You are on page 1of 29

ခွပ်ဒေါင်းတို့၏ အားမာန်

( သို့ )

သူရဲကောင်းတို့၏ အတွေးအမြင်ခံယူချက်များ

ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေကြသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်


အပါအ၀င် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ လူမှုကယ်ဆယ်ရေးတတ်ကြွလှုပ်ရှားသူ လူရွှင်
တော် ကိုဇာဂနာ အပါအ၀င် ပေးဆပ်တိုက်ပွဲဝင်နေသူ အချို့၏ မိန့်ခွန်း၊ အတွေးအခေါ်၊ အဖွ့အ
ဲ နွဲ့ကို တက်အား
သ၍ ရှာဖွေစုစည်းတင်ပြခြင်းသာ ဖြစ်ပါသည်။ သူတို့၏ ပေးဆပ်မှု၊ အနစ်နာခံမှုကို ထာဝစဉ်မမေ့ကြပဲ အားကျ
အတုယူ လေးစားကာ ဒီမိုကရေစီတိုက်ပွဲအတွင်း ကိုယ်တိုင်ပါဝင်နိုင်ကြပါစေ ……….

အချက်အလက်များကို ၀က်ဆိုဒ်များ၊ သတင်းမီဒီယာများ၊ ဘလော့ခ်များ၊ စာအုပ်စာတန်းများမှ ရယူပါသည်။


ဖော်ပြပေးသော ၀က်ဆိုဒ်အားလုံးကိုလဲ အထူးပင် ဂုဏ်ပြုလိုက်ပါသည်။

“ ဒီမိုကရေစီတိုက်ပွဲ အမြန်ဆုံးအောင်မြင်ပါစေ ”
“ တကယ့်တွန်းလှန်ဖို့ အရေးကလဲ

မဝေးတော့ပြီမို့

အရေးကြီးလျှင်ဖြင့်

သွေးစည်းပြီး

သွေးနီးရာဆိုသည့်အတိုင်း

ကိုင်း ….. ထထကြွကြွ နှင့်

ဝိုင်းကြပေရော့ … ”

သခင်ကိုယ်တော်မှိုင်း
“ ဟေ့ သေရဲ မြန်မာပီပီ

ဇာတိမာန်နဲ့သေကြပါ။

ရန်သူကမိရင်

“ လက် ” အားရင် လက်နဲ့ထိုး

“ ခြေ ” အားရင် ခြေနဲ့ကန်ပါ။

နောက်ဆုံး “ ပါးစပ် ” အားနေရင်

ပါးစပ်နဲ့ ကိုက်ပြီးမှ

ရဲရဲသာ သေပြလိုက်တာပေါ့။ ”

ဗိုလ်ချုပ်အောင်ဆန်း

( ဟိုင်နန်ကျွန်း၌ စစ်ပညာသင်စဉ် ပြောကြားခဲ့သောစကား )


“ ကျွန်မတို့လွတ်လပ်မှုတွေမြှင့်တင်ဖို့ သင်တို့ရဲ့လွတ်လပ်မှုတွေကို အသုံးချကြပါ။ ”

ဒေါ်အောင်ဆန်းစုကြည်

“ မြင်ရင်လဲမြင်တယ်ဆိုပြီး ရပ်ကြည့်မနေပါနဲ့။

လျစ်လျှူမရှုထားကြပါနဲ့။

တတ်နိုင်ရင် တတ်နိုင်တဲ့ဘက်က

ရပ်တည်ပေးကြပါ။

ဒါတွေဟာ အားလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ”

ဒေါ်အောင်ဆန်းစုကြည်

“ ကျွန်မတို့က နိုင်ငံရေးသမားတွေပဲ

နိုင်ငံရေးအရ လူ့အဆင့်အတန်းကို
ကျွန်မတို့က မြှင့်တင်နိုင်ရမယ်။

နိုင်ငံရေးအရ လူ့အဆင့်အတန်းကို

မြှင့်တင်နိုင်မှ ကျွန်မတို့ဟာ

လူဖြစ်ရကျိုးနပ်တယ်လို့ သတ်မှတ်နိုင်မယ်။

ဒီလိုစိတ်ထားမထားနိုင်ရင်တော့

ကိုယ့်ကိုကိုယ် နိုင်ငံရေးသမားလို့လည်း မခေါ်သင့်ဘူး။

နိုင်ငံရေးနယ်ထဲမှာလည်း ၀င်ပြီးတော့ မလုပ်သင့်ဘူး။ ”

ဒေါ်အောင်ဆန်းစုကြည်

“ “ အသက်ရှင်ရကျိုးမနပ်ဘဲ

နေရမယ့်အစား

သေရတာပဲ ကောင်းတယ် ” ဆိုတဲ့

စိတ်ဓါတ်ထားပြီး
အသက်ရှင်ရကျိုးနပ်မယ့်

ဒီမိုကရေစီအကျိုးဖြစ်အောင်

အားလုံးဝိုင်းဝန်းကြိုးစားကြပါ။ ”

ဒေါ်အောင်ဆန်းစုကြည်

“ မြန်မာနိုင်ငံမှာ

နိုင်ငံရေးအကျဉ်းသားတွေ မလွှတ်ဘဲ

အမျိုးသားရင်ကြားစေ့ရေးမပါဘဲ

ကျင်းပတဲ့ရွေးကောက်ပွဲဟာ

တရားဝင်မှာ မဟုတ်ကြောင်း

ကုလသမဂ္ဂအနေနဲ့

ဆုံးဖြတ်သင့်တယ်လို့ ပြောလိုလိုက်ပါတယ်။ ”

ဒေါ်အောင်ဆန်းစုကြည်

“ လူငယ်တွေဟာ မှန်မှန်ကန်ကန်နဲ့ တိတိကျကျအလုပ်ကို လုပ်သွားရမယ်။ ကိုယ့်အလုပ်လုပ်တဲ့အခါကျရင်


အများကြိုက်စေချင်လို့ လုပ်တာမဟုတ်ဘူး။ ပေါ်ပြူလာဖြစ်ချင်လို့ လုပ်တာမဟုတ်ဘူး။ ရာထူးရာခံ လိုချင်လို့
လုပ်တာမဟုတ်ဘူး။ နာမည်လိုချင်လို့ လုပ်တာမဟုတ်ဘူး။ ယုံကြည်ချက်အရ မှန်တယ်ထင်လို့ လုပ်တာသာဖြစ်
ရမယ်။ ကိုယ့်ရဲ့ယုံကြည်ချက်အရ မှန်တယ်ထင်လို့ လုပ်လို့ရှိရင် ဘယ်သူက ဘယ်လိုဘဲ အန္တရာယ်ပြုပြု၊ ခံနိုင်
ရည်ရှိရမယ်။ ဘယ်သူက ဘယ်လိုပဲ ကိုယ့်ကိုပုတ်ခတ်ပုတ်ခတ် ခံနိုင်ရည်ရှိရမယ်။ ဒီလိုခံစားချက်တွေနဲ့ လုပ်
သွားမှသာ လူငယ်များဟာ တိုင်းပြည်အကျိုးထမ်းဆောင်နိုင်မှာ ဖြစ်တယ်။ ”

ဒေါ်အောင်ဆန်းစုကြည်

( ၁၉၈၉ ဧပြီလက ချင်းခရီးစဉ် NLD လူငယ်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သော မိန့်ခွန်း )


“ တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်တဲ့ ခေါင်းဆောင်ဟာ

ပြည်သူလူထုရဲ့ထောက်ခံမှုနဲ့အုပ်ချုပ်တာပဲဖြစ်ရမယ်။

လက်နက်အားကိုးနဲ့အုပ်ချုပ်တယ်ဆိုတာ မဖြစ်သင့်ဘူး ဆိုတာ

မွေးကတည်းက ကျွန်မကိုသင်ထားတဲ့၊ သိခဲ့တဲ့

သင်ခန်းစာပါပဲ။ ”

ဒေါ်အောင်ဆန်းစုကြည်

“ လုပ်လည်းလုပ်ရမယ်၊ ခံလည်းခံရမယ်၊ ကိုယ်လုပ်လို့ကိုယ်ခံတယ်ပေါ့။

မလုပ်ပဲနဲ့ခံတာတော့ ခံရကျိုးမနပ်ဘူး။

အဲ့ဒီတော့ ပထမလုပ်လိုက်၊ လုပ်ပြီးမှ ခံမယ်။ ”

ဒေါ်အောင်ဆန်းစုကြည်
“ ရှေ့ဆောင်တယ်ဆိုတာ တိုင်းပဲဖြစ်ဖြစ်၊ မြို့နယ်ပဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်တည်းဖြစ်ဖြစ်၊ ရှေ့
ဆောင်ပြီဆိုမှဖြင့် ကိုယ်ဟာတခြားသူတွေထက်ပိုပြီးတော့ ကြိုးစားရမယ်။ တခြားသူတွေထက်ပိုပြီးတော့ စွန့်စား
ရမယ်။ ကိုယ့်ရဲ့ရှေ့ဆောင်နေပါတယ်ဆိုတဲ့ အနေအထားကို ကိုယ်ကနေပြီးတော့ သိက္ခာရှိရှိနဲ့ ထိန်းသိမ်းသွား
ရမယ်။ ”

ဒေါ်အောင်ဆန်းစုကြည်

“ ခံရဲတာ

သတ္တိ ဆိုတာ မှန်ပါတယ်

ဒါပေမယ့်

လုပ်ရဲတဲ့သတ္တိလည်း

ကျွန်မတို့ ရှိရပါမယ်။ ”

ဒေါ်အောင်ဆန်းစုကြည်

“ အခုအခြေအနေ ကျွန်မတို့ နိုင်ငံတစ်နိုင်ငံလုံးဟာ ထောင်ချည်းဘဲ။ ဒီထောင်ကြီးထဲကနေ ထောင်သေးလေး


ကို ၀င်သွားရမှာ ဘာဖြစ်လို့ ကြောက်နေရမှာလဲလို့ ကျွန်မတို့ပြန်မေးရပါမယ်။ ”

ဒေါ်အောင်ဆန်းစုကြည်
“ လူနဲ့တူအောင် မနေနိုင်တဲ့ နိုင်ငံမှာ နေရမှတော့

နေရကျိုးလည်း မနပ်ပါဘူး။

အဲ့ဒါကြောင့်မို့ သတ္တိရှိရှိနဲ့ ကျွန်မတို့ရဲ့ လမ်းစဉ်အောင်မြင်ရေးအတွက် လုပ်ကြပါ။ ”

ဒေါ်အောင်ဆန်းစုကြည်

“ ကျွန်မတို့ရုန်းကန်ခဲ့ရတာတွေ

အနစ်နာခံခဲ့ရတာတွေဟာ

အနစ်နာခံရကျိုးနပ်အောင်လို့

ကျွန်မတို့ထပ်ပြီးတော့

ပိုပြီးတော့ ၀ိရိယထုတ်ပြီးတော့

ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ ”

ဒေါ်အောင်ဆန်းစုကြည်
“ နိုင်ငံရေးအတွက် ကိုယ့်ရဲ့ဘ၀ကို

အနစ်နာခံ စွန့်လွှတ်ရတယ်ဆိုတာ

ဒါ အင်မတန်မှ သိက္ခာရှိပါတယ်။

အင်မတန်မှလဲ ကျေနပ်မှုရှိစရာပါ။

အားလုံး ပြန်ပြီးတော့ စဉ်းစားကြပါ။ ”

ဒေါ်အောင်ဆန်းစုကြည်

“ ပြဿနာ အခက်အခဲတွေ အတွက်

ထွက်ပေါက်ကိုသာ

စဉ်းစားခြင်းမပြုဘဲ
ဖောက်ထွက်ဖို့ စဉ်းစားစေချင်ပါတယ်။ ”

ဟံသာဝတီ ဦးဝင်းတင်

“ ရဲ

ဇွဲ

ဥာဏ်

စည်း

တာ

မကြောက်တရား တေးကဗျာ

မီးပုံထဲက ကြာ ”

ဟံသာဝတီ ဦးဝင်းတင်
“ To people of Myanmar must have the courage to say no to injustice and yes to the truth. They
must also work to correct their own wrongdoing that hurt society.

Min Ko Naing

( Speech at the first 88 Generation meeting in August 2006 )

“ ဟိုဟိုအရင်တုန်းက ကြားဖူးနားဝရှိတဲ့ ဖြစ်ပျက် ဖြစ်ပျက်ဆိုတာ ဒီတစ်ခါ ကိုယ့်ကျတော့မှ တည့်တည့်ကို တိုး


တာပေါ့ဗျာ။ အဲ့ဒီတော့ စွဲသမျှ ဒါသည် တစ်ချိန်ကြရင် ပျယ်မယ်ဆိုတာကြီးကို ကျနော်က နှလုံးသွင်းထားရပြီ
ပေါ့။ ဒါပေမယ့် ပျက်ခါမှပျက်ရောပေါ့။ ဖြစ်နိုင်သမျှတော့ ဖြစ်ရဦးမယ်ဆိုပြီးတော့ ဖြစ်တည်ပျက် ဆိုပြီးတော့ အဲ့
ဒါကို ဥပါဒ်ဘီဘင် ကိုယူပြီး အဲ့ဒါဟာ နှလုံးသွင်းပြီး စွဲရတာပေါ့ဗျာ။ ”

အနုပညာကို သိမ်မွေ့စွာ ဖန်တီးခံစားနိုင်သော ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်

သူ၏ အကျဉ်းတိုက်အတွင်း ခံစားရသော ခံစားချက် ( ၂၀၀၅ )

“ မပြီးမြတ်သော တော်လှန်ရေးတွင်

ကျွန်ုပ်ဝိဥာဉ် ကြောက်စိတ်ဝင်၍

မချင့်မရဲ သတ္တိနည်းလျှင်

သင်တို့ ၀ိဥာဉ်ပူးကပ်ဝင်၍

ကျွန်ုပ်အား ထိန်းချုပ်သွားပါလေ။

မပြီးပြတ်သေး တော်လှန်ရေးတွင်

ကျွန်ုပ်သည်ကား အမျိုးဂုဏ်မောက်

သစ္စာဖောက်ဟု

မထောက်မညှာပြုမိပါလျှင်
အသင်တို့၏ မညွတ်ပြောင်းသော

ခွပ်ဒေါင်းလက်ဖြင့်

ဝိုင်းညှပ်အပြစ်ပေးကြပါလေ။ ”

( ကိုမင်းကိုနိုင် သစ္စာကဗျာမှ )

“ ဟော

မျက်လှည့်ပွဲ ပြီးတော့မယ်

ပြန်စရာကလည်း အိမ်မရှိဘူး

မက်စရာ အိပ်မက်လည်း မရှိဘူး။

အိတ်ထဲနှိုက်တော့

မနေ့ည နောက်ဆုံးရထားလက်မှတ်

အထက်တန်း အိပ်ခန်းတွဲနှစ်စောင်။ ”

ကိုမင်းကိုနိုင်

( စစ်တွေထောင်တွင်းစပ်ကဗျာ )
“ သွားနှင့်သူငယ်ချင်း

ကမ္ဘာမြေရဲ့ ကြေကွဲခြင်းဓါတ်ပြားထဲ

မင်းရဲ့ ကဗျာတွေ

မာတိကာစီဖို့

ငါတို့နေရစ်ခဲ့ဦးမယ်

သွားနှင့် သူငယ်ချင်း

ကျောင်းနံရံတ၀ိုက်

ဒေါင်းအလံပြန်စိုက်တဲ့တစ်နေ့

ငါတို့ …………။
ကိုမင်းကိုနိုင်

( ၂၀၀၇ သြဂုတ်လ ၇ ရက် နေ့က တာရာမင်းဝေ ရဲ့ ဈာပနမှာ ၈၈ မျိုးဆက်ကျောင်းသားများ ကိုယ်စား ကိုမင်း
ကိုနိုင်ရေးဖွဲ့ရွတ်ဆိုတဲ့ ကဗျာမှ )

“ ဆယ်နှစ်ဆယ်မိုး ခေါက်ရိုးကျိုး

အဖြူရောင်ကသိုဏ်းရှုခဲ့ရ

အဲ့ဒီ မျက်လုံးတွေနဲ့

ဖန်တီးချင်တဲ့ ရောင်စုံရှုခင်းအလှ

အံမကျဘူး …..

လောကဓံက ထိုးလိုက်တဲ့

မေးရိုးအကျိုးကြီးနဲ့

လောကကို ပြန်ပြုံးပြနေရတာကိုက

အံမကျဘူး ….. ”

ကိုမင်းကိုနိုင်

“ သူမိုက်ဟာ ကံကောင်းနေမှန်းမသိလို့ မခံစားပေမဲ့

လူလိမ္မာဟာ ကံဆိုးနေမှန်းသိလို့ ခံစားရပေတယ်။

သူမိုက်ကံဆိုးတော့ ကြုံပြီးပြီ။

လူလိမ္မာကံကောင်းတော့ ဇတ်ပေါင်းခန်းတော့မျှော်ရီရီ။ ”

မင်းကိုနိုင်
( ကံခေသူကဗျာမှ )

“ နှစ်ကူးလို့သာ ဂဏန်းကြီးလာတာ

တကယ်ပြစရာ အသက်လဲမရှိဘူး

လှုပ်ရှားနေလို့သာ ဘ၀လို့ခေါ်တာ

ဖော်ပြစရာ အဓိပ္ပာယ်လည်းမရှိဘူး။ ”

မင်းကိုနိုင်

( “ မရှိခဏ ” ကဗျာမှ )

“ ဂိုးအသွင်းမခံရဖို့

အနိုင်ဂိုးဖိသွင်းဖို့
ဘောလုံးကွင်းမရှိသေးတော့

အတူအပြေးပဲ ကျင့်ခဲ့ကြပေါ့။

ချွတ်မရတော့တဲ့ မျက်နှာဖုံးတွေအောက်

တစ်ယောက်မျက်နှာတစ်ယောက်မမြင်

ခုတော့

တစ်ယောက်ဂိုးပေါက်ပဲ တစ်ယောက်မြင်

ရွှေဂိုးတွေ တစ်ဒိုင်းဒိုင်း ကန်သွင်းချင်နေကြတယ်။ ”

မင်းကိုနိုင်

( ဘောလုံးသမားသူငယ်ချင်းများ ကဗျာမှ )

“ ငါတို့တွေကိုက

တိုက်ဆင်တွေလို အရေထူဖို့ ကြိုးစားနေရတာ

တိုက်ပွဲကြမ်းက ဒဏ်ရာ အောင်ပွဲမှာပြကြေးကို။ ”

မင်းကိုနိုင်

( မျှော်လင့်ခြင်း ကဗျာမှ )

“ တိုင်းတစ်ပါးကျွန်

စစ်တပ်ကျွန်

ဘယ်ကျွန်မှမခံ

ဒေါင်းအလံဟေ့
ကျောင်းနံရံတစ်ဝိုက်

ဒေါင်းအလံ ပြန်စိုက်မယ်။ ”

မင်းကိုနိုင်

( ၈၈၈၈ ကဗျာမှ )

“ တကယ်တော့ ကြယ်တွေရဲ့ဘ၀မှာ အဖော်နီးတာ၊ အဖော်ဝေးတာ အရေးမကြီးပါဘူး။ လောကအတွက် အ


သုံးဝင်တဲ့ ကြယ် ဘယ်တော့မှ မကြွေတာ သေချာတယ်။ ”

မင်းကိုနိုင်

( နောက်ကြည့်မှန် ၀တ္ထု မှ )

“ ကျွန်တော့်သဘောကတော့ မျှော်လင့်နေတာထက် ယုံကြည်ဖို့လိုတယ်။

အားပေးတာထက် ၀င်ပါဖို့လိုပါတယ်။ ”

မင်းကိုနိုင်

( နောက်ကြည့်မှန် ၀တ္ထု မှ )
“ သားစားကျားမှန်း သိပါလျှက် ဖက်လုံးမိခဲ့ပြီ။ ခြေကပဲ စ၀ါးဝါး၊ ခေါင်းကပဲ စကိုက်ကိုက်၊ မသေမချင်းတော့
မလျှော့တမ်း သတ်မှတ်ရုံသာဟု နှလုံးပိုက်ပြီး သံတိုင်ကိုခေါင်းပြု၊ နံရံလေးဘက်ကိုခြင်ထောင်မှတ်ကာ ကြိုမ
မြင်နိုင်သော အိပ်မက်ကို ဆုတောင်းခြင်းကင်းကင်းဖြင့် ကြိုဆိုပါ၏။ ”

မင်းကိုနိုင်

( နောက်ကြည့်မှန် ၀တ္ထု မှ )

“ ခေါင်းသူကြီးက အမူးပါး

အသင်းသားတွေက နဝေတိမ်တောင်

ကွင်းလယ်ခေါင် ဖုန်တွေလူးလို့

ရူးချင်ယောင်ဆောင် …

စည်းကျော်လို့ ဖမ်းထားတောင်

အောင်လံသူ ဒို့အသင်း

ထမင်းရည် ပူပြန်သတဲ့

ခြေကန်လို့ ငြင်း … ”
မင်းကိုနိုင်

( စစ်တွေထောင်တွင်း အကျဉ်းကျနေစဉ် စပ်ဆိုသော ကဗျာ )

“ ကျွန်တော်တို့က အဖမ်းမခံရမှာ မကြောက်ဘူး။

အလုပ်မလုပ်နိုင်မှာပဲ စိုးတယ် ”

ကိုကိုကြီး

အဖမ်းမခံရခင် တစ်ရက်အလိုတွင်ပြောသောစကား ( ၂၆ စက်တင်ဘာ ၂၀၀၆ )

“ ကျွန်တော်တို့ရဲ့ နိုင်ငံရေးယုံကြည်ချက်က

ကျွန်တော်တို့နိုင်ငံ

ငြိမ်းချမ်းစွာ ဖြစ်ပေါ်တိုးတက်ရေးအတွက်
အကြမ်းမဖက် အနုနည်းနဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့

နိုင်ငံရေးပြဿနာကို ဖြေရှင်းမယ်ဆိုတာ

ကျွန်တော်တို့ရဲ့ သဓိဌာန်ပဲ၊ သံဓိဌာန်ပဲ။ ”

ကိုကိုကြီး၊ ၂၆ စက်တင်ဘာ ၂၀၀၆

“ သားလည်း စိုစွတ်တဲ့မျက်ရည်တွေကို သုတ်ပေးဖို့

မျက်ဝန်းတွေကို လင်းလက်စေဖို့၊ ကိုယ့်ကိုကိုယ် လောင်းကျွမ်းခဲ့နေကြတာပါ။ ”

ကိုကိုကြီး

( “ လားရာ ” “ ၀တ္ထု ” မှ )

“ မေမေဟာ မေမေ့မိသားစု

မေမေ့ပတ်ဝန်းကျင်လေးကို

စွမ်းနိုင်သမျှ အကျိုးပြုခဲ့ပြီဘဲ ….. ပိုအရေးကြီးတာက

မေမေဟာ …... ရှင်သန်နေတဲ့အခိုက်

ဘယ်သူ့ကိုမှ မျက်ရည်ကြီးငယ် မကျစေခဲ့ဘူးလေ …

ဒါပါဘဲ … ။ ”

ကိုကိုကြီး

( သူ၏ ကွယ်လွန်သွားပြီဖြစ်တဲ့ မွေးမိခင်အတွက် ကိုယ်တိုင်ရေး လွမ်းချင်း “ လားရာ ” မှ ကောက်နှုတ်ချက် )


“ ကျွန်တော်တို့ သက်ရှိထင်ရှားမရှိတော့ရင်တောင်မှ ကျွန်တော်တို့ရဲ့ ယုံကြည်မှုတွေနဲ့ ကျွန်တော်တို့ရဲ့ စိတ်စေ
တနာတွေဟာ ဧရာဝတီမြစ်ရိုးတစ်လျှောက်၊ ရိုးမကြီးတစ်လျှောက်လုံးမှာ ပျံ့နှံ့ပြီးတော့ သက်ဝင်နေလိမ့်မယ်။
တည်ရှိနေလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ထားပြီးသား … ။ ”

ကိုကိုကြီး

“ နိုင်ငံရေးသမားဆိုတာက ပြည်သူတွေနဲ့ မထိစပ်လို့မရဘူး။ ပြည်သူတွေရဲ့ထောက်ခံမှု မရဘူးဆိုရင် ဘာမှ


လုပ်လို့ မရဘူး။ အဲဒီတော့ ပြည်သူတွေလုပ်နိုင်တဲ့အပိုင်း၊ အနိမ့်ဆုံးလုပ်နိုင်တဲ့အပိုင်းကတော့ ဆက်ဆံပါ။ နိုင်
ငံရေးသမားကို ရဲရဲတင်းတင်း ဆက်ဆံပါ။ ထောက်ခံပါ။ ဆူပူမှု လုပ်နေတာမဟုတ်ဘူး။ အကြမ်းဖက်မှုလုပ်နေ
တာမဟုတ်ဘူး။ ”

ကိုကိုကြီး

( အင်တာဗျူး တစ်ခုမှ )

“ လူကို ဖမ်းလို့ရတယ်။ ကျွန်တော်တို့ရဲ့ စိတ်ဝိဥာဉ်တွေ၊ ကျွန်တော်တို့ရဲ့ ယုံကြည်မှုတွေကိုတော့ ချုပ်နှောင်


ထားလို့ မရဘူး။ သတ်ဖြတ်လို့မရဘူး။

ကိုကိုကြီး

( အဖမ်းမခံရမီတစ်ရက်အလိုတွင် ပြောကြားသောစကား )
“ ၈၈ မျိုးဆက်ဟာ ဘာတွေလုပ်ခဲ့လဲလို့ပြောရင် ကျွန်တော်တို့ဟာ အငြိမ်းချမ်းဆုံး နဲ့ အညင်သာဆုံး အသွင်ကူး
ပြောင်းနိုင်ငံရေးအတွက် ကြိုးပမ်းခဲ့တယ်ဆိုတာကို ကျွန်တော် ခိုင်ခိုင်မာမာ ပြောလိုပါတယ်။ တခြားရွေးစရာ
လမ်းမရှိတော့ဘူးဆိုရင်တော့ အရိုးတွေတောင်လိုပုံမှပဲ တည်ဆောက်လို့ရတော့မယ်ဆိုလို့ရှိရင်လည်း ကျွန်
တော်တို့ မျိုးဆက်သစ်တွေဟာ ပေးဆပ်ဖို့ အဆင်သင့်ပါဘဲ။ ”

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်

“ ကျွန်တော်တို့ရဲ့ ရင်းနှီးသမျှ၊ ပေးဆပ်သမျှဟာ သဲထဲရေသွန်ဖြစ်သွားမှာမဟုတ်ဘူး။ အချည်းနှီးမဟုတ်ဘူး။


လူမိုက်တွေရဲ့လုပ်ရက်မဟုတ်ဘူး။ နိုင်ငံရဲ့ စနစ်တစ်ခုကို ပြောင်းလဲချင်တဲ့ နိုင်ငံသားတွေရဲ့ လေးနက်တဲ့ ဆုံး
ဖြတ်ချက်ဖြစ်ပါတယ်။ ”

ဌေးကြွယ်
“ ကျွန်တော့်မိခင်၊ ၀မ်းကွဲမောင်နှမ ၂ ဦး အပါအ၀င် နှစ်ထောင်တစ်ရာကျော်သော နိုင်ငံရေးသမားတွေဟာ ဗမာ
နိုင်ငံတွင်းမှာ အကျဉ်းကျနေကြပါတယ်။ သူတို့ထဲက အများစုဟာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေပြီး ဆေး
ကုသမှု အရေးတကြီး လိုအပ်နေပါတယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေပါ။ ကျွန်တော်တို့ရဲ့ မျှော်
လင့်ချက်တွေ၊ သစ္စာရှိမှုတွေဟာ ဒီမိုကရေစီလှုပ်ရှားမှုကြီးအတွက် သူတို့နှင့်အတူ ရှိနေပါတယ်။ သင်တို့ရဲ့ ကူ
ညီမှုနဲ့အကူအညီမပါလျှင် ဒီအဖိုးတန်သူရဲကောင်းတွေဟာ ဆိုးဝါးလှတဲ့ ဗမာ့အကျဉ်းထောင်တွေထဲမှာ ကျဆုံး
ကြပါလိမ့်မယ်။ ”

ကျော်ဇောလွင် ( ခ ) ညီညီအောင်

“ အမှားကို အမှားလို့ မပြောရဲကြတော့ဘူးဆိုရင်

အမှားကို အမှန်လို့ မမြင်ချင်ယောင်ဆောင်တတ်သွားတဲ့

လူငယ် နဲ့ အနာဂတ်ဟာ

အေအိုင်ဒီအက်စ် ရောဂါထက်

ဆိုးရွားတယ်ဆိုတာ သိစေချင်တယ်။ ”

ကျော်ဇောလွင် ( ခ ) ညီညီအောင်
“ လူတစ်ထောင်အလုပ်ရဖို့

လူတစ်သိန်းရင်းရတယ်

နဂါးဖြစ်ဖြစ်

ပန်းဖြစ်ဖြစ်

ဘာဖြစ်လဲ နာဂစ် …

ဘာမှမဖြစ်ဘူး

ဘာမှမလုပ်သေးလို့ ”

ဇာဂနာ ( ဘာဖြစ်သလဲ နာဂစ် ကဗျာ မှ )


“ ကျွန်မရဲ့ လေးလသားအရွယ်သမီးလေးကို စက်တင်ဘာ ၂၇ ရက်နေ့ကစပြီး ယောက္ခမတွေနဲ့ ထားခဲ့ရတဲ့
အတွက်ကြောင့် ကျွန်မအလွန်ပဲ မွန်းကြပ်ခံစားရပါတယ်။ ကျွန်မရဲ့ဘ၀မှာအဆိုးရွားဆုံးနေ့တွေလို့ဆိုရင်
မမှားပါဘူး။ ဒါပေမယ့် ကျွန်မဘယ်တော့မှ နောင်တမရပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့နိုင်ငံမှာ
ရှိတဲ့ များပြားလှတဲ့ အနာဂါတ်မဲ့နေတဲ့ကလေးငယ်တွေမျက်နှာလေးတွေကို ကျွန်မမြင်နေရလို့ပါဘဲ။
ဒါကြောင့်ဘဲ ဒီ ဒီမိုကရေစီ ခရီးရှည်ကြီးကို ဆက်လက်ချီတက်ဖို့ ကျွန်မကိုယ်ကျွန်မ အားပေးမိပါတယ်။ ”

မနီလာသိန်း

၈၈ မျိုးဆက်ကျောင်းသူ

( ၄ လသားအရွယ်ရှိ သမီးလေးကိုထားပြီး ထွက်ပြေးတိမ်းရှောင်နေစဉ်အတွင်း RFA သတင်းဌာနနဲ့ ဆက်


သွယ်မေးမြန်းချက်မှ )
“ တက္ကသိုလ်များ၊ အထက်တန်း၊ အလယ်တန်း၊ အခြေခံကျောင်းမှာမှ ကျောင်းသားကျောင်းသူအပေါင်းတို့ ငါတို့
ကျောင်းသားများဟာ မကောင်းတဲ့ဖိနှိပ်မှုစနစ်တွေကို ခေတ်အဆက်ဆက်ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတယ်ဆိုတာ
ညီနောင်အပေါင်းတို့သိပြီးဖြစ်ပါလိမ့်မယ်…… ဒါကြောင့် တရားမျှတသော ဒီမိုကရေစီနိုင်ငံတစ်ခု ဗမာနိုင်ငံအ
တွင်းတည်ဆောက်နိုင်အောင် ငြိမ်းချမ်းသောနည်းလမ်းကိုအသုံးပြုပြီး ငါတို့၏ အသက်တွေပေးဆပ်ကာ ဆက်
လက်တိုက်ပွဲဝင်ကြပါစို့ ….. ”

ကျော်ကိုကို ( ကျောင်းသားခေါင်းဆောင် )

( ၂၃ . ၉ . ၂၀၀၇ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်အနီးရှိ ကြေးသွန်းဘုရားကြီးအရှေ့၌ ပြောခဲ့သော မိန့်ခွန်းမှ )


“ လိုချင်တာ “ အမှန်တရား ” မှာ

လိုနေတာ “ ရဲဝင့်ခြင်းများ ” ဆိုရင်

မျှော်လင့်ချက်သစ်ပင် မရှင်သန်နိုင်ဘူး။

မကြိုက်တာကို ငြင်းဖယ်လွှဲပြီး

ကြိုက်တာကိုလဲ တောင်းဆိုရဲရမယ်။

မနှစ်သက်တာတွေ မဖြိုဖျက်နိုင်ဘဲ

နှစ်သက်တာလဲ မထူထောင်နိုင်သမျှ

ငါတို့ တော်လှန်ရေးက

မပြီးဆုံးသေးဘူး သူငယ်ချင်း။ ”

ဇေယျာသော်၊ ၁၂ ရက်နေ့ ဧပြီ ၂၀၀၈

( ထောင်တွင်းမှ ရေးသားပေးပို့သည့် ကဗျာမှ )

“ လူကိုသာအကျဉ်းချလို့ရမယ်၊ စိတ်ဓါတ်နဲ့အနုပညာကို ဘယ်တော့မှ ချုပ်နှောင်လို့မရဘူး … ”

ဘလော့ခ်ဂါ နေဘုန်းလတ်
“ ဖွဲ့ဆိုချင်နေတဲ့ သံစဉ်ချိုတွေကို

ရင်ဘတ်ထဲမှာပဲ ကိုယ်မြိုထားရတဲ့

ကြိုးပျက်နေတဲ့ ဂစ်တာတစ်လက်ဟာ

ကျွန်တော်ဖြစ်တယ်။ ”

ဘလော့ခ်ဂါ နေဘုန်းလတ်

( သူ့ ဘလော့ခ် မှ )

“ ကျွန်တော်ဟာ အနုပညာကို ခုံမင်ရူးသွပ်တဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ ”

ဘလော့ခ်ဂါ နေဘုန်းလတ်

( သူ့ ဘလော့ခ် မှ )

“ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသမားများအားလုံး

အမြန်ဆုံးလွတ်မြောက်ပါစေ ”

ရှာဖွေတင်ဆက်သူ။ အလင်းဆက်

၎ မတ်လ ၂၀၁၀၊ ကြာသပတေးနေ့

ကူညီဖန်တီးတင်ပြသူများ ဘလော့ခ်ဂါ ဒီမိုဝေယံ နှင့် ဘလော့ခ်ဂါ ခမိခဆဲ

http://demowaiyen.blogspot.com

http://kamikaze-2010.blogspot.com

You might also like