You are on page 1of 2

၂၀၀၇ ခုနှစ်နောက်ပိုင်း ပြည်ပနိုင်ငံများတွင် ဖွင့်လှစ်တည်ထောင်ခဲ့သော မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ

ကိုယ်စားလှယ်အဖွဲ့ တည်ထောင်ခြင်း ၂ နှစ်ပြည့်မြောက် ထုတ်ပြန်ကြေငြာချက် ၂ / ၁၀


ရက်စ။ွဲ ။ ၂၈-၂-၁၀
၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကာလတွင် စစ်အုပ်စုမှ တုနှိုင်းယှဉ်စရာ မရှိသော ဗုဒ္ဓမြတ်စွာ
သာသနာတော်ကြီးကို စော်ကားခဲ့ ရုံသာမက သံဃာတော်များကို ကိုယ်ထိလက်ရောက် အကြမ်းဖတ်
သတ်ဖြတ်ခဲ့ရာ ကမ္ဘာ့ အလယ်တွင် အဆိုးဝါးဆုံး လူသတ်သမားအဖွဲ့ဟု
အမည်တွင်သောစစ်အာဏာရှင်အဖွဲ့မှ အတုအယောင် လူထုဆန္ဒခံယူပွဲ ကျင်းပရန် ကြိုးစားနေခြင်းမှာ
သံဃာတော်များ၊သီလရှင်များ၊မျိုးချစ်ပြည်ချစ်နိုင်ငံရေးအဖွဲ့အစည်းများနှင့်ကျောင်းသား၊ကျောင်းသူ၊
ပြည်သူများအနေဖြင့် ထောက်ခံ ပါဝင်နိုင်စရာအကြောင်း လုံးဝမရှိပေ။

စစ်အုပ်စု အနေဖြင့် စစ်မှန်သော လူထုဆန္ဒခံယူပန


ွှဲင့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ
ကျင်းပမည်ဆိုလျှင်မတရားဖမ်းဆီးထားသောသံဃာတော်များ၊သီလရှင်များ၊ဒေါ်အောင်ဆန်းစုကြည်
အပါအ၀င်၊နိုင်ငံရေးအကျဉ်းသားအားလုံးကို ၊ချွင်းချက်မရှိချက်ချင်းလွှတ်ပေးရမည်။

စစ်မှန်သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပေါ်ပေါက်စေရန် လူထုက ဒီမိုကရေစီနည်းကျ


ရွေးချယ်ထားသောလူထုကိုယ်စားလှယ်များ၊တိုင်းရင်းသားကိုယ်စားလှယ်များလည်းပါဝင်နိုင်အောင်
စစ်အစိုးရမှာ ဒီမိုကရေစီနှင့်လူအခွင့်အရေးကို အလေးထားရမည်ဖြစ်သည်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲသည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီစနစ်သို့ချောမွေ့စွာ


အာဏာ လွှဲပြောင်းရေးတို့ကို ဖြစ်ပေါ်စေလိမ့်မည် မဟုတ်ကြောင်း၊ တိုင်းရင်းသားများ လိုလားနေသည့်
ကိုယ်ပိုင် အုပ်ချုပ်ခွင့် အခွင့် အရေးလည်း ပေါ်ပေါက်လာမည် မဟုတ်ဟုယုံကြည်ပါသည်။

ယခုအခါ မြန်မာပြည်သူများမှာ လူအခွင့်ဆုံးရှုံးနေရသည်၊ ဒုက္ခသည်များအဖြစ် အိမ်နှီးချင်းနိုင်ငံများသို့


ထွက်ပြေးတိမ်းရှောင်နေကြရပြီး

မြန်မာပြည်သူပြည်သားတွေ နိုင်ငံရေး၊ လူမှုးရေး၊စီးပွားရေး၊ ပညာရေးနှင့်


ဒေသတွင်းလုံခြုံးရေးအားလုံး၏ အဓိကတရားခံမှာ မြန်မာစစ်အာဏာရှင်များသာဖြစ်သည်။ မြန်မာ
စစ်အာဏာရှင်များ အနေဖြင့် မြန်မာနိုင်ငံတော်ကြီး တည်းငြိမ်းအေးချမ်းပြီး သာယာဝပြောစေရန်။
မတရားဖမ်းစည်းထားသောရဟန်းသံဃာ၊သီလရှင်များ၊နိုင်ငံရေးအကျဉ်းသားများအားလုံးကိုချွင်းချက်
မရှိချက်ခြင်းလွတ်ပေးရမည်။

လူထုခေါင်းဆောင်၊တိုင်းရင်းသားခေါင်းဆောင်များအပါအ၀င်အခြားသက်ဆိုင်ရာပါတီအဖွဲ့အစည်းအုပ်
စုများနှင့် တွေဆုံဆွေးနွေးပြီး အဖြေရှာပေးရမည်။

ရွှေဝါရောင်တော်လှန်ရေး မုချအောင်ရမည်။

စည်းရုံးရေးနှင့်ပြန်ကြားရေးဌာန မြန်မာသက္ကရာဇ်(၁၃ရ၁)ခု၊တပေါင်းလပြည့်ကျော် (၁)ရက်


မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာကိုယ်စားလှယ်အဖွဲ့ (ABMRC) ခရစ်သက္ကရာဇ်(၂၀၁၀)ခု၊ဖေဖော်ရီလ(၂၈)ရက်။
မြန်မာနိုင်ငံ

You might also like