပိုင်းတွင် အခက်အခဲများဖြစ်လာမည်ကိုလည်း စိုးရိမ်ကြောင်း၊ ဦးရွှေအုံး ကွယ်လွန်
သွားသည့်အတွက်လည်း အားငယ်မှု၊ စိတ်ပျက်မှုများ ဖြစ်ပေါ်ရကြောင်း ဦးဌေးက ပြောဆိုသည်။

ဦးရွှေအုံးသည် ကွယ်လွန်ချိန်၌ မကျန်းမာ၍ အိပ်ရာထဲတွင် လဲနေသော ဇနီးဖြစ်သူ ဒေါ်တင်နီနှင့် သားနှစ်ဦး အပါအဝင်


မြေး ငါးဦး ကျန်ရစ်ခဲ့သည်။

ဦးရွှေအုံး၏ ဈာပနကို မနက်ဖြန် (၂၂. သြဂုတ်လ. ၂၀၁၀) တွင် ရေဝေးသုသာန်သို့ ပို့ဆောင် သင်္ဂြိုဟ်မည် ဖြစ်ကြောင်း
လည်း သိရှိရသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/3885-2010-08-21-10-49-04

ချင်းပြည်နယ် တစည ပါတီ လွှတေ


် တ်ာကယ
ို ္စားလွယေ
် လာင်းများ
အတွက် ဗဟိုပါတီမှ ငွေထုတ်ပေးမည်

ခိုနူမ်းထုန်သတင်း၊ ၂၁ သြဂုတ် ၂၀၁၀

၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ချင်းပြည်နယ်မှ တိုင်းရင်း သားစည်းလုံး ညီညွတ်ရေးပါတီ (


အဲန်ယူပီ)လွတ်တော်ကိုယ်စားလှယ် လောင်းများအား သက်ဆိုင်ရာ ဗဟိုပါတီမှ ကျပ်ငွေ ၅သိန်းစီကျခံပေး မည်
ဟုသိရသည်။

ချင်းပြည်နယ် အဲန်ယူပီ ပါတီစည်းရုံးရေးမှူး ဦးဟာလိန်းက ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယပတ်က ဖလမ်းမြို့ရှိ ၄င်းတို့


ပါတီဝင်များ နှင့် တွေ့ဆုံစဉ် ပြောသွားခြင်းဖြစ်သည်။

“ချင်းပြည်နယ်အပြင် ကယားပြည်နယ်က ကိုယ်စားလှယ်လောင်းတွေကို လည်း ဗဟိုပါတီကနေ ထောက်ပံ့သွား မယ်လို့


ဦးဟာလိန်းက ပြောတယ် ” ဟု ဖလမ်းမြို့နယ် အဲန်ယူပီပါတီဝင်တဦးက ပြော သည်။

ယခုကဲ့သို့ ပါတီမှ ထောက်ပံ့သွားခြင်းသည် ကိုယ်စားလှယ်လောင်းများ သည် ငွေကြေးချို့ တဲ့ ခြင်း နှင့် ၄င်းတို့
ကိုယ်တိုင် ၀င်ရောက်ယှဉ်ပြိုင် ရန်ဆန္ဒမရှိခြင်းတို့ကြောင့်ဖြစ် သည်ဟုသိရသည်။ ထို.အပြင် လူထု အနေ ဖြင့် တစည
ပါတီကို စိတ်ဝင် စားမှူ နည်းပါးကြောင်း သိရသည်။

“လူထုက ဒီ ကျတော်တို့ ပါတီကို နေဝင်း ပါတီဆိုပြီး သရော်ကြတယ်၊ အနိုင်ရဖို့က တော် တော် ကို စည်းရုံးရ မယ် ၊ အခု
ဖလမ်းမြို့နယ်မှာ တစညပါတီဝင် ၆၀၀ ခန့်ရှိတယ် ” ဟု ဒေ သ ခံ တစည ပါတီခေါင်း ဆောင်တဦး ကပြောသည်။

၎င်းကိစ္စနှင့် ပါတ်သက်ပြီး ချင်းတိုးတက်ရေးပါတီမှ ဦးနာ့ထန်းက တစည ပါတီသည် မဆလ ခေတ်တုန်းက


ပါတီအသုံးအဆောင်၊ အဆောက်အဦး တွေ ၄င်းတို့လက်ထက်မှာရှိ နေခြင်းကြောင့် ယခုကဲ့သို. ငွေကြေး ထောက်
ပံ့မှူတွေ လုပ်နိုင်ခြင်း ဖြစ်သည်ဟုဆိုသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ တစည ပါတီမှ ၀င်ရောက် ယှဉ်ပြိုင်မယ့်ကိုယ်စား လှယ်လောင်း များအား


ရွေးချယ်ထားပြီးဖြစ်သည်။ ဖလမ်းမြို.နယ်မှ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းများမှာ
ပြည်နယ်လွှတ်တော်တွင် ဦးထန်ကိမ်း နှင့် ဦး Lalthianghlim တို.ဖြစ် ကြပြီး ၊ ပြည်သူ.လွှတ်တော်ကိုယ်စား လှယ်အဖြစ်
ဦး Santhang (မြို.နယ် ပညာရေးမှူးအငြိမ်းစား) နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦး Ca mang
(ဥပဒေရေးရာအရှိအငြိမ်းစား) နှင့် ဦး သက်မောင် (မြို.နယ် ပညာရေးမှူးအငြိမ်းစား) တို.ဖြစ်ကြ သည်ဟုသိရသည်။

ချင်းပြည်နယ်အခြားမြို.နယ်များမှ တစည ပါတီ လွှတ်တော်ကိုယ်စားလှယ် များ၏အမည်စာရင်းများကိုမူ မသိရှိရ သေပေ။

နိုဝင်ဘာလ ၇ ရက်နေ.တွင် ကျင်းပပေးတော့မည်ဖြစ်သည့် ၂၀၁၀ ထွေ ထွေရွေးကောက်ပွဲတွင် ၀င်ရောက်


ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စား လှယ်လောင်းတဦးသည် ရွေးကောက်ပွဲကော်မီရှင်ထံသို. ကျပ်ငွေ ၅ သိန်းစီ
ပေးသွင်းရမည်ဟု ရွေးကောက်ပွဲကော်မီရှင်က သတ်မှတ်ထားသည်။

သို့ သော်လည်း ရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေး ပါတီများက လွှတ်တော်ကိုယ်စားလှယ် တဦး


ကျပ်ငွေ ၅ သိန်းပေးသွင်း ရမည်ဆိုသည့်အချက်ကို ပြန်လည်လျော့ချပေးရန် ရွေးကောက်ပွဲ ကော်မီ ရှင် ထံသို.
တောင်းဆိုမှုတွေလည်းရှိနေပါသည်။

Source:http://www.khonumthungburmese.org/index.php?
subaction=showfull&id=1282390247&archive=&start_from=&ucat=1&

အပစ်ရပ် အဖွဲန
့ စ
ှ ဖ
်ွန
ဲ့ စစ်အစိုး ရတုင
ိး မှူး တွေဆ
ုံ့

2010-08-21

စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားပေမယ့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကိစ္စကို လက်မခံတဲ့ တိုင်းရင်းသား


လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့ဖြစ်တဲ့ ဝ နဲ့ မိုင်းလားအဖွဲ့တွေကို သြဂုတ်လ ၂၀ ရက်နေ့မှာ တြိဂံဒေသတိုင်း တိုင်းမှူးက
သီးခြားစီ ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ဝပြည်နယ် ငြိမ်းချမ်းရေးနေ့ နှစ်၂ဝပြည့် အခမ်းအနား ဧပြီ ၁၇ရက်နေ့က ပန်ဆန်းတွင် ကျင်းပစဉ် စစ်ရေးပြနေသော
ဝပြည် သွေးစည်းညီညွတ်ရေး (UWSA) တပ်ဖွဲ့များ ဖြစ်ပါသည်။ (Photo Courtesy of UWSA)

NDAA-ESS ခေါ် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် မိုင်းလားတပ်ဖွဲ့ ခေါင်းဆောင်တချို့ဟာ တြိဂံတိုင်း


တိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုးကို ကျိုင်းတုံမြို့မှာ ဒီကနေ့ သွားတွေ့ကြပြီး UWSA ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော်
ကိုယ်စားလှယ်အဖွဲ့ကတော့ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်နဲ့ တန့်ယန်းမြို့မှာ
တွေ့ဆုံကြတယ်လို့ သိရပါတယ်။

UWSA ဝလက်နက်ကိုင် တပ်ဖွဲ့ရဲ့ ဥက္ကဌ ပေါက်ယူချန်းကို နာမည်တပ်ပြီး ဖိတ်ခေါ်ခဲ့ပေမယ့် ပေါက်ယူချန်းဟာ


ကျန်းမာရေးမကောင်း ဖြစ်နေပြီး ပန်ဆန်းဌာနချုပ်မှာ မရှိတဲ့အတွက် ကိုယ်စားလှယ်အဖွဲ့ကိုသာ စေလွတ်ခဲ့တယ်လို့
ရှမ်းသံတော်ဆင့်သတင်းဌာနရဲ့ လက်ထောက်အယ်ဒီတာ ဦးစိန်ကြည် က ပြောဆိုပါတယ်။

“သူတို့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ဥက္ကဌ ဗိုလ်လောင်ခမ်းနဲ့ ၇ ယောက် ၈ ယောက်လို့ ပြောတယ်။ သူတို့က
သွားတင်ပြ တောင်းဆိုဖို့ ဘာမှ မရှိဘူးတဲ့၊ နားထောင်ရုံတခုပဲ သွားမယ်တဲ့။ ဘာမှ တောင်းဆိုတာ တင်ပြတာ၊
ဆွေးနွေးတာ ဘာညာ ဘာမှမရှိဘူးတဲ့။ သူတို့ ပြောချင်တာပြော၊ သွားနားထောင်ပြီး ပြန်လာရုံပဲတဲ့။ အဲ့ဒီလို ပြောတယ်။
မိုင်းလား အဖွဲ့လည်း သွားတယ်။ ဒါပေမယ့် သေချာတာက သူတို့ ဥက္ကဌကြီး ဦးစိုင်းလင်း ကိုယ်တိုင်က မသွားဘူး။ သူက
မရှိဘူး၊ ခရီးထွက်နေတယ်။ နောက်ပြီးတော့ သူတို့ ဒုဥက္ကဌ ဦးဆန်းဖေတို့ ဦးစံလူ တို့လည်း မသွားဘူး။ သူတလ
ို့ ည်း
အလယ်အလတ် ခေါင်းဆောင်ပဲ သွားမှာပေါ့။ ကျိုင်းတုံကို သူတို့ သွားကြပြီး ဒီနေ့ပဲ ပြန်လာကြမယ်လို့တော့ ယူဆတယ်”

ခုလို တွေ့ဆုံဖို့ ဆင့်ခေါ်ပြီး ဘာတွေ ပြောဆိုဆွေးနွေးမယ်ဆိုတာ တိုင်းရင်းသားအဖွဲ့တွေ အနေနဲ့ သေချာ မသိပေမယ့်


သူတို့ နယ်မြေတွေအတွင်း ရွေးကောက်ပွဲအတွက် စည်းရုံးခွင့်၊ မဲပေးခွင့်တွေ ဆွေးနွေးဖို့နဲ့ နယ်ခြားစောင့်တပ် ဖွဲ့ဖို့ ထပ်ပြီး
ဖိအားပေး ပြောဆိုတာတွေသာ ဖြစ်နိုင်ကြောင်း သုံးသပ်ကြတယ်လို့လည်း ဦးစိန်ကြည်က ပြောပါတယ်။

“ပန်ဆန်းဌာနချုပ်နဲ့ မိန်းလားဌာနချုပ်၊ သူတို့ သုံးသပ်တာပေါ့လေ၊ ဒီလာမယ့် ရွေးကောက်ပွဲကိစ္စရယ် နောက်ပြီးတော့


အရင်က သူတို့တောင်းဆိုထားတဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ကိစ္စ၊ ဒီနှစ်ခုကတော့ မလွတ်ဘူး ထင်တယ်လို့
ပြောတယ်။ တချို့ပြောတာ ဒီနေ့ သွားတွေ့မယ့်ဥစ္စာက ၃၀ ရက်နေ့ အဖြေပေးဖို့၊ ဒက်လိုင်းတွေဘာတွေ ပေးဖို့
အလားအလာ များတယ်။ ဒက်လိုင်း တစ်စုံတစ်ရာ ပေးမှာပေါ့၊ အဲ့ဒီ အဖြေပေးဖို့ ကိစ္စ သူတို့ တောင်းဆိုထားတဲ့ဟာ၊
နအဖ ဖက်က မေးခွန်းထုတ်ထားတဲ့ဟာ ဘာညာပေါ့”

အခုချိန်အထိ နှစ်ဖက်အကြား ဆွေးနွေးကြတဲ့ အကြောင်းအရာတွေကို ထုတ်ဖော် မပြောဆိုသေးပါဘူး။

ဝ တပ်ဖွဲ့နဲ့ မိုင်းလားအဖွဲ့တို့ဟာ လောလောဆယ် စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းထားကြပြီး နယ်ခြားစောင့်တပ်


အသွင်ပြောင်းဖို့ကို လက်မခံကြောင်း၊ သူတို့ဘက်က အရင်စပြီး တိုက်ခိုက်မှာ မဟုတ်ဘဲ စစ်အစိုးရဘက်က စစ်ရေးအရ
အရေးယူလာမှသာ ပြန်ခုခံဖို့ အသင့်ပြင်ပြီး သတိ အနေအထားနဲ့ နေကြဖို့ သဘောတူထားကြတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။

အထူးဒေသ (၄) ဖြစ်တဲ့ မိုင်းလားအဖွဲ့ဟာလည်း ၁၉၈၉ ခုနှစ် ကတည်းက UWSA ဝ ပြည် သွေးစည်းရေးတပ်မတော်၊
MNDAA ကိုးကန့်အဖွဲ့၊ NDA-K ဒီမိုကရေစီသစ် တပ်မတော်-ကချင် တို့နဲ့အတူ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တပ်ပေါင်းစု
PDF အဖြစ် စုပေါင်းဖွဲ့စည်းထားပါတယ်။

Source:http://www.rfa.org/burmese/news/junta_commander_summons_two_ceased-fire_groups-
08212010093054.html

လြုံ ခုံရေးကြောင့် နယ်စပ် မွနေ


် တ်ာလန
ွ ေ
် ရးနေ့ အခမ်းအနား နေရာ
ပြောင်းရွှေ့
August 21st, 2010

ယခင်နစ
ှ် ဂျပန်ရေတွင်း ကျေးရွာတွင် ကျင်းပသည့် မွန်တော်လန
ှ်ရေးနေ့ အခမ်းအနား

အာကာ - လုံခြုံရေးကြောင့် ယခုနှစ် ဝါခေါင်လပြည့်နေ့ (သြဂုတ်လ ၂၅ ရက်နေ့) တွင် ကျရောက်မည့် (၆၃) ကြိမ်မြောက်
မွန်အမျိုးသား တော်လှန်ရေးနေ့ နယ်စပ်အခမ်းအနားကို ပါတီ၏ အတွင်းပိုင်းကျပြီး သွားလာရေး ခက်ခဲသော
ဗလက်ဒွန်းဖိုက်ကျေးရွာသို့ ပြောင်းရွှေ့ပြုလုပ်မည် ဖြစ်သည်။

မွန်ပြည်သစ်ပါတီ အပစ်ရပ်ပြီး နောက်ပိုင်းတွင် ပါတီဗဟိုဝန်းကျင်ဒေသ နယ်စပ်အခမ်းအနားကို ဘုရားသုံးဆူနယ်စပ်


အနီးရှိ ဂျပန်ရေတွင်းကျေးရွာတွင် နှစ်စဉ် ကျင်းပလာခဲ့သော်လည်း ဘဏ္ဍာရေး နှင့် လုံခြုံရေးကြောင့် ယခုကဲ့သို့
ပြောင်းရွှေ့ရခြင်း ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်တစ်ဦးက ပြောသည်။

“ဗလက်ဒွန်းဖိုက်ကို ပြောင်းပြီး လုပ်ရတဲ့ အဓိက အကြောင်းရင်းကတော့ လုံခြုံရေးပေါ့နော်၊ နောက်တော့ ဘဏ္ဍာရေး


အခက်အခဲနဲ့ အဲဒီဘက်မှာ ရှိတဲ့ ပြည်သူတွေကို ရည်ရွယ်ပြီး လုပ်တာလည်း ဖြစ်တယ်” ဟု ဗဟိုကော်မတီဝင်
နိုင်ဟံသာဗွန်ခိုင်က ပြောသည်။

စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီအကြား ဆက်ဆံရေး မပြေလည်ခြင်း၊ ဘုရားသုံးဆူမြို့အနီးတွင် မကြာခဏ


ဗုံးပေါက်ကွဲခြင်းတို့ကြောင့် လုံခြုံရေးအရ အခမ်းအနားကို နေရာပြောင်းရွှေ့ ကျင်းပခြင်း ဖြစ်နိုင်ကြောင်း အခမ်းအနား
ဖြစ်မြောက်ရေး ကော်မတီနှင့် နီးစပ်သူများက ပြောသည်။

(၁၉၉၅) ခုနှစ်တွင် အပစ်အခတ် ရပ်စဲခဲ့သော မွန်ပြည်သစ်ပါတီက စစ်အစိုးရ၏ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေကို


ပြန်လည်သုံးသပ်ပြင်ဆင်ခြင်း မရှိလျှင် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ခြင်း၊ စစ်အစိုးရ
ကမ်းလှမ်းထားသည့် နယ်ခြားစောင့်တပ်၊ ပြည်သူ့ စစ်တပ် အသွင်ပြောင်းခြင်းတို့ကို လက်မခံခြင်းတို့ကြောင့်
နှစ်ဖက်အကြား ဆက်ဆံရေး တင်းမာခဲ့သည်။

ယခင်နှစ်များတွင် နယ်စပ်အခမ်းအနားကို စစ်ကြောင်းများ ချီတက်ခြင်းနှင့် စစ်ရေးပြ အခမ်းအနားများဖြင့် စည်ကားစွာ


ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် စစ်ကြောင်းများ ချီတက်ခြင်း မရှိပဲ အကျဉ်းရုံး၍သာ ကျင်းပမည် ဖြစ်သည်။

ယခင် ဂျပန်ရေတွင်း နယ်စပ်အခမ်းအနားသို့ ဘုရားသုံးဆူ ဝန်းကျင်ဒေသနှင့် ထိုင်းနိုင်ငံမှ မွန်လူမျိုး အများအပြား


တက်ရောက်ခဲ့ကြသော်လည်း ယခုနှစ်တွင် သွားလာရေး ခက်ခဲမှုကြောင့် အနည်းအကျဉ်းသာ တက်ရောက်နိုင်မည်
ဖြစ်ကြောင်း အခမ်းအနား ကျင်းပရေးကော်မတီက ခန့်မှန်းထားသည်။

ထို့အတူ ပြည်တွင်း မွန်လူငယ်များနှင့် မွန်သံဃာတော်များကလည်း ယခင်နှစ် တော်လှန်ရေးနေ့ကဲ့သို့


ကျဆုံးလေပြီးသော မွန်တော်လှန်ရေးခေါင်းဆောင်များအား ဂါရဝပြုသည့် အခမ်းအနားကို ယခုနှစ်တွင် ကျင်းပနိုင်မည်
မဟုတ်ကြောင်း ပြည်တွင်းရှိ မွန်လူငယ်များက ပြောသည်။

သို့သော်လည်း မွန်ပြည်သစ်ပါတီ ဗဟိုနှင့် ခရိုင်အသီးသီး၌ အခမ်းအနားကို ယခင်နှစ်များအတိုင်း ကျင်းပမည်


ဖြစ်ကြောင်း သိရသည်။

ကောဇာသက္ကရာဇ် (၁၃၁၀) ခု ဝါခေါင်လပြည့်နေ့တွင် ဘားအံမြို့နယ်၊ ဇာသပြင် ရဲစခန်းကို မွန်လူငယ်များ


ဝင်ရောက်သိမ်းပိုက်ခဲ့သည်ကို အစွဲပြု၍ ထိုလပြည့်နေ့ကို မွန်အမျိုးသား တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။

Source:http://monnews.org/bu/?p=538

ရခိင
ု မ
ှ်ာ ကြံခ
့ င
ို ေ
် ရး ရုံးဖွငခ
့်ျိန် ကန်က
ွ့က် ဆန္ဒပြမှုများရှိ

ဓာတ်ပုံ ASSOCIATED PRESS

ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင်များ ရန်ကုန်တိုင်းတွင်း ပါတီဆိုင်းဘုတ်တင် အခမ်းအနား ကျင်းပနေကြစဉ် (သြဂုတ်လ ၂၀၊


၂၀၁၀)

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို လုံခြုံရေး အစောင့်အရှောက်တွေနဲ့


ကျင်းပခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ် တောင်ပိုင်း မြို့တချို့မှာတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ဆန့်ကျင်မှုတွေ
ဆက်တိုက်လိုလို ဖြစ်ပွားခဲ့ပါတယ်။ ဒီအကြောင်း အသေးစိတ်ကို ဘင်္ဂလားဒေ့ရှ် နယ်စပ်ကနေ သတင်းထောက်
ဦးအောင်စံမင်းက အစီရင်ခံထားပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ပြီးခဲ့တဲ့ ၂၀ ရက်နေ့ နေ့လည်က ပြည်ခိုင်ဖြိုးပါတီရုံး ဆိုင်းဘုတ်တင်ပွဲနဲ့ ရှင်းလင်းစည်းရုံးပွဲကို


ကျင်းပပါတယ်။ စစ်တွေမြို့တော်ခမ်းမမှာ ကျင်းပတာဖြစ်ပြီး လူပေါင်း ၁,၀၀၀ ကျော် တက်ရောက်ခဲ့ကြတယ်။
တက်ရောက်ကြတဲ့ပြည်သူတွေကိုလည်း အဲဒီ ပြည်ခိုင်ဖြိုးပါတီက ကားတွေနဲ့ အခမဲ့ အကြိုအပို့ လုပ်ပေးတယ်။
အဲဒီပတ်ဝန်းကျင်မှာလည်း ရဲနဲ့ အရပ်ဝတ်တဲ့ ထောက်လှန်းရေးတွေက ၄၀၀ ကျော် ၅၀၀ နီးပါးလောက်
ကင်းလှည့်နေခဲ့ပါတယ်။

အဲဒီလိုပဲ စစ်တွေမြို့တော်မှာ ပါတီ ဆိုင်းဘုတ်တင်ပွဲနဲ့ ရှင်းလင်းပွဲတွေ လုပ်နေတုန်းမှာပဲ ၁၉၉၀ ပြည့်


ရွေးကောက်ပွဲကာလက NLD ကို အင်တိုက်အားတိုက် မဲပေးခဲ့ကြတဲ့ ကျောက်ဖြူ၊ မာန်အောင် မြို့တွေမှာ
ရွေးကောက်ပွဲတွေကို ဆန့်ကျင် သပိတ်မှောက်ဖို့ စာစောင်တွေ ဖြန့်နေကြတာကို မကြာမကြာ လုပ်နေကြကြောင်း
ကျောက်ဖြူမြို့သား တဦးက အခုလို ပြောပါတယ်။

“၁၈ ရက်နေ့က ကျောက်ဖြူမြို့လယ်နေရာတချို့မှာ ရွေးကောက်ပွဲကို ဆန့်ကျင်ကြ၊ ဒေါ်စုနဲ့အတူ ဆန့်ကျင်ကြ ဆိုတဲ့


စာရွက်တွေကို လမ်းတွေမှာ ကျဲချထားတယ်။ မီးစက်ကြီး၊ ငပွေး စတဲ့ရပ်ကွက်တွေနဲ့ တခြား နေရာတွေမှာတော့
မီးတိုင်တချို့နဲ့ သစ်ပင်တွေမှာ အဲဒါတွေကို ကပ်ထားကြတယ်။ အဲဒါကို ရဲတွေနဲ့ ရယက တွေက မနက်စောစော
လိုက်ခွာနေကြတာ ကျနော်တို့ ကိုယ်တွေ့ပါပဲ။”

အခုလ ၈ ရက်နေ့ကလည်း ကျောက်ဖြူမြို့ ဈေးအတွင်းက ဈေးဆိုင်တချို့မှာ အဲဒီလို စာရွက်တွေ ကပ်ထားလို့ ရဲတွေက


ခွာယူသွားကြပေမဲ့ ဖမ်းတာဆီးတာတွေတော့ မရှိကြောင်း သိရပါတယ်။

အခုလ ၁၅ ရက်နေ့ကလည်း မာန်အောင်မြို့နယ်က အိမ်ခြေ ၁,၀၀၀ ကျော်ရှိတဲ့ ကျေးရွာကြီးတရွာကို ပြည်ခိုင်ဖြိုး ပါတီက


မြို့နယ်အတွင်းရေးမှူး ဦးမောင်မြင့် စည်းရုံးရေး ဆင်းလာစဉ်က ဘယ်လို ကြုံသွားခဲ့ရသလဲဆိုတာကိုလည်း
ကိုယ်တွေ့မြင်ခဲ့တဲ့ ကျောက်ဖြူက ကုန်သည်ကြီးက ခုလို ပြောပါတယ်။

“ကျနော်က ကုန်ဝယ်သွားတာလေ။ သစ်ပုံရွာကြီးမှာဗျာ။ အုန်းပင်တွေမှာ ကပ်ထားကြတာက တစည နဲ့ ကြံ့ဖွံ့ကို အလိုမရှိ၊


ဒေါ်စုကိုပဲ လိုတယ်၊ ထောက်ခံတယ် ဆိုတဲ့စာရွက်တွေ အများကြီးပဲ ကပ်ထားတယ်။ အဲဒါကို လိုက်ခွာနေကြတုန်း
မာန်အောင်က ပြည်ခိုင်ဖြိုး ပါတီက မြို့နယ်အတွင်းရေးမှူးကြီး ဦးမောင်မြင့် ရောက်လာတယ်။ အဲဒီစာရွက်တွေကို
ရယကတွေကို ခေါ်ပြီးတော့ ဆူ၊ ရဲတွေကိုဆူ။ ကပ်တဲ့သူတွေကို ဖော်ထုတ်ဖို့ပြောပြီးတော့ ချက်ချင်းပြန်သွားတယ်။
သူတို့နဲ့အတူ ရဲတွေလည်း အစောင့်ပါလာတော့ လူတချို့ အော်ကြဟစ်ကြ ပြောင်ကြနဲ့ ပြည်ခိုင်ဖြိုးက
မြို့နယ်အတွင်းရေးမှူးကြီး ရှက်စရာ ကြုံသွားရတယ်။”

ရခိုင်ပြည်နယ်တောင်ပိုင်းက မြို့နယ်တွေဟာ NLD ကို လိုလလ


ိုားလား ထောက်ခံကြတဲ့မြို့တွေ၊ စစ်အစိုးရရဲ့
လုပ်ရပ်တွေကို မကြာခဏ အခွင့်သာတိုင်း လမ်းကိုထွက်ပြီး ကန့်ကွက်ဆန္ဒပြကြတဲ့ မြို့တွေ ဖြစ်ကြတယ်။
အဲဒီမြို့နယ်တွေက တက်ကြွစွာ လှုပ်ရှားကြသူ NLD ခေါင်းဆောင်တွေ လူငယ်အဖွဲ့ဝင် ၁၀ ကျော်ဟာတော့ အခုထိ
နှိပ်စက်ခံရပြီး ထောင်ဒဏ်တွေ ကျနေဆဲဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်ကနေ ဗွီအိုအေသတင်းထောက် ဦးအောင်စံမင်း သတင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။ အခုလို


ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးတာတွေ၊ ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားတွေကို
လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့်ရပေမဲ့လို့ - တဖက်မှာတော့ ရွေးကောက်ပွဲဝင်ကြမယ့် ပါတီတချို့ကို
ဒေသခံအာဏာပိုင်တွေက ခေါ်ယူ စစ်ဆေးမေးမြန်းတာတွေ ရှိနေပါတယ်။ စစ်တွေအခြေစိုက် ရခိုင်တိုင်းရင်းသားများ
တိုးတက်ရေးပါတီက ပါတီဝင် တချို့နဲ့ သူတို့မိသားစုဝင်တွေကို အာဏာပိုင်တွေကနေ အကြောင်းပြချက်
ခိုင်ခိုင်လုံလုံမရှိဘဲ ခေါ်ယူ စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ ဒါကြောင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ က
သြဂုတ်လ ၂၀ ရက်နေ့ရက်စွဲနဲ့ စစ်တွေမြို့ အခြေစိုက် ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကို
တိုင်ကြားထားတယ်လို့ သိရပါတယ်။

Source:http://www1.voanews.com/burmese/news/Burma-Rakhine-election-protest-08-21-10-
101220619.html

You might also like