You are on page 1of 18

နိင

ု င
်ေ
ံ ရးအကျဉ်းသားအားလံုး ရွေးကောက်ပွဲမတုင
ိ ခ
် င် လွှတေ
် ပးရန်
ကင်တားနား ပြောကြား
2010-08-17

ရွေးကောက်ပွဲ ကျင်းပဖို့ ရက်နီးလာပေမယ့် စစ်အစိုးရဟာ နိုင်ငံတကာ လူ့အခွင့်အရေး ပြဌာန်းချက်တွေကို


လိုက်နာတာမျိုး မတွေ့ရဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomos Ojea
Quintana က သြဂုတ် ၁၇ ရက် ဒီကနေ့ ဝေဖန် ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနား (အလယ်) ထိုင်း-


မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း ပြခန်းသို့ ၂၀၀၉ ခုနှစ်က
သွားရောက်လေ့လာစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AAPP)

ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ်လို့ စစ်အစိုးရက ကြေညာလိုက်တဲ့အတွက် ၂၀၁၀ခုနှစ်


အတွင်း ရွေးကောက်ပွဲ ပြုလုပ်ပေးမယ်ဆိုတဲ့ ကတိတည်ရာ ရောက်ပေမယ့် လူအများ လက်ခံနိုင်တဲ့ ရွေးကောက်ပွဲ
ဖြစ်ဖို့ လိုအပ်တယ်လို့ မစ္စတာ ကင်တားနားက RFA ကို ပြောပါတယ်။

လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ တာဝန်ရှိတဲ့ မြန်မာနိုင်ငံအနေနဲ့ အခုကျင်းပမယ့် ရွေးကောက်ပွဲအတွက်


လွတ်လပ်စွာ ဖော်ပြခွင့် အထူးသဖြင့် လွတ်လပ်စွာ စုရုံးခွင့် စတာတွေကို စစ်အစိုးရအနေနဲ့ အာမခံချက်
ပေးသင့်ပါတယ်။ ဒါအပြင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ရွေးကောက်ပွဲမတိုင်ခင် လွှတ်ပေးဖို့လည်း
လိုအပ်ပါတယ်လို့ ပြောသွားတာပါ။

မစ္စတာကင်တားနားဟာ လာမယ့် အောက်တိုဘာလမှာ မြန်မာနိုင်ငံက လူ့ အခွင့်အရေး အခြေအနေတွေ


တင်ပြနိုင်ဖို့အတွက် ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက ထိုင်းနိုင်ငံမှာ ရှိတဲ့ လူ့အခွင့်အရေးနဲ့ အမျိုးသမီး
အခွင့်အရေးအတွက် လှုပ်ရှားနေတဲ့ မြန်မာအဖွဲ့ အစည်းတွေကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။ အလားတူပဲ
အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စတဲ့ ဒေသတွင်း နိုင်ငံတွေက လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံပြီး
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာဖို့ ကိစ္စကို ဆွေးနွေးခဲ့ကြတယ်လို့
မစ္စတာကင်တားနားက ဆိုပါတယ်။

လာမယ့် အောက်တိုဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး


အခြေအနေကို မစ္စတာ ကင်တားအနေနဲ့ အစီရင်ခံတင်ပြဖို့ ရှိပြီး လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေး ကော်မရှင်
ဖွဲ့စည်းဖို့ကိစ္စကို အလေးပေး တိုက်တွန်းဖို့ ရှိတယ်လို့ သိရပါတယ်။

Source:http://www.rfa.org/burmese/news/quintata_asks_for_freedom_of_prisoners-08172010151608
.html
ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ပေးရန် UDP ပါတီ တောင်းဆို
2010-08-17

ရွေးကောက်ပွဲ ဝင်မဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းရမဲ့ ၂ ပတ်ကျော် ကာလ


ကန့်သတ်ချက်တခု ဖြစ်နေသလို ၊ တဦးကို ကျပ်ငွေ ၅ သိန်းဆိုတဲ့ ငွေကြေးပမာဏဟာ ပါတီအများစုကို
ရွေးကောက်ပွဲ ဝင်မပြိုင်နိုင်အောင် ကန့်သတ်ထားသလို ဖြစ်နေတာကြောင့် အဲဒီအချက်တွေကို အမြန်ဆုံး
ပြင်ဆင်ပေးဖို့ UDP လို့ ခေါ်တဲ့ ပြည်ထောင်စု ဒီမိုကရေစီ ပါတီက စစ်အစိုးရကို ဒီကနေ့ သြဂုတ်လ ၁၇ ရက်မှာ
တောင်းဆိုလိုက်ပါတယ်။

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ကြေညာသည့် သတင်းနှင့် ဥပဒေဆိုင်ရာ အချပ်ပိုများကို မတ်လ ၉


ရက်နေ့က လမ်းပေါ်တွင် ပုံရောင်းနေခြင်း ဖြစ်ပါသည်။ (Photo: AFP)

ရန်ကုန်မြို့UDP ပါတီဌာနချုပ်မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ ပါတီ အရေးပေါ် အစည်းအဝေးကနေ အခုလို တိုက်တွန်း


တောင်းဆိုလိုက်တာ ဖြစ်ကြောင်း သိရပါတယ်။

စစ်အစိုးရရဲ့ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပြဌာန်းချက် ပုဒ်မ ၁၀ ၊ ၄၀-က၊ ၃၆ တို့အရ မဲဆန္ဒ


နယ်မြေတခုအတွင်း အခြားဝင်ပြိုင်သူ မရှိပဲ ကိုယ်စားလှယ်တဦးတည်းသာ အမည်စာရင်း တင်သွားခဲ့မယ်ဆိုရင်၊ အဲဒီ
လွှတ်တော်ကိုယ်စားလှယ်ကို ဆန္ဒမဲ ခံယူစရာမလိုပဲ အလိုအလျောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်
တင်မြောက်ရမယ်လို့ ပြဌာန်းထားချက်နဲ့ ၊ ကိုယ်စားလှယ်တဦးစီအတွက် ကျပ် ၅ သိန်း တက်သုတ်ရိုက် သွင်းရမဲ့
အခြေအနေတွေကို ဆက်စပ်ကြည့်ရင် စစ်အစိုးရက ရွေးကောက်ပွဲကို မမျှမတ ဖြစ်အောင်လုပ်ဖို့ ကြိုးစားနေတာ
ထင်ရှားကြောင်း UDP ပါတီက သုံးသပ်တယ်လို့ ဥက္ကဋ္ဌ ဦးသိန်းဌေးက ပြောပါတယ်။

“ဤသို့ဆိုလျှင် သက်ဆိုင်ရာ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၄၁ (က) အရ လွှတ်တော်အသီးသီး မဲဆန္ဒနယ် အများစုတွင်


လွှတ်တော် ကိုယ်စားလှယ်လောင်း ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းနိုင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် ယင်းမဲဆန္ဒနယ်များအတွက် ရွေးကောက်ပွဲ ကျင်းပခြင်း
ပြုရန် မလိုအပ်တော့ပဲ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ကြောင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်
ကော်မရှင် အဖွဲ့ခွဲက ကြေညာရမည်ကဲ့သို့ ဖြစ်လာနိုင်ပါသည်။”

“ထိုအခါ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဟုတ်မဟုတ်၊ ရွေးကောက်ပွဲ ရလဒ်ကို လက်ခံနိုင်မှု ရှိမရှိနှင့်


ပတ်သက်၍ အငြင်းပွားစရာ ဖြစ်လာနိုင်ပါသည်။ ယခုအခါ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ၏ ဗဟို အလုပ်အမှုဆောင်
အဖွဲ့သည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်ပေါ်ရန် ယုံကြည်မှု အလွန် အားနည်းလာပါသည်။”

ဒါ့အပြင် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာစေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း


တင်သွင်းရမဲ့ ရက်နဲ့ ငွေပမာဏကို ပြင်ဆင်ပေးဖို့ စစ်အစိုးရကို တောင်းဆိုလိုက်ကြောင်း UDP ပါတီ ဥက္ကဌ
ဦးသိန်းဌေးက ရှင်းပြပါတယ်။

“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို


ရှေ့ရှုလျက် နိုင်ငံရေးပါတီများအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းခြင်း၊ စိစစ်ခြင်း၊
ရုပ်သိမ်းခြင်းတို့နှင့် ပတ်သက်၍ လုံလောက်သော အချိန် စက်တင်ဘာလသို့ ပြင်ဆင် ပြောင်းလဲ သတ်မှတ်ပေးရန်နှင့်
ရွေးကောက်ပွဲ ဝင်ခွင့် မှတ်ပုံတင်ကြေးများ များပြားလွန်းပါသဖြင့် ကျပ် တသိန်းသို့ ပြင်ဆင် ပြောင်းလဲ
သတ်မှတ်ပေးရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။”

အခုလို အခြေအနေတွေကြောင့် UDP ပါတီဟာ တနိုင်ငံလုံး အတိုင်းအတာအရ ပြည်သူ့လွှတ်တော် ကိယ


ုစားလှယ် ၃
ဦးသာ ဝင်ရောက် ယှဉ်ပြိုင်တော့မယ်လို့ ၂ရက်ကြာကျင်းပခဲ့တဲ့ ပါတီအရေးပေါ် အစည်းအဝေးမှာ ဆုံးဖြတ်ကြကြောင်း
သိရပါတယ်။

Source:http://www.rfa.org/burmese/news/UDP_party_requests_election_law_amendments-08172010
134102.html

စစ်အစိုး ရ၏ရွေးကောက်ပွဲအခြေအနေ ကနေဒါစိုး ရိမ်


2010-08-17

မြန်မာ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ဖိနှိပ်ထားတဲ့ အခြေအနေအောက်မှာ ကျင်းပပြုလုပ်မဲ့ ရွေးကောက်ပွဲ


ဖြစ်သွားမှာကို အထူးစိုးရိမ်မိကြောင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လောရင့်စ် ကဲင်နွန်က
ပြောကြားလိုက်ပါတယ်။

၁၉၉၀ အထွေထွေ ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် အနိုင်ရရှိသော နှစ် ၂၀


မြောက် အထိမ်းအမှတ်အဖြစ် မေလ ၂၇ ရက်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် စစ်အစိုးရ၏ ၂၀၁၀
ရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: AFP)

မြန်မာစစ်အစိုးရဟာ ကတိပြုထားတဲ့အတိုင်း ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်နေတာကို ကြိုဆိုပေမဲ့ နိုင်ငံတကာ


စံနှုန်းတွေအတိုင်း မဟုတ်ပဲ ဖိနှိပ်ခြိမ်းခြောက်မှုတွေအောက်မှာ ကျင်းပသွားမှာကို အထူးစိုးရိမ်ကြောင်း၊
မြန်မာပြည်သူတွေဟာ အကြမ်းဖက် ခြိမ်းခြောက်မှုတွေကို ကြောက်လန့်မနေရပဲ သူတို့ရဲ့ ကိုယ်ပိုင် ဆန္ဒကို
ထုတ်ဖော်ခွင့် ရထိုက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ
လွှတ်ပေးပြီးတော့ တိုင်းရင်းသားလူမျိုးစုတွေ အပါအဝင် ဒီမိုကရေစီအင်အားစုတွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုကို
ဖော်ဆောင်ဖို့၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကို ကတိပြုထားတဲ့အတိုင်း ကျင်းပဖို့ စစ်အစိုးရကို တိုက်တွန်းကြောင်း
ကနေဒါ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသွားပါတယ်။

Source:http://www.rfa.org/burmese/news/canada_concerns_over_junta_election-08172010102425.ht
ml

ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပါမှ တရားမျှတမည်ဟု


ကိေ
ု ဌးႂကြယေ
် ပြာ
ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါဝင်သင့်သူများ အားလုံး ပါဝင်နိုင်မှသာ လွတ်လွပ်ပြီး
တရားမျှတသော ရွေးကောက်ပွဲ တခုဖြစ်မည်ဟု ၈၈ ကျောင်းသား ခေါင်းဆောင် နိုင်ငံရေး အကျဉ်းသား
တဦးဖြစ်သည့် ကိုဌေးကြွယ်ကပြောဆို လိုက်သည်။
“ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါရင်
နိုင်ငံတကာမှာ နောက်ထပ် စကားပြောစရာ၊
ရှုပ်စရာတွေ ပေါ်လာတာက လွဲလို့ ဘာမှ ထူးခြားမှာ
မဟုတ်ဘူး” ဟု ရခိုင်ပြည်နယ် ဘူးသီးထောင်တွင်
နိုင်ငံရေး အကျဉ်းသား အဖြစ် ကျခံနေရသည့်
အသက် ၄၃ နှစ်အရွယ်ရှိ ကိုဌေးကြွယ်က ၎င်းကို
ထောင်ဝင်စာ သွားတွေ့ခဲ့သည့် ယောက်ဖ
တော်စပ်သူ ဦးဖြိုးမင်းသိန်းအား ပြောလိုက်သည်။

မြန်မာ့ နိုင်ငံရေးတွင် ဒီမိုကရေစီ နိုင်ငံရေး


အင်အားစုများ၊ ပြည်သူလူထု တရပ်လုံးနှင့် စစ်တပ်
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်သော ကိုကိုကြီး၊
စသည့် အင်အားစုများ အားလုံး ပူးပေါင်းပါဝင်
ကိုမင်းကိုနိုင် တို့နှင့်အတူ ကိုဌေးကြွယ် (ယာစွန်)ကို ၂၀၀၇ ခုနှစ်
ဆောင်ရွက်နိုင်သည့် နိုင်ငံရေး အခင်း အကျင်းတရပ်
မေလ ၂၇ ရက်က ရန်ကုန်မြို့ ဆန္ဒပြပွဲ တခု၌ အတူတွေ့ရစဉ်
ပေါ်ပေါက် နိုင်ရေးကို ကနဦး ကြိုးစား သင့်ကြောင်း၊
(ဓာတ်ပုံ - AP)
ထို အခင်း အကျင်းသစ် ပေါ်ပေါက် လာမှသာ
မြန်မာ့နိုင်ငံရေး ရေရှည် ကောင်းမွန်မည် ဖြစ်ကြောင်း ကိုဌေးကြွယ်က ပြောကြား ခဲ့သည်ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်

တည်ငြိမ်သည့် နိုင်ငံရေးဖြစ်ထွန်းလာရန် ၁ နှစ်၊ ၂ နှစ်အတွင်း လုပ်ဆောင်၍မရနိုင်ကြောင်းလည်း ကိုဌေးကြွယ်က


ပြောသည်။

ကိုဌေးကြွယ်သည် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး အပြီးတွင်ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံခဲ့ရသူ


ဖြစ်သည်။

သူ့အားထောင်ဝင်စာ သွားတွေ့ခဲ့သည့် ဦးဖြိုးမင်းသိန်း က “သူ့ ကျန်းမာရေးက နည်းနည်း ပိန်သွားတယ်၊ မျက်စိသိပ်


မကောင်းဘူး။ ဒီလ ၉ ရက်နေ့က တကြိမ်၊ ၁၀ ရက်နေ့မှာ တကြိမ် တွေ့ခဲ့ရတယ်။ စကားတော့ လွတ်လွတ်လပ်လပ်
ပြောလို့မရခဲ့ဘူး” ဟု ဆိသ
ု ည်။

ထောင်ဝင်စာ တွေ့ချိန်တွင် ထောင်အာဏာပိုင်များ၊ SB ခေါ်ထောက်လှမ်းရေးများက ပြောစကားမျာကို မှတ်သားခြင်း၊


မှတ်တမ်းတင်ခြင်းတို့ လုပ်ဆောင်သည့်အပြင်၊ ၎င်းတို့ တည်းခိုရာနေရာကိုလည်း လိုက်လံ စောင့်ကြည့်သည်ဟု
ဦးဖြိုးမင်းသိန်းက ရှင်းပြသည်။

လက်ရှိတွင် ကိုဌေးကြွယ်၏ အခြေအနေသည် ကောင်းမွန်နေပြီး စာဖတ်ခြင်း၊ ဘာသာရေးနှင့် ကျန်းမာရေးလေ့ကျင့်


ခန်းများ မှန်မှန်လုပ်ခွင့် ရနေကြောင်း သိရသည်။

“ဂျာနယ်တွေ၊ ဘာသာရေးစာပေတွေ၊ အနုပညာ စာပေတွေ ဖတ်ခွင့်ရတယ်။ နိုင်ငံရေးနဲ့ ပတ်သက်တာကိုတော့


စိစစ်ရေးက ခွင့်ပြုပြီးသားတွေ ဖတ်လို့ရတယ်။ အင်္ဂလိပ်လို ရေးထားတဲ့ နိုင်ငံရေး စာအုပ်တွေတော့
လုံးဝဖတ်ခွင့်မရဘူး” ဟုလည်း ဦးဖြိုး မင်းသိန်းက ပြောသည်။ ယခုအခါ ကိုဌေးကြွယ်သည်
စီးပွားရေးနှင့်သက်ဆိုင်သည့် စာအုပ်များကိုသာ အစဉ်တစိုက် လေ့လာနေသည်ဟုလည်း သိရသည်။

၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်သည် ၁၉၈၈ အရေးတော်ပုံနောက်ပိုင်း၊ ၁၉၉၁ ခုနှစ်မှစ၍


အကျဉ်းကျခံခဲ့ရပြီး အင်းစိန်ထောင်၊ သာယာဝတီထောင် တိတ
ွု့င် ၁၄ နှစ်ကျော်နေခဲ့ရကာ ၂၀၀၅
ခုနှစ်တွင်ပြန်လွတ်ခဲ့သည်။

၂၀၀၇ သြဂုတ်လတွင် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ဦးဆောင် လမ်းလျှောက်၍ ငြိမ်းချမ်းစွာ


ဆန္ဒပြခဲ့သောကြောင့် စစ်အစိုးရ အာဏာပိုင်များက ၂၀၀၇ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင် ထောင်ဒဏ် ၆၅
နှစ်ချမှတ်ခဲ့ပြီး ဝေးလံခေါင်သီသော ဘူးသီးတောင် ထောင်သို့ ပို့ဆောင်ခဲ့သည်ဟု ၎င်း၏ညီမ၊ ဦးဖြိုးမင်းသိန်း၏
ဇနီးဖြစ်သူ မမီးမီးကြွယ်က ဆိုသည်။

ကိုဌေးကြွယ်သည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အပေါ် ခိုင်မာသော ယုံကြည်ချက်ထားရှိပြီး နိုင်ငံရေးအယူအဆ


ပျော့ပျောင်းသူ တဦးဖြစ်ကြောင်း၊ မည်သည့် အရာကိုမဆို သူ့ကိုယ်သူအတွက် ဦးစားမပေးဘဲ အများအတွက်ကိုသာ
စဉ်းစားသူ ဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ပြောပြသည်။

ဦးဖြိုးမင်းသိန်းသည် ပြည်ထောင်စု ဒီမိုကရေစီပါတီ၏ ဥက္ကဋ္ဌဟောင်းတဦးဖြစ်ပြီး နိုဝင်ဘာတွင် ကျင်းပမည့်


ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသောရွေးကောက်ပွဲ ဖြစ်မလာနိုင်ဟုဆိုကာ သြဂုတ်လ ၅ ရက်နေ့က
ပါတီဥက္ကဋ္ဌ နေရာမှ နုတ်ထွက်ထားသူ ဖြစ်သည်။ ၎င်းသည် နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်းဖြစ်သည်။

၈၈ ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်နှင့်ပတ်သက်၍ ဘူးသီးတောင် ဒေသခံတဦးက “ကျနော်တို့ မြို့မှာ


ကိုဌေးကြွယ်ကို အရမ်းလေးစားကြပါတယ်။ သူကထောင်ထဲမှာ လူတွေကို တပြေးတည်း ဆက်ဆံတယ်။ သူ့အိမ်က
ပို့ပေးတဲ့ ပစ္စည်းတွေကို အားလုံးကိုဝေပေးတယ်။ ပစ္စည်းတွေမှာရင်လည်း အားလုံးအတွက်မှာတယ်။
ဘာသာရေးလည်း အရမ်းလုပ်တယ်” ဟု ပြောပြသည်။

ဘူးသီးတောင်ထောင်သည် အကျဉ်းသားများနှင့် ပတ်သက်၍ သတင်းဆိုးများ မကြာခဏထွက်ပေါ်လေ့ ရှိသည်ဟု


သိရပြီး မကြာခင်က ထောင်ပိုင်အရာရှိ အပြောင်းအလဲ လုပ်ပြီးနောက်ပိုင်းတွင် ထောင်တွင်းရှိ အကျဉ်းသားများ၏
နေထိုင်သွားလာမှု အနည်းငယ် တိုးတက်လာကြောင်း အဆိုပါ ထောင်နှင့် နီးစပ်သူ တချို့က ပြောသည်။

ဘူးသီးတောင်ထောင်တွင် နိုင်ငံရေးအကျဉ်းသားအဖြစ် နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူများမှာ


ကိုဌေးကြွယ်အပါအ၀င် ကိုစည်သူမောင်၊ ကိုအောင်ဇော်ဦး၊ ကြို မတ်သူနှင့် စက်တင်ဘာ ရွှေဝါရောင်
တော်လှန်ရေးတွင်ပါဝင်ခဲ့သည့် ရန်ကုန် မင်္ဂလာတောင်ညွန့် မြို့နယ်မှ သံဃာတော်တပါးတို့ ဖြစ်ကြောင်းသိရသည်။

ကိုဌေးကြွယ်နှင့်အတူ အဖမ်းခံခဲ့ရပြီး ၈၈ ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊


ကိုမြအေးတို့ မှာလည်း မိသားစုများနှင့် ဝေးကွာသည့် အကျဉ်းထောင်အသီးသီးတွင် နှစ်ရှည်ထောင်ဒဏ်များ
ကျခံနေရသည်။

ဘူးသီးတောင်ထောင် အပါအ၀င်မြန်မာနိုင်ငံ တ၀န်းရှိ ထောင်အသီးသီးတွင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၇၁


ဦးရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏
ထုတ်ပြန်ချက်အရ သိရသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/3845-2010-08-17-04-27-10

လႊတေ
် တာ် အဆောက်အအုံ အပြီးသတ်ရန် ဗိလ
ု ခ
်ျုပ်မှးူ ကြီး မှာကြား
၂၀၁၀ ရွေးကောက်ပွဲ အပြီး အစိုးရသစ် တက်လာပါက အသုံးပြုရန် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ
အပြီးသတ် ဆောက်လုပ်ရေး အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မှာကြားကြောင်း သိရသည်။
ယမန်နေ့က နေပြည်တော် ကာကွယ်ရေး
ဦးစီးချုပ်ရုံး (ကြည်း) စစ်ဆင်ရေး အစည်းအဝေး
ခန်းမတွင် ပြုလုပ်ခဲ့သည့် အထူး စီမံကိန်းများ
အကောင် အထည် ဖော်ရေး အဖွဲ့၏ (၂ /၂၀၁၀)
ညှိနှိုင်း အစည်းအဝေးတွင် ယခုကဲ့သို့ ပြောခြင်း
ဖြစ်သည်ဟု ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာရှိကြီး
တဦးက ပြောသည်။

အထူး စီမံကိန်း အဖြစ် အကောင် အထည်ဖော်


တည်ဆောက် နေသည့် အဆောက် အအုံများတွင်
ပါလီမန် လွှတ်တော် အဆောက် အအုံများ၊ ဒု
အတွက် ဆောက်လုပ်နေသော နေပြည်တော်ရှိ လွှတ်တော်
သမ္မတ အိမ်တော်၊ သမ္မတ အိမ်တော်၊
အဆောက်အအုံ (ဓာတ်ပုံ - မြတ်မိုးမောင်/ဧရာဝတီ)
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)
ရုံးချုပ်နှင့် တခြား အရေးကြီး အဆောက် အအုံများ ပါဝင်ကြောင်း ၎င်းက ဧရာဝတီကို ပြောသည်။

“ရွေးကောက်ပွဲလုပ်မယ့် နိုဝင်ဘာမတိုင်မီ လွှတ်တော်အဆောက်အအုံ အပါအ၀င် အကုန်လုံးကိုပြီးစေချင်တာ။


ရွေးကောက်ပွဲ ပြီးတာနဲ့ ချက်ချင်းအစိုးရဖွဲ့ပြီး တက်မှာဆိုတော့ကြိုပြီးစေချင်တော့ မြန်မြန်ပြီးအောင်လုပ် ဆိုတဲ့
သဘောပါပဲ”ဟု ၎င်းက ဆက် လက်ပြောဆိုသည်။

ယင်းအစည်းအဝေးတွင် အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး ဥက္ကဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်


ဗိုလ်ချူပ် မှူးကြီး သန်းရွှေ အပါအ၀င် ဒုတိယ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း၊
ဝန်ကြီးချုပ် ဦးသိန်းစိန်၊ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီး သီဟ သူရ တင်အောင်မြင့်ဦး နှင့် ဌာနဆိုင်ရာ ၀န်ကြီးများ၊
တာဝန်ရှိသူများ တက် ရောက်ခဲ့ကြောင်း သိရသည်။

“အဆောက်အအုံ တော်တော်များများက အတွင်းပိုင်းအလှဆင်တာလောက်ပဲ ကျန်တော့တယ် ပြီးနေပြီ။ ပုံစံ


အကုန်လုံး နီးပါး က ထုထည်ကြီးကြီးမားမားနဲ့ ခမ်းခမ်းနားနားလုပ်ထားတာ သေးသေးလေးတခုမှမပါဘူး။
နေပြည်တော်မှာ ဒီလို အဆောက် အအုံကြီးတွေ ရှိနေမယ်လို့ မထင်ရလောက်အောင် ဆောက်ထားတာ”ဟု
နေပြည်တော် စစ်ဘက်ဆိုင်ရာ အရာရှိကြီးတဦးက ဆိုသည်။

စစ်အစိုးရ ကျောထောက်နောက်ခံပြု ဖွဲ့စည်းထားသည့် USDP ပါတီ ရုံးချုပ် အဆောက်အအုံကိုလည်း ခမ်းခမ်းနားနား


တည် ဆောက်ထားကာ USDP အမှတ်တံဆိပ် ခြင်္သေ့ ရုပ်ဖြင့် အလှဆင်ထားကြောင်း ၎င်းက ပြောဆိုသည်။

စစ်အစိုးရသည် မြို့တော်သစ် နေပြည်တော်ကို တည်ထောင် ရွှေ့ပြောင်းပြီးနောက် စီးပွားရေးလုပ်ငန်းများ၊


ဌာနဆိုင်ရာ ရုံး အဆောက်အအုံ အများအပြားကို ရွှေ့ပြောင်းကာ နန်းမြို့တော်ကြီး တခုသဖွယ် ပြောင်းလဲ
လုပ်ဆောင်ခဲ့ကြောင်း၊ ၎င်းတို့ နေထိုင်ရန် စီမံကိန်းများရေးဆွဲကာ ကျပ်သန်းပေါင်းများစွာ အကုန်ကျခံ
တည်ဆောက်ခဲ့ပြီး နေပြည်တော် တပ်ကုန်းကို အထူး နေရာ အဖြစ် သတ်မှတ်ကာ လျှပ်စစ်မီးနှင့် သောက်သုံးရေ
အလျှံအပယ် သုံးစွဲမှုများပြုလုပ်ထားသည်ဟု ၎င်းက ဆက်ပြော သည်။

“ဒီ အစည်းအဝေးပြီးတော့ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး ကလည်း နေပြည်တော် ဆောက်လုပ်ရေး လုပ်နေတဲ့ အဓိက


ကုမ္ပဏီ ၂၀ ရယ် တခြား ဆောက်လုပ်ရေး ကုမ္ပဏီလေးတွေပါ ခေါ်ပြီး ဗိုလ်ချုပ်မှူးကြီးပြောတဲ့အတိုင်း
အမြန်ဆုံးပြီးအောင်လုပ်ဖို့ ထပ်ပြော သွားတယ်”ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင် တဦးက ပြောသည်။
ယင်း အဆောက်အအုံများ တည်ဆောက်သည့် ကုန်ကျစရိတ်သည် ကျပ် သန်းပေါင်း ထောင်ချီ
ကုန်ကျနိုင်သော်လည်း စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ကာ အကုန်ကျခံ
တည်ဆောက်ပေးခြင်းဖြစ်ကြောင်း ၎င်းက ဆို သည်။

နေပြည်တော် ဆောက်လုပ်ရေး စီမံကိန်းကို စစ်အစိုးရနှင့် နီးစပ်သူများဖြစ်သည့် ဦးဇော်ဇော် မက်စ်မြန်မာ၊


ဦးအောင်ခမ်းထီ နေပြည်တော် ဆောက်လုပ်ရေး၊ ဦးတေဇ ထူးကုမ္ပဏီ၊ ဦးရန်ဝင်း အေ၀မ်း ကုမ္ပဏီ စသည့်
စီးပွားရေးလုပ်ငန်းရှင်များ ပါဝင် ကြောင်း သိရသည်။

စစ်အစိုးရက ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော်


အသီးသီး အတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန် ကြေညာထားသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/3853-2010-08-17-11-38-51

ဒေါ်စု မပါသည့် ရွေးကောက်ပွဲ အဖြေမထွကဟ


်ု ကိေ
ု ဌးကြွယ် ပြောဆို
မြင့်မောင် | အင်္ဂါနေ့၊ သြဂုတ်လ ၁၇ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၂၈ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ ဒေါ်အောင်ဆန်းစုကြည် မပါသော ရွေးကောက်ပွဲသည် အဖြေမထွက်သော


ရွေးကောက်ပွဲဟူ၍ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ
ကိုဌေးကြွယ်က ပြောဆိုလိုက်သည်။

လက်ရှိ အကျဉ်းကျနေသည့် ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်သို့ ယခုလ ၉ရက် ၁ဝ ရက်နေ့များတွင်


ထောင်ဝင်စာ တွေ့ဆုံခဲ့သည့် ယောက်ဖ ကိုဖြိုးမင်းသိန်းနှင့် ညီမ မမီးမီးကြွယ်တို့ကို ကိုဌေးကြွယ်က ပြောဆိုလိုက်ခြင်း
ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါသင့်ပါထိုက်တဲ့သူတွေ ပါသင့်တယ်။ ဒီလူတွေ မပါဘဲနဲ့


ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အားလုံး ပါဝင်တဲ့ ပွဲတခု မဟုတ်တဲ့အတွက် နောက်ဆက်တွဲမှာ
ဆိုးကျိုးတွေ ပေါ်ပေါက်လာနိုင်တယ်။ နိုင်ငံတကာမှာ နောက်ဆက်တွဲ ပြဿနာတွေ၊
အထွေထွေ အရှုပ်အရှင်း အခြေအနေတွေ ထပ်ဖြစ်လာတာကလွဲရင် မြန်မာ့နိုင်ငံရေးဟာ
အဖြေတခု မထွက်ပေါ်နိုင်ဘူးလို့ ကိုဌေးကြွယ်က ပြောတယ်” ဟု ကိုဖြိုးမင်းသိန်းက မဇ္ဈိမကို
ပြောပြသည်။
photo : AAPP
၉ ရက်နေ့နှင့် ၁ဝ ရက်နေ့များတွင် ထောင်ဝင်စာ တွေ့ခွင့်ရရှိရာ တခါတွေ့လျှင် မိနစ် ၃ဝ ဘူးသီးထောင်တွင်
ခန့်ဖြစ်ပြီး ၎င်းတို့၏ ပြောဆိုချက်များကို အထူးရဲသတင်း တပ်ဖွဲ့ဝင်များနှင့် အကျဉ်းကျနေသော ၈၈
ထောင်အာဏာပိုင်များက လိုက်လံမှတ်သားခဲ့ကြောင်း သိရသည်။ မျိုးဆက်ကိုဌေးကြွယ်

အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် စာအုပ်စာတမ်းအချို့အပြင် ဘာသာရေး စာအုပ်များ၊ စာပေစိစစ်ရေး


ခွင့်ပြုထားသည့် ဘာသာပြန်စာအုပ်များ၊ မဂ္ဂဇင်းများအပြင် စီးပွားရေးနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို
ကိုဌေးကြွယ် ဖတ်ရှုခွင့်ရသည်။

“ကြည့်ရတာက စိတ်က လန်းဆန်းနေတယ်။ နည်းနည်း ပိန်သွားတယ်။ ကျန်းမာရေး လေ့ကျင့်ခန်းတွေ


လုပ်ခွင့်ရတယ်လို့ ပြောတယ်။ သူ စာဖတ်တယ်၊ ဘာသာရေး လုပ်တယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့
အခြေအနေတွေကို ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ ဖတ်တယ်။ ဂျာနယ်တွေမှာပါတဲ့ နိုင်ငံရေးသတင်းတွေ အကုန်လုံး သူ
သိနေတယ်” ဟု ကိုဖြိုးမင်းသိန်းက ဆိုသည်။

ဘူးသီးတောင် အကျဉ်းထောင်တွင် ကိုဌေးကြွယ်အပြင် ၂ဝဝ၇ ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဦးရာပြည့်၊


လှိုင်သာယာမြို့နယ်မှ NLD လူငယ်အဖွဲ့ဝင် သန့်စင်မျိုး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၆ ဦး ရှိနေပြီး ၎င်းတို့၏
ကျန်းမာရေးလည်း ကောင်းမွန်နေကြောင်း သိရသည်။

ရန်ကုန်တွင် လောင်စာဆီဈေးနှုန်း ကျဆင်းရေး ဆန္ဒပြသဖြင့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊


ကိုမင်းဇေယျ၊ ကိုသက်ဇော်၊ ကိုဇော်ဇော်မင်း၊ ကိုအံ့ဘွယ်ကျော်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုမာကီနှင့် မနီလာသိန်း
အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၇ ဦးကို ၂ဝဝ၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့ ဖမ်းဆီးခံရမှုတွင်
ကိုဌေးကြွယ်လည်း ပါဝင်သည်။ ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင်မူ အင်းစိန်ထောင်တွင်း အထူးခုံရုံးက
ထောင်ဒဏ် ၆၅ နှစ်စီ ပြစ်ဒဏ်ချခဲ့သည်။

ကိုဌေးကြွယ်၏ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ကလည်း ပြည်တွင်း၌ မြေအောက်လှုပ်ရှားသော


မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) တို့နှင့်အတူ
ရွေးကောက်ပွဲ ဥပဒေသည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသား
ခေါင်းဆောင်များကို တိုင်းပြည်၏ နိုင်ငံရေး ဖြစ်စဉ်ထဲမှ ဖယ်ထုတ်ရန် ကြိုးစားမှုတခုအဖြစ် ရှုမြင်ကာ ရွေးကောက်ပွဲကို
သပိတ်မှောက်သင့်ကြောင်း ယခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ကြေညာချက်ထုတြ် ပန်ခဲ့သည်။
Source:http://www.mizzimaburmese.com/news/inside-burma/5880-2010-08-17-15-01-46.html

လွတလ
် ပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အာဆီယံ တုက
ိ တ
်ွန်း
မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် အာဆီယံ အဖွဲ့ကြီးက
ကြိုဆိုလိုက်ကြောင်း အာဆီယံအဖွဲ့ အလှည့်ကျ သဘာပတိဖြစ်တဲ့ ဗီယက်နမ်က အင်္ဂါနေ့မှာ ကြေညာချက်
ထုတ်ပြန်လိုက်ပါတယ်။
မြန်မာစစ်အစိုးရ အနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့၊ အဖွဲ့အစည်းပေါင်းစုံ ပါဝင်တဲ့ ရွေးကောက်ပွဲတရပ်
ကျင်းပပေးဖို့အတွက် အာဆီယံ ၁၀ နိုင်ငံ ပါဝင်တဲ့ အဖွဲ့ကြီးက အားပေးတိုက်တွန်းလိုက်ကြောင်း ကြေညာချက်မှာ
ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ် သွေးစည်းရေးဟာ အင်မတန် အရေးပါကြောင်း အထူး


ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၉၀ ခုနှစ်က ပထမဆုံးအကြိမ်အဖြစ် ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့


သီတင်းပတ်ထဲမှာတော့ ကာလကြာရှည်စွာ စောင့်စားနေခဲ့ရတဲ့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို နိုဝင်ဘာလ ၇
ရက်နေ့လို့ မြန်မာစစ်အစိုးရက ကြေညာပေးခဲ့ပါတယ်။

ရွေးကောက်ပွဲ ကျင်းပပေးမယ့် နိုဝင်ဘာလ ၇ ရက်နေ့ဟာ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ


ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်ပြီး လွတ်မြောက်ဖို့အတွက် တပတ်လောက်အလိုမှာ သတ်မှတ်ခဲ့တာပါ။
ဒါကြောင့် ဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရအောင် အချိန်ကိုက် စီစဉ်ထားပုံ ရတယ်လို့
လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေအရ အကျဉ်းကျခံနေရသူတွေဟာ
ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရှိပါဘူး။

နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိစေဖို့၊ နိုင်ငံရေး အကျဉ်းသား


အားလုံးကို လွှတ်ပေးဖို့နဲ့ အများယုံကြည်မှုရတဲ့ ရွေးကောက်ပွဲ ဖြစ်လာစေဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ
ဘန်ကီမွန်း (Mr. Ban Ki-moon) က တောင်းဆိုခဲ့တဲ့အပြင် အမေရိကန်နိုင်ငံနဲ့ ဗြိတိန်နိုင်ငံတို့ကလည်း ပါဝင်
တောင်းဆိုခဲ့ကြပြီး အင်္ဂါနေ့မှာတော့ ကနေဒါနိုင်ငံကပါ တောင်းဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံအရေး ဆောင်ရွက်နေတဲ့ EU ဥရောပသမဂ္ဂ နိုင်ငံများကိုယ်စား မြန်မာနိုင်ငံမှာရှိတဲ့ ဗြိတိန်သံရုံးကလည်း
အလားတူ တောင်းဆိုမှု ကြေညာချက်ကို ထုတ်ပြန်ခဲ့တဲ့အပြင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမှာ ကျင်းပခဲ့တဲ့ အာဆီယံ
နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးမှာလည်း အာဆီယံ နိုင်ငံတွေက အခုလို တောင်းဆိုခဲ့ကြပါတယ်။

Source:http://www1.voanews.com/burmese/news/asean-myanmar-100948689.html

ကြံဖ
ွ့ပ
ံ့ါတီနင
ှ့် မဟာမိတြ် ဖစ်ကြောင်း ကချင်ပါတီ ကြေညာ
လင်းနိုင်ဦး / ၁၇ သြဂုတ် ၂၀၁၀

ကချင်ပြည်နယ် ကိုယ်စားပြု စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ


ကချင်ပြည်နယ် (စဒက) သည် ကြံ့ဖွံ့ပါတီနှင့် မဟာမိတ်ဖွဲ့ထားကြောင်း
မြစ်ကြီးနားမြို့ခံများက ပြောသည်။

မြစ်ကြီးနားမြို့ခံ ကချင်တိုင်းရင်းသားတဦးက “သူတို့ပါတီက ထုတ်ဝေတဲ့


လက်ကမ်းစာစောင်ကို ဖတ်ရတယ်။ အဲဒီမှာ သူတို့ ပါတီ စည်းရုံးရေးမူဝါဒ၊
လမ်းစဉ်၊ ပါတီအလံ၊ တံဆိပ်နဲ့ ပတ်သက်ပြီး ရှင်းပြထားတာတွေ ပါသလို
ကြံ့ဖွံ့ပါတီနဲ့ မဟာမိတ်ဖြစ်ကြောင်း အတိအလင်း ကြေညာထားတယ်။
ဆိုတော့ ဒီ ကချင်ပြည်နယ်မှာ စစ်အစိုးရပါတီနဲ့ သူ့အလိုတော်ရိ ပါတီတွေကပဲ ပြိုင်ဘက်မရှိ နိုင်ငံရေးလုပ်မယ်၊
ရွေးကောက်ပွဲဝင်မယ်၊ ဒါဟာ တရားမျှတမှု မရှိဘူးလို့ ထင်တယ်” ဟု ပြောသည်။

စဒက ပါတီ၏ ကြေညာချက်စာစောင်တွင် “စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (စဒက) သည်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မဟာမိတ်အဖြစ် လက်တွဲသွားရန်နှင့် ကျန်နိုင်ငံရေးပါတီ
အဖွဲ့အစည်းများနှင့်လည်း ဥပဒေဘောင်အတွင်း ပူးပေါင်းဆောင်ရွက်သွားပြီး ပြည်နယ်သူ ပြည်နယ်သားများ၏
စည်းလုံးညီညွတ်မှု အင်အားဖြင့် အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော စည်းကမ်းနှင့် ပြည့်ဝသည့်
ဒီမိုကရေစီ နိုင်ငံတော်သစ်အတွင်း ပြည်နယ်တခုအဖြစ် ရပ်တည်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ပါသည်” ဟု
ဖော်ပြပါရှိသည်။

စဒက ပါတီသည် သြဂုတ် (၂) ရက်တွင် ရွေးကောက်ပွဲကော်မရှင်မှ ပါတီမှတ်ပုံတင်ခွင့်ရရှိခဲ့ပြီးသည့်နောက် သြဂုတ်


(၇) ရက်တွင် မြစ်ကြီးနားမြို့၌ ပါတီရုံးချုပ်ဖွင့်ပွဲပြုလုပ်ကာ ဆိုင်းဘုတ်ထောင်ခဲ့ကြောင်း ကေအန်ဂျီသတင်းတွင်
ဖော်ပြထားသည်။

ကချင်ပြည်နယ်တွင် ကေအိုင်အေ ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာ ဦးဆောင်သည့် ကချင်ပြည်နယ်


တိုးတက်ရေးပါတီနှင့် အန်ဒီအေ (ကချင်) ခေါင်းဆောင်ဟောင်း ဦးလယောက်ဇယ်လွန်း ဦးဆောင်သည့်
ညီညွတ်သော ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) တို့ ပါတီတည်ထောင်ခွင့်ရရန် လျှောက်ထားခဲ့ကြသော်လည်း
ရွေးကောက်ပွဲကော်မရှင်က အဆိုပါ (၂) ပါတီနှင့် ကချင်ပါတီဖြစ်သည့် ရှမ်းပြည်နယ် မြောက်ပိုင်းတိုးတက်ရေးပါတီ
တို့ကို ယနေ့အချိန်ထိ ပါတီတည်ထောင်ခွင့် မပေးသေးပေ။

မှတ်ပုံတင်ခွင့်ပြုခဲ့သည့် စဒက ပါတီကိုမူ နအဖဝန်ကြီး ဦးအောင်သောင်း မြစ်ကြီးနားရောက်စဉ်တွင် ခေါ်ယူတွေ့ဆုံ


ပါတီထောင်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး ပါတီဥက္ကဋ္ဌ ဖြစ်သူ ဒူဝါ ခက်ထိန်နန်သည် ကချင်ပြည်နယ်
ရိုးရာမနောပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ၊ နာယက ဖြစ်သည့်အပြင် ကြံ့ဖွံ့ပါတီဝင်တဦးလည်း ဖြစ်ကြောင်း
သိရသည်။

ဒူဝါ ခက်ထိန်နန် ဦးဆောင်သည့် စဒကပါတီတွင် ကောက်မတီဝင် (၂ဝ) ဦးခန့် ပါဝင်ပြီး အများစုမှာ စစ်အစိုးရနှင့်
ပူးပေါင်းလုပ်ကိုင်နေသည့် ဒေသခံ ကချင်စီးပွားရေးသမားများ ဖြစ်ကြသည်။

ယခုကိစ္စ မြစ်ကြီးနားမြို့ခံ ကချင်လူမျိုး ခေါင်းဆောင်တဦးက “ခုဆို ကချင်ပြည်နယ်မှာ ကြံ့ဖွံ့ပါတီ၊ တစညပါတီ၊


ကြံ့ဖွံ့က ဖွဲ့ခိုင်းထားတဲ့ စဒက ပါတီ ဆိုပြီး (၃) ပါတီပဲ ရှိတော့တယ်။ တကယ့် ကချင်လူထု ကိုယ်စားပြုပါတီ ဆိုတာ
မရှိတော့ဘူး။ ဒီတော့ ဒီရွေးကောက်ပွဲဟာ ကချင်ပြည်နယ်မှာရော မြန်မာတပြည်လုံးမှာပါ ဘယ်လိုနည်းနဲ့မှ
တရားမျှတမှု မရှိနိုင်တော့ဘူး” ဟု ပြောသည်။

ထို့အပြင် ဝန်ကြီးဦးအောင်သောင်း မြစ်ကြီးနားမြို့သို့ ရောက်ရှိစဉ်က ဒေါက်တာတူးဂျာ ဦးဆောင်သည့်


ကချင်တိုးတက်ရေးပါတီကို ထောက်ခံသည့် ကချင်အတိုင်ပင်ခံကောင်စီ အဖွဲ့ဝင်များကိုလည်း ကေအိုင်အေနှင့်
ဆက်စပ်သည်ကို တွေ့ရှိပါက ထောင်ချပစ်မည်ဟု ခြိမ်းခြောက်သွားကြောင်းလည်း စုံစမ်းသိရသည်။

Source:http://khitpyaing.org/index.php?route=detail&id=3533

အဖွဲခ
ျု့ပ်ခေါင်းဆောင်များ ကော့သောင်းတွင် မဲပညာပေး
ဖနိဒါ | အင်္ဂါနေ့၊ သြဂုတ်လ ၁၇ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၄၅ မိနစ်

ချင်းမိုင်(မဇ္ဈိမ) ။ ။ ရွေးကောက်ပွဲတွင် ပါဝင်မယှဉ်ပြိုင်ရန် ဆုံးဖြတ်ထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်


ခေါင်းဆောင်များက မဲပေးခြင်းဆိုင်ရာ အသိပညာများ ဖြန့်ဝေနေကြသည်။

အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း နှင့် ဒေါ်မေဝင်းမြင့်၊ ဦးဟန်သာမြင့်၊ တနင်္သာရီတိုင်း ဥက္ကဌ ဦးလှမင်း၊


အတွင်းရေးမှူး ဦးအောင်စိုးတို့ ၅ ဦးအဖွဲ့သည် ယနေ့ ကော့သောင်းမြို့နယ်ရှိ ချောင်းစလမ်း၊ သာညုံပါဒနှင့်
ပလုံသုံသုံကျေးရွာများမှ အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပြောဆိုဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

“မဲမထည့်ဖို့ လှုပ်ရှားမှု မလုပ်ဘူး။ ဒါပေမဲ့ ဥပဒေမှာပါတဲ့ အခွင့်အရေးကိုတော့ ပြောပြတယ်။ ရွေးကောက်ပွဲမှာ


မဲဆန္ဒပေးတာ အခွင့်ရေးဖြစ်သလို မဲဆန္ဒမပေးဘဲ နေတာကိုကလည်း အခွင့်အရေးဘဲ။ မိမိကြိုက်တာကို
လုပ်နိုင်တယ်။ ဘယ်သူမှ မဲဆန္ဒ ပေးဖို့ မပေးဖို့ကို ခြိမ်းခြောက်ပြောဆိုခွင့် မရှိဘူး။ ဒါတွေကို ဥပဒေမှာပါတဲ့အတိုင်း
ရှင်းပြတယ်”ဟု ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

အဓိကအားဖြင့် NLD ပါတီ၏ စည်းရုံးရေးဆင်းခြင်း မဟုတ်သလို ပါတီအင်အားတိုးချဲ့ခြင်းလည်း မဟုတ်ကြောင်းနှင့်


ပါတီရပ်တည်ချက်အတိုင်း အဖွဲ့ချုပ် ဗဟိုနှင့် အောက်ခြေ အဖွဲ့ဝင်များ ယခင်ရှိပြီးသား အင်အားကို
ပိုမိုကျစ်လစ်ခိုင်မာစေပြီး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို ဆောင်ရွက်သွားကြရန် ပြောဆိုခဲ့ကြောင်း
သူက ဆက်ပြောသည်။

ယခုလ ၁၃ ရက်နေ့ကလည်း ပြည်မြို့ ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ဝင်း အိမ်၌ ၆ မြို့နယ်မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့စဉ်
ပါတီဝင်များ NLD ပါတီ ဆက်လက်မှတ်ပုံမတင်ခြင်းကို သဘောတူသဖြင့် ဝမ်းသာအားရသည်ဟု ဆိုသည်။

CEC အဖွဲ့ဝင်များ၏ ခရီးစဉ်အပေါ် ဗဟိုနှင့် အောက်ခြေ အဖွဲ့ဝင်များ ထိတွေ့ အားပေးခြင်းဖြစ်ကြောင်း


ပလုံသုံသုံကျေးရွာမှ ကော့သောင်းမြို့နယ် လူငယ်တာဝန်ခံ ၃ ကိုမောင်ငယ်က ပြောသည်။

“အန်ကယ်တို့လာတာကတော့ ကျနော်တို့ အဖွဲ့တိုးချဲ့ဖို့ မဟုတ်သလို ဖွဲ့စည်းဖို့လည်း မဟုတ်ဘူး။ လက်ရှိ ရှိနေတဲ့


ဗဟိုနဲ့ အဆက်အသွယ်ရှိအောင် အားပေးတဲ့သဘောနဲ့ ရှင်းပြသွားတယ်။ အန်ကယ်ပြောတာက ဆန္ဒရှိရင်
ထည့်လို့ရတယ်။ ဆန္ဒမရှိရင် မထည့်ဘဲလဲရတယ်။ ဘယ်သူမှ တရားစွဲလို့ မရဘူးဆိုတဲ့အကြောင်း ရှင်းပြသွားတယ်။
ထည့်ပါ၊ မထည့်နဲ့ဆိုတာ မပြောသွားဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

ကော့သောင်းမြို့နယ် အဖွဲ့ချုပ်ရုံး၌ အဖွဲ့ဝင် အနည်းဆုံး ၄ဝ မှ ၅ဝ ဦးထိ တက်ရောက် တွေ့ဆုံဆွေးနွေးခဲ့ရာ


တခြားမြို့နယ်များထက် ကော့သောင်းမြို့နယ်မှ အဖွဲ့ဝင်များ စည်းလုံးညီညွတ်မှုရှိသဖြင့် အားရ ကျေနပ်သည်ဟု
ဆိုသည်။

ဦးဉာဏ်ဝင်းနှင့် အဖွဲ့များသည် ပဲခူး၊ ပြည်၊ လက်ပံတန်းနှင့် ကော့သောင်း ၄ မြို့နယ်တွင် ရောက်ရှိခဲ့ပြီး အနည်းဆုံး


၁၆ မြို့နယ်က ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ဒေါ်အောင်ဆန်းစုကြည် သူ၏ ရှေ့နေ ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်


ဦးဉာဏ်ဝင်းနှင့် တွေ့ဆုံခွင့်ရရှိစဉ် အောက်ခြေထုထံ သွားရောက်တွေ့ဆုံရန် မှာကြားခဲ့သည်ကို အကောင်အထည်
ဖော်နေခြင်း ဖြစ်သည်။

ဇွန်လ ၁၂ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့ထိ ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ မန္တလေးတိုင်း၊
မကွေးတိုင်း၊ စစ်ကိုင်းတိုင်းစသည့် တိုင်းနှင့် ပြည်နယ် မြို့ နယ်ပေါင်း၂ဝဝ ခန့်အတွင်း CEC အဖွဲ့ဝင် ဦးဝင်းတင်၊
ဦးအုန်းကြိုင်၊ ဦးဉာဏ်ဝင်း၊ ဒေါ်မေဝင်းမြင့်နှင့် ဦးဟန်သာမြင့်တို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

၂ဝဝ၃ ခုနှစ်က ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးတို့ နိုင်ငံတဝန်း စည်းရုံးရေးခရီး ထွက်စဉ်


ဒီပဲယင်းအရပ်၌ လုပ်ကြံခဲ့သဖြင့် အသေအပျောက်ရှိခဲ့သည်။
Source:http://www.mizzimaburmese.com/news/inside-burma/5878-2010-08-17-13-17-43.html

မြန်မာရွေးကောက်ပွဲ ဖိနပ
ှိ ခ
်ျုပ်ချယ်မေ
ှု အာက် ကျင်းပမည်ကို ကနေဒါ စိုး ရိမ်

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ်လို့ ကြေညာခဲ့တဲ့အပေါ် နိုင်ငံတကာ


အစိုးရတွေရော အတိုက်အခံ နိုင်ငံရေး အင်အားစုတွေကပါ တြုံ့ ပန်မှုတွေ အမျိုးမျိုး ထွက်ပေါ်နေချိန်မှာ ကနေဒါ
အစိုးရကလည်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေကို ဖိနှိပ်ချုပ်ချယ်မှု အခြေအနေတွေ အောက်မှာ ကျင်းပမယ့်အပေါ်
အတော်လေး စိုးရိမ်မိတယ်လို့ အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

မြန်မာပြည်မှာ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပမယ်လို့ ကြေညာလိုက်ပြီး မကြာခင်မှာပဲ


နိုင်ငံတကာက တုံ့ပြန်သံတွေ ထွက်ပေါ်လာတာပါ။ ဒီအထဲမှာ ကနေဒါ အစိုးရကတော့ မြန်မာစစ်အစိုးရဟာ
သူတို့ပေးထားတဲ့ ကတိအတိုင်း ဒီနှစ်မကုန်ခင် ရွေးကောက်ပွဲကို ကျင်းပတဲ့အပေါ် ကြိုဆိုပေမဲ့ ဒီရွေးကောက်ပွဲတွေကို
ဖိနှိပ်ချုပ်ချယ်မှု အခြေအနေတွေ အောက်မှာ ကျင်းပတဲ့အပေါ် အတော်လေး စိုးရိမ်မိတဲ့အကြောင်း ကနေဒါ
နိုင်ငံခြားရေးဝန်ကြီး လောရန့်စ် ကန်နွန် (Lawrence Cannon) ရုံးက ဗွီအိုအေကို အီးမေးလ်ကတဆင့် အတည်ပြု
ပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးခြင်းအားဖြင့်


လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်လာအောင် ကျင်းပဖို့ကိုလည်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ
ကန်နွန်က တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသား လူမျိုးစု အဖွဲ့တွေနဲ့
တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့၊ ဒီနိုင်ငံရေးဖြစ်စဉ်မှာ အပြည့်အ၀ ဒီမိုကရေစီ နည်းကျကျ ပူးပေါင်းပါဝင်နိုင်ဖို့၊
ဒီအတွက်ကိုလည်း မြန်မာစစ်အစိုးရကို တောင်းဆိုပါတယ်။

ဒါပေမဲ့ မြန်မာစစ်အစိုးရဟာ သြူ့ ပည်သူတွေရဲ့ အခွင့်အရေးကို လေးစားလိုက်နာဖို့ ကနေဒါ အစိုးရရဲ့ ထပ်ခါတလဲလဲ


တောင်းဆိုမှုတွေကို အခုအချိန်အထိ လုံးဝ လျစ်လျူရှုထားတဲ့အပေါ် အတော်လေး စိတ်ပျက်မိတယ်လို့လည်း
ပြောခဲ့ပါတယ်။ တကယ်လို့သာ စစ်အစိုးရက ဒီနှစ်မကုန်ခင် ကျင်းပမယ့် ရွေးကောက်ပွဲတွေကို
အကန့်အသတ်တွေနဲ့သာ လုပ်ခဲ့မယ်ဆိုရင် ဒီရွေးကောက်ပွဲတွေဟာ နိုင်ငံတကာက အသိအမှတ်ပြု လက်ခံထားတဲ့
စံချိန်စံညွှန်းတွေနဲ့ ပြည့်ဝမှာ မဟုတ်ဘူးလို့လည်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကန်နွန်က သတိပေးခဲ့ပါတယ်။

ကနေဒါအခြေစိုက် CFOB ခေါ် မြန်မာ့မိတ်ဆွေ ကနေဒါနိုင်ငံသားများ အဖွဲ့ကတော့ ကနေဒါအစိုးရရဲ့ မြန်မာနိုင်ငံနဲ့


ပတ်သက်တဲ့ ရပ်တည်ချက်ကို ကျေနပ်မိပေမဲ့ စစ်အစိုးရအပေါ် ဒီထက်ပိုပြီး ဖိအားပေးမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့
အခုလို ပြောခဲ့ပါတယ်။

“ကနေဒါအစိုးရရဲ့ ရပ်တည်ချက်က ကျနော်တို့ အမြင်အရ အားရစရာတခုလို့ ထင်ပါတယ်။ ကနေဒါ နိုင်ငံခြားရေး


ဝန်ကြီးကလည်း ဒီအချက်ကို ရှင်းရှင်းလင်းလင်း မီးမောင်းထိုးပြ ထားပြီးသားပါ။ ဒါပေမဲ့ ကျနော်တို့က ထပ်ပြီးတော့
သူတို့ကို ပြောစေချင်တာ၊ လုပ်စေချင်တာက လက်ရှိ မြန်မာစစ်အစိုးရကို ပြောနေရုံနဲ့ကတော့ ပြီးမယ်လို့ ကျနော်
မထင်ပါဘူး။ လက်တွေ့ကျတဲ့ ဖိအားပေးမှုတွေ လိုအပ်လိမ့်မယ်လို့ ကျနော်တို့က မြင်ပါတယ်။

“လက်တွေ့ကျတဲ့ ဖိအားပေးမှုတွေ ဆိုတာက တခါတခါမှာ သူတို့ တိုက်ရိုက် ဆွေးနွေးမှုတွေ လုပ်ဖို့ လိုမယ်လို့


ထင်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ဖိအားပေးမှုတွေ လုပ်တဲ့အခါမှာ တူညီတဲ့ သဘောထားရှိတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်း
ညှိနှိုင်းပြီးတော့ ဘယ်လိုမျိုး တုံ့ပြန်မလဲ၊ ဒီအခြေအနေပေါ်မှာပေါ့၊ နအဖက နိုင်ငံတကာက ဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း
ဒီကိစ္စတွေမှာ လိုက်မလုပ်ခဲ့ဘူးဆိုရင် ဘယ်လိုတုံ့ပြန်မလဲ ဆိုတာ သူတို့ ညှိနှိုင်းမှုတွေ လုပ်သင့်တယ်လို့ ထင်ပါတယ်။”

CFOB မှ ညှိနှိုင်းဆောင်ရွက်ရေးမှူး ကိုတင်မောင်ထူး ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂကနေ တဆင့် အရေးယူ


ဆောင်ရွက်နိုင်ဖို့အတွက် ကနေဒါ အစိုးရကနေ ဖိအားပေးဖို့ ကနေဒါ အထက်လွှတ်တော်၊ အောက်လွှတ်တော်
အမတ်တွေ ပါဝင်တဲ့ လက်မှတ်ထိုး လှုပ်ရှားမှု တခုကိုလည်း CFOB က ပြုလုပ်နေပြီး လက်ရှိမှာ အမတ်စုစုပေါင်း ၇၆
ဦးရဲ့ ထောက်ခံမှု လက်မှတ်တွေကို ရရှိထားပြီလို့ ကိုတင်မောင်ထူးက ပြောဆိုခဲ့ပါတယ်။ ကနေဒါနိုင်ငံနည်းတူ
အမေရိကန်နဲ့ ဗြိတိန်အစိုးရတို့ကလည်း နိုဝင်ဘာလ ၇ ရက် ကျင်းပမယ့် ရွေးကောက်ပွဲဟာ နိုင်ငံရေးအရ
ဖိနှိပ်ချုပ်ချယ် ကန့်သတ်မှုတွေ အောက်မှာ ကျင်းပမယ့်အပေါ် စိုးရိမ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

ဒါ့အပြင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ကလည်း မြန်မာနိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း


အာဆီယံ အသင်းကြီးရဲ့ လက်ရှိ ဥက္ကဋ္ဌဖြစ်သူ ဗီယက်နမ်နိုင်ငံက သြဂုတ်လ ၁၇ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်
ထုတ်ပြန်ပြီး ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာစစ်အစိုးရ အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ
လမ်းကြောင်းကို ဦးတည်တဲ့ လမ်းပြမြေပုံကို အရှိန်မြှင့် ဆောင်ရွက်ဖို့ကိုလည်း တိုကတ
်ွန်းခဲ့ပါတယ်။

Source:http://www1.voanews.com/burmese/news/canada-myanmar-100948519.html

မြန်မာနုင
ိ င
်ံ ခရီးစဉ်အတွင်း နျူကလီးယားအရေး တောင်ကရ
ိုီး ယား ဆွေးနွေးနုင
ိ

အခုအပတ်အတွင်း တောင်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ ရောက်ရှိတဲ့အခါ မြောက်ကိုရီးယားနဲ့


မြန်မာ နျူကလီးယားလုပ်ငန်း ဆက်စပ်မှုကို မေးမြန်းစုံစမ်းဖို့ ရှိတယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဌာနက
ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနဲ့ မြောက်ကိုရီးယား တရားဝင် သံဆက်ဆံမှုကလည်း ပြန်စထားတယ်ဆိုတော့ တောင်နဲ့
မြောက်ကိုရီးယား နှစ်နိုင်ငံကို ဆက်ဆံရေးမှာ ဘယ်ဘက် အလေးသာနိုင်သလဲ၊ အပြည့်အစုံကို ကိုသားညွန့်ဦးက
တင်ပြပေးထားပါတယ်။

တောင်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ရှင်ကက်ဆူး (Shin Kak-soo) ဟာ လာမယ့် သြဂုတ်လ ၁၉


ရက်နေ့ကနေ စပြီး ၂၁ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့ စီစဉ်ထားပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု အတော်များများ ရှိထားတာကြောင့် ဒီခရီးစဉ်ဟာ စီးပွားရေးနဲ့
အဓိက ပတ်သက်မယ်လို့ ယူဆနိုင်ပေမဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာတော့
မြောက်ကိုရီးယားနဲ့ မြန်မာ နျူကလီးယား ဆက်ဆံမှု ကိစ္စကို မေးမြန်း ဆွေးနွေးမယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင်
လာမယ့် မြန်မာနိုင်ငံ ရွေးကောက်ပွဲကိုလည်း မျှမျှတတဖြစ်အောင် တိုက်တွန်း အားပေးဖို့လည်း ပါတယ်လို့ ဆိုပါတယ်။
ဓြာတ်ပုံ usaid.gov

တောင်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ရှင်ကက်ဆူး။

မန်မာနိုင်ငံ အနေနဲ့က မြောက်ကိုရီးယားနိုင်ငံနဲ့ သံအဆက်အဆံ ပြန်စထားသလို တဘက်မှာ မြောက်ကိုရီးယားနဲ့


စစ်ရေး ဆက်ဆံမှုတွေ တိုးမြှင့်လာတယ်လို့ အများက သံသယ ရှိထားပါတယ်။ စီးပွားရေးအရ ဆက်ဆံနေတဲ့
တောင်ကိုရီးယားနဲ့ စစ်ရေးအရ ပတ်သက်လာတဲ့ မြောက်ကိုရီးယား ဆက်ဆံရေးပိုင်းမှာ မြန်မာစစ်ခေါင်းဆောင်တွေ
အနေနဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို အလေးသာနိုင်တယ်လို့ အရင် မြန်မာ နိုင်ငံခြားရေးဌာနမှာ လုပ်ခဲ့ဖူးတဲ့
ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်က သုံးသပ်ပါတယ်။

“မြန်မာအစိုးရ အနေနဲ့ကတော့ မြောက်ကိုရီးယားဘက်ကို ယိမ်းပါလိမ့်မယ်။ တောင်ကိုရီးယား ဒုတိယ


နိုင်ငံခြားရေးဝန်ကြီး သွားတဲ့ ခရီးစဉ်မှာလည်း မြောက်ကိုရီးယားကိစ္စနဲ့ ပတ်သက်ပြီးတော့ အဏုမြူ
ကိစ္စသော်လည်းကောင်း၊ ဒုံးလက်နက် ကိစ္စသော်လည်းကောင်း မေးမြန်းလာခဲ့ရင် ထုံးစံအတိုင်း ဗြောင်ပဲ
ငြင်းပါလိမ့်မယ်။

“ကျနော့်အတွေ့အကြုံပေါ့၊ ၁၉၉၄-၉၅ လောက်က တပ်မတော် ထောက်လှမ်းရေးက Delegation တခု


တောင်ကိုရီးယား ထောက်လှမ်းရေးက ဖိတ်လို့ သွားခဲ့ဖူးပါတယ်။ အဲဒီအချိန်၊ အဲဒီအခါကတည်းက မြန်မာနဲ့
မြောက်ကိုရီးယားရဲ့ ဆက်ဆံရေးကို တောင်ကိုရီးယား အနေနဲ့ သံသယ ရှိခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ မေးတာတွေ
ရှိပါတယ်။

“အဲဒီ Delegation ပြန်ပြီးနောက်ပိုင်းမှာ မြန်မာအစိုးရဘက်ကနေပြီး တောင်ကိုရီးယားဘက်ကို


ဘာလိုက်လျောလိုက်လဲဆိုတော့ ရန်ကုန်မှာရှိတဲ့ တောင်ကိုရီးယား သံရုံးက ပထမအတွင်းဝန်ကို ကျနော်နဲ့အတူပါပဲ
အင်းစိန်ထောင်ထဲမှာရှိတဲ့ မြောက်ကိုရီးယားတွေ ဗုံးခွဲတုန်းက ကျန်ခဲ့လို့ မိခဲ့တဲ့ ကင်မင်ချူးနဲ့ ၄ ကြိမ်လောက်
ပေးတွေ့ခဲ့တာ ရှိပါတယ်။

“တဘက်ကတော့ တောင်ကိုရီးယားနဲ့ ကုန်သွယ်မှုအပိုင်း သူတို့ အဆက်အဆံ တော်တော်များများ ရှိခဲ့ပါတယ်၊ ဒေ၀ူး


အပါအ၀င်ပေါ့။ မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ အပိုင်းကိုတော့ တောင်ကိုရီးယားက မေးလာတိုင်းမှာ
အထူးလျှို့ဝှက်ချက်တခု အနေနဲ့ လုံးဝ၊ လုံးဝ ပြောခြင်း မရှိပါဘူး။ အဲဒီအချိန်တုန်းကတော့ သံတမန်
အဆက်အသွယ်လည်း မရှိဘူး။ အခုအချိန်ခါမှာလည်း ဘယ်လောက်ပဲမေးမေး ပြောမယ့် အနေအထားမျိုး မရှိပါဘူး။”

တောင်ကိုရီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးက တကယ်တမ်း ပြောရရင်တော့ စစ်အစိုးရ တက်လာကတည်းက


စီးပွားရေးအရ တော်တော်လေး ခိုင်ခိုင်မာမာ ရှိခဲ့တယ်လို့ ပြောလို့ရမယ် ထင်ပါတယ်။ အဲဒီတော့ အခုလို
အခြေအနေမျိုးမှာ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ပိုပြီးတော့ နီးသွားတာကြောင့် တောင်ကိုရီးယားနဲ့
ဆက်ဆံရေးမှာရော တစုံတရာ အနှောင့်အယှက် ရှိနိုင်လားခင်ဗျ။

“ပုံမှန်အားဖြင့်တော့ တောင်ကိုရီးယားတွေက မြန်မာအစိုးရနဲ့ ဆက်ဆံတဲ့အခါမှာ စီးပွားရေး တခုတည်းကိုပဲ


ဦးတည်ပြီး ဆက်ဆံလာခဲ့ပါတယ်။ အခုနောက်ဆုံး ကမ္ဘာမှာဖြစ်နေတဲ့ နိုင်ငံရေး အခြေအနေ အရရော၊ နိုင်ငံတကာ
အခြေအနေ အရရော ကြည့်မယ်ဆိုရင် မြောက်ကိုရီးယားက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ Sanction ကို
မိထားပါတယ်။ လက်ရှိ မြန်မာအစိုးရနဲ့ မြောက်ကိုရီးယား အစိုးရတို့ရဲ့ ပူးပေါင်းပြီး လုပ်နေတဲ့ အဏုမြူကိစ္စတွေ၊
ဒုံးလက်နက်ကိစ္စတွေ၊ စစ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နေတဲ့ ကိစ္စတွေ၊ ဒါတွေနဲ့ ပတ်သက်ပြီး တောင်ကိုရီးယား
အနေနဲ့ အထူးသံသယ ရှိပါလိမ့်မယ်။”

ဦးအောင်လင်းထွဋ် ပြောပြသွားတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားဝန်ကြီး ပတ်အူချွန်း (Pak Ui Chun) ဟာ ပြီးခဲ့တဲ့လကပဲ မြန်မာ၊ မြောက်ကိုရီးယား


သံဆက်သွယ်ရေး ပြန်စပြီး ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ မြောက်ကိုရီးယား၊ မြန်မာ
ဆက်ဆံရေး အခြေအနေကို နိုင်ငံအတော်များများက အနီးကပ် အကဲခတ်နေသလို မြန်မာနိုင်ငံ ဒုံးလက်နက်နဲ့
နျူကလီးယားဆိုင်ရာ အစီအစဉ်တွေမှာ မြောက်ကိုရီးယားနိုင်ငံ ပါဝင်ပတ်သက်မှု ရှိတယ်လို့လည်း
အနောက်နိုင်ငံတွေက သံသယ ၀င်နေကြပါတယ်။

မြောက်ကိုရီးယားနဲ့ မြန်မာ ဆက်ဆံရေး အတော်လေး ပြန်ကောင်းလာနေတာကြောင့် အခုလို


တောင်ကိုရီးယားဘက်က စိုးရိမ်စရာ ဖြစ်လာပြီး နှစ်ဘက် သံဆက်ဆံရေး အရှိန်မြှင့်ဖို့ ကြိုးစားလာတာ
ဖြစ်နိုင်တယ်လို့လည်း လေ့လာသူတွေက သုံးသပ်ပါတယ်။

Source:http://www1.voanews.com/burmese/news/south-korea-myanmar-100948324.html

မြန်မာနှငေ
့် မြာက်ကရ
ိုီး ယား၏ နျူကလီယားကိစ္စ တောင်ကရ
ီုးယား
မေးမြန်းမည်

2010-08-17

မကြာခင် မြန်မာနိုင်ငံကို သွားရောက်မယ့် တောင်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရှင်ကက်ဆူးဟာ


ဘာမှ ရှင်းရှင်းလင်းလင်း မသိကြရတဲ့ မြန်မာ မြောက်ကိုရီးယား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှုအကြောင်း
ထည့်သွင်းပြောဆိုမယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သြဂုတ်လ ၁၆ ရက်
တနင်္လာနေ့က ပြောကြားလိုက်ပါတယ်၊

မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ခန်းမဆောင်တွင် မြန်မာစစ်တပ်၏ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့


ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း (ထိုင်နေသူ၊ ဝဲ) နှင့် မြောက်ကိုရီးယား ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး
ကင်ဂျုပ်ဆစ် (ထိုင်နေသူ၊ ယာ) တို့ ၂၀ဝ၈ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်က နားလည်မှု စာချွန်လွှာ
လက်မှတ်ရေးထိုးနေပုံ ဖြစ်ပါသည်။ (Photo: RFA)

တောင်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟာ သြဂုတ်လ ၁၉ ရက်နေ့က နေ ၂၁ ရက်နေ့အထိ မြန်မာ နိုင်ငံကို


လည်ပတ်မှာ ဖြစ်ပါတယ်၊

မြန်မာစစ်အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံတဲ့အခါ လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ် မျှတစေချင်ကြောင်း


တောင်ကိုရီးယားအစိုးရရဲ့ စကားနဲ့အတူ သံသယဝင်စရာဖြစ်နေတဲ့ မြောက်ကိုရီးယား နဲ့မြန်မာ နျူကလီးယားကိစ္စ
အကြောင်းလည်း ပြောဆိုမှာ ဖြစ်တယ်လို့ သိရပါတယ်၊

မိမိတို့အစိုးရဟာ မြန်မာနဲ့ မြောက်ကိုရီးယား နျူကလီးယားကိစ္စ အပါအဝင် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုအပေါ်


မျက်စိဒေါက်ထောက် ကြည့်နေတာ ဖြစ်ကြောင်း။ ဒီကိစ္စအပေါ် အမေရိကန်ပြည်ထောင်စုနဲ့ရော။ တခြားနိုင်ငံတွေနဲ့ပါ
ပူးတွဲစုံစမ်းနေပေမဲ့ ခိုင်မာတဲ့ အထောက်အထား တစံတ
ု ရာ မတွေ့ရသေးကြောင်း။ ဒါပေမဲ့ မစ္စတာ ရှက်ကက်ဆူးဟာ
မြန်မာပြည်ခရီးစဉ်အတွင်း ဒီကိစ္စပြောဆိုမှာဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန
ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်၊

တောင်ကိုရီယားနိုင်ငံ အင်အယ်လ်ဒီ (လွတ်မြောက်နယ်မြေ) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဦးရန်နိုင်ထွန်းကတော့


အခုလို မှတ်ချက်ပြုပါတယ်။

“အဓိကတော့ များမကြာသေးခင်အချိန်ကမှ ဒီ မြောက်ကိုရီးယားရဲ့ ခေါင်းဆောင်ပိုင်းတွေကလည်း မြန်မာပြည်ကို


သွားတယ်။ နောက် တောင်ကိုရီးယားအနေနဲ့က မြန်မာနိုင်ငံအတွင်းမှာ စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ
ပြုလုပ်နေတယ်။ အဲဒီအတွက်ကြောင့်မို့လို့ မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံနဲ့ အရမ်းကို ရင်းနှီးကျွမ်းဝင်သွားမှာ၊
နောက်တခုက ဒီ နျူကလီးယားဆိုင်ရာ စစ်လက်နက်တွေကို ဗမာနိုင်ငံအတွက်ကို မြောက်ကိုရီးယားက
အားပေးအားမြှောက်မှုတွေ ပြုလုပ်မှာကိုလည်း သူတို့ စိုးရိမ်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက မြန်မာနိုင်ငံကို သွားရောက်


လည်ပတ်ခဲ့ပါတယ်၊

Source:http://www.rfa.org/burmese/news/S-
Korea_will_enquire_nuclear_project-08172010100239.html

ရွေးကောက်ပွဲ မတုင
ိ မ
်ီ နုင
ိ င
်ေ
ံ ရး အကျဉ်းသားတွေ လွှတဖ
် လ
ို့ အ
ို ပ်
ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေနဲ့အတူ
အကျဉ်းသားတွေ အများစု ကြားမှာလည်း မကြာခင်ပဲ သူတို့ ပြန်လွတ်တော့မလားဆိုတဲ့ ပြောဆိုမှုတွေ
တော်တော်များများ ထွက်ပေါ်နေပါတယ်။ အာဏာပိုင်တွေဘက်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ ပြောဆိုတာ
မရှိသေးပါဘူး။ ရွေးကောက်ပွဲ ၀င်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ တော်တော်များများနဲ့ လူ့အခွင့်အရေး အုပ်စုတွေကတော့
ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လတ
ွှ်ပေးရေး တောင်းဆိုနေကြတဲ့အကြောင်း
ဘန်ကောက်မြို့ကနေ ကိုကျော်အောင်လွင် သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံတ၀န်းက အကျဉ်းထောင်တွေထဲမှာ အခုရက်ပိုင်းတွေအတွင်း မကြာခင် အကျဉ်းသားတွေ


တော်တော်များများ ပြန်လွတ်လိမ့်မယ်ဆိုတဲ့ ခန့်မှန်း ပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်နေပါတယ်။
ရွေးကောက်ပွဲတွေကို နိုဝင်ဘာလ ၇ ရက်ကျရင် ကျင်းပမယ်လို့ တရားဝင် ကြေညာခဲ့ပြီးတဲ့ နောက်ပိုင်းမှာ အခုလို
ကောလာဟလတွေ ပျံ့နှံ့နေတာပါ။ စစ်အစိုးရဘက်ကတော့ အကျဉ်းသားတွေ ပြန်လွှတ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး
ကြိုတင် ပြောဆိုတာမျိုးတွေ လုပ်လေ့မရှိပါဘူး။

ရွေးကောက်ပွဲ ၀င်ပြိုင်ကြမယ့် နိုင်ငံရေးပါတီ တော်တော်များများကတော့ အဖမ်းအဆီး ခံနေရတဲ့ နိုင်ငံရေး


အကျဉ်းသားတွေ အားလုံးကို ရွေးကောက်ပွဲ မတိုင်ခင် ပြန်လွှတ်ပေးစေချင်နေတာပါ။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄
ရက်နေ့ကပဲ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) က နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး
ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါသေးတယ်။

“နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ဖို့ဆိုတာ အင်မတန်ပဲ အရေးကြီးပါတယ်။ ရွေးကောက်ပွဲနဲ့လည်း ဆက်စပ်မှု


ရှိပါတယ်။ ရွေးကောက်ပွဲကြီးက တကယ်ပဲ တရားမျှတ လွတ်လပ်ပြီး ကျယ်ကျယ်ပြန့်ပြန့်နဲ့ နိုင်ငံ ဂုဏ်သိက္ခာရှိအောင်
လုပ်ချင်တယ် ဆိုရင်တော့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ လိုပါတယ်။ နိုင်ငံရေးမှာ အဆင့်ဆင့်
ပါဝင်လာတဲ့ ပုဂ္ဂိုလ်တွေကို ချန်ထားပြီး ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုလည်း
သွားနိုင်မယ့်လမ်းကို အဟန့်အတား အားနည်းစေမှာ ဖြစ်ပါတယ်။

“ဒါကြောင့် ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက နိုင်ငံရေး အကျဉ်းသားအားလုံး


လွတ်မြောက်ရေးဟာ ရွေးကောက်ပွဲ မတိုင်ခင်မှာ လုပ်သင့်တယ်ဆိုတာ အလေးအနက် ခံယူပြီးတော့
တိုက်တွန်းထားတဲ့ ကြေညာချက်လည်း ဖြစ်ပါတယ်။”

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေ ပြောခဲ့တာ ဖြစ်ပါတယ်။

ဦးခင်မောင်ဆွေ ကိုယ်တိုင်ကလည်း နှစ်ရှည် နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့ဖူးတဲ့သူပါ။ သူကျခံခဲ့ရတဲ့ အမှုနဲ့


ပတ်သက်ပြီး အခုကျင်းပမယ့် ရွေးကောက်ပွဲမှာ ၀င်ပြိုင်ခွင့် မရှိဘူးဆိုလို့ ဦးခင်မောင်ဆွေ အပါအ၀င် NDF ပါတီက
ခေါင်းဆောင် ၄ ဦး ရွေးကောက်ပွဲ ၀င်နိုင်ရေး ကော်မရှင်နဲ့ အပြန်အလှန် ပြောဆိုနေကြတုန်းပါ။

လူ့အခွင့်အရေး ဆောင်ရွက်လို့ အဖမ်းခံနေရတဲ့ သူတွေအတွက် ဥပဒေကြောင်းအရ အကူအညီ ပေးနေတဲ့ ရှေ့နေကြီး


ဦးအောင်သိန်းကလည်း နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ရေးကို တောက်လျှောက် ပြောဆိုနေသူပါ။

“နိုင်ငံရေး အကျဉ်းသား သို့မဟုတ် ယုံကြည်ချက်အရ ထောင်ကျနေလျက် ရှိတဲ့သူတွေပေါ့ဗျာ။ သူတို့ကလည်း


ဘာပဲပြောပြော နိုင်ငံတော်ရဲ့ အရေးအရာ တခုမှာ ပါသင့်ပါထုက
ိတဲ့ ပုဂ္ဂိုလ်တွေ၊ မဲဆန္ဒ ပေးပိုင်ခွင့်ရှိတဲ့
ပုဂ္ဂိုလ်တွေလို့ပဲ ကျနော် ယုံကြည်ပါတယ်။ နိုင်ငံရေး ယုံကြည်ချက်ရှိတဲ့ သူတွေကို နိုင်ငံရေး အခွင့်အလမ်းအရ
ရွေးကောက်ပွဲ မတိုင်မီ လွှတ်ပေးသင့်တယ်၊ ဖြစ်နိုင်ရင်လည်း ရွေးကောက်ပွဲမှာ သူတို့ ဆန္ဒရှိတယ်ဆိုရင် သူတို့ကို
မဲပေးပိုင်ခွင့် ပေးသင့်တယ်လို့ ကျနော် မြင်ပါတယ်။”

လက်ရှိ ဥပဒေတွေအရဆို အကျဉ်းကျနေသူ မှန်သမျှ ရွေးကောက်ပွဲမှာ မဲပေးခွင့် မရှိပါဘူး။ ကုလသမဂ္ဂ အပါအ၀င်


ကမ္ဘာ့နိုင်ငံ တော်တော်များများက မြန်မာပြည်က အရေးကြီးတဲ့ နိုင်ငံရေးဖြစ်စဉ် တခုမှာ နိုင်ငံရေးနဲ့ သက်ဆိုင်တဲ့
အင်အားစုတွေ အားလုံး ပါဝင်နိုင်ရေးအတွက် အဖမ်းအဆီးခံ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို အမြန်ဆုံး
ပြန်လွှတ်ပေးစေချင်နေတာပါ။ ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတမှုရှိတယ် ဆိုတာကို ပြသဖို့ အချက်တခု
အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးပြီး ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပေးဖို့ မြန်မာစစ်အစိုးရကို
တိုက်တွန်း တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။ မြန်မာစစ်အစိုးရကတော့ မြန်မာပြည်မှာ နိုင်ငံရေး အကျဉ်းသား
တယောက်မှ မရှိဘူးလို့ ပြောထားပါတယ်။

နေအိမ်မှာ အကျယ်ချုပ် ချခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်


မြန်မာပြည်မှာ နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရတဲ့သူပေါင်း ၂,၁၀၀ ကျော် ရှိတယ်လို့ ထိုင်းနိုင်ငံ
အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP က ဆိုပါတယ်။

Source:http://www1.voanews.com/burmese/news/myanmar-political-prisoners-100877424.html

ရှမ်း ပြည် ရထားလမ်းဖောက်မှု စစ်ရေးအတွကသ


်ာဖြစ်
ရှမ်းပြည်နယ် တောင်ပိုင်းရှိ မိုးနဲနှင့် အရှေ့ပိုင်းရှိ ကျိုင်းတုံ ဒေသကို
ဆက်သွယ်မည့် ရထားလမ်းကို စစ်အစိုးရက ဖောက်လုပ်နေ
ခြင်းသည် လမ်းပန်း ဆက်သွယ်ရေး ချောမွေ့ စေရန်ထက် အပစ်ရပ်
အဖွဲ့များအပေါ် စစ်ရေးပြင်ဆင်မှု အတွက်ဖြစ်သည်ဟု ရှမ်း
လူ့အခွင့်ရေး အဖွဲ့များက ပြောဆိုလိုက်သည်။

ဤရထားလမ်း ဖောက်လုပ် ခြင်းကြောင့် ဒေသခံ ပြည်သူများ


လယ်မြေဧက ထောင်ချီ၍ အသိမ်းခံခဲ့ရပြီး တိုင်ကြားလျှင်
ထောင်ချပစ်မည် ဆိုသည့် ခြိမ်းခြောက်မှုများ ရှိခဲ့ကြောင်း
ရှမ်းအမျိုးသမီး ရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက်ရေး အသင်း
(SWAN) နှင့် ရှမ်းလူ့အခွင့်ရေး မဏ္ဍိုင် (SHRF) တို့မှ ယနေ့
ထုတ်ပြန်သည့် အစီရင် ခံစာတွင် ဖော်ပြထားသည်။

SWAN အဖွဲ့မှ ယိင်းဟန်ဖက “ဒီရထားလမ်းဟာ ခရီးသည်တွေ အတွက် မဟုတ်ပါဘူး။ စစ်တပ်ရဲ့ တင့်ကားတွေ


အမြောက်တွေ သယ်ဖို့ပါ” ဟု ပြောသည်။

အဆိုပါ ရထားလမ်းသည် စစ်အစိုးရက နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် ပြောင်းလဲရန် ဖိအားပေး ခံနေရသည့် ‘၀’ ပြည်
သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ် ထားသည့် မြောက်ပိုင်း ဒေသနှင့် တောင်ပိုင်း ဒေသကို
ပိုင်းခြားထား လိုကြ် ခင်း ဖြစ်ပြီး ရှမ်းပြည် တပ်မတော်(တောင်ပိုင်း) (SSA-S) အဖွဲ့ အပါအ၀င်
တခြားတိုင်းရင်းသားအဖွဲ့များကို ထိုးစစ်ဆင် တိုက်ခိုက် ပါက စစ်ရေး အထောက်အပံ့ ပစ္စည်းများ လွယ်ကူလျှင်မြန်စွာ
သယ်ယူနိုင်ကြောင်းလည်း ၎င်းက ဆိသ
ု ည်။

မိုးနဲဒေသတွင် မီးရထားလမ်း ဖောက်လုပ်ရန်အတွက် လယ်မြေများကို လျော်ကြေးမပေးဘဲ သိမ်းယူခဲ့ကြောင်း၊


ထို့အပြင် ရထားလမ်း ဖောက်လုပ်မည့် လမ်းကြောင်းနှင့် ဆက်စပ်နေသည့် စိုက်ပျိုးမြေများကို ရေသွင်းခြင်းမရှိစေရန်
မြို့နယ် အာဏာ ပိုင် များက တားမြစ်ထားကြောင်း၊ ဆုံးရှုံးခဲ့သည့် မြေဧကမှာ ၁၀၀၀ ကျော်ရှိပြီး မိုးနဲဒေသရှိ
မြေနိမ့်စိုက်ပျိုးမြေ၏ ၁၃ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ လယ်သမားများ၏ ဆုံးရှုံးရသည့် ငွေပမာဏမှာ ကျပ်ငွေ သိန်း ၂၅၀
ခန့် (အမေရိကန်ဒေါ်လာ ၂၅၀၀၀) ရှိကြောင်း သိရသည်။

စစ်အစိုးရက မိုးနဲနှင့် နမ့်စန်အကြားတွင်လည်း ၄၄ကီလိုမီတာရှည်သည့် ရထားလမ်းတခုကို ယခင်က ဖောက်လုပ်ခဲ့


သော်လည်း အချိန်တိုအတွင်း အမြန်တည်ဆောက်ခြင်းကြောင့် အရည်အသွေး မကောင်းဘဲ ရထားလမ်းပိုင်းများ
တည်ဆောက် ထားသည့် တာပေါင်များ ပြိုကျခြင်း၊ လမ်းချော်ခြင်းများ မကြာခဏဖြစ်ပွားခဲ့သည်။ထို့ကြောင့် ရထားဖြင့်
ခရီးသွားလာသူ အနည်းအကျဉ်းသာရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် မိုင်းခုတ်ဒေသမှ ထွက်ရှိသည့် ကျောက်မီးသွေးများကိုလည်း ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်သို့ တင်ပို့ရန်လည်း


စစ်အစိုးရက စီစဉ်ထားသည်ဟု သိရသည်။

SHRF အဖွဲ့မှ ပင်ခမ်းက“စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲကတဆင့် မြန်မာပြည်မှာ အပြောင်းအလဲ ဖြစ်လာမယ်လို့


ပြောနေ တယ်။ တကယ်လက်တွေ့မှာ စစ်ပြင်နေတာပဲ။ အိမ်နီးချင်းတွေအနေနဲ့ ဒီစစ်ဇုန်တွေမှာ ရင်းနှီးမြှုပ်နှံဖို့
သင့်မသင့် စဉ်းစားဖို့ ကောင်းတယ်”ဟု ဆိုသည်။

ယခုတည်ဆောက်နေသည့် ရထားလမ်းကို ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က


ကြီးကြပ် နေခြင်း ဖြစ်ပြီး သံလွင်မြစ်ကို ဖြတ်၍ ရထားလမ်း တည်ဆောက်ခြင်းသည် ယခုတကြိမ် ပထမဆုံး
ဖြစ်ကြောင်း သိရသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/3849-2010-08-17-09-39-27

ပြည်ခင
ိုြ် ဖိုး အတွင်း ရေးမှူး မဲဆွယ် စည်းရံုး ရေး ခရီးစဉ်
ကျေးရွာသားများ ပိစ
ု တာကပ်၍ ကန့်ကွက်
ရခိုင်ပြည် မာန်အောင်မြို့နယ် ပြည်ခိုင်ဖြိုး အတွင်းရေးမှူး၏ ရွေးကောက်ပွဲ စည်းရုံးရေး ခရီးစဉ်ကို ကျေးရွာသားများက
ပိုစတာများ ကပ်ပြီး ကန့်ကွက် ခဲ့ကြသည်ဟု သတင်း ရရှိသည်။

သစ်ပုံ ကျေးရွာသား တဦးက သူတို့ ရွာတွင် ပိုစတာ ကပ်ပြီး ကန့်ကွက်ခဲ့ကြပုံကို ယခုကဲ့သို့ ပြောသည်။
“ မာန်အောင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ အတွင်းရေးမှူး ဦးမောင်မြင့်က ကျွန်တော်တို့ရွာကို မဲဆွယ်
စည်းရုံးဖို့လာတယ်လေ။ လာတာက ဒီလ ၁၅ ရက်နေ့ကပါ။ ရွာသားတွေက စာရွက်တွေမှာ “ ကြံ့ဖွံ့ ပါတီ အလိုမရှိ။
တစည ပါတီ အလိုမရှိ။ ” ဆိုတဲ့ စာတွေ ရေးသားထားတဲ့ စာရွက်တွေကို သစ်ပင်တွေမှာ ကပ်ထားကြတယ်။
ဦးမောင်မြင့် ရောက်ရှိလာတဲ့ အခါ စာရွက်တွေ ကပ်ထားတာကို မြင်တော့ ရွာကိုတောင် မ၀င်ဘဲနဲ့ ပြန်လည်
ထွက်ခွာသွားပါတယ်။”

ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ဦးမောင်မြင့် မဲဆွယ်စည်းရုံးရန် အတွက် သစ်ပုံ ကျေးရွာသို့ လာရောက်မည့် အကြောင်းကို


ရယက ဥက္ကဌထံမှ တဆင့် သိရှိထားသော ကျေးရွာသားများက ဦးမောင်မြင့် မရောက်မှီ ပိုစတာများရေးဆွဲကာ
သစ်ပင်များတွင် ကပ်ထားခဲ့ကြခြင်း ဖြစ်သည်။

“အရင်ကတော့ ကြံ့ဖွံ့က ခေါင်းဆောင်တွေ လာရင် ရဲသားတွေ ပါလာတတ်တယ်။ အခု သူတို့က နိုင်ရေး ပါတီ
ဖြစ်သွားပြီဆိုတော့ အစိုးရနဲ့လည်း သက်ဆိုင်မူ မရှိတော့တာကြောင့် ရဲတွေ ဘာတွေက မပါလာတော့ ဘူးလေ။
အဲဒါကို သိတဲ့ ရွာထဲက လူငယ်တွေက ရွာထဲမှာရှိတဲ့ အုန်းပင်တွေနဲ့ တခြား သစ်ပင်တွေမှာ “ကြံ့ဖွံ့ပါတီအလိုမရှိ၊
တစညပါတီ အလိုမရှိ” ဆိုတဲ့ စာတွေကို ကြိုတင်ကပ်ပြီး ရွာသားတွေရဲ့ သဘောထားကို ထုတ်ပြလိုက်တာ
ဖြစ်ပါတယ်” ဟု သူက ပြောသည်။

သို့သော်လည်း အတွင်းရေးမှူး ဦးမောင်မြင့်က အဆိုပါ စာရေး ကန့်ကွက်သူများကို ဖေါ်ထုတ် အရေးယူ ပေးရန်


သစ်ပုံ ရဲစခန်းမှူးနှင့် သစ်ပုံကျေးရွာ ရယက ဥက္ကဌတို့ကို ညွန်ကြားခဲ့သည်ဟု သူက ဆက်ပြောသည်။

“ ကြံ့ဖွံ့အတွင်းရေးမှူးက ဒီစာတွေကို ဘယ်သူကတွေက ရေးပြီး ဘယ်သူတွေက ကပ်သလဲဆိုတာ ခင်ဗျားတို့


မသိဘူးလား၊ ဒီလူတွေကို မတွေ့မချင်း ခင်ဗျားတို့ လိုက်လံ ဖေါ်ထုတ်ပေးရမယ်ဆိုပြီး ကျိန်းမောင်းသွားတဲ့အတွက်
အခု စခန်းမှူး ဥာဏ်ထွန်းနဲ့ ရယက ဥက္ကဌ ဖိုးမြင့်တို့ အရေးတကြီး စာကပ်သူတွေကို လိုက်လံ ရှာဖွေနေပါတယ်။”

သစ်ပုံကျေးရွာမှာ မာန်အောင်မြို့မှ ၉ မိုင်ခန့် အကွာအဝေးတွင် တည်ရှိပြီး အိမ်ခြေ တစ်ထောင်ကျော် ရှိသော


ကျေးရွာကြီး တစ်ရွာ ဖြစ်သဖြင့် ရဲနှင့် ရယကမှ စာရွက်ကပ်သူများကို လေ့လာ စုံစမ်း၍ မရဘဲ ဖြစ်နေကြောင်း
သိရသည်။

ယခုအခါ မာန်အောင်မြို့နယ်တွင် ပြည်ခိုင်ဖြိုး ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှအပ တခြားပါတီများ


မဲဆွယ်စည်းရုံးခြင်း မရှိသေးကြောင်း သိရသည်။

အလားတူ သြဂတ်စ်လ ၇ ရက်နေ့ကလည်း ကျောက်ဖြူမြို့နှင့် မြို့နယ် အတွင်း တည်ရှိသော ကြက်တိန် ကျေးရွာ


အုပ်စု၊ ပျားတွဲ ကျေးရွာ အုပ်စု၊ စိုင်ခြုံ ကျေးရွာအုပ်စု၊ ကပ်သပြေ ကျေးရွာအုပ်စုများတွင် လည်း “စစ်ကျွန်သက်ဆိုး
ရှည်မည့် ရွေးကောက်ပွဲကို ဆန်ကျင့်ကြ” “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းကို ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ
ဆန့်ကျင်ကြ” စသည့် စာတန်းများ ပါသည့် နံရံကပ်စာများနှင့် လက်ကမ်း စာစောင်များကို အမည်မသိသူများက
ဖြန့်ဝေ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

Source:http://www.narinjara.com/detailsbur.asp?id=2679

You might also like