You are on page 1of 18

မြန်မာပြည်ရွေးကောက်ပွဲကို ကမ္ဘာက စောင်ြ့ ကည်ေ

့ နကြောင်း အီးယူ
ပြောဆို
2010-08-15

နိုဝင်ဘာ (၇) ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို လွတ်လပ်မျှတအောင် မလုပ်နိုင်ဘဲနဲ့ တရားဝင်တဲ့


ရွေးကောက်ပွဲအဖြစ် ကမ္ဘာက ရှုမြင်မှာမဟုတ်ကြောင်း ဥရောပသမဂ္ဂ နိုင်ငံများအဖွဲ့ အီးယူ က မြန်မာစစ်အစိုးရ ကို
စနေနေ့က ပြောဆိုလိုက်ပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဧရာမ ဓာတ်ပုံပိုစတာကြီးကို ပြင်သစ်နိုင်ငံ စထရာစ်ဘော့ဂ်မြို့ရှိ


ဥရောပပါလီမန် အဆောက်အဦးပေါ်တွင် ၂၀ဝ၇ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့က ချိတ်ဆွဲ ဂုဏ်ပြုထားပုံ
ဖြစ်ပါသည်။ (Photo: AFP)

အီးယူအဖွဲ့ဝင် နိုင်ငံများကိုယ်စား ရန်ကုန်မြို့ ဗြိတိသျှ သံရုံးကတဆင့် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ - မြန်မာ


ပြည်သူတွေနဲ့ ကမ္ဘာ့ပြည်သူတွေရဲ့ အမြင်မှာ တရားဝင်ရွေးကောက်ပွဲ ဖြစ်စေချင်တယ်ဆိုရင် စစ်အစိုးရအနေနဲ့
ပါတီအားလုံးကို လွတ်လွတ်လပ်လပ် မဲဆွယ်စည်းရုံးခွင့် ပေးရမယ့်အပြင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေဟာလည်း
လွတ်လပ်မျှတမှု ရှိရလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း အလားတူ ပြောဆိုလိုက်ပြီး၊ အမေရိကန် ပြည်ထောင်စုနဲ့


ဗြိတိန်နိုင်ငံတို့ကလည်း စစ်အစိုးရ ရွေးကောက်ပွဲဟာ ယုံကြည်လက်ခံနိုင်စရာ မရှိကြောင်း ပြောဆို ဝေဖန်ခဲ့ကြပါတယ်။

နိုင်ငံရေးပါတီ အများကလည်း အရွေးခံ ကိယ


ုစားလှယ် စုဆောင်းချိန်၊ မဲဆွယ်စည်းရုံးချိန် အလုံအလောက်
ပေးမထားကြောင်း ပြောဆိုကြပါတယ်။ ကိုယ်စားလှယ်စာရင်းကို သြဂုတ်လကုန်မှာ အပြီး တင်သွင်းရမှာဖြစ်ပြီး၊
မဲဆွယ်ကာလကိုလည်း စစ်အစိုးရက ကြေညာတဲ့အချိန်ကျမှ စတင်ကြရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလက မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အာရှပစိဖိတ် ဒေသဆိုင်ရာ အမေရိကန် လက်ထောက်


နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့ဒ်ကင်းဘဲလ်က - မြန်မာစစ်အစိုးရရဲ့ ညှိနှိုင်းလိုစိတ် ကင်းမဲ့တာ၊ ရွေးကောက်ပွဲ
လုပ်ငန်းစဉ်တွေမှာ ပြုပြင်ပြောင်းလဲလိုစိတ် မရှိတာတွေကြောင့် လာမယ့် ရွေးကောက်ပွဲဟာ နိုင်ငံတကာ တရားဝင်မှု
မရှိတဲ့ ရွေးကောက်ပွဲပဲ ဖြစ်လိမ့်မယ်လို့ အမေရိကန်အစိုးရက ယုံကြည်လိုက်ပါတယ်လို့ အဲဒီကတည်းက ပြောဆိုခဲ့ပြီး
ဖြစ်ပါတယ်။

Source:http://www.rfa.org/burmese/news/EU_tells_Burma_world_is_watching_its_elections-
08152010090357.html
ကြံခ
့ င
ို ဖ
်ွံ့ ဖြိုးရေး စည်းရုံးရေး ခရီးအတွင်း သံဃာတပါး လူဝတ်လဲရ

မြန်မာစစ်အစိုးရက နိုဝင်ဘာလထဲမှာ ကျင်းပပေးဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ


လွတ်လွတ်လပ်လပ် စည်းရုံးလှုပ်ရှားခွင့် မရှိဘူးလို့ ပြောဆိုနေချိန်မှာပဲ စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကတော့ မဲဆွယ်စည်းရုံးမှုတွေ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။
အခုဆိုရင်လည်း တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တွင်းက ကျေးရွာတွေမှာ ပါတီရဲ့ အကြီးတန်း ခေါင်းဆောင်တွေ
ဦးဆောင်ပြီး နည်းမျိုးစုံနဲ့ စည်းရုံးရေး လုပ်နေသလို သူတို့နဲ့ သဘောထား ကွဲလွဲသူလို့ ယူဆတဲ့ ရဟန်းတပါးကိုတောင်
သိက္ခာချ လူဝတ်လဲလိုက်ကြောင်း မြို့ခံတွေနဲ့ ရွာက သံဃာတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ
ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

တနင်္သာရီတိုင်း ထားဝယ်မြို့က ကျေးရွာတွေမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ စည်းရုံးရေး ခရီးစဉ်အတွင်း


ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးမယ်၊ သူတို့ကို ထောက်ခံကြပါဆိုပြီး စည်းရုံးနေတာလို့ ဒေသခံတွေက
ပြောပြကြပါတယ်။ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲအတွက် ပါတီအဖြစ် မှတ်ပုံတင်ဖို့
စစ်ရာထူးကနေ အနားယူခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်းလည်းဖြစ် လက်ရှိ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီး
ဦးမောင်မောင်သိန်းက ဦးဆောင် စည်းရုံးရေးဆင်းတဲ့ နေရာမှာ ပါတီအမှတ်အသားဖြစ်တဲ့ ခြင်္သေ့အမှတ်တံဆိပ်ကို
မဲထည့်ကြပါလို့ နယ်ခံတွေကို တိုကတ
်ွန်းနေတာပါ။

ဒါပေမဲ့လည်း ထားဝယ်မြို့နယ် သဗျာရွာမှာ ၀ါဆိုသင်္ကင်္န်း ကပ်လှူရင်း သူတို့နဲ့ သဘောထား ကွဲလွဲသူလို့ ယူဆရတဲ့


သံဃာတပါး တရားဟောပြီး နောက်တနေ့မှာပဲ သိက္ခာချ လူဝတ်လဲခဲ့တဲ့အတွက် ဒေသခံတွေကြား မနှစ်မြို့စရာတွေ
ဖြစ်ခဲ့ရတယ်လို့ နယ်ခံတယောက်က ပြောပြပါတယ်။

“ဓမ္မာရုံရှိတဲ့နေရာမှာ ရွာကုန် ခေါ်ပြီးတော့ ရွာသားတွေကို ရွာထဲမှာလိုအပ်တဲ့ အကူအညီတို့၊ တံတားပြင်တာတို့၊


လမ်းပြင်တာတို့ အဲဒီကိစ္စတွေကို လိုတဲ့ဟာ ပြောကြပါ ဆြို ပီးတော့ သူက စည်းရုံးရေး ပုံစံမျိုးနဲ့ ပြောကြတာ။ ဒါပေမဲ့
အခုချိန်ထိ အဲဒီဟာတွေအတွက် ဘာမှ အကြောင်းမပြန်ဘူး။ အကြောင်းမပြန်တဲ့အပြင် အဲဒီ ဘုန်းကြီးကိစ္စ ဖြစ်လာတော့
လူတွေ တော်တော်လေးကို ကြံ့ခိုင်ရေးပါတီ အပေါ်မှာ အယုံအကြည်မရှိ ဖြစ်နေတာပေါ့။

“သူတို့ ပြောထားတယ်တဲ့၊ သတင်းလာမေးတာတို့၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောတာ ဆိုတာ မေးတာတို့ လာလို့ရှိရင်


အဲဒါကို မှတ်ထား။ တကယ်လို့ ရှိရင် အဲဒီရွာကိုလည်း အစည်းအဝေး ခေါ်ထားတယ်။ ခေါ်ပြီး အဲဒီကိစ္စကို
သတင်းမပေါက်ကြားအောင်၊ ထွက်တာလည်း သူ့ဆန္ဒနဲ့ သူထွက်တာ၊ သူတို့နဲ့ မပတ်သက်တဲ့ ပုံစံမျိုးနဲ့ ရှင်းလင်းတာပေါ့။”

သိက္ခာချ လူဝတ်လဲခံခဲ့ရသူ ရဟန်းတော်ဟာ အသက် ၂၇ နှစ်၊ ၀ါတော် ၇ ၀ါရှိတဲ့ မဲချောင်းကျေးရွာ ဆရာတော်


ဦးပုညလို့လည်း နယ်ခံတွေက ပြောပါတယ်။ သူက
ို့ သိက္ခာချ လူဝတ်လဲချိန်မှာ လြုံ ခုံရေး အာဏာပိုင်တွေပါ ပါဝင်ပြီး
သြဂုတ်လ ၈ ရက်နေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက စည်းရုံးရေး လာသူတွေကို ဟောကြားခဲ့တဲ့ တရားနဲ့ ဆက်စပ်မှု
ရှိတယ်လို့လည်း ဒေသခံ ရဟန်းတော်တပါးက မိန့်ပါတယ်။
“တကယ်တော့ ဦးဇင်းတို့ သာသနာပေါ်မှာ အာဏာက ဖိထားတယ်လေ။ ဒီကိုယ်တော် တရားဟောလိုက်တာ၊
မြတ်စွာဘုရား ဟောခဲ့တဲ့ တရားထဲကပါပဲ၊ ပါဏာတိပါတာကံ အကြောင်းကို ဟောရင်းကနေ သူ့ကို နည်းနည်း
သွားထိခိုက်တယ်လို့ ယူဆရတာပေါ့၊ ဦးဇင်းထင်တာတော့။ သူကလည်း လုပ်တာ မွေးမြူရေးနဲ့ ရေလုပ်ငန်းဆိုတော့၊
နောက်နေ့မှာ လာခေါ်သွားတယ်။ ခရိုင်အဆင့် ရဲမှူးတွေလည်း ပါတယ်။ အကုသိုလ်လုပ်တဲ့လူကို ပါဏာတိပါတာကံ တရား
ဟောမိတော့ ဘုန်းကြီးကို အဓမ္မ သင်္ကန်းချွတ်ခိုင်းလိုက်တယ်။

“ဗုဒ္ဓဒေသနာတော်တွေနဲ့ ဆက်နွယ်ပြီးတော့ ဟောကြားတဲ့ အချိန်မှာပဲ မထိခိုက်အောင်လို့ အတတ်နိုင်ဆုံး


ဆင်ခြင်နေရတယ်၊ ရှောင်ကြဉ်နေရတယ်။ ဆရာတော်ကြီးတွေဆို ဘာမှကို မပြောနိုင်၊ မဟောနိုင်ကြဘူး။ မပြောနိုင်၊
မဟောနိုင်ဘူးဆိုတာ သူတို့နဲ့ သွားပြီး ငြိစွန်းမှာ ကြောက်ကြတာပေါ့လေ။”

အခုအခါမှာတော့ လူဝတ်လဲခံရတဲ့ ငယ်ဖြူရဟန်းတော်ဟာ သူ့ရဲ့ဇာတိရွာကို ပြန်ခဲ့ရပြီလို့လည်း ဒေသခံတွေက


ပြောပြကြပါတယ်။ မြန်မာစစ်အစိုးရက ဒီနှစ်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ပြီး
ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုထားပေမဲ့ ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံရေး အုပ်စုတွေကတော့ လွတ်လပ်ပြီး မျှတမှု မရှိဘူးဆိုပြီး
စောဒက တက်နေကြတာပါ။

အခုအချိန်အထိ နိုင်ငံရေးပါတီပေါင်း ၄၀ ကို မှတ်ပုံတင်ခွင့် ပြုထားပြီး ဒီအထဲက ၁၅ ပါတီဟာလည်း


သတ်မှတ်ထားတဲ့အတိုင်း ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် အင်အားတွေကို တင်ပြပြီးခဲ့ကြပြီလို့ စစ်အစိုးရရဲ့
ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။

ရွေးကောက်ပွဲကိုတော့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမှာ ဖြစ်တဲ့အကြောင်း အရင်တပတ်ထဲမှာပဲ အာဏာပိုင်တွေက


ကြေညာခဲ့တာ ဖြစ်ပေမဲ့ နိုင်ငံရေး အခြေအနေတွေ လွတ်လပ်မှု မရှိဘဲ လုပ်သွားမယ့် ဒီအစီအစဉ်တွေ အပေါ်မှာတော့
ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းက စိုးရိမ်မကင်း ဖြစ်ရကြောင်း ပြောဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

Source:http://www1.voanews.com/burmese/news/myanmar-usdp-100719759.html

ဝန်ကြီးကို ပါဏာတိပါတကံ ဟောမိလို့ သံဃာတပါး လူဝတ်လဲခရ



2010-08-15

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် သဗျာကျေးရွာမှာ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီး ဝါဆိုသင်္ဃန်း ကပ်လှူတဲ့ပွဲမှာ


ပါဏာတိပါတာကံ (သူတပါး အသက်ကိုသတ်ခြင်း) ကျူးလွန်တာနဲ့ပတ်သက်တဲ့ တရား ဟောကြားခဲ့တဲ့
ဆရာတော်တပါးကို သြဂုတ်လ (၉) ရက်နေ့က ခရိုင်အဆင့် အာဏာပိုင်တွေက သိက္ခာချ လူဝတ်လဲခိုင်းခဲ့တယ်လို့
စုံစမ်းသိရှိရပါတယ်။

သံဃာတပါး စစ်အစိုးရ၏ ကြော်ငြာဆိုင်းဘုတ်ကြီးတခုရှေ့မှ ဖြတ်လျှောက်သွားပုံ ဖြစ်ပါသည်။ (Photo: AFP)

ဆရာတော်ဦးပုညဟာ သက်တော် (၂၇) နှစ်၊ ဝါတော် (၇) ဝါ ရှိတဲ့ မဲချောင်းကျေးရွာ ဘုန်းကြီးကျောင်းက


ကျောင်းထိုင်ဆရာတော် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ (၈) ရက်နေ့က ထားဝယ်မြို့ ကဗျာကျေးရွာမှာ မွေးမြူရေးနဲ့
ရေလုပ်ငန်းဝန်ကြီး ဦးမောင်မောင်သိန်းရဲ့ ဝါဆိုသင်္ဃန်း ကပ်လှူတဲ့ပွဲမှာ တရားဟောမိရာက သိက္ခချ လူဝတ်လဲခံရတာ
ဖြစ်တယ်လို့ ဒေသခံ သံဃာတပါးက မိန့်ပါတယ်။

“ဒီ ဦးဇင်းက တရားဟောလိုက်တာ မြတ်စွာဘုရားဟောခဲ့တဲ့ တရားထဲကပါပဲ။ ပါဏတိပါတာ ကံအကြောင်းကို


ဟောရင်းကနေ၊ သူကလည်း လုပ်တာက မွေးမြူရေးနဲ့ ရေလုပ်ငန်းလေ၊ သူ့ကို သွားထိခိုက်တယ်လို့ ယူဆရတာပေါ့နော်၊
ဦးဇင်းတို့ကတော့ အနာပေါ် တုတ်ကျသွားတာပေါ့။ အကုသိုလ် လုပ်တဲ့သူကို ပါဏတိပါတာကံ တရားဟောမိတော့
ဘုန်းကြီးကို အဓမ္မ သင်္ဃန်းချွတ်ခိုင်းလိုက်တယ်လေ၊ (၉)ရက်နေ့က ဒကာကြီးရေ။ ဘုရားကြီးကျောင်းတိုက်က
ဆရာတော်ပေါ့။ ဆရာတော်ကို အဓမ္မ အတင်း သူတို့ဌာနဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေကနေ သိက္ခချခိုင်းတယ်

ခရိုင်အဆင့် အာဏာပိုင်တွေက မဲချောင်းရွာ ဘုန်းကြီးကျောင်းက ဆရာတော်ဦးပုည သိက္ခာချ လူထွက်ခိုင်းခဲ့တဲ့


အခြေအနေကို ဖုံးကွယ်ဖို့အတွက် မဲချောင်းကျေးရွာနေ ပြည်သူတွေနဲ့ ဘုန်းကြီးကျောင်းထဲက ကျန် သံဃာတော်တွေကို
ဆရာတော်ဦးပုညကိစ္စ လာရောက် မေးမြန်းစုံစမ်းတဲ့သူကို မှတ်ထားဖို့ မှာကြားခဲ့တယ်လို့ အခု သိက္ခာချခံရတဲ့
ဆရာတော်ဦးပုညရဲ့ ဒကာတဦးက ပြောပြပါတယ်။

“(၉) ရက်နေ့၊ အဲဒီမနက် (၆) နာရီမှာ သူ့ကျောင်းကိုလာပြီးတော့ ခရိုင်အဆင့်ရှိတဲ့ ရဲမှူးတယောက်ပါတယ်။ ပြီးတော့


စရဖတို့၊ အကုန်လုံး အရပ်ဝတ်နဲ့ လာတယ်။ အဲဒါမျိုး ခေါ်ပြီးတော့ သိက္ခာ အတင်း ချခိုင်းတာပေါ့နော်။ အဲဒီကိစ္စနဲ့
လာပြီးတော့ သတင်းလာမေးတာတို့၊ ပြောတာဆိုတာ မေးတာတို့ကို လာလို့ရှိရင် အဲဒါမှတ်ထား။ တရွာလုံးကိုလည်း
အစည်းအဝေး ခေါ်ပြီးတော့ ဒီကိစ္စကို သတင်းမပေါက်ကြားအောင် ဆရာတော် ခုထွက်တာလည်း သူ့ဆန္ဒနဲ့သူ ထွက်တာ၊
သူတို့နဲ့ မပတ်သက်တဲ့ ပုံစံမျိုး ရှင်းလင်းတာပေါ့နော်”

လူဝတ်အလဲခံခဲ့ရတဲ့ ဆရာတော် ဦးပုညဟာ အခုချိန်မှာ ထားဝယ်မြို့နဲ့ မိုင် (၄ဝ) လောက်ဝေးတဲ့ ဇာတိရွာဖြစ်တဲ့


ရဘဲကျေးရွာကို ပြန်ရောက်နေပြီလို့ သိရပါတယ်။ အခုလို ကျောင်းထိုင်ဆရာတော်တပါး တရားဟောရုံနဲ့ သိက္ခာချ
လူထွက်ရတဲ့ ကိစ္စကို ထားဝယ်မြို့က စာသင်သား သံဃာတော်တွေက သာသနာရေး ဝန်ကြီးဌာနကို စာရေးသား
အသိပေးဖို့ စီစဉ်နေတယ်လို့ စောစောက ဒေသခံ သံဃာတော်ကပဲ ဆက်မိန့်ပါတယ်။

မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီး ဗိုလ်မှူးချုပ်မောင်မောင်သိန်းဟာ စစ်ဘက်တာဝန်ကနေ အနားယူထားတဲ့


အရပ်သားတဖြစ်လဲ ဝန်ကြီး ဦးမောင်မောင်သိန်း ဖြစ်ပါတယ်။ တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး
ပါတီအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သတင်းတွေ ထွက်နေသလို အဲဒီဒေသတွင်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအတွက်
မဲဆွယ်စည်းရုံးတာတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ဒီအကြောင်း အာအက်ဖ်အေ သတင်းထောက် ကိုမိုးကျော် သတင်းပေးပို့ထားတာကိုလည်း အပြည့်အစုံ


နားဆင်နိုင်ပါတယ်။

Source:http://www.rfa.org/burmese/news/monk_disrobed_for_preaching_anti-killing_to_junta_minister-
08152010115641.html

Modern Times ဂျာနယ် အပိတခ


် ရ

ရန်ကုန်မြို့မှာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ထုတ်ဝေတဲ့ Modern Times ဂျာနယ်ကို စစ်အစိုးရက ထုတ်ဝေခွင့်
သီတင်းတပတ် ပိတ်ပင်လိုက်တယ်လို့သိရပါတယ်။
ရန်ကုန်မြို့တွင် စာစောင်များ လက်ပွေ့ရောင်းနေသော ဈေးသည်တဦး ဖြစ်ပါသည်။ (Photo: AFP)

ပြီးခဲ့တဲ့ အပတ်ထုတ် Modern Times ဂျာနယ်မှာ ဖော်ပြထားတဲ့ မိုးလေဝသဆိုင်ရာ ဆောင်းပါးတပုဒ်ကြောင့်


အခုသီတင်းပတ်အတွက် ထုတ်ဝေခွင့် ရပ်နားခံရတာ ဖြစ်တယ်လို့ စာနယ်ဇင်းသမားတွေက ပြောပါတယ်။

အရင်အပတ်ထုတ် Modern Times ဂျာနယ်ထဲမှာ မိုးလေဝသ ပညာရှင် ဦးထွန်းလွင်က မြန်မာနိုင်ငံမှာ စက်တင်ဘာ၊


အောက်တိုဘာ မိုးနှောင်းကာလအတွင်း အေးပြီးစွတ်စိုတဲ့ လာနီညာ ရာသီဥတုနဲ့ ကြုံတွေ့ရနိုင်တဲ့အတွက် မိုးများပြီး
မုန်တိုင်းများ ဝင်ရောက်ဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုချက်ကို ‘စက်တင်ဘာမှာ လာမှာလား’ ဆိုတဲ့ ခေါင်းစဉ်နဲ့
နာဂစ်မုန်တိုင်းသင့်ဒေသက ဓါတ်ပုံထည့်သွင်းပြီး ဆောင်းပါးရေးသား ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

မုန်တိုင်းနဲ့ ပတ်သက်လို့ အခုလို ရေးသားဖော်ပြမှုဟာ အများပြည်သူကို အထိတ်တလန့် ဖြစ်စေတယ်လို့ စာပေစိစစ်ရေးက


အကြောင်းပြပြီး ထုတ်ဝေခွင့် ပိတ်ပင်လိုက်တာလို့ ရန်ကုန်က သတင်းထောက်တွေက ပြောပါတယ်။

မြန်မာစစ်အစိုးရ အနေနဲ့ ရွေးကောက်ပွဲကျင်းပဖို့ နီးကပ်လာချိန်မှာ သတင်းမီဒီယာတွေကို လွတ်လပ်ခွင့် ပိုပေးရမယ့်အစား


သတင်းဂျာနယ် ထုတ်ဝေခွင့် ပိတ်ပင်တာတွေ၊ သတင်းမီဒီယာနဲ့ သတင်းသမားတွေအပေါ် တင်းကြပ်ထိန်းချုပ်တာတွေ
တိုးမြှင့် ပြုလုပ်လာတယ်လို့ BMA မြန်မာသတင်းသမဂ္ဂ ဥက္ကဌ ဒေါက်တာ မောင်မောင်မြင့်က ဝေဖန်ပြောကြားပါတယ်။

“များသောအားဖြင့် နိုင်ငံရေးနဲ့ နွယ်တဲ့ကိစ္စတွေကို သူတို့ အထူးသဖြင့် သတိထားတယ်။ သို့သော်လည်းပဲ


ခုနောက်ပိုင်းကျတော့ ဂျာနယ်တွေကို ဘယ်လောက်အထိ တင်းကြပ်ထားသလဲဆိုတာ အခုလိုမျိုး မိုးလေဝသသတင်းကို
လူထုကို အသိပေးတဲ့အခါမှာတောင်၊ မိုးလေဝသသတင်းဆိုတာ များသောအားဖြင့် ရာသီဥတု ကောင်းနေလို့ရှိရင်
သတိပေးဖို့ သိပ်မလိုဘူး၊ ရာသီဥတု ဆိုးတော့မယ်ဆိုရင် လူထုကို သတိပေးရတယ်။ ဒါမှလည်း လူထုက
ကြိုတင်ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင်လို့ရမယ်။ အဲဒီလိုမျိုး သတိပေးတဲ့ ကိစ္စကိုတောင် စစ်အစိုးရက အခုလိုမျိုး
တင်းကြပ်လာတဲ့အတွက် မီဒီယာလွတ်လပ်ခွင့်ဟာ ရွေးကောက်ပွဲ နီးလာလေလေ ပိုပြီးတော့ ဆိုးလာလေလို့ မြင်ပါတယ်“

စစ်အစိုးရရဲ့ စာပေစိစစ်ရေးဌာနဟာ ပြီးခဲ့တဲ့လအတွင်း အပတ်စဉ် ထုတ်ဝေတဲ့ The Voice ဂျာနယ် ကိုလည်း


အခြေခံဥပဒေဆိုင်ရာ ဆောင်းပါးတပုဒ် ဖော်ပြခဲ့မှုကြောင့် ထုတ်ဝေခွင့် သီတင်းနှစ်ပတ် ပိတ်ပင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ
သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြခွင့်ကို စာပေစိစစ်ရေးဌာနက တိတိကျကျ သတ်မှတ် ထုတ်ပြန်ထားတာ
မရှိတဲ့အတွက် သတင်းမီဒီယာသမားတွေ အခက်ကြုံနေကြရပြီး၊ ဂျာနယ်မဂ္ဂဇင်းတွေလည်း မကြာခဏ ဆိုသလို
ပိတ်ပင်ခံနေရပါတယ်။

Source:http://www.rfa.org/burmese/news/weekly_news_journal_suspended_for_a_week-
08152010113544.html
အမိးု မရွေ
ိ သးတဲ့ အိမ်
နှင်းပန်းအိမ် | တနင်္ဂနွေနေ့၊ သြဂုတ်လ ၁၅ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၃၆ မိနစ်

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဆိုတာ ကျမတို့ရဲ့ မွေးရာပါ လူ့အခွင့်အရေးနဲ့ ကိုယ်ပိုင်ပစ္စည်း ပါ။ ၁၉၆၂ ခုမှာ
စစ်အာဏာရှင်က ကျမတို့ဆက
ီ နေ အတင်းအဓမ္မ လုယူသွားတယ်။ အဲဒီနောက် စစ်အစိုးရ အဆက်ဆက်ဟာ
ပြည်သူတွေကို အသိဥာဏ် တုံးအောင်လုပ်ပြီး ကိုယ့်အခွင့်အရေး ကိုယ့်ဟာမှန်းတောင် မသိတော့ဘဲ အာဏာပိုင်တွေ
ပေးမှကမ်းမှ သနားမှရမယ့် အရာမျိုးလို ဖြစ်အောင် လုပ်ကြံခဲ့၊ လုပ်ကြံဆဲလဲ ဖြစ်ပါတယ်။

၂ဝဝ၈ အခြေခံ ဥပဒေက ပြည်သူလူထု အကျိုးစီးပွားအတွက် ဘာတခုမှ မပါဘူးဆိုတာ သိပါရဲ့နဲ့ “ဒါအခွင့်အရေးဘဲ


ပေါင်းကြည့်ရမှာပဲ” ဆိုတဲ့ သူတွေကတော့ ရှစ်လေးလုံး အရေးတော်ပုံမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ အသက်တွေမှ
အားမနာ ရွေးကောက်ပွဲဝင်ဖို့ ပါတီ မှတ်ပုံတင်ကြတယ်။ ပြီးတော့မှ တရားမမျှတဘူးလို့ မီဒီယာတွေမှာ အော်ကြပြန်ရော။
န.အ.ဖကို တကျပ်ဘိုးယုံရင် ကျမတို့ ပြည်သူလူထုကို တကျပ်ဖိုး သစ္စာဖောက်တာပဲ။

------ -------------- -------------- ------------ -------------

ကျမတို့ မြန်မာနိုင်ငံမှာ ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်ပေါ်လာစေဖို့ အကြောင်းရင်းထဲမှာ ဗိုလ်နေဝင်း န.အ.ဖ


စကားပါ,ပါတယ်။ အထွေထွေ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည် ပြည်သူလူထုရဲ့ပြဿနာကို ကို
တရားနည်းလမ်းကျစွာ မဖြေရှင်းပေးဘဲ မြန်မာ့ ရုပ်မြင်သံကြားကနေ တိုင်းပြည် ပြည်သူလူထုကို “တိုင်းပြည်ကို တကျပ်
ဆူဆူပူပူ လုပ်မယ်ကြံတဲ့သူတွေ မလွယ်ဘူးသာမှတ်။ စစ်တပ်ဆိုတာ သေနတ်ကို မိုးပေါ်ထောင် မပစ်ဘူး။ ဘိုး
ပစ်ရင် တည့်တည့်ပစ်တယ်” လို့ ပြောခဲ့ပါတယ်။ လူပုဂ္ဂိုလ်ကြောင့် သမိုင်းလမ်းကြောင်း ပြောင်းရသလား၊ ယုံရင်
သမိုင်း လမ်းကြောင်းကြောင့် လူပုဂ္ဂိုလ် ဖြစ်ရသလား ဆိုတာ စဉ်းစားစရာပါ။ ကျမတို့
ပြည်သူ
တကယ်လဲ တည့်တည့် ပစ်ခဲ့တာပါ။ ကျမတို့ ပြည်သူတွေကတော့ လမ်းမပေါ် ထွက်ခဲ့ကြတယ်။ လူထုကို
ကျောင်းတွေဆီ သွားခဲ့ကြတယ်။ တကယ်တမ်းတော့ ရှစ်လေးလုံးဆီ သွားခဲ့ကြတာပါ။ တကျပ်
ဖိုး
အနော်ရထာ လမ်းမကြီးပေါ်မှာ ဘတ်စ်ကားပေါ်ကနေ ကြဲချသွားတဲ့ ကြေညာချက်တွေ၊ တောင်းဆိုချက်တွေကို သစ္စာဖေ
ကျမတို့ အပြေးအလွှား ကောက်ခဲ့ကြတယ်။ ၃၃ လမ်းထဲက ခွပ်ဒေါင်းအလံလွှင့်ပြီး အနော်ရထာ လမ်းမကြီးပေါ်ာက်တာ
တက်လာတဲ့ ကျောင်းသားလူငယ်တွေကို ပလက်ဖောင်းပေါ်က ရပ်ကြည့်နေသူက လက်ခုပ်တီးပြီး ပဲ။
ကြိုဆိုကြတယ်။ စားပွဲခုံ ထမ်းလာတဲ့ ကျောင်းသားတွေက စားပွဲခုံကို အနော်ရထာ လမ်းမကြီးပေါ်
ချလိုက်တယ်။ ပင်နီတိုက်ပုံနဲ့ ကျောင်းသားလူငယ်က ကျမတို့ ပြည်သူလူထုကို တရားဟောတော့တာပဲ။

“ပြည်သူလူထုကြီးခင်ဗျာ… ကျောင်းသား ခေါင်းဆောင်တယောက်က ပြောဖူးပါတယ်။ ကျောင်းသားဆိုတာ ဒေါင်းမျိုးပဲ။


ဒေါင်းမျိုးဆိုတာ ခွပ်နေရတာနဲ့ စာရင် ကနေရတာကို ပိုပြီး မြတ်နိုးတယ်။ ဒါပေမယ့် တင့်တင့်တယ်တယ် သိက္ခာရှိရှိ
ကခွင့်မရလို့ ခွပ်ကြပြီဆိုရင်လဲ အရှုံးမခံဘဲ အနိုင်ယူ ခွပ်သွားမယ်။ မြန်မာနိုင်ငံမှာ ကျောင်းသားတွေက ခွင့်မရလို့
ခွပ်နေရတာပါ။

မိဘပြည်သူတွေရဲ့ ဒုက္ခအခက်ခဲဟာ ကျနော်တို့ရဲ့ အခက်အခဲပါပဲ။ ဒီဒုက္ခတွေက ကျနော်တို့ ကျောင်းသားတွေကို


တိုက်ရိုက် ထိခိုက်စေပါတယ်။ အာဏာပိုင်ဆီမှာ မိဘ ပြည်သူလူထုတွေရဲ့ ရပိုင်ခွင့်တွေရဖို့ တောင်းဆိုကြမယ်။
ကျနော်တို့နဲ့ ပါဝင်မယ့်သူများ ပလက်ဖောင်းပေါ်ကနေ ကတ္တရာလမ်းပေါ် ဆင်းခဲ့ကြပါ” …။
ကျမ ပထမဆုံး ပါဝင်ခဲ့ရတဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ ပုံရိပ်တခုပါ။ ကတ္တရာလမ်း ပေါ်ကနေ ပြောဟောနေတဲ့
ကျောင်းသားလူငယ်က ကျမတို့ရဲ့ ခံစားချက်တွေကို နိုးဆွပေးလိုက်တယ်။ ခံစားမှုတူသူချင်း ပေါင်းစည်းမိကြတာ လောက
ဓမ္မတာပါ။

ကတ္တရာ လမ်းပေါ်က အရေးတော်ပုံကြီးဆီကို ကျောင်းသားတွေ စာသင်ခန်းတွေထဲက ပြေးလွှားလာကြတယ်။ အဖြူ


အစိမ်းဝတ် ကျောင်းသားလူငယ်တွေကို ဆရာဆရာမတွေ မတားဆီးနိုင်ခဲ့ကြပါဘူး။ တပည့်လေးက တရားဟောတော့
ဆရာ၊ ဆရာမပါ လက်ခုပ် တီးရပါတော့တယ်။ ပြည်သူ့ဆိုင်မှာ ဆန်လာထုတ်တဲ့ အိမ်ရှင်မတွေ ဆီစာအုပ်၊ ဆန်အိတ်
ထည့်ထားတဲ့ ဆွဲခြင်း လက်ချိတ်ပြီး ကြွေးကြော်သံတွေ တိုင်ကြတယ်။ ပြောင်းဖူးပြုတ် ရောင်းတဲ့သူက
သူ့ပြောင်းဖူးတောင်း ခါးချိတ်ပြီး လက်သီးလက်မောင်း တန်းခဲ့တယ်။ ပြည်သူလူထုက သူတို့ရဲ့ ဆန္ဒအစစ်အမှန်ကို
လမ်းတွေပေါ်မှာ အသက်နဲ့ ရင်းပြီး ပြခဲ့ကြတယ်။

ရှစ်လေးလုံး အရေးတော်ပုံကို ဖြိုခွင်းတဲ့ မြို့တော်ခန်းမရှေ့က သေနတ်သံ၊ မြို့နယ်တိုင်းက


သေနတ်သံတွေကြားမှာ သင်္ကန်းကျွန်း ဇီးကွက်မှတ်တိုင်မှာ အဖြူအစိမ်းဝတ် ကျောင်းသား လူငယ်လေးတွေကို ဆန်လာ
“မင်းတို့ သွားချင်တဲ့ လမ်းကို သွားရမယ်။ အရင်ဆုံး ထိုင်လိုက်” ဆိုတဲ့ စစ်ဗိုလ်ရဲ့ စကားကို ရိုးသားစွာ ထုတ်တဲ့
ယုံကြည်ပြီး ထိုင်လိုက်ကြတယ်။ ဒီအခါ ကုန်းပေါ်ကနေ စစ်တပ်က ရက်ရက်စက်စက် သေနတ်နဲ့ အိမ်ရှင်မ
ပစ်ချလိုက်တယ်။ သေနတ်တွေနဲ့ တဒိုင်းဒိုင်း ပစ်နေတဲ့ စစ်တပ်က အကာအကွယ်မဲ့၊ လက်နက်မဲ့၊ အမုန်းမဲ့၊ တွေ
ရန်လိုခြင်းမဲ့တဲ့ ကျောင်းသား လူငယ်လေးတွေကို ဒလစပ် ပစ်နေတာများ ပတ်ဝန်းကျင်တခုလုံး ပွက်လောထ ဆီစာအု
ဆူညံသွားတယ်။ အဖြူအစိမ်းတွေ သွေးစွန်းခဲ့ရတယ်။ ကျောင်းသား လူငယ်တွေရဲ့ အလောင်းတွေကို ပ်၊
သယ်ပိုးလာကြတာ မြင်တော့ မိဘ ပြည်သူတွေ လမ်းပေါ်ထွက် စစ်တပ်ကို အသားပုံနဲ့ ထပ်တိုးပြီး ဆန်အိ
သတ္တိပြကြတယ်။ မနက်က ကျောင်းသွားဖို့ ပြင်ဆင်ရင်း မိဘကို မုန့်ဖိုးတောင်း လိုချင်တာ ပူဆာခဲ့တဲ့ စစ်အာ တ်
ကလေးငယ်တွေ အိမ်တံစက်မြိတ်က ထွက်ပြီး မကြာခင် အသက်စွန့်သွားကြရပြီ။ သူတို့ မိဘတွေရဲ့ ဏာရှင် ထည့်ထ
အပူ တတိုင်းတပြည်လုံး ကူးစက်ခဲ့ရပြီ။ သားပျောက် မိခင်တွေရဲ့ အသံ ကမ္ဘာပျက်မတတ်။ ကားတဲ့
လုပ်ပို ဆွဲခြင်း
ကိုယ့်သူငယ်ချင်းကို လှံစွပ်နဲ့ထိုး အလုံပိတ်ကားပေါ် တင်သွားတဲ့ မြင်ကွင်းက လူငယ်တွေကို တဒင်္ဂ င်ခွင့်၊ လက်ချိ
ဆွံ့အသွားစေတယ်။ သေနတ်ဒဏ်ရာ လှံစွပ် ဒဏ်ရာတွေနဲ့ အကျဉ်းထောင်ထဲ ရောက်ခဲ့ရသူတွေ ရပိုင်ခွ တ်ပြီး
ပြန်လွတ်လာတော့ သူတို့မှာ စိတ်ဒဏ်ရာတွေ အပြင် ယုံကြည်ချက်တွေပါ ပါလာကြတယ်။ င့်တွေ ကြွေြးေ
သူတို့တွေရဲ့ ယုံကြည်ချက်တွေနဲ့ ခေတ်ဝန်ကို ဆက်ထမ်းကြတယ်။ နဲ့ က်ာသံေ
မြို့နယ် တွ
စစ်အာဏာရှင်က အာဏာပြန်သိမ်းဖို့ ကြိုတင် ကြံစည်ခဲ့တယ်။ ဂိုဒေါင်တွေကို စစ်တပ်က အလို တိုင်ကြ
အရင်ဖောက်ပြီး အကောင်းဆုံးတွေကို အရင်ယူပြီး ငတ်မွတ်ခေါင်းပါးနေတဲ့ ပြည်သူလူထုကို က် တယ်။
တရားခံရှာခဲ့တယ်။ စစ်တပ် လိုချင်တာ ယူပြီးမှ ကျန်တာကို ပြည်သူလူထုက ရတာပါ။ သမိုင်းကို အမတ်
အမှန်မရေးချင်သူတွေ၊ ရှစ်လေးလုံး အရေးတော်ပုံကို သေးနုတ်အောင် လုပ်ချင်သူတွေက တွေကို
ခေါင်းဖြတ်မှုတွေကို တန်ဆာဆင်ကြတယ်။ စစ်အာဏာရှင်က လူထုကို သေနတ်နဲ့ ရက်ရက်စက်စက် ဝယ်တဲ့
ပစ်သတ်ခဲ့တာတွေ၊ မသေမရှင် မီးရှို့သတ်တာတွေကို မေ့ဖျောက်ထားကြတယ်။ အခါ
ဘယ်အရေးတော်ပုံကိုဘဲ ကြည့်ကြည့် စစ်အာဏာရှင်က လက်နက်မဲ့ပြည်သူလူထုကို အဝယ်
လက်နက်အားကိုးပြီး ရက်ရက်စက်စက် ချေမှုန်းခဲ့တာပဲ။ ဒီနေ့လို သတင်းမီဒီယာ ခေတ်ကြီးမှာ ခံခဲ့သူ
မှတ်တမ်းဓာတ်ပုံတွေ၊ ဗွီဒီယို မှတ်တမ်းတွေနဲ့ ရှိနေတာပါ။ ဒီကြားထဲကဘဲ သမိုင်းကို တွေလဲ
လိမ်ချင်ကြသေးတယ်။ ရှိတယ်

ခေါင်းဆောင်ဆိုတာ တိုက်ပွဲကြားက ပေါ်တယ် ဆိုတဲ့စကားအတိုင်း ရှစ်လေးလုံး အရေးတော်ပုံ အပြီးမှာ လူထ
ုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကျမတို့ ပြည်သူလူထုတွေ ရခဲ့တယ်။ ကျောင်းသား ခေါင်းဆောင်
ကိုမင်းကိုနိုင်တို့တွေကို ကျမတို့ ရခဲ့တယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကြီး ပေါ်ပေါက်ခဲ့တယ်။ အဖွဲ့ချူပ် ပါတီကြီးမှာ ပါတီဝင်တွေ သန်းချီ ရှိခဲ့တယ်။


တော်လှန်ရေးဆိုတာ လှည်းကြမ်းကြီး တခုပါ။ လှည်းနံရံကို မြဲမြံစွာ ဆုပ်ကိုင်သူတွေ ရှိသလို၊ လှည်းပေါ်က
ပြုတ်ကျသူတွေလဲ ရှိခဲ့ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံရဲ့ အသီးအပွင့်ဖြစ်တဲ့ ၁၉၉ဝ ရွေးကောက်ပွဲကို ကမ္ဘာသိ ကျင်းပနိုင်ခဲ့တယ်။ အမျိုးသား


ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီကြီးကို ပြည်သူလူထုက တကယ့်ဆန္ဒ အစစ်အမှန်နဲ့ မဲပုံအောခဲ့ကြတယ်။ ရွေးကောက်ပွဲပြီးရင်
စစ်တပ်က စစ်တန်းလျား ပြန်မယ်ဆိုတဲ့ စကားလဲ လေထဲကလာပြီး လေထဲမှာ ပျောက်ခဲ့တယ်။

ပြည်သူလူထုကဆီက အသည်းကြားက မဲတပြားကို တန်ဖိုးမထားသူတွေက စစ်အာဏာရှင်က လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေနဲ့


မြို့နယ်အလိုက် အမတ်တွေကို ဝယ်တဲ့အခါ အဝယ်ခံခဲ့သူတွေလဲ ရှိတယ်။ တချို့ အမတ်တွေကတော့ သူတို့
ယုံကြည်ချက်နဲ့ ပြည်သူလူထု အကျိုးအတွက် အဝယ် မခံခဲ့ပါဘူး။

ကိုကိုးကျွန်းပြန် ဦးအောင်မေသု အဖွဲ့ချုပ်မြို့နယ်စည်း အဖွဲ့ဝင် ပြောတဲ့စကားကို သင်္ကန်းကျွန်းမြို့နယ် အဖွဲ့ချုပ် လူငယ်


ကျမဘယ်တော့မှ မေ့မရနိုင်ပါဘူး။ အဲဒီ့စကားက ကျမတို့ ယနေ့ ရင်ဆိုင်နေရတဲ့ မြန်မာ့နိုင်ငံရေးနဲ့ ဆက်စပ်နေသလို
အဖွဲ့ချုပ် ပါတီကြီးနဲ့လဲ ဆက်စပ်ခဲ့ရပါတယ်။

“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပါတီဝင် သန်းချီရှိတယ်။ ဒါအင်အား အစစ်အမှန်လားဆိုတာ စောင့်ကြည့်ရမှာပဲ။


အခွင့်အရေးသမားလဲ ပါမယ်။ လူထုအတွက်၊ တိုင်းပြည်အတွက် တကယ် ယုံကြည်လို့ ပါတဲ့သူလဲ ရှိမယ်။

ရေကြီးတော့ အိမ်ခေါင်မိုးပေါ် စုပြုံတက်ကြတာပေါ့။ လူရော ဘုန်းကြီးရော၊ မြွေရော ခွေးရော၊ ကြက်ရော အစုံပဲ။


ရေကျတော့လဲ သူ့နေရာ သူပြန်သွားကြတာပဲ။ ခုရေကြီးနေတဲ့ အချိန်ပဲ”

ဦးအောင်မေသုကို စစ်အာဏာရှင်က ဝယ်လို့ မရခဲ့ပါဘူး။ “လူနဲ့ ယြုံ ကည်ချက်ဆိုတာ ခွဲလို့ မရဘူး” လို့ စစ်အာဏာရှင်ကို
အသက်နဲ့ ရင်းပြခဲ့တယ်။ သာယာဝတီ အကျဉ်းထောင်ထဲမှာ နှစ်ရှည် အကျဉ်းကျခံရရင်း ဦးအောင်မေသု
ကျဆုံးခဲ့ရပါတယ်။ ဦးအောင်မေသုတို့လို အဖွဲ့ချုပ် ပါတီအပေါ်၊ လူထုအပေါ်၊ တိုင်းပြည်အပေါ် သစ္စာစောင့်သိပြီး
လူသားကမ္ဘာရဲ့ သစ္စာတရားကို အလှပဆုံး ဖော်ကျူးသွားခဲ့ကြတဲ့ သူတွေလဲ မြန်မာပြည်မှာ အများကြီး ရှိခဲ့ပါတယ်။

-------------------------------------------------

ရှစ်လေးလုံး အရေးတော်ပုံကြီး (၂၂) မြောက် အခမ်းအနားတွေ ကျင်းပကြတဲ့ အသံ ကျမ မီဒီယာတွေက တဆင
့်ကြားနေရပါတယ်။ “ရှစ်လေးလုံးက ပြည်သူလူထုအတွက် အောင်ပွဲရတယ်လို့ မြင်ပါသလား။ ဘာ့ကြောင့် ခုထိ
စစ်အာဏာရှင်စနစ် မပြုတ်ကျသေးတာလဲ” လို့ သတင်းသမားတွေက မေးနေကြပါတယ်။

ကျမကို မေးရင် ကျမဖြေမယ့် အဖြေက “ကျမတို့် မြန်မာပြည်သူတွေ၊ အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အင်အားစုတွေ တသံထဲ၊
အဖြေတခုထဲ ထွက်မယ့်နေ့ အောင်ပွဲရတဲ့နေ့ပဲ” လို့ ဖြေချင်ပါတယ်။ ညီညွတ်ခြင်းဆိုတာ တဦးချင်း တာဝန် ကျေပွန်မှုနဲ့လဲ
ဆိုင်တယ်ဆိုတာ လက်ရှိ မြန်မာနိုင်ငံရေး အခြေအနေက သက်သေပြနေပြီပဲ မဟုတ်ပါလား။
Source:http://www.mizzimaburmese.com/edop/songpa/5869-2010-08-15-11-09-55.html
ဘတပြန် ကျားတပြန် တရုတန
် င
ှ့် အမေရိကန်ကြားက မြန်မာ အမြတ်ရမည်လော
ဘိုဘိုကျော်ငြိမ်း | တနင်္ဂနွေနေ့၊ သြဂုတ်လ ၁၅ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၅၆ မိနစ်

ဆိုဗီယက် အင်ပါယာကြီး ပြိုကွဲသွားတော့ ကမ္ဘာပေါ်မှာ စူပါ,ပါဝါ အဖြစ် အမေရိကန်နိုင်ငံပဲ ထီးထီးကြီး


ကျန်ရစ်ပါတော့တယ်။ ပထမ အီရတ်စစ် အပြီးမှာ အမေရိကန်ရဲ့ စစ်ရေး အောင်မြင်မှုကြောင့် တဆင့်မြှင့်ကာ
အမေရိကန်နိုင်ငံကို ဟိုင်ပါ,ပါဝါ (Hyper-Power) လို့တောင် တင်စားခဲ့ကြပါတယ်။ ဒုတိယ အီရတ်စစ်ပွဲနဲ့ အာဖဂန်
စစ်ပွဲတွေမှာ အမေရိကန်စစ်တပ် အထိနာမှ တဆင့်ပြန်နိမ့်ကျ သွားပါတယ်။ တချိန်က ဆိုဗီယက်နဲ့ အမေရိကန်
စစ်အေးတိုက်ပွဲမှာ အားပြိုင်ခဲ့ကြတယ်။ စစ်ရေးအရတော့ ဆိုဗီယက်တွေဟာ စူပါ,ပါဝါ ပဲ။

ခေါင်းဆောင်ကြီးတွေ စစ်အင်အားပြဖို့ စစ်တပ်ကို ထူထောင်တယ်ဆိုတာ တကယ်တော့ လွယ်တဲ့ကိစ္စ အင်္ဂလိပ်နဲ့


မဟုတ်ပါဘူး။ ရှေ့မှာ စစ်သားတယောက် သေနတ်ကိုင် တိုက်နိုင်ဖို့ နောက်က လူ ၄၊ ၅ ယောက် အမေရိက
ပံ့ပိုးရပါတယ်။ ထမင်းချက် ကျွေးမယ့်သူ၊ စစ်ပစ္စည်း ကားမောင်း ပို့မယ့်သူ၊ စစ်လက်နက် ထုတ်လုပ်ဝယ်ယူသူ၊ န်
စစ်လက်နက် ထိန်းသိမ်းရသူ၊ အကျွမ်းအဝင်ဖြစ်အောင် သင်ကြားရသူ (Logistic, maintenance & training နိုင်ငံတို့ဟ
ကိုဆိုချင်တာပါ)။ ဒါတွေရေရှည် ထိန်းနိုင်ဖို့ ငွေလိုပါတယ်။ တိုင်းပြည်တပြည်အတွက် ငွေရှိဖို့ဆိုတာာ
တိုင်းပြည်စီးပွားရေးကို နိုင်အောင်ကိုင်နိုင်ဖို့ လိုပါတယ်။ ဆိုဗီယက် ကွန်မြူနစ်တွေဟာ အပြင်က ဟန်နဲ့ နှစ်ပေါင်းမ
စစ်ရေးပြနေပေမယ့် အတွင်းက ဟောင်းလောင်းဖြစ် နေတာမို့ ဆိုဗီယက်နိုင်ငံဟာ ကွန်မြူနစ် စံနစ်နဲ့အတျူားစွာ
ကျဆုံးခဲ့ရပါတယ်။ မြန်မာဗိုလ်ချုပ်တွေ သတိပြုမိပါစ။ ကမ္ဘာကို
မာ့က်စ်စင်ဇင် Marxism ဆိုတာတကယ်တော့ Idealism အုပ်စီး
လို့ခေါ်တဲ့ စိတ်ကူးယဉ် ဝါဒ တရပ်ပါပဲ။ မာ့က်စ် ဗိုလ်ကျခဲ့
စိတ်ကူးယဉ်ခဲ့တဲ့ ဆိုရှယ်လစ် စီးပွားရေး စံနစ်ကို အပြိုင် တာကြော
ဖော်ဆောင်လိုက်ကြတာ ကွန်မြူနစ် နိုင်ငံတိုင်း မွဲပြာကျ င့် တခြား
ကုန်းကောက်စရာ မရှိအောင် မွဲတေခဲ့ကြတယ်။ လူမျိုးတွေ
ရဲ့ မျိုးချစ်
တရုတ်ပြည်ကြီးမှာလည်း ရှေ့သို့ ခုန်ပြန်ကျော်လွှား (The စိတ်ဓါတ်
great leap forward) ဆိုတဲ့ စီမံကိန်းကြီးကို မော်စီတုံး ကို
စိတ်ကူးပေါက်ရာ လုပ်လိုက်တာ လူတွေ သန်းနဲ့ချီပြီးThe DongFeng 21 (DF-21, NATO code name: နားမလည်
ငတ်သေ တိုင်းပြည်လည်း မွဲတေကုန်ကြရတယ်။ ဒီအမှားက CSS-5) ကြဘူး။
တိုင်းပြည်ကို ဆွဲထုတ် ကယ်တင်ရာမှာ တိန်လျောက်ပိန် ဟာ ထိပ်ဆုံးက ပါခဲ့တယ်။ ဒါကြောင့်
တိန်လျောက်ပိန်ဟာ စီးပွားရေး မအောင်မြင်ဘဲ ဘယ်နိုင်ငံမှ မတိုးတက်နိုင်ဘူး ဆိုတာကို သဘောပေါက်ခဲ့ပြီး တရုတ်
ပြည်ကြီးမှာ တံခါးဖွင့် ပေါ်လစီကို ကျင့်သုံးကာ ဈေးကွက် စီးပွားရေးကို အကောက်အထည် ဖေါ်ခဲ့ပြန်တယ်။

မော်စီတုံးနဲ့ တိန်လျောက်ပိန် ကွာတာက မော်က စိတ်ကူးယဉ်သမား (Idealist) တိန်က လက်တွေ့သမား (Realist)၊


တိန်လျောက်ပိန် ကို မဲဇာ ပို့ထားရာက ပထမဆုံး အကြိမ် ပွဲထုတ်လာတဲ့ အချိန်မှာ မော်က နိုင်ငံခြားသား တဦးကို
ဟိုဂျပုလေးကို ကြည့်ထား တခေါင်းလုံး ဉာဏ်တွေ ချည်းပဲလို့ ပြောခဲ့တယ်လို့ သတင်းကြီးခဲ့တယ်။

တိန်လျောက်ပိန်ဟာ တကယ်တော်တဲ့ တရုတ်ခေါင်းဆောင် တယောက်ဖြစ်တယ်။ ကမ္ဘာ့ လူဦးရေ အများဆုံး နိုင်ငံမို့


အကြီးဆုံး ဈေးကွက် ဖြစ်မယ်ဆိုတာနဲ့ အနောက်နိုင်ငံတွေကို မျှားခေါ်ခဲ့တယ်။ စစ်ရေးမှာ အန္တရာယ် မရှိတဲ့ပုံ
ဟန်ဆောင်ခဲ့တယ်။ မော်စီတုံးခေတ်က တရုတ် စစ်တပ်ဟာ အနုမြူ လက်နက် ပိုင်ဆိုင်တယ် ဆိုပေမဲ့ ခေတ်မှီ
တိုးတက်တဲ့ Professional စစ်တပ် မဟုတ်ပါဘူး။ တိန်လျောက်ပိန် တက်လာပြီးမှ တရုတ်စစ်တပ်ကို နိုင်ငံရေးက
ဆွဲထုတ်ပြီး professional စစ်တပ်ဖြစ်အောင် တည်ထောင်ခဲ့တာပါ။

ဒီနေရာမှာဖြတ်ပြီး အမေရိကန်စံနစ်နဲ့ တရုတ်စံနစ် ကွာခြားပုံကို တင်ပြပါရစေ။ အမေရိကန် ဆက်ဆံရေးနဲ့


အမေရိကန်က လူတယေ m က်တမဲ နဲ့ (လူထု) ကရွေးချယ်တဲ့ ဒီမိုကရစီ စံနစ်ကို စစ်အင်အား ပြိုင်ဆိုင်မှုက
သုံးတယ်။ ထို့အပြင် အမေရိကန်နိုင်ငံမှာ Individualism လို့ခေါ်တဲ့ တဦးကောင်းစံနစ်ကို နိုင်ငံတိုင်းကို အကျိုး
ဦးစားပေးတာကြောင့် ခေါင်းဆောင်တွေကိုမွေးတဲ့ အကျင့်မရှိဘူး။ အမေရိကန် သက်ရောက်မှု ရှိတယ်။
သမ္မတွေဟာ (အလုပ်ကသင်) လိမ့်မယ်လို့ပဲ ခံယူကြတယ်။ တရုတ်ပြည်မှာက လက်ရှိ NLD နဲ့ ဒေါ်စု တို့ရဲ့
ကွန်မြူနစ်ပါတီ အာဏာတည်မြဲရေးသည် ပထမ၊ တိုင်းပြည် တိုးတက်ရေးသည် ဒုတိယ၊ နိုင်ငံရေး ဗျူဟာကလည်း
ရလဒ်က ခေါင်းဆောင်ကို ပြည်သူကရွေးသည်မဟုတ်၊ ပါတီကေဒါ တွေကရွေးတာပါ။ အနောက် နိုင်ငံတွေကို
တနည်းအားဖြင့် အာဏာရ ခေါင်းဆောင်ပိုင်းက နောက်တခေတ် ခေါင်းဆောင်ကို အားကိုးပြီး နအဖ ကို
ရွေးတာပဲ။ ဒါကြောင့် တိန်လျောက်ပိန်ရဲ့ စီစဉ်ချက်အရ ခေါင်းဆောင်တွေကို ပိုးမွေးသလို စေ့စပ်ရေး စကားဝိုင်းထဲ
မွေးတာကြောင့် ယခုခေတ် တရုတ်ခေါင်းဆောင်တွေဟာ သိပ်ညက်တယ် သိပ်လျင်တယ်။ ဆွဲခေါ်မယ် ဆိုတဲ့
ပြုံးပြုံး၊ ပြုံးပြုံး နဲ့ အန္တရာယ် အစီအစဉ်က ရုံးမထွက်
မရှိအောင်ဟန်ဆောင် တိုင်းပြည်ကို နိုင်သေးဘူး။
ထူထောင်ပြီှးမှ စစ်အင်အားကို
တဖြည်းဖြည်းချင်းထူထောင်၊
အင်အားရှိလာမှ အင်အားနဲ့ချိန်းခြောက်ပြီး
အနိုင်ယူမယ့် နူးညံ့ သိမ်မွေ့သော
အင်အား (soft power) ဗျူဟာပဲ၊ ကတ္တီပါ
လက်အိပ်စွပ်ထားတဲ့ လက်သီးပုံးလို့
ပြောလို့ရမယ်ထင်တယ်။ တကမ္ဘာလုံးက
U.S.S George Washington CVN73
လေးစားရတဲ့ ဆွန်ဇူး (Sun Tzu) ရဲ့
ဗျူဟာပါပဲ။ ဆွန်ဇူးကပြောခဲ့ တယ်မဟုတ်ပါလား “စစ်မတိုက်ပဲ အနိုင်ရအောင် တိုက်နိုင်ခြင်းဟာ အကောင်းဆုံး
စစ်ဗျူဟာတဲ့”။

အမေရိကန်ကတော့ ကောင်းဘွိုင်ပေါ်လစီ နည်းနည်းဖြစ်ရင် လေယဉ်တင်သင်္ဘောကြီးတွေရွှေ့ စစ်အင်အားနဲ့


ခြိမ်းချောက်တဲ့ (gunboat diplomacy) ကို သုံးလေ့သုံးထ ရှိတယ်။

စစ်ရေးအရကြည့်ရင်လည်း အမေရိကန်ရဲ့ စစ်ရေးအင်အားဟာ ကမ္ဘာမှာ အကြီးမားဆုံးကိုး။ အမေရိကန်နိုင်ငံဟာ


အရင်းရှင်နိုင်ငံဖြစ်တာကြောင့် ကုမ္ပဏီကြီးတွေဟာ သြဇာရှိကြတယ်။ ဒါကြောင့် စစ်လက်နက်ထုတတ
်ဲ့
ကုမ္ပဏီကြီးတွေဟာ စစ်ဗိုလ်ချုပ်ကြီးတွေ နိုင်ငံရေးသမားတွေနဲ့ပေါင်းပြီး အုပ်စိုးထားကြတယ်။ ဒီအုပ်စုကို Military
Industrial Complex လို့ခေါ်တယ်။ သူတို့ရဲ့အန္တရာယ်ကို စစ်ဗိုလ်ချုပ်က သမ္မတဖြစ်လာတဲ့ အိုင်စင်ဟာဝါကိုယ်တိုင်
သတိပေးသွားခဲ့ဖူးတယ်။ သူတို့ရဲ့ သြဇာကြောင့် စစ်ဖြစ်ဖြစ်မဖြစ်ဖြစ် အမေရိကန်ရဲ့ စစ်သုံးစရိတ်ဟာ လျော့ကျ
မသွားဘူး။ နိုင်ငံထုတ်ကုန် (GDP) ရဲ့ ၄ရာခိုင်နှုန်း အထက်မှာ သုံးတယ်။ ယနေ့ စစ်သုံးစရိတ်ဟာ လက်ရှိစစ် ၂ ပွဲအတွက်
စစ်တိုက်စရိတ်မပါဘဲ ဘီလျံ ၅ဝဝ ကျော် (ဒေါ်လာ သန်း ပေါင်း ၅ သိန်း ကျော်တယ်)။ တရုတ်ကလည်း ထုတ်ကုန် (GDP)
အရ ဒုတိယ ဖြစ်လာပြီမို့ ဘီလျံ ၈ဝ နဲ့ ၁ဝဝ အကြားမှာ သုံးပါတယ်။

နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ ကမ္ဘာ့အင်အား စူပါ,ပါဝါ ဖြစ်လာတာနဲ့ တကမ္ဘာလုံးမှာ မိမိ စစ်သင်္ဘော တွေကို


ကမ္ဘာ့ပင်လယ်ပြင်မှာ လွှတ်ထားနိုင်စွမ်းရှိတဲ့ ပင်လယ်ပြာရေတပ်(Blue water navy)ကို တည်ထောင်ကြရပါတယ်။
အင်္ဂလိပ်တွေကြီးစိုးစဉ်က ရေတပ်ဗိုလ်မှုးချုပ် လမ်းဘတ်ဒ် (Commodore George Lambert) ဟာ စစ်သင်္ဘောနဲ့
ကျနော်တို့ ရန်ကုန်မြို့ဝန်ကို လာလူပါးဝ သွားသလိုပေါ့။ အမေရိကန် ရေတပ်မတော်မှာ လက်ရှိ လေယဉ်တင်သင်္ဘော ၁၁
စီး ရှိပါတယ်။ လေယဉ်တင်သင်္ဘော ဆိုတာက တစီးတည်း မသွားရပါ။ လေယဉ်တင် သင်္ဘောကို ကာကွယ်ဖို့ အခြံအရံနဲ့
သွားရပါတယ်။ ရေတပ်ရဲ့ အသုံးအနှုန်းအရ task force လို့ ခေါ်ပါတယ်။

တရုတ်ရေတပ်ရဲ့ တာဝန်က သူ့ကမ်းခြေနဲ့ သူ့ပတ်ဝန်းကျင်က ပင်လယ်တွေကို ကာကွယ်ဖို့က ပထမ၊ စီးပွားရေးကို


ပြီးသူ့သင်္ဘောတွေ လုံခြုံရေး။ ဥပမာ တရုတ်ရေနံ လိုအပ်ချက်တွေကို အရှေ့အလယ်ပိုင်းနဲ့ အာဖရိက မကိုင်နိုင်ဘဲ
နိုင်ငံတွေကရတယ်။ ပင်လယ်ဆိပ်ကမ်းတွေက တရုတြ် ပည် အရှေ့ဘက်ပိုင်းမှာပဲ ရှိကြတယ်။ အကယ်၍ စစ်အင်အားကို
ခြေအနေတင်းမာခဲ့သော် အမေရိကန် ၇ ရေတပ်က မလက္ကာရေလက်ကြားက ပိတ်ခဲ့ရင် တရုတ်တွေ ထူထောင်ရင်း
အကြပ်တွေ့နိုင်တယ်။ နိုင်ငံပြိုကွဲသွား
ရတဲ့
ပြီးတော့ အမေရိကန်က တိုင်ဝမ်ကျွန်းကို ကာကွယ်ပါမယ်ဆိုတဲ့ စာချုပ်ရှိတယ်။ ၁၉၉၅ ခုနှစ်က ပြဿနာ ဆိုဗီယက်ပုံစံ
ပေါ်တော့ အမေရိကန်က တိုင်ဝမ် ရေလက်ကြားကို လေယာဉ်တင်သင်္ဘော ၂ စီး လွှတ်ပြီး ကို
ခြိမ်းခြောက်ခဲ့တာကြောင့် တရုတ်က နောက်ဆုတ်ပေးခဲ့ရတယ်။ တရုတ်တွေ သိပ်ခံပြင်းခဲ့ကြတယ်။ အတုခိုးမှာလာ
ဒါကြောင့် စစ်ကော်မရှင်က စစ်သင်္ဘောတွေမှာပြီး ရေတပ်ကို တိုးချဲ့ခဲ့တယ်။း၊ စီးပွားရေးကို
အင်္ဂလိပ်နဲ့ အမေရိကန်နိုင်ငံတို့ဟာ နှစ်ပေါင်းများစွာ ကမ္ဘာကို အနိုင်ကိုင်ပြီး
အုပ်စီး ဗိုလက
်ျခဲ့တာကြောင့် တခြားလူမျိုးတွေရဲ့ ချမ်းသာလာမှ
မျိုးချစ်စိတ်ဓါတ်ကို နားမလည်ကြဘူး။ တချိန်က နယ်ချဲ့တွေဟာ ချမ်းသာမှုကို
တရုတ် လူမျိုးတွေအပေါ် ဗိုလ်ကျမောက်မာခဲ့ကြတယ်။ အရင်းပြုပြီး
ဘောက်ဆာတော်လှန်ရေး (Boxer revolution) ကို စစ်အင်အားကို
ဖတ်ကြည့်ရင် မခံချင်စရာပါဘဲ။ အမေရိကန် တဖြည်းဖြည်း
သတင်းသမားတယောက်က ရေးဖူးတယ်။ ဘောက် ထူထောင်လာ
ဆာတော်လှန်ရေးအကြောင်းကို အမေရိကန်ကလေးတွေ တဲ့
မသိကြတော့ဘူး။ တရုတ်ကျောင်းတွေမှာ တရုတ်ကလေးတိုင်း တရုတ်ပုံစံကို
သင်ရတယ်တဲ့။ တချိန်က အနောက်နိုင်ငံသားတွေဟာ အတုခိုးမှာလာ
ဘယ်လောက် လူပါးဝကြသလဲဆိုရင် “ခွေးနဲ့ တရုတ်တွေး။
မဝင်ရ” ဆိုတဲ့ ဆိုင်းပုဒ်ကို တရုတ်ပြည်မှာ ချိတ်ခဲ့ကြတယ်။
ကျနော်တို့ ဗမာနိုင်ငံမှာ ဘုရားပေါ် ဖိနပ်စီးပြီး အင်္ဂလိပ်တွေ
လူပါးဝခဲ့တာတွေကို အခဲမကျေ နိုင်သလို တရုတ်မျိုးချစ်တွေ
ဘယ်လောက် ခံရခက်မလဲ။

ဒါပေမဲ့ လက်ရှိတရုတ်ခေါင်းဆောင်တွေက သိပ်လိမ္မာတယ် Chinese Fleets : North / East / South


သိပ်ညက်တယ်။ မပိုင်သေးတာမို့ အပြုံးမပျက်သေးဘူး။ fleets
စစ်တပ်အင်အားကို ဆက်လက်ထူထောင်လျက်ပဲ။

လွန်ခဲ့တဲ့ နှစ်က ဖြစ်စဉ် ၂ ခုကြောင့် အမေရိကန်ရေတပ်မှာ လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရတယ်။ ပထမက ဟိုင်နန်ကျွန်းမှာ


ရေငုပ်သင်္ဘောတွေကို ဝှက်ထားနိုင်ဖို့ ရေအောက်လိုဏ်ခေါင်းတွေကို တွေ့ရှိရလို့ပဲ။ နောက်တခုက တရုတ်ရေငုပ်
သင်္ဘောတစင်းဟာ ရုတ်တရက် အမေရိကန် လေယာဉ်တင်သင်္ဘော အကြားမှာ ဝုန်းဆို ရေပေါ် ဖေါ်ပြလိုက်လို့ပဲ။

အမေရိကန်ရေတပ်မှာ အီးဂျစ် စံနစ် (Aegis System) လို့ခေါ်တဲ့ ရေကြောင်းကာကွယ်ရေး စံနစ်ရှိတယ်။


ပတ်ဝန်းကျင်မှာရှိတဲ့ ရန်သူ့လေယာဉ် ရေယဉ်သင်္ဘောတွေကိုရှာပြီး သုတ်သင်ဖို့၊ ဒါကြောင့် ဒီစံနစ်ကို ဖြတ်ကျော်ပြီး
မသိလိုက်ရဘဲ တရုတ်ရေငုပ်သင်္ဘော ဝေါကနဲ ပေါ်လာတာကြောင့် ထိပ်လန့်ကုန်တာပါ။ တရုတ်ကလည်း
တမင်သက်သက် ပြပြီး ခြိမ်းခြောက်တာပါ။

တရုတ်ကလည်း လေယာဉ်တင်သင်္ဘာ တည်ဆောက်ဖို့ ပြင်ဆင်နေပါပြီ။ အမေရိကန်ရေတပ် ပုံနှိပ်လုပ်ငန်းက ဖြန့်ဝေတဲ့


China’s Aircraft Carrier Ambition by Nan Li and Christpher Weuve စာတမ်းမှာ အသေးစိတ် တင်ပြထားပါတယ်။

သို့ပေမဲ့ အမေရိကန်တွေဟာ လေယာဉ်တင်သင်္ဘောကို အသုံးပြုခဲ့တာ နှစ်ပေါင်းများစွာ အတွေ့အကြုံ ရှိခဲ့တာကြောင့်


မနည်းအမှီလိုက်ရမယ်ဆိုတာကို တရုတ်က ကောင်းကောင်းသိတယ်။ ဒါကြောင့် တဘက်က လေယဉ်တင်သင်္ဘော
တည်ဆောက်ရေးကို ကြိုးပမ်းနေပေမယ့် တဘက်က အမေရိကန် လေယဉ်တင်သင်္ဘောကို ဖျက်စီးဖို့ သင်္ဘောပစ်ဒုံးပျံ
ထုတ်လုပ်ရေးကို လုံးပန်းခဲ့တာ ၂ဝ၁ဝ ကုန်ရင် အစမ်းပစ်နိုင်ပြီလို့ ယူဆကြတယ်။

DF-21D လို့အမည်ရတဲ့ တရုတ်လုပ် ဒုံးပျံကို ASBM (Anti Ship Ballistic Missile) System လို့ ခေါ်ပါတယ်။ ဒီဒုံးပျံ
စံနစ်ဟာ မော်တော်ယာဉ်နဲ့ ပြောင်းရွှေ့လှုပ်ရှားနိုင်ပြီး အသံထက် ၁ဝ ဆ မြန်တာ ကြောင့် Hypersonic Speed
အလျင်ရှိပြီး အဆင့် ၂ ဆင့် ရှိပါတယ်။ Solid Propellant ဟုခေါ်သော လောင်စာခဲက ရော့ကက်ကို တွန်းအားပေးကာ
ဒုံးကျည် တခုသာ သယ်ဆောင်နိုင်ပါတယ်။ ပစ်မှတ် လမ်းကြောင်းကို ထိန်းကွပ်သော ခေတ်သစ် လျှပ်စစ်စံနစ် (Guidance
System) များကြောင့် ရုတ်တရက် လမ်းကြောင်းပြောင်းနိုင်သလို လှုပ်ရှားမှုလွယ်ကူလို့ ၎င်းရဲ့ ရှေ့လမ်းကြောင်းကို
ကြိုမတွက် နိုင်ပါ။ ဒါကြောင့် ပစ်ချရန် ပိုခက်ခဲလာပါတယ်။ ဤဒုံးပျံစံနစ်ကို တရုတ် ဒုတိယ အာကာသ အကယ်ဒမီ (2nd
Space Academy) ကထုတ်လုပ်ပါတယ်။

ဤ တရုတ် ဒုံးပျံစံနစ်ကြောင့် မိမိတို့ ရတက်မအေးဖြစ်ရပါတယ်လို့ အမေရိကန် ရေတပ် အမှတ် ၇ ရဲ့ ဦးစီး ဒုဗိုလ်ချုပ်ကြီး
ဂျွန်ဘတ်က အမေရိကန်စစ်တပ် မဂ္ဂဇင်း stars and stripes ကို မကြာခင်က ပြောကြားခဲ့ပါတယ်။

အမေရိကန်ရေတပ်ရဲ့ အဓိကအင်အားဟာ လေယဉ်တင်သင်္ဘော အုပ်စုဖြစ်တယ်။ စစ်ကြီးပြီး ကတည်းက တခုခုဖြစ်ရင်


ဒီလေယဉ်တင်သင်္ဘော အုပ်စုကိုလွှတ်ပြီး ခြိမ်းခြောက် ဗိုလ်ကျနိုင်ခဲ့တယ်။ အမေရိကန် လေယဉ်တင်သင်္ဘောအုပ်စုမှာ
ပါတတ်တဲ့ သင်္ဘောတွေက

* Two guided-missile cruisers ဒုံးပျံတင် ခရူဇာ ၂ စီး


* Two destroyers ဖျက်သင်္ဘော ၂ စီး
* One frigate ဖရီးဂိတ် ၁ စီး
* Two submarines ရေငုပ်သင်္ဘော ၂ စီး
* A supply ship ထောက်ပို့သင်္ဘော ၁ စီး
US navy Fleets

ဒီအခြံအရံ သင်္ဘောတွေဟာ လေယဉ်တင်သင်္ဘောကို ကာကွယ်ဖို့ပဲ ဖြစ်ကြတယ်။ Aegis System ကို ကျန်တဲ့


စစ်သင်္ဘေတွေမှာ တပ်ဆင်ထားတတ်ပါတယ်။ ဒီသင်္ဘောတွေနဲ့ အီးဂျစ်စံနစ် အပြင် လေကြောင်းရန်က ကာကွယ်ဖို့
မိမိလေယာဉ်တွေရှိတယ်။ ရေငုပ်သင်္ဘောတွေမှာ (ဆိုနာ) လို့ခေါ်တဲ့ ရေအောက် ရေဒါတွေရှိတယ်။ ဒါကြောင့် ယခင်က
အမေရိကန် လေယာဉ်တင်သင်္ဘော အုပ်စုတွေဟာ လုံခြုံပြီလို့ အထင်ရှိခဲ့ကြတယ်၊ မော်ကြွားနိုင်ခဲ့ကြတယ်။

တရုတ်စစ်တပ်ဟာ ဒီဒုံးပျံစံနစ်ကို ၂ဝ၁ဝ အကုန်လောက်မှာမှ စတင်စမ်းသပ် နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပေမယ့်


စိတ်ဓာတ် စစ်ဆင်ရေးတိုက်ပွဲကတော့စပါပြီ။ တရုတ်စစ်ဗိုလ်တွေဟာ ဒီဒုံးပျံ အကြောင်းကို ရေငုံနှုတ်ပိတ်နေကြပေမယ့်
တရုတ်အစိုးရ ဆင်ဝှါ သတင်းဌာနရဲ့ ဝက်ဆိုက်မှာ နံမည်အရင်းကိုမဖေါ်ဘဲ ကလောင်နာမည်နဲ့ပါလာတဲ့ ဆောင်းပါးမှာ
ဖြစ်နိုင်ခြေကို စိတ်ကူးနဲ့ဖေါ်ထုတ် ပြခဲ့ပါတယ်။ အကယ်၍ နောင်တချိန်မှာ အမေရိကန်ရေတပ် အမှတ် ၇ ရေ
တပ်မတော်မှာ လက်ရှိတပ်စွဲထားတဲ့ USS Washington လေယာဉ်တင်သင်္ဘောကို တရုတ်တွေရဲ့ တိုက်ခိုက်မှုကို ခုခံဖို့
တိုင်ဝမ်ကျွန်းကို လွှတ်ခဲ့မယ်ဆိုရင်၊ ပထမဒုံးကျည်က လေယာဉ်တင်သင်္ဘောရဲ့ ကိုယ်ထည်ကို ထိုးဖေါက်ပြီး
မီးဟုန်းဟုန်တောက်စေကာ လေယဉ်ပျံသန်းမှုများ ရပ်စဲသွားစေပါမယ်။ ဒုတိယဒုံးကျည် က အင်ဂျင်စက်ကို
မီးလောင်စေကာ လေကြောင်းအကာအကွယ် ကင်းမဲ့သွားတဲ့ လေယာဉ် တင်သင်္ဘောကို လေကြောင်းမှလည်း
တိုက်ခိုက်ကာ တတိယ ဒုံးကျည်က လေယာဉ်တင် သင်္ဘောကို ပင်လယ်အောက်သို့ ပို့ဆောင်ပေးပါလိမ့်မယ်ဟု
ခြိမ်းခြောက်ထားပါတယ်။

ဤ DF21D ဒုံးပျံဟာ Julang-1 (JL-1) ဟုခေါ်တဲ့ ရေငုပ်သင်္ဘောမှပစ်တဲ့ ဒုံးပျစံနစ် Submarine Launched Ballistic
Missile (SLMB) ကိုအခြေခံ၍ မွမ်းမံတည်ထွင်ခဲ့တာကြောင့် ယခုအချိန်မှာ ကုန်းပေါ်က ပစ်နိုင်စွမ်းသာ ရှိသေးသော်လည်း
နောင်တချိန်မှာ ရေငုပ်သင်္ဘောက ပစ်နိုင် စွမ်းရှိခဲ့သော်၊ ပိုကြောက်စရာ ကောင်းလာပါမယ်။

မကြာသေးမီ၂ဝ၁ဝ ဇူလိုင်လထဲတွင် မြောက်ကိုရီးယားက တောင်ကိုရီးယား သင်္ဘောကို တော်ပီဒိုနှင့် နှစ်မြှပ်ခဲ့မှုကြောင့်


တောင်ကိုရီးယားနဲ့ အမေရိကန်ရေတပ်တို့ အင်အားပြတဲ့အနေနဲ့ ပူးတွဲ စစ်လေ့ကျင့်ရေးလုပ်ခဲ့ကြပါတယ်။ တရုတ်က
မိမိရေပိုင်နက် နဲ့ အလွန်နီးတယ်လို့ ကန့်ကွက်ခဲ့ပါတယ်။ အမေရိကန်တို့ ရေတပ်လေ့ကျင့်မှုကို ပို၍ဝေးသော
ဂျပန်ရေပိုင်နက်အနီးရွှေ့ခဲ့ကြပါတယ်။ အမေရိကန် တို့က တရုတ်တို့ကန့်ကွက်မှုကြောင့်
မဟုတ်ရပါလို့ငြင်းဆိုခဲ့ကြပါတယ်။

တရုတ် ဒီဒုံးပျံ ဆောက်နိုင်တာ ဒို့ မြန်မာနဲ့ ဘာဆိုင်တာမို့လို့လဲ မေးစရာရှိပါတယ်။

ဒီကနေ့ ကမ္ဘာမှာ တရုတ်နဲ့ အမေရိကန် ဆက်ဆံရေးနဲ့ စစ်အင်အားပြိုင်ဆိုင်မှုက နိုင်ငံတိုင်းကို


အကျိုးသက်ရောက်မှုရှိတယ်။ လက်ရှိ NLD နဲ့ ဒေါ်စု တို့ရဲ့ နိုင်ငံရေးဗျူဟာကလည်း အနောက် နိုင်ငံတွေကို အားကိုးပြီး
နအဖ ကို စေ့စပ်ရေး စကားဝိုင်းထဲ ဆွဲခေါ်မယ် ဆိုတဲ့ အစီအစဉ်က ရုံးမထွက် နိုင်သေးဘူး။ နအဖကို
ကျားကန်ပေးနေတာက တရုတ်ကြီး၊ NLD နဲ့ ဒေါ်စုကို ကျားကန်ပေးတာက အမေရိကန် ဦးစီးတဲ့ အနောက်အုပ်စု။

တရုတ်ကြီးက အမေရိကန်နဲ့ ဆက်ဆံရေးကို ထိခိုက်မယ်ဆိုရင် ဗိုလ်ချုပ် သန်းရွှေတို့ကို သတိရှိဖို့ သတိပေးမယ်၊


ကုလသမဂ္ဂမှာ တရုတ် ဗီတို ကို မြန်မာတွေ မှီခိုနေရတယ် မဟုတ်လား။ တရုတ် အမေရိကန် ဆက်ဆံရေးဟာ
စီးပွားရေးစစ်ရေးမှာ မူတည်ပြန်တယ်။ စီးပွားရေးအရ အမေရိကန်တွေ ဒုက္ခပင်လယ်ဝေနေကြတုန်း၊ တရုတ်က
ရုန်းထွက်နိုင်ပြီ။ အမေရိကန်က ကြွေးထူ၊ တရုတ်က ကြွေးရှင်။ စစ်ရေးအရ တရုတ်က အားကြီးလာရင် အမေရိကန်ကို
မထေမဲ့မြင် လုပ်လာရဲရင် ဗိုလ်ချုပ်သန်းရွှေတို့ ပိုအတင့်ရဲလာမှာပေါ့။ ဒီအကျိုးဆက်တွေကြောင့် အမေရိကန်
တရုတ်စစ်ရေး အားပြိုင်ပွဲကို မျက်ခြေအဖြတ်ခံလို့ မရတာပါ။

ပေါင်းယှက်နွယ်တဲ့ နိုင်ငံရေး

မကြာသေးတဲ့ ၂ဝ၁ဝ နှစ်လယ်လောက်က အမေရိကန်စစ်တပ်က အသံထက် အဆပေါင်းများစွာမြန်တဲ့ Hypersonic


ဒုံးကျည်ကို စမ်းသပ်ခဲ့ရာ တရုတ်စစ်တပ်က ကန့်ကွက်ခဲ့ပါတယ်။

ယနေ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေမှာ မဟာဗျူဟာကျတဲ့ အနုမြူလက်နက် (Strategic Nuclear arms) နဲ့ နည်းဗျူဟာ


အနုမြူလက်နက် (Tactical Nuclear Arms) ဆိုတာရှိပါတယ်။ မဟာဗျူဟာ လက်နက်က အနုမြူစစ် ဖြစ်ခဲ့သည်ရှိသော်
တမြို့လုံး၊တပြည်လုံးကို ဖျက်စီးနိုင်တဲ့ အနုမြူ လက်နက် အကြီးစားတွေပါ။ နည်းဗျူဟာ လက်နက် ဆိုတာကတော့
တိုက်ပွဲတပွဲ အတွက်အသုံးလိုမယ့် လက်နက်ပေါ့။ ဥပမာ အနက်ကြီး တူးထားတဲ့ တရုတ်နဲ့ မြန်မာလိုဏ်ခေါင်းမျိုးကို
ဖျက်ဆီးဖို့ပေါ့။

ဒီလိုလက်နက်မျိုးတွေကို သယ်ဆောင်ဖို့ ဒုံးပျံလက်နက်လိုအပ်ပါတယ်။ လက်ရှိ ဒုံးပျံတွေဟာ မဟာဗျူဟာအတွက်သုံးတဲ့


အဝေးပစ် ဒုံးပျံတွေကလွဲလို့ အင်မတန်နှေးပါတယ်။

ဥပမာ သမ္မတ ကလင်တန် လက်ထက် ၁၉၉၈ ခုနှစ်မှာ ကင်ညာ နဲ့ တန်ဇန်းနီးယား မှာရှိတဲ့ အမေရိကန်သံရုံးတွေ
ဗုံးဖေါက်မှုကိုလက်စားချေတဲ့ အနေနဲ့ အိုစမာဘင်လာဒင်ရှိတဲ့ အာဖဂန်က တာလီဘန် လေ့ကျင့်ရေး စစ်စခန်းတခုကို
cruise missile နဲ့ ပစ်ခွင့် ပေးလိုက်တယ်။ ဒီဒုံးကျည်ကို ပစ်နိုင်တဲ့ ရေငုပ်သင်္ဘောက ၆ နာရီ အကွာမှာပဲရှိတယ်။ ဒါကြောင့်
စစ်စခန်းကို ဒုံးကျည်ကျတဲ့ အချိန်မှာ ဘင်လာဒင်ကြီး မရှိတော့ဘူး။ ဒါကြောင့် ယနေ့ မောင်းသူမဲ့ လေယာဉ်တွေ
အာဖဂန်နဲ့ ဘင်လာဒင်တို့အပေါ် ၂၄ နာရီ ပျံဝဲနေကြရတာပေါ့။ ပစ်မှတ်ကိုတွေ့တာနဲ့ ချက်ချင်းပစ်နိုင်အောင် စီစဉ်မှုပါ။

ဒီအားနည်းချက်ကိုပြင်ဖို့ အမေရိကန် စစ်တပ်ကအားထုတ်ခဲ့တယ်။ ဦးတည်ချက်က တကမ္ဘာလုံးမှာ ရှိတဲ့ ကြိုက်တဲ့


ပစ်မှတ်ကို ၁ နာရီအတွင်း ရောက်စေရမယ်တဲ့။ ဒီလက်နက်က ကင်ဂျုံအီးတို့ မူဂါဘီတို့ ဗိုလ်ချုပ်သန်းရွှေတို့ကို
ကျောချမ်းစေမယ့် လက်နက်မျိုးပါ။ ဥပမာ ဗိုလ်ချုပ်သန်းရွှေကို ပစ်မှတ်အဖြစ် သတ်မှတ်လိုက်ပြီ ဆိုပါစို့၊ အမေရိကားက
ပစ်ရင်တောင် ၁ နာရီအတွင်း ပစ်မှတ်ကိုရောက် နိုင်တာကြောင့် ဘင်္ဂလားပင်လယ်အော်ကသော်လည်းကောင်း
ထိုင်းရေပိုင်နက်က သော်လည်းကောင်း ပစ်ရင် ၅ မိနစ်နဲ့ နေပြည်တော်ကို ရောက်လာနိုင်ပါတယ်။ အိမ်နဲ့ စစ်ရုံး အသွား
ကြားမှာတင် ဒုံးပျံ မိုးရွာနိုင်တာပေါ့။

ဒါ့အပြင် မြန်မာ့ တပ်မတော်ရဲ့ Military Doctrine လို့ခေါ်တဲ့ စစ်ရေးအတွေးအခေါ်ဟာ တရုတ်က ခိုးချထားတာပါ။


တရုတ်က ပြင်ဆင်သတ်မှတ် မွမ်းမံခဲ့တာ အဆင့် ၄ ဆင့် ရောက်သွားပါပြီ။ မြန်မာက ဒုတိယအဆင့်လောက်ပဲ
ရောက်ပါသေးတယ်။ ဒါကြောင့် အမေရိကန်ကသာ တကယ်တိုက်လိုတယ် ဆိုရင် ဘန်ကာတွေကို ဖြိုခွဲနိုင်တဲ့ဗုံးတွေနဲ့
စစ်မြေပြင်ပစ် အနုမြူဗုံးတွေကို သုံးခဲ့ရင် မြန်မာမပြောနဲ့ တရုတလ
ိုဏ်ခေါင်းတွေတောင် မခံနိုင်ပါဘူး။ ဒါကြောင့် တိုင်းပြည်
ဘဏ္ဍာတွေကို တိုင်းသူပြည်သားတွေ ကျန်းမာချမ်းသာရေးအတွက် မသုံးဘဲ ကြောက်ကြောက်နဲ့ လိဏ
ုခေါင်းတွေ
တူးနေတာ စစ်ရေးအရကြည့်ရင် အဓိပ္ပါယ်မရှိဘူးလို့ ငြင်းချက်ထုတ်နိုင်ပါတယ်။ ဒါကို လူငယ်၊ လူလတ်
မြန်မာ့တပ်မတော်က အရာရှိတွေကို သိစေချင်ပါတယ်။

ယနေ့ ကမ္ဘာ့စစ်လက်နက်တွေအထဲမှာ ၅ဝ မီဂါတန်ရှိတဲ့ ဟိုင်ဒြိုဂျင်ဗုံးတွေ ရှိနေပါပြီ။ ဟီရိုရှီးမားကို ကြဲခဲ့တဲ့ဗုံးထက် အဆ


၎,ဝဝဝ ပြင်းထန်ပါတယ်။ ဒါ့အပြင် နျုထရွန်ဗုံး (neutron bomb) ဆိုတာက အဆောက်အဦးတွေကိုမပျက်စီးပဲ
အနုမြူဓါတ်ရောင်ခြည် (radiation) နဲ့ ရန်သူကို သုတသ
် င်တဲ့ နည်းပါ၊ စစ်သားတွေသာသေမယ့် ဗုံးမျိုးပါ။
ယနေ့ တိုးတက်ထွန်းကားလာတဲ့ နိုင်ငံတွေဟာ လူအမြောက်အများကို သေကြေဖျက်ဆီးနိုင် ရုံမက ကျောက်ခေတ်
ပြန်ရောက်သွားအောင် ဖျက်ဆီးနိုင်စွမ်းရှိတဲ့ လက်နက်တွေအကြောင်း ကောင်းကောင်းသိကြတာမို့ စစ်ကိုရှောင်လိုကြပါပြီ။
တရှိန်ထိုး တိုးတက်လာတဲ့ တရုတ်တွေဟာ တကယ်တော့ အခုမှ ချမ်းသာမှုကို ခံစားကြရတုန်းမို့ မပျက်စီးလိုပါဘူး။
တရုတ်တွေ ယနေ့အထိ ကျင့်သုံးနေတဲ့ နိုင်ငံခြားဆက်ဆံရေး ပေါ်လစီဟာ တိန်လျောက်ပိန် ချပေးသွားတဲ့
"taoguangyanghui" ပေါ်လစီလို့ ခေါ်ပါတယ်။ အဓိပ္ပာယ်က အခြေအနေမသာသေးရင် စိတ်ရှည်ရှည်နဲ့ ငြိမ်ငြိမ်နေ၊
ကိုယ်အပေါ်ဆီးအသာရဖို့ အခွင့်အရေးစောင့်ပါတဲ့။

တရုတ်ကြီးဟာ မြောက်ဖက်မှာ ဂျပန်နိုင်ငံ၊ တောင်ဖက်မှာ ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နဲ့ ကျွန်းတချို့ကို သူပိုင် - ငါပိုင်


အငြင်းပွားဆဲပါ။ ဒါပေမဲ့ တိန်လျောက်ပိန်ဟာ ဘယ်လောက်နိုင်ငံရေးပါးဝ နိုင်ငံရေး လျင်သလဲဆိုရင် ဒီပြဿနာတွေကို
ကိုင်တွယ်ဖို့ တို့တတွေ ဉာဏ်မကြွယ်သေးပါဘူးတဲ့။ နောက်ခေတ် ခေါင်းဆောင်တွေ ဖြေရှင်းကြပါစေဆိုပြီး
ရှောင်ထွက်ခဲ့တယ်။ အရင်ကဆိုရင် စစ်ရေးပြချင်တဲ့ တရုတ်ကြီးဟာ ရေနံပေါတဲ့ ဒီကျွန်းတွေကို ရေနံဖေါ်ပြီး
အတူတူဝေစား ကြရအောင်လို့ အဆိုပြုခဲ့တယ်။

စစ်အေးကာလမှာ အမေရိကန်နဲ့ ဆိုဗီယက် ရှရှားတို့ စစ်လက်နက် အပြိုင်တပ်စဉ်က M.A.D. (Mutual Assured


Destruction) ဆိုတဲ့ ပေါ်လစီကို ကျင့်သုံးခဲ့ကြတယ်။ နင်ရောငါပါ နှစ်ယောက်လုံးသေမယ် ဆိုတဲ့ ပေါ်လစီကြောင့်
ဘယ်သူကမှ စစ်မဖြစ်ရဲကြဘူး။

မော်စီတုံး ကွန်မြူနစ်တွေလက်ထက်က တရုတ်ပြည်ကြီးဟာ ဖွံ့ဖြိုးဆဲတတိယနိုင်ငံအဆင့်ပဲ ရှိပါတယ်။ အခု


တိန်လျောက်ပိန် ကွန်မြူနစ်တွေ လက်ထက်မှာ ကွန်မြူနစ် ဆိုတာနာမည်ပဲ ကျန်ပါတော့တယ်။ မကြာခင်
ကမ္ဘာ့အချမ်းသာဆုံး အဆင့်ကိုရောက်တော့မယ်။ တိုးတက်လာရင် ချမ်းသာလာရင် မပျက်စီးချင်တော့တာ လူ့သဘာဝပါ။

တရုတ်ပြည်ကိုရောက်ဖူးသော စာဖတ်သူတို့ သိကြမှာပါ။ ဘေဂျင်းမြို့က ဝါရှင်တန် ပြန်ရောက်လာရင်


ခေတ်မီမြို့ကြီးကနေ တောမြို့ကလေးကို ပြန်ရောက်သွားသလို ခံစားရတယ်။ ဝါရှင်တန်မြို့တော်မှာ
လွပ်လပ်ရေးကျောက်တိုင်ထက် မြင့်တဲ့ အဆောက်အဦးမဆောက်ရဆိုတဲ့ တားမြစ်ချက် ရှိပါတယ်။
သစ်လွင်တောက်ပနေတဲ့ ရှန်ဟိုင်းကနေ နယူးယောက်ကို ပြန်ရောက်သွားရင် အို ညစ်ပတ် ဟောင်းနွမ်းလှချည်လားလို့
ခံစားရတယ်။ တရုတ်ဘဏ်တွေဟာ ငွေပေါလွန်းလို့ ဘယ်မှာ အရင်းပြု ရမှန်းတောင် မသိကြဘူး။ ရှန်ဟိုင်း
လေဆိပ်ကိုဆင်း လိုက်တာနဲ့ (ကချင်း ကချင်း) ဆိုတဲ့ (ငွေ) ခေါ်သံ ကြားနေရပြီ။

ဒီလောက် တိုးတက်ပြီး ချမ်းသာလာတဲ့ တိန်လျောက်ပိန် တရုတ်တွေဟာ ဆင်ရဲမွဲတေနေတဲ့ သေမထူး နေမထူးတဲ့ (မော်)


တရုတ်တွေလို ဘယ်မိုက်ပါ့မလဲ။ ဒါကြောင့် တိန်လျောက်ပိန်က “ချမ်းသာခြင်းသည် ဂုဏ်တရပ်” လို့ ရဲရဲကြီး
ဆိုရဲခဲ့တာပေါ့။ (Deng Xiaoping proclaimed, “To get rich is glorious”)

အမေရိကန်ရော တရုတ်ကြီးတွေဟာ လူလည်ကြီး သားသမီးတွေပါ၊ ခြောက်စား ဟောက်စား နေကြတာပါ။ အမေရိကန်


ကောင်းဘွိုင်ဟာလည်း ခြောက်စားလို့ မရရင် ဟဲဟဲ ဆိုပြီး နောက်ဆုတ် သွားမှာပဲ၊ ဆွန်ဇူး ရဲ့ စစ်မတိုက်ရဘဲ
အနိုင်ရတဲ့နည်းကို ကျင့်သုံးနေကြတာပါ။

တရုတ်ကော အမေရိကန်ပါ အမျိုးချစ်စိတ် ပြင်းကြတယ်။ အောင်မြင်တဲ့ နိုင်ငံတွေမို့ ကိုယ့်တိုင်းပြည်ကို


ကိုယ်ဂုဏ်ယူကြတယ်၊ အမျိုးချစ်စိတ်ပြင်းပါတယ်။ စစ်တပ်ဆိုတာ တိုင်းပြည်အတွက်ပါ ဆိုတဲ့ မြန်မာစစ်တပ်က
စစ်ဗိုလ်တွေကို စဉ်းစားစေချင်ပါတယ်။
စီးပွားရေးကို မကိုင်နိုင်ဘဲ စစ်အင်အားကို ထူထောင်ရင်း နိုင်ငံပြိုကွဲသွားရတဲ့ ဆိုဗီယက်ပုံစံကို အတုခိုးမှာလား၊
စီးပွားရေးကို အနိုင်ကိုင်ပြီး ချမ်းသာလာမှ ချမ်းသာမှုကို အရင်းပြုပြီး စစ်အင်အားကို တဖြည်းဖြည်း ထူထောင်လာတဲ့
တရုတ်ပုံစံကိုအတုခိုးမှာလား။

နိုင်ငံ့သယံဇာတတွေကို ရောင်းချပြီး ၅၇ သန်းသော ပြည်သူတွေ ငတ်ချင်ငတ် သေချင်သေ


သုံးမရတဲ့လိုဏ်ခေါင်းကြီးတွေတူးပြီး ကြွက်တွေလို တွင်းအောင်းနေကြမှာလား။

နိုင်ငံ့သယံဇာတ တွေကိုရောင်းချပြီး တိုင်းပြည်ကြီးပွားအောင် လုပ်ပြီးမှ တည်တံ့မယ့် စစ်တပ်ကို


ချမ်းသာမှုကတဆင့်ထူထောင်ဖို့ မစဉ်းစားမိဘူးလား။ စီးပွားရေးတိုးတက်ချင်ရင် အရာရာကို စစ်တပ်ကချည်း အုပ်စီးချင်လို့
မရဘူး၊ နိုင်ငံတကာနဲ့ သင့်မြတ်ရမယ်။

အနုမြူလက်နက်ပိုင်ရင် ကိုယက
် ခြိမ်းခြောက်နိုင်သလို ကိုယ့်ဆီမှာလည်း အန္တရာယ်ကျရောက်နိုင်တယ် ဆိုတာ
စဉ်းစားမိကြရဲ့လား။

တတိုင်းပြည်လုံးလည်းမွဲ၊ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်နဲ့ သူတို့သားသမီးဆွေမျိုးတစု မိတ်ဆွေတစု


ကောင်းစားရေးအတွက် ၅၇ သန်းသော လူထု ကိုဖိနှိပ်ပြီး လက်နက်ကိုင်ပြီး သစ္စာစောင့်နေကြတဲ့ ဗိုလ်ကြီး၊ ဗိုလ်မှူး၊
ဗိုလ်မှူးကြီးတွေ ညည ဘယ်လို အိပ်ပျော်ကြသလဲဆိုတာကို သိချင်လှပါဘိ။

အင်္ဂလိပ်ကျွန်ဘဝက လွတ်မြောက်ရေးအတွက် ရဲဘော် ၃ ကျိပ် ဂျပန် ပါးရိုက်တာကိုခံပြီး စတင် ထူထောင်ခဲ့တဲ့


မြန်မာ့တပ်မတော်ဟာ မြန်မာနိုင်ငံတော်ကြီးကို တရုတ် စီးပွားရေးကျွန်ဖြစ်အောင် တဖြည်းဖြည်း ဆွဲချနေတယ်ဆိုတာ
သိမှသိပါလေစ။

တိုင်းပြည်နဲ့လူမျိုးကို တကယ်ချစ်တယ်ဆိုရင် တိုင်းပြည်ကြီးပွားတာကို မြင်ချင်မှာပဲ၊ ကိုယ်ြ့ပည်သူ ပြည်သား


အများစားဝတ်နေရေး ချောင်လည်ပြီး ပျော်ပျော်ရွှင်ရွှင် ဖြစ်နေတာကို မြင်ချင်မှာပဲ။ ဝါဒတွေ ဘာတွေ မလိုပါဘူး။

၂ဝဝ၉ နှစ် တရုတ်နှစ်သစ်ကူးအချိန်ကြီးမှာ တရုတ်ပြည်မှာ နှင်းမုန်တိုင်းတွေကျပြီး ရထားတွေ၊ ကားတွေ မထွက်နိုင်ဘူး။


အုတ်အော်သောင်းနင်း ဖြစ်ကုန်တယ်။ တရုတ်ဝန်ကြီးချုပ်ကိုယတ
ိုင် ရောက်လာပြီး လော်ကြီးနဲ့ ရှေ့က ကြပ်မတ်နေတယ်။

လူတွေအိမ်ကို ဖုံးဆက်နိုင်ပါစေဆိုပြီး ဖုံးဘထ္ထရီအတွက် ပလပ်ပေါက်တွေကို ဘူတာရုံ ကားဂိတ်တွေမှာ စီစဉ်ပေးတယ်။


မြေငလျင်လှုပ်တော့လည်း ဝန်ကြီးချုပ် ရောက်သွားပြီ၊ သမ္မတ ဟူဂျင်တောင်လည်း ချက်ချင်းရောက်လာတယ်။
ဒါခေါင်းဆောင်တွေက ပြည်သူကို ဂရုစိုက်တယ်ဆိုတာ ပြတာပဲ။ ဒါကြောင့် တရုတ်တွေဟာ ဝန်ကြီးချုပ်ကိုချစ်ကြတယ်။

အမေရိကားမှာ နယူးအော်လင်းမြို့ ကက်ထရီနာ လေမုန်တိုင်းကြောင့် ရေလျှံအပြီးမှာ သမ္မတဘုရှ် က


လေယာဉ်ပျံပေါ်ကပဲ ပျံကြည့်တာကြောင့် ဝိုင်းဆဲလိုက်ကြတာ Katrina moment ဆိုတဲ့ ဗန်းစကား ပေါ်လာခဲ့ရတယ်။
ဒါတောင် ဘုရှ်ဟာ အမေရိကန်တွေထိရင် ဓါးကြည့်ဆိုတဲ့ လူစားမျိုးပါ။ နာဂစ် မုန်တိုင်းကြောင့် ဧရာဝတီတိုင်းမှာ
လူတွေသေပြီး ဘယ်လောက်ကြာမှ မြန်မာနိုင်ငံရဲ့ အကြီးအကဲဆိုသူ တိုင်းခန်းလှည့်လည်လာပါသလဲ။ နိုင်ငံတကာက
ဝိုင်းကူကြတဲ့ ငွေတွေကိုကော အမှန်အကန် ဝေကြရဲ့လား။ အခုလည်း ပါကစ္စတန်မှာ ရေကြီးပြီး လူတွေသေနေချိန်မှာ
သမ္မတက အင်္ဂလန်သွားလည်နေရလားဆိုပြီး ဝိုင်းဆန္ဒပြနေကြလေရဲ့။ တိုင်းပြည်နဲ့ ပြည်သူကိုချစ်တယ်ဆိုတာ
လိမ်လို့မရပါဘူး။

၁၉၅ဝခုနှစ်တွေထဲက တနှစ်မှာ ယိုးဒယားစစ်ခေါင်းဆောင် ဖိဘွန်ဆွန်ကရမ်းဟာ မြန်မာပြည်ကို အလည်လာခဲ့ပါတယ်။


မြန်မာပြည် တိုးတက်နေတာမြင်ပြီး ပါလာတဲ့ သူ့ဝန်ကြီးတွေကို ဒုဝန်ကြီးချုပ် (နိုင်ငံတော်စီးပွားရေး) ဦးကျော်ငြိမ်းအရှေ့မှာ
စိတ်ဆိုးပြီးဆဲလိုက်တာ၊ အနှစ်(၂ဝ) မအိပ်မနေ ကြိုးစားရင်တောင် မြန်မာပြည်ကို မမှီနိုင်ဘူးဆိုပြီး
ဆူလိုက်ဟောက်လိုက်တာ။ ဗိုလ်ကြီး၊ ဗိုလ်မှူး၊ ဗိုလ်မှူးကြီး၊ ဗိုလ်ချုပ်အများစု ဘန်ကောက်လောက်တော့ ရောက်ကြမှာပါ။
ဘယ်လောက် ကွာသွားပြီလို့ ထင်ပါသလဲ။

ထိုင်း စစ်ဗိုလ်ချုပ်တွေက တိုင်းပြည်ကြီးပွားချင်စိတ် ရှိသေးတယ်။ တိုင်းပြည် နဲ့ အမျိုးချစ်စိတ်ဆိုတာ ယူနီဖေါင်းက


လာတာမဟုတ်ပါဘူး၊ အူထဲ၊ ရင်ထဲ၊ နှလုံးထဲ၊ အသည်းထဲက လာတာပါ။ စစ်ဗိုလ်ကြီးတွေ ညည နှစ်နှစ်ချိုက်ချိုက်
အိပ်ပျော်နိုင်ကြပါစေ။

ဘိဘ
ိုကျော်ငြိမ်း
သြဂုတ်လ၊ ၉ ရက်၊ ၂ဝ၁ဝ
ဇင်းမယ်

ရည်ညန
ွ်း သောစာအုပ်၊ စာတမ်းနှင့် ဆောင်းပါးများ

• A daring departure from Deng By Wu Zhong, China Editor, Asia Times Online
• Chinese missile could shift Pacific power balance. By Eric Talmadge, Associated Press Writer,
August 8 2010, NY Times.
• DongFeng 21 (CSS-5) Medium-Range Ballistic Missile – Sinodefence.com
• New Chinese anti-ship missile may complicate relations with U.S. By Erik Salvin, Stars and Stripes,
Published: July 19, 2010
• How Carrier Battle Groups Work by Marshall Brai
• This is How the Carriers Will Die by Gary Brecher
• PLA Navy: From 'Green Water' to 'Blue Water' – Part I & Part II
• Dr. Alexandr Nemets and Dr. Thomas Torda
• PLA Navy - Globalsecurity.com
• China Under Deng Xiaoping, factsandetails.com

Source:http://www.mizzimaburmese.com/edop/songpa/5868-2010-08-15-10-41-08.html

ဘုရားသုံးဆူမြို့မှာ ဗုံးပေါက်ကွဲ
2010-08-15

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ သြဂုတ်လ ၁၄ ရက်နေ့ မနက် လင်းအားကြီးအချိန်က ဗုံးတလုံး ပေါက်ကွဲခဲ့သလို


အစိုးရရုံးတရုံးရှေ့ မှာ မပေါက်ကွဲသေးတဲ့ ဗုံးတလုံးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဘုရားသုံးဆူမြို့ မြောက်ဖက် မက်ကသာကျေးရွာကို သွားတဲ့လမ်းက ရပ်ကွက် ၄ ဒီကေဘီအေ အေဝမ်းဂိတ် အနီးမှာ ၁၄


ရက်နေ့မနက် မြန်မာစံတော်ချိန် ၃ နာရီခွဲလောက်မှာ ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲခဲ့တဲ့ နေရာဟာ လူတယောက်မှ မရှိတာကြောင့် ထိခိုက်ဒဏ်ရာရမှုတွေ မရှိခဲ့ကြဘူးလို့ မြို့ခံတဦးက
ပြောပါတယ်။

“မက်ကသာ သွားတဲ့လမ်း၊ အရင်က ဒီကေဘီအေ ဂိတ်ဟောင်းဖက်မှာ ကွဲတယ်။ အဲဒီ ဂိတ်ဟောင်းမှာ သွားကြည့်တော့ …


ခက်တာက အစိုးရဖက်လည်း မသွားရဲဘူး။ သက်သက် လူမရှိတဲ့နေရာမှာ ထောင်ပြီးတော့ ခွဲသွားတာ။ အသံပေးတာပေါ့၊
မြို့ထဲကလူတွေ လန့်အောင်။ ကျယ်တယ် တော်တော်ကျယ်တယ်။ ညဖက်။ ကျယ်ပြီးတော့ ကျောက်ခဲတွေတောင်
အိမ်အထိ စင်လာတယ်။ ထိခိုက်မှု မရှိဘူး။ နောက်တလုံးက မြေစာရင်းရုံးရှေ့မှာ။ ရပ်ကွက် ၂ မှာ။ အဲဒီမှာ
ရုံးတွေအများကြီးပဲ။ ထောက်လှမ်းရေးရုံး။ ရုံးပေါင်းစုံပေါ့၊ အဲ့ဒီမှာ လက်ပစ်ဗုံးနဲ့ ပစ်သွားတာ၊ ဒါပေမယ့် လက်ပစ်ဗုံး
စနက်တန်က ကပ်နေတော့ မကွဲဘူး။ မကွဲတော့ ဒီမနက် သွားတွေ့တော့ လာသိမ်းသွားတယ်”

ဗုံးပေါက်ကွဲမှု မဖြစ်ခင် သြဂုတ်လ ၁၂ ရက် ကြာသပတေးနေ့ မနက်ပိုင်းကလည်း ဘုရားသုံးဆူမြို့ စာသင်ကျောင်းလမ်း


အနီးမှာရှိတဲ့ လျှပ်စစ် ဓာတ်အားပေးထိန်းစက် ထားတဲ့ ထရန်စဖော်မာတိုင် အောက်ခြေမှာ RPJ 7 ဗုံးသီးနဲ့ ထောင်ထားတဲ့
မပေါက်ကွဲသေးတဲ့ ချိန်ကိုက်ဗုံးတလုံးကို အာဏာပိုင်တွေက အချိန်မီ သိမ်းဆည်းရမိခဲ့ သေးတယ်လို့ ဆိုပါတယ်။

ဘုရားသုံးဆူမြို့နယ်အတွင်း အခုလို ဗုံးတွေ့ရှိတာ၊ ဗုံးပေါက်ကွဲတာတွေ အရင်က သုံးလတကြိမ်လောက် ပုံမှန်


ဖြစ်ပေါ်ခဲ့ပေမယ့် အခုတလော တရက်ခြားလိုလို ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေတာကြောင့် ပြည်သူတွေ
အထိတ်တလန့် ဖြစ်နေကြတယ်လို့ သိရပါတယ်။

ဒီလို ပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်နေတာဟာ အပစ်ရပ် အဖွဲ့တွေအပေါ် စစ်အစိုးရ အာဏာပိုင်တွေက


နယ်ခြားစောင့်တပ် ဖွဲ့ဖို့ ဖိအားပေးမှုအပေါ် တုန့်ပြန်တာ ဖြစ်နိုင်ကြောင်း မြို့ခံတွေက ပြောပါတယ်။

ဘုရားသုံးဆူမြို့နယ်မှာ မြန်မာစစ်အစိုးရ ခလရ (၃၂) တပ်ရင်းအပြင် ရဲနဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေ လုံခြုံရေး ယူထားပြီး


စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ ဒီကေဘီအေတပ်ဖွဲ့၊ အပစ်ရပ် ကရင်ငြိမ်းချမ်းရေး (ဟောင်သရောဒေသ) အဖွဲ့၊
ဗိုလ်ချုပ်ထိန်မောင် ဦးဆောင်တဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင်တွေနဲ့ မွန်ပြည်သစ်ပါတီ အဖွဲ့ဝင်တွေ ရုံးစိုက်ရာ
နေရာလည်း ဖြစ်ပါတယ်။

ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့ မယက မြို့နယ်မှူး ဦးသိန်းဇော်ကို ဆက်သွယ်မေးမြန်းရာမှာ


စုံစမ်းဆဲဖြစ်ကြောင်း၊ အသေးစိတ် မသိရှိရသေးကြောင်း ဖြေဆိုပါတယ်။

Source:http://www.rfa.org/burmese/news/bomb_blast_in_Three_Pagodas_at_Thai-Burma_border-
08152010092047.html

You might also like