You are on page 1of 17

NLD က ရွေးကောက်ပွဲကို သပိတေ

် မှာက်ပြီ
မြင့်မောင် | ကြာသပတေးနေ့၊ သြဂုတ်လ ၁၉ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၃၈ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ထိပ်တန်းခေါင်းဆောင်များ အစည်းအဝေး လုပ်ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က


ယခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သပိတ်မှောက်ကြောင်း ယနေ့ ကြေညာလိုက်သည်။

ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦး၏ နေအိမ်တွင် ဗဟိုအလုပ်အမှုဆောင် ၇ ဦးနှင့် ဗဟိုဦးစီးအဖွဲ့ဝင် ၈ ဦးတို့ အစည်းအဝေးတရပ်


ကျင်းပပြီးနောက် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေပါ ပြဌာန်းချက်ပါ ရွေးကောက်ပွဲတွင် ဆန္ဒမဲမပေးဘဲ နေချင်က
နေလို့ရသော လွတ်လပ်ခွင့်ကို အသုံးချခြင်း ဖြစ်သည်ဟု ဆိုသည်။

“၂ဝဝ၈ အခြေခံဥပဒေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတွေဟာ


မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးနဲ့ လူ့အခွင့်အရေး ရရှိရေးကို ဘယ်လိုမှ
ဦးမတည်တဲ့အတွက် ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆုံးဖြတ်တာပါ” ဟု
ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

သို့သော်လည်း ထိန်းသိမ်းခံနေရသည့် ပါတီအထွေထွေ အတွင်းရေးမှူး


ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို ကြိုတင်တောင်းခံခဲ့ခြင်း မရှိကြောင်း
သူက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့တွင် ပါတီခေါင်းဆောင်များထံသို့ ပေးပို့ခဲ့သည့်


စာတွင် သူမအနေဖြင့် ဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၏
ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက်များကို လိုက်နာသွားမည်ဟု ရေးသားကာ သူမ၏ သဘောထားကို
လွတ်ရက်စေ့မည် အသိပေးခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း မဲဆန္ဒရှင် ပြည်သူများသည် ရွေးကောက်ပွဲ ဥပဒေအရပင် မဲမပေးဘဲ နေလိုက
နေခွင့်ရှိသည်ဟု ပြီးခဲ့သည့်လထဲတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲ ဥပဒေတွင် ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးဆိုသည်မှာ ရွေးကောက်ပွဲတွင် လွှတ်တော်


ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်သော အခွင့်အရေး၊ ပါဝင်ယှဉ်ပြိုင်ခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေး၊
လွှတ်တော် ကိုယ်စားလောင်း စာရင်းမှ နုတ်ထွက်နိုင်သော အခွင့်အရေး၊ ရွေးကောက်ပွဲတွင် မဲပေးနိုင်သော အခွင့်အရေး
သို့မဟုတ် မဲပေးခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေးကို ဆိုလသ
ို ည်ဟု ပြဋ္ဌာန်းထားသည်။

ပြည်သူများအနေဖြင့် ရွေးကောက်ပွဲကို မည်ကဲ့သို့ သပိတ်မှောက်သင့်ကြောင်းကိုမူ NLD ခေါင်းဆောင်များ ဆက်လက်


ဆွေးနွေးသွားကြမည် ဖြစ်သည်။

“ပြည်သူလူထုကို ဘယ်လိုတုံ့ပြန်မလဲ၊ ဘယ်လိုထုတ်ပြန်ကြေညာမလဲ၊ မဲကို ဘယ်လိုမပေးဘဲနေမလဲ။


ဘာမှမပြောတော့ဘဲနဲ့ မပေးဘူးလို့ ဆုံးဖြတ်မလားဆိုတဲ့ ပုံသဏ္ဍာန်တွေကိုတော့ ညှိနှိုင်းတုန်းပဲ။ အသေးစိတ်
ညှိနှိုင်းပြီးတော့ ဒေါ်စုရဲ့ သဘောတူညီချက်၊ ခွင့်ပြုချက်ကို တောင်းခံရဦးမှာ ဖြစ်တယ်” ဟု ပါတီခေါင်းဆောင် တဦးဖြစ်သူ
ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

ပါတီအနေဖြင့် သပိတ်မှောက်ရုံသာမက ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ ပြည်သူလူထုကိုပါ မဲရုံများသို့


မသွားရောက်ရန်နှင့် မပေးဘဲနေရန်ကိုမူ တိုက်တွန်းသွားမည်ဟု သူက ဆိုသည်။

“အစိုးရဘက်နေ အရေးယူလာမယ်၊ တုံ့ပြန်လာမယ်ဆိုရင် တခြားနည်းနဲ့တော့ မတုံ့ပြန်လာနိုင်စရာ မရှိဘူး။ တရားဥပဒေ


နည်းနဲ့ပဲ တုံ့ပြန်ရမှာပဲ။ ကျနော်တို့က တရားဥပဒေနဲ့အညီ တြုံ့ ပန်ရမှာပေါ့။ ကျနော်တို့ ပြောနေတဲ့ မဲဆန္ဒ မပေးဘဲ နေလို့
ရတယ်ဆိုတာက ရွေးကောက်ပွဲ ဥပဒေမှာ ပါဝင်ပြီးသား အချက်တွေပဲ” ဟု ဦးဝင်းတင်က ပြောသည်။

ယနေ့ အစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်သည့် ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊


ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးအုန်းကြိုင်နှင့် ဦးဝင်းမြင့်တို့ တက်ရောက်ခဲ့သည်။

ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိဟုဆိုကာ NLD က ရွေးကောက်ပွဲမဝင်ရန် ပြီးခဲ့သည့် မတ်လ ၂၉


ရက်နေ့တွင် ဗဟိုအလုပ်အမှုဆောင်နှင့် ဗဟိုဦးစီး အဖွဲ့ဝင်များ၏ စုံညီအစည်းအဝေးက ကန့်ကွက်သူမရှိ
ဆုံးဖြတ်ခဲ့ကြသည်။
Source:http://www.mizzimaburmese.com/news/2010-election/5890-nld---.html

ရွေးကောက်ပွဲ သပိတေ
် မှာက်ရေး အန်အယ်လဒ
်ီ အသေးစိတ် ထုတြ် ပန်ရန်ရှိ
စိုးမိုး / ၂၀ သြဂုတ် ၂၀၁၀

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲဆိုင်ရာ အသေးစိတ်


အချက်အလက်များ အခြေအနေကို ကြည့်ပြီး ရွေးကောက်ပွဲ သပိတ်မှောက်ရေး ဗျူဟာ
အသေးစိတ် ထုတ်ပြန်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ)
သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောကြားသည်။

ယမန်နေ့က အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် (၇) ဦးနှင့် ဗဟိုဦးစီးအဖွဲ့ဝင် (၈) ဦးတို့


ဆွေးနွေးပွဲအပြီး ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။

“ဘယ်သက
ူ တော့ဖြင့် ဘယ်မဲဆန္ဒနယ်မှာ၊ မဲပြားက ဘယ်လိုပုံစံ၊ ဘယ်လို မဲပေးရမှာ၊ အခြား
စည်းကမ်းချက်တွေက ဘယ်လို စသဖြင့် အဲဒါတွေ ပေါ်လာတဲ့အခါမှာ ကျနော်တို့ ခုဏက ပြောတဲ့ ဘာလုပ်ရမလဲ
ဆိုတဲ့ဟာတွေ ထွက်လာပါလိမ့်မယ်။ ကျနော်တို့ အခြေအနေပေါ် ကြည့်ပြီး ဆွေးနွေးဆုံးဖြတ်ကြမယ်လို့ ကျနော်တို့
သဘောထားရှိပါတယ်” ဟု ဦးအုန်းကြိုင်က ပြောကြားသည်။

ရွေးကောက်ပွဲ ကျင်းပမည့်ရက် ထွက်ပေါ်လာပြီး တပတ်အကြာတွင် အန်အယ်လ်ဒီပါတီဝင်များအနေဖြင့် ရွေးကောက်ပွဲကို


သပိတ်မှောက်မည်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ဥပဒေနှင့်အညီ ပြည်သူလထ
ူုအနေဖြင့် မဲမပေးလိုက မပေးဘဲ နေပိုင်ခွင့်
ရှိသည်ဟု အန်အယ်လ်ဒီက ယမန့်နေ့က ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ (၇) ရက်နေ့ ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာသော်လည်း


ပြည်သူလူထုအတွင်း မဲပေးရမည့် ပုံစံ၊ အမတ်လောင်းများ၊ ပါဝင်ယှဉ်ပြိုင်မည့်ပါတီများ စသည်တို့ကို အသေးစိတ်
မကြေညာနိုင်သေးပေ။

“သပိတ်မှောက်မယ်ဆိုတာ ကျနော်တို့ ၀င်ပြီး မပါဘူးပေါ့ဗျာ။ ဒါပဲ။ မပါဘူးဆိုတာကိုပဲ၊ မပါဝင်ဘဲ သပိတ်မှောက်ထားတယ်


ဆိုတာကိုပဲ ကျနော်တို့က ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတာနဲ့ ပတ်သက်လို့ကတော့ ခုဏကပြောတဲ့
ရွေးကောက်ပွဲ အသေးစိတ် အချက်အလက်တွေက ဘာမှ ပုံပေါ်လာတာ မရှိသေးဘူး။ အဲတော့ ကျနော်တို့လဲ အဲဒီကိစ္စကို
ဆွေးနွေးခြင်း မရှိသေးဘူးဆိုပြီး မနေ့က ရပ်ထားလိုက်တာပါ” ဟု ဦးအုန်းကြိုင်က ပြောသည်။

နအဖကောင်စီက ထုတ်ပြန်သည့် ရွေးကောက်ပွဲဥပဒေများသည် တရားမျှတမှုမရှိသောကြောင့် အန်အယ်လ်ဒီပါတီက


ယခုနှစ် မတ်လ (၂၉) ရက်နေ့တွင် ပါတီအနေဖြင့် မှတ်ပုံတင်မည်မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး ယခု ရွေးကောက်ပွဲကို
သပိတ်မှောက်ကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။

Source:http://khitpyaing.org/index.php?route=detail&id=3572

NLD ရွေးကောက်ပွဲသပိတ် ပါတီတွေ ဝေဖန်

အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေ (မတ်လ ၁၅၊ ၂၀၁၀)


ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ NLD ပါတီက ဆုံးဖြတ်လိုက်တာဟာ ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေကို
ထိခိုက်တယ်လို့ နိုင်ငံရေးပါတီတွေက ပြောပါတယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(NLD) က ဆုံးဖြတ်လိုက်တာဟာ ရွေးကောက်ပွဲကို ၀င်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ အတွက် ထိခိုက်မှုရှိနိုင်တယ်လို့
ပါတီတွေဘက်က ပြောပါတယ်။ ဒါပေမဲ့လည်း တိုင်းရင်းသား ဒေသတွေမှာတော့ ထိခိုက်နိုင်မှာ မဟုတ်ဘူးလို့
ယူဆကြသူတွေလည်း ရှိပါတယ်။ ဒီအကြောင်းကို ကိုကျော်အောင်လွင်က ဘန်ကောက်မြို့ ကနေ
သတင်းပေးပို့ထားပါတယ်။

မြန်မာပြည်မှာ ဒီနှစ် ကျင်းပမယ့် ရွေးကောက်ပွဲကို ၀င်မပြိုင်ဘူးလို့ ဆုံးဖြတ်ထားတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)


ပါတီ ခေါင်းဆောင်တွေက ရွေးကောက်ပွဲကိုပါ သပိတ်မှောက်တယ်လို့ မနေ့က ထုတ်ပြောလိုက်ပါတယ်။

တနိုင်ငံလုံးမှာရှိတဲ့ အဲန်အယ်လ်ဒီ ပါတီဝင်တွေအားလုံးကပါ လိုကြ် ပီး သပိတ်မှောက်မလား ဆိုတာကတော့


မသိရသေးပါဘူး။ ရွေးကောက်ပွဲကို သပိတ် မှောက်တယ်ဆိုတဲ့ သဘောက ရွေးကောက်ပွဲမှာ မဲမပေးဘူးလို့
ဆုံးဖြတ်လိုက်တာပါပဲ။ ဒါဟာလည်း ကိုယ့်ရဲ့  ဆန္ဒအရ မဲမပေးချင်ရင် မပေးဘဲ နေလို့ရတယ်ဆိုတဲ့ အခွင့်အရေးပေါ်မှာ
ရပ်တည်တာလို့ ဆိုပါတယ်။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရထားခဲ့တဲ့ ပါတီကြီးတခုက အခုလို မဲမပေးဘူးလို့ ဆုံးဖြတ် လိုက်တဲ့အတွက်


နိုဝင်ဘာလ ၇ရက် နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ၀င်ပြိုင်ကြမယ့် ပါတီတွေအတွက်တော့ အတိုင်းအတာ တခုအထိ
ထိခိုက်မှုတွေ ရှိနိုင်တယ်လို့ ဆိုကြပါတယ်။

“ဒီမိုကရေစီရေးကို သွားမယ့် တံခါးပေါက်ကို ဖြတ်သန်းရမယ့် ကာလလေးမှာ မဲမပေးနဲ့ဆိုတာ ပြည်သူတွေ


ဖြတ်သန်းရမယ့် ဒီမိုကရေစီ တံခါးပေါက်ကို ပိတ်လိုက်ပါတော့လို့ ပြောလိုက်တာနဲ့ အတူတူမိုလို့ ဒီကိစ္စကြီးက အင်မတန်မှ
ဒီမိုကရေစီကို သွားရာ လမ်းကြောင်းကို အနှောက်အယှက်ဖြစ်တာတော့ သေချာတယ်ဗျ။”

အဲဒါကတော့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီရဲ့  ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေ ပြောခဲ့တာပါ။

“ရွေးကောက်ပွဲကနေ ငြိမ်းချမ်းတဲ့ အပြောင်းအလဲတခုကို ပြောင်းနိုင်အောင် ကျမတို့က ကြိုးစားနေတာကို မဲမပေးနဲ့ဆိုရင်


တကယ်လို့ လူတွေက နားမလည်ဘဲ - ဟာ မပေးတော့ဘူးဗျာ၊ အိမ်မှာပဲ အိပ်နေမယ်ဆိုရင် အစိုးရရဲ့ အဖွဲ့ ၂ ဖွဲ့က
နိုင်သွားမှာပေါ့။ အဲဒီတော့ နေရင်း ထိုင်ရင်းနဲ့ ဒီမိုကရက်တစ် အင်အားစုတွေက အထိအခိုက် ဖြစ်တာပေါ့ဗျာ။”

ဒီမိုကရက်တစ်ပါတီရဲ့  အတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်း ပြောခဲ့တာပါ။ တိုင်းရင်းသား ဒေသတွေမှာတော့


ရွေးကောက်ပွဲကို သပိတ်မှောက်မယ်ဆိုတဲ့ အဲန်အယ်လ်ဒီ ရဲ့  ဆုံးဖြတ်ချက်က မထိရောက်နိုင်ဘူးလို့
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့  ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။

“အဲန်အယ်လ်ဒီရဲ့ ရွေးကောက်ပွဲအပေါ် သဘောထားဟာ တိုင်းရင်းသား ပါတီတွေအပေါ်မှာ


တိုင်းရင်သားဒေသတွေအပေါ်မှာ ထိခိုက်မှု မရှိပါဘူး။ ပြည်မက ပါတီတွေမှာတော့ တော်တော်လေး ထိခိုက်မှုရှိမယ်လို့
ထင်ပါတယ်။ ရွေးကောက်ပွဲနည်းနဲ့ ပြောင်းလဲလိုကြတဲ့ ပါတီတွေအပေါ်မှာပဲ ထိခိုက်နိုင်ပါတယ်။
တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားပါတီ အစစ်အမှန်တွေကို မဲမပေးခဲ့ကြရင် တဘက် ပါတီက
အနိုင်ရသွားမယ်ဆိုတဲ့ သဘောကို လူထက
ု သိနေကြတယ်လေ။”

ပြည်ထောင်စုဒီမိုကရေစီ (UDP) ပါတီရဲ့  အထွေထွေ အတွင်းရေးမှူး ဦးသိန်းတင်အောင်က သူတို့ပါတီတွေ


အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင် နေရချိန်မှာ NLD ရဲ့  သဘောထားက ဘာမှအထောက်အကူ မဖြစ်တဲ့အပြင် သူတို့အတွက်ပါ
ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ အတွက်ကတော့ ဒီမိုကရက်တစ် အင်အားစု ပါတီတွေအတွက်တော့ ထိခိုက်မှု ရှိပါတယ်။ ကျနော်တို့ကို


ထောက်ခံမယ့် ပါတီတွေက လျော့သွားတာပေါ့ဗျာ။ ဥပဒေတွေကရော၊ တင်းကျပ်မှုတွေ၊ ရွေးကောက်ပွဲဝင်မယ့်
ပါတီအသစ်ဖြစ်နေတာတွေ ကျနော်တို့ အရာရာ အခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကျနော်တို့ ပါတီတွေက
ပြည်သူထဲကမှ ဒီမိုကရက်တစ်ပါတီတွေကို ပေးမယ့် လူတွေကို မပေးတော့ဘူးဆိုတော့ ပိုပြီးတော လျော့သွားရုံပဲ
ရှိတော့မှာပေါ့။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့၊ တစည ပါတီတို့က သူတို့လူနဲ့သူတို့ ရှိနေသားပဲ။”

NLD ပါတီရဲ့  ရွေးကောက်ပွဲမှာ မဲမထည့်ရေး ဆုံးဖြတ်ချက်ဟာ မြန်မာတနိုင်ငံလုံးက မဲပေးကြမယ့်ပြည်သူတွေ အပေါ်မှာ


ဘယ်လောက်ထိ လွှမ်းမိုးမှုရှိနိုင်မလဲဆိုတာ မသိနိုင်သေးပါဘူး။ လောလောဆယ်အခြေအနေတွေမှာတော့
မြန်မာပြည်သူအများစုက ရွေးကောက်ပွဲကိစ္စကို စိတ်ဝင်တစားရှိတဲ့ လက္ခဏာတွေ ပြသတာ သိသိသာသာ
မမြင်ရသေးသလိုပဲ NLD အပါအ၀င် နိုင်ငံရေးပါတီတွေ အခုလတ်တလော နယ်လှည့် လှုပ်ရှားမှုတွေမှာလည်း
အရင်ကာလတွေမှာလို ဒေသခံလူထုတွေရဲ့  တက်တက်ကြွကြွ တုံ့ပြန်မှုတွေကို မတွေ့ရပါဘူး။

Source:http://www1.voanews.com/burmese/news/NLD-election-boycott-08-20-10-101165789.html

ရွေးကောက်ပွဲအကြို ဒုဗလ
ို ခ
်ျုပ်ကြီး ၁ဝ ဦး အငြိမ်း စား ယူမည်
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ သြဂုတ်လ ၂၀ ရက် ၂၀၁၀ ခုနှစ် ၀၉ နာရီ ၅၉ မိနစ်

ချင်းမိုင် (မဇ္ဈိမ) - မြန်မာ စစ်အစိုးရသည် နောက်အပတ်တွင် အကြီးအကျယ် ရာထူး အပြောင်းအရွှေ့များ ပြုလုပ်ရန်ရှိပြီး


ဒုဗိုလ်ချုပ်ကြီး အဆင့်ရှိ စစ်အရာရှိကြီး ၁ဝ ဦးရာထူးမှ အနားယူကာ နိုဝင်ဘာ ၇ ရက်တွင် ကျင်းပမည်ဟု မကြာသေးခင်က
ကြေငြာထားသော အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင် ကြလိမ့်မည်ဟု ကာကွယ်ရေး ဝန်ကြီးဌာန သတင်း
ရပ်ကွက်တခုက ယမန်နေ့ နှောင်းပိုင်းက ပြောသည်။

`မြန်မာစစ်တပ်မှာ ဒုဗိုလ်ချုပ်ကြီး အဆင့်နဲ့ အရာရှိကြီး ၁၄ ဦး ရှိတဲ့ထဲက ၄ ယောက်ပဲ ကျန်မယ်။ ကျန်တာ


အကုန်သွားတော့မှာ´ ဟု အဆိုပါသတင်း ရပ်ကွက်က ပြောသည်။

လစ်လပ်သွားသော နေရာများကို လက်ရှိ ဗိုလ်မှူးချုပ် ရာထူးရှိ စစ်အရာရှိများက အစားထိုး ထမ်းဆောင်သွားမည်


ဖြစ်သည်။ ထိုအထဲမှ အများစုမှာ စစ်တိုင်းမှူးများ ဖြစ်ကြသည်ဟုလည်း အဆိုပါ သတင်းရပ်ကွက်မှပင် ဆက်လက်
ပြောဆိုသည်။

လက်ရှိ ရာထူးတွင် ဆက်လက် ကျန်ရှိနေခဲ့မည့် ဒုဗိုလ်ချုပ်ကြီး ၄ ဦးမှာ စစ်ဘက်ရေး ရာလုံခြုံရေးဌာန အကြီးအကဲ


ဒုဗိုလ်ချုပ်ကြီး ရဲမြင့်၊ တပ်မတော် လေ့ကျင့်ရေး အရာရှိ ချုပ် ဒုဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ စစ်ရေးချုပ် ဒုဗိုလ်ချုပ်ကြီး
သူရမြင့်အောင်၊ ကာကွယ်ရေး အထူး စစ်ဆင်ရေးဌာန (ကစထ) ၃ မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုတို့ ဖြစ်ကြသည်။

ဤရာထူး အပြောင်းအရွှေ့များကို နောက် သောကြာနေ့တွင် ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ရသည်။

မြောက်ကိုရီးယားမှ လက်နက်များ ဝယ်ယူရာတွင် အဓိက ပုဂ္ဂိုလ်တဦးအဖြစ် ပါဝင်ခဲ့သော စစ်လက်နက်ပစ္စည်း


ညွှန်ကြားရေးမှူး ဒုဗိုလ်ချုပ်ကြီး တင်အေးလည်း မမျှော်လင့်ဘဲ ရာထူးမှ နှုတ်ထွက်ရသူများတွင် ပါဝင်သွားသည်။

ဤသို့ စစ်အရာရှိကြီး အများအပြား ရာထူးမှ အစုလိုက် အပြုံလိုက် အငြိမ်းစား ယူရစေမည့် နောက်ဆုံး ဆုံးဖြတ်ချက်ကို
ယခင်အပတ်က နေပြည်တော်တွင် ကျင်းပခဲ့ သော နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (SPDC)
အမာခံ အဖွဲ့ဝင်များ တက်ရောက်ခဲ့သည့် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

လူအများက ကန့်ကွက် ရှုတ်ချထားကြသော နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်


ယှဉ်ပြိုင်နိုင်ရန်အတွက် စစ်ဘက်ရာထူးများမှ အငြိမ်းစား ယူရသည်မှာ ယခုအကြိမ်သည် ဒုတိယအကြိမ် ဖြစ်သည်။
ဧပြီလဆန်းက ဝန်ကြီးချုပ် သိန်းစိန် အပါအဝင် စစ်ဘက်အရာရှိ နှစ်ဒါဇင်ကျော် စစ်ဘက်ရာထူးများမှ အနားယူခဲ့ကြပြီး
စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ခေါင်းဆောင်မှု
နေရာများကို အမွေ ဆက်ခံခဲ့ကြသည်။

အငြိမ်း စားယူကြမည့် စစ်ဘက် အရာရြှိ ကီးများ

၁။ ဒုဗိုလ်ချုပ်ကြီး အုန်းမြင့် (ကစထ ၁ မှူး၊ စစ်တက္ကသလ


ို အပတ်စဉ် ၁၇ ဆင်း)
၂။ ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ကစထ ၂ မှူး၊ စစ်တက္ကသလ
ို အပတ်စဉ် ၁၉)
၃။ ဒုဗိုလ်ချုပ်ကြီး ခင်ဇော် (ကစထ ၆ မှူး၊ OTS အပတ်စဉ် ၄၉)
၎။ ဒုဗိုလ်ချုပ်ကြီး သာအေး (ကစထ ၄ မှူး၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၆)
၅။ ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ (ကစထ ၅ မှူး၊ စစ်တက္ကသလ
ို အပတ်စဉ် ၁၅)
၆။ ဒုဗိုလ်ချုပ်ကြီး မြင့်လှိုင် (လေကြောင်းရန် ကာကွယ်ရေး အရာရှိချုပ်၊ စစ်တက္ကသိုလ် ၁၇)
၇။ ဒုဗိုလ်ချုပ်ကြီး တင်အေး (စစ်လက်နက် အရာရှိချုပ်၊ စစ်တက္ကသိုလ် အပတ်စဉ် ၉)
၈။ ဒုဗိုလ်ချုပ်ကြီး ဆန်းဆင့် (စစ်ရာထူးခန့်ချုပ်၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၅)
၉။ ဒုဗိုလ်ချုပ်ကြီး စိုးမောင် (စစ်ဥပဒေချုပ်၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၇)
၁ဝ။ ဒုဗိုလ်ချုပ်ကြီး သိန်းထိုက် (တပ်မတော် စစ်ဆေးရေး အရာရှိချုပ် စစ်တက္ကသိုလ်၊ အပတ်စဉ် ၁၆)
Source:http://www.mizzimaburmese.com/news/2010-election/5893-2010-08-20-03-31-31.html

မန္တလေးတုင
ိးတွင် ကြံဖ
ွ့ံ့ ပါတီဝင် ၂၈ သိန်း ရှမ
ိ ည်ဟု ပါတီဖွငပ
့်ွဲတွငေ
် ပြာ
မန္တလေးတိုင်း ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရုံးချုပ် ဖွင့်လှစ်ပွဲကို ယနေ့ကျင်းပရာ ယင်းပါတီ၏ တိုင်းတွဲဘက်
ရာထူး ယူထားသော ဦးအောင်ကျော်သာက မန္တလေးတိုင်း တတိုင်းလုံးတွင်
ပါတီဝင်အင်အား ၂၈ သိန်းရှိမည်ဖြစ်ကြောင်း ပြောသည်။

“မူလကရှိတဲ့ အသင်းဝင်အင်အားက တတိုင်းလုံးမှာ ၄၆


သိန်းကျော်တယ်။ ၀န်ထမ်းရယ်၊ ကျောင်းသား
တွေရယ်နုတ်လိုက်ရင် ၂၈ သိန်းကျန်မယ်ဟု”
၎င်းကပြောသည်။

လူမှုရေးအသင်း အမည်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်


ဖွံ့ဖြိုးရေးအသင်း (ကြံ့ဖွံ့အသင်း) ကို
အသွင်ပြောင်းထားသော ကြံ့ဖွံ့ပါတီတွင် အမာခံ
ပါတီဝင်အင်အား ၈ သန်းကျော်ရှိကြောင်း ကြံ့ဖွံ့ပါတီ
အကြီးအကဲတဦးက ထုတ်ဖော်
ပြောဆိုထားပြီးဖြစ်သည်။
တက်ရောက်လာသော ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်
ယင်းပါတီ ဖွင့်ပွဲအခမ်းအနားသို့ ကိုးကန့်၊ မွန် စသော တိုင်းရင်းသားများ၊ မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု
လုပ်ငန်းများအသင်းချုပ် မှ တာဝန်ရှိသူများ၊ ရွှေဆိုင်တန်း အသင်းမှ တာဝန်ရှိသူများ စသောအဖွဲ့အစည်းများ
တက်ရောက်လာကြသည်။

“အခုတက်လာတဲ့သူ အများစုက ဒီပွဲကို ကိယ


ု့်ဆန္ဒအလျောက် လာတာမဟုတ်ဘူး။ ခေါ်လို့ မလာ မဖြစ်လာရတဲ့
သူတွေများတယ်” ဟု မန္တလေး အခြေစိုက်လုပ်ငန်းရှင် တဦးကဆိုသည်။

ဖွင့်ပွဲအခမ်းအနားကို ၇၃ လမ်း၊ ၂၆ လမ်း x ၂၇ လမ်းပေါ်ရှိ ယခင် မန္တလေးတိုင်း ကြံ့ဖွံ့အသင်း ရုံးတည်ရှိရာနေရာတွင်


ကျန်းမာရေး ၀န်ကြီးဌာန၀န်ကြီး ဒေါက်တာကျော်မြင့်နှင့် မန္တလေးမြို့တော်ဝန် ဦးဖုန်းဇော်ဟန်တို့တက်ရောက် ဖွင့်လှစ်
ပေးခဲ့သည်။

မန္တလေးမြို့တော်ဝန် ဦးဖုန်းဇော်ဟန်မှာ ကြံ့ဖွံ့ပါတီ၏ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားပြု


အနေဖြင့်ဝင်ရောက်ယှဉ်ပြိုင်မည် ဟု သိရသည်။

ယင်းပါတီ ဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်း၊ မန္တလေးခရိုင် ကြံဖွံ့ပါတီမှ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။

လက်ကမ်းစာစောင်တွင် “တိုင်းပြည်၌ ခေတ်တွေ၊ စနစ်တွေ၊ အစိုးရအဖွဲ့တွေ အမျိုးမျိုးပြောင်းလဲခဲ့ပြီ ဖြစ်သည်။


ယခုတကြိမ် ခေတ်အပြောင်းအလဲ၌ ပြည်သူတွေအတွက်၊ နိုင်ငံတော်ကြီးအတွက် အကောင်းဖြစ်ဖို့၊
စိတ်အေးချမ်းသာလုံခြုံဖို့ အဓိက ဦးစားပေးစဉ်ရန် အရေးကြီးနေသည်” ဟုဖော်ပြထားသည်။

ထို့ပြင် “ရွေးကောက်ပွဲ၌ မိမိတို့၏ ဆန္ဒမဲပြားကို ချင့်ချင့်ချိန်ချိန်စဉ်းစဉ်းစားစား မှန်ကန်စွာ အသုံးချရန် အရေးကြီးနေပြီ


ဖြစ်သည်” ဟုလည်းပါရှိသည်။

ယင်းလက်ကမ်း စာစောင်နှင့်ပတ်သတ်၍ မန္တလေးမြို့ခံတဦးက “သူတို့လုပ်ချင်ရင် ဖြစ်နေတာပဲ။ မန္တလေးတိုင်း


တတိုင်းလုံးမှာ ၂၈ သိန်းဆိုတာ သူတို့မစည်းရုံးဘဲနဲ့ ရထားတဲ့ အင်အားပဲ။ ကျောင်းသားနဲ့ ၀န်ထမ်းအင်အား တရားဝင်
နုတ်ထွက်ခွင့် ပြုတယ်ဆိုတဲ့ အရေအတွက် အတိအကျကို မကြေညာဘူး” ဟုပြောသည်။

ယနေ့နံနက်ပိုင်းကလည်း မန္တလေးတိုင်းအတွင်းရှိ ၃၈ မြို့နယ်မှ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များက ခရိုင်တရားသူကြီး


ရှေ့မှောက်တွင် ကတိစာချုပ်များချုပ်ဆိုခဲ့ကြောင်း တိုင်းကြံ့ဖွံ့မှ တာဝန်ရှိသူတဦးဆိုသည်။

မန္တလေးမြို့ဝန်းကျင်ရှိ ဆင်ခြေဖုံးရပ်ကွက်နှင့် ကျေးရွာများတွင် ကြံ့ဖွံ့က စည်းရုံးရေးဆင်းရာ၌ ဆွမ်းလောင်းလှူ၍


ရွာလုံးကျွတ်ကျွေးမွေးခြင်း၊ သက်ကြီးရွယ်အိုများကို မျက်မှန်ကိုင်းများ တပ်ဆင်ပေးခြင်း၊ အင်္ကျီ၊ ဦးထုပ်၊ စာအုပ်နှင့်
ဘောလ်ပင်များဝေခြင်းများ ပြုလုပ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းပါတီဆိုင်းဘုတ်တင်ပွဲတွင် “ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပြွဲကီး အောင်ရမည်၊ ပြည်ခိုင်းဖြိုး ပါတီ


နိုင်ရမည်” ဟုကြွေးကြော်ကြပြီး တေးသံရှင် ချောစုခင်သီဆိုထားသည့် “ခြင်္သေ့ကို မဲပေးပါ” သီချင်းအပါအ၀င်
ဝါဒဖြန့်သီချင်းများ ဖွင့်လှစ်၍ စတင်စည်းရုံးနေပြီဖြစ်သည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/3873-2010-08-20-08-18-57

ကြံဖ
့ွံ ပါတီ ရုးံ များ နိင
ု င
် တ
ံ ၀န်း ဖွငလ
့် စ
ှ်
နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)ရုံးချုပ် အပါအ၀င် တနိုင်ငံလုံးရှိ ပါတီရုံးများကို ယနေ့
နံနက် ၈ နာရီ ၄၅ မိနစ်နှင့် ၉ နာရီ ၄၅ မိနစ်အတွင်းတွင် တပြိုင်နက်တည်း

ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။

နေပြည်တော်ရှိ ကြံ့ဖွံ့ ပါတီရုံးချုပ် ဖွင့်ပွဲကို ၀န်ကြီးချုပ်


ဦးသိန်းစိန် ဦးဆောင်ပြီး ပါတီအလုပ်အမှုဆောင် အစိုးရ
အဖွဲ့ဝင် ၀န်ကြီး များ အားလုံးစုံညီစွာ
တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း၊ ရန်ကုန်တိုင်း
ကြံ့ဖွံ့ပါတီရုံးကို မြို့တော်ဝန် ဦးအောင်သိန်းလင်း က
ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း ကြံ့ဖွံ့ပါတီ
အသိုင်းအ၀ိုင်းမှ သိရသည်။

“ဘယ်နိုင်ငံကမှ မြန်မာနိုင်ငံရဲ့ အကြောင်းကို ပိုမသိဘူး၊


ချွေးနဲ့ သွေးနဲ့ရင်းပြီးအမျိုးသားရေးနဲ့ ပြည်သူလူထုကို
နံပါတ်တစ်နေရာက စဉ်းစားပြီး လုပ်တဲ့အတွက်
ရန်ကုန်တိုင်း ကြံ့ဖွံ့ရုံးဖွင့်ပွဲ နှင့်တက်ရောက်လာကြသူများ
ဘယ်နိုင်ငံက ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးနိုင်တာကို
မတရားဘူးလို့ပြောလဲ ဂရုမစိုက်ဘူး၊ ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းရဲ့အကူအညီ အထောက်အပံ့မှ မယူဘူး၊ ၀င်ရောက်
စွက်ဖက်တာလဲမခံဘူး လို့ မြို့တော်ဝန် ဦးအောင်သိန်းလင်း က ပြောသွားပါတယ်”ဟု ပြည်တွင်း သတင်းထောက် တဦးက
ပြောသည်။
ပြည်သူလူထု ၏ ရွေးချယ်တင်မြောက်ခြင်းကိုသာ လက်ခံမည်ဖြစ်ကြောင်း၊ ပါတီများထဲတွင် ကြံ့ဖွံ့ပါတီမှာ
အင်အားကြီးဆုံးဖြစ် ကြောင်း၊ ပါတီဝင် အင်အားမှာ ယခင် အသင်းအနေနှင့်တုန်းက အင်အား၂၆သန်းရှိပြီး
အသက်ပြည့်သူများကို ပါတီဘက် အကုန် ကူးပြောင်း ထား သည့် အတွက် ယခင်ထက် အင်အားလျော့သွားသော်လည်း
ခန့်မှန်းခြေ သန်း ၂၀ ခန့်ရှိကြောင်းလည်း ဦးအောင်သိန်းလင်း က ပြောဆိုသွားသည်ဟု ၎င်းက ဆိုသည်။ ရန်ကုန်တိုင်းတွင်
၎င်းအနေနှင့် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်အဖြစ် တောင်ဥက္ကလာပ မြို့နယ်မှ ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း
မြို့တော်ဝန် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်းကပြောသည်ဟု ပြည်တွင်းသတင်းထောက်က ဆက်လက်
ပြောပြသည်။

ရန်ကုန်တိုင်းအတွင်းရှိ ပါတီရုံးခွဲများ ဖွင့်လှစ်ခြင်းကို သက်ဆိုင်ရာ မြို့နယ်နှင့် မဲဆန္ဒနယ်များကို ကိယ


ုစားပြုယှဉ်ပြိုင်မည့်
ကြံ့ဖွံ့ ပါတီ ကုယ
ိစားပြု လွှတ်တော် ကိုယ်စားလှယ်လောင်းများ တက်ရောက် ဖွင့်လှစ်ခဲ့ကြောင်းလည်း သတင်းရရှိသည်။

ယင်း ကြံ့ဖွံ့ပါတီရုံးများ ဖွင့်လှစ်ရာတွင် မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ အဆိုတော်များ သီဆိုထားသော ကြံ့ဖွံ့ပါတီ


စည်းရုံးရေး သီချင်းဖွင့်လှစ်ခဲ့ပြီး အဆိုပါသီချင်းတွင် ''နိုင်ငံတော်ကို ချစ်တဲ့ပြည်ခိုင်ဖြိုး၊ ပြည်ထောင်စုကို ချစ်တဲ့ ပြည်ခိုင်ဖြိုး၊
ကေသရာဇာ ခြင်္သေ့မင်း လို ရဲရင့်တဲ့ ပြည်ခိုင်ဖြိုး၊ ပြည်ထောင်စုကို ထိန်းသိမ်းမယ့် ပြည်ခိုင်ဖြိုး " ဟူသော စာသားများ
ပါဝင်ကြောင်း သိရှိရသည်။

ရန်ကုန်တိုင်းကြံ့ဖွံ့ပါတီ တာဝန်ရှိသူ တဦးက''ပါတီဖွင့်တဲ့အချိန်မှာ စည်းရုံးရေးသီချင်းတွေကို လော်စပီကာနဲ့


ဖွင့်ရမယ်ဆိုပြီး တရား ၀င်ညွှန်ကြားချက်နဲ့ သီချင်းခွေ ရောက်လာတယ်။ တနိုင်ငံလုံး စည်းရုံးရေးသီချင်းတွေဖွင့်ပြီး
ပါတီရုံးခွဲဖွင့်တာပါ"ဟု ဆိုသည်။

ကြံ့ဖွံ့ပါတီရုံးများ ဖွင့်ပွဲတွင် ယခင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းဝင်များဖြစ်သော ကျောင်းဆရာ


ဆရာမများ၊ ကျောင်းသား လူငယ်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ စွမ်းအားရှင်များ အစရှိသည့်
လူအင်အားများကို တိုင်းရုံး ဖွင့်ပွဲအတွက် အင်အား ၅၀၀ ၊ မြို့နယ်ရုံးခွဲများအတွက် အင်အား ၂၅၀ သတ်မှတ်၍
တက်ရောက် ဖွင့်လှစ်စေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် စည်စည်ကားကားဖြစ်စေရန်အတွက်ဟု ဆုက


ိာ ရပ်ကွက်ပြည်သူများကို ခေါ်ယူ အသုံးပြုမှု များလည်း ရှိကြောင်း
ရန်ကုန်မြို့ခံများက ပြောသည်။
''မနက်ပိုင်းလာတက်ရင် ငွေ ကျပ် ၁၀၀၀ နဲ့ လက်ဖက်ရည် တိုက်မယ်ဆိုလို့ တော်တော် များများ သွားတက်ကြတယ် ''ဟု
ရန်ကုန်မြို့ခံ ပြည်သူတဦးက ဆိုသည်။

မြို့နယ်ပါတီရုံးများဖွင့်ပွဲသို့ တရပ်ကွက်လျှင် ပါတီဝင် ၃၀ မဖြစ်မနေ တက်ရောက်ရမည်ဟု မြို့နယ်စည်းရုံးရေးမှူးများကို


နေပြည်တော် ကြံ့ဖွံ့ပါတီ ဌာနချုပ်က တရားဝင်ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ကြံ့ဖွံ့ပါတီရုံးများ ဖွင့်လှစ်ရာတွင် လော်စပီကာများနှင့် သီချင်းများဖွင့်လှစ်ခြင်း၊ လူစုလူဝေးများ


စုဆောင်းတက်ရောက် ခြင်းများမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားသော ဥပေဒ စည်းမျဉ်း
စည်းကမ်းများကို ချိုးဖောက်ရာ ရောက် ကြောင်း ပြည်တွင်း နိုင်ငံရေး ပါတီ တာဝန်ရှိသူ တဦးက ပြောသည်။

''အခြားနိုင်ငံရေးပါတီတွေ ကျတော့ ဆူဆူညံညံမလုပ်ရဘူး။ လူစုလူဝေးနဲ့ အခမ်းအနား လုပ်ရင်လည်း ပတ်ဝန်းကျင်ကို


အနှောင့် အယှက် မဖြစ်ရဘူးနဲ့ စည်းကမ်းချက်တွေ ထုတထ
်ားတယ်။ ကြံ့ဖွံ့ပါတီက ဒီစည်းကမ်းတွေကို
အကုန်ချိုးဖောက်တယ်''ဟု ၄င်းက ဆိုသည်။
ကြံ့ဖွံ့ပါတီရုံးများ ဖွင့်လှစ်ခြင်းနှင့်ပတ်သက်ပြီး ပြည်သူအများက စိတ်ဝင်စားခြင်းမရှိကြောင်းလည်း သိရသည်။

ပုဇွန်တောင်မြို့နယ် ဒေသခံ တဦးက''မထူးပါဘူး။ ကြံ့ဖွံ့အသင်းကိုတောင် မျက်နှာပြောင်တိုက်ပြီး ပါတီပြောင်းထားတာ။


မယုံကြည့်နေ ရွေးကောက်ပွဲ သူတို့ပဲနိုင်မှာ။ ဘယ်သူတွေပြိုင်ပြိုင် သူတို့ပဲနိုင်မှာ "ဟု ပြောဆိုသည်။

ကြံ့ဖွံ့ပါတီရုံးခွဲများဖွင့်လှစ်ခြင်းကို သတင်းတပ်ဖွဲ့နှင့် နယ်မြေခံရဲများက လုံခြုံရေးယူပေးခဲ့သည်ဟုလည်း ဆိုသည်။

ကြံ့ဖွံ့ပါတီမှ လာမည့်ရွေးကောက်ပွဲတွင် ပြည်သူ့လတ


ွှ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် စသဖြင့်
လွှတ်တော် သုံးစရပ်စလုံး၌ ပါဝင် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း၊ ဒေသခံ ကြံ့ဖွံ့ပါတီ အမာခံများနှင့် နိုင်ငံတော်
ကာကွယ်ရေး တက္ကသိုလ်မှ အထူးနိုင်ငံရေး မွမ်းမံ သင်တန်းဆင်း အငြိမ်းစား ဗိုလ်မှူးကြီးများနှင့် ဗိုလ်မှူးများက
ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ကြံ့ဖွံ့ပါတီ အသိုင်းအ၀ိုင်းမှ သိရသည်။

''လွှတ်တော်သုံးရပ်စလုံးအတွက် အမတ်လောင်းစာရင်းက သတ်မှတြ် ပီးပါပြီ။ အမျိုးသား လွှတ်တော်အတွက်


နေပြည်တော် က လာမယ့် ဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူးတွေရောက်နေပါပြီ"ဟု မြို့နယ်ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌ တဦးက ပြောသည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သော ကြံ့ဖွံ့ပါတီသည် ဧပြီလ ၂၉ ရက်နေ့တွင် ပြည်ထောင်စု


ရွေးကောက်ပွဲ ကော်မရှင်ထံ၌ တည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး မေလ ၄ ရက်နေ့တွင် တည်ထောင်ခွင့်ရရှိခဲ့သည်။
ယင်းနောက် ဇွန်လ ၁ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့်
ရရှိခဲ့သည်။

ကြံ့ဖွံ့ပါတီ၏ နိုင်ငံရေး ပါတီမှတ်ပုံတင် အမှတ်မှာ ၂၃ ဖြစ်ပြီး သြဂုတ်လ ၁၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ


ပါတီဝင် အင်အား တင်ပြခဲ့သည်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီးအတွက်
ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန် ကြေညာထားသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/3874-2010-08-20-10-27-22

နိင
ု င
်ြံ ခားရေးဝန်ကြီးဦးဉာဏ်ဝင်းကို အရှေ့တီမောမှာ ဝိင
ုး ဝန်းဆန္ဒပြ
အရှေ့တီမောသမတ Jose Ramos-Horta ရဲ့ ဖိတ်ကြားချက်အရ စစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း သြဂုတ်လ
၂၀ ရက် ဒီကနေ့ အရှေ့တီမောနိုင်ငံကို ရောက်အလာမှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ဝိုင်းဝန်းဆန္ဒပြကြပါတယ်။

မြို့တော်ဒီလီ လေဆိပ်အဝင်မှာ ဒါဇင်နဲ့ချီ ရှိနေတဲ့ လူ့အခွင့်အရေး လှုပ်ရှားနေသူတွေက ဝိုင်းဝန်း ဆန္ဒပြခဲ့ကြတာပါ။ မြန်မာ့


ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတာကနေ လွှတ်ပေးဖို့ တောင်းဆို
ကြွေးကြော်ခဲ့ကြပါတယ်။

အခုဆန္ဒပြနေတဲ့ အရှေ့တီမောနိုင်ငံသားတွေဟာ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံအားပေးကြသူတွေ ဖြစ်ပြီး


စစ်အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်ဆိုင်းဖို့
တောင်းဆိုနေကြတာ ဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူ တဦးဖြစ်တဲ့ Carolino Marques က သတင်းထောက်တွေကို
ပြောပါတယ်။
အရှေ့တီမော သမတ မစ္စတာ ဟိုဆေ ရာမို့စ်-ဟိုတာ (ဝဲ) က မြန်မာစစ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း (ယာ)
သြဂုတ်လ ၂၀ ရက်က ဒီလီ မြို့တော်ရှိ သမတနေအိမ်သို့ လာရောက်စဉ် ရိုးရာ လက်ရက်ထည် ပေးအပ် နှုတ်ဆက်နေပုံ
ဖြစ်ပါသည်။ (Photo: AFP)

နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းရဲ့ ခရီးစဉ်ဟာ သံရုံးဖွင့်ဖို့ကိစ္စ ဖြစ်နိုင်တယ်လို့ အရှေ့တီမောနိုင်ငံမှာ နေထိုင်တဲ့


မြန်မာနိုင်ငံသားတဦးက RFA ကို ပြောပါတယ်။ “ကျွန်တော်တို့လည်း မြန်မာနိုင်ငံသားဆိုတော့ မင်းတို့ မြန်မာနိုင်ငံက
ဝန်ကြီးလာမယ်လို့ အဲလို ပြောတယ်။ ဘာလို့လဲဆိုတော့ ဒီမှာလည်း အဲလို ဝန်ကြီးတွေ ဘာတွေ အရောက်အပေါက်က
တော်တော် နည်းတာကိုး၊ ကျွန်တော်တို့ ဒီဖက်မှာလေ။ ကျွန်တော်တို့ ထင်တာပေါ့လေ၊ ထင်တာ သံရုံးများ ဖွင့်မလားပေါ့၊
အဲလိုမျိုးတော့ ထင်တယ်။” လေဆိပ်မှာ ဝန်ကြီး ဦးဉာဏ်ဝင်းကို ဆန္ဒပြကြသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ခဲ့ကြတယ်လို့
သတင်းတွေမှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့
ကန့်ကွက်ရှုတ်ချထားတဲ့ စာတမ်းတွေ၊ ပိုစတာတွေကို ရဲတွေက ဆန္ဒပြသူတွေဆီကနေ လုယူ သိမ်းဆည်းခဲ့တယ်လို့
ဆိုပါတယ်။ ဆန္ဒပြသူတွေကလည်း စစ်အစိုးရ ကျဆုံးပါစေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ် စတာတွေကို
တောင်းဆိုခဲ့ကြတယ်လို့ ဆန္ဒပြခေါင်းဆောင် Carolino Marques က ပြောပါတယ်။

Source:http://www.rfa.org/burmese/news/protesters_confront_junta_minister-08202010180804.html

နာဂစ်ကစ
္စိ နုင
ိ င
် တ
ံ ကာနဲ့ ပူးပေါင်း ဆောင်ရွကေ
် တာ့မည်မဟုတ်
မြန်မာစစ်အစိုးရက နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသတွေ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ နိုင်ငံတကာ
အကူအညီပေးရေး အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက် ပေးတာတွေကို ဆက်လုပ်ပေးတော့မှာ မဟုတ်သလို နာဂစ်ဒေသ
ကူညီရေးတွေ လုပ်နေတဲ့ နိုင်ငံခြားသားတွေကိုလည်း ဗီဇာသက်တမ်း တိုးပေးတော့မှာ မဟုတ်ဘူးလို့ 
ကြေညာလိုက်ပါတယ်။ ဒါကြောင့် အကူအညီတွေ လိုအပ်နေဆဲဖြစ်တဲ့ နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ လုပ်လက်စ
လုပ်ငန်းတွေ ဆက်လုပ်ခွင့် ရရေးအတွက် မြန်မာပြည်တွင်း ကုလသမဂ္ဂ တာဝန်ရှိသူတွေက မြန်မာစစ်အစိုးရကို
ပန်ကြားနေကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး မနော်ရှိုးက တင်ပြထားပါတယ်။

နာဂစ်ဒေသတွေမှာ အရေးပေါ် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေထက် သာမန်ဖွံ့ဖြိုးရေး လုပ်ငန်းတွေအဖြစ်


အသွင်ပြောင်းဖို့ အချိန်ရောက်ပြီ ဖြစ်တာကြောင့် မြန်မာစစ်အစိုးရရဲ့ လူမှုဖူလုံရေး၊ ပြန်လည် နေရာချထားရေး
ဝန်ကြီးဌာနက သူတို့အနေနဲ့  နာဂစ်ဒေသ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေအတွက် ကမထမပြု
လုပ်ပေးတော့မှာမဟုတ်ဘူးလို့ မြန်မာပြည်တွင်းက ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းတွေ အပါအ၀င် နိုင်ငံတကာ NGO
အဖွဲ့အစည်းတွေကို ဩဂုတ်လ ၁၆ ရက်နေ့က ပြောခဲ့တာကို ဒီနေ့ထုတ် IRIN ခေါ် ကုလသမဂ္ဂ သတင်းဌာနမှာ ထုတ်ပြန်
ရေးသားထားတာပါ။

နာဂစ်ဒေသကူညီရေးအတွက် နိုင်ငံခြားသားတွေကို ဗီဇာ ထုတ်ပေးတော့မှာ မဟုတ်သလို ရှိရင်းစွဲ ဗီဇာ တွေကိုလည်း


သက်တမ်းတိုးပေး တော့မှာ မဟုတဘ
်ူးလို့လည်း မြန်မာစစ်အစိုးရက ကြေညာခဲ့တာပါ။

၂၀၀၈ ခုနှစ် မေလဆန်းမှာ နာဂစ်မုန်တိုင်း ၀င်ရောက် တိက


ုခတ်ပြီးတဲ့နောက် ကုလသမဂ္ဂ၊ အာဆီယံနဲ့ မြန်မာစစ်အစိုးရတို့
ပါဝင်တဲ့ သုံးပွင့်ဆိုင် TCG အဖွဲ့က မုန်တိုင်းလွန်ကာလ တလျှောက်လုံး ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို တာဝန်ယူ
ညှိနှိုင်း ဆောင်ရွက် ပေးလာခဲ့ရာက ပြီးခဲ့တဲ့ဇူလိုင်လ အကုန်မှာ ဒီတာဝန်ကို မြန်မာစစ်အစိုးရ လက်ထဲ လွှဲပြောင်း
ပေးအပ်ခဲ့တာပါ။ TCG ရဲ့ အခန်းကဏ္ဍ အားဖြင့် မြန်မာစစ်အစိုးရနဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်းတွေအကြား
ပူးပေါင်းဆောင်ရွက်မှုနဲ့ ယုံကြည်မှုတွေကို အတိုင်းအတာ တခုအထိ တည်ဆောက်နိုင်ခဲ့တယ် ဆိုတာကို
ယေဘုယျအားဖြင့် အများက ယူဆကြပါတယ်။ ဒါကြောင့် ဒီလိုယုံကြည်မှုတွေကို အဟန့်အတားမရှိစေဘဲ
ဆက်ထိမ်းထားဖို့ အရေးကြီးတယ်လို့ ရန်ကုန်မြို့ အခြေစိုက် ကုလသမဂ္ဂ သတင်းနဲ့  ပြန်ကြားရေး ဌာက ဦးအေးဝင်းက
ဗွီအိုအေမြန်မာပိုင်းကို ပြောခဲ့ပါတယ်။

“ဒီဟာနဲ့ပတ်သက်လို့ပေါ့လေ မြစ်ဝကျွန်းပေါ်ဒေသက အမေကြီးတယောက်ရဲ့ ဥပမာလေးကို ကျနော် ပြောချင်တယ်ဗျာ။


အဲဒါက ပုံပေါ် စေမယ်ထင်လို့ပါ။ သူ ပြောသွားတဲ့စကားမှာ ထမင်းအိုးတည်တုန်း ထင်းပြတ်သွားလို့မဖြစ်ဘူး ဆိုပြီးတော့
ပြောဖူးတယ်ဗျ။ ဆိုတော့ အဲဒီအတိုင်းပါပဲ။ ကျနော်တို့ နာဂစ်မှာဆိုရင် တည်ဆောက်လာခဲ့တဲ့ ယုံကြည်မှု၊
တည်ဆောက်လာခဲ့တဲ့ ပူးပေါင်းဆောင်ရွက်မှု အုတ်မြစ်ချ ခဲ့တာ အားလုံးကလည်း တော်တော်ကြီးကို ချီးကျူးခဲ့ပါတယ်။
အဲဒီအပေါ်မှာ ဆက်ပြီးတော့ တင်ဆက်သွားဖို့ လိုတာပေါ့ဗျာ။ နောက်ပြီးတော့ အဲဒီတုန်းက လုပ်ခဲ့တဲ့
ထမင်းအိုးတည်ခဲ့တဲ့ဟာ ထမင်းအိုး မနူးမနပ်အချိန်မှာ မီးစပြတ်သွားလို့ရှိရင် ထမင်းလည်း စားရမှာမဟုတ်ဘူးပေါ့ဗျာ။
အဲဒီထမင်းအိုးလည်း သွန်ရမယ့်သဘော ဖြစ်သွားတာပေါ့။ အဲဒီတော့ အဲဒီလို မဖြစ်စေရအောင် အခြေအနေလေးကတော့
ပေးဖို့လိုမယ်ပေါ့လေ။ အဘက်ဘက်ကတော့ အခြေအနေကတော့ ရှိတာပေါ့။ ပြည်တွင်းပြည်ပ အခြေအနေ
အကုန်လုံးကတော့ ပေးနိုင်ရင်တော့ ကောင်းတာပေါ့ခင်ဗျာ။”

အခုလောလောဆယ် နာဂစ်ဒေသကူညီရေးတွေ လုပ်နေတဲ့ နိုင်ငံခြားသား ၀န်ထမ်း ၉၀ ကျော်ရဲ့ ဗီဇာအခြေအနေဟာ


မရေမရာ ဖြစ်နေပါတယ်။ ကုလသမဂ္ဂရဲ့ ရန်ကုနဌ
်ာနေ ကိုယ်စားလှယ် မစ္စတာ ဘီရှိုး ပရာဂျူလီ (Bishow Parajuli)
ကတော့ နိုင်ငံတကာ NGO နဲ့ အစိုးရတို့ကြား MOU လို့ခေါ်တဲ့ နားလည်မှုစာချွန်လွှာသစ်တွေ လျှောက်ထားစဉ်
ကြားကာလအတွင်း နိုင်ငံခြားသား ၀န်ထမ်းတွေရဲ့ ဗီဇာတွေ၊ လုပ်ငန်းဆိုင်ရာ သဘောတူညီမှုတွေကို ယာယီ
သက်တမ်းတိုးပေးဖို့ ပန်ကြားထားကြောင်း ပြောခဲ့တာကို ကုလသမဂ္ဂ သတင်းမှာ ကိုးကားထားပါတယ်။

နာဂစ်ဒဏ်သင့်ဒေသ ပြန်လည် နလန်ထူနိုင်ဖို့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မကြာခင်တုန်းကမှာ ကုလသမဂ္ဂက


ပြုလုပ်ခဲ့တဲ့ အကဲဖြတ် လေ့လာသုံးသပ်ချက်တွေ အရ လပွတ္တာနဲ့ ဘိုကလေး ဒေသတွေဟာဆိုရင် ခုချိန်အထိ အရေးပေါ်
အခြေအနေမှာတင် ရှိနေသေးတဲ့ အကြောင်းကိုလည်း IRIN သတင်းမှာ ရေးသားထားပါတယ်။ ဒါကြောင့်မို့ ရန်ကုန်မြို့
ကုလသမဂ္ဂ သတင်းနဲ့ ပြန်ကြားရေးဌာနက ဦးအေးဝင်းကလည်း နာဂစ်ဒေသက လုပ်လက်စ ပြန်လည် ထူထောင်ရေး
လုပ်ငန်းတွေကို ရပ်ထားလို့ မဖြစ်ဘူးလို့ ဗွီအိုအေမြန်မာပိုင်းကို ပြောခဲ့ပါတယ်။

“Humanitarian (လူသားချင်းစာနာကူညီမှု) လုပ်ငန်းပေါ့နော်။ ဒီဟာက ရုပ်ရှင်ကြည့်သလို pause လုပ်ထားလို့ရတာ


မဟုတ်ဘူးခင်ဗျ။ ဆက်ပြီးတော့ ထိန်းသွားရမယ့်ကိစ္စမိုလို့ပါ။ အဲဒီတော့ အခြေအနေ အရပ်ရပ်ကြောင့် ဒီဟာက ကြားထဲမှာ
ပြတ်တောက်သွားရင်၊ ဒါမှမဟုတ်လို့ရှိရင် လှေလှော်ရင်း တက်ကျိုးသွားရင် အရှိန်အဟုန် ပြတ်သွားလို့က အကုန်လုံးက
လုပ်ခဲ့သမျှ အကျိုးရှိသင့်သလောက် မရှိမှာစိုးလို့ပါ။”

နာဂစ်မုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ လူ့အသက်ပေါင်း ၁၃၈,၀၀၀ လောက် ဆုံးရှုံးခဲ့ရတာပါ။ မုန်တိုင်းဒဏ် သင့်ခဲ့သူပေါင်း


၂သန်းခွဲ အနက် တ၀က်ဟာလည်း ပုံမှန်ဘ၀ ပြန်လည် လည်ပတ်နိုင်ရေးအတွက် အခုချိန်ထိ အကူအညီတွေ
လိုအပ်နေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

Source:http://www1.voanews.com/burmese/news/Nargis-humanitarian-08-20-10-101168654.html
နာဂစ် INGO ဝန်ထမ်းများ ဗီဇာ ရတော့မည် မဟုတ်
အစိုးရမဟုတ်သည့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ (INGO) များနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများသည်
“နာဂစ်အလွန် ပြန်လည် ထူထောင်ရေးမှ ဖွံ့ဖြိုးရေး လုပ်ငန်းများသို့” ပြောင်းရန်နှင့်  နာဂစ် ထူထောင်ရေး
လုပ်ငန်းများအတွက် ဗီဇာသက်တမ်းတိုးခြင်း၊ ဗီဇာသစ်ထုတ်ပေးခြင်းများ ပြုလုပ်ပေးတော့မည် မဟုတ်ဟု စစ်အစိုးရက
အကြောင်းကြားကြောင်း သတင်းရရှိသည်။
သြဂုတ်လ ၁၆ ရက်နေ့က လူမှုဝန်ထမ်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
ဝန်ကြီးဌာန၏ အကြောင်းကြားချက်တွင်
“မြစ်ဝကျွန်းပေါ်ဒေသ ပြန်လည်ထူထောင်ရေးသည်
ဖွံ့ဖြိုးရေး ဆောင်ရွက်မှုများသို့ ပြောင်းသင့်ပြီး ယင်းသို့
လမ်းကြောင်း ပြောင်းလိုက်သည့် ဆောင်ရွက်မှုများကို
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက
ပူးပေါင်းဆောင်ရွက်ရန် တာဝန်မရှိတော့ကြောင်း၊
အဖွဲ့အစည်းများသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်
ဆောင်ရွက်ရမည် ဖြစ်သော ကြောင့်
ဧရာဝတီတိုင်း ဖျာပုံမြို့နယ်မှ မိန်းကလေးတဦး။ နာဂစ် ပြန်လည်
နားလည်မှုစာချွန်လွှာများ အသစ်ပြန်လည် ချုပ်ဆိုရန်
ထူထောင်ရေး ကူညီဆောင်ရွက်မည့် နိုင်ငံခြားသားများကို
လိုအပ်လိမ့်မည်” ဟု IRIN ၏ ကြေညာချက်အရ
ဗီဇာထုတ်ပေးတော့မည် မဟုတ်ဟု စစ်အစိုးရက
သိရသည်။
ကြေညာလိုက်သည်။ (ဓာတ်ပုံ - Reuters)
IRIN သည် လူမှုကယ်ဆယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကုလသမဂ္ဂလက်အောက်ခံ သတင်းနှင့်
သုံးသပ်လေ့လာသည့် ဌာနဖြစ်သည်။

ကုလသမဂ္ဂ၊ အာဆီယံနှင့် မြန်မာအစိုးရတို့ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့ (TCG) ၏ တာဝန်ယူ ဆောင်ရွက်သည့်


သက်တမ်း ကုန်ဆုံးပြီး နှစ်ပတ်အကြာတွင် ဤသို့ INGO များ၏ အခန်းကဏ္ဍကို လျှော့ချသည့် ကြေညာချက်
ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့၏ တာဝန်ယူသည့် သက်တမ်းသည် ဇူလိုင် ၃၁
ရက်တွင် ကုန်ဆုံးသည်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေး ဝန်ကြီးဌာနသည် နာဂစ် ပြန်လည်ထူထောင်ရေးအတွက် ထုတ်ပေးထားသည့် ဗီဇာများကို


သက်တမ်းတိုးပေးမည် မဟုတ်ဘဲ ယခင် သဘောတူညီချက်များ၌ အကြုံးဝင်သည့် မည်သည့် ဗီဇာ အသစ်ကိုမျှ
ထုတ်ပေးတော့မည်မဟုတ်ဟုလည်း ကြေညာလိုက်ကြောင်း၊ ထို့ကြောင့် INGO နှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများမှ
နိုင်ငံခြားသားဝန်ထမ်း ၉၀ ကျော်သည် ဗီဇာဆက်လက်ရရန် မသေချာတော့ကြောင်း သိရှိရသည်။

“မြစ်ဝကျွန်းပေါ်ဒေသမှာ အကူအညီတွေ အကြီးအကျယ် လိုအပ်နေတုန်းပါပဲ။ လူမှုဝန်ထမ်း ကယ်ဆယ်ရေး


ဝန်ကြီးဌာနနဲ့ရော သုံးပွင့်ဆိုင် ဗဟိုအဖွဲ့နဲ့ပါ ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။ လူတွေအတွက်လည်း အကျိုးရှိပြီး
မြန်မာပြည်မှာ ထိရောက်တဲ့ အကူအညီတွေ ဆက်ပေးဖို့ တတ်နိုင်ပါသေးတယ်” ဟု ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ်
မစ္စတာ ဘစ်ရှော ပါရာဂျူလီကို ကိုးကား၍ IRIN ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

နားလည်မှု စာချွန်လွှာ အသစ် ပြင်ဆင် ရေးထိုးနေစဉ်တွင် အဖွဲ့အစည်းများအနေဖြင့် ဗီဇာ သက်တမ်းတိုးခွင့်ရရန်


မေတ္တာရပ်ခံထားကြောင်းလည်း ပါရာဂျူလီက ပြောထားသည်။

“မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ တင်းကျပ်တဲ့ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ


တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပါတယ်။ ပြီးတော့ ရလဒ်ကောင်းတွေ ထွက်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု မြန်မာနိုင်ငံ
ကုလသမဂ္ဂရုံးခွဲတခုမှ ထိပ်တန်းအရာရှိတဦးက ပြောသည်။

၂၀၀၈ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းသို့ ပြည်ပမှ ကူညီကယ်ဆယ်ရေး


ဝန်ထမ်းများ ပိုမို ၀င်ရောက်လာသော်လည်း ဆိုင်ကလုန်းဒဏ်သင့် ဒေသများသို့ ခရီးသွားခွင့်အတွက် လုပ်ထုံးလုပ်နည်း
များပြားကာ ပိုမိုစိစစ်ခဲ့သည်။

ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားသော နိုဝင်ဘာလအတွင်း ကမ္ဘာလှည့် ခရီးသည်များနှင့် အထူးသဖြင့် INGO


များမှ နိုင်ငံခြားသားများအား ပြည်ဝင်ခွင့် ပိုမိုတင်းကျပ်မည်ကို ကုလသမဂ္ဂနှင့် INGO များမှ ဝန်ထမ်းများက
ယခင်ကတည်းက စိုးရိမ်နေခဲ့ကြသည်။

“ဒီနိုင်ငံက ဘာဖြစ်မယ်ဆိုတာကို ခန့်မှန်းရ အခက်ဆုံးပဲ” ဟု ရန်ကုန်အခြေစိုက် INGO တခုမှ တာဝန်ရှိသူတဦးက


မှတ်ချက်ပေးသည်။

ဆိုက်ရောက် ဗီဇာ စနစ် ကို ရန်ကုန်နှင့် မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ် နှစ်ခုတွင် မေလ ၁ ရက်နေ့က စတင်ခဲ့ပြီး
ကမ္ဘာလှည့် ခရီးသည် ဝင်ရောက်မှုနှုန်း မြင့်တက်ခဲ့သည်။ သို့သော် အဆိုပါ အပြည်ပြည်ဆိုင်ရာ လေဆိပ်နှစ်ခုတွင်
ဆိုက်ရောက်ဗီဇာထုတ်ပေးခြင်းကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ ယာယီ ရပ်နားထားမည်ဟု ပြည်တွင်းမှ Eleven
Media Group က လူဝင်မှုကြီးကြပ်ရေးဌာ တာဝန်ရှိသူတဦးကို ကိုးကား၍ ဖော်ပြထားသည်။

ခရီးသွားဗီဇာဖြင့် ၀င်ရောက်၍ ရွေးကောက်ပွဲ စောင့်ကြည့်မည်ကို စိုးရိမ်ကာ နိုင်ငံခြားသားများ၊ အထူးသဖြင့်


အနောက်နိုင်ငံသားများကို ရွေးကောက်ပွဲ ကာလတွင် ပြည်ဝင်ခွင့် ပိုမိုတင်းကျပ်မည်ဖြစ်ကြောင်း နေပြည်တော်
သတင်းရပ်ကွက်နှင့် ခရီးသွားလုပ်ငန်း အသိုင်းအ၀ိုင်းတွင် သတင်းထွက်ပေါ်လျက်ရှိသည်။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် မြန်မာနိုင်ငံ လာရောက်စဉ်ကလည်း ၂၀၁၀


ရွေးကောက်ပွဲ ကာလအတွင်း နိုင်ငံခြားသား လေ့လာသူများကို ၀င်ခွင့်ပြုမည် မဟုတ်ကြောင်း ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက တရားဝင်ပြော ဆိုခဲ့သည်။

မြန်မာနိုင်ငံသို့ ပြည်တွင်းခရီးသွား အေဂျင်စီများမှတဆင့် ချိတ်ဆက်လာရောက် လည်ပတ်ကြသော ကမ္ဘာလှည့်


ခရီးသည်များ အနေနှင့် ဓာတ်ပုံ မရိုက်ရမည့်နေရာများ၊ လည်ပတ်ခွင့်မပြုသော တားမြစ်ဧရိယာများသို့ ၀င်ရောက်မှု
မရှိစေရန် ခရီးသွားအေဂျင်စီနှင့် ဧည့်လမ်းညွှန်များက အပြည့်အဝ တာဝန် ခံရကြောင်း စုံစမ်းသိရှိရသည်။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ပြီးနောက် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံတွင်းသို့ ခရီးသွားဗီဇာဖြင့် ၀င်ရောက်၍


သတင်းယူခဲ့သော CNN သတင်းထောက်ကို နောက်ပိုင်းတွင် အကြောင်းပြချက် တစုံတရာမပေးဘဲ ပြည်ဝင်ခွင့်
ငြင်းပယ်ခဲ့သည်။

မြန်မာနိုင်ငံအတွင်း ခရီးသွားဗီဇာဖြင့် ၀င်ရောက်၍ ရွေးကောက်ပွဲ စောင့်ကြည့်ရေးဆိုင်ရာများကို ပြည်တွင်းပါတီများနှင့်


သတင်းထောက်များအား ဟောပြောသည်ဟုဆိုကာ ချက်နိုင်ငံသူ နိုင်ငံရေးသိပ္ပံပညာရှင် အမျိုးသမီးတဦးကို စစ်အစိုးရက
ပြီးခဲ့သော ဇွန်လတွင် ပြည်နှင်ဒဏ်ပေးခဲ့သည်။
Source:http://www.irrawaddy.org/bur/index.php/news/1-news/3879--ingo----

စစ်အစိုး ရကို ကုလသမဂ္ဂ စံစ


ု မ်းစစ်ဆေးရေး အင်ဒန
ိုီး ရှားအမတ်များ
ထောက်ခံ

2010-08-20

မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ကော်မရှင်တရပ် ဖွဲ့စည်းပြီး


စုံစမ်းစစ်ဆေးဖို့ အမေရိကန်ပြည်ထောင်စုက ဖိအားပေးနေတဲ့အပေါ် အင်ဒိုနီးရှားလွှတ်တော် အမတ်တွေက ထောက်ခံ
ပြောဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာ မြို့တော်ရှိ အာဆီယံ အတွင်းရေးမှူးအဖွဲ့ရုံး အဆောက်အအုံရှေ့တွင် မတ်လ ၂၉ ရက်က


အာဆီယံ အစိုးရအဖွဲ့များ၏ လူ့အခွင့်အရေး ကော်မရှင် အစည်းအဝေး ကျင်းပနေစဉ် အရှေ့တောင် အာရှနိုင်ငံများမှ
လူမှုအဖွဲ့အစည်း ၆၉ ခု ပေါင်းစည်းကာ အင်ဒိုနီးရှား၊ မြန်မာနှင့် ဖိလိပိုင်နိုင်ငံတို့မှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို
ကန့်ကွက်ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ (Photo: AFP)

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးအတွက် ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းအားလုံး ကုန်ဆုံး သွားပြီမို့ ကုလသမဂ္ဂ


ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးရေးကိစ္စကို အင်ဒိုနီးရှား အစိုးရအနေနဲ့ ထောက်ခံသင့်ကြောင်း မြန်မာ့အရေး
ဆောင်ရွက်နေတဲ့ အင်ဒိုနီးရှား လွှတ်တော်အမတ်များအဖွဲ့ ရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ မြန်မာစစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒအရ ပြီးခဲ့တဲ့နှစ်က အထူး ကိယ


ုစားလှယ် Mr.
Kurt Campbell ကို မြန်မာနိုင်ငံကို စေလွှတ်ခဲ့ပေမယ့် မြန်မာနိုင်ငံမှာ ထူးခြားတဲ့ ပြောင်းလဲမှုတွေ ပေါ်ပေါက်လာတာ
မတွေ့ရကြောင်း အင်ဒိုနီးရှား လွှတ်တော်အမတ်များ အဖွဲ့ ဥက္ကဋ္ဌ Ms. Eva က ပြောပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ
ဒီမိုကရေစီပေါ်ပေါက်ရေးအတွက် နည်းလမ်းသစ်တွေ ပြောင်းလဲ ကျင့်သုံးဖို့ အချိန်တန်ပြီ ဖြစ်တယ်လို့ Ms Eva က
ပြောပါတယ်။

မိမိတို့ဟာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပျော့ပြောင်းတဲ့ သဘောထား ရှိခဲ့တာ ကြာပြီဖြစ်ပေမယ့် မြန်မာ စစ်အစိုးရနဲ့


အပြုသဘော ထိတွေ့ဆက်ဆံရေးဆိုတဲ့ မူဝါဒဟာ ဘာမှ အလုပ်မဖြစ်တာကို တွေ့ရကြောင်း၊ လာမဲ့နှစ်
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူမယ့် အင်ဒိုနီးရှားအစိုးရအနေနဲ့ မြန်မာ့အရေးကို အခုထက် ပိုပြီး
တင်းတင်းကျပ်ကျပ် ကိုင်တွယ် ဆောင်ရွက်သင့်ကြောင်းလည်း Ms Eva က ပြောပါတယ်။

အမည်မဖော်လိုတဲ့ အာဆီယံဆိုင်ရာ အင်ဒိုနီးရှားအစိုးရ အရာရှိတဦးကတော့ မြန်မာ့အရေး စုံစမ်း စစ်ဆေးမယ့်


ကော်မရှင်ကို လုံခြုံရေးကောင်စီက ဖွဲ့စည်း တာဝန်ပေးအပ်မယ်ဆိုရင် လုပ်ပိုင်ခွင့်တွေ ပိုပြီး ရှိမှာ ဖြစ်ကြောင်း၊ ဒါပေမယ့်
ဒီကိစ္စကို တရုတ်က ဗီတိုအာဏာသုံးပြီး ပယ်ချနိုင်ကြောင်း ပြောဆိုလိုက်ပါတယ်။

Source:http://www.rfa.org/burmese/news/restrictions_imposed_on_journalists_in_junta_party_opening-
08202010172222.html

တရွာလျှင် လူ(၁ဝ)ဦးစီ ကြံ ခ


ို့င်ရေးပါတီသို ဝ
့ င်ရန် မယက အမိန့်ထုတ်

ခိုနူမ်းထုန်သတင်း၊ ၂၀ သြဂုတ် ၂ဝ၁ဝ

စစ်အစိုးရကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်းရေး နှင့်ဖွံ့ဖြိုးရေး (ယူ အက်စ် ဒီပီ) ပါတီ သို့ တရွာ


လျင် အနည်းဆုံး လူ(၁၀)ယောက်စီ ၀င်ရောက်ကြရန် ချင်း ပြည်နယ်၊ ဖလမ်းမြိုနယ် အေးချမ်းသာ ယာရေးနှင့်ဖွံ့  ဖြိုးရေး
ကောင်စီ ဥက္ကဋ္ဌ က ယခုလ ပထမ အပတ်ကနှုတ်မိန့်ထုတ်ထားသည်ဟုသိရသည်။

ဖလမ်းမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှကြီးမှူးပြီး တလတကြိမ် ပုံမှန်ပြု လုပ်သည့် အစည်း


အဝေးတွင် ကျေးရွာအုပ်စု ဥက္ကဋ္ဌများအား၎င်းတို့ ကျေးရွာ အုပ်စု အတွင်း ရွာတရွာလျှင် အနည်း ဆုံး (၁၀)ဦး
ကိုကြံ့ဖွံ့ပါတီသို့ ၀င်ရောက်ခိုင်းရမည်ဟု မယက ဥက္ကဋ္ဌက အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

“ဒေသခံတွေတော်တော်များကတော့ ကြံ့ဖွံ့ပါတီကို စိတ်မ၀င်စားကြဘူး၊ ပါတီဝင်မဖြစ်ချင်ကြ ဘူး၊ ဒါကြောင့် အခုလို


အာဏာသုံးပြီး လုပ်ခိုင်း တာပါ၊ဒီလ ၂၅ ရက် နေ့ နောက်ဆုံးထားပြီး မယက ဆီကို ပြန်လည် သတင်းပို
့ခိုင်းတယ်”ဟုကျေး ရွာအုပ်စု ဥက္ကဋ္ဌတဦးကပြောသည်။

အုပ်စု ဥက္ကဋ္ဌ များသည် ကြံ့ဖွံ့ပါတီဝင်အဖြစ်ခေတ်လူငယ်များ ကိုမစည်းရုံး နိုင်သဖြင့် သက်ကြီး ရွယ်အိုများ၏


အမည်စာရင်းများကိုကောက်ယူ နေကြ ကြောင်း ဒေသခံတဦးက ဆိုသည်။

“သက်ကြီးတွေကတော့ သူတို့ နာမည်စာရင်းကောက်ယူတာတွေကိုတောင် မသိကြဘူး” ဟုသူကပြော သည်။

ထို့အပြင် ဖလမ်းမြို့ အစိုးရ၀န်ထမ်းများ နှင့်အငြိမ်းစားဝန်ထမ်းများ အား ကြံ့ဖွံ့ ပါတီဝင် များ


အဖြစ်အလိုလိုသတ်မှတ်ပြီးသားဖြစ်သည်ဟုသိရသည်။

ယခုကဲ့သို့ တရွာလျင် လူ ၁၀ ဦးစီ ကြံ့ဖွံ့ ပါတီသို.မဖြစ်မနေ၀င်ရောက်ခိုင်း ခြင်းသည် ချင်းပြည် နယ် တပြည်
နယ်လုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ မြို့နယ် မယက အဖွဲ့က နှုတ်မိန့် ထုတ် ထားခြင်းဖြစ် သည်ဟုဖလမ်းမြို့  နယ်ခွဲ
ရိဒ်ခေါ်ဒါရ်မြို့မရက ရုံးမှ ဝန်ထမ်း တဦးက ဆို သည်။

၎င်းကိစ္စနဲ့ပတ်သက်ပြီး ဖလမ်းမြို့နယ် ချင်းတိုးတက်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးနာ့ ထန်းက “ အာဏာ ပိုင်တွေရဲ့


လုပ်ရပ်ကိုကြည့်ရင် ယခုရွေးကောက်ပွဲကတရားမျှတ မှုရှိမှာမ ဟုတ်ဘူး ဆိုတာ သေချာနေပြီ ” ဟုပြောသည်။

ဖလမ်းမြို.နယ်တွင် ကျေးရွာပေါင်း ၁၈၀ ရှိပြီး လူဦးရေ ၄၇၀၀၀ခန့်ရှိ သည်ဟသ


ိုရသည်။ ယင်း အနက် အစိုးရ၀န် ထမ်း
၁၅၀၀ နှင့်အငြိမ်း စားဝန်ထမ်းဦးရေ ၅၀၀ခန့်ရှိသည်။ ယခု လက်ရှိဖလမ်းမြို့နယ်တွင် အစိုးရ၀န်ထမ်း
နှင့်အငြိမ်းစားဝန်ထမ်းမဟုတ်သူ ကြံ့ဖွံ့ပါတီဝင်ပြည်သူ လူထု အင်အား ၁၀၀၀ခန့်ရှိ သည်ဟုသိရသည်။

Source:http://www.khonumthungburmese.org/index.php?
subaction=showfull&id=1282292675&archive=&start_from=&ucat=1&
တရွာလျှင် လူ(၁ဝ)ဦးစီ ကြံ ခ
ို့င်ရေးပါတီသို ဝ
့ င်ရန် မယက အမိန့်ထုတ်

ခိုနူမ်းထုန်သတင်း၊ ၂၀ သြဂုတ် ၂ဝ၁ဝ

စစ်အစိုးရကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်းရေး နှင့်ဖွံ့ဖြိုးရေး (ယူ အက်စ် ဒီပီ) ပါတီ သို့ တရွာ


လျင် အနည်းဆုံး လူ(၁၀)ယောက်စီ ၀င်ရောက်ကြရန် ချင်း ပြည်နယ်၊ ဖလမ်းမြိုနယ် အေးချမ်းသာ ယာရေးနှင့်ဖွံ့  ဖြိုးရေး
ကောင်စီ ဥက္ကဋ္ဌ က ယခုလ ပထမ အပတ်ကနှုတ်မိန့်ထုတ်ထားသည်ဟုသိရသည်။

ဖလမ်းမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှကြီးမှူးပြီး တလတကြိမ် ပုံမှန်ပြု လုပ်သည့် အစည်း


အဝေးတွင် ကျေးရွာအုပ်စု ဥက္ကဋ္ဌများအား၎င်းတို့ ကျေးရွာ အုပ်စု အတွင်း ရွာတရွာလျှင် အနည်း ဆုံး (၁၀)ဦး
ကိုကြံ့ဖွံ့ပါတီသို့ ၀င်ရောက်ခိုင်းရမည်ဟု မယက ဥက္ကဋ္ဌက အမိန့်ပေးလိုက်ခြင်းဖြစ်သည်။

“ဒေသခံတွေတော်တော်များကတော့ ကြံ့ဖွံ့ပါတီကို စိတ်မ၀င်စားကြဘူး၊ ပါတီဝင်မဖြစ်ချင်ကြ ဘူး၊ ဒါကြောင့် အခုလို


အာဏာသုံးပြီး လုပ်ခိုင်း တာပါ၊ဒီလ ၂၅ ရက် နေ့ နောက်ဆုံးထားပြီး မယက ဆီကို ပြန်လည် သတင်းပို
့ခိုင်းတယ်”ဟုကျေး ရွာအုပ်စု ဥက္ကဋ္ဌတဦးကပြောသည်။

အုပ်စု ဥက္ကဋ္ဌ များသည် ကြံ့ဖွံ့ပါတီဝင်အဖြစ်ခေတ်လူငယ်များ ကိုမစည်းရုံး နိုင်သဖြင့် သက်ကြီး ရွယ်အိုများ၏


အမည်စာရင်းများကိုကောက်ယူ နေကြ ကြောင်း ဒေသခံတဦးက ဆိုသည်။

“သက်ကြီးတွေကတော့ သူတို့ နာမည်စာရင်းကောက်ယူတာတွေကိုတောင် မသိကြဘူး” ဟုသူကပြော သည်။

ထို့အပြင် ဖလမ်းမြို့ အစိုးရ၀န်ထမ်းများ နှင့်အငြိမ်းစားဝန်ထမ်းများ အား ကြံ့ဖွံ့ ပါတီဝင် များ


အဖြစ်အလိုလိုသတ်မှတ်ပြီးသားဖြစ်သည်ဟုသိရသည်။

ယခုကဲ့သို့ တရွာလျင် လူ ၁၀ ဦးစီ ကြံ့ဖွံ့ ပါတီသို.မဖြစ်မနေ၀င်ရောက်ခိုင်း ခြင်းသည် ချင်းပြည် နယ် တပြည်
နယ်လုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ မြို့နယ် မယက အဖွဲ့က နှုတ်မိန့် ထုတ် ထားခြင်းဖြစ် သည်ဟုဖလမ်းမြို့  နယ်ခွဲ
ရိဒ်ခေါ်ဒါရ်မြို့မရက ရုံးမှ ဝန်ထမ်း တဦးက ဆို သည်။

၎င်းကိစ္စနဲ့ပတ်သက်ပြီး ဖလမ်းမြို့နယ် ချင်းတိုးတက်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးနာ့ ထန်းက “ အာဏာ ပိုင်တွေရဲ့


လုပ်ရပ်ကိုကြည့်ရင် ယခုရွေးကောက်ပွဲကတရားမျှတ မှုရှိမှာမ ဟုတ်ဘူး ဆိုတာ သေချာနေပြီ ” ဟုပြောသည်။

ဖလမ်းမြို.နယ်တွင် ကျေးရွာပေါင်း ၁၈၀ ရှိပြီး လူဦးရေ ၄၇၀၀၀ခန့်ရှိ သည်ဟသ


ိုရသည်။ ယင်း အနက် အစိုးရ၀န် ထမ်း
၁၅၀၀ နှင့်အငြိမ်း စားဝန်ထမ်းဦးရေ ၅၀၀ခန့်ရှိသည်။ ယခု လက်ရှိဖလမ်းမြို့နယ်တွင် အစိုးရ၀န်ထမ်း
နှင့်အငြိမ်းစားဝန်ထမ်းမဟုတ်သူ ကြံ့ဖွံ့ပါတီဝင်ပြည်သူ လူထု အင်အား ၁၀၀၀ခန့်ရှိ သည်ဟုသိရသည်။

Source:http://www.khonumthungburmese.org/index.php?
subaction=showfull&id=1282292675&archive=&start_from=&ucat=1&

ပမ်ဆမ်းနှင့် အလယ်ချောင်း ရွာမတွင် အရေပြားရောဂါ ကူးစက်ဖြစ်ပွားနေ


ကရင်နီပြည် ကယန်းဒေသရှိ တံတောင်မြို့နယ် ပမ်ဆမ်းနှင့် အလယ်ချောင်းရွာမတွင် အရေပြားရောဂါ ဖြစ်သည့်
ယားနာရောဂါများ ကူးစက်ခံစားနေရသည်ဟု သိရသည်။
“အရေပြားပေါ်မှာ အရေဖုလေးတွေ ထွက်လာတယ်ပေါ့နော်။ တပြင်လုံး ဖြစ်တာလည်း များတယ်။ အဓိက ဖြစ်တာက
ချိုင့်ကြားမှာကော၊ ပေါင်ကြားမှာကော၊ နောက် ချက်နားမှာကော၊ ဒါက ပထမအရင်ဆုံး ဖြစ်တယ် အဲဒါတွေက၊ ပြီးမှ
တခြားဟာဆို တဖြည်းဖြည်းနဲ့ လက်ကြားမှာတွေကော၊ လက်သည်း လက်ဖ၀ါးကြားမှာတွေကော ဖြစ်တယ်” ဟု
ပမ်းဆမ်းမှ ဒေသခံတဦးက ဆိုသည်။

အရေးပြားရောဂါ ဖြစ်ပွားနေသည့် ကရင်နီပြည် အလယ်ပိုင်း ဒေသရှိ လူတဦး


(ဓါတ်ပုံ-KSWDC)

အရေပြား ရောဂါသည် မိုးဦးပိုင်း လယ်မထွန်ခင်နှင့် ၀ါးမြစ်ပေါ်ချိန်တွင် အဖြစ်များပြီး


ထိုအချိန်မှ စ၍ အယောက် ၁၀၀ ကျော် ကူးစက်ပြန့်ပွားနေသည်ဟု သိရသည်။

၎င်းက ဆက်လက်ပြီး “တအိမ်မှာ တယောက် ဖြစ်ပြီဆို အကုန်လုံး ဖြစ်တယ်။ ဒါမဲ့


တခါတလေ တအိမ်တည်းတောင်မှ တယောက်တည်း ကျန်တယ် မဖြစ်ဘူး။
သွေးတူရင် အကုန်လုံးကူးတယ်။ သွေးမတူဘူးဆိုရင် မကူးဘူးလို့ ပြောတယ်။”

ယားနာရောဂါသည် ကယားပြည်နယ်ရှိ ကျေးလက်တောရွာများတွင်သော်လည်းကောင်း၊ ရှားတောဂွင်၊ ဖရူဆိုနှင့်


ဒီးမော့ဆိုမြို့နယ်၌လည်း ပုံမှန် အဖြစ်များကြသည်ဟု သိရသည်။

“ယားနာ ရောဂါတခုကတော့ တော်တော်လေး အသက်အန္တာရာယ် မရှိဘူးလို့ ပြောပေမဲ့ ကုသရတာ တအားခက်တယ်။


အဓိကကတော့ တကိုယ်ရေ သန့်ရှင်းရေး လုပ်နိုင်ဖို့ လိုမယ်။ ရေလုံလုံလောက်လောက် ရှိနိုင်ဖို့ လိုမယ်။
နောက်အ၀တ်အစားတွေ၊ စောင်တွေက အစပေါ့နော်။ ဒီအသုံးအဆောင်ပစ္စည်းတွေ လုံလုံလောက်လောက် ရှိဖို့ လိုတယ်။
တကယ်လို့ မိသားစု တခုမှာ တယောက်လောက် ဖြစ်ပြီဆိုရင် တခြားတယောက်ကို ကူးစက်ဖို့က လွယ်လွယ်လေးပဲ။
စောင်တွေပေါ်မှာ ရောဂါပိုးတွေက အသက်ရှင်နိုင်တယ်။ အ၀တ်အစားပေါ်မှာ ရှိနိုင်တယ်။ နေရာတကာမှာ သူ
အသက်ရှင်နေတော့ ကူးစက်ရတာ တအားလွယ်တယ်” ဟု ကရင်နီ နယ်လှည့် ကျန်းမာရေး အဖွဲ့မှ တာဝန်ခံ
ခူဒယ်နီယာယ်က ပြောပါသည်။

ယားနာရောဂါ တဦးနှင့်တဦး လျှင်မြန်စွာ ကူးစက်နိုင်စေပြီး အ၀တ်အစားများနှင့် စောင်များကို ရေနွေးများနှင့် စိမ်ပြီး


လျှော်ဖွတ်မှသာလျှင် ပိုးသေမည်ဟု ဆိုသည်။

Source:http://ktimes.org/news/regional/item/704-

You might also like