You are on page 1of 10

Article in Burmese

မြန်မာဘာသာနဲ့ တင်ပြထားပါတယ်

၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊


၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊

မြန်မာစကားသံကို အက္ခရာဖလှယ်နိုင်မဲ့ နည်းလမ်း ၁ ခု

A System to Transcribe Burmese Sounds

This is brought to you by http://www.dhoongjhaan.blogspot.com/.


အမှာစာ

ဒီပို့စ်ကို ပီဒီအက်ဖ်ပုံစံနဲ့ အရင်က အွန်လိုင်းပေါ် တင်ခဲ့ပြီးသားပါ။ အခု ဗားရှင်းအသစ်ပြောင်းပြီး ပြန်တင်တာပါ။ အရင်တင်တဲ့


ပို့စ်မှာ ဗမာစကားသံကို ဖော်ပြရာမှာ အပြည်ပြည်ဆိုင်ရာသဒ္ဒသင်္ကေတ (အလွယ်ပြောမယ်ဆိုရင် အသံသင်္ကေတ) နဲ့
အတတ်နိုင်ဆုံးတူအောင် ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါက မပြည့်စုံပါဘူး။ ကြားမိသလောက်တော့ ဗမာစကားသံနဲ့ ပိုမို
နီး စပ်တဲ့ နောက်ဆုံး အက်ပ်ဒိတ်ထားတဲ့ သဒ္ဒသင်္ကေတတွေတောင် ထွက်လာနေပါပြီ။ အရင်ပီဒီအက်ဖ်မှာ တင်ထားတာက
အန်းတိတ်တွေ ဖြစ်နေတဲ့အပြင်ကို မှန်ကလည်း မမှန်ပါဘူး။ ရည်ရွယ်ချက်ကလည်း အချက်အလက်တွေထက်
သဘောသတရားကို ပိုပြီး ဦးစားပေးချင် တာကလား။ ဒီပို့စ်မှာက သဒ္ဒသင်္ကေတတွေနေရာကို အရင်က ဖော်ပြဖူး တဲ့ အဲစကီး
သင်္ကေတတွေနဲ့ အစားထိုး ဖော်ပြသွားမှာပါ။ ဒါကြောင့် ဗားရှင်းအသစ်လို့ ပြောရတာပေါ့။

နိဒါန်း

ဘလော့(ဂ်)တွေ၊ ချတ်ရွန်းတွေ၊ ဖိုရမ်တွေမှာ burglish လား၊ Burglish လား အဲဒီအကြောင်းတွေ ဆွေးနွေးကြတာမျိုး


ခဏခဏ ကြားဖူး၊ တွေ့ဖူးပါတယ်။ ကျနော့်အနေနဲ့ အဲဒီဘက်မှာ သိပ်များများစားစားမသိတော့ (မသုံးဖြစ်တာလည်းပါတယ်)
အများကြီး မသုံးနိုင်ပါဘူး။ တတ်သလောက် သုံးကြည့်မယ်။ (မှတ်ချက် - ဒီပို့စ်အတွက် လိုအပ်လို့ပါ) ဒါနဲ့ စကားမစပ်
ဘယ်သူ့စကားလည်းတော့ မသေချာဘူး။ ဘလော့ဂါ တစ်ယောက်ပဲဗျ။ နည်း ပညာအကြောင်း တွေ တင်ထားတဲ့ ဘလော့(ဂ်)
ပိုင်ရှင် တစ်ယောက်ပေါ့။ သူက ပို့စ်တင်တဲ့အခါ စာဖတ်သူကို ပိုနားလည်အောင် လေ့ကျင့်ခန်းတွေနဲ့ စ,
စလေ့ရှိတယ်။ သူ့လက်သုံးစကားက "ထုံး စံအတိုင်း လေ့ကျင့်ခန်းလေး ၁ ခုနဲ့ စကြရအောင်" ပါတဲ့။ ကဲ သူ့ထုံး
နှလုံးမူပြီးတော့ ဒီပို့စ်လေးကို လေ့ကျင့်ခန်းလေးနဲ့ စလိုက်ကြရအောင်။ burglish ဒါမှမဟုတ် Burglish သုံဖူးတယ်ဆိုရင်
အောက်မှာ ရေးထားတဲ့ ဝါကျကို တစ်ဆိတ်လောက် အသံထွက်ဖတ်ကြည့်ပါလား? တိုးတိုးဖတ်နော်။ မှားဖတ်လို့ အနားမှာ
တစ်ယောက်ယောက်ရှိနေရင် ရှက်စရာ။ ကဲ လာလေရော့ဟဲ့ အပ်ချလောင်း!!!

 [ nga hmar ngar ngar gaung shi dal ]

ဖြစ်နိုင်တာလေးတွေ စဉ်းစားကြည့်ရအောင်။ အဲ နေဦး။ ညွှန်ကြားချက်တစ်ခုက “လက်ရှိ အချိန်ကို ကြည့်လိုက်ပါ။


မှတ်သားထားပါ။”

 ဖြစ်နိုင်ချေ (၁) - ငါ့ မှာ ငါ ငါ ကောင် ရှိ တယ်။


 ဖြစ်နိုင်ချေ (၂) - ငါ့ မှာ ငါ ငါ ခေါင်း ရှိ တယ်။
 ဖြစ်နိုင်ချေ (၃) - ငါ့ မှာ ငါ ငါး ကောင် ရှိ တယ်။
 ဖြစ်နိုင်ချေ (၄) - ငါ့ မှာ ငါ ငါး ခေါင်း ရှိ တယ်။
 ဖြစ်နိုင်ချေ (၅) - ငါ့ မှာ ငါး ငါး ကောင် ရှိ တယ်။
 ဖြစ်နိုင်ချေ (၆) - ငါ့ မှာ ငါး ငါး ခေါင်း ရှိတယ်။

အနီးစပ်ဆုံး ဖြစ်နိုင်မဲ့ဟာကို စဉ်း စားကြည့်လိုက်တော့ အပေါ်မှာ ပြထားတဲ့အတိုင်းဆိုရင် ရွေးချယ်စရာတွေ အမျိုးမျိုး ပါပဲလား?


ဖော်ပြထားချက်အရ "ငါ့ မှာ ရှိ တယ်"ဆိုတဲ့ စကားလုံး (၄) လုံးဟာ Option တိုင်းမှာ မပြောင်းလဲဘဲ ရှိနေတာကို
သတိထားမိမှာပါ။ သတိမထားမိရင်လည်း အခုပြောလိုက်လို့ သတိထားမိပြီပေါ့။ နည်းနည်းလောက် ရှင်းပြချင်တယ်ဗျာ။
"nga" ဟာ ကျနော့်အတွက် "ငါ့" ဆိုတာကလွဲပြီး ကျန်တာ မဖြစ်နိုင်တော့ သလိုပဲ။ "ငါ" ဒါမှမဟုတ် "ငါး" လို့ ရေးချင်ရင်
"ngar" လို့ ရိုက်ရမှာပေါ့နော်။ ကဲ ဒီတော့ "ငါ့ "ပေါ့။ ဟုတ်ပြီ "nga" ဟာ "ငါ့" ဆိုတာ သေချာသွားပြီ ဆိုရင် "hmar" က
အလိုလို အော်တိုကို "မှာ " ဖြစ်ရတော့မပေါ့။ သဒ္ဒါအရ "ငါ့" ဆိုတာ နာမ် အထွန့်တက်ပြောချင်ရင် နာမ်စား။ "မှာ" က
နာမ်ဝိဘတ်။ ကျနော်သည် ဆိုတာမှာ သည် က နာမ်ဝိဘတ် ဆိုတာလိုပေါ့။ "ရှ"ိ ရတဲ့ အကြောင်းရင်းကလည်း ရှီ လို့၊ ရှီး လို့
မြန်မာစကားမှာမှ မရှိပဲကိုး။ နောလေ။ But wait! ရှီး လို့ တစ်ခါတလေ ပြောသလားလို့ပါ။ ဒါပေမဲ့ "ရှီးတယ်" ဆိုတာတော့
အရေးမှာမရှိတာ သေချာပါတယ်။ "တယ်" ကရှင်းပါတယ်။ သဒ္ဒါအရ ဝါကျအဆုံးသတ်ပစ္စည်းလေးပေါ့။ စာဟန်နဲ့ ပြောရရင်
သည် / ၏ ပေါ့ဗျာ။
ကျန် (၃) လုံးကို ဆက်စဉ်းစားကြည့်တာပေါ့။ ပထမဆုံး ဖြစ်နိုင်စွမ်းက ငါ ငါ ကောင်။ ဟာဟာ့ ရီရတယ်။ မဖြစ်နိုင်ဘူးနော်။
ဒုတိယတစ်ခု ငါ ငါ ခေါင်း။ ငါ့…ငါ့…ခေါင်း ဆိုဟုတ်တုတ်တုတ် စကားထစ်လို့ဆိုပြီး ဖြည့်တွေးရအောင်။ အခုဟာက ငါ ငါ
ခေါင်း တဲ့။ မဖြစ်သေးပါဘူး။ နောက်တစ်ခု ငါ ငါး ကောင်။ လာပြီမှတ်လား? ငါ ငါး ကောင် ရယ်လို့။ ပယ်တယ်ဗျာ။ ငါ ငါး
ယောက် ဆိုရင်တောင် မနည်း စဉ်းစားရဦးမယ်။ ငါ ငါး ခေါင်း ။ သူ့ချည်းသက်သက်ဆို ငါးခေါင်း လို့ အမည်ရတဲ့
ခပ်ချင်ချင်ပုဂ္ဂိုလ်တစ်ယောက်က သူ့ကိုသူ ငါ ငါး ခေါင်း လို့ အသံခပ်မာမာနဲ့ မိတ်ဆက်နေပါတယ်လို့ အတင်း တွေးလို့
ရပါသေးတယ်။ နို့ပေမဲ့ သူ့ချည်းသက်သက် မဟုတ်တော့ ခက်တယ်။ ဒီတော့ ဝမ်းနည်း စွာနဲ့ပဲ။ ငါး ငါး ကောင်။
ဖြစ်နိုင်တယ်နော်။ အဓိပ္ပာယ်လည်း ရှိတယ်။ မှတ်ထားလိုက်မယ်ဗျာ။ ကဲ နောက်ဆုံးတစ်ခု ငါး ငါး ခေါင်း။ စဉ်း စားစရာပဲ။ ငါ့ မှာ
ငါး ငါး ခေါင်း ရှိ တယ်။ အင်းးး ဟိ…
ု ဟိုလေ… စ… စ… စကား… ထ… ထစ်တ…
ဲ့ လ… လ… လူ… တွေ… ပြ… ပြောတာမျိုး…
လ… လ… လို့… တ… တ… တွေးလို့… ရ… ရ… ရတယ်လေ။ အဟင်း သရုပ်ပေါ်တယ်မလား? အသံတွေ သုံးထားတာ။ ငါး
ဆိုတာကို စကားထပ်သွားတယ်လို့ ယူဆချင် ယူဆလို့ ရပါတယ်။ ဒါ…ဒါပေမဲ့ ငထစ်က အွနလ
ိုင်းပေါ်မှာတောင်
တက်ထစ်မယ် မထင်။ မထင်ရေးချ မထင်။ လေပေးဖြောင့်နေမှာ။ ဒီတော့ ရှင်းရှင်း ပဲ ပြောမယ်ကွယ်။ ငါ့ မှာ ငါး ငါး ကောင် ရှိ
တယ် ဆိုတာက အမှန်ဆုံး အသင့်တော်ဆုံးပါ။

နာရီကို ပြန်ကြည့်ပါ။ စဉ်းစားချိန်၊ စာဖတ်ချိန် ဘယ်လောက် ကုန်သွားပါသလဲ?) ဘယ်လောက်ကုန်ကုန်, ကုန်ရကျိုး


မနပ်ပါဘူး။ ဒီဘာမှမဟုတ်တဲ့ စကားလေးတစ်ခွန်းအတွက် (i luv u မှ မဟုတ်တာနော) အချိန်တွေအများကြီး ကုန်ရပါတယ်။
ဗမာအချင်းချင်းကြားမှာဆို တော်သေးတာပေါ့။ စကားအဆက်အစပ်ကို ကြည့်ပြီး အနက်ကောက်လို့ ရသေးတယ်။
ိလို ဗမာအသံထွက် ရေးပြမယ်ဆိုရင် burglish လို့ပဲပြောပြော
လူမျိုးခြားတွေကိုဗျား၊ နိုင်ငံခြားသားတွေကိုဗျား အင်္ဂလပ
Burglish လို့ပဲပြောပြော ဆိုတာက ဗမာအသံထွက်အစစ်ကို အပြည့်အဝ ပုံဖော် မပေးနိုငပ
်ါဘူး။ ဒီ့ထက် ပိုပိုသာသာ
ပြောရမယ်ဆို ဗမာစာနဲ့တောင်မှ ဗမာအသံထွက်အားလုံး ကို ပုံမဖော်နိုင်ဘူး ဆိုတာပဲ။ ဥပမာ ဗမာစကားသံမှာ သ-သံ (၂) မျိုး
ရှိပါတယ်။ သတင်း ဆိုတာမှာ ပါတဲ့ သ-သံ နဲ့ သူ ဆိုတာမှာပါတဲ့ သ-သံ ဒီနှစ်ခုဟာ အသံသဘောအရ မတူပါဘူး။ ဒါပေမဲ့
အရေးပုံစံ တစ်နည်း စာအရေးအသားစံနစ်မတော့ သ ဟာ ရုပ်ရှင်ကြော်ညာတွေမှာ ပါတတ်တဲ့ ထက်ထက်မိုးဦး စရိုက်နှစ်မျိုး
ဆိုတာလို တစ်ခုတည်း ကပဲ တာဝန် (၂) မျိုး ကို ထမ်းဆောင်ရပါတယ်။ ဗမာစာ ဒီလိုဖြစ်လို့ ဝမ်းနည်းစရာမဟုတ်ပါ။
ဘာသာစကား အများစုရဲ့ အရေးပုံစံအားလုံး နီးပါးက ဒီနည်းနှင်နှင်ပါပဲ။ ကမ္ဘာသုံး စကား အင်္ဂလိပ် လည်း ပါတာပေါ့။ ယှ-
သံအတွက် အင်္ဂလိပ်စာမှာ သင်္ကေတ သီးသန့် မရှိပါ။ စ နဲ့ ဟ ပေါင်းမှပဲ ယှ ဆိုတာ ဖြစ်လာရတယ်။ ဘာမလည်း
်ူး နော်။ ဘယ်လို လူတွေပါလိမ့်?! [ s + h = sh as in she] သူတို့ ဒီလိုဖြစ်လို့ ကျေနပ်စရာမဟုတ်ပါ။ ကိုယ်လည်း
မဆိုငဘ
သူ့နည်း နှင်နှင်ပါပဲ။ အခြားဥပမာတွေလည်း အများကြီး ရှိမှာပါ။ စိတ်ဝင်စားသူတွေ ဆက်လေ့လာသွားဖို့ သဘောတရား
လောက်ပဲ တင်ပြပါရစေ။

ဒါကိုကြည့်ရင် (ဗမာစာနဲ့တောင် ဗမာစကားသံအတိအကျကို ဖော်ပြလို့ မရဘူးဆိုရင်) ဗမာစကားသံအတိအကျကို burglish


လို အင်္ဂလိပ်စကားသံ ဖွဲ့စည်းပုံ၊ အင်္ဂလိပ်အက္ခရာ ဖွဲ့စည်း ပုံတွေနဲ့ ဖော်ပြလို့ ရမှာမဟုတ်ဘူး ဆိုတာ ထင်ရှားပါတယ်။
ဘာ့ကြောင့်ပါလဲ? အကြောင်းရင်းက ဘာသာစကားချင်း (ဒီနေရာမှာ အဓိကအားဖြင့် ဗမာ နဲ့ အင်္ဂလိပက
ို ဆိုလိုပါတယ်)
အလွန်ကို ကွဲပြားနေလို့ပဲ ဖြစ်ပါတယ်။ ဘယ်ဟာတွေများ ကွဲပြားပါသလဲ? သိသမျှ အသိလေးနဲ့ ဝေငှပေးရမယ်ဆိုရင်ဖြင့်

 တက်ကျသံ (Tone) နဲ့ အဓိပ္ပယ်ခွဲခြားတဲ့ ဘာသာစကားဖြစ်တာ၊ မဖြစ်တာ


 အဆုံးသတ်ဗျည်းသံ (Final Consonant Sounds) တွေ မတူတာ
 ဗျည်း သံ၊ သရသံ (Consonant and Vowel Sounds) တွေ ထပ်တူကျမှု မရှိတာတွေက ဒီဘာသာစကား နှစ်ခုကို
ကွဲပြားစေတာပါ။

တက်ကျသံ (Tone) နဲ့ အဓိပ္ပယ်ခွဲခြားတဲ့ ဘာသာစကားဖြစ်တာ၊ မဖြစ်တာ

အင်္ဂလိပ်စကားက တက်ကျသံ (Tone) နဲ့ အဓိပ္ပယ်ခွဲခြားတဲ့ ဘာသာစကားတစ်ခု မဟုတ်ပါ။ သာဓကဆောင်ရမယ်ဆိုရင်။


Boy ကို [ ဗော့အစ် ] လို့ အသံထွက်နိုင်တယ်။ [ ဗော်အစ် ] လို့လည်း အသံထွက်နိုင်တယ်။ [ ဗောအစ် ] လို့လည်း
အသံထွက်နိုင်တယ်။ ဒါမှမဟုတ် [ ဗောအိ ] ၊ [ ဗောအီ ] ၊ [ ဗောအီး ] လို့လည်း နှစ်သက်သလို အသံထွက်
နိုင်ပါသေးတယ်။ (ယူဆချက် ဖြစ်ပါတယ်။ ဟုတ် မဟုတ်၊ မှန် မမှန် စူးစမ်းကြပါကုန်။) ဒီလို ဒီလို အသံပြောင်းလဲ
ထွက်တဲ့အတွက် အဓိပ္ပယ် ထူးထူးခြားခြား ပြောင်း လဲမှု မရှိပါဘူး။ ဗမာစကားကတော့ တက်ကျသံနဲ့ အဓိပ္ပယ်ခွဲခြားတဲ့
ဘာသာစကားတစ်ခု ဖြစ်ပါတယ်။ ဥပမာ က-ကာ-ကား လို့ ဆိုရာမှာ [ က ] ကနေ [ ကာ ] ကိုပဲဖြစ်ဖြစ်၊ [ ကား ] ကိုပဲဖြစ်ဖြစ်
အသံပြောင်းလဲသွားရင် အဓိပ္ပာယ်ပါ ပြောင်း လဲသွားတယ်။ အဲဒါကြောင့် မြန်မာ နဲ့ အင်္ဂလိပ်စကားနှစ်ခုအကြား
ခြားနားချက်တစ်ခုက မြန်မာစကားက တက်ကျသံနဲ့ အဓိပ္ပယ်ခွဲ ခြားတဲ့ ဘာသာစကားတစ်ခု ဖြစ်ပြီး အင်္ဂလိပ်စကားမှာတော့
တက်ကျသံကို ခွဲခြား မထားပါ။

အဆုံးသတ်ဗျည်းသံ (Final Consonant Sounds) တွေ မတူညီတာ

အဆုံးသတ်ဗျည်းသံတွေ မတူညီတာကလည်း ထင်ရှားတဲ့ ကွဲပြားချက် တစ်ခုပါပဲ။ burglish နဲ့ ရေးထားတဲ့ အထက်ပါဝါကျမှာ


ပါတဲ့ [ gaung ] ဟာ တကယ်ဆို ဗမာစကားသံဖြစ်တဲ့ ကောင် [ ဂေါင် ] ဆိုတာကို အတိအကျ ကိုယ်စားမပြုနိုင်ပါဘူး။ [
gaung ] မှာ [ ng ] သံနဲ့ ဆုံးပေမဲ့ ဗမာ ကောင် [ ဂေါင် ] မှာက [ ng ] သံနဲ့ မဆုံးပါဘူး။ နှာသံ၊ နှခေါင်း သံပါရုံပဲပါတာပါ။
ဒါ့အပြင် ဗမာစကားသံဖွဲ့စည်းပုံမှာ အစ် [ i? ]၊ အတ်၊ အပ် [ a? ]၊ အက် [ @? ] တို့လိုမျိုး အသက်အောင့်သံ၊ ရပ်သံ
(Glottal Stop) တွေနဲ့ ဆုံးတဲ့ စကားသံတွေ ရှိသလို အင်္ဂလိပ်စကားသံဖွဲ့စည်းပုံမှာ ဒီစကားသံမျိုး မရှိသလောက်ရှားပါတယ်။
( အင်္ဂလိပ်စကားပြောတဲ့ အချို့နိုင်ငံတွေမှာ Football ကို အသက်အောင့်သံနဲ့ [ fu?bo:l ] လို့ ထွက်ကြတာမျိုးရှိပါတယ်။ )
အင်္ဂလိပ်အဆုံး သတ်ဗျည်းသံတွေကတော့ ထင်ရှားပြီး သိသာတဲ့အတွက် ဒီပို့စ်မှာတော့ နေရာပေးပြီး မရေးတော့ပါ။

ဗျည်းသံ၊ သရသံ (Consonant and Vowel Sounds) တွေ ထပ်တူကျမှု မရှိတာ

ဘာသာစကား တစ်ခု နဲ့ တစ်ခု ဗျည်းသံအချင်း ချင်း၊ သရသံအချင်းချင်း ထပ်တူကျတဲ့ အဖြစ်မျိုးရှားပါတယ်။ ဗမာဗျည်း သံ ကျ
[ tS ] ၊ ချ [ tSH ] တွေဟာ အင်္ဂလိပ်ဗျည်းသံ [ tS as in teacher] နဲ့ ထပ်တူညီမှု မရှိပါ။ မြန်မာသရသံ အ [ a’ ] ၊ အာ [ a
] ၊ အား [ a: ] တတွေကလည်း အင်္ဂလိပ်သရသံ [e: as in learn] ၊ [a: as in car] တွေနဲ့ တူညီမှု မရှိပါ။ ဒါ့အပြင်လည်း
အခြားမတူညီတဲ့ ဗျည်း နဲ့ သရအများကြီး ရှိပါသေးတယ်။

အထက်မှာ ဖော်ပြထားတဲ့အတိုင်း အင်္ဂလိပ် နဲ့ ဗမာ ဘာသာစကားနှစ်ခုကို ကွဲပြားစေတဲ့ အချက်တွေက တက်ကျသံ (Tone)
နဲ့ အဓိပ္ပယ်ခွဲခြားတဲ့ ဘာသာစကားဖြစ်တာ၊ မဖြစ်တာရယ်၊ အဆုံးသတ်ဗျည်းသံ (Final Consonant Sounds) တွေ
မတူတာရယ်၊ ဗျည်းသံ၊ သရသံ (Consonant and Vowel Sounds) တွေ ထပ်တူကျမှု မရှိတာတွေရယ်ပါ။ ဒီတော့ဗျာ
ဗမာအသံထွက်ကို အနီး စပ်ဆုံး ပုံဖော်ချင်သပဆိုရင် နည်း စနစ်တစ်ခု ရှိဖို့တော့ လိုမှာ အမှန်ပဲ။ ရှိတယ်ဗျို့။

စကားချင်း ကွဲပြားတဲ့ လူမျိုးခြား တိုင်းရင်းသားတွေ၊ လူမျိုးခြား တိုင်းတစ်ပါးသားတွေ ဗမာစကားကို မှန်မှန်ကန်ကန်


တိတိကျကျ အသံထွက်တတ်စေဖို့ နဲ့ ဗမာစာကို မှန်မှန်ကန်ကန် ရွတ်ဖတ်တတ်စေဖို့လည်း ကောင်း၊ မြန်မာဒေသိယစကား၊
ဒေသစကား (Dialects) တွေကို သိပ္ပံနည်း ကျ ပုံဖော်နိုင်ဖို့အတွက် လည်းကောင်း “မြန်မာသဒ္ဒသင်္ကေတစံ” တစ်မျိုး
ရှိပါတယ်။ IPA လို့ အတိုခေါ်တဲ့ အပြည်ပြည်ဆိုင်ရာ သဒ္ဒသင်္ကေတတွေရဲ့ အကူအညီနဲ့ပါ။ ဒါပေမဲ့…

"အပြည်ပြည်ဆိုင်ရာ သဒ္ဒသင်္ကေတအက္ခရာ (IPA: International Phonetic Alphabets) တွေက အလွန် Popular


ဖြစ်ပါတယ်။ အင်္ဂလိပ်အဘိဓာန်တွေမှာ ဒီအက္ခရာတွေ သုံးပြီး အင်္ဂလိပ်အသံထွက်ကို ဖော်ပြလေ့ရှိတယ်။ အများစုက
ရောမအက္ခရာ (Roman Alphabets) နဲ့ တူပါတယ်။ (အနောက်တိုင်း ဘာသာစကားအများစုမှာ စာပေယူနစ်အတွက်
ရောမအက္ခရာကိုသာ အသုံး ပြုကြပါတယ်။) ဥပမာ b, d, e, f, g, h, i, j, k, m, n, p, r, s, t, u, v, z တွေပေါ့။ ဒါပေမယ့်
အသံတွေက မတူပါဘူး။ အထင်ရှားဆုံး ဥပမာတစ်ခုက 'j' ပါ။ သာမန်အားဖြင့် 'Jail' မှာ ဆိုတာလို 'ဂျ' သံပေါ့။ IPA မှာ 'y'
သံပါ။ ဗမာလို၊ မွန်လိုဆို 'ယ' သံပေါ့။ ဒီ့ပြင်မတူတဲ့ သင်္ကေတအက္ခရာတွေလည်း အများကြီး ပါ။ ဒါပေမယ့် ကွန်ပျူတာမှာ
် တာ အဆင်မပြေပါဘူး။ Special Font တွေ၊ Special Software တွေ လိုပါတယ်။ ဒီတော့ ထင်သလောက်
ရိုကရ
ခရီးမပေါက်ဘူး။"

ဒါကြောင့် မြန်မာသဒ္ဒသင်္ကေတတွေအစား ကွန်ပျူတာကီးဘုတ်ပေါ်မှာပဲ အလွယ်တကူ ရှာဖွေရိုက်ထည့်နိုင်တဲ့ အဲစကီး


သဒ္ဒသင်္ကေတတွေကို သုံပြီး (burglish ဒါမှမဟုတ် Burglish ထက်စာရင်) ပိုမိုတိကျတဲ့ အသံထွက်ကိုယ်စားပြုစနစ် တစ်ခု
ပေါ်ထွက်လာမယ်ဆိုရင် အတိုင်းအတာ တစ်ခုအထိ အကျိုးရှိမှာပါ။ အောက်မှာပေးထားတဲ့ နှိုင်းယှဉ်ချက်ကို ကြည့်ပါခင်ဗျာ။
Burglish:

[ nga hmar ngar ngar gaung shi dal ]

Burmese in ASCII Alphabets:

[ Na' .ma Na: Na: gau~ Si' d@ ]

ဟုတ်ကဲ့ burglish တစ်ဖြစ်လည်း Burglish က ဖတ်ရရှုရ ပိုလွယ်ကူပါတယ်။ ဒါပေမဲ့ တိကျမှုအနေနဲ့ကတော့


အဲစကီးသဒ္ဒသင်္ကေတတွေကို မမီတာ သေချာတယ်။ ရှင်းလင်းချက်အချို့ကို ကြည့်ပါခင်ဗျာ။ န - သံ (အရေးအားဖြင့် နငယ်၊
ဏကြီး ကွဲပါတယ်။ အဲစကီးသင်္ကေတအားဖြင့် [n]) နဲ့ ကွဲစေရန် င - သံကို capital n: [N] နဲ့ ပြပါတယ်။ သရ [a] ပေါ်ရှိ [ '
] သင်္ကေတက အနိမ့်သက်သံ / Low Falling Tone (အောက်မြစ်သံ၊ အစ်သံ လို့လည်း ခေါ်ပါတယ်) ကို ကိုယ်စားပြုပါတယ်။
[.m] က မ - သံ (သင်္ကေတအားဖြင့် [m]) နဲ့ မတူ။ ကွဲပြားပါတယ်။ [.m] က 'မှ - သံ' ကို ကိုယ်စားပြုပါတယ်။ (သံပြေ၊
သံလွင်၊ သံလတ်လို့လည်း ခေါ်တဲ)့ အလယ်သံ / Middle Tone အတွက် ကိုယ်စားပြုစရာ သင်္ကေတ တစ်မျိုးမျိုး
သတ်မှတ်မထားပါ။ ဒါကြောင့် 'မှာ' အတွက် အဲစကီးသဒ္ဒသင်္ကေတက [.ma] ဖြစ်နေရတာပေါ့။ အမြင့်သက်သံ / High Falling
Tone (ဝစ္စပေါက်သံ၊ ကျသံ၊ သံလေးလို့လည်း ခေါ်ပါတယ်) အတွက် သင်္ကေတက [:] ပါ။ 'အား' ဆိုတော့ [a:]၊ 'ငါး' ဆိုတော့
[Na:] ပေါ့။ [~] က နှာသံပြသင်္ကေတပါ။ [au~] က 'အောင်' ဆိုတော့ကာ [gau~] က 'ကောင်' (အသံထွက် - ဂေါင်)
ဖြစ်ရတာပ။ ဗမာစာပေအရေးအသားမှာ သေးသေးတင်၊ င - သတ်၊ ဉ - သတ်၊ ည - သတ်၊ ဏ - သတ်၊ န - သတ်၊ မ -
သတ်တွေနဲ့ စာလုံပေါင်း တဲ့ စကားလုံးတွေကို နှာသံ နဲ့ ဖတ်ရ၊ ပြောရ၊ ဆိုရပါတယ်။ [i'] က 'အိ' သရပါ။ [@] က 'အယ်'
သရပေါ့။ ဗမာအဲစကီးသဒ္ဒသင်္ကေတအက္ခရာတွေကို အောက်ပါဇယားမှာ အသေးစိတ် လေ့လာနိုင်ပါတယ်။

အခြေခံသရများ

အခြေခံသရ (၇) လုံး

သရသံ အီ အေ အယ် အာ အော် အို အူ

သင်္ကေတ i e @ a O o u

ဆင့်ပွားအခြေခံသရများ

အနိမ့်သက်သံ (Low Falling Tone)

သရသံ ဥပမာ သင်္ကေတ ဥပမာ(အဲစကီးသင်္ကေတဖြင်)့


အိ/ဣ/၏ သိ(တယ်) i' thi'
အေ့ မေ့(တယ်) e' me'

အဲ/့ အယ်/့ ဧည်/့ အည့် ဧည့်သည် @' @' Th@

အ/အာ့ အစ a' ., sa'

အော့ ချော့မော့(တယ်) O' tSHO' mO'

အို့ /အိုယ့် သူတို့ o' thu do'


အု/အူ့ /ဥ ဘဲဥ u' b@: u'
အလယ်သံ (Middle Tone)

သရသံ ဥပမာ သင်္ကေတ ဥပမာ(အဲစကီးသင်္ကေတဖြင့်)


အီ/ဤ/အည် စည်ကား(တယ်) i si ka:

အေ/ဧ နေ e ne

အယ်/အည် ဧည့်သည် @ @' Th@


အာ ဆရာ a sH., ya

အော်/သြော်/အောဝ် တော်(တယ်) O tO

အိ/ု အိုယ် ကိုယ်တိုင် o ko dai~


အူ သူတို့ u thu do'

အမြင့်သက်သံ (High Falling Tone)

သရသံ ဥပမာ သင်္ကေတ ဥပမာ(အဲစကီးသင်္ကေတဖြင်)့


အီး /အည်း ကြည်းတပ် i: tSi: da?
အေး/ဧ အေး(တယ်) e: e:

အဲ/အည်း အသည်းအသန် @: ., th@: ., tha~

အား ကယား a: k., ya:

အော/သြ အသော O: ., thO:


အိုး မိုးရွာ(တယ်) o: mo: ywa

အူး /ဦး/ဥု မြူးပျော် u: myu: byO

နှာသံသရများ

အခြေခံနှာသံသရ (၃) လုံး

သရသံ အင်/အဉ်/အေဉ် အံ/အဏ်/အန်/အမ် အွန်


သင်္ကေတ i~ [I~] a~ u~ [U~]
ဆင့်ပွားအခြေခံနှာသံသရများ

အနိမ့်သက်သံ (Low Falling Tone)

သရသံ ဥပမာ သင်္ကေတ ဥပမာ(အဲစကီးသင်္ကေတဖြင့်)


အင်/့ အဉ့် ဝင့်ထည်(တယ်) i~' [I~'] wi~' tH@
အ့/ံ အန့် /အမ့် အံ့သြ(တယ်) a~' a~' O:

အွံ့ /အွန့် စွန့်စား(တယ်) u~' [U~'] su~' za:

အလယ်သံ (Middle Tone)

သရသံ ဥပမာ သင်္ကေတ ဥပမာ(အဲစကီးသင်္ကေတဖြင်)့


အင်/အဉ်/အေဉ် ထာဝစဉ် i~[I~] tHa w., si~

အံ/အန်/အဏ်/အမ် ကြံဖန် a~ tSa~ pha~


အွ/ံ အွန် ရွံရှာ u~[U~] yu~ Sa

အမြင့်သက်သံ (High Falling Tone)

သရသံ ဥပမာ သင်္ကေတ ဥပမာ(အဲစကီး သင်္ကေတဖြင့်)


အင်း/အဉ်း သင်းပျံ့(တယ်) i~: [I~:] thi~: pya~'

အန်း/အဏ်း/အမ်း အစမ်း a~: ., sa~:

အွန်း နေမွန်းတည့် u~: [U~:] ne mu~: t@'

နှာသံသရတွဲ (၄) လုံး

သရသံ အိန/် အိံ/အိမ် အိုင် အောင် အု/ံ အုန/် အုမ်


သင်္ကေတ ei~ ai~ au~ ou~
ဆင့်ပွားနှာသံသရတွဲများ

အနိမ့်သက်သံ (Low Falling Tone)

သရသံ ဥပမာ သင်္ကေတ ဥပမာ(အဲစကီးသင်္ကေတဖြင့်)


အိန့် /အိမ့် မိန့်ကြား(တယ်) ei~' mei~' tSa:
အိုင့် ဝဖိုင့်(တယ်) ai~' wa' pHai~'

အုန့် /အုံ့ /အုမ့် မုန့်လုံး ou~' mou~' lou~:

အလယ်သံ (Middle Tone)

သရသံ ဥပမာ သင်္ကေတ ဥပမာ(အဲစကီးသင်္ကေတဖြင်)့


အိန်/အိမ်/အိံ အမတ်ဒိန် ei~ ., ma? dei~

အိုင် ပိုင်ဆိုင်ခွင့် ai~ pai~ sHai~ gwi~'


အုန်/အု/ံ အုမ် စုပြုံရှင်း (တယ်) ou~ su' pyou~ Si~:

အမြင့်သက်သံ (High Falling Tone)

သရသံ ဥပမာ သင်္ကေတ ဥပမာ(အဲစကီးသင်္ကေတဖြင်)့


အိန်း/အိမ်း မိန်းကလေး ei~: mei~: kH., le:

အိုင်း ရိုင်းစိုင်း(တယ်) ai~: yai~: zai~:

အုန်း/အုံး/အုမ်း/ဦး ဦး နှောက် ou~: ou~: .nau?

အသက်အောင့်သံ သို့မဟုတ် ရပ်သံ (Glottal Stop)

အသက်အောင်သံ နဲ့ အခြေခံသရ

သရသံ အစ်/အေတ် အက် အတ်/အပ် အွတ်

သင်္ကေတ i?[I?] @? a? u?[U?]


အသက်အောင့်သံ နဲ့ သရတွဲ

သရသံ အိတ/် အိပ် အိုက် အောက် အုတ/် အုပ်

သင်္ကေတ ei? ai? au? ou?

မှတ်ချက်။ ။ အသက်အောင့်သံတွင် ဆင့်ပွားသရသံ တစ်နည်း တက်ကျသံမရှိပါ။

သရဝက် တစ်နည်း မတြာဝက်သံ

[ ., ] သင်္ကေတနဲ့ ပြပါမယ်။ ဗမာအခေါ်မှာ "သရဝက်" ၊ "မတြာဝက်" ဖြစ်ပါတယ်။ အင်္ဂလိပ်လို Mid-Central Vowel လို့
ခေါ်ပါတယ်။ Schwa (နောက်အရေးတစ်မျိုး - Shwa) လို့လည်း ခေါ်ကြပါတယ်။ ဥပမာစကားလုံးများ : သတင်း [th., di~:]၊
မန္တလေး [ma~: d., le:] အစရှိသည်...။

ဗျည်းသံများ

ဗျည်းသံ ဥပမာ သင်္ကေတ ဥပမာ(အဲစကီး သင်္ကေတဖြင့်)


က ကင်း k [ki~:]

ခ ခင် kH [kHi~]

ဂ/ဃ တစ်ကောင် g [d., gau~]

င ငိုင် N [Nai~]

ငှ ငှက် .N [.N@?]
စ စက် s [s@?]

ဆ ဆား sH [sHa:]

ဇ/ဈ ဈေး z [ze:]


ဉ/ည ည ~n [~na']

ညှ ညှီ .~n [.~ni]


ဋ/တ တပ် t [ta?]

ဌ/ထ ထင် tH [tHi~]

ဍ/ဒ/ဓ ဒွေး d [dwe:]

ဏ/န နတ် n [na?]


ဏှ/နှ တဏှာ .n [t., .na]

ပ ပူ p [pu]

ဖ ဖိတ် pH [pHei?]

ဗ/ဘ ပူပေါင်း b [bu bau~:]


မ မူး m [mu:]
မှ မှား .m [.ma:]

ယ/ရ ရဲ y [y@:]

ရ သရ r [th., ra']
လ/ဠ လူ l [lu]
လှ လှေ .l [.le]

ဝ ဝင်း w [wi~:]
ဝှ အဝှာ .w [., .wa]

သ သိ th [thi']

သှ/ဿ သဇင်ပန်း Th [Th., zi~ ba~:]

ဟ ဟပ် h [ha?]
ဟ(အာလုပ်သံ) ဟေ(ပြန်ထူးသံ) ^h [^he]

ဟထိုး (--ှ) မျှား .-- .mya:

ရှ/ယှ ရှာ S [Sa]

ယပင်(့ --ျ)/ရရစ်(ြ--) မြ --y-- [mya']


ဝဆွဲ (--ွ) ခွက် --w-- [kHw@?]
ကျ ကျက် tS[c] [tS@?]

ချ ချွေ tSH[cH] [tSHwe] [cHwe]

ဂျ ဂျင် dZ[j] [dZi~] [ji~]

မှတ်ချက်။ ။ ဝဆွဲသံ (--ွ) အတွက် --w-- နဲ့ သရုပ်ဖော်ပေမဲ့ "အွန်"ဆိုတဲ့ အသံအတွက် u~ ကိုလည်းကောင်း၊
"အွတ"် ဆိုတဲ့ အသံအတွက် u? ကိုလည်းကောင်း အသုံးပြုရတာကို သတိပြုပါခင်ဗျာ။

သဒ္ဒသင်္ကေတများနဲ့ အသံဖလှယ်ရာမှာ စကားသံကိုပဲ ဖလှယ်ရတာပါ။ သတ်ညွှန်းအတိုင်း၊ စာအတိုင်း ဖလှယ်လို့ မရပါ။


ဥပမာ "နမူနာ"ကို [na' mu na] လို့ သတ်ညွှန်း အတိုင်း ရေးလို့၊ ဖလှယ်လို့ မရပါ။ [n., mu na] လို့ပဲ ဖလှယ်ရမှာပါ။
အချို့ပုဂ္ဂိုလ်များက အိတ/် အိပ် [ei?] နဲ့ အိမ့် [ei~'] အသံနှစ်ခုကို ကွဲကွဲပြားပြား မထွက်ကြပါဘူး။ အလားတူ အောက် နဲ့
အောင့် [au?] vs [au~'] ၊ အစ် နဲ့ အင့် [i?] vs [i~'] ၊ အွတ်/အွပ် နဲ့ အွန့် [u?] vs [u~'] ၊ အတ်/အပ် နဲ့ အံ/့ အန့် /အမ့်
[a?] vs [a~'] ၊ အိုက် နဲ့ အိုင့် [ai?] vs [ai~'] ၊ အုတ/် အုပ် နဲ့ အုံ့ /အုန့် /အုမ့် [ou?] vs [ou~'] ၊ အက် နဲ့ အတ်/အပ်
[@?] vs [a?] စတာတွေကို ရောထွေး ပြီးတော့ ထွက်တတ်ကြပါတယ်။ အစစအရာရာ တိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ
ဘာသာစကားကျွမ်း ကျင်မှုဟာ လိုအပ်တဲ့ အရည်အချင်း တစ်ခု ဖြစ်လာတဲ့အတွက် တတ်မြောက်ထားတဲ့ ဘာသာစကား
တစ်ခုကို ပိုင်ပိုငန
ိုင်နိုင် အသုံး ချနိုင်မယ်ဆိုရင် အကျိုးထူးမှာပါ။

This is brought to you by http://www.dhoongjhaan.blogspot.com/.

You might also like