You are on page 1of 29

UDP ပါတီကြေညာချက်ကို စာစောင်မှာ ဖော်ပြခွငပ

့် တ
ိ ပ
် င်
2010-08-18

ပြည်ထောင်စု ဒီမိုကရေစီ (UDP) ပါတီက ဩဂုတ်လ ၉ ရက်နေ့မှာ ပြည်သူလူထုကြား ဖြန့်ဝေခဲ့တဲ့ ကြေညာချက်ကို UDP
ပါတီရဲ့ စာစောင်ဖြစ်တဲ့ The Union ဆိုတဲ့စာစောင်မှာ ထည့်သွင်း ဖော်ပြခြင်း မပြုဖို့ စာပေစိစစ်ရေးအဖွဲ့က
ညွှန်ကြားထားကြောင်း သိရပါတယ်။

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ကြေညာသည့် သတင်းကို မတ်လ ၉ ရက်နေ့က လမ်းဘေး


လက်ဖက်ရည်ဆိုင်တခုတွင် ဖတ်ရှုနေသူများ ဖြစ်ပါသည်။ (Photo: AFP)

UDP ပါတီက သူတို့ရဲ့ Union စာစောင်ကို ဒုတိယအကြိမ်မြောက် ထုတ်ဖို့ ရှိနေပြီး၊ အဲဒီလို မထုတ်ဝေခင်မှာ ဩဂုတ်လ ၁၃
ရက် နေ့စွဲနဲ့ စာပေစိစစ်ရေး လက်ထောက်ညွှန်ကြားရေးမှူး လက်မှတ်ရေးထိုးပြီး တားမြစ်စာ ပို့လာကြောင်း UDP ပါတီရဲ့
ပြောခွင့်ရသူ ဦးသန်းမင်းစိုးက RFA ကို ပြောပါတယ်။

“ပြည်ထောင်စု ဒီမိုကရေစီ ပါတီက သတင်း ထုတ်ပြန်ချက်တခု ကျွန်တော်တို့ ထုတ်ထားတာ ရှိတယ်။ အဲဒီ


သတင်းထုတ်ပြန်ချက်ကိုတဲ့၊ ကျွန်တော်တို့ ပါတီက ထုတ်မဲ့ ယူနီယံစာစောင်မှာ ထည့်သွင်း ဖော်ပြခွင့် မပြုဘူးဆိုတဲ့
အကြောင်း ၁၃ ရက်နေ့ ရက်စွဲနဲ့ပေါ့နော်၊ သူတက
ို့ အကြောင်းကြားတာ။ ကျွန်တော်တို့ကဗျာ လွတ်လပ်ပြီး တရားမျှတတဲ့
ရွေးကောက်ပွဲ ဖြစ်အောင် ဆက်လက်ပြီး ကြိုးစားသွားမယ်ဆိုတဲ့အကြောင်း ရေးထားတာပေါ့။ ကြံ့ခိုင်ဖွံ့ဖြိုးရေးက
ဘာဖြစ်တယ်၊ ညာဖြစ်တယ် အဲဒါမျိုး ရေးထားတာ။ ကျွန်တော်တို့ နောက်ထုတ်မဲ့ The Union စာစောင်မှာ ဖော်ပြခွင့်
မပြုဘူးဆိုတဲ့ အကြောင်း အကြောင်းကြားပါသည်တဲ့။ အောက်က ညွှန်ကြားရေးမှူး ကိုယ်စား ဆန်းညွန့် လက်ထောက်
ညွှန်ကြားရေးမှူးတဲ့။

အဲဒီကြေညာချက်ဟာ လူထုကြားနဲ့ အင်တာနက်ပေါ်မှာ ပြန့်နေပြီး၊ ဘာကြောင့် ထည့်သွင်းဖော်ပြခွင့် မပေးသလဲ


ဆိုတာကိုတော့ စာပေစိစစ်ရေးအဖွဲ့က တိကျတဲ့အကြောင်းပြချက် မပေးဘူးလို့ ဆိုပါတယ်။

တကယ်တော့ UDP ပါတီရဲ့ ကြေညာချက်ဟာ နိုင်ငံရေးစာပေ လွတ်လပ်ခွင့်အရ ခွင့်ပြုချက်ကျထားတဲ့


ကြေညာချက်တစောင် ဖြစ်တယ်လို့ ဦးသန်းမင်းစိုးက ပြောပါတယ်။

“ဒီ ကြေညာချက်ကဗျာ၊ သူတို့ ကျွန်တော်တို့ ပြည်သူတွေကို အခု ဝေတယ်ဗျာ၊ ကျွန်တော်တို့က။ အားလုံး ပြည်သူတွေ
ဖြန့်တယ်၊ အင်တာနက်ပေါ် တင်ပေးတယ်။ အဲဒါကျတော့ သူတို့က မပိတ်ပဲနဲ့၊ ဒီ ဂျာနယ်မှာ ထည့်မဲ့ဟာကျတော့
ထည့်ခွင့်မပေးဘူး။ ကျွန်တော်တို့က ဘာလုပ်ရလဲဆိုတော့ ထုတ်ပြန်ကြေညာချက်တွေ ထုတ်ရင် သူတို့ စာပေစိစစ်ရေးကို
အမြဲတမ်း ပို့ပေးရတယ်။ စာပေစိစစ်ရေးကို ၁၀ စောင် ပို့ပေးရတယ်။ နေပြည်တော် ကော်မရှင်ရုံးကို တစောင် ပို့ပေးရတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ဟိုဟာနဲ့ ထုတ်ရတာကိုး၊ နသ နဲ့ ထုတ်ရတာကိုး။ နိုင်ငံရေးစာပေ လွတ်လပ်ခွင့်
ထုတ်တဲ့ ကြေညာချက်တွေရော၊ စာစောင်တွေရော အကုန်လုံး သူတို့ဆီကို ၁၀ စောင် ပို့ပေးရမယ် ညွှန်ကြားချက်ပါတယ်။
မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပမဲ့အချိန် နီးလာတာနဲ့အမျှ နိုင်ငံရေးပါတီတွေရဲ့ စာစောင်တွေအပါအဝင်
ပြည်တွင်းထုတ် ဂျာနယ်တွေကို စာပေစိစစ်ရေးအဖွဲ့က တင်းကျပ်စွာ စောင့်ကြည့် ကိုင်တွယ်မှုတွေ ရှိကြောင်း ရန်ကုန်
စာနယ်ဇင်းလောကမှာ ပြောဆိုနေပါတယ်။

Source:http://www.rfa.org/burmese/news/censorship_banned_party_statement-08182010173009.html

စစ်အစိုး ရကို စံစ


ု မ်းစစ်ဆေးမည့် ကော်မရှင် အမေရိကန် ထောက်ခံ
မြန်မာ စစ်အစိုးရ၏ စစ်ရာဇ ဝတ်မှုများနှင့် လူသား မျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ် မှုများကို စုံစမ်း စစ်ဆေးမည့်
လွတ်လပ်သော ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို အမေရိကန် ပြည်ထောင်စုက ထောက်ခံရန်
ဆုံးဖြတ်လိုက်ကြောင်း အမေရိကန် စာနယ်ဇင်းများက ဖော်ပြသည်။
စစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရေး မူဝါဒကို ပြည်လည်
သုံးသပ်ပြီးနောက် အမေရိကန် အစိုးရက ယင်းသို့
ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆုံးဖြတ်ချက်သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ


ခေါင်းဆောင်သော စစ်ခေါင်းဆောင်များကို အဓိက
ပစ်မှတ်ထားပြီး အမေရိကန် သမ္မတ အိုဘားမား အစိုးရ၏
ယမန်နှစ်က စတင် ကျင့်သုံးခဲ့သည့် မအောင်မြင်သော
စစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရေး မူဝါဒကို
ထင်ဟပ်နေသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အိန္ဒိယနိုင်ငံ ခရီးစဉ်အတွင်း


အမေရိကန် အစိုးရက တရားဝင် ထုတ်ဖော် ကြေညာခြင်း
နယူးဒေလီမြို့တွင် မြန်မာ့ ဒီမိုကရေစီ အင်အားစုများက ဆန္ဒပြပြီး
မရှိသေးသော်လည်း ထိုသို့ ထောက်ခံရန်
ပိုစတာများ ဖြန့်ကြဲထားစဉ်။ (ဓာတ်ပုံ - Reuters)
ဆုံးဖြတ်လိုက်ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာနှင့်
နိုင်ငံခြားရေး မူဝါဒ (Foreign Policy) မဂ္ဂဇင်း တို့၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ထောက်ခံရန် ဆုံးဖြတ်ချက်သည် စစ်အစိုးရက နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို


ဂရုမစိုက် ဘဲ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာပြီး မကြာမီ ထွက်ပေါ်လာခြင်းလည်း
ဖြစ်သည်။

“အဓိက အရေးကြီးသည်မှာ မြန်မာပြည်သူများထက် စစ်ခေါင်းဆောင်တစု၊ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို


ပစ်မှတ် ထားခြင်း ဖြစ်သည်” ဟု အမေရိကန် အစိုးရ အဆင့်မြင့် အရာရှိတဦးကို ကိုးကား၍ ဝါရှင်တန်ပို့စ် သတင်းစာက
ဖော်ပြသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို အဓိက တိုက်တွန်းသူမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ


အထူး ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနာ ဖြစ်သည်။

“ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာ ရာဇဝတ်မှုများကို ထုတ်ဖော် မေးမြန်းမည့် ကော်မရှင်


တရပ် ဖွဲ့စည်းရန် စဉ်းစားသင့်ပါသည်” ဟု ကင်တာနာ က မတ်လအတွင်း၌ တင်သွင်းသော အစီရင်ခံစာတွင်
တိုက်တွန်းထားသည်။
ယင်းအစီရင်ခံစာသည် စစ်အစိုးရအပေါ် ဥပဒေကြောင်းအရ အရေးယူရန် ကြိုးပမ်းနေသော အဖွဲ့အစည်းများနှင့် မြန်မာ
အတိုက်အခံ အင်အားစုများ၏ မျှော်လင့်ချက်ကို မြင့်တက်စေပါသည်။

ကုလသမဂ္ဂ အနေဖြင့် နောက်လတွင် ကျင်းပမည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ ပုံမှန်အစည်းအဝေးတွင် ယင်းသို့


သော စုံစမ်းစစ်ဆေးရေး ကော်မရှင်မျိုး ဖွဲ့စည်းရေး မိတ်ဆက်တင်ပြနိုင်ရန် လမ်းပွင့်သွားသည်ဟု နိုင်ငံခြားရေး မူဝါဒ
မဂ္ဂဇင်းက ရေးသားထားသည်။ အိုဘားမား အစိုးရသည် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ထိုကော်မရှင်ဖွဲ့ရန်
ဆုံးဖြတ်ချက် ကျရေး အတွက် ဖိအားပေးနိုင်ကြောင်း၊ သို့မဟုတ် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို
၎င်း၏ လုပ်ပိုင်ခွင့်ထဲမှ ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံနိုင်ဖွယ်ရှိကြောင်း နိုင်ငံခြားရေး မူဝါဒ မဂ္ဂဇင်းကြီးက ဆက်လက်
ရေးသားထားသည်။

ဝါရှင်တန်ပို့စ် သတင်းစာက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် တရုတက


် ကန့်ကွက်သည့်တိုင် မဲခွဲဆုံးဖြတ်ပြီး
စုံစမ်းစစ်ဆေး ရေး ကော်မရှင်ကို ဖွဲ့စည်းနိုင်ဖွယ် ရှိကြောင်း သုံးသပ်ထားသည်။ စစ်ရာဇဝတ်မှုများဖြင့် အရေးယူခံနေရသည့်
ဆားဘီးယား ခေါင်းဆောင်ဟောင်း ဆလိုဘိုဒန် မီလိုဆီဗစ် နှင့် ယခုလောလောဆယ်တွင် နယ်သာလန်နိုင်ငံ
သည်ဟိဂ်မြို့၌ တရား ရင်ဆိုင် နေရသည့် လိုက်ဘေးရီးယား သမ္မတဟောင်း ချားလ်စ် တေလာ တိက
ို့ ဝါရှင်တန်ပို့စ်က
ဥပမာပေး ဖော်ပြထားသည်။

နိုင်ငံခြားရေး မူဝါဒ မဂ္ဂဇင်းတွင် “စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေး ဆုံးဖြတ်ချက်သည် မြန်မာစစ်အစိုးရ အမြောက်


အမြား ကျူးလွန်ထားသော ရာဇဝတ်မှုများ၏ အကျိုးဆက်များကို ထင်ဟပ်ခြင်း ဖြစ်ကြောင်း၊ အတိုက်အခံ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးပါတီက ထိုကဲ့သို့သော ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံကြောင်း၊ စစ်အစိုးရသည်
ဒီမိုကရေစီရေးကို ရှေးရှုသော လုပ်ရပ်များ ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြောင်းနှင့် စစ်အစိုးရအား အရေးယူရန်
အမေရိကန်လွှတ်တော်၏ ညီညွတ်စွာ တောင်းဆိုမှု အကျိုးဆက် ဖြစ်ကြောင်း” ရေးသားထားသည်။

“မြန်မာပြည်က ရေပေါ်ဆီ စစ်ဘက်ဆိုင်ရာ မျိုးဆက်တခုလုံး လာမယ့် နှစ် အနည်းငယ်အတွင်းမှာ တခုခု


ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။ သူတို့ကို အဓိက ရည်ရွယ်ပါတယ်” ဟု အမေရိကန် အဆင့်မြင့် အရာရှိတဦးကို ကိုးကား၍
ဝါရှင်တန်ပို့စ် သတင်းစာက ဖော်ပြထားသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာစစ်အစိုးရနှင့် ထိတွေ့ဆက်ဆံရေး မူဝါဒသစ်ကို


ကြေညာပြီး တနှစ်နီးပါး ကာလအတွင်း၌ အမေရိကန်-မြန်မာ အစိုးရအဆင့် တွေ့ဆုံဆွေးနွေးရေးကို နှစ်ကြိမ်တိုင်
ပြုလုပ်ခဲ့သော်လည်း မည်သည့်ရလဒ်မှ ထွက်မလာသည့်အပေါ် စိတ်ပျက်မှုကို လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့သည်။

အမေရိကန် အစိုးရ အဆင့်မြင့် အရာရှိ ၂ ဦးက နိုင်ငံခြားရေး မူဝါဒ မဂ္ဂဇင်းသို့ ပြောကြားရာတွင် အမေရိကန်အနေဖြင့်
မြန်မာစစ်အစိုးရအပေါ် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံအားပေးသော်လည်း စစ်အစိုးရနှင့် ထိတွေ့
ဆက်ဆံရေး မူဝါဒကိုမူ ဆက်လက် ကိုင်စွဲထားမည်ဟု ဆိုသည်။

တဦးသော အမေရိကန် အဆင့်မြင့်အရာရှိက“မြန်မာ စစ်အစိုးရကို သံတမန်နည်းလမ်းနဲ့ ထိတွေ့ ဆက်ဆံရာမှာ


ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ ရလဒ်ကောင်းတွေ မရခဲ့ပါဘူး”ဟု ပြောသည်။

ထောင်နှင့်ချီနေသော နိုင်ငံရေးအကျဉ်းသားများ ပြန်လည် လွတ်မြောက်ရေးနှင့် မြန်မာပြည်တွင်း နိုင်ငံရေး အခင်းအကျင်း


ပိုမိုပွင့်လင်း မြင်သာစေရန် ဖိအားပေးသည့် အနေဖြင့် အိုဘားမားအစိုးရသည် စီးပွားရေး ပိတ်ဆို့မှုများကို
ထပ်မံတင်းကျပ်ရန် စဉ်းစားနေသည်ဟု ဝါရှင်တန်ပို့စ် သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/3855-2010-08-18-08-18-57

ရွေးကောက်ပွဲနီး လေ သတင်းဂျာနယ်များကို ပိန


ု ပ
ှိ က
်ွပေ
် လ
စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမည့် အချိန် နီးကပ် လာသည်နှင့် အမျှ ပြည်တွင်း သတင်း မီဒီယာများ အပေါ်
တင်းကျပ်စွာ ဖိနှိပ်၍ သတင်းများကို ပိုမို စိစစ်ဖြတ်တောက် လာကြောင်း သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပမည်ဟု


တရားဝင်ကြေညာပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း
အမည်စာရင်းကို သြဂုတ်လ ၁၆ ရက်နေ့မှစ၍ ၃၀
ရက်နေ့ နောက်ဆုံးထား တင်သွင်းကြရန် ညွှန်ကြားချက်
ထုတ်ပြန် လိုကသ
် ည့်အတွက် နိုင်ငံရေးပါတီများ
မကျေနပ်ကြကြောင်း၊ ထိုသို့ မကျေနပ်ချက်များကို
နိုင်ငံရေး ပါတီများက ပြည်တွင်းသတင်း မီဒီယာများထံ
ဖြေကြားကြသော်လည်း
စာပေစိစစ်ရေးကဖော်ပြခွင့်မပြုဘဲ ပိတ်ပင်လိုက်ကြောင်း
သိရသည်။

ရန်ကုန်မြို့ လယ်ရှိ လမ်းဘေး ဂျာနယ်အရောင်းဆိုင်


“ရွေးကောက်ပွဲ ကျင်းပမယ့်ရက်နဲ့
တဆိုင်မြင်ကွင်း (ဓါတ်ပုံ AP)
လွှတ်တော်အမတ်လောင်း တင်သွင်းရမယ့်ရက်
ထုတ်ဖော်ကြေညာတာနဲ့ ပတ်သက်လို့ အပြုသဘောဆောင် ကြိုဆိုတာတွေ ကိုပဲ ဖော်ပြခွင့်ပြုတယ်။ ဝေဖန်တာတို့၊
မကျေနပ်တာတို့လို အနုတ်လက္ခဏာ ဆောင်တဲ့ အမြင်တွေ လုံးဝဖော်ပြခွင့် မပြုဘူး” ဟု ရန်ကုန်အခြေစိုက်
အမှုဆောင်အယ်ဒီတာတဦးက ပြောသည်။

ယခု လကုန်ပိုင်းအတွင်း လွှတ်တော်အမတ်လောင်း ကိုယ်စားလှယ်စာရင်း တင်သွင်းခိုင်းသည့် အတွက် နိုင်ငံရေးပါတီ


အများစု အဆင်သင့်မဖြစ်သေးဘဲ ပါတီဖျက်သိမ်း ခံရနိုင်သည်အထိ အခက်အခဲများကြုံတွေ့ နေရသည်ဟု သိရှိရသည်။

“ပါတီဝင်အင်အား တင်ပြဖို့လုပ်နေတယ်။ အမတ်လောင်းစာရင်းအတွက်လည်း ဘာမှ မပြင်ဆင်ရသေးဘူး။ ပါတီ


ဖျက်သိမ်းမခံရဖို့ အနည်းဆုံး မဲဆန္ဒနယ်သုံးခု ပြိုင်နိုင်အောင် လုပ်နေပါတယ်” ဟု နိုင်ငံရေးပါတီတခုမှ တာဝန်ရှိသူတဦးက
ပြောသည်။

စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေတွင် ပါတီမှတ်ပုံတင်ခွင့်ရပြီး ရက်ပေါင်း ၉၀ အတွင်း သတ်မှတ် ပါတီဝင်အင်အား


တင်ပြခြင်းမရှိလျှင်လည်းကောင်း၊ အနည်းဆုံး မဲဆန္ဒနယ်သုံးခုတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မပြုလျှင်လည်းကောင်း ပါတီကို
ဖျက်သိမ်းခံရ မည်ဟု တရားဝင်ပြဋ္ဌာန်းထားသည်။

နိုင်ငံရေးပါတီများ လွှတ်တော်အမတ် ကိုယ်စားလောင်းစာရင်း တင်သွင်းရန်နှင့် ပါတီဝင်အင်အား ပြည့်မီရေးအတွက်


ဆောင်ရွက်နိုင်ရန် ရန်ပုံငွေ အလွန် လိုအပ်နေသောကြောင့် ပြည်တွင်း သတင်းမီဒီယာ များမှတဆင့် ပြည်သူလူထုထံ
အသိပေး အကူအညီ တောင်းခံလိုသော်လည်း စာပေစိစစ်ရေး၏ ဖြုတ်ပယ်မှုကြောင့် အကျပ်အတည်းဖြစ်နေရကြောင်း
နိုင်ငံရေးပါတီတချို့၏ တာဝန်ရှိသူများက ရှင်းပြသည်။

“ဈေးတွေမှာ အလှူခံတော့လည်း စည်ပင်က တရားစွဲတယ်။ မီဒီယာကတဆင့် ပြည်သူလူထု ဆီမှာ အကူအညီတောင်းပြီး


အလှူခံချင်တော့လည်း စာပေစိစစ်ရေးက ဖြုတ်တယ်။ နိုင်ငံရေးပါတီတွေ ဘယ်လိုနည်းလမ်းနဲ့ အလှူခံရမလဲ” ဟု
နိုင်ငံရေး ပါတီတခုမှ အမှုဆောင်တဦးက ဆိုသည်။

ထို့ပြင် နိုင်ငံရေးပါတီများ၏ ပြည်သူလူထုအတွင်း လှုံ့ဆော်စည်းရုံး လှုပ်ရှားရန် ပြင်ဆင်လုပ်ဆောင်နေသည့် သတင်း


များကိုလည်း စာပေစိစစ်ရေးက ဖြုတ်ပယ်လျက်ရှိကြောင်း သိရသည်။

“ကြံ့ဖွံ့ပါတီကို ကျော်ပြီး နိုင်ငံရေးပါတီတွေ လူသိများလာမှာ အစိုးရက ကြောက်တဲ့ပုံပဲ။ ပါတီစည်းရုံးရေးသတင်းတွေ


အပါအဝင် နိုင်ငံရေးသတင်း တော်တော်များများ အဖြုတ်ခံနေရတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းသမားတဦးက
ရှင်းပြသည်။

ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်တွင် ရှိသော စာပေစိစစ်ရေးဌာနသည် ရွေးကောက်ပွဲကာလ နီးကပ်


လာသည်နှင့်အမျှ ပိုမိုတင်းကျပ်သော မူဝါဒများ ချမှတ်လာကာ ရွေးကောက်ပွဲ ဥပဒေကို ဝေဖန်ခြင်း၊ မှားယွင်းဖော်ပြခြင်း
ပြုလုပ်လျင်
သတင်းဂျာနယ်များ ပိတ်သိမ်းမည်ဟူ၍ ဇူလိုင်လ ၂၀ ရက်နေ့က ညွှန်ကြားချက်တစောင် ထုတြ် ပန်ခဲ့သည်။

စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသည် စစ်ထောက်လှမ်းရေး အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေ ဦးဆောင် ပါဝင်သော


နိုင်ငံတော် လုံခြုံရေးအဖွဲ့၏ ညွှန်ကြားချက်ဖြင့် သတင်းများစိစစ် ဖြုတ်ပယ် နေရသည့်အပြင် ညွှန်ကြားရေးမှူး ဗိုလ်မှူး
တင့်ဆွေသည်လည်း တင်းကျပ်စွာ ဆောင်ရွက်မည့် စာပေစိစစ်ရေး မူဝါဒများနှင့် ပတ်သက်ပြီး နေပြည်တော်ရှိ ပြန်ကြားရေး
ဝန်ကြီးဌာနသို့ မကြာခဏဆိုသလို သွားရောက် သြ၀ါဒ ခံယူနေရ ကြောင်း သိရသည်။

“ဂျာနယ်မှာပါတဲ့ သတင်းတခုကြောင့် လူကြီးတွေ စိတ်ဆိုးရင် ကျနော်တို့ စာပေစိစစ်ရေးက ၀န်ထမ်းတွေ နေစရာ နေရာ


မရှိတော့ဘူး။ အပေါ်ကလည်း ထောင်း၊ ဂျာနယ်တွေကလည်း ငြိုငြင်နဲ့ ကျနော်တို့ အနေအထားက တော်တော်
ထိခိုက်လွယ်တယ်။ အချိန်မရွေး ရာထူးက ပြုတ်ကျသွားနိုင်တယ်။ ထောင်ကျသွားနိုင်တယ်” ဟု အမည် မဖော်လိုသော
စာတည်းမှူးတဦးက ရှင်းပြသည်။

စာပေစိစစ်ရေးက ခွင့်ပြုထားပြီးသည့် သတင်းဖြစ်သော်လည်း နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်ကြီးများကို စိတ်အနှောင့်အယှက်


ဖြစ်စေလျှင် စာပေစိစစ်ရေးက သတင်းဂျာနယ်အား ပိတ်ပင်အရေးယူလေ့ရှိသည်။

ဇူလိုင်လနှင့် သြဂုတ်လ ၂ လအတွင်းတွင် စာပေစိစစ်ရေးက ၄ ကြိမ်တိုင်တိုင် ဂျာနယ်ထုတ်ဝေခွင့် ပိတ်ပင်ခြင်းများ


ပြုလုပ်ခဲ့သည်။

ယခု အခြေအနေအရ ပြည်တွင်း သတင်းမီဒီယာများ အနေဖြင့် လာမည့် ရွေးကောက်ပွဲတွင် လွတ်လပ်သော သတင်း


မီဒီယာအဖြစ် ရပ်တည်နိုင်မည်မဟုတ်ဘဲ စစ်အစိုးရ၏ နှိပ်ကွပ်မှုအောက်တွင်သာ သတင်းများ စိစစ်ဖော်ပြခွင့်
ရမည်ဖြစ်ကြောင်း ပြည်တွင်း စာနယ်ဇင်းသမားများက ပြောဆိုနေကြသည်။

“သတင်းလွတ်လပ်ခွင့်က အခုလည်း မရဘူး၊ နောင်လည်း မရဘူး။ အနာဂတ်မှာလည်း ရဖို့ မသေချာဘူး။


ဒီရွေးကောက်ပွဲမှာ မီဒီယာလွတ်လပ်ခွင့် လုံးဝ ရှိမှာမဟုတ်ဘူးဆိုတာ ထင်ရှားတယ်။ မီဒီယာ လွတ်လပ်ခွင့်မရှိတဲ့
ရွေးကောက်ပွဲက တရား မျှတဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု သတင်းစာဆရာ တဦးက ရှင်းပြသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပစဉ်ကလည်း စစ်အစိုးရက ပြည်တွင်း မီဒီယာများကို


လွတ်လပ်စွာ သတင်းယူခွင့် မပေးခဲ့သည့်အပြင် သတင်းသမားများက မဲရုံများကို ဓာတ်ပုံရိုက်ခြင်း၊ မဲပေးသူများနှင့်
တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခွင့် မရစေရန် နည်းလမ်းမျိုးစုံဖြင့် တားမြစ်ခဲ့သည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/3854-2010-08-18-05-09-18

နိင
ု င
်ေ
ံ ရး အကျဉ်းသားများ လွတရ
် န် မျှော်လင်ခ
ျ့က်နည်း
အကြောင်း အမျိုးမျိုးဖြင့် ထောင်ဒဏ် ကျခံနေရသည့် အကျဉ်းသားများကို နိုင်ဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ
မတိုင်ခင် လွှတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေ သော်လည်း နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများကမူ
မျှော်လင့်ချက် အပြည့်အ၀ မထားကြောင်း သိရသည်။

“လွှတ်ပေးရင်တောင် အစိုးရ အနေနဲ့ ၁ နှစ်၊ ၂ နှစ်ကျတဲ့ အကျဉ်းသားတွေကိုပဲ ပြန်လွှတ်ပေးနိုင်ပါတယ်။


နှစ်ကြီးသမားတွေကို တော့ လွှတ်ပေးဦးမယ် မထင်ပါဘူး”ဟု ဦးဖြိုးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။

ပြည်ထောင်စု ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌဟောင်း ဦးဖြိုးမင်းသိန်းသည် ဘူးသီးတောင်ထာင်တွင် ထောင်ဒဏ် ၆၅


နှစ်ကျခံနေရ သည့် ယောက်ဖတော်စပ်သူ ၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်ကို ယခုလဆန်းပိုင်းတွင်
ထောင်ဝင်စာ သွားတွေ့ခဲ့ သည်။

ရွေးကောက်ပွဲတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပါဝင်သင့်သူများ အားလုံးပါဝင်နိုင်ရေး၊


နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးတို့ကို ဥရောပနိုင်ငံများ၊ အမေရိကန်၊ အာဆီယံနှင့် ကုလသမဂ္ဂ တို့က
စစ်အစိုးရကို တောင်းဆိုထားသည်။

စစ်အစိုးရသည် နိုင်ငံတကာဖိအားများ ပေါ်ပေါက်လာတိုင်း အကျဉ်းသားများ လွှတ်ပေးခြင်းကို ဟန်ပြအနေဖြင့် လုပ်ဆောင်


တတ်ကြောင်း၊ လွှတ်ပေးသည့် အခါတိုင်းတွင်လည်း ရိုးရိုးအကျဉ်းသားများ၊ ရာဇ၀တ်အကျဉ်းသားများကိုသာ ဦးစားပေး
လွှတ်ပေးလေ့ရှိကြောင်း ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)
အတွင်းရေးမှူး ကိတ
ိုတ်နိုင်က ဧရာဝတီသို့ ပြောသည်။

“ဖိအားတွေ များလာလို့ လွှတ်ပေးရင်တောင် သူတို့အတွက် အန္တရာယ်မရှိနိုင်ဘူးလို့ ယူဆရတဲ့ လူမျိုးတွေ၊


လွတ်ရက်စေ့ခါနီး
လူတွေကိုပဲ လွှတ်ပေးနိုင်ပါတယ်”ဟုလည်း ကိုတိတ်နိုင်က ဆိုသည်။

နှစ်ရှည်ထောင်ဒဏ် ကျခံနေကြရသည့် ၈၈ ကျောင်းသားခေါင်းဆောင်များ၊ စက်တင်ဘာ အရေးအခင်းတွင်


အဖမ်းခံခဲ့ရသည့်
ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးနှင့် ဆက်စပ်၍ ထောင်ဒဏ်ကျခံနေကြရသည့် နိုင်ငံရေး အကျဉ်းသားများ၏
မိသားစု ၀င်များကမူ အကျဉ်းသားများ လွှတ်ပေးမည်ဟု သတင်းထွက်ပေါ်သည့်တိုင် ယုံကြည်မှု အပြည့်မရှိသေးကြောင်း
ပြောသည်။
ဘားအံထောင်တွင် ထောင်ဒဏ် ၁၂ နှစ်ခွဲ ကျခံနေရသည့် ဘလော့ဂါ ကိုနေဘုန်းလတ်၏မိခင် ဒေါ်အေးအေးသန်းက
“အန်တီတို့လည်း အကျဉ်းသားတွေ လွှတ်ပေးမယ်လို့ ကြားနေတယ်။ ဒါပေမယ့် မမျှော်လင့်ရဲသေးဘူး။ အိမ်ရောက်လာမှပဲ
တကယ်လွတ်ပြီလို့ မှတ်ရတော့မယ်”ဟု ဧရာဝတီသို့ ပြောသည်။

ကိုနေဘုန်းလတ်နှင့်အတူ ဘားအံထောင်တွင် နိုင်ငံရေးမှုဖြင့် ထောင်ကျနေသည့် လွတ်ရက်စေ့ခါနီး နိုင်ငံရေးအကျဉ်းသား


၂ ဦးကို လွှတ်ပေးမည်ဟု အာဏာပိုင်များက ပြီးခဲ့သည့် ၂ လခန့်က အကြောင်းကြားသည်ဟု ကြားသိရကြောင်း
ဒေါ်အေးအေးသန်းက ဆက်လက်ပြောသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်တွင် ထောင်ဒဏ် ၁၁ နှစ်ကျခံနေရသည့် ကိုစည်သူမောင်၏ မိခင် ဒေါ်နုနုဆွေက


အကျဉ်းသားများ လွှတ်ပေးမည့်သတင်းများ ကြားရ၍ ၀မ်းသာသော်လည်း ၄င်း၏သားအတွက်မူ မျှော်လင့်မထားကြောင်း၊
ကိုစည်သူမောင်နှင့်အတူ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွတ်မြောက်လာစေချင်ကြောင်း ပြောသည်။

ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အနိုင်ရရေးအတွက် နည်းလမ်းပေါင်းစုံဖြင့်


စည်းရုံးနေရာတွင် ယခုအခါ အကျဉ်းထောင်တချို့တွင် ကြံ့ဖွံ့ပါတီကို မဲပေးမည်ဆိုပါက ပြန်လွှတ်ပေးမည်ဟု
ဒေသအာဏာပိုင် များက အရပ်ဝတ်များဖြင့် လာရောက်၍ ထောင်တွင်းရှိ အကျဉ်းသားများကို စည်းရုံးနေကြောင်း
သိရသည်။

“ကျိုင်းတုံထောင်မှာ စည်းရုံးနေတာ ၂ ပတ်ကျော်ပြီ။ လွှတ်ပေးမယ်ဆိုပြီး စည်းရုံးတဲ့လူတွေထဲမှာတော့ နိုင်ငံရေး


အကျဉ်းသား တွေ မပါဘူး။ မူးယစ်ဆေးနဲ့ ပတ်သက်လို့ ဖမ်းထားတာတို့၊ တခြားပြစ်ဒဏ်တွေနဲ့ ထောင်ကျနေတဲ့
လူတွေကိုပဲ စည်းရုံးနေတာ ပါ”ဟု အကျဉ်းထောင် အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။ စည်းရုံးပြောဆိုရာတွင်
ကြံ့ဖွံ့ပါတီအား မဲမပေးပါက သက်ဆိုင်ရာ နယ်ထိန်းရဲမှတဆင့် ဖမ်း၍ ထောင်ထဲ ပြန်သွင်းမည်ဟုလည်း ခြိမ်းခြောက်
ပြောဆိုကြောင်း ဆက်လက်ရှင်းပြ သည်။

ကျိုင်းတုံအကျဉ်းထောင်တွင် ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသော ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည်


ကျန်းမာရေး အသင့်အတင့် ကောင်းမွန်နေပြီး မျက်စိနှင့် အစာအိမ် ရောဂါ အနည်းငယ် ခံစားနေရဆဲဖြစ်ကြောင်း
သိရသည်။

စစ်အစိုးရသည် ၂၀၀၉ ခုနှစ်တွင် အကျဉ်းသား ၉ ထောင်ကျော် လွှတ်ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား အနည်းသာ


ပါဝင်ခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံအကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားပေါင်း ၂၁၇၁ ဦးရှိကြောင်း AAPP က ထုတြ် ပန်ထား


သော စာရင်းအရ သိရသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/3861-2010-08-18-12-17-37

ရွေးကောက်ပွဲမတုင
ိ မ
်ီ တက္ကသလ
ို စ
်ာမေးပွဲ စစ်မည်
ဝီရ / ၁၈ သြဂုတ် ၂၀၁၀
တက္ကသိုလ်စာမေးပွဲများကို ရွေးကောက်ပွဲကျင်းပရက် မတိုင်ခင် အပြီးသတ်စစ်ဆေးသွားရန် ယခုနှစ်စာမေးပွဲများကို
စော၍ပြုလုပ်မည်ဟု သိရသည်။
တက္ကသိုလ် ဌာနမှူးတဦးက “စက်တင်ဘာ (၁၅) ရက်နေ့မတိုင်ခင် တက္ကသိုလ်ကျောင်းတိုင်း စဖြေရမယ်။ ဒါမှ
အဖြေလွှာစစ်တာတို့ ပြီးရင် အဝေးသင် စာမေးပွဲ စနိုင်အောင် ပြင်ဆင်ရဦးမယ်။ နိုဝင်ဘာ (၇) ရက် မတိုင်ခင် အားလုံး
ပြီးနေရမယ်လို့ ညွှန်ကြားထားတာ ရှိတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

ထိုသို့ သတ်မှတ်ရက်အတွင်း အပြီးသတ်စစ်ဆေးရန် အချိန်တိုတောင်းသောကြောင့် ဆရာ ဆရာမများအတွက်


အခက်အခဲဖြစ်နိုင်သည်ဟု အဆိုပါဌာနမှူးက ပြောသည်။

၎င်းက “ဒေးကျောင်းသားတွေရဲ့ အဖြေလွှာစစ်ဖို့ ဆရာတွေမှာ တပတ်ပဲ အချိန်ရတယ်လေ။ စက်တင်ဘာ


နောက်ဆုံးအပတ်မှာ အပြီး စစ်ပေးရမယ်။ ပြီးတာနဲ့ အောက်တိုဘာ လဆန်းပိုင်းမှာ အဝေးသင်တွေအတွက် အနီးကပ်
(၁၀) ရက် သင်ပေး၊ မေးခွန်းထုတ်၊ ဖြေပြီးရင်စစ်ဖို့ အချိန် (၁) ပတ်ကျော်ကျော်ပဲ ရှိတယ်။ အောက်တိုဘာ
နောက်ဆုံးအပတ်မှာ အပြီးလုပ်ရမှာဆိုတော့ သိပ်မလွယ်ဘူး” ဟု ပြောသည်။

ရွေးကောက်ပွဲ ကျင်းပသည့်ကာလ၌ လူထုအုံကြွမှုများ ဖြစ်ပေါ်လာနိုင်၍ နအဖစစ်အစိုးရက ကြိုတင်တားဆီးသည့်အနေဖြင့်


ရွေးကောက်ပွဲရက်မတိုင်မီ တက္ကသိုလ် စာမေးပွဲများကို စောလုပ်ခိုင်းခြင်း ဖြစ်နိုင်ကြောင်း ဝါရင့်နိုင်ငံရေးသမားတဦးက
ပြောသည်။

“စစ်အစိုးရက ကြောက်တော့ အဲဒီရက်မတိုင်ခင် နယ်ကျောင်းသားတွေ နယ်ပြန်ရောက်စေဖို့ လူစုခွဲလိုက်တာပေါ့။


ဒီလိုလုပ်လိုက်ခြင်းအားဖြင့် အဲဒီအချိန်ကျရင် လူစုလူဝေး မဖြစ်စေအောင် ကျောင်းတွေကိုလည်း တံခါးသော့ခတ်
ပိတ်ထားနိုင်တာပေါ့” ဟု ၎င်းက ပြောသည်။

စာမေးပွဲရက် စောလာခြင်းကြောင့် သင်ခန်းစာများ ပြီးစီးရန် ယခုအခါ အမြန်သင်ကြားနေကြောင်း သိရသည်။

“ကျောင်းတက်တာက ကျောင်းခေါ်ချိန် ရဖို့သက်သက်ပါ။ စာတွေပြီးပြတ်အောင်ဆိုပြီး အခု ဖိသင်နေတယ်။ ဒီနှစ်


ထူးခြားတာက ကျောင်းခေါ်ချိန် Roll Call မပြည့်ရင် အုပ်ထိန်းသူ ခေါ်ပြီး အာမခံခိုင်းရင် စာမေးပွဲ ဖြေခွင့်ပေးတယ်။
ပြီးတော့ ရွေးကောက်ပွဲ ရှိလို့ ဒီနှစ် အတန်းအောင်ဖို့လည်း သိပ်မကြပ်ဘူးလို့ ဆရာတွေက ပြောတယ်” ဟု ဒဂုံတက္ကသိုလ်
ရှေးဟောင်းသုတေသန ကျောင်းသူတဦးက ပြောသည်။

ယခင်က ကျောင်းခေါ်ချိန် (၇၅) ရာခိုင်နှုန်း မပြည့်သူများကို စာမေးပွဲဖြေဆိုခွင့် မပေးရန် တင်းကျပ်စွာ


စည်းကမ်းချမှတ်ထားသည်။

နအဖစစ်အစိုးရက လာမည့် နိုဝင်ဘာလ (၇) ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ကြေညာထားသည်။

Source:http://khitpyaing.org/index.php?route=detail&id=3544

ဝန်ကြီးများ တရားဝင် မဲဆွယ် စည်းရုးံ ရေးလုပမ


် ည်
ဝန်ကြီးချုပ် ဦးသိန်းစိန် အပါအ၀င် ၀န်ကြီးများ ရာထူးမှ နုတ်ထွက်ပြီး လာမည့် စက်တင်ဘာလ အတွင်း တရားဝင် မဲဆွယ်
စည်းရုံးရေးများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရ ကျောထောက် နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)အနေနှင့် တရားဝင်မဲဆွယ် စည်းရုံး


ရေးပြုလုပ်သွားမည်ဖြစ်သောကြောင့် ယခုလကုန်မှ စတင်၍ USDP ပါတီရုံးများ ဖွင့်လှစ်သွားဖွယ်ရှိကြောင်း USDP အသိုင်း
အ၀န်းမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မဲဆန္ဒနယ်အသီးသီးအတွက် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို


တင်သွင်းရန် ကြေညာပြီးနောက် ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးခွင့်သတ်မှတ် ကာလကိုလည်း ယခုလ
အတွင်း ကြေညာသွားဖွယ်ရှိကြောင်း ရွေးကောက်ပွဲ လေ့လာသူများက ခန့်မှန်းကြသည်။

“USDP ပါတီရုံးဖွင့်ဖို့ အဆောက်အအုံတွေ အကုန်အဆင်သင့်ပြင်ထားပြီးပြီ။ ဒီလကုန်လောက် ဖွင့်မယ် ထင်တယ်၊ အခုချိန်


အထိတော့ အထက်က ဘာခွင့်ပြုချက်မှ မရသေးလို့ စောင့်နေတုန်းပဲ”ဟု USDP ပါတီ ရန်ကုန်တိုင်း တာမွေမြို့နယ်မှ
စည်းရုံး ရေးမှူး တဦးက ဆိုသည်။

ပါတီရုံးများ ဖွင့်လှစ်ရာတွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့် ရုံးခန်းများ အားလုံးကို တပြိုင်တည်းဖွင့်သွားဖွယ်ရှိကြောင်း ၎င်းက


ဧရာဝတီကိုပြောသည်။

အတည်မပြုနိုင်သော သတင်းများအရ USDP ပါတီဝင်များသည် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ဖြစ်နေသည့်အတွက်


ရွေးကောက် ပွဲ သည် တရားမျှတမှု မရှိနိုင်ဟု ပြည်တွင်းပြည်ပ ဝေဖန်မှုများကြောင့် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ
ဦးဆောင်သည့် ကြားဖြတ် အစိုးရ တရပ်ဖွဲ့စည်းကာ အုပ်ချုပ်သွားမည်ဟု ကောလာဟလ သတင်းများလည်း
ထွက်ပေါ်နေသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် တနိုင်ငံလုံး အတိုင်းအတာအရ လွှတ်တော် ၃ ရပ်ပေါင်း ပြည်သူက ရွေးချယ်တင်မြှောက်မည့်


ကိုယ်စားလှယ် နေရာ ၁၁၈၇ နေရာရှိပြီး ယင်းနေရာများတွင် USDP ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်အားလုံး
ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် သြဂုတ်လ ၁၃ ရက်နေ့က ပြုလုပ်ခဲ့သည့် နေပြည်တော် အစည်းအဝေးတွင် ၂၀၁၀ ရွေးကောက်ပွဲအား ၀န်ကြီး


ရာထူးများမှ နုတ်ထွက်ဝင်ရောက်ပါက နုတ်ထွက်မည့်ဝန်ကြီးနေရာများတွင် ဆက်လက်တာဝန်ပေးရန် ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ အပါအ၀င် ၀န်ကြီးများ ဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း နေပြည်တော်အသိုင်းအ၀ိုင်းက ပြောသည်။

နိုင်ငံရေးပါတီများ လွှတ်တော် ကိယ


ုစားလှယ်လောင်း အမည်စာရင်း တင်သွင်းမှုကို သြဂုတ်လ ၁၆ ရက်မှ သြဂုတ်လ ၃၀
ရက် နေ့အထိ ရွေးကောက်ပွဲ ကော်မရှင်က တရားဝင်သတ်မှတ်ပေးထားသည်။

မဲဆန္ဒနယ် အသီးသီးတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းရက်အား


သတ်မှတ်ပေးချိန် နည်းပါးခြင်းကြောင့် USDP ပါတီမှအပ ရွေးကောက်ပွဲဝင်ရောက်မည့် ကျန်ပါတီများ အနေနှင့်
အခက်အခဲများကြုံတွေ့နေကြ ကြောင်း သိရသည်။

၁၅ ရက်အတွင်း လွှတ်တော် အသီးသီး၏ မဲဆန္ဒနယ်များအားလုံးအတွက် လွှတ်တော်ကိုယ်စားလှယ် လောင်းများ အမည်


စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့်ပတ်သက်၍ လုံလောက်သောအချိန် စက်တင်ဘာလသို့
ပြင်ဆင်သတ်မှတ် ပေးရန်၊ ရွေးကောက်ပွဲဝင်ခွင့် မှတ်ပုံတင်ကြေး များပြားလွန်းသဖြင့် ကျပ် တသိန်းသို့ ပြင်ဆင်ပြောင်းလဲ
သတ်မှတ်ပေးရန် စသည့် အချက်များ ပါဝင်သော ကြေညာချက် တစောင်ကို ပြည်ထောင်စု ဒီမိုကရေစီ ပါတီက
ထုတ်ပြန်ခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအရ အာဏာမတည်မီ လွှတ်တော် ခေါ်ယူပေးရေးနှင့်ပတ်သက်၍ ရှင်းလင်းပေးရန် ဇူလိုင်လ ၅ ရက်နေ့တွင်


ပြည်ထောင်စု ဒီမိုကရေစီ ပါတီက အိတ်ဖွင့်ပေးစာဖြင့် တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်ပြီး အထက်ပါ တောင်းဆိုချက်များ
မလိုက်လျောပါက မဲဆန္ဒနယ် (၃) နယ်တွင်သာ ၀င်ရောက် ယှဉ်ပြိုင်မည်ဟု ပါရှိခဲ့သည်။

နေပြည်တော် စစ်အသိုင်းအ၀န်းမှ ထွက်ပေါ်နေသည့် သတင်းများအရ အစိုးရအဖွဲ့ဝင် ၀န်ကြီးများ လက်ရှိ ရာထူးများမှ


နုတ်ထွက်မည်ဟု သတင်းများ ပျံ့နှံ့နေခဲ့သည်။

ရန်ကုန်တိုင်းအတွင်း USDP ပါတီကိုယ်စားပြု ၀င်ရောက်အရွေးချယ်ခံမည့် ၀န်ကြီးများမှာ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်


ဟောင်း ဦးအောင်သိန်းလင်းက တောင်ဥက္ကလာပ၊ အလုပ်သမားဝန်ကြီး ဦးအောင်ကြည် က မင်္ဂလာတောင်ညွန့်၊ အမျိုးသား
စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီး ဦးစိုးသာ က တွံတေး၊ စွမ်းအင် ၀န်ကြီး ဗိုလ်မှူးချုပ် လွန်းသီ က
ကွမ်းခြံကုန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးမောင်မောင်သိမ်း က ကော့မှူး စသည့်
မြို့နယ်များတွင် ၀င်ရောက် အရွေးခံမည်ဖြစ်ကြောင်း ဧရာဝတီမှ စုံစမ်း သိရှိရသည်။

ထို့အပြင် စက်မှု(၁)၀န်ကြီး ဦးအောင်သောင်း က မကွေးတိုင်း တောင်သာမြို့နယ်၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း က


ပဲခူး တိုင်း ဇီးကုန်းမြို့နယ်၊ သစ်တောရေးရာ ၀န်ကြီး ဗိုလ်မှူးချုပ်ဟောင်း ဦးသိန်းအောင် က ဧရာဝတီတိုင်း
ဘိုကလေးမြို့နယ်၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီး ဗိုလ်ချုပ်ဟောင်း ဦးစိုးနိုင် က ဧရာဝတီတိုင်း ဖျာပုံမြို့နယ်၊
ပြည်ထဲရေး ဒု ၀န်ကြီး ဗိုလ်မှူးချုပ် ဟောင်း ဦးဘုန်းဆွေ က ရခိုင်ပြည်နယ် မောင်းတောမြို့နယ်၊ ကျန်းမာရေး ဒု ၀န်ကြီး
ဒေါက်တာမြဦး က ပဲခူးတိုင်း ပေါင်းတည် မြို့နယ် စသည့် ဒေသများတွင် လည်းကောင်း ၀င်ရောက် အရွေးခံကြမည်ဟု
သိရသည်။

စစ်အစိုးရက ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော်


အသီးသီး အတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန် ကြေညာထားသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/3859-2010-08-18-11-37-30

အမတ်လောင်း တင်သွင်း ရက် တိုးပေးရေး ကော်မရှငထ


်ံ တောင်းဆို
စိုးမိုး / ၁၈ သြဂုတ် ၂၀၁၀

နိုင်ငံရေးပါတီများနှင့် တသီးပုဂ္ဂလများ အမတ်လောင်း တင်သွင်းခွင့် သတ်မှတ်ရက် ထပ်တိုးပေးရန်


ပြည်ထောင်စု ဒီမိုကရေစီ ပါတီက ရွေးကောက်ပွဲကော်မရှင်ထံ ကြေညာချက်ထုတ်
တောင်းဆိုထားသည်။

ယခုလ (၁၃) ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အမတ်လောင်းတင်သွင်းမှုကို


သြဂုတ် (၁၆) ရက်မှ (၃၀) ရက်အတွင်း အပြီးတင်သွင်းကြရန် ရက်သတ်မှတ် ပေးလိုက်ပြီးနောက်
နိုင်ငံရေးပါတီများမှာ အမတ်လောင်း တင်သွင်းကြေး၊ အမတ်လောင်း ရှာဖွေရေး အခက်အခဲများ
ရင်ဆိုင်နေကြရသည်။

နအဖစစ်အစိုးရက ယခု ရွေးကောက်ပွဲတွင် အရပ်သားများ ပါဝင်ရွေးချယ်ခွင့်ကို နည်းနိုင်သမျှ နည်းအောင် နည်းလမ်း


အမျိုးမျိုးဖြင့် တင်းကျပ်နေခြင်းဖြစ်ကြောင်း ပြည်ထောင်စုဒီမိုကရေစီပါတီက ကြေညာချက်ထုတ် ပြောဆိုလိုက်သည်။

“ဒီမိုကရက်တစ် အင်အားစုတွေဘက်က နည်းနိုင်သမျှ နည်းအောင် လုပ်ချင်တာလို့ ကျနော်တို့က သုံးသပ်ပါတယ်။


ဒီပုံအတိုင်းဆိုရင်တော့ အများကြီးတော့ ၀င်လို့ မရပါဘူး။ အဲတော့ မဖြစ်မနေ (၃) ယောက်ကတော့
ပါတီရပ်တည်ရေးအတွက် ၀င်ရမယ်လို့ ဆုံးဖြတ်ချက် ချထားပါတယ်” ဟု ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဋ္ဌ
ဦးသိန်းဌေးက ပြောသည်။

အမတ်လောင်း (၁) ဦးလျှင် ကျပ် (၅) သိန်းနှင့် ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ရမည်ဖြစ်ရာ ပါတီအများစုမှာ


ငွေကြေး အခက်အခဲနှင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

ပါတီမှတ်ပုံတင်ခွင့်ပြုထားသည့် ပါတီ (၄၀) တွင်လည်း ယနေ့အချိန်ထိ ပါတီဝင် စာရင်းတင်ပြပြီးသော ပါတီ (၁၇) ခုသာ
ရှိသေးသည်။ သို့သော် နိုင်ငံရေးပါတီအများစု၏ အခက်အခဲများကို ရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းပေးမှု မရှိသေးပေ။

မူလက ရည်ရွယ်ချက်တူ နိုင်ငံရေးပါတီများ စုပေါင်းပြီး ရွေးကောက်ပွဲကို ရင်ဆိုင်သွားရန် စီစဉ်ခဲ့သော်လည်း ယခု


နောက်ဆုံး ထွက်လာသည့် အမတ်လောင်း တင်သွင်းရမည့် ရက်သတ်မှတ်ချက်ကြောင့် ပါတီများ
စုပေါင်းလုပ်ဆောင်နိုင်စွမ်းလည်း မရှိတော့ဘဲ ဖြစ်နေသည်ဟု သိရသည်။

“ကျနော်တို့က အခု စုပေါင်းပြီးတော့ သွားဖို့ ကြိုးစားနေတဲ့အချိန်မှာ အချိန်က ကုန်မှန်းမသိဘဲ ကုန်သွားနိုင်တယ်။ အဲလို


ဖြစ်တဲ့အတွက်ကြောင့် ဒီရတဲ့ အချိန်လေးအတွင်းမှာ ကျနော်တို့ ပါတီ တခုချင်းဆီကနေပြီးတော့ ထိထိရောက်ရောက်
သွားထားတာက ပိုကောင်းလိမ့်မယ်လို့ ကျနော်တို့က ယူဆတယ်။ ကျနော်တို့ ပါတီ တခုချင်းကနေ ကော်မတီကို
တင်တဲ့ဟာ မှန်သမျှကလည်း စာကြောင်းလေးသာ လွဲချင် လွဲသွားမယ် အဓိပ္ပာယ်ချင်းက အတူတူချည်းပါ” ဟု
ဦးသိန်းဌေးက ဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ယခု တောင်းဆိုထားသည့် အမတ်လောင်း မှတ်ပုံတင်စရိတ် လျှော့ပေးရေး၊


အမတ်လောင်း တင်သွင်းရမည့် ရက်တိုးပေးရေးတို့ကို မလိုက်လျောပါက နိုင်ငံရေးပါတီအများစုက ငွေကြေး လူအင်အား
မပြည့်စုံသဖြင့် ၀င်ရောက် ယှဉ်ပြိုင်မည့် အမတ်လောင်း လျှော့ချရမည်ဖြစ်သည်။

“ပါတီတွေ စုပေါင်းပြီး တစုတစည်းတည်း သွားမယ်ဆိုတဲ့ လမ်းကြောင်းလည်း ပထမတော့ ရည်ရွယ်ပြီး စတင်


ဆွေးနွေးနေကြတဲ့ လိုင်းကို ဖော်လာကြတာကိုး။ ဒါပေမယ့် အခု ရက်ပိုင်းလေးမှာ တဖွဲ့နဲ့ တဖွဲ့ အဲဒီ လမ်းကြောင်းပေါ်ကို
စဉ်းစားမယ့်အချိန် သိပ်မပေးနိုင်ဘဲနဲ့ တဖွဲ့ချင်း သွားရမယ့် အနေအထားကို တက်သုတ်ရိုက်နေရတဲ့ အနေအထား
ဖြစ်နေတာပေါ့။ အဲဒီပေါ်မှာကို ကျနော်တို့က အားနည်းသွားတာပေါ့ ” ဟု ပြည်ထောင်စုဒီမိုကရေစီပါတီဥက္ကဋ္ဌက ဆိသ
ု ည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ယခု တောင်းဆိုချက်ကို မလိုက်လျောပါက ပြည်ထောင်စု ဒီမိုကရေစီ


ပါတီအနေဖြင့် ပါတီ ဆက်လက် ရပ်တည်ရေးအတွက် မဲဆန္ဒနယ် (၃) နယ်ကိုသာ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု
ကြေညာသည်။

Source:http://khitpyaing.org/index.php?route=detail&id=3543

ပါတီများ မဲဆွယ် ဟောပြောရမည်ေ


့ နရာ ကန်သ
့ တ်
မှတ်ပုံတင်ခွင့် ရရှိထားပြီးသော နိုင်ငံရေး ပါတီများသည် စုဝေးခြင်းနှင့် မဲဆွယ် ဟောပြောခြင်းများ ပြုလုပ်ရန် လျှောက်ထား
ရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုသော နေရာများတွင်သာ ပြုလုပ်ရမည်ဟု နိုင်ငံရေးပါတီများကို
ကန့်သတ်လိုက်ကြောင်း သတင်းရရှိသည်။
ယင်း အကြောင်းကြားစာကို ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ရုံးက နိုင်ငံရေး ပါတီများသို့ ယနေ့
ပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးပါတီများ အနေဖြင့် စည်းရုံးဟောပြောပွဲများ ပြုလုပ်ရန် ခွင့်ပြုသောနေရာများမှာ အခကြေးငွေဖြင့် ငှားရမ်းနိုင်သည့်


ခန်းမဆောင်၊ အားကစားကွင်း၊ ဈေးကွက်လပ်တို့ဖြစ်ပြီး နေရာအခက်အခဲရှိသည့် ကျေးလက်ဒေသများတွင်မူ ရပ်ကွက်
ဗီဒီယိုရုံနှင့် ဆွမ်းချက်ရုံများ၌ ခြွင်းချက်အဖြစ် သတ်မှတ်ပေးထားကြောင်း အမျိုးသား နိုင်ငံရေး မဟာမိတ်အဖွဲ့ချုပ်မှ
အတွင်းရေးမှူး (၂) ဦးလှအောင်က ဧရာဝတီသို့ ပြောသည်။

ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ဓမ္မာရုံကဲ့သို့ ဘာသာရေး အဆောက်အအုံများကို စုဝေးဟောပြောခြင်းအတွက်


ထည့်သွင်း လျှောက်ထားခြင်း မပြုလုပ်ရန် ရွေးကောက်ပွဲ ကော်မရှင်က ကန့်သတ်ထားကြောင်း ၎င်းက ဆိုသည်။

ဇွန်လ ၂၃ ရက်နေ့တွင် စစ်အစိုးရပိုင် သတင်းစာများမှတဆင့် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည့် “နိုင်ငံရေး


ပါတီများ ပါတီဝင် အင်အား စုဆောင်းခြင်းနှင့် စပ်လျဉ်းသည့် ညွှန်ကြားချက်” တွင် နိုင်ငံရေးပါတီများ စုဝေးခြင်းနှင့်
ဟောပြောခြင်းများ ပြုလုပ်လိုပါက သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲသို့ အနည်းဆုံး ၇ ရက်ခန့် ကြိုတင်၍ ခွင့်ပြုမိန့်ကို
လျှောက်ထားရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

ဦးလှအောင်က “ကျနော်တို့က ၇ ရက် ကြိုတင်ပြီးတော့ စည်းရုံရေး လုပ်ရမယ့် ပုံစံရှိပေမယ့် စည်းရုံးရေးကို လိမ်မာပါးနပ်စွာ


တည်ဆောက်ဖို့ပဲ လိုအပ်တယ်လို့ ယူဆပါတယ်” ဟု ပြောသည်။

ပါတီများ စုဝေး ဟောပြောမည့် နေရာ၊ နေ့ရက်၊ စတင်မည့် အချိန်နှင့် ခန့်မှန်းခြေ ပြီးဆုံးမည့် အချိန်၊ တက်ရောက်မည့်
လူအင်အား၊ ဟောပြောမည့်သူ၏ အမည်၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာတို့ကိုလည်း တင်ပြရမည်ဟု ရွေးကောက်ပွဲ
ကော်မရှင်၏ ညွှန်ကြားချက်တွင် ပါရှိသည်။

သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲက လျှောက်ထားချက်ကို စိစစ်ပြီး ခွင့်ပြုမိန့်ကို စုဝေးဟောပြောခြင်း မစတင်မီ ၄၈ နာရီ


ထက်မနည်း ကြိုတင် ထုတ်ပေးမည်ဖြစ်သကဲ့သို့ ပါတီများက လျှောက်ထားချက်ကို ပြန်လည် ဖျက်သိမ်းလိုပါက ၄၈ နာရီ
ထက်မနည်း ကြိုတင် အကြောင်းကြားရမည်ဟုလည်း ဖော်ပြထားသည်။

၄၈ နာရီထက် မနည်း ကြိုတင် အကြောင်းကြားရန် အမိန့်ထုတ်ခြင်းမှာ ဟောပြောသည့်နေရာတွင် လုံခြုံရေးများ ချထားရေး


ပြင်ဆင်ရန် ဖြစ်ကြောင်း သိရသည်။

လာမည့် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ပါတီဆက်လက် တည်ထောင်ခွင့်နှင့် တည်ထောင်ခွင့်လျှောက်ထားသည့် နိုင်ငံရေး


ပါတီ ၄၇ ပါတီ ရှိသည်။ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီမှာ ၄၂ ပါတီရှိပြီး ပါတီ ၄၀ ကို မှတ်ပုံတင် ချပေးပြီး
ဖြစ်သည်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီးအတွက်
ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန် ကြေညာထားသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/3858-2010-08-18-11-34-34
ကြားဖြတ်အစိုး ရ စက်တင်ဘာလ အတွင်း ဖွဲ့စည်းဖွယရ
ှ်ိ
စစ်တိုင်းမှူးများ ပါဝင်မည့် ကြားဖြတ်အစိုးရ တရပ်ကို လာမည့် စက်တင်ဘာလတွင် ဖွဲ့စည်းမည်ဟု စစ်တပ် အသိုင်းအ၀န်း
ကြားတွင် သတင်းများ ထွက်ပေါ်နေသည်။

လက်ရှိ တာဝန်ထမ်းဆောင် နေသည့် ၀န်ကြီးများကို နုတ်ထွက်စေပြီး ၀န်ကြီးဋ္ဌာနများကိုလည်း အဓိကကျသည့် ၉ ဋ္ဌာနကို


သာ ထားရှိမည်ဖြစ်ကြောင်း၊ ၎င်းဝန်ကြီးဌာနများကို လက်ရှိ စစ်တိုင်းမှူးများက တာဝန်ယူမည်ဖြစ်ကြောင်း နေပြည်တော်
စစ်တပ် အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တဦးက ဧရာဝတီသို့ ပြောသည်။

“၀န်ကြီးဋ္ဌာန တချို့ကိုတော့ လုပ်ငန်းချင်းတူတဲ့ နီးစပ်ရာ ဋ္ဌာနတွေကို ပေါင်းလိမ့်မယ်၊ တိုင်းမှူးတွေနဲ့ယာယီ ကြားဖြတ်


အစိုးရ ဖွဲ့လိမ့်မယ်”ဟု ၎င်းကဆိုသည်။

ဝန်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရအဖွဲ့ဝင်များသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)


အဖွဲ့ဝင် များ ဖြစ်ပြီး မဲဆွယ်စည်းရုံးရေး ကာလတွင် လက်ရှိ ရာထူးတာဝန်များနှင့် စည်းရုံးရေး ဆင်းလျှင် ပြောဆိုဝေဖန်မှု
များပြား လာမည် ကို စိုးရိမ်သည့်အတွက် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

စစ်အစိုးရ လက်ထက်တွင် ဖွဲ့စည်းထားသည့် ၀န်ကြီးဋ္ဌာနပေါင်း ၃၂ ခုရှိသည်။

ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို စစ်အစိုးရက မကြာသေးမီ ရက်ပိုင်းက ကြေညာခဲ့ပြီးနောက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ


အသိုင်းအ၀န်းက တိုင်းရင်းသားများနှင့် ဒီမိုကရေစီလိုလားသူများ အားလုံးပါဝင်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ
ဖြစ်စေရန် တိုက်တွန်းမှုများ ပိုမိုများပြားလာခဲ့သည်။

USDP ပါတီ၏ အနေအထားမှာ တခြားသော နိုင်ငံရေးပါတီများနှင့် နှိုင်းယှဉ်လျှင် အာဏာရ ပါတီ ပုံစံမျိုးဖြစ်နေသည်ဟု


ရွေး ကောက်ပွဲဝင်မည့် နိုင်ငံရေး ပါတီများက ပြောဆိုဝေဖန်နေကြသည်။

မကြာသေးမီရက်ပိုင်းကလည်း ဒေသ ကွပ်ကဲမှု စစ်ဋ္ဌာနချုပ်(ဒကစ)များမှ ဗိုလ်မှူးချုပ် အဆင့်ရှိသည့်


ဒေသကွပ်ကဲရေးမှူးများကို ရွေးကောက်ပွဲ ၀င်မည့် USDP ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အဖြစ်
ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် လက်ရှိရာထူး များမှ နုတ်ထွက်ရန် နေပြည်တော်သို့ ခေါ်ယူ၍ ပြောဆိုခဲ့ကြောင်း ယင်းပါတီနှင့်
နီးစပ်သူတဦးကလည်း ပြောသည်။

“ပါတီအတွက် ၀င်ရွေးမယ့် ကိုယ်စားလှယ်လောင်းက မပြည့်သေးတဲ့ အတွက် တပ်ထဲက တော်တော်များများကို


ယူနီဖောင်းချွတ် ခိုင်းတာ၊ နေရာပေါင်း ၁၀၀၀ ကျော်ဝင်မှာ ဆိုတော့ ပါတီက စိတ်ချရတဲ့သူက မလောက်ဘူး”ဟု
၎င်းကဆိုသည်။

ထိုသို့ လက်ရှိ စစ်တပ်အတွင်း ရာထူးလက်ကိုင်ရှိသူများကို ရာထူးစွန့်ခိုင်းသည့် အတွက် တပ်တွင်း၌လည်း


မကျေမနပ်ပြောဆိုမှု များရှိနေကြောင်း၊ USDP ပါတီအနေဖြင့် လွှတ်တော် သုံးရပ်စလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဆိုလျှင်
ဝန်ထမ်းများနှင့် စစ်ဘက် အရာရှိများ၊ အငြိမ်းစားဝန်ထမ်းများပါ လိုအပ်ကြောင်း ၎င်းကဆိုသည်။

USDP ပါတီသည် ပြည်ထောင်စုလွှတ်တော် အတွက် ကိုယ်စားလှယ် ၃၃၀ ဦး၊ အမျိုးသားလွှတ်တော် အတွက် ၁၆၈ ဦး
တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်အတွက် ၆၈၉ ဦး ဖြစ်၍ စုစုပေါင်း ၁၁၈၇ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဟု
သိရသည်။

လက်ရှိ မြို့နယ်များ၊ ပြည်နယ်နှင့် တိုင်းများရှိ စည်းရုံးရေးမှူးများ၊ ပါတီဝင်များနှင့် ပတ်သက်၍မူ မည်မျှ စိတ်ချရသည်ကို


စစ်အစိုးရ က မခန့်မှန်းနိုင်သည့် အတွက် တချို့သော ပါတီဝင်များကို ရွေးကောက်ပွဲ ကိုယ်စားလှယ်များ အဖြစ်
တာဝန်ပေးခြင်းမရှိကြောင်း ဆက်လက်ပြောဆိုသည်။

USDP ရွေးကောက်ပွဲ ၀င်ရောက်မည့် ကုယ


ိစားလှယ်လောင်း ရွေးချယ်ခြင်းနှင့် ပတ်သက်၍ လုပ်နည်း လုပ်ဟန်မှာ
ဝင်ရောက် အရွေးခံမည့် သူများကို အောက်ခြေမှ တင်ပြရခြင်းမရှိဘဲ၊ ဗဟိုမှသာ ချထားပေးခြင်းဖြစ်သည်ဟု သိရသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/3857-2010-08-18-11-30-56

မြန်မာစစ်အစိုး ရ၏ ရာဇဝတ်မမ
ျှုား စံစ
ု မ်းရေးကော်မရှငဖ
်ွဲ့ရန် အမေရိကန်
ထောက်ခံ
2010-08-18

ကုလသမဂ္ဂအဖွဲ့အနေနဲ့ မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့


ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ကော်မရှင်တရပ်ဖွဲ့စည်းရေးကို အမေရိကန်အစိုးရက ထောက်ခံကြောင်း
သြဂုတ်လ ၁၇ ရက် မနေ့က ကြေညာလိုက်ပါတယ်။

ရွှေဝါရောင် သံဃာနှင့် လူထု အုံကြွလှုပ်ရှားမှုကြီးကို စစ်အစိုးရက အကြမ်းဖက် နှိမ်နင်းဖြိုခွဲမှုကြောင့် သေဆုံးခဲ့ရသော


လူငယ်တဦးကို ၂၀ဝ၇ စက်တင်ဘာ ၂၈ ရက်က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

အမေရိကန်အစိုးရဟာ သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီး ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းရေးကို


ပံ့ပိုးကူညီမှာ ဖြစ်သလို မြန်မာစစ်အစိုးရအပေါ် ပိုပြီးတင်းကျပ်တဲ့ ပိတ်ဆို့တားဆီးမှုတွေကို ချမှတ်ဖို့
စီစဉ်ဆောင်ရွက်နေကြောင်း အမည်မဖော်လိုတဲ့ အိမ်ဖြူတော်ပြောခွင့်ရ အရာရှိက ပြောပါတယ်။

အမေရိကန်အစိုးရရဲ့ ဒီဆုံးဖြတ်ချက်အပေါ် ဗြိတိန်နိုင်ငံက မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (Burma Campaign UK) ရဲ့


ဒါရိုက်တာ Mark Farmaner က ကြိုဆိုလိုက်ပါတယ်။

အမေရိကန်အစိုးရရဲ့ ဒီဆုံးဖြတ်ချက်ဟာ ကုလသမဂ္ဂရဲ့ မြန်မာအစိုးရအပေါ် စစ်ဆေး အရေးယူမှုတွေအပေါ် အထူးပဲ


အကျိုးသက်ရောက်မှု ရှိမယ်လို့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကမာမှာ အမေရိကန်နိုင်ငံဟာ
အင်အားကြီးနိုင်ငံတခု ဖြစ်လို့ပါပဲ။ ကုလသမဂ္ဂရဲ့ ဒီအစီအစဉ်ကို ထောက်ခံအားပေးတဲ့ နိုင်ငံအတော်များများရှိပေမဲ့ အခုလို
ထုတ်ဖော်ပြောဆိုဖို့ ဝန်လေးနေကြတာတွေဟာလည်း အခု အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် သူတို့ရဲ့ဆန္ဒတွေကို
ဖော်ထုတ်လာကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါကြောင်း Mark Farmaner ပြောသွားပါတယ်။

မြန်မာစစ်အစိုးရအပေါ် ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေး အစီအစဉ်ကို ထောက်ခံတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်နိုင်ငံဟာ ၅


နိုင်ငံမြောက် ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ဒီအစီအစဉ်အပေါ် ဥရောပသမဂ္ဂ နိုင်ငံတွေက ပါဝင်ပတ်သက်မှု
မရှိသေးတဲ့အတွက်လည်း Mark Farmaner က ဝေဖန်ပါတယ်။

ဥရောပသမဂ္ဂနိုင်ငံတွေထဲက တချို့နိုင်ငံတွေဟာ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေကို


လစ်လျူရှုနေတာ တွေ့ရကြောင်း ဥရောပသမဂ္ဂအနေနဲ့ ကုလသမဂ္ဂရဲ့ စီစဉ်ဆောင်ရွက်မှုမှာ ဝိုင်းဝန်းပံ့ပိုးကူညီဖို့
ဆန္ဒထုတ်ဖော်သင့်ပြီ ဖြစ်ကြောင်း သူက ပြောသွားပါတယ်။

အလားတူပဲ အမေရိကန်နိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (Burma Campaign US) အဖွဲ့အမှုဆောင်ဒါရိုက်တာ


ဦးအောင်ဒင်ကလည်း အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလက
ိုပြီး ဒီဆုံးဖြတ်ချက်ကြောင့် တခြား
ကမာ့နိုင်ငံတွေကလည်း အမေရိကန်အစိုးရနဲ့ အတူ ပူးပေါင်းပါဝင်လာဖို့ မျှော်လင့်ပါတယ်လို့ ပြောပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာစစ်အစိုးရအပေါ် ယုံကြည်မှု မရှိတဲ့အခြေအနေနဲ့ မြန်မာစစ်အစိုးရကျင်းပမဲ့


ရွေးကောက်ပွဲကို အသိအမှတ်ပြုမှာ မဟုတ်ဘူးဆိုတာ အတိအလင်း ထုတ်ဖော်ပြသလိုက်တာ ဖြစ်တယ်လို့လည်း
ဦးအောင်ဒင်က ဆိုပါတယ်။

အခုလို အမေရိကန်အစိုးရက ဆုံးဖြတ်လိုက်တဲ့အတွက် လာမဲ့လမှာ ကျင်းပမဲ့ ကုလသမဂ္ဂ အစည်းအဝေးတွေမှာ


မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို တင်သွင်းတဲ့အခါ မြန်မာနိုင်ငံက သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကုလသမဂ္ဂ
လူ့အခွင့်အရေးကောင်စီကဖြစ်စေ၊ ကုလသမဂ္ဂညီလာခံကဖြစ်စေ စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး မြန်မာနိုင်ငံက
စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးတဲ့ တောင်းဆိုချက်တွေ ပါဝင်လာဖို့ မျှော်လင့်ပါတယ်၊ ဒါကြောင့်
အမေရိကန်အစိုးရရဲ့ထောက်ခံမှုက အင်မတန်အားရှိပါတယ်။ ကုလသမဂ္ဂရဲ့ ဒီအစီအစဉ်ကို သြစတြေးလျ၊ ဗြိတိန် ၊ ချက်
သမတနိုင်ငံနဲ့ ဆလိုဗက်ကီးယား နိုင်ငံတွေက ထောက်ခံထားပြီး ဖြစ်တဲ့အတွက် အခုလို အမေရိကန်အစိုးရ
ပါဝင်လာတဲ့အတွက် တခြား ကမာ့နိုင်ငံတွေကလည်း အမေရိကန်အစိုးရနဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို ပိုပြီး
ပြင်းထန်လာအောင် ဝိုင်းဝန်းကြိုးပမ်းကြလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဦးအောင်ဒင်က ပြောပါတယ်။

CSW လို့ခေါ်တဲ့ ကမာ့ ခရစ်ယာန် ညီညွတ်ရေးအဖွဲ့ကလည်း အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး


ဥရောပသမဂ္ဂ နိုင်ငံတွေကလည်း ကုလသမဂ္ဂရဲ့ ဒီအစီအစဉ်ကို ပံ့ပိုးကူညီကြဖို့ တောင်းဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိယ


ု်စားလှယ်တဦးက မြန်မာစစ်အစိုးရရဲ့ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ တိုင်းရင်းသား
လက်နက်ကိုင်တွေအပေါ် ချေမှုန်းနေမှုတွေကို အရေးယူစုံစမ်းဖို့ တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံက
လူသားချင်းစာနာမှု ကင်းမဲ့တဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်း အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး
သန်းရွှေရဲ့ အခန်းကဏ္ဍကို အဓိကထား စစ်ဆေးအရေးယူဖို့ အရေးကြီးတဲ့အကြောင်း အမေရိကန်အစိုးရ ထိပ်တန်း
ခေါင်းဆောင်တဦးကလည်း ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရေး လုံခြုံရေးကောင်စီမှာ တရုတ်အစိုးရအနေနဲ့ ဗီတိုအာဏာနဲ့


ပယ်ချနိုင်ပေမဲ့ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း ဒါမှမဟုတ် ကုလသမဂ္ဂရဲ့ စုံစမ်းရေးကော်မရှင်က တိုက်ရိုက်
ဖွဲ့စည်းနိုင်လိမ့်မယ်လို ဝါရှင်တန်ပို့စ် သတင်းစာမှာ ရေးသားထားပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေး
ချိုးဖောက်မှုတွေအတွက် အမေရိကန်အစိုးရက သံတမန်တွေ စေလွှတ်ခဲ့ပေမဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး
တိုးတက်မှု မရှိသေးတာကို တွေ့ရတယ်လို့ အမေရိကန်အစိုးရ ထိပ်တန်းအရာရှိတဦးက ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားကတော့ မြန်မာနိုင်ငံက လူ့အခွင့်အရေး


ချိုးဖောက်မှုတွေဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ စစ်ဆေးဖို့ အကျုံးဝင်နိုင်ကြောင်း ပြောဆိုထားပါတယ်။

အခုလို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံက လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးရေး အစီအစဉ်ကြောင့်


မြန်မာစစ်အစိုးရအနေနဲ့ ငြိမ်းချမ်းတဲ့ တွေ့ဆုံဆွေးနွေးရေးတွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်လိမ့်မယ်လို့
နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။

Source:http://www.rfa.org/burmese/news/united_states_support_to_found_investigation_commission-
08182010140944.html

စုစ
ံ မ်းရေးကော်မရှငဖ
်ွဲ့ဖို့ အမေရိကန် ထောက်ခခ
ျံက်ကို ဗြိတန
ိ မ
် အ
ှ ဖွဲ့က
ကြိုဆို
2010-08-18

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူသားဖြစ်မှုကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးမဲ့ ကုလသမဂ္ဂ


ကော်မရှင်တရပ် ထူထောင်ရေးကိစ္စကို အမေရိကန်ပြည်ထောင်စုက သြဂုတ်လ ၁၇ ရက် အင်္ဂါနေ့မှာ
ထောက်ခံလိုက်တဲ့အတွက် ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အဖွဲ့ဖြစ်တဲ့ Burma Campaign UK
က ကြိုဆိုလိုက်ပါတယ်။

၂၀၀၇ ခုနှစ်က ငြိမ်းချမ်းစွာ ဆန္ဒပြသော သံဃာနှင့် လူထုကို အာဏာပိုင်များက စက်တင်ဘာလကုန်တွင် အကြမ်းဖက်


နှိမ်နင်း သတ်ဖြတ် ဖမ်းဆီးခဲ့ပြီးသည့်နောက် အသတ်ခံထားရသော သံဃာတပါး၏ ရုပ်အလောင်းကို စက်တင်ဘာ ၃၀
ရက်နေ့တွင် တွေ့မြင်ရပုံ ဖြစ်ပါသည်။ (Photo: AFP)

တဆက်တည်းမှာပဲ ၊ မြန်မာစစ်အစိုးရ အပေါ် ဖိအားပေးရေးအတွက် သမတ အိုဘားမားရဲ့ အစိုးရ အဖွဲ့ဟာ


ငွေရေးကြေးရေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုကိုလည်း ပိုမို တင်းကျပ်ဖို့ စဉ်းစားနေတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်
အစိုးရ အရာရှိတွေက ပြောဆိုတယ်လို့ သိရှိရပါတယ်။

မြန်မာနိုင်ငံ အပေါ် သံတမန် လမ်းကြောင်းက တိုးမြှင့်ဆက်ဆံခဲ့ပေမဲ့လည်း အပြုသဘောဆောင်တဲ့ ရလဒ်တွေ


မရရှိခဲ့ဘူးလို့လည်း အမေရိကန် အစိုးရ အရာရှိ တဦးက ပြောပါတယ်။အခုလို ကုလသမဂ္ဂ ကော်မရှင် ထူထောင်တာ
ထောက်ခံဖို့ ဆုံးဖြတ်ရခြင်းရဲ့ အခြေခံ အကြောင်းတရားတွေက တော့ မြန်မာစစ်အစိုးရဟာ လူအစုလိုက် အပြုံလိုက်အပေါ်
ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်ဟာ အခြေအမြစ် ရှိကြောင်း သုံးသပ်ချက်နဲ့ မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီ
ဖော်ဆောင်ရေး အတွက် ရှေ့ကို တက်လှမ်းလာခြင်း မရှိဘူးဆိုတဲ့ အချက်တွေအပြင် အခုလိုကော်မရှင် ထူထောင်ရေးကိစ္စ
အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီက ထောက်ခံတယ် ဆိုတဲ့ အချက်တွေရယ်ကြောင့် ဖြစ်ကြောင်း အမေရိကန်
အစိုးရ ထိပ်တန်းအရာရှိတဦးက ပြောဆိုပါတယ်။

အမေရိကန် အစိုးရဟာ မြန်မာနိုင်ငံ အပေါ်ချမှတ်ထားတဲ့ မူဝါဒနဲ့ ပတ်သက်လို့ လက်ရှိအခြေအနေကို အချိန်ကြာမြင့်စွာ


အကဲခတ်ပြီး ဌာနတွင်း ပြန်လည်သုံးသပ်မှု တရပ် ပြုလုပ်ခဲ့ကြောင်း၊ ခုလို မြန်မာနိုင်ငံမှာ ကျူးလွန်တဲ့ ပြစ်မှုတွေအတွက်
ကုလသမဂ္ဂ ကော်မရှင် ထူထောင်ဖို့ ထောက်ခံတာဟာ အမေရိကန် ပြည်ထောင်စုရဲ့ မူဝါဒနဲ့လည်း ကိုက်ညီကြောင်း၊
မိမိတို့ရဲ့ သံတမန်လမ်းကြောင်းက တိုးမြှင့် ဆက်ဆံတာဟာ မြန်မာစစ်အစိုးရကို ချီးမြှောက်နေခြင်း မဟုတ်ပဲ ရလဒ်တခု
ထွက်ဖို့ ကျင့်သုံးတဲ့ နည်းလမ်းတခုအနေနဲ့ အသုံးပြုခြင်းသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အမေရိကန် အစိုးရဟာ ခုလို ကုလသမဂ္ဂ ကော်မရှင် ထူထောင်ရေးအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ


ဆုံးဖြတ်ချက်ချစေ၍ ဖြစ်စေ။ ဒါမှမဟုတ် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်မှာ ထည့်သွင်းစေ၍ ဖြစ်စေ
တွန်းအာပေး ဆောင်ရွက်နိုင်ကြောင်း သိရပါတယ်။

Source:http://www.rfa.org/burmese/news/activists_group_wlcomes_US_support-08182010153032.html

အမေရိကန်ထောက်ခမ
ံ က
ှို အာဆီယလ
ံ အ
ူ့ ခွငအ
့် ရေးအဖွဲ့ကြိုဆို
2010-08-18

ကုလသမဂ္ဂ ဦးဆောင်ပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့


အမေရိကန်အစိုးရက ထောက်ခံလိုက်တာကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့က သြဂုတ်လ ၁၈ ရက် ဒီကနေ့
ကြိုဆိုလိုက်ပါတယ်။

အရှေ့တောင် အာရှနိုင်ငံများ အဖွဲ့ (အာဆီယံ) အစည်းအဝေးတခုတွင် အာဆီယံ၏ အလံ (ယာအစွန်) နှင့် အဖွဲ့ဝင်
နိုင်ငံများ၏ အလံကို စိုက်ထူထားပုံ ဖြစ်ပါသည်။ (Photo: AFP)

အစိုးရလက်အောက်ခံအဖွဲ့ဆိုပေမဲ့ အခုလို စုံစမ်းစစ်ဆေးရေး ကော်မရှင်စေလွှတ်ဖို့ ကိစ္စကို ထောက်ခံပါတယ်လို့ အာဆီယံ


လူ့အခွင့်အရေး ဆိုင်ရာအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Carlos Medina က RFA ကို ပြောပါတယ်။

ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ ဥက္ကဋ္ဌ ကိုယ်တိုင်လည်း နိုင်ငံတခုချင်းစီထက်


ဒေသတခုလုံးရဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့အတွက် ဒီလိုကိစ္စမျိုးကို ဦးစားပေး
ဆောင်ရွက်နေပါတယ်လို့ သူက ပြောသွားပါတယ်။

အစိုးရလက်အောက်ခံ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေကို မြန်မာနိုင်ငံ အပါအဝင် ပြီးခဲ့တဲ့


နိုဝင်ဘာလက နိုင်ငံအလိုက် စတင်ဖွဲ့စည်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လွတ်လပ်မှု ရှိမရှိဆိုတာ အာဆီယံ လူ့ အခွင့်အရေးဆိုင်ရာ


အဖွဲ့အနေနဲ့ မေးခွန်းထုတ်နေသလို ဒီသီတင်းပတ်အကုန်မှာလည်း အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ဗန်ကောက်မြို့မှာ
အစည်းအဝေးကျင်းပဖို့ ရှိပြီး သဘောထား ထုတ်ပြန်ကြေညာမယ်လို့ မစ္စတာ ကာလို့စ်က RFA ကို ပြောသွားပါတယ်။

နိုဝင်ဘာလမှာ စစ်အစိုးရကျင်းပမဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အာဆီယံလူ့ အခွင့်အရေးဆိုင်ရာအဖွဲ့ရဲ့


သဘောထားကိုလည်း RFA မှ မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
Source:http://www.rfa.org/burmese/news/asean_rights_body_welcomes_US_move-
08182010163309.html

ကြွကက
်ျ ချင်းရွာ ၁၂ဝ ခန့် အကူအညီ မရ
ဆလိုင်းထွန်း | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၈ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၁၄ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ ချင်းပြည်နယ်တောင်ပိုင်း ကြွက်များသောင်းကျန်းရာ ၄ မြို့နယ်ရှိ ကျေးရွာ ၁၂ဝ ခန့်တွင်


စားနပ်ရိက္ခာ ရှားပါးနေသော်လည်း ဒေသအာဏာပိုင်များက အကူအညီပေးခြင်း မရှိကြောင်း ဒေသတွင်းရှိ
နိုင်ငံရေးပါတီများနှင့် အစိုးရမဟုတ်သော အဖွဲ့များက ပြောဆိုလိုက်ကြသည်။

မင်းတပ်၊ ပလက်ဝ၊ မတူပီနှင့် ကန်ပက်လက် မြို့နယ်များရှိ ကျေးရွာ ၁၂ဝ ခန့်တွင် ပြီးခဲ့သည့် လလယ်ခန့်မှ စတင်၍
ကြွက်အုပ်များ ရောက်လာသဖြင့် စိုက်ပျိုးထားသည့် ဆန်၊ ပြောင်းဖူးနှင့် ပဲမျိုးစုံကို ကြွက်များက ဖျက်ဆီးပြီးနောက်
အစာရေစာ ရှားပါးမှု ကြုံတွေ့နေသော်လည်း အာဏာပိုင်များ၏ အကူအညီမရရှိကြောင်း ပြောဆိုခြင်း ဖြစ်သည်။

“အုပ်လိုက် ဝင်လာတာ။ တဧကဆို ခဏနဲ့ ပျက်စီးတယ်။ အဲဒိမှာ စားစရာမရှိတော့ ရွာထဲ ဝင်လာတယ်။ စပါးကျီထဲက
ဆန်တွေလည်း စားတယ်။ အာဏာပိုင်ဘက်က သိတယ်၊ အသိလည်း ပေးတယ်၊ ဘာမှ အခုချိန်ထိ မလုပ်ပေးဘူး” ဟု
ချင်းတိုးတက်ရေးပါတီ တွဲဖက် အထွေအထွေ အတွင်းရေးမှူး (၂) ဦးစိန်ထွန်းက မဇ္ဈိမကို ပြောသည်။

ကြွက်ဘေးသင့် ပြည်သူများကို ကူညီစောင့်ရှောက်ရန် ၄ မြို့နယ်ရှိ ခရစ်ယာန် တရားဟော ဆရာများနှင့် မြို့မိမြို့ဖ ၁၅


ဦးဖြင့် ဖွဲ့ထားသည့် အရေးပေါ် ကော်မတီကိုလည်း အာဏာပိုင်များက မကူညီကြောင်း ပြောဆိုသည်။

“အပင်တွေက အသီးတောင် မသီးသေးဘူး။ ပြောင်းဖူးတွေဆို အဖူးတွေ အကုန်ကိုက်စားတယ်။ မြက်ပင်ပါ ကိုက်စားတာ။


ဇူလိုင်လလယ်လောက်က စဖြစ်တော့ ပျက်စီးတာ များနေပြီ။ ဆပ်နီ၊ ဆပ်ဝါတွေရော၊ ပဲ အပင်ပေါက်တွေရော။
ပြောင်းဖူးတော့ ကုန်သလောက်ပဲ။ ခယက၊ မယကကို ဇူလိုင်လလယ်လောက်က အသိပေးပြီးသားပါ။ အခုချိန်ထိ ဘာမှ
မလုပ်ပေးဘူး၊ လူတွေ သေမှ လုပ်ပေးမယ် ထင်တယ်” ဟု အရေးပေါ်အဖွဲ့ဝင် ဦးသန်ဘူး (Thang Bu) က ပြောသည်။

ယခုလဆန်းပိုင်းက စစ်အစိုးရ သာသနာရေးဝန်ကြီး သူရအောင်ကိုနှင့် ချင်းပြည်နယ် ပယက ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် ဟုန်ငိုင်းတို့


မင်းတပ်မြို့ ခရိုင်ရုံးတွင် ဒေသအာဏာပိုင်များနှင့် တွေ့ဆုံစဉ် ကြွက်များသည် ဘိုးဘွားစဉ်ဆက်က ရှိနေသဖြင့်
အထူးအဆန်း မဟုတ်ကြောင်းသာ ပြောဆိုသွားခဲ့ကြောင်း သိရသည်။

မင်းတပ်မြို့နယ်ရှိ ရွာပေါင်း ၅ဝ၊ ပလက်ဝနှင့် မတူပီမှ ၃ဝ စီနှင့် ကန်ပက်လက် ၁ဝ ရွာတွင် လူဦးရေ ၄,ဝဝဝ ကျော်
နေထိုင်ပြီး ပြောင်းဖူး၊ ဆန်၊ ဆပ်ဝါ၊ ဆပ်နီ၊ ပဲမျိုးစုံ၊ နှမ်းတို့ကို အဓိက စိုက်ပျိုးကြသည်။

အခင်းဖြစ်ရာ ကျေးရွာများအတွက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)က ဆန်အိတ် ၃ဝဝ ခန့် ထောက်ပံ့ရန် မင်းတပ်
ခရိုင်နှင့် မြို့နယ် အာဏာပိုင်များထံ ပြီးခဲ့သည့် လလယ်ကတည်းက တင်ပြခဲ့ရာ ယခုလဆန်းပိုင်းတွင် ခွင့်မပြုကြောင်း
တုံ့ပြန်ပြောဆိုခဲ့သည်။

“အရေးပေါ် ကော်မတီ က WFP ကို ဆက်သွယ်တယ်။ WFP က ကူညီဖို့ အဆင်သင့်ပဲ။ အာဏာပိုင်က ခွင့်ပြုရင် ရတယ်လို့
ပြောတယ်။ ခယကနှင့် မယက ကို ဇူလိုင်လလယ်လောက်က စာနဲ့ တင်တယ်။ ခွင့်မပြုဘူးလို့ ဖုန်းနဲ့ စာနဲ့
အကြောင်းပြန်တာ” ဟု ချင်းတိုးတက်ရေးပါတီက ဦးစိန်ထွန်းက မဇ္ဈိမကို ပြောသည်။

ဆန်အိတ် ၃ဝဝ ပေးပို့မည့် ကိစ္စနှင့်ပတ်သက်၍ အသေးစိတ် သိရှိရန် မင်းတပ်မြို့ မယက ရုံးသို့ ဆက်သွယ်မေးမြန်းရာ
တာဝန်ကျ ဝန်ထမ်းတဦးက ကြွက်များ သောင်းကျန်းနေသည်ကို အတည်ပြုပြောဆိုသော်လည်း အခြားကိစ္စများကို
ပြောဆိုရန် ငြင်းဆိုသည်။

အလားတူ ရန်ကုန်မြို့ရှိ WFP ရုံးသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ကျ ဝန်ထမ်းတဦးက ပြောရေးဆိုခွင့်


ရှိသူများ မရှိကြောင်းသာ ပြောဆိုခဲ့သည်။

ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိန္ဒိယနိုင်ငံ မီဇိုရမ်အခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO မှ


ကွင်းဆင်းညွှန်ကြားရေးမှူး ဦးသေရ (Terah) က စားနပ်ရိက္ခာခေါင်းပါးရာဒေသတွင် သစ်တောထဲမှ မျောက်ဥနှင့်
သစ်သီးဝလံများကိုသာ စားသုံးနေရကြောင်းနှင့် ပြည်ပအကူအညီ လက်မခံလိုခြင်းသည် စစ်အစိုးရ၏ ပေါ်လစီဖြစ်ကြောင်း
ပြောဆိုသည်။

“WFP က ကူညီမှာကို လက်မခံတာက နအဖရဲ့ ပေါ်လစီပါ။ ပြည်ပရဲ့ သြဇာညောင်းမှုကို လုံးဝလက်မခံဘူး။ နအဖက


ဘာမှ လုပ်ပေးတာ မရှိဘူး။ ပြည်ပက ထောက်ပံ့ရင် ပြည်ပကို အားကိုးမှာ စိုးရိမ်လို့ပဲ” ဟု သူက ပြောသည်။

ရွာသားများက ထောင်ချောက်နှင့် ရရာလက်နက်မျိုးစုံသုံးကာ ကြွက်နှိမ်နင်းရေး ပြုလုပ်နေကြောင်းနှင့် ဖမ်းမိသည့်


ကြွက်များကို ဟင်းစားအဖြစ်လည်း အသုံးပြုနေကြောင်း သိရသည်။

“ကြွက်ရှိတဲ့ ရွာတိုင်းက လုပ်အားပေးလုပ်သလိုပဲ ကိုယ့်ဘာသာကိုယ် နှိမ်နှင်းရေး လုပ်ကြတယ်။ ကြွက်တွေကို


ကြွက်ထောင်ချောက်တွေနဲ့ ဖမ်းတယ်။ ရရာလက်နက်နဲ့ အမျိုးမျိုး သတ်နေကြပါတယ်။ တချို့က စားတယ်၊ ဟင်းအတွက်
မပုပ်သိုးအောင် အခြောက်လှန်းတယ်။ တချို့က မြောင်းတွေမှာ လွှင့်ပစ်တယ်၊ မြေမြှုပ်တယ်။ ကြွက်သားကို ရောင်းစားတာ
မရှိဘူး” ဟု ချင်းတိုးတက်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၃) ဖြစ်သူ ပလက်ဝမြို့သား ဦးဆွမ်ထိုက် (Sun Thaih) က
မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ကြွက်ဝမ်းဖြူတွေ၊ တချို့ အညိုရောင်သန်းတယ်။ အိမ်ကြွက်ထက် နည်းနည်းကြီးတယ်။


လယ်ကွင်းတွေမှာရှိတဲ့ ကြွက်တွေထက် သေးတယ်။ တောထဲတောင်ထဲ အစာရှာ နေထိုင်ကြတယ်။
သစ်ပင်သစ်ခေါင်းတွေမှာလည်း နေတယ်။ ဝါးပင်တွေ အသီးသီးတော့ စားကြတယ်။ မျိုးတအားပွားတော့ တောထဲမှာ
အစာမရှိတော့လို့ အစာရှာရင်း လူတွေနေတဲ့ ဘက်ကို ရောက်လာတယ်” ဟု ပြောသည်။
Source:http://www.mizzimaburmese.com/news/inside-burma/5883-2010-08-18-13-48-07.html

ဒုတယ
ိ ပင်လည
ုံ လ
ီာခံ ခေါ်ယူဖို့ ဦးဝင်းတင်အဆိုပြု
2010-08-18

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပတာ၊ အုပ်ချုပ်ရေးမှာ လွှတ်တော်တွေ ပေါ်ပေါက်လာတာတွေ ရှိလင့်ကစား


အန်အယ်လ်ဒီပါတီက ကြိုးပမ်းနေတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းခရီးက ဆက်လက် ရှင်သန်နေမှာ ဖြစ်တယ်လို့
ပါတီခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောပါတယ်။
NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင် (အလယ်၊ အင်္ကျီပြာ) ဇွန်လ ၁၉ ရက်နေ့က ရန်ကုန်တိုင်း၊
မင်္ဂလာဒုံမြို့နယ်တွင် ကျင်းပသည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့အခမ်းအနား တက်ရောက်နေပုံ
ဖြစ်ပါသည်။ (Photo: AFP)

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်တဲ့ စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီ အင်အားစုတွေအကြား


အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းကြောင်းမှာ အဓိက အတားအဆီးတခု ဖြစ်နေတာက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ
ဥပဒေဖြစ်ကြောင်း၊ ဒီဥပဒေကို ပြင်ဆင်ဖို့အတွက်ဆိုရင် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူပြီး ညှိနှိုင်းဆောင်ရွက်ရမှာ
ဖြစ်ကြောင်း သူက ထောက်ပြပါတယ်။

အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင် ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်


မေးမြန်းထားပါတယ်။

Source:http://www.rfa.org/burmese/news/u_win_tin_proposes_for_conference-08182010154626.html

စစ်အစိုး ရကို စုစ


ံ မ်းစစ်ဆေးမည့် ကော်မရှင် အမေရိကန် ထောက်ခမ
ှုံ HRW ကြိုဆို
မြန်မာစစ်အစိုးရက ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေ၊ လူသားမျိုးနွယ် အပေါ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို
ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ဖို့အကြောင်း အမေရိကန် အစိုးရက ထောက်ခံမှုကို လူ့အခွင့်အရေး
အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ကြိုဆိုလိုက်သလိုပဲ နယူးယောက် အခြေစိုက် Human Rights Watch
လူ့အခွင့်အရေး အဖွဲ့ကြီးကလည်း အမေရိကန်ရဲ့ ထောက်ခံမှုကို ကြိုဆိုလိုက်ပါတယ်။ အမေရိကန် နိုင်ငံနဲ့အတူ EU
ဥရောပ သမဂ္ဂနဲ့ ကနေဒါနိုင်ငံတွေ အပြင် အာဆီယံနဲ့ အိမ်နီးချင်း နိုင်ငံကြီးတွေကပါ ပါဝင် ပံ့ပိုးကြဖို့
တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ဒီနှစ်ဆန်း မတ်လထဲမှာ ဂျနီဗာမှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၁၃ ကြိမ်မြောက် အစည်းအဝေးမှာ


မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို ကိုယ်တိုင်သွားရောက် စုံစမ်းစစ်ဆေးခဲ့တဲ့ ကုလသမဂ္ဂရဲ့
အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Mr. Tomas Ojea Quintana) က မြန်မာနိုင်ငံမှာ
လူမဆန်တဲ့ ရာဇ၀တ်မှုတွေနဲ့ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်မှု ရှိနိုင်တာကို တွေ့ရှိရတာမို့ ကုလသမဂ္ဂက စုံစမ်းရေး
ကော်မရှင်ဖွဲ့ စုံစမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဇူလိုင်လ ၃၀ ရက်နေ့ကတော့ သြဇာကြီးတဲ့ အမေရိကန် အထက်လွှတ်တော် အမတ်တွေဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီက


ဒိုင်ယန်း ဖိုင်းစတိုင်း (Dianne Feinstein) နဲ့ ရီပတ်ဘလစ်ကင် ပါတီက ဂျတ်ဒ် ဂရက် (Judd Gregg) တို့ ဦးဆောင်တဲ့
အထက်လွှတ်တော်အမတ် ၃၂ ဦးတို့က ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင်ဖွဲ့ စစ်ဆေးပေးဖို့ နိုင်ငံခြားရေးဝန်ကြီး
ဟီလာရီ ကလင်တန် (Hillary Clinton) ဆီကို စာရေးသား တောင်းဆိုခဲ့တာပါ။

အခုတော့ သမ္မတ အိမ်ဖြူတော် အရာရှိက အင်္ဂါနေ့မှာ အမေရိကန်နိုင်ငံကပါ ပါဝင်ထောက်ခံဖို့ ဆုံးဖြတ်ခဲ့ကြောင်း


ပြောကြားခဲ့တာမို့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို နယူးယောက် အခြေစိုက် Human Rights Watch လူ့အခွင့်အရေး
စောင့်ကြည့်ရေး အဖွဲ့ကြီးက ကြိုဆိုတယ်လို့ HRW အဖွဲ့ရဲ့ အာရှဒေသ တာဝန်ခံ မစ်စ် အီလိန်း ပီယာစန် (Ms. Elaine
Pearson) က ပြောပါတယ်။

“မြန်မာစစ်ခေါင်းဆောင်တွေ စစ်ရာဇ၀တ်မှုနဲ့ လူမဆန်တဲ့ ရာဇ၀တ် ပြစ်မှုတွေ ကျူးလွန်မှု ရှိမရှိ ကုလသမဂ္ဂ စုံစမ်းရေး


ကော်မရှင်ဖွဲ့ဖို့ အမေရိကန် အစိုးရက ပါဝင် တောင်းဆိုလိုက်တဲ့အပေါ် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးက
ကြိုဆိုပါတယ်။ ဒါဟာ သိပ်ထူးခြားတယ်လို့ ကျမ ထင်ပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ကြီးက ကုလသမဂ္ဂကို
တောင်းဆိုနေတာလည်း ကြာပါပြီ။ အခုတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး
တင်သွင်းခဲ့တဲ့ အစီရင်ခံစာပါ တောင်းဆိုချက်တွေကို ထောက်ခံတဲ့ နိုင်ငံကြီး တနိုင်ငံ တိုးလာတာမို့ သိပ်ကို
ဝမ်းသာပါတယ်။”

ဗြိတိန်အခြေစိုက် Burma Campaign UK လူ့အခွင့်အရေး အဖွဲ့ကြီးကလည်း ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်တစောင် ထုတ်ပြန်


ကြိုဆိုလိုက်တဲ့အပြင် ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ဗြိတိန်၊ သြစတြေးလျနဲ့ စလိုဗက်ကီးယား နိုင်ငံတွေနဲ့အတူ အခု
အမေရိကန် နိုင်ငံကပါ ပါဝင်ထောက်ခံလာချိန်မှာ EU ဥရောပသမဂ္ဂနဲ့ ကနေဒါနိုင်ငံတို့လည်း အမြန်ဆုံး ပါဝင်ကြဖို့
တောင်းဆိုလိုက်ပါတယ်။

HRW အဖွဲ့ကြီးကတော့ EU အဖွဲ့ ပါဝင်လာဖို့ ကိစ္စဟာ အင်မတန် အရေးကြီးတယ်လို့ ထင်မြင်ကြောင်း မစ်စ် ပီယာစန်က
ပြောပါတယ်။

“ပြီးခဲ့တဲ့ သီတင်းပတ်က EU ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံခြားရေး ၀န်ကြီးတွေဆီကို HRW အဖွဲ့က စာရေးပြီး
မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂ စုံစမ်းရေး ကောင်မရှင် ဖွဲ့ဖို့အတွက် လူသိရှင်ကြား ပါဝင် ထောက်ခံပေးဖို့
တောင်းဆိုခဲ့ပါတယ်။ EU အနေနဲ့ ဒါကို ဦးဆောင်ပြီးလုပ်ဖို့ ကိစ္စဟာ အရေးကြီးလှတယ်လို့ ကျမ ထင်ပါတယ်။
ဘာလို့လဲဆိုတော့ ရှေ့လ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ မြန်မာနိုင်ငံအရေးကို ဆွေးနွေးတဲ့အခါမှာ
မြန်မာနိုင်ငံဆိုင်ရာ အဆိုပြုချက် မူကြမ်းကို EU က ဦးဆောင်ပြီး ရေးဆွဲနေလို့ ဖြစ်ပါတယ်။”

အာဆီယံ နိုင်ငံတွေကလည်း ကိုယ့်အိမ်နီးချင်းနိုင်ငံ တနိုင်ငံမှာ လူမဆန်တဲ့ ရာဇ၀တ်မှု ကျူးလွန်နေတာကို လက်တွေ့


မြင်နေပါလျက်နဲ့ အရေးယူ ဆောင်ရွက်ပေးဖို့ သင့်ပြီလို့လည်း ပြောပါတယ်။

သြစတြေးလျနိုင်ငံ မက်ကွာရီ (Macquarie) တက္ကသလ


ိုက မြန်မာ့အရေး စောင့်ကြည့်လေ့လာနေတဲ့ ပါမောက္ခ ရှောင်
တာနဲလ် (Sean Turnell) ကတော့ ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးတာကို ထောက်ခံတာမျိုးကို
မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး စိတ်ဝင်စားသူ ဘယ်သူပဲဖြစ်ဖြစ် ကြိုဆိုမှာ ဖြစ်တယ်လို့
ဗွီအိုအေကို ပြောပါတယ်။

အမေရိကန်အစိုးရ အနေနဲ့ ဒါဟာ မြန်မာနိုင်ငံသားတွေကို ထိခိုက် နစ်နာစေတာမျိုး မဟုတ်ဘဲ ပြစ်မှုကျူးလွန်ခဲ့တဲ့


စစ်အစိုးရပိုင်းကို ပစ်မှတ်ထားတာမျိုးမို့ အမေရိကန်အစိုးရ အနေနဲ့ အခုလို ဆုံးဖြတ်လိုက်တာဟာ ထိရောက်တဲ့
သတိပေးချက်တမျိုး ဖြစ်တယ်လလ
ို့ ည်း မြင်ပါတယ်။

“လွန်ခဲ့တဲ့ ၁၈ လအတွင်းမှာ အမေရိကန် အစိုးရက မြန်မာစစ်အစိုးရကို လက်ကမ်း ကြိုဆိုခဲ့ပါတယ်။ ဒါပေမဲ့


မြန်မာစစ်အစိုးရဘက်က လိုလိုလားလား မတုံ့ပြန်ခဲ့ပါဘူး။ ဒါကြောင့် အခုလို စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဖို့ အဆိုကို
ထောက်ခံမဲလို့ ကြေညာလိုက်တာဟာ အမေရိကန် အစိုးရက စိတ်ရှည်ရှည်နဲ့ သည်းခံ မစောင့်နိုင်ဘူး ဆိုတာကို ပြသရာ
ရောက်ပါတယ်။

“နောက်တချက် ထိရောက်စေမှာက ဒါဟာ မြန်မာလူထုကို ထိခိုက် နစ်နာစေမယ့် အရေးယူမှုမျိုး မဟုတ်ဘဲ ပြစ်မှု


ကျူးလွန်တဲ့ မြန်မာစစ်အစိုးရပိုင်းကို ပစ်မှတ်ထားတာဖြစ်တဲ့ အချက်ပါပဲ။ တနည်းတော့ သိပ်ကို ထိရောက်တဲ့
သတိပေးချက် တခုပါပဲ။”

မြန်မာ့အရေး စောင့်ကြည့်လေ့လာသူ ပါမောက္ခ ရှောင် တာနဲလ် ပြောသွားတာ ဖြစ်ပါတယ်။

Source:http://www1.voanews.com/burmese/news/myanmar-un-enquiry-hrw-101039389.html
စစ်အစိုး ရကို စုစ
ံ မ်းစစ်ဆေးမည့် ကော်မရှင် ဖွဲ့စည်းရေး ထောက်ခမ
ံ ည်န
့ င
ို င
်ံ
ထပ်တိးု ဖို့ USCB မျှော်လင့်
မြန်မာနိုင်ငံတွင်း စစ်ရာဇ၀တ်မှုတွေ ရှိမရှိ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်တရပ်ဖွဲ့ဖို့ အဆိုကို အမေရိကန်
ပြည်ထောင်စုက ထောက်ခံလိုက်ပါပြီ။ ဒါကြောင့် ဒီအဆိုကို ထောက်ခံတဲ့ နိုင်ငံပေါင်း ၅ နိုင်ငံ ဖြစ်သွားပါပြီ။ အခုလို
အမေရိကန် ပြည်ထောင်စုက ထောက်ခံလိုက်တာကြောင့် အခြားနိုင်ငံတွေလည်း ပူးပေါင်း ပါဝင်လာမယ်လို့ မြန်မာ့အရေး
လှုပ်ရှားသူတွေက မျှော်လင့်နေပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်းက လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုနဲ့ စစ်ရာဇ၀တ်မှုတွေကို စုံစမ်းသွားဖို့ ကုလသမဂ္ဂ


ကော်မရှင် ဖွဲ့စည်းရေး အဆိုကို အမေရိကန် ပြည်ထောင်စု အနေနဲ့ ထောက်ခံဖို့ သမ္မတ အိမ်ဖြူတော်မှာ အင်္ဂါနေ့
အမျိုးသား လြုံ ခုံရေးကောင်စီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ အိမ်ဖြူတော် အကြီးတန်း အရာရှိတဦးက ဗွီအိုအေကို
အတည်ပြုပါတယ်။ ဒါပေမဲ့လို့ အမေရိကန် အစိုးရရဲ့ တရားဝင် ထုတြ် ပန်ချက်တော့ မထွက်သေးပါဘူး။ ဒီဆုံးဖြတ်ချက်ဟာ
မြန်မာပြည်သူတွေထက် စစ်ခေါင်းဆောင်တစု၊ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပစ်မှတ်ထား ဆုံးဖြတ်တာ
ဖြစ်တယ်လို့ ဆိထ
ုားပါတယ်။

မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကုလသမဂ္ဂ ကော်မရှင်တရပ်ဖွဲ့ဖို့ အမေရိကန် ပြည်ထောင်စုက


အခုလို ထောက်ခံလိုက်တာကြောင့် လာမယ့်လ ကျင်းပမယ့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ
မြန်မာနိုင်ငံအတွက် စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ ဆွေးနွေးမှုတွေ လမ်းပွင့်သွားတယ်လို့ အမေရိကန် အခြေစိုက် Foreign
Policy မဂ္ဂဇင်းကတော့ သုံးသပ်ထားပါတယ်။

အမေရိကန်အခြေစိုက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအဖွဲ့ USCB အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင်ကလည်း


အမေရိကန်က အခုလို ထောက်ခံလိုက်တာကြောင့် ဒီအဆိုအပေါ် အခြား ထောက်ခံမယ့်နိုင်ငံ အတော်များများ
ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

“လွန်ခဲ့တဲ့ ၃ ပတ်လောက်က အမေရိကန် အထက်လွှတ်တော် ကိုယ်စားလှယ် ၃၂ ယောက်က နိုင်ငံခြားရေးဝန်ကြီး


ကလင်တန်ဆီကို လက်မှတ်ထိုးပြီး စာတစောင် ပို့ထားတာ ရှိပါတယ်။ အမေရိကန် အစိုးရကနေပြီး မြန်မာနိုင်ငံမှာ
ဖြစ်ပေါ်နေတဲ့ ရာဇ၀တ်မှု ကျူးလွန်တာတွေကို စုံစမ်းစစ်ဆေးဖို့ ကိစ္စနဲ့ ပတ်သက်ပြီး ထောက်ခံဖို့ တောင်းဆိုထားတဲ့ စာပေါ့။
အဲဒီစာကို သူတို့ တုံ့ပြန်ဖို့ ဆွေးနွေးကြရင်းနဲ့ပဲ ဆုံးဖြတ်ချက် ကျတယ်လို့ ကျနော်တို့ သိရပါတယ်။”

အခု ဒီကော်မရှင် ဖွဲ့စည်းရေးကို ထောက်ခံတာ အမေရိကန် ပြည်ထောင်စု အပါအ၀င် စုစုပေါင်း ၅ နိုင်ငံရှိပြီ ထင်ပါတယ်။
အလားအလာက နောက်ပိုင်း ဘယ်လိုရှိလာမယ်လို့ ယူဆလဲ၊ အခုလို အမေရိကန်က ထောက်ခံလိုက်တဲ့အပေါ်။

“ကျနော်တို့ ဒီဟာကိုစတာက မနှစ်က မေလပေါ့၊ ဟားဗတ်ဒ် ယူနီဗာစတီက International Law Clinic ဆိုတာ၊ Human
Right Law Clinic ဆိုတာ ရှိတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရာဇ၀တ်မှုများဆိုတဲ့ အစီရင်ခံစာတစောင် ထုတ်တယ်။
ကုလသမဂ္ဂရဲ့ နှစ်ပေါင်းများစွာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တင်သွင်းခဲ့တဲ့ အစီရင်ခံစာတွေကို သူတို့ ပြန်သုံးသပ်တဲ့အခါ
မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရာဇ၀တ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဆက်တိုက်၊ ဆက်တိုက်၊ ဆိုးဆိုးဝါးဝါး
ဖြစ်ပေါ်နေတာ ဖြစ်ပြီးတော့ နိုင်ငံတော်အစိုးရ ကိုယ်တိုင်က မူဝါဒချပြီး ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေ၊
တနည်းအားဖြင့်တော့ Crime against Humanity ပေါ့ဗျာ၊ လူသားမျိုးနွယ်စုကြီး တစုလုံးကို ပစ်မှတ်ထားပြီး
တိုက်ခိုက်နေတဲ့ ရာဇ၀တ်မှုတွေ ဖြစ်တယ်။

“ဒါတွေကို ကုလသမဂ္ဂရဲ့ မှတ်တမ်းမှတ်ရာတွေထဲမှာ အထောက်အထားတွေနဲ့ မှတ်တမ်းတင်ထားပေမဲ့ လုံလောက်တဲ့၊


တိကျတဲ့ အရေးယူမှု မရှိခဲ့ဘူး ဆိုပြီးတော့ အဲဒီလို အစီရင်ခံစာ ထုတ်လိုက်နိုင်ခဲ့တယ်။ အဲဒီ အစီရင်ခံစာကစပြီး
ကျနော်တို့က တကမ္ဘာလုံး အတိုင်းအတာနဲ့ နိုင်ငံတကာ အစိုးရတွေကို အခုလိုမျိုး ကုလသမဂ္ဂကနေပြီး စုံစမ်းစစ်ဆေးရေး
ကော်မရှင်ဖွဲ့ပြီး အရေးယူဖို့ တောင်းဆိုခဲ့တာပါ။
“သို့သော်လည်း အမေရိကန် ပြည်ထောင်စု အစိုးရက ဘယ်လိုသဘောထား ရှိမလဲဆိုတာ သူတို့က
စောင့်ကြည့်ချင်ကြသေးတယ်။ အခု အမေရိကန် အစိုးရ ကိုယ်တိုင်က ပါဝင်လိုက်ပြီ၊ ထောက်ခံလိုက်ပြီ ဆိုတော့
အမေရိကန် အစိုးရကို စောင့်ကြည့်နေတဲ့ နိုင်ငံတွေ အများစုလည်း ဒီအဆိုပြုချက်ကို ထောက်ခံကြမယ်လို့ ကျနော်တို့
ယုံကြည်ပါတယ်။”

USCB အမှုဆောင် ညွှန်ကြားရေးမှူး ဦးအောင်ဒင် ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင်းက အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု၊


စစ်ရာဇ၀တ်မှု စတဲ့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်မှု ရှိမရှိ စုံစမ်းဖို့ ကုလသမဂ္ဂ ကော်မရှင်တရပ်ဖွဲ့ဖို့ ကုလသမဂ္ဂရဲ့
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က
ပြီးခဲ့တဲ့ မတ်လမှာ လူ့အခွင့်အရေးကောင်စီကို အဆိုပြု တင်ပြခဲ့ပါတယ်။

ဒီနောက်တော့ သြစတြေးလျနိုင်ငံ၊ ချက်သမ္မတနိုင်ငံ၊ စလိုဗက်ကီးယားနိုင်ငံနဲ့ ဗြိတိန်နိုင်ငံတို့က ထောက်ခံခဲ့ကြပါတယ်။


အခုအဆင့်ကတော့ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်မှု ရှိမရှိ စုံစမ်းစစ်ဆေးတဲ့ ကနဦးအဆင့် ဖြစ်ပါတယ်။

Source:http://www1.voanews.com/burmese/news/myanmar-human-right-commission-uscb-
101039164.html

မြန်မာကိစ္စ စုစ
ံ မ်းရေး အမေရိကန်ထောက်ခမ
ှုံ ကင်တားနား ကြိုဆို
မြန်မာနိုင်ငံအတွင်း စစ်အစိုးရက ကျူးလွန်ခဲ့ဖွယ်ရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ကော်မရှင်ဖွဲ့
စုံစမ်းရေးကိစ္စကို အမေရိကန်နိုင်ငံက ထောက်ခံလိုက်တဲ့အတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ
အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကြိုဆိုလိုက်ပါတယ်။ အမေရိကန်
ပြည်ထောင်စုက အခုလို ဆုံးဖြတ်လိုက်တာဟာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အဓိက ပစ်မှတ်ထား
ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ အဆင်မြင့် အမေရိကန် အရာရှိတွေက ပြောဆိုခဲ့တာပါ။ မစ္စတာ ကင်တားနားကို
ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းပြီး တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရက ကျူးလွန်ထားတယ်ဆိုတဲ့ စစ်ရာဇ၀တ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို


စုံစမ်းစစ်ဆေးမယ့် ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့ မတ်လအတွင်း ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့
လူ့အခွင့်အရေးကောင်စီ စည်းဝေးပွဲမှာ မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားက တင်သွင်းခဲ့တာပါ။
သူ့ရဲ့အဆိုပြုချက်ကို သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရက ထောက်ခံမယ်ဆိုပြီး အင်္ဂါနေ့မှာ
ဆုံးဖြတ်လိုက်တဲ့အပေါ် သူ့အနေနဲ့ ကြိုဆိုကြောင်း မစ္စတာ ကင်တားနားက ပြောပါတယ်။

“မြန်မာစစ်အစိုးရရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေ ရပ်တန်းက


ရပ်အောင် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကြိုးစားလုပ်ဆောင်တဲ့ အနေနဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်း
ဖော်ထုတ်ရေး ကျနော် ဂျနီဗာမြို့မှာ အဆိုပြု တင်သွင်းခဲ့တာကို အမေရိကန် ပြည်ထောင်စုက အခုလို
ထောက်ခံလိုက်တဲ့အတွက် ကျနော် ကြိုဆိုပါတယ်။ နောက် အဲဒီအဆိုပြုချက်ကို ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေကလည်း
ထောက်ခံကြဖို့ အရေးကြီးပါတယ်။”

သူ့ရဲ့ အဆိုပြုချက်ကို အမေရိကန်လို အရေးပါတဲ့ နိုင်ငံတွေက တဖြည်းဖြည်း ထောက်ခံလာကြတဲ့အတွက် ဘယ်လို


ကော်မရှင်မျိုး ဖွဲ့စည်းမယ်ဆိုတာ စတင်ဆွေးနွေးဖို့ လိုပြီလို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

“အခုတော့ အနာဂတ်မှာ ဘယ်လို ကော်မရှင်မျိုး ဖွဲ့စည်းကြမယ်၊ ဘယ်လို အခြေခံ အချက်တွေအောက်မှာ ဖွဲ့စည်းမယ်


ဆိုတာကို စတင်စဉ်းစားဖို့ လိုပါပြီ။ ဒါက အရေးကြီးပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ် ဖြေရှင်းဖို့
ဘယ်လို ကော်မရှင်မျိုး ဖွဲ့စည်းမယ်ဆိုတဲ့ အချက်အပေါ် အဖွဲ့ဝင် အများစုရဲ့ ထောက်ခံမှု လိုပါတယ်။ အခုချိန်မှာတော့
ကြိုတင် ခန့်မှန်းဖို့ ခက်ခဲပါတယ်။ မတ်လတုန်းက စတင် အဆိုပြုခဲ့တဲ့ ကိစ္စက အခုချိန်ထိ စားပွဲဝိုင်းပေါ် ပြောဆို
ဆွေးနွေးနေကြတုန်း ဖြစ်ပါတယ်။ မကြာခင် နယူးယောက်မြို့မှာ ကျင်းပမယ့် အထွေထွေ ညီလာခံမှာလည်း ဒီကိစ္စကို
ပြောဆို ဆွေးနွေးကြဦးမှာ ဖြစ်ပါတယ်။ အခုလို ပြောဆို ဆွေးနွေးနေဖို့က အရေးကြီးပါတယ်။”

အမေရိကန်က အခုလို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဖို့ ထောက်ခံလိုက်တာဟာ စစ်အစိုးရ အနေနဲ့


နိုင်ငံရေး ပြိုင်ဘက်တွေကို မတရားသတ်ဖြတ်၊ ဖမ်းဆီး နှိပ်စက်မှုတွေ လုပ်ခဲ့တာတွေအပေါ် ပြင်းပြင်းထန်ထန်
အရေးယူသွားမယ့် ပေါ်လစီလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင် ပြောင်းလဲမှုတွေ ဖြစ်လာအောင်၊ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာအောင် ဖိအားပေးတဲ့


အနေနဲ့ စစ်အစိုးရအပေါ် လက်ရှိ ချမှတ်ထားတာတွေထက် ပိုမိုပြင်းထန်တဲ့ ဘဏ္ဍာငွေကြေးအရ အရေးယူ ပိတ်ဆို့မှုတွေကို
ချမှတ် လုပ်ဆောင်သွားဖို့ အမေရိကန် အစိုးရက စဉ်းစားနေတယ်လို့လည်း အမည်မဖော်လိုတဲ့ အစိုးရ အရာရှိတဦး
ပြောတာကို ကိုးကားပြီး ဒီကနေ့ထုတ် The Washington Post သတင်းစာထဲမှာ ဖော်ပြထားပါတယ်။

အမေရိကန်က အခုလို ဆုံးဖြတ်ချက် ချလိုက်တဲ့အပေါ် သူတို့အနေနဲ့ ကြိုဆို ထောက်ခံကြောင်းနဲ့ မြန်မာပြည် အရေးမှာ


ဒါဟာ ထူးခြားတဲ့ တိုးတက်ပြောင်းလဲမှုတခု ဖြစ်တယ်လို့ ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma
Campaign UK အဖွဲ့က ညွှန်ကြားရေးမှူး မာ့ခ် ဖာမနာ (Mark Farmaner) က ပြောပါတယ်။

“စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့နိုင်ဖို့ ကြိုးစားနေကြတဲ့ အထဲမှာ ဒါဟာ အင်မတန် ထူးခြားတဲ့ ပြောင်းလဲမှုတခုလို့


ကျနော်တို့ ယူဆပါတယ်။ အမေရိကန်က နိုင်ငံရေးအင်အား ပိုရှိတော့ ဒီလို ထောက်ခံလိုက်ပြီဆိုတော့ တိုးတက်မှုတွေ
ဖြစ်ပေါ်ဖို့ ကျနော်တို့ စတင် လုပ်ဆောင်နိုင်ပါပြီ။ ကော်မရှင် ဖွဲ့စည်းဖို့ကိစ္စ တိတ်တဆိတ် ထောက်ခံလိုတဲ့သူတွေ ရှိပေမဲ့
ရှေ့က ဦးဆောင်တဲ့ အခန်းကဏ္ဍကနေ ထွက်မလုပ်ချင်တဲ့ နိုင်ငံတွေ အများကြီး ရှိတယ်ဆိုတာ ကျနော်တို့ သိပါတယ်။
အခု အမေရိကန် ပါလာပြီဆိုတော့ သူတို့လည်း လူသိရှင်ကြား ထောက်ခံလာကြလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

ကုလသမဂ္ဂ အထွေထွေ ညီလာခံကို လာမယ့် စက်တင်ဘာလအတွင်း နယူးယောက်မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ မစ္စတာ


ကင်တားနား အနေနဲ့ အဲဒီ အထွေထွေ ညီလာခံမှာ တင်ပြနိုင်ဖို့ အစီရင်ခံစာကို အခု စတင် ရေးသားနေပြီး
အောက်တိုဘာလ ၂၀ ရက်နေ့မှာ တင်သွင်းမယ်လို့ ဆိုပါတယ်။

ဘယ်လို ကော်မရှင်မျိုး ဖွဲ့စည်းဖြစ်မယ် ဆိုတာကတော့ အဖွဲ့ဝင်နိုင်ငံ အသီးသီးရဲ့ တုံ့ပြန်လာမှုတွေ၊ တင်ပြချက်တွေကို


စောင့်ကြည့်ပြီးမှ အများသဘောတူ ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

Source:http://www1.voanews.com/burmese/news/quintana-myanmar-us-100987344.html

(၅) သိန်း တန် ဖုန်း အငှားဈေးကွက် ပေါ်ပေါက်


မျိုးဝင်းဇော် / ၁၈ သြဂုတ် ၂၀၁၀

ရန်ကုန်နှင့် မန္တလေးမြို့အတွင်း အသုံးပြု၍ရသည့် ကျပ် (၅) သိန်းတန် 800 MHz ဝိုင်ယာလက်စ် ဖုန်းများကို စစ်အစိုးရက
ကျယ်ကျယ်ပြန့်ပြန့် ချပေးနေသော်လည်း ကျပ် (၅) သိန်း မသုံးစွဲနိုင်သူများအတွက် ဖုန်းအငှားဈေးကွက်
ပေါ်ပေါက်နေသည်။

အလုံမြို့နယ်မှ ဖုန်းငှားစားသူတဦးက “အခု အစိုးရက (၅) သိန်းတန် ဖုန်းတွေကို လွယ်လွယ်ကူကူ ချပေးနေတယ်။


ဒါပေမယ့် ဖုန်းလည်း လိုအပ်နေပြီး ကျပ် (၅) သိန်းလည်း မတတ်နိုင်တဲ့သူတွေက အများကြီး ရှိနေသေးတယ်။ ဒါကြောင့်
ဖုန်းဝယ်ပြီး ငှားစားတဲ့သူတွေ၊ ဖုန်းကို ငှားပြီး သုံးတဲ့သူတွေ ပေါ်လာတယ်။ လက်ရှိ ပေါက်ဈေးက အဲဒီဖုန်းကို ငှားရင်
စဘော်ငွေ ကျပ် (၁) သိန်း ပေးထားရမယ်။ လစဉ်ကြေးက (၁) လ ကျပ် (၂) သောင်း၊ ဖုန်းပြောခကိုတော့
ဖုန်းငှားသုံးတဲ့သူက သူ့ဘာသာသူ ငွေဖြည့်ကတ် Prepaid Top-up Card တွေ ထည့်ပြီး သုံးရုံပဲ” ဟု ရှင်းပြသည်။
အချို့ ဖုန်းငှားစားသူများသည် ကျပ် သိန်း (၅ဝ) ရင်းပြီး ဖုန်း (၁ဝ) လုံးခန့် ဝယ်ထားကြကြောင်း၊ ဖုန်းငှားခ ဝင်ငွေသည် (၁)
လ ကျပ် (၂) သိန်းခန့် ရှိခြင်းကြောင့် မိသားစုတစုအတွက် သင့်တော်သည့် ဝင်ငွေဖြစ်ကြောင်း၊ ငွေတိုးအားဖြင့် (၁) လ (၄)
ရာခိုင်နှုန်းတိုးနှင့် ညီမျှကြောင်း ၎င်းက ပြောသည်။

လွန်ခဲ့သည့် (၈) နှစ်ဝန်းကျင်ခန့်က ထိုင်းနိုင်ငံတွင် ဘတ်ငွေ ၁၅ဝ (မြန်မာငွေ ကျပ် ၅,ဝဝဝ ခန့်) ပေးရသည့် ဂျီအက်စ်အမ်
ဆင်းကတ်တခုကို မြန်မာနိုင်ငံ မှောင်ခိုဈေးကွက်၌ ကျပ်သိန်း (၄ဝ) ကျော် ဈေးပေါက်ခဲ့သည်။ ယင်းတန်ဖိုးမှာ
သာမန်အဆင့် တိုက်ခန်းတခန်း ဝယ်နိုင်သည့် ငွေပမာဏနှင့် ညီမျှသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လုပ်ငန်းကို စစ်အစိုးရကသာ တဦးတည်းလုပ်ကိုင်ခဲ့ပြီး အစိုးရဈေးထက်


မှောင်ခိုဈေးကွက်တွင် အဆမတန်ပိုရသော ဖုန်းထုတ်ခွင့် ပါမစ်များကို စစ်အစိုးရအရာရှိများက ပြန်လည်ရောင်းချခြင်းဖြင့်
ငွေကြေး အကျိုးအမြတ် ရရှိခဲ့ကြသည်။

တဖက်တွင်မူ လုပ်ငန်းသဘောအရ ဖုန်းကိုင်ရန်လည်းလို ငွေလည်း မတတ်နိုင်သူများ ရှိလာသည့်အတွက် ဖုန်းငှားစားသည့်


ဈေးကွက် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ထိုအချိန်က ဂျီအက်စ်အမ် ဆင်းကတ် ငှားရန် ကျပ်ငွေ (၂) သိန်း စဘော်တင်ရပြီး (၁) လ (၅) သောင်းနှုန်းဖြင့် (၆) လစာ
တပြိုင်နက်တည်း ပေးချေရသောကြောင့် ဆင်းကတ်စတင် ငှားရမ်းသူများသည် ပွဲစားခအပါအ၀င် ကျပ် (၅) သိန်းကျော်
ကုန်ကျသည်။

အဆိုပါ ဂျီအက်စ်အမ် ဖုန်းများ၏ ဈေးနှုန်းမှာ ပြင်ပပေါက်ဈေးတွင် ကျပ်သိန်း (၄ဝ) ကျော်ရှိနေရာမှ နောက်ပိုင်း ဖုန်းချပေးမှု
များလာသည့်အတွက် ကျပ် (၁၆) သိန်းခန့်အထိ ဈေးပေါက်ခဲ့ပြီး (၅) သိန်းတန်ဖုန်း အများအပြား ထုတ်ပေးသည့်
ယခုအချိန်တွင်မူ ကျပ် (၁၁) သိန်း ဝန်းကျင်ခန့်သာ ပေါက်ဈေးရှိသည်။ သို့သော် အစိုးရ သတ်မှတ်ဈေးမှာ လက်ရှိ ကျပ်
(၁၅) သိန်း သတ်မှတ်ထားဆဲ ဖြစ်သည်။

လောလောဆယ် စစ်အစိုးရ စာရင်းဇယားများအရ ဂျီအက်စ်အမ် ဖုန်း (၄) သိန်း (၈) သောင်းကျော်နှင့် ကျပ် (၅) သိန်းတန်
စီဒီအမ်အေ ဖုန်း (၁) သိန်း (၅) သောင်းကျော် ချထားပေးပြီးဖြစ်ကြောင်း သိရသည်။

ကျပ် (၅) သိန်းတန် ဖုန်းများကို စစ်အစိုးရ မြန်မာ့ဆက်သွယ်ရေးနှင့် ဦးတေဇပိုင် အီလိုက်တက်ခ် ကုမ္ပဏီ ပါဝင်သည့်
ရတနာပုံ တယ်လီပို့ ကုမ္ပဏီ ဖက်စပ်သဘော ပူးပေါင်းထုတ်လုပ်ခြင်းဖြစ်သည်။

ယခု အငှားဈေးကွက် ဖြစ်နေသည့် ကျပ် (၅) သိန်းတန် ဖုန်းများမှာ မူရင်းထုတ်ပေးသည့် မြို့ဧရိယာအတွင်း၌သာ သုံးနိုင်ပြီး
အခြားမြို့များတွင် အသုံးမပြုနိုင်ပေ။

Source:http://khitpyaing.org/index.php?route=detail&id=3545

KNP ပါတီဝင်ဦး ရေ ကော်မရှငသ


ို့ တင်ပြပြီး
ကယန်းလူမျိုးများ ကိုယ်စားပြုပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ရရှိထားသော
ကယန်းအမျိုးသားပါတီ KNP သည် ၎င်းတို့ ပါတီဝင်အင်အားစာရင်းများကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏
သတ်မှတ်ရက်အတွင်း ကော်မရှင်သို့ လာရောက်တင်ပြပြီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့က ကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ ထုတ်ပြန်ကြေညာချက်အရ တိုင်းဒေသကြီး
(သို့မဟုတ်) ပြည်နယ်တခုအတွင်း၌ ကိုယ်စားပြုမည့် နိုင်ငံရေးပါတီသည် နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ရရှိသည့် နေ့ရက်မှ
စ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀ ကို စည်းရုံးရမည် ဖြစ်သည်။

KNP ကယန်းစာပေနှင့် ယဉ်ကျေးမှု ပါဝင်ဦးဆောင်ခဲ့သူ ဦးယူဂျင်း


KNP သည် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၃ (က)နှင့်အညီ ၎င်းတို့ စည်းရုံးရရှိထားသော
ပါတီဝင်အင်အားစားရင်းများကို ကော်မရှင်သို့ လာရောက်တင်ပြခဲ့ပြီဖြစ်ကြောင်း ပြီးခဲ့သည့် ၁၄ ရက်နေ့ထုတ်
မြန်မာ့အလင်း နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြထားသည်။

ကော်မရှင်မှ သတ်မှတ်ထားသည့် ပါတီဝင်ဦးရေ ရရှိရန်အတွက် KNP သည် ကယန်းလူမျိုးများ အများစု နေထိုင်ရာ


ရှမ်းပြည်တောင်ပိုင်းရှိ ဖယ်ခုံမြို့နယ်၊ ပါလောင်းမြို့နယ်မြောက်ဘက်၊ ပျဉ်းမနားမြို့နယ် အရှေ့ဘက်နှင့် ကရင်နီပြည်ရှိ
ဒီးမော့ဆိုမြို့နယ်တို့တွင် လိက
ုလံစည်းရုံးခဲ့ပြီး ကော်မရှင်သို့ တင်ပြထားခဲ့ကြောင်း ကယန်းမျိုးဆက်သစ်လူငယ် KNGY
အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဇာနည်က ပြောသည်။

KNP ပါတီထူထောင်ခါစက အဖွဲ့ဝင်ပါတီအင်အား မရှိခဲ့သော်လည်း နောက်ပိုင်းတွင် ကယန်းအမျိုးသားလူငယ်များနှင့်


မြို့နယ်၊ ရပ်ရွာရှိ လူထုခေါင်းဆောင်များကို လိုက်လံစည်းရုံးခဲ့ကြောင်း၊ သို့သော် ပါတီဝင်အင်အား မည်မျှ
စည်းရုံးနိုင်ခဲ့ခြင်းကို အတိအကျ မသိရရှိရကြောင်း ဆိုသည်။

“ပထမတုန်းက သူတို့ဟာ လူအင်အား၊ သတ်မှတ်တဲ့ လူအင်အား မရှိသေးဘူးပေါ့နော့်။ နောက်ပိုင်းပေါ့ သူတို့


ပြန်စုထားတာ၊ သူတို့ ပြန်ခေါ်တယ်။ တချို့ KNYO ရဲ့ လူ၊ ကယန်းအမျိုးသားလူငယ်တချို့ ပြန်ခေါ်တယ်လို့ ပြောတယ်။
နောက်ပြီးမှ သူတို့ ဒီရပ်ရွာ၊ သက်ဆိုင်ရာ အုပ်စုခေါင်းဆောင် ခေါ်ပြီးတော့မှ သူတို့ ပါတီဝင်အဖြစ် ပြောရပေါ့နော့်
ခေါ်ယူတယ်။ အစည်းအဝေးတွေ ပြုလုပ်တယ်” ဟု ဇာနည်က ပြောပါသည်။

KNP အား ကယန်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့တွင် ပါဝင်ဦးဆောင်ခဲ့သူ ဦးယူဂျင်း ဦးဆောင်ပြီး ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့၊
ညောင်ကုန်း ၃ ရပ်ကွက်၊ သိုင်းဗဟန်လမ်း၊ အမှတ် (ည/၁၂၅) တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားသော အဖွဲ့ ဖြစ်သည်။

KNP ပါတီသည် နိုင်ငံရေးပါတီ တည်ထောင်ခွင့် ရရှိရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပြီးခဲ့သည့်


ဧပြီလအတွင်းတွင် ပါတီလျှောက်ထားခဲ့ပြီး မေလ ၂၀ ရက်နေ့တွင် နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ရရှိခဲ့သည်။

ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဟု ကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပြီး


သြဂုတ်လ ၁၇ ရက်နေ့အထိ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် ရရှိထားသော ပါတီ ၄၀ ရှိရာ သတ်မှတ်ရက်အတွင်း
ပါတီဝင်အင်အားစာရင်း တင်ပြပြီးသည့် ပါတီမှာ ၁၆ ပါတီ ရှိပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Source:http://ktimes.org/news/regional/item/699-knp-

၂၀၁၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုကြောင်း ကနေဒါမှ


ကရင်နအ
ီ ဖွက
ဲ့ ဆို
၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျရောက်မည့် စစ်အစိုးရ၏ ရွေးကောက်ပွဲသည် ၂၀၀၈ အခြေခံဥပဒေကို
ပြန်လည်ပြင်ဆင်မှု မရှိသည့်အပြင်၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် အတိုက်အခံ ခေါင်းဆောင်များကို
ညှိနှိုင်းတိုင်ပင်ဆွေးနွေးမှု မရှိသည့်အတွက် ရွေးကောက်ပွဲကို အသိအမှတ် မပြုနိုင်ကြောင်း ကနေဒါရောက်
ကရင်နီလူမှုအသိုင်းအ၀န်းက ဆိုသည်။
“ဘာဖြစ်လို့လဲဆိုရင် နိုင်ငံတကာ အသိုင်းအ၀ိုင်းမှာကော၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းဆိုတာထက် ကျနော်တို့
ပြည်တွင်းမှာကော၊ တကယ်ရင်ဆိုင်ခံစားနေရတဲ့ ပြည်သူတွေရဲ့ ဘ၀ကို ဘာမှ အပြောင်းအလဲ ဖြစ်မှာ မမျှော်လင့်ပါဘူး။
အဒီလိုပဲ တကယ်တမ်း ကြိုးစားရမှာလည်း အခုလာမဲ့ ရွေးကောက်ပွဲ ပြီးသွားရင် အစိုးရအသစ်မှာ ဖြစ်စေမယ်လို့
မျှော်လင့်ချက်ပေးပြီ။ နိုင်ငံရေး တွေ့ဆုံမှုတွေ၊ တည်ငြိမ်ချမ်းမှုတွေ မတည်ဆောက်တရွေ့တော့ ကျနော်တို့ ပြည်သူတွေရဲ့
စားဝတ်နေရေးနဲ့ ပြည်သူတွေရဲ့ စီးပွားရေးစနစ်ကိုလည်း ဘာမှ လုပ်ပေးနိုင်မှာ မဟုတဘ
်ူး။ ဒါကြောင့်မို့လည်း လွတ်လပ်တဲ့
တရားမျှတမှု မရှိတဲ့ ရွေးကောက်ပွဲကို ကျနော်တို့ အသိအမှတ် မပြုနိုင်ဘူး”ဟု ကရင်နီအမျိုးသား လူမှုအသိုင်းအ၀န်း
ကနေဒါအဖွဲ့ KNCC မှ ပြောရေးဆိုခွင့်ရှိသူ ခွန်းမျိုးမင်းလတ်က ပြောပါသည်။

စစ်အစိုးရသည် နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်တွင် သင့်မြတ်သော နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများကို


ကြိုးပမ်းမည့်အစား စစ်ရေးနှင့် ဖြေရှင်းခြင်း၊ တိုင်းရင်းသားများအပေါ် လူသားမဆန်သည့် လုပ်ရပ်များ
ဆောင်ရွက်နေသည့်အတွက်ကြောင့် လာမည့် ရွေးကောက်ပွဲသည် တရားမျှတမှုနှင့် လွတ်လပ်မှုတို့ကို
လျှပ်လှူရှုထားသည်ဟု KNCC မှ ယနေ့ ၁၇ ရက် ထုတ်ပြန်ကြေညာချက်တွင် ရေးသားထားသည်။
ကရင်နီအမျိုးသား လူမှုအသိုင်းအ၀န်း ကနေဒါအဖွဲ့ KNCC မှ
ပြောရေးဆိုခွင့်ရှိသူ ခွန်းမျိုးမင်းလတ်

ရွေးကောက်ပွဲအပြီး အစိုးရအသစ်ကိုလည်း အယုံအကြည်


မရှိနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် တိုင်းရင်းသား
တော်လှန်ရေး အင်အားစုများနှင့် ဆွေးနွေးမှု မရှိခြင်း၊
ဒုက္ခသည်များနှင့် ရွေ့ပြောင်းအလုပ်သမားများကိုလည်း
ပြန်လည်နေရာချထားရန် အကောင်အထည် ဖော်နိုင်မှုများ
မရှိခြင်းတို့ကြောင့် ဖြစ်သည်ဟု ခွန်းမျိုးမင်းလတ်က ပြောသည်။

လာမည့် ရွေးကောက်ပွဲတွင် စစ်အစိုးရပါတီများ


ပြန့်ပွားနေသည့်အတွက် ထူးခြားသည့် ပြောင်းလဲမှု တစုံတရာ မရှိနိုင်ကြောင်း၊ အမှန်တကယ် ပြောင်းလဲမှု လိုအပ်ပါက
နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုများ လျှော့ချရန်၊ အခြားသော လူ့အခွင့်အရေးများ စောင့်ထိန်းရန်နှင့် တိုင်းရင်းသား
တော်လှန်ရေး အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရန် လိုအပ်သည်ဟု ကရင်နီလူမှုအဖွဲ့အစည်းများက ဆိုသည်။

“ဒီရွေးကောက်ပွဲက ထွက်လာမည့် ရလဒ်ကတော့ စစ်အာဏာ ဆက်လက်တည်မြဲဖို့ဆိုတာ ယုံမှားစရာ မဖြစ်မိဘူး။


စစ်အစိုးရရဲ့ တရားဝင် အစိုးရ ဖြစ်လာဖို့ကတော့ နိုင်ငံတကာရဲ့ အဆုံးအဖြတ်အပေါ် မူတည်တယ်။ သူတို့ကတော့
တရားဝင် ဖြစ်လာဖို့အတွက် ကြိုးစားတာက ရှင်းတယ်လေ။ ဒီရွေးကောက်ပွဲကို ဘမ်းပြပြီးတော့ တရားဝင် လူထုတွေကို
စိတ်ကြိုက် နှိပ်စက်လို့ ရသွားတာပေါ့” ဟု ကရင်နီအမျိုးသား လူငယ်အစည်းအရုံး KNYO ဥက္ကဌ စမ်းရှိုင်းက ပြောပါသည်။
KNCC အဖွဲ့သည် ကရင်နီအပစ်ရပ်အဖွဲ့များအား စောင့်ကြည့်နေသောအဖွဲ့ ဖြစ်သလို ကရင်နီပြည်တွင်းရေးရာများကို
သုတေသနပြုနေသောအဖွဲ့တခု ဖြစ်သည်။

Source:http://ktimes.org/news/regional/item/692-

KSPP မှတပ
် တ
ုံ င္ရရိေ
ွ ရး KIO လိင
ု ဇ
်ာ ကြေငြာချက်ပေါ် မူတည်ေ
် န
Tuesday, 17 August 2010 22:52 KNG

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကချင်ပြည်နယ်တိုးတက်ရေးပါတီ (KSPP) အား ပါတီမှတ်ပုံတင်ချပေးရေးသည်


ယခု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) လိုင်ဇာအစည်းအဝေး ကြေငြာချက်ပေါ် မူတည်နေကြောင်း သိရသည်။

ကေအိုင်အို သည် ၎င်း၏ ရှေ့နိုင်ငံရေးလမ်းစဉ်အပြောင်းအလဲကိစ္စနှင့်ပတ်သက်၍ သြဂုတ် ၁၄ မှ ၁၆ ထိ ကချင်ပြည်နယ်၊


တရုတ်-မြန်မာနယ်စပ်အနီး လိုင်ဇာဌာနချုပ်တွင် ကချင်လြူ ကီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ကြေငြာချက်ထုတ်ပြန်ရန်
ပြင်နေကြောင်း သိရသည်။

လိုင်ဇာအစည်းအဝေး မတိုင်မီကတည်းက ကေအိုင်အို သည်


၎င်း၏ရပ်တည်ချက်သဘောထား (၃) ချက် ကို မြန်မာစစ်အစိုးအား
ကြိုအကြောင်းကြားခဲ့သည်။ ယင်းတွင် ကေအိုင်အို က
အသွင်ကူးပြောင်းရေးကို မူအားဖြင့် လက်ခံခြင်း၊ ထာဝရငြိမ်းချမ်းရေးကို
မြတ်နိုးခြင်း၊ ပြည်ထောင်စုမှခွဲထွက်မည်မဟုတ်ခြင်း နှင့်
ရွေးကောက်ပွဲကိုလည်း ကန့်ကွက်မည်မဟုတ်ကြောင်းတို့ပါကြောင်း
ကေအိုင်အို အရာရှိများမှ သိရသည်။

ကချင်ပြည်နယ်တိုးတက်ရေးပါတီ ခေါင်းဆောင် KSPP အား ရွေးကောက်ပွဲကော်မရှင်မှ ပါတီမှတ်ပုံတင် ချပေးနိုင်ဖွယ်ရှိ


ဒေါက်တာတူးဂျာ။ ဓါတ်ပုံ - မရှိနှင့်ပတ်သက်ပြီး ပါတီခေါင်း ဆောင် ဒေါက်တာတူးဂျာက “ကေအိုင်အို
တောပြန်ခိုမယ်ဆိုရင်တော့ ငါတို့ကို မပေးတော့ဘူး။ သူတို့အသွင်ကူးပြောင်းလာရင်တော့ ပေးမယ်။ အဲဒါကြောင့်
လိုင်ဇာအစည်းအဝေးကိုစောင့်နေတာ ဟုတ်တယ်” ဟု ပြောသည်။

ဒေါက်တာတူးဂျာ က ဆက်ပြီး “လိုင်ဇာစည်းဝေးရဲ့အဖြေက သူတို့ (ကေအိုင်အို) အသွင်ကူးပြောင်းဖို့ မူအားဖြင့်


သဘောတူထားပြီးဖြစ်တယ်။ ပါတီမှတ်ပုံတင် ပေးမယ်ဆို ပေးလို့ရပြီပဲ။ ဒီတစ်ပတ်တော့ စောင့်ကြည့်လိုက်မယ်” ဟု
ပြောသည်။

ကေအိုင်အိုသည် စစ်အစိုးရ တင်ပြသည့် နယ်ခြားစောင့်တပ်ပြောင်းလဲရေးကို ငြင်းဆိုခဲ့ပြီး တဖွဲ့လုံး


အသွင်ကူးပြောင်းရေးကိစ္စ နှစ်ဖက်နိုင်ငံရေးဆွေးနွေးရန် စစ်အစိုးရသို့ တင်ပြခဲ့သော်လည်း လက်ခံခြင်းမရှိပါ။

ပြီးခဲ့သည့် ဧပြီ နှင့် ဇူလိုင်လကြား KSPP ပါတီခေါင်းဆောင်များသည် နေပြည်တော် သို့သွားရောက်ပြီး


ရွေးကောက်ပွဲကော်မရှင် အရာရှိများနှင့် သုံးကြိမ်တိုင်တိုင်တွေ့ဆုံ၍ ပါတီမှတ်ပုံတင်ရရှိရေး ကြိုးပမ်း ခဲ့သော်လည်း
မအောင်မြင်ပါ။

ကေအိုင်အို ဒု-ဥက္ကဌ ဟောင်း ဒေါက်တာတူးဂျာ ဦးဆောင်သည့် KSPP သည် နယ်ခြားစောင့်တပ်ကို ငြင်းဆန်ခဲ့သည့်


ကေအိုင်အို နှင့် ဆက်စပ်နေသည်ဟု သတ်မှတက
်ာ ပါတီအားလက်ခံရန် ကော်မရှင်က ငြင်းဆန်နေခြင်းဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၏ကိုယ်စား ဦးမြင့်နိုင် သည် သြဂုတ် ၁၁ မှ ၁၃ ရက်ထိ


မြစ်ကြီးနားသို့လာရောက်စဉ် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်နှင့်သာ တွေ့ဆုံခဲ့ပြီး ပြန်ခေါက်သွား ကြောင်းသိရသည်။

စောစောပိုင်းက ကော်မရှင် ဥက္ကဌ ဦးသိန်းစိုး သူကိုယ်တိုင် မြစ်ကြီးနားသို့လာရောက်ပြီး KSPP ခေါင်းဆောင်များနှင့်လည်း


တွေ့ဆုံရန်စီစဉ်ထားကြောင်း KSPP အရာရှိများပြောပါသည်။

KSPP သည် တရားဝင်ပါတီ မဖြစ်သေးသော်လည်း ကော်မရှင် ဥက္ကဌ၏ နှုတ်အားဖြင့်ခွင့်ပြုချက်အရ ကချင်ပြည်နယ်တွင်


လူထုမဲဆွယ်စည်းရုံးခြင်းကို ပြီးခဲ့သည့် ဇူလိုင် နောက်ဆုံးပတ်မှ ပြန်လုပ်နေပါသည်။
Source:http://kachinnews.com/burmese/2010-01-18-05-43-21/239-kspp-kio-.html

You might also like