You are on page 1of 22

ရွေးကောက်ပွဲ ရက်ကြေညာချက်ကို နိင

ု င
် တ
ံ ကာ တြုံ့ ပန်
စစ်အစိုးရက ရွေးကောက်ပွဲကို ယခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု ကြေညာ ပြီးနောက် အမေရိကန်
ပြည်ထောင်စုနှင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ရွေးကောက်ပွဲတွင် အားလုံး ပါဝင်နိုင်ရေး၊ လွတ်လပ်ပြီး တရား
မျှတရေးနှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရေး ထပ်မံတောင်းဆိုခြင်းဖြင့် အသီးသီး တုံ့ပြန်လိုက်ကြသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရ


ပုဂ္ဂိုလ် မာ့ခ် တိုနာ က “ဒီလို အခြေအနေ မျိုးနဲ့တော့
ရွေးကောက်ပွဲဟာ အားလုံးပါဝင်ဖို့နဲ့ ယုံကြည်
စိတ်ချဖို့ကတော့ မဖြစ်နိုင် သေးပါဘူး။ မြန်မာ ပြည်မှာ
တပြေးတည်း လှုပ်ရှားနိုင်တဲ့ အခွင့်မသာ သေးဘဲ
ဖိနှိပ်တဲ့ နိုင်ငံရေး ဝန်းကျင် ရှိနေသေး တာကို
ကျနော်တို့က စိုးရိမ်မှု ရှိဆဲ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့
ပြောသည်။

“မြန်မာပြည်သူ လူထုရဲ့ အခြေခံ ရပိုင်ခွင့်နဲ့ လွတ်လပ်မှု


တွေကို စစ်အစိုးရက တင်းကြပ်ထား နေတုန်းပါပဲ။
ဂျပန်ရောက်မြန်မာများ ၈ လေးလုံး နှစ်ပတ်လည်နေ့တွင် “၂၀၁၀
နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ အမျိုးသား
ရွေးကောက်ပွဲကို သပိတ်မှောက်” စာတန်းပါ အင်္ကျီများနှင့်
ရင်ကြား စေ့ရေးကို ရှေးရှုပြီး ပထမ ခြေလှမ်း အနေနဲ့
တိုကျိုမြို့၌ ဆန္ဒပြနေစဉ် (ဓာတ်ပုံ - Getty Images)
သက်ဆိုင်ရာ အင်အားစုတွေနဲ့ စစ်မှန်တဲ့
ဆွေးနွေးရေးတွေ လုပ်ဖို့ ကျနော်တို့က စစ်အစိုးရကို တိုက်တွန်း ထားပါတယ်” မာ့ခ် တိုနာက ဆက်လက်
ပြောကြားသည်။

သြဂုတ်လ ၁၃ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း နိုင်ငံရေး အကျဉ်းသားများ


လွတ်မြောက်လာပြီး နိုင်ငံရေးဖြစ်စဉ်တွင် လွတ်လပ်စွာ ပါဝင်နိုင်ရေးကို စစ်အစိုးရအား တိုက်တွန်းခဲ့သည်။

ဘန်ကီမွန်း၏ ပြောခွင့်ရပုဂ္ဂိုလ် မာတင် နက်ဆာကီ က “အထွေထွေ အတွင်းရေးမှူးချုပ်ကတော့ သူထပ်တလဲလဲ


တောင်းဆိုထားတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အကျိုးအတွက် ရွေးကောက်ပွဲကို
အားလုံးပါဝင်နိုင်ဖို့၊ လွတ်လပ်ပြီး တရားမျှတဖို့ မြန်မာအာဏာပိုင်တွေ အနေနဲ့ သန္နိဋ္ဌာန်ချ ဆောင်ရွက်ဖို့ ပြောပါတယ်” ဟု
နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်များကို ပြောကြားသည်။

အမျိုးသား ရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီ ကူးပြောင်းရေး ဖြစ်စဉ်အတွက် အရေးပါသော ခြေလှမ်းအဖြစ်


မြန်မာနိုင်ငံသားများ၏ အခြေခံ လွတ်လပ်ခွင့်ကို မြန်မာအာဏာပိုင်များက သေချာအောင် စီမံပေးရန်၊ ကျန်ရှိနေသော
နိုင်ငံရေး အကျဉ်းသားများကို နိုင်ငံရေးတွင် ပါဝင်နိုင်ရန် နှောင့်နှေးခြင်း မရှိဘဲ လွှတ်ပေးရန် ဘန်ကီမွန်းက လေးနက်စွာ
တိုက်တွန်းကြောင်း နက်ဆာကီ က ဆက်လက်ပြောကြားသည်။

မြန်မာ့ ရွေးကောက်ပွဲနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားရာတွင် နက်ဆာကီက


ကုလသမဂ္ဂအနေဖြင့် ဘန်ကီမွန်း၏ ဦးဆောင် ထုတ်ဖော် ပြောဆိုမှုများ၊ နိုင်ငံတကာ အသိုင်းအဝန်းက မြန်မာ့
ရွေးကောက်ပွဲနှင့် ပတ်သက်၍ စိုးရိမ်မှုများနှင့် မျှော်လင့်ချက်များ၊ အနှစ် ၂၀ အတွင်း ပထမဆုံး ကျင်းပမည့်
ရွေးကောက်ပွဲကို ယုံကြည်ဖွယ်ဖြစ်ရေးနှင့် အားလုံး ပါဝင်နိုင်ရေးကိစ္စရပ်များကို ပြောကြားသွားသည်။
“ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ နိုင်ငံရေး ပါတီအားလုံးရဲ့ ဆုံးဖြတ်ချက်တွေကို ကုလသမဂ္ဂက လေးစားပါတယ်လို့
ဘန်ကီမွန်းက ရှင်းရှင်းလင်းလင်း ပြောဆိုထားပါတယ်” ဟု နက်ဆာကီက ဆိသ
ု ည်။

ဘန်ကီမွန်းနှင့် သူ၏ အထူး အကြံပေးတို့သည် မြန်မာ စစ်အစိုးရနှင့် နီးကပ်စွာ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း၊ သို့သော်


စစ်အစိုးရသည် ပူးပေါင်းဆောင်ရွက်မှု ပိုမို လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ဘန်ကီမွန်းသည် ကုလသမဂ္ဂ
အထွေထွေညီလာခံတွင် အစီရင်ခံသည်အခါ အသေးစိတ် တင်ပြမည် ဖြစ်ကြောင်း သိရသည်။

အထက်လွှတ်တော် အမတ် မစ်ခ်ျ မက်ကော်နယ်ကမူ စစ်အစိုးရ၏ ရွေးကောက်ပွဲသည် ဒီမိုကရေစီ ဖြစ်စဉ်တွင်


အတုအယောင်သာ ဖြစ်ကြောင်း ဝေဖန်သည်။

“မြန်မာစစ်အစိုးရက နိုဝင်ဘာ ၇ ရက်နေကို ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုပြီး ဟန်တလုံး ပန်တလုံးနဲ့ ကြေညာတယ်။


သူတို့ အတွက်တော့ အဓိပ္ပာယ်တွေ ရှိနေပေမယ့် သာမန် မြန်မာပြည်သူတွေအတွက်ကတော့ ဆက်လက် ဖိနှိပ်ခံရပြီး
ခက်ခဲကြမ်းတမ်းမှုတွေ ရှိနေဦးမယ့် ထူးမခြားနားသော နေ့တနေ့ပဲ ဖြစ်ပါလိမ့်မယ်” ဟု မက်ကော်နယ်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီမိုကရေစီ အင်အားစုများအား ထောက်ခံမှုကို သမ္မတ အိုဘားမားက ထပ်မံပြသရန်နှင့်


အတုအယောင်ဖြစ်သော ရွေးကောက်ပွဲကို နိုင်ငံတကာ အသိုက်အဝန်းက အသိအမှတ်မပြုကြောင်း
သေချာစေရေးအတွက် လုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း မက်ကော်နယ်က ပြောသည်။

သြဂုတ်လ ၁၄ ရက်နေ့တွင် ဥရောပသမဂ္ဂက စစ်အစိုးရအား အနှစ် ၂၀ အတွင်း ပထမဆုံး ကျင်းပမည့်


ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရာမျှတစွာ မဲပေးခွင့် မရှိပါက တရားဝင်ဖြစ်မည်ဟု တကမ္ဘာလုံးက သတ်မှတ်မည်
မဟုတ်ဟု ဆိုသည်။

ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံးမှ တဆင့် ထုတ်ပြန်သော ဥရောပ သမဂ္ဂ၏ ကြေညာချက်တွင် “နိုင်ငံရေးပါတီများ လွတ်လပ်စွာ


မဲဆွယ်စည်းရုံးခွင့်နှင့် မဲပေးရာတွင် လွတ်လပ်ပြီး တရားမျှတမှုရှိစေရန် အာဏာပိုင်များက တာဝန်ခံရမည် ဖြစ်ကြောင်း၊
သို့မှသာ တရားဝင်အဖြစ် နိုင်ငံတကာ အသိုင်းအဝန်းက သတ်မှတ်မည်ဖြစ်ကြောင်း” ဖော်ပြထားသည်။

US Campaign for Burma အဖွဲ့မှ ဦးအောင်ဒင်က “အမေရိကန်နဲ့ ကုလသမဂ္ဂဟာ စစ်အစိုးရအပေါ် ထိရောက်တဲ့


ဖိအားပေးမှုတွေ မလုပ်ခဲ့ပါဘူး။ မြန်မာပြည်မှာ အာဏာရှင်စနစ် ပျက်သုဉ်းရေးနဲ့ လူသားတွေအပေါ် ကျူးလွန်တဲ့
ရာဇဝတ်မှုတွေကို ရပ်တန့်သွားဖို့ နိုင်ငံတကာက ကြွေးကြော်နေတဲ့အတိုင်း တကယ် မလုပ်နိုင်ပါဘူးလို့
မြန်မာစစ်ဗိုလ်ချုပ်တွေက ယုံကြည်နေကြပါပြီ” ဟု ပြောကြားသည်။

“ဒါကြောင့် သူတို့ စီစဉ်တဲ့ အတိုင်း ရွေးကောက်ပွဲကို ဆက်လုပ်နေကြတာ ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ ညစ်ပတ်တဲ့


အစီအမံတွေကို မတားဆီးနိုင်ဘူး ဆိုရင်တောင်မှ အမေရိကန်နဲ့ ကုလသမဂ္ဂဟာ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို
လက်မခံကြောင်း ကြေညာသင့်ပါတယ်” ဟု ဦးအောင်ဒင်က ဆက်လက်ပြောကြားသည်။

စစ်အစိုးရသည် လွှတ်တော် အသီးသီးအတွက် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းကြရန် သြဂုတ် ၁၃


ရက်နေ့က ကြေညာခဲ့သည်။

တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့် နိုင်ငံရေးပါတီ ၄၇ ပါတီရှိပြီး မှတ်ပုံတင်ခွင့်


လျှောက်ထားသည့် ၄၁ ပါတီအနက် ပါတီ ၄၀ ကို ခွင့်ပြုခဲ့ပြီး ဖြစ်သည်။ ခွင့်ပြုပြီးသည့် ပါတီ ၄၀ အနက် ပါတီဝင်အင်အား
စာရင်းတင်ပြသော ပါတီ ၁၅ ပါတီ ရှိပြီ ဖြစ်သည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/3832-2010-08-16-06-05-24

အင်ဒန
ီုးရှား အမှားကို သင်ခန်းစာယူဖို့ မြန်မာကို လူအ
့ ခွငအ
့် ရေးအဖွဲ့
သတိပေး

2010-08-16

မြန်မာနိုင်ငံဟာ အင်ဒိုနီးရှား လျှောက်လှမ်းခဲ့တဲ့ လမ်းကြောင်းအမှားကို မလိုက်ဖို့ သတိပေးလိုတယ်လို့ အင်ဒိုနီးရှား


လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ရာဖန်ဒီ ဂျာမင်က ပြောကြားလိုက်ပါတယ်။ မြန်မာပြည်ဟာ အင်ဒိုနီးရှားပြုခဲ့တဲ့
အမှားမျိုးတွေကို ထပ်မလုပ်မိအောင် သင်ခန်းစာယူ ရှောင်ကွင်းနိုင်ပါတယ်၊ အင်ဒိုနီးရှားမှာ စစ်ဗိုလ်ချုပ်တွေ ကျူးလွန်ခဲ့တဲ့
လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေအတွက် တရားမျှတအောင် မဆောင်ရွက်နိုင်ခဲ့ပဲ ဖြစ်ခဲ့ရတယ်၊ လူ့အခွင့်အရေး
ဖောက်ဖျက် ကျူးလွန်ခဲ့တယ် ဆိုတဲ့သူတွေဟာ အစိုးရအဖွဲ့မှာ ထိပ်တန်းနေရာတွေ ရနေကြပြီလို့ ရာဖန်ဒီ ဂျာမင်က
ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာ မြို့တော်ရှိ အာဆီယံ အတွင်းရေးမှူးအဖွဲ့ရုံး အဆောက်အအုံရှေ့တွင် မတ်လ ၂၉ ရက်က


အာဆီယံ အစိုးရအဖွဲ့များ၏ လူ့အခွင့်အရေး ကော်မရှင် အစည်းအဝေး ကျင်းပနေစဉ် အရှေ့တောင် အာရှနိုင်ငံများမှ
လူမှုအဖွဲ့အစည်း ၆၉ ခု ပေါင်းစည်းကာ အင်ဒိုနီးရှား၊ မြန်မာနှင့် ဖိလိပိုင်နိုင်ငံတို့မှ လူ့အခွင့်အရေး ချိုးဖောက်မှုများကို
ကန့်ကွက်ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ (Photo: AFP)

သူဟာ အာဆီယံ လူ့အခွင့်အရေး ကော်မရှင်မှာ အင်ဒိုနီးရှား နိုင်ငံ ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်၊

ရာဖန်ဒီ ဂျာမင်ဟာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ် ကင်တားနားနဲ့


ပြီးခဲ့တဲ့အပတ်က တွေ့ဆုံခဲ့စဉ်မှာ ပြောခဲ့တာ ဖြစ်ပါတယ်၊ မစ္စတာ ကင်တာနား ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ လူ့ အခွင့်အရေး
တိုးတက် ထွန်းကားအောင်ဆောင်ရွက်နေပုံ နဲ့ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီနိုင်ငံ အဖြစ် အသွင်ကူးပြောင်းပုံတွေနဲ့
ပတ်သက်ပြီး အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေတာ ဖြစ်ပါတယ်၊

Source:http://www.rfa.org/burmese/news/rights_official_warns_burma_for_violations-
08162010100724.html
ပြည်ပရောက် ဒီမက
ို ရေစီအင်အားစုများက ရွေးကောက်ပွဲ ဆန်က
ျ့င်ဆန္ဒပြ

2010-08-16

မြန်မာစစ်အစိုးရရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၇ ရက်နေ့ကို ရွေးကောက်ပွဲ ကျင်းပမဲ့ရက်အဖြစ်


သတ်မှတ်လက
ိုတာ နဲ့ပတ်သက်ပြီး ပြည်ပရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုတွေ ပူးပေါင်းပြီး အမေရိကန်နိုင်ငံ
အင်ဒီယားနား ပြည်နယ် ဖို့ဝိန်းမြို့မှာ သြဂုတ်လ ၁၅ ရက် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပြည်နယ်၊ ဖို့ဝိန်းမြို့လယ် တရားရုံးရှေ့တွင် သြဂုတ်လ ၁၅ ရက်နေ့က မြန်မာ့


ဒီမိုကရေစီ အင်အားစု ၁၆ ဖွဲ့ စုဝေးကာ စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲကို ကန့်ကွက်ဆန္ဒပြနေခြင်း ဖြစ်ပါသည်။
Photo: 88 Generation Students (Overseas)

ဖို့ဝိန်းမြို့လယ်ခေါင် တရားရုံးရှေ့မှာ တနင်္ဂနွေနေ့ မွန်းလွဲ ၁ နာရီ ကနေ ၃ နာရီအထိ မြန်မာ့ ဒီမိုကရေစီအင်အားစု အဖွဲ့
၁၆ ဖွဲ့ ပါဝင် ဆန္ဒပြကြတာနဲ့ ပတ်သက်ပြီး စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ ပြည်ပတာဝန်ခံ ကိုအောင်မြင့်ထွန်းက RFA
ကို အခုလို ပြောပြပါတယ်။

“ကျွန်တော်တို့ အဓိကကတော့ ဒီ စစ်အာဏာရှင် စနစ်ကနေ ပေါ်ထွက်လာတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့


ချမှတ်ထတ
ုပြန်လိုက်တဲ့ ဥပဒေတွေဟာ တရားမျှတမှုတွေ မရှိဘူး ဆိုတာကို ကျွန်တော်တို့ ဒီနေရာမှာ ဒီနေ့
ထောက်ပြတယ်၊ လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံတွင်းထဲမှာ ရှိတဲ့ ရွေးကောက်ပွဲ ဝင်ရောက်ဖို့ မှတ်ပုံတင်ထားတဲ့
အင်အားစုတွေရဲ့ အခြေအနေတွေကိုလည်း ထောက်ပြထားတဲ့ ကြေညာချက် တစောင်ကို ကျွန်တော်တို့ ဒီကနေ့
ထုတ်ပြန်ခဲ့ပါတယ်။”

ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရက်ကို အလျင်စလို သတ်မှတ်ခဲ့တာအပေါ် ကန့်ကွက်တဲ့


ကြေညာချက်တစောင်ကိုလည်း စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ (ပြည်တွင်း၊ ပြည်ပ) က ထုတ်ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲဝင်မဲ့ ပါတီတွေဟာ မဲဆွယ်စည်းရုံးဖို့ အချိန်လုံလောက်စွာ မရတာ၊ လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့် မရှိပဲ


တဖက်သတ် သတ်မှတ်လိုက်တာတွေကြောင့် တရားမျှတမှု မရှိဘူးလို့ သတ်မှတ်ကြောင်း ။ ရွေးကောက်ပွဲဝင်မဲ့
ပါတီတွေကိုလည်း ရွေးကောက်ပွဲ မဝင်ပဲ နုတ်ထွက်ကြဖို့ တိုက်တွန်းကြောင်း ပါရှိပါတယ်။

Source:http://www.rfa.org/burmese/news/anti-election_protest_in_fort_wayne-08162010134829.html

ကြံဖ
့ွံ ပါတီ ပိမ
ု တ
ို က်ကြွစွာ စည်းရုးံ လှုပရ
ှ်ား
မျိုးချစ်သူ / ၁၆ သြဂုတ် ၂၀၁၀
စစ်အစိုးရ ဦးစီးကျင်းပမည်ဆိုသော ရွေးကောက်ပွဲအတွက် ကြံ့ဖွံ့ပါတီကသာ အသာစီးရ စည်းရုံးလှုပ်ရှားနေကြောင်း
ရန်ကုန်မြို့ခံများက ပြောဆိုနေသည်။
လာမည့် နိုဝင်ဘာ (၇) ရက်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သည့် သြဂုတ် (၁၃)
ရက်တွင် တရားဝင် ကြေညာခဲ့ပြီးသည့်နောက် ရွေးကောက်ပွဲတွင် ပြည်သူများ ပါဝင်ဆန္ဒမဲပေးရေး ၀ါဒဖြန့်သီချင်းများနှင့်
ဇာတ်လမ်းများကို စစ်အစိုးရပိုင် ရုပ်မြင်သံကြားလိုင်းများနှင့် ရေဒီယိုလိုင်းများမှ စတင်ထုတ်လွှင့်လျက်ရှိသည်။

ပြည်သူများက ရွေးကောက်ပွဲကို လုံးဝစိတ်ဝင်စားမှုမရှိကြသော်လည်း ကြံ့ဖွံ့ပါတီအနေဖြင့် အလွန်တက်ကြွနေကာ


စည်းရုံးရေးများကို ယခင်ထက် ပိုမိုလုပ်ဆောင်နေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ပြည်သူများအနေဖြင့် မည်သည့်ပါတီကို မဲပေးရမည်၊ ပြည်သူ့လွှတ်တော်တွင် မိမိကိုယ်စား ၀င်ရောက်ပြောဆိုနိုင်မည့်


မည်သည့်ကိုယ်စားလှယ်ကိုသာ ရွေးသင့်သည်ဟူသော သုံးသပ် စဉ်းစားတွေးခေါ်နိုင်မှုတို့အတွက် ပါတီဝင်များ၊
နိုင်ငံရေးကျွမ်းကျင်သူများ၊ နိုင်ငံရေးစိတ်ဝင်စားသူများနှင့် သတင်းမီဒီယာအသီးသီးမှ ပုဂ္ဂိုလ်များအနေဖြင့်
လှုံ့ဆော်နေရမည့်အချိန် ရောက်ရှိနေသော်လည်း ယခုတိုင် မည်သည့်ပါတီ၊ မည်သည့်မီဒီယာကမှ လွတ်လပ်စွာ ပြောဆို
ဟောပြော စည်းရုံး ရေးသားနိုင်မှု မရရှိသေးကြောင်း ရန်ကုန်အခြေစိုက် သတင်းမီဒီယာသမားများက ပြောဆိုသည်။

ရန်ကုန်အခြေစိုက် သတင်းအယ်ဒီတာတဦးက “ရန်ကုန်မှာ အခြေခံလူတန်းစားတရပ်က ဘယ်သက


ူို့မေးမေး
ကြံ့ဖွံ့ဆိုတာကိုတော့ အားလုံးသိတယ်။ ဒါပေမယ့် ကြံ့ဖွံ့ဟာ ပါတီလား အသင်းလားဆိုတာ အခုထိ တိတိကျကျ
မသိကြသေးတာရှိတယ်။ သေချာတာက သူတို့သိတာ ကြံ့ဖွံ့ဖြစ်တဲ့အတွက် ကြံ့ဖွံ့ကိုပဲ မဲပေးလိမ့်မယ်။ ဘာလို့လဲဆိုတော့
ရန်ကုန်က အခြေခံလူတန်းစားတွေအနေနဲ့ စာဖတ်အားနည်းတယ်၊ ဘယ်သူက ဘာဆိုတာကိုလည်း နားမလည်ကြဘူး”
ဟု ရှင်းပြသည်။

နိုင်ငံရေးပါတီများမှာမူ ရွေးကောက်ပွဲအတွက် အချိန်မီ ကိုယ်စားလှယ်လောင်း တင်သွင်းရမည့်ရက်ကြောင့်


လှုပ်လှုပ်ရှားရှားဖြစ်နေသည်ဟု သိရသည်။

ယနေ့ သြဂုတ် (၁၆) ရက်မှ (၃၀) ရက်အတွင်း လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း


တင်သွင်းရမည်ဟူသော ကြေညာချက်ကြောင့် ပါတီအများစုမှာ အချိန်မီလုပ်ဆောင်နိုင်ရန်
အခက်အခဲများရှိနေသော်လည်း ကြံ့ဖွံ့ပါတီမှာမူ လုံးဝအခက်အခဲမရှိဘဲ လွတ်လပ်စွာ မဲဆွယ်စည်းရုံးမှုများ
ပြုလုပ်နေသည်ဟု မြို့ခံများက ပြောသည်။

စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ဖူးသူ လူငယ်တဦးကမူ “ဘယ်လိုပုံစံမျိုးနဲ့ပဲ ဖြည့်တွေးပါစေ၊ ကြံ့ဖွံ့ပါတီကို


နားလည်ပေးလို့မရဘူး။ ဒီပါတီကို ကျနော်တို့က စစ်အစိုးရပဲလို့ မြင်ထားတာ၊ ဖျောက်လို့မရဘူး၊ ဒါ့ကြောင့် မဲမပေးဘူး” ဟု
ပြောသည်။

ရန်ကုန်ပြည်သူတို့မှာ ရွေးကောက်ပွဲလုပ်မည့်ရက်ကို စိတ်မ၀င်စားဘဲ ၎င်းတို့စားဝတ်နေရေးအတွက်သာ


လှုပ်ရှားနေကြကြောင်း ကျောက်တံတားမြို့နယ်အတွင်း နေထိုင်သူတဦးက ပြောပြသည်။

၎င်းက “ရွေးကောက်ပွဲက အရေးမကြီးဘူး၊ စားဖို့ကအရေးကြီးတယ်။ အခု ကိုယ်တွေမှာ မိသားစုတွေအတွက်၊ သားသမီး


ကျောင်းစရိတ်အတွက်၊ ကျန်းမာရေးအတွက် ဒါတွေကိုပဲ တွေးနေရတာ” ဟု ပြောသည်။

ကိုယ်စားလှယ်တဦးလျှင် ငွေကျပ် (၅) သိန်းကို မှတ်ပုံတင်ကြေးအဖြစ် ရွေးကောက်ပွဲ ကော်မရှင်ထံ တင်သွင်းရမည်ဖြစ်ပြီး


နိုင်ငံရေးပါတီတခုသည် အနည်းဆုံး မဲဆန္ဒနယ် (၃) နေရာတွင် လွှတ်တော်အမတ်လောင်းများ ပါဝင်ယှဉ်ပြိုင်ရမည်ဟု
ရွေးကောက်ပွဲဥပေဒေတွင် ပါရှိသည်။

ယင်းအတွက် သုံးနေရာမပါဝင်နိုင်ပါက ဥပဒေအရ ပါတီကိုဖျက်သိမ်းခံရမည်ဖြစ်ရာ ငွေကြေးအခက်အခဲရှိသော


ပါတီများအနေဖြင့် ပါတီဖျက်သိမ်းခံရနိုင်ဖွယ်ရှိနေပြီး အရေအတွက်အားဖြင့် သုံးပုံနှစ်ပုံခန့် ရှိနေသည်ဟု
ရန်ကုန်နိုင်ငံရေးအသိုင်းအ၀ိုင်းမှ သိရသည်။

ယခုအခါ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့်အဖွဲ့ (၄၇) ဖွဲ့ရှိပြီး


နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသည့်ပါတီ (၄၁) ပါတီအနက် ပါတီ (၄၀) ကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဖြစ်သည်ဟု
ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ရွေးကောက်ပွဲဝင်ရန် နိုင်ငံရေးပါတီများက ပါတီဝင်အင်အားစာရင်း


တင်ပြကြရာတွင် ပါတီ (၁၄) ပါတီသာရှိသေးကြောင်း ကော်မရှင်၏ တရားဝင်စာရင်းများအရ သိရသည်။

Source:http://khitpyaing.org/index.php?route=detail&id=3526

ရွေးကောက်ပွဲရက် ကြေညာထားသော်လည်း ပြည်သစ


ူ တ
ိ ဝ
် င်စားမှုနည်းပါး
2010-08-16

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲနေ့ကို နိုဝင်ဘာ ၇ ရက်မှာ ကျင်းပမယ်လို့ ထုတ်ပြန် ကြေညာထားပေမဲ့ လက်ရှိ


အနေအထားမှာတော့ ပြည်သူလထ
ူုရဲ့ နိုင်ငံရေးကို စိတ်ဝင်စားမူ အတိုင်းအတာ အလွန် အားနည်းနေတယ်လို့
သိရပါတယ်။

ရန်ကုန်မြို့ရှိ ထီဆိုင်တခုရှေ့တွင် စောင့်ဆိုင်းနေသော


နေ့စားအလုပ်သမားများ ဖြစ်ပါသည်။ စားဝတ်နေရေး အလွန် ကျပ်တည်းသော သာမန် ပြည်သူလူထုမှာ နိုင်ငံရေးထက်
ဘဝ အသက်ရှင် ရပ်တည်ရေးကိုသာ ဦးစားပေးနေကြရသည်ဟု ဆိုသည်။ (Photo: AFP)

ရန်ကုန်ပြည်သူတွေရဲ့ စစ်အစိုးရကျင်းပမဲ့ ရွေးကောက်ပွဲကို စိတ်ဝင်စားမှုက ရာခိုင်နှုန်း တဝက်တောင် မရှိဘူးလို့


ရန်ကုန်မြို့ခံတဦးက ဆိုသလို ပဲခူးတိုင်းနဲ့ မန္တ္တလေးတိုင်းအတွင်းက ဒေသခံတွေကလည်း ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး
ပြောဆိုဝေဖန်တာတွေ ရှိနေပါတယ်။

ကရင်ပြည်နယ် ဖားအံမြို့က ဒေသခံတဦးကို မေးမြန်းကြည့်တဲ့အခါ ဖားအံ ပြည်သူတွေအနေနဲ့ ဘဝ အသက်ရှင်


ရပ်တည်ရေးအတွက် စားဝတ်နေရေးကိုသာ အဓိကထားနေရတဲ့အကြောင်း RFA ကို ပြောပါတယ်၊၊

ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA မှ ဒေါ်ခင်ခင်အိက စုစည်းတင်ပြထားပါတယ်။

Source:http://www.rfa.org/burmese/news/people_show_less_interest_in_election-08162010172802.html
နုင
ိ င
်ေ
ံ ရးအကျဉ်းသားကို ထောင်ပြောင်းစဉ် လမ်းခရီးတွင် နှပ
ိ စ
် က်ခရ

2010-08-16

၂၀၀၇ ခုနှစ်တုန်းက ကုန်ဈေးနှုန်း ကျဆင်းရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ


လွတ်မြောက်ရေး လှုပ်ရှားမှုတွေမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား ကိုသန့်ဇင်မျိုးဟာ အင်းစိန်ထောင်ကနေ
ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်ကို ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့က ပြောင်းရွှေ့ခံလိုက်ရပါတယ်။

မြန်မာနိုင်ငံမှ အကျဉ်းသားများကဲ့သို့ ထောင်ဝတ်စုံ ဝတ်ဆင်၍ သံခြေကျင်း ခတ်ကာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ


ကုလသမဂ္ဂရုံးရှေ့တွင် ဆန္ဒပြနေသူများ၏ ယခင်မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒီလို ပြောင်းရွှေ့ခံရချိန် အင်းစိန်ထောင်ကနေ ဘူးသီးတောင်ထောင်ကို အပြောင်း လမ်းခရီးမှာ အာဏာပိုင်တွေက


ကိုသန့်ဇင်မျိုးကို နိုင်ငံရေး အကျဉ်းသားတဦးအနေနဲ့ နှိပ်စက်ညှင်းပန်းတာတွေ လုပ်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက
ထောင်ဝင်စာ တွေ့ခဲ့တဲ့ အစ်ကိုဖြစ်သူ ကိုသန့်ဇင်ဦးက ပြောပါတယ်။

ကိုသန့်ဇင်မျိုးဟာ သူ့ရဲ့ ဇနီးဖြစ်သူ အပါအဝင် စုစုပေါင်း ၁၁ ဦးနဲ့အတူ ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြခဲ့တဲ့အတွက်


ရန်ကုန် လှည်းတန်းမြို့နယ်မှာ ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီလို ထောင်ပြောင်းမဲ့အကြောင်းကို ကိုသန့်ဇင်မျိုး မိသားစုဝင်တွေကို အာဏာပိုင်တွေက အသိမပေးခဲ့ဘူးလို့


အစ်ကိုဖြစ်သူ ကိုသန့်ဇင်ဦးက RFA ကို ပြောပါတယ်။

ဘူးသီးတောင်ထောင်မှာ ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ အစ်ကိုဖြစ်သူ ကိုသန့်ဇင်ဦးနဲ့ RFA ဝိုင်းတော်သား ဦးဝင်းနိုင်က


ဆက်သွယ် မေးမြန်းထားပါတယ်။

Source:http://www.rfa.org/burmese/news/prisoner_tortured_during_transfer-08162010161722.html

စစ်အစိုး ရ၏ အခြေခံဥပဒေနှင့် ပတ်သက်၍ မကွေးတိင


ုး မှာ NLD
ဟောပြော
2010-08-16

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး မကွေးတိုင်းတွင်းရှိ ရေနံချောင်း၊မင်းဘူး၊ စကု၊ တောင်တွင်းကြီး၊


နတ်မောက် စတဲ့ ဒေသတွေက ဒေသခံ ပြည်သူတွေကို NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေက
အောက်ခြေအထိ သွားရောက် ရှင်းလင်း အသိပေး နေတယ်လို့ သိရပါတယ်။
၂၀၀၈ ဆန္ဒခံယူပွဲမတိုင်မီ အချိန်က အခြေခံဥပဒေမူကြမ်းကို ထောက်ခံမဲပေးဖို့ စစ်အစိုးရက တိုက်တွန်း လှုံ့ဆော်သော
ဆိုင်းဘုတ်တခုရှေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

၈လေးလုံး ဒီမိုကရေစီလှုပ်ရှားမှု ၂၂ နှစ် ပြည့်တဲ့ သြဂုတ်လ ၈ ရက်နေ့ကနေ စပြီး ဒီလို စစ်အစိုးရ ဖွဲ့စည်းပုံ
အခြေခံဥပဒေအကြောင်း ရှင်းလင်းပြောပြတဲ့ လှုပ်ရှားမှုကို စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုဟောပြောရာမှာ ဥပဒေနဲ့
ပတ်သက်တဲ့ အချက်လက်တွေကို လက်ကမ်းစာစောင်အဖြစ် ဝေငှတာလည်း ပါတယ်လို့ NLD အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မကွေးတိုင်း စည်းရုံးရေးမှူး ဒေါ်ခင်စောဌေးက RFA ကို ပြောပြပါတယ်။

“စစ်မှန်ပြီးတော့ ဒီမိုကရေစီနည်းကျကျ လွတ်လပ်စွာ ဆန္ဒမဲပေးတာတို့ ဘာတို့၊ လွတ်လပ်စွာ ဖော်ထုတ်တာတို့က


တရားမျှတခြင်း၊ ညီမျှခြင်းနဲ့ ညီတယ်ပေါ့နော်၊ အဲဒီ ဒီမိုကရေစီ စနစ်အတွက် ရွေးကောက်ပွဲ ပြုလုပ်ခြင်းရဲ့
ရည်ရွယ်ချက်တွေက ဒါပဲ၊ ရိုးသားဖြောင့်မတ်ပြီး အရည်အချင်းရှိတဲ့လူကို ထောက်ခံမဲ ပေးရမယ်၊ ပြည်သူ့အကျိုးစီးပွားကို
ပြုလုပ်မဲ့လူကိုသာ ရွေးကောက်တင်မြှောက်ရမယ်၊ နော် နောက်ပြီးကျတော့ ပြည်သူဟာ ဝင်ရောက် အရွေးခံတဲ့လူ၊ နော်
အရွေးခံသူ အားလုံးကို မနှစ်သက်ခြင်းနဲ့ မဲမပေးပဲ နေနိုင်သလို ရွေးကောက်ပွဲကိုလည်း မယုံကြည်လို့ ရှိရင် မဲမပေးပဲ
နေနိုင်တယ်။ အဓိကထားပြီးတော့ ကျွန်မတို့ ဆွေးနွေးတယ်၊ ပညာပေးတယ်၊ နောက် စာရွက်စာတမ်းတွေ
ဝေတယ်ပေါ့နော်။”

လာမဲ့ ၂ လကျော်အတွင်းမှာ ကျင်းပမဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လူထုသိသင့်တဲ့ အချက်အလက်ကို


ရှင်းပြနေတာဟာ NLD ဗဟိုက ချမှတထ
်ားတဲ့ လူထုနဲ့ တိုက်ရိုက် ပတ်သက် ဆက်နွယ်တဲ့ လူထုအကျိုးကိုသာ
အဓိကထား လုပ်ကိုင်မယ်ဆိုတဲ့ မူနဲ့ ပြုလုပ်နေတာ ဖြစ်ပါတယ်လို့ ဒေါ်ခင်စောဌေးက ပြောပြပါတယ်။

“၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက ပြည်သူတွေအပေါ်မှာ သူတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို တရားမခံရဖို့ရာ၊


အရေးယူမခံရဖို့ရာ ပုဒ်မ ၄၃၂၊ ၄၄၅ တွေ အနေနဲ့ ထိန်းချုပ်ထားတာ။ ဆိုလိုတဲ့သဘောက ၂၀၀၈ အခြေခံဥပဒေရဲ့ လူထု
နားမလည်တဲ့ဟာ၊ လူထုကို လှည့်ထားတဲ့ အရာလေးတွေကို ကျွန်မတို့က ဖော်ထုတ်ထားတာပေါ့။ နောက်တခုက
ကာကွယ်ရေး ဦးစီးချုပ်က လုပ်ပိုင်ခွင့် အကုန်လုံး ရှိတယ်ဆိုတာ ကျွန်မတို့က ပုံစံလေးနဲ့ပေါ့နော်၊ ပုံစံလေးနဲ့ ဆွဲပြီး
နောက်ဆုံး အောက်ဆုံးကျမှ ပြည်ထောင်စု လွှတ်တော်၊ ပြည်နယ် တိုင်းလွှတ်တော်ဆိုပြီး ပါဝင်ပါတယ်လို့၊ ကျွန်မတို့
ဆိုလိုတဲ့သဘောက ပြည်သူလူထု ရွေးချယ်တင်မြှောက်တဲ့ လွှတ်တော်ထဲမှာကျမှ အခြေခံဥပဒေကို ပြင်ချင်ပါတယ်ဆိုတဲ့
အဖွဲ့တွေကို ကျွန်မတို့က ထောက်ပြတယ်ရှင့်။”

ဒီလို ပညာပေး စာရွက်စာတမ်းတွေ ဝေငှနေတဲ့ မကွေးတိုင်း NLD အဖွဲ့တွေကို သက်ဆိုင် ရာ အာဏာပိုင်တွေက


နှောင့်ယှက်တာတွေ မရှိဘူးလို့ သိရပါတယ်။

ဒီရွေးကောက်ပွဲ ပညာပေး စာရွက်စာတမ်းတွေကို အထူးသဖြင့် မြို့ပေါ်မှာ ရှိတဲ့ အခြေခံလူထုနဲ့ ကျေးရွာတွေက


လယ်သမားတွေကို အဓိကထားပြီး ရှင်းပြတယ်လို့ သိရပါတယ်။

Source:http://www.rfa.org/burmese/news/NLD_explained_over_constitution-08162010150430.html
ကုလညီလာခံကြီးမှာ မြန်မာနုင
ိ င
် ဆ
ံ င
ို ရ
်ာ ဆုးံ ဖြတ်ချက် တင်သွင်း ဖို့ EU
နုင
ိ င
် မ
ျာံး ပြင်ဆင်

ဓာတ်ပုံ AP

၂၀၀၇ ခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပစဉ်။ အောက်တိုဘာ ၁၊ ၂၀၀၇။

မကြာခင်မှာ ကျင်းပဖို့ရှိတဲ့ ၆၅ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးမှာ တင်သွင်းမယ့် မြန်မာနိုင်ငံဆိုင်ရာ


ဆုံးဖြတ်ချက် အမှတ် ၂၀ အတွက် မူကြမ်းကို EU ဥရောပ သမဂ္ဂအဖွဲ့ဝင် နိုင်ငံကြီးတွေက ရေးဆွဲနေချိန်မှာပဲ ကုလသမဂ္ဂ
အထွေထွေ ညီလာခံက မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ် ပြစ်မှုတွေ၊ လူမဆန်တဲ့
ရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တရပ် ထူထောင်ဖို့အတွက် ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားတဲ့
အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲကနေ စစ်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့သမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်တဲ့


ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ဖြစ်စေမှာမို့ ကုလသမဂ္ဂက ပါဝင်ဆောင်ရွက်ဖို့ အရေးတကြီး လိုအပ်နေပြီလို့လည်း
ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကို စက်တင်ဘာလထဲမှာ ကျင်းပတော့မှာမို့ ကမ္ဘာ့ခေါင်းဆောင်တွေ


တွေ့ဆုံကြချိန်မှာ ဆွေးနွေးကြမယ့် မြန်မာ့အရေး ကိစ္စနဲ့ ပတ်သက်ပြီး တင်သွင်းမယ့် ဆုံးဖြတ်ချက် မူကြမ်းကို အခု EU
ဥရောပနိုင်ငံတွေ ရေးဆွဲနေကြပြီလို့ ဗြိတိန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaign UK က တာဝန်ခံ
မာ့ခ် ဖာမနာ (Mark Farminer) က ပြောပါတယ်။

“အခုချိန်မှာ EU ဥရောပ သမဂ္ဂကနေ လာမယ့် အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံဆိုင်ရာ တင်သွင်းမယ့်


ဆုံးဖြတ်ချက်အတွက် မူကြမ်းတွေ ရေးဆွဲနေပါတယ်။ အဲဒီမှာ ကမ္ဘာ့ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံအတွက်
ဆုံးဖြတ်ချက်တွေ ထုတ်ပြန်ပြီး လူ့အခွင့်အရေး ချိုးဖောက်တဲ့အတွက် ပြစ်တင် ရှုတ်ချကြမှာပါ။ များသောအားဖြင့်
မြန်မာနိုင်ငံ စစ်အစိုးရကို လူ့အခွင့်အရေး မချိုးဖောက်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့
တွေ့ဆုံ ဆွေးနွေးဖို့ကိုပဲ တိုက်တွန်းကြပါတယ်။ ဒါပေမဲ့ ၁၉၉၁ ခုနှစ်တုန်းက ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ
ဆုံးဖြတ်ချက်မှာ စာပိုဒ် နှစ်ပိုဒ် သုံးပိုဒ်ပဲ ပါပေမဲ့ အခုနောက်ပိုင်းမှာ စာမျက်နှာတွေ အများကြီး ဖြစ်လာတာကို
တွေ့ရပါတယ်။”

မြန်မာနိုင်ငံအတွက် ထုတ်ပြန်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ၁၉ ခု ရှိခဲ့ပြီ ဖြစ်ပေမဲ့ ဒါတွေဟာ Non Binding လို့ခေါ်တဲ့


မလိုက်နာရင်လည်း ရတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်နေတာမို့ ထိရောက်မှု မရှိဘူးလို့လည်း ဆိုပါတယ်။ ကုလသမဂ္ဂရဲ့
တောင်းဆိုမှုတွေကို မြန်မာစစ်အစိုးရက လိုက်နာ ဆောင်ရွက်မှု မရှိခဲ့တဲ့အတွက် အခုနောက်ဆုံး ထုတ်ပြန်မယ့် အမှတ်
၂၀ မှာ အရေးယူ ဆောင်ရွက်မှုတွေ ရှိလာဖို့အတွက် Burma Campaign UK က တောင်းဆိုလိုက်ပါတယ်။

“မနှစ်က ဆုံးဖြတ်ချက် အမှတ် ၁၉ ကိုလည်း ဗိုလ်ချုပ်ကြီးတွေက ဂရုမစိုက်ဘဲ ထားတာကြောင့် အခု အမှတ် ၂၀ မှာတော့
တောင်းဆိုတာတွေ မလုပ်ဘဲ အရေးယူ ဆောင်ရွက်ကြဖို့ လိုပါပြီ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးကနေ
မြန်မာနိုင်ငံထဲက စစ်ဗိုလ်ချုပ်ကြီးတွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေ၊ လူမဆန်တဲ့ ရာဇ၀တ်မှုတွေနဲ့ ပတ်သက်ပြီး
စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တရပ် ဖွဲ့စည်းပေးဖို့ တောင်းဆိုပါတယ်။”

ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေထဲမှာ မြန်မာစစ်ခေါင်းတွေအပေါ် စစ်ရာဇ၀တ်မှုနဲ့ လူမဆန်တဲ့


ရာဇ၀တ်မှုတွေနဲ့ စွဲချက်တင်နိုင်မယ့် အချက် အမြောက်အမြား ပါနေတာ တွေ့ရပေမဲ့ အခုထိ အရေးယူ
ဆောင်ရွက်တာမျိုး မတွေ့ရသေးဘူးလို့လည်း ပြောပါတယ်။ ဒီလို ကော်မရှင်တရပ် ဖွဲ့စည်းပေးဖို့ မြန်မာနိုင်ငံ
လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ကလည်း မတ်လတုန်းက တောင်းဆိုခဲ့တာမို့ အခု ကုလသမဂ္ဂ အထွေထွေ
ညီလာခံကြီးကနေ လက်တွေ့ အကောင်အထည်ဖော်ဖို့ အခွင့်ကောင်းတရပ် ဖြစ်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို


အတည်ပြုနိုင်ဖို့အတွက် ရေးဆွဲထားတာဖြစ်ပြီး ဒီဥပဒေ အတည်ပြုသွားရင် ဒီရာဇ၀တ် ပြစ်မှုတွေကို မြန်မာနိုင်ငံတွင်းက
ဥပဒေနဲ့ အရေးယူနိုင်တော့မှာ မဟုတ်တဲ့အတွက် နိုင်ငံတကာ ဥပဒေနဲ့ အရေးယူနိုင်ဖို့ ကုလသမဂ္ဂက ပါဝင်
ဆောင်ရွက်သင့်တယ်လို့လည်း ပြောပါတယ်။

အာရှ လူ့အခွင့်အရေးကောင်စီ (AHRC) ကလည်း မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ဟာ


မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတာမို့ ကုလသမဂ္ဂကပါ
ပါဝင်ဆောင်ရွက်လာဖို့ တိုက်တွန်းတယ်လို့ AHRC ပြောခွင့်ရ ဦးမင်းလွင်ဦးက ပြောပါတယ်။

“၂၀၁၀ ရွေးကောက်ပွဲအရ ပေါ်ပေါက်လာတဲ့ အစိုးရတရပ်က နအဖလက်ထက်က လုပ်ဆောင်ခဲ့တဲ့ မူဝါဒ


လမ်းညွှန်ချက်တွေ၊ ဆောင်ရွက်ချက်တွေ၊ တာဝန်နဲ့ ရပိုင်ခွင့် အားလုံးကို ဆက်ခံတယ်လို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ
အခြေခံဥပဒေ ပုဒ်မ ၄၄၅ မှာ ပြဋ္ဌာန်းထားတယ်။ အစိုးရအဖွဲ့ဝင် တဦးဦးရဲ့ တာဝန်အရ ဆောင်ရွက်ချက်များပေါ်မှာ
အကြောင်းပြုပြီး ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မပြုရ ဆိုပြီးတော့ တားမြစ်ထားတာကို တွေ့ရတယ်။

“ဒါကြောင့် နောင် တက်လာတဲ့ အစိုးရ အနေနဲ့ နအဖလက်ထက်က လုပ်ဆောင်ခဲ့တဲ့ ကိစ္စရပ်တွေ အပေါ်မှာ


အရေးယူဖို့အတွက် ဘာမှ ဆောင်ရွက်နိုင်ခြင်း မရှိဘူး။ ပြည်တွင်းဥပဒေအရ ဆောင်ရွက်လာမယ် ဆိုရင်လည်း ဖွဲ့စည်းပုံ
အခြေခံဥပဒေက အပြီးသတ် ပိတ်ပင်ထားတဲ့ သဘောမျိုး ဖြစ်နေတယ်။ စစ်အစိုးရကနေပြီး ကျူးလွန်ခဲ့တဲ့
တချို့ကိစ္စရပ်တွေက ရွာလုံးကျွတ် မီးရှို့တဲ့ ကိစ္စရပ်တွေ၊ အစုအပြုံလိုက် သတ်တဲ့ကိစ္စတွေ၊ ဒီဥစ္စာတွေက
လူသားမျိုးနွယ်စု အပေါ်မှာ ကျူးလွန်တဲ့ ကိစ္စရပ်တွေ၊ ဒါကြောင့်လည်း နိုင်ငံတကာကနေ၊ ကုလသမဂ္ဂ
လုံခြုံရေးကောင်စီက နေပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ ကျူးလွန်ခဲ့တဲ့ လူသားမဆန်တဲ့ ကျူးလွန်မှုတွေနဲ့
ပတ်သက်ပြီးတော့ နအဖစစ်အစိုးရကို အရေးယူနိုင်ဖို့အတွက် ဆုံးဖြတ်ချက်တရပ် ချမှတ်ဖို့လည်း လိုအပ်တယ်။

“ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကိုလည်း စုံစမ်း စစ်ဆေးဖို့အတွက် ကော်မရှင် သော်လည်းကောင်း၊ အထူးကိုယ်စားလှယ်


သော်လည်းကောင်း ခန့်အပ်ပြီး တာဝန်ပေးဖို့ လိုတယ်။ ဒါကိုလည်း ထိထိရောက်ရောက်နဲ့ အမြန်ဆုံး ဆောင်ရွက်နိုင်ဖို့
လိုတယ်ဆိုတာကို ကျနော်တို့ အနေနဲ့ ပြောချင်ပါတယ်။”

AHRC အဖွဲ့ ပြောခွင့်ရ ဦးမင်းလွင်ဦး ပြောသွားတာ ဖြစ်ပါတယ်။

Source:http://www1.voanews.com/burmese/news/un-myanmar-eu-100814449.html

ကုယ
ိ စ
်ားလှယေ
် လာင်းစာရင်း တင်ရမယ့် နောက်ဆုးံ ရက် တိုး ပေးဖို့ တင်ပြ
ရွေးကောက်ပွဲ ၀င်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေက လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို ၂
ပတ်အတွင်း တင်သွင်းနိုင်ရေး သတ်မှတ်ထားတဲ့ အချိန်ထက် ပိုပေးဖို့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက
ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌဆီ စာရေးပြီး အကြောင်းကြားလိုက်ပါတယ်။ ကိုယ်စားလှယ်လောင်း တဦးချင်းစီ
ပေးဆောင်ရမယ့် ကျပ် ၅၀၀,၀၀၀ ကိုလည်း ပါတီအများစုက မတတ်နိုင်ကြလို့ အခက်ကြုံနေကြရတဲ့အကြောင်း
ဘန်ကောက်မြို့ကနေ ကိုကျော်အောင်လွင် သတင်းပေးပို့ထားပါတယ်။

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ၀င်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေက


ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို သြဂုတ်လ ၁၆ ရက် ဒီကနေ့ကနေ ၃၀ ရက်နေ့အတွင်း အချိန်မီ
တင်သွင်းဖို့ ဆိုတာဟာ အခုမှ ဖွဲ့စည်းခွင့် ရကြတဲ့ နိုင်ငံရေးပါတီတွေအတွက် တော်တော်ကြီးမားတဲ့ အခက်အခဲပါ။
ပါတီက ရွေးချယ်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း တဦးဟာ ကျပ်ငွေ ၅၀၀,၀၀၀ ကိုလည်း
ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ကြေးအဖြစ် အရင်ဆုံး မြန်မာ့စီးပွားရေးဘဏ်မှာ ပေးသွင်းရပါမယ်။ ဘဏ်ကရတဲ့
လက်ခံဖြတ်ပိုင်းနဲ့ ကိုယ်စားလှယ်လောင်းရဲ့ အမည်ကို ရွေးကောက်ပွဲ ကော်မရှင်ဆီ တင်သွင်းရမှာပါ။
ဒီအခြေအနေတွေကို လုပ်ဆောင်ဖို့ ခက်နေလို့ သတ်မှတ်ထားတဲ့ရက်ကို သက်တမ်းတိုးပေးဖို့ NDF ပါတီက ဒီကနေ့ပဲ
ရွေးကောက်ပွဲ ကော်မရှင်ဆီ စာရေးပြီး အကြောင်းကြားလိုက်ပါပြီ။

“အမတ်စာရင်းပေးပြီး ရွေးကောက်ပွဲ ကော်မရှင်ကို တင်ရမယ့် ကိစ္စက အချိန်ကာလအားဖြင့် သိပ်လည်း တိုတောင်းတယ်၊


ကျနော်တို့က တလနဲ့ လေးငါးခြောက်ရက်ပဲ ရှိသေးတယ်၊ ပါတီသက်တမ်းက။ အဲဒီမှာ ချက်ချင်း ကိုယ်စားလှယ်လောင်း
ရွေးပေးပြီး ၅၀၀,၀၀၀ ပေးရမယ်ဆိုတာ စိန်ခေါ်မှုက သိပ်ကို ကြီးမားပါတယ်။ ဒါကြောင့် သက်တမ်းကို တိုးမြှင့်ပေးပါဆိုပြီး
တောင်းထားတဲ့ ကိစ္စပါပဲ။ ဒီနေ့ပဲ ကျနော်တို့ တင်လိုက်ပါပြီ။ စာတိုက်ကတဆင့် တင်ပါတယ်။”

NDF အမျိုးသား ဒီမိုကရေစီ အင်အားစုက ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေ ရှင်းပြခဲ့တာပါ။

ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) ကလည်း ကိုယ်စားလှယ်လောင်းတွေ ပေးရမယ့် ကျပ်ငွေ ၅၀၀,၀၀၀ ကို


လျှော့ပေးဖို့ ကိစ္စရယ်၊ ကိုယ်စားလှယ်လောင်းစာရင်း တင်သွင်းရမယ့် ရက်ကို တိုးပေးဖို့ ကိစ္စတွေကို မနက်ဖြန်မှာ
ရွေးကောက်ပွဲ ကော်မရှင်ဆီ စာတင်မယ်လို့ ဆိုပါတယ်။ တကယ်တော့ ဒီအခက်အခဲတွေကို မဖြေရှင်းနိုင်ဘဲ ဖြစ်နေတဲ့
ပါတီတွေက မြန်မာပြည်မှာ အများစုလို့ ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ တွဲဘက် အထွေထွေအတွင်းရေးမှူး
ကိုသောင်းဝင်းက ဆိုပါတယ်။

“ပါတီအများစုက ပေးနိုင်တဲ့ အနေအထား မရှိဘူး။ ဒါ ပါတီတိုင်းလိုလို ရင်ဆိုင်နေရတဲ့ ပြဿနာ။ တချို့ဆိုရင် အနိမ့်ဆုံး


ပါတီ ရှင်သန် ရပ်တည်ရေးအတွက် ကိုယ်စားလှယ်လောင်း ၃ ယောက် အမည်တင်သွင်းဖို့ အတွက်
ကိုယ်စားလှယ်လောင်း ၃ ယောက် ရှိပေမဲ့ အဲဒီ ၃ ယောက်အတွက် ၁,၅၀၀,၀၀၀ တောင် ကြိုးစား စုစည်းနေရတဲ့
ပါတီတွေ ရှိတယ်။ ဒီမိုကရက်တစ် အင်အားစုဘက်က အစစ်အမှန် ရပ်တည်တဲ့ ပါတီတွေထဲက ဒီအခြေအနေကို
တကယ်တမ်း ကျော်ဖြတ်နိုင်တယ်ဆိုတဲ့ ပါတီဟာ လက်ချိုးရေလို့ရတယ်၊ လက်ငါးချောင်းတောင် မပြည့်ဘူး။”

အခုလို အချိန်တိုတို အတွင်းမှာ ပါတီကနေ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ စာရင်းကိုရော ငွေကိုရော


ဖြစ်အောင် ပေးရမယ်လို့ သတ်မှတ်လိုက်တာဟာ ပါတီကို မလှုပ်ရှားနိုင်အောင် ထောင်ခြောက် ဆင်လိုက်သလိုပဲလို့ NDF
ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။

“အချိန်က တအားကြီးစွဲပြီး ကျဉ်းလိုက်တဲ့ အခါကြတော့ ငွေရှာဖို့ အချိန်လည်းမရှိ၊ လူတွေလည်း စာရင်းကောက်ဖို့


အချိန်မရှိ၊ တအားကို တက်သုတ်ရိုက်နေရတဲ့ အပိုင်းရှိတယ်။ ၀ရုန်းသုန်းကားကို ဖြစ်နေတာဗျာ။ ကျနော်တို့ကို လုံးဝ
ထောင်ခြောက်ထဲကိုထည့်တဲ့ အဆင့်ဖြစ်သလိုပဲ ခံစားမိတယ်။ ဖြစ်မလာရင်လည်း ဖြစ်အောင် လုပ်သွားရမှာပေါ့ဗျာ။
ကျနော်တို့ အယောက် ၁၀၀ မှန်းထားပေမဲ့ ငွေ ၅၀၀,၀၀၀ က အယောက် ၁၀၀ မပေးနိုင်ဘဲ လေးငါးခြောက်ယောက်
ပေးနိုင်ရင်လည်း ၀င်ရမှာပဲလေ။”

နိုင်ငံရေးပါတီ အများစုဟာ မြန်မာစစ်အစိုးရက ကျင်းပပေးမယ့် ရွေးကောက်ပွဲကို ၀င်ပြိုင်ဖို့ ကိစ္စမှာ အခက်အခဲတွေ


များလိမ့်မယ်ဆိုတာ ကြိုတင်ပြီး တွက်ထားကြတယ် ဆိုပေမဲ့လည်း အခုလို အချိန် အကန့်အသတ်နဲ့ ငွေကြေး
အကန့်အသတ်တွေက သိပ်ပြီး တင်းကျပ်လွန်းတော့ ရွေးကောက်ပွဲ ကော်မရှင်ကို ပါတီတွေဘက်က တုံ့ပြန်မှုတွေ
ပိုလုပ်လာကြလိမ့်မယ်လို့ UDP ပါတီက ကိုသောင်းဝင်းက ဆိုပါတယ်။

“ကျနော်တို့ပါတီက ပါတီအသစ်ဗျ။ ဘယ်လိုပဲပြောပြော အခက်အခဲက တကယ်ကို ကြီးမားတဲ့ အခက်အခဲ ဖြစ်သွားတယ်။


၅၀၀,၀၀၀ ဆိုတာက တဦးချင်း အနေနဲ့ဆို မများဘူး။ ပါတီကိုယ်စားလှယ်လောင်း အဖြစ် အရွေးခံချင်တဲ့လူ ရှိတယ်၊
သို့သော် သူက ငွေမတတ်နိုင်ဘူး၊ ပါတီက စိုက်ထုတ်ပေးရမယ်ဆိုရင် ကိုယ်စားလှယ်လောင်း ဦးရေ များလာတာနဲ့အမျှ
ပါတီမှာ ၀န်က တအားပိလာတယ်။ အဲဒီဝန်ကို ဖြည့်ဆည်းနိုင်တဲ့ အနေအထားက ကျနော်တို့ဆီမှာ ဘယ်ပါတီမှ
မရှိသေးဘူးခင်ဗျ။ ကျနော်တို့ ရသော်ရှိ၊ မရသော်ရှိ၊ ကိုယ်စားလှယ်လောင်း တင်သွင်းပေးရမယ့်ရက်ကို တိုးပေးဖို့ဆိုတဲ့
ကိစ္စကို ပါတီအားလုံးလိုလို စာတင်ဖို့ ပြင်ဆင်နေကြတယ်။”

နိုင်ငံရေးပါတီတွေက သူတို့ရဲ့ တောင်းဆိုချက်တွေကို ရွေးကောက်ပွဲ ကော်မရှင်က နားလည်ပြီးတော့


လိုက်လျောလိမ့်မယ်လို့တော့ သိပ်ပြီး ထင်မထားကြပါဘူး။ သူတို့ရဲ့ အခက်အခဲတွေကို တရားဝင်
အသိပေးမှုတွေဖြစ်အောင် လုပ်ဆောင်နေကြတာဖြစ်ပြီး ရှေ့မှာ ကြုံလာရနိုင်တဲ့ အခြေအနေသစ်တွေနဲ့
အခက်အခဲတွေကိုလည်း ပြည်သူတွေကို နားလည်အောင် ရှင်းပြပြီး ပြည်သူတွေနဲ့အတူ ဖြေရှင်းသွားကြမယ်လို့
ပြောဆိုနေကြပါတယ်။ အခုချိန်ထိတော့ မကြာခင် ကျင်းပတော့မယ့် ရွေးကောက်ပွဲတွေအတွက် ပြည်သူတွေဘက်က
စိတ်ဝင်တစားရှိတဲ့ တုံ့ပြန်မှုတွေ မြန်မာပြည်တ၀န်းမှာ ထူးထူးခြားခြား ရှိမနေသေးပါဘူး။

Source:http://www1.voanews.com/burmese/news/myanmar-election-ndf-candidates-dateline-
100761049.html

ပါတီများ နိင
ု င
် တ
ံ ဝန်း ဝင်ပြိုင်ရန် အင်အားမရှိ
ရွေးကောက်ပွဲ ၀င်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းကို ရက်သတ္တ ၂ ပတ်အတွင်း တင်သွင်းရမည်ဟု
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ရာ နိုင်ငံရေးပါတီ အများစုသည်
ပြင်ဆင်ချိန်နည်းပါးသည့်အတွက် ရွေးကောက်ပွဲကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ၀င်ရောက်နိုင်မည် မဟုတ်ကြောင်း
သိရသည်။

ပါတီဝင်အင်အားကို စုဆောင်းနေရသည့် အချိန်တွင် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်စာရင်းကိုပါ ထပ်မံတင်သွင်းရန်


ရွေးကောက်ပွဲ ကော်မရှင်က စေခိုင်းခြင်းသည် တပြိုင်နက်တည်း အလုပ် ၂ ခု လုပ်နေရသကဲ့သို့ ဖြစ်နေသည့်အတွက်
အခက်အခဲများ ရှိကြောင်း ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) ဒုတိယ ဥက္ကဋ္ဌ ဦးဌေးက ဧရာဝတီသို့ ပြောသည်။

“ငွေကြေးရော အချိန်ရော မလုံလောက်တဲ့အတွက်ကြောင့် အရင်မျှော်မှန်းထားသလိုမျိုး တနိုင်ငံလုံး အတိုင်းအတာ


မ၀င်နိုင်ဘူး။ ပါတီရှင်သန်ရေးအတွက် ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေကိုသာ ၀င်ရောက်ဖို့ စဉ်းစားရတော့မယ်” ဟု
ဦးဌေးကဆိုသည်။

ရွေးကောက်ပွဲဝင်မည့် ကုယ
ိစားလှယ်လောင်း စာရင်းတင်ရန် သတ်မှတ်ပေးသည့် အချိန်ကာလသည် လုံလောက်သော
အချိန်ကာလ မဟုတ်သည့်အပြင် ကိုယ်စားလှယ်လောင်း တဦးအတွက် ပေးသွင်းရမည့် ကျပ်ငွေ ၅ သိန်း ရှာဖွေရန်လည်း
အခက်အခဲရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

ယခုအခါ UDP သည် လာမည့် သြဂုတ်လ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး ပါတီဝင်အင်အားစာရင်း တင်သွင်းရမည်ဟု


ရွေးကောက်ပွဲ ကော်မရှင်က ဆိုသည့်အတွက် ပါတီဝင်အင်အား လိုက်လံစုဆောင်းနေရကြောင်း သိရသည်။

ရွေးကောက်ပွဲ ဥပဒေများအရ ပါတီတခုအနေနှင့် အနည်းဆုံး မဲဆန္ဒနယ် ၃ နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ရမည်၊


ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိလျင် ပါတီဖျက်သိမ်းခံရမည်ဟု ပြဋ္ဌာန်းထားသကဲ့သို့ ပါတီဝင်အင်အား ၁၀၀၀
မပြည့်လျင်လည်း ပါတီဖျက်သိမ်းခံရမည် ဖြစ်သည်။
ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်းတဦးအတွက် လုပ်ကိုင်ရမည့်
လုပ်ငန်းအဆင့်ဆင့်မှာ သတ်မှတ်ထားသည့် ငွေကျပ် ၅ သိန်းကို သက်ဆိုင်ရာနယ်မြေရှိ မြန်မာ့စီးပွားရေးဘဏ်တွင်
အရင်ပေးသွင်းပြီး တရားရုံးရှိ တရားသူကြီးတဦးထံတွင်လည်း ကျမ်းကျိန်လွှာ ယူရဦးမည်ဟု သိရသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ခေါင်းဆောင်တဦးဖြစ်သည့် ဦးခင်မောင်ဆွေ ကလည်း ၎င်းတို့


ပါတီသက်တမ်းမှာ ၁ လနှင့် ၆ရက်သာ ရှိသေးသည့် အတွက် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်း ရှာဖွေရန်မှာ
မလွယ်ကူကြောင်း၊ အသစ် တည်ထောင်ရသည့် ပါတီများ အနေဖြင့် လှုပ်ရှားရန် အချိန်မရှိသကဲ့သို့ ငွေအင်အားလည်း
မရှိကြောင်း ပြောသည်။

၎င်းတို့၏ NDF ပါတီအနေဖြင့် ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ မကွေး စသည့် တိုင်းများတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက်သာ
လုပ်ဆောင်ရတော့မည်ဖြစ်ပြီး ပြည်နယ်များကို လက်လွှတ်ရမည့် အခြေအနေတွင်ရှိကြောင်း၊ ဒီမိုကရေစီပါတီများ
အချင်းချင်းလည်း ညှိနှိုင်းပြီး ယှဉ်ပြိုင်ရန် လက်ရှိအခြေအနေတွင် မဖြစ်နိုင်တော့ကြောင်း ဦးခင်မောင်ဆွေက
ဆက်လက်ရှင်းပြသည်။

သြဂုတ်လ ၁၃ ရက်နေ့တွင်မှ ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ပြီး


လွှတ်တော် ကိုယ်စားလှယ်လောင်း စာရင်းကို သြဂုတ်လ ၁၆ ရက်နေ့မှ စတင်၍ သြဂုတ်လ ၃၀ရက်နေ့တွင်
နောက်ဆုံးထား တင်သွင်းရမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုကမူ ရွေးကောက်ပွဲအား ရက်အတိအကျ


သိရသည့်အတွက် ကြိုဆိုကြောင်း၊ သို့သော် ရွေးကောက်ပွဲ ၀င်မည့် ကိုယ်စားလှယ်လောင်းစာရင်းတင်သွင်းမှုကို
ရက်သတ္တ ၂ ပတ်သာ အချိန်ပေးသည်မှာ နည်းပါးကြောင်း ဆိုသည်။

“ပြီးခဲ့တဲ့သောကြာက ကြေညာတယ်။ အခု စနေ၊ တနင်္ဂနွေက ရုံးပိတ်ရက်။ ဒီနေ့မှ စပြီး စုံစမ်းရတော့ အဲဒီမှာတင်
အချိန်က ၃ ရက် ကုန်နေပြီ။ ပြီးတော့ ကော်မရှင်ရုံးတွေက အသေးစိတ်အချက်အလက်ကို အတိအကျ မထုတ်ပြန်နိုင်ဘူး”
ဟု ၎င်းကဆို သည်။

ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း စာရင်းကို ၁၄ ရက်အတွင်းတင်သွင်းရမည် ဆိုသော်လည်း စနေ၊တနင်္ဂနွေ


ရုံးပိတ်ရက်များကို ထုတ်နုတ်ပြီး တွက်လျင် အမှန်တကယ် လှုပ်ရှားရမည့် အချိန်ကာလမှာ ၁၀ ရက်သာ ရှိကြောင်း
၎င်းကထောက်ပြသည်။

ယခုလက်ရှိ အချိန်အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ မှတ်ပုံတင်လျှောက်ထားသည့် ပါတီပေါင်း ၄၁


ပါတီရှိပြီး ပါတီ ၄၀ ကိုမူ မှတ်ပုံတင်ခွင့် ပြုထားပြီး ဖြစ်ကြောင်း၊ ပါတီဝင်အင်အား စာရင်းတင်ပြပြီးသည့် ပါတီမှာ ၁၅
ပါတီသာရှိသေးကြောင်းကို ပြီးခဲ့သည့် စနေနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ကျားဖြူပါတီဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP) အနေဖြင့် အချိန်တိုအတွင်း


လွှတ်တော် ကိုယ်စားလှယ်စာရင်း တင်သွင်းရမည်ဖြစ်သောကြောင့် လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်မှုကို
မစိစစ်နိုင်တော့ကြောင်း ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သည့် ဦးစိုင်းလှကျော်က ဆိုသည်။

“တဦးချင်း အရည်အချင်း ဘယ်လောက်ရှိတယ်၊ ဘယ်နေရာတွေနဲ့ ထိုက်တန်တယ်ဆိုတာ မစိစစ်နိုင်တော့ဘူး။


ရွေးကောက်ပွဲအကြို လှုပ်ရှားမှုအတွက်လည်း မပြင်နိုင်သေးဘူး” ဟု ၎င်းက ပြောသည်။

ကျားဖြူပါတီအနေဖြင့် မဲဆန္ဒနယ် ၅၀ ၌ လွှတ်တော် ၃ ရပ်စလုံးအတွက် ကိုယ်စားလှယ် ၁၅၀ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်


ဖြစ်ကြောင်း သိရသည်။

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီ၏ ဒုဥက္ကဋ္ဌ ဦးစိုးမောင်ကမူ မည်သည့် အခြေအနေ မည်သို့ပင်ဖြစ်စေကာမူ ပါတီစုံ


ဒီမိုကရေစီစနစ် ပေါ်ပေါက်လာရေးအတွက် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ပြောသည်။

စစ်အစိုးရက ရေးဆွဲခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊


တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်ဟု လွှတ်တော် ၃ ရပ် ပြဋ္ဌာန်းထားသည်။

လက်ရှိတွင် စစ်အစိုးရ ကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ)


အနေဖြင့် မဲဆန္ဒနယ်တိုင်းတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်သည့် အခြေအနေဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ဥပဒေအရ
မဲဆန္ဒနယ် တနယ်တွင် ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်တဦးသာရှိမည် ဆိုလျင် ၎င်းကိုယ်စားလှယ်သည်
အလိုလျောက်အနိုင်ရကြောင်း ပြဋ္ဌာန်းထားသည့်အတွက် ကြံ့ဖွံ့ပါတီသည် အနိုင်ရရန် အခြေအနေအကောင်းဆုံးပါတီဟု
လေ့လာသူများက ဝေဖန်သုံးသပ်နေကြသည်။

Source:http://www.irrawaddy.org/bur/index.php/news/1-news/3842-2010-08-16-11-59-49

ကေအိင
ု အ
ို ၏ ရှေ့နိင
ု င
်ေ
ံ ရးကိစ္စ လူထက
ု ယ
ို စ
်ားလှယမ
်ျားနှငေ
့် ဆွးနွေး
Monday, 16 August 2010 16:38 KNG

ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) သည် ၎င်း၏ ရှေ့နိုင်ငံရေးလမ်းစဉ်နှင့်ပတ်သက်၍ လူထု


ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ အကြံဉာဏ်ဖလှယ် စည်းဝေးပွဲတစ်ရပ်ကျင်းပနေသည်။

အစည်းအဝေးကို ကချင်ပြည်နယ် အရှေ့ဘက် တရုတ်-မြန်မာနယ်စပ် လိုင်ဇာဌာနချုပ်တွင် သြဂုတ် ၁၄ ရက်နေ့မှ


ယနေ့ထိကျင်းပရာ ကချင်ပြည်နယ် နှင့် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှ ဖိတ်ခေါ်ထားသော
လူထုကယ
ိုစားလှယ်များတက်ရောက်ကြောင်း ကေအိုင်အို ဒု -
အထွေထွေအတွင်းရေးမှုး ဆင်ဝါး ပြောသည်။

“ကေအိုင်အိုက အသွင်ကူးပြောင်းရေးကိစ္စနှင့်ပတ်သက်ပြီး
ရှေ့ဆက်သွားမယ့် လမ်းကြောင်းနဲ့ပတ်သက်ပြီးမှ ကျွန်တော်တို့
ကချင်လထ
ူုရဲ့သဘောထားကိုသိရှိရအောင်လို့ လူကြီးမိဘတွေကို
ခေါ်ယူပြီးမှ ဆွေးနွေးတိုင်ပင်တဲ့စည်းဝေးပါ” ဟု ပြောသည်။

ကေအိုင်အိုသည် မြန်မာစစ်အစိုးရ တင်ပြသည့် ၎င်းလက်အောက်ခံ


နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကို ငြင်းဆိုကာ နှစ်ဖက်ကြားရှိ
နိုင်ငံရေးပြဿနာကို အရင်ဖြေရှင်းပြီးမှ စစ်တပ်အပြောင်းအလဲကိစ္စ

ကေအိုင်အို ဒု-အထွေထွေအတွင်းရေးမှူး ဆွေးနွေးလိုကြောင်းကို တင်ပြထားပါသည်။

ဆင်ဝါး။
ထိုကြောင့် ယခုစည်းဝေးတွင် “အသွင်ကူးပြောင်းရေးဆိုတဲ့ပြုပြင်ပြောင်းလဲရေး ဘယ်လိုလုပ်သွားရင် ကောင်းမလဲ
ဆိုတဲ့အခြေခံပေါ်မူတည်ပြီးမှ လူထုဆန္ဒကိုပြန်လည်ရယူခြင်းဖြစ်ပါတယ်” ဟု ဒု -အထွေအထွေ တွင်းရေးမှုးမှ
ဆက်ပြောသည်။

ဆွေးနွေးပွဲတွင် ကေအိုင်အို ဘက်မှ ဌာနဆိုင်ရာခေါင်းဆောင်များ၊ ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ မှ


ခေါင်းဆောင်များ၊ ဘာသာရေးခေါင်းဆောင်များ နှင့် နယ်အရပ်ရပ်မှ လူထုကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။

ယင်း အစည်းဝေးရလဒ်ကို အခြေခံပြီး သြဂုတ်လကုန်ပိုင်းတွင်ကျင်းပမည့် “ကေအိုင်အို ပါတီညီလာခံကြီး” တွင်


ဆုံးဖြတ်ချက်ချသွားမည်ဖြစ်ကြောင်း သိရသည်။
Source:http://kachinnews.com/burmese/2010-01-18-05-43-21/236-2010-08-16-11-12-21.html

အပြောင်းအလဲ လုပသ
်ွားမည်ဟု KIO ခေါင်းဆောင် ပြောဆို
ဖနိဒါ | တနင်္လာနေ့၊ သြဂုတ်လ ၁၆ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၀၉ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။ ။ တိုင်းပြည်တွင် ပြောင်းလဲနေသော အခြေအနေနှင့်အညီ လိုက်လျောညီထွေရှိမည့် အဖွဲ့အစည်း


ပုံစံမျိုး ပြောင်းလဲသွားမည်ဟု နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရန် ငြင်းဆိုထားသည့် အပစ်ရပ်
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တွဲဖက်အတွင်းရေးမှူးက ယနေ့ ထုတ်ဖော် ပြောဆိုလိုက်သည်။

KIO ရှေ့ရေးနှင့် ပတ်သက်၍ မြစ်ကြီးနား၊ ဗန်းမော်၊ ရှမ်းပြည်နယ်မှ ကချင်အရပ်သား လူကြီးများ၊ ခရစ်ယာန်


ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များ၊ ကချင်ယဉ်ကျေးမှု အဖွဲ့များမှ ကိုယ်စားလှယ်များ အနည်းဆုံး ၃ဝ ဦးခန့်
တက်ရောက်ခဲ့သော တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ရှိ KIO ဌာနချုပ်တွင် ၂ ရက်ကြာ ဆွေးနွေးပွဲအပြီး ယခုလို
ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“အခြေခံအားဖြင့် ပြောနိုင်တာက အပြောင်းအလဲဆိုတာ တိုင်းပြည်မှာ


ရှိနေတာ။ အဲဒီပြောင်းလဲနေတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေတဲ့
အဖွဲ့အစည်းပုံစံပေါ့လေ။ လိုက်လျောညီထွေမှု ဖြစ်အောင်တော့
အပြောင်းအလဲ လုပ်ရမှာပဲ။ ကချင်ပြည်နယ်မှာ တက်လာမယ့်
ပါတီအစိုးရနဲ့ KIO ဘယ်လို ဆက်သွားမလဲ ဆိုတာလည်း ပါတယ်” ဟု
KIO တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးဆင်ဝါးက မဇ္ဈိမကို ပြောသည်။

၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် KIO တို့ကြား အပစ်ရပ်စဲရန် ကြားဝင်


စစ်ရေးပြနေသော အမျိုးသမီးစစ်သည်တော်များ ဆက်စပ်ပေးသည့် ကချင်နှစ်ခြင်း အသင်းတော်မှ တရားဟောဆရာကြီး
ဒေါက်တာဇဘွမ်းဂျွမ် Lahtaw Saboi Jum အပါအဝင် ဆွေးနွေးပွဲ တက်လာသူ ကချင်လူကြီးများ၏ အကြံဥာဏ်များကို
စုဆောင်းကာ KIO အတွင်း ဆွေးနွေး ဆုံးဖြတ်သွားမည်ဟု သူက ပြောဆိုသော်လည်း အသေးစိတ်ကိုမူ
ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။

KIO အနေဖြင့် အသွင်ကူးပြောင်းရေးကို မူအားဖြင့် လက်ခံထားသောကြောင့် ဌာနချုပ်တွင် ယခုလို အစည်းအဝေး


ကျင်းပလိုက်ခြင်းသည် အဆိုပါ အသွင်ကူးပြောင်းရေးအတွက် လက်တွေ့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်
တိုးတက်ရေးပါတီ KSPP ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက သုံးသပ်သည်။

ဒေါက်တာတူးဂျာသည် ယခင်က KIO အဖွဲ့ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရွေးကောက်ပွဲ ဝင်ရောက်ရန်အတွက်


အဖွဲ့မှ နုတ်ထွက်ကာ KSPP ပါတီ ဖွဲ့စည်းတည်ထောင်ခဲ့သူ ဖြစ်သည်။

သူက “ရွေးကောက်ပွဲကို အနှောင့်အယှက်မပေးဘူး၊


အသွင်ကူးပြောင်းရေး လက်ခံတယ်ဆိုတဲ့ နေရာမှာ
ပြည်ထောင်စုကနေ မခွဲထွက်ဘူး၊ ထာဝရ ငြိမ်းချမ်းရေးကို
မြတ်နိုးတယ်၊ ဒီလိုမျိုး သဘောထားတွေ ဆုံးဖြတ်ချက်ချမယ်လို့
ထင်ပါတယ်” ဟု သူက ဆက်လက် ပြောဆိုသည်။

စစ်အစိုးရက KIO ကို နယ်ခြားစောင့်တပ် Border Guard Force


(BGF) အဖြစ် အသွင်ပြောင်းရေးနှင့် ပတ်သက်၍ ယခုနှစ်
ရွေးကောက်ပွဲမတိုင်မီ အဖြေပေးရန် အမှတ် ၁ စက်မှုဝန်ကြီး
ဦးအောင်သောင်းနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်မှတဆင့် ဇူလိုင်လ ၁၂ ရက်နေ့တွင် သတိပေးခဲ့သည်။

လက်နက်ကိုင်အင်အား ၈ ထောင်ခန့်ရှိသော KIO ကမူ စစ်အစိုးရထံ ပြည်ထောင်စုတပ်မတော်တွင် ကချင်တပ်ရင်းများ


အဖြစ်သာ ပါဝင်လိုကြောင်း နောက်ဆုံး တုံ့ပြန်ပြောဆိုထားသည်။

KIO က ယခုနှစ် ဧပြီလ ၂၂ ရက်နေ့တွင် နယ်ခြားစောင့်တပ်အဖြစ် လက်မခံကြောင်း ပြောဆိုခဲ့ပြီး နောက်ပိုင်း


မေလထဲတွင် KIO ၏ အောက်ခြေအဆင့် ဝန်ထမ်းများနှင့် ကချင်ပြည်သူလူထုကို အသွင်ပြောင်းရေးနှင့် ပတ်သက်၍
သဘောထားများ တောင်းခံခဲ့သေးသည်။

KIO ကဲ့သို့ပင် အပစ်အခတ်ရပ်စဲထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ BGF အဖြစ်


အသွင်ပြောင်းရေးအတွက် ငြင်းဆန်နေချိန်တွင် စစ်အစိုးရကမူ မူလကတည်းက ပြောဆိုထားသည့်အတိုင်း ယခုနှစ်တွင်
ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ကြေညာခဲ့သည်။

သို့သော် ယခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့သည့် KSPP ကို ယနေ့ထိ ပါတီထောင်ခွင့်
မပြုသေးသဖြင့် ပါတီစည်းရုံးရေးလုပ်ငန်းများ ကျယ်ပြန့်စွာ မပြုလုပ်နိုင်သည့်အတွက် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း
ဒေါက်တာတူးဂျာက ပြောဆိုသည်။ အစိုးရ၏ ဥပဒေအတိုင်း လုပ်ဆောင်ခဲ့သဖြင့် မှတ်ပုံတင်ခွင့် ရရှိရန် ခွင့်ပြုလိမ့်မည်ဟု
ယနေ့ထိ မျှော်လင့်နေကြောင်း သူက ဆိုသည်။

KSPP ကဲ့သို့ပင် နောက်ထပ် ကချင်ပါတီ ၂ ပါတီဖြစ်သည့် ရှမ်းပြည်မြောက်ပိုင်း တိုးတက်ရေးပါတီနှင့် ညီညွတ်သော


ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်) တို့ကိုလည်း စစ်အစိုးရက မှတ်ပုံတင်ခွင့် ချမပေးသေးပါ။

သို့သော် စစ်အစိုးရ ကျောထောက်နောက်ခံပြု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ နုတထ


်ွက်ကာ စည်းလုံး ညီညွတ်ရေးနှင့်
ဒီမိုကရေစီပါတီ UDPKS ကိုမူ ယခုလ ၂ ရက်နေ့တွင် ပါတီမှတ်ပုံတင်ခွင့်ပြုကာ ယနေ့တွင် စည်းရုံးရေးများ
လုပ်ဆောင်နေပြီဖြစ်သည်။
Source:http://www.mizzimaburmese.com/news/inside-burma/5872---kio--.html
စက်တင်ဘာ ခေါင်းစဉ်ကြောင့် The Modern Times အပိတခ
် ရ

ဆလိုင်း ဟံသာစန်း | တနင်္လာနေ့၊ သြဂုတ်လ ၁၆ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၂၈ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ စာပေစိစစ်ရေးသို့ မူရင်းတင်ပြခဲ့သည့်အတိုင်း မျက်နှာဖုံးတွင် ပါရှိသည့် ဆောင်းပါးခေါင်းစဉ်ကို


“စက်တင်ဘာမှာ ပြန်လာမှာလား မုန်တိုင်း” ဟူ၍ ပြောင်းလဲခဲ့သဖြင့် ပြည်တွင်းထုတ် The Modern Times ဂျာနယ်ကို
စာပေစိစစ်ရေးက ယခုတပတ်မှ စတင်၍ ထုတ်ဝေခွင့် အကန့်အသတ်မရှိ ရပ်နားလိုက်သည်။

အပတ်စဉ် တနင်္ဂနွေနေ့ထုတ် The Modern Times ဂျာနယ် အတွဲ ၁၊ အမှတ် ၅ ၏ မျက်နှာဖုံးတွင် ဖော်ပြထားသော
မိုးလေဝသ သတင်းဆောင်းပါးခေါင်းစဉ်ကို ပြင်ဆင်ခဲ့ပြီး၊ ဂျာနယ်မျက်နှာဖုံးကိုလည်း ဖြန့်ဝေမည့် အချောသတ်ပုံစံအတိုင်း
ထပ်မံတင်ပြခဲ့ခြင်း မရှိသည့်အတွက် ထုတ်ဝေခွင့် ရပ်နားခံရခြင်း ဖြစ်သည်။

“စိစစ်ရေးက ခွင့်ပြုထားပြီးသား ခေါင်းစဉ်ကို ပြင်လိုက်တာပေါ့နော်။


သူတို့ မူရင်း တင်ထားတဲ့အတိုင်း မဟုတ်တော့ဘဲနဲ့ ပြင်သုံးလိုက်တာ။
“စက်တင်ဘာမှာ လာမှာလား” ဆိုတဲ့ ခေါင်းစဉ်ကို ပြောင်းရေးလိုက်တာ။
အဖုံးကိုလည်း ပြင်ထားတဲ့ဟာကို ပြန်မတင်ဘူး။ အဲဒါကြောင့်
ပိတ်ခံရတာ” ဟု ရန်ကုန်ရှိ အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာတဦးက
မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ဘယ်လောက်ပိတ်တယ်ဆိုတာ အတိအကျ


မသိရသေးဘူး။ သူတို့ စာပေစိစစ်ရေးကို မူကြမ်းတင်တာကို စာပေစိစစ်ရေး (သို့မဟုတ် )စာပေ ကင်ပေတိုင်

ပြန်မချပေးတော့တာ။ ဘယ်လောက်ပိတ်မယ်၊ ဘယ်လောက်အရေးယူမယ်ဆိုတာ ညွှန်ကြားရေးမှူးလာမှ သိမယ်တဲ့။


ညွှန်ကြားရေးမှူးက အခု နေပြည်တော်မှာ အစည်းအဝေး သွားနေတော့ မသိရသေးဘူးတဲ့” ဟု ပြောသည်။

လတ်တလော ဂျာနယ်ထုတ်ခွင့် ပိတ်ပင်သည့်ကိစ္စနှင့်ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် The Modern Times သို့


မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

The Modern Times သည် ပြီးခဲ့သည့် လလယ်ပိုင်းက စတင်ထွက်ရှိလာသည့် သုတစုံ ဂျာနယ်တစောင်ဖြစ်ပြီး ပိုင်ရှင်မှာ
မြန်မာနိုင်ငံ ပင်လယ်ကူး သဘောင်္သားများအသင်း MOSA ၏ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုးမင်းအောင်၏ ဇနီးဖြစ်သူ
ဒေါ်မွှေးသီတာသိန်း ဖြစ်သည်။

ဂျာနယ်တိုက်မှာ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ၅၁ လမ်းတွင် တည်ရှိပြီး ထုတ်ဝေခွင့် လိုင်စင် ပိုင်ရှင်မှာ ဦးမြတ်စိုး


(လှိုင်) ဖြစ်ကာ အယ်ဒီတာချုပ်မှာ ဦးအောင်ရဲမောင်မောင် ဖြစ်သည်။

ဂျာနယ်ထုတ်ဝေခွင့် ပိတ်ခံရသည့် အခြားအကြောင်းအရာတခုမှာ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့်


သံဃာတော်များ ဦးဆောင်သော ရွှေဝါရောင်တော်လှန်ရေးကို စစ်အစိုးရက အကြမ်းဖက် ဖြိုခွင်းခဲ့သည့် ဖြစ်ရပ်အား
“စက်တင်ဘာမှာ ပြန်လာမှာလား” ဟူသည့် ခေါင်းစဉ်ကြောင့် ပြည်သူများ ပြန်လည်သတိရမည်ကို စိုးရိမ်သဖြင့်
ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ရှိ ဂျာနယ်အသိုင်းအဝိုင်းက ထင်ကြေးပေး ပြောဆိုနေကြသည်။
“စက်တင်ဘာမှာ ပြန်လာမှာလား ဆိုတဲ့ စာသားကို သူတို့ တော်တော်လေး ထိတ်လန့်သွားပုံရတယ်။ အခုက
စက်တင်ဘာလလည်း နီးနေပြီဆိုတော့ ပြည်သူတွေ ရွှေဝါရောင်ကို ပြန်သတိရမှာ သူတို့ စိုးရိမ်တယ်လေ” ဟု
ရန်ကုန်မြို့ရှိ အပတ်စဉ်ထုတ် ဂျာနယ်တစောင်မှ သတင်းထောက်တဦးက ပြောသည်။

ထို့ပြင် မုန်တိုင်းအရေးနှင့် ပတ်သက်၍ ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့်


ပိတ်ပင်ရခြင်းလည်း ဖြစ်နိုင်ကြောင်း ဂျာနယ်လောကတွင် ပြောဆိုမှုများ ရှိနေသည်။

လက်ရှိတွင် စာပေစိစစ်ရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေမှာ နေပြည်တော်၌ အစည်းအဝေး တက်နေသည့်အတွက်


စာပေစိစစ်ရေး လုပ်ငန်းများ အားလုံးကို တွဲဖက်ညွှန်မှူး မျိုးမြင့်မောင်က စီစဉ်ညွှန်ကြားနေသည်။

“စိစစ်ရေးနဲ့ စာပေလောက ဆက်ဆံရေးက သိပ်မကောင်းဘူး။ အရင်က ဒါမျိုးဖြစ်ရင် ခံဝန်ချက်ထိုးရင် ရတယ်။


အခုကတော့ မှားလို့ရှိရင် ပိတ်မှာပဲ၊ အရေးယူမှာပဲ။ အဲဒီလို သွားနေတယ်” ဟု ဂျာနယ် အယ်ဒီတာက ပြောသည်။

ယခုနှစ် မေလတွင် 7 day news ဂျာနယ် သတင်းထောက်က သရုပ်ဆောင် ထက်ထက်မိုးဦးကို တရားစွဲဆိုသော


သတင်းဖော်ပြခဲ့သဖြင့် The Voice ဂျာနယ်ကို စာပေစိစစ်ရေးက ထုတ်ဝေခွင့် တပတ်ရပ်ဆိုင်းခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့်လ အစောပိုင်းက အင်ဗွိုင်းနှင့် ပေါ်ပြူလာဂျာနယ် မျက်နှာဖုံးတို့တွင် ဖော်ပြထားသည့် မင်းသမီးတို့၏


ဝတ်စားဆင်ယင်မှုသည် မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီဟုဆိုကာ ထုတ်ဝေခွင့် တပတ်စီ ရပ်နားခဲ့ပြီး
လကုန်ပိုင်းတွင်လည်း ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဝေဖန်သည့် ဆောင်းပါးရှင် အောင်ထွဋ်၏ နိုင်ငံရေး
ဆောင်းပါးတပုဒ်ကြောင့် The Voice ဂျာနယ်ကို ထုတ်ဝေခွင့် ၂ ပတ် ပိတ်ခဲ့သည်။

The Modern Times သည် ဇူလိုင်လမှ ယခုလလယ်ပိုင်းအထိ တလခွဲအတွင်း ထုတ်ဝေခွင့် ရပ်ဆိုင်းခံခဲ့ရသည့် ၎


စောင်မြောက် ဂျာနယ် ဖြစ်သည်။
Source:http://www.mizzimaburmese.com/news/inside-burma/5873---the-modern-times-.html

မြန်မာကျပ်ငွေ (၅,၀၀၀) တန်ကို အစိုးရရံုး များ လက်မခံ


မြတ်ခိုင်ဦး / ၁၆ သြဂုတ် ၂၀၁၀

မြန်မာအစိုးရက ယမန်နှစ် အောက်တိုဘာ (၁) ရက်မှ စတင်ထုတ်ဝေ


သုံးစွဲနေသော (၅,၀၀၀) ကျပ်တန်ငွေကို အစိုးရရုံးများက လက်မခံကြကြောင်း
သိရသည်။

ယနေ့နံနက်က ပဲခူးမြို့၊ သနပ်ပင်လမ်းရှိ၊ စာတိုက်ဝင်းအတွင်းမှ


ဆက်သွယ်ရေးရုံးသို့ ဖုန်းကျသင့်ငွေ သွားရောက်သွင်းသူ တဦးက ပေးချေသည့်
ငွေ (၅,၀၀၀) ကျပ်တန်ကို ငွေသွင်းကောင်တာမှ လက်မခံသဖြင့် အခြားငွေဖြင့်
အစားထိုး ပေးသွင်းခဲ့ရသည်ဟု မျက်မြင် ပဲခူးမြို့ခံတဦးက ပြောသည်။

အဆိုပါသူ ပေးသွင်းသော ငွေ (၅,၀၀၀) ကျပ်တန်တွင် A ဆိုသော စကားလုံး


ရေးမှတ်ထား၍ ဆက်သွယ်ရေးဝန်ထမ်းက လက်မခံခြင်းဖြစ်သည်ဟု
အဆိုပါမြို့ခံက ပြောသည်။

ဆက်သွယ်ရေးရုံးများသည် (၅,၀၀၀) ကျပ်တန်အား ထောင်မလဲသဲကော်ဟု ခေါ်ဆိုသည့် ငွေစက္ကူအသစ်ကိုသာ


လက်ခံပြီး အစွန်းအထင်းပါလျှင်၊ အမှတ်အသားပါလျှင် လက်မခံကြောင်း၊ အစိုးရထုတ်ဝေသော ငွေကြေးကိုပင်
အစိုးရရုံးများနှင့် ဘဏ်များကပါ လက်မခံသဖြင့် သုံးစွဲသူ ပြည်သူများ အခက်တွေ့ကြရကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အဆိုပါ (၅,၀၀၀) တန် ကျပ်ငွေစက္ကူသည် (၅၀၀) ကျပ်တန်နှင့် အရွယ်အစားဆင်တူခြင်း၊ အရောင်


မတိမ်းမယိမ်း ရှိခြင်းတို့အပြင် (၅,၀၀၀) တန်သည် ငွေတန်ဖိုး မြင့်မားသည့်အတွက် သုံးစွဲရန် ကိုင်ဆောင်သူနည်းသည်ဟု
သိရသည်။

သုံးစွဲသူအများစုမှာလည်း လဆန်းငွေထုတ်ပြီးကာလနှင့် လကုန်ရက်ငွေပြတ်သည့် ကာလများတွင်သာ


စုဆောင်းထားသည်များကို ထုတ်၍ သုံးစွဲလေ့ရှိကြောင်း သိရသည်။

ယခုလက်ရှိသုံးစွဲနေသော (၂၀၀) တန်ငွေစက္ကူကိုလည်း ပလတ်စတစ်ပိုက်ဆံဟု ခေါ်ဝေါ်နေကြသည်။ (၂၀၀) တန်


ငွေစက္ကူများသည် အလွန်အမင်းဟောင်းနွမ်း စုတ်ပြတ်နေပြီဖြစ်၍ ခေါင်းဘက်တခြမ်းသာ အလှထား၍
ကျောဘက်အခြမ်းကို ပလာစတာများကပ်၍ သုံးရသည့်အတွက် ပလတ်စတစ်ပိုက်ဆံဟု ခေါ်ဆိုကြခြင်းဖြစ်သည်။

မူရင်းတန်ဖိုးမှာ (၂၀၀) ကျပ် ဖြစ်သော်လည်း လူတိုင်းက (၃၀၀) တန်သည်ဟု ပြောဆိုကြသည်။

“ပိုက်ဆံက မူလတန်ဖိုး (၂၀၀) တန်ပေမယ့် အစုတ်အပြဲဖာရတဲ့ တိတ်ဖိုးက (၁၀၀) တန်တော့ (၃၀၀) တန် ဖြစ်လာတာ”
ဟု ရန်ကုန်သားတဦးက ပြောသည်။

မြန်မာနိုင်ငံတွင် (၅၊ ၁၀၊ ၂၀၊ ၅၀) ကျပ်တန်များမှာ အလွန်ရှားပါးသွားပြီဖြစ်ကာ ၎င်းတို့အထက်ဖြစ်သော (၁၀၀၊ ၂၀၀၊
၅၀၀၊ ၁,၀၀၀) နှင့် (၅,၀၀၀) တန် ငွေစက္ကူများသာ ဈေးကွက်အတွင်း လည်ပတ်နေသည်။

Source:http://khitpyaing.org/index.php?route=detail&id=3527

KEB ဘဏ် ဒေါ်လာအလွှဲအပြောင်း ရပ်ဆင


ိုး မှု လုပင
် န်းရှငမ
်ျား ထိခက
ို
လာမယ့် အောက်တိုဘာလကနေ စပြီးတော့ တောင်ကိုရီးယားနဲ့ မြန်မာနိုင်ငံကြားမှာ ဒေါ်လာငွေကြေး လွှဲပြောင်း
လုပ်ဆောင်နေတာတွေကို ဆက်ပြီး လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ KEB လို့ခေါ်တဲ့ တောင်ကိုရီးယား နိုင်ငံခြားငွေ
လဲလှယ်ရေးဘဏ်က မြန်မာနိုင်ငံကို ဒေါ်လာငွေကြေး လွှဲပြောင်းတာတွေကို ရပ်ဆိုင်းပစ်မယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က
ဆုံးဖြတ်ခဲ့တာပါ။ အခုလို လုပ်ဆောင်လိုက်တဲ့အတွက် စီးပွားရေးတွေကို ထိခိုက်မှုတွေ ရှိလာနိုင်တယ်လို့လည်း
ဆိုနေကြပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အပြည့်အစုံကို စုံစမ်းမေးမြန်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံနဲ့ ဒေါ်လာငွေ လွှဲပြောင်းတာတွေ ဆက်မလုပ်တော့ဘူးလို့ တောင်ကိုရီးယားနိုင်ငံ KEB ဘဏ်က


သက်ဆိုင်ရာနိုင်ငံ ကုမ္ပဏီတွေကို အကြောင်းကြားလိုက်ပါတယ်။ တောင်ကိုရီးယားနဲ့ မြန်မာနိုင်ငံကြားမှာ
ငွေလွှဲပြောင်းတာတွေကို ၂၀၀၃ ခုနှစ် ကတည်းက စတင် လုပ်ဆောင်လာခဲ့တာကြောင့် အခုလိုမျိုး ဒေါ်လာငွေကြေး
လွှဲပြောင်းတာတွေကို KEB ဘဏ်က ရပ်ဆိုင်းဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် သွင်းကုန်၊ ထုတ်ကုန် လုပ်နေတဲ့ ပြည်တွင်းက
စီးပွားရေး လုပ်ငန်းတွေကို ထိခိုကလ
်ာနိုင်တယ်လို့ ရန်ကုန်မြို့က စီးပွားရေး လုပ်ငန်းရှင်တဦးက ဗွီအိုအေကို
ပြောပါတယ်။
“ထိခိုက်မှုတော့ အတန်အသင့် ရှိတယ်ဗျ။ လောလောဆယ်တော့ ကုန်သွယ်မှု ပမာဏတွေ လျော့ကျသွားမယ်၊
နှေးသွားမယ်။ လောလောဆယ်တောင်မှ ကုန်သွယ်မှုက အရမ်းနှေးနေတာ၊ ဒီရာသီမှာ။ အခုတော့ နှစ်နိုင်ငံ ကုန်သွယ်မှု
နှေးသွားနိုင်တာပေါ့၊ လေးသွားနိုင်တာပေါ့။ နောက် ကိုရီးယားဘဏ်က မလုပ်နိုင်တော့ တခြား စင်ကာပူတို့ ဘာတို့က
တဆင့်ခံပြီး လုပ်တယ်ဆိုရင် စရိတ်တွေ ပိုတိုးလာတာပေါ့။ တခြား ကြားခံတခုကို သုံးမယ်ဆိုရင် ပိုပြီး စရိတ်တွေ
တိုးလာမယ်။ တိုက်ရိုက်မဟုတ်တော့၊ သူ့ကို အကျိုးဆောင်ခ ပေးရတာမျိုးတွေ ရှိတာကိုး။ အဲဒီတော့ လုပ်ငန်း
သိပ်အဆင်မပြေရတဲ့ ကြားထဲ စရိတ်စကတွေ ပိုများလာမယ့် အနေအထားမျိုးပဲ ဖြစ်နေတာ တွေ့ရတာပေါ့။”

အကြမ်းဖက်မှုတွေအပေါ် ငွေကြေး ကူညီပံ့ပိုးနေတယ်လို့ သံသယရှိရတဲ့ နိုင်ငံတွေအပေါ် နိုင်ငံတကာ အရေးယူမှုရဲ့


အစိတ်အပိုင်းတရပ်အဖြစ် အခုလို ဒေါ်လာငွေ လွှဲပြောင်းတာတွေကို ရပ်ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ ပြီးခဲ့တဲ့
ဇူလိုင်လကလည်း အမေရိကန်လွှတ်တော်က မြန်မာစစ်အစိုးရရဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့
ပတ်သက်ပြီး ဖိအားပေးတဲ့ အနေနဲ့ မြန်မာနိုင်ငံတွင်းက တင်ပို့တဲ့ ကုန်ပစ္စည်းတွေကို ပိတ်ပင်တဲ့ ဥပဒေကိုလည်း
နောက်ထပ် သက်တမ်း ၁ နှစ် ထပ်တိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒီမိုကရေစီရေး ကြိုးပမ်း လှုပ်ရှားသူတွေကို မတရား


ဖိနှိပ်ဖမ်းဆီးတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်နေတာတွေကြောင့် အမေရိကန် အစိုးရက
မြန်မာစစ်အစိုးရအပေါ် ၂၀၀၃ ခုနှစ်ကစလို့ အရေးယူ ပိတ်ဆို့မှု အသစ်တွေကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ KEB ဘဏ်ဟာ
အမေရိကန် ဘဏ်လုပ်ငန်းတခုက ထိန်းချုပ်ထားတာ ဖြစ်တဲ့အတွက် အမေရိကန်ဒေါ်လာကို မြန်မာနိုင်ငံကို
လွှဲပြောင်းတာတွေ လုပ်ခွင့်မရှိဘူးလို့ ဆိုပါတယ်။

“တကယ်တမ်း ကျနော်တို့ ဒီမှာ ကုန်သွယ်မှုလုပ်တဲ့ အခါကြတော့ ကိုရီးယားမှာရှိတဲ့ KEB ဘဏ်နဲ့ မြန်မာပြည်ကဘဏ်


MFTB၊ MICB အချင်းချင်း နားလည်မှုယူပြီးတော့ အမေရိကန်ကို အသိမပေးဘဲ အဆင်ပြေရာပြေကြောင်း
လုပ်တဲ့သဘောပေါ့။ အခု မြောက်ကိုရီးယားနဲ့ မြန်မာအစိုးရ Relation က အရမ်းကောင်းလာတော့ အမေရိကန် အစိုးရ
အနေနဲ့ ပိုပြီးတော့ အရင်ကထက်စာရင် စိုးရိမ် ပူပန်လာတာပေါ့။

“အဲဒါကြောင့် ကိုရီးယားက တောင်ကိုရီးယားဖြစ်ဖြစ်၊ မြောက်ကိုရီးယားဖြစ်ဖြစ် မြန်မာပြည်မှာလာပြီး Invest လုပ်တဲ့အခါ


သူက ဒီအပေါ်မှာ စိတ်မချတဲ့အတွက် US ရဲ့ Pressure က တောင်ကိုရီးယား ဘဏ်တွေအပေါ် ပိုပြီးတော့
ပြင်းလာတာပေါ့လေ။ အဲဒါကြောင့် ဘဏ်တွေကလည်း အရင်ကလို တာဝန်ယူပြီး မလုပ်ပေးနိုင်တဲ့ အနေအထားမျိုး
ဖြစ်တယ်လို့ ကျနော်တို့ တွေ့ရတယ်။”

မြန်မာနိုင်ငံနဲ့ ကိုရီးယားနိုင်ငံကြားမှာ အ၀တ်အထည်၊ သံမဏိနဲ့ လျှပ်စစ်ပစ္စည်း စတာတွေ ကုန်သွယ်နေတဲ့ ကုမ္ပဏီပေါင်း


၅၀ လောက် ရှိပြီး အဲဒီထဲမှာ ဒေ၀ူး၊ မြန်မာ ပေါ့စကို စတီးလ် စတဲ့ ကုမ္ပဏီတွေ ပါဝင်သလို အစိုးရနဲ့ ဖက်စပ်
လုပ်ဆောင်နေတဲ့ သစ်ကုမ္ပဏီတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ KEB ဘဏ်ကနေ မြန်မာနိုင်ငံကို ငွေလွှဲနှုန်းဟာ
တနှစ်ကို ဒေါ်လာသန်းရာနဲ့ချီ ရှိတယ်လို့ အဆိုပါ လုပ်ငန်းရှင်က ပြောပါတယ်။

“မြန်မာပြည်ကနေ ကိုရီးယားကို တင်ပို့တဲ့ ကုမ္ပဏီတွေရော၊ ကိုရီးယားက ပစ္စည်းတွေ မှာယူတဲ့ ကုမ္ပဏီတွေရော


အားလုံးပေါင်း ခန့်မှန်းချေ ကုမ္ပဏီပေါင်း ၄၀ လောက်ရှိတယ်။ အဲဒီမှာ ကျနော်တို့လို Export လုပ်တဲ့ ကုမ္ပဏီတွေလည်း
ရှိတယ်။ ကျနော်ထင်တယ်၊ တနှစ်လုံးအတွက်ဆိုရင် ဒေါ်လာသန်း ရာဂဏန်းထက်မနည်း ကုန်သွယ်မှု ပမာဏရှိတယ်။”

အမေရိကန်ဒေါ်လာနဲ့ ငွေလွှဲတာတွေကို ရပ်ဆိုင်းလိုက်ပေမဲ့လည်း ယူရိုငွေ အပါအ၀င် စင်ကာပူဒေါ်လာနဲ့


ငွေလွှဲတာတွေကို ရပ်ဆိုင်းထားတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ယူရိုငွေကြေး ကျဆင်းတာနဲ့ ဈေးကွက်မှာ
မတည်ငြိမ်တာတွေကြောင့် အခက်အခဲတွေ ရှိလာနိုင်တယ်လို့ အဆိုပါ လုပ်ငန်းရှင်က ပြောပါတယ်။

Source:http://www1.voanews.com/burmese/news/myanmar-south-korea-keb-100768509.html
နယ်စပ်ဖြတ်ကျော်ခ ပိေ
ု ပး၍ ကားတင်သွင်း
ရဲရင့် / ၁၆ သြဂုတ် ၂၀၁၀
မြ၀တီ-မဲဆောက် နှစ်နိုင်ငံနယ်စပ်ဂိတ်များကို မြန်မာဘက်မှ ပိတ်ထားသော်လည်း ထိုင်းဘက်မှ
တရားမ၀င်ကားတင်သွင်းမှု ရပ်တန့်ခြင်းမရှိဘဲ နယ်စပ်ဖြတ်ကျော်ခ ပိုမိုပေးဆောင်ကာ တင်ပို့နေကြကြောင်း သိရသည်။

ထိုင်းဘက်မှ ကားကုမ္ပဏီပိုင်ရှင်တဦးက “ဂိတ်ပိတ်ပေမယ့် မြ၀တီက အာဏာပိုင်အဖွဲ့စုံနဲ့ နားလည်မှုယူပြီး ကားတွေကို


ပုံမှန် မြန်မာဘက်ကို ပို့နေရတယ်။ အရင်ကဆို မြ၀တီကို ကားတစီးရောက်ဖို့ ဘတ် (၅,၀၀၀) ပဲ ကုန်တယ်။ အခုကျတော့
မြန်မာဘက်က ဂိတ်တွေ ပိတ်လိုက်တဲ့အတွက် ကားတစီးကို ဘတ် (၁၈,၀၀၀) တိုးကောက်တယ်၊ ကားတစီးကို
လေးဆလောက် ပိုကုန်သွားတယ်။ မြန်မာပြည်မှာက အခု တရားမ၀င်ကားတွေကို လိုင်စင်ချပေးတော့ ကားအမှာကတော့
နေ့တိုင်းရှိတယ်” ဟု ပြောသည်။

ထိုင်းဘက်ခြမ်း အမှတ် (၁၀) လှေဆိပ်မှတဆင့် ဂျပန်တပတ်ရစ်ကားများကို မြ၀တီဘက်သို့ တညလျှင် ပုံမှန် (၁၅) စီးခန့်
တင်ပို့လျက်ရှိပြီး ယင်းလှေဆိပ်အတွင်းတွင် ကားအစီးရေ (၅၀၀) ခန့် မြန်မာဘက်သို့တင်ပို့ရန် ပုံမှန်ရှိနေသည်ဟု ၎င်းက
ပြောသည်။

ဧက (၆၀) ခန့် ကျယ်ဝန်းသည့် အဆိုပါလှေဆိပ်တွင် မြန်မာဘက်သို့ ကားမျိုးစုံ တရားမ၀င်တင်ပို့သည့် ဘန်ကောက်မှ


ထိုင်းကားကုမ္ပဏီ (၄၀) ခန့်တို့က လာရောက်ပြီး ဂျပန်ကားတပတ်ရစ် (ဓာတ်ဆီ-ဒီဇယ်) အမျိုးအစားစုံကို
နေ့စဉ်ရောင်းချလျက်ရှိကြောင်း၊ ရန်ကုန်မြို့မှ ကားဝယ်လက်များ အလိုကျ မော်ဒယ်အမျိုးအစားများကိုလည်း
ရက်ပိုင်းအတွင်း ဘန်ကောက်မှ လာရောက်ပို့ပေးကြောင်း ကားအရောင်းစာရေးတဦးက ပြောသည်။

၎င်းက “မြန်မာဘက်က ဂိတ်ပိတတ
် ယ်ဆိုပေမယ့် ကားဝယ်ရောင်းလုပ်ငန်းကို အောက်ခြေအာဏာပိုင်တွေနဲ့
အဆင်ပြေအောင် ညှိနိုင်ဖို့ပဲလိုတယ်။ ဂိတ်တွေပိတ်ပြီး လိုင်စင်မဲ့ကားတွေ ဖမ်းနေပေမယ့် ထိုင်းကနေကားတွေ
ပုံမှန်သွားနေတာပဲ။ မြန်မာပြည်က ထုတ်တဲ့ ဥပဒေတွေဆိုတာက ငွေနဲ့ခင်းရင် ဘာပြဿနာမှမရှိဘူး။ ဒါက ကျနော်ရဲ့
(၁၅) နှစ်ကြာ မြန်မာပြည်နဲ့ ကားရောင်းဝယ်တဲ့ အတွေ့အကြုံပါ” ဟု ပြောသည်။

ကားအမျိုးစားကောင်း ၀ယ်လိုသူတသ
ို့ ည် မြန်မာအာဏာပိုင်တို့၏ အဆက်အသွယ်နှင့် လာသူများဖြစ်ပြီး မြန်မာပြည်မှ
နာမည်ကြီး ရုပ်ရှင်မင်းသား၊ အဆိုတော်နှင့် စီးပွားရေးသမားများ အမှတ် (၁၀) ဂိတ်သို့ လာရောက်ကြကြောင်း သိရသည်။

ကားကူးခ ဈေးနှုန်း (၄) ဆခန့် တက်သွားရခြင်းမှာ မြ၀တီနှင့်ရန်ကုန်ကြားရှိ ဂိတ်များအား ဂိတ်ကြေး ပိုပေးရခြင်ကြောင့်


မဟုတ်ဘဲ မြ၀တီခရိုင်အတွင်း ပေးရသည့်အဖွဲ့များ တိုးလာခြင်းကြောင့်ဖြစ်သည်ဟု မြန်မာကားပွဲစားတဦးက ပြောသည်။

၎င်းက “ဥပမာ လှေဆိပ်တွေမှာ အရင်က စစ်သားတွေမရှိဘူး။ အခု သူတို့ကိုလည်း တပုံပေးရတယ်။ မြ၀တီမှာ


အရင်ကမရှိတဲ့ အထူးအဖွဲ့ဆိုတာကိုလည်း ပေးရတယ်။ ကြံ့ဖွံ့ပါတီရန်ပုံငွေဆိုတာလည်း ထည့်ရတယ်။ ဒါကြောင့်
ပိုတောင်းရတာလို့ သူတို့ဘက်က ပြောတယ်” ဟု ဆိုသည်။

မြန်မာဘက်သို့ ကားများတင်ပို့ရာတွင် ထိုင်းဘက်ခြမ်း ချစ်ကြည်ရေးတံတား မြောက်ဘက်ရှိ အမှတ် (၁၀) လှေဆိပ်နှင့်


တံတားတောင်ဘက်ရှိ အမှတ် (၁၇) လှေဆိပ်တို့မှတဆင့် သယ်ဆောင်ကြခြင်းဖြစ်သည်။

ဒေသတွင်း အကြမ်းဖက်အန္တရာယ်ရှိသည်ဟု အကြောင်းပြကာ မြန်မာဘက်မှ နယ်စပ်ဂိတ်များကို ပြီးခဲ့သည့် ဇူလိုင် (၁၈)


ရက်မှ စတင်ပိတ်ထားခဲ့သော်လည်း မြန်မာများ ထိုင်းဘက်သို့ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး မြန်မာကုန်ပစ္စည်းနှင့်
ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းကို နှစ်ဖက်အာဏာပိုင်များနှင့် ညှိကာ ညပိုင်းတွင် အပြန်အလှန် တင်သွင်းလျက်ရှိသည်ဟု
နယ်စပ်ကုန်သည်များက ပြောသည်။

Source:http://khitpyaing.org/index.php?route=detail&id=3523

You might also like